← Chapters

အခန်း (၅၃-၅၄)

Vol. 5 Ch. 53-54

အခန်း (၅၃-၅၄)

Vol. 5 Ch. 53-54

အပိုင်း (၅၃) ချီယန်တိုင်းပြည်၏ တတိယမင်းသမီး

ထိုနေ့ နံနက်စောစောမှာတော့ ပိုင်ရီသည် အိပ်ရာမှနိုးလာကာ မျက်နှာသစ်ပြီးနောက် မျက်နှာဖုံးကို တပ်ဆင်၍ ဖန်အိမ်တော်မှ တိုက်ရိုက် ထွက်လာခဲ့၏။

သူမ၏ မှတ်ဉာဏ်အတိုင်း မြို့၏ အရှေ့ဘက်ရှိ အထည်ဆိုင်တစ်ဆိုင်သို့ ကျွမ်းကျင်စွာ ရောက်ရှိသွားခဲ့သည်။

ပိုင်ရီသည် အထည်ဆိုင်အဝင်ဝတွင် ရပ်ကာ 'ချီယန်ရှန်း အထည်ဆိုင်' ဟု ရေးသားထားသော ဆိုင်းဘုတ်ကြီးကို ကြည့်လိုက်၏။ ထို့နောက် သူမ အထဲသို့ တိုက်ရိုက် ဝင်သွား၏။

"ပထမတန်းစား အဖြူရောင်အထည်စ ရှိလား။ အကျယ် တစ်ပေ၊ အရှည် ကိုးပေလောက်" သူမ မေးလိုက်သည်။

ဤစကားကို ကြားသောအခါ အရောင်းစာရေးသည် တစ်ခဏမျှ အံ့အားသင့်သွားပြီး မော့ကြည့်သည်။ မျက်နှာဖုံးတပ်ထားသော အမျိုးသမီးကို မြင်ချိန်မှာတော့ သူ၏ အမူအရာ ပြောင်းလဲသွားခဲ့၏။ "ရှိပါတယ်။ ဒါပေမဲ့ ဈေးတော့ မပေါဘူးနော်... စုစုပေါင်း ကြေးဒင်္ဂါး သုံးထောင့်သုံးရာ ကျပါမယ်။ လက်ခံနိုင်လား"

"အို... နည်းနည်းတော့ ဈေးကြီးတယ်။ ကြေးဒင်္ဂါး သုံးထောင်နဲ့ ခုနစ်ဆယ့်ငါးပြားလောက် ရမလား။"

အရာရှိ၏မျက်နှာ တစ်ခဏမျှ ပြောင်းလဲသွားပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။ ပြီးနောက် ပြုံးလျက် ပြောလိုက်သည်။ "ကျုပ်တို့ ဆိုင်ပိုင်ရှင်ကို မေးကြည့်ရမယ်။ အထည်က နောက်ဘက် သိုလှောင်ရုံမှာ ရှိတယ်။ ကျုပ်နဲ့ လိုက်ကြည့်ပါလား"

"ကောင်းပြီလေ"

သူတို့နှစ်ဦးသည် အထည်ဆိုင်၏ အနောက်ဘက်သို့ ရောက်လာကြ၏။ အရောင်းစာရေးက ပိုင်ရီကို အခန်းတစ်ခုအတွင်းသို့ ခေါ်သွားပြီးနောက် တံခါးကို ပိတ်ကာ ထွက်သွား၏။

မကြာမီမှာပဲ တန်ဖိုးကြီးအဝတ်အစားများကို ဝတ်ဆင်ထားပြီး ဖြူဖျော့ကာ မုတ်ဆိတ်မွေးမရှိသော အဘိုးအို တစ်ဦး ဝင်လာခဲ့၏။ တံခါးဝသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ပိုင်ရီ လက်နောက်ပစ်ကာ မတ်တတ်ရပ်နေကြောင်း မြင်လိုက်ရသည်။

"ဒီသခင်မလေးက ဘယ်သူများလဲ..." သူ မေးလိုက်၏။

ပိုင်ရီ ဖြည်းညှင်းစွာ နောက်လှည့်လာပြီး မျက်နှာဖုံးကို ချွတ်ကာ ပြုံးလျက် ပြောလိုက်သည်။ "ကျွန်မ နာမည်က ချီယန်။ မတွေ့ရတာတောင် ကြာပြီပဲ။"

ထိုစကားကို ကြားသောအခါ ချီယန်တယ်ရှန်း၏ မျက်လုံးများသည် အံ့အားသင့်သွားပြီး ချက်ချင်း ဒူးထောက်ချလိုက်၏။ "ဒီအစေခံအိုကြီးက တတိယမင်းသမီးကို အရိုအသေပေးပါတယ်။"

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က မင်းသမီး ပျောက်ဆုံးသွားတယ်လို့ ကြားရတုန်းက ဒီအစေခံအိုကြီး အရမ်းကို စိတ်ပူပြီး ဘာလုပ်ရမှန်းတောင် မသိဖြစ်ခဲ့တာပါ။ ကျန်းမြစ်ဝန်းကျင်မှာ အမှုထမ်းတွေကို လွှတ်ပြီး မင်းသမီးကို ရှာခိုင်းခဲ့ပေမဲ့ ရှာမတွေ့ခဲ့ပါဘူး။ မင်းသမီး မြို့တော်ကို ရောက်လာလိမ့်မယ်လို့ မမျှော်လင့်ခဲ့မိဘူး။"

ဤသည်ကိုကြားသောအခါ ပိုင်ရီက သက်ပြင်းချလိုက်၏။ "ရှင် အလုပ်ကြိုးစားခဲ့ပါတယ်။ ထတော့။ ဒီမင်းသမီးက ကံကောင်းလို့ လမ်းမှာ တစ်ယောက်ယောက်ရဲ့ ကယ်တင်ခြင်းကို ခံလိုက်ရတယ်။ ဒါကြောင့် မြို့တော်ကို ရောက်လာတာပဲ။ အခု ကျန်းမြစ်က လက်အောက်ငယ်သားဟောင်းတွေ အခြေအနေ ဘယ်လိုရှိလဲ"

ချီယန်တယ်ရှန်း မတ်တတ်ရပ်လိုက်ပြီး ဝမ်းနည်းစွာဖြင့် ပြန်ဖြေ၏။ "အခြေအနေ သိပ်မကောင်းပါဘူး။ ကျန်းမြစ်မှာရှိတဲ့ ကျုပ်တို့ရဲ့ လျှို့ဝှက်တပ်ဖွဲ့က ရှင်းပြလို့မရတဲ့ ကောင်းကင်ဖြစ်စဉ်တစ်ခုကြောင့် ဖြစ်ပေါ်လာတဲ့ ကြီးမားတဲ့ ရေကြီးမှုကြီး ရပ်တန့်သွားခဲ့ပါတယ်။ ဒါကြောင့် ကောင်းကင်ဘုံရဲ့ အမိန့်တော်က ကျင်းတိုင်းပြည်နဲ့ အတူရှိနေတယ်လို့ လူသစ်အများစုက ယုံကြည်သွားကြပြီး အားလုံး ဂိုဏ်းကနေ ထွက်သွားကြပါတယ်။

အရင် အဖွဲ့ဝင်ဟောင်း အများစုကလည်း ရေဘေးမှာ သေဆုံးသွားကြသလို ကျင်းတိုင်းပြည် တပ်ဖွဲ့တွေကလည်း ကင်းလှည့်တာကို တင်းကျပ်ထားပါတယ်။ အခုတော့ တကယ်ကို ခက်ခဲနေပါပြီ။ ဒါကြောင့် ကျန်းမြစ်နဲ့ ဒီအစေခံအိုကြီးရဲ့ ဆက်သွယ်ရေးက အရမ်းကို ခက်ခဲလာပါတယ်..."

ပိုင်ရီသည် ခါးသက်သက် အပြုံးဖြင့် တုံ့ပြန်လိုက်ပြီး ဖန်ကျန်းရီ၏ ရွဲ့စောင်းနေသော မျက်နှာကို မြင်ယောင်လိုက်သည်။

"မင်းသမီး... ဒီတစ်ကြိမ် ဒီအစေခံအိုကြီးအတွက် ညွှန်ကြားချက်များ ရှိပါသလား။"

ပိုင်ရီသည် ဖိတ်စာကို ကမ်းပေးရင်း ပြောလိုက်၏။ "နောက်သုံးရက်နေရင် ချွီဇိုကန်မှာ ကဗျာရွတ်ပွဲ ရှိတယ်။ အဲဒီအခါကျရင် မင်းမျိုးမင်းနွယ်တွေ အများကြီး စုဝေးကြလိမ့်မယ်။ ဘဏ္ဍာရေးအမတ်ရဲ့သား ကျန်းချန်လည်း အဲဒီမှာ ရှိလိမ့်မယ်။ ဒီထဲမှာ သင်္ဘောဆီ လွှတ်ဖို့ ယုံကြည်ရတဲ့သူတွေ ရှိလား။ အဲကလူတွေ .. အထူးသဖြင့် ကျန်းချန်နဲ့ တွေ့ပါ။ သူတို့က နောင်ကျရင် အရမ်း အသုံးဝင်လာလိမ့်မယ်။"

ချီယန်တယ်ရှန်းက ခဏမျှ တွေးတောကာ ပြောလိုက်၏။ "ရှိပါတယ်။ နင်မင်းသားရဲ့ ဒုတိယသား နင်ဟုန်ယွမ် မြို့တော်မှာ ရှိပါတယ်။ သူက အခု နင်ဟုန်ယွမ်ဆိုတဲ့ နာမည်ဝှက်ကို သုံးပြီး မြို့အနှံ့ ခရီးသွားနေတယ်။ စာပေပညာရှင်တွေ၊ ထင်ရှားတဲ့ ပညာရှင်တွေနဲ့ မိတ်ဆွေဖွဲ့နေပါတယ်။

ဒါပေမဲ့... သူ ဒီအစေခံအိုကြီးဆီ မလာတာ အတော်ကြာပြီဆိုတော့ ဘာတွေလုပ်နေတယ် အတိအကျ မသိပါဘူး"

ချီယန်တယ်ရှန်းက ဆက်ပြောလိုက်သည်။ "မင်းသမီးက အခု တော်ဝင်မိသားစုရဲ့ တစ်ခုတည်းသော သွေးသားဆက်ခံသူပါ။ မင်းသမီး ပျောက်ဆုံးသွားချိန်တုန်းက ဂိုဏ်းထဲကလူတွေ ထိတ်လန့်နေခဲ့ကြတယ်။ ဒီအစေခံအိုကြီးလည်း အရမ်း ကြောက်နေခဲ့တယ်.. ဒါပေမဲ့ အခု မင်းသမီး ပြန်ရောက်လာပြီဆိုတော့ အားလုံး အဆင်ပြေသွားပါပြီ။ လူတွေ လွှတ်ပြီး သတင်းဖြန့်ခိုင်းလိုက်ပါ့မယ်"

"မလိုဘူး။ ကျွန်မသတင်းကို ရှင်သိဖို့ပဲ လိုတယ်။ ချီယန်တိုင်းပြည်ကြီးကို ပြန်လည်တည်ဆောက်ဖို့ သစ္စာမရှိတဲ့ လူတွေ မလိုဘူး။ ရေကြီးမှု တစ်ခုတည်းကတောင် ကျွန်မတို့ကို ဒီလိုဖြစ်စေတယ်။ အဲလူတွေကိုထားလိုက်။ နောက်မှ ကျွန်မတို့ အခွင့်အရေးကို သီးသန့် ဖန်တီးကြမယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရှင် ဘယ်လိုနေလဲ"

ချီယန်တယ်ရှန်းက စိတ်လှုပ်ရှားစွာ သက်ပြင်းချလိုက်၏။ "ဒီအစေခံအိုကြီးက ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အလုပ်ကို အရမ်းကောင်းကောင်း လုပ်ခဲ့ပါတယ်... မင်းသမီးသာ ဒီကို ရောက်မလာခဲ့ဘူးဆိုရင် ဒီအစေခံအိုကြီးရဲ့ ဘဝကို ဒီလိုပဲ အဆုံးသတ်လိုက်ဖို့ တွေးထားတာပါ။

ဒါပေမဲ့ ချီယန်တိုင်းပြည်ကြီး ထီးနန်းပြန်ရဖို့ မျှော်လင့်ချက်ရှိလာပြီဆိုတော့ မင်းသမီး... ဒီအစေခံအိုကြီးက အသက်ပေးပြီး မင်းသမီးကို ကာကွယ်ပေးမယ်ဆိုတာ စိတ်ချပါ။ အရင် ဧကရာဇ်ရဲ့ နောက်ဆုံးဆန္ဒကို ဒီအစေခံအိုကြီး ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။"

ပိုင်ရီက ပြောလိုက်၏။ "အဖေ့ကိုယ်စား ကျွန်မ ကျေးဇူးတင်ပါတယ်။ ရှင် ကောင်းကောင်း နေနေတယ်ဆိုတာ နောင်တမလွန်မှာ အဖေ သိရင် သေချာပေါက် အရမ်း ဝမ်းသာမှာပါ။"

ဤသည်ကို ကြားသောအခါ ချီယန်တယ်ရှန်း၏ မျက်လုံးများတွင် မျက်ရည်များ ချက်ချင်း ပြည့်လာခဲ့သည်။ "ဒီအစေခံအိုကြီးအတွက် အရမ်းကို ဂုဏ်ယူစရာပါပဲ။ ဒါပေမဲ့... အခု မင်းသမီး ဘယ်မှာနေလဲ။ အကယ်၍ အဆင်မပြေဘူးဆိုရင် ဒီအစေခံအိုကြီးဆီ ဘာလို့ မလာတာလဲ။ ဒီအစေခံအိုကြီးမှာ ပိုက်ဆံတချို့ ရှိပါသေးတယ်။"

ပိုင်ရီ ခေါင်းခါ လိုက်သည်။ "မလိုပါဘူး။ ဖန်ကျန်းရီဆိုတဲ့ လူတစ်ယောက်အကြောင်း ရှင် ကြားဖူးလား။ အခု ကျွန်မ ဖန်အိမ်တော်မှာ ရှိနေတယ်။ ပြီးတော့ ကျွန်မကို ကယ်ခဲ့တာလည်း သူပဲ"

ချီယန်တယ်ရှန်း တစ်ခဏမျှ တွန့်ဆုတ်သွား၏။ "ဖန်အိမ်တော်မှာ ရှောင်ထောင် ဆိုတဲ့ ကောင်မလေး တစ်ယောက် ရှိလား။"

"အင်း .. ရှိတယ်။ ရှင် သူ့ကို တွေ့ဖူးလို့လား" ပိုင်ရီက သိချင်စိတ်ဖြင့် မေးလိုက်သည်။

ချီယန်တယ်ရှန်း၏ မျက်နှာအိုကြီးက ချက်ချင်းပဲ နေလောင်ထားသော ဂန္ဓမာပန်းတစ်ပွင့်လို ရှုံ့သွားပြီး နာကျင်စွာဖြင့် ပြောလိုက်သည်။ "ဒီကောင်မလေးက အရမ်း အနှောင့်အယှက်ပေးတာပဲ။ လွန်ခဲ့တဲ့ နှစ်ရက်က သူ အထည်လာဝယ်တော့ ငွေစ နှစ်ရာတန်တဲ့ အထည်တွေကို ငွေစ တစ်ရာအထိ ဈေးစစ်သွားတယ်။

သူက ဒီအစေခံအိုကြီးရဲ့ တွက်ချက်မှုတွေကို ပြန်တွက်ချက်ပြခဲ့တာ။ သူ့ရဲ့ တွက်ချက်မှုတွေက အရမ်း ရှုပ်ထွေးလွန်းတယ်။ သူ ထွက်သွားပြီးနောက် ဒီအစေခံအိုကြီး ပိုက်ဆံ ပြန်တွက်ကြည့်တော့ ကြေးဒင်္ဂါး တစ်ချို့ တောင် ရှုံးသွားတယ်။ ဘယ်လောက်တောင် ကံဆိုးလိုက်လဲ။"

ပိုင်ရီ "….."

"သူ့ကို ဂရုမစိုက်နဲ့။ ဖန်ကျန်းရီက အရမ်း အရေးကြီးတယ်။ ဧကရာဇ်ကျင်းက ဖန်ကျန်းရီကို ဂရုစိုက်တယ်။ သူ့ဆီမှာ ကျွန်မ အရင်နေပြီး အခွင့်အရေး ရှိမရှိ စောင့်ကြည့်ချင်တယ်။"

ပိုင်ရီ စကားမဆုံးမီမှာပင် ချီယန်တယ်ရှန်း ချက်ချင်း ထိတ်လန့်သွားခဲ့၏။ "မင်းသမီး... မဖြစ်ဘူး။ ဧကရာဇ်ကျင်းကို မင်းသမီး ကိုယ်တိုင် ဘယ်လိုလုပ် သတ်နိုင်မှာလဲ။ အဲဒါ အရမ်း အန္တရာယ်များတယ်"

"မဟုတ်ပါဘူး။ ကျွန်မကိုယ်တိုင် ဘယ်လိုသတ်လို့ရမှာလဲ။ တကယ်လို့ ကြိုးပမ်းမှုတစ်ခု ကျရှုံးသွားရင် ဧကရာဇ်ကျင်း ပိုသတိထားသွားပြီး နောက်တစ်ကြိမ် လှုပ်ရှားဖို့ ခက်ခဲသွားလိမ့်မယ်။ အခွင့်အရေးကောင်း ရှိရင် ရှင့်ကို အသိပေးမယ်။

ပြောစရာတစ်ခု ရှိသေးတယ်။ မြို့တော်ရဲ့ မြောက်ဘက်မှာ တောက်ယွမ်ခရိုင် ဆိုတဲ့ ခရိုင်မြို့လေးတစ်ခု ရှိတယ်။ အရည်အချင်းရှိပြီး ယုံကြည်ရတဲ့ အဆက်အသွယ် တချို့ကို သတင်းအချက်အလက် စုဆောင်းဖို့ အဲဒီမြို့ကို လွှတ်လိုက်။ အဲဒီက အမှုထမ်းတွေကို သတိထားဖို့ သေချာမှာလိုက်။ ပထမဆုံးအနေနဲ့ ပို့လိုက်တဲ့လူတွေကို တောက်ယွမ်ခရိုင်မှာပဲ နေဖို့ ပြောလိုက်၊ အချိန်နဲ့ တပြေးညီ သတင်းပို့ဖို့ မလိုဘူး"

"ဒီအစေခံအိုကြီး နားလည်ပါပြီ..."

...

ဧကရာဇ်၏ အလုပ်ခန်း။

လျိုကျင်းသည် ဒူးထောက်လျက် ချန်ရှီရုံးတော်တွင် ဖြစ်ပျက်ခဲ့သမျှကို ဧကရာဇ်ကျင်းအား အသက်ဝင်စွာ ပြောပြနေခဲ့၏။

ဧကရာဇ်ကျင်း အံ့အားသင့်စွာဖြင့် မေးလိုက်သည်။ "ဒါဆို မင်း ပြောတာက ဖန်ကျန်းရီ ဒေါသထွက်ပြီး ဒီမနက် ယန်ကော်အန်းနဲ့ ဝေးဝေးနေခဲ့တယ်ပေါ့။"

လျိုကျင်းက ရိုးသားစွာ ပြန်ဖြေလိုက်၏။ "ဟုတ်ပါတယ်။ ပြီးတော့ အမတ်မင်းဖန်က အမတ်မင်းယန်ရဲ့ မေးခွန်းတွေကို ယုတ္တိဗေဒ အထောက်အထားတွေနဲ့ တစ်ခုချင်းစီ ဖြေကြားခဲ့ပါတယ်။ အမတ်မင်းယန်က အမတ်မင်းဖန် ကို ် 'အမှိုက်' လို့တောင် ဆဲဆိုခဲ့ပါတယ်။

အဲဒီနောက် ငြင်းခုံလို့ မနိုင်တော့ ဒေါသတကြီးနဲ့ ထွက်သွားပါတယ်။ နောင်ကျရင် အမတ်မင်းဖန်ကို ထပ်မတွေ့တော့ဘူး၊ အိမ်ရှေ့စံမင်းသားကို သီးခြား သင်ခန်းစာပေးမယ်လို့ ပြောသွားပါတယ်။ အကယ်၍ အမတ်မင်းဖန်သာ အဲဒီမှာ ရှိနေရင် သူ လာမှာ မဟုတ်ဘူးတဲ့။"

ဧကရာဇ်ကျင်းက ဆက်မေးလိုက်သည်။ "အဲဒီနောက် ဘာဖြစ်သွားလဲ။ ယန်ကော်အန်း ထွက်သွားပြီးနောက် ဖန်ကျန်းရီ ဘာတွေ ပြောသေးလဲ"

လျိုကျင်း တွန့်ဆုတ်စွာဖြင့် ဖြေလိုက်၏။ "ဟုတ်ကဲ့... အမတ်မင်းယန် ထွက်သွားပြီးနောက် အမတ်မင်းဖန်က အိမ်ရှေ့စံမင်းသားနဲ့ ခဏလောက် စကားပြောခဲ့ပါတယ်။"

"သူက မသေနိုင်တဲ့ ဓားသူရဲကောင်း တစ်ယောက်အကြောင်း ပုံပြင်ပြောပြခဲ့တယ်... သူ့နာမည်က သံဥ မြေအိုး ထင်ပါတယ်... ပြီးတော့ အဓိပ္ပာယ်ကို ဒီအစေခံ နားမလည်ပါဘူး။ အဲဒီအချိန်က အိမ်ရှေ့စံမင်းသားက ဒီအစေခံကို အမြဲတမ်း ကြည့်နေတော့ ဒီအစေခံလည်း သူ့အနားကို အရမ်း မကပ်ရဲပါဘူး။

အဲဒီနောက် အိမ်ရှေ့စံမင်းသားနဲ့ အမတ်မင်းဖန်တို့ ညစာစားဖို့ အပြင်ထွက်သွားကြတယ်။ အမတ်မင်းဖန်က အိမ်ရှေ့စံမင်းသားကို ချန်ရှီစားသောက်ဆိုင်က အစားအသောက်တွေက အရသာမရှိဘူး၊ သူ ကြော်ထားတဲ့ အမဲသားပဲ စားချင်တယ်လို့ ထပ်ခါတလဲလဲ ပြောနေတယ်... အတိုချုပ်ပြောရရင် အဲဒါပါပဲ။"

ဧကရာဇ်ကျင်း ပြုံးကာ လက်ဝှေ့ယမ်းလိုက်သည်။ "ကောင်းပြီ... မင်း သွားလို့ရပြီ။ မနက်ဖြန် ထပ်သတင်းပို့။"

"ဟုတ်ကဲ့ပါ အရှင်မင်းကြီး"

လျိုကျင်း ထွက်သွားပြီးနောက် ဧကရာဇ်ကျင်းသည် ကော်ထျန်းယန်ထံသို့ လှည့်ကာ မေးလိုက်၏။ "ကောင်းပြီ... ဖန်ကျန်းရီရဲ့ စွမ်းဆောင်ရည်ကို မင်း ဘယ်လိုထင်လဲ"

ကော်ထျန်းယန် ခေါင်းငုံ့ကာ ပြောလိုက်သည်။ "ဒီအစေခံအိုကြီးက ဒီကိစ္စတွေကို ဘယ်လို နားလည်နိုင်မှာလဲ။ ဒါပေမဲ့ အမတ်မင်းဖန်က ပြည်သူတွေရဲ့ နှလုံးသားကို ရယူနိုင်တဲ့ စစ်မှန်တဲ့ အရည်အချင်း ရှိတယ်။ ယန်ချန်ရှီလို အဘိုးကြီးတောင် သူ့ဆီမှာ ကစားခံလိုက်ရတယ်။"

ဧကရာဇ်ကျင်းက ဝမ်းသာအားရဖြင့် ပြောလိုက်၏။ "မဆိုးပါဘူး... ယန်ကော်အန်းက အရမ်းတော်ပေမဲ့ စိတ်ဓာတ် ခိုင်မာလွန်းပြီး ပျော့ပျောင်းမှု မရှိဘူး။ လူသစ် ဖန်ကျန်းရီက သူ့ကို လက်ဖဝါးထဲ ထည့်ပြီး ကစားသွားတယ်။ ဒါက ကိုယ်တော့်ရဲ့ စိတ်ကူးယဉ်နိုင်စွမ်းကိုတောင် ကျော်လွန်သွားပြီ။

အိမ်ရှေ့စံမင်းသားက သူတို့နှစ်ယောက်ဆီကနေ အများကြီး သင်ယူနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူတို့က တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်တွေကို ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်တယ်"

ကော်ထျန်းယန်က တဟားဟား ရယ်ကာ ပြောလိုက်၏။ "အမတ်မင်းဖန်ရဲ့ လှုပ်ရှားမှုက ပြည်သူတွေရဲ့ နှလုံးသားကို ရယူဖို့ ဖြစ်ပေမဲ့ ဒီအစေခံအိုကြီး တကယ်ပဲ ရင်ထဲကနေ နွေးထွေးမှုကို ခံစားလိုက်ရပါတယ်။ နန်းတော်ထဲမှာ နှစ်ပေါင်းများစွာ နေလာပြီးတဲ့နောက် ပထမဆုံးအကြိမ်အဖြစ် တစ်ယောက်ယောက်က နန်းတွင်းက မိန်းမစိုးတွေအတွက် အသံထွက်ပေးခဲ့တာပါ။"

ဧကရာဇ်ကျင်းက ကော်ထျန်းယန်ကို အံ့သြစွာကြည့်ပြီး ရယ်မောလိုက်သည်။ "ကောင်းတယ်... သိသာထင်ရှားတာက ဒီဖန်ကျန်းရီဟာ တကယ်ကို ရိုးရှင်းတဲ့ လူတစ်ယောက် မဟုတ်ဘူး ဆိုတာပဲ။ ကိုယ်တော့် ပတ်ဝန်းကျင်က လူတိုင်းကိုတောင် သူက လွှမ်းမိုးသွားပြီ"

"ဒီအစေခံအိုကြီး ရှက်မိပါတယ်..."

အပိုင်း (၅၄) ဒီလှုပ်ရှားမှုကို "ပန်းမန် တံတွေးထွေးသော မိန်းကလေး" လို့ ခေါ်တယ်။

နောက်တစ်နေ့တွင် ဖန်ကျန်းရီ မနက်ခင်း ညီလာခံကို စောင့်ရန် ဝူတံခါးသို့ ရောက်လာချိန်တွင် ကော်ထျန်းယန် ရှိနေကြောင်း တွေ့လိုက်ရသောကြောင့် ပြုံးပြလိုက်၏။

ဖန်ကျန်းရီက ပုံမှန်အတိုင်း နှုတ်ဆက်လိုက်သည်။ "ကောင်းသောနံနက်ခင်းပါ အစ်ကိုကြီးကော်"

ကော်ထျန်းယန် ပြုံးကာ ပြန်ဖြေလိုက်၏။ "ကောင်းသောနံနက်ခင်းပါ ငါ့ညီ"

ပုံမှန်အတိုင်းပင် အရာရှိများသည် စိတ်ပျက်ဖွယ်ကောင်းသော အကြည့်များကို ပစ်လွှတ်လိုက်ကြသည်။ တကယ့်ကိုပင် စိတ်တူကိုယ်တူ ရှိကြသူများပင်။ မိန်းမစိုးတစ်ဦးကိုပင် လူသိရှင်ကြား ညီအစ်ကိုဟူ၍ ခေါ်ဆိုရဲလောက်အောင် အရှက်အကြောက် ကင်းမဲ့လွန်းလှပေသည်။

"…….." ဖန်ကျန်းရီ လုံးဝ အံ့အားသင့်သွားခဲ့၏။

မိန်းမစိုးအိုကြီးက ငါ့ကို အခွင့်ကောင်းယူသွားတာလား။ ဒီအဘိုးကြီးက ဒီနေ့ ဘာလို့ ဒီလောက် စိတ်အားထက်သန် နေရတာလဲ။

ကော်ထျန်းယန်သည် ဖန်ကျန်းရီထံသို့ ခြေလှမ်းကျဲကျဲဖြင့် ချဉ်းကပ်လာပြီး ပြောလိုက်သည်။ "ဒီနေ့ ငါ့ညီ တော်တော်လေး စောတာပဲ။ အသားကျသွားပုံပဲ။"

"မှန်ပါတယ်။ ကျုပ် အသားကျသွားပြီ။ အသားကျသွားပါပြီ။”

ကော်ထျန်းယန်၏ ရည်ရွယ်ချက်များကို နားမလည်နိုင်သဖြင့် ဖန်ကျန်းရီ ထူးဆန်းစွာ တဟားဟား ရယ်လိုက်၏။

ထို့နောက် သူသည် ခေါင်းထဲ၌ မေးခွန်းပေါင်းများစွာ ပြည့်နှက်နေလျက်နှင့် ညီလာခံ ကျင်းပရာ ခန်းမဆောင်အတွင်းသို့ ဝင်ရောက်သွားခဲ့သည်။

ညီလာခံ ပြုလုပ်နေစဉ်အတွင်း ထိုအဘိုးကြီးက ဖန်ကျန်းရီကို ရံဖန်ရံခါ ကြည့်နေခဲ့၏။

ဤသည်က ဖန်ကျန်းရီကို ကြက်သီးထသွားစေသည်။ သူ့ကိုများ သင်းကွပ်ပြီး မိန်းမစိုးအဖွဲ့ထဲ ထည့်ချင်နေသည်လား။

ညီလာခံပြီးနောက် မသက်မသာဖြစ်မှုကို ဖိနှိပ်ရန် ကြိုးစားနေသော ဖန်ကျန်းရီသည် လမ်းကြောင်းကို ကောင်းစွာ သိနေသဖြင့် ခပ်မြန်မြန်ပဲ ချန်ရှီရုံးတော်သို့ ရောက်ရှိလာခဲ့၏။

သူ ဝင်လာသောအခါ လီယွမ်ကျောက်သည် ခြံဝန်းထဲတွင် ခြေဆင်းထိုင်လျက် အလွန် ပျင်းရိနေကြောင်း တွေ့လိုက်ရသည်။

ဖန်ကျန်းရီကို မြင်သောအခါ သူက ခုန်ထကာ အော်လိုက်၏။ "ဖန်ကြီး... ရောက်လာပြီပဲ"

"ကောင်းသောနံနက်ခင်းပါ အရှင့်သား" ဖန်ကျန်းရီက ပေါ့ပေါ့ပါးပါးနှင့် ရွှင်လန်းစွာ နှုတ်ဆက်လိုက်သည်။

ယန်ကော်အန်း မရှိသောကြောင့် ချန်ရှီရုံးတော်သို့ လာရခြင်းမှာ အိမ်ပြန်ရသကဲ့သို့ပင်။

"ဖန်ကြီး... ကျုပ်နဲ့ အရှေ့နန်းတော်က ကျားနဲ့ ကျားသစ် ခြံဝန်းကို လိုက်ခဲ့မလား။ ခမည်း‌တော်က ခြံကို ဖျက်ဆီးပစ်လိုက်ပြီ။ ခင်ဗျာမှာ အကြံဉာဏ်တွေ အများကြီး ရှိတာပဲ၊ ခြံဝန်းအသစ် ပြန်ဆောက်ဖို့ ကျုပ်ကို ကူညီပေးနိုင်မလား။”

ဖန်ကျန်းရီ ချက်ချင်း ဒေါသထွက်သွား၏။ "ကျုပ်က အရှင့်သားကို ညီအစ်ကိုလို ဆက်ဆံတာ။ အရှင့်သားက ကျုပ်ကို နွားတစ်ကောင်၊ မြင်းတစ်ကောင်လို ဆက်ဆံနေတာလား"

အကယ်၍ အရှင်မင်းကြီးသာ သိသွားလျှင် အရှင်လတ်လတ် အရေခွံ ခွာပေလိမ့်မည်။ ထို့နောက် အလျင်အမြန် ပြောလိုက်သည်။ "ခွေးတွေ၊ ကြောင်တွေက ဘာအဓိပ္ပါယ်ရှိလို့လဲ။ အဲဒါတွေက ကလေးတွေ ကစားဖို့ပဲ။ ဘယ်လောက်ပဲ ကြီးလာကြီးလာ သူတို့က ရိုးရိုးတိရစ္ဆာန်တွေပဲ။

တကယ်လို့ အရှင့်သား စိတ်ဝင်စားရင် ဘီလူးတွေနဲ့ တိုက်ခိုက်ဖို့ ပင်လယ်ထဲ သွားရမယ်။ ဂေါ်ဇီလာ ဆိုတာ အရမ်းကြီးတဲ့ ဘီလူးကြီးပဲ။ သူ့ပါးစပ်ကနေ မီးတွေ မှုတ်ထုတ်နိုင်တယ်။

အဲဒါက အရှင့်သားလို အသိပညာရော သိုင်းပညာပါ ကျွမ်းကျင်တဲ့ ဘက်စုံ အရည်အချင်းရှိသူ တစ်ယောက် အတွက် တိုက်ခိုက်ဖို့ အကောင်းဆုံး ရွေးချယ်မှုပဲ"

လီယွမ်ကျောက်သည် သူ့ကို အထင်သေးစွာ ကြည့်ကာ ပြောလိုက်သည်။ "ဟက်ဟက်... ကျုပ်ကို အရူးလို့ မထင်နဲ့။ ကျုပ် ရေအောက်မှာ အသက်မရှူနိုင်ဘူး။ ပြီးတော့ မီးမှုတ်ထုတ်နိုင်တဲ့ ဘီလူးတစ်ကောင် ရှိတယ်ဆိုတာ အဓိပ္ပါယ်ရှိလို့လား။"

အိမ်ရှေ့စံ ဦးနှောက်ကောင်းလာခဲ့သည်။ လှည့်စား၍မရတော့ပေ။

ဖန်ကျန်းရီ ချွေးစေးများကို သုတ်လိုက်၏။ "ဟက်ဟက်... အရှင့်သားက ဉာဏ်ပညာ ကြီးမားပါတယ်။

ဒါဆို ကျုပ်တို့ ဒီလို လုပ်ကြရအောင်။ စစ်တုရင် ကစားကြမယ်။ စစ်တုရင်ခုံက စစ်မြေပြင်နဲ့ တူတယ်။ အရှင့်သားက စစ်သူကြီး တစ်ယောက် ဖြစ်ချင်တာ မဟုတ်ဘူးလား။ အရှင့်သားရဲ့ စွမ်းရည်တွေကို စောင့်ကြည့်ဖို့ ကျုပ် အခွင့်အရေး ရတာပေါ့"

လီယွမ်ကျောက်က ပြောလိုက်၏။ "အားနာပါတယ်။ နန်းတော်ထဲ စစ်တုရင် ကစားတဲ့နေရာမှာ ကျုပ်ကို နိုင်မယ့်သူ ဘယ်သူမှ မရှိဘူး။ ဂို ပဲဖြစ်ဖြစ် ရှန်ချီ ပဲဖြစ်ဖြစ် ကျုပ်ကို ယှဉ်နိုင်မယ့်သူ မရှိဘူး... ပျင်းစရာကြီး။"

ဖန်ကျန်းရီက မဲ့ကာရွဲ့ကာဖြင့် ပြောလိုက်သည်။ "သူတို့က အရှင့်သား နိုင်အောင် အခွင့်အရေး ပေးထားတယ် လို့ရော မတွေးဖူးဘူးလား။ ကျုပ်က စစ်တုရင်ကစားရာမှာ အရမ်း တော်တယ်။ အရှင့်သား မယုံရင် တစ်ပွဲလောက် ကစားကြည့်ကြရအောင်။"

နန်းတော်မှာ ပြိုင်ဘက်ကင်း ဖြစ်တာက ဘာများ ထူးဆန်းလို့လဲ။ အိမ်ရှေ့စံမင်းသားက မိန်းမစိုးတွေနဲ့ စစ်တုရင် ကစားနေတာလေ။ မနိုင်ဘူးဆိုမှ အံ့ဩစရာဖြစ်မှာ။

ခန့်မှန်းထားသည့်အတိုင်းပင် လီယွမ်ကျောက်သည် ထိုစကားကိုကြားတော့ စိတ်လှုပ်ရှားသွားခဲ့၏။

"ကောင်းပြီ။ ခင်ဗျား ဘာကစားချင်လဲ။ လာ... ရှန်ချီ၊ ဘီလူးစစ်တုရင် ကြိုက်တာ ရွေး။ ကျုပ်ရဲ့ အရည်အချင်းကို ပြမယ်"

"မဟုတ်ဘူး... မဟုတ်ဘူး။ အရှင့်သား ပြောတဲ့အထဲက ဘယ်ဟာကိုမှ ကျုပ် မသိဘူး။ အရှင့်သားနဲ့ ကျုပ် ဂိုမိုကု ကစားမယ်"

ဖန်ကျန်းရီ ဤကစားနည်းများကို တကယ်ပင် မကစားတတ်ချေ။ စည်းမျဉ်းများက ရှုပ်ထွေးပြီး သူကလည်း သင်ယူရန် အလွန် ပျင်းရိသည်။ သူက ဂိုမိုကု ကိုသာ ကစားခဲ့ပြီး နှစ်အနည်းငယ် ကြာပြီးနောက် သေချာပေါက် ကျွမ်းကျင်လာနိုင်ခဲ့သည်။

လီယွမ်ကျောက် အံ့အားသင့်စွာဖြင့် မေးလိုက်၏။ "ဂိုမိုကု ဆိုတာ ဘာလဲ"

"အို... အရမ်း ရိုးရှင်းပါတယ်။ ဒီ ဂို ခုံနဲ့ ကျောက်တုံးတွေကိုပဲ သုံးတာ။ အမည်းဘက်က အရင်စတယ်။ ကျောက်တုံး ငါးတုံးကို အလျားလိုက်၊ ဒေါင်လိုက် ဒါမှမဟုတ် ထောင့်ဖြတ် တစ်တန်းတည်း တွဲနိုင်တဲ့သူက အနိုင်ရတာပဲ။"

လီယွမ်ကျောက်က ပြောလိုက်သည်။ "ကျုပ်က ကြီးကျယ်တဲ့ အရာတစ်ခုလို့ ထင်နေတာ။ ပျင်းစရာကြီး ဒါပေမဲ့ ခင်ဗျား ကစားချင်ရင်တော့ ကျုပ် ကစားမယ်"

“ဟားဟား”

ဖန်ကျန်းရီ တဟားဟားရယ်လိုက်သည်။ "အရှင့်သား... ဂိုမိုကု ကို အထင်မသေးနဲ့။ ကျုပ်က ဒီမှာ အရမ်း ပါရမီပါတာ။ စစ်တုရင် ကစားရုံသတ်သတ်က သိပ်စိတ်ဝင်စားစရာ မကောင်းဘူး။ နည်းနည်းလောက် အန္တရာယ်ရှိမှ ပျော်စရာကောင်းမှာ"

လီယွမ်ကျောက် သိချင်သွား၏။ "ဘာအန္တရာယ်တွေ ရှိမှာလဲ"

"ကျုပ် နိုင်ရင် အရှင့်သားက စာစီစာကုံး တစ်ပုဒ် ဖတ်ပြရမယ် ဒါမှမဟုတ် စာအုပ်ထဲကနေ ကူးရေးရမယ်။ တကယ်လို့ ကျုပ် ရှုံးရင် အရှင့်သားကို ငွေစ တစ်ရာ ပေးမယ်။ ဘယ်လိုလဲ"

လီယွမ်ကျောက် အော်လိုက်သည်။ "ကောင်းပြီလေ ဖန်ကြီး။ သိသာတာကတော့ ခင်ဗျားမှာ ပိုက်ဆံတွေ အများကြီးရှိလို့ သုံးမကုန်နိုင်ဖြစ်နေပုံပဲ။ လာခဲ့ …. လောင်းကြေးထပ်ကြစို့"

ဖန်ကျန်းရီက ပြောလိုက်၏။ "အရှင့်သား... ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ နန်းတော်က စာအုပ်တွေ လုံလောက်ပါ့မလားလို့ စိုးရိမ်မိတယ်။"

သူတို့ ချက်ချင်း စတင်ကစားကြသည်။ စစ်တုရင်နှင့် ခုံများကို အလျင်အမြန် ပြင်ဆင်လိုက်သည်။

သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေကြပြီး ဖန်ကျန်းရီက သက်တောင့်သက်သာရှိသော အမူအရာဖြင့် ထိုင်နေစဉ် လီယွမ်ကျောက်ကတော့ အထင်သေးသော အကြည့်ဖြင့် စိုက်ကြည့်နေခဲ့၏။

...

မကြာမီမှာပဲ ပထမဆုံး ကစားပွဲသည် လက်ဖက်ရည် တစ်ခွက်သောက်သည့် အချိန်လောက် တိုတောင်းစွာဖြင့် ပြီးဆုံးသွားခဲ့သည်။

ဖန်ကျန်းရီသည် လီယွမ်ကျောက်ကို အောင်နိုင်သူ၏ အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်၏။ "ဘယ်လိုပြောမလဲ အရှင့်သား။ အခု အရှင့်သား ကျုပ်ကို စာတစ်ပုဒ် အကြွေးတင်သွားပြီ။"

လီယွမ်ကျောက်က အေးစက်စွာ ညည်းညူလိုက်သည်။ "ဘာကို ဒီလောက် ဂုဏ်ယူနေတာလဲ။ ကျုပ် အသားကျအောင် ကြိုးစားနေတုန်းပဲ ရှိသေးတယ်။ နောက်တစ်ပွဲ"

ဖန်ကျန်းရီ ပခုံးတွန့်လိုက်၏။ ကောင်းပြီလေ... လုပ်ကြစို့။”

ဤတစ်ကြိမ်တော့ လီယွမ်ကျောက်၏ အမူအရာက လေးနက်လာခဲ့၏။ သူသည် ကျောက်တုံးများကို အလျင်စလို မချတော့ဘဲ သေချာစဉ်းစားခဲ့သည်။

မကြာမီ ဒုတိယပွဲတွင်လည်း သူ ရှုံးနိမ့်သွားခဲ့၏။

"ဒါဆို နှစ်ပွဲရှိသွားပြီ"

"နောက်တစ်ပွဲ"

"ဒါက သုံးပွဲမြောက်"

"နောက်တစ်ပွဲ"

...

ဖန်ကျန်းရီသည် သက်တောင့်သက်သာ ကစားပြခဲ့သော်လည်း လီယွမ်ကျောက် တစ်ပွဲမှ မနိုင်ခဲ့ချေ။

"နှစ်ဆယ့်ငါးပွဲ ရှိသွားပြီ"

"စကားမများနဲ့။ ထပ်ဆော့မယ်"

ဖန်ကျန်းရီသည် ကစားပွဲအတွင်း လီယွမ်ကျောက်၏ တုံ့ပြန်မှုများကို စောင့်ကြည့်နေခဲ့၏။ လီယွမ်ကျောက် ကစားပွဲပေါ်တွင် လုံးလုံးလျားလျား အာရုံစိုက်နေပြီး သူ၏ ကျောက်တုံးများကို ချလိုက်တိုင်း တီးတိုး ရေရွတ်နေကြောင်း တွေ့ရသည်။

သူသည် အသိပညာများကို လေ့လာဆည်းပူးကာ မှတ်သားစုပ်ယူနိုင်ရန် အမှန်တကယ် ကြိုးပမ်း အားထုတ်နေကြောင်း သိသာထင်ရှားလှသည်။ ထို့ပြင် သူ၏ ခံယူချက် သဘောထားမှာလည်း အလွန်ပင် လေးနက် တည်ကြည်၏။

ဖန်ကျန်းရီ အံ့အားမသင့်ဘဲ မနေနိုင်တော့ချေ။ အိမ်ရှေ့စံမင်းသား၏ ဤလက္ခဏာသည် တကယ်ကို ချီးကျူးစရာ ကောင်းလှသည်။ တစ်ခုခုကို လုပ်ရန် သန္နိဋ္ဌာန်ချထားလျှင် သူက နံရံနှင့် ဝင်မတိုက်မိမချင်း အရှုံးမပေးဘဲ ဆက်လုပ်မည့် စိတ်ပိုင်းဖြတ်မှုမျိုး ရှိသည်။

သုံးဆယ့်ခုနစ်ပွဲမြောက်တွင် ဖန်ကျန်းရီက အလုပ်ကို အလေးအနက်ထားလုပ်ဆောင်ခဲ့ရ၏။

လီယွမ်ကျောက်၏ အမူအရာတွင် စိတ်အားထက်သန်မှုများ ပြည့်နှက်နေပြီး တစ်ခါတစ်ရံတွင် သူက ရူးကြောင်ကြောင်ဖြစ်ကာ တစ်ခါတစ်ရံတွင် အံကြိတ်နေခဲ့သည်။

ဖန်ကျန်းရီ အလေးအနက် ထားလာချိန်မှာပဲ ရုတ်တရက် အလျင်စလို ခြေသံများက သူတို့၏ အတွေးများကို အနှောင့်အယှက် ပေးခဲ့သည်။ ခေါင်းမော့ကြည့်လိုက်ချိန်မှာတော့ မိန်းမစိုး အနည်းငယ်က တံခါးပေါက်ကို ဖြတ်၍ ပြေးလာနေကြောင်း မြင်လိုက်ရ၏။

သူ အာရုံလွဲသွားချိန်မှာပင် လီယွမ်ကျောက်က 'ဂမ်' ဆိုသော အသံဖြင့် ကျောက်တုံးတစ်တုံးကို အစားထိုး လိုက်သည်။

အဖြူရောင် ကျောက်တုံး လေးတုံးက တစ်တန်းတည်း ဆက်သွားပြီး အဆုံးနှစ်ဖက်မှာ အမည်းရောင် ကျောက်တုံး မရှိတော့ပေ... လမ်းဆုံးသွားခဲ့၏။

ဖန်ကျန်းရီ၏ မျက်လုံးများ လတံခါးပေါက်ဆီသို့ ရောက်သွားပြီး ထူးဆန်းသည့် အရာတစ်ခုကို ခံစားလိုက်ရသည်။

ရုတ်တရက် အဝါရောင် ဝတ်ရုံဝတ်ထားသော ပုံရိပ်တစ်ခု ဝိုးတဝါး ပေါ်လာသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် ခေါင်းငုံ့ကာ စစ်တုရင်ခုံကို ဆက်ကြည့်နေလိုက်သည်။ ချွေးစေးများ ချက်ချင်း စတင် စီးကျလာခဲ့၏။

ဘုရင်မင်းမြတ် တကယ် ရောက်လာတာပဲ။ အာ... သောက်ကျိုးနည်း။ငါ အိမ်ရှေ့စံမင်းသားနဲ့ ဂိုမိုကု ကစားနေတာ သူတွေ့သွားရင် ပြဿနာတက်တော့မှာ မဟုတ်လား။

အရှင်မင်းကြီးက အိမ်ရှေ့စံမင်းသားကို အသစ်အဆန်းတွေ သင်ပေးဖို့ ပြောခဲ့ပေမဲ့ အဲဒီအထဲမှာ နောက်ပြောင်တာတွေ မပါဘူးလေ။

ဖန်ကျန်းရီ အတွေးထဲ နစ်မြောနေစဉ်မှာပဲ ဇွဲကောင်းလွန်းသော လီယွမ်ကျောက်၏အသံ ထွက်ပေါ်လာခဲ့သည်။ "ဖန်ကြီး... လုပ်လေ။ မြန်မြန်။ လုပ်လေ။ မြန်မြန်။ ကျုပ် နိုင်တော့မယ်။"

ဖန်ကျန်းရီ စကားပြောနေစဉ် သူ့အမြင်အာရုံ၏ အစွန်းတစ်ဖက်မှ သစ်ကိုင်းများ နောက်ကွယ်ရှိ ပုံရိပ်သည် တဖြည်းဖြည်း နီးကပ်လာကြောင်း သတိပြုမိလိုက်သည်။

သူ တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ လီယွမ်ကျောက်က အတင်းအကျပ် ပြောလိုက်၏။ "ဖန်ကြီး... ခင်ဗျား ကတိဖျက်ဖို့ ကြိုးစားနေတာလား။ ဒီပွဲကို ကျုပ် နိုင်သွားပြီ။"

ဖန်ကျန်းရီသည် တန်ပြန်ဗျူဟာကို စဉ်းစားနေရင်း ရုတ်တရက် အကြံတစ်ခု ရသွားခဲ့သည်။

သူက လက်ကိုမြှောက်ကာဖြင့် စစ်တုရင်ခုံကို မှောက်ချလိုက်သည်။ ကျောက်တုံးများက နေရာအနှံ့သို့ ပြန့်ကျဲသွား၏။ သူက ရုတ်တရက် အော်လိုက်သည်။ “ရိုက်စမ်း။”

လီယွမ်ကျောက်က ဖန်ကျန်းရီ ဤသို့ လုပ်လိမ့်မည်ဟု မမျှော်လင့်ထားချေ။ ချက်ချင်း ပါးစပ်အဟောင်းသားဖြင့် ဒေါသတကြီး ပြောလိုက်၏။ "ဖန်ကြီး... ခင်ဗျားက အရှုံးကို လက်မခံနိုင်တဲ့ လူပဲ။ ကျုပ်လည်း ကတိ မတည်တော့ဘူး။"

ဖန်ကျန်းရီက အသံဩဩဖြင့် ပြောလိုက်သည်။ "အရှင့်သား... ဒါက ဂိုမိုကု ကစားနည်းတွေထဲက တစ်ခုပါ"

"အရှင့်သား... အိမ်ရှေ့စံမင်းသား တစ်ယောက်အနေနဲ့ လောကကြီးက အရှင့်သားရဲ့ စစ်တုရင်ခုံပါပဲ။ အကယ်၍ ကစားပွဲရဲ့ လမ်းကြောင်းက လမ်းဆုံးရောက်နေရင် အရှင့်သား ဆက်ကစားချင်သေးလား။ ဒီအချိန်မှာ အရှင့်သားက စစ်တုရင်ခုံကို မှောက်ချရဲတဲ့ သတ္တိရှိရမယ်။ စကားပုံမှာ ဆိုသလိုပေါ့၊ မဖျက်ဆီးဘဲနဲ့ ဘာမှ တည်ဆောက်လို့ မရဘူးတဲ့။ သေတဲ့အထိ တိုက်ပွဲဝင်ရဲတဲ့ သတ္တိမျိုးမရှိရင် တကယ် ရှုံးသွားပြီ။ ဒါက အရှင့်သားကို ကျုပ် သင်ပေးချင်တဲ့ မူဝါဒပဲ။ အရှင့်သား နားလည်ရဲ့လား... အဟမ်း .. အဟမ်း။”

လီယွမ်ကျောက်က အံကြိတ်လျက် ဖန်ကျန်းရီကို လှမ်းဖမ်းရန် ကြိုးစားသော်လည်း ဖန်ကျန်းရီက သူ့ဆီမှ ရှောင်ထွက်သွားခဲ့၏။

ထို့နောက် ဖန်ကျန်းရီက ဆက်ပြောသည်။ "အရှင့်သားက လောကကြီးကို အုပ်စိုးမယ့် အုပ်စိုးရှင် တစ်ယောက်ပါ။ စည်းမျဉ်းတွေက ဘယ်လိုလုပ် ကန့်သတ်ထားနိုင်မှာလဲ။ အဲဒါပဲ ကျုပ် အရှင့်သားကို ပြောပြချင်တာ အဲဒါပဲ။ ကောင်းပြီ... ဒီနေ့ အတန်း ဒီမှာပဲ ပြီးပြီ။ သွားကြစို့။ ညစာစားချိန် ရောက်ပြီ"

လီယွမ်ကျောက်သည် ဖန်ကျန်းရီ၏ လက်ကို ကိုင်ကာ ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ခင်ဗျားရဲ့ စကားကို ပြန်ရုပ်သိမ်းလို့ရမယ် မထင်နဲ့။ ကျုပ် ရွေ့ခဲ့တဲ့အကွက်တွေ အားလုံးကို မှတ်မိတယ်။ ပြန် ဆင်လိုက်လို့ရတယ်။”

ဖန်ကျန်းရီသည် လီယွမ်ကျောက်၏ လက်ကို အသာ တွန်းဖယ်ပြီး ပြောလိုက်သည်။ "အရှင့်သားက ပွဲသုံးဆယ့်ခြောက် ရှုံးထားပြီးပြီဆိုတော့ ဒီပွဲကို ကျုပ် ရှုံးတယ်လို့ သဘောထားလိုက်ရအောင်။ အရှင့်သား စာပိုဒ် သုံးဆယ့်ငါးပိုဒ် ဖတ်ရမယ်။"

လီယွမ်ကျောက်က အတင်းအကျပ် ပြောလိုက်၏။ "မဖြစ်ဘူး။ ခင်ဗျား လိမ်နေတာ။ နောက်တစ်ပွဲ ကစားမယ်"

ဖန်ကျန်းရီက ဆက်ပြောသည်။ "ဒါဆို ဒီလို လုပ်ကြရအောင်... အရှင့်သားအတွက် လျှော့ပေးလိုက်မယ်။ စာပိုဒ် သုံးဆယ် ဖတ်။ လုံလောက်ပြီ မဟုတ်လား... နိုင်ပွဲ တစ်ပွဲက ရှုံးပွဲ ခြောက်ပွဲနဲ့ တန်တယ်။ အရှင့်သားက ဒီကနေ အကျိုးအမြတ် ရလိမ့်မယ်"

လီယွမ်ကျောက် တွန့်ဆုတ်သွား၏။ "ကောင်းပြီ... ကောင်းပြီ။ ဒါပေမဲ့ ခင်ဗျား ထပ်ပြီး မလိမ်ရဘူးနော်"

ဖန်ကျန်းရီသည် သစ်ကိုင်းများ အနောက်ရှိ အဝါရောင်ဝတ်ရုံနှင့် ပုံရိပ်ကို လှမ်းကြည့်လိုက်ပြီး ထိုသူ ထွက်သွားသည်ကို မြင်မှသာ သက်ပြင်းချနိုင်တော့သည်။

"အရှင့်သား... ကျုပ် မလိမ်ပါဘူး။ အဲဒါ ဂိုမိုကု ကစားနည်းပါ။ ဒီလှုပ်ရှားမှုကို ပန်းမန် တံတွေးထွေးသော မိန်းကလေး လို့ ခေါ်တယ်။ ပြီးတော့ မြားဆယ့်နှစ်စင်း ပစ်လွှတ်လိုက်ပြီ ဆိုတဲ့ နောက်ထပ် လှုပ်ရှားမှု တစ်ခုလည်း ရှိသေးတယ်... အရှင့်သား မယုံရင် နောက်တစ်ခါ ထပ်စမ်းကြည့်လို့ ရပါတယ်"

"တော်ပြီ... တော်ပြီ။ ခင်ဗျား ဒီလိုပြောနေတော့ ကစားရတာ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။ သွားစားကြစို့ ကျုပ် ဗိုက်ဆာနေပြီ"

...

လတံခါးပေါက် အပြင်ဘက်။

ဧကရာဇ်ကျင်းသည် ခြံဝန်းထဲမှ ဖြည်းညှင်းစွာ ထွက်လာပြီး ကော်ထျန်းယန်ကို ပြောလိုက်၏။ "ဒီဖန်ကျန်းရီက ငါ့အတွက် လှည့်ကွက်အသစ်တွေကို အမြဲတမ်း ရှာတွေ့တာပဲ။ အံ့ဩစရာပဲ။ သူ့ရဲ့ သင်ကြားရေး နည်းလမ်းတွေကလည်း ထူးခြားပြီး နက်ရှိုင်းတဲ့ အထင်အမြင်ကို ချန်ထားနိုင်ခဲ့တယ်... အရမ်းကောင်းတယ်"

ကော်ထျန်းယန် ပြုံးကာ ပြောလိုက်သည်။ "တကယ်ပါပဲ အရှင်မင်းကြီး။ ဒီအစေခံအိုကြီးလည်း အထင်ကြီး သွားပါတယ်။ အိမ်ရှေ့စံမင်းသားက စာအုပ်ဖတ်ဖို့တောင် သဘောတူလိုက်ပြီပဲ"

ဧကရာဇ်ကျင်း က ရယ်မောကာ ပြောလိုက်၏။ "ဖန်ကျန်းရီမှာ တကယ်ကို နည်းလမ်းကောင်း ရှိပုံရတယ်... ဒါပေမဲ့... အဲဒီ ပုန်ကန်တတ်တဲ့ သားက အရမ်းဆိုးတယ်။ စကားတစ်ခွန်းမှ နားမထောင်ဘူး။ သူ အရိုက်ခံရဖို့ ထိုက်တန်တယ်လို့ ကိုယ်တော် ထင်တယ်။ ဒီည ဧကရာဇ်ရဲ့ အလုပ်ခန်းဆီ သူ့ကို ခေါ်လိုက်။ သူ့ကို ကိုယ်တော် သင်ခန်းစာပေးရမယ်။"

All Chapters