← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 27 Ch. 265-266

အခန်း ၂၆၅ - ဇီလဲ့နှင့် ဇီယုံတို့ အံ့အားသင့်သွားစေမည့် အရာကို ပြန်လည် ယူ ဆောင်လာခြင်း

“ ကျွန်မကို ကယ်တင်ပေးတဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ကျွန်မ သိချင်တာက... ငါတို့ အချင်းချင်း သိကြလို့လား...”

ထိုအချိန်တွင် ဝူယိတောက်၏ ကယ်တင်ခြင်းကို ခံခဲ့ရသော ခရမ်းရောင်မိုးကြိုးသိမ်းငှက် သည် ဝူယိတောက်ကို ကြောက်ရွံ့စွာဖြင့် မေးမြန်းလိုက်၏။

အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့် တစ်ဦးက ဤမျှ ကြောက်ရွံ့စွာ ပြုမူခြင်းမှာ အတော်လေး မှတ်သားဖွယ် ကောင်းလှသော်လည်း ၊ မိမိလောက် စွမ်းအားကြီးမားသော သက်ရှိ သုံးဦးကို အလွယ်တကူ သတ်နိုင်သူတစ်ဦးကို မြင်ပြီးနောက် မည်သူမဆို ကြောက်ရွံ့စွာ ပြုမူမိကြပေလိမ့်မည်။

ဤသည်ကို ကြားချိန်တွင် ဝူယိတောက်က လှည့်ကြည့်ကာ တီးတိုးပြောဆိုလိုက်၏။

“ မသိပါဘူး... မင်းရဲ့ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် က လူတစ်ယောက်နဲ့ ငါက ရင်းနှီးတဲ့ဆက်ဆံရေးရှိလို့ လက်ပိုက်ကြည့်မနေနိုင်လို့ ဝင်ပါလိုက်တာပါ...”

“အော်... ကျွန်မ နားလည်ပါပြီ... ကျွန်မ ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်ပေးပါရစေ... တာအိုမိတ်ဆွေ အနေနဲ့ ကျွန်မကို ဇီချန့် လို့ ခေါ်လို့ရပါတယ်... တာအိုမိတ်ဆွေ ကို ဘယ်လို ခေါ်ရမလဲ မသိဘူး...”

ဝူယိတောက်၏ စကားကို ကြားပြီးနောက် ဇီချန့် မှာ သက်ပြင်းချနိုင်ခဲ့ပြီး အလျင်အမြန် ပြောဆိုလိုက်၏။

“ကျွန်တော့်ကို တာအိုမိတ်ဆွေ ဝူ လို့ပဲ ခေါ်ပါ... သွားကြရအောင်... ဒီနေရာက နေဖို့ မလုံခြုံဘူး... မင်းကို အရင် ပြန်ပို့ပေးမယ်...”

ဝူယိတောက်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။ ဤသည်ကို ကြားချိန်တွင် ဇီချန့် သည် လေးလေးနက်နက် ခေါင်းညိတ်လိုက်ပြီးနောက် ဝူယိတောက်၏ ဦးဆောင်မှုဖြင့် ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ထံသို့ အလျင်အမြန် ပြန်လာခဲ့ကြသည်။

တစ်ချိန်တည်းမှာပင် အလင်းရောင်များဖြင့် ဖုံးလွှမ်းနေသော ပုကျိုးတောင် ၏ နေရာတစ်နေရာတွင် အလင်းရောင်သိမ်းငှက်မျိုးနွယ် ၏ ပိုင်နက် တည်ရှိပေသည်။

အလင်းရောင်သိမ်းငှက် မျိုးနွယ်စုတွင် ဝိညာဉ် မီးအိမ်မှ ကျယ်လောင်သော ပေါက်ကွဲသံ သုံးသံ ဆက်တိုက် ထွက်ပေါ်လာခဲ့၏။ ဝိညာဉ် မီးအိမ်၏ ခေါင်းဆောင်အကြီးအကဲသည် မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ ၊ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရသည်နှင့် သူ၏ အမူအရာ အလွန် ကြည့်ရဆိုးသွားသည်။

“သောက်ကျိုးနည်း... နောက်ထပ် မိစ္ဆာမျိုးနွယ်စု တစ်ခုက ငါ့ရဲ့ အလင်းရောင်သိမ်းငှက်မျိုးနွယ် က အင်မော်တယ်ဘုရင် ကို တကယ်ပဲ တိုက်ခိုက်တာလား...”

ထိုသို့ပြောပြီးနောက် ဝိညာဉ်မီးအိမ် ခန်းမ ၏ ခေါင်းဆောင်သည် အလင်းရောင်သိမ်းငှက် မျိုးနွယ်စု ၏ အပြင်ဘက်သို့ တိုက်ရိုက် ပျံသန်းသွားပြီး ဝူယိတောက် အစောပိုင်းက သတ်ဖြတ်ခဲ့သော အလင်းရောင်သိမ်းငှက် သုံးကောင် ကျဆုံးခဲ့သည့် နေရာဆီသို့ ရောက်ရှိလာခဲ့သည်။

အခြားတစ်ဖက်တွင် ဝူယိတောက်သည် ဇီချန့်ကို ခေါ်ဆောင်လာပြီးနောက် အနည်းငယ်မျှပင် မနှေးကွေးရဲဘဲ ခရမ်းမိုးကြိုးသိမ်းငှက် မျိုးနွယ်စုထံသို့ ပြန်ရောက်ရန် အစွမ်းကုန် ကြိုးစားခဲ့သည်။ မကြာမီ သူသည် ခရမ်းမိုးကြိုးသိမ်းငှက် မျိုးနွယ်စုထံသို့ ပြန်ရောက်လာခဲ့၏။

အဘယ်ကြောင့်ဆိုသော် မမျှော်လင့်ထားသည့် အလှည့်အပြောင်းများ မဖြစ်‌ပေါ်လာခဲ့လျှင် အလင်းရောင်သိမ်းငှက် မျိုးနွယ်စုသည် မကြာမီအချိန်အတွင်း သူတို့၏ စွမ်းအားရှင်များကို ဤနေရာသို့ ဧကန်မုချ စေလွှတ်လိမ့်မည်ဖြစ်ကြောင်း သူ ကြိုတင်တွက်ဆမိသောကြောင့် ဖြစ်သည်။

ထိုအကောင်များသည် အင်မော်တယ်ဘုရင် အထွတ်အထိပ်အဆင့် ရှိသူများ ဖြစ်ရာ အလင်းရောင်သိမ်းငှက်မျိုးနွယ် အနေဖြင့် သေချာပေါက် လက်ပိုက်ကြည့်နေမည် မဟုတ်ချေ။

တစ်ချိန်တည်းမှာပင် ၊

ခရမ်းမိုးကြိုးသိမ်းငှက် မျိုးနွယ်စု အတွင်း၌ ဇီလဲ့နှင့် ဇီယုံတို့သည် ထူးဆန်းသော သားရဲ ကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် ပြင်နေစဉ် ဇီယုံသည် တစ်ခုခုကို သတိပြုမိသွားပြီး မျက်ခုံးပင့်လိုက်၏။

“ဘာလို့ ပြန်ရောက်လာတာလဲ...”

“အစ်မ... အဲဒါ ဘာအဓိပ္ပာယ်လဲ...”

ဇီလဲ့ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။

ဤသည်ကို ကြားချိန်တွင် ဇီယုံ က သက်ပြင်းချကာ ပြောဆိုလိုက်၏။

“အရင်က လူသားမျိုးနွယ် ကောင်လေး ပြန်ရောက်လာပြီ... နေပါဦး... မဟုတ်ဘူး... သူက ဇီချန့် နဲ့ အတူတူပဲ...”

ဇီယုံ၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားပြီး နောက်တစ်စက္ကန့်တွင် သူမ၏ လက်ကိုဝှေ့ယမ်းကာ ဝူယိတောက်နှင့် ဇီချန့်တို့၏ ရှေ့သို့ ရောက်ရှိလာခဲ့သည်။

ဝူယိတောက်နှင့် ဇီချန့်တို့မှာ တုန်လှုပ်သွားသော်လည်း ၊ သို့သော် သူတို့သည် ဇီလဲ့နှင့် ဇီယုံတို့ ဖြစ်ကြောင်း မြင်တွေ့လိုက်ရပြီးနောက် သက်ပြင်းချနိုင်ခဲ့သည်။

“တာအိုမိတ်ဆွေ ဝူ... ဘာတွေဖြစ်နေတာလဲ...”

ဇီလဲ့က အနည်းငယ် ဇဝေဇဝါဖြင့် မေးမြန်းလိုက်၏။

ဝူယိတောက် ရှင်းမပြနိုင်မီ ဇီချန့်သည် ဒေါသတကြီး ပြောဆိုလိုက်၏။

“မျိုးနွယ်စု ခေါင်းဆောင်... အကြီးအကဲ ဇီလဲ့... ကျွန်မကို ပြောခွင့်ပြုပါ... အပြန်လမ်းမှာ ကျွန်မ အလင်းရောင်သိမ်းငှက်မျိုးနွယ် ရဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်... ကံကောင်းလို့ တာအိုမိတ်ဆွေ ဝူ က လမ်းကြုံလို့ ဖြတ်သွားလို့ပေါ့... မဟုတ်ရင် သူတို့ လက်ချက်နဲ့ ကျွန်မ သေလောက်ပြီ...”

“ဘာ... ရဲတင်းလှတဲ့ အလင်းရောင်သိမ်းငှက်မျိုးနွယ် က ကောင်တွေ၊ ငါ့ရဲ့ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ကို တကယ်ပဲ တိုက်ခိုက်ရဲတယ်ပေါ့လေ...”

ဇီလဲ့၏ မျက်နှာပေါ်တွင် ဒေါသများ ပြည့်နှက်သွားခဲ့သည်။

ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် နှင့် အလင်းရောင်သိမ်းငှက်မျိုးနွယ် တို့သည် ကာလရှည်ကြာ ရန်ငြိုးများ ရှိထားသည်ကို သင် သိထားရမည်။ ယခု အလင်းရောင်သိမ်းငှက်မျိုးနွယ် က ဇီချန့်ကို တိုက်ခိုက်ခဲ့သောကြောင့် ဇီလဲ့သည် မထိန်းချုပ်နိုင်တော့ဘဲ တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ဇီယုံက စကားပြောလာခဲ့၏။

ဇီယုံ၏ မျက်နှာမှာ တည်ငြိမ်နေပြီး ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

“ကောင်းပြီ... ဘာမှမဖြစ်တာ ကောင်းပါတယ်... အလင်းရောင်သိမ်းငှက်မျိုးနွယ် နဲ့ ပတ်သက်ပြီး ငါ့ရဲ့ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် က ‌အနှေးနဲ့အမြန် သူတို့နဲ့ နောက်ဆုံး တိုက်ပွဲကို ဆင်နွှဲရမှာပါပဲ... အခု အရေးအကြီးဆုံးကတော့ ငါ မင်းကို လုပ်ခိုင်းထားတဲ့ ကိစ္စ ဘယ်လိုလဲ...”

“အမ်... အစ်မ... ဇီချန့် ကို ဘာလုပ်ခိုင်းလိုက်တာလဲ...”

ဇီလဲ့ မှာ အံ့အားသင့်သွားပြီး သူမ မသိသော အကြောင်းအရာကို စပ်စုချင်နေကြောင်း ထင်ရှားပေသည်။

ဇီချန့်လည်း ဤသည်ကို သတိရသွားပြီး အလျင်အမြန် ပြောဆိုလိုက်၏။

“မျိုးနွယ်စု ခေါင်းဆောင်... ကျွန်မ စုံစမ်းပြီးပါပြီ... ပိုင်ဇီ မျိုးနွယ်စု က ဒါဟာ အထက်ကမ္ဘာ က သက်ရှိ မဟုတ်ဘူးလို့ ပြောပါတယ်...”

“ပိုင်ဇီ...”

ဇီချန့်၏ စကားကို ကြားချိန်တွင် ဝူယိတောက်နှင့် ဇီလဲ့တို့ မှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။ ပိုင်ဇီ၏ တည်ရှိမှုကို သူတို့နှစ်ဦးစလုံး သိရှိထားသည်မှာ ထင်ရှားသည်။

ဤသည်ကို ကြားချိန်တွင် ဇီယုံ၏ အမူအရာမှာ အလွန် လေးနက်သွားခဲ့သည်။ သူမ၏ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ကို တိုက်ခိုက်ခဲ့သော သက်ရှိသည် အထက်ကမ္ဘာ မှ သက်ရှိ မဟုတ်ပါက ဤကိစ္စသည် အတော်လေး ပြဿနာ များလာနိုင်ဖွယ် ရှိပေသည်။

“အစ်မ...အရင်က ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ကို တိုက်ခိုက်ခဲ့တဲ့ သက်ရှိတွေအကြောင်း မေးဖို့ ဇီချန့် ကို ပိုင်ဇီ မျိုးနွယ်စု ဆီ လွှတ်ခဲ့တာလား...”

ဇီလဲ့သည် ဇီယုံကို ကြည့်လိုက်ပြီး သူမ၏ လေသံမှာ တည်ကြည်လေးနက်လာခဲ့၏။

ဤသည်ကို ကြားချိန်တွင် ဇီယုံ က ခေါင်းညိတ်လိုက်ပြီး ဝူယိတောက်ကို အရင်ကြည့်ကာ ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

“ဒီကိစ္စက ငါ့အတွက်၊ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် အတွက် အရမ်း အရေးကြီးတယ်... ပြီးတော့ သေချာ စုံစမ်းစစ်ဆေးရမယ်လို့ ငါ ယုံကြည်တယ်...”

ထိုအချိန်တွင် ဝူယိတောက်က စကားပြောလာခဲ့၏။

“ ဒီပိုင်ဇီ မျိုးနွယ်စု က အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်ပြီး ဟောကိန်းထုတ်နိုင်စွမ်း ရှိတယ်လို့ ကောလာဟလ သတင်းတွေကို ကြားဖူးတယ်... ဒါဆို ဘယ်လို သက်ရှိမျိုးကများ ပိုင်ဇီ မျိုးနွယ်စု အတွက် ဖောက်ထွင်းမမြင်နိုင်လောက်အောင် ဖြစ်နေရတာလဲ ဆိုတာ ငါ အရမ်းသိချင်တယ်...”

“တာအိုမိတ်ဆွေ ဝူ... ဒီကိစ္စက အရမ်း အရေးကြီးပါတယ်... မင်း အနေနဲ့ သတင်းမဖြန့်ဖို့ မျှော်လင့်ပါတယ်...”

ဇီလဲ့က ဝူယိတောက်ကို ကြည့်ပြီး အရိုအသေပြုကာ တောင်းဆိုလိုက်သည်။

ဤသည်ကို ကြားချိန်တွင် ဝူယိတောက် က ခေါင်းညိတ်လိုက်သည်။

“တခြား မျိုးနွယ်စု တွေရဲ့ သတင်းအချက်အလက်တွေကို ပေါက်ကြားအောင် လုပ်တဲ့အထိ ငါ အဲ့လောက်ထိ အားယားမနေပါဘူး ... ဒီတိုင်း သိချင်ရုံ သက်သက်ပါ...”

ဝူယိတောက်၏ သဘောတူမှုကို ကြားပြီးနောက် ဇီလဲ့သည် ဇီယုံကို တချကိကြည့်လိုက်ပြီး အတွင်းကမ္ဘာ မှ အလောင်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။ ၎င်းမှာ အခြားမဟုတ်ဘဲ ယခင်က ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ကို တိုက်ခိုက်ခဲ့သော သက်ရှိ ပင်ဖြစ်သည်။

သက်ရှိကို မြင်တွေ့ရချိန်တွင် ဝူယိတောက်၏ အမူအရာမှာ အလွန် လေးနက်သွားခဲ့သည်။ ဖရိုဖရဲ မြင့်မြတ်နယ်မြေ၏ သူတော်စင်အဖြစ် သူသည် အထက်ကမ္ဘာ ရှိ သက်ရှိအားလုံး အကြောင်းကို သိရှိလေ့လာထားသော်လည်း ၊ ယခု သူ မသိသော သက်ရှိတစ်ကောင်နှင့် ကြုံတွေ့နေရသဖြင့် အခြေအနေမှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေပုံရပေသည်။

“ဒီသက်ရှိဟာ အထက်ကမ္ဘာ က ဘယ်ကံကြမ္မာ ထဲမှ မပါဝင်ဘူး... ဒါကြောင့် တွက်ချက်မှုတွေတောင် လုပ်လို့မရဘူး... လေထဲကနေ ပေါ်လာသလိုပဲ...”

ဇီယုံက တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်၏။ သူမ၏ အင်မော်တယ် မဟာဧကရာဇ် အဆင့်ရှိ ကျင့်ကြံမှုဖြင့် တစ်ဖက်လူ၏ ဇာစ်မြစ်ကို သူမ မသိနိုင်ခြင်းက အတော်လေး အံ့သြစရာ ကောင်းလှပေသည်။

ဤသည်ကို ကြားချိန်တွင် ဝူယိတောက်သည် အတန်ကြာ စဉ်းစားပြီးနောက် အကြံဉာဏ်တစ်ခု ရလာခဲ့သည်။ တစ်ခုခုကို သတိရသွားသည့်အလား တည်ကြည်လေးနက်စွာဖြင့် ပြောဆိုလိုက်၏။

“ဒီသက်ရှိက အထက်ကမ္ဘာ နဲ့ မသက်ဆိုင်ဘူးလို့ မင်းပြောတယ်... ဒါဆိုရင် အထက်ကမ္ဘာ ရဲ့ အပြင်ဘက်က သက်ရှိတစ်ကောင် ဖြစ်နိုင်ခြေ ရှိမလား...”

ဝူယိတောက်၏ စကားကို ကြားချိန်တွင် ဇီယုံနှင့် အခြားနှစ်ဦးတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ၊ တစ်ယောက်နှင့် တစ်ယောက်၏ မျက်လုံးထဲက အံ့အားသင့်မှုများကို သတိပြုမိလိုက်ကြသည်။

ဤသည်မှာ ဖြစ်နိုင်ခြေ နည်းပါးသော်လည်း ဖြစ်နိုင်၏။

“ဘာလို့ အဲဒီလို ပြောရတာလဲ တာအိုမိတ်ဆွေ ဝူ...”

ဇီလဲ့က ဝူယိတောက်ကို ကြည့်ကာ တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

ဝူယိတောက် သည် ခေါင်းငုံ့ကာ အတန်ကြာ စဉ်းစားပြီးနောက် သက်ပြင်းတချက် ချကာ ပြန်ဖြေသည်။

“တာအိုမိတ်ဆွေ ဇီလဲ့... အရင်က ပုကျိုးတောင် ကို ငါ လာခဲ့တာ ကိစ္စတစ်ခုကြောင့်လို့ မင်းကို ပြောခဲ့တာ မှတ်မိတယ် မဟုတ်လား...”

ဤသည်ကို ကြားချိန်တွင် ဇီလဲ့ ချက်ချင်း သတိရသွားပြီး အံ့အားသင့်စွာဖြင့် အော်ဟစ်လိုက်၏။

“ဒါဆိုရင် တာအိုမိတ်ဆွေ ဝူ... မင်းက ဒီအကြောင်းပြချက်ကြောင့် ဒီကို လာခဲ့တာလား...”

“မဟုတ်ဘူး... အဲဒါကြောင့် မဟုတ်ဘူး... ဒါပေမဲ့ အဲဒါက ဒီကိစ္စနဲ့လည်း သက်ဆိုင်မှု ရှိနိုင်တယ်...”

အခန်း ၂၆၆ - ဇီယုံနှင့် ဇီလဲ့တို့က ချန်ဇစ်အန်းကို သိနေကြသလား

“အရင်က စီနီယာ တစ်ယောက်ရဲ့ အမွေအနှစ် ကို ကျွန်တော် ရခဲ့ဖူးတယ်... အဲဒီ စီနီယာ ရဲ့ နောက်ဆုံး သဲလွန်စက ပုကျိုးတောင် မှာဖြစ်ပြီး အဲဒီနောက်မှာ အဆက်အသွယ် ပြတ်သွားခဲ့တယ်...”

“ကျွန်တော် စုံစမ်းစစ်ဆေးပြီးနောက်မှာ ပုကျိုးတောင် အထက်မှာ ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း တစ်ခု ရှိတယ်လို့ သံသယရှိတယ်... ပြီးတော့ ကျွန်တော် ဒီကိုလာရတဲ့ ရည်ရွယ်ချက်က အဲဒီ ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း ကို ရှာဖို့ပဲ...”

ဝူယိတောက်က တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်၏။

ဤသည်ကို ကြားချိန်တွင် ထိုနေရာရှိ ခရမ်းရောင်မိုးကြိုးသိမ်းငှက် သုံးဦးစလုံးလည်း အလွန်တည်ကြည်လေးနက်သွားခဲ့ကြပြီး ဇီယုံက အလွန် သေချာသော လေသံဖြင့် ပြောဆိုလိုက်၏။

“တာအိုမိတ်ဆွေ ဝူ... ပုကျိုးတောင် မှာ ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း က ဘယ်လိုလုပ် ရှိနေနိုင်မှာလဲ... တကယ်လို့ ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း သာ ရှိနေရင် ကျွန်မ ဘာလို့ မသိရတာလဲ...”

“အဲဒါကိုတော့ ကျွန်တော်လည်း မသိဘူး... ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း က အရမ်းကို သေချာ ဖုံးကွယ်ထားတယ်လို့ ကျွန်တော် ထင်တယ်... ပြီးတော့ ဒီထူးဆန်းတဲ့ သားရဲတွေ ဘာလို့ ပေါ်လာရတာလဲဆိုတာ ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း ရှိနေတာကလွဲပြီး တခြား ရှင်းပြစရာ အကြောင်းမရှိသလိုပဲ...”

ဝူယိတောက်က အလွန် တည်ကြည်လေးနက်သော အမူအရာဖြင့် ပြောဆိုလိုက်၏။

“ပြီးတော့ ပုကျိုးတောင် အထက်က ဟင်းလင်းပြင် ဟာ မတည်မငြိမ် ဖြစ်လာတယ်... ဒါကြောင့် ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း မှာ ပြဿနာတစ်ခုခု ရှိနေတယ်လို့ ကျွန်တော် သံသယရှိတယ်... ဒီ မိစ္ဆာသားရဲတွေက ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း ကနေ လွတ်မြောက်လာပြီး ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ကို လာတိုက်ခိုက်ခဲ့တာပဲ...”

“ပြီးတော့ ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း ဟာ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် နဲ့ အရမ်း နီးစပ်လောက်တယ်... မဟုတ်ရင် သတင်းတွေက အစောကြီးကတည်းက ပျံ့နှံ့သွားလောက်ပြီ...”

ဝူယိတောက်၏ စကားကို ကြားချိန်တွင် ဇီယုံသည် နက်နက်နဲနဲ တွေးတောလိုက်သည်။ ဝူယိတောက်၏ စကားများတွင် မည်မျှ အမှန်နှင့် အမှား ပါဝင်သည်ကို ဆုံးဖြတ်ရန် ကြိုးစားနေခဲ့၏။

သို့သော် အတန်ကြာပြီးနောက် သူမ သည် သက်ပြင်းချကာ ဝူယိတောက်၏ အမြင်ကို သဘောတူလိုက်၏။ အမှန်တွင် ဤထူးဆန်းသော သားရဲများက သူမ၏ လူများကို တိုက်ခိုက်နေကြောင်း သူမ သိရှိပြီးနောက် အခြား မိစ္ဆာမျိုးနွယ်စုများ၏ အခြေအနေကို စုံစမ်းရန် သူမ ကြိုးစားခဲ့သေးသည်။

အကယ်၍ အခြား မိစ္ဆာမျိုးနွယ်စု များလည်း ထူးဆန်းသော သားရဲများ၏ တိုက်ခိုက်မှုကို ခံခဲ့ရပါက ၊ အနည်းဆုံးတော့ ကောလဟာလ သတင်းများ ထွက်ပေါ်လာနိုင်သော်လည်း ယခုတွင်မူ ဘာသတင်းမှမကြားရချေ။

ယင်းက သူမ၏ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် သာလျှင် ထူးဆန်းသော သားရဲ၏ တိုက်ခိုက်မှုနှင့် ကြုံတွေ့ခဲ့ရကြောင်း ညွှန်ပြနေပေသည်။

“ တကယ်လို့ ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း ဟာ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ရဲ့ အနီးအနားမှာ အမှန်တကယ် ရှိနေမယ်ဆိုရင် ဒီပြဿနာကို ငါတို့ အမြန်ဆုံး ဖြေရှင်းဖို့ လိုပြီ... မင်းရဲ့ အင်မော်တယ် မဟာဧကရာဇ် အဆင့် ကျင့်ကြံစွမ်းအားနဲ့တောင် ဒီလို ကြီးမားတဲ့ အကျပ်အတည်းကနေ မျိုးနွယ်စု တစ်ခုလုံးကို ကာကွယ်ဖို့ ခက်ခဲလိမ့်မယ်...”

ထို့နောက် ဝူယိတောက်က ထပ်မံ ပြောဆိုလိုက်၏။

ဤသည်ကို ကြားချိန်တွင် ဇီယုံ သည် သက်ပြင်းချလိုက်၏။ အကယ်၍ ဝူယိတောက် ပြောသည်က အမှန်ဖြစ်ပြီး ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း သည် အမှန်တကယ် ရှိနေပါက ၊ သူမ၏ အင်မော်တယ် မဟာဧကရာဇ် ကနဦးအဆင့်ဖြင့် မျိုးနွယ်စု တစ်ခုလုံးကို ကာကွယ်ရန်မှာ အလွန် ခက်ခဲပေလိမ့်မည်။

ဤသည်ကို တွေးမိချိန်တွင် ဇီယုံသည် ဝူယိတောက်ကို ကြည့်ကာ အလွန် လေးနက်သော လေသံဖြင့် ပြောဆိုလိုက်၏။

“ဒါဆိုရင် တာအိုမိတ်ဆွေ ဝူ... ဆက်ပြီး ဘာလုပ်ဖို့ စီစဉ်ထားလဲ...”

ဇီလဲ့နှင့် ဇီချန့်တို့သည် ဝူယိတောက်ထံမှ အဖြေတစ်ခု ကြားရန် မျှော်လင့်နေကြ၏။

ဤသည်ကို ကြားချိန်တွင် ဝူယိတောက်က မဆိုင်းမတွ ပြန်ဖြေလိုက်၏။

“ကျွန်တော် အရင်က ပြောခဲ့သလိုပဲ... စီနီယာရဲ့ တည်နေရာကို ရှာဖွေပေးမယ်လို့ ကျွန်တော် ကတိပေးခဲ့တယ်... ဒါကြောင့် သူ ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း ထဲကို ဝင်သွားတယ်လို့ ကျွန်တော် သံသယရှိတယ်... ကျွန်တော့် ရည်ရွယ်ချက်က တစ်ခုတည်းပဲ ရှိတယ်... ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း ကို ရှာဖွေပြီး ဖြတ်သန်းသွားဖို့ပဲ...”

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကလည်း အတူတူပဲ... ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း ကို ရှာဖို့ပဲ... တကယ်လို့ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ကသာ ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း ကို ရှာဖွေရာမှာ ကူညီဖို့ ဆန္ဒရှိမယ်ဆိုရင် ငါတို့ နှစ်ဦးနှစ်ဖက်လုံးအတွက် အကျိုးရှိမယ့် အခြေအနေ တစ်ခု ဖြစ်လာလိမ့်မယ်...”

“ တာအိုမိတ်ဆွေ ဝူ... ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း ပြဿနာကို ဖြေရှင်းဖို့ ရှင့်မှာ နည်းလမ်း ရှိလို့လား...”

ဇီလဲ့က အနည်းငယ် အံ့အားသင့်စွာဖြင့် ပြောဆိုလိုက်၏။

ဝူယိတောက် က ခေါင်းညိတ်လိုက်သည်။ သူ၏ ကျင့်ကြံမှုဖြင့် ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း၏ ပြဿနာကို မဖြေရှင်းနိုင်သော်လည်း သူ၏ ခန္ဓာကိုယ်ထဲတွင် ဖရိုဖရဲ ခေါင်းလောင်း တစ်ခု ရှိနေသေးသည်။ အကယ်၍ အခြားနည်းလမ်း မရှိပါက သူသည် ဘိုးဘေး ထံ အကူအညီ တောင်းခံနိုင်သည်။

ဝူယိတောက်၏ စကားကို ကြားချိန်တွင် ဇီယုံသည် ရယ်မောရန် ပြင်လိုက်သော်လည်း ဝူယိတောက်၏ တည်ငြိမ်အေးဆေးသော အမူအရာကို မြင်တွေ့ပြီးနောက် သူမ၏ မသိစိတ်က ဝူယိတောက်ကို ယုံကြည်ရန် ရွေးချယ်လိုက်၏။ အတန်ကြာပြီးနောက် သူမသည် သက်ပြင်းချကာ ညင်သာစွာ ပြောဆိုလိုက်၏။

“ဒါဆိုရင်လည်း ငါတို့ ပူးပေါင်းဆောင်ရွက်မှု အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းပါတယ်...”

“အတူတကွ အလုပ်လုပ်ရတာ ဝမ်းသာပါတယ်...”

ဝူယိတောက်ကလည်း ပြုံးလိုက်၏။ ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ၏ အကူအညီဖြင့် ကြယ်တာရာ ကောင်းကင်ရှေးဟောင်းလမ်း ကို ရှာတွေ့နိုင်ပါက အလွန် အံ့သြဖွယ်ကောင်းပေလိမ့်မည်။

ထိုအချိန်တွင် ဇီလဲ့ က တစ်ခုခုကို သတိရသွားပုံရပြီး စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

“တာအိုမိတ်ဆွေ ဝူ... မင်းပြောတဲ့ စီနီယာ ရဲ့ နာမည်က ဘယ်လိုခေါ်လဲ...”

​ဇီလဲ့၏ အကြံအစည်မှာ ရိုးရှင်းလှပေသည်။ ဝူယိတောက် ပြောသော စီနီယာသည် ကြယ်တာရာကောင်းကင် ရှေးဟောင်းလမ်းအတွင်းသို့ ဝင်ရောက်နိုင်ခြေရှိသည်ကို ထည့်တွက်ကြည့်လျှင် ၊ သူသည် ၎င်းတို့၏ ခရမ်းမိုးကြိုးသိမ်းငှက် ပိုင်နက်ကို မလွဲမသွေ ဖြတ်သန်းရပေလိမ့်မည်။

သူသည် အစက ပြန်လာပြီး ဟွမ့်သွမ် မဟာဧကရာဇ် အကြောင်း မေးမြန်းရန် စီစဉ်ထားသော်လည်း ယခု ဇီလဲ့ဘက်က စကားပြောလာပြီ ဖြစ်သည်။

“စီနီယာရဲ့ နာမည်က ချန်ဇစ်အန်း ပါ...”

ဝူယိတောက် စကားပြောဆိုပြီးသည်နှင့် ဇီလဲ့နှင့် ဇီယုံတို့၏ အမူအရာများမှာ ချက်ချင်း ပြောင်းလဲသွားခဲ့သည်။

ဇီလဲ့၏ အမူအရာမှာ အလွန်ရှုပ်ထွေးနေပြီး ဇီယုံ၏ အမူအရာမှာမူ အလွန် ဒေါသထွက်နေခဲ့၏။

“ဘာ... မင်းပြောနေတဲ့ စီနီယာ ရဲ့ နာမည်က ဘယ်သူ...”

“ချန်ဇစ်အန်း... ဘာဖြစ်လို့လဲ...”

ဇီလဲ့နှင့် ဇီယုံတို့၏ အမူအရာများမှ တစ်ခုခု မှားယွင်းနေကြောင်း ဝူယိတောက် သတိပြုမိလိုက်သည်။ ကြည့်ရသည်မှာ ဟွမ့်သွမ် မဟာဧကရာဇ် သည် သူ့ရှေ့က လူနှစ်ဦးနှင့် အလွန်နက်ရှိုင်းသော ဆက်ဆံရေး ရှိနေပုံရသည်။

ဤသည်ကို ကြားချိန်တွင် ဇီယုံ က အေးစက်စွာ နှာမှုတ်လိုက်၏။

“အဲဒီလူရဲ့ အမွေအနှစ် နဲ့ ပတ်သက်ပြီး ငါ ပြောစရာ ဘာမှမရှိဘူး...”

ထိုသို့ပြောပြီးနောက် ဇီယုံသည် လှည့်ထွက်သွားပြီး ဇီလဲ့နှင့် ဇီချန့် နှစ်ဦးတည်းကိုသာ ထိုနေရာတွင် ချန်ထားခဲ့လေ၏။

ဇီချန့်သည်လည်း တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်သွားပြီး အကြောင်းပြချက်တစ်ခုဖြင့် ထွက်သွားလေ၏။

ဇီလဲ့ သာ ကျန်ရစ်ခဲ့ပြီးနောက် သူမသည် ဝူယိတောက်ကို ကြည့်ကာ အလွန်ရှုပ်ထွေးသော လေသံဖြင့် ပြောဆိုလိုက်၏။

“ဒီနေရာက စကားပြောဖို့ မကောင်းဘူး တာအိုမိတ်ဆွေ ဝူ... တခြား နေရာတစ်ခု ရှာကြရအောင်...”

ဝူယိတောက် က ခေါင်းညိတ်လိုက်သည်။ တစ်ခုခု မှားယွင်းနေကြောင်းကိုလည်း သူ ရိပ်မိသည်။ ကြည့်ရသည်မှာ ဟွမ့်သွမ် မဟာဧကရာဇ် နှင့် ဇီယုံတို့ကြားတွင် နက်ရှိုင်းသော ရန်ငြိုးတစ်ခု ရှိနေပုံရပေသည်။

မကြာမီ ဇီလဲ့၏ ဦးဆောင်မှုအောက်တွင် ဝူယိတောက်သည် သူမ၏ ကျင့်ကြံခြင်း နေရာသို့ ရောက်ရှိလာခဲ့သည်။ ကျင့်ကြံခြင်း နေရာသို့ ရောက်ရှိပြီးမှသာ ဇီလဲ့ က စကားပြောလိုက်၏။

“လောလောဆယ်တော့ တာအိုမိတ်ဆွေ ဝူ... ရှင် ကျွန်မရဲ့ ကျင့်ကြံခြင်း နေရာမှာ နေသင့်တယ်... မဟာအကြီးအကဲ နဲ့ သူ့လူတွေက လူသားမျိုးနွယ် တစ်ယောက် ခရမ်းမိုးကြိုးသိမ်းငှက်မျိုးနွယ် ရဲ့ ပိုင်နက်ထဲကို ရောက်လာတာကို မကျေနပ်ကြဘူး... တကယ်လို့ တာအိုမိတ်ဆွေ ဝူ သာ နောက်တစ်ခါ ထွက်ပေါ်လာရင် သူတို့ တိုက်ခိုက်လာနိုင်တယ်...”

“ငါ တော်တော်လေး သိချင်တယ်... ငါက သူတို့နဲ့ ဘာရန်ငြိုးမှ မရှိပါဘဲနဲ့ သူတို့က ငါ့အပေါ် ဘာလို့ ဒီလောက်တောင် ရန်လိုနေကြတာလဲ...”

ဝူယိတောက် အတော်လေး သိချင်နေခဲ့၏။

ဤသည်ကို ကြားချိန်တွင် ဇီလဲ့၏ အမူအရာမှာ ရှုပ်ထွေးသွားပြီး အတန်ကြာမှ ညင်သာစွာ ပြောဆိုလိုက်၏။

“ငါ မင်းကို မပြောပြနိုင်တာ မဟုတ်ပါဘူး... ဒါပေမဲ့ မဟာအကြီးအကဲ မှာ သူ အရမ်းချစ်တဲ့ ညီလေး တစ်ယောက် ရှိတယ်... အဲဒီနေ့က သူ အပြင်ထွက်နေတုန်း လူသားမျိုးနွယ် တစ်ယောက်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတယ်... အဲဒီအချိန်ကစပြီး မဟာအကြီးအကဲ က လူသားမျိုးနွယ် တွေအပေါ် နက်ရှိုင်းတဲ့ အမုန်းတရားတွေ ထားရှိလာခဲ့တာ...”

“မဟာအကြီးအကဲ က နောက်ဆုံးမှာ အဲဒီ လူသားမျိုးနွယ် ကို သတ်နိုင်ခဲ့ပေမယ့် မဟာအကြီးအကဲ နဲ့ လူသားမျိုးနွယ် ကြားက ရန်ငြိုးက အဲဒီအချိန်ကတည်းက ဖြစ်ပေါ်လာခဲ့တာပဲ... မဟာအကြီးအကဲ က မင်းကို တွေ့တဲ့အချိန်မှာ တန်းပြီ မတိုက်ခိုက်ခဲ့တာက ကြင်နာမှုကို ပြသပြီးပြီလို့တောင် ပြောလို့ရတယ်...”

ဇီလဲ့၏ စကားကို ကြားချိန်တွင် ဝူယိတောက်သည် သဘောပေါက်သွားပြီး မဟာအကြီးအကဲ အပေါ် သူ၏ ယခင်က မကျေနပ်မှုများမှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။

မဟာအကြီးအကဲ သည် သနားစရာကောင်းသော လူတစ်ယောက်သာ ဖြစ်သည် ။

“ကောင်းပြီ... အခု ငါတို့ မဟာအကြီးအကဲ အကြောင်း ပြောပြီးပြီဆိုတော့ ငါ့အစ်မနဲ့ ချန်ဇစ်အန်း အကြောင်း ပြောပြမယ်...”

ဤနေရာတွင် ဇီလဲ့၏ အမူအရာသည် ရှုပ်ထွေးလာခဲ့ပြီး သူမသည် တစ်ခုခုကို သတိရသွားသည့်အလား ညင်သာစွာ သက်ပြင်းချလိုက်၏။

All Chapters