ရှောင်ထောင်ထောင်မှာ အစားကြီးသည့် ထောင်တီမကောင်းဆိုးရွားလေးဖြစ်လေ၏။ တစ်ရက် သူမ နိုးထလာချိန်တွင် ဖျော်ဖြေရေးဝတ္ထုထဲမှ အမြောက်စာခံဇာတ်ကောင်အဖြစ် ပြောင်းလဲသွားသည်ကို တွေ့ရှိခဲ့ရသည်။ အမြောက်စာခံဇာတ်ကောင်တစ်ယောက်ဖြစ်လာခဲ့သည့် ထောင်ထောင်က တခြားကလေးများနှင့် မတူခဲ့ပါချေ။ ကလေးအစီအစဉ်တစ်ခုတွင် ကလေးတိုင်း၌ မတူညီသည့် အရည်အချင်းများ ရှိနေခဲ့ကြသည်။ တချို့က ဘာသာစကားခြောက်မျိုး ပြောတတ်ကြပြီး တချို့မှာတော့ နန်ချပ်ကူကို ကျွမ်းကျင်စွာ ကစားနိုင်ခဲ့သည်။ တချို့ကတော့ ကဗျာနဲ့ သမိုင်းကို ကျွမ်းကျင်ကြလေ၏။ သို့သော် ထောင်ထောင်ကတော့ ကွဲပြားနေခဲ့သည်။ သူမက ဘယ်လိုစားရမလဲဆိုတာကိုပဲ သိတယ်လေ QAQ .. စနစ် : ဇာတ်လမ်းဇာတ်ကွက်တွေအရ hostက ကလေးအစီအစဉ်ထဲမှာ လူတိုင်းဆီကနေ မကြိုက်နှစ်သက်ခြင်းကိုခံရပြီး တခြားကလေးတွေရဲ့ မုန်းတီးမှုကိုလည်း ခံရလိမ့်မယ်၊ ပြီးရင် ပရိသတ်ရဲ့ ကျိန်စာတွေကြောင့် အစီအစဉ်ကနေ ထွက်ခွာသွားရမှာပါ။ ထောင်ထောင်က သူမ၏ သုံးနှစ်အရွယ် ဝဝကစ်ကစ်လက်များကို ငုံ့ကြည့်ပြီး ဗိုက်ကို ပွတ်သပ်လိုက်လေ၏။ 'ဗိုက်အရမ်းဆာနေပြီ' စနစ် : hostရဲ့ ပထမဆုံးတာဝန်က ဇာတ်လိုက်မကို နှိုးဆွပေးရမယ်၊ သူမဆီကနေ အဖိုးတန်ပစ္စည်းတစ်ခုခုကို ခိုးယူလိုက်တော့။ ထောင်ထောင်က သူမ၏ လက်သီးလေးများကို ဆုပ်ပြီး သတ္တိမွေးကာ အဓိကဇာတ်လိုက်မထံသို့ လျှောက်သွားပြီး ထိုမိန်းကလေး၏ လက်ထဲက ဂျယ်လီသကြားလုံးသို့ အကြည့်ရောက်သွားခဲ့သည်။ "တောင်းပန်ပါတယ်...တောင်းပန်ပါတယ်၊ ဂျယ်လီသကြားလုံးတစ်ချပ်လောက် ပေးလို့ရမလား" ငါးနှစ်အရွယ် မိန်းကလေး: "အရမ်း...အရမ်းချစ်ဖို့ကောင်းတာပဲ!!!" * ထေင်ထောင်က စနစ်၏ ညွှန်ကြားချက်များကို လိုက်နာပြီး ကောင်းမွန်သည့် အမျိုးသမီးဇာတ်ပို့ဇာတ်ကောင်တစ်ယောက် ဖြစ်ရန် ကြိုးစားခဲ့သော်လည်း ရလဒ်ကတော့ စနစ်၏ မျှော်လင့်ထားသည့်အခြေအနေနှင့် ကွဲပြားနေခဲ့သည်။ ကလေးကို ဂရုမစိုက်ချင်သည့် နာမည်ကြီးအိုင်ဒေါငယ်လေး စုကျင်းမှာ ထောင်ထောင်ထံမှ ကောကောဟုအခေါ်ခံရပြီးနောက် သူမ၏အရိပ်လေး ဖြစ်လာခဲ့သည်။ သူမရဲ့ အာရုံစိုက်မှုကို ရယူဖို့ ကြိုးစားနေသည့် အမျိုးသားဇာတ်လိုက်နဲ့ အမျိုးသားအရန်ဇာတ်ကောင်တို့က ထောင်ထောင်၏ဘေးတွင် ဝိုင်းအုံနေခဲ့ကြပြီး သူမနဲ့အတူ ထိုင်ခွင့်ရရန် ကြိုးစားနေကြသည်။ အမျိုးသားနဲ့ အမျိုးသမီးဇာတ်လိုက်တို့ကို ပစ်မှတ်ထားရမည့် အဓိကဗီလိန်ကြီးကပင် ထောင်ထောင်ကို ဖြည်းဖြည်းချင်း စိုက်ကြည့်လာခဲ့သည်။ အမျိုးသမီးဇာတ်လိုက်က ထောင်ထောင်ကို ပွေ့ဖက်ပြီး နှုတ်ခမ်းစူလိုက်ကာ တခြားလူများတွေကို စိုက်ကြည့်လာခဲ့သည်။ "ငါ့ဆီကနေ ထောင်ထောင်ကို လုယူဖို့ မကြိုးစားနဲ့!" ထောင်ထောင်၏ အဖေနဲ့ အမေဖြစ်နိုင်ရန်အတွက် ယှဉ်ပြိုင်နေကြသည့် မရေမတွက်နိုင်သော ပရိသတ်များ ရှိလာခဲ့သည်။ ထောင်ထောင်က ပိုပြီး လူကြိုက်များလာပြီးနောက်တွင် စနစ်သည်လည်း အက်ကွဲလာရသည်။ [ပေါင်ပေ့၊ မင်းက ထောင်တီလေ၊ မင်းက ရက်စက်ကြမ်းကြုတ်တဲ့ မကောင်းဆိုးရွားလေး မဟုတ်ဘူးလား ဘာလို့...] ထောင်ထောင်က စုကျင်း၏လိုက်သောလိုက်နေသည့် sasaeng ဖန်တစ်ယောက်ကို လက်သီးနဲ့ထိုးလိုက်ပြီး ပြောလာလေ၏။ "ဟမ်? ထောင်ထောင်က အရမ်းကြမ်းတမ်းတယ်လေ" ထောင်ထောင်က မျက်နှာလေးကို ငုံ့ပြီး အလေးအနက်ရှင်းပြရှာသည်။ 'ထောင်ထောင်က အရမ်းရက်စက်တယ်!' စနစ်: ... မေ့ပစ်လိုက်ပါတော့။ ဖျက်ဆီးပစ်လိုက်ရအောင်။ ဒီမစ်ရှင်က မျှော်လင့်ချက်မရှိတော့ဘူး။

