အခန်း (၈၈၁-၈၈၄)
Vol. 46 Ch. 881-884
အခန်း ၈၈၁။ ဆရာသခင်
ရှောင်းယွိရုန်သည် အလွန်ထိတ်လန့်သွားခဲ့သည်။ သူသည် ရှဲ့ချောင်နှင့် အိမ်ရှေ့စံမင်းသားအား ကြည့်လိုက်ပြီးနောက် ချက်ချင်းပင် မေးမြန်းခဲ့၏။
“ဘယ်တပည့်က… နေမကောင်းတဲ့တစ်ယောက်လဲ”
အစေခံသည် အလျင်အမြန်ပင် ပြန်လည်ဖြေကြားခဲ့သည်။ “မေးခွန်းကိုဖြေရရင် သခင်လေးစန်းက နေမကောင်းဖြစ်နေတာပါ”
ထိုအချင်းအရာကိုကြားလျှင် ရှောင်းယွိရုန်၏ နှလုံးမှာ တင်းကြပ်သွာခဲ့၏။
ရှဲ့ချောင်သည် သူ၏ တတိယဆရာတူမောင်လေးနှင့် အနည်းငယ်သာသိကျွမ်းခဲ့သည်။ သူ၏နာမည်မှာ စန်းယောင်ဖြစ်ပြီး အသက် ၂၄ နှစ်လောက်ရှိနေပြီဖြစ်သည်။ သူသည် ကျောက်ရွှ
မ်ကျင်းထက် အနည်းငယ်အသက်ပိုကြီး၏။ သို့သော်သူသည် ဂိုဏ်းအတွင်းသို့ နောက်ကျမှ ဝင်လာသဖြင့် တတိယဆရာတူမောင်လေးဖြစ်နေရခြင်း ဖြစ်သည်။
သူ၏ မိသားစုသည် မြို့တော်တွင်မရှိကြပေ။ သူသည် ငယ်ရွယ်စဥ်မှစ၍ မြို့တော်၌ စာသင်ကြားနေခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင် သူသည် သူတို့၏ဆရာနောက်သို့ လိုက်မသွားဘဲ နန်းတွင်းစာသင်ကြားဆောင်တွင် သင်ကြားပေးနေခဲ့၏။
စန်းယောင်သည် ဗျက်စောင်းတီးခတ်ရာတွင် ကျွမ်းကျင်သဖြင့် သူသည် စာသင်ကြားဆောင်တွင် ဂီတအားသင်ကြားပေးခဲ့သည်။
သူမဆရာသည် စန်းယောင်အား သူ၏တပည့်အဖြစ် လက်ခံသည့်အချိန်တွင် သူမအား စာရေး၍ အကြောင်းကြားခဲ့ပြီးဖြစ်သည်။ သူသည် ထိုသူအား ကျက်သရေရှိသည့် လူရွယ်တစ်ဦးဖြစ်မည်ဟု တွေးခဲ့သော်လည်း ယခုကဲ့သို့
ခက်ခဲနေမည်ဟု မထင်မှတ်ထားချေ။
သူက အကြွားသန်တဲ့သူပဲ။
“အခုမှစိတ်ပူနေလို့လည်း အကျိုးမရှိပါဘူး အရင်ဆုံး ကြည့်ရအောင်။” ကျောက်ရွှမ်ကျင်းသည် ရှောင်းယွိရုန် မျက်နှာမကောင်းသည်ကိုတွေ့သောအခါ အေးအေးဆေးဆေးပြောလိုက်၏။
ရှောင်းယွိရုန်သည် ခေါင်းညိတ်ပြပြီးနောက် ပို၍လျင်မြန်စွာလမ်းလျှောက်သွားခဲ့၏။
မကြာမီပင် သူတို့ ရောက်ရှိသွားခဲ့၏။
အစေခံသည် သူတို့အား သူတို့၏ဆရာနေထိုင်ရာ ဧည့်သည်ခန်းဆီသို့ တည့်တည့်မတ်မတ်ခေါ်ဆောင်သွားခဲ့၏။ တံတိုင်းအတွင်းရှိ မြင်ကွင်းများသည် ကြည့်ကောင်းလှသည်။ ထို့ကြောင့် သူတို့၏ဆရာသည် မုန့်အိမ်ရာအတွင်းတွင် ကောင်းမွန်စွာနေထိုင်ခဲ့ရလိမ့်မည်ဖြစ်သည်။
ရှဲ့ချောင်သည် တံတိုင်းအတွင်းသို့ ခြေချပြီးလျှင်ပြီးခြင်း သူမသည် လီရှီးယန်ကိုတွေ့ခဲ့သည်။
သူသည် မီးခိုးရောင် ဝတ်ရုံအား ဝတ်ဆင်ထားပြီး လက်ထဲတွင် ပေါက်ပြားတစ်ချောင်းနှင့် မြေပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်နေလေသည်။ သူသည် သူ၏မျက်နှာတွင် စိုးရိမ်ပူပန်မှုများဖြင့် တံတိုင်းအတွင်း ပန်းများအား ပျိုးနေခဲ့လေ၏။ သူ၏ စိတ်အခြေအနေ မကောင်းသည့်ပုံပေါ်နေခဲ့၏။
ရှဲ့ချောင်သည် သူမ၏ဆရာအား မတွေ့ရသည်မှာ ကြာလှပြီဖြစ်သည်။
လွန်ခဲ့သည့်နှစ်များအတွင်းတွင် သူမ၏ဆရာသည် ရွှေယွဲ့တာအိုဘုရားကျောင်းတွင် နှစ်နှစ် သုံးနှစ်ခန့်မျှနေခဲ့သည်။ သူထွက်သွားပြီးသည့်နောက်တွင် သူသည် ပြန်မလာခဲ့တော့ချေ။ သူ သူမအားတွေ့သည့်အကြိမ်ရေမှာ လက်တစ်ဖက်နှင့်တောင် ရေတွက်၍ရနိုင်ပေသည်။ သို့သော်သူသည် ခရီးသွားကုန်သည်များအား သူမအဖို့ တချို့
စာအုပ်များနှင့် လက်ရေးစာမူများ ပို့ပေးရန် မည်သည့်အခါမှ မမေ့လျော့ခဲ့ပေ။ ထို့အပြင် စာပေးစာယူလည်း မရပ်သွားခဲ့ပေ။
သူတို့တံတိုင်းအတွင်းသို့ဝင်ပြီးပြီးချင်းပင် ရှောင်းယွိရုန်သည် အလျင်အမြန်လျှောက်သွား၍ ပထမဦးစွာ ဒူးထောက်လိုက်၏။ ကျောက်ရွှမ်ကျင်းသည် အထူးအဆင့်အတန်းတစ်ခုရှိ နေခဲ့သော်ငြား သူသည် နှုတ်ဆက်ရာတွင် ကိုယ်ကိုညွှတ်ကိုင်းကာ လက်ယှက်၍ နှုတ်ဆက်ခဲ့သည်။
ရှဲ့ချောင်သည် ထိုသူတို့မြန်ဆန်စွာ ပြုမူသည်ကိုကြည့်ရင်း မှင်သက်နေလေသည်။
သို့သော်သူမသည်လည်း အရှိန်မလျော့ခဲ့။ ချက်ချင်းပင် ဒူးထောက်ခဲ့သည်။ “ ဒီကျင့်ဝတ်မသိတဲ့ တပည့်မိုက် မော့ချူးရှန်းကဆရာ့ကိုဂါရဝပြုပါတယ်”
လီရှီးယန်သည် သူမကိုတွေ့သွားခဲ့၏။
သူ၏ အသက်ကြီးရင့်နေသော အရိုးများသည် ပိုမိုမြန်ဆန်စွာ လမ်းလျှောက်လာခဲ့သည်။ သူ၏ နှုတ်ခမ်းမွှေးများသည်ပင် စိတ်လှုပ်ရှားနေပုံပေါ်နေခဲ့သည်။ “ ရှောင်…ရှန်းအာ”
ရှဲ့ချောင်သည် သက်ပြင်းချ၍ အပေါ်ကိုမော့ကြည့်ကာ “ဆရာ”
“ ကောင်းတယ် ကောင်းတယ် မတွေ့ရတာကြာပြီ မင်းတော်တော်တောင်ကြီးလာပြီး အမျိုးသမီးငယ်တစ်ယောက်တောင်ဖြစ်လာပြီ။ ဟေ့ မင်းတို့တွေ ခရီးကနေ ပင်ပန်းလာကြပြီမလား ဧည့်သည်ခန်းကို သွားပြီး အရင်ဆုံး အနားယူကြ။ ငါမင်းတို့ကို မင်းတို့ရဲ့ တတိယ ဆရာတူညီလေး အကြောင်း နောက်မှပြောပြမယ်” လီရှီးယန်သည် တုန်နေအောင်ချစ်နေပုံ ပေါ်သည်။
ရှောင်းယွိရုန်နှင့် အတူလိုက်လာသော ကျို့ဝေ့ကျုံး တို့သည် အနည်းငယ် ရှုပ်ထွေးသွားခဲ့ကြသည်။
အသက် ၃၀ မှ ၄၀ မျှသာရှိသေးသော တာအိုကျင့်ကြံသူသခင်အား ဆရာကြီးဟုခေါ်ဆိုခြင်းသည် သင့်တော်မည် မဟုတ်လောက်ချေ။
သို့သော် ရှောင်းယွိရုန်၏ သံသယများသည် ရုတ်ခြည်းပျောက်သွားခဲ့ရ၏။
သူ၏ဆရာသည် သူ၏ဆရာတူအစ်မအပေါ်တွင် အမြဲတမ်း တုန်နေအောင်ချစ်ခဲ့သည်။ သူတို့အား ဂိုဏ်းအတွင်းသို့လက်ခံသည့်အချိန်တွင်တောင် သူသည် သူတို့အား သူတို့၏ဆရာတူအစ်မအား ရိုသေ လေးစားရန်နှင့် အနိုင်မကျင့်ရန် အကြိမ်ကြိမ်အခါခါ ပြောကြားခဲ့သည်။အကယ်၍သာ သူတို့၏ဆရာတူအစ်မသည်ဂိုဏ်းအား သူမကိုယ်တိုင် မထောက်ပံ့နိုင်တော့သဖြင့် အနာဂတ်တွင် ဂိုဏ်းအား ငွေကြေးထောက်ပံ့သူ မရှိတော့မည်ကိုစိုးရိမ်နေသည့် အချက်သာမရှိလျှင် သူသည် တပည့်ငါးယောက်အား တစ်တန်းထဲလက်ခံမည်မဟုတ်ကြောင်းကိုလည်း ပို၍ပင် ရှင်းလင်းအောင် ပြုလုပ်ထားခဲ့သည်။
သူသည် ထိုစကားများအား အကြိမ်ရေများစွာကြားခဲ့ပြီးဖြစ်သည်။
ယခင်က ဆရာကြီးသည် သူ၏ ဆရာတူအစ်မသည် ကလေးဆန်သည်ဟုပြောခဲ့ဖူးသည်။
သူတို့ဆရာ၏မျက်လုံးထဲ၌ သူမသည် အသက် ခုနှစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ဖြစ်နေလျှင်တောင် သူမသည် ကလေးပင်ဖြစ်နေလိမ့်မည်။
“ဆရာ ကျွန််မ မပင်ပန်းပါဘူး” ရှဲ့ချောင်သည် သူမ၏ဆရာတူမောင်လေး၏ အခြေအနေအား ပို၍စိတ်ပူပန်နေဆဲပင်။ ထို့ကြောင့် သူမသည် ချက်ချင်း “ တတိယ ဆရာတူမောင်လေးက ဘာဖြစ်တာလဲဆရာ ရုတ်တရက်ကြီး ဘာလို့ နာမကျန်းဖြစ်ရတာပါလဲ ခရီးပန်းလာတာများလား”
“ဟုတ်တယ် အစက ဆရာစာရေးခဲ့တုန်းက ဘာမှမှားယွင်းနေပုံမပေါ်ဘဲနဲ့…” ရှောင်းယွိရုန်သည် ပို၍ပင် ထိတ်လန့်သွားလေသည်။
••••
အခန်း ၈၈၂။ ခန္ဓာကိုယ်အတွင်းရှိ လေအေးများ
ဆရာတူညီလေးများကြားထဲတွင် ရှောင်းယွိရုန်နှင့် စန်းယောင်သည် အရင်းနှီးဆုံးဖြစ်ခဲ့ကြ၏။ အကုန်လုံးထဲတွင် သူတို့နှစ်ယောက်သည် ငယ်စဥ်ကပင် အတူရှိခဲ့ကြပြီး အကြိုက်လည်း တူကြသည်။
စန်းယောင်သည် အထက်တန်းလွှာ မိသားစုမှ မွေးဖွားလာသူဖြစ်သော်လည်း မြို့တော်တွင် ဆွေမျိုးသားချင်း မရှိခဲ့ချေ။ သို့ဖြစ်၍ ဆရာတူညီလေးများနှင့် ဆက်ဆံရေး တည်ဆောက်ထားခြင်းသည်သာ ပို၍ ကောင်းမွန်ခဲ့သည်။
သူသည် အိမ်ရှေ့စံမင်းသားအား သိခဲ့မည်မှာလည်း အသေအချာပင်။ သို့ရာတွင် အိမ်ရှေ့စံမင်းသားသည် ထက်မြက်ကာ အဆင့်အတန်းလည်း မြင့်သည်။ ဂိုဏ်းရှိညီအစ်ကိုများသည် အုပ်ချုပ်သူများနှင့် တွေ့ဆုံသည့်အခါ ကျင့်ဝတ်ထုံးတမ်းများကိုလိုက်နာရသည်ဖြစ်သဖြင့် ဆက်ဆံရေးသည် သဘာဝအလျောက် လွန်စွာ
တော့ မရင်းနှီးကြချေ။
ဆရာကြီးလီသည် သူ၏လက်များကိုသုတ်၍ တပည့်သုံးယောက်အား စကားပြောရန် ထိုင်ခိုင်းလိုက်လေသည်။
“မင်းတို့ တတိယညီလေး ဒါကိုမကျော်ဖြတ်နိုင်မှာကို ငါစိုးရိမ်မိတယ်” ဆရာကြီးလီသည် သက်ပြင်းချလိုက်သည်။ “အစကတော့ သူက နည်းနည်း သက်တောင့်သက်သာမဖြစ်ရုံပဲ ငါက ရိုးရိုး အူရောင်ငန်းဖျားလောက်လို့ထင်ခဲ့တာ ဒီရောဂါက ကုသလို့မရဘူးလို့ ဘယ်သူက သိခဲ့မှာလဲ ငါတို့ သူ့ကို ဆေးကောင်းဝါးကောင်းတွေ အမျိုးစုံနေအောင် သုံးပြီးပြီ ဒါပေမဲ့ ပိုသက်သာလာပုံမပေါ်ဘူး မုန့်ကျားပေါင်မှာ တော်တဲ့သမားတော်တွေအများကြီးရှိတယ် သူတို့လည်း အကူအညီမဲ့နေကြပြီ သမားတော်ပြောတာတော့ လေအေးတွေ ခန္ဓာကိုယ်ထဲကို ဝင်နေပြီး အတွင်းကလီစာတွေ အေးခဲနေပြီတဲ့”
“တတိယဆရာတူညီလေးက အရမ်း အေးတဲ့နေရာကိုများသွားခဲ့မိသေးလား” ကျောက်ရွှမ်ကျင်းသည် ထိုအကြောင်းအရာကိုကြားသောအခါ သိချင်စိတ်ပြင်းပြလာခဲ့၏။
ဆရာကြီးသည် သက်ပြင်းချလိုက်၏။ “လွန်ခဲ့တဲ့ နှစ်နှစ်က ငါသူတို့ကိုခေါ်ပြီး နေရာတော်တော်များများ လျှောက်သွားခဲ့တယ်။ ငါတို့ အရမ်းအေးတဲ့ နေရာတွေကိုလည်းသွားခဲ့တယ်…ဒါပေမဲ့ အဲ့ဒီအချိန်တွေက ငါတို့ အဝတ်တွေအများကြီးဝတ်ထားခဲ့တော့ ငါတို့ခန္ဓာကိုယ်တွေက ရေခဲတွေနဲ့ တိုက်ရိုက် မထိတွေ့ခဲ့ဘူး။ ပြီးတော့ အဲ့ဒါက တစ်နှစ်ကျော်လောက်က ဆိုတော့ ရုတ်တရက် နာမကျန်းဖြစ်ဖို့ ဒီလောက်အချိန်အကြာကြီး မယူလောက်ဘူးလေ ဟုတ်တယ်မလား”
ဆရာကြီးသည် မည်မျှပင် သူကြိုးစားပါစေ ယခုအချိန်ထိ ထိုအကြောင်းအရာအား မဖော်ထုတ်နိုင်သေးချေ။
“ ဒါနဲ့ လမ်းတစ်လျှောက်မှာတုန်းက တစ်ခုခု ထူးခြားတာဖြစ်ခဲ့သေးလား” ရှဲ့ချောင်သည် တစ်
ခဏမျှ စဥ်းစားပြီးနောက် မေးမြန်းခဲ့သည်။
သူသည် ခေါင်းခါလိုက်ကာ “ရှန်းအာ နေမကောင်းဖြစ်ပြီးထဲက ဆရာကြီးက အဲ့တာကို တစ်နေကုန် တစ်နေခမ်း စေ့စေ့စပ်စပ် စဥ်းစားချိန်ချင့်နေခဲ့တာ။ ငါအဲ့တာကို ကြိမ်ဖန်များစွာ တွေးခဲ့ပြီးပြီ ဒါပေမဲ့ သူ့ကို နေမကောင်းဖြစ်အောင်လုပ်နိုင်တဲ့အရာကို နည်းနည်းလေးတောင် ရှာလို့မတွေ့ဘူး”
ရှဲ့ချောင်သည် တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
သူမ၏ဆရာသည် ဆယ်စုနှစ် တစ်ချို့ထက်ပို၍ နေထိုင်ခဲ့ပြီးပြီဖြစ်သည်။ ထို့အပြင် သူသည် မွန်မြတ်ခဲ့သည်မှာ ဆယ်စုနှစ်တစ်ချို့ထက်ပင် ကျော်လွန်နေခဲ့ပြီဖြစ်သည်။
သူ့တွင်ငယ်စဥ်ကပင် ခရေစေ့တွင်းကျ မှတ်နိုင်သော မှတ်ဉာဏ်ရှိခဲ့သည်။ သို့ဖြစ်၍ သူသည် လမ်းကြောင်းတစ်လျှောက် မည်သည့်အန္တရာယ်မှ မရှိခဲ့ဟုပြောခြင်းသည် အမှန်တရားကိုသာ ပြော
ခြင်း ဖြစ်ရမည်။
“တတိယဆရာတူညီလေးရဲ့ ခန္ဓာကိုယ်ထဲမှာ ချို့ယွင်းချက်ရှိတယ်ရယ်လို့ သူငယ်ငယ်ထဲက ငါတစ်ခါမှမကြားဖူးဘူး…” ရှောင်းယွိရုန်သည်လည်း လမ်းပျောက်နေခဲ့သည်။ “ဆရာ တတိယ ဆရာတူညီလေး အခုဘယ်မှာပါလဲ ကျွန်တော် သူ့ကိုတွေ့ချင်လို့”
“နန်းတွင်းသမားတော်ကို အရှင့်သားပင့်လာလား” ဆရာကြီးလီသည် ကျောက်ရွှမ်ကျင်းအား ဦးစွာ မေးမြန်းလိုက်၏။
“ဟုတ်ကဲ့” ကျောက်ရွှမ်ကျင်း ခေါင်းညိတ်လိုက်သည်။
အားလုံးပြီးသည့်နောက် သူတို့သည် ဆရာကြီးအား ခေါ်ဆောင်ရန် ဒီနေရာသို့ရောက်ရှိနေကြခြင်း ဖြစ်သည်။ သူသည် အသက်ကြီးရင့်နေသည်ကိုတွေးမိသဖြင့် နန်းတွင်းသမားတော်ကိုပါ တစ်ပါထဲ ခေါ်ဆောင်လာခြင်းသည် ပို၍ပင်
အန္တရာယ်ကင်းပေလိမ့်မည်။
“ ဟုတ်ပြီ မင်းတို့ရဲ့ တတိယဆရာတူညီလေးကိုကြည့်ဖို့ နန်းတွင်းသမားတော်ကို ခုချက်ချင်း ဒီကိုပင့်ခဲ့ကြ” ဆရာကြီးလီသည် အနည်းငယ်စိတ်လှုပ်ရှားနေပြီး အစီအစဥ်များအား ချက်ချင်းပြုလုပ်ခဲ့သည်။ ထိုအကြောင်းအား ကျို့ဝေ့ကျုံးကြားသောအခါ သူသည် ထိုအရာအား ပြုလုပ်ရန် အလျင်အမြန်လူခေါ်ခဲ့သည်။
သူတို့သယ်ဆောင်လာသည့် အရာများအား ရထားလုံးပေါ်တွင် ယာယီတင်ထားခဲ့၏။ ထို့အပြင် ယခုနေရာသည် သူတို့၏ကိုယ်ပိုင်အိမ်မဟုတ်ချေ။ ဆရာကြီးလီသည် ဤနေရာတွင်နေနိုင်သည် သို့သော် သူတို့သည် ရုတ်တရက်ရောက်လာကြသဖြင့် ထိုသို့မပြုလုပ်နိုင်ချေ။ ထိုအကြောင်းအရာအပြင် အချိန်ခနဖြစ်သော်ငြား သူတို့သည် ဤနေရာပိုင်ရှင်အား သူတို့၏လေးစားမှုအား ပြသရမည်ဖြစ်သည်။ အကယ်၍ အဆင်မပြေခဲ့လျှင် သူတို့သည် အနီးအနားတွင် အိမ်တစ်လုံးငှားရမ်း၍ သူတို့၏ ဆရာတူညီလေးအား
ပြန်လည်ထူထောင်လာစေရန် ခေါ်ထားနိုင်သည်။
သိပ်မကြာမှီတွင် နန်းတွင်းသမားတော်ကြီးသည် လေးလေးစားစားပင် ရောက်ရှိလာခဲ့သည်။
ရောက်ရောက်ခြင်းပင် ဆရာကြီးလီသည် သူ့အား အိပ်ခန်းထဲသို့ ခေါ်ဆောင်သွားလေသည်။
တံခါးသည် ခပ်တင်းတင်း ပိတ်ထား၏။ တံခါးအားဖွင့်လိုက်ပြီးသည့်နောက် အပူလှိုင်းတစ်ခုသည် သူတို့အားလာရိုက်ခတ်လာလေသည်။
“ သူကအေးတယ်ပဲ အမြဲပြောနေတာ စောင်တွေအထပ်ထပ်ခြုံပေးထားလည်း အချည်းနှီးပဲ အိမ်ကို နွေးအောင်လုပ်ဖို့ မီးသွေးမီးလင်းဖိုတွေလည်းရှိတယ်” ဆရာကြီးလီသည် ရှင်းပြခဲ့သည်။
အခန်းသည် လွန်စွာတိတ်ဆိတ်နေ၏။ တံခါးပေါက်တွင်စောင့်ဆိုင်းနေသော အစေခံတစ်ယောက်သာရှိသည်။
“ဆရာတူညီလေး၅ ကဘယ်သွားနေတာလဲ”
ကျောက်ရွှမ်ကျင်းသည် တစ်ချက်ကြည့်၍ မေးခဲ့သည်။
“သူစျေးသွားနေတာ မုန့်ကျားပေါင်မှာ သွားလိုက်လာလိုက်လုပ်နေတဲ့ ကုန်သည်တွေအများကြီးရှိတယ် နေ့တိုင်း တချို့ကုန်သည်တွေက ကမ္ဘာတစ်ဝှမ်းက ရှားပါးပစ္စည်းကောင်းတွေကို သယ်လာတတ်တယ်။ နံပါတ်၅က ဆေးဆိုင်ကို သွားကြည့်တာ တကယ်လို့ အအေးမိတာကိုကုဖို့ ဆေးရှိနေခဲ့ရင် သူအချိန်မှီ ဝယ်နိုင်တာပေါ့ ကံမကောင်းစွာနဲ့ သူအအေးမိတာအတွက် ဆေးတွေအများကြီးဝယ်ခဲ့ပေမဲ့ အခုထိ အသုံးဝင်တာ တစ်ခုမှမတွေ့သေးဘူး…”
•••••
အခန်း ၈၈၃။ ကျွန်တော်တို့ တစ်ရက်လောက်တောင့်ထားနိုင်ရင်တောင် လုံလောက်အောင် ကောင်းနေပြီ။
အခန်းထဲတွင် မီးသွေးမီးဖိုများ အမျိုးစုံအောင် ရှိနေခဲ့သည်။ အနံ့သည် ပြင်းနေသော်လည်း လေဝင် လေထွက် ကောင်းစေရန် ပြတင်းပေါက်တစ်ခုလည်းရှိ၏။ ထိုသို့မဟုတ်လျှင် သူတို့၏ ဆရာတူညီအစ်ကိုသည် အအေးကြောင့် မသေလျှင်တောင် အငွေ့များကြောင့် အဆိပ်သင့်ကာ သေဆုံးသွားနိုင်သည်။
အခန်းသည် လွန်စွာမှောင်မိုက်၍ သေးငယ်၏။ သို့သော် အခန်းသည် အပူပိုမိုပြင်းထန်လောက်သည် အထိ မကြီးနေသည်မှာ အလွန်ပင် အဖိုးတန်နေလေသည်။
ဆောင်းဦးရာသီ အစောပိုင်းကာလဖြစ်သည်။ ရာသီဥတုသည် အေးသလိုလိုရှိသော်ငြား နေ့ခင်းပိုင်းတွင် ပူ၏။ ထိုသို့သော ရာသီဥတုတွင် သူတို့သည် သူ့အားနွေးထွေးစေရန် မီးပြုလုပ်နေခဲ့ရ
သည်။ သူတို့၏ဆရာတူညီအစ်ကိုသည် မည်မျှပြင်းထန်သော အအေးကိုခံစားနေရသည်မှာ ရှင်းလင်းနေခဲ့၏။
သူတို့သည် အိပ်ယာနားကို ချဥ်းကပ်သွားပြီးနောက် အိပ်ယာပေါ်တွင် လှဲလျောင်းနေသူအား ရှင်းလင်းစွာမြင်တွေ့ရခဲ့သည်။
စောင်များသည် အလွန်ထူထပ်သဖြင့် သူ၏ခေါင်းအား ဖုံးအုပ်လုမတတ်ပင်။
သို့ရာတွင် ထိုသို့ဆိုလျှင်တောင် ထိုသူသည် အနည်းငယ်တုန်ယင်နေသေး၏။ သူ၏မျက်နှာသည်လည်း နှင်းကဲ့သို့ ဖြူဖျော့နေလေသည်။ ကျောက်ရွှမ်ကျင်းသည် စန်းယောင်၏နဖူးအား ထိကြည့်ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ရေခဲဂူအတွင်းတွင် ရှိနေသကဲ့သို့ဖြစ်နေကြောင်းတွေ့ရှိသွားခဲ့သည်။ ခန္ဓာကိုယ်သည် တကယ့်ကိုအေးစက်နေခဲ့၏။
“ဆရာတူအစ်မ တစ်ခုခုမြင်လား” ကျောက်ရွှမ်ကျင်းသည် ခေါင်းကိုလှည့်၍ သူမအားမေးလိုက်သည်။
ရှဲ့ချောင်သည် ခေါင်းခါလိုက်၏။ “ငါကတစ်ခုခုမသန့်စင်တာရှိနေမယ်ထင်နေခဲ့တာ ဒါပေမဲ့ ဘာမှမရှိဘူး သန့်ရှင်းတယ်”
ထိုအရာသည် အနည်းငယ်ထူးဆန်းနေခဲ့သည်။
သူမ၏ဆရာတူမောင်လေးသည် အနည်းငယ်ကြည့်ကောင်းသည့် ရုပ်ရည်ရှိသည်။ သူ၏ မျက်ခုံးများသည် ထူထဲရှည်လျားပြီး နှာတံလည်းမြင့်သည်။ သူ၏ အလင်းရောင်သည် အခုတွင် အမှန်တကယ် မမြင်နိုင်တော့သော်လည်း သူ၏ခေါင်းသည် လိပ်ခုံးပုံရှိပြီး နဖူးကြောသည် ဖြောင့်စင်းသည်။ သူ၏အရိုးများသည် သူအသက်ရှည်ရှည်နေနိုင်မည့်ပုံပေါ်၏။ ထိုကဲ့သို့သူမျိုးသည် အသက်တိုစရာ မရှိသင့်ချေ။
ဤနာမကျန်းဖြစ်ခြင်းသည် အမှန်ပင် ထူးဆန်းနေ
ခဲ့သည်။
နန်းတွင်းသမားတော်သည် ရှေ့သို့ စစ်ဆေးရန်ထွက်လာခဲ့၏။
သူသည် သူ၏ နှလုံးခုန်နှုန်းအား ထပ်ခါ ထပ်ခါ စမ်းသပ်နေခဲ့သည်။ တစ်ခါတရံ သူ၏မျက်လုံးများကိုကြည့်၍ တစ်ခါတရံ သူ၏လျှာအားကြည့်နေ၏။ သူသည် အချိန် အတော်ကြာ အလုပ်ရှုပ်နေခဲ့သည်။
အဆုံးတွင် သူသည် ရှုပ်ထွေးသွားခဲ့၏။ “ခန္ဓာကိုယ်အတွင်းထဲမှာ တကယ့်ကို အအေးဓာတ်ရှိနေတာ ပြီးတော့ အဲ့တာက တကယ်ပြင်းထန်တယ်.. ထူးဆန်းလိုက်တာ”
“ဘယ်လိုထူးဆန်းတာလဲ” ကျောက်ရွှမ်ကျင်းသည် မေးမြန်းခဲ့သည်။
“အရှင့်သား ပုံမှန်အားဖြင့် ခန္ဓာကိုယ်အတွင်းမှာ လေအေးရှိနေတဲ့ လူတွေက သက်တောင့်
သက်သာ မဖြစ်ကြဘဲ ခိုက်ခိုက်တုန်နေကြလိမ့်မယ် ဒါပေမဲ့ သူတို့က သခင်လေးစန်းလိုမျိုး ခန္ဓာကိုယ်တစ်ခုလုံးက ရေခဲထားသလိုမျိုးတော့ မဖြစ်ကြဘူး”
လူများ၏ ခြေထောက်နှင့် လက်များတွင် အအေးဓာတ်ကိုခံစားရခြင်းသည် ထိုသူများ အတွက်ပုံမှန်ဖြစ်သည်။ သို့သော် စန်းယောင်သည်…ဘာကြောင့်များ သူ့ကိုထိရုံနှင့်ပင် အအေးကိုခံစားနေရပါသနည်း? သူသည် တကယ်ကို ရေခဲတုံးကြီးပင်။
“သူ့ကို ကုသဖို့ နည်းလမ်းရှိလား” ဆရာကြီးလီသည် ချက်ချင်းပင် မေးမြန်းခဲ့သည်။
သူ၏အကြီးဆုံးတပည့်မှလွဲလျှင် သူ၏တပည့်များအားလုံးတွင် သူသည် ပြစ်ချက်များရှာတွေ့နိုင်ခဲ့သည်။ သူတို့သည် သူ့ဆီတွင် နှစ်ပေါင်းများစွာ အဆူခံလာခဲ့ကြရသည်။
သို့ရာတွင် မည်မျှပင်ဆူသည်ဖြစ်စေကာမူ သူ့အားလေးစားချစ်ခင်ကြဆဲပင်။ ယခုတွင်တော့ သူ
သည် သူ၏တပည့်အား သေခွင့်ပြုရတော့မည်လား။
“ကောင်းပြီ…” နန်းတွင်းသမားတော်ကြီးသည် သက်ပြင်းချခဲ့သည်။ “အရှင့်သား ကျွန်တော်မျိုးရဲ့ အရည်အချင်းရမပြည့်ဝမှုကိုခွင့်လွှတ်ပေးပါ အအေးမိရောဂါအတွက် သာမန် ဆေးညွှန်းကိုပဲ ပေးနိုင်ပါတယ်… အဲ့တာတွေက ပုံမှန်အဖြစ်များတဲ့ အအေးမိတဲ့သူတွေအတွက်တော့ အစွမ်းထက်ပေမဲ့ သခင်လေးစန်းအတွက်တော့ မဟုတ်ဘူး။ဒါပေမဲ့ ကမ္ဘာပေါ်မှာ ရောဂါဆန်းတွေ အများကြီးရှိတာမို့။ တကယ်လို့ ဆေးဘက်ကျွမ်းကျင်မှုတွေက အလုပ်မဖြစ်ရင် ဘာလို့ အောက်လမ်းပညာကို မသုံးကြည့်တာပါလဲ”
ထိုအရာကိုပြောချိန်တွင် နန်းတွင်းသမားတော်ကြီးသည် ရှဲ့ချောင်အား သေသေချာချာ စိုက်ကြည့်နေခဲ့သည်။
သူသည် ပြသနာအား မီးမွှေးရှာနေခြင်းမဟုတ်။ သူသည် ထိုလူအားကယ်တင်ချင်လွန်းလှသဖြင့်
ထိုအကြောင်းပြောလိုက်ခြင်းပင်။
သူသည် နန်းတွင်းသမားတော် မဖြစ်ခင်အချိန်တွင် လူများအကြား အတွေ့အကြုံများကို စုဆောင်းခဲ့သည်။ သူသည် သေလုမြောပါးဖျားနာနေသော ကလေးများအားမြင်ခဲ့ဖူးပြီး သူ့အား ကူကယ်ရာမဲ့စေခဲ့၏။ စုန်းမမှ ဆုတောင်းပေးပြီးသည့်နောက်တွင် သူတို့သည် ဖြေးဖြေးချင်း ပြန်လည် သက်သာလာခဲ့ကြသည်။
တစ်စုံတစ်ခုအပေါ်တွင် ယုံကြည်ခြင်းသည် မယုံခြင်းထက်ပိုကောင်း၏။ ကြိုးစားကြည့်ခြင်းသည် အမှားမရှိချေ။
မည်သို့ပင်ဖြစ်စေ သူသည် ယခုရွေးချယ်စရာမရှိပေ။ ပြီးနောက် တခြားသော နန်းတွင်းသမားတော်များသည်လည်း အတူတူပင် ဖြစ်လိမ့်မည်။
ဆရာကြီးလီသည် သူ၏ အကြီးဆုံးတပည့်၏ ပုံစံအစစ်အမှန်အား သိသည့်အပြင် သူမသည်
ကျန်းမာရေးချို့တဲ့နေပြီး ကောင်းမွန်သော ကြမ္မာအား စုဆောင်းရန်လိုအပ်ကြောင်းသိပေသည်။
နန်းတွင်းသမားတော်၏စကားကိုကြားပြီးနောက် သူသည် ရှဲ့ချောင်အား ကြည့်ခဲ့၏၊ “မင်းမှာ ဖြေရှင်းဖို့နည်းရှိလား”
“ဆရာကြီး ကျွန်မ တတိယဆရာတူမောင်လေးရဲ့ ကိုယ်ပေါ်မှာ အခုချိန် မသန့်စင်တာဘာမှ မတွေ့သေးပါဘူး အဲဒါကြောင့် မကောင်းဆိုးဝါးဝိဉာဥ်တွေ နဲ့ မကောင်းတဲ့ အရာတွေကို ဖမ်းတာကလည်း သေချာပေါက် အသုံးမဝင်ပါဘူး အလွန်ဆုံးမှ သူ့ရဲ့ ဝိဉာဥ်ကို ကာကွယ်ဖို့နည်းလမ်းနဲ့ အချိန်မှီ တောင့်ခံထားနိုင်ဖို့ပဲ စဥ်းစားနိုင်ပါတယ်” ရှဲ့ချောင်သည်လည်း ကူကယ်ရာမဲ့နေခဲ့သည်။
သူသည် မည်သို့သောနည်းလမ်းဖြင့် ယမမင်းအား တစ်စုံတစ်ယောက်၏အသက်ကို နှုတ်ယူခြင်းမှ တားဆီးနိုင်ပါမည်နည်း။
“ ကျွန်တော်တို့ တစ်ရက်လောက်တောင့်ခံထားနိုင်ရင်လည်း လုံလောက်ပါတယ် ထပ်ပြီးတော့ သေသေချာချာ စုံစမ်းစစ်ဆေးရအောင်” ကျောက်ရွှမ်ကျင်းသည် ခေါင်းညိတ်၍ သူမအား စတင်လုပ်ဆောင်ရန် ထောက်ခံခဲ့သည်။
•••••
အခန်း ၈၈၄။ သူ့အားဂိုဏ်းအတွင်းမှ နှင်ထုတ်ခြင်း
အိပ်ယာပေါ်တွင် လှဲနေသူသည် ရှဲ့ချောင်၏ ဆရာတူမောင်လေးပင်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူမသည် ဂရုစိုက်ရမည်ဖြစ်သည်။
သူမသည် သူမ၏ ဝါးခြင်းတောင်းအား ယူဆောင်လာခဲ့၏။
ခြင်းအတွင်းတွင် ပစ္စည်းများစွာရှိနေသော ဝါးခြင်းတောင်းအကြီးနှစ်ခုရှိသည်။
ရှဲ့ချောင်သည် ခြင်းအတွင်းမှ မီးအိမ်ခုနှစ်ခုအား ထုတ်ယူလိုက်၏၊ ထိုမီးအိမ်များသည် အရွယ်အားဖြင့် သေးငယ်၍ အစောပိုင်းကအသုံးပြုခဲ့သော မီးအိမ်နှင့် တစ်ထပ်ထဲမတူချေ။
ထို့အပြင် ရှဲ့ချောင်သည် ကတ်ကြေးများ၊ ချိန်ခွင်များ နှင့် ပေတံတစ်ခုအား တစ်ခုပြီးတစ်ခု ထုတ်ယူခဲ့သည်။
ထို့နောက် သူမသည် “ဆန်ယူဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ ဆန် ဒီ့ထက်ပိုလိုတယ်”
ကျောက်ရွှမ်ကျင်းသည် ချက်ချင်းပင် ကျို့ဝေ့ကျုံးအား လုပ်ဆောင်ရန်ပြောလိုက်၏။ “သွားပြီးတော့ ဆန်နည်းနည်းဝယ်ခဲ့ ငါတို့က ဒီနေရာမှာ သူစိမ်းတွေဆိုတော့ မုန့်မိသားစုကို ဒုက္ခပေးလို့မရဘူး”
ကျို့ဝေ့ကျုံးသည် ချက်ချင်းပင် တုံ့ပြန်ခဲ့သည်။
“မုန့်မိသားစုထဲမှာ အရည်အချင်းကောင်းရှိတဲ့ ကလေးတစ်ယောက်ရှိတယ် သူ့ကိုကြည့်ရတာ ငါ့တပည့်အနေနဲ့ သူ့ကို ခေါ်စေချင်ပုံရတယ်။ သူက တကယ်လို့ ငါသူ့ကို သဘောမတွေ့ရင် မုန့်မိသားစုထဲက တခြားကလေးတွေကို စစ်ဆေးကြည့်လို့ရတယ်လို့လည်းပြောတယ် ငါဒီမှာရှိနေတာကြာပြီ သူတို့ကငါ့ကိုကောင်းကောင်းဂရုစိုက်တယ် ငါ့
အတွက်တော့ ငြင်းစရာမရှိဘူး မင်းတို့ ဆရာတူညီအစ်ကိုရဲ့ ကျန်းမာရေးကောင်းလာရင် ငါသွားပြီး အဲ့ဒီကလေးတွေ ဘယ်လိုအရည်အချင်းရှိလဲ သွားကြည့်လိုက်မယ်” လီရှီးယန်သည် ပြောခဲ့၏။
သူသည် တပည့်များလက်ခံရာတွင် သူ၏သတ်မှတ်ချက်များရှိသည်။
အရည်အချင်း ရုပ်ရည်အသွင်အပြင် နှင့် စိတ်နေသဘောထားတို့သည် စိတ်ကျေနပ်စရာဖြစ်ရမည်။
ပြောရလျှင် သူ့တွင် တပည့်အလုံအလောက်ရှိနေပြီဖြစ်သည်။ သူတို့သည် ခြောက်ယောက်ရှိ၍ သူသည် ထို့ထက်ပို၍ လက်မခံချင်တော့ပေ။
သို့ရာတွင် မုန့်မိသားစုသည် စန်းယောင်အား နေမကောင်းဖြစ်သည့်အချိန်မှစ၍ ဂရုစိုက်ပေးခဲ့ကြသည်။ သူသည် သူတို့၏ ကလေးများအား အခွင့်အရေးမပေးခဲ့လျှင် အလွန်ရက်စက်ရာကျလိမ့်မည်။
“ဆရာကြီး ဆရာကြီးက အသက်ကြီးနေပါပြီ သူတို့ အရည်အချင်းကမဆိုးဘူးလို့ ဆရာကြီးထင်ရင် အကြီးဆုံးဆရာတူညီအစ်ကိုကို သူတို့ကိုခေါ်ဖို့ ပြောနိုင်ပါတယ်” ကျောက်ရွှမ်ကျင်းသည် ဆရာကြီး၏ မျက်နှာပေါ်ရှိ နွမ်းနယ်မှုကိုတွေ့သောအခါ ပြောပြလိုက်၏။
“ဟုတ်တယ် ဆရာကြီးကျွန်တော်လည်း တပည့်တွေ စခေါ်နေပါပြီ အခုတော့…ကျွန်တော့်မှာ တပည့်နှစ်ယောက်ရှိပါတယ် သူတို့ရဲ့ အရည်အချင်းတွေက…” ရှောင်းယွိရုန်သည် ရှဲ့ဖင်းဟွိုက် ကိုတွေးမိလိုက်၍ သူ၏ အရည်အချင်းအား မည်သည်မျှ မပြောနိုင်ခဲ့ချေ။ သူသည် မတတ်သာ၍ လက်ခံလိုက်ရပြီး ပြောခဲ့သည်။ “သူတို့ထဲက တစ်ယောက်ကတော့ ထက်မြက်ပါတယ် ပြီးတော့ တခြားတစ်ယောက်ကတော့… နည်းနည်း ထူးခြားတယ် သူတို့က ဆရာ့ကို ဆရာဘိုးဘိုးအဖြစ် အရ်ုအသေပြုပြီးရင်တော့ ဂိုဏ်းအတွင်းကို တရားဝင်လက်ခံပြီးသားဖြစ်မှာပါ”
“အဲ့ဒီအကြောင်းကို နောက်မှပြောကြတာပေါ့” လီရှီးယန်သည် ပို၍ပင် ချေးများသေး၏။
တပည့်ပင်ဖြစ်စေ မြေးတပည့်ပင်ဖြစ်စေ သူတို့သည် တော်သည်ဖြစ်စေ မတော်သည်ဖြစ်စေ သူသည် ဦးစွာ သူတို့အား စစ်ဆေးကြည့်ရန်လိုသည်။
သူသည် ကြုံရာ မြေးတပည့်အား လက်ခံမည်မဟုတ်ချေ။
ပညာသင်သူတစ်ယောက်သည် ဆုံးဖြတ်ရမည့် ကိစ္စများမှာ များပြားလှသည်။ သူ၏တပည့်သည် ရည်မှန်းချက်ကြီး၍ ထိန်းမနိုင်သိမ်းမရသောသူ ဖြစ်နေခဲ့လျှင် ထိုအရာသည် သူ၏တပည့်အားလုံးနှင့် မြေးတပည့်များ၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေလိမ့်မည်။ သူသည် လေးလေးနက်နက် ဆောင်ရွက်ရလိမ့်မည်။
ရှောင်းယွိရုန်သည် ယခုတွင် ယုန်တစ်ကောင်ကဲ့သို့ ရိုသေကျိုးနွံနေ၏။ သူသည် အထူးသဖြင့်
သတ္တိနည်းသည့်ပုံပေါ်နေခဲ့သည်။
ထိုအရာကိုပြောပြီးသည့်နောက် သူသည် သူ၏ဆရာသည် ကြင်နာပုံမရှိတော့ကြောင်း မြင်ခဲ့၏။ ထို့်ကြောင့် သူသည် ပို၍ပင် ကြောက်ရွံ့သွားခဲ့သည်။
သူက ရှဲ့ဖင်းဟွိုက်ကြောင့်တော့ ဂိုဏ်းကနေ ကန်ထုတ်မခံရလောက်ပါဘူးနော် ဟုတ်တယ်မလား?
“ချူးရှန်း…” ဆရာကြီးသည် ခေါ်ခဲ့သည်။
ရှဲ့ချောင်သည် ထူးဆန်းစွာ ခံစားလိုက်ရ၏၊ အတိတ်အချိန်များတွင် သူမ၏ဆရာသည် သူမအား ကလေးမ သို့မဟုတ် ရှဲ့ချောင် ဟုသာ တစ်ခါတရံခေါ်ခဲ့သည်။
ထိုသည်မှာ ထူးဆန်းသော သူမ၏နာမည် မော့ချူးရှန်းပင်ဖြစ်သည်။
သူမ၏ဆရာအသံသည် အနည်းငယ် အေးစက်၍
ကြမ်းတမ်းနေလျှင် သူသည် သူမအား တိရစ္ဆာန်ဟုခေါ်၍ ဆူနေသကဲ့သို့ အသံထွက်သည်။
လီရှီးယန်သည်လည်း ခံစားလိုက်ရသည်။ တစ်ခနမျှစဥ်းစားပြီးနောက် သူသည် အခုလေးတင် ခေါ်လိုက်သော နာမည်အား ရုတ်သိမ်းလိုက်သည်။
“ကလေးမ တာအိုကျင့်ကြံသူ ဆရာကြီးမော့ရော အခုဘယ်လိုနေလဲ”
“ဆ ဆရာတူ ဦးလေးကကောင်းမွန်ပါတယ် ရွှေယွဲ့တာအိုဘုရားကျောင်းက လှူဖွယ် အမွှေးနံ့သာတွေလည်း မဆိုးတော့ပါဘူး သူ့နေ့ရက်တွေက ယခင်ကထက်စာရင် ပိုပြီးတော့ သက်တောင့်သက်သာရှိလာပါပြီ” ရှဲ့ချောင်သည် ချက်ချင်းပင်ဖြေကြားခဲ့သည်။
“အဲ့တာကောင်းတာပဲ သူက ကျိုးကြောင်းမဆီလျော်ဘူးဆိုပေမဲ့ လူကောင်းတစ်ယောက်ပါ ငါသူ့ကို မတွေရတာတော်တော်ကြာပြီ ငါသူ့ကို တကယ် ထပ်ပြီးစကားပြောချင်ပါတယ်” လီရှီးယန်သည် သူရွှေယွဲ့တာအိုဘုရားကျောင်းတွင် နေ
ခဲ့သောအချိန်များကို လွန်စွာ သတိရနေခဲ့သည်။
ထိုအချိန်များတွင် ဒီမိန်းကလေးသည်… မုန်လာဥအသေးလေးကဲ့သို့ အလွန်ငယ်သေး၏။
တစ်ခါတစ်ရံတွင် သူမသည် သူနှင့်အတူ စာဖတ်နေတတ်သည် သို့သော် မည်သည့်အသံမှမပြုလုပ်ချေ။ သူသည် နောက်တစ်ခါပြန်ကြည့်လိုက်လျှင် သူမသည် သတိမေ့နေခဲ့ပြီ။ သူမ၏ မျက်နှာပေါ်တွင် မည်သည့်အရောင်အဆင်းမျှ မရှိခဲ့ချေ။
သူမ၏အသက်ရှုနှုန်းသည် သူမ သေတော့မည်သကဲ့သို့ အားနည်းခဲ့သည့် အကြိမ်ရေ အနည်းငယ်ရှိခဲ့၏။ မော့လင်းကျစ်၏ နှလုံးသည် လွန်စွာနာကျင်နေခဲ့သဖြင့် သူသည် သူမအား စာမဖတ်သင့်တော့ဟု အကြံပေးခဲ့သည်။ ထိုအရာက သူမအတွက် လွန်စွာပင်ပန်းစေခဲ့သည်။
သို့ရာတွင် ထိုမိန်းကလေးနိုးလာပြီးလျှင် သူမသည် အလေးအနက်ဖြင့် စာဆက်လက်ဖတ်နေခဲ့သည်။ … မည်သူမျှ သူမကိုမတားနိုင်ခဲ့ချေ။
•••••