← Chapters

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁-၂၅၂)

Vol. 26 Ch. 251-252

အခန်း (၂၅၁) - သူတော်စင်သားတော် ဝမ်ထျန်းရန်

ဝူလီ၏ စွမ်းရည်များဖြင့် သူ၏ရှေ့ရှိ ရွှေရောင်မိုးကြိုးသစ်ပင် သောင်းချီကို တစ်နှစ်အတွင်း အနှစ်တစ်သန်း သက်တမ်းအထိ ကြီးထွားလာအောင် လုပ်ဆောင်ရန်မှာ မခက်ခဲပေ။

အကယ်၍ သူသာ အချိန်နှင့်ဟင်းလင်းပြင် နတ်ဘုရားခန္ဓာကိုယ် ကို အသက်သွင်းနိုင်ပြီး သူတော်စင်ပုလင်း၏ အကူအညီ ရရှိပါက ၊ မည်သည့်ပြသနာမှ မရှိနိုင်ချေ။

သို့သော် ထိုသို့လုပ်ဆောင်ရန်အတွက် နန်ကုန်းဝမ် မရှိရန် လိုအပ်ပေသည်။ သူတော်စင်ပုလင်း သည် ဝူလီ၏ အကြီးမားဆုံး လျှို့ဝှက်ချက် ဖြစ်သဖြင့် ဝူလီသည် သူတော်စင်ပုလင်း ၏ တည်ရှိမှုကို ဘယ်သောအခါမျှ ထုတ်ဖော်ပြသမည် မဟုတ်ချေ။

သို့သော် အကယ်၍ သူသာ အဆင့်ခုနစ် ရွှေရောင်မိုးကြိုး ပျံသန်းဓား သောင်းချီကို ရရှိနိုင်ပါက ၊ အင်မော်တယ် အရှင်မြတ်ကိုပင် သူတစ်ယောက်တည်းဖြင့် အနိုင်ယူနိုင်ပေလိမ့်မည်။ ဤသည်ကို တွေးမိချိန်တွင် ဝူလီသည် နန်ကုန်းဝမ်ကို ကြည့်ကာ အလွန်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်၏။

"တာအိုမိတ်ဆွေ နန်ကုန်း... အခုဖြစ်လာမယ့် ကိစ္စတွေကို ဖုံးကွယ်ထားဖို့ ကောင်းကင်တာအို သစ္စာဆိုခြင်း တစ်ခုကို မင်း လုပ်ဖို့ လိုတယ်... မဟုတ်ရင် ငါတို့ လမ်းခွဲကြတာပေါ့..."

ဤသည်ကို ကြားလိုက်ရချိန်တွင် နန်ကုန်းဝမ်၏ အသက်ရှူနှုန်းမှာ မြန်ဆန်လာခဲ့သည်။ ဝူလီသည် သူမနှင့် ပိုမိုနီးကပ်လာရန် ကြိုးစားနေကြောင်း သူမ မည်သို့ မသိဘဲ နေမည်နည်း။

ဤသည်ကို တွေးမိချိန်တွင် နန်ကုန်းဝမ်သည် ချက်ချင်း သဘောတူရန် ပြင်လိုက်သော်လည်း ထိုအချိန်တွင် ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်တစ်ခုက သူတို့နှစ်ဦး၏ ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

"ဟေး... စိတ်ဝင်စားစရာပဲ... ဒီမှာ ရွှေရောင်မိုးကြိုးသစ်ပင် တွေ ဒီလောက် အများကြီး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... သူတို့က သက်တမ်းငယ်သေးပေမယ့် သူတို့ဆီက ရလာမယ့် ရွှေရောင်မိုးကြိုးသစ်သား တွေက အနည်းဆုံး အဆင့် ၅ တော့ ရှိမှာဆိုတော့ ငါတို့ လက်ဗလာနဲ့ ပြန်ရမှာတော့ မဟုတ်ဘူး..."

ထိုပုံရိပ်ပေါ်လာသည့် အခိုက်အတန့်တွင် နန်ကုန်းဝမ်နှင့် ဝူလီတို့၏ အမူအရာများမှာ ချက်ချင်း ကြည့်ရဆိုးသွားသည်။ တစ်ဖက်လူ၏ ချီ အငွေ့အသက်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းကြောင်း သူတို့ သဘာဝကျကျပင် ခံစားသိရှိနိုင်ပြီး ၊ ထိုသူသည် ယခုလေးတင် အင်မော်တယ်ဘုရင် အဆင့်သို့ ချိုးဖောက်ဝင်ရောက်သွားသော ပုဂ္ဂိုလ်ဖြစ်နိုင်သည်။

ပြိုင်ဘက်ကို မြင်တွေ့ရချိန်တွင် နန်ကုန်းဝမ်သည် နောက်ဆုတ်လိုစိတ်များ ဖြစ်ပေါ်လာခဲ့သည်။ မည်သို့ပင်ဆိုစေကာမူ သူမ၏ လက်ရှိ ခွန်အားအားလုံးကို အသုံးပြုလျှင်ပင် သူမသည် အင်မော်တယ်ဘုရင် ကို ယှဉ်နိုင်မည် မဟုတ်ချေ။

သူမ၏ဘေးရှိ ဝူလီကို မြင်ပြီးနောက်မှသာ နန်ကုန်းဝမ်သည် ဆက်နေရန် ဆုံးဖြတ်လိုက်ပြီး ဝူလီ နောက်ထပ် ဘာလုပ်မည်ကို စောင့်ကြည့်ရန် ဆုံးဖြတ်လိုက်၏။

အကယ်၍ ဝူလီသာ လှုပ်ရှားပါက သူမလည်း ပါဝင်ကူညီရန် ဝန်လေးမည် မဟုတ်ချေ။

ထိုအချိန်တွင် ဝူလီ၏ နှလုံးသားမှာ တုန်လှုပ်သွားသည်။

“သောက်ကျိုးနည်း... အင်မော်တယ်ဘုရင် အဆင့် ရှိတဲ့ စွမ်းအားကြီးမားတဲ့သူ တစ်ယောက်ကို ဆွဲဆောင်မိလိမ့်မယ်လို့ မထင်ထားခဲ့ဘူး... ငါ့ရဲ့ လက်ရှိ အခြေအနေအရဆိုရင် ကျန်းထျဲကို လွှတ်လိုက်မှသာ ဒီ ရွှေရောင်မိုးကြိုးသစ်ပင် တောအုပ်ကို သူ့ဆီကနေ လုယူနိုင်လိမ့်မယ်..”

“အဆင့်ခုနစ် ရွှေရောင်မိုးကြိုး ပျံသန်းဓား သောင်းချီဆိုရင် စွန့်စားရကျိုးနပ်ပါတယ်... လုပ်ကြတာပေါ့…”

မကြာမီ ဝူလီ ဆုံးဖြတ်ချက် ချလိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ အစွမ်းကုန် ကြိုးစားမည်ဖြစ်သည်။

သူ၏ လက်ရှိ အခြေအနေနှင့် ရရှိနိုင်သော အရင်းအမြစ်များအရ အင်မော်တယ်ဘုရင် ကို အနိုင်ရရန် အခွင့်အရေး လုံးဝမရှိသည်တော့ မဟုတ်ချေ။

ဤသည်ကို တွေးမိချိန်တွင် ဝူလီသည် ရှေ့သို့ တိုးသွားကာ နန်ကုန်းဝမ်ကို သူ၏ အနောက်တွင် ကာကွယ်ပေးလိုက်၏။

" တာအိုမိတ်ဆွေ... ငါတို့က ဒီနေရာကို အရင်တွေ့တာ... အခု မင်းက အတင်းအဓမ္မ လုယူဖို့ ရောက်လာတာလား..."

တစ်ဖက်လူက အကျိုးအကြောင်းသင့်စွာဖြင့် ထွက်သွားရန် ဆန္ဒရှိပါက ကျန်းထျဲကို ထုတ်လာမည်မဟုတ်။

သို့သော် တစ်ဖက်လူက ခေါင်းမာပြီး သူတို့ လိုချင်သောအရာကို အတင်းအဓမ္မ ယူရန် ကြိုးစားနေပါက တစ်ဖက်လူတွင် စွမ်းအားကြီးမားသော နောက်ခံ ရှိနေလျှင်ပင် သူတို့ကို ဖျက်ဆီးပစ်ရန် ဝန်လေးနေမည် မဟုတ်ချေ။

ဝူလီ၏ စကားကို ကြားပြီးနောက် တစ်ဖက်လူသည် အခိုက်အတန့်မျှ ရပ်တန့်သွားပြီးနောက် ကျယ်လောင်စွာ ရယ်မောလိုက်လေ၏။

"ဟားဟားဟား... ကလေး... မင်း ဘာတွေပြောနေတာလဲ... ရတနာ တွေဆိုတာ အမြဲတမ်း စွမ်းဆောင်နိုင်တဲ့သူတွေအတွက်ပဲ ဖယ်ချန်ထားတာလေ... မင်းက ငါ့ပြိုင်ဘက်လို့များ ထင်နေတာလား... ငါက ဝမ်လဲ့ဂိုဏ်း ရဲ့ သူတော်စင်သားတော် ဝမ်ထျန်းရန် ပဲ..."

ဤသည်ကို ကြားချိန်တွင် ဝူလီ၏ အမူအရာမှာ ကြည့်ရဆိုးသွားသည်။ သို့သော် ၎င်းမှာ သူတော်စင်သားတော် ဝမ်ထျန်းရန်၏ နောက်ခံကြောင့် မဟုတ်ချေ။

မည်သို့ပင်ဆိုစေကာမူ သူ၏ ဘိုးဘေး သည် သာမန်လူ မဟုတ်ကြောင်း သူ သိရှိထားပြီး ဝမ်လဲ့ဂိုဏ်း သည်် ထင်ရှားကျော်ကြားသော်လည်း ၎င်းတွင် အင်မော်တယ် မဟာဧကရာဇ် ၏ ဘွဲ့အမည်သာ ရှိပေသည်။

သို့သော် သူ၏ ဘိုးဘေးသည် သာမန် အင်မော်တယ် မဟာဧကရာဇ်ထက် များစွာ ပိုမို စွမ်းအားကြီးမားသဖြင့် သူ တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိချေ။

ဘေးတွင် ရပ်နေသော နန်ကုန်းဝမ်သည်လည်း ဤသည်ကို ကြားပြီးနောက် အလွန် ကြည့်ရဆိုးသွားသည်။ ဝမ်လဲ့ဂိုဏ်း သည် ကြောက်မက်ဖွယ်ကောင်းကြောင်း သူမကိုယ်တိုင်လည်း သိရှိထားသည်။

အင်မော်တယ် မဟာဧကရာဇ် အဆင့်ရှိ စွမ်းအားကြီးမားသူ သုံးဦးက ၎င်းကို စောင့်ကြပ်နေပြီး ၎င်းသည် အစွမ်းအထက်ဆုံး ဝမ်လဲ့ဂိုဏ်း ဖြစ်ပေသည်။ ဂိုဏ်းချုပ်သည် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် ကျင့်ကြံခြင်းအဆင့် ရှိပေသည်။

မြောက်ပိုင်းဒေသ တွင်ပင်လျှင် ဝမ်လဲ့ဂိုဏ်း သည် ထိပ်တန်း အင်အားစုတစ်ခုအဖြစ် သတ်မှတ်ခံရပြီး သာမန် အင်အားစုများအဖို့ ရန်မစဝံ့ပေ။

သူမကဲ့သို့ အမှီအခိုကင်း ကျင့်ကြံသူ တစ်ဦးဆိုလျှင် ပြောစရာပင် မလိုတော့ချေ။

သို့သော် ဝူလီကို မြင်ပြီးနောက် နန်ကုန်းဝမ်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး စွန့်စားရန် ဆုံးဖြတ်လိုက်၏။

မည်သို့ပင်ဆိုစေ ဝူလီသည် သူမ တွေ့ဖူးသမျှ လူများထဲတွင် အရောင်ငါးမျိုးရှိသော ကံကြမ္မာကို ပိုင်ဆိုင်သည့် တစ်ဦးတည်းသော လူဖြစ်သည်။ အကယ်၍ သူမ အနိုင်ရပါက ၊ သူမလည်း အကျိုးအမြတ်များစွာ ရရှိပြီး အတူတကွ တဟုန်ထိုး တိုးတက်သွားပေလိမ့်မည်။

နန်ကုန်းဝမ်မှာ တိတ်ဆိတ်နေခဲ့သည်။ ဝူလီ၏ နောက်ဆုံး ဆုံးဖြတ်ချက်ကိုသာ သူမ စောင့်ဆိုင်းနေခဲ့သည်။

သို့သော် ဝူလီ စကားမပြောနိုင်မီ ဘေးတွင် ရပ်နေသော သူတော်စင်သားတော် ဝမ်ထျန်းရန်သည် ဆက်လက် မစောင့်ဆိုင်းနိုင်တော့ချေ။ ဝူလီ သည် ထွက်မသွားသည်ကို မြင်ပြီးနောက် သူသည် အေးစက်စွာ နှာမှုတ်လိုက်၏။

"မင်းက ဒီလောက်တောင် ခေါင်းမာနေမှတော့ ငါ သူတော်စင်သားတော် က မင်းကို လမ်းပြပေးဖို့ ဝန်လေးနေမှာ မဟုတ်ဘူး..."

သူတော်စင်သားတော် ဝမ်ထျန်းရန်သည် ထိုသို့ပြောဆိုပြီးသည်နှင့် ၊ သူသည် လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ နောက်တစ်စက္ကန့်တွင် ဝူလီထံသို့ မိုးကြိုးတစ်ချက် လျှပ်စီးလက်သကဲ့သို့ အလျင်အမြန် ပစ်ချလိုက်လေ၏။

၎င်း၏ အရှိန်မှာ အလွန်မြန်ဆန်လှသဖြင့် ဝူလီနှင့် နန်ကုန်းဝမ်တို့ပင် တုံ့ပြန်ရန် အချိန်မရလိုက်ချေ။ နန်ကုန်းဝမ် တုံ့ပြန်နိုင်သည့် အချိန်တွင် မိုးကြိုးသည် ဝူလီ၏ ရှေ့ မှောက်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

"မကောင်းတော့ဘူး..."

ဝူလီသည် မှင်တက်စွာဖြင့် ရပ်နေဆဲဖြစ်သည်ကို မြင်လိုက်ရသဖြင့် နန်ကုန်းဝမ်သည် အံ့ဖွယ်တစ်ခု ဖြစ်လာရန် မျှော်လင့်လျက် သူမ၏ စိတ်ထဲ၌ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

ထို့နောက် ဝူလီ၏ ရှေ့၌ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး ဝမ်ထျန်းရန်၏ မိုးကြိုးကို လက်ဆန့်ထုတ်ကာ ကာကွယ်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

"ဘာ..."

ရုတ်တရက် ထွက်ပေါ်လာသော ကျန်းထျဲထံမှ ပြင်းထန်သော ဖိအားကို ခံစားလိုက်ရသဖြင့် သူတော်စင်သားတော် ဝမ်ထျန်းရန်၏ အမူအရာမှာ ပြောင်းလဲသွားခဲ့သည်။

တစ်ဖက်လူတွင် သက်စောင့် ချီ မရှိကြောင်း သိလိုက်ရပြီးနောက်မှသာ ဝမ်ထျန်းရန်သည် ပြန်လည်တုံ့ပြန်လာပြီး ကြည့်ရဆိုးသော အမူအရာဖြင့် ပြောဆိုလိုက်၏။

"မင်းဆီမှာ ရုပ်သေးရုပ် ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး... မင်းကို ငါ အထင်သေးမိသွားတယ်..."

"မင်း ငါ့ကို အထင်သေးတယ်လို့တော့ မပြောသင့်ဘူး... ဒါပေမဲ့ မင်းရဲ့ နောက်ဘဝကျရင်တော့ ပိုသတိထားသင့်တယ်..."

ဝူလီ သည် ထိုသို့ပြောပြီးနောက် သူ၏ အတွေးတစ်ချက်ဖြင့် ကျန်းထျဲအား ဝမ်ထျန်းရန်ကို တိုက်ခိုက်ရန် အမိန့်ပေးလိုက်၏။

မည်သို့ပင်ဆိုစေကာမူ ၊ ကျိန်ဆိုထားသော ရန်သူတစ်ဦးကို ချန်ထားခဲ့မည့် အကျင့်မျိုး သူ့တွင် ဘယ်သောအခါမျှ မရှိခဲ့ချေ။

ထို့အပြင် သူတော်စင်သားတော် ဝမ်ထျန်းရန်ကဲ့သို့သော ကျင့်ကြံသူများအပေါ် သူ၏ နားလည်မှုအရ တစ်ဖက်လူသည် သူနှင့် ပြန်လည်သင့်မြတ်ရန် ဆန္ဒရှိမည် မဟုတ်ချေ။

ယင်းအစား မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ မှ ထွက်ခွာပြီးနောက် သူ့ကို သတ်ဖြတ်ရန် ဝမ်လဲ့ဂိုဏ်း ၏ အင်အားကို အသုံးပြုမည့်သူမျိုးနှင့် ပိုတူပေသည်။

"ဘာ... မင်းက ဆက်ပြီး တိုက်ခိုက်ရဲသေးတာလား... မင်းက ငါ့ကို မကြောက်ဘူးလား..."

ဝူလီသည် ရုပ်သေးရုပ် ကို သူ့အား တိုက်ခိုက်ရန် ညွှန်ကြားလိုက်သည်ကို မြင်ချိန်တွင် ဝမ်ထျန်းရန်သည်၏ အမူအရာမှာ ရုပ်ဆိုးသွားပြီး ဒေါသတကြီး ကြိမ်းမောင်းလိုက်၏။

ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူလီ က လှောင်ပြုံးပြလိုက်သည်။

"ဘာလဲ... မင်းကို ထွက်သွားခိုင်းရင် မင်းက ငါ့ကို လွှတ်ပေးမှာတဲ့လား..."

ဝူလီ၏ စကားကို ကြားချိန်တွင် ဝမ်ထျန်းရန်မှာ တိတ်ဆိတ်သွားခဲ့သည်။ အမှန်တကယ်ပင် သူ၏ စရိုက်အရ ၊ အကယ်၍ သူသာ မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ မှ ထွက်သွားပါက သူ၏ ပထမဆုံး လုပ်ရပ်မှာ ဝူလီကို ဖယ်ရှားရန်နှင့် လက်စားချေရန် ဝမ်လဲ့ဂိုဏ်း ၏ အင်အားကို အသုံးပြုပေလိမ့်မည်။

သို့သော် ယခုအချိန်သည် ထိုအကြောင်းကို တွေးတောနေရမည့် အချိန်မဟုတ်ကြောင်း ရှင်းလင်းနေသည်။ ယခု အရေးကြီးဆုံးအရာမှာ ဤနေရာမှ ထွက်သွားရန် ဖြစ်သည်။ ဝူလီနှင့် နန်ကုန်းဝမ်တို့နှင့် ပတ်သက်၍မူ ၊ လောလောဆယ် သူတို့ကို မှတ်ထားပြီး နောက်မှ လက်စားချေမည် ဖြစ်သည်။

ဤသည်ကို တွေးမိချိန်တွင် ဝမ်ထျန်းရန်သည် အရင်ဆုံး ထွက်ပြေးရန် အခွင့်အရေး ရှာရန် ဆုံးဖြတ်လိုက်သော်လည်း ၊ ကျန်းထျဲ၏ ဇွဲကောင်းကောင်းဖြင့် လိုက်လံတိုက်ခိုက်မှုကြောင့် သူတော်စင်သားတော် ဝမ်ထျန်းရန်ပင်လျှင် သူ့ကို လောလောဆယ်တွင် ဖယ်ရှား၍ မရနိုင်ခဲ့ချေ။

မည်သို့ပင်ဆိုစေကာမူ ကျန်းထျဲသည် ဂိုဏ်းချုပ် ဝမ်မှ သေချာ ဂရုတစိုက် ဖန်တီးထားသော ရုပ်သေးရုပ် တစ်ခုဖြစ်ရာ သာမန် နည်းလမ်းများဖြင့် ကျန်းထျဲကို မထိခိုက်နိုင်ပေ။

ဝူလီဘက်တွက်မူ ၊ ကျန်းထျဲသည် သူတော်စင်သားတော် ဝမ်ထျန်းရန်နှင့် တိုက်ခိုက်နေစဉ် သူသည် သူ၏ ပတ်လည်တွင် ဝင်္ကပါ တစ်ခုကို စတင် တည်ဆောက်လိုက်သည်။

ကျန်းထျဲသည် သူတော်စင်သားတော် ဝမ်ထျန်းရန်နှင့် အနှစ်သုံးရာကြာ တိုက်ခိုက်လျှင်ပင် အနိုင်ယူနိုင်မည် မဟုတ်သဖြင့် ဝူလီသည် ကိစ္စများကို မြန်မြန်ဆန်ဆန် လုပိဆောင်ဖို့ လိုအပ်ပေသည်။

အခန်း (၂၅၂) - ငါ့မှာ ကိုယ်ပိုင်ရွေးချယ်မှု ရှိတယ်

ဝူလီသည် သူ့ကို သေသည်အထိ တိုက်ခိုက်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း မြင်တွေ့ရချိန်တွင် သူတော်စင်သားတော် ဝမ်ထျန်းရန် မှာ ထိတ်လန့်သွားမိသည်။

ကျန်းထျဲ၏ အဆက်မပြတ် လိုက်လံတိုက်ခိုက်မှုကြောင့် သူသည် လုံးဝမှ မလွတ်မြောက်နိုင်ခဲ့ချေ။ ဝင်္ကပါ နှင့် ပတ်သက်၍ ၊ ဝူလီ၏ ကျွမ်းကျင်မှုသည် မည်သို့ပင် ရှိစေကာမူ ထိုအရာကို ဖြစ်မြောက်အောင် ခွင့်မပြုသင့်ကြောင်း ဝမ်ထျန်းရန် သိလိုက်သည်။

သို့မဟုတ်ပါက သူသည် သေဆုံးရမည် သို့မဟုတ် ပြင်းထန်စွာ ဒဏ်ရာရပေလိမ့်မည်။

သူ၏ နောက်လိုက်များကို သူ ဆက်သွယ်ထားပြီး ဖြစ်သော်လည်း သူတို့၏ လျိုထျန်းရွှေအင်မော်တယ် အဆင့်ဖြင့် ၊ ဤနေရာသို့ ရောက်ရန် အချိန်အနည်းငယ် ယူရပေလိမ့်မည်။ သူတို့ ရောက်လာသည့် အချိန်တွင် ကိစ္စများမှာ ကယ်တင်၍မရနိုင်သော အခြေအနေသို့ ရောက်နေလောက်ပြီ ဖြစ်သည်။

မကြာမီ ဝမ်ထျန်းရန်သည် မလှမ်းမကမ်းတွင် ရပ်နေသော နန်ကုန်းဝမ်ကို မြင်တွေ့လိုက်ရပြီး သူ၏ မျက်လုံးများမှာ အရောင်လက်သွားကာ အော်ဟစ်လိုက်၏။

"ဟိုက တာအိုမိတ်ဆွေ... မင်းက ဝမ်လဲ့ဂိုဏ်း ရဲ့ ရန်သူ မဖြစ်ချင်လို့ ဘာမှမလုပ်ဘဲ ရပ်နေတာ ဖြစ်ရမယ်... ဒီသစ္စာဖောက် ကို မင်း သတ်ပေးမယ်ဆိုရင် အင်မော်တယ် ဧကရာဇ် ဒါမှမဟုတ် အကြီးအကဲ တစ်ယောက်ယောက်ကို ဂါရဝပြုဖို့ ဝမ်လဲ့ဂိုဏ်း ကို မင်းကို ငါ ခေါ်သွားပေးမယ်လို့ ငါ သူတော်စင်သားတော် က ကတိပေးတယ်… ဘယ်လိုလဲ..."

နန်ကုန်းဝမ်သည် မူလက ဘေးတွင် ရပ်ကြည့်နေခဲ့သည်မှာ သူမတွင် လုပ်စရာ အလုပ် မရှိသောကြောင့်သာ ဖြစ်သည်။

သို့သော် ဝမ်ထျန်းရန်သည် သူမကို ဝူလီအား တိုက်ခိုက်စေလိုကြောင်း ကြာလိုက်ရချိန်တွင် သူမ မှင်သက်သွားခဲ့သည်။

သူတော်စင်သားတော် ဝမ်ထျန်းရန် ပေးသော ကမ်းလှမ်းချက်များသည် အလွန် ရက်ရောပြီး ဆွဲဆောင်မှု ရှိကြောင်း သူမ ဝန်ခံသော်လည်း ၊ ၎င်းတို့ကို ခံစားရန်အတွက် အသက်ရှင်ရန် လိုအပ်ပေသည်။

ထို့အပြင် သူတော်စင်သားတော် ဝမ်ထျန်းရန်၏ ကံကြမ္မာ သည် မူလက ခရမ်းရောင် ဖြစ်သော်လည်း ဝူလီနှင့် တိုက်ခိုက်ပြီးနောက် နှစ်နာရီခွဲ မပြည့်မီ အချိန်အတွင်း ၎င်းသည် ခရမ်းရောင်မှ လိမ္မော်ရောင်သို့ ကျဆင်းသွားခဲ့သည်။

ဤအခြေအနေအောက်တွင် သူမသာ ဝူလီကို တိုက်ခိုက်မယ်ဆိုပါက ၊ ကိုယ့် သေတွင်းကို တူးနေခြင်းသာ ဖြစ်ပေလိမ့်မည်။

ဝူလီဘက်တွင်မူ ၊ သူတော်စင်သားတော် ဝမ်ထျန်းရန်၏ စကားကို ကြားပြီးနောက် သူသည် လျှို့ဝှက်ဖဲချပ်များကို ပြင်ဆင်ထားလိုက်သည်။ အကယ်၍ နန်ကုန်းဝမ်သာ ပုံမှန်မဟုတ်သော အပြုအမူ တစ်ခုခုကို ပြသပါက ဤနေရာတွင် နန်ကုန်းဝမ်ကို သတ်ဖြတ်ရန် သူ ဝန်လေးမည် မဟုတ်ချေ။

သူ၏ လက်ရှိ စွမ်းရည်များဖြင့် နောက်ထပ် ရွှေအင်မော်တယ် ကနဦးအဆင့် တစ်ဦးကို သတ်ဖြတ်ရန်မှာ သူ့အတွက် မခက်ခဲပေ။

နောက်တစ်စက္ကန့်တွင် နန်ကုန်းဝမ် က စပြောလာခဲ့သည်။

"သူတော်စင်သားတော် ဝမ်ထျန်းရန်... ရှင် စဉ်းစားကြည့်... ကျွနိမက တာအိုမိတ်ဆွေ ဝူ ကို တိုက်ခိုက်ဖို့ ရူးမိုက်တဲ့ ရွေးချယ်မှုမျိုး လုပ်ပါ့မလား... တာအိုမိတ်ဆွေ ဝူ က ကျွန်မရဲ့ အသင်းဖော်လေ... ကိုယ့်အသင်းဖော်ကိုတောင် ပြန်တိုက်ခိုက်နိုင်တယ်ဆိုရင် သတင်းတွေ ပျံ့သွားတဲ့အခါ ကျွန်မရဲ့ နာမည်ဂုဏ်သတင်း ဘယ်လိုဖြစ်သွားမလဲ..."

ထိုသို့ပြောပြီးနောက် နန်ကုန်းဝမ်သည် သူတော်စင်သားတော် ဝမ်ထျန်းရန်ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်ရာ ၊ သူတော်စင်သားတော် ဝမ်ထျန်းရန်ကို ဒေါသထွက်စေခဲ့သည်။

သို့သော် သူသည် ပေါက်ကွဲထွက်လုမတတ် ဒေါသထွက်နေလျှင်ပင် နန်ကုန်းဝမ်နှင့် ဝူလီတို့ကို ဘာမှမလုပ်နိုင်ခဲ့ချေ။သို့သော် နန်ကုန်းဝမ်၏ စကားကို ကြားပြီးသည့်တိုင် ဝူလီ၏ သတိထားမှုမှာ လျော့ကျမသွားခဲ့ချေ။

နန်ကုန်းဝမ်က တစ်မျိုးပြောပြီး တစ်မျိုး လုပ်နေတာလား ဆိုတာ ဘယ်သူ သိနိုင်မှာလဲ…

သို့သော် နန်ကုန်းဝမ် က ဝင်မပါခဲ့သဖြင့် ဝူလီသည် ဝင်္ကပါ တည်ဆောက်ခြင်းကို အလျင်အမြန် ပြီးစီးသွားခဲ့သည်။

နောက်တစ်စက္ကန့်တွင် ဧရာမ အလင်းတိုင် ၃၆၀ သည် မြေပြင်မှ ထွက်ပေါ်လာပြီး ဝင်္ကပါ ၏ အငွေ့အသက် လည်း ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

၎င်းထံမှ ထွက်ပေါ်လာသော ကြောက်ခမန်းလိလိ အငွေ့အသက် ကို မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ အတွင်းရှိ အင်မော်တယ် များပင် သတိပြုမိသွားကြပြီး လေးနက်သွားကြသည်။

"တကယ်ကို ကြောက်စရာကောင်းတဲ့ စွမ်းအင်ပဲ... ဒီ စွမ်းအင် အဆင့်က အနည်းဆုံး အင်မော်တယ်ဘုရင် အဆင့်မှာ ရှိလောက်တယ်..."

"ဟမ်... ငါတို့ ဝင်မပါတာ ပိုကောင်းမယ် ထင်တယ်... အင်မော်တယ်ဘုရင် က ငါတို့လို လျိုထျန်းရွှေအင်မော်တယ် ကို အလွယ်တကူ အမှုန့်ကြိတ်ပစ်နိုင်တယ်..."

"အဲဒါ မှန်တယ်... ဒါဆိုရင်လည်း ဘာမှမဖြစ်ခဲ့သလိုပဲ ဟန်ဆောင်နေလိုက်ကြတာပေါ့..."

ဤအင်မော်တယ် ထံမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အငွေ့အသက် ကို ခံစားမိပြီးနောက် အများစုသည် မသွားရန် ရွေးချယ်ခဲ့ကြသည်။ မည်သို့ပင်ဆိုစေကာမူ ၊ ဤဆူညံသံသည် စွမ်းအားကြီးမားသော အင်မော်တယ်ဘုရင် တစ်ဦးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သူတို့ အနည်းနှင့်အများ ခန့်မှန်းနိုင်သည်။

လျိုထျန်းရွှေအင်မော်တယ် များဖြစ်ကြသော သူတို့သာ ဤ‌တိုက်ပွဲတွင် ပါဝင်မိပါက ၊ ကိုယ့်သေတွင်း ကိုယ်တူးသကဲ့သို့ ဖြစ်ပေလိမ့်မည်။

သို့သော် ဝမ်လဲ့ဂိုဏ်း ၏ လျိုထျန်းရွှေအင်မော်တယ်များသည် ထိုအရာကို အာရုံခံမိပြီးနောက် သူတို့၏ အမူအရာများသည် တည်ကြည်လေးနက်သွားကာ သူတို့၏ ခြေလှမ်းများကို အရှိန်မြှင့်လိုက်ကြ၏ ။

အကယ်၍ သူတော်စင်သားတော် သာ ဤနေရာတွင် ဘေးဒုက္ခနှင့် ကြုံတွေ့ရပါက ၊ သူတို့ အားလုံး ဝမ်လဲ့ဂိုဏ်း သို့ ပြန်လည်ရောက်ရှိသွားချိန်တွင် အလားတူ ကံကြမ္မာနှင့် ရင်ဆိုင်ရဖွယ် ရှိပေသည်။

အခြားတစ်ဖက်တွင်မူ ဝမ်ထျန်းရန်၏ အမူအရာသည် ဤဝင်္ကပါ ၏ စွမ်းအားကို ခံစားမိပြီးနောက် အလွန်အမင်း ထိတ်လန့်သွားခဲ့သည်။

"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... ဒါက အဆင့်ခြောက် အင်မော်တယ်ဝင်္ကပါ ပဲ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ... သာမန် ရွှေအင်မော်တယ် တစ်ယောက်က ဘယ်လိုလုပ် အဆင့်ခြောက် အင်မော်တယ်ဝင်္ကပါ ဆရာ ဖြစ်နေရတာလဲ..."

ဝင်္ကပါ များကို အဆင့်တစ်မှ ကိုးအထိ ခွဲခြားထားပြီး ၊ အဆင့်ရှစ်နှင့် ကိုးတို့ကို အင်မော်တယ် ဧကရာဇ် ဝင်္ကပါ များဟု ခေါ်ဆိုသည်။ ဝင်္ကပါ ဆရာများဟူသည် အမည်နှင့်လိုက်ဖက်စွာ သူတို့၏ ဝင်္ကပါ များသည် အင်မော်တယ် မဟာဧကရာဇ် ကိုပင် အကျိုးသက်ရောက်နိုင်လောက်အောင် ထိရောက်မှု ရှိပေသည်။

သေးငယ်သော အင်မော်တယ်ဘုရင် တစ်ပါးသာဖြစ်သော သာမန် အင်မော်တယ်ဘုရင်သာ ဆိုလျှင် ပြောစရာပင် မလိုတော့ချေ။ အဆင့်ခြောက် အင်မော်တယ်ဝင်္ကပါ သည် သူ့ကို အမှုန့်ကြိတ်ရန် လုံလောက်သည်ထက် ပိုပေသည်။

ဤသည်ကို တွေးမိချိန်တွင် သူတော်စင်သားတော် ဝမ်ထျန်းရန်သည် ပို၍ပင် အရူးအမူး ရုန်းကန်လာခဲ့သည်။ ကြက်သွေးရောင် မိုးကြိုးများသည် ဝမ်ထျန်းရန်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး ၊ အရပ်မျက်နှာ အားလုံးသို့ ပေါက်ကွဲထွက်သွားလေ၏။ သာမန် လျိုထျန်းရွှေအင်မော်တယ် များသာ ၎င်းနှင့် ထိတွေ့မိပါက သေဆုံးသွားပေလိမ့်မည်။

ဝူလီ၏ အမူအရာသည်လည်း အလွန် လေးနက်သွားပြီး အော်ဟစ်လိုက်၏။

"သတိထား..."

ဝူလီမှ သတိမပေးရင်တောင် ၊ နန်ကုန်းဝမ်သည် ၎င်းကို သတိထားမိပြီး သူမ၏ နည်းလမ်းအားလုံးကို အသုံးပြုခဲ့သော်လည်း မိုးကြိုးများကို သီသီလေးသာ ပိတ်ဆို့ထားနိုင်ခဲ့သည်။

အခြားတစ်ဖက်တွင်မူ ၊ ဝူလီသည် လက်ဆန့်ထုတ်လိုက်ရာ မျက်စိတမှိတ်အတွင်းမှာပင် ဝင်္ကပါ အတွင်းရှိ အလင်းတိုင် ၃၆၀ မှ အလွန် စူးရှတောက်ပသော အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ဝူလီထံသို့ အားလုံး ပြေးဝင်လာကာ အလင်းဒိုင်း အဖြစ် ဖွဲ့စည်းသွားသည်။ မိုးကြိုး ထောင်ပေါင်းများစွာ အားလုံးသည် အလင်းဒိုင်း ၏ ရှေ့တွင် ပိတ်ဆို့ခံလိုက်ရသည်။

"တိုက်ခိုက်..."

ဝူလီ၏ ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ အလင်းတိုင် ၃၆၀ မှ အလင်းတန်း အမြောက်အမြား ထွက်ပေါ်လာပြီး ဝူလီကို ဖုံးလွှမ်းသွားကာ အချိန်တိုအတွင်း သူ၏ အရှိန်အဝါသည် အလွန် ကြောက်စရာကောင်းလာခဲ့သည်။

အင်မော်တယ်ဘုရင် ကနဦးအဆင့် တွင်ရှိသော ဝမ်ထျန်းရန်ပင်လျှင် သည်းမခံနိုင်သော ဖိအားတစ်ခုကို ခံစားလိုက်ရသည်။

မလှမ်းမကမ်းတွင် ဝမ်ထျန်းရန်၏ မိုးကြိုးများ ပျောက်ကွယ်သွားသည်နှင့် နန်ကုန်းဝမ်သည် နောက်ဆုံး၌ အသက်ရှူချောင်သွားခဲ့သည်။

ဝင်္ကပါ ကို ထပ်မံကြည့်ရှုလိုက်ရာ သူမသည် တစ်စုံတစ်ခုကို အလျင်အမြန် သဘောပေါက်သွားပြီး အသက်ပြင်းပြင်း ရှုရှိုက်လိုက်သည်။

"ဟမ်... ဒါက... အလင်းရင်းမြစ်တစ်သောင်း ဝင်္ကပါ ပဲ..."

နန်ကုန်းဝမ်သည် ဤဝင်္ကပါ ကို ကောင်းကောင်း မှတ်မိသည်။ ၎င်းမှာ ဝမ်လဲ့ဂိုဏ်း နှင့် သက်ဆိုင်သောကြောင့် ဖြစ်သည်။ သူတော်စင်သားတော် ဖြစ်သော ဝမ်ထျန်းရန်သည်လည်း သဘာဝကျကျပင် မှတ်မိသွားပြီး သူ၏ အမူအရာမှာ ကြည့်ရဆိုးနေသည်။

သို့သော် ဝူလီသည် ဝမ်ထျန်းရန်ကို ကြည့်ကာ ပြောဆိုလိုက်၏။

"မင်း သွားရမယ့် အချိန်တန်ပြီ..."

"ဟားဟားဟား... ဘယ်သူသေပြီး ဘယ်သူရှင်မလဲ ဆိုတာ မသေချာသေးဘူး..."

ဝမ်ထျန်းရန် ဟိန်းဟောက်လိုက်ပြီး နောက်တစ်စက္ကန့်တွင် ကျန်းထျဲကို လှံတစ်ချက်တည်းဖြင့် နောက်သို့ ဆုတ်သွားစေကာ ဝူလီထံသို့ ပြေးဝင်သွားလေ၏။

ဤသည်ကို မြင်ချိန်တွင် ဝူလီသည် သက်ပြင်းချလိုက်သည်။ ဝမ်ထျန်းရန် သည် သူ၏ရှေ့သို့ ပြေးဝင်လာချိန်တွင် ရုတ်တရက်ပင် သူ့ကိုယ်သူ ဖောက်ခွဲရန် ပြင်ဆင်လိုက်သည်။

အင်မော်တယ်ဘုရင်၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲခြင်းကို လျှော့တွက်၍မရချေ။ယင်းက မိုးကြိုးပြာ လျှို့ဝှက်နယ်မြေ ၏ ကြီးမားသော အစိတ်အပိုင်း တစ်ခုကို ထိခိုက်စေနိုင်ချေ ရှိသည်။

ဝမ်ထျန်းရန်၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်း ကို မျက်မြင်တွေ့ရှိရချိန်တွင် ဝူလီသည် စဉ်းစားရန်ပင် အချိန်မရှိတော့ဘဲ ၎င်းကို ဖိနှိပ်ရန် သူ၏ စွမ်းအားအားလုံးကို အသုံးပြုလိုက်ရသည်။

အလင်းရင်းမြစ်တစ်သောင်း ဝင်္ကပါ ၏ ကောင်းချီးဖြင့် ဝူလီသည် အင်မော်တယ် ဧကရာဇ် ၏ စွမ်းအားကို ယာယီ ပိုင်ဆိုင်နိုင်ခဲ့သည်။

ထို့ကြောင့် သာမန်ဖြစ်သော ဝမ်ထျန်းရန်၏ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးခြင်းကို ဖိနှိပ်ရန်မှာ အလွန် လွယ်ကူသည်။ သို့သော် ဖိနှိပ်မှု ပြီးဆုံးသွားပြီးနောက် ဝူလီ သည် မျက်မှောင် ကြုတ်သွားခဲ့သည်။ သူသည် တစ်ခုခု မှားယွင်းနေကြောင်းကို ခံစားလိုက်ရပြီး အဝေးသို့ လှမ်းကြည့်လိုက်၏။

အဝေးတွင် စုတ်ပြတ်သတ်နေသော အခြေအနေဖြင့် ထွက်ပြေးနေသည့် ပုံရိပ်တစ်ခုကို မြင်တွေ့လိုက်ရသည်။ ၎င်းမှာ အခြားမဟုတ်ဘဲ သူတော်စင်သားတော် ဝမ်ထျန်းရန် ပင်ဖြစ်သည်။

All Chapters