အခန်း (၈၈၅-၈၈၈)
Vol. 46 Ch. 885-888
အခန်း ၈၈၅။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်စုန်းမမှ မကောင်းဘူး
ထိုကောင်မလေးသည် ငယ်ရွယ်စဥ်မှစ၍ ခေါင်းမာခဲ့သည်။
ထိုအချိန်တွင် သူမသည် ကျောက်တုံးအကွဲကြားတွင် ကြီးထွားနေသော ပေါင်းပင်လေးနဲ့တူသည်။ လေအနည်းငယ်နှင့် မိုးအနည်းငယ်နှင့်တောင် သူမသည် ရှင်သန်နေရန် ဆက်လက်၍ ရုန်းကန်ခဲ့သည်။
ထိုနှစ်အနည်းငယ်အချိန်တွင် သူ၏ကံသည် မကောင်းခဲ့ချေ။ သူသည် ရွှေယွဲ့တာအိုဘုရားကျောင်းတွင် ကောင်းကင်နှင့် ကံတရားအား တိုက်ခိုက်လိမ့်မည့် ကလေးငယ်တစ်ယောက်ကိုတွေ့မြင်ခဲ့ချိန်တွင် သူသည် ထိုအရာမှာ လွန်စွာ အံ့သြဖွယ်ကောင်းသည်ဟု အမှန်တကယ် တွေးခဲ့လိမ့်မည်။ သူ၏ စိတ်အခြေနေသည်လည်း များစွာပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
ယခုအချိန်တွင် သူသည် ထိုမိန်းကလေးအား မေးချင်သည့် အရာမြောက်များစွာရှိနေခဲ့သည်။ သို့သော် သူ၏ အခြားတပည့်များရှိနေချိန်တွင် ထိုသို့ပြုလုပ်ရန် မလွယ်ချေ။
သူသည် နောက်အခါတွင်သာ ထိုအကြောင်းပြောမည်ဟုတွေးလိုက်သည်။
ကျို့ဝေ့ကျုံးသည် ကိစ္စရပ်များအားကိုင်တွယ်ရာတွင် အလွန်လျင်မြန်ပေသည်။
ရှဲ့ချောင်သည် အားလုံးကို စန်းယောင်အား အိပ်ယာပေါ်မှ ကြမ်းပေါ်သို့ရွှေ့ရန် ပြောလိုက်သည်။ သူ့ပတ်လည်တွင် နေရာလွတ်တစ်ခုရှိခဲ့ပြီး တစ်ဖက်တစ်ချက်စီတွင် သူမသည် ကတ်ကြေးများ မှန်များနှင့် တခြားအရာများအားချထားခဲ့သည်။
သူမသည် ခုနှစ်စဥ်ကြယ်လေးပုံစံနဲ့ကိုက်ညီသောထမင်းထဲတွင် ကြယ်မီးအိမ်လေးကိုထားခဲ့၏။
ထို့နောက် သူမသည် အဆောင်တစ်ခုအားထုတ်ယူ၍ စန်းယောင်၏ခန္ဓာကိုယ်ပေါ်တွင် ကပ်ထားခဲ့သည်။
ကြယ်လေးလုံးပုံစံသည် အထက်ပုဂ္ဂိုလ်များ၏ကောင်းချီးများဖြစ်သည့် ဦးတည်ရာငါးခုမှ တစ်စုံတစ်ဦး၏ အသက်ဆက်ပေးမည့် စစ်မှန်သော စွမ်းအင်များကို ဆင့်ခေါ်ခဲ့သည်။
ထိုအရာသည် ခန္ဓာကိုယ်တွင်းသို့စီးဆင်းသွားပြီး ကောင်းကင်နှင့်မြေကြီးသည် အတူတူ
ရှင်သန်ကြီးထွားလာလိမ့်မည် တစ်ခု၏နှလုံးသည် ပြန်လည်အသက်ဝင်လာပြီး တစ်ခုသည် အသက်ရှည်ရှည်နေရလိမ့်မည်။
ရှဲ့ချောင်သည် မြေကြီးပေါ်တွင် ခြေချိတ်၍ ထိုင်လိုက်ပြီး ဂါထာမန္တရားများအား ခပ်တိုးတိုး ရွတ်ဖတ်နေခဲ့သည်။ အချိန်သည် တဖြေးဖြေးနှင့် ကုန်ဆုံးသွားသော်ငြား ထဖို့ အနည်းငယ်မျှ ရည်ရွယ်ချက်မရှိပေ။
ဆရာကြီးလီသည် သူမ မည်မျှ ကြိုးစားနေသည်ကို တွေ့လျှင် သူ၏နှလုံးသားမှာ နာကျင်လာခဲ့သည်။ အထူးသဖြင့် သူမသည် ကျန်းမာရေးမကောင်းသည်ကို သိနေခဲ့သဖြင့် ပို၍နာကျင်လာခဲ့သည်။ သူ၏ နှုတ်ခမ်းမွှေးများသည် သူ့အား ပင်ပန်းနွယ်နယ်နေစေပုံပေါ်နေသော်လည်း သူသည် စိတ်နှင့်ကိုယ် နည်းနည်းမျှကပ်နေပုံမပေါ်ချေ။
နှစ်နာရီမျှ ကြာပြီးသည့်နောက်တွင် ရှဲ့ချောင်သည် ရပ်သွားခဲ့သည်။
သူမသည် မြေကြီးပေါ်မှထချိန် ယိုင်ထိုးနေ၏။ အိမ်အတွင်းတွင် ခုနှစ်စဥ်ကြယ်အလင်းရောင်များသည် မှိန်ပျစွာ မှိတ်တုတ်မှိတ်တုတ်ဖြစ်နေခဲ့ပြီး ဆန်းကြယ်သော အရောင်အဆင်းတို့ကို ဆောင်ကျဥ်းနေ၏။
“လုံလောက်ပါပြီ မီးတွေကတော့ ငြိမ်းလို့မရနိုင်ဘူး” ရှဲ့ချောင်သည် အိမ်အတွင်းမှ ထွက်လာခဲ့
သည်။ “ မီးအိမ်တွေက သက်တမ်းရှည်စေလိမ့်မယ် ဒါပေမဲ့ သူတို့မှာ အချိန်သက်ရောက်မှုရှိတယ် မီးအိမ်ခုနှစ်ခုက အဲ့တာကိုကာကွယ်နိုင်ရင် ၄၉ ရက်ကြာလိမ့်မယ် အကယ်၍ တစ်ခုကသာ ငြိမ်းသွားရင် ခုနှစ်ရက် လျော့သွားလိမ့်မယ်”
အဆောင်နှင့် မီးအိမ်များသည် ခန္ဓာကိုယ်အတွင်းတွင် ဝိဉာဥ်အား ပိတ်လှောင်ထားခဲ့သည်။ ဝိဉာဥ်သည် ခန္ဓာအတွင်းမှ ထွက်ခွာမသွားလျှင် အသက်ရှင်သန်ရန် အခွင့်အရေးရှိလိမ့်မည်။
ရှောင်းယွိရုန်သည် သံသယဖြစ်နေခဲ့၏။ သူသည် မီးအိမ်များကိုကြည့်ပြီးနောက် လီရှီးယန်းအား ကြည့်လိုက်လေသည်။
“ငါတို့ အအေးကို ကုသဖို့ နည်းလမ်း မကြာခင်ရှာတွေ့ဖို့ မျှော်လင့်တယ်” လီရှီးယန်းသည် ရှဲ့ချောင်၏ အရည်အချင်းအား သံသယမရှိပေ။
သူ၏စကားဆုံးသည်နှင့် ခြံအတွင်းတွင် တခြားသော သူတစ်ယောက်ရှိနေခဲ့သည်။
သူ အပြာရောင်ဝတ်စုံနှင့်လူငယ်တစ်ယောက်သည် လီရှီးယန်းအား စိတ်ရှုပ်သည့်အမူအရာနှင့် ကြည့်၍ လမ်းလျှောက်လာနေသည်ကို တွေ့လိုက်ရ၏။ ထို့နောက် သူသည် အိမ်အတွင်း၌ ထားထားသော မီးအိမ်များကိုတွေ့သွားခဲ့သည်။
“ဆရာ ဒါ..တွေကဘာတွေလဲ? ဆရာ..က ဆရာတူညီအစ်ကိုရဲ့ နာမကျန်းတာကို အလိမ်အညာနည်းတွေနဲ့ ကုခိုင်းထားတာလား?” ကျန်းကျင်လုသည် ဆရာကြီးအား ထိတ်လန့်သွားသော အမူအရာနှင့် ကြည့်လိုက်လေသည်။ သူ၏လက်ထဲတွင် သေးငယ်သောဘူးလေးအား ကိုင်ထားခဲ့သည်။ ထိုအရာသည် ဆေးပင်ဖြစ်လိမ့်မည်။
သူသည် စကားပြောပြီးသည့်နောက်တွင် ဘေးပတ်ပတ်လည်အား ကြောက်ရွံ့မှုဖြင့် လျင်မြန်စွာကြည့်လိုက်၏။
“ဆရာတူအစ်ကိုရှောင် အရှင့်သား အစ်ကိုတို့လည်း ဒီမှာရှိနေတာလား ဆရာတူအစ်ကိုစန်းက
နေမကောင်းနေတာပါ အဲဒါကြောင့် ကျွန်တော် ဆေးတစ်ချို့ရှာတွေ့ခဲ့တယ် ခရီးသွားကုန်သည်က ဒီဆေးက ရေခဲတောင်တွေနဲ့ ဝေးလံတဲ့မြို့ကနေဝယ်လာခဲ့တာလို့ပြောတယ် ဒီဆေးကသေချာပေါက် အလုပ်ဖြစ်မှာပါ” သူသည် ပြောပြီးပြီးချင်း လီရှီးယန်အား လျင်မြန်စွာ ကမ်းပေးလိုက်လေသည်။
ထို့နောက် သူသည် ရှဲ့ချောင်အား မယုံကြည်နိုင်စွာ ကြည့်လိုက်၏။
တစ္ဆေပွဲတော်ပြီးသည့်အချိန်မှစ၍ ရှဲ့ချောင်သည် ဝိဉာဥ်များအား ဆွဲဆောင်ခြင်းကို ရှောင်ရှားရန် အဖြူရောင်ဝတ်ဆင်ခြင်းကိုရှောင်ခဲ့သည်။ ထို့ကြောင့် သူမသည် သာမန် တာအိုကျင့်ကြံသူ ဝတ်ရုံကိုသာ ပြောင်းလဲထားခဲ့သည်။ ထိုအခါ သူမသည် တခြားအရာများထက် ခရီးသွား အတုအယောင်ဆရာများနှင့်တောင် ပို၍တူသွားလေသည်။
ထို့အပြင် သူမသည် ရိုးရာပွဲတစ်ခုအား
ဆောင်ရွက်ထားပြီးဖြစ်သဖြင့် သူမ၏လက်ထဲတွင် ပစ္စည်းတစ်ချို့အား ကိုင်ထားခဲ့သေးသည်။ သူမသည် တရားခံဖြစ်သည်မှာ သိသာနေခဲ့သည်။
“နန်းတွင်းသမားတော်ကြီးလည်း မင်းရဲ့ တတိယဆရာတူအစ်ကိုကို အခုတင်ကြည့်ပြီးပြီ။ သူပြောတာကတော့ … သူ့ကိုကယ်ဖို့ တခြားနည်းလမ်းမရှိမှာကို သူစိုးရိမ်တယ်တဲ့ ဘာနေနေ ဒီဆေးကို စမ်းကြည့်ရအောင်…” ဆရာကြီးလီသည် သက်ပြင်းချခဲ့သည်။
ကျန်းကျင်လုသည် အနည်းငယ် ဝမ်းနည်းသွားခဲ့သည်။
သူ၏ ဆရာသည် ယခင်က သူ၏မိခင်နေမကောင်းသည်ကိုလည်းသိနေခဲ့သည်။ သူသည် ပြန်လည်သက်သာနိုင်ခဲ့သော်လည်း မိသားစုအကြီးအကဲများသည် စုန်းမတစ်ယောက်အား သူမကို ကုသရန်ရှာတွေ့ခဲ့သဖြင့် သူ၏အမေသည် ဖျားနာခြင်းဖြင့် သေဆုံးသွားခဲ့သည်။
သို့ရာတွင် ထိုစုန်းမသည် အခြားသောသူများအား သူ၏အမေသည် နတ်ဘုရားများ နှစ်သက်ဖွယ်မရှိသော အမှားတစ်ခုအား ကျူးလွန်မိသဖြင့် သူတို့သည် သူမအား အပြစ်ပေးခဲ့ပြီး သူမ၏ဘဝအား ယူဆောင်သွားခြင်းဖြစ်သည်ဟုပြောခဲ့သည်။
ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်စုန်းမမှ မကောင်းဘူး။
•••••
အခန်း ၈၈၆။ ဆရာက လူလိမ်ပဲ
သို့သော် ကျန်းကျင်လုကလား? သူသည် သူ၏ဆရာအား ယခုအချိန်တွင် ဝေဖန်ခြင်းမလုပ်ရဲခဲ့ပေ။
လီရှီးယန်သည်သူ၏မျက်နှာပေါ်ရှိ မကျေမချမ်းမှုနှင့် မေ့လျော့နေမှုတို့ကို မြင်တွေ့သွားခဲ့၏။ သူသည် “ ဒါမင်းရဲ့ အကြီးဆုံးဆရာတူအစ်မ မော့ချူးရှန်းလေ” ဟုအသိပေးလိုက်သည်။
ကျန်းကျင်လုသည် သူ၏ခေါင်းအား ရုတ်တရက်မော့၍ သူ၏ရှေ့တွင်ရှိသော အသက်သုံးဆယ်မှ လေးဆယ်နှစ်ရှိနေသည့် တာအိုကျင့်ကြံသူဆရာမအား အသက်မဲ့စွာစိုက်ကြည့်နေလေသည်။ “အကြီးဆုံး ဆရာတူအစ်မ?”
လူလိမ်
“ဆရာ ဘယ်လိုလုပ်... အကြီးဆုံးဆရာတူအစ်မက ...ဘယ်လိုလုပ်ဒီလိုပုံရှိမှာလဲ” သူသည်
မသိစိတ်မှ ဝိုးတိုးဝါးတားဖြင့် မေးလိုက်လေသည်။
ရှဲ့ချောင်သည် ထိုအရာအားကြားပြီးသည့်နောက် ကူကယ်ရာမဲ့သွားခဲ့၏။
လီရှီးယန်သည် မျက်မှောင်ကြုတ်သွားခဲ့သည်။ “ မင်းရဲ့ အကြီးဆုံးဆရာတူအစ်မက ပန်းလေးတစ်ပွင့်လိုမျိုးလှနေတာပဲလေ ဘာလို့လဲ မင်းအဲ့လိုမထင်ဘူးလား”
သူ၏ အဖိုးတန် အကြီးဆုံးတပည့်သည် လွန်စွာကြည့်ကောင်းလှသည်။ သူမသည် မတူညီသည့်မျက်နှာမျိုးရှိနေလျှင်တောင် သူမသည် သူတော်စင်တစ်ယောက်နှင့် တူနေပေလိမ့်မည်။ မည်သို့များ သာမန်လူများသည် သူမ၏ ဟန်ပန်အမူအရာနှင့် မျက်နှာအမူအရာအား ယှဥ်နိုင်ပါ့မည်နည်း။
ထိုသူသည် သူ၏ကိုယ်ပိုင်တပည့်ပင်ဖြစ်သည်။
သူသည် တခြားသောသူများနှင့် မည်သို့တူနိုင်မည်နည်း။
ကျန်းကျင်လုသည် အလျင်အမြန် လက်ခါပြလိုက်၏။ “ဆရာ ကျွန်တော်အဲ့ဒီလို…မရည်ရွယ်ပါဘူး အကြီးဆုံးဆရာတူအစ်မက …အရမ်းကိုမှ ကြည့်ကောင်းပါတယ်”
“ဒါဆရာတူမောင်လေးရဲ့ မာကျောမှုပဲ” ရှဲ့ချောင်သည် သူ့အား သနားညှာတာစွာ ကြည့်လိုက်သည်။
ဟုတ်တာပေါ့ သူမ၏ရုပ်ရည်သည် မဆိုးပါ။ သို့ရာတွင် သူမ၏ ဆရာသည် သူမ၏ပုံရိပ်အား အလွန်အမင်း မြှင့်တင်လိုက်သည်မှာ…ယခုတွင် သူမ၏ ငါးယောက်မြောက်သည် သူမကိုကြည့်နေခဲ့သည်အထိ…ထိုနှစ်ခုကြားတွင် ကြီးမားသော ကွာခြားမှုရှိနေသည်မဟုတ်လား?
ထိုအချိန်တွင် ကျန်းကျင်လု၏စိတ်သည် အရှုပ်အထွေးကြီးဖြစ်နေခဲ့သည်။
အိုးး မိုင် ဒါက သူတော်စင်တစ်ပါးနဲ့တူနေတဲ့ အကြီးဆုံးဆရာတူအစ်မပေါ့။
သူမသည် သူ၏စာပေများအား နှစ်အတော်ကြာ ဆည်းပူးခဲ့သည်။
ဟုတ်သည်။ သူ့ဆရာ၏ အငယ်ဆုံးတပည့်ဖြစ်သည့်အလျောက် သူသည် ဂိုဏ်းအတွင်းသို့ ဝင်သည့်အချိန်မှစတင်၍ သူ၏ဆရာနှင့်အတူ သူသည် စာအုပ်များစွာအား တူတူဖတ်ခဲ့ပြီးပြီဖြစ်သည်။ သူသည် ကဗျာအများစုရေးနည်းနှင့် ပန်းချီများရေးဆွဲနည်းများအားလည်း လေ့လာခဲ့သေးသည်။ ထိုထဲတွင် သူ၏ဆရာ၏ အပေးများသောအိမ်စာမှာ သူ၏အကြီးဆုံးဆရာတူအစ်မပင်ဖြစ်ခဲ့သည်။
သူသည် တစ်ခါတစ်ရံတွင် သူ၏ဆရာတူအစ်မ၏ သူတော်စင် နှင့် တူသော အသွင်အပြင်အား သူ၏ဆရာ ညွှန်ကြားချက်အတိုင်း ရေးဆွဲခဲ့ရသည်။ သူသည် လှပသော ကဗျာများကိုလည်း
သူမ၏ဆရာတူအစ်မ၏ အလှကိုဖော်ပြရန် ထည့်သွင်းရေးသားခဲ့ရသည်။
သူသည် တူညီသောအိမ်စာအား တစ်နှစ်တွင် အခါပေါင်းများစွာလုပ်ခဲ့ရသည်။
ထိုအထိအဆင်ပြေခဲ့၏။ သို့သော် သူ့အား အမှန်တကယ် ခေါင်းကိုက်စေသည်မှာ သူသည် သူ၏ဆရာတူအစ်မပါဝင်နေသည့် အိမ်စာတစ်ခုတွင်မှ အမှတ် A မရခဲ့ခြင်းပင်။
သူ၏ဆရာအမြဲပြောသည်မှာ သူသည် သူ၏ဆရာတူအစ်မအပေါ်တွင် လေးစားမှုမှာ အလွန်သေးငယ်နေခဲ့သဖြင့် သူသည် ကောင်းကောင်းမရေးနိုင် ကောင်းကောင်းမဆွဲနိုင်
ဖြစ်နေခြင်း ဖြစ်သည်ဟူ၍။ သူပြီးသွားသောအခါ သူသည် သူ့အားအပြစ်တင်နေခြင်းမဟုတ်ဟု ပြောခဲ့သည်။ အမှန်တွင် သူသည် မော့ချူးရှန်းအား တစ်ခါမျှ မမြင်ဖူးခဲ့ချေ။ ထို့ကြောင့် သူသည် သူမ မည်မျှတော်ကြောင်း အမှန်ပင် မသိခဲ့ချေ။ သို့ရာတွင်…
သူသည် သူမအား တစ်ခါမှမမြင်ဖူးသည်ကို သူသိခဲ့သော်လည်း ထိုအရာသည် နောက်ထပ်သော သင်ခန်းစာများအား မနှောင့်နှေးစေခဲ့ပေ။
ထိုအချိန်တွင် ဤလှပသော မော့ချူးရှန်းသည် သူ၏ရှေ့တည့်တည့်တွင် ယခုအချိန်တွင် ရပ်နေပြီဖြစ်သည်။
သူမသည် သူ၏ဆောင်းပါးများတွင် ဖော်ပြထားသကဲ့သို့ တောက်ပကာ လှပမနေချေ။ ထို့အပြင် သူမသည် သူအမုန်းဆုံးဖြစ်သည့် တာအိုဝတ်ရုံကိုလည်း ဝတ်ထားသေးသည်။
သူမသည် ကမ္ဘာခြားမှ ပညာရှင်တစ်ယောက်နှင့်ပင် အမှန်တကယ်တူနေသေးသော်လည်း ထိုအရာသည် သူအမုန်းဆုံး အသွင်အပြင်ပင်ဖြစ်နေခဲ့သည်။
ကျန်းကျင်လုသည် သူ၏နှလုံးသားအတွင်းတွင် ဆောက်တည်ထားခဲ့သော လှပသည့် ပုံရိပ်သည်
ပြိုပျက်သွားပြီဟု ခံစားခဲ့ရသည်။ ထိုအချိန်တွင် သူသည် သူ၏အကြီးဆုံးဆရာတူအစ်မဖြစ်သည့် မော့ချူးရှန်းကို ကြည့်ပင်မကြည့်ချင်တော့ချေ။
ဆရာက လူလိမ်ပဲ။
ရှဲ့ချောင်သည် သူ၏ငါးယောက်မြောက် ဆရာတူမောင်လေး၏စိတ်ပျက်မှုကိုမြင်တွေ့နိုင်ခဲ့သည်။
သို့သော် သူမ ဂရုမစိုက်ချေ။ သူသည် ထိုအရာအား ကျင့်သားရသွားပေလိမ့်မည်။
ဤသူမ၏ငါးယောက်မြောက်ဆရာတူမောင်လေးသည် သူမ၏ဆရာတူမောင်လေးများကြားတွင် အငယ်ဆုံးဖြစ်သော်လည်း သူသည် သူမထက်ပင် အနည်းငယ် အသက်ပိုကြီးနေသေး၏။ သူသည် ယခုတွင် ၁၈ နှစ် ၁၉ နှစ်မျှပင် ရှိလောက်သည်။
သူသည် အရပ်အရမ်းမရှည်သည့်အပြင် သူ့တွင် ကလေးမျက်နှာလေးပင်ရှိနေသေး၏။ သူသည် ၁၅ နှစ် ၁၆ နှစ်မျှသာရှိသေးသည့်
ဆယ်ကျော်သက်လေးတစ်ယောက်နဲ့ပင်တူနေခဲ့ပြီး အလွန်ငယ်ပုံပေါ်နေသည်။ သူမ၏ ဆရာတူမောင်လေးများအားလုံးသည်ရုပ်မဆိုးကြပေ ထို့အပြင် ကျန်းကျင်လုသည်လည်း ခြွင်းချက်မရှိပေ။
သူမ၏အကြီးဆုံးဆရာတူမောင်လေး ရှောင်းယွိရုန်သည် လူများအား စာသင်ခြင်းနှင့် ပညာပေးခြင်းတို့တွင် ထူးချွန်၏။ သူသည် စည်းကမ်းအရှိဆုံးပင်။ သူမ၏ ဒုတိယ ဆရာတူမောင်လေး ကျောက်ရွှမ်ကျင်းကတော့… သူမ သူ့အကြောင်း သေချာမသိပေ။ ဖြစ်နိုင်သည်မှာ သူသည် အရာအားလုံးတွင်တော်နေပြီး အဖွဲ့ဝင်တပည့်များကြားတွင် အကြီးမားဆုံးပြိုင်ဘက်ဖြစ်နိုင်သည်။
သူမ၏တတိယဆရာတူမောင်လေးသည် စိတ်ကူးယဥ်အချစ်ဇာတ်လမ်းများတွင် ထူးချွန်၏။ ပြီးနောက် သူမ၏ လေးယောက်မြောက် ဆရာတူမောင်လေးသည်…ကြက်တိုက်ပွဲများတွင် ထူးချွန်သည်။ပြောကြသည်မှာ သူသည် ရည်းစားရှုပ်သူတစ်ယောက်ဟူ၍ပင်။
အငယ်ဆုံး ကျန်းကျင်လု…
သူသည် ၁၈ နှစ်မျှသာ ရှိသေးသော်ငြား အချက်အလက်အရ သူသည် အရွယ်နှင့်မလိုက်အောင် ထူးချွန်ပြောင်မြောက်သူတစ်ယောက်ဖြစ်သည်။ သူသည် ဘွဲ့ရပြီးပြီဖြစ်သော်လည်း သူ၏ဆရာသည် သူသည် ငယ်သေးသည်ဟုတွေးနေဆဲဖြစ်ပြီး သူ့အား ဖိနှိပ်နေလျက်ရှိလေသည်။
•••••
အခန်း ၈၈၇။ မင်းခေါင်းပြတ်နေလောက်ပြီ။
ရှဲ့ချောင်သည် နောက်နားမှ နီးကပ်စွာ လိုက်သွားခဲ့သည်။
“ဆရာ အသက်တော်တော်လေး ကြီးလာပြီပဲ…” ရှောင်းယွိရုန်သည် သက်ပြင်းချခဲ့ပြီး လွန်စွာ စိတ်သောကရောက်နေပုံပင်။
ကျန်းကျင်လုသည် သူ့အား ဆွံ့အစွာကြည့်လိုက်လေသည်။ “ဆရာတူအစ်ကိုရှောင်း အစ်ကိုအများကြီးတွေးနေတာပဲ ဆရာ့ရဲ့ ကျန်းမာရေးက ကျွန်တော့်ထက်တောင်ကောင်းသေးတယ် တတိယဆရာတူအစ်ကိုနာမကျန်းမဖြစ်ခင်ကဆို တောင်တွေပေါ်တက်ပြီး ရှုခင်းတွေခံစားကြည့်ဖို့အတွက် ခရီးအရှည်ကြီးတွေတောင်သွားနေသေးတယ် ကျွန်တော်တောင်မှ ဆရာ့ကို လိုက်မမှီဘူး”
သူ့ကျန်းမာရေးကမကောင်းနေခဲ့ဘူးလား? ဒါကပြသနာမဟုတ်ချေ။
ဆရာကြီးသည် ထမင်းစားချိန်တိုင်းတွင် ထမင်းပန်းကန်ကြီး သုံးပန်းကန်အမြဲစားနိုင်ခဲ့သည်။
သူသည် စားနိုင်သည် သောက်နိုင်သည် အိပ်နိုင်သည်။ နံနက်တိုင်း သူသည် လက်သီးထိုးခြင်းနှင့် ခြေကန်ခြင်းများကိုလည်း လေ့ကျင့်နိုင်သည်။ သူသည် အသက်ကြီးသည့်ပုံပေါ်နေသော်ငြား သူ၏အားသည် သန်မာသည်။ သူသည် သန်မာ၍ ငယ်ရွယ်သော လူရွယ်တစ်ယောက်ကဲ့သို့ပင်ဖြစ်သည်။
“ဒါပေမဲ့ ဆရာကြီးရဲ့ ခါးကကိုင်းနေပြီလေ” ရှောင်းယွိရုန်သည် ခေါင်းခါလိုက်သည်။ သူသည် သူ၏ ငါးယောက်မြောက်ဆရာတူညီအစ်ကိုသည် ငယ်ရွယ်လွန်းနေပြီး အိုမင်းရင့်ရော်ခြင်း၏ ထိတ်လန့်ဖွယ်ကောင်းပုံကို နားမလည်သေးသူဟုတွေးခဲ့သည်။
ကျန်းကျင်လုသည် နှာမှုတ်ပြီး သရော်သံပြု၍ ရယ်မောခဲ့လေသည် “ဒါကဘာလို့ဆို သူအကြီး
ဆုံးဆရာတူအစ်မကိုတွေ့လိုက်လို့လေ”
ရှောင်းယွိရုန်သည် သူ့အားအံ့အားသင့်စွာကြည့်ခဲ့၏။ ပြီးသည့်နောက် သူသည် အသိဝင်လာခဲ့လေသည်။
သူ့ဆရာက သူတို့အကြီးဆုံးဆရာတူအစ်မကသူ့ကိုပိုပြီးလေးစားသမှုပြုအောင်လို့ သူမရှေ့မှာ အားနည်းချင်ယောင်ဆောင်နေခဲ့တာလား?
မဟုတ်တာ မဖြစ်နိုင်ပါဘူး သူ့ဆရာကဘယ်လိုလုပ်အဲ့ဒီလိုမျိုး…
ကျောက်ရွှမ်ကျင်းသည် သူတို့အား နားထောင်မနေခဲ့ချေ။ သူသည် ကျို့ဝေ့ကျုံးကို အနားလာရန် ခေါ်လိုက်၏။ “ ဒီနေရာကိုစောင့်ရှောက်ဖို့လူတွေပို့လိုက် ဆရာတူအစ်မမော့ရဲ့ ကြက်ဖအနားကို သက်ရှိသတ္တဝါတစ်ကောင်ကောင် ကပ်လာရင် မင်းကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းရလိမ့်မယ် အဲ့ဒီမီးအိမ်တွေကိုကာကွယ်ဖို့အတွက် မင်းလုပ်နိုင်တာအကုန်လုပ်”
“နားလည်ပါပြီ” ကျို့ဝေ့ကျုံးသည် ချက်ချင်းပြန်ဖြေခဲ့သည်။
“အရှင့်သား?” ကျန်းကျင်လုသည် ထိုအချင်းအရာကိုကြားလျှင် အနည်းငယ်ရှုပ်ထွေးသွားခဲ့သည်။ “အရှင့်သားလည်း ဆရာတူအစ်မရဲ့ စကားတွေကိုယုံတယ်ပေါ့”
“သေချာတာပေါ့” သူကဘာလို့ သူ့ကြင်ယာတော်ရဲ့စကားကို မယုံရမှာလဲ?
“ဒီမီးအိမ်တွေ တစ်မျိုးထဲနဲ့ ဘဝတစ်ခုကိုမဆုံးဖြတ်နိုင်ဘူး ပြီးတော့ ဆရာတူအစ်ကိုရဲ့ ခန္ဓာကိုယ်ပေါ်က အဆောင်တွေကလည်း ဒီတိုင်းရှုပ်ထွေးနေတဲ့ဟာတစ်ခုပဲ အဲ့တာကဆေးမဟုတ်ဘူး ဆိုတော့ အဲ့တာက သူ့ကိုဘယ်လိုကယ်မှာလဲ ဆရာတူအစ်မက ငယ်ငယ်ထဲက တာအိုဘုရားကျောင်းမှာနေနေခဲ့ရတယ်ဆိုတာသိပါတယ် ခေါင်းထဲကိုရိုက်သွင်းခံထားရတာဖြစ်မယ် ဒါပေမဲ့ သူ့ရဲ့ဆရာတူမောင်လေးတွေအနေနဲ့
ကျွန်တော်တို့ သူမကို သူမဘာဖြစ်နေတယ်ဆိုတာတော့ ပေးသိသင့်တယ်…” ကျန်းကျင်လုသည် နည်းလမ်းကျကျပြောလိုက်လေသည် သူသည် အနည်းငယ်ကြောက်လန့်နေခဲ့သည်။
“ဒါဆို အဲ့တာကို ဆရာတူညီလေး အခု ဘာလို့သွားမပြောလဲ” ကျောက်ရွှမ်ကျင်းသည်ပြုံးလိုက်၏။
ကျန်းကျင်လုသည် ဆို့နင့်သွားလေသည်။
သူမပြောရဲ…
“အရှင့်သားမှာက အထူးအဆင့်အတန်းတစ်ခုရှိတယ်လေ ဆရာက အရှင့်သားပြောတာကို နားထောင်ပေးမှာပါ” ကျန်းကျင်လုသည် အင်အားမဲ့သလိုခံစားခဲ့ရ၏။
သူ မလုပ်ချင်၍ အရှင့်သားအား လုပ်စေခြင်းသည် အမှန်တကယ်ပင် လူကြီးလူကောင်းတစ်ယောက်၏ လုပ်ရပ်တစ်ခုမဟုတ်ပေ။
“ငါးယောက်မြောက် ဆရာတူညီလေးကလည်း နောက်ဆို အရာရှိတစ်ယောက်ဖြစ်လာတော့မှာပဲလေ။ တကယ်လို့မင်းမှာ ဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ကန့်ကွက်ချက်ရှိနေပေမဲ့ မပြောရဲဘူးဆိုရင် တခြားသူတစ်ယောက်ကို မင်းရဲ့ ကြားခံအပြစ်ခံသူအနေနဲ့ဖြစ်စေမှာလား” ကျောက်ရွှမ်ကျင်း၏ စကားများသည် အနည်းငယ်ပြင်းထန်သွားခဲ့၏။
ကျန်းကျင်လု၏တပည့်များသည် ကျုံ့သွားခဲ့ကြ၏။ သူ၏မျက်နှာသည် ရုတ်တရက် အနီရောင်ပြောင်းသွားခဲ့ပြီး သူသည် အသက်ရှူမြန်လာခဲ့သည်။
ရှောင်းယွိရုန်သည် ထိုအချင်းအရာအား ကြားချိန်တွင် အိမ်ရှေ့စံမင်းသားအားမဟန့်တားခဲ့ချေ။
အိမ်ရှေ့စံမင်းသား၏ စကားများကို ပိုပိုနားထောင်ခြင်းသည် ငါးယောက်မြောက်ဆရာတူညီလေးအတွက် ကောင်းမွန်၏။
“ ကျွန်…ကျွန်တော် အမှားလုပ်ခဲ့မိပါတယ် ဆရာထွက်လာတဲ့အချိန်ကျရင် ကျွန်တော်ကိုယ်တိုင် သွားပြောလိုက်ပါမယ်” သူသည် စိတ်မကောင်းဖြစ်နေလျှင်တောင် သူ၏မကျေနပ်မှုကို ကိုယ်တိုင်ဖော်ပြသင့်သည်။
သို့ရာတွင် ကျောက်ရွှမ်ကျင်း၏ အသံသည် ပို၍ပင် အေးစက်သွားခဲ့၏။ “ဒါဆို… မင်းက ဧကရာဇ်ရဲ့ ဆုံးဖြတ်ချက်ကိုကြားလို့ မင်းမကျေနပ်ဘူးဆိုရင် မင်းကသူ့ကို တိုက်ရိုက်သွားပြီး အပြစ်တင်မှာလား? ငါးယောက်မြောက် ဆရာတူညီလေး မင်းခေါင်းပြတ်နေလောက်ပြီ”
••••
အခန်း ၈၈၈။ ဖုံးကွယ်ထားနိုင်လိမ့်မည်မဟုတ်ချေ။
ကျန်းကျင်လုသည် အိမ်ရှေ့စံ၏ စကားလုံးများအား ကြားသည့်အခါ ကြက်သီးများထလာခဲ့သည်ကို ခံစားမိခဲ့ပြီး ထိုနေရာတွင် ကွဲလွဲနေသော မျက်နှာဖြင့်ပင် ရပ်နေမိခဲ့၏။
အိမ်ရှေ့စံမင်းသားပြောသည်မှာ မမှားပေ။ သို့သော် ထိုအရာအား သူကိုယ်တိုင်ပြောခြင်းသည် မှားလိမ့်မည်လား?
“ဒါကိုသာ မလုပ်နိုင်ရင်… အရှင့်သားပြောတာက ဆရာနဲ့ အကြီးဆုံးဆရာတူအစ်မတို့ကို သူတို့လုပ်ချင်တာလုပ်ဖို့ လွှတ်ထားပေးရမှာလား?” ကျန်းကျင်လုသည် မျက်မှောင်ကြုတ်ထားခဲ့သည်။ “ဒါပေမဲ့ အကယ်၍ အဲ့တာကသာ လူတွေသန်းပေါင်းများစွာကို သက်ရောက်စေမဲ့ ဧကရာဇ်ရဲ့ဆုံးဖြတ်ချက်သာဖြစ်နေရင် ကျွန်တော် ဘယ်လိုလုပ်ဒီတိုင်းရပ်ကြည့်နေနိုင်မှာလဲ”
“ကိုယ့်ဟာကိုယ်စဥ်းစားကြည့်ပေါ့” ကျောက်ရွှမ်ကျင်းသည် သူ့အား မရှင်းပြခဲ့ပေ။
သူသည် နောင်အနာဂတ်တွင် သူ၏ခေါင်းအား ကြိုးပေး၍မဟုတ်ဘဲ တစ်စုံတစ်ယောက်၏ခေါင်းအား ဖြတ်ပစ်မိတော့မည်။
ထိုအရာသည် ဧကရာဇ်တစ်ယောက်အနေဖြင့် သူနှင့် မည်သို့ပတ်သက်ပါသနည်း?
ငါးယောက်မြောက်ဆရာတူညီလေးသည် နောက်ထပ်မှားသွားပြန်သည်။
မျှော်လင့်ထားသည့်အတိုင်းပင် သူသည် ငယ်လွန်းနေသေး၏။ ဆရာတူညီလေး၏ အရည်အချင်းသည် သူ့အောက် မနိမ့်သော်လည်း သူနဲ့ ကွာခြားနေသည်။ သူ၏ ဆရာတူညီလေးသည် ဆင်းရဲသောမိသားစုမှမွေးဖွားလာသူဖြစ်ပြီး သူသည် အထက်တန်းလွှာ မိသားစုမှမွေးဖွားလာခဲ့သည့်အတွက် မြို့တွင်းအရာရှိများနှင့် ကျော်ကြား
သော မိသားစုများ၏ အာရုံစိုက်မှုကို အမြဲရရှိခဲ့သူဖြစ်သည်။ သူ၏ညီငါးမှာ စိတ်အားထက်သန်မှုမှအပ သူ့တွင် အာဏာရှိသူများနှင့် ဆက်နွယ်လာလျှင် အတွေ့အကြုံ လုံလုံလောက်လောက်မရှိခဲ့ချေ။
ကျန်းကျင်လုသည် အိမ်ရှေ့စံမင်းသားကို ကြည့်၍ တစ်ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။
သူသည် ကောင်းစွာ စဥ်းစားတွေးခေါ်သူတစ်ဦးဖြစ်ပြီး ငတုံးတစ်ယောက်မဟုတ်ခဲ့ချေ။
အိမ်ရှေ့စံသည် ဧကရာဇ်တစ်ပါးဖြစ်မည့်သူပင်။ သူသည် သူမှားပါသည်ဟု ပြောခဲ့လျှင် သူ၏ လုပ်ပုံကိုင်ပုံများတွင် တစ်ခုခုမှားယွင်းနေခဲ့၍ ဖြစ်သည်။ သို့သော် သူမည်သို့လုပ်သင့်ပါသနည်း။
ထိုအချိန်တွင် ရှဲ့ချောင်သည် ခန်းမထဲတွင် ထိုင်နေခဲ့ပြီးပြီဖြစ်သည်။ လီရှီးယန်၏မျက်နှာပေါ်တွင် နှစ်လိုဖွယ် အမူအရာတို့ရှိနေခဲ့၏။
အနားပတ်လည်တွင် မည်သူမျှ မရှိခဲ့ချေ။ သူသည် “ဆရာ့မှာ အရင်တုန်းက အတည်တကျလိပ်စာမရှိခဲ့တော့ မင်း စာတွေကိုမရခဲ့ဘူး ရလဒ်အနေနဲ့တော့ ဆရာ မင်းဒီလွန်ခဲ့တဲ့ နှစ်တွေမှာ ဘယ်လိုနေခဲ့လဲ မသိခဲ့ဘူး မင်းရဲ့ အကြီးဆုံးဆရာတူမောင်လေး ခိုစာပို့တဲ့အချိန်တုန်းက ဆရာဒီကိုရောက်နေပြီ”
“ဆရာကြားတာ မင်းနဲ့ အိမ်ရှေ့စံမင်းသားတို့ စေ့စပ်လိုက်ကြပြီဆို?” လီရှီးယန် မေးခဲ့သည်။
စာထဲတွင် အိမ်ရှေ့စံမင်းသားစေ့စပ်လိုက်သည် ဟူ၍သာ သူ့အား အကြောင်းကြားထားသည်။ အမျိုးသမီးသည် ရှဲ့နျိုရှန်း၏ အထင်ပေါ်ဆုံး သမီးကြီးဖြစ်သူ ရှဲ့ချောင်ပင်ဖြစ်သည်။
“ဟုတ်ကဲ့” ရှဲ့ချောင်သည် ခေါင်းညိတ်ပြလိုက်၏။ “အိမ်ရှေ့စံမင်းသားက လူကောင်းတစ်ယောက်ပါ ကျွန်မ စိတ်ကျေနပ်ပါတယ်”
“မင်းကျေနပ်တယ်ဆို ကောင်းပါတယ်…ငါဒီနှစ်တွေမှာ ခရီးတွေသွားခဲ့ပြီး လူငယ်တွေ အများကြီးတွေ့ခဲ့ရတယ် သူတို့အားလုံး ကြည့်ကောင်းကြတယ် ဒါပေမဲ့ အိမ်ရှေ့စံမင်းသားနဲ့ယှဥ်လိုက်ရင်တော့ သူတို့ရဲ့ အရည်အချင်းနဲ့ ဉာဏ်ရည်တွေက လိုအပ်ချက် ရှိနေတာတော့ အမှန်ပဲ။ အိမ်ရှေ့စံမင်းသားရဲ့ ချို့ယွင်းချက်တွေ အကြောင်းပြောရမယ်ဆိုရင်…”
“ ဒီနှစ်တွေမှာ သူငယ်ငယ်တုန်းကထက် ပိုပြီးတော့ အေးစက်လာတယ် မင်းတို့ နှစ်ယောက်အချိန် အတူတူကုန်ဆုံးပြီးမှ သူမင်းကို ထိခိုက်နစ်နာစေမှာစိုးတယ်”
အိမ်ရှေ့စံမင်းသား၏လက် မထိခိုက်ခင် အချိန်များတွင် သူသည် ငယ်ရွယ်၍ နူးညံ့သော လူငယ်တစ်ယောက်ဖြစ်ခဲ့၏။
“ဆရာ တပည့်ရဲ့ ကျန်းမာရေးနဲ့ဆို ဆူညံပြီး ကျယ်လောင်တဲ့ယောက်ျားက အဆင်မပြေဘူး ဆူညံသံတွေကို မခံနိုင်ဘူးလေ” ရှဲ့ချောင်သည်
ပြုံးကာ “အိမ်ရှေ့စံမင်းသားက သင့်တော်ပါတယ် သူကကြည့်ကောင်းပြီး မျက်စိအေးစေတယ် ဘာစကားမှမပြောဘဲ သူအဲ့နေရာမှာ ရပ်နေရင်တောင် တပည့် သူ့ကို တစ်နေကုန် ထိုင်ကြည့်နေလို့ရတယ်လေ”
လီရှီးယန်သည် မတတ်နိုင်သကဲ့သို့ ခေါင်းကိုခါလိုက်၏။
ထိုကောင်မလေးသည် ငယ်ရွယ်စဥ်ကပင် ကြည့်ကောင်းသောသူများကို သဘောကျခဲ့သည်။
သူမ သူ့အား ပထမဆုံး စတွေ့ချိန်တွင် သူ့အား အသက်ကြီးသည့်သူတော်စင်နှင့် တူသည်ဟုပြောခဲ့၏။
တစ်ခါတွင် တာအိုကျင့်ကြံသူ မော့လင်းကျစ်ရှိခဲ့ဖူးသည်။ သူသည် ထိုမော့လင်းကျစ်အား လွန်ခဲ့သော ဆယ်စုနှစ်ခန့်က တွေ့ခဲ့ဖူးသည်။ ထိုအချိန်က မော့လင်းကျစ်သည် လွန်စွာ မသပ်မရပ်နှင့် ဖရိုဖရဲနိုင်သော အယောင်ဆောင်တစ်ဦးဖြစ်ခဲ့
သည်။ အကယ်၍ သူသည် တောင်းစားသူအဖြစ် ဟန်ဆောင်ခဲ့လျှင် မည်သူမျှ သံသယဝင်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ရှဲ့ချောင်တောင်းဆိုသဖြင့် မော့လင်းကျစ်သည် လူများကိုကြောက်လန့်စေနိုင်သော တာအိုကျင့်ကြံသူ သူတော်စင်တစ်ပါး ဖြစ်လာခဲ့သည်။
သူမတွင် ရုပ်ရည်နှင့် ပတ်သက်၍ လိုအပ်ချက်များစွာရှိ၏။ ထို့ကြောင့် သူသည် တပည့်များရွေးချယ်ရာတွင် ကြည့်ကောင်းသောသူများအား ရွေးချယ်ရုံမှအပ မတတ်နိုင်ပေ။
သူတို့သည် အမှန်တကယ်ပင် မျက်စိပဒါသဖြစ်စေ၍ ကြည့်ရသည်မှာ သက်တောင့်သက်သာရှိလှသည်။
“ သူက မင်းရှဲ့ချောင်ဆိုတာရောသိလား” လီရှီးယန်သည် ရုတ်တရက် ထပ်၍မေးမြန်းလိုက်၏။
ရှဲ့ချောင်သည် ထိုမေးခွန်းကို ကြားသောအခါ ရှက်သွားခဲ့သည်။
သူမ ရှက်ရွံ့စွာ ပြုံးကာ “ တပည့်လည်းမသိပါဘူး ဆရာ လူတိုင်းက ရှဲ့ချောင်က ကျန်းမာရေးမကောင်းဘူးဆိုတာ သိကြတယ် အကယ်၍ နောက်ပိုင်း တစ်ယောက်ယောက်ကို လက်ထပ်တဲ့အချိန်ကြရင် သူ့ကို နေ့တိုင်းမတွေ့ရဖို့ အဲ့တာကို အကြောင်းပြချက်အနေနဲ့ သုံးမယ် ကျွန်ုပ်မှာ အချိန်ရှိရင် ပိုက်ဆံရဖို့ မော့ချူးရှန်းဆိုတဲ့ သရုပ်ကိုသုံးမယ် အဲ့တာက ပြသနာဖြစ်လာမှာမဟုတ်ပါဘူး”
“ကလေးမ လင်းယုန်တွေကို ဖမ်းတဲ့အချိန် သူတို့ မင်းမျက်လုံးကို ထိုးမဖောက်စေနဲ့ မင်းတို့နှစ်ယောက်လက်မထပ်ခင်အချိန်ထိ သူဒါကို မသိရင်တော့ အဆင်ပြေတယ် ဒါပေမဲ့…မင်းတို့ လက်ထပ်ပြီးတဲ့ အချိန်ရောက်ရင်တော့ မင်းဒါကို ဖုံးကွယ်ထားနိုင်မှာမဟုတ်တော့ဘူး”
•••••