အခန်း (၇၁၅-၇၁၆)
Vol. 72 Ch. 715-716
အခန်း (၇၁၅) - နတ်ဘုရားကြီး ကယ်ပါဦး ၊ ဒါတွေက အဆင့်တုတွေပဲကိုး ၊ အဖိုးကြီးကို ဓားဖြင့်ကွပ်မျက်ခြင်း ၊ နတ်ဘုရား၏ တရားပြသမှု
ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးတွင် လေပြင်းများ တိုက်ခတ်လာပြီး ဝတ်စုံနက်အဖိုးအို၏ အရှိန်အဝါမှာ တစ်ဟုန်ထိုး မြင့်တက်လာတော့သည်။
သူ၏ ပတ်ဝန်းကျင်တွင် ထူးဆန်းသော နိမိတ်ပုံရိပ်များစွာ ပေါ်ထွက်လာ၏။ နာကျည်းနေသော ဝိညာဉ်များ၊ ရက်စက်သော မိစ္ဆာများသာမက ငရဲပြည်မှ နွားခေါင်း၊ မြင်းခေါင်း၊ အဖြူအမဲ ဝိညာဉ်နှုတ်အရာရှိများ၏ ပုံရိပ်များမှာ သူ၏ အရှိန်အဝါအတွင်းဝယ် တရိပ်ရိပ် ထွက်ပေါ်လာကြသည်။
ဧရာမ လူမျက်နှာကြီးတစ်ခုသည် ကောင်းကင်ယံမှနေ၍ လီယန်ချူးကို ငုံ့ကြည့်နေသည်။
ဝုန်း
ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအာဏာစက်တစ်ခု ကျရောက်လာသည်။ လီယန်ချူးသည် ကိုယ်ဟန်ကို တစ်ချက်လှုပ်ရှားလိုက်ရုံဖြင့် ထိုနေရာမှ ပျောက်ကွယ်သွား၏။ သူရှိခဲ့သော နေရာတွင်မူ နက်ရှိုင်းသော ကျင်းကြီးတစ်ခု ဖြစ်ပေါ်သွားပြီး အက်ကြောင်းပေါင်းများစွာမှာ ပတ်ဝန်းကျင်သို့ ဖြာထွက်သွားကာ ကျောက်ခဲများမှာလည်း လွင့်စင်ကုန်တော့သည်။
"မင်းတို့ ငရဲတောင်က ဒီနတ်ဘုရားနယ်မြေထဲမှာ သောင်းကျန်းလို့ရမယ်လို့ တကယ်ပဲ ထင်နေတာလား"
လီယန်ချူးက အေးစက်စွာ လှောင်ပြောင်လိုက်သည်။
ထိုကဲ့သို့သော လှောင်ပြောင်သည့် အကြည့်များက ချွေယွမ်ကို လုံးဝ ဒေါသထွက်သွားစေခဲ့ပြီ
"ခွေးကောင် "
ဧရာမ မျက်နှာကြီးက ကောင်းကင်အမိန့်ကို ဟစ်ကြွေးလိုက်သကဲ့သို့ပင် မြေပြင်မှာ ဝုန်းခနဲ ကွဲအက်သွားပြီး အတိုင်းအဆမရှိသော ဝိညာဉ်ဆိုးများ၊ မိစ္ဆာများမှာ မိစ္ဆာအရှိန်အဝါများဖြင့် တိုက်ခိုက်လာကြတော့သည်။
လီယန်ချူးသည် တုံ့ဆိုင်းမနေဘဲ လျင်မြန်သော အရှိန်ဖြင့် နန်းဆောင်အတွင်းသို့ တိုက်ရိုက် ပြေးဝင်သွားကာ အသံကျယ်ကြီးဖြင့် ဟစ်အော်လိုက်သည်။
"နတ်ဘုရားကြီး ကယ်ပါဦးဗျို့"
ဝုန်း
မိစ္ဆာစစ်သည်များနှင့် ဝိညာဉ်ဆိုးများမှာ နန်းဆောင်အတွင်းသို့ လိုက်လံစီးနင်းဝင်ရောက်လာပြီး ခဏချင်းမှာပင် နန်းဆောင်တံခါးကြီးကို ရိုက်ချိုးလိုက်ကြသည်။ ထိုအခါ ဝတ်စုံဖြူနတ်ဘုရားမှာ မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး နှာခေါင်းတစ်ချက် ရှုံ့လိုက်၏။ သူသည် အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် နန်းဆောင်အတွင်းသို့ ဝင်လာသော ဝိညာဉ်ဆိုးများမှာ ချက်ချင်းပင် အသတ်ခံလိုက်ရပြီး ပျောက်ကွယ်သွားတော့သည်။
၎င်းမှာ ချွေယွမ်၏ မိစ္ဆာအတတ်ဖြင့် ဖန်တီးထားသော ပုံရိပ်များသာ ဖြစ်သော်လည်း၊ ၎င်းတို့၏ အစွမ်းမှာ နှစ်တစ်ရာရှိသော ဝိညာဉ်ဆိုးများထက်ပင် ပို၍ ကြောက်မက်ဖွယ် ကောင်းလှပေသည်။ သို့သော် တစ်ခဏချင်းမှာပင် အကုန်အစင် ချေမှုန်းခံလိုက်ရခြင်း ဖြစ်သည်။
လီယန်ချူးက အားရပါးရ လက်ခုပ်တီး၍ ချီးကျူးလိုက်သည်
"နတ်ဘုရားကြီးက တကယ့်ကို အစွမ်းထက်တာပဲ"
သူသည် ကောင်းကင်ယံရှိ ဧရာမ မျက်နှာကြီးကို ကြည့်ကာ ဆဲဆိုလိုက်သည်။
"ဟေ့... အဖိုးကြီး ဒီနေရာမှာ နတ်ဘုရားကြီး ရှိနေတာကွ၊ မင်း သေချင်လို့လား သတ္တိရှိရင် ဆင်းလာခဲ့လေ"
လီယန်ချူး၏ အသံမှာ မြည်ဟီးနေပြီး ထိုပတ်ဝန်းကျင် တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။ အဝေးသို့ ရောက်နေပြီဖြစ်သော ချင်လော့ရွှန်းပင် ထိုအသံကို ကြားလိုက်ရ၏။ သူမသည် မျက်ခုံးလေးကို အသာအယာ ကြုတ်လိုက်မိသည်။
"ဘာတွေ ဖြစ်နေတာလဲ ကြည့်ရတာ... အဲဒီ ကျောက်ကျိလုံ က ဝတ်စုံဖြူနတ်ဘုရားနဲ့ တစ်ဖွဲ့တည်း ဖြစ်နေတာလား"
အခြားတစ်ဖက်တွင်မူ လီယန်ချူး၏ စကားများက ချွေယွမ်ကို ပို၍ပင် ဒေါသခြောင်းခြောင်းထွက်သွားစေသည်။
"ဒီလောကမှာ ဘယ်က နတ်ဘုရားရှိမှာလဲ "
"မင်းကတော့ သေခါနီးအထိ ဒီလို လှည့်ကွက်အသေးအဖွဲလေးတွေနဲ့ ကစားနေတုန်းပဲကိုး "
ဝုန်း ဝုန်း ဝုန်း
ချွေယွမ်သည် ယခုအခါ ဆယ်ပေခန့် မြင့်မားသော ဘီလူးကြီးတစ်ဦးအဖြစ် ပြောင်းလဲသွားပြီး၊ ကိုယ်ပေါ်တွင် ရှေးဟောင်း သံချပ်ကာ ဝတ်ဆင်ထားကာ လက်ထဲတွင် လှံရှည်တစ်စင်းကို ကိုင်ဆောင်ထားသည်။ သူ၏ ပတ်ဝန်းကျင်တွင် ဆန်းကြယ်သော ဂါထာစာလုံးများ ဝန်းရံနေ၏။ သူ၏ တိုက်ခိုက်မှု တစ်ချက်တည်းဖြင့်ပင် နန်းဆောင်ကြီး၏ အမိုးတစ်ခုလုံး လွင့်ထွက်သွားတော့သည်။
"နတ်ဘုရားကြီး... သူက ခင်ဗျားကို အထင်သေးနေတာဗျ။ ဒီလို မိစ္ဆာကောင်က ဒီလောက်တောင် သောင်းကျန်းနေတာ၊ နတ်ဘုရားကြီး ကိုယ်တိုင် လက်စွမ်းပြပြီး သူ့ကို သတ်ပေးပါဦး"
လီယန်ချူးက အလွန်အမင်း ဒေါသထွက်နေသော မျက်နှာပေးဖြင့် ပြောလိုက်သည်။
ဝတ်စုံဖြူနတ်ဘုရားက လီယန်ချူးကို အေးစက်စွာ တစ်ချက်ကြည့်လိုက်၏။ သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အရိပ်အယောင်များ ဖြတ်ပြေးသွားကာ
"ဒီလောက် အဆင့်လေးကို ငါကိုယ်တိုင် လက်ဖျားနဲ့တောင် တို့စရာ မလိုပါဘူး"
ဟု ဆိုလိုက်သည်။
"ဘယ်သူက ဒီကောင်ကို သတ်ပေးမလဲ"
ဝတ်စုံဖြူနတ်ဘုရားက အသာအယာ ပြုံး၍ မေးလိုက်သည်။
လူအုပ်ကြီးထဲမှ အလင်းတန်းပေါင်းများစွာ ပျံတက်လာကြသည်။
"တပည့်တော် သွားပါ့မယ်"
ထိုသူများမှာ စောစောကမှ ယန်ဝိညာဉ်အဆင့်သို့ တက်လှမ်းသွားကြသည့် ကျင့်ကြံသူများ ဖြစ်ကြသည်။ ချွေယွမ်၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွား၏။ ဤနန်းဆောင်အတွင်း၌ ယန်ဝိညာဉ်အဆင့် ကျင့်ကြံသူ ဤမျှအထိ များပြားနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ဝုန်း ဝုန်း
စွမ်းအားများ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ဖြစ်ပေါ်လာသော လှိုင်းလုံးများမှာ ရေလှိုင်းများကဲ့သို့ ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားတော့သည်။ မိုးကြိုးများ ပစ်ချနေပြီး ကျင့်စဉ်စွမ်းအားများမှာလည်း ရှုပ်ထွေးနေ၏။ ကောင်းကင်ယံတွင် ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားအတတ်များ ပေါ်ထွက်နေသည်။
ကျန်ရှိနေသော ကျင့်ကြံသူများမှာ မျက်နှာပျက်ကုန်ကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဤမျှ ထူးခြားသော အပြောင်းအလဲများ ဖြစ်လာလိမ့်မည်ဟု မည်သူမျှ မထင်ထားခဲ့ကြပေ။
ချွေယွမ်သည် ငရဲတောင်၏ အထွတ်အထိပ် ပညာရှင်တစ်ဦး ဖြစ်သည်။ သူသည် ယန်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေသည်မှာ ကြာပြီဖြစ်ကာ အလယ်အလတ်အဆင့်သို့ပင် ရောက်ရန် နီးစပ်နေပြီဖြစ်သည်။ ထို့ကြောင့် ယခုမှ ယန်ဝိညာဉ်အဆင့်သို့ စတက်သော ကျင့်ကြံသူအသစ်များက သူ့ကို ယှဉ်နိုင်ရန် ခဲယဉ်းလှပေသည်။ သို့သော်လည်း ခဏချင်းအတွင်းမှာပင် သူတို့ကို အနိုင်ယူရန်မှာမူ မဖြစ်နိုင်သေးပေ။
ဝတ်စုံဖြူနတ်ဘုရားမှာမူ အေးချမ်းစွာပင် တည်ရှိနေ၏။ သူသည် ဤဖြစ်ရပ်အားလုံးကို စိတ်မဝင်စားသကဲ့သို့ပင်။ ဤဆယ်ပေမြင့်သော ဘီလူးကြီးကို အချိန်မရွေး သတ်ဖြတ်နိုင်သကဲ့သို့ အမူအရာမျိုး ရှိနေသည်။ လီယန်ချူးသည် သူ့ကို ခဏမျှ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် အေးစက်စွာ ပြုံးလိုက်သည်။
"ဪ... ဒီလိုကိုး"
ဝုန်း
ပုံရိပ်တစ်ခု အောက်သို့ ပြုတ်ကျလာသည် မြေပြင်ပေါ်တွင် ကျင်းကြီးတစ်ခု ဖြစ်သွားပြီး ကျင်း၏ အလယ်တွင် မြက်ဖိနပ်စီးထားသော အဖိုးအိုတစ်ဦး ရှိနေသည်။
"မဖြစ်နိုင်တာ... မဖြစ်နိုင်ဘူး ငါက ယန်ဝိညာဉ်အဆင့် ရောက်နေပြီပဲ၊ ဘာလို့ ဒီလောက်အမြန် ရှုံးသွားရတာလဲ "
မြက်ဖိနပ်စီး အဖိုးအို၏ မျက်ဝန်းများတွင် ဝေဝါးနေမှုများ ပြည့်နှက်နေ၏။ သူသည် မိမိကိုယ်တွင်းရှိ အရှိန်အဝါမှာ အလွန်ပင် ပြင်းထန်နေသည်ဟု ခံစားရသော်လည်း၊ တကယ်တမ်း တိုက်ခိုက်သည့်အခါတွင်မူ အားမရှိသလို ဖြစ်နေရခြင်းပင်။
ဝုန်း
နောက်ထပ် လူတစ်ယောက် ထပ်မံ ပြုတ်ကျလာပြန်သည်။ ထိုသူသည်လည်း မြေပြင်ပေါ်သို့ ရောက်သည့်အခါ မယုံကြည်နိုင်သော မျက်နှာပေးမျိုး ဖြစ်နေရသည်။
ချန်ယန်သည် သူ၏ ငယ်ရွယ်သော သွေးပူမှုဖြင့် လှံကို ဝှေ့ယမ်းကာ ဆယ်ပေမြင့်သော ဘီလူးကြီးကို ထိုးစိုက်လိုက်၏။ လှံဖျားမှ ရွှေရောင်နဂါးတစ်ကောင် ထွက်ပေါ်လာပြီး ဟိန်းဟောက်၍ တိုက်ခိုက်သွားသည်။
၎င်းမှာ သူ၏ အစွမ်းအထက်ဆုံး လျှို့ဝှက်ချက်ဖြစ်သော ကိုးမိုးကောင်ကင် နဂါးဟိန်းသံ ပင် ဖြစ်သည်။ ဤလှံချက်သည် အလွန်ပင် အားမာန်ပါလှပြီး ထိုးထုတ်လိုက်သည်နှင့် နောက်ပြန်ဆုတ်ခြင်း မရှိပေ ယခု သူသည် ယန်ဝိညာဉ်အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤလှံချက်၏ အစွမ်းမှာ အဆပေါင်း ဆယ်ဆ၊ ရာဂဏန်းမက ပို၍ ပြင်းထန်သင့်သည် မဟုတ်ပါလား။
ဖတ်
ရွှေရောင်နဂါးမှာ ရိုက်ခွဲခံလိုက်ရသည်။ သူ၏ လက်ထဲမှ လှံမှာလည်း တစ်စစီ ကျိုးပြတ်သွားရ၏။ ချန်ယန်၏ လက်မောင်းနှစ်ဖက်လုံးမှ သွေးများ ပန်းထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှာ ထိန်းမနိုင်သိမ်းမရ နောက်သို့ လွင့်ထွက်သွားတော့သည်။ ထိုအချိန်တွင် အနီရောင် ဝတ်စုံဝတ်ဆင်ထားသော သန်မာသော အမျိုးသားတစ်ဦးက သူ့ကို လှမ်းဖမ်းလိုက်သည်။
"ဒုတိယအရာရှိ"
ချန်ယန်မှာ မယုံနိုင်အောင် ဖြစ်နေရ၏ ထိုဝတ်စုံနက်အဖိုးအို အသုံးပြုလိုက်သော နတ်ဘုရားအတတ်မှာ အလွန်ကြီးမားသော အစွမ်းရှိသည်ဟု သူ မခံစားရပေ။ စောစောက သူသည် ထိုအတတ်၏ ဟာကွက်ကိုပင် မြင်လိုက်ရသေးသည်။
သို့သော်လည်း မိမိကိုယ်တွင်းရှိ ကျင့်စဉ်စွမ်းအားများမှာ အဆက်မပြတ် မထွက်ပေါ်လာဘဲ ခဏမျှ ပေါက်ကွဲပြီးသည်နှင့် အားအင်ကုန်ခမ်းသွားရခြင်း ဖြစ်သည်။
"ဘာမှမပြောနဲ့... မင်းရဲ့ ဒန်ထျန် ကို စောင့်ရှောက်ထား၊ စိတ်ကို တည်ငြိမ်အောင်ထား"
ရွှီထျန်းနန်က လေးနက်စွာ ပြောလိုက်သည်။
ယခုအခါ ရွှီထျန်းနန်၏ မျက်ဝန်းများတွင် အလင်းတန်းများ လင်းလက်နေပြီး အားမာန်အပြည့် ရှိနေသည်။ ထိုငရဲတောင်မှ အဖိုးကြီးသည် မည်သည့်နည်းလမ်းကို သုံးလိုက်သည်မသိ၊ လင်ရွှီနယ်မြေ၏ ကန့်သတ်ချက်ကို ချိုးဖျက်နိုင်ခဲ့ပြီ သူသည်လည်း မိမိ၏ ယန်ဝိညာဉ်အဆင့် စွမ်းအားများကို လျင်မြန်စွာ ပြန်လည်ရရှိလာသည်။
ချန်ယန်၏ မျက်ဝန်းများမှာ ဝေဝါးနေပြီး စိတ်နှလုံးမှာလည်း တုန်လှုပ်နေ၏။ သူ၏ အရှိန်အဝါမှာလည်း တဖြည်းဖြည်း ကျဆင်းလာနေပြီး တတိယအဆင့်မှ ပြန်လည် ပြုတ်ကျတော့မည့် လက္ခဏာများ ရှိနေသည်။
"အရာရှိ... ဘာဖြစ်လို့လဲ..."
ဤမျှ ကြီးမားသော ကွာခြားချက်ကြောင့် ချန်ယန်မှာ သူ၏ ကျင့်စဉ်စိတ်ဓာတ်ပင် ပျက်စီးတော့မလို ဖြစ်နေရသည်။ ရွှီထျန်းနန်သည် ရင်ဘတ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ချန်ယန်၏ ပါးစပ်ထဲသို့ အတင်းအဓမ္မ ထည့်ပေးလိုက်ပြီး သူ၏ အစွမ်းထက်သော မူလဝိညာဉ်စွမ်းအားဖြင့် ချန်ယန်၏ အသိစိတ်ကို ထိန်းချုပ်ပေးထားလိုက်သည်။
ယခုအချိန်တွင် ချန်ယန်၏ အသိစိတ်အတွင်း၌ ရှုပ်ထွေးနေပြီး ကျင့်စဉ်စိတ်ဓာတ် ပျက်စီးတော့မည့် နိမိတ်များ ပြနေခြင်းပင်။
ရွှီထျန်းနန်မှာမူ ယန်ဝိညာဉ်အဆင့် စွမ်းအားများကို ပြန်လည်ရရှိလာပြီဖြစ်ရာ အသိစိတ်မှာ ကြည်လင်လာတော့သည်။ သူသည် ခါးတွင် ရှေးဟောင်းဓားကို ချိတ်ဆွဲထားသော ဝတ်စုံဖြူနတ်ဘုရားကို လှည့်ကြည့်လိုက်ရာ၊ သူ၏ မျက်မှောင်မှာ မသိမသာ တွန့်သွားရသည်။
"ဟားဟားဟားဟားဟား"
"ဒါတွေက အဆင့်တု တွေပဲကိုး သနားစရာကောင်းလိုက်တာ... မင်းတို့က လှောင်အိမ်ထဲ ရောက်နေတာတောင် မသိကြဘူး။ နောက်ဆုံးတော့ ဒါတွေအားလုံးက တခြားသူအတွက် အသုံးတော်ခံပေးနေရတာပဲ "
ဆယ်ပေမြင့်သော ဘီလူးကြီးက လှောင်ပြောင်၍ ပြောလိုက်သည်။ သူသည် ကြီးမားသော ဟာသတစ်ခုကို မြင်လိုက်ရသကဲ့သို့ပင်။
"အဆင့်တု"
လူအများ၏ စိတ်ထဲတွင် လေးလံသွားရ၏။ ယခုအခါ သူတို့၏ စိတ်ထဲတွင် သံသယများ ဝင်လာကြပြီး အားလုံးက ဝတ်စုံဖြူနတ်ဘုရားကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြသည်။
"နတ်ဘုရားကြီး သင်ပေးတဲ့ တရားမှာ ပြဿနာရှိနေတာလား"
ယခုအခါ သူတို့သည် နတ်ဘုရား၏ တရားကို ဆက်လက် နားမထောင်ကြတော့ဘဲ စိတ်ထဲရှိ ရူးသွပ်နေသော ခံစားချက်များလည်း လျော့ပါးသွားပြီ ဖြစ်သည်။ ထို့ကြောင့် သူတို့မှာ အနည်းငယ် ကြောက်လန့်သွားကြသည်။
"စောစောက ငါက မိစ္ဆာပူးကပ်သလိုမျိုး ဖြစ်နေခဲ့တာပဲ"
သူတို့အားလုံးမှာ ထိပ်တန်းကျင့်ကြံသူများ၊ ပါရမီရှင်များ ဖြစ်ကြသည့်အတွက် တစ်ခုခု မှားယွင်းနေသည်ကို ချက်ချင်း သိလိုက်ကြသည်။ ထို့နောက် ဝတ်စုံဖြူနတ်ဘုရားကို ပြန်ကြည့်လိုက်သည့်အခါတွင်မူ ထူးဆန်းသော ခံစားချက်မျိုး ခံစားလာရတော့သည်။
"နွေဦးမှာပဲ နေတတ်တဲ့ ပိုးကောင်ဟာ ဆောင်းဦးရဲ့ အေးစိမ့်မှုကို နားမလည်နိုင်ပါဘူး"
ဟု ဝတ်စုံဖြူနတ်ဘုရားက အသာအယာ ပြောလိုက်သည်။
သူသည် ရှေ့သို့ တစ်လှမ်းတက်လိုက်ရာ ဆယ်မီတာမကသော အကွာအဝေးကို တစ်ခဏချင်း ဖြတ်ကျော်သွား၏။ သူ၏ ဘေးပတ်လည်တွင် ခရမ်းရောင် အငွေ့အသက်များ ဝန်းရံနေပြီး အလွန်ပင် ခန့်ညားလှပေသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါမှာ ဆယ်ပေမြင့်သော ဘီလူးကြီးထက်ပင် ပို၍ အစွမ်းထက်လှသည်။
ချွင်
ဝတ်စုံဖြူနတ်ဘုရားသည် ဓားကို အသာအယာ ဝှေ့ယမ်းလိုက်၏။ ဓားအလင်းတန်း ထွက်ပေါ်လာသည့်အခါတွင်မူ ထိုဆယ်ပေမြင့်သော ဘီလူးကြီးမှာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို မြင်လိုက်ရသကဲ့သို့ပင် ဖြစ်သွားပြီး၊ ချက်ချင်းပင် တစ်ကိုယ်လုံး နှစ်ခြမ်းကွဲသွားတော့သည်။
တစ်ကွင်းလုံး တိတ်ဆိတ်သွားရသည်။
ဤသည်မှာ နတ်ဘုရား၏ စစ်မှန်သော အစွမ်းလော
ဝတ်စုံဖြူနတ်ဘုရားသည် ချန်ယန်၏ ရှေ့သို့ ဖြည်းဖြည်းချင်း လျှောက်လာပြီး ပြုံး၍ ပြောလိုက်သည်။
"မင်းရဲ့ အခြေခံနဲ့ ဉာဏ်ရည်က အထက်တန်းစားပဲ၊ အခု ငါ့ရဲ့ တပည့်အဖြစ် ဝင်ချင်သေးလား "
သူ၏ အပြုံးမှာ အလွန်ပင် ကြင်နာလှပြီး ချန်ယန်၏ ခေါင်းကို အသာအယာ ပွတ်သပ်ရန် လက်ကို ကမ်းလိုက်သည်။ ချန်ယန်မှာ စိတ်လှုပ်ရှားလွန်းသဖြင့် အသက်ရှူပင် မြန်လာရ၏။ သို့သော်လည်း သူ၏ ဘေးနားမှ မလိုက်မဖက်သော အသံတစ်သံက ထိုလေထုကို ဖြတ်တောက်လိုက်သည်။
"ခင်ဗျားက တကယ့်ကို အရှက်မရှိတာပဲဗျာ"
လီယန်ချူးသည် ကျားခေါင်းရွှေလှံကို အသုံးပြု၍ ဝတ်စုံဖြူနတ်ဘုရားကို လှမ်းတားလိုက်ကာ အေးစက်စွာ ပြုံးနေတော့သည်။
အခန်း (၇၁၆) - နတ်ဘုရားချင်း တိုက်ပွဲ ၊ ဖဲချပ်အစစ်ကို ထုတ်ပြခြင်း ၊ ဪ... ဒီလိုကိုး ၊နက်နဲသော ဝိသေသနှင့် လူငယ်တာအိုရဟန်း
ဝတ်စုံဖြူနတ်ဘုရားက သူ့ကို တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်ပြီး လေးနက်သော အသံဖြင့် ပြောလိုက်သည်။
"နတ်ဘုရားကို စော်ကားတဲ့အတွက်... သေဒဏ်ပဲ"
သူ၏ မျက်ဝန်းထဲတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ယှက်သန်းလာ၏။ ဤကောင်လေးကြောင့်သာ ထိုဝတ်စုံနက်အဖိုးကြီး ရောက်လာပြီး နန်းဆောင်ကို ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်ဟု သူက ယူဆထားသည်။ ယခုလည်း သူ့ကို လာရောက် တားဆီးနေပြန်ပြီ။
လီယန်ချူးက အေးစက်စွာ ရယ်မော်လိုက်၏
"နတ်ဘုရား ဟုတ်လား"
သူ၏ လက်ထဲရှိ ကျားခေါင်းရွှေလှံမှ တောက်ပသော ကျင့်စဉ်စွမ်းအားများ ပေါက်ကွဲထွက်လာပြီး ထိုဝတ်စုံဖြူနတ်ဘုရားကို နောက်သို့ လွင့်စင်သွားအောင် တိုက်ရိုက် တုံ့ပြန်လိုက်တော့သည်။
လူတိုင်း အံ့အားသင့်သွားကြသည်။
ချန်ယန်သည် မယုံကြည်နိုင်သော မျက်နှာပေးဖြင့် လီယန်ချူးကို စိုက်ကြည့်နေမိသည်။ ဤလူသည် နတ်ဘုရားကိုပင် တစ်ချက်တည်းဖြင့် နောက်ဆုတ်သွားအောင် လုပ်နိုင်သည်လား။
"မင်းက ဒီနတ်ဘုရားနယ်မြေက နတ်ဘုရား မဟုတ်ဘူး။ နတ်ဘုရား အလောင်းကောင်ကို ပူးကပ်ပြီး ဒီမှာ လူတွေကို လှည့်စားနေတဲ့ ကောင်ပဲ "
လီယန်ချူး၏ အကြည့်များမှာ ဓားကဲ့သို့ ထက်မြက်လှပြီး ဝတ်စုံဖြူနတ်ဘုရားကို အေးစက်စွာ စိုက်ကြည့်နေ၏။
"ရိုင်းလှချည်လား"
ဝတ်စုံဖြူနတ်ဘုရားက မျက်မှောင်ကို အနည်းငယ် ကြုတ်လိုက်ပြီး ဓားကို ဆွဲထုတ်ကာ လီယန်ချူးကို ခုတ်ပိုင်းလိုက်သည်။
ရွှမ်း
ဓားအလင်းတန်း ဖြတ်သန်းသွားသော်လည်း လီယန်ချူးမှာမူ အမွှေးတစ်ပင်ပင် မထိဘဲ ရှိနေ၏။ လူတိုင်း၏ စိတ်ထဲတွင် ထိတ်လန့်သွားကြသည်။ စောစောက ထိုဝတ်စုံနက်အဖိုးကြီး၏ ဘီလူးရုပ်ပုံလွှာကို ဤဓားဖြင့်ပင် တစ်ချက်တည်း နှစ်ခြမ်းခွဲခဲ့သည် မဟုတ်ပါလား ယခု ဘာကြောင့် ဒီလူငယ်အပေါ်မှာ အလုပ်မဖြစ်ရသနည်း။
"အံ့သြမနေကြနဲ့... ဒီကောင်က နတ်ဘုရားအလောင်းကို ပူးကပ်ထားလို့သာ သူ့အရှိန်အဝါက ကြောက်စရာကောင်းနေတာ၊ တကယ်တမ်း သူ့ကျင့်စဉ်က သိပ်မပြင်းထန်ဘူး "
လီယန်ချူးက တည်ငြိမ်စွာ ပြောလိုက်သည်။
"မဖြစ်နိုင်တာ စောစောက နတ်ဘုရားကြီး ဓားတစ်ချက်နဲ့ အဲဒီမိစ္ဆာကို သတ်လိုက်တာ ငါတို့ မျက်မြင်ပဲ"
ဟု ထဲစန်းတာအိုဆရာက အော်ပြောလိုက်သည်။
လီယန်ချူးက တစ်ချက်ပြုံးလိုက်၏။ သူ၏ ကိုယ်ပေါ်တွင် မိုးကြိုးနှင့် မီးလျှံ အရှိန်အဝါများ ပေါ်ထွက်လာပြီး လက်ဖဝါးအတွင်းမှ တောက်ပသော မိုးကြိုးအလင်းများ ပေါက်ကွဲထွက်သွားသည်။
ဝုန်း
မိုးကြိုးငါးပါး ထိပ်တိုက်ပစ်ခတ်ခြင်း
ဟင်းလင်းပြင်ထဲမှ ပုံရိပ်တစ်ခု ပြုတ်ကျလာသည် ၎င်းမှာ ဝတ်စုံဖြူနတ်ဘုရားက သတ်လိုက်ပြီဟု ထင်မှတ်ထားသော ထိုဘီလူးကြီးပင် ဖြစ်သည်။
"ဘယ်လိုဖြစ်တာလဲ "
"သူ မသေသေးဘူးလား"
"စောစောက ဘာတွေ ဖြစ်ခဲ့တာလဲ"
လူတိုင်းမှာ အံ့အားသင့်လွန်းသဖြင့် အသက်ရှူမှားကုန်ကြပြီး တစ်ယောက်တစ်ပေါက် ဝေဖန်နေကြတော့သည်။
လီယန်ချူးသည် ထိုဝတ်စုံဖြူနတ်ဘုရား၏ မျက်နှာကို စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်သည်။
"ငါ မမှားဘူးဆိုရင် မင်းရဲ့ စွမ်းရည်က ပုံရိပ်ယောင် အတတ် ပဲ။ နန်းဆောင်ထဲမှာ နတ်ဘုရားကျမ်းစာကို ဖတ်ပြီး အဆင့်တက်သွားတဲ့လူတွေက မင်းကို စွမ်းအင်တွေ ပံ့ပိုးပေးခဲ့တာ။ အဲဒီစွမ်းအင်ကို သုံးပြီး မင်းက ပုံရိပ်ယောင်နဲ့ ဟိုအဖိုးကြီးကို ပိတ်လှောင်ထားခဲ့တာပဲ "
"နှမြောစရာကောင်းတာက အဆင့်တက်တဲ့လူက နည်းလွန်းနေတယ်။ ဒီနည်းနဲ့ စွမ်းအင်စုပ်ယူတာက မလုံလောက်တော့ အခု မင်းရဲ့ အရှိန်အဝါတွေ အများကြီး ကျသွားပြီ။ ငါပြောတာ မှန်တယ်မလား"
ဝတ်စုံဖြူနတ်ဘုရားသည် လီယန်ချူးကို အေးစက်စွာ စိုက်ကြည့်နေရင်း တိတ်ဆိတ်သွားသည်။ ခဏကြာမှ သူ၏ နှုတ်ခမ်းထောင့်က အနည်းငယ် ကွေးတက်သွားကာ
"စောစောက ငါ့ဓားကို မင်း ဘာလို့ မရှောင်တာလဲ ငါ့ဓားချက်က တကယ့်အစစ် မဟုတ်ဘူးလို့ မင်းက ဒီလောက်တောင် ယုံကြည်မှု ရှိနေတာလား "
လီယန်ချူးက ခေါင်းယမ်းလိုက်ပြီး လှောင်ပြောင်လိုက်သည်။
"ပုံရိပ်ယောင် မဟုတ်ရင်တောင် မင်း ငါ့ကို ဒဏ်ရာရအောင် မလုပ်နိုင်ပါဘူး။ မင်းရဲ့ ဓားချက်က... အပေါ်ယံ အလှပြသက်သက်ပဲ "
"..." ဝတ်စုံဖြူနတ်ဘုရားမှာ ဆွံ့အသွားရသည်။
တစ်ကွင်းလုံး တိတ်ဆိတ်သွားရသည်။ လူတိုင်း၏ အကြည့်များမှာ ထိုနှစ်ယောက်ဆီသို့သာ ရောက်ရှိနေကြသည်။ ဝတ်စုံဖြူနတ်ဘုရားက သူ့ကို စိုက်ကြည့်နေရင်း ရုတ်တရက် ရယ်မော်လိုက်ကာ
"ကောင်းလိုက်တဲ့ နတ်ဘုရားမျက်စိ ပဲ။ မင်းက ငါ့ရဲ့ မိတ်ဆွေဟောင်း တစ်ယောက်ကို သတိရစေတယ်"
လီယန်ချူးက မျက်မှောင်ကြုတ်လိုက်၏
"မင်းက တကယ်တော့ ဘယ်နေရာက လာတာလဲ"
ဝတ်စုံဖြူနတ်ဘုရားက အသာအယာ ပြောလိုက်သည်။
"ရှေးတုန်းက မင်းတို့ လူသားကျင့်ကြံသူတွေ ငါတို့ကို နယ်ခြားမိစ္ဆာ လို့ ခေါ်ခဲ့ကြတာပဲ... ဒါကြောင့် ငါက နယ်ခြား က လာတာပေါ့ "
'မင်းက ဘာလို့ ဟာသလူရွှင်တော် သွားမလုပ်တာလဲ...'
လီယန်ချူးက အေးစက်စွာ ရယ်မော်လိုက်ပြီး
"ငါက မင်းကို မျက်နှာသာ ပေးထားတယ်လို့ ထင်နေတာလား "
ဝတ်စုံဖြူနတ်ဘုရားမှာ ခဏမျှ ကြောင်သွားပြီးမှ ရယ်လိုက်ပြန်သည်။
"မင်းရဲ့ ဒေါသကို ပြင်သင့်တယ်၊ မဟုတ်ရင် အသက်ရှည်ရှည် နေရမှာ မဟုတ်ဘူး။"
လီယန်ချူးက သူ့ကို စိုက်ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
"မင်းကတော့ တကယ့်ကို အဆင့်အတန်းရှိတဲ့ လူတစ်ယောက် ဖြစ်မှာ သေချာတယ် "
ဝတ်စုံဖြူနတ်ဘုရားက အံ့သြစွာ မေး၏
"ဘာလို့ အဲဒီလို ပြောတာလဲ"
'ဘာလို့လဲဆိုတော့ မင်းက တကယ့်ကို ဟန်ဆောင်ကောင်းလွန်းလို့ပဲ...'
လီယန်ချူး၏ အကြည့်များ အေးစက်သွားပြီး သတ်ဖြတ်လိုသော အရှိန်အဝါများ ဖုံးလွှမ်းလာသည်။ သူသည် လက်ထဲမှ လှံကို အားကုန် လွှဲပစ်လိုက်ရာ လေထုမှာ တုန်ခါသွားပြီး ကောင်းကင်နှင့် မြေပြင်ကို ခွဲခြားလိုက်သကဲ့သို့ ရှိတော့သည်။
ဝတ်စုံဖြူနတ်ဘုရား၏ မျက်နှာမှာ ရုတ်တရက် ပျက်သွား၏။ ဤလူက ထိုမျှအထိ ရိုင်းစိုင်းပြီး တိုက်ချင်ခိုက်ချင်စိတ် ပြင်းထန်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူသည် စွမ်းအားများကို စုစည်းရန် ကြိုးစားသော်လည်း၊ ဤလှံချက်၏ အစွမ်းမှာ အလွန်ပင် ကြမ်းတမ်းပြီး ပြင်းထန်လှပေသည်။
ဝတ်စုံဖြူနတ်ဘုရားမှာ မြေပြင်ပေါ်တွင် လှံဖြင့် စိုက်လျက်သား ဖြစ်သွားပြီး လှုပ်ရှား၍ မရတော့ပေ။
"..." ကျန်ရှိနေသော ကျင့်ကြံသူများမှာ ကြည့်နေရုံသာ တတ်နိုင်တော့သည်။
ဝတ်စုံဖြူနတ်ဘုရား၏ ကိုယ်ပေါ်မှ အသွေးအသား တစ်စုမှာ ပြဒါးကဲ့သို့ စီးကျလာ၏။ သူ၏ လူသားခန္ဓာကိုယ်မှာ ချက်ချင်းပင် ပုပ်သိုးဆွေးမြည့်သွားပြီး လောကကြီးထဲမှ ပျောက်ကွယ်သွားတော့သည်။ ထိုအသွေးအသားစုမှာ အလွန်လျင်မြန်သော အရှိန်ဖြင့် ပွင့်ထွက်သွားကာ ဧရာမ သွေးနီရောင် ပါးစပ်ကြီးအလား ချန်ယန်ထံသို့ အတင်းခုန်အုပ် တိုက်ခိုက်လာတော့သည်။
ထိုအအေးဓာတ်မှာ ချန်ယန်၏ ကိုယ်တွင်းရှိ သွေးများကိုပင် ခဲသွားစေကာ သူသည် ဘာမှပင် ပြန်လည် မတုံ့ပြန်နိုင်ဘဲ ရှိနေ၏။ ရွှီထျန်းနန်က သူ၏ မူလဝိညာဉ်စွမ်းအားကို သုံး၍ ချန်ယန်၏ ရှေ့တွင် အကာအကွယ်တစ်ခု ပြုလုပ်ပေးလိုက်သော်လည်း၊ ထိုအသွေးအသားစုမှာ လုံးဝ ဂရုမစိုက်ဘဲ ထိုးဖောက်လာသည်။ ရွှီထျန်းနန်၏ မျက်နှာမှာ ချက်ချင်း ပြောင်းလဲသွားသည်။
သို့သော် ထိုအချိန်တွင် ခရမ်းရောင် မီးလျှံတစ်ခုက ထိုအသွေးအသားစုကို တိုက်ရိုက် ဝါးမြိုလိုက်တော့သည်။ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ပေါ်ထွက်လာပြီး၊ ထိုအသွေးအသားစုမှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ခရမ်းရောင်မီးလျှံ၏ လောင်ကျွမ်းမှုကြောင့် ပြာအဖြစ်သို့ ပြောင်းလဲသွားရသည်။
"ဒါ... ဒါက ရွှမ်ကျီး ကောင်းကင်မီးလျှံ ပဲ"
ဟု ထဲစန်းတာအိုဆရာက အံ့အားသင့်စွာ ဟစ်အော်လိုက်သည်။
သူသည် လီယန်ချူးကို ကြည့်သည့် အကြည့်မှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီ။ ဤလူသည် ဘယ်က နတ်ဘုရား ဖြစ်သနည်း။ ဘာကြောင့် လောကမှာ အစွမ်းအထက်ဆုံးလို့ နာမည်ကြီးတဲ့ တာအိုမီးလျှံကို တတ်မြောက်ထားရသနည်း။
တိတ်ဆိတ်သွားပြန်သည်။ သေလောက်အောင် တိတ်ဆိတ်သွားခြင်း ဖြစ်သည်။
လူတိုင်းမှာ ဆွံ့အကုန်ကြပြီ။ ဝတ်စုံဖြူနတ်ဘုရားဆိုသည်မှာ လူလိမ်ကြီးဖြစ်ကာ သူသင်ပေးသော ကျမ်းစာမှာလည်း အတုအယောင်များ ဖြစ်သည်။ သူ၏ ဓားသိုင်းမှာလည်း အတုသာ ဖြစ်သည်။ ယခု ထိုနတ်ဘုရားကြီး သေသွားပြီ။
အပြောင်းအလဲများက မြန်လွန်းလှသဖြင့် သူတို့မှာ အိမ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။ ခဏချင်းမှာပင် ပတ်ဝန်းကျင် အခြေအနေများ ပြောင်းလဲသွား၏။ လှပခမ်းနားလှသော နန်းဆောင်ကြီးမှာ ယခုအခါ ရှေးဟောင်း အပျက်အစီးများအဖြစ် ပြောင်းလဲသွားပြီး၊ နေရာအနှံ့တွင် ကြောက်မက်ဖွယ်ကောင်းသော လက်သည်းရာများကို တွေ့မြင်နေရသည်။
သိသာလှသည်မှာ ဤနေရာ၌ တစ်ချိန်က အလွန်ပင် ရက်စက်သော တိုက်ပွဲကြီး ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ဤနန်းဆောင်မှာ ဟိုးကတည်းက ပျက်စီးနေခဲ့ပြီ ဖြစ်သည်။
ကျင့်ကြံသူများ၏ ရင်ထဲတွင် အအေးဓာတ်များ စိမ့်ဝင်လာရသည်။ ဤနေရာ၌ ဗုဒ္ဓဘာသာ၊ တာအိုဘာသာ၊ ကွန်ဖြူးရှပ်ဘာသာနှင့် အခြားသော ထိပ်တန်းကျင့်ကြံသူများစွာ ရှိနေပါလျက်နှင့် မည်သူတစ်ဦးတစ်ယောက်မျှ ဤသည်မှာ မျက်လှည့်ပြကွက် ဖြစ်သည်ကို မသိခဲ့ကြပေ။
ကျိုရှောင်နတ်ဘုရားကျမ်းစာကို ဖတ်၍ ယန်ဝိညာဉ်အဆင့်သို့ တက်သွားသူများမှာမူ ဤဒဏ်ကို မခံနိုင်ကြတော့ပေ။ သူတို့သည် ယင်ဝိညာဉ်အဆင့် သို့ ပြန်လည် ပြုတ်ကျသွားခဲ့ပြီ သူတို့ ရရှိခဲ့သော ယန်ဝိညာဉ်အဆင့်ဆိုသည်မှာ ခဏတာ ပေါ်လာသည့် တိမ်တိုက်တစ်ခုကဲ့သို့သာ ဖြစ်ခဲ့သည်။
အနှစ်ခြောက်ဆယ်ကျော် ကျင့်ကြံလာသော ပညာရှင်ကြီးတစ်ဦးမှာ ခါးသီးစွာ ပြုံးလိုက်မိသည်
"အိမ်မက်တစ်ခုပါလား... အိမ်မက်တစ်ခုပါပဲ"
သို့သော်လည်း သူတို့၏ စိတ်ထဲတွင် သိနေကြသည်မှာ အကယ်၍သာ ဆက်လက် ကျင့်ကြံနေပါက စွမ်းအင်တွေ အစုပ်ယူခံရရုံသာမက၊ သူတို့၏ ခန္ဓာကိုယ်၊ ဝိညာဉ်နှင့် သူတို့ ကျင့်ကြံလာသမျှ အရာအားလုံးပါ အလုခံရ လိမ့်မည် ဖြစ်သည်။ ထိုမိစ္ဆာကြီး ပြောသကဲ့သို့ပင် သူတို့သည် တခြားသူအတွက် အသုံးတော်ခံပေးနေရခြင်း ဖြစ်သည်။
"ဟိုမိစ္ဆာကြီး ပျောက်သွားပြီ"
ကျင့်ကြံသူတစ်ဦးက အော်ပြောလိုက်၏။
သူပြောသော မိစ္ဆာကြီးမှာ ငရဲတောင်မှ ချွေယွမ်ပင် ဖြစ်သည်။ ချွေယွမ်သည် စောစောက ဝတ်စုံဖြူနတ်ဘုရား၏ ပုံရိပ်ယောင်ထဲတွင် ပိတ်မိနေပြီး စိတ်ဝိညာဉ်များ ရှုပ်ထွေးနေစဉ် လီယန်ချူး၏ လက်ဝါးမိုးကြိုးဒဏ်ကို အပြင်းအထန် ခံလိုက်ရသဖြင့် ဒဏ်ရာအပြင်းအထန် ရရှိသွားခဲ့သည်။
သို့သော် ယခု မျက်စိတစ်မှိတ်အတွင်းမှာပင် သူ ပျောက်ကွယ်သွားခြင်း ဖြစ်သည်။
လီယန်ချူးက မျက်မှောင်ကြုတ်လိုက်၏။
သူသည် ထိုငရဲတောင် အဖိုးကြီး၏ ကိုယ်ထဲတွင် သူ၏ မိုးကြိုးစွမ်းအားကို ချန်ထားခဲ့သည်။ သူသည် စိတ်အာရုံ ကို ထုတ်လွှတ်လိုက်ရာ နန်းဆောင်အတွင်းရှိ ကျင့်ကြံသူအားလုံးကို လွှမ်းခြုံသွားတော့သည်။
ရုတ်တရက်
သူ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားပြီး လူအုပ်ထဲမှ ကျင့်ကြံသူ တစ်ဦးကို စိုက်ကြည့်လိုက်သည်။ ထိုသူသည် နောက်ကျောပေးထားပြီး ပခုံးများမှာ တလှုပ်လှုပ် ဖြစ်နေ၏။ လီယန်ချူးသည် သူ၏ မိုးကြိုးစွမ်းအား အရှိန်အဝါကို ထိုသူ့ထံမှ ခံစားလိုက်ရခြင်းပင်။
"မင်း ဘာလုပ်နေတာလဲ"
လီယန်ချူးက လျှောက်သွားပြီး လေးနက်စွာ မေးလိုက်သည်။
ထိုသူမှာ ကျောတွင် ဓားရှည်တစ်စင်း လွယ်ထားသော လူငယ်တာအိုရဟန်း တစ်ဦးဖြစ်သည်။ သူသည် လီယန်ချူး၏ အသံကို ကြားသည့်အခါ လှည့်ကြည့်လိုက်၏။ သူ၏ လက်ထဲတွင် အမည်းရောင် မြူခိုးများကဲ့သို့ အရာတစ်ခုကို ကိုင်ဆောင်ထားပြီး... ၎င်းကို ကိုက်စားနေခြင်း ဖြစ်သည်။
သူ၏ မျက်နှာတွင် အစားကောင်း စားနေရသော လူတစ်ဦးကဲ့သို့ ကျေနပ်နေသော အမူအရာမျိုး ရှိနေသည်။
"ဒီလောက် အရသာရှိတဲ့ အရာကို မစားရတာ ကြာပြီပဲ"
လူငယ်တာအိုရဟန်း လွမ်းဆွတ်တမ်းတနေသော အမူအရာဖြင့် ပြောလိုက်ပြီး ထိုအမည်းရောင် မြူခိုးများကို ဆက်လက် ဝါးမြိုနေတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုအမည်းရောင် မြူခိုးများမှာ ပျောက်ကွယ်သွား၏။ အံ့သြစရာ ကောင်းသည်မှာ သူ၏ လက်နှစ်ဖက်လုံးတွင် သွေးများ စိုရွှဲနေပြီး၊ တောက်ပသော သွေးနီရောင်များမှာ သူ၏ လက်ချောင်းများကြားမှ စီးကျနေခြင်းပင်။ လူငယ်တာအိုရဟန်းမှာမူ ထိုအရာကို သတိမပြုမိဘဲ အရသာခံနေဆဲ ရှိသည်။
"မင်းမှာ ရောဂါရှိနေတာလား"
လီယန်ချူးက မျက်မှောင်ကြုတ်၍ မေးလိုက်သည်။
ရုတ်တရက် လီယန်ချူးသည် သူ၏ မိုးကြိုးစွမ်းအား အရှိန်အဝါ လုံးဝ ပျောက်ကွယ်သွားသည်ကို သိလိုက်ရသဖြင့် မျက်နှာမှာ ချက်ချင်းပင် ပြောင်းလဲသွားတော့သည်။