← Chapters

လူမိသွားတာလား

Vol. 10 Ch. 144

လူမိသွားတာလား

Vol. 10 Ch. 144

ချန်ရှောင်ယန်သည် အဆိုတော်ဝိုင်၏ ဝေ့ပေါ်အကောင့်ကို နေ့တိုင်း စာတိုများစွာ ပို့လေ့ရှိသည်။ အမြဲ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ် ပို့လေသည်။

ထိုစာတိုများထဲတွင် “good morning” နှင့် “good night” တို့က မကြာခဏ ပို့တတ်သော စာများဖြစ်ပြီး “ကျွန်မကို တစ်ခါလောက်ပဲ အာရုံစိုက်ပါဦး” နှင့် “တစ်ခုခု ပြောပါဦး” ဟူသော စကားများကိုလည်း ပို့တတ်သည်။

ရဲ့လင်းချန်က တစ်ခုမှကို ပြန်မပို့ချေ။ အကြောင်းရင်းမှာ သူ ချန်ရှောင်ယန်ကို ဘယ်လို ရင်ဆိုင်ရမလဲ မသိသောကြောင့်ပင်။

အစက သူတို့နှစ်ယောက်သည် သူစိမ်းများသာ ဖြစ်သည်။ သို့သော် မထင်မှတ်ထားသော အဖြစ်အပျက် အချို့ကြောင့် ပတ်သက်မှုက အနည်းငယ် ရှုပ်ထွေးလာရသည်။

ချန်ရှောင်ယန်က သူ့နောက်သို့ လိုက်ချင်သည့် အရိပ်အယောင်ကို ပြတ်ပြတ်သားသား ပြနေသည်။ ဤသို့ အသက်ရှူ မှားလောက်သည့် မိန်းမလှလေးက သူမကိုယ်သူမ ပေးဆပ်ရန် ဆုံးဖြတ်ထားသည်ကို ရဲ့လင်းချန် ဝမ်းသာမိပါသော်လည်း ဘယ်လိုမျိုး အကောင်းဆုံး ရင်ဆိုင်ရမလဲမသိ ဖြစ်နေလေသည်။

လက်ခံလိုက်မိပါက သူ့တွင် လျှို့ဝှက်ချက်များစွာ ရှိနေသဖြင့် အလွန် အဆင်မပြေ ဖြစ်မှာပင်။ သူမကို သူ လက်မခံဘဲ ထားလိုက်လျင်လည်း သူမက သူ့ကို အထူးဝနန်ဆောင်မှု ပေးခဲ့သော အချက်ကို မေ့ထား၍ မဖြစ်ပေ။ သူမနှင့် သူ friends with benefit ပုံစံမျိုးလည်း မဖြစ်ချင်ပါ။ ယင်းက အလွန် တာဝန်မယူတတ်ရာ ကျသွားပေမည်။

ချန်ရှောင်ယန်က နေ့တိုင်း စာပို့ပြီး ပျက်ကွယ်ခြင်း မရှိချေ။ တစ်နေ့တည်းတွင်လည်း ပို့ချိန် ရပ်လိုက်သည့် အချိန်ဟူ၍ မရှိပေ။

ရဲ့လင်းချန်က သူမကို စိုးရိမ်ရအောင် လုပ်သလို ဖြစ်နေ၏။ ထိုစဉ် သူမက သူ့ထံ စာပို့လာသည်။

[ဝိုင် ကျွန်မက ရှင် ကျွန်မကို အဖော်ပြုပြီး စကားပြောပေးတာကိုပဲ လိုချင်တာပဲ၊ ကျေးဇူးပြုပြီး ကျွန်မကို ဥပေက္ခာ မပြုပါနဲ့လား]

[ဟွန့် … ရှင် ကျွန်မကို ထပ်ပြီး မသိချင်ယောင်ဆောင်လို့ကတော့ ရှင် ကျွန်မနဲ့ အိပ်ပြီးတာနဲ့ ပျောက်သွားတယ်လို့ ဝေ့ပေါ်မှာ တင်ပစ်လိုက်မှာ]

နောက်ဆုံးစာက ပြင်းထန်လွန်းသဖြင့် ရဲ့လင်းချန် လျစ်လျူရှုထားရန် မဖြစ်နိုင်ပေ။

အချိန်အတော်ကြာအောင် စဉ်းစားပြီးမှ သူ အနေရခက်စွာ စာပြန်လိုက်သည်။

[ဟေး]

[နောက်ဆုံးတော့ နင် စာပြန်ပြီပဲ]

စာမှတစ်ဆင့် သူမ၏ စိတ်လှုပ်ရှားနေမှုကို ရဲ့လင်းချန် မှန်းမိသည်။ မကြာခင်မှာပင် သူ့ထံသို့ စာကြောင်းရှည် များစွာ ရောက်လာသည်။

[ဝိုင် ကျေးဇူးအများကြီး တင်ပါတယ်နော်၊ ကျွန်မသာ ရှင်နဲ့ မဆုံခဲ့ရင် ကျွန်မဘဝ ပျက်စီးနေလောက်ပြီ၊ ရှင်က ကျွန်မကို ကယ်ခဲ့ရုံတင်မကဘူး ကျွန်မအိပ်မက်ကိုပါ ဖြည့်ဆည်းပေးခဲ့တယ်၊ ကျွန်မ ရှင့်ကို ဘယ်လို ကျေးဇူးတင် ရမလဲ မသိတော့ဘူး]

[တကယ်တော့ ကျွန်မ အဲ့ညက စိတ်ညစ်လို့ ရူးချင်သလို ဖြစ်နေခဲ့တာပါ၊ ကျွန်မက ပေါပေါပဲပဲ မိန်းမတစ်ယောက် မဟုတ်ပါဘူး၊ ကျွန်မက ရင့်ကျက်တဲ့သူပါ၊ ဒါပေမဲ့ ယောက်ျားတွေက ကျွန်မအပေါ် တပ်ပဲတပ်မက်ကြတယ်၊ အဲ့ဒါကြောင့် ကျွန်မ တစ်ခါမှ ချစ်သူ မရှိထားခဲ့ဘူး၊ ကျွန်မ လျှော်ဖွပ်တတ်တယ်၊ ကျွန်မ ထမင်းဟင်း ချက်ပြုတ် တတ်တယ်၊ ကျွန်မက မိန်းမကောင်းလေးပါ၊ ကျွန်မကို တစ်ခါလောက်ပဲ တွေ့ပေးပါလား၊ အဲ့လောက်ဆို အဆင်ပြေလား]

ချန်ရှောင်ယန်၏ ရိုးဖြောင့်မှုက ရဲ့လင်းချန်ကို တစ်ခဏမျှ ဆွံ့အသွားစေသည်။

[အင်း … ငါ မင်းကို ယုံပါတယ်]

ရဲ့လင်းချန် ပြန်ပြောလိုက်သည်။ ထို့နောက် သူ ဆက်၍ စာပို့လိုက်လေသည်။

[ငါ့နောက်ကြောင်းက နည်းနည်း ထူးခြားတယ်၊ အချိန်တစ်ခုလောက်အထိ ငါ့ကိုယ်ငါ လူလုံးထွက်မပြချင်ဘူး]

[ကျွန်မ နားလည်ပါတယ်]

ချန်ရှောင်ယန်က ထိုအချက်ကိုလည်း စဉ်းစားမိပုံရသည်။ လတ်တလောတွင် ဝိုင်ဟူသော နာမည်နှင့်လူများစွာ ထွက်ပေါ်နေပြီး ဆက်တိုက် ရေပန်းစားနေ၏။ ထိုဝိုင်များအားလုံး သူတို့ကိုယ်သူတို့ လူလုံးထွက်မပြရန် ရွေးချယ်ရသည့် ကိုယ်ပိုင် အကြောင်းပြချက်အချို့ ရှိကို ရှိပေလိမ့်မည်။

အတင်း ဖိအားပေးမည့်အစား သူမ ဆက်ပြောလိုက်သည်။

[ဒါဆို ရှင် မျက်နှာဖုံး တပ်ထားလေ၊ ကျွန်မကို တစ်ခါတလေမှ အဖော်လုပ်ပေးပါ၊ အဆင်ပြေလား]

*ငါ့ကို မျက်နှာဖုံး တပ်ပြီး သူနဲ့ ဒိတ်လုပ်စေချင်တာလား*

[အချိန်ရရင် ငါတို့ အဲ့အကြောင်း ထပ်ပြောတာပေါ့]

ရဲ့လင်းချန် ချက်ချင်း မငြင်းလိုက်ပေ။

ဖုန်းထဲမှ ဝိုင်၏ ပြန်စာများကိုကြည့်ပြီး ချန်ရှောင်ယန်သည် ကလေးသဖွယ် ပြုံးကာ စိတ်လှုပ်ရှားလွန်း၍ ခုတင်ပေါ်၌ ခုန်ပေါက်နေ၏။ သူမ မျက်နှာ နီရဲနေပြီး အချိန်အတော်ကြာပြီးမှ စိတ်တည်ငြိမ်သွားသည်။

ရဲ့လင်းချန်သာ အနည်းငယ်မျှသာ ပြန်ပြောသော်လည်း သူမနှလုံးသားထဲ၌ ပျားရည်အိုး မှောက်ကျသကဲ့သို့ ချိုမြိန် နေသည်။ သူမသည် ဖုန်းအား ရူးမိုက်စွာ ကြည့်နေပြီး မျက်နှာတစ်ပြင်လုံး နီရဲနေ၏။

*ချစ်မိသွားရင် ဒီလို ခံစားရတာလား*

ထို့နောက် သူမ ဆက်၍ စာရိုက်လိုက်သည်။

[ဝိုင် တရုတ်ပြည်ရဲ့ Top Voice အစီအစဉ်က သူတို့ရဲ့ အစီအစဉ်အသစ်မှာ ကျွန်မကို ဝင်ပြိုင်စေချင်နေတယ်၊ ရှင် ကျွန်မ ပြိုင်တာကို လာကြည့်လို့ရမလား၊ ရှင် ဒီအတိုင်း ပွဲကြည့်ပရိသတ်အဖြစ် လာလည်း ရပါတယ်၊ စင်ပေါ်က ကျွန်မကို ရှင် ကြည့်နေမယ်လို့ပဲ ကျွန်မ မျှော်လင့်တာပါ၊ အဲ့မှာ ရှင် ရှိနေရင် ကျွန်မ စိတ်အေးသလို ခံစားရမှာ]

ထိုစာကို ပို့ပြီးသည်နှင့် သူမ ဖုန်းကို တင်းနေအောင် ကိုင်၍ စိုးရိမ်နေသော မျက်နှာနှင့် ဝိုင် ပြန်ဖြေသည်ကို စောင့်နေလိုက်သည်။

[ရပါတယ်]

ရိုးရှင်းသော စကားလေးတစ်ခွန်းက သူမနှလုံးသားက တဒိတ်ဒိတ် ခုန်လာစေသည်။ သူမ အပျော်လွန်သွားပြီး သီချင်းပင် ညည်းလိုက်မိသည်။

ချန်ရှောင်ယန် ဘယ်လို ခံစားနေရသလဲ ရဲ့လင်းချန် မသိနိုင်ပါ။ ပြောရမည်ဆိုလျင် သူတွင် ငြင်းရမည့် အကြောင်းပြချက်မျိုး မရှိပါ။ သူ ရေးထားသည့် သီချင်းကို တိုက်ရိုက် နားထောင်ခြင်းက ခံစားချက် ကောင်းမည်မှာ အသေအချာပင်။

[ဒါ သဘောတူလိုက်တာနော်၊ Good night]

ချန်ရှောင်ယန်က ဝိုင် သူမကို စာဆက်ပြန်လိမ့်မည်ဟု မမျှော်လင့်ဘဲ ပြန်ပြောလိုက်သည်။

[အင်း good night]

…

နောက်တစ်နေ့တွင် ရဲ့လင်းချန် ပုံမှန်ထက် စောစောနိုးနေပြီး သူ၏ ဝံပုလွေပေါက် နှစ်ကောင်နှင့်အတူ ပန်းခြံသို့ ပြေးလေသည်။

သူ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းအား လေ့ကျင့်ရန် မစောင့်နိုင်တော့ပေ။

ဤအဆင်မြှင့်ခြင်းနှင့်အတူ သူ၏ ရှစ်ဆပြင်းထန် လက်သီးသိုင်း၏ မူလ သိုင်းကွက်အချို့လည်း ပြောင်းလဲ သွားသည်။ ခန္ဓာကိုယ် ကြံ့ခိုင်မှု လိုအပ်ချက်က ပိုမြင့်လာသည်။ အချို့သိုင်းကွက်များဆိုလျင် ခန္ဓာကိုယ်၏ ပျော့ပြောင်းမှုအပေါ် မူတည်နေသည်။ ထို့အပြင် ကျင့်ကြံခြင်းနည်းလမ်းကလည်း ပြောင်းလဲသွားသည်။ ရှေ့နောက် ဆက်စပ်နေသော လှုပ်ရှားမှုမျိုး မလိုအပ်တော့ဘဲ ကိုယ်နေဟန်ထားအပေါ်သာ အာရုံစိုက်လာသည်။ ကိုယ်နေဟန်ထားတစ်ခုပင် ကြွက်သားကြံ့ခိုင်ရန်အတွက် ဆယ်မိနစ် ထိန်းထားရန် လိုအပ်သည်။

သိုင်းပညာ နည်းလမ်းများတွင် ကြီးမားသော ခြားနားမှု ရှိပုံရသည်. အစက မသိသာသော်လည်း အဆင့်မြှင့်တင် လိုက်ပြီးနောက် ပိုသိသာလာ၏။

အသက်ရှူနည်းက အရဟာ လက်သီးစွမ်းအင်သိုင်းပညာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ ၎င်းက ချီ သို့မဟုတ် အတွင်းအားကို လက်သီးတွင်း၌ စုစည်းပေးနိုင်သည်။ တစ်ဖက်တွင်မူ ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းက လှုပ်ရှားမှုနှင့် ကြံ့ခိုင်မှုကို ဆင့်ကဲ ပြောင်းလဲစေသည်။

နှစ်ခုကို ခွဲခြားရမည်ဆိုလျင် အရဟာ လက်သီးစွမ်းအင်က ချီကျင့်ကြံမှုနှင့် တူညီပြီး ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းက အပြင်ရုပ်ခန္ဓာခွန်အား ကြံ့ခိုင်စေမှုနှင့် တူညီလေသည်။

တစ်နာရီတိတိ လေ့ကျင့်ပြီးနောက် ရဲ့လင်းချန်သည် ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းမှ လှုပ်ရှားမှု တစ်ခုစီတိုင်းကို အစမှအဆုံးတိုင် လေ့ကျင့်ပြီးသွားသည်။ အသက်ကို လှိုက်၍ ရှူနေရသော်လည်း တစ်ကိုယ်လုံးမှ ကြွက်သားများ ရောင်ကိုင်းလာသည်ကို သူ ခံစားမိသည်။

ရဲ့လင်းချန် အံ့ဩရမည့်အစား ပျော်မိသည်။ ယင်းက ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်း၌ သိသာသော ရလဒ်များ ရှိကြောင်း ပြသနေသည် မဟုတ်ပါလော။

သူ စိတ်အေးကာ သက်ပြင်းချလိုက်ပြီးနောက် မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူ ပြုံးကာ ခေါင်းခါလေသည်။

သူ့ဘေး၌ ရပ်နေသော ရှောင်ဟွေနှင့် ရှောင်ချင်သည်လည်း ကိုယ်ကို မတ်ထားကြသည်။ ဝံပုလွေလေးများ၏ မျက်နှာက ချစ်စရာကောင်းလောက်အောင် လေးနက်နေ၏။

သူတို့၏ နေပုံထိုင်ပုံက ရှစ်ဆပြင်းထန် သားရဲလေ့ကျင့်ခန်းမှု လှုပ်ရှားမှုတစ်ခုနှင့် တူနေသည်။ သူတို့ ပျင်းရိသဖြင့် ရဲ့လင်းချန်နှင့်အတူ လိုက်လေ့ကျင့်ခဲ့သည့်ပုံပင်။

“အီ…အီ…”

ရဲ့လင်းချန်က သူတို့အား ကြည့်နေသည်ကို မြင်ပြီး ဝံပုလွေပေါက်လေး နှစ်ကောင်က ချက်ချင်း အီသံပေးကာ သနားစဖွယ် မျက်လုံးများဖြင့် မော့ကြည့်လာသည်။

“ဒယ်ဒီ ကျွန်တော်တို့ကို ကယ်ပါဦး၊ ကျွန်တော်တို့ ထုံနေတယ်၊ လှုပ်မရဘူး”

*အကောင်ပေါက်လေးတွေ ဘာဖြစ်နေတာလဲ*

“မင်းတို့က အကြောတွေ ထုံနေပီလား၊ နောက်ဆို ပိုလေ့ကျင့်ဖို့ လိုနေပြီနဲ့တူတယ်”

ရဲ့လင်းချန် ပြုံး၍ သူတို့ကို ပွေ့ချီကာ ညင်ညင်သာသာ နှိပ်ပေးလိုက်သည်။

“ငါ ခွေးဘာသာစကားကို နားလည်နေလို့ မင်းတို့ ကျေးဇူးတင်သင့်တယ်၊ မဟုတ်လို့ကတော့ မင်းတို့ တစ်နေ့လုံး ဒီမှာ နေရလောက်တယ်”

“အီ…အီ…”

ဝံပုလွေပေါက်လေး နှစ်ကောင်က မျက်လုံးကိုစင်း၍ ရဲ့လင်းချန်၏ ရင်ခွင်တွင်း၌ မှီကာ အဆက်မပြတ် အီနေကြသည်။

ရင်းနှီးနေသော အိမ်နားမှ ဖြတ်သွားသောအခါ ဝံပုလွေပေါက်လေး နှစ်ကောင်က ကိုယ်မတ်လာပြီး နားရွက်များ ထောင်လာသည်။ သူတို့ အားပြန်ပြည့်လာပုံရကာ ရဲ့လင်းချန်၏ ရင်ခွင်တွင်း၌ တွန့်လိမ်နေသည်။

“ဒယ်ဒီ ဟိုမိန်းမနှစ်ယောက် ရန်ဖြစ်နေပြန်ပြီ၊ မြန်မြန်ကြည့်ပါဦး”

ရဲ့လင်းချန် နဖူးကြောများ တွ့န်သွးသည်။

*မင်းတို့နှစ်ကောင်က တကယ် ဉာဏ်များတာပဲ*

*ဟဲဟဲ စိတ်ဝင်တစား ကြည့်ရမယ့် ဟာမျိုး မရှိပါဘူး၊ ငါက အဲ့လိုလူမျိုးမှ မဟုတ်တာ*

ရဲ့လင်းချန် လမ်းကိုသာ အာရုံစိုက်နေပြီး ထိုအိမ်ရှေ့မှ ဖြတ်လေသည်။

သို့သော် သူ ခြေနှစ်လှမ်းမျှ လှမ်းပြီးနောက် ချက်ချင်း‌ နောက်ပြန်ဆုတ်လိုက်သည်။ ထို့နောက် ယခင်အတိုင်း ပြတင်းပေါက်ဘောင်ပေါ် ခုန်တက်လေသည်။

*လီမူရွှယ်နဲ့ ဟွမ်ရှောင်မန်က ခဏခဏ လုပ်နေသလိုပဲ၊ သူတို့ အချိန်ရတိုင်း တစ်ယောက်နဲ့ တစ်ယောက် ဒါပဲ လုပ်နေတာလား၊ သူတို့ ခန္ဓာကိုယ်က တောင့်ခံနိုင်သေးတာလား*

*ငါက သူတို့ခန္ဓာကိုယ်ကို စိုးရိမ်တာပါ၊ အဲ့ဒါလေးပါပဲ၊ ငါ့စိတ်က ဖြူစင်ပါတယ်*

သာယာစွာ ညည်းနေသံများကြားတွင် ရဲ့လင်းချန် ပြတင်းပေါက်မှ ဖြည်းဖြည်းချင်း ချောင်းကြည့်လိုက်သည်။ ထိုအခါ ထင်မထားသော ကိစ္စတစ်ခု ဖြစ်လာလေသည်။

ချစ်စိတ်ပြင်းထန်၍ ရီဝေနေသော မျက်လုံးတစ်စုံက သူ့အား ကြည့်နေသည်ကို တွေ့လိုက်ရသည်။ သူတို့ မျက်လုံးချင်း ဆုံသွားလေပြီ။

*သောက်ကျိုးနည်း ငါ လူမိသွားတာလား*

All Chapters