← Chapters

အခန်း (၅၉-၆၀)

Vol. 5 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 5 Ch. 59-60

အပိုင်း (၅၉) အသိပညာ ကြွယ်ဝသော အိမ်ရှေ့စံမင်းသား။

ကျန်းချန်သည် ဖန်ကျန်းရီကို အံ့အားသင့်စွာ ကြည့်နေခဲ့၏။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ဒီလူက ထင်ရာစိုင်းပြီး ရိုင်းစိုင်းတတ်တဲ့သူ တစ်ယောက် မဟုတ်ဘူးလား။ ဒါပေမဲ့ အခုတော့ လူအများရဲ့ ရန်လိုနေတဲ့ စိတ်တွေကို အလွယ်တကူပဲ ပြေလျော့သွားအောင် လုပ်ပစ်လိုက်နိုင်တယ်။ သေချာတာက ငါ သူ့ကို အထင်သေးမိသွားတာပဲ။

ဖန်ကျန်းရီ အလျင်အမြန် ပြန်လာသည်ကို မြင်ချိန်မှာတော့ ကျန်းချန် ချက်ချင်း ပြုံးကာ သွားတွေ့လိုက်သည်။ ဖန်ကျန်းရီက သူ၏ ပခုံးပေါ်သို့ လက်တင်လိုက်ချိန်မှာပဲ သူ၏ နားထဲသို့ ဖန်ကျန်းရီ၏ သေစေနိုင်သော အသံ ဝင်ရောက်လာခဲ့၏။ "ကောင်လေး... တကယ်လို့ ကျားလျန်အတွက် လက်စားချေချင်ရင် ဘယ်အချိန်မဆို ဒီအရာရှိကို စိန်ခေါ်လို့ရတယ်။ ဒါပေမဲ့ ဒီနေ့တော့... ဒီအရာရှိ မင်းနဲ့ ကစားဖို့ စိတ်မပါဘူး။ ကျန်းပြောင်"

ကျန်းပြောင်က သူ့အဝတ်အစား တစ်ဝက်ကို တိတ်တဆိတ် ဖွင့်ပြပြီး ကြောက်စရာကောင်းသော လက်နက်တစ်တန်းကို ဖော်ထုတ်လိုက်၏။

ကျန်းချန် ချက်ချင်း ထိတ်လန့်သွားပြီး ချွေးစေးများ ထွက်လာခဲ့သည်။

ဒီဖန်ကျန်းရီရဲ့ ရည်ရွယ်ချက်က ဘာလဲ။ သူက သဘောထားကွဲလွဲမှု နည်းနည်းလေးမှာပဲ လူသတ်ချင် နေတာလား။ ပြီးတော့ ငါ့ကို လက်နက်နဲ့ ခြိမ်းခြောက်နေတယ်ပေါ့။

"မြို့ဝန်မင်းဖန်... နောက်နေတာပါ။ မြို့ဝန်မင်းဖန်ကို ကျုပ် လေးစားချင်ရုံ သတ်သတ်ပါ"

ဖန်ကျန်းရီ ရွဲ့စောင်းကာ ပြုံးလိုက်၏။

"ဟက်... ဟက်... ကျုပ် မလုပ်ရဲပါဘူး၊ မလုပ်ရဲပါဘူး" ကျန်းချန်သည် ယခုအခါ ငုံးတစ်ကောင်လို ကြောက်ရွံ့တုန်ယင်နေပြီး သူ၏ မျက်လုံးများက ကျန်းပြောင် အဝတ်အစားအောက်ရှိ လက်နက်များပေါ်တွင်သာ ရပ်တန့်နေခဲ့၏။

နောက်တစ်စက္ကန့်၌ သို့ကို ထုတ်ပစ်လိုက်မှာကို သူ ကြောက်နေခဲ့သည်။

ဖန်ကျန်းရီ၏ မျက်နှာပေါ်တွင် မှုန်ကုပ်ကုပ် အပြုံးတစ်ခု ပေါ်လာပြီး ကျန်းချန်၏ မျက်နှာကို ပွတ်ကာ ရယ်မောလိုက်၏။ "မင်း ငါ့ကို ထပ်လာစရင် မင်းအတွက် အခြေအနေ ကောင်းမှာ မဟုတ်ဘူးနော်... ငါ သတိမပေးဘူးလို့ မပြောနဲ့... ထွက်သွားစမ်း"

ကျန်းချန် မျက်နှာဖြူရော်သွားပြီး ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။ ဖန်ကျန်းရီ လက်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ အလျင်အမြန် ထွက်ပြေးသွားသည်။

စိုးရိမ်တကြီး ထွက်ပြေးသွားသော ကျန်းချန်၏ ပုံရိပ်ကို ကြည့်ရင်း ဖန်ကျန်းရီ အလွန် အထင်သေးသော အမူအရာကို ပြသလိုက်၏။

တကယ်ပါပဲ၊ မြို့တော်မှာရှိတဲ့ ဒီမင်းမျိုးမင်းနွယ် သခင်လေးတွေက ပျားရည်စည်တွေထဲမှာ ကြီးပြင်းလာကြတာ၊ အစစ်အမှန် ဓားတွေ၊ လက်နက်တွေကို တစ်ခါမှ မမြင်ဖူးကြဘူး။ နည်းနည်းလေး ကြောက်တာနဲ့ နောက်ဆုတ်သွားကြတာပဲ...

"ကောင်းပြီ၊ လက်နက်တွေ ပြန်သိမ်းပြီး လီယွမ် ဘယ်သွားလဲဆိုတာ ငါနဲ့ လိုက်ကြည့်ကြရအောင်။"

မနီးမဝေးတွင် ထိုင်နေသော နင်ဟုန်ယွမ်သည် ဤမြင်ကွင်းကို အပြည့်အဝ အာရုံစိုက်ကာ စောင့်ကြည့်နေခဲ့၏။ ထို့နောက် သူက အနည်းငယ် ပြုံးကာ သူ့စားပွဲရှိ လူများကို နှုတ်ဆက်ပြီး စိတ်ပျက်အားငယ်နေသော ကျန်းချန်နောက်သို့ လိုက်သွားသည်။

...

သင်္ဘောခန်းအတွင်း ကဗျာနှင့် ပတ်သက်၍ အသက်ဝင်သော အငြင်းပွားမှုများ ရှိနေသော်လည်း ဖန်ကျန်းရီသည် အခန်းထဲမှ ထွက်ခွာပြီး သင်္ဘော၏ လေသာဆောင်ဘက်သို့ တိုက်ရိုက် ဦးတည်သွားခဲ့၏။

ချက်ချင်းပင် လီယွမ်ကျောက်သည် အစေခံကောင်လေး တစ်ယောက်နှင့် ရန်ဖြစ်နေကြောင်း သူ မြင်လိုက်ရသည်။

ဒီမြင်ကွင်းကို မြင်ချိန်မှာတော့ ဖန်ကျန်းရီ သဘောကျသွားပြီး အနီးသို့ ချဉ်းကပ်သွားကာ မေးလိုက်၏။ "ဘာဖြစ်တာလဲ။ ဘာလို့ ရန်ဖြစ်နေကြတာလဲ"

ဖန်ကျန်းရီ၏ တောက်ပသော အဝတ်အစားများကို မြင်ချိန်မှာတော့ အစေခံမလေးက အလျင်အမြန် ကိုင်းညွှတ်ကာ ပြောလိုက်သည်။ "သခင်လေး... သူက သခင်လေးရဲ့ ကိုယ်ရံတော် ဖြစ်ရမယ်။ ကျွန်မက စားကြွင်းစားကျန်တွေကို မြစ်ထဲ ပစ်ချနေတုန်း သူက ကျွန်မကို တားလို့ အငြင်းပွားမှု ဖြစ်သွားတာပါ။ သခင်လေး ကျွန်မအတွက် တရားမျှတမှု ရှာဖွေပေးရပါမယ်။"

"ဟင်" ဖန်ကျန်းရီ လီယွမ်ကျောက်ကို အံ့အားသင့်စွာ စိုက်ကြည့်လိုက်၏။

လီယွမ်ကျောက်က ပြောလိုက်သည်။ "ဖန်ကြီး။ မင်း မသိပါဘူး၊ အဲဒီခွေးမလေးက အစားအသောက် တဝက်ကျော်ကို မြစ်ထဲ ပစ်ချလိုက်တာလေ။ ကြည့်စမ်း၊ တဖက်ကမ်းမှာ သူတောင်းစားတွေ ရှိနေသေးတယ်။ အဲဒါ အလဟဿ မဖြစ်ဘူးလား။ ငါ သူ့ကို ဆူပေမဲ့ သူက နားမထောင်ဘူး"

မည်မျှ ကိုယ်ကျင့်တရားကောင်းလိုက်သည့် မင်းသားဖြစ်သနည်း။

ဖန်ကျန်းရီ ချက်ချင်းပဲ လေးစားမှုများ ပြည့်နှက်သွားခဲ့၏။ သူက လက်ကို မြှောက်လိုက်ပြီး အစေခံမလေး၏ ပါးကို ခပ်ပြင်းပြင်း ရိုက်ချလိုက်၏။

"ဒီပစ္စည်းတွေကို အမှိုက်လုပ်ဖို့ မင်းကို ဘယ်သူပြောလဲ။ အလဟဿလုပ်တာက ရှက်စရာကောင်းတယ်"

ပြင်းထန်သော ပါးရိုက်ချက်အပြီးတွင် အစေခံမလေးမှာ မှင်တက်သွားပြီး မျက်လုံးများမှ မျက်ရည်များပင် ထွက်ကျလုမတတ် ဖြစ်သွားသည်။

"သခင်လေး... ကျွန်မ အထင်လွဲခံရတာပါ။ အဲဒါတွေ အားလုံးက စားကြွင်းစားကျန်တွေ၊ ဘယ်သူမှ မစားတော့တဲ့ အရာတွေပါ။ အမြဲတမ်း အဲဒီလိုပဲ လုပ်ကြတာလေ" သူမက အော်ပြောလိုက်၏။

ဖန်ကျန်းရီသည် အိတ်ထဲမှ ငွေတုံးငယ်လေး တစ်ခုကို ထုတ်ကာ အစေခံမလေးအား ကမ်းပေးရင်း ပြောလိုက်သည်။ "ရှင်းပြဖို့ မလိုပါဘူး။ အခုကစပြီး ကျန်တဲ့ အစားအသောက်တွေနဲ့ အကြွင်းအကျန် အားလုံးကို သိမ်းထားလိုက်။ ငါတို့ သင်္ဘောပေါ်က ဆင်းတဲ့အခါ ယူသွားမယ်။ မှတ်ထား၊ ဟင်းရည် မပါစေနဲ့"

ငွေကို မြင်သည်နှင့် တစ်ပြိုင်နက် အစေခံမလေးသည် ချက်ချင်း ခေါင်းညိတ်ကာ ကိုင်းညွှတ်၍ ပြောလိုက်၏။ "ကောင်းပါပြီ။ စိတ်မပူပါနဲ့"

ခေါင်းလှည့်သွားသော အစေခံမလေး၏ မျက်နှာသည် ချက်ချင်း ပြောင်းလဲသွားပြီး တီးတိုးဆဲဆိုလိုက်သည်။ "ဘယ်လောက် နှမြောတတ်တဲ့ ခွေးကောင်လဲ...... ခွေးတစ်ကောင်လိုပဲ"

"ဖန်ကြီး၊ သူက မင်းကို ဆဲနေတာ" လီယွမ်ကျောက်၏ နားများက အလွန်ထက်ပြီး ကောင်မလေး၏ တီးတိုး ဆဲဆိုသံကို ချက်ချင်း ကြားလိုက်ရ၏။

အစေခံမလေးသည် ဤသည်ကို ကြားချိန်မှာတော့ ရုတ်တရက် ထွက်ပြေးသွားသည်။

ဖန်ကျန်းရီက လက်ဝှေ့ယမ်းကာ ပြောလိုက်၏။ "ဆဲပါစေ။ လူအများကြီးက ငါ့ကို ဆဲနေကြတာပဲ၊ ငါ့အသား တစ်စက်မှ လျော့သွားမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းက ဘာလို့ ရုတ်တရက်ကြီး ဒီစားကြွင်းစားကျန်တွေကို သိမ်းဖို့ တွေးမိတာလဲ"

လီယွမ်ကျောက်သည် ကောင်မလေး၏ ဝေးကွာသွားသော ကျောပြင်ကို ကြည့်ကာ ပြောလိုက်သည်။ "ငါ တခြား ဘာတွေးနိုင်အုံးမှာလဲ။ တစ်ဖက်မှာ ပြည်သူတွေက စားစရာ မလုံလောက်ဘူး။ နောက်တစ်ဖက်မှာကျတော့ သူတို့က အစားအသောက်တွေကို မြစ်ထဲ ပစ်ချနေကြတယ်။

ပြည်သူတွေရဲ့ အိမ်တွေကို သွားကြည့်တော့ သူတို့က ဆန်ပြုတ်ချဉ်တွေ စားနေရတာ ငါ တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ဒီမှာကျတော့ ငါးကြီးတွေနဲ့ အသားတွေကို မြစ်ထဲ ပစ်ချနေကြတယ်။ ဘယ်မှာ တရားမျှတမှု ရှိမှာလဲ။"

ဖန်ကျန်းရီသည် လီယွမ်ကျောက်၏ ပခုံးကို ညင်သာစွာ ပုတ်ကာ သက်ပြင်းချလိုက်၏။ "ဒီနေရာက အနီရောင် တံခါးတွေရဲ့ နောက်ကွယ်မှာ ဝိုင်တွေ အသားတွေ ပေါများနေပြီး လမ်းပေါ်မှာ သာမန်ပြည်သူတွေ အေးခဲသေဆုံးနေရတဲ့ နေရာလေ။ လောကကြီးက တစ်ခါတလေ ဒီလိုပါပဲ။ မလောနဲ့၊ ဖြည်းဖြည်းချင်း သွားပါ"

"ဒါဆို ငါတို့ သင်္ဘောပေါ်က ဆင်းတဲ့အခါ သူတောင်းစားတွေကို အစားအသောက်တွေ ပေးဖို့ မင်းနဲ့ လိုက်ခဲ့မယ်"

"အပြင်မှာ အေးတယ်။ သွားကြစို့။ ငါ့နောက်ကို လိုက်ခဲ့"

လီယွမ်ကျောက်သည် အနည်းငယ် စိတ်ပျက်နေပုံရသော်လည်း ဖန်ကျန်းရီနောက်သို့ အသာတကြည် လိုက် သွားခဲ့သည်။

ဖန်ကျန်းရီသည် သူ့ကို ဘေးတစောင်း ကြည့်ကာ မေးလိုက်၏။ "ဘာလဲ။ မင်း ဒေါသထွက်နေတာလား"

"ဟုတ်တယ်။ အခု ငါ့လက်တွေ ယားနေပြီ၊ တစ်ယောက်ယောက်ကို ရိုက်ပစ်ချင်နေတယ်"

"ကြည့်စမ်း၊ တိုက်ဆိုင်လိုက်တာ၊ ငါလည်း အဲဒီလိုပဲ တွေးနေတာ။ ငါတို့ ပြန်သွားပြီး လျိုကျင်းကို ရိုက်ရင်ရော ဘယ်လိုလဲ"

"ကောင်းတယ်"

...

သူတို့နှစ်ယောက် အရင်နေရာသို့ ပြန်ရောက်လာချိန်တွင် ခန်းမထဲ၌ သာမန်လူများဖြင့် ပြည့်နှက်နေပြီ ဖြစ်သည်။

နံရံတွင် ချိတ်ဆွဲထားသော ကဗျာများသည် မည်မျှ ရှိနေပြီမှန်းပင် မသိနိုင်တော့ချေ။ အောက်ထပ်တွင် ကဗျာများကို ကူးရေးရန် တာဝန်ပေးထားသော အစေခံများ ရှိသည်။ ကူးရေးပြီးနောက် ကဗျာများကို နင်ရှင်း၏ အိပ်ခန်းသို့ ပို့ဆောင်ပေးသည်။ နင်ရှင်း၏ မှတ်ချက်များအပြီးတွင် အစေခံများက အထက်၊ အလယ်၊ အောက် ဟူ၍ သုံးဆင့်ဖြင့် ပြန်ပို့ပေးလေ့ရှိ၏။

ကျန်းချန် ကုလားထိုင်ပေါ်တွင် ထိုင်နေဆဲဖြစ်ပြီး တုန်ယင်နေခဲ့၏။ သူ့ဘေးရှိ လူများ သူ့ကို စကားလာပြောချိန်မှာတော့ သူက ခက်ခဲသော အပြုံးတစ်ခုကိုသာ ပြသပြီး တိတ်ဆိတ်စွာ နေသည်။ တစ်ခါတစ်ရံ လမ်းထလျှောက်နေတတ်သည်။

ခဏမျှ စောင့်ကြည့်ပြီးနောက် နင်ဟုန်ယွမ်သည် ရှေ့သို့ကိုင်းကာ ကျန်းချန်၏ နားထဲသို့ တိုးတိုးလေး ပြောလိုက်၏။ "သခင်လေးကျန်း … အပြင်ထွက်ပြီး စကားနည်းနည်း ပြောရအောင်လား"

ကျန်းချန် ခေါင်းကို မှီကာဖြင့် နင်ဟုန်ယွမ်ကို စိုက်ကြည့်နေခဲ့သည်။

နင်ဟုန်ယွမ်က စိတ်ပျက်လက်ပျက်ဖြင့် ထပ်မံ တီးတိုး ပြောလိုက်၏။ "ဖန်ကျန်းရီ..."

ကျန်းချန် ရုတ်တရက် သတိဝင်လာပြီး နင်ဟုန်ယွမ်ကို နောက်လှည့်ကြည့်လိုက်သည်။ "မင်း ဘယ်သူလဲ"

"ကျုပ် နင်ဟုန်ယွမ် ပါ... သခင်လေးကျန်း၊ ကျုပ်တို့ တွေ့ဖို့ သင့်တော်တဲ့ နေရာတစ်ခု ရှာလို့ရမလား"

"ကောင်းပြီ... သွားကြစို့။"

သူတို့နှစ်ယောက် လူသူကင်းမဲ့သော နေရာတစ်ခုကို ရှာတွေ့သွားပြီး နင်ဟုန်ယွမ်က အရင်ဆုံး ဦးညွှတ်ကာ နှုတ်ဆက် လိုက်၏။ "ဟုန်ယွမ် က သခင်လေးကျန်းကို အရိုအသေပေးပါတယ်။"

"ငါ မင်းကို မသိဘူး။ မင်းကို ဘယ်သူ ဖိတ်တာလဲ" ကျန်းချန်သည် နင်ဟုန်ယွမ်ကို စိုက်ကြည့်နေစဉ် သူ၏ စိတ်ထဲတွင် တစ်ခုခုကို အဆက်မပြတ် တွေးတောနေခဲ့သည်။

နင်ဟုန်ယွမ် အနည်းငယ် ပြုံးလိုက်၏။ "သခင်လေး... ကျုပ် ကဗျာရွတ်ပွဲ ဖိတ်စာကို တိုက်ဆိုင်စွာ ရခဲ့တာပါ၊ ဒါပေမဲ့ ဒါက အရေးမကြီးပါဘူး။

"အရေးကြီးတာက ဖန်ကျန်းရီက သခင်လေးကျန်းကို ခြိမ်းခြောက်နေတာ ကျုပ် တွေ့လိုက်ရလို့ ဒေါသထွက်ခဲ့ရပါတယ်။”

ကျန်းချန် မျက်နှာနီရဲသွားခဲ့သည်။ သူ ထိုသို့အစော်ကားခံရသည်ကို လူတစ်ယောက် မြင်သွားလိမ့်မည် ဟု မထင်မှတ်ခဲ့ချေ။

"မင်း ဘာလုပ်ချင်လို့လဲ"

"ကျုပ် ဘာမှ မလိုချင်ပါဘူး၊ ဖန်ကျန်းရီက တကယ်ကို လွန်လွန်းတယ်လို့ ထင်လို့ပါ။ သခင်လေး အနည်းငယ် စိုးရိမ်နေတာကို မြင်လိုက်ရတော့... သခင်လေးကို သတိပေးဖို့ လာတာပါ..."

"မင်း ငါ့ကို ဘာသတိပေးချင်တာလဲ"

"ဖန်ကျန်းရီက အခုလေးတင် သခင်လေးကျန်းကို အတင်းအဓမ္မ ခြိမ်းခြောက်ခဲ့တာ မဟုတ်ဘူးလား" နင်ဟုန်ယွမ်က မေးလိုက်၏။

ခုနက ဖြစ်ပျက်ခဲ့သည်များကို မှတ်မိသွားသော ကျန်းချန်သည် နာကျင်စွာဖြင့် မျက်လုံးများကို မှိတ်လိုက်သည်။ "ဟုတ်တယ်။ သူ့မှာ ဓားတွေ... လက်နက်တွေ အများကြီး ရှိတယ်။ ဖန်ကျန်းရီက ငါ သူ့ကို ထပ်စရင် ငါ့အတွက် အခြေအနေ ကောင်းမှာ မဟုတ်ဘူးလို့ ပြောတယ်။"

နင်ဟုန်ယွမ် သူ့ကို အထင်သေးစွာ ကြည့်လိုက်၏။ ဤကျန်းချန်က ဤမျှ ကြောက်ရွံ့တတ်သောသူ ဖြစ်နေလိမ့်မည် ဟု သူ မထင်မှတ်ခဲ့ပေ။

ထို့ကြောင့် သူက ပြောလိုက်၏။ "သခင်လေး... ခင်ဗျား ဘယ်လောက်တောင် မိုက်မဲလိုက်လဲ။ ဖန်ကျန်းရီက ခင်ဗျားရဲ့ ဆံပင်တစ်ပင်ကိုတောင် ထိရဲမှာမဟုတ်ဘူး။

သူက လက်ရှိ အရှေ့နန်းတော်မှာ တာဝန်ထမ်းဆောင်နေပြီး အိမ်ရှေ့စံမင်းသားကို စာသင်ပေးနေတာ။ ပြီးတော့ သခင်လေးက နန်းတော်မှာ ရာထူးကြီးတဲ့ အရာရှိတစ်ယောက်ရဲ့ သားလေ။ ဖန်ကျန်းရီက သခင်လေးကို ထိခိုက်အောင် လုပ်လောက်တဲ့အထိ ရူးမိုက်ဖို့ ဘယ်လိုဖြစ်နိုင်မှာလဲ။

တကယ်လို့ သူက ဒီလိုလုပ်ဖို့ ရဲတင်းတယ်ဆိုရင် ဧကရာဇ်က သူ့ကို ချက်ချင်း ရာထူးကနေ ထုတ်ပယ်ပြီး သုခဘုံ ထောင်ထဲမှာ အကျဉ်းချထားလိမ့်မယ်။

သခင်လေးရဲ့ လေးစားရတဲ့ ဖခင်ကလည်း နန်းတော်မှာ အမှုထမ်းနေတာဆိုတော့ သူက အတိုင်းအတာ တစ်ခုအထိတော့ ထည့်စဉ်းစားရမှာပေါ့။ ဒါကြောင့် ဖန်ကျန်းရီက သခင်လေးရဲ့ ဆံပင်တစ်ပင်ကိုတောင် မထိရဲဘူးလို့ ကျုပ် အာမခံတယ်"

အပိုင်း (၆၀) ငါ လုံးဝ အရှက်ကွဲပြီ။

“တကယ်လား။”

‘ဟုတ်တယ်... ဟုတ်တယ်၊ ဟုတ်တယ်။ နင်ဟုန်ယွမ် ပြောတာ မှန်တယ်။ ငါ အရမ်း စိုးရိမ်ပြီး စိတ်လွတ်သွားတာ... တစ်ခဏလောက်တော့ ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ခဲ့ဘူး။’

ကျန်းချန် ရုတ်တရက် အခြေအနေကို သတိပြုမိသွားသည်။ သူ၏ စိတ်ဓာတ်များ ထက်ဝက်ကျော် ပြန်လည် မြင့်တက်လာခဲ့၏။

"သခင်လေးကျန်းက ဖန်ကျန်းရီကို ဒေါသထွက်အောင် ဘာတွေများ လုပ်ခဲ့လို့လဲ" နင်ဟုန်ယွမ်က အံ့အားသင့်စွာ မေးလိုက်သည်။

ကျန်းချန်သည် နင်ဟုန်ယွမ်၏ စကားများကြောင့် ဉာဏ်အလင်းပွင့်သွားသည်။ သူ၏ ရင်ထဲတွင် မလွှဲမရှောင်သာ ယုံကြည်မှု တစ်ခု ဖြစ်ပေါ်လာခဲ့၏။

"အရေးမကြီးပါဘူး။ ဒီဖန်ကျန်းရီက ငါတို့ မိသားစုရဲ့ အစေခံကို ရိုက်နှက်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့ နန်းတွင်းက စွမ်းဆောင်ရည်အကြောင်း အဖေ ပြောတာကိုလည်း ကြားခဲ့ရတယ်။ ဒီလူက သစ္စာဖောက် လူယုတ်မာ တစ်ယောက်လို့ ကျုပ် ကြားထားတယ်။

ငါ မယုံကြည်လို့ ဖန်ကျန်းရီရဲ့ စွမ်းရည်တွေကို စမ်းသပ်ချင်ခဲ့တာ။ ဒါပေမဲ့ ဒီလို ခြိမ်းခြောက်ခံရလိမ့်မယ်လို့ မမျှော်လင့်ခဲ့ဘူး... ညီအစ်ကိုရဲ့ရှေ့မှာ ရှက်စရာကောင်းလိုက်တာ။"

နင်ဟုန်ယွမ်က အနည်းငယ် ပြုံးလိုက်၏။ "သခင်လေးကျန်းက အရမ်း နှိမ့်ချတာပဲ။ ကျုပ်တို့က သိမ်မွေ့တဲ့ ပညာရှင်တွေနဲ့ပဲ ပုံမှန် ဆက်ဆံလေ့ရှိတာလေ။ ဒီလို ကြမ်းတမ်းတဲ့ လူတွေနဲ့ ဘယ်မှာ တွေ့ဖူးမှာလဲ။ ခဏတာ ထိတ်လန့်သွားတာကတော့ သဘာဝပါပဲ။"

ဤစကားကို ကြားချိန်မှာတော့ ကျန်းချန်သည် တစ်ဖက်လူကို ပို၍ပို၍ သဘောကျလာခဲ့သည်။

ဒီလူက အကြံပေးရုံတင်မကဘူး၊ ငါ့အတွက် အရှက်ပြေထွက်ပေါက်တစ်ခုပါ ရှာပေးခဲ့တယ် .. မဆိုးဘူး။

နင်ဟုန်ယွမ်က အထင်ကြီးလောက်စရာ ဆက်ပြောလိုက်၏။ "အကယ်၍ ခင်ဗျားက သူ့ကို အရူးတစ်ယောက်လို ဖြစ်အောင် လုပ်ချင်တယ်ဆိုရင် ဒါက သိပ်မခက်ပါဘူး။ ဒီလူရဲ့ အပြုအမူက ရိုင်းစိုင်းပြီး ယုတ်မာတယ်လို့ ကျုပ် သတိထားမိတယ်။ သူ့ရဲ့ လက်ရှိ အောင်မြင်မှု အများစုက ပရိယာယ်နဲ့ အခွင့်အရေးယူမှုတွေအပေါ် အခြေခံထားတာ ဖြစ်ရမယ်။ သူ့ရဲ့ စာပေပါရမီကတော့... သိပ်များများစားစား မရှိလောက်ဘူး။

ဘာလို့ ကျုပ်တို့ သူ့ကို လူသိရှင်ကြား ကဗျာတစ်ပုဒ် မရေးခိုင်းရမှာလဲ။ အဲဒါဆို သူ့ရဲ့ မျက်နှာအစစ်အမှန် သေချာပေါက် ပေါ်လွင်သွားလိမ့်မယ်။"

"ဒါက..."

ကျန်းချန် တွန့်ဆုတ်သွားသည်ကို မြင်ချိန်မှာတော့ နင်ဟုန်ယွမ်က ချက်ချင်း ကတိပေးလိုက်၏။ "ကျုပ် သခင်လေးနဲ့ အတူ လိုက်ပေးမယ်။ စိတ်မပူပါနဲ့။ ဖန်ကျန်းရီက သေချာပေါက် အကြမ်းဖက်ဖို့ မရဲပါဘူး။"

ဤသည်ကို ကြားချိန်မှာတော့ ကျန်းချန်သည် နင်ဟုန်ယွမ်၏ လက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်သည်။ "ကျေးဇူးတင်ပါတယ် နင်ဟုန်ယွမ်။ ကဗျာရွတ်ပွဲ ပြီးသွားရင် ငါ့အိမ်ကို လိုက်လည်ဖို့ ဖိတ်ခေါ်ပါတယ်။"

ကျန်းချန်က သူ့ကို ဤမျှအလွယ်တကူ ယုံကြည်သွားသည်ကိုမြင်တော့ နင်ဟုန်ယွမ် ရင်ထဲမှာ အရမ်း ဝမ်းသာသွားခဲ့၏။ 'ငါ့တာဝန် ကျေပြီပဲ။'

ထို့နောက် သူတို့နှစ်ယောက် ဖန်ကျန်းရီထံသို့ အတူတကွ လျှောက်သွားကြသည်။

ဖန်ကျန်းရီသည် သခင်လေး နှစ်ယောက်၏ သဘောမကျဖွယ် ကဗျာတစ်ပုဒ်အပေါ် ပြင်းထန်သော ငြင်းခုံမှုကို နားထောင်နေခဲ့၏။

ရုတ်တရက် လက်ချင်းချိတ်ထားသော အရူးနှစ်ယောက်က သူ့အမြင်အာရုံကို ပိတ်ဆို့သွားသည်။ ဖန်ကျန်းရီ အံ့အားသင့်သွားပြီး ဖြည်းညှင်းစွာ ခေါင်းမော့ကြည့်လိုက်သည် "ဒါ... ဒါ မင်းရဲ့ ရည်းစားသစ်လား။"

ကျန်းချန်က အေးစက်စွာ ပြောလိုက်သည်။ "မဟုတ်တာတွေ မပြောနဲ့။ နင်ဟုန်ယွမ်နဲ့ ကျုပ် သဘောတူညီမှု ရသွားပြီ။ သူက မြို့ဝန်မင်းဖန်ကို လေးစားတယ်ဆိုလို့ မြို့ဝန်မင်းဖန်နဲ့ မိတ်ဆက်ပေးဖို့ အထူးတလည် ခေါ်လာတာ။"

ဖန်ကျန်းရီ "…..."

နင်ဟုန်ယွမ်က လက်သီးဆုပ်ကာ ပြောလိုက်၏။ "မြို့ဝန်မင်းဖန်ကို နှုတ်ဆက်ပါတယ်။"

'ဒီအရာရှိက ခင်ဗျားရဲ့ ဖိတ်စာကို ဒီနေ့ အသုံးပြုရုံတင်မကဘူး၊ ခင်ဗျားကိုပါ ချေမှုန်းပစ်ဦးမယ်' သူက စိတ်ထဲမှ တွေးလိုက်သည်။

ဖန်ကျန်းရီက ခေါင်းညိတ်လိုက်၏။ "ကောင်းပြီ၊ ကောင်းပြီ၊ ကျုပ် ခင်ဗျားတို့ကို လက်ထပ်ပေးဖို့ ဆန္ဒရှိပါတယ်။"

ကျန်းချန် "……."

နင်ဟုန်ယွမ် "….."

လီယွမ်ကျောက် အံ့အားသင့်သွားသော်လည်း ရယ်စရာကောင်းသည်ဟု ထင်သဖြင့် ဘေးမှနေ၍ အဆက်မပြတ် တဟားဟား ရယ်နေခဲ့သည်။

ကျန်းချန်နှင့် နင်ဟုန်ယွမ်တို့က သူ့ကို မျက်မှောင်ကြုတ်ကာ ကြည့်လာကြ၏။

ကျန်းချန်က ပြောလိုက်သည်။ "မြို့ဝန်မင်းဖန်... ဒီနေ့လို ကြီးကျယ်တဲ့ အခမ်းအနားမျိုးက ရှားပါးတယ်လို့ ထင်တယ်။ ဒါကြောင့် မြို့ဝန်မင်းဖန်ကို ကဗျာ ဒါမှမဟုတ် ဇာတ်လမ်းတိုလေး တစ်ပုဒ်လောက် ရေးပေးဖို့ အထူး တောင်းဆိုချင်ပါတယ်။ ပထမအချက်က ကျုပ်တို့ နောင်တမရစေဖို့ဖြစ်ပြီး၊ ဒုတိယအချက်က ကျုပ်တို့ရဲ့ ကျောင်းသား မိတ်ဆွေများစွာရဲ့ သင်ယူချင်တဲ့ ဆန္ဒကို ဖြည့်ဆည်းပေးဖို့ပါ။"

ဖန်ကျန်းရီက အရေးမစိုက်ဟန်ဖြင့် ပြန်ပြော၏။ "ကျန်းချန်လေး ...မင်းရဲ့ မှတ်ဉာဏ်က သိပ်မကောင်းဘူးထင်တယ်။ ဒီအရာရှိ ခုနက ပြောခဲ့တာတွေကို ဒီလောက် မြန်မြန် မေ့သွားတာလား။"

ဖန်ကျန်းရီ၏ အမြင်တွင် ဤအပြုအမူသည် တစ်ယောက်ယောက်က သူ့ကို လူသိရှင်ကြား မျောက်ပြဆန်တောင်း သလို ဖျော်ဖြေခိုင်းခြင်းနှင့် ဘာမှမကွာခြားပေ။ အခြေအနေက အလွန် ဆိုးရွားလှသည်။ ဖန်ကျန်းရီသည် ဤသို့သော အပြုအမူအတွက် အလွန် အဆင်မပြေဖြစ်နေခဲ့သည်။

နင်ဟုန်ယွမ် ချက်ချင်း ဝင်ပါလာပြီး အသံကျယ်ကျယ်ဖြင့် ဝင်ပြော၏။ "မြို့ဝန်မင်းဖန်။ ဒီနေ့ ဒီမှာရှိတဲ့ လူတိုင်းက ခင်ဗျားရဲ့ အရည်အချင်းကို အရမ်း သဘောကျနေကြတာပါ။ ဒီက ကျောင်းသားတွေကို စိတ်မပျက်စေဖို့ လက်ရာတစ်ခု ဖန်တီးပေးပါ။ ကျေးဇူးပြုပြီး လက်ရာလေးတစ်ခုလောက် ဖန်တီးပေးပါ မြို့ဝန်မင်းဖန်။"

သူ အော်လိုက်သည်နှင့် တစ်ပြိုင်နက် လူအုပ်ကြီး၏ အာရုံစိုက်မှုက သူတို့ထံသို့ စတင် ရောက်ရှိလာခဲ့၏။ ပွဲကြည့်ချင်သူများကလည်း ဝိုင်းဝန်း အော်ဟစ်လိုက်ကြသည်။ "နောက်ထပ် လက်ရာကောင်းတစ်ခု ဖန်တီးပါ"

ပါဝင်သူ အရေအတွက် များပြားလာသည်နှင့်အမျှ အော်ဟစ်သံများက ညီညွတ်လာခဲ့၏။

"လက်ရာကောင်းတစ်ခု ဖန်တီးပါ။ တစ်ပုဒ် ရေးပါ။ တစ်ပုဒ် ရေးပါ။"

ဖန်ကျန်းရီက ဤအသံများကို နားထောင်ရင်း ကျန်းချန်ကို ထရိုက်ဖို့ စဉ်းစားလိုက်သည်။ ထိုအချိန်မှာပဲ ရုတ်တရက် တစ်စုံတစ်ယောက်က သူ၏ လက်ကို လှမ်းဆွဲသည်။ လီယွမ်ကျောက်ပင်။

လီယွမ်ကျောက် ရှေ့သို့ ကိုင်းကာ တိုးတိုးလေး ပြောလာ၏။ "ဖန်ကြီး... ဧည့်သည်တွေက တောင်းဆိုမှဒက ကြမ်းတမ်းနေတယ်။"

"ဟက်ဟက်... အိမ်ရှေ့စံသာ ဒီမှာမရှိရင် သူတို့ မှောက်နေလောက်ပြီ။"

"ဖန်ကြီး .. မင်း ကဗျာရေးတတ်လား။"

"အဲဒီကိစ္စမှာတော့ ငါတို့က အတူတူပဲ။ “

စိတ်မပူပါနဲ့။ သူတို့ကို အနိုင်ယူဖို့ နည်းလမ်းတစ်ခု ရှာကြရင်ရော ဘယ်လိုလဲ။"

ဖန်ကျန်းရီက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။ "အိမ်ရှေ့စံက အလွယ်လေး ပြောတာပဲ။ ဒါပေမဲ့ ဘယ်လိုလုပ် စိတ်မပူဘဲ နေနိုင်မှာလဲ..."

ဖန်ကျန်းရီ စကားမဆုံးမီမှာပဲ ကျန်းပြောင် ဒေါသထွက်လာသည်။ စားပွဲကို ခြေထောက်ဖြင့် ကန်ကာ ဟအာ်လိုက်၏။ "အားလုံး ပါးစပ်ပိတ်ထားကြ။"

လေထုက ရုတ်တရက် တိတ်ဆိတ်သွားသည်။ လူတိုင်းက ကျန်းပြောင်ကို အံ့သြစွာ ကြည့်လိုက်ကြ၏။

ကျန်းပြောင်၏ ကြီးကျယ်ခမ်းနားသော အသွင်အပြင်ကို မြင်ချိန်မှာတော့ ကျန်းချန် အနည်းငယ် ကြောက်သွားမိပြန်သည်။ ဤအကောင်၏ အဝတ်အစားအောက်၌ လက်နက်တွေ အများကြီး ရှိလို့နေသည်။

သို့သော်ငြား နင်ဟုန်ယွမ်က မကြောက်ဘဲ ပြုံးလျက် ပြောလိုက်၏။ "မြို့ဝန်မင်းဖန်... ဒါ ခင်ဗျားရဲ့ ကိုယ်ရံတော်လား။ သူက ဘယ်လိုလုပ် ဒီလောက် ရိုင်းစိုင်းနိုင်ရတာလဲ။ ဒီလို ဆိုးသွမ်းတဲ့လူက ခင်ဗျားနဲ့ အတူရှိနေတာက မြို့ဝန်မင်းဖန်ရဲ့ နာမည်ကောင်းကို တကယ်ပဲ ထိခိုက်စေပါတယ်။"

ဖန်ကျန်းရီသည် နင်ဟုန်ယွမ်ကို မျက်လုံးမှေးကာ ကြည့်လိုက်သည်။

‘ဒီမောက်မာတဲ့သူက တကယ်ကို အနှောင့်အယှက်ပေးတာပဲ။ ဒါပေမဲ့ အရမ်း သတ္တိရှိတယ်... သူ့ရဲ့ သဘောထားကို ကြည့်ရတာ နောက်ခံအကြောင်းအရင်း တစ်ခုခု ရှိပုံရတယ်။'

သို့ပေမည့် ကျန်းပြောင်ကို ရမ်းကားသည်ဟု ပြောဆိုချိန်မှာတော့ ဖန်ကျန်းရီ မပျော်မရွှင် ဖြစ်သွားခဲ့၏။

"ဒီအရာရှိ မြို့တော်ကို ရောက်ကတည်းက မိစ္ဆာတွေ၊ သရဲတစ္ဆေတွေက ဒီအရာရှိကို နှောက်ယှက်နေကြတယ်။ သူတို့ကို ဟန့်တားဖို့ ကြမ်းတမ်းတဲ့ လူကို ခေါ်လာတာ ပိုကောင်းပါတယ်။ တကယ်လို့ ဒီအရာရှိက ခင်ဗျားလို သိမ်မွေ့တဲ့လူတွေကို ခေါ်လာမယ်ဆိုရင် အခုလောက်ဆို ထိခိုက်နစ်နာနေလောက်ပြီ" သူက ပြန်ပြောလိုက်သည်။

ဤစကားကို ကြားချိန်မှာတော့ ကျန်းပြောင်သည် ကမ္ဘာပေါ်တွင် အကြမ်းတမ်းဆုံး လူတစ်ယောက်ဖြစ်ရသည်ကို ဂုဏ်ယူ သွားခဲ့၏။

လီယွမ်ကျောက်သည် ဖန်ကျန်းရီကို မျက်လုံးများဖြင့် အဆက်မပြတ် အရိပ်အမြွက် ပြနေခဲ့သည်။ သူလည်း ကြမ်းပြချင်ပုံပင်။

ပတ်ဝန်းကျင်မှ အောင့်ထားသော ရယ်သံများကို ကြားရချိန်မှာတော့ နင်ဟုန်ယွမ်၏ မျက်နှာသည် ချက်ချင်း ခရမ်းပြာရောင် သန်းသွားခဲ့သည်။

ဘယ်သူလဲ။ ဘယ်သူ့ကို သိမ်မွေ့တယ်လို့ ခေါ်တာလဲ။

သို့သော်လည်း နင်ဟုန်ယွမ်သည် သူ၏ရင်ထဲရှိ မကျေနပ်ချက်များကို ဖိနှိပ်လိုက်သည်။ သူ၏ သိမ်မွေ့မှုကို ဆက်လက် ထိန်းသိမ်းထားပြီး ပြောလိုက်၏။ "ဟားဟား ... မြို့ဝန်မင်းဖန် နောက်နေတာပါ။ ကျေးဇူးပြုပြီး ကဗျာ ဒါမှမဟုတ် ဇာတ်လမ်းတိုလေး တစ်ပုဒ်လောက် ရေးပါ..."

"ကောင်းပြီလေ။ လူတိုင်းက ဒီလောက် စိတ်အားထက်သန်စွာနဲ့ ဖိတ်ခေါ်နေမှတော့ ဒီအရာရှိက ဘယ်သူ့ကိုမှ လေးစားမှု မပေးဘဲ မနေနိုင်ပါဘူး။ လာကြ... တစ်ယောက်ယောက် စုတ်တံနဲ့ မှင် ယူလာခဲ့။"

ဒီနေ့က အချိန်ကောင်းမဟုတ်ဘူး။ ခွေးကောင်နှစ်ကောင်လုံးကို သတ်ဖို့ နောက်မှ အခွင့်အရေး ရှာရမယ်။

ဖန်ကျန်းရီ အတည်ပြုလိုက်သည်ကို မြင်ချိန်မှာတော့ ကျန်းချန်တို့နှစ်ယောက် အချင်းချင်း ပြုံးပြလိုက်ကြ၏။

မကြာမီမှာပင် စုတ်တံနှင့် မှင် အသင့်ဖြစ်နေခဲ့သည်။

ဖန်ကျန်းရီက စုတ်တံကို ယူကာ သူ၏ စိတ်ထဲရှိ ကဗျာများကို စတင် မှတ်မိအောင် ကြိုးစား၏။ ကံကောင်းထောက်မစွာဖြင့် ယနေ့ ကဗျာပွဲက ခေါင်းစဉ် သတ်မှတ်ချက်မျိုးမရှိပေ။ မဟုတ်ပါက သူ တော်တော် ဦးနှောက်ခြောက်ရပေလိမ့်မည်။

ဖန်ကျန်းရီ အကြောင်းအရာကို အလျင်အမြန် ဆုံးဖြတ်လိုက်သည်။ တည်ငြိမ်စွာဖြင့် စတင် ရေးသားတော့သည်။

ကျန်းချန်နှင့် နင်ဟုန်ယွမ်တို့က အသက်အောင့်ကာ စားပွဲကို ကြည့်နေကြ၏။

"ညနေခင်းမှာ ပုရစ်တွေရဲ့ အေးစက်တဲ့ အသံတွေက ရှည်လျားတဲ့ မဏ္ဍပ်ရှေ့မှာ ညည်းတွားနေပြီး၊ ရုတ်တရက် မိုးသည်းထန်စွာ ရွာသွန်းလာခဲ့တယ်။ ကျုပ်တို့ မြို့တံခါးဝမှာ အရက်သောက်ကြတယ်...

...သစ်ပင်တွေ၊ မနက်ခင်း လေပြည်နဲ့ မှေးမှိန်နေတဲ့ လမင်း။ အဲဒီနောက်မှာတော့ ကောင်းမွန်တဲ့ အချိန်တွေက အလဟဿ ဖြစ်သွားလိမ့်မယ်။"

စုတ်တံ လှုပ်ရှားမှုက ရုတ်တရက် ရပ်တန့်သွားသည်။ ဖန်ကျန်းရီ၏ အမူအရာ ချက်ချင်း အေးခဲသွားခဲ့သည်။

အာ... သောက်ကျိုးနည်း။ နောက်ဆုံး စာကြောင်းနှစ်ကြောင်းက ဘာပါလိမ့်။ တက္ကသိုလ် ဝင်ခွင့်စာမေးပွဲ မေးခွန်း မှာ ငါ အဲတာနဲ့ပဲ ဒုက္ခရောက်ခဲ့တာ။ အခုလည်း မေ့သွားပြန်ပြီ။

အခု ပြန် ပြောင်းဖို့ နောက်ကျသွားပြီလား။ ဘာလုပ်ရမလဲ။ ဘာလုပ်ရမလဲ။

ဖန်ကျန်းရီ လုံးဝ အရှက်ကွဲသွားသည်။ ကျန်းချန်နှင့် နင်ဟုန်ယွမ်တို့ သူ့ကို ကြည့်ပြီး ချွေးတွေ ရွှဲနေသည်ကိုပင် သူ သတိမပြုမိတော့ပေ။

ကျန်းချန်က နင်ဟုန်ယွမ်ကို စိုးရိမ်တကြီးဖြင့် တိုးတိုးလေး ပြောလိုက်၏။ "နင်ဟုန်ယွမ်... သူ တကယ်ပဲ ပါရမီရှိတာ ထင်တယ်။ ငါတို့ ဘာလုပ်သင့်လဲ။ "

All Chapters