← Chapters

အခန်း (၁၇၂၁-၁၇၂၂)

Vol. 173 Ch. 1721-1722

အခန်း (၁၇၂၁-၁၇၂၂)

Vol. 173 Ch. 1721-1722

အခန်း (၁၇၂၁) - ခန္ဓာကိုယ်သိမ်းပိုက်ခြင်း

ဖန့်ချန်၏ မျက်နှာထက်တွင် အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူ၏ရင်ထဲ၌ ပြတ်တောက်နေသော ကြိုးစနှစ်မျှင်မှာ ချက်ချင်းပင် တစ်ခုတည်းအဖြစ် ဆက်စပ်သွားတော့သည်။

သူသည် အစပိုင်းက နှစ်ဖက်စလုံး ကောင်းကင်ဘုံဝင်စားသူကို လုယူနေကြသည်မှာ ဟောကိန်းထုတ်ပညာရပ် အတွက်ဟုသာ ထင်ခဲ့မိသည်။ သို့သော် ကပ်ဘေးသုံးပါးနှင့် ဘေးဒုက္ခကိုးပါး ဆိုသည်မှာ ကောင်းကင်ဘုံက သတ်မှတ်ထားသော စည်းမျဉ်းများဖြစ်ကြောင်း သူ မေ့လျော့နေခဲ့သည်။

သူသည် ဤအဆင့်အတန်းအထိ ရှိနေသော အစွမ်းမှာ မည်သို့သော ပုံရိပ်မျိုးဖြစ်သည်ကို စိတ်ကူးမယဉ်နိုင်ချေ။ သို့သော် အနည်းဆုံးအားဖြင့် လူ့လောက ကိုးဘုံသာမက နတ်ဘုရားလောက နှင့် ယင်လောက တို့တွင်ပါ ကောင်းကင်ဘုံ၏ စည်းမျဉ်းခြေရာများ ရှိနေသည်ကိုသာ သူ သိထားသည်။

ဤဘုံသုံးဘုံထဲတွင် ယင်လောကတစ်ခုသာလျှင် ကောင်းကင်ဘုံ၏ ဝင်ရောက်စွက်ဖက်မှု အနည်းဆုံး ဖြစ်နိုင်ပေလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ယင်လောက၏ လည်ပတ်ပုံမှာ လူ့လောက ကိုးဘုံနှင့် နတ်ဘုရားလောကတို့နှင့် အလွန်ပင် ကွာခြားသောကြောင့်ပင်။

အကယ်၍ နိုးထလာသည့် မိစ္ဆာမျိုးနွယ်များမှာ ကောင်းကင်ဘုံဝင်စားသူကို ၎င်းတို့၏ အလိုကျ ခိုင်းစေပြီး မိစ္ဆာသန့်စင်သူ ရှာဖွေဖော်ထုတ်ထားသော မိစ္ဆာဘေးဒုက္ခ ကို ကျရောက်စေနိုင်မည်ဆိုပါက...။

အတိုင်းအဆမဲ့ ကျယ်ပြောလှသော ထိုက်ချန်းနယ်မြေကြီးတစ်ခုလုံးတွင် ကုဋေကုဋာမကသော သတ္တဝါများမှာ မိစ္ဆာဘေးဒုက္ခ၏ ဝါးမျိုခြင်းကို ခံရပြီး မိစ္ဆာဘဝသို့ နိုးထလာကြပေလိမ့်မည်။

ထိုအချိန် ရောက်လာပါက အခြေအနေမှာ အဆုံးအဖြတ် ပေးပြီးသား ဖြစ်သွားပေလိမ့်မည်။ လူသားကျင့်ကြံသူများအနေဖြင့် နိုးထလာသော မိစ္ဆာထုကြီးကို ရှင်းလင်းပစ်ရန် မည်သို့မျှ စွမ်းဆောင်နိုင်မည် မဟုတ်တော့ချေ။

မိစ္ဆာမျိုးနွယ်များ စစ်ရှုံးခဲ့လျှင်တောင်မှ သူတို့သည် လူ့လောက ကိုးဘုံတွင် အခြေချစရာ နေရာတစ်ခုကို အလွယ်တကူ ရရှိသွားနိုင်ပြီဖြစ်သည်။ လူသားမျိုးနွယ်များ ရင်ဆိုင်ရမည့် အကောင်းဆုံး အခြေအနေမှာ မိစ္ဆာမျိုးနွယ်များနှင့် အတူယှဉ်တွဲ နေထိုင်ရခြင်းသာ ဖြစ်ပေလိမ့်မည်။

ယွီဖုန်းက ဤစကားကို ပြောလိုက်ချိန်တွင် ကျန်ရှိသော မိစ္ဆာများ၏ မျက်နှာ၌လည်း အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာသည်ကို ဖန့်ချန် သတိပြုမိလိုက်သည်။ ဤသည်မှာ ထိုသတင်းကို ယွီဖုန်း တစ်ဦးတည်းသာ သိရှိထားပြီး ကျန်ခုနစ်ဦးမှာ မသိကြကြောင်း ဖော်ပြနေသလို၊ ယွီဖုန်း၏ အဆင့်အတန်းမှာ သူတို့ထက် မြင့်မားပြီး ခေါင်းဆောင်တစ်ဦး ဖြစ်ကြောင်းကိုလည်း သက်သေပြနေသည်။

"ဒီလောက် မြင့်မားတဲ့ အဆင့်အတန်းက တိုက်ပွဲမျိုးမှာ မင်းက ဝင်ပါနိုင်လို့လား ဒီအကြောင်းတွေကို ဒီလောက်အသေးစိတ် သိနေလို့ရော ဘာထူးမှာလဲ"

ယွီဖုန်းက ဖန့်ချန်ကို လှောင်ပြောင်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်သည်။

"မင်း အများဆုံး လုပ်နိုင်တာက ဒီသတင်းကို ယူပြီး မင်းရဲ့ ဂိုဏ်းက လူကြီးတွေဆီမှာ သွားလဲပြီး အကျိုးအမြတ်လေး နည်းနည်းပါးပါး ရယူဖို့ပဲ ရှိတာ။ သူတို့ကိုယ်တိုင်တောင်မှ ထိုက်ချန်းနယ်မြေ တစ်ခုလုံး သိမ်းပိုက်ခံရတော့မယ့် ဒီဇာတ်သိမ်းကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး"

"နတ်ဘုရားဘုရင်နယ်မြေ နဲ့ စိတ်ဝိညာဥ်နယ်မြေ ကနေ ဒီတစ်ခေါက် ကျွမ်းကျင်သူတွေ အများကြီး လာကြတာကိုတောင်၊ မင်းက ထိုက်ချန်းနယ်မြေ သိမ်းပိုက်ခံရမယ်လို့ ဒီလောက် ယုံကြည်ချက် ရှိနေတာဆိုတော့... မင်းတို့ကနတ်ဆိုးမျိုးနွယ် တွေနဲ့ တစ်ခေါက် ထပ်ပြီး လက်တွဲလိုက်ပြန်ပြီလား"

ဖန့်ချန်က မေးလိုက်သည်။

ယွီဖုန်းသည် မိမိ၏ မာန်မာနကြောင့် စကားများမိသွားသည်ကို နောင်တရသွားသည်။ ထိုနာကျင်မှု ခံစားချက်မှာ ကြောက်စရာ ကောင်းလွန်းလှသည်။ ချက်ချင်းပင် သူသည် ခေါင်းညိတ်ပြလိုက်ပြီး အေးစက်စွာ ဆိုလိုက်သည်။

"ငါ သိသလောက်တော့... ငါတို့ နတ်ဆိုးမျိုးနွယ်တွေနဲ့ အမှန်တကယ် ဆက်သွယ်မှု ရှိထားတယ်။ လက်တွဲဖို့ အခွင့်အလမ်းကတော့ အလွန်များတယ်"

သူ ဤစကားကို ပြောလိုက်သည်နှင့် ကျန်ရှိသော နိုးထလာသည့် မိစ္ဆာခုနစ်ဦးမှာ မှင်တက်သွားကြပြီး သူ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေကြသည်ကို ယွီဖုန်း သတိမထားမိလိုက်ချေ။

"နတ်ဆိုး မျိုးနွယ်နဲ့ ကျရှုံးမသေမျိုး တွေက လက်တွဲဖို့ ရည်ရွယ်ချက် ရှိနေကြတယ်၊ အခု မိစ္ဆာမျိုးနွယ်ကလည်း နတ်ဆိုးမျိုးနွယ်နဲ့ လက်တွဲပြန်ပြီဆိုတော့... လူသားမျိုးနွယ်က တစ်ပြိုင်နက်တည်း စခန်းလေးခုကို ရင်ဆိုင်ရတော့မယ့် သဘောပဲ..."

ဖန့်ချန် အခြေအနေမှာ မဟန်တော့ဟု ခံစားလိုက်ရသည်။

ယခင်က သူသည် ရှဲ့အာမန်၊ ချန်အင်းရွှယ်တို့နှင့် အခြေအနေကို ဆွေးနွေးဖူးသည်။ နတ်ဆိုးမျိုးနွယ်သည် လူသားမျိုးနွယ်အတွက် အကြီးမားဆုံးသော ဘေးအန္တရာယ် ဖြစ်သည်ဟု တညီတညွတ်တည်း ယူဆခဲ့ကြသည်။

အနည်းဆုံးအားဖြင့် မိစ္ဆာမျိုးနွယ်မှာ ကိုယ်ပွား အသက်ပြန်ရှင်ခြင်း ပုံစံဖြင့် လာသောကြောင့် စစ်နိုင်လျှင်တောင် လူသားမျိုးနွယ်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ရန် ရည်ရွယ်ချက် မရှိလှချေ။

နတ်ဆိုး မျိုးနွယ်ကမူ မတူညီပေ။ နှစ်ပေါင်းများစွာက လက္ခဏာရပ်များအရ နတ်ဆိုးမျိုးနွယ်တွင် ရိုးရှင်းသော အတွေးတစ်ခုသာ ရှိသည်။ ၎င်းမှာ လူသားမျိုးနွယ်ကို အပြီးတိုင် မျိုးတုံးသွားစေရန်ပင်။

ယခု မိစ္ဆာမျိုးနွယ်နှင့် နတ်ဆိုးမျိုးနွယ်တို့ လက်တွဲလိုက်ပြီဖြစ်ရာ၊ နောက်ပိုင်းတွင် သူတို့ အချင်းချင်း ပြန်တိုက်ကြမည်၊ မတိုက်ကြမည်မှာ အပထား၊ လက်ရှိ ထိုက်ချန်းနယ်မြေ၏ အခြေအနေမှာ အလွန်ပင် စိုးရိမ်စရာ ကောင်းနေပြီဖြစ်သည်။ စိတ်ဝိညာဥ်နယ်မြေနှင့် နတ်ဘုရားဘုရင်နယ်မြေတို့မှ လာရောက်ကူညီကြသော ကျင့်ကြံသူများမှာ အားလုံး ချေမှုန်းခံရနိုင်သည့် အန္တရာယ် ရှိနေသည်။

"မိတ်ဆွေယွီ... ဒီလောက် အရေးကြီးတဲ့ သတင်းကို ဘာလို့ သူ့ကို ပြောလိုက်ရတာလဲ "

နိုးထလာသော မိစ္ဆာတစ်ဦးက အံ့အားသင့်စွာဖြင့် မေးလိုက်သည်။

ယွီဖုန်းမှာ ခေတ္တမျှ မှင်တက်သွားပြီးမှ အေးစက်စွာ ပြန်ဖြေသည်။

"မင်းတို့ ပြောခဲ့တာ မဟုတ်လား၊ ဘယ်လိုပဲဖြစ်ဖြစ် သူက လုံလောက်အောင် သိနေပြီပဲ၊ ဒီသတင်းတွေကို သိသွားတော့လည်း ဘာတတ်နိုင်မှာလဲ ဆိုပြီးတော့"

"သူ အရင်က သိထားတဲ့ သတင်းတွေကို ဝမ်သောက်မသေမျိုးဂိုဏ်း ဘက်ကလည်း သိပြီးသား ဖြစ်နိုင်တယ်။ ဒါပေမဲ့ ငါတို့ နတ်ဆိုးမျိုးနွယ်နဲ့ လက်တွဲမယ့် သတင်းကတော့ ငါတို့ကိုယ်တိုင်တောင် မသိခဲ့ဘူး၊ ဝမ်သောက်မသေမျိုးဂိုဏ်းဘက်ကလည်း သိမှာ မဟုတ်ဘူး။ ဒီကိစ္စက ထိုက်ချန်းနယ်မြေရဲ့ အခြေအနေအပေါ် အများကြီး သက်ရောက်မှု ရှိတယ်။ အခု မင်း သူ့ကို ပြောလိုက်တာက ဝမ်သောက်မသေမျိုးဂိုဏ်းကို ငါတို့ကို ဘယ်လို ခုခံရမလဲဆိုတာ သင်ပေးလိုက်တာနဲ့ အတူတူပဲ "

နိုးထလာသော မိစ္ဆာတစ်ဦးမှာ အလွန်အမင်း ဒေါသထွက်သွားပြီး ယွီဖုန်းကို စိုက်ကြည့်နေတော့သည်။

ယွီဖုန်း၏ ရှုပ်ထွေးနေသော ဦးနှောက်မှာ တဖြည်းဖြည်း ကြည်လင်လာပြီး မျက်နှာမှာလည်း အမျိုးမျိုး ပြောင်းလဲနေသည်။

"ဒီသတင်းက တကယ်ပဲ အသုံးဝင်တယ်"

ဖန့်ချန်က အသာအယာ ခေါင်းညိတ်လိုက်ပြီး ဝတ်ရုံစကို ဝှေ့ယမ်းကာ ကျန်ရှိသော မိစ္ဆာများကိုလည်း ဘွဲ့နှင်းအပ်ခြင်း တစ်ခုစီ ရိုက်ထည့်လိုက်သည်။

"မင်းတို့ဆီမှာ တခြား ဘာအသုံးဝင်တဲ့ သတင်းတွေ ကျန်သေးလဲ၊ တစ်ခါတည်း ပြောလိုက်ကြပါတော့။ ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ ပြောသင့်တာရော၊ မပြောသင့်တာရော အကုန်ပြောပြီးနေပြီပဲ"

ဖန့်ချန်က ပြုံး၍ ဆိုလိုက်သည်။

ယွီဖုန်းနှင့် အခြားသူများမှာ ဖန့်ချန်ကို စိုက်ကြည့်ရင်း အတော်ကြာအောင် စကားမထွက်နိုင် ဖြစ်နေကြသည်။

"မင်းက မိစ္ဆာဝင်သူ တွေကို ပြောတာလား"

ယွီဖုန်းက ဟန်ဆောင်အပြုံးဖြင့် မေးသည်။

"ဘာ မိစ္ဆာဝင်သူလဲ၊ မင်းတို့က အရင်ဘဝ မှတ်ဉာဏ်တွေ နိုးထလာတဲ့ မိစ္ဆာမျိုးနွယ် တွေဆိုတာ ငါ မသိဘူးလို့ ထင်နေတာလား"

ဖန့်ချန်က လှောင်ပြောင်သည့် လေသံဖြင့် ပြန်ပြောလိုက်သည်။

"မင်း... မင်း ငါတို့ကို တစ်ချိန်လုံး လိမ်နေတာပေါ့"

ယွီဖုန်းသည် မခံမရပ်နိုင်ဖြစ်ကာ ဆဲရေးလိုက်တော့သည်။ ဤသည်မှာ သူ၏ ပုံမှန် အေးဆေးသော စရိုက်နှင့် မတူသော်လည်း၊ ယခုအချိန်တွင်မူ သူ ဂရုမစိုက်နိုင်တော့ချေ။

ရှေ့က လူ၏ အမူအရာနှင့် မျက်နှာပေါ်က အပြုံးမှာ သူ့အတွက် အလွန်ပင် မုန်းတီးစရာ ကောင်းလှသည်။ သူ၏ မျက်လုံးများသာ ဓားသွားများ ဖြစ်သွားမည်ဆိုပါက ဤလူကို အစိပ်စိပ်အမွှာမွှာ ပိုင်းဖြတ်ပစ်ချင်နေမိသည်။

"သူက ငါတို့ကို အမြဲတမ်း မျှော်လင့်ချက် ပေးနေခဲ့တယ်၊ အဲဒီမျှော်လင့်ချက်ကို သုံးပြီး ငါတို့ဆီက သတင်းတွေကို တစ်ခုပြီးတစ်ခု လဲလှယ်ယူနေတာပဲ..."

နိုးထလာသော မိစ္ဆာတစ်ဦးက ရေရွတ်ရင်း မိမိကိုယ်ကိုယ် လှောင်ပြောင်လိုက်သည်။

"ငါ့ဘဝမှာ ငါ့မျိုးနွယ်ကို သစ္စာဖောက်တဲ့ သစ္စာဖောက်တစ်ယောက် ဖြစ်လာလိမ့်မယ်လို့ တစ်ခါမှ မထင်ထားခဲ့ဖူးဘူး"

"မင်းတို့သာ ငါ့ကို ဝိုင်းပြီး မဖျောင်းဖျခဲ့ကြရင်၊ ငါ အစကတည်းက အသေခံလိုက်မှာ ဒါဆိုရင် သူလည်း ဒီလို လျှို့ဝှက်ချက်တွေကို သိခွင့်ရမှာ မဟုတ်ဘူး"

ယွီဖုန်းက အံကြိတ်ကာ ပြောလိုက်သည်။

"ငါတို့ ဘယ်တုန်းက မင်းကို ဖျောင်းဖျခဲ့လို့လဲ အမြဲတမ်း ဖျောင်းဖျနေခဲ့တာက..."

ဝှစ် ဝှစ် ဝှစ်

လူတိုင်း၏ အကြည့်မှာ နိုးထလာသော မိစ္ဆာတစ်ဦးဆီသို့ ကျရောက်သွားသည်။

အခု သေချာပြန်စဉ်းစားကြည့်လျှင် အစကနေ အဆုံးအထိ ထိုသူကသာ ဖျောင်းဖျနားချနေခဲ့သဖြင့် ယွီဖုန်းမှာ အရာအားလုံးကို ထုတ်ပြောခဲ့ခြင်း ဖြစ်သည်။ အကယ်၍ ထိုသူက အရေးကြီးသော အချိန်တိုင်းတွင် ဝင်မပြောခဲ့လျှင် ယွီဖုန်းသည် သစ္စာရှိစွာ အသေခံသွားပေလိမ့်မည်။

"ငါ့ကို ဘာကြည့်နေကြတာလဲ မင်းတို့ကရော ဝင်မဖျောင်းဖျခဲ့ကြဘူးလား"

ထိုမိစ္ဆာမှာ ဒေါသတကြီးဖြင့် ကျန်ရှိသောလူများကို ပြန်ကြည့်လိုက်သည်။

"ယဲ့ချင်းဟွန်း... မင်း ငါတို့မျိုးနွယ်ရဲ့ သစ္စာဖောက်လား"

ယွီဖုန်း၏ အသံမှာ လေးလံနေသည်။

ဖန့်ချန်၏ စိတ်ထဲတွင် အမူအရာတစ်ခု လှုပ်ခတ်သွားပြီး အတော်အတန် လှပသော ထိုအမျိုးသမီး ကျင့်ကြံသူကို လှမ်းကြည့်လိုက်သည်။

"ငါက ဘာလို့ သစ္စာဖောက်ရမှာလဲ ငါ ယဲ့ချင်းဟွန်းဟာ အသက်ရှင်ရင်လည်း ငါတို့လူမျိုး၊ သေရင်လည်း ငါတို့လူမျိုးရဲ့ ဝိညာဉ်ပဲ "

ယဲ့ချင်းဟွန်းက ဒေါသတကြီး အော်ပြောလိုက်သည်။

"မင်း ပြောလိုက်တာက ငါတို့လူမျိုး တဲ့လား မင်းက သစ္စာဖောက် မဟုတ်ဘူးလို့ ပြောရဲသေးတယ်ပေါ့"

တစ်စုံတစ်ဦးက ယဲ့ချင်းဟွန်း၏ စကားထဲမှ အမှားကို ချက်ချင်း ရှာတွေ့သွားပြီး ဒေါသထွက်သွားသည်။

"ငါ ခုနက ပြောတာက ငါတို့ မိစ္ဆာမျိုးနွယ် လို့ ပြောတာပါ"

ယဲ့ချင်းဟွန်းက ဗြောင်လိမ်ကာ ငြင်းလိုက်သည်။

ယွီဖုန်းနှင့် အခြားသူများမှာ ဘာမှ ထပ်မပြောကြတော့ဘဲ ယဲ့ချင်းဟွန်းနှင့် အငြင်းမပွားချင်တော့ချေ။ အမှန်တရားက လက်တွေ့မှာ ထင်ရှားနေပြီးသား ဖြစ်သည်။

"ငါတို့ ဒီတစ်ခေါက်တော့ သူတို့နှစ်ယောက်ရဲ့ ပရိယာယ်အောက်မှာ အရှုံးကြီး ရှုံးသွားတာပဲ၊ အရှုံးကတော့ မတန်ဘူးလို့ မဆိုသာဘူး။

ကြည့်ရတာ အစကတည်းက ယဲ့ချင်းဟွန်းက ဒီလူ့ဆီ သတင်းပို့ထားလို့ သူက ငါတို့ကို ချောင်းမြောင်းဖမ်းဖို့ အဆင်သင့် ဖြစ်နေခဲ့တာပဲ"

ယွီဖုန်းက အေးအေးဆေးဆေးပင် ဆိုလိုက်သည်။

"မင်းက နိုးထလာတဲ့ မိစ္ဆာလား ဒါမှမဟုတ် လူလား"

ဖန့်ချန်က ယဲ့ချင်းဟွန်းကို ရုတ်တရက် လှမ်းမေးလိုက်သည်။

"ငါက မိစ္ဆာ..."

ယဲ့ချင်းဟွန်းသည် ရုတ်တရက် အပူပေးခံလိုက်ရသလို ခံစားလိုက်ရပြီး ချက်ချင်း စကားပြင်လိုက်သည်။

"ငါက လူပါ၊ တစ်ခါမှ နိုးထမလာခဲ့ဖူးဘူး။ ဒီခန္ဓာကိုယ်ကိုပဲ သိမ်းပိုက် လိုက်တာ"

ယွီဖုန်းနှင့် အခြားသူများမှာ

"ဒါပေါ့၊ ငါတို့ထင်တဲ့အတိုင်းပဲ" ဟူသော အမူအရာများ ဖြစ်သွားကြသည်။

"မင်းနဲ့ ငါနဲ့က အရင်က မသိကြဘူး မဟုတ်လား"

ဖန့်ချန်က ပြုံး၍ မေးသည်။

"ဟုတ်တယ်၊ တကယ်ကို မသိခဲ့တာပါ။ အကယ်၍ စောစောသိခဲ့ရင် ငါ့ရဲ့ ဒီခန္ဓာကိုယ်လည်း ပျက်စီးမှာ မဟုတ်ဘူး။

ဒါပေမဲ့ ငါ မစဉ်းစားတတ်တာက... ငါ့ရဲ့ ခန္ဓာကိုယ် ပျက်စီးသွားပေမဲ့ ငါ့ရဲ့ ဝိညာဉ်က ဘာလို့ ဒီပုံစံအတိုင်း ဖြစ်နေရတာလဲ။

ငါက အသေအချာကို ယောက်ျားတစ်ယောက်ပါ၊ ဒါပေမဲ့ အခုတော့ မူလက ယဲ့ချင်းဟွန်းရဲ့ ပုံစံအတိုင်း ဖြစ်နေတယ်။

ဒါဆို ငါက တကယ်တော့ ဘယ်သူလဲ ငါက ယဲ့ချင်းဟွန်းလား၊ ဒါမှမဟုတ် ကျိုးဝူချန် လား"

'ယဲ့ချင်းဟွန်း' ဟု ခေါ်သော ထိုသူသည် မိမိကိုယ်ကိုယ် ငုံ့ကြည့်ရင်း ဝေခွဲမရဖြစ်နေသည်။

ယွီဖုန်းနှင့် အခြားသူများမှာမူ လုံးဝ ထိတ်လန့်တုန်လှုပ်သွားကြတော့သည်။

ခန္ဓာကိုယ်သိမ်းပိုက်ခြင်း

အခန်း (၁၇၂၂) - နေရာလဲလှယ်ခြင်း

"မဖြစ်နိုင်တာ... မင်းက ဘယ်လိုလုပ်ပြီး ယဲ့ချင်းဟွန်းကို ခန္ဓာကိုယ်သိမ်းပိုက်နိုင်မှာလဲ သူမရဲ့ နှစ်ဘဝစာ ကံအကျိုးတရား ကတင် မင်းကို အနားကပ်လို့မရအောင် ဟန့်တားထားနိုင်ရမှာ "

ယွီဖုန်းက မသိစိတ်အလျောက် အာမေဍိတ်သံဖြင့် ပြောလိုက်သည်။

ယဲ့ချင်းဟွန်းက ယွီဖုန်းကို ကြည့်ကာ နှာခေါင်းရှုံ့လျက် ဆိုသည်။

"နှစ်ဘဝစာ ကံအကျိုးတရားဆိုတော့ရော ဘာဖြစ်လဲ ငါကျင့်ကြံထားတာက စစ်မှန်သော မသေမျိုး ခန္ဓာကိုယ်သိမ်းပိုက်ခြင်း မဟာပညာရပ် ပဲ။ စစ်မှန်သော မသေမျိုး ဆိုတာက 'စစ်မှန်' ဆိုတဲ့ စကားလုံးတစ်လုံးတည်းနဲ့တင် အသာရနေတယ်လို့ မင်းထင်နေတာလား "

"စစ်မှန်သော မသေမျိုး ခန္ဓာကိုယ်သိမ်းပိုက်ခြင်း မဟာပညာရပ် "

လူတိုင်း မှင်တက်သွားကြသည်။

ဖန့်ချန်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်

"မင်းက စစ်မှန်သော မသေမျိုး လား မသေမျိုးလောကငယ် က လာတာလား"

မသေမျိုးလောကငယ် က ထိုက်ချန်းနယ်မြေ စစ်ပွဲမှာ မပါဝင်ဘူးလို့ ကြားထားတာ မဟုတ်လား အကယ်၍ ရှေ့ကလူက တကယ့် ဝမ်မျိုးနွယ်စု က ကျွမ်းကျင်သူဆိုရင် မသေမျိုးလောကငယ်ရဲ့ သဘောထားက တကယ်ကို ထူးဆန်းနေပြီဖြစ်သည်။

"မသေမျိုးလောကကယ် ဟုတ်လား အဲဒီလိုနေရာမျိုးက ငါ့ကို လာဖို့ ဖိတ်ခေါ်ရင်တောင် ငါက မသွားချင်ဘူး"

ယဲ့ချင်းဟွန်းက ပြုံးလိုက်သည်။ သူမ၏ လေသံထဲတွင် အထင်အမြင်သေးသည့် အရိပ်အယောင် အနည်းငယ် ပါဝင်နေသည်။

ထို့နောက် သူမသည် ဖန့်ချန်ကို အတိတ်ကို ပြန်ပြောင်းသတိရဟန်ဖြင့် ကြည့်ကာ

"မိတ်ဆွေရဲ့ ခုနက နည်းလမ်းက ငရဲမင်းကြီးရဲ့ ဘွဲ့နှင်းအပ်ခြင်း မဟုတ်လား ဒီလိုနည်းလမ်းမျိုးကို မတွေ့ရတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီပဲ"

"ငရဲမင်းကြီးရဲ့ ဘွဲ့နှင်းအပ်ခြင်း ဟုတ်လား"

ယွီဖုန်းနှင့် အခြားသူများမှာ ယနေ့တွင် တကယ့်ကို သရဲသေရဲနှင့် တွေ့နေရသည်ဟု ခံစားလိုက်ရသည်။ ငရဲမင်းကြီးရဲ့ ဘွဲ့နှင်းအပ်ခြင်း ဆိုသည့်အရာက ဤလောကတွင် တစ်ဖန် ပြန်လည်ပေါ်ပေါက်လာပြန်ပြီလား ၎င်းကို သူတို့ ကိုယ်တိုင် ကြုံတွေ့လိုက်ရသည်လား။

သူတို့ သေချာစဉ်းစားကြည့်လေ၊ သူတို့၏ အခြေအနေမှာ ဘွဲ့နှင်းအပ်ခြင်းခံထားရသည့် ယင်လောက နတ်ဘုရားအစစ်များ နှင့် တကယ်ကို ဆင်တူနေသည်ဟု ခံစားရလေ ဖြစ်သည်။

ဒီလိုဆိုရင်... ရှေ့ကလူက မျိုးဆက်သစ် ငရဲမင်းပေါ့

ဤအချက်ကို တွေးမိလိုက်သည်နှင့် ယွီဖုန်းတို့မှာ ခွေးချေးကို အတင်းကျွေးခံလိုက်ရသလို ခံစားချက်မျိုး ဖြစ်သွားကာ မျက်နှာများမှာ စိမ်းပုပ်သွားတော့သည်။

"မိတ်ဆွေယဲ့... ခုနက မင်းပြောတဲ့ နှစ်ပေါင်းများစွာ ဆိုတာက..."

ဖန့်ချန်က ထိုစကားထဲမှ တစ်စုံတစ်ခုကို သတိထားမိသွားသည်။

"ငါ့ရဲ့ မူလနာမည်က ကျိုးဝူချန် ပါ၊ ဒါပေမဲ့ အခု ငါ့ရဲ့ ဒီပုံစံနဲ့ဆိုရင်တော့... မင်း ငါ့ကို မိတ်ဆွေယဲ့ လို့ ခေါ်လည်း ဘာမှမဖြစ်ပါဘူး"

ယဲ့ချင်းဟွန်းက သက်ပြင်းချလိုက်သည်

"ငါ အရင်က ငရဲမင်းကြီးရဲ့ ဘွဲ့နှင်းအပ်ခြင်းကို ကိုယ်တိုင် မြင်ဖူးခဲ့တာ အမှန်ပဲ။ ဒါပေမဲ့ အဲဒီတုန်းက ငါ့ရဲ့ ဝိညာဉ်ဟာ အစိတ်စိတ်အမြွှာမြွှာ အပိုင်းပိုင်း အရိုက်ခံခဲ့ရလို့၊ အစိတ်အပိုင်းလေး တစ်ခုပဲ ကျန်ခဲ့တာ။ အဲဒီနောက်မှာ တစ်ဘဝပြီး တစ်ဘဝ ခန္ဓာကိုယ်သိမ်းပိုက်ရင်း သံသရာလည်နေခဲ့ရလို့ အသေးစိတ် ကိစ္စတွေကိုတော့ သိပ်မမှတ်မိတော့ဘူး"

"မင်းပြောချင်တာက... မင်းက ဘုံသုံးဘုံ ပရမ်းပတာ ဖြစ်ခဲ့တဲ့ခေတ်က စစ်မှန်သော မသေမျိုး ဆိုတဲ့ သဘောလား "

ယွီဖုန်းက လေးနက်သော မျက်နှာထားဖြင့် မေးလိုက်သည်။

"ငါက အဲဒီလိုလူမျိုးနဲ့ မတူလို့လား"

ယဲ့ချင်းဟွန်းက ပြုံး၍ ပြန်မေးသည်။

ယွီဖုန်းနှင့် အခြားသူများ၏ မျက်နှာမှာ ပိုမိုလေးနက်လာသည်။

ဘုံသုံးဘုံ ပရမ်းပတာခေတ်က စစ်မှန်သော မသေမျိုးဟာ တစ်ဘဝပြီး တစ်ဘဝ သံသရာလည်ပြီး ယနေ့အထိ ရှိနေခဲ့တာလား။ သူ၏ မူလဘဝက အဆင့် ၈ စစ်မှန်သော မသေမျိုး ဖြစ်နိုင်ခြေ အလွန်များသည်။

"မိတ်ဆွေယဲ့... မင်း မိစ္ဆာမျိုးနွယ်ကို ခန္ဓာကိုယ်သိမ်းပိုက်တာက ထိုက်ချန်းနယ်မြေ စစ်ပွဲအတွက်လား "

ဖန့်ချန်က စူးစမ်းချင်စိတ်ဖြင့် မေးလိုက်သည်။

"မဟုတ်ပါဘူး၊ တိုက်ဆိုင်မှုတစ်ခုပါပဲ။ ဒါပေမဲ့ ပိုပြီး တိုက်ဆိုင်တာက ငါ ခန္ဓာကိုယ်သိမ်းပိုက်ပြီး နှစ်အနည်းငယ်အတွင်းမှာတင် မင်းရဲ့ သတ်တာကို ခံလိုက်ရတာပဲ။

ကံကောင်းတာက ငါက အတွေ့အကြုံရှိတဲ့သူမို့လို့ မင်းက လက်ရှိခေတ်ရဲ့ ငရဲမင်းကြီးဆိုတာကို မှတ်မိသွားခဲ့တယ်။ သေပြီးသားပဲဆိုတော့ မင်းကို တစ်ဖက်တစ်လမ်းက ကူညီပေးမယ်လို့ တွေးလိုက်တာပေါ့။

တကယ်လည်း ဒီကလေးတွေကို လှည့်စားရတာ အရမ်းလွယ်တာပဲ၊ စကားအနည်းငယ်နဲ့တင် သူတို့သိသမျှ သတင်းတွေ အကုန်ထွက်လာတာ"

ယဲ့ချင်းဟွန်းက ရယ်မောကာ ဆိုသည်။

ယွီဖုန်း၏ မျက်နှာမှာ ညိုမည်းသွားပြီး အေးစက်စွာ လှောင်ပြောင်လိုက်သည်။

"ဒီ ငရဲမင်းကြီးရဲ့ ဘွဲ့နှင်းအပ်ခြင်းသာ မရှိရင်၊ မင်း ငါ့ဆီက သတင်းတွေ ထွက်အောင် လုပ်နိုင်ပါ့မလား"

"ငရဲမင်းကြီးရဲ့ ဘွဲ့နှင်းအပ်ခြင်း မရှိရင်တောင်၊ ငါက ယဲ့ချင်းဟွန်း အနေနဲ့ မင်းဆီက သတင်းရအောင် လုပ်ဖို့ဆိုတာ မခက်ပါဘူး။ အများဆုံးရှိရင် ငါ့ရဲ့ အလှအပ ကို နည်းနည်း သုံးလိုက်ရုံပေါ့"

ယဲ့ချင်းဟွန်းက ပြုံးပြုံးလေး ပြောလိုက်သည်

"ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်မှ မဟုတ်တာ၊ ငါ သိပ်ပြီး ဂရုမစိုက်ပါဘူး"

ယွီဖုန်းမှာ အံ့အားသင့်သွားပြီး လူတိုင်း၏ မျက်နှာပေးမှာလည်း ထူးဆန်းသွားသည်။

ယခင်က သူတို့နှစ်ဦးကြားတွင် အနည်းငယ် ပတ်သက်မှု ရှိခဲ့သည်မှာ အမှန်ပင်။ သို့သော် ယခု ယဲ့ချင်းဟွန်း၏ ဝိညာဉ်အစစ်မှာ ယောက်ျားတစ်ဦး ဖြစ်ကြောင်း သိလိုက်ရသောအခါ၊ ဤကိစ္စမှာ တကယ်ကို တစ်မျိုးကြီး ဖြစ်သွားတော့သည်။

"မိတ်ဆွေ... သူတို့ကို လမ်းပို့ပေးဖို့ အချိန်တန်ပြီ။ သူတို့ သိသမျှတွေကိုလည်း အကုန်လုံးနီးပါး ထွေးထုတ်ပြီးပြီလို့ ငါ ထင်တယ်။ ဆက်မေးနေလည်း ထူးမှာ မဟုတ်တော့ဘူး"

ယဲ့ချင်းဟွန်းက ဖန့်ချန်ကို ပြုံး၍ ပြောလိုက်သည်။

ဖန့်ချန်သည် ထိုစကားကို ကြားသောအခါ ယွီဖုန်းနှင့် အခြားသူများကို ထပ်မံ စစ်ဆေးမေးမြန်းလိုက်သည်။

ဤတစ်ကြိမ်တွင်မူ သူသည် အနည်းငယ်မျှသော ခုခံမှုကိုသာ ကြုံတွေ့ရပြီး မေးသမျှကို အကုန်ဖြေကြသည်။

အချိန်အနည်းငယ် ကုန်ဆုံးသွားပြီးနောက် ဖန့်ချန်သည် စစ်ပွဲအတွက် သိပ်ပြီး အရေးမကြီးလှသည့် သတင်းအချက်အလက်အချို့ကို ထပ်မံ ရရှိခဲ့သည်။ ဥပမာအားဖြင့် - နိုးထလာသည့် မိစ္ဆာမျိုးနွယ်များကြားတွင် မျှော်လင့်ချက် အားကိုးရဆုံးသော ပါရမီရှင်များ၏ အကြောင်းနှင့် ဤစစ်မြေပြင်၏ နောက်ဆက်တွဲ စစ်ရေးလှုပ်ရှားမှု သတင်းအချို့ ဖြစ်သည်။

"ဒါနဲ့... မင်းတို့က မော်ထျန်းဌာန နဲ့ လက်တွဲထားတာဆိုတော့၊ သူတို့အကြောင်း ပြောပြပါဦး"

ဖန့်ချန်က သာမန်ကာလျှံကာ မေးလိုက်သည်။

"မော်ထျန်းဌာန ဟုတ်လား သူတို့က အမြဲတမ်း လူမြင်ကွင်းကနေ ပုန်းကွယ်ပြီး အလုပ်လုပ်ကြတာ။ အဲဒီ မော်ထျန်းတိကျန်း ဆိုတဲ့သူက အခုထိ လူကိုယ်တိုင် ထွက်မလာသေးဘူး။

ငါတို့မျိုးနွယ်က တွေ့ဖူးသမျှထဲမှာ အစွမ်းအထက်ဆုံး မော်ထျန်းဌာန ကျွမ်းကျင်သူဆိုလို့ လေးစားအပ်သူ အဆင့်မှာတင် ရပ်တန့်နေတယ် "

ယွီဖုန်းက အေးဆေးစွာ ဆိုသည်

"သူ ငါတို့နဲ့ လက်တွဲတာက... ငါတို့မျိုးနွယ်ရဲ့ လက်ထဲမှာ ယင်လောကငယ် ကို ပြန်လည်သိမ်းပိုက်ဖို့အတွက် မော်ထျန်းဌာနအတွက် အလွန်အရေးကြီးတဲ့ ယင်လက်နက် တစ်ခု ရှိနေလို့ပဲ"

"ဒီ ယင်လက်နက်က ဘယ်သူ့လက်ထဲမှာလဲ "

ဖန့်ချန်က မေးသည်။

"အဲဒါတော့ ငါမသိဘူး။ မင်းက လက်ရှိခေတ် ငရဲမင်းကြီးပဲ၊ မင်းလည်း မသိဘူးလား ယင်လောကမှာ ရှိသမျှ အရာအားလုံးက မင်းပိုင်တာ ဖြစ်သင့်တာပေါ့"

ယွီဖုန်းက တစ်ပါးသူ ဒုက္ခရောက်သည်ကို ဝမ်းသာဟန်ဖြင့် ဆိုသည်။

"ဟုတ်သားပဲ... ဘုံသုံးဘုံ ပရမ်းပတာ ဖြစ်ပြီးကတည်းက၊ မင်းတို့ရဲ့ ယင်လောကဟာ ငါတို့မျိုးနွယ်ရဲ့ အစွမ်းထက်သူတွေရဲ့ နင်းခြေဖျက်ဆီးခြင်းကို ခံခဲ့ရတာပဲ။ ခေတ်အဆက်ဆက် ငရဲမင်းကြီးတွေတောင် သေတာ အရမ်းရုပ်ဆိုးခဲ့ကြတယ်။ အခု မင်းကတော့ အစဉ်အလာအရ တရားဝင် ငရဲမင်းကြီးလို့တောင် အမည်တပ်လို့ မရပါဘူး။

ဖူထူလောက ရဲ့ နယ်မြေ ၁၀ ပုံမှာ ၅ ပုံ ၆ ပုံလောက်က မော်ထျန်းဌာနရဲ့ လက်ထဲမှာ ရှိနေတာ။

ပြောရရင်... အဲဒီ မော်ထျန်းတိကျန်း ဆိုတဲ့ ထူးခြားတဲ့ ယင်မိစ္ဆာကြီးကမှ တကယ့် ငရဲမင်းကြီး အစစ်ပဲ။ မင်းကတော့ နာမည်ခံ သက်သက်ပါပဲ"

"ဟုတ်လား... သူက ယင်လောကငယ်ကို ထိန်းချုပ်နိုင်လို့လား"

ဖန့်ချန်က အသာအယာ မေးသည်။

ယွီဖုန်းသည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ

"ဒါဆို... မင်းက ငရဲမင်းကြီးရဲ့ နည်းလမ်းကို သုံးပြီး ဒီနေရာက မရဏလမ်း ကို ဖွင့်ခဲ့တာပေါ့ "

"ဒါကိုတော့ မင်း သိစရာ မလိုပါဘူး၊ ငါ့မှာ ကိုယ်ပိုင်နည်းလမ်း ရှိတယ်"

ဖန့်ချန်က ပြုံး၍ ဆိုသည်။

ယွီဖုန်းက စဉ်းစားဆင်ခြင်လျက်

"သိသိ၊ မသိသိ တကယ်တော့ ဘာမှ မထူးပါဘူး။မင်းဖွင့်နိုင်တဲ့ မရဏလမ်းက ဘယ်လောက်တောင် ရှိမှာမလို့လဲ ငါတို့မျိုးနွယ်က အထက်သုံးဘုံ စလုံးကို ပိတ်ဆို့ထားပြီးသား။

အောက်ခြောက်ဘုံ ထဲက ကြယ်စုတန်း အသီးသီးကိုလည်း ငါတို့ အပြီးတိုင် ပိတ်ဆို့ထားတယ်။

မင်းရဲ့ လက်ထဲမှာ ကုဋေကုဋာမကတဲ့ ယင်စစ်သည်တွေ ရှိနေရင်တောင် ဘာမှ လုပ်နိုင်မှာ မဟုတ်ဘူး"

"သူတို့က ရှေ့က ငရဲမင်းကြီးဆီမှာ အကြီးအကျယ် အရိုက်ခံထားရလို့ ကြောက်နေကြတာ"

ယဲ့ချင်းဟွန်းက လှောင်ပြောင်လိုက်သည်

"ငါ မှတ်မိသလောက်တော့... အရင်က ငရဲမင်းကြီးဟာ မရေမတွက်နိုင်တဲ့ ယင်စစ်သည်တွေကို ခေါ်လာပြီး တစ်ကိုယ်တော် အစွမ်းနဲ့တင် စစ်ရေးအခြေအနေတစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်လုနီးပါး ဖြစ်ခဲ့တာ။

အဲဒီလို ထင်မှတ်မထားတဲ့ နည်းလမ်းတွေက တကယ်ကို ခုခံဖို့ ခက်ခဲလွန်းတယ်။ တစ်ရက်တည်းမှာတင် စစ်မြေပြင် အခု ၁၀၀ လောက်ကို တစ်ပြိုင်နက်တည်း ရောက်နိုင်တာမျိုးကို ဒီလောကမှာ ဘယ်သူ လုပ်နိုင်မှာလဲ"

ယွီဖုန်းနှင့် အခြားသူများ၏ မျက်နှာမှာ ပုပ်သိုးသွားသော်လည်း၊ ဤအချက်ကိုတော့ သူတို့ ဝန်ခံရပေလိမ့်မည်။

"နှမြောစရာကောင်းတာက နောက်ဆုံးမှာတော့ မင်းတို့ရဲ့ ယင်လောကဟာ ငါတို့မျိုးနွယ်ရဲ့ နင်းခြေဖျက်ဆီးခြင်းကို ခံလိုက်ရတာပဲ"

ယွီဖုန်းက အေးစက်စွာ ဆိုသည်။

"အဲဒီနောက်မှာ မင်းတို့ရဲ့ ယင်လောကလည်း အဲဒီ ငရဲမင်းကြီးရဲ့ ဖျက်ဆီးခြင်းကို အပြီးတိုင် ခံလိုက်ရတယ်လေ။ ဒါကြောင့် မင်းတို့ဆီမှာ သံသရာလည်လို့ မရတော့ဘဲ လူ့လောက ကိုးဘုံဆီကို ခိုးကြောင်ခိုးဝှက် လာနေကြရတာ မဟုတ်ဘူးလား"

ယဲ့ချင်းဟွန်းက ပြုံး၍ ဆိုသည်။

သူမသည် ဖန့်ချန်ကို ကြည့်ကာ

"အဲဒီတုန်းက အဲဒီ ငရဲမင်းကြီး သုံးခဲ့တာက နေရာလဲလှယ်ခြင်း ဗျူဟာပဲ။ ငါတို့ဘက်မှာ ဆိုးရွားခဲ့တယ်ဆိုပေမဲ့၊ သူတို့ဘက်မှာလည်း သိပ်မသာလှပါဘူး။

ငါ ထင်တာတော့... အဲဒီ ငရဲမင်းကြီးဟာ အခုထိ မိစ္ဆာမျိုးနွယ်တွေရဲ့ နယ်မြေထဲမှာ ရှိနေတုန်းပဲ ဖြစ်လိမ့်မယ်။ သူတို့ရဲ့ သံသရာလည်မယ့် လမ်းကြောင်းကို ပိတ်ဆို့ထားတုန်းပဲ နေမှာ"

"မဖြစ်နိုင်တာ"

ယွီဖုန်းက ထိတ်လန့်တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်သည်။

"ဒီက ငရဲမင်းကြီးက သေတာ ကြာလှပြီ"

"မှန်တယ် မင်းတို့ရဲ့ အရင်မျိုးဆက် ငရဲမင်းကြီးဟာ ငါတို့မျိုးနွယ်ရဲ့ အစွမ်းထက်သူတွေရဲ့ နှိမ်နင်းခြင်းကို ခံရပြီး ဝိညာဉ်ပါ အကျေခံလိုက်ရတာ ကြာပြီ၊ သူ အသက်ရှင်နေဖို့ဆိုတာ မဖြစ်နိုင်ဘူး "

"အားလုံးပဲ... သူတို့က ဒီစကားတွေနဲ့ ငါတို့ရဲ့ စိတ်ဓာတ်ကို ဖြိုခွဲဖို့ ကြိုးစားနေတာပဲ"

ဒီနေရာမှာ ရှိနေတဲ့ နိုးထလာတဲ့ မိစ္ဆာတွေက ယဲ့ချင်းဟွန်းရဲ့ စကားကို အယုံအကြည် မရှိကြချေ။

ယဲ့ချင်းဟွန်းက အထင်အမြင်သေးသော မျက်နှာထားဖြင့်

"တစ်ပါးသူရဲ့ အစွမ်းထက်မှုကို ဝန်ခံဖို့က ဒီလောက်တောင် ခက်ခဲနေသလား။

အဲဒီတုန်းက ငရဲမင်းကြီးဟာ ယင်လောကရဲ့ လမ်းစဉ်နဲ့တင် အသိအမြင်ကို ရရှိခဲ့တာ။ အကယ်၍ ကောင်းကင်ဘုံရဲ့ နေရာကို တစ်စုံတစ်ယောက်ကသာ အပိုင်မစီးထားခဲ့ရင်၊ သူဟာ ဒီလောကရဲ့ ကောင်းကင်ဘုံအဖြစ် ထိုင်နေဖို့တောင် လုံလောက်တဲ့သူပဲ။

ဒီလို အစွမ်းထက်သူမျိုးကို မင်းတို့မျိုးနွယ်ရဲ့ တစ်ဝက်တစ်ပျက် ကောင်းကင်ဘုံ ကျင့်ကြံသူတွေက နှိမ်နင်းနိုင်မယ်လို့ ထင်နေတာလား အိပ်မက်ယဉ်နေတာပဲ။

တကယ်လို့ ဒီလောကရဲ့ ကောင်းကင်ဘုံကသာ လက်ချောင်းငှားပြီး လူသတ် ဖို့အတွက် မင်းတို့ဘက်ကနေ ခိုးပြီး မကူညီခဲ့ရင်၊ ဘုံသုံးဘုံ ပရမ်းပတာ ဆိုတာမျိုးတောင် ရှိလာမှာ မဟုတ်ဘူး"

ဖန့်ချန်၏ မျက်နှာမှာ လေးနက်သွားပြီး ဦးနှောက်ထဲတွင် အတွေးများစွာ ဗရပွ ဖြစ်သွားတော့သည်။

ယဲ့ချင်းဟွန်း ယခုတစ်ခေါက် ထုတ်ပြောလိုက်သည့် သတင်းမှာ အလွန်ပင် အရေးကြီးလှသည်။

အရင်မျိုးဆက် ငရဲမင်းကြီးက အသက်ရှင်နေသေးတာလား ပြီးတော့ မိစ္ဆာမျိုးနွယ်တွေဘက်က သံသရာလည်မယ့် လမ်းကြောင်းကို ကိုယ်တိုင် ပိတ်ဆို့ထားတာလား။

All Chapters