← Chapters

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 4 Ch. 35-36

အခန်း(35)

ကလေးများက ရယ်မောဆော့ကစားရင်း ကျေးရွာသို့ ရောက်ရှိလာပြီး ပါဝင်ပစ္စည်းများကို စတင်၍ စုဆောင်းကြတော့သည်။

ထောင်ထောင်၏ အဖိုးတန်လွန်းသော သတိပေးချက်များ ရှိနေသော်လည်း၊ မရင်းနှီးသော ကျေးရွာတစ်ခုတွင် လိုအပ်သောပစ္စည်းများကို တိကျစွာ ရှာဖွေရန်အတွက်က ကလေးများအတွက် မလွယ်ကူပေ။

ကျေးရွာ၏ အလယ်တွင် ရပ်လျက် အနိမ့်အမြင့် မညီသော ခြံဝင်းများကို ကြည့်ရင်း ကလေးတချို့က စိတ်ရှုပ်ထွေးသော အမူအရာများဖြင့် ဖြစ်နေကြ၏။

ဘယ်ဘက်ကို၊ သွားရမှာလဲ။

ထိုသို့ စိတ်ရှုပ်ထွေးနေချိန်တွင် ထောင်ထောင် တစ်ဦးတည်းကသာ တည်ငြိမ်နေသည်။

သူမက ခေါင်းလေးကို အနည်းငယ် စောင်းလိုက်ပြီး နှာခေါင်းလေးကို ညင်သာစွာ ရှုံ့လိုက်လေ၏။

တောင်လေတစ်ချက်က တိုက်ခတ်လာပြီးနောက် သူမ၏ နှာခေါင်းထဲသို့ တောင်ပိုင်းဒေသ၏ ရနံ့များကို သယ်ဆောင်လာခဲ့သည်။

“ထောင်ထောင် သိပြီ! ဒီဘက်ကို”

ထောင်ထောင်က ကလေးအသံလေးဖြင့် လမ်းညွှန်လိုက်လေ၏။

ကလေးများက မည်သည်ကိုမှမသိသော်လည်း ထောင်ထောင်၏ အနောက်မှ လိုက်လာကြသည်။

ထို့နောက် လမ်းလေးများကို ဖြတ်ကျော်ပြီးနောက် ခြံဝင်းငယ်လေး တစ်ခု၏ အရှေ့တွင် ရပ်တန့်လိုက်ကြလေတော့၏။

“ဟိုမှာ ကြည့်လိုက်လေ”

ထောင်ထောင် ညွှန်ပြရာသို့ ကင်မရာက ရိုက်ကူးလိုက်၍ ထောင့်တစ်နေရာရှိ အချဉ်တည်ထားသော မုန်ညင်းထုပ်အိုးကို တွေ့ရှိလိုက်ရတော့သည်။

ထိုအချိန်၌ ကလေးများကသာမက ရိုက်ကူးရေးအဖွဲ့သားများကပါ အံ့သြသွားကြရ၏။

အစီအစဉ်ကို စီစဉ်ခဲ့သူများက ဖြစ်သည့်အတိုင်းပင် ထုတ်လုပ်ရေးအဖွဲ့၏ စီစဉ်ထားမှုများကို သူတို့က အသိဆုံးပင် ဖြစ်သည်။

မူလက ကလေးများက ဤတာဝန်ကို သူတို့ဘာသာသူတို့ အပြီးသတ်နိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

အကြောင်းက ဤသည်က ကလေးများ၏အတွက် အလွန်ခက်ခဲသောကြောင့် ဖြစ်သည်။

ထို့ကြောင့် ကလေးများက ယမန်နေ့က ပညာသင်ယူခဲ့သော တံခါးဝတစ်ခုခုသို့ ရောက်ရှိသည့်အချိန်မှသာ သဲလွန်စများကို ရရှိရန်အတွက်ကို စီစဉ်ထားခြင်း ဖြစ်၏။

တရားဝင် ရိုက်ကူးရေးကို မစတင်မီက ထုတ်လုပ်ရေးအဖွဲ့က ဖြစ်နိုင်ခြေအမျိုးမျိုးကို စမ်းသပ်ခဲ့သည်။

သို့သော် ယခု လက်တွေ့ ဖြစ်ပျက်နေသည်နှင့် မည်သည့်အရာကမျှ ထပ်တူမကျခဲ့ပေ။

မုန့်လျို၏ မျက်လုံးလေးများက ပြူးသွားရပြီး ချောင်ဟောက်ယွီကလည်း ပါးစပ်လေးက အဟောင်းသား ဖြစ်သွားရသည်။

အမြဲတမ်း တည်ငြိမ်လွန်းသော ဖုန်းကျားယန်ပင်လျှင် ရှားပါးစွာ အမူအရာ ပျက်သွားခဲ့ရ၏။

ကုရှန်ရှန်က ထောင်ထောင်ကို အားကျမြတ်နိုးသော အကြည့်များဖြင့် ကြည့်ပြီး မေးလိုက်လေသည်။

“ထောင်ထောင်! နင်က ဒီနေရာကို ဘယ်လို ရှာတွေ့တာလဲ”

ထောင်ထောင်က ခေါင်းကို ကုတ်လျက် ချိုမြိန်သော အပြုံးလေးကို ပြုံးပြလိုက်လေ၏။

“ထောင်ထောင်က အနံ့ခံလိုက်တာပါ”

[ ထောင်ထောင်လေးရဲ့ နှာခေါင်းက တကယ့်ကို ကောင်းချီးပေးခံထားရတာပဲ! ]

တိုက်ရိုက်လွှင့်ထုတ်မှုထဲမှ ကြည့်ရှုသူများက ထောင်ထောင်၏ လုပ်ရပ်များကြောင့် အံ့အားသင့်နေကြရုံသာမက ယခုအကြိမ်တွင် လုံးဝကို အံ့ဩသွားကြရသည်။

[ ဒါက တိုက်ရိုက်လွှင့်နေတာသာ မဟုတ်ရင် ထုတ်လုပ်ရေးအဖွဲ့က ကြိုတင်ပြီးတော့ ဇာတ်တိုက်ထားတာလို့ သေချာပေါက် ထင်မိမှာပဲ! ဒါက ယုံကြည်နိုင်စရာတောင် မရှိဘူး! ]

[ ငါ တကယ်သိချင်တာက ထောင်ထောင်က နှစ်ခေါက်လုံး တကယ်ပဲ အနံ့ခံမိတာလား၊ သူက ဘယ်လိုလုပ်လိုက်တာလဲ! ]

[ ငါကတော့ လုံးဝကို ဆွံ့အသွားပြီ၊ ဒါက တကယ်ကြီးလား၊ လူတွေက တကယ်ပဲ အဲဒီလောက်အထိ ကွာခြားကြတာလား ]

[ ထောင်ထောင်တို့ တောင်ကုန်းပေါ်မှာ ရပ်နေတုန်းက ထောင်ထောင်က ခေါင်းမော့ပြီး အနံ့ခံလိုက်တာတော့ ဟုတ်တယ်၊

ဒါပေမဲ့ သူက တကယ်ပဲ အနံ့ခံနေတာလို့ ငါက လုံးဝကို ထင်မထားခဲ့ဘူး ]

[ တောင်ကုန်းကနေ ဒီခြံဝင်းအထိက အနည်းဆုံး မီတာ (၂၀၀) လောက် ဝေးတယ်၊

အချဉ်တည်ထားတဲ့ မုန်ညင်းထုပ်အနံ့က တကယ့်ကို ပြင်းတယ်ဆိုပေမဲ့ ဒီလောက်အကွာအဝေးကနေ တကယ်ပဲ အနံ့ရနိုင်လို့လား၊ (ဆွံ့အနေ) ]

[ ဒီနေ့မတိုင်ခင်က တစ်ယောက်ယောက်က မီတာ (၂၀၀) ကျော်အကွာကနေ အချဉ်တည်ထားတဲ့ မုန်ညင်းထုပ်ရဲ့အနံ့ကို ရနိုင်တယ်လို့ ပြောခဲ့ရင် သူတို့ လိမ်နေတာလို့ပဲ ငါ ထင်မိမှာ ]

တိုက်ရိုက်လွှင့်ခန်း၏ စကားပြောခန်းထဲတွင် မှတ်ချက်များကလွှမ်းမိုးနေချိန်မှာပင် ဤဗီဒီယိုအတိုလေးက လူမှုကွန်ရက်ပေါ်၌ ခဏချင်းပင် ပျံ့နှံ့သွားခဲ့၏။

တိုက်ရိုက်လွှင့်ခန်းထဲမှ အံ့သြတုန်လှုပ်မှုနှင့် နှိုင်းယှဉ်လျှင် ရေပန်းစားနေသော ရှာဖွေမှုခေါင်းစဉ်၏ အောက်ရှိ ကြည့်ရှုသူအများအပြားက အံ့အားသင့်ရုံသာမက တခြားသော သာဓကများကိုလည်း တင်ပြကြလေသည်။

[ တကယ်တော့ ဒီလောကမှာက အဲဒီလိုမျိုး အံ့သြစရာကောင်းတဲ့ အနံ့ခံအာရုံရှိတဲ့သူတွေက တကယ်ရှိပါတယ်၊

သူတို့က တခြားသူတွေထက် ထူးခြားတဲ့ စွမ်းရည်တွေ ပိုင်ဆိုင်ထားကြတာမျိုးပေါ့ ]

[ တကယ်လို့ ဒီဘက်ကိုသာ ဆက်ပြီးတော့ တိုးတက်လာမယ်ဆိုရင် ဒီစွမ်းရည်က အနာဂတ်မှာ အရေးပါတဲ့ စွမ်းရည်တစ်ခု ဖြစ်လာနိုင်မလား ]

[ ဘာပဲဖြစ်ဖြစ် ဒီလောက်အဝေးကြီးကနေ အနံ့ရတာကတော့ တကယ်ကို အံ့သြဖို့ကောင်းတာပဲ! ]

တိုက်ရိုက်လွှင့်ခန်းဆီသို့ ပြန်သွားရလျှင် ထောင်ထောင်၏ ထက်မြက်လွန်းသော နှာခေါင်းလေးကြောင့် ကလေးများက ပထမဆုံး ပါဝင်ပစ္စည်းဖြစ်သည့် အချဉ်တည်ထားသည့် မုန်ညင်းထုပ်ကို ခြံဝင်းထဲမှ အဘွားအိုထံမှ အောင်မြင်စွာ ရရှိခဲ့ကြ၏။

သူတို့က အချဉ်ထုပ်ကို သယ်ဆောင်၍ ထွက်လာချိန်တွင် ဘေးချင်းကပ်လျက် ခြံဝင်းတစ်ခုကို ဖြတ်ကျော်သွားကြသည်။

ဖုန်းကျားယန်က ခြံဝင်းတံခါးကို ခေါင်းကို မော့ကြည့်လိုက်ပြီး မျက်ခုံးကိုအနည်းငယ်ကြုတ်လျက် ရပ်တန့်သွား၏။

ဖုန်းကျားယန်၏ လုပ်ရပ်ကို သတိပြုမိသော ထောင်ထောင်က စပ်စုလိုစိတ်ဖြင့် ဖုန်းကျားယန်က ကြည့်နေသည့်ဘက်သို့ လိုက်ကြည့်သော်လည်း မည်သည်ကိုမျှ မမြင်ရပေ။

သူမက မအောင့်နိုင်ဘဲ စပ်စုလျက် မေးလိုက်လေသည်။

“ကျားကျား၊ ဘာဖြစ်လို့လဲ”

“ငါက ထင်တာကတော့ မနေ့က ဒီနေရာမှာပဲ အထည်ဆေးဆိုးတာကို သင်ခဲ့တာထင်တယ်”

“ဟင်၊ ဒါဆို ကျားကျားက မနေ့က အထည်ဆေးဆိုးတာကို သင်ခဲ့တာပေါ့”

ထောင်ထောင်၏ အာရုံက အထည်ဆေးဆိုးခြင်းဆီသို့ ချက်ချင်းပင် ရောက်ရှိသွား၏။

အနီးတွင် ရပ်နေသော မုန်လျို့က ဖုန်းကျားယန်၏ စကားထဲမှ တခြား အသေးစိတ်အချက်တစ်ခုကို သတိပြုမိသွားသည်။

“မင်းက ပြောချင်တာက မနေ့က ဒီမှာပဲ အထည်ဆေးဆိုးတာကို သင်ခဲ့တာလို့ ဆိုလိုတာလား”

ဖုန်းကျားယန်က ခေါင်းကိုငြိမ့်ပြလိုက်လေသည်။

“ဟုတ်တယ်၊ မနေ့က တံခါးပေါ်မှာ၊ မြေပြင်ကနေ လက်မဝက်လောက်အကွာက ဘယ်ဘက်အောက်ထောင့်မှာ အပြာရောင် ဆေးစွန်းနေတာကို ငါက မှတ်မိနေတယ်”

ဖုန်းကျားယန်၏ လက်ညွှန်ရာသို့ လိုက်ကြည့်ကြ၍ တခြားသူများကလည်း တံခါးပေါ်မှ အပြာရောင် ဆေးကွက်ကို မြင်တွေ့လိုက်ကြရ၏။

“တကယ်ပဲ!”

ထောင်ထောင်က မသိစိတ်ဖြင့် မျက်လုံးလေးများက ပြူးသွားခဲ့ရသည်။

ဖုန်းကျားယန်က စဉ်းစားတွေးတောနေသော အမူအရာဖြင့်ပြောလိုက်လေသည်။

“ဒါက တကယ်ပဲ တိုက်ဆိုင်မှုလား”

ဖုန်းကျားယန်၏ ခွဲခြမ်းစိတ်ဖြာမှုကို ကြားလိုက်ရသည့်အချိန်တွင် ဒါရိုက်တာ ကျိုးထင်၏ စိတ်ထဲတွင် ဒိန်းခနဲ ဖြစ်သွား၏။

ဖုန်းကျားယန်က ရှာတွေ့ခဲ့သော နေရာက ထုတ်လုပ်ရေးအဖွဲ့က ကလေးများ၏ အတွက် ပြင်ဆင်ထားခဲ့သော သဲလွန်စများထဲမှ တစ်ခုပင် ဖြစ်သည်။

ကလေးများက ပါဝင်ပစ္စည်းများကို အဆင်ပြေပြေ ရှာတွေ့နိုင်စေရန်အတွက် ထုတ်လုပ်ရေးအဖွဲ့က ဤသည်တို့အားလုံးကို ယမန်နေ့က ကလေးများက အတတ်ပညာကို သင်ယူခဲ့သော ခြံဝင်းများ၏ အနီးတွင် ဖုံးကွယ်ထားခဲ့ခြင်း ဖြစ်၏။

အဖွဲ့သားများ၏ မူလစိတ်ကူးက ကလေးများက အစပိုင်းတွင် စိတ်ရှုပ်ထွေး နေကြလိမ့်မည်ဟု ဖြစ်သည်။

ထိုသို့ စိတ်ရှုပ်ထွေး နေချိန်တွင် သူတို့က ရင်းနှီးသူများထံမှ အကူအညီကို မသိစိတ်ဖြင့် တောင်းခံကြပေလိမ့်မည်။

ထိုအချိန်တွင် ဝန်ထမ်းများက ကလေးများက ယမန်နေ့က တွေ့ဆုံခဲ့သော ပညာရှင်များကို တိတ်တဆိတ် ဆက်သွယ်ပြီး မတော်တဆ တွေ့ဆုံသယောင် ဖန်တီးပြီး သဲလွန်စများကို ပေးရန်အတွက်ကို စီစဉ်ထားခြင်း ဖြစ်သည်။

သို့သော် ဤလုပ်ဆောင်ချက်များကို မစတင်နိုင်မီမှာပင် ထောင်ထောင်၏ ထက်မြက်လွန်းသော အနံ့ခံအာရုံက ကလေးများကို အဆင့်တချို့ကို ကျော်ဖြတ်စေပြီး ဇာတ်သိမ်းပိုင်းသို့ တိုက်ရိုက် ရောက်ရှိစေခဲ့၏။

ဖုန်းကျားယန်၏ လမ်းညွှန်မှုနှင့်အတူ ကျန်ရှိနေသော ကလေး (၄) ဦးကလည်း သူ၏ အတွေးလမ်းကြောင်းသို့ လျင်မြန်စွာပင် လိုက်ပါလာကြတော့သည်။

“ဒါက တီဗွီအစီအစဉ်တစ်ခု ဖြစ်နေတာကြောင့် ထုတ်လုပ်ရေးအဖွဲ့က ငါတို့ကို ပါဝင်ပစ္စည်းတွေကို ရှာမတွေ့အောင် လုံးဝကို လုပ်ထားမှာတော့ မဟုတ်ဘူး၊ ငါတို့ရဲ့အတွက်ကို သဲလွန်စတွေကို သေချာပေါက် ချန်ထားမှာပဲ”

မုန်လျို့က ခပ်တိုးတိုး ခွဲခြမ်းစိတ်ဖြာလိုက်လေ၏။

ချောင်ဟောက်ယွီကလည်း ချက်ချင်းပင် သတိပြုမိသွားလေသည်။

“ဒါဆိုရင် ငါတို့ကရှာနေတဲ့ ပါဝင်ပစ္စည်းတွေက မနေ့က ငါတို့က အတတ်ပညာ သင်ခဲ့တဲ့ ခြံဝင်းတွေရဲ့ အနီးမှာပဲ ရှိနိုင်တာပေါ့”

“ဒါပေမဲ့ မနေ့က ငါတို့သင်ခဲ့တဲ့ နေရာက (၅) နေရာပဲ ရှိတာဆိုတော့၊ သင်တန်းနေရာ တစ်ခုတည်းရဲ့ အနီးမှာ ပါဝင်ပစ္စည်း အမျိုးအစားက တစ်ခုထက်မက ရှိနိုင်တာပေါ့”

ကုရှန်ရှန်က ဤခန့်မှန်းချက်၏ နောက်ဆုံးသော လော့ဂျစ်ကို လျင်မြန်စွာပင် ကောက်ချက်ချလိုက်လေ၏။

ကလေးများက ထုတ်လုပ်ရေးအဖွဲ့၏ လှည့်ကွက်များကို ရှင်းပြနေသည်ကို နားထောင်ရင်း ဒါရိုက်တာ ကျိုးထင်က သက်ပြင်းတစ်ချက်ကို ချလိုက်မိသည်။

သို့သော် တစ်ချိန်တည်းမှာပင် ရှုံးနိမ့်မှု၏ အရသာကိုလည်း ရုတ်တရက် ခံစားလိုက်ရ၏။

ဤကလေးများ၏ အနိုင်ယူခြင်းကို သူမက ခံလိုက်ရသည့်ကဲ့သို့ပင်။

[ ဟူး၊ ဒါက အတော်လေးကို ကျိုးကြောင်းဆီလျော်တာပဲ ]

[ ဒီအတွေးအခေါ်ကို ငါက လုံးဝကို လက်ခံသွားပြီ၊ ဘာပဲဖြစ်ဖြစ် ဒါက အစီအစဉ် ရိုက်ကူးနေတာဆိုတော့၊

အစီအစဉ်ရဲ့ အကျိုးသက်ရောက်မှုအတွက် ကလေးတွေက ပါဝင်ပစ္စည်းတွေကို ရှာတွေ့နိုင်ဖို့ လိုတာပဲလေ ]

[ ငါက ထင်တာကတော့ ထုတ်လုပ်ရေးအဖွဲ့ကိုယ်တိုင်ကလည်း ထောင်ထောင်က ကြားထဲမှာ Bug တစ်ခုလို ပေါ်လာလိမ့်မယ်လို့ ထင်မထားခဲ့ဘူးထင်တယ်၊ ဟားဟား ]

[ ဟင်၊ ထောင်ထောင် ဘယ်ရောက်သွားတာလဲ ]

ထိုအချိန်မှာပင် ရိုက်ကူးရေးနေရာမှ ကလေးများနှင့် တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများကလည်း တူညီသော မေးခွန်းကို မေးလိုက်ကြသည်။

ကုရှန်ရှန်က လှမ်းခေါ်လိုက်လေ၏။

“ထောင်ထောင်?”

“ဒီမှာ ရှိတယ်!”

မလှမ်းမကမ်းရှိ လမ်းကြားလေးထဲမှ အသံထွက်ပေါ်လာခဲ့သည်။

ငွေထည် အဆင်တန်ဆာလေးများ၏ တချွင်ချွင်မြည်သံနှင့်အတူ နူးညံ့လွန်းသော မျက်နှာလေးက လမ်းကြားထဲမှ ထွက်ပေါ်လာခဲ့သည်။

“ထောင်ထောင်က မှိုနဲ့ အသားနံ့ကို ရနေတယ်!”

“ဝါး!”

သူမ၏ ခွဲခြမ်းစိတ်ဖြာမှုတွင် အာရုံစိုက်နေသော ကုရှန်ရှန်က မအောင့်နိုင်ဘဲ အော်ဟစ်လိုက်မိသည်။

“ထောင်ထောင်က တကယ့်ကို တော်တာပဲ!”

ကုရှန်ရှန်က အော်ပြောရင်း ပြေးသွားတော့သည်။

“ငါ့ကိုလည်း စောင့်ဦး!”

တခြားကလေးများကလည်း ထိုနည်းတူ လမ်းကြားလေးဆီသို့ အပြေး လိုက်သွားကြတော့၏။

*

အခန်း(36)

ဖုန်းကျားယန်၏ ခွဲခြမ်းစိတ်ဖြာမှုနှင့် ထောင်ထောင်၏ အနံ့ခံအာရုံကို ပေါင်းစပ်လိုက်သည့်အချိန်တွင် ကလေး (၅) ဦးက ထုတ်လုပ်ရေးအဖွဲ့က ခန့်မှန်းထားသော အချိန်၏ တစ်ဝက်ပင် မရှိသေးခင်မှာပင် ပါဝင်ပစ္စည်းအားလုံးကို ရှာဖွေတွေ့ရှိသွားကြတော့သည်။

ကလေးများက လာခဲ့သည့်လမ်းအတိုင်း ပြန်လှည့်ရန်အတွက် ပြင်ဆင်နေချိန်မှာပင် ဒါရိုက်တာ ကျိုးထင်က သူမ၏ ဖုန်းမှတစ်ဆင့် အလုပ်သင်မိဘများ၏ နောက်ဆုံးအခြေအနေကို သိရှိလိုက်ရ၏။

ကလေးများ၏ လျင်မြန်လွန်းသော တိုးတက်မှုနှင့် နှိုင်းယှဉ်လျှင် အလုပ်သင်မိဘများ၏ တိုးတက်မှုက အလွန်ပင် နှေးကွေးနေသည်။

ယနေ့တွင် သူတို့က ခွန်အားနှင့် စိတ်ရှည်မှုကို စမ်းသပ်သည့် ရိုးရာ ဆမ်ခေါက်ဆွဲပြုလုပ်နည်းကို သင်ယူနေကြရ၏။

အပြင်ပန်းကို ကြည့်လျှင် ပေါင်းထားသော ဆန်ကို ဆုံထဲတွင် ထောင်းရုံသာ ဖြစ်သော်လည်း၊ ဤလုပ်ငန်းစဉ်က ခွန်အားစိုက်ရရုံသာမက အဖွဲ့လိုက် လုပ်ဆောင်မှုကိုပါ လိုအပ်သည်။

တန်ကျစ်ရှီက အစပိုင်းတွင် ကြိုးစားခဲ့သော်လည်း မကြာမီမှာပင် မောဟိုက်သွားသောကြောင့် ပို၍ ငယ်ရွယ်ပြီး သန်မာသော ရှန်ထျန်းယွီနှင့် စုကျင်းတို့ကို လမ်းဖယ်ပေးခဲ့ရ၏။

ရှန်ထျန်းယွီနှင့် စုကျင်းတို့က ထောင်းနေချိန်တွင် ကျန်ရှိသော ဧည့်သည် (၃ )ဦးက ဆန်များကို သမအောင် ပြန်လှန်ပေးသည့် တာဝန်ကို ယူကြရသည်။

တာဝန်များကို ခွဲဝေပြီးနောက်တွင် ထောင်းသည့် ကိရိယာများနှင့် ရင်းနှီးအောင် လုပ်ဆောင်ရသည်ကပင် အလုပ်သင်မိဘ (၅) ဦး၏အတွက် အချိန်အတော်ကြာခဲ့၏။

သို့သော် အမှန်တကယ့်စမ်းသပ်က အချိန်အတော်ကြာ ထောင်းပြီးသည့်နောက်တွင်မှ စတင်လာသည်။

အကကို ပုံမှန် လေ့ကျင့်နေကျဖြစ်သော ရှန်ထျန်းယွီနှင့် အားကစားခန်းမသို့ ပုံမှန်သွားလေ့ရှိသော စုကျင်းတို့က အဓိကထောင်းသူများပင် ဖြစ်လာကြ၏။

စုကျင်းက ကိရိယာများကို ယုံကြည်မှုအပြည့်ဖြင့် ကိုင်တွယ်ခဲ့သော်လည်း မိနစ် (၂၀) ခန့် ထောင်းပြီးသည့်အချိန်တွင် သူ၏ လက်မောင်းများက လုံးဝကို ထုံကျင်သွားခဲ့ရသည်။

ထို့နောက် အားကစားခန်းမတွင် အလေးမလေ့ကျင့်ခန်းကို တစ်နာရီ လုပ်ရသည်ထက်ပင် ပိုမို၍ ခံရခက်ကြောင်းကို ခံစားလိုက်ရ၏။

စုကျင်း၏ အမူအရာကို မြင်သည့်အချိန်တွင် ရှန်ထျန်းယွီက အပြုံးတစ်ခုနှင့်ပြောလိုက်လေသည်။

“စုကျင်းကော၊ ကျွန်တော်က အရင် လူစားလဲပေးရမလား”

စုကျင်းက ချွေးများက ဒီးဒီးကျနေပြီ ဖြစ်သော်လည်း ဇွဲမလျှော့ဘဲ ပြန်မေးလိုက်လေ၏။

“မင်း လုပ်နိုင်ပါ့မလား”

“ကျွန်တော်က ပုံမှန် လေ့ကျင့်နေကျဆိုတော့ ပြဿနာ မရှိပါဘူး”

“ဒါဆိုရင် မင်းလုပ်လိုက်တော့”

ဆန်ထောင်းသည့် ကိရိယာများကို ချလိုက်သည်နှင့် စုကျင်းက ကင်မရာကို ကျောခိုင်းလျက် ခေါင်းကို လှည့်ပြီး တိတ်တဆိတ် သက်ပြင်းချလိုက်လေ၏။

သို့သော် သူက ခေါင်းကိုမော့ကြည့်လိုက်သည့်အချိန်တွင် တခြားသော ကင်မရာတစ်ခုနှင့် ရယ်ချင်သည့်စိတ်ကို အောင့်ထားသော ရိုက်ကူးရေးအဖွဲ့သားတစ်ဦးနှင့် မျက်နှာချင်းဆိုင် တိုးသွားခဲ့ရသည်။

စုကျင်း: “...”

တွက်ချက်မှုက မှားသွားပြီ!

[ ဟားဟား..စုကျင်းက ဟာသသရုပ်ဆောင်လား! ]

[ ဖူး.. အစကတော့ စုကျင်းက ထောင်ထောင်နဲ့ အတူရှိမှပဲ ဟာသဖြစ်တာလို့ ထင်ခဲ့တာ၊ အခုကြည့်ရတာက စုကျင်းကိုယ်တိုင်ကကို

အတော် ရယ်ရတာပဲ ]

[ အတည်ပြောတာပါ စုကျင်း၊ ဟာသသရုပ်ဆောင် လုပ်ဖို့ကို မစဉ်းစားဘူးလား (ခွေးခေါင်း အီမိုဂျီ) ]

[ စုကျင်း: ငါက ငါ့ရဲ့ရုပ်နဲ့ ထမင်းစားနေတာနော်၊ မင်းတို့က ဘာတွေကို တွေးနေကြတာလဲ! ]

[ ဒါပေမဲ့ ပြောရမယ်ဆိုရင် စုကျင်းက ဆန်ထောင်းနေတာတောင် ဘာမီးအလင်းအထောက်အပံ့မှ မပါဘဲ ကြည့်ကောင်းနေတုန်းပဲ ]

[ စုကျင်းကို ရှေးဟောင်းဇာတ်လမ်းတွဲမှာ သရုပ်ဆောင်ခိုင်းချင်တဲ့ ဒါရိုက်တာတွေများ ရှိလား ]

တိုင်းရင်းသား ဝတ်စုံနဲ့ စုကျင်းကို မြင်ရသည့်အချိန်တွင် သူက ရှေးဟောင်းဇာတ်လမ်းတွဲများနဲ့ အတော်လေး လိုက်ဖက်မည်လို့ ရုတ်တရက် ခံစားလိုက်ရသည်။

[ ကောင်းတဲ့ စိတ်ကူးပဲ! ရှေးဟောင်းဇာတ်လမ်းတွဲရဲ့ ဒါရိုက်တာတွေက လာကြည့်ကြစမ်း! ]

စုကျင်းက အနားယူနေချိန်တွင် ခွန်အားပြည့်ဝနေသော ရှန်ထျန်းယွီက သစ်သားဆုံကျည်ကို ကိုင်ပြီး အားသွန်ခွန်စိုက် စတင်၍ ထောင်းတော့သည်။

အစပိုင်းတွင် အရှိန်က အမှန်တကယ်ပင် ပိုမို၍ မြန်ဆန်သော်လည်း မကြာမီမှာပင် အရှိန်ပြင်းပြင်းနှင့် စတင်ခဲ့ခြင်း၏ အားနည်းချက်များက ပေါ်ပေါက်လာခဲ့လေ၏။

မိနစ် (၁၅) မိနစ်ပင် မပြည့်သေးမီမှာပင် ရှန်ထျန်းယွီ၏ လက်မောင်းများက တုန်ရင်လာပြီး၊ ဆုံကျည်ကို ကိုင်ထားသော လက်မောင်းကလည်း တင်းကျပ်လာသော်လည်း နာကျင်မှုကို မတားဆီးနိုင်ခဲ့ပေ။

ရှန်ထျန်းယွီ၏ တုံ့ပြန်မှုကို ကြည့်ရင်း စုကျင်းက မအောင့်နိုင်ဘဲ ရယ်မောလိုက်လေသည်။

“ဘယ်လိုလဲ၊ ဆက်လုပ်နိုင်သေးရဲ့လား”

ရှန်ထျန်းယွီက အံကို ကြိတ်ပြီးပြောလိုက်လေသည်။

“လုပ်နိုင်ပါတယ်!”

သို့သော် သူ၏ ဇွဲက လက်မောင်းမှ နာကျင်မှုကို မကျော်လွှားနိုင်ခဲ့သောကြောင့် ရှန်ထျန်းယွီက စုကျင်းနှင့် ဒုတိယအကြိမ် တာဝန်လဲလှယ်ခဲ့ရပြန်၏။

စုကျင်းက ဆုံနှင့် ဆုံကျည်ကို ပြန်ကိုင်လိုက်သည့်အချိန်တွင် ယခင်ကကဲ့သို့ ထောင်းသည့် အမူအရာကို အထင်မသေးတော့ပေ။

သူက ပထမအကြိမ်က မှားယွင်းခဲ့သော အမှားများကို ရှောင်ရှားရန်အတွက် ကြိုးစားပြီး တိုက်ရိုက်လွှင့် ကင်မရာကို ကြည့်ပြီး ဟာသနှောလျက်ပြောလိုက်လေသည်။

“တကယ်လို့ မင်းတို့က ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်း ကြွက်သားတွေကို တက်ချင်တယ်ဆိုရင် အားကစားခန်းမကို သွားစရာ မလိုပါဘူး၊

ဒီကိုလာပြီးတော့ အားခွိုက်ကိုပဲ ထောင်းလိုက်ပါ၊ မင်းတို့ရဲ့ အပေါ်ပိုင်းက ခွန်အားအားလုံးရဲ့အတွက်ကို အပြည့်အဝ လေ့ကျင့်ခန်း ဖြစ်စေမယ်လို့ အာမခံပါတယ်”

[ ဒါကတော့ ဟုတ်ပါတယ်၊ ဒါပေမဲ့ မင်းကိုယ်တိုင်က ဒီဒုက္ခကို ခံစားနေရလို့ တခြားသူတွေကိုပါ လိုက်ပြီး လိမ်နေတာတော့ မဟုတ်ပါဘူးနော် (ခွေးခေါင်း အီမိုဂျီ) ]

[ ဟားဟား၊ ငါက အားကစားခန်းမကိုတောင် မသွားချင်တာ၊ အားခွိုက်လုပ်ဖို့ ဆိုတာကတော့ ဝေးသေးတယ် ]

[ ဆောရီးပဲ၊ ငါက အားခွိုက်စားတာကိုပဲ ကြိုက်တာ၊ လုပ်တာတော့ မကြိုက်ဘူး ]

[ ဒီလောက်ကောင်းတဲ့ လေ့ကျင့်ခန်းက အခွင့်အရေးကို မင်းပဲ သိမ်းထားလိုက်ပါတော့ ဟားဟား ]

ကလေးများက သူတို့၏ တာဝန်ကို အပြီးသတ်ပြီး ပါဝင်ပစ္စည်းအားလုံးကို စုဆောင်းပြီးနေပြီ ဖြစ်သော်လည်း အလုပ်သင်မိဘများက ပုံမပေါ်သေးသော အားခွိုက်များနှင့် ရုန်းကန်နေရဆဲ ဖြစ်၏။

အလုပ်သင် မိဘများက အားခွိုက် လုပ်နေဆဲမှာပင် ကလေးများက ပြန်ရန်အတွက် လမ်းကြောင်းကို

ဆွေးနွေးနေကြပြီ ဖြစ်သည်။

“ငါတို့က ဘယ်လမ်းက လာခဲ့တာလဲကို မှတ်မိလား”

ထောင်ထောင်က မရင်းနှီးသော ပတ်ဝန်းကျင်ကို ကြည့်ပြီး အနည်းငယ် စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းကို မော့ကြည့်လိုက်လေသည်။

သူမက လမ်းတစ်လျှောက်လုံးတွင် အနံ့နောက်သို့သာ လိုက်လာခဲ့သောကြောင့် ပတ်ဝန်းကျင်ကို သတိမထားမိခဲ့ပေ။

အမှန်တကယ်ပင် သူမ ခေါင်းကိုမော့ကြည့်လိုက်သည့်အချိန်တွင် သူမက စတင်ထွက်ခွာလာခဲ့သော ခြံဝင်းကို မမြင်ရတော့သကဲ့သို့ အနံ့ကိုလည်း မရတော့ကြောင်းကို သတိပြုမိလိုက်လေ၏။

ဖုန်းကျားယန်က ခဏမျှ စဉ်းစားပြီးနောက်တွင် သူ၏ စိတ်ထဲတွင် သူတို့က လာခဲ့သည့် လမ်းကြောင်းကို မြေပုံကို လျင်မြန်စွာ ဆွဲလိုက်လေသည်။

“ငါတို့က တည့်တည့်ကို လာတယ်၊ တတိယမြောက် လမ်းဆုံမှာ ဘယ်ဘက်ကို ကွေ့တယ်၊

လမ်းကြား နှစ်ခုကို ဖြတ်ကျော်ပြီးတော့ တည့်တည့်ကို သွားတယ်၊ ညာဘက်ကို ကွေ့တယ်၊

ပါဝင်ပစ္စည်းတွေကို ဝှက်ထားတဲ့ နေရာ နှစ်ခုကို ဖြတ်တယ်၊ အဲဒီနောက် တည့်တည့်ကို သွားပြီး အနောက်မြောက်ဘက်ကို ခဏလောက် ဦးတည်လိုက်တော့၊ နောက်ဆုံး ဒီကို ရောက်လာတာပဲ”

ဖုန်းကျားယန်၏ စကားကို နားထောင်ရင်း ထောင်ထောင်၏ မျက်လုံးလေးများက တဖြည်းဖြည်းနှင့် စိတ်ရှုပ်ထွေး လာတော့သည်။

တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူ အားလုံးနီးပါးကလည်း ထောင်ထောင်ကဲ့သို့ပင် စိတ်ရှုပ်ထွေးသွားကြရ၏။

[ ငါ ဘယ်သူလဲ၊ ငါ ဘယ်မှာလဲ၊ ငါ ဘာကိုလုပ်ချင်နေတာလဲ ]

[ တစ်ယောက်ယောက်က ပြောပြနိုင်မလား၊ ဖုန်းကျားယန်က ပြောတာက တကယ်ပဲ သူတို့က လာခဲ့တဲ့လမ်းလား ]

[ ငါကတော့ ပါရမီရှင် မဟုတ်လို့ သူတို့က ဒီကို ဘယ်လို ရောက်လာသလဲဆိုတာကို လုံးဝကို မမှတ်မိတော့ဘူး (ဝေခွဲမရ ဖြစ်လျက်) ]

[ ငါက အကြာကြီး ပြောချင်နေတဲ့ အရာ တစ်ခု ရှိတယ်၊ ဒါက သာမန် လူသားတစ်ယောက်က ပိုင်ဆိုင်နိုင်တဲ့ ဦးနှောက်မျိုး တကယ်ပဲလား! ]

[ 555! ဒီအစီအစဉ်ကို ကြည့်ရတာက ငါ့ရဲ့ ဂုဏ်သိက္ခာကို နာကျင်စေဖို့ သက်သက်ပဲလား! ]

[ဒီတိုက်ရိုက်လွှင့်မှုကို မကြည့်ခင်က ငါကိုယ်ငါ ဒီလောက်အထိ အသုံးမကျတဲ့ အရာလေး တစ်ခုလို့ လုံးဝကို ထင်မထားခဲ့ဘူး (သက်သောင့်သက်သာ လှဲလျောင်းလျက်)]

“အဲဒါကြောင့် နောက်မှ ပြန်တဲ့အချိန်ကျရင် ဒီလမ်းကြောင်းအတိုင်းပဲ အရာအားလုံးကို ပြောင်းပြန် ပြန်လုပ်လိုက်၊ ဒါဆိုရင် ပြန်ရောက်သွားလိမ့်မယ်”

ဤသို့ ပြောပြီးနောက်တွင် ဖုန်းကျားယန်က တခြားသူများကို ကြည့်ပြီး စိတ်ရှည်စွာ မေးလိုက်လေသည်။

“နားလည်ကြရဲ့လား”

ဖုန်းကျားယန်၏ အကြည့်အောက်တွင် တိုက်ရိုက်လွှင့်ခန်းမှ ကြည့်ရှုသူများက အရင်ဆုံး စိတ်ပျက်သွားကြရ၏။

[ ဝါးးး၊ တောင်းပန်ပါတယ် ဖုန်းတာ့ရယ်.. ကျွန်မကတော့ နားမလည်လိုက်ဘူး ]

ထောင်ထောင်က ဖုန်းကျားယန်ကပြောသည့် ရှည်လျားလွန်းသည့် စကားရပ်များကို မမှတ်မိသော်ငြားလည်း အချက်တစ်ချက်ကို သဘောပေါက်နားလည်သွားခဲ့သည်။

“ကျားကျား၊ နင် ပြန်တဲ့လမ်းကို သိတယ်မလား”

ထောင်ထောင်၏ မျက်လုံးလေးများက တောက်ပနေလေ၏။

ဖုန်းကျားယန်က ခေါင်းကိုငြိမ့်ပြလိုက်ပြီးပြောလိုက်လေသည်။

“သိတာပေါ့”

“ဒါဆိုရင် ငါတို့က ဘာကို စောင့်နေကြမှာလဲ”

ကုရှန်ရှန်ကလည်း စိတ်လှုပ်ရှားသွားရပြီး ပြောလိုက်လေသည်။

“အမြန် ပြန်ကြရအောင်!”

ကလေးများက ပြောဆိုဆွေးနွေးပြီးနောက် ဖုန်းကျားယန်၏ ဦးဆောင်မှုဖြင့် နာရီဝက်ခန့် လမ်းလျှောက်ခဲ့ကြ၏။

ထို့နောက် ရင်းနှီးပြီးသားဖြစ်သော ခြံဝင်းကြီးက လူတိုင်း၏ မျက်စိရှေ့မှောက်သို့ နောက်တစ်ကြိမ် ပြန်လည် ပေါ်ပေါက်လာခဲ့သည်။

“ဝါး!”

ရင်းနှီးနေသော ခြံဝင်းကို မြင်လိုက်ရသည့်အချိန်တွင် ကလေးအားလုံးနီးပါးက မအောင့်နိုင်ဘဲ အာမေဍိတ်သံများ ထွက်ပေါ်လာကြ၏။

ထောင်ထောင်၏ မျက်လုံးလေးများ ပြူးသွားပြီးချီးကျူးလိုက်လေသည်။

“ကျားကျားက တကယ့်ကို တော်တာပဲ~”

စနစ်ပင်လျှင် အနည်းငယ် ကြောင်အ သွားရပြီးတွေးတောနေမိခဲ့သည်။

သူက အနာဂတ်ရဲ့ ဗီလိန် ဖြစ်နေတာက မဆန်းပါဘူး!

ဒီလောက် ငယ်ငယ်လေးနဲ့တင် တကယ့်ကို စွမ်းအားကြီးနေတာပဲ!

ခြံဝင်းတံခါးကို တွန်းဖွင့်လိုက်သည့်အချိန်တွင် ထောင်ထောင်က ခြံထဲမှ မြင်ကွင်းကို သေချာစွာပင် မမြင်ရသေးမီမှာပင် စိတ်လှုပ်ရှားစွာဖြင့်အော်ဟစ်လိုက်လေ၏။

“ကောကော! ထောင်ထောင်တို့ ပြန်ရောက်ပြီ!”

သူမက ခေါင်းကို မော့ကြည့်လိုက်သည့်အချိန်တွင် သစ်သားဆုံကျည်ကို ကိုင်ပြီး ဆန်ထောင်းနေသော စုကျင်းကို မြင်လိုက်ရသောကြောင့် ထောင်ထောင်၏ ပါးစပ်လေး အဟောင်းသားလေး ဖြစ်သွားခဲ့ရသည်။

နောက်တစ်စက္ကန့်တွင် ထောင်ထောင်က ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ စုကျင်း၏ ဘေးသို့ ပျော်ရွှင်စွာဖြင့် ပြေးသွားပြီး စပ်စုလိုစိတ်ဖြင့် ငုံ့ကြည့်လိုက်ပြီး မေးလိုက်လေ၏။

“ဒါက ဘာကြီးလဲ”

*

All Chapters