← Chapters

အခန်း (၈၆၇-၈၆၈)

Vol. 86 Ch. 867-868

အခန်း (၈၆၇-၈၆၈)

Vol. 86 Ch. 867-868

အခန်း (၈၆၇) ထူးခြားသော တာဝန်

သူသည် ရွှင်းထံမှ တုံ့ပြန်မှုတစ်ခုခု ရလေမလားဟူသော မျှော်လင့်ချက်ဖြင့် နောက်တစ်ကြိမ် ထပ်မံခေါ်ယူကြည့်ပြန်ပေသည်။

​သူသည် စိတ်ထဲမှနေ၍ သူမကို လှမ်းခေါ်နေမိသော်လည်း မည်သည့် အသံမျှ ပြန်မကြားရပေ။

​အေးစက်လှသော ညဉ့်အမှောင်ထဲတွင် သူသည် ခေါင်းယမ်းလိုက်မိရင်း သက်ပြင်းတစ်ချက် ညင်သာစွာ ချလိုက်မိ၏။

​သူသည် သူတို့ကို အစောင့်အရှောက် ပေးနေသော ရှား၏ ရှေ့တွင် ခြေလှမ်းများကို ရပ်လိုက်သည်။

​ရှားသည် လုံချန်းက သွေးမျိုးဆက် ကျောင်းတော်မှ ရရှိခဲ့သော ရုပ်သေးရုပ်လေး ဖြစ်ပေသည်။

​သူမကို အတုအယောင် သွေးမျိုးဆက် ကျောင်းတော်မှ ရရှိခဲ့ခြင်း ဖြစ်လင့်ကစား သူမသည် ထျန်းရှန် သိမ်းပိုက်ထားသော စစ်မှန်သည့် သွေးမျိုးဆက်ကျောင်းတော်၏ ပထမထပ်မှ ရတနာတစ်ခု ဖြစ်သည်မှာမူ အသေအချာပင် ဖြစ်၏။

​ထျန်းရှန်သည် သူမကို ယခင်က အသုံးပြုခဲ့ဖူးသလားဟု သူ တွေးတောနေမိသည်။

​"ရှား..." သူက သူမ၏ ပုခုံးပေါ်သို့ လက်တင်လိုက်ရင်း လှမ်းခေါ်လိုက်၏။

​ရှားသည် လုံချန်းကို ကြည့်ရန် နောက်သို့ လှည့်လိုက်သည်။

​"ဟုတ်ကဲ့ပါ သခင်" ရှားက သူမ၏ ထုံးစံအတိုင်း မည်သည့် ခံစားချက်မျှ မပါသော အသံဖြင့် ပြန်ထူး၏။

​"ငါ မင်းကို မေးစရာရှိတယ်။ မင်း ရိုးရိုးသားသား ဖြေနိုင်မလား" လုံချန်းက ညင်သာစွာ မေးလိုက်သည်။

​"ဖြေပါ့မယ်" ရှားသည် ရုပ်သေးရုပ်တစ်ရုပ် ဖြစ်သော်လည်း သူမ၌ တွေးတောဆင်ခြင်နိုင်သော ဦးနှောက် ရှိပေသည်။ လုံချန်း မည်သည်ကို ဆိုလိုသည်အား သူမ နားလည်ပြီး ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်၏။

​"လိမ္မာတယ်... ဒါဆိုရင် နင် ငါ့ကို ပထမဆုံး မတွေ့ခင်တုန်းက နင့်ဘဝအကြောင်း တစ်ခုခု မှတ်မိသေးလား။ တခြား တစ်ယောက်ယောက်ကို တွေ့ခဲ့ဖူးတာမျိုးရော မှတ်မိလား" လုံချန်းက ချော့မော့မေးမြန်းလိုက်သည်။

​"ကျွန်မ မမှတ်မိပါဘူး။ သခင်က ကျွန်မ ပထမဆုံး မြင်ဖူးတဲ့ လူသားပါ" ရှားက ချက်ချင်းပင် ပြန်ဖြေ၏။

​"နင် ထျန်းရှန် အကြောင်း တစ်ခုခု သိသလား" လုံချန်းက ထပ်မံ မေးမြန်းလိုက်ပြန်သည်။

​ဤတစ်ကြိမ်တွင်မူ လုံချန်း မမျှော်လင့်ထားဘဲ ရှားက ခေါင်းညိတ်ပြပေ၏။

​"တကယ်လား... နင် သူ့အကြောင်းကို ဘယ်လိုလုပ် သိတာလဲ" သူမ၏ တုံ့ပြန်မှုကြောင့် သူ အံ့အားသင့်သွားရသည်။

​"သခင် ပြောနေတာကို ကျွန်မ ကြားခဲ့တာပါ။ သခင် သူ့အကြောင်းကို ခဏခဏ ပြောခဲ့ဖူးတယ် မဟုတ်လား"

​လုံချန်းသည် သူမ၏ အဖြေမှတစ်ဆင့် ထူးခြားသော သဲလွန်စတစ်ခုခု ရလိမ့်မည်ဟု မျှော်လင့်ခဲ့သော်လည်း အခုတော့ စိတ်ပျက်သွားရုံသာ ရှိတော့သည်။ သူမ ပြောနေသည်မှာ သူ ပြောသမျှကို ပြန်ကြားရခြင်းသာ ဖြစ်ပေသည်။ ထိုသို့ဆိုလျှင်မူ သူမထံမှ တန်ဖိုးရှိသော အချက်အလက် တစ်ခုမျှ ရနိုင်မည် မဟုတ်ချေ။

​"ကောင်းပြီလေ... ဒါဆိုရင် အဲဒီအကြောင်းတွေ ငါ့ကို ထပ်ပြောဖို့ မလိုတော့ပါဘူး" သူက ခေါင်းယမ်းရင်း ဆိုလိုက်၏။

​"အဲဒါထက် ပိုအရေးကြီးတာက နင်လုပ်ရမယ့် တာဝန်တစ်ခု ရှိတယ်။ မနက်ဖြန် နင် ကမ္ဘာတုထဲကို ပြန်ရောက်တဲ့အခါ သမုဒ္ဒရာရဲ့ အောက်ခြေအထိ သွားစေချင်တယ်။ နင်က အသက်ရှူဖို့ ဒါမှမဟုတ် အစာစားဖို့ မလိုတဲ့အတွက် ဒါကို နင်တစ်ယောက်ပဲ လုပ်နိုင်တာ။ နင် ရောက်အောင်သွားရမယ့် နေရာတစ်ခု ရှိတယ်။ အဲဒါက တကယ်ကို အရေးကြီးတယ်" သူက အကြောင်းအရာကို ပြောင်းလဲကာ ပြောလိုက်သည်။

​"ဘယ်နေရာလဲ" ရှားက မေး၏။

​လုံချန်းသည် သူ၏ အိတ်ထဲမှ စာရွက်တစ်ရွက်ကို ထုတ်လိုက်သည်။

​"ဒီအမှတ်ကို အဲဒီနေရာမှာရှိတဲ့ မျိုးနွယ်စုလို့ ထားလိုက်ပါ။ နေက ဒီဘက်က ထွက်တယ်... ဒါကြောင့် ဒါတွေက အရပ်လေးမျက်နှာပေါ့။ နင့်ကို တောင်ဘက်အရပ်အတိုင်း သမုဒ္ဒရာကို ရောက်တဲ့အထိ သွားစေချင်တယ်။ အဲဒီနေရာကနေ တည့်တည့် ဆက်သွားပါ။ သမုဒ္ဒရာရဲ့ အောက်ခြေမှာ တောက်ပနေတဲ့ မျဉ်းကြောင်းတစ်ကြောင်းကို နင် တွေ့လိမ့်မယ်။ အဲဒီမျဉ်းကြောင်းက နင့်ကို အဲဒီနေရာမှာရှိတဲ့ ဝင်ပေါက် တစ်ပေါက်ဆီ ခေါ်သွားလိမ့်မယ်။ နားလည်လား" သူက ရှင်းပြလိုက်၏။

​ရှားက ခေါင်းညိတ်ပြပေ၏။

​လုံချန်းသည် အဆောင် တစ်ရွက်ကို သူမအား ပေးလိုက်သည်။

​"ဒါကို နင်နဲ့အတူ အမြဲ ဆောင်ထားပါ" သူက ဆို၏။

​"အဲဒီ ဝင်ပေါက်ထဲကို ရောက်သွားပြီဆိုရင် နင် အထဲကို ဝင်လိုက်။ အဲဒီ ဝင်ပေါက်က နင့်ကို ဝေးလံတဲ့ နေရာတစ်နေရာဆီ ခေါ်သွားလိမ့်မယ်။ အဲဒီကို ရောက်တာနဲ့ နင် မြေကြီးကို တူးပြီး ဒီအဆောင်ကို မြေမြှုပ်ခဲ့ပါ။ အဲဒီနောက်မှာတော့ လာခဲ့တဲ့ လမ်းအတိုင်းပဲ ပြန်လာခဲ့ပါ" သူက ဆက်လက် ရှင်းပြသည်။

​မကြာမီမှာပင် သူ၏ ရှင်းပြချက်မှာ ပြီးဆုံးသွားခဲ့၏။ "ဝင်ပေါက်က အဲဒီနေရာမှာ မမြင်ရဘဲ ရှိနေလိမ့်မယ်၊ ဒါပေမဲ့ နင့်ကို ပြန်ခေါ်လာဖို့အတွက် အဲဒီနေရာမှာပဲ ရှိနေမှာပါ။ သမုဒ္ဒရာထဲကို ပြန်ရောက်ပြီဆိုရင် မျိုးနွယ်စုဆီကို ပြန်သွားလိုက်ပါ။ ဒါပဲ နင်လုပ်ရမှာ"

​"ကျွန်မ ပြန်ရောက်တာနဲ့ လုပ်လိုက်ပါ့မယ်" ရှားက သဘောတူ ခေါင်းညိတ်လိုက်ပေ၏။

​"လိမ္မာတယ်... နင်းက တကယ်ကို အားကိုးရတဲ့သူပဲ" လုံချန်းက ရှား၏ ခေါင်းကို ပွတ်သပ်ကာ ချီးမွမ်းလိုက်သည်။

​"လောလောဆယ်တော့ ဒီနေရာကို သေချာ စောင့်ရှောက်ထားဦး။ ငါ ခဏလောက် လမ်းလျှောက်ထွက်လိုက်ဦးမယ်" ထိုသို့ ပြောကာ သူ ထွက်ခွာလာခဲ့၏။

​ရှားကို ထိုနေရာအား စောင့်ရှောက်ခိုင်းထားခဲ့ပြီးနောက် သူသည် တောအုပ်အတွင်းသို့ ပို၍ နက်ရှိုင်းစွာ ဝင်ရောက်လာခဲ့သည်။ လုံချန်းသည် လရောင်အောက်တွင် လမ်းလျှောက်လာရင်း စဉ်းစားခန်း ဝင်နေမိ၏။

​ပတ်ဝန်းကျင်တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ်ငြိမ်သက်နေပေသည်။ သူ၏ ခြေလှမ်းများက မြက်ခင်းပြင်နှင့် သစ်ကိုင်းခြောက်များကို နင်းမိသဖြင့် ထွက်ပေါ်လာသော အသံမှတစ်ပါး အခြားအသံ မရှိချေ။

​ညဉ့်ဦးယံ၏ တိတ်ဆိတ်မှုထဲတွင် လမ်းလျှောက်နေသော သူ၏ မျက်နှာမှာ အေးချမ်းတည်ငြိမ်နေပေ၏။

​"ဒီလို အေးချမ်းမှုမျိုးက တကယ်ကို လှပတာပဲ။ သဘာဝတရားထဲမှာ အခြေချပြီး ဒီအတိုင်းပဲ အေးအေးဆေးဆေး နေထိုင်သွားရရင် ဘယ်လောက် ကောင်းမလဲ" သူက တိုးညှင်းစွာ ရေရွတ်လိုက်မိသည်။

​"အနည်းဆုံးတော့ ငါ့မိသားစုတွေ ကမ္ဘာတုထဲမှာ ဒီလို အေးချမ်းမှုကို ခံစားနေရတာကို ငါ ဝမ်းသာပါတယ်။ အဲဒီမှာ တိုက်ခိုက်မှုတွေ၊ လောဘတွေနဲ့ စစ်ပွဲတွေ မရှိဘူး။ ဝိညာဉ် နတ်မိမယ်လေးတွေနဲ့ ငါ့မိသားစုတွေကလည်း အထီးကျန်မှုတွေကို ဖယ်ရှားပေးနေကြတယ်။ ငါသာ အဲဒီကို တစ်ခါတစ်ရံ သွားပြီး အချိန်ဖြုန်းနိုင်မယ်ဆိုရင် သိပ်ကောင်းမှာပဲ" သူက ဆက်လက် တွေးတောနေမိပေ၏။

​ယနေ့သည် မင်လန်နှင့်အတူ ရှိနေခဲ့သည့် သတ္တမမြောက်နေ့ ဖြစ်သဖြင့် အခြားတစ်ယောက်ကို အပြင်သို့ ခေါ်ထုတ်ရမည့် အချိန်လည်း ရောက်ရှိနေပြီ ဖြစ်သည်။

​'မနက်ဖြန်ကျရင်တော့ မင်ရင် ထွက်လာပြီး ငါနဲ့အတူ ရှိနေလိမ့်မယ်။ ဒါဟာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်လိမ့်မယ်။ ခရီးသွားရင်း အချိန်ကုန်ဆုံးရမှာဆိုတော့ အပျော်ခရီးတစ်ခုလို့တော့ သတ်မှတ်လို့ ရတာပေါ့။ ဒါပြီးရင်တော့ ရှုပ်ထွေးမှုတွေပဲ ကြုံရတော့မှာလေ' သူ၏ လက်စွပ်ကို ကြည့်ရင်း တွေးလိုက်မိသည်။

​သူသည် မိနစ်နှစ်ဆယ်ခန့် ညဉ့်လမ်းလျှောက်ခြင်းကို အရသာခံပြီးနောက် လမ်းကြောင်းကို ပြန်လှည့်လိုက်၏။

​သူ ပြန်လျှောက်လာစဉ်မှာပင် သူ ကြားချင်လှသော အသံတစ်သံကို ကြားလိုက်ရတော့သည်။

​"နင် အဆင်ပြေရဲ့လား။ ဘာတွေ ဖြစ်ခဲ့တာလဲ။ ငါတို့ အခု ဘယ်မှာလဲ"

​ရွှင်း၏ စိုးရိမ်တကြီး မေးမြန်းသံမှာ သူမ အိပ်ပျော်နေရာမှ နိုးလာသည့်အလား ပေါ်ထွက်လာခဲ့ခြင်း ဖြစ်ပေသည်။

​မကြာမီမှာပင် သူမသည် သူ၏ ရှေ့တွင် ကိုယ်ထင်ရှားပြလိုက်၏။

​"ဪ... နင် နောက်ဆုံးတော့ နိုးလာပြီပေါ့။ ဘယ်တွေ ရောက်နေတာလဲ။ ငါ နင့်ကို အကြိမ်ကြိမ် ခေါ်နေတာ။ ငါ တည်းခိုခန်းထဲကို ဝင်ပြီးကတည်းက နင် ပျောက်သွားတာလေ" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်သည်။

​"ဘာဖြစ်သွားသလဲဆိုတာ ငါကိုယ်တိုင်လည်း မသိဘူး။ ငါ ဘာမှ မမြင်ရသလို အပြင်ကိုလည်း ထွက်လို့ မရခဲ့ဘူး။ အဲဒါတွေ ထားလိုက်ပါတော့။ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ပြောပြပါဦး။ ငါ မှတ်မိတဲ့ နောက်ဆုံးအချက်က ရှုလျန်က နင့်ကို တိုက်ခိုက်ခဲ့တာပဲ" သူမက သိလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။ သူမကိုယ်တိုင်လည်း အမှန်တရားကို မသိရှိချေ။

​"အဲဒီနောက်မှာတော့ ငါ သူနဲ့ တိုက်ခိုက်ခဲ့ပြီး သူ သေသွားခဲ့တယ်။ အဲဒါကတော့ အကျဉ်းချုပ်ပေါ့။ အဲဒီနောက်မှာ ငါ အဲဒီတိုင်းပြည်ကနေ ထွက်လာခဲ့တာ။ နင် ဘာလို့ ဒီလောက် ကြာအောင် ပျောက်နေရတာလဲဆိုတာ ငါ သိချင်နေခဲ့တာ။ ငါ နင့်ကို ခဏခဏ လှမ်းခေါ်နေခဲ့တာလေ" သူက ဆို၏။

​"ဪ... တခြား ဘာမှ မဖြစ်ခဲ့ဘူးလား။ အချိန်တွေကို နှောင့်နှေးအောင် လုပ်ခဲ့တာက ရှုလျန်လား" သူမက မေးလိုက်သည်။

​လုံချန်းက ခေါင်းယမ်းလိုက်ရင်း ပြန်ဖြေ၏။ "သူနဲ့အတူ နောက်ထပ် လူတစ်ယောက် ပါသေးတယ်။ နောက်ထပ် ကလေးတစ်ယောက်ပေါ့။ သူက ဘယ်သူလဲဆိုတာ ငါ မသိပေမဲ့ သူကလည်း အတော်လေး အစွမ်းထက်ပုံရတယ်။ ဖြစ်ပျက်ခဲ့တဲ့ ကိစ္စအားလုံးရဲ့ နောက်ကွယ်မှာ သူ ရှိနေပုံပဲ။ ငါ သူ့ကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့အခါ သူက ပျောက်ကွယ်သွားတယ်"

​သူသည် ဝူလျာ၏ မျက်နှာကို မှတ်မိနေဆဲ ဖြစ်သည်။ ထိုကောင်လေးသည် ရှုလျန်အား သူ၏ အဖွားသေဆုံးမှုနှင့် ပတ်သက်သော အမှန်တရားကို သိရှိအောင် လုပ်ဆောင်ခဲ့သည့် နောက်ကွယ်က လူ ဖြစ်လိမ့်မည်ဟု သူ တထစ်ချ ယုံကြည်နေတော့ပေသည်။

အခန်း (၈၆၈) ရွှင်း ပြန်လာခြင်း

"နောက်ထပ် ကလေးတစ်ယောက် ဟုတ်လား" ရွှင်းက သူ မည်သူ့အကြောင်း ပြောနေမှန်း သိလိုစိတ်ဖြင့် မေးလိုက်၏။

​"အေး... ကလေးတစ်ယောက်ပဲ။ အဲဒီဖြစ်ရပ်မတိုင်ခင်က သူ့ကို ငါတစ်နေရာရာမှာ တွေ့ဖူးသလိုပဲ ခံစားရတယ်၊ ဒါပေမဲ့ ဘယ်မှာလဲဆိုတာ စဉ်းစားလို့ မရဘူး။ ဘာပဲဖြစ်ဖြစ် အဲဒီလူက ပျောက်ကွယ်သွားပြီ။ သူက အချိန်နိယာမကို နားလည်ထားတာ သေချာသလောက်ရှိသလို ပျောက်ကွယ်သွားတဲ့ ပုံစံအရ ဟင်းလင်းပြင်နိယာမကိုလည်း နားလည်ထားပုံရတယ်။ ဒါမှမဟုတ်လည်း ကိုယ်ယောင်ဖျောက်နိုင်တဲ့ ပညာရပ် တစ်မျိုးမျိုးလည်း ဖြစ်နိုင်တာပဲ။ ငါလည်း အတိအကျတော့ မပြောနိုင်ဘူး" လုံချန်းက ဝေခွဲမရစွာ ပြန်ဖြေလိုက်၏။

​ထိုကောင်လေးကို သူ ကိုယ်တိုင်လည်း ဖမ်းဆီးစစ်ဆေးနိုင်ခြင်း မရှိခဲ့သဖြင့် အမှန်တကယ် မည်သို့ ဖြစ်ခဲ့သည်အား သိရှိနိုင်ရန် လမ်းစမရှိချေ။ ထိုကလေး မည်သည့်နေရာ ရောက်သွားသည်ကိုပင် သူ မသိချေ။

​သူ၏ ရှေးဟောင်းလက်စွပ်ထဲ၌ အချိန်ဓား ရှိနေသေးသည်ကိုမူ သူ ဝမ်းသာမိပေသည်။ အခြားတစ်နေရာ၌ နိုးလာသောအခါ ထိုဓား ပျောက်ဆုံးသွားပြီဟု သူ ထင်မှတ်ခဲ့သော်လည်း ကံကောင်းထောက်မစွာဖြင့် ရှိနေဆဲ ဖြစ်၏။

​သူသည် ဓားကို လက်စွပ်ထဲသို့ သိမ်းဆည်းခဲ့ခြင်း မရှိသဖြင့် သူ၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ခဲ့သော တစ်စုံတစ်ယောက်ကသာ ဤသို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ရပေမည်။ ထိုသို့သာ မဟုတ်ပါက နတ်ဘုရားအဆင့်ရှိသော ဤလက်နက်ကြီးကို သူ ဆုံးရှုံးရပေတော့မည်။

​"အဲဒီနောက်မှာ ထူးထူးခြားခြား ဘာမှ ထပ်မဖြစ်တော့ဘူးလား" ရွှင်းက သံသယဖြင့် မေးလိုက်၏။

​"ဘာမှ မဖြစ်တော့ပါဘူး။ အချိန်ဓားက ရှုလျန်ရဲ့ စွမ်းအင်တွေ ရန်ကနေ ငါ့ကို ကာကွယ်ပေးခဲ့လို့သာ ငါ အသက်ရှင်ခဲ့တာလို့ ထင်တယ်။ အဲဒီနောက်မှာတော့ သူ့ကို သတ်ပြီး အဲဒီကနေ ထွက်လာခဲ့တာပဲ။ ငါ မှတ်မိသလောက်တော့ ထူးဆန်းတာ ဘာမှ မရှိပါဘူး" သူက ဆက်ပြောသည်။

​"ဪ..." လုံချန်း၏ ရှင်းပြချက်ကို ကြားရသောအခါ ရွှင်းသည် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားတော့သည်။

​'အပြင်မှာ ထူးထူးခြားခြား ဘာမှ မဖြစ်ခဲ့ဘူးဆိုရင် ငါက ဘာလို့ သွေးမျိုးဆက် ကျောင်းတော်ထဲမှာ ပိတ်မိနေခဲ့တာလဲ။ ငါနဲ့ သူနဲ့ကြားက ဆက်သွယ်မှုက ဘာလို့ ပြတ်တောက်သွားရတာလဲ။ တစ်ခုခုတော့ လွဲနေပြီ' သူမ တွေးတောနေမိ၏။

​'ဆက်ပြီး တွေးနေလိုက်ပါဦး ရွှင်းလေးရာ။ နင် မသိသေးတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ ဒါကလည်း အဲဒီအထဲက တစ်ခုပေါ့။ ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူးလေ' လုံချန်းက တွေးတောနေသော ရွှင်း၏ မျက်နှာကို ကြည့်ရင်း စိတ်ထဲမှ ရေရွတ်လိုက်မိသည်။

​"ဘာဖြစ်လို့လဲ။ နင့် ကြည့်ရတာ စိတ်ဖိစီးနေပုံပဲ။ အဆင်ပြေရဲ့လား" သူက စိုးရိမ်ဟန်ဆောင်ကာ မေးလိုက်၏။

​"အဆင်ပြေပါတယ်။ နင် ဘာမှ စိုးရိမ်မနေပါနဲ့" ရွှင်းက အကျိုးအကြောင်းကို ရှင်းမပြဘဲ ပြန်ဖြေလိုက်သည်။ "ဒါနဲ့... အခု ငါတို့ ဘယ်မှာလဲ"

​"ငါတို့ မင်ယုရဲ့ အင်ပါယာဆီကို သွားနေတာ။ သူ့ကို ကူညီဖို့ပေါ့" လုံချန်းက ရှင်းပြလိုက်၏။

​"ဪ... တိုက်ပွဲဖြစ်ပြီးကတည်းက ဘယ်နှစ်ရက် ရှိသွားပြီလဲ။ ပြီးတော့ ကံကြမ္မာနိယာမကိုရော နင် နားလည်သွားပြီလား" ရွှင်းက စပ်စုပြန်သည်။

​"ကံကြမ္မာနိယာမ ဟုတ်လား" လုံချန်းက ခါးသက်သက် ပြုံးရင်း ရေရွတ်လိုက်မိ၏။ ယခုအချိန်တွင် မလေ့လာနိုင်သေးသည်ကို သူကိုယ်တိုင်လည်း နှမြောမိ၏။ သူသည် ထိုအကြောင်းကို ခေါင်းထဲမှ ထုတ်ထားရန် ကြိုးစားနေသော်လည်း ရွှင်းက ပြန်လည် သတိပေးလိုက်ပြန်ပြီ မဟုတ်လော။

​"ရက်နည်းနည်းပဲ ရှိပါသေးတယ်။ ဒါကို ကျင့်ကြံဖို့ အချိန်က လုံးဝ မလုံလောက်သေးဘူး။ အရေးကြီးတဲ့ ကိစ္စတွေ ပြီးမှပဲ ငါ ဒါကို အေးအေးဆေးဆေး ကျင့်ကြံတော့မယ်" သူက ပြန်ဖြေလိုက်၏။

​"ရက်နည်းနည်းပဲ ရှိသေးတာလား။ ဒါဆိုရင် ဆက်သွယ်မှု ပြတ်တောက်သွားတာက တဒင်္ဂ ကန့်သတ်ချက် တစ်ခုခုကြောင့် ဖြစ်ရမယ်။ သိပ်မကြာဘူးဆိုတော့လည်း ရပါတယ်လေ" ရွှင်းက ခေါင်းညိတ်ရင်း ရေရွတ်လိုက်သည်။

​လုံချန်းသည် စဉ်းစားခန်းဝင်နေသော ရွှင်းကို ကြည့်ရင်း ရယ်မောလိုက်ကာ သူမ၏ နှာခေါင်းလေးအား ဆွဲညှစ်လိုက်၏။

​"ကဲ... အဲဒီအကြောင်းတွေ ဆက်မတွေးနဲ့တော့။ အေးအေးဆေးဆေး နေစမ်းပါ။ အခုမှ ငါတို့ အေးအေးချမ်းချမ်း ရှိတာ။ ဒီအေးချမ်းမှုက ဘယ်လောက်ကြာမယ်ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး။ ဒါကြောင့် အတိတ်က ကိစ္စတွေအတွက် စိတ်ပင်ပန်းမခံပါနဲ့တော့" သူက ဆိုလိုက်၏။

​"ဟေ့... ငါ့ကို ကလေးတစ်ယောက်လို လာမဆက်ဆံနဲ့ဦး" ရွှင်းက ကလေးသံလေးဖြင့် ကန့်ကွက်လိုက်သည်။

​"နင်ကသာ လူကြီးတစ်ယောက်လို ပြုမူတာကို ရပ်လိုက်စမ်းပါ" လုံချန်းက ပြုံးရင်း ပြန်ဖြေလိုက်၏။ သူသည် သူမ၏ ပါးလေးကို အသာအယာ ဆွဲညှစ်လိုက်ပြီးနောက် တဲဆီသို့ ပြန်လည် လျှောက်လှမ်းခဲ့တော့သည်။

​ရွှင်းသည် လုံချန်း၏ ယုံကြည်ချက်ရှိလှသော ကျောပြင်ကို ကြည့်နေမိ၏။ ထိုကျောပြင်မှာ တစ်နည်းအားဖြင့် အထီးကျန်ဆဲဖြစ်ကာ သူမ ကြာမြင့်စွာ မြင်တွေ့ခဲ့ရသော လူသားနှင့်ပင် မတူတော့သလို ခံစားရပေသည်။ ယခင်က လုံချန်းသည် အစွမ်းထက်လင့်ကစား သူမအပေါ် မှီခိုနေသည်ဟု သူမ အမြဲ ခံစားခဲ့ရသည်။ သို့သော် အချိန်နှင့်အမျှ ထိုခံစားချက်မှာ တဖြည်းဖြည်း မှေးမှိန်လာပြီး သူသည် သူမနှင့် ဝေးရာသို့ တစ်လှမ်းချင်း လှမ်းသွားနေသကဲ့သို့ ရှိပေသည်။

​ယခုမူ ထိုခံစားချက်မှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်၏။ သူမ သိခဲ့သော ကောင်လေး မဟုတ်တော့ဘဲ သူမနှင့် အဆင့်အတန်း တူညီသော ပုဂ္ဂိုလ်တစ်ဦးအဖြစ် သူမ ခံစားနေရခြင်းမှာ အလွန်ပင် ထူးဆန်းလှပေသည်။ အမှန်စင်စစ် သူမသည် သူ့ကို အဆုံးအထိ လမ်းပြပေးရမည့်သူ မဟုတ်လော။

​'မဟုတ်ဘူး... မဟုတ်ဘူး... ငါ ဘာတွေ တွေးနေတာလဲ။ ဒါက ငါ့ရဲ့ အထင်မှားမှုပဲ ဖြစ်မှာပါ။ သူဟာ ငါ့ရဲ့ လမ်းပြမှုအောက်မှာ ရှိနေတုန်းပါပဲ။ သူ အစွမ်းထက်လာတာကလည်း ငါ့ကြောင့်လေ။ ပြောင်းပြန် မဖြစ်နိုင်ပါဘူး။ ငါ ဘာမှ စိုးရိမ်နေစရာ မလိုပါဘူး' သူမက ခေါင်းယမ်းရင်း တွေးတောလိုက်မိ၏။

​ထို့နောက် သူမ ပျောက်ကွယ်သွားတော့သည်။

​လုံချန်း တဲများဆီသို့ ပြန်ရောက်လာခဲ့၏။

​"ကျိရှန် အပြင်မှာ မရှိတော့ဘူး။ သူ အိပ်ပျော်သွားပြီ ထင်တယ်" သူ ထွက်မသွားခင်က ကျောက်တုံးပေါ်တွင် ထိုင်နေသော ကျိရှန်ကို မတွေ့ရသဖြင့် လုံချန်းက တွေးလိုက်မိသည်။

​ထိုနေရာတွင် ရှား တစ်ယောက်တည်းသာ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေပေ၏။

​သူသည် တဲအတွင်းသို့ ဝင်လိုက်ရာ မင်လန်မှာ မျက်လုံးမှိတ်လျက် ထိုင်နေဆဲ ဖြစ်သည်ကို တွေ့လိုက်ရသည်။

​'သူ တစ်ခုခုကို နားလည်သဘောပေါက်သွားပုံရတယ်။ အခုက ဒီလအတွက် ငါတို့ရဲ့ နောက်ဆုံးညဆိုတော့ ယင်ယန်ကျင့်စဉ်ကို ကျင့်ကြံမလားလို့ စဉ်းစားထားပေမဲ့ သူ့ရဲ့ အာရုံစိုက်မှုကိုတော့ မဖျက်ဆီးသင့်ပါဘူးလေ' မင်လန်ကို ကြည့်ရင်း သူ တွေးလိုက်မိသည်။

​သူသည် အိပ်ရာပေါ်တွင် လဲလျောင်းလိုက်ပြီး မျက်လုံးမှိတ်ကာ မကြာမီမှာပင် အိပ်ပျော်သွားတော့လေသည်။

​နံနက်ခင်းတွင် ငှက်ကလေးများ၏ တေးဆိုသံကြောင့် လုံချန်း နိုးလာခဲ့၏။ သူ၏ ရင်ဘတ်ပေါ်တွင် လေးလံသော အရာတစ်ခု ရှိနေသလို သူ ခံစားလိုက်ရသည်။

​သူ မျက်လုံးဖွင့်ကြည့်လိုက်သောအခါ မင်လန်၏ ဦးခေါင်းမှာ သူ၏ ရင်ဘတ်ပေါ်တွင် ရှိနေသည်ကို တွေ့လိုက်ရ၏။ သူမသည် အေးချမ်းစွာ အိပ်ပျော်နေပေသည်။ သူမ၏ အိပ်ပျော်နေသော ပုံစံကို ကြည့်ရင်း သူမအား နှိုးရန် သူ စိတ်မကူးမိပေ။

​သူသည် ပြုံးလိုက်မိရင်း မျက်လုံးကို ပြန်မှိတ်လိုက်၏။ သူမကို စောစောစီးစီး မနိုးစေချင်သဖြင့် သူ မထသေးဘဲ အသာအယာ လဲလျောင်းနေမိသည်။

​"နင် ငါ့ကို မနှိုးတော့ဘူးလား" မင်လန်က တိုးညှင်းစွာ မေးလိုက်၏။

​"ဪ... နင် နိုးနေတာ ကြာပြီပေါ့" လုံချန်းက သူ၏ မျက်နှာတွင် အပြုံးတစ်ခုဖြင့် ပြန်ထူးလိုက်သည်။

​"လွန်ခဲ့တဲ့ တစ်နာရီလောက်ကတည်းက နိုးနေတာပါ။ ဒါပေမဲ့ မထချင်သေးလို့။ နင့်ရဲ့ ရင်ဘတ်ပေါ်မှာ လက်ကလေး တင်ထားရတာ တကယ်ကို စိတ်အေးချမ်းစေတယ်၊ ဘေးကင်းတယ်လို့လည်း ခံစားရတယ်" မင်လန်က ညင်သာစွာ ပြန်ဖြေ၏။

​လုံချန်းက သူမကို လက်ဖြင့် ဖက်ထားလိုက်သည်။

​"ငါလည်း နင့်ကို ပွေ့ဖက်ထားရတာ ဒီလိုပဲ ခံစားရပါတယ်" သူက ဆို၏။

​"ဒီနေ့ ငါ ပြန်သွားပြီဆိုရင် ခဏလောက် နေမှ ပြန်တွေ့ရတော့မှာနော်" မင်လန်က စိုးရိမ်တကြီး ရေရွတ်လိုက်သည်။

​"ငါလည်း နင့်ကို လွမ်းနေမှာပါ" လုံချန်းက သက်ပြင်းချရင်း ဆိုလိုက်၏။

​သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာကာ သူက ဆက်ပြောလိုက်သည်။ "ဘာပဲဖြစ်ဖြစ်... အခုတော့ အဲဒါတွေ မတွေးနဲ့ဦး။ ငါတို့မှာ အချိန်ကျန်သေးတာပဲ။ အဲဒီအချိန်လေးကို သေသေချာချာ အသုံးချကြရအောင်"

​သူသည် သူ၏ ညာဘက်လက်ကို မင်လန်၏ ရင်သားပေါ်သို့ တင်လိုက်ကာ ညင်သာစွာ ဆုပ်နယ်လိုက်၏။

​မင်လန်၏ နှုတ်ခမ်းဖျားမှ ညည်းတွားသံသဲ့သဲ့လေး ထွက်ပေါ်လာသည်။ "အမ်း... အခုက မနက်ခင်းကြီးလေ။ နင့်ရဲ့ သူငယ်ချင်းလည်း နိုးနေလောက်ပြီ။ သူ ကြားသွားလိမ့်မယ်"

​"ကြားတော့ရော ဘာဖြစ်လဲ။ နင်က ငါ့မိန်းမပဲဆိုတာ သူ သိပြီးသားပဲ။ လင်မယားနှစ်ယောက် အတူတူ အချိန်ကုန်ဆုံးတာ ဘာမှ မှားတာမှ မဟုတ်တာ၊ ဟုတ်တယ်မလား" လုံချန်းက မေးရင်း သူ၏ အခြားလက်တစ်ဖက်ကို သူမ၏ တင်ပါးဆီသို့ ရွှေ့လိုက်သည်။

​"အင်း..." မင်လန်က တိုးညှင်းစွာ ညည်းတွားရင်း သူမ၏ ဦးခေါင်းကို မော့လိုက်၏။ သူမသည် ကိုယ်ကို အပေါ်သို့ အနည်းငယ် တိုးလိုက်ပြီး သူတို့နှစ်ဦး၏ နှုတ်ခမ်းချင်း နီးကပ်သွားကာ နမ်းရှိုက်လိုက်ကြတော့လေသည်။

All Chapters