← Chapters

နီဗားနားရှင်သန်ခြင်းအဆင့်ကို လက်ဗလာဖြင့် ဆုတ်ဖြဲခြင်း၊ ဘုရင်များကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း

Vol. 31 Ch. 309

နီဗားနားရှင်သန်ခြင်းအဆင့်ကို လက်ဗလာဖြင့် ဆုတ်ဖြဲခြင်း၊ ဘုရင်များကို ဓားတစ်ချက်ဖြင့် သတ်ဖြတ်ခြင်း

Vol. 31 Ch. 309

ဓားချက်ကျဆင်းလာပြီး ကောင်းကင်ယံမှ ပုံရိပ်နှစ်ခုသည် ချက်ချင်း လွင့်စင်သွားတော့သည်။

အိုအေစစ်အတွင်းမှ ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို ကြည့်ရင်း ပင့်သက်ရှိုက်မိကြ၏။

“ငှက်မွှေးဖြူဘုရင်”

“ဓားဘုရင်”

“……”

ရှောင်ချန်း သူတို့ကို ထွက်ပြေးခွင့်ပေးပြီး နောက်တစ်နေ့မှ ပြန်တိုက်ခိုက်ရန် ရည်ရွယ်ချက် မရှိသဖြင့် သူ့ဓားကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။

သို့သော် ငှက်မွှေးဖြူဘုရင်နှင့် ဓားဘုရင်တို့သည် ဝါရင့် နီဗားနားရှင်သန်ခြင်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြပြီး သူတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ထွက်ပြေးဖို့ပင်။

ထိုစဉ် လင်းယုန် အော်သံတစ်ချက် ထွက်ပေါ်လာပြီး အဖြူရောင်အလင်းတန်းတစ်ခုသည် ငှက်မွှေးဖြူဘုရင်ကို သယ်ဆောင်သွားသည်။ ယခုလို အချိန်မျိုးတွင် နောက်ကျသည့် ခြေထောက် သစ္စာဖောက်ဟု မှတ်ကာ ပြေးရပေလိမ့်မည်။

ကလန်

ဓားအလင်းတန်းတစ်ခု ကျဆင်းလာပြီး နောက်တစ်ခဏတွင် ဓားဘုရင်၏ ခန္ဓာကိုယ်သည် လေထဲတွင် နှစ်ပိုင်းပြတ်သွားသည်။ ထို့နောက် သူ့ရုပ်အလောင်းမှ ဝိညာဉ်တစ်စထွက်လာပြီး အသည်းအသန် ပြေးတော့သည်။

သို့သော် ရှောင်ချန်း၏ ဓားတစ်ချက်သည် ထိုနေရာသို့ ရောက်သွားသည်။ ထိုအခါ ဓားဘုရင်၏ ဝိညာဉ်သည် လုံးဝ ဖျက်ဆီးခံလိုက်ရ၏။

အခြားတစ်ဖက်တွင် သံမဏိဘုန်းကြီးသည် ခေါင်းဆောင်နှစ်ဦး၏ ရှုံးနိမ့်မှုကို အာရုံခံမိသွားပြီး သူ့နှလုံးသားထဲတွင် ထိတ်လန့်မှုကို ခံစားလိုက်ရသည်။

ထိုအချိန်တွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေသော အသံတစ်သံ သူ့ဘေးတွင် ထွက်ပေါ်လာ၏။

“ကျုပ်နဲ့ တိုက်ခိုက်နေချိန်မှာ အာရုံလွင့်နေတာလား။ ခင်ဗျား သေလမ်းရှာနေတာပဲ”

ထိုစကားများကြောင့် သံမဏိဘုန်းကြီး၏ ခန္ဓာကိုယ်သည် တုန်ယင်သွားတော့၏။

နောက်တစ်ခဏတွင် ဧရာမလက်သီးကြီး သူ့ထံ အရှိန်အဟုန်ဖြင့် ပြေးဝင်လာသည်။

ဘုန်း

ချောင်ရို့ချန်၏ လက်သီးက သံမဏိဘုန်းကြီး၏ ဗာဂျရာရွှေခန္ဓာ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်သည်။

သံမဏိဘုန်းကြီး သွေးတစ်လုတ်ကို အန်ထုတ်လိုက်ရသည်။ သူ ထွက်ပြေးရန် လျှို့ဝှက်နည်းစနစ်တစ်ခု အသုံးပြုတော့မည့် အချိန်မှာပင် မလှုပ်ရှားနိုင်တော့ကြောင်း သတိပြုမိသွား၏။

မော့ကြည့်လိုက်ရာ သူ့လည်ပင်းကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသော ဧရာမလက်ကြီး တစ်ဖက်ကို မြင်လိုက်ရသည်။

“ချမ်းသာ... အသက် ချမ်းသာပေးပါ”

သံမဏိဘုန်းကြီး၏ နတ်ဘုရားအာရုံသည် သနားညှာတာရန် တောင်းပန်နေ၏။ သူ့မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

“အခုမှ တောင်းပန်နေတာလား၊ နောက်ကျသွားပြီ”

ချောင်ရို့ချန်၏လက်သည် တင်းကျပ်သွားပြီး အရိုးကျိုးသံ တစ်ချက်နှင့်အတူ သံမဏိဘုန်းကြီး၏ ခေါင်းသည် အရှေ့သို့ ငိုက်ကျသွားသည်။

ထိုစဉ် သံမဏိဘုန်းကြီး၏ ခန္ဓာကိုယ်မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။ ချောင်ရို့ချန် ၎င်းကို စောင့်ဆိုင်းနေခဲ့ခြင်းပင်။ သူ သိုင်းကွက်တစ်ခုဖြင့် အလင်းတန်းကို ဖမ်းဆုပ်ကာ အကြမ်းပတမ်း ဆွဲဖြဲပစ်လိုက်သည်။

“အား”

နာကျင်နေသော အော်ဟစ်သံသည် အိုအေစစ်ထဲ၌ ပဲ့တင်ထပ်သွားသည်။

ချောင်ရို့ချန်သည် သံမဏိဘုန်းကြီး၏ ဝိညာဉ်ကို လက်ဗလာဖြင့် ဆွဲဖြဲပစ်သည်ကို လူအုပ်ကြီး ထိတ်လန့်တကြား မြင်လိုက်ကြသည်။

“သံမဏိ... သံမဏိ ခေါင်းဆောင်က ပြိုင်ဘက်ကင်းလက်သီးအရှင်ဆီမှာ လက်ဗလာနဲ့ ဆွဲဖြဲခံလိုက်ရပြီ”

“ပြီးပြီ၊ ငါတို့ အားလုံး ပြီးသွားပြီ”

“…”

အမွှာဘုရင်များမဟာမိတ်အဖွဲ့၏ နှလုံးသားထဲသို့ ကြောက်ရွံ့ထိတ်လန့်မှုတ်ို့သည် ကပ်ရောဂါတစ်ခုပမာ ကူးစက်သွားသည်။

လူအုပ်ထဲတွင် အတွေ့အကြုံရင့်သည့် ရှင်ကျန်ရစ်သူအချို့ ချက်ချင်း ဒူးထောက်ချလိုက်ကြသည်။

“ကျွန်တော်တို့ကို ချမ်းသာပေးပါ”

“ဂုဏ်သရေရှိ ပါရမီရှင်တို့ ကျေးဇူးပြုပြီး ကျွန်တော်တို့ အသက်ကို ချမ်းသာပေးပါ။ ကျွန်တော်တို့ ထပ်မလုပ်တော့ပါဘူး”

“….”

ရှောင်ချန်းနှင့် ချောင်ရို့ချန်တို့ ကောင်းကင်ယံမှ ဆင်းသက်လာပြီး ရှေ့က လူအုပ်ကြီးကို ကြည့်လိုက်ကြသည်။

ခဏအကြာတွင် ယဲ့ပေရွှမ် စကားပြောလာသည်။ “စီနီယာအစ်ကိုတို့၊ သူတို့ကို ဘယ်လို လုပ်ရမလဲ”

သူသည် ပြန်လည်မွေးဖွားလာသူ တစ်ယောက် ဖြစ်သည့်တိုင် စီနီယာအစ်ကိုတို့၏ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေး စွမ်းအားကြောင့် တုန်လှုပ်သွားရသည်။

‘အရင်ဘဝက ငါ အများကြီး အားနည်းလွန်းနေခဲ့သေးတာပဲ။ ဝမ်တောက်ကျောင်းတော် မျိုးဆက်သစ်လူငယ်တွေထဲက ထိပ်တန်းပါရမီရှင်ဆိုတဲ့ ဂုဏ်ပုဒ်က ငါနဲ့ မထိုက်တန်ခဲ့ဘူး’

ရှောင်ချန်း တည်ငြိမ်စွာ ပြောလိုက်သည်။ “စည်းမျဉ်းဟောင်း အတိုင်းပဲ။ မင်းတို့ သိုလှောင်အိတ်တွေအားလုံးနဲ့ ဒီအိုအေစစ်ထဲက အရင်းအမြစ်တွေကို ပေးရင် အသက်ရှင်ခွင့် ရမယ်”

ထိုစကားများကို ကြားသောအခါ အမွှာဘုရင်များမဟာမိတ်၏ ကျင့်ကြံသူများသည် နောက်ဆုံးတွင် သက်ပြင်းချနိုင်သွားကြသည်။

“ပါရမီရှင်ရှောင် သဘောထားကြီးပါတယ်။ ကျွန်တော်တို့ လိုချင်တာတွေ ပေးပါ့မယ်”

သူတို့အားလုံး မြှောက်ပင့် ပြောဆိုလိုက်ကြသည်။

တစ်နာရီကြာပြီးနောက် ရှောင်ချန်းတို့ အောင်ပွဲရ ပစ္စည်းများဖြင့် အိုအေစစ်မှ ထွက်ခွာလာကြသည်။

အမွှာဘုရင်များမဟာမိတ်၏ ကျင့်ကြံသူများသည် သူတို့ ထွက်သွားသည်ကို ကြည့်နေရင်း သူတို့ နှလုံးသားထဲရှိ ဝန်ထုပ်ဝန်ပိုးကြီး ကျဆင်းသွား၏။

အကြည့်ချင်း ဖလှယ်ပြီးနောက် သူတို့ လူစုကွဲသွားကြသည်။ ဘုရင်အဆင့်ပညာရှင်နှစ်ဦးသည် အကျိုးအမြတ်များကို သိမ်းပိုက်ရန် အမွှာဘုရင်များမဟာမိတ်အဖွဲ့ကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဓားဘုရင်ကျဆုံးသွားပြီ ဖြစ်ရာ အမွှာဘုရင်များမဟာမိတ်အဖွဲ့သည် ဆက်လက် ရပ်တည်နိုင်တော့မည် မဟုတ်ပေ။

ဝမ်တောက်ကျောင်းတော် အတွင်း၌

ချူဖုန်းသည် ထုံးစံအတိုင်း နေမြင့်လာသည်အထိ မထသေးပေ။ သူ စားစရာ တစ်ခုခု သွားယူရန် ပြင်နေစဉ်မှာ မဟာပဏ္ဍိတရွှေတောင်ပံ ကောင်းကင်ယံမှ ဆင်းသက်လာပြီး ပြုံးကာ ပြောလိုက်သည်။ “အစ်ကိုကြီး သတင်းကောင်း။ တကယ့် သတင်းကောင်း”

၎င်းကို ကြားသောအခါ ချူဖုန်း မေးလိုက်သည်။ “ဘာသတင်းကောင်းလဲ။ မင်း အဖေ ဖြစ်သွားပြီလို့တော့ မပြောနဲ့နော်”

မဟာပဏ္ဍိတရွှေတောင်ပံ ဇဝေဇဝါ ဖြစ်သွားပြီး သူ့လေသံက စိတ်မရှည်သည့်ဟန် ပေါက်သွားသည်။ “အစ်ကိုကြီး ကျွန်တော်က အရေးကြီးကိစ္စကို ပြောနေတာ။ နောက်မနေနဲ့”

ခြံဝင်းအတွင်းရှိ အခြားသူများသည် ထိုစကားကို ကြားသောအခါ မဟာပဏ္ဍိတရွှေတောင်ပံကို လှည့်ကြည့်လိုက်၏။

သူတို့အကြည့်များအောက်တွင် သူ အနေရခက်လာပြီး မျက်နှာက မည်းသည်းသွားသည်။ “အဲဒီ အကြည့်တွေက ဘာသဘောလဲ။ မင်းတို့ အားလုံး ငါ့ကို တစ်နေ့လုံး ဘာမှ လုပ်စရာမရှိတဲ့ အသုံးမကျတဲ့ကောင်လို့ ထင်နေကြတာလား”

ချူဖုန်း လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ “ညီကိုရွှေတောင်ပံ မင်းကိုယ်မင်း ဒီလောက်တောင် ရှင်းရှင်းလင်းလင်း နားလည်နေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”

မဟာပဏ္ဍိတရွှေတောင်ပံ ချက်ချင်းပင် နာကျင်သွားဟန်ဖြင့် ပြော၏။ “အစ်ကိုကြီး ကျွန်တော့်ကို ဒီလို မြင်လိမ့်မယ်လို့ တစ်ခါမှ မတွေးထားဘူး”

ချူဖုန်း သူ့ပခုံးကို ပုတ်ပေးလိုက်သည်။ “ကောင်းပြီ။ ဗလုံးဗထွေးပြောနေတာတွေကို ရပ်လိုက်တော့။ မင်း ဘာတွေ ဒီလောက်တောင် ပျော်နေတာလဲ ဆိုတာကို ပြောပြပါဦး”

၎င်းကို ကြားသောအခါ မဟာပဏ္ဍိတရွှေတောင်ပံ ချက်ချင်း တက်ကြွသွားသည်။ “ရှောင်ချန်းနဲ့ တာ့ချန်ဆီကနေ သတင်း ရထားတယ်”

သူ တမင်တကာ ခဏတာ ရပ်တန့်လိုက်ပြီး အချိန်ဆွဲနေလိုက်သည်။

ဒုတ်

ချူဖုန်း စိတ်အနှောင့်အယှက်ဖြစ်သွားသဖြင့် သူ့နဖူးကို ခေါက်လိုက်သည်။ “မင်း ဒီအကျင့်ဆိုးကို ဘယ်တုန်းက ရသွားတာလဲ။ မြန်မြန် ပြောစမ်းပါ”

မဟာပဏ္ဍိတရွှေတောင်ပံ သူ့နဖူးကို ပွတ်သပ်လိုက်သည်။ “သူတို့ အပျက်အစီးရှေးဟောင်းမြို့ ကနေ ထွက်လာကြပြီ။ တာ့ချန်က နီဗားနားရှင်သန်ခြင်းအဆင့် ပညာရှင် တစ်ယောက်ကို လက်ဗလာနဲ့ ဆုတ်ဖြဲပစ်လိုက်တယ်တဲ့။ ရှောင်ချန်းက ဘုရင်အဆင့် ပြိုင်ဘက်တစ်ယောက်ကို ဓားတစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တယ်။ အခု တစ်ကမ္ဘာလုံးက သူတို့အကြောင်းကို ပြောနေကြပြီ။ အစ်ကိုကြီး နာမည်ဂုဏ်သတင်းကလည်း ပိုပြီးတောင် ကြီးလာသေးတယ်”

ထိုစကားများကြောင့် ပင်းယန်နှင့် ဂျူနီယာတပည့်များ၏ မျက်နှာများပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာသည်။

ချူဖုန်း တစ်ယောက်သာ တည်ငြိမ်နေပြီး မဟာပဏ္ဍိတရွှေတောင်ပံကို မျှော်လင့်တကြီး မျက်လုံးများဖြင့် ကြည့်နေသည်။

“ဒါပဲလား၊ တခြား ဘာမှ မရှိတော့ဘူးလား”

မဟာပဏ္ဍိတရွှေတောင်ပံသည် သူ့အစ်ကို၏ အမူအရာ မပြောင်းလဲသွားကြောင်း သတိပြုမိသွားသည်။ သူ တွန့်ဆုတ်စွာ မေးလိုက်သည်။ “အဲဒါ မလုံလောက်သေးဘူးလား။ သူတို့က တာအိုပေါင်းစည်းခြင်းအဆင့် ကို အခုလေးတင် တက်သွားတာလေ”

ချူဖုန်း ပခုံးတွန့်လိုက်သည်။ “စစ်မှန်တဲ့ ပါရမီရှင်တစ်ယောက်အတွက် အဆင့်ကျော်ပြီး တိုက်ခိုက်တယ်ဆိုတာ ပုံမှန်ပဲ။ ပြီးတော့ သူတို့ ပြိုင်ဘက်တွေက မြင့်မြတ်နယ်မြေက ဘုရင်တွေ မဟုတ်ဘူးလေ”

“အစ်ကိုကြီး ခင်ဗျား စံနှုန်းတွေက အများကြီး မြင့်လွန်းနေတယ်”

မဟာပဏ္ဍိတ‌ရွှေတောင်ပံ ပြောစရာစကားပျောက်ဆုံးသွားပြီး တူတပည့်လေးနှစ်ယောက်အတွက် တိတ်တဆိတ် သနားသွားမိသည်။ ‌အတော်လေး အစွမ်းထက်နေသော်လည်း ဆရာဖြစ်သူကို မအံ့ဩစေနိုင်သေးချေ။

ချူဖုန်း ပြုံးလိုက်သည်။ “အမြင်တွေ ကွာခြားတော့ စံနှုန်းတွေလည်း ကွာခြားတာပေါ့”

မဟာပဏ္ဍိတရွှေတောင်ပံ အားနည်းစွာ ပြောလိုက်သည်။

“အစ်ကိုကြီး ကျွန်တော့်ကို စော်ကားနေသလို ခံစားရတယ်”

ချူဖုန်း တီးတိုးရေရွတ်လိုက်သည်။ “အခု ငါ အစိုးရိမ်ဆုံးက စီနီယာမြို့စားရီရှန်းကိုပဲ။ သူတော်စင်တစ်ပိုင်း အဆင့်ကို တက်သွားပြီလား ဆိုတာ သိချင်တယ်။ တကယ်လို့ မရောက်သေးဘူးဆိုရင်တော့ ဒုက္ခရောက်လိမ့်မယ်”

၎င်းကို ကြားသောအခါ မဟာပဏ္ဍိတရွှေတောင်ပံ သူတစ်ပါး ဒုက္ခရောက်သည်ကို ဝမ်းသာသည့်ဟန်ဖြင့် ပြုံးလိုက်သည်။ “သူ ရောက်သွားဖို့ မျှော်လင့်ပါတယ်။ ဒါမှ လေ့ကျင့်ဖော် တစ်ယောက် ရမှာ”

ချူဖုန်း ထိုအကြောင်းအရာကို ဆက်မပြောတော့ဘဲ အနီးနားရှိ တပည့်သုံးယောက်ကို ကြည့်လိုက်သည်။

ဖုန်းမူ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပုံရသည်။ သူ မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ “ဆရာ ဒီနေ့က စပြီး ကျွန်တော်က ဆေးဖော်စပ်ခြင်း ကိုပဲ သီးသန့် အာရုံစိုက်ချင်ပါတယ်”

All Chapters