အခန်း (၈၈၉-၈၉၂)
Vol. 46 Ch. 889-892
အခန်း ၈၈၉။ ဆရာကြီး ရှီစန်း
ရှဲ့ချောင်သည် သူမ၏ဆရာအား နာခံစွာ ကြည့်လိုက်လေသည်။ တစ်ခနမျှ စဥ်းစားပြီးသည့်နောက် သူမသည် မတ်မတ်ထိုင်လိုက်ပြီး အလေးအနက် ပြောခဲ့လေသည်။ “ ဆရာ့ကို အမှန်အတိုင်းပြောရရင် တစ်ခါတလေတော့ တပည့်… တပည့်က ကိုယ့်ကိုကိုယ် အစောကြီးထဲက လက်လျှော့ခဲ့ပြီးသားဆိုတာကို ခံစားမိပါတယ် အိမ်ရှေ့စံမင်းသားက သံသယဖြစ်ဖို့ကောင်းတယ်”
လီရှီးယန်သည် အဆာပြေ မုန့်တစ်ချို့အား ယူလာခဲ့သည်။ ရှဲ့ချောင်သည် အနည်းငယ်စားလိုက်ပြီး ဖြေးဖြေးချင်းပြောခဲ့လေသည်။ “ ဒါပေမဲ့ သူကဘာမှမပြောခဲ့တော့ တပည့်လည်း မသိသလိုပဲ ဟန်ဆောင်လိုက်တော့တယ် ရာဇဝတ်သားတစ်ယောက်က ဘယ်လိုလုပ် သူကိုယ်တိုင် ဝန်ခံမှာလဲ”
အတိုချုပ်ရလျှင် သူမသည် လူနှစ်ယောက်ဖြစ်သည် ဆိုသည်ကို သူမကိုယ်တိုင် ထုတ်ပြော
ရန် မဖြစ်နိုင်ချေ။
ယခုတွင် သူမသည် အကြီးဆုံး ဆရာတူအစ်မအနေနှင့် သူ၏အာဏာများအား သုံးနေနိုင်သည်။ အကယ်၍ သူတို့သည်သာ သူမ၏ အသက်အမှန်အား သိလျှင် သူမအား ဆရာတူညီမလေးအနေနှင့်သာ ဆက်ဆံကြလိမ့်မည်။
သူမ၏ မာနသည် ထိုသို့ဖြစ်ခွင့်ပေးလိမ့်မည်မဟုတ်ချေ။
လီရှီးယန်၏ နှုတ်ခမ်းမွှေးများသည် ကွေးတက်သွားခဲ့သည်။ “ဟေ့ ကောင်မလေး အဲ့အကြောင်းကို ဘယ်လိုများ ကိုယ်တိုင် ပြောနေရတာတုန်း?”
“ဆရာ့ရဲ့ တပည့်တွေ အကုန်လုံးက စိတ်ကျေနပ်ဖို့ ခက်ကြတဲ့သူတွေကြီးပဲ အခုတော့ ကျွန်မက သူတို့ရဲ့ ဆရာတူအစ်မဆိုတော့ သူတို့ကျွန်မကို မတိုက်ခိုက်ရဲကြဘူးလေ သူတို့ ကျွန်မ အကြောင်းသိချင်ကြရင်တောင် သူတို့ ကျွန်မကို
ပေါ်ပေါ်တင်တင် မစမ်းသပ်ရဲဘူး ဒါပေမဲ့ သူတို့သာ တကယ်လို့ ကျွန်မ အရမ်းငယ်နေတာသိရင် … ကျွန်မရဲ့ နေ့ရက်တွေက ငြိမ်းချမ်းပါအုံးမလား?” ရှဲ့ချောင်သည် သက်ပြင်းချခဲ့သည်။
အကြီးဆုံးဆရာတူအစ်မဖြစ်ရခြင်းသည်… ကောင်း၏။ ကံမကောင်းစွာနှင့်ပင် သူမ၏ဆရာတူ မောင်လေးများအားလုံးသည် သူမထက် အသက်ကြီးနေကြသည်။
“မင်းပြောတာကလည်းအဓိပ္ပာယ်ရှိပါတယ် အဲ့ဒီကောင်…တွေက တကယ့်ကို ဂနာမငြိမ်ကြတဲ့ကောင်တွေ” ဆရာကြီးသည် သူ၏နှုတ်ခမ်းမွှေးကိုပွတ်သပ်လိုက်ပြီး အနည်းငယ် အားကိုးရာမဲ့သကဲ့သို့ ခံစားရသော်လည်း တစ်ဖက်တွင် ဂုဏ်ယူနေခဲ့သည်။
ထို့အပြင် ထိုသူတို့သည် သူ၏တပည့်များဖြစ်ကြပြီး တခြားသူများက သူတို့အား လွယ်လွယ်ကူကူ ဖြောင်းဖျလို့မရနိုင်ကြချေ။
ရှဲ့ချောင်သည် သူမ၏ သရုပ်မှန်အား ဖုံးကွယ်
ထားရသည့် အရေးကြီးဆုံး အကြောင်းအရင်းမှာ သူမ၏ ဆရာတူမောင်လေးများမှ သူမအား ဒုက္ခပေးမည်ဆိုး၍ မဟုတ်ဘဲ လူအများ သူမ၏ သရုပ်မှန်အား သိသွားမည်စိုးသောကြောင့်ဖြစ်သည်။ ထိုအရာသည် လျှို့ဝှက်ချက်တစ်ခုမဟုတ်ခဲ့လျှင် တခြားသူများသည် မကြာခင်ပင် သိသွားကြလိမ့်မည်ပင်။
သူမသည် ယခုအခါတွင် အနာဂတ်မင်းသမီးကြင်ယာတော်ဖြစ်နေပြီဖြစ်သည်။ အကယ်၍ လူအများသည် သူမမှာ မော့ချူးရှန်းဖြစ်သည်ကို သိနေခဲ့ကြလျှင် သူမသည် နောင်တွင် မည်သို့ ထွက်၍ ပိုက်ဆံရှာရတော့မည်နည်း…? မဟုတ်ဘူး သူမသည် ကံကောင်းမှုများကို စုဆောင်းရန် ကောင်းမွန်သော အလုပ်များကိုသာ လုပ်ဆောင်ချင်သည်။
လီရှီးယန်သည် သူ၏အကြီးဆုံး တပည့်ကို လွန်စွာချစ်မြတ်နိုးပေသည်။ သဘာဝအလျောက်ပင် ရှဲ့ချောင် မည်သည့်စကားပင်ပြောစေကာမူ သူ့အတွက် အဓိပ္ပါယ်ရှိ၏။
“ ဆရာခရီးသွားနေတုန်းက မင်းအတွက် ပစ္စည်းတွေ အများကြီးဝယ်ခဲ့တယ် နောက်မှ မင်းဆီကို ယူပေးဖို့ လူတစ်ယောက်ကိုခိုင်းလိုက်မယ်” လီရှီးယန်သည် ထပ်ပြောခဲ့သည်။
ရှဲ့ချောင်သည် မငြင်းခဲ့ပေ။ “ကျေးဇူးတင်ပါတယ် ဆရာ ဆရာ့အတွက်လည်း ကျွန်မ လက်ဆောင်ပြင်ထားတယ် ဆရာကြိုက်မှာသေချာတယ်”
လီရှီးယန်းသည်မျှော်လင့်ခဲ့၏။
သို့ရာတွင် ရှဲ့ချောင်နှင့် အိမ်ရှေ့စံတို့သည် အခြေမကျသေးသဖြင့် သူမလောပေ။
ပျော်စရာများအား ဖလှယ်ပြီးသည့်နောက်တွင် သူသည် သူမအားသွားခွင့်ပြုလိုက်လေသည်။
အခြားတစ်ဖက်တွင် ကျန်းကျင်လုသည် ရှောင်းယွိရုန်နှင့် တခြားသူများအား မုန့်မိသားစု၏
ခေါင်းဆောင်နှင့်တွေ့ရန် ခေါ်သွားခဲ့ပြီးဖြစ်၏။
ဆရာကြီးနှင့်အတူနေနေသည့် မုန့်မိသားစု၏ ခေါင်းဆောင်ဆိုသူမှာ မုန့်ရှန်းသဲ့ဟုခေါ်သူဖြစ်သည်။ သူသည် အသက်အရွယ်မငယ်တော့ပေ။ အသက် ၆၀ လောက်ပင် ရှိလောက်ပြီဖြစ်သည်။ မုန့်မိသားစုထဲတွင် မိသားစုဝင် အများအပြားရှိ၏။ မုန့်ရှန်းသဲ့သည် မိသားစုတွင် အဆင့်အတန်းမြင့်မြင့်ရှိခဲ့သည်။ ဤနေရာရှိ လူများမှာ သူ့အား ကြည့်လျှင် သူတို့သည် သူ့အား သခင်ကြီးရှီစန်းဟု ယဥ်ယဥ်ကျေးကျေး ခေါ်ရလေသည်။
“သခင်ကြီးရှီစန်း” တွင် သမီးများစွာရှိသော်လည်း သူသည် သားတစ်ယောက်သာ မွေးထုတ်နိုင်ခဲ့သည်။ ထိုသားသည်သာ သူ့အား မြေးတစ်ယောက်အား မွေးပေးခဲ့လေသည်။
သူ၏မိသားစုသည် ကြီးသော်လည်း သူ့တွင် မြေးတစ်ယောက်သာရှိခဲ့သည်။
ဆရာကြီးလီသည် မုန့်ရှန်းသဲ့အား သူ၏တပည့်များလာရောက်မည့်အကြောင်းအား ပြောပြထားပြီးဖြစ်သည်။ထို့ကြောင့် သူသည် ယခုအချိန်တွင် သူတို့အား တသီးတသန့် တွေ့ခဲ့ခြင်းပင်။
ကျောက်ရွှမ်ကျင်း၏ သရုပ်မှန်အား ဖော်ပြ၍မရနိုင်သဖြင့် ကျန်းကျင်လုသည်
“ဒီနှစ်ယောက်က ဆရာတူအစ်ကိုကျောက်နဲ့ ဆရာတူအစ်ကို ရှောင်းတို့ပါ ပြီးတော့ ကျွန်တော့် ဆရာတူအစ်မလည်း ဒီကိုရောက်နေပါတယ် သူမမှာ တခြားလုပ်စရာတွေရှိနေလို့ မုန့်သခင်ကြီးကိုနှုတ်ဆက်ဖို့ မလိုက်လာနိုင်တာပါ ကျေးဇူးပြုပြီး သူမကို ခွင့်လွှတ်ပေးပါဦး”
“ဗွေမယူပါဘူး ဗွေမယူပါဘူး “ မုန့်ရှန်းသဲ့သည် တောင်းဆိုချက်ဖြင့် လွန်စွာလွှမ်းမိုးခံလိုက်ရသကဲ့သို့ ပုံပေါ်နေခဲ့သည်။ “မင်းတို့ အားလုံးက လူတွေကြားက နဂါးနဲ့ ဇာမဏီတွေချည်ပါပဲ မင်းတို့အဝေးကြီးကနေ လာခဲ့ရတာ ငါဘာပြောရမလဲတောင် တကယ်ကိုမသိတော့ဘူး…ဧည့်သည်ခန်းက လွန်ခဲ့တဲ့ ရက်အနည်းငယ်က ပြင်ထားပြီးပါပြီ
စိတ်မရှိရင် ဒီအိမ်ရာထဲမှာ နေနိုင်ပါတယ် တစ်ယောက်နဲ့တစ်ယောက် ဂရုစိုက်ဖို့ပိုလွယ်ကူတာပေါ့”
••••
အခန်း ၈၉၀။ မဖွယ်မရာတွေ!
မုန့်ရှန်းသဲ့သည်ဘေဝင်မြင့်နေခြင်းလုံးဝမရှိ။ အင်မတန် နှိမ့်ချတတ်သူဖြစ်၏။
ဆရာကြီးလီ၌ တပည့်များစွာရှိသည်။ လူတိုင်းလည်း ဒါကိုအသိ။ သူ့ရဲ့တပည့်တစ်ယောက်ဆိုလျှင် လက်ရှိအိမ်ရှေ့စံမင်းသားဖြစ်သူပင်။ ၎င်းသည် လျှို့ဝှက်ချက်တစ်ခုမဟုတ်တာကြောင့် အနှီသခင်လေးနှစ်ယောက်အား ပေါ့ပေါ့တန်တန်မဆက်ဆံဝံ့ပေ။
အိမ်ရှေ့စံမင်းသားအနေဖြင့် ဒီနေရာမှာရှိလောက်မှာမဟုတ်သော်လည်း တခြားသူတွေမှာလည်း အတော်လေးအင်အားကြီးတဲ့နောက်ခံရှိကြသည်။
သူဟာ စီးပွားရေးသမားတစ်ယောက်သာသာမို့ ခေါင်းငုံ့ထားရပေမည်။
ရှောင်းယွိရုန်က ငြင်းချင်ပေမဲ့ ကျောက်ရွှမ်ကျင်း
က အရင်ပြောလိုက်၏။
“ဒီလိုဆိုမှတော့ သခင်ကြီးမုန့်ကို ဒုက္ခပေးရတော့မယ်”
ရှောင်းယွိရုန် နားမလည်နိုင်ခဲ့။
တကယ်တော့ သူတို့အပြင်မှာနေကြမလို့ပင်။ ဒါ့အပြင် သူတို့ရဲ့ဆရာနဲ့ ဂိုဏ်းတူညီလေးတွေကိုလည်း အတူခေါ်လာသေးသည်။ သူတို့တင်မက အိမ်ရှေ့စံမင်းသားက လက်အောင်ငယ်သားများစွာကိုပါ ခေါ်ခဲ့သေးသည်။ လူအရေအတွက်များလွန်းနေသဖြင့် တစ်ဖက်လူက နှောင့်ယှက်ရာကြပေလိမ့်မည်။
သို့သော်လည်း အိမ်ရှေ့စံမင်းသားကိုယ်တိုင်ပြောလိုက်တာဖြစ်၍ သူ မငြင်းဆန်ခဲ့။
ထိုညက သခင်ကြီးမုန့်သည် ဆရာကြီးလီနှင့် အခြားသူများအတွက် ညစားစားပွဲတစ်ခု ကျင်းပ
ပေးခဲ့၏။
ရှဲ့ချောင်လည်း ပါဝင်ခဲ့သည်။
သူမသည် လီရှီးယန် ၏ဘေးတွင်ထိုင်ကာ စကားသိပ်မပြောခဲ့။ သို့သော် အကြည့်ပေါင်းများစွာက သူမဆီမှာရှိနေမှန်း ခံစားမိနေသည်။
ထိုထဲမှ အကြည့်တချို့က အမျိုးသမီးမိသားစုဝင်များဆီကဖြစ်နေ၏။
ဟုတ်ပေသည်.. အမျိုးသမီးမိသားစုဝင်များဆီကပင်။
မုန့်မိသားစုက… ဇီဇာမကြောင်တတ်။
သူမကလွဲပြီး ဧည့်သည်အားလုံးက အမျိုးသားများဖြစ်နေတာတောင် သခင်ကြီးမုန့်က သူ့မြေးမအား စောင်းတီးပြီး ကပြခိုင်းထားသည်…
ရှောင်းယွိရုန်၏ မျက်နှာမှာ နီရဲလွန်းသဖြင့် အသီးမှည့်နှင့်တောင် တူနေလေပြီ။
သူ့ ပုံစံကရှက်နေပုံရသည်။ ကပြနေသည့် မိန်းကလေးနှစ်ယောက်သာ ဟိုဖော်ဒီဖော်အဝတ်အစားများကို ဝတ်ဆင်ထားတာမဟုတ်လျှင် “မဖွယ်မရာတွေ!” ဟုအော်ပြီးနေလောက်လေပြီ။
“ဒီ.. ဒီမိသားစုက အပြင်လူတွေရှေ့မှာ မိန်းမပျိုလေးတွေကို ဘယ်လိုတောင် ကခိုင်းနိုင်ရတာလဲ…”
ရှောင်းယွိရုန်က ကျန်းကျင်လုဆီတီးတိုးကပ်ပြောလိုက်၏။
ကျန်းကျင်လုသည် သူ့ထက်အသက်ဆယ်နှစ်ပိုငယ်ပေမဲ့ ပိုပြီးတည်ငြိမ်ကာ မျက်နှာအမူအရာပြောင်းလဲသွားခြင်းမရှိ; “အစ်ကိုရှောင်းက မသိလို့၊ သူတို့က သူတို့ရဲ့သမီးတွေကို အပြင်လူတွေရှေ့မှာ ထုတ်ပြတယ်ဆိုတာ လက်ထပ်စေချင်လို့၊ ကျွန်တော်လည်း အစကတော့ အံ့ဩပေမဲ့ ဆရာ့
နောက်ကို လိုက်ပါများပြီး ကျင့်သားရသွားပြီ”
လီရှီးယန်ရဲ့တပည့်တွေရဲ့ အနာဂတ်က မကောင်းနိုင်စရာအကြောင်းရှိလို့လား?
တစ်ယောက်နှင့်တစ်ယောက် အဆင်ပြေတယ်ထင်လျှင် မုန့်မိသားစုရဲ့သခင်ကြီးက သူတို့အား ဇနီးမယားအဖြစ်မဟုတ်လျှင်တောင် ကိုယ်လုပ်တော်များအဖြစ် ပျော်ပျော်ကြီးပေးစားလိုက်မှာပင်။
ရှောင်းယွိရုန် သက်ပြင်းချသည်။
“အကက တကယ်လှတယ် ဒါပေမဲ့ ယောကျာ်းတွေကိုကျေနပ်ဖို့ကပြနေရတာတော့ သင့်တော်မနေဘူး”
လူပေါင်းများစွာရှိနေတာကိုတော့ ထည့်ပြောစရာပင်မလိုတော့။
သူ့ရဲ့ မျက်လုံးအား တတ်နိုင်သမျှ အောက်စိုက်ထားခဲ့သည်။
သူဟာ အင်မတန်ဖြူစင်လွန်း၏။
ရှဲ့ချောင် သူတို့အား ဝိုးတိုးဝါးဝာားလှမ်းကြည့်လိုက်သည်။ မိန်းမပျို သုံးလေးယောက်လောက်က ရှောင်းယွိရုန်ကိုစိုက်ကြည့်နေကြသည်။ သူအသက်ကြီးနေပြီဆိုတာကို စိတ်ထဲမထားကြချေ။
သူမဟာ ရှောင်းယွိရုန်နှင့် အသက် “အတူတူလောက်” ဖြစ်နေကြတော့ လူတွေက အထင်လွဲနေကြခြင်းဖြစ်လောက်မည်။ ဒါကြောင့် ရှောင်းယွိရုန်ကိုကြည့်ပြီးသည်နှင့် သူမအား စေ့စေ့ပေါက်ပေါက် ကြည့်နေကြပြန်ကာ သူမ၏စွမ်းရည်ကို အကဲခတ်နေကြသလားဟုပင် အောက်မေ့ရသည်။
“ဆရာကြီးလီရဲ့တပည့်က.. တာအိုပညာရှင်လား”
သခင်ကြီးမုန့်က ပြုံး၍မေးလိုက်သည်။
“ဟုတ်တယ် ကျုပ်တပည့်က အသိဉာဏ်ပညာ
အပြည့်နဲ့မွေးလာတဲ့သူလေ၊ တာအိုပညာရော ဗုဒ္ဓပညာရော နည်းနည်းစီသိတယ်”
လီရှီးယန်၏မျက်လုံးတို့ တောက်ပနေလေသည်။
“ဆရာကြီးမှာ ဒီလိုတပည့်မျိုးရထားတာ သိပ်ကံကောင်းတာပဲ”
သခင်ကြီးမုန့်သည် တစ်ဖက်လူစိတ်အနှောင့်အယှက်ဖြစ်မည်စိုး၍ မေးခွန်းအများကြီးမမေးခဲ့ပေမဲ့ ရှဲ့ချောင်ကိုချီးကျူးဖို့ကိုတော့ မမေ့ခဲ့ပေ။
ရှဲ့ချောင်က ယဉ်ယဉ်ကျေးကျေးသာ ပြုံးပြပြီး ဘာမှမပြောခဲ့။
ကျောက်ရွှမ်ကျင်းက ပိုလို့တောင် စကားနည်းနေပြီး သူမျက်နှာထားက ရေခဲတမျှအေးစက်နေသည်။
သူက ပိုကြည့်ကောင်းပြီး ရှောင်းယွိရုန်ထက်ပိုငယ်မှန်းသိသာနေသည့်တိုင် သူ၏ပုံပန်းသွင်ပြင်ကြောင့် မိန်းကလေးများမှာ မရိုင်းပျဝံ့ကြပေ။
“တတိယသခင်မလေးရဲ့ အကက တကယ်လှတာမှန်ပေမဲ့ ကျွန်တော်ကတော့ စတုတ္ထသခင်မလေးရဲ့ ခါးကိုကိုသဘောကျတယ်၊ ကျုပ်သာ သခင်လေးတစ်ယောက်ဆို စတုတ္ထသခင်မလေးကို ရွေးမိမှာ”
“စတုတ္ထသခင်မလေးက ကလက်တက်တက်နဲ့ ဣန္ဒြေမရဘူး၊ ငါကတော့ သခင်မလေးခြောက်က ပိုကောင်းတယ်ထင်တယ်၊ သိမ်မွေ့ နူးညံ့တယ်.. ပြီးတော့ စောင်းတီးသွားတာလည်း တော်တယ်”
“မင်းသူ့ကို နားလည်နိုင်လို့လား၊ သူက စောင်းလေးပဲတီးနေတာ၊ လက်ထပ်ပြီးသွားရင် အလှဆင်စရာတစ်ခုအနေနဲ့ပဲ သုံးလို့ရမှာ၊ ငါ့အတွက်တော့ သခင်မလေးငါးက ပိုကောင်းတယ်၊ သူက တခြားသူတွေကို ဘယ်လိုဂရုစိုက်ရမလဲသိတဲ့သူမှန်း သေချာတယ်..”
မကောင်းဆိုးဝါးဝိဉာဉ်တချို့ စားပွဲရှည်ကြီးပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကြတာကြောင့်
ရှဲ့ချောင်ခမျာ အစားစားဖို့တောင် ပါးစပ်မဟရဲခဲ့ပေ…။
•••••
အခန်း ၈၉၁။ ကြင်နာမှုကို ပြန်ပေးဆပ်ခြင်း
ဤဝိဉာဉ်များသည် မျောက်များနှင့်တူပြီး ဟင်းပွဲ များကို မရှောင်ကြသည့်အပြင် ဧည့်သည်များဝိုင်းထားသည့် စားပွဲအလယ်သို့ တည့်တည့်ပင်သွားကြလေသည်။
ဝိဉာဉ်များအနေဖြင့် သူတို့တွင် ထူးထူးခြားခြား အရသာခံနိုင်စွမ်းမရှိသောကြောင့် ဟင်းပွဲများအားလုံးသည် သူတို့အတွက် အရသာအတူတူပင်ဖြစ်နေ၏။ထို့ကြောင့် စားပွဲပေါ်ရှိ ဟင်းပွဲတိုင်းအား သူတို့အရသာခံကြမည်မဟုတ်ပေ။
သို့သော် လေထုသည် အလွန်ပင် ကောင်းနေခဲ့ရာ သူတို့ သီချင်းဆိုနေခြင်း၊ ကခုန်ခြင်း နှင့် စကားစမြည်ပြောနေခြင်းများအား မတားဆီးနိုင်ခဲ့ချေ။
ရှဲ့ချောင်အား သူတို့၏စကားများကို တစ်ချိန်လုံး နားထောင်ရန် အတင်းစေခိုင်းခဲ့သည်။
"မိသားစုလုပ်ငန်းအကြီးကြီးတစ်ခုဖြစ်ပြီး ဆက်ခံသူကို ဆုံးရှုံးသွားတာတောင် ဒီအဘိုးကြီးကတော့ အရမ်းကိုပျော်ရွှင်နေတုန်း။ သူကတကယ်ကို ကမ္ဘာကြီးကို မြင်ဖူးတဲ့သူပဲ!"
"ငါတို့ သခင်ကြီးက အရမ်းကိုရက်ရောပြီး ယဉ်ကျေးပျူငှာတဲ့သူ တစ်ယောက်လေ။ သူ့မိသားစုပြဿနာကြောင့်နဲ့ သူ့ရဲ့ဧည့်သည်တွေကို ဘယ်လိုလုပ် ဖြစ်ကတတ်ဆန်းဆက်ဆံပါ့မလဲ။ အဲဒါအပြင် ဒီဧည့်သည်တွေ အကုန်လုံးက မြို့တော်က လူတွေလေ။ သူတို့က ဘယ်တူမလဲ။" ဝိဉာဉ်များထဲမှ တစ်ယောက်သည် အစေခံအဖြစ် ၀တ်ဆင်ထားပြီး အလွန်ရိုသေမှုရှိသည်။
"ဟေး ဟိုနားက သခင်လေးက ကြည့်ကောင်းတယ်လို့ အားလုံးပဲမထင်ကြဘူးလား?။ သူ့ကိုယ်ပေါ်က သင်းပျံနေတဲ့...ရနံ့မွှေးမွှေးလေးလဲရတယ်။"
ရှဲ့ချောင်သည် သူတို့ အိမ်ရှေ့မင်းသားထံ ဝိုင်းအုံနေသည်ကို မမြင်ခဲ့ရသလို အိမ်ရှေ့မင်းသား၏ ယင်တပ်သားများက နတ်ဆိုးများကို သုတ်သင်ရန် ဟန်ပြင်နေသည်ကိုလည်း မမြင်ခဲ့ရပေ။ ထို့ကြောင့် ကျောက်ရွှမ်ကျင်း၏အဖျားကို အလွန်သက်သာစေသည့် သူမ တောင်ပေါ်၌ စွန့်ပစ်ခဲ့သော သစ်သားရုပ်နှင့် အခြားဝိဉာဉ်မှ စုဆောင်းထားသော ကောင်းမှုကို ကျောက်ရွှမ်ကျင်း ကိုယ်ပေါ်တွင် တင်ထားကြောင်း အခြေခံအားဖြင့် သူမအတည်ပြုနိုင်သည်။
အကယ်၍ ဤကဲ့သို့သော ကြီးမြတ်သည့် အပေးအယူမျိုးသာ နောက်ထပ်အနည်းငယ် ထပ်
ဖြစ်ရှိလာလျှင် သူမချစ်ရသူ၏ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်လိမ့်မည်။
ထိုအရာအား ကုသရန် အတော်ပင်လွယ်ကူခဲ့သည်။
ရှဲ့ချောင်၏ စိတ်ကူးသည် ဗြောင်းဆန်သွားခဲ့သည်။ ခဏအကြာတွင် သူမသည် ရှောင်းယွိရုန်နှင့်ထိုင်ခုံပြောင်းကာ ကျန်းကျင်လု ဘေးတွင် ဝင်ထိုင်လိုက်၏။
သူမ၏ ငါးယောက်မြောက်ဆရာတူမောင်လေးကို ကြည့်ပြီး ဖြည်းညှင်းစွာမေးလိုက်သည်။ "ဆရာတူမောင်လေး၊ မု့န်မိသားစုမှာ ယောက်ျားလေးတွေ တစ်ယောက်မှ မရှိဘူးလား"
သခင်ကြီးမုန့် နှင့် သူ့ဘေးရှိ အစေခံများမှလွဲ၍
ကျန် မုန့်မိသားစုဝင်များသည် အမျိုးသမီးများ ဖြစ်ကြသည်။
ဧည့်သည်များအား ဖျော်ဖြေဖို့ သူ၏မြေးမလေးများကို ခေါ်သည်မှာ ရိုင်းရာကျသည် သို့သော် သူတို့ဖျော်ဖြေပြီးပြီဖြစ်၍ သူတို့၏ သားနဲ့မြေးများကိုပါ ဖျော်ဖြေခိုင်းရတော့မည်။ သို့မဟုတ်လျှင် ထိုအမျိုးသမီးများက အိန္ဒြေမရှိသကဲ့သို့ ဖြစ်သွားလိမ့်မည်။
ကျန်းကျင်လုက အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရပြီး "မုန့်သခင်ကြီးမှာ သားတစ်ယောက်ပဲရှိတာ။ သူ စီးပွားရေးလုပ်ဖို့ ထွက်သွားတော့ ဓားပြတွေက သူရဲ့ခြေထောက်ကို ရိုက်ချိုးလိုက်ကြတော့ သူက လူရှေ့ထွက်ရတာ မကြိုက်ဘူး။ ပြီးတော့ သူ့မှာမြေးတစ်ယောက်နဲ့ မွေးစားသားတစ်ယောက် ရှိသေးတယ်။သူ့မြေးကလည်း သိပ်မငယ်တော့ဘူးဆိုတော့ အိမ်မှာသိပ်မနေဘူး... သူ့မွေးစားသားကတော့...လေး၊ငါးနှစ်ပဲ
ရှိအုံးမယ်ထင်တယ်။ မုန့်သခင်ကြီး က ကျွန်တော်တို့ရဲ့ဆရာကို အဲ့ကလေးကို သင်ပေးစေချင်နေတာ။"
"ကလေးငယ်လေး?" ရှဲ့ချောင် အံ့သြသွားသည်။ "သ-သခင်ကြီးမုန့် က အသက်မငယ်တော့ဘူးလေ။ သူဘာလို့ ဒီ လောက်ငယ်တဲ့ သားကို မွေးစားရတာလဲ။"
"ဒီကလေးလေးရဲ့ မိဘတွေက သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ ကြင်နာမှုကို ကျေးဇူးဆပ်ဖို့ သူ့ကို မွေးစားသားအဖြစ် ယူခဲ့တာလို့ ပြောတယ်။ သခင်ကြီးမုန့် က ကြင်နာမှုကို ပြန်ပေးဆပ်တတ်တဲ့သူတစ်ယောက်ပါ" ဟု ကျန်းကျင်လုက ထပ်မံပြောကြားခဲ့သည်။
ရှဲ့ချောင်က ထိုကိစ္စကို အတော်ထူးဆန်းသည်ဟု ထင်နေတုန်းပင်။
"သခင်ကြီးမုန့် က သူ့ရဲ့ အမွေဆက်ခံခွင့်ကို ဆုံးရှုံးသွားတယ်လို့ ကြားတယ်။ အဲဒါ ဘာကို ဆိုလိုတာလဲ " ရှဲ့ချောင် ထပ်မေးလိုက်သည်။
ကျန်းကျင်လုသည် ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်သွားသည်။ "စီနီယာအစ်မ အဲဒါကို ဘယ်ကကြားတာလဲ၊ ကိုယ့်ဘာသာ သိမ်းထားပါ၊အဲ့တာကမသင့်တော်ဘူး။"
ရှဲ့ချောင်ခဏတာတိတ်ဆိတ်သွားသည်။
တစ်နည်းဆိုရသော် သူမ၏ဂျူနီယာမောင်လေးပင် မုန့်မိသားစု၏အခြေအနေကို မသိခြင်းလား?
သခင်ကြီးမုန့်က တစ်ခုခုကို ဖုံးကွယ်ထားခြင်း ဖြစ်နေမည်လား?။
ဤဝိဉာဉ်များသည် လှည့်ပတ်သွားနေပြီး အများအပြားသိထားကြသည်။ထို့ကြောင့် သူတို့ လိမ်မည်မဟုတ်ပေ။
ကျန်းကျင်လုသည် သူ့၏ စီနီယာအမ၏လေးနက်သော အကြည့်ကို ကြည့်ပြီး ရှုပ်ထွေးသွားသလို ခံစားလိုက်ရသည်။
သူသည် သူမအား လေးစားသော်လည်း သူမ၏အထောက်အထားကို လိမ်လည်မှုတစ်ခုအဖြစ် လက်မခံနိုင်ပေ။
"စီနီယာအစ်မ၊ တတိယမြောက်အစ်ကိုကြီး အနားမှာ မီးအိမ်တွေ ထားလို့ ရတယ် ၊ သူ့ကိုယ်ပေါ်
အဆောင်တွေထားလို့လဲ အဆင်ပြေတယ် ဒါပေမယ့်.... ထူးဆန်းတဲ့ ရေအဆောင်တော့ မပေးပါနဲ့၊ ပြီးတော့ သမားတော်နဲ့ပြတာကိုလည်း မတားပါနဲ့၊ဟုတ်ပြီလား?"
•••••
အခန်း ၈၉၂။ ထူးဆန်းသော ကိစ္စရပ်များ
ကျန်းကျင်လုသည် ထိုအကြောင်းကို သေသေချာချာ တွေးနေခဲ့သည်။ သူ၏ဆရာနှင့်ဆရာတူအစ်မပြောသောစကားများကို အလောတကြီး ငြင်းဆန်ခဲ့မိသည်မှာ မှားသည်။ သို့သော် သူမအား သူမလုပ်ချင်သည့်အတိုင်း လုပ်ခွင့်ပြုလိုက်ခြင်းသည်လည်း ထိတ်လန့်စရာကောင်းသည်။ ထိုအကြောင်းအရာကိုသေသေချာချာတွေးတောပြီးသည့်နောက် သူသည် အပေးအယူလုပ်ခြင်းသည် ပို၍လုံခြုံလိမ့်မည်ဟု ခံစားလိုက်ရသည်။
သူ၏ဆရာတူအစ်မသည် သူ၏တတိယဆရာတူညီလေး၏ ကျန်းမာရေးကို မထိခိုက်သ၍ သူသည်းခံနိုင်ပါသည်။
“ ဘာလို့အဲ့လိုပြောရတာလဲ။ ပုံမှန်လည်း သူသမားတော်ပြရင် ငါမတားပါဘူး။ နေမကောင်းရင် ကုသဖို့လုပ်တာက ခြွင်းချက်မရှိ ပုံမှန်ပဲဟာ” ရှဲ့ချောင်၏မျက်နှာမှာ တည်တင်းနေသည်။
ဤအကြောင်းကို ကျန်းကျင်လုကြားသော အခါ အနည်းငယ် စိတ်သက်သာရာရသွားသည်။
“ကျေးဇူးတင်ပါတယ် ဆရာတူအစ်မ”
ဤနေရာတွင် ဘာများကျေးဇူးတင်စရာရှိပါသလဲ။
ရှဲ့ချောင်သည် ခေါင်းကိုစောင်း၍ သီချင်းနှင့်လိုက်၍ မိန်းမောတွေဝေစွာ ယိမ်းနေခဲ့သည်။
ကျန်းကျင်လုသည် တစ်ခဏလောက်တွေးနေခဲ့ပြီး မေးခဲ့၏။ “ဆရာတူအစ်မ…ဘာလို့ဒီအဆောင်တွေကို ဆရာတူအစ်မအပြင်သွားတိုင်း သယ်သွားတာလဲ”
“မကောင်းဆိုးဝါးတွေကိုနှင်ဖို့နဲ့ ကိုယ့်ကိုကိုယ် အန္တရာယ်တွေကနေ ကာကွယ်ဖို့အတွက်” ရှဲ့ချောင်သည် အများကြီးမပြောခဲ့ပေ။
ကျန်းကျင်လု ခဏတာမျှတုံ့ဆိုင်းသွားခဲ့သည်။ “နေလည်းလင်းထိန်နေတယ် ပြီးတော့ကောင်းကင်ကလည်းကြည်လင်နေတာပဲ ဘယ်လိုလုပ် မကောင်းဆိုးဝါးတွေ အန္တရာယ်တွေရှိနိုင်မှာလဲ? ကျွန်တော် ဆရာတူအစ်မပြောတာကိုသဘောမတူဘူး။ ကျွန်တော်တို့သူတို့ကို ပထုတ်ချင်ရင် သူတို့ကို အရင်မြင်ရဖို့လိုတယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့မြင်နေရတာ အားလုံးကရှင်းလင်းနေတာပဲ။ ဘာမှမသန့်စင်တာမရှိ…”
ရှဲ့ချောင်သည်ထိတ်လန့်သွားခဲ့၏။
“မင်းသူတို့ကို မမြင်နိုင်တာနဲ့ပဲ ကမ္ဘာပေါ်ကဘယ်သူမှ သူတို့ကို မမြင်ဘူးလို့မဆိုလိုဘူး” ရှဲ့ချောင်သည် အချက်အလက်ကျကျ တည့်တိုးပြောလိုက်သည်။
“ကမ္ဘာပေါ်ကတာအိုဆရာအများစုက မကောင်းဆိုးဝါးတွေရဲ့ တည်ရှိမှုကို အာရုံခံနိုင်ကြတယ်...မင်းကမသန့်စင်သေးဘူး ဒါကြောင့် မင်းကပုံမှန်အတိုင်းပဲမြင်နေရတာ”
“ဆရာတူအစ်မ အဲ့တာတွေအကုန်လုံးက တာအိုဆရာတွေ ပုံကြီးချဲ့ထားတဲ့အရာတွေပါ” ကျန်းကျင်လုပြုံးလိုက်သည်။
သူ၏အပြုံးသည် မထီမမြင်ပြုနေသကဲ့သို့ပင် ဖြစ်၏။
သူ၏စကားလုံးများသည် ကမ္ဘာပေါ်ရှိ တာအိုဆရာများအား အထင်သေးခြင်းနှင့် မနှစ်မြို့ခြင်းများဖြင့် ပြည့်နှက်နေ၏။
သူ၏ထိုပုံစံအားမြင်လိုက်ရသဖြင့် ရှဲ့ချောင်သည် သူမအားရန်စခံလိုက်ရသလို ခံစားလိုက်ရသည်။
သူမသည်မတ်မတ်ထိုင်လိုက်သည်။ “ဆရာတူမောင်လေး မင်းက ငါလည်းပဲ တကယ့်အစွမ်းအစမရှိဘဲနဲ့ လူတွေကို လှည့်စားတတ်တဲ့လူလို့ ဆိုလိုလိုက်တာလား”
“ဆရာတူအစ်မက တာအိုကျင့်ကြံသူသခင်ဖြစ်နေ
ပေမဲ့လည်း အစ်မကတော့ မကောင်းဆိုးဝါးတွေ လူတွေကိုလိမ်လည်လှည့်ဖြားတာတွေမလုပ်ပါဘူး ဒီမီးအိမ်တွေ အဆောင်တွေက လူတွေကိုစိတ်သက်သာရာရစေတယ် ဒါကကောင်းတဲ့ ကိစ္စပဲ အစ်မက လူနာကိုလည်း မထိခိုက်စေဘူးလေ ဘယ်လိုလုပ် အစ်မက မကောင်းမှုတွေကျူးလွန်ဖို့အတွက် မကောင်းဆိုးဝါးတွေကိုဖမ်းတဲ့ တခြား တာအိုဆရာတွေနဲ့တူပါ့မလဲ” ကျန်းကျင်လုချက်ချင်းပင် ပြန်ပြောလိုက်၏။
ရှဲ့ချောင်သည် ရယ်မောခဲ့သည်။ “ ငါမင်းမေးခွန်းကိုဖြေတာမပြီးသေးဘူး”
“ငါဘေးအန္တရာယ်တွေနဲ့ မကောင်းတာတွေကိုဖယ်ရှားတဲ့အခါ တစ်ခါတလေ လူတွေကို အဆောင်ရေမန်းတွေ တိုက်လေ့ရှိတယ်။ မကောင်းဆိုးဝါးတွေကိုသာ မဖယ်ရှားဘူးဆိုရင် သမားတော်ခေါ်လည်း အသုံးမဝင်ဘူး” ရှဲ့ချောင်သည် ထပ်ဖြည့်ပြောလိုက်သည်။
ကျန်းကျင်လုသည် တုန်လှုပ်သွားပြီး အနည်းငယ်
လည်း ဒေါသထွက်သွားခဲ့သည်။ “ဘယ်လိုလုပ် ကျွန်တော်တို့ လူ့အသက်နဲ့ ကစားနိုင်ရတာလဲ”
“ဆရာတူမောင်လေး မင်းဒါကိုကလေးကစားစရာလို့ထင်နေတာလား မင်းမကောင်းဆိုးဝါးကိုမမြင်ဖူးသေးဘူး ဘာလို့လဲဆို မင်းမှာအတွေ့အကြုံမရှိသေးလို့ပဲ လောကကြီးမှာ ထူးဆန်းတဲ့အရာတွေ အမျိုးမျိုးရှိတယ်။”
ရှဲ့ချောင်သည် ဒေါသမထွက်ခဲ့ဘဲ ဖြေးဖြေးသာစကားပြောနေခဲ့သည်။
“ဒါဆို ဆရာတူအစ်မပြောသလိုဆို ကျွန်တော်မြင်နေရတာနဲ့ အစ်မမြင်ရတာနဲ့ မတူဘူးပေါ့” ကျန်းကျင်လုသည် လှောင်ပြောင်သရော်ခဲ့၏။
ရှဲ့ချောင်သည် တည်ငြိမ်စွာခေါင်းညိတ်ပြသည်။ “အမှန်ပဲ”
“ဟား “ ကျန်းကျင်လုသည် မျှော်လင့်ချက်မဲ့စွာ ခေါင်းကိုခါရမ်းသည်။ အနည်းငယ်လည်းစိတ်ပျက်သွားသည်။ “ဆရာတူအစ်မကလည်း ဟို
လူလိမ်တွေနဲ့ ထူးမခြားနားပါပဲ ကျွန်တော်အတွေးလွန်သွားတယ်”
“မင်းရှေ့က ဟင်းကိုခုတင် မကောင်းဆိုးဝါးဝိဉာဥ်တစ်ကောင်စားသွားတယ်။ အဲ့ဟင်း အရသာမရှိတော့ဘူး။ ငါ့ကိုမယုံဘူးဆို မင်းစားကြည့်လို့ရတယ်” ရှဲ့ချောင်သည် သူနှင့်ပြိုင်၍ငြင်းခုန်မနေပါ။ သူ ထိုဟင်းကို ယူလိုက်သည်ကိုတွေ့သဖြင့် သူမသည် ယုံကြည်မှုရှိစွာပင် ပြောလိုက်၏။
ကျန်းကျင်လုသည် တစ်ခဏ တုံ့ဆိုင်းသွားသည်။ ထို့နောက် သူသည် ဟင်းပွဲကိုယူပြီးနောက် သူ၏ပါးစပ်ထဲသို့ ထည့်လိုက်၏။
ဟင်းသည် သာမန် အကြော်ဟင်းတစ်မျိုးပင်။ အရသာ…
ဟုတ်သည်။ ဤဟင်းသည် အရသာမရှိပါ။
အရသာဆိုးသည်လည်းမဟုတ် ကောင်းသည်လည်းမဟုတ်။ ဤဟင်းတွင် ထူးခြားချက်ရယ်လို့
မရှိ။ လူတွေသည် ဒီဟင်းပွဲအား စိတ်ဝင်စားကြလိမ့်မည် ဂရုပြုကြလိမ့်မည်မဟုတ်ပေ။
“ဒါကအေးနေတာပါ” ကျန်းကျင်လုသည် ဟင်းပွဲအရသာမရှိသည်နှင့် မကောင်းဆိုးဝါးဝိဉာဥ် ဤဟင်းကို စားသွားသောကြောင့်ဖြစ်မည်ဟုမထင်ပေ။
ဒီ့အပြင် မကောင်းဆိုးဝါးဝိဉာဥ်သည် သက်ရှိလူတစ်ယောက်၏အစားအစာကိုစားသည်?
ထူးဆန်းသည်။ ဤအချင်းအရာသည် အင်မတန်ထူးဆန်းလွန်းသည်။
ထိုအချိန်တွင် ရှဲ့ချောင်သည် တဖန်အနိုင်ရလိုစိတ် ပြင်းပြနေခဲ့၏။
သူမ၏ ဆရာတူမောင်လေးဖြစ်ပါလျက် သူသည် ဘယ်လိုကြောင့် သူမ၏ ကျွမ်းကျင်ရာ ကျင့်စဥ်အပေါ်သံသယထားနိုင်ပါသနည်း?
သူမသည်ဘေးပတ်ပတ်လည်အားဝေ့ဝဲကြည့်လိုက်ပြီးနောက် ကျန်းကျင်လုအား စကားပြောလိုက်၏။ “ဆရာတူမောင်လေး ဟောဟိုက လေးယောက်မြောက်မိန်းကလေးကိုတွေ့လား? သူ့ဖန်ခွက် ခနနေရင် ကျကွဲလိမ့်မယ်”
စားပွဲပေါ်တွင် မကောင်းဆိုးဝါးဝိဉာဥ်တစ်ကောင်သည် ဝိုင်ဖန်ခွက်နားတွင်ကပ်၍ လေဖြင့် ဖန်ခွက်အားမှုတ်နေလေသည်။
••••