အခန်း (၂၆၁-၂၆၂)
Vol. 27 Ch. 261-262
အခန်း ၂၆၁ - ပုကျိုးတောင်ပေါ်ရှိ မိစ္ဆာမျိုးနွယ်စု အင်အားစု
“စိတ်ဝင်စားစရာပဲ... သွေးမိစ္ဆာမျိုးစေ့ က သူ့ရဲ့ ဝိညာဉ် ကို လုံးလုံးလျားလျား မျိုချသွားတာလား... ဒါမှမဟုတ် ပြန်လည်ရှင်သန်ဖို့ ဖြစ်နိုင်ခြေ ရှိသေးလား...”
ထျန်းယွမ် သည် လျန့်မော အင်မော်တယ် မဟာဧကရာဇ် နှင့်အတူ ထွက်ခွာသွားသည်ကို ကြည့်ရင်း ဝူဟောက် တစ်ယောက် နက်နက်နဲနဲ တွေးတောနေမိသည်။
သို့သော် အတန်ကြာပြီးနောက် ဝူဟောက် သည် ခေါင်းကို ညင်သာစွာ ခါယမ်းလိုက်သည်။
လျန့်မော အင်မော်တယ် မဟာဧကရာဇ် ၏ အတွင်း၌ ကိုယ်ပိုင် အသိစိတ် အနည်းငယ် ကျန်ရှိနေသေးကြောင်း သူ ခံစားမိသည်။ အကယ်၍ သူသာ ၎င်းကို လှုံ့ဆော်မည်ဆိုပါက ၊ လျန့်မော အင်မော်တယ် မဟာဧကရာဇ် သည် ပြန်လည် ရှင်သန်လာနိုင်ခြေ ရှိသည်။
ထိုအတွေးဖြင့် ဝူဟောက် သည် လှည့်ထွက်သွားခဲ့၏။
အခု အချိန်မတန်သေးဘူး... စစ်ပွဲစတဲ့အခါ လျန့်မော အင်မော်တယ် မဟာဧကရာဇ် ကို ငါတို့ရဲ့ နယ်ရုပ် တစ်ရုပ်အနေနဲ့ အသုံးပြုလို့ ရနိုင်တယ်...
…
ဘုန်း...
ပုကျိုးတောင် ပေါ်တွင် မိစ္ဆာသားရဲ ထောင်ပေါင်းများစွာသည် ဝူယိတောက်၏ ရှေ့၌ ရပ်နေကြပြီး သူတို့၏ ချီ အငွေ့အသက်မှာ အနည်းဆုံး လျိုထျန်းရွှေအင်မော်တယ် အဆင့်တွင် ရှိကြပေသည်။
ဝူယိတောက်သည် ဖရိုဖရဲ လှံ ကို ကိုင်ဆောင်ကာ သူ့ရှေ့က မိစ္ဆာမျိုးနွယ်စု များကို ကြည့်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။
“လူကြီးမင်းတို့... ကျွန်တော်က လမ်းကြုံလို့ ဖြတ်သွားတာပါ... ခင်ဗျားတို့အပေါ် ဘာမကောင်းတဲ့ အကြံအစည်မှ မရှိပါဘူး... ကျေးဇူးပြုပြီး ရပ်ပေးပါ...”
သူ့ရှေ့က မိစ္ဆာသားရဲ အုပ်စုကို ဝူယိတောက် မှတ်မိပေသည်။ သူတို့သည် နာမည်ကျော် ခရမ်းမိုးကြိုးသိမ်းငှက်များ ဖြစ်ကြပြီး အဖွဲ့ဝင်တိုင်းသည် မိုးကြိုးနှင့် ပတ်သက်၍ နက်ရှိုင်းသော ကျွမ်းကျင်မှု ရှိကြသည်။ ဝူယိတောက်သည် အမှတ်မထင် ဖြတ်သွားစဉ် ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် နှင့် ရင်ဆိုင်ခဲ့ရခြင်း ဖြစ်သည်။
သူ၏ ရိုးသားမှုကို ပြသရန် ဝူယိတောက်သည် သူ၏ ဖရိုဖရဲ လှံ ကိုပင် ကိုယ်တိုင် အစပြု၍ သိမ်းဆည်းလိုက်၏။
သို့သော် ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်စု သည် မလှုပ်မယှက် ရှိနေဆဲဖြစ်ပြီး ဝူယိတောက်ကို ခြိမ်းခြောက်သည့် အကြည့်ဖြင့် ကြည့်နေကြသော်လည်း ၊ တိုက်ခိုက်မည့် အရိပ်အယောင် မပြခဲ့ချေ။ ယခင်က သူတို့၏ တိုက်ခိုက်မှုမှာ သူ့ကို တားဆီးရန် သက်သက်သာ ဖြစ်ပေသည်။
ဤသို့သော အင်အားပြသမှုက သူတို့သည် တစ်ခုခုကို စောင့်ဆိုင်းနေသည်ဟု ဝူယိတောက်အား ခံစားရစေသည် ။
ဝူယိတောက်ဘက်မှ မတုံ့ပြန်နိုင်မီ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ၏ ရှေ့၌ ပုံရိပ်တစ်ခု ပေါ်လာရာ ၊ ဝူယိတောက်ကို အနည်းငယ်တုန်လှုပ်သွားစေသည်။
တစ်ဖက်လူထံမှ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် ကို သူ ခံစားလိုက်ရသည်။ ပုကျိုးတောင် သို့ ရောက်ရှိပြီး မကြာမီ သူသည် အင်မော်တယ်ဘုရင် အဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့သော်လည်း ၊ သူသည် ထိုပုံရိပ်ကို မြင်လိုက်ရချိန်တွင် တုန်လှုပ်သွားသည်ကို သင်သိထားရမည်။ထို့ကြောင့် တစ်ဖက်လူ၏ နယ်ပယ် သည် အနည်းဆုံး အင်မော်တယ် အရှင်မြတ် အဆင့်တွင် ရှိရမည်ဖြစ်သည်။
ထွက်ပေါ်လာပြီးနောက် တစ်ဖက်လူသည် လူသားပုံစံသို့ အလျင်အမြန် ပြောင်းလဲသွားပြီး သူ၏နောက်ရှိ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ကို ပြောဆိုလိုက်၏။
“နောက်ဆုတ်လိုက်... ဒီလူက ငါတို့ မျိုးနွယ်စု အတွက် ဘာအန္တရာယ်မှ မရှိဘူး...”
ရုတ်တရက် ပေါ်လာသော ခရမ်းရောင်မိုးကြိုးသိမ်းငှက် က ထိုသို့ပြောပြီးသည်နှင့် သူ၏နောက်ရှိ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်စုများမှာ လူစုကွဲသွားကြပြီး မကြာမီ ထိုနေရာ၌ သူမနှင့် ဝူယိတောက် နှစ်ဦးတည်းသာ ကျန်ရစ်တော့၏။
ထိုအခါမှသာ ဝူယိတောက် သက်ပြင်းချနိုင်ခဲ့သည်။ အကယ်၍ သူသာ သူ့ကိုယ်သူ အားကိုးရမည်ဆိုပါက ၊ ဟွမ့်သွမ် ဝင်မပါသရွေ့ ဤခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်စု တစ်ခုလုံးကို အနိုင်ယူရန်မှာ အတော်လေး ခက်ခဲပေလိမ့်မည်။
ထို့ကြောင့် ဝူယိတောက်သည် တစ်ဖက်လူကို အရိုအသေပြုကာ ကျေးဇူးတင်စကား ဆိုလိုက်သည်။
“ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် စီနီယာ...”
ယခုမှသာ ဝူယိတောက်သည် သူ့ရှေ့က ခရမ်းရောင်မိုးကြိုးသိမ်းငှက် ၏ လူသားပုံစံကို သေချာ စတင်အကဲခတ်ကြည့်ရာ သူမသည် ခရမ်းရောင် ဆံပင်ရှိသော ရင့်ကျက်သည့် အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း တွေ့ရှိလိုက်ရသည်။
“တာအိုမိတ်ဆွေ... ဒီလောက်ထိ ယဉ်ကျေးနေစရာ မလိုပါဘူး... ငါက ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ရဲ့ အကြီးအကဲ တစ်ယောက်ပါ... ငါ့ကို ဇီလဲ့ လို့ပဲ ခေါ်ပါ...”
ဇီလဲ့က ဝူယိတောက်ကို လက်ဝှေ့ယမ်းပြကာ ပြောဆိုလိုက်ပြီးနောက် တစ်ခုခုကို သတိရသွားသည့်အလား တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်၏။
“တာအိုမိတ်ဆွေ က ပုကျိုးတောင် အောက်ကနေ တက်လာတာ ဖြစ်ရမယ်... မကြာသေးခင်က ပုကျိုးတောင် အထက်မှာ သိပ်ပြီး ငြိမ်းချမ်းမှု မရှိဘူး...”
ဤသည်ကို ကြားချိန်တွင် ဝူယိတောက်၏ အမူအရာမှာ အနည်းငယ် တည်ကြည်လေးနက်သွားခဲ့သည်။ ဤလမ်းတစ်လျှောက် သူသည် အထူးတလည် ပြဿနာရှိသော အရာများနှင့် မကြုံတွေ့ခဲ့ရချေ။
“စီနီယာ... စီနီယာ ပြောတဲ့ ငြိမ်းချမ်းမှု မရှိဘူးဆိုတာ က ဘာကိုပြောတာလဲ...”
“မင်း ထပ်မေးနေစရာ မလိုပါဘူး... တကယ်လို့ မင်းက ပုကျိုးတောင် ပေါ်ကို အခွင့်အရေး ရှာဖို့ လာတာဆိုရင် တောင်ပေါ်ကနေ အမြန်ဆုံး ဆင်းသွားတာ ပိုကောင်းမယ်...”
ဇီလဲ့သည် များများစားစား မပြောခဲ့ချေ။ သူမသည် တစ်ခုခုကို သတိထားနေကြောင်း သိသာလှပေ၏။
ဤသည်ကို မြင်ချိန်တွင် ဝူယိတောက်သည် ဆက်မမေးတော့ဘဲ လေးနက်စွာဖြင့် အရိုအသေပြုကာ ပြောဆိုလိုက်၏။
“တောင်းပန်ပါတယ် စီနီယာ... ကျွန်တော်က တောင်ပေါ်ကို အခွင့်အရေး လာရှာတာ မဟုတ်ပါဘူး... တစ်ယောက်ယောက်ကို ကတိပေးထားတာ ရှိလို့ အဖြေလာရှာတာပါ...”
ဝူယိတောက်သည် လမ်းတစ်လျှောက် ပုကျိုးတောင်ပေါ်ရှိ ထူးခြားဆန်းပြားသော အခွင့်အလမ်းများနှင့် ကြောက်မက်ဖွယ် အန္တရာယ်များစွာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထို့ပြင် ပုကျိုးတောင်၏ အတိုင်းအဆမရှိ ကြီးမားကျယ်ပြောလှပုံကို ကိုယ်တိုင်မျက်မြင်တွေ့ရှိခဲ့ရရာ၊ ခိုင်လုံသောအကြောင်းပြချက်မရှိဘဲ ဤနေရာသို့ လာရောက်သူ အဘယ်ကြောင့် နည်းပါးရသနည်းဆိုသည်မှာ သူ့အတွက် အံ့ဩစရာ မဟုတ်တော့ပေ။
ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်စု သည် ဝူယိတောက်ကို သာမန် မျိုးနွယ်ဝင်များဖြင့် ဝိုင်းရံထားခဲ့သော်လည်း သူတို့အားလုံးသည် ယေဘုယျအားဖြင့် လျိုထျန်းရွှေအင်မော်တယ် အဆင့်တွင် ရှိကာ၊ သူ့ရှေ့က အကြီးအကဲသည် အနည်းဆုံး အင်မော်တယ် အရှင်မြတ် အဆင့်တွင် ရှိပေသည်။
၎င်းက ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်စုသည် မည်မျှ စွမ်းအားကြီးမားကြောင်းကို ပြသရန် လုံလောက်ပေသည်။ မျိုးနွယ်စု ခေါင်းဆောင် သည် အနည်းဆုံး အင်မော်တယ် အရှင်မြတ် အဆင့်တွင် ရှိလောက်ပေသည်။
ဝူယိတောက်သည် လမ်းတစ်လျှောက် ဤအဆင့်ရှိ မိစ္ဆာမျိုးနွယ်စု တစ်ရာထက်မနည်း ကြုံတွေ့ခဲ့ရဖူးသည်။
ဤသည်ကို ကြားချိန်တွင် ဇီလဲ့ သည် မျက်မှောင်ကြုတ်သွားပြီး အတန်ကြာမှ သက်ပြင်းချကာ ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
“ဒါဆိုရင်လည်း... မင်း ငါတို့ ခရမ်းရောင်မိုးကြိုးသိမ်းငှက် မျိုးနွယ်စုနဲ့ ခဏလောက် နေပြီး အချိန်တန်ရင် ထွက်သွားလိုက်ပါ...”
ဝူယိတောက်မှာ မငြင်းဆန်ခဲ့ချေ။ ပြီးခဲ့သည့် ကာလအတွင်း သူ၏ အတွေ့အကြုံများကို ပြန်လည်သုံးသပ်ရန် ပိုမိုလုံခြုံသော နေရာတစ်ခုကို ရှာဖွေရန် သူ လိုအပ်သည်။
မကြာမီ ဇီလဲ့၏ စီစဉ်မှုအောက်တွင် ဝူယိတောက်သည် ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် တွင် ဝင်ရောက် နေထိုင်ခဲ့၏။ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်စု က သူ့ကို တိုက်ခိုက်လာနိုင်ခြေ ရှိသော်လည်း ဝူယိတောက်အနေဖြင့် ထိုအကြောင်းကို မတွေးချေ။
မည်သို့ပင်ဆိုစေကာမူ ဖရိုဖရဲ ခေါင်းလောင်း က သူ့ကို ကာကွယ်ပေးထားသဖြင့် ခရမ်းမိုးကြိုးသိမ်းငှက် မျိုးနွယ်စုဝင်များသည် သေတွင်းထဲသို့ မိမိကိုယ်တိုင် ခုန်ဆင်းလိုစိတ်မရှိပါက သူ့ကို တိုက်ခိုက်ရဲကြမည် မဟုတ်ပေ။
“ဒီနှစ်ယောက်က ခရမ်းမိုးကြိုးသိမ်းငှက် မျိုးနွယ်စုဝင်တွေပဲ... ရှင် သိချင်တာရှိရင် သူတို့ကို မေးလို့ရတယ်...”
ဇီလဲ့သည် ဝူယိတောက်၏ အနားတွင် မျိုးနွယ်စုဝင် နှစ်ဦးကို အစောင့်ချပေးခဲ့ပြီးနောက် လှည့်ထွက်သွားလေ၏။ ထွက်သွားသော ပုံရိပ်ကို ကြည့်ကာ ဝူယိတောက်၏ အမူအရာမှာ အနည်းငယ် လေးနက်သွားခဲ့သည်။
ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ၏ ပိုင်နက်ထဲသို့ ဝင်ရောက်ပြီးနောက် ဝူယိတောက်သည် ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ထံမှ မဟုတ်ဘဲ ကောင်းကင်နှင့် မြေကြီးထံမှ ခပ်သဲ့သဲ့ ခြိမ်းခြောက်မှုတစ်ခုကို ခံစားလိုက်ရသည်။
သို့သော် ဝူယိတောက်သည် ထိုအကြောင်းကို သိပ်မတွေးခဲ့ချေ။ သူသည် ခရမ်းရောင်မိုးကြိုးသိမ်းငှက် နှစ်ဦးဘက်သို့ လှည့်ကာ ပြောဆိုလိုက်၏။
“တာအိုမိတ်ဆွေ နှစ်ဦး... ကျွန်တော် ခဏလောက် သီးသန့်လေ့ကျင့်ဖို့ လိုတယ်... ကျေးဇူးပြုပြီး ကိုယ့်အိမ်ကိုယ့်ယာလို သဘောထားပြီး နေကြပါ...”
ထိုသို့ပြောပြီးနောက် ဝူယိတောက်သည် သူ၏ အင်မော်တယ်ဘုရင် အလယ်အလတ်အဆင့် သို့ တက်လှမ်းမည့် ကြိုးပမ်းမှုကို စတင်ရန် သီးသန့်လေ့ကျင့်လိုက်သည်။ခရမ်းမိုးကြိုးသိမ်းငှက် နှစ်ဦးသည်လည်း တစ်ဦးကိုတစ်ဦး အဓိပ္ပာယ်ပါပါ တစ်ချက်ကြည့်လိုက်ကြပြီးနောက် ၎င်းတို့၏ ကျင့်ကြံခြင်းအလုပ်ကိုသာ ပြန်လည်အာရုံစိုက်လိုက်ကြသည်။
အခြားတစ်ဖက်တွင် ဝူယိတောက်ထံမှ ထွက်ခွာလာပြီးနောက် ဇီလဲ့သည် မျိုးနွယ်စု ခန်းမ သို့ ပြန်လာခဲ့သည်။ ထိုနေရာတွင် ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ၏ စွမ်းအားရှင်အားလုံး၊ အင်မော်တယ် အရှင်မြတ် အဆင့် သို့မဟုတ် ထိုအထက် အဆင့်ရှိသူများ စုဝေးနေကြပေသည်။
ဇီလဲ့ ရောက်ရှိလာသည်နှင့် ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ၏ မျိုးနွယ်စု ခေါင်းဆောင် သည် ဇီလဲ့ကို မော့ကြည့်ကာ အေးစက်သော လေသံဖြင့် ပြောဆိုလိုက်၏။
“အနောက်ဘက်က အခြေအနေကို ဖြေရှင်းပြီးပြီလား...”
“မျိုးနွယ်စု ခေါင်းဆောင်... ဖြေရှင်းပြီးပါပြီ...”
ဇီလဲ့က ရိုသေလေးစားစွာ ပြောဆိုလိုက်သည်။ ဤသည်ကို ကြားချိန်တွင် မျိုးနွယ်စု ခေါင်းဆောင် က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် ဆက်လက် ပြောဆိုလိုက်သည်။
“ဒါဆိုရင်လည်း ငါတို့ရဲ့ အစည်းအဝေးကို ဆက်လုပ်ကြတာပေါ့...”
“လူကြီးမင်းတို့... မကြာသေးခင်က ပုကျိုးတောင် မှာ ဖြစ်ပွားခဲ့တဲ့ မငြိမ်မသက်မှုတွေနဲ့ ပတ်သက်ပြီး ဘယ်လိုထင်ကြလဲ...”
ဤသည်ကို ကြားချိန်တွင် ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ၏ မဟာအကြီးအကဲ က စကားပြောလာခဲ့၏။
“မျိုးနွယ်စု ခေါင်းဆောင်... ကျွန်တော့်အမြင်အရတော့ ဒါက ပုကျိုးတောင် ပေါ်က မျိုးနွယ်စု တစ်ခုခုက လုပ်တာ ဖြစ်နိုင်တယ်... ကျွန်တော်တို့ လုပ်ရမှာက မျိုးနွယ်စု တစ်ခုချင်းစီကို သွားပြီး မေးကြည့်ဖို့ပဲ...”
သို့သော် သူ၏ စကားပြောဆိုမှုအပြီးတွင် အခြား အကြီးအကဲ များက ကန့်ကွက်လာကြသည်။
“ဒါက မသင့်တော်ဘူး... ပုကျိုးတောင် မှာ မိစ္ဆာမျိုးနွယ်စု တွေ အများကြီး ရှိတယ်ဆိုတဲ့ အချက်ကို ဘေးဖယ်ထားဦး... ငါတို့ရဲ့ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် က ပုကျိုးတောင် ထက် ပိုအားကောင်းရင်တောင်မှ ငါတို့ အဲဒီလို မလုပ်သင့်ဘူး... ပြီးတော့ ငါတို့ အရင်က အမဲလိုက်ခဲ့တဲ့ မိစ္ဆာသားရဲ တွေက ဘယ်မျိုးနွယ်စုနဲ့မှ သိပ်မတူဘူး...”
ထို့နောက် ဒုတိယ အကြီးအကဲ က ရှေ့ထွက်လာပြီး မျိုးနွယ်စု ခေါင်းဆောင် ကို ဖြည်းညင်းစွာ ပြောဆိုလိုက်၏။
“မျိုးနွယ်စု ခေါင်းဆောင်... တစ်ခုခု မလုပ်ခင် နှစ်ခါပြန် စဉ်းစားပါ...”
အခန်း ၂၆၂ - ထူးဆန်းသော သားရဲ
ဤသည်ကို ကြားချိန်တွင် အကြီးအကဲ များအားလုံးသည် မျိုးနွယ်စု ခေါင်းဆောင် ထံသို့ လှည့်ကြည့်လိုက်ပြီး သူတို့၏ အကြံပြုချက်ကို လက်ခံပေးရန် မျှော်လင့်နေကြ၏။
မျိုးနွယ်စု ခေါင်းဆောင် ၏ နေရာတွင် ထိုင်နေသော မျိုးနွယ်စု ခေါင်းဆောင် ဇီယုံ သည် အတန်ကြာ စဉ်းစားပြီးနောက် လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
“ဒီကိစ္စကို အရင်ဆုံး သေချာ စုံစမ်းကြည့်ကြတာပေါ့... တကယ်လို့ ငါတို့ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် က အလျင်စလို မေးမြန်းလိုက်မယ်ဆိုရင် တခြား မိစ္ဆာမျိုးနွယ်စု တွေကြားမှာ မကျေနပ်မှုတွေ ဖြစ်လာနိုင်တယ်...”
“ဟုတ်ကဲ့ပါ မျိုးနွယ်စု ခေါင်းဆောင်...”
မကြာမီ ထိုနေရာရှိ အကြီးအကဲ များအားလုံး မျိုးနွယ်စု ခန်းမ မှ ထွက်ခွာသွားကြပြီး ဇီလဲ့နှင့် ဇီယုံ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
“မျိုးနွယ်စု ခေါင်းဆောင်...”
“အင်း... ဒီကိစ္စနဲ့ ပတ်သက်ပြီး သဲလွန်စ တချို့ ရှိတယ်... ငါ့ရဲ့ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ကို တိုက်ခိုက်ခဲ့တဲ့ သားရဲတွေမှာ ဘယ် ကံကြမ္မာ အဆက်အစပ်မှ မရှိဘူး... စွမ်းအားကြီးမားတဲ့ သူတစ်ယောက်က အဲဒါတွေကို ဖျက်ပစ်လိုက်တာ ဖြစ်နိုင်တယ်... ဒါကိုကြည့်ရင် ရန်သူ အင်အားစု တစ်ခုက ငါတို့ရဲ့ ခရမ်းမိုးကြိုးသိမ်းငှက်တွေကို တိုက်ခိုက်တော့မယ်ဆိုတဲ့ လက္ခဏာပြနေတယ်... ဒီကိစ္စကို ငါတို့ သေချာ စုံစမ်းရမယ်...”
ဇီယုံ၏ အမူအရာမှာ အလွန်တည်ကြည်လေးနက်နေခဲ့သည်။ သူသည် ပင်ပန်းနေပုံရသော မျက်ခုံးများကို ပွတ်သပ်ရင်း ပြောဆိုလိုက်၏။
ဤသည်ကို ကြားချိန်တွင် ဇီလဲ့ သည် ခေါင်းညိတ်လိုက်သော်လည်း တစ်ခုခုကို သတိရသွားသည့်အလား အလျင်အမြန် ပြောဆိုလိုက်သည်။
“မျိုးနွယ်စု ခေါင်းဆောင်... အရင်က အနောက်ဘက်မှာ ဖြစ်ခဲ့တဲ့ ကိစ္စက ပုကျိုးတောင် ရဲ့ အပြင်ဘက်ကနေ လာတဲ့ လူသားမျိုးနွယ် တစ်ယောက်နဲ့ သက်ဆိုင်တယ်...” အဲ့ ကျင့်ကြံသူ က ကျွန်မတို့ရဲ့ ပိုင်နက်ထဲကို အမှတ်မထင် ရောက်လာတာပါ... ဒါပေမဲ့ သူ့ကို နေရာချထားပေးလိုက်ပါပြီ…”
ပုကျိုးတောင် ၏ အပြင်ဘက်မှ လူသားမျိုးနွယ် ကျင့်ကြံသူ ဟု ကြာလိုက်ရချိန်တွင် ဇီယုံ၏ မျက်နှာပေါ်၌ ဇဝေဇဝါ ဖြစ်သော အရိပ်အယောင် အချို့ ဖြတ်ပြေးသွားခဲ့၏။
“ပုကျိုးတောင် ရဲ့ အပြင်ဘက်က လူသားမျိုးနွယ် ကျင့်ကြံသူ... ငါတို့ ပုကျိုးတောင် နဲ့ အထက်ကမ္ဘာ က ဆက်သွယ်မှု မရှိသလောက်ပဲ ... သူက ဘာလို့ ပုကျိုးတောင် ကို ရုတ်တရက် ရောက်လာရတာလဲ…”
“တစ်ဖက်လူ ပြောစကားအရဆိုရင် သူက တစ်ယောက်ယောက်ကို ကတိပေးထားတာ ရှိလို့ ပုကျိုးတောင် ကို လာခဲ့တာတဲ့... ပြီးတော့ အချိန်တစ်ခုကြာရင် သူ ထွက်သွားလောက်တယ်...”
ဇီလဲ့က အလျင်အမြန် ပြောဆိုလိုက်၏။
ဤသည်ကို ကြားချိန်တွင် ဇီယုံသည် ခေါင်းညိတ်လိုက်သည်။
“ငါတို့ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် က လူသားမျိုးနွယ် အပေါ် ဘာမကောင်းတဲ့ အကြံအစည်မှ မရှိလို့သာ... တကယ်လို့ တခြား မိစ္ဆာမျိုးနွယ်စု သာဆိုရင် သူ အခုလောက်ဆို သေနေလောက်ပြီ...”
“ကောင်းပြီ... မင်း သွားလို့ရပြီ... အင်မော်တယ် အရှင်မြတ် အဆင့်ကို အမြန်ဆုံး ချိုးဖောက်ဝင်ရောက်နိုင်ဖို့ ကြိုးစားပါ...”
“ဟုတ်ကဲ့ပါ မျိုးနွယ်စု ခေါင်းဆောင်...”
ဤသည်ကို ကြားချိန်တွင် ဇီလဲ့ သည် ချက်ချင်း အောက်ထပ်သို့ ဆင်းသွားပြီး ၊ ဇီယုံက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။
သူ၏ နက်နဲသော အကြည့်သည် အဆုံးမဲ့ ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ဝူယိတောက် သီးသန့်လေ့ကျင့်နေသော နေရာဆီသို့ ရောက်ရှိသွားပြီး သူ့ကိုယ်သူ တီးတိုးပြောလိုက်၏။
“စိတ်ဝင်စားစရာပဲ... သူ့ဆီမှာ ငါ ဖတ်လို့မရတဲ့ အငွေ့အသက် တစ်ခု ရှိနေတယ်... သူ့အနေနဲ့ ငါတို့ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်စု အပေါ် ဘာမကောင်းတဲ့ အကြံအစည်မှ မရှိဖို့ မျှော်လင့်ပါတယ်...”
“ ပြီးတော့ ဒီထူးဆန်းတဲ့ သားရဲထဲမှာ ငါ ဖောက်ထွင်းမမြင်နိုင်တဲ့ အငွေ့အသက် တစ်ခု ပါဝင်နေတယ်... မကြာသေးခင်က ပုကျိုးတောင် ရဲ့ မငြိမ်မသက်မှုတွေနဲ့ ပေါင်းစပ်လိုက်ရင် ဆိုးရွားတဲ့ဖြစ်ရပ်တွေ မကျရောက်လာစေဖို့ပဲ မျှော်လင့်ပါတယ်...”
ဤသည်ကို တွေးမိချိန်တွင် ဇီယုံ တစ်ယောက် မျက်လုံးများကို မှိတ်ကာ သက်ပြင်းချမိလေ၏။
အခြားတစ်ဖက်တွင် ဇီယုံ၏ နတ်အသိစိတ် သည် ဝူယိတောက်ထံမှ ဖယ်ခွာသွားပြီးနောက် ဟွမ့်သွမ် သည် ဝူယိတောက်ထံမှ ခုန်ဆင်းလာကာ ပြောဆိုလေ၏။
“ကျွန်မ ပြောနေတယ်လေ... လူတွေက ရှင့်ကို ဒီလို အနိုင်ကျင့်နေတာတောင် ရှင်က ပြန်မတိုက်ဘူး... ရှင် တကယ်ကို သည်းခံနိုင်တာပဲ...”
ဤသည်ကို ကြားချိန်တွင် ဝူယိတောက် သည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီး တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး... ပြီးတော့ ဒါက အနိုင်ကျင့်တာလို့ ပြောလို့မရဘူး... ငါက သူများပိုင်နက်ထဲကို အရင် ဝင်သွားတာကိုး...”
ဇီယုံ၏ စူးစမ်းမှုကို ဝူယိတောက်လည်း သတိပြုမိခဲ့သော်လည်း သူသည် ဤအတွက် စိတ်ထဲမထားချေ။ အကယ်၍ မည်သည့်နောက်ခံမှမသိရသော တစ်စုံတစ်ယောက်က သူ့ထံသို့ လာခဲ့ပါက သူလည်း အလားတူ ရွေးချယ်မှုမျိုး ပြုလုပ်မည်ဖြစ်သည်။
ဝူယိတောက်၏ စကားကို ကြားချိန်တွင် ဟွမ့်သွမ်က စိတ်ပျက်သည့် လေသံဖြင့် ပြောဆိုလိုက်၏။
“ဟေး... ငါ ဂရုမစိုက်တော့ဘူး... လုပ်ချင်တာ လုပ်တော့...”
ထိုသို့ပြောပြီးနောက် ဟွမ့်သွမ်သည် ဝူယိတောက်၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်ရန် ပြင်လိုက်သည်။
ထိုစဉ် ဝူယိတောက် က တစ်ခုခုကို သတိရသွားသည့်အလား အလျင်အမြန် မေးမြန်းလိုက်၏။
“ဒါနဲ့... မင်း ဒီရောက်ပြီးကတည်းက ဒီနေရာနဲ့ ပတ်သက်ပြီး ထူးဆန်းတာ တစ်ခုခု သတိထားမိလား...”
“ ထူးဆန်းတာလား... သေချာတာပေါ့... ဒီက ဟင်းလင်းပြင်က အချိန်မရွေး ပြိုကျတော့မယ့်အတိုင်း အနည်းငယ် မတည်မငြိမ် ဖြစ်နေတယ်... ဒါပေမဲ့ ရှင်က အရမ်းကို အေးဆေးနေတာဆိုတော့ ကိုယ်တိုင်ပဲ သွားစုံစမ်းသင့်တယ်...”
ဟွမ့်သွမ်သည် အမိန့်ကို လျစ်လျူရှုကာ ဝူယိတောက်၏ ခန္ဓာကိုယ်ထဲသို့ ပြန်ဝင်သွားလေ၏။
ဤသည်ကို ကြားချိန်တွင် ဝူယိတောက်၏ အမူအရာမှာ အလွန် လေးနက်သွားခဲ့သည်။
‘ ဟင်းလင်းပြင် မတည်မငြိမ် ဖြစ်နေတယ်…’
အထက်ကမ္ဘာ ၏ ဟင်းလင်းပြင် သည် အလွန် တည်ငြိမ်ကြောင်းကို သင် သိထားရမည်။ အင်မော်တယ် အရှင်မြတ်ပင် မဆိုနှင့် ၊ဘ အင်မော်တယ်ဘုရင်ပင်လျှင် ၎င်းကို ဆုတ်ဖြဲရန် ခက်ခဲပေလိမ့်မည်။
သို့သော် ပုကျိုးတောင် ရှိ ဟင်းလင်းပြင် သည် လက်ရှိတွင် မတည်မငြိမ် ဖြစ်နေပြီး ၊ ပြိုကျသွားနိုင်ခြေ ရှိနေကာ ယင်းက ဝူယိတောက်ကို မသက်မသာ ခံစားရစေသည်။
“ကြည့်ရတာ ငါတို့ အမြန်ဆုံး သန်မာလာဖို့ လိုနေပြီ ထင်တယ်... ဟင်းလင်းပြင်ကို မတည်မငြိမ်ဖြစ်စေတာ ဘာကြောင့်များလဲ ငါ သိချင်မိတယ်...”
ဝူယိတောက် သည် ခေါင်းခါလိုက်ပြီးနောက် ကျင့်ကြံခြင်းကို ပြန်လည် စတင်လေတော့သည်။
တစ်ချိန်တည်းမှာပင် ဝူယိတောက်၏ ခန္ဓာကိုယ်အတွင်း၌ ဟွမ့်သွမ်သည်လည်း ပုကျိုးတောင် ၏ နက်ရှိုင်းသော နေရာကို လှမ်းကြည့်နေပြီး သူ၏ အမူအရာမှာ အလွန် လေးနက်နေခဲ့၏။
“ပုကျိုးတောင် ထဲက ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း က ပြိုကျတော့မယ်လို့ ငါလည်း မထင်ထားခဲ့ဘူး... သခင် က ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း ပြိုကျမှုကို အချိန်မတိုင်ခင် ဖြေရှင်းနိုင်မလား ဆိုတာကို ငါ သိချင်မိတယ်... တကယ်လို့ မဖြေရှင်းနိုင်ဘူးဆိုရင် အဲဒါကို တည်ငြိမ်အောင် လုပ်ဖို့ ငါ ကိုယ်တိုင် ဝင်ပါရတော့မယ် ထင်တယ်...”
ဟွမ့်သွမ်၏ အမြင်တွင် ၊ ပုကျိုးတောင် ၏ နက်ရှိုင်းသော နေရာ၌ ယခင်က အတော်လေး တည်ငြိမ်ခဲ့သော ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း သည် ယခုအခါ ပြိုကျမည့် အခြေအနေသို့ ဦးတည်နေပြီး ၊ ကြယ်တာရာ မိစ္ဆာသားရဲကြီးများ သည် ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း မှ တစ်ခါတစ်ရံ ခုန်ထွက်လာကာ ပုကျိုးတောင် အတွင်းသို့ ဝင်ရောက်လာကြသည်။
သို့သော် ဤမျှ ကြီးမားသော အကျပ်အတည်းကို အင်မော်တယ် မဟာဧကရာဇ် အဆင့်ရှိသူများပင်လျှင် ကိုင်တွယ်ဖြေရှင်းရန် ခက်ခဲမည်ဖြစ်ရာ ဟွမ့်သွမ်သည် ဝင်ရောက်လုပ်ဆောင်ရန် ပြင်ဆင်ထားပြီး ဖြစ်ပေသည်။
အခြားတစ်နေရာတွင် ဝူဟောက်သည် ပြိုကျနေသော ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း ရှေ့၌ ထွက်ပေါ်လာပြီး သူ၏ အမူအရာမှာ အနည်းငယ် တည်ကြည်လေးနက်နေခဲ့၏။
“ပြိုကျတာလား... ဒါပေမဲ့ ဒီကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း ကို ပြန်လည် တည်ငြိမ်လာအောင် လုပ်ဖို့ ဟင်းလင်းပြင် တည်ငြိမ်မှု ဝင်္ကပါ တစ်ခုကို တည်ဆောက်လိုက်ရုံပဲ... ဒါပေမဲ့ ခက်တာက ဝူယိတောက်က ဒီအဆင့် ဝင်္ကပါ မျိုးကို မသင်ရသေးဘူး ထင်တယ်... မဖြစ်ဘူး ဟင်းလင်းပြင် တည်ငြိမ်မှု မဟာဝင်္ကပါ ကို သူ့ကို သင်ပေးဖို့ နည်းလမ်း ရှာရမယ်...”
ဝူဟောက် သူ့ကိုယ်သူ တွေးတောလိုက်၏။
“ဒီကိစ္စကို သူ့အနေနဲ့ အလွယ်တကူ ဖြေရှင်းနိုင်ပေမယ့် ကံကြမ္မာရွေးချယ်ခံရသူ ရဲ့ စမ်းသပ်မှုတွေကို ဖျက်ဆီးပစ်လို့ မရဘူး... မျိုးနွယ်စု တစ်ခုလုံး မျိုးတုံးသတ်ဖြတ် မခံရဘူးဆိုရင် ဘယ်လိုလုပ်ပြီး အကျိုးသက်ရောက်မှုမျိုး ရှိလာမလဲဆိုတာ ဘယ်သူက သိနိုင်မှာလဲ...”
ဝင်္ကပါပညာရပ်တွင်လည်း ထူးချွန်သော ဝူဟောက်သည် ပျက်စီးနေသည့် ကြယ်တာရာကောင်းကင် ရှေးဟောင်းလမ်းကို ကြည့်ကာ၊ ဟင်းလင်းပြင်ကို ပြန်လည်တည်ငြိမ်စေမည့် မဟာဝင်္ကပါတစ်ခုကို သူ၏ စိတ်ကူးထဲ၌ပင် အစီအစဉ်တကျ ပုံဖော်နိုင်စွမ်း ရှိပေ၏။
မကြာမီ ဝူဟောက်သည် ဟင်းလင်းပြင် တည်ငြိမ်မှု မဟာဝင်္ကပါ ၏ ဝင်္ကပါ ပုံစံကားချပ် ကို ရေးဆွဲလိုက်သည်။ နောက်ထပ် သူလုပ်ရန် လိုအပ်သည်မှာ ဝူယိတောက်အား ဤဝင်္ကပါ ပုံစံကားချပ် နှင့် အမှတ်မထင် ထိတွေ့မိစေရန် လုပ်ဆောင်ခြင်းပင်ဖြစ်သည်။
ငါးနှစ်အချိန်သည် မျက်တောင်တစ်ခတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ဤငါးနှစ်အတွင်း ဝူယိတောက်သည် အင်မော်တယ်ဘုရင် ဖြစ်လာရန်သာ အာရုံစိုက်နေခဲ့သည်။
ငါးနှစ်အကြာ နေဝင်ချိန်တွင် ဝူယိတောက်၏ ခြံဝင်းအတွင်းမှ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ပေါက်ကွဲထွက်လာပြီး ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့သည်။
မကြာမီ စွမ်းအားကြီးမားသော ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ်စုမှ စစ်သည် အမြောက်အမြားသည် ဝူယိတောက် ရှိနေသော ခြံဝင်းသို့ ရောက်ရှိလာကြလေ၏။