← Chapters

အခန်း (၈၉၃-၈၉၆)

Vol. 46 Ch. 893-896

အခန်း (၈၉၃-၈၉၆)

Vol. 46 Ch. 893-896

အခန်း ၈၉၃။ စိတ်ပျက်ဖွယ်ကောင်းသော

ထိုမကောင်းဆိုးဝါးဝိဉာဥ်သည် ပျင်းနေသောကြောင့် ဝိုင်ခွက်အပေါ်သို့ ‌ဒေါသများပုံချနေခြင်းဖြစ်လောက်သည်။

သူသည် ဝိုင်ခွက်အားစိုက်ကြည့်နေခဲ့စဥ် သူ၏စေးစေးကပ်ကပ် မျက်ဆန်သည် ဝိုင်ခွက်ထဲသို့ ပြုတ်ကျသွားလေသည်။ သူ၏ထိုးဖောက်မြင်နေရသောခန္ဓာကိုယ်ကြီးသည်လည်း စားပွဲခုံထဲသို့ မြုပ်ဝင်နေပုံပေါ်နေသည်။

ရှဲ့ချောင်၏ စကားများအားကြားပြီးနောက် ကျန်းကျင်လုသည် ‌ဒေါသထွက်ရမည့်အစား ရယ်မောနေခဲ့သည်။ “ဆရာတူအစ်မ အရက်မူးနေပြီလား”

“ဆရာတူမောင်လေးရဲ့နှာခေါင်းက မြက်တွေနဲ့များပိတ်နေလို့လား? တကယ်လို့ငါသာသောက်ထားရင် မင်းဘာလို့အနံ့မရရမှာလဲ” ရှဲ့ချောင်သည် သူ့အားစက်ဆုပ်ဖွယ်ကြည့်လိုက်၏..သူမ၏ အပြုအမူတွေသည် ကျော့ရှင်း

လျက်ရှိနေသည်။

ကျန်းကျင်လုသည် နှလုံးခုန်ရပ်သွားသကဲ့သို့ ဖြစ်သွားခဲ့ပြီး သူ၏ခန္ဓာကိုယ်မှာ တောင့်တင်းသွားခဲ့သည်။

ဆရာတူအစ်မ‌ဒေါသထွက်နေပြီလား?

သူသည် သူတို့၏ဆရာအား သေသေချာချာတစ်ချက် ငဲ့စောင်းကြည့်လိုက်၏။ သူတို့၏ဆရာသည် သခင်ကြီးမုန့်နှင့် စကားပြောနေသည်ကိုတွေ့ပြီးနောက် သူသည် စိတ်သက်သာရာရသကဲ့သို့ သက်ပြင်းချလိုက်သည်။ သို့သော် ထိုအချိန်တွင် ရှဲ့ချောင်အား စကားပြောသော သူ၏အသံသည် ပို၍နူးညံ့ပျော့ပြောင်းသွားခဲ့သည်။ “ဆရာတူအစ်မ ကျွန်တော် အစ်မကိုနောက်ပြောင်နေတာမဟုတ်ပါဘူး အစ်မရဲ့စကားတွေက…”

ခလွမ်း

သူ၏စကားမဆုံးသေးခင် ကျန်းကျင်လုသည် ဝိုင်ဖန်ခွက်ကျကွဲသွားသည်ကို မြင်ခဲ့ရပြီး သူ၏ခေါင်းတစ်ခုလုံး ထူပူသွားလေသည်။

ကျန်းကျင်လုသည် သူ့နှုတ်ခမ်းကိုစေ့လိုက်ပြီး သူ၏မျက်နှာအမူအရာသည် အနည်းငယ်ထူးဆန်းနေခဲ့၏။

ရှဲ့ချောင်သည် နှုတ်ခမ်းများကို တွန့်ချိုးကာပြုံးလိုက်သည်။ “ဆရာတူမောင်လေး ငါသင်ပြတာတွေကို မင်းနားထောင်သင့်တယ် မင်းကကလေးပဲရှိသေးတယ်...သိပ်ပြီး မသိနားမလည်မလုပ်နဲ့. ငါကမင်းထက်ပိုပြီး အတွေ့အကြုံရှိတယ် ငါဘယ်လိုလုပ်မင်းကိုလိမ်ရမလဲ?”

ရှဲ့ချောင်သည် စကားပြောပြီးနောက် သူမအတွက် မကောင်းဆိုးဝါးဝိဉာဥ်မထိကိုင်ရသေးသည့် ဝိုင်တစ်ခွက်အားငှဲ့ကာ အကုန်လုံး တစ်ကြိုက်ထဲသောက်ပစ်လိုက်သည်။

“ဆရာတူအစ်မ အဲ့ဒီစားပွဲကရှုပ်ပွနေတာ အဲဒီလို

အခြေအနေမျိုးမှာ ဝိုင်မဖိတ်ဘဲဘယ်ရှိပါ့မလဲ” ကျန်းကျင်လုသည် သူ၏ဆရာတူအစ်မကံကောင်းသွားခဲ့ပြီး သူမပြောခဲ့သောစကားသည် ချက်ချင်း အမှန်တကယ်ဖြစ်လာခြင်းဟူ၍သာတွေးခဲ့သည်။

သို့သော် ဤအချင်းအရာမျိုးသည် အများအားဖြင့် တိုက်ဆိုင်မှုဟူ၍သာ သတ်မှတ်လေ့ရှိကြသည် မဟုတ်ပါလား။

ရှဲ့ချောင်သည် သူမနွား၏မျက်ရည်မှာ တန်ဖိုးကြီးသည့် အချက်ကြောင့်သာမဟုတ်လျှင် သူမသည် သူ့အား နေရာတိုင်းတွင် မကောင်းဆိုးဝါးဝိဉာဥ်များတွေ့မြင်နေရခြင်း၏ နှစ်သက်မှုအရသာကို သေချာပေါက်ကြုံတွေ့ခိုင်းမည်ဖြစ်သည်။

“ဆရာတူမောင်လေး မင်းမှာလူကြီးလူကောင်းတစ်ယောက်ရဲ့ သည်းခံနိုင်စွမ်းလုံးဝမရှိဘူးပဲ...ငါအကုန်ခန့်မှန်းခဲ့ပြီးသားကို မင်းကခုထိငါ့ကိုမယုံကြည်သေးဘူး” ရှဲ့ချောင်သည် စက်ဆုပ်ရွံရှာစွာ ပြောခဲ့သည်။ သူမပြောပြီးသည့်‌နောက် သူမ

သည် စားပွဲခုံအောက်သို့ ငုံ့ကြည့်လိုက်သည်။ “ဆရာတူမောင်လေးကျန်း မင်းခြေထောက်တွေ ထုံနေပြီလား”

ကျန်းကျင်လုသည် သူ၏ခြေချောင်းများအား အနည်းငယ်လှုပ်ရှားလိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော်အကြာကြီးထိုင်နေခဲ့မိလို့ဖြစ်မယ်”

ရှဲ့ချောင်၏နှုတ်ခမ်းထောင့်များမှား အပေါ်သို့ကွေးတက်သွား၏။ “အကြာကြီးထိုင်တာက ထုံကျဥ်တာကိုဖြစ်စေနိုင်ပါတယ် ဒါပေမဲ့…ဆရာတူမောင်လေးရဲ့ အဖြစ်ကတော့ မတူဘူး မင်းခြေထောက်ပေါ်မှာ မကောင်းဆိုးဝါးဝိဉာဥ်လှလှလေး တစ်ယောက်ထိုင်နေတယ်”

ထိုမျှသာပြော၍ ရှဲ့ချောင်သည် သူ့အား လျစ်လျူရှုလိုက်တော့သည်။

ထိုအကြောင်းမှာ မုသားသာဖြစ်၏။

ဘယ်နေရာမှ မကောင်းဆိုးဝါးဝိဉာဥ်လှလှလေး

က လာခဲ့ပါမည်နည်း? အကယ်၍ ရှိနေခဲ့လျှင်တောင် ယင်းသည် ကျောက်ရွှမ်ကျင်းနှင့်ရှောင်းယွိရုန်တို့အပေါ်တွင်ထိုင်ဖို့သာ စဥ်းစားလိမ့်မည်။ ကျန်းကျင်လုကဲ့သို့ ကလေးမျက်နှာလေးနှင့် ဆယ်ကျော်သက်လေး တစ်ယောက်သည် ထိုအချိန်တွင် မည်သို့မျှဆွဲဆောင်မှုရှိလိမ့်မည်မဟုတ်ပေ။

သူမသည် ဆရာတူမောင်လေးကျန်း၏ခြေထောက်များထုံကျဥ်နေသည်ကို သူ၏မျက်နှာအမူအရာကြောင့်သာ‌ ပြောနိုင်ခြင်းဖြစ်သည်။

ရှဲ့ချောင်သည် ထိုစကားကိုသာပြောပြီး သူမနေရာသို့ပြန်သွားခဲ့သည်။

ကျောက်ရွှမ်ကျင်းသည် သူမပြန်လာသည်ကိုတွေ့ပြီး သူ၏မျက်လုံးများသည် နူးညံ့သိမ်မွေ့သွား၏။ “ငါးယောက်မြောက်ဆရာတူညီလေးမှာပြဿနာအသေးစားရှိနေတယ်...ဆရာတူအစ်မကြားချင်လား?”

ရှဲ့ချောင် စိတ်ဝင်စားသွားသည်။

သူမ၏အရည်အချင်းအားသံသယဖြစ်ခဲ့သော ဆရာတူမောင်လေးသည် ဘယ်လိုမျှသဘောကျနှစ်ခြိုက်စရာမရှိသည့်အပြင် သင်ခန်းစာပေးခံရသင့်သည်။

“ငါးယောက်မြောက်ဆရာတူညီလေးမှာ သွေးမြင်ရင်မူးလဲတတ်တဲ့ ပြဿနာရှိနေတယ်” ကျောက်ရွှမ်ကျင်းက ပြောခဲ့သည်။

ရှဲ့ချောင်သည် ထိုစကားကိုကြားသောအခါ သူမ၏နှုတ်ခမ်းများတွန့်ချိုးသွားပြီး သူမ၏မျက်ခုံးထောင့်များ အပေါ်သို့အနည်းငယ် မြင့်သွား၏။ “ဒုတိယ ဆရာတူမောင်လေးက အမြော်အမြင်ရှိတာပဲ”

ထိုအချိန်တွင်ကျောက်ရွှမ်ကျင်းသည် အလွန်ဂရုစိုက်တတ်သော ဆရာတူမောင်လေး၏ ပုံစံမျိုးပြုမူနေလေသည်။ သူ၏ပုံစံမှာ အနည်းငယ်မျှ

တောင်တိုက်ခိုက်လိုခြင်းမရှိဘဲ ယဥ်ယဥ်ကျေးကျေးဖြင့် လေးစားမှုအပြည့်ဖြစ်နေ၏။ သူသည် ရှဲ့ချောင်၏ ပုံစံအမှန်အားရှာတွေ့ပြီးသည့်နောက် သူ့ထံတွင် စနောက်လိုသည့်အတွေးများ ရှိနေခဲ့သည်။ သို့သော် သူမအစွမ်းကုန်ကြိုးစားနေသည်ကို မြင်ပြီးနောက် သူသည် သူမအပေါ်စနောက်ခြင်းနှင့်ပတ်သက်၍ ဆိုးဆိုးရွားရွားခံစားခဲ့ရလေသည်။

ရှဲ့ချောင်သည် တည်ငြိမ်နေသော်လည်း အခြားတစ်ဖက်တွင် ကျန်းကျင်လုသည် အားလုံးထူးဆန်းနေသည်ဟုခံစားနေရသည်။

သူ၏အကြီးဆုံးဆရာတူအစ်မ လိမ်နေတာသာဖြစ်ရမည်...သို့သော် သူမ၏စကားလုံးများသည် ထူးဆန်းနေပြီး သူ့အား မသက်မသာခံစားရစေသည်။ ခဏလောက်ထိုင်နေပြီးသည့်နောက်သူသည် မသက်မသာခံစားလာရပြီး မတ်တပ်ရပ်ကာ အနေအထားပြင်ဆင်ဖို့အတွက် အကြောင်းရှာလေသည်။

သူ၏ဂနာမငြိမ်ပုံစံသည် ရှောင်းယွိရုန်အား ရှုပ်ထွေးစေ၏။ ထို့ကြောင့် သူသည် ရှောင်းယွိရုန်အား ရှင်းပြခဲ့ရသည် “ အကြီးဆုံးဆရာတူအစ်မက ကျွန်တော်တို့ထက်အသက်ကြီးပေမဲ့ သူမကကလေးလိုပဲ..တကယ်ရိုင်းတယ် ပြီးတော့ ခုနကဆို မကောင်းဆိုးဝါးဝိဉာဥ်တွေကိုတောင်သုံးပြီး ကျွန်တော့်ကိုခြောက်ဖို့လုပ်တယ်.. ကျွန်တော်ကြောက်တော့မကြောက်ပေမဲ့ စိတ်ပျက်ဖို့ကောင်းတယ်လေ…”

•••••

အခန်း ၈၉၄။ နှစ်သက်ဖွယ် ဆရာယောင် သမား‌ယောင်များသည် လူလိမ်များဖြစ်ကြလေသည်

‌ရှောင်းယွိရုန်သည် ထိုအချင်းအရာကိုကြားသောအခါ ချက်ချင်းခေါင်းညိတ်ခဲ့သည်။ “ဆရာတူအစ်မက တစ်ချိန်လုံး အဲ့အတိုင်းပဲ အဲဒါမှန်လားမှားလားတော့ ငါလည်းမပြောတတ်ဘူး တစ္ဆေပွဲတော်နေ့တုန်းကလည်း ဆရာတူအစ်မက ရိုးရာအက ကနေရင်း မိုးနဲ့လေကိုဆင့်ခေါ်လိုက်တာကို ငါ့မျက်လုံးနဲ့ တပ်အပ်တွေ့ခဲ့တာ အဲ့အချိန်တုန်းက လေပြင်းတွေနဲ့ ရာသီဥတုကလည်း အုံ့မှိုင်းနေတာပဲ.. ငါတွေ့ခဲ့တဲ့နေရာက ဒီရုပ်ဝတ္ထုကမ္ဘာကနဲ့မတူဘူး…မင်း ဆရာတူညီလေးစန်းကိုစိတ်ပူနေတာ ငါသိပါတယ် ဒါပေမဲ့ ဆရာတူအစ်မကိုင်တွယ်နိုင်မှာပါ”

‌ရှောင်းယွိရုန်သည် ထိုအချိန်က သူမြင်ခဲ့ရသည်များကိုတွေးမိရင်း ထိုအချင်းအရာများသည် အံ့သြစရာကောင်းသည်ဟု တွေးနေလေသည်။

ကျန်းကျင်လုသည် လှောင်ပြုံးပြုံးလိုက်သည်။ “ကျွန်တော်တို့မှာလည်း မိုးနဲ့လေကို ဆင့်ခေါ်နိုင်စွမ်းရှိပါတယ်”

ရှောင်းယွိရုန်သည် တုန်လှုပ်သွား၏။

သူတို့မှာရှိတယ်လား?

“မင်းနဲ့ငါနဲ့ကငါတို့ဆရာဆီကနေအချိန်အကြာကြီးသင်ယူနေခဲ့ကြတာ ပြီးတော့ ငါတို့ စိုက်ပျိုးရေး စာအုပ်တွေလည်းဖတ်ပြီးပြီ။ အဲ့ဒီစာအုပ်တွေထဲမှာ အရင်လူတွေရေးထားခဲ့တဲ့ နေနဲ့ဆိုင်တဲ့ အသုံးအနှုန်းတွေနဲ့ ရာသီဥတုအကြောင်းတွေပါတယ် ပန်းတွေ သစ်ပင်တွေ ငှက်တွေနဲ့ ပိုးမွှားတွေအကြောင်းကနေတစ်ဆင့် မိုးနဲ့လေဘယ်တော့‌လာနိုင်တယ်ဆိုတာ ငါတို့ပြောလို့ရတယ်လေ မဟုတ်ဘူးလား”

ရှောင်းယွိရုန်သည် ဉာဏ်ပွင့်သွားခဲ့သည်။ “အဲ့တာမှန်တာပဲ မင်းပြောတာကိုကြားမှ ဆရာတူအစ်မက လိုလိုမယ်မယ် ရာသီဥတုကို စစ်ကြည့်ထားမိခဲ့လို့ဖြစ်လောက်မယ်”

“အဲ့လိုပဲဖြစ်မှာပေါ့..မဟုတ်ရင် ဆရာတူအစ်မက ထာဝရရှင်သန်သူမျိုး ဖြစ်နေပါ့မလား ကျွန်တော်တို့ဆရာက ပညာရှင်တစ်ယောက်ပါ သူတော်စင်တောင်မဟုတ်သေးဘူး။ ဘယ်လိုလုပ် ဆရာတူအစ်မက ဆရာ့ထက်ခြေတစ်လှမ်းသာနေနိုင်မှာလဲ?” ကျန်းကျင်လု၏စကားလုံးများသည် အလွန် အကျိုးအကြောင်းဆီလျော်သည်။

ရှောင်းယွိရုန်သည် လွန်ခဲ့သောရက်များက ရှဲ့ချောင် မိုးနှင့်လေအားဆင့်ခေါ်ခဲ့ခြင်းနှင့်ပတ်သက်၍ သောကရောက်နေခဲ့ရသည်။

သူသည် အချိန်တိုင်း ထိုအရာအား ရုပ်လုံးမဖော်နိုင်ခဲ့ပေ။ သူသည် သူ၏ဆရာတူအစ်မသည် ထိုအဖြစ်အပျက်အား မည်သို့လုပ်ခဲ့သည်ကိုပင်မသိခဲ့ချေ။

အခုတွင် သူပြောခဲ့သလိုပင် သူသည်လည်း ထိုအကြောင်းပြချက်သည် အဓိပ္ပါယ်ရှိသည်ဟုထင်သည်။

သို့သော်

“ဆရာတူညီလေး ငါ့မှာနောက်တစ်ခုရှိသေးတယ်…” ရှောင်းယွိရုန်သည် အဆောင်တစ်ခုအား လျှို့ဝှက်စွာ ထုတ်ယူလိုက်၏။ “ဒါက ပညာရေးအထူးအဆောင်ပဲ။ ဒါကို ဆရာတူအစ်မကိုယ်တိုင်ရေးထိုးထားတာ ငါ့မှာအများကြီးရှိတယ်။ ဒါကတကယ် အသုံးဝင်ပုံပဲ ငါမောပန်းနွမ်းနယ်ပြီး ဘာရေးလို့ရေးရမှန်းမသိတဲ့အချိန်တိုင်း ဒါကိုအနားမှာထားလိုက်ရင် ငါမရပ်မနားကို ရေးနေတော့တာ”

ကျန်းကျင်လုသည် ထိုအချင်းအရာမှာ ရယ်ချင်စရာကောင်းသည်ထက်ပို၍ အသံထွက်၍ရယ်မိမတတ်ပင်ဖြစ်သွားခဲ့သည်။

အကယ်၍ ရှောင်းယွိရုန်သာ သူ၏ဆရာတူအစ်ကိုဖြစ်မနေလျှင် သူသည် ထိုသူ၏ခေါင်းအား ပုပ်သိုးနေသလားဟု ကြည့်ရန် ရိုက်ခွဲမိလောက်သည်။

“ဆရာတူအစ်ကိုရှောင်း ‌‌စိတ်ရှုပ်ထွေးနေပြီလား?” ကျန်းကျင်လုသည် ရှောင်းယွိရုန်အား သူ၏ကလေးမျက်နှာလေးဖြင့်ကြည့်၍ လေးလေးပင်ပင် သက်ပြင်းချလိုက်လေသည်။ ထို့နောက် သူသည်သူ၏ ကလေးသံဖြင့်ပင် ထပ်ပြောခဲ့၏။ “အစ်ကိုက ဉာဏ်ပညာထက်တဲ့ ပညာရှင်တစ်ယောက်ပါ။ ဒီလိုကိစ္စမျိုး အရင်ကမရှိခဲ့ဖူးပါဘူး။ အစ်ကို ဆောင်းပါးတွေနဲ့ကဗျာတွေပဲရေးတာမဟုတ်ဘူးလား? အဲ့ဒါ အစ်ကို့အရည်အချင်းဆိုတာ ရှင်းနေတာပဲလေ။ ဘာလို့ အဆောင်တွေရဲ့ ကောင်းကျိုးကို ချီးကျုးနေရတာလဲ”

ဒါက နားမလည်နိုင်စရာပဲ။

ဆရာတူအစ်ကိုလိုမျိုး အစွမ်းထက်တဲ့ သူတစ်ယောက်သည်ပင် ထိုကဲ့သို့ သေးငယ်သော အရာလေးဖြင့် အရူးလုပ်ခံခဲ့ရနိုင်သည်။ ကမ္ဘာပေါ်မှ ဆရာယောင်များသည် လူအများအားလိမ်လည်လှည့်ဖြားခြင်းတွင် တူညီစွာ တော်ကြပေသည်။ ထိုထဲတွင် ဆရာတူအစ်မသည် အတော်ဆုံးများထဲ

မှ တစ်ယောက်ပင်ဖြစ်သည်။

“ဒါပေမဲ့ ငါဒါကို မသုံးမိအောင် အကြိမ်ကြိမ်ကြိုးစားဖူးတယ် ငါ့အတွေးတွေက ဒါကိုမသုံးခင်အချိန်တွေတုန်းကထက်တောင် ပြန့်ကြဲသွားသလိုပဲ” ရှောင်းယွိရုန်၏ အတွေးများသည် အလွန်ပင် ကွဲလွဲနေလေသည်။

“ဆရာတူအစ်ကိုက အဲ့ဒီအရာအပေါ်ယုံကြည်ပြီးသွားလို့ အဲ့တာမသုံးရင် စိတ်တထင့်ထင့်နဲ့ အာရုံမစိုက်နိုင်ဖြစ်တာပါ။ ဟိုးအရင်တုန်းက ဆရာတူအစ်မရဲ့ အဆောင်မရှိဘဲနဲ့တောင် ဆရာတူအစ်ကိုရဲ့ အရေးအသားတွေကကောင်းနေခဲ့တာပဲမဟုတ်ဘူးလား” ကျန်းကျင်လုသည် စိုးရိမ်ကြောင့်ကြလျက်ရှိသည်။ သူသည် ဆရာတူအစ်ကို ရှောင်းအား လမ်းကြောင်းမှန်ပေါ်သို့ ပြန်လည်ခေါ်ဆောင်ရမည်ဟုတွေးနေခဲ့သည်။ “ဆရာတူအစ်ကို ဒီလိုမျိုး မသက်ဆိုင်တဲ့အရာတွေအပေါ် အကြာကြီးစွဲလမ်းနေတာ အစ်ကို့အတွက်မကောင်းဘူး တကယ်လို့ဆရာသိသွားခဲ့ရင် သူလည်း ဒါကမသင့်တော်ဘူးလို့ထင်သွားမှာ ကျွန်တော်စိုးတယ်”

ရှောင်းယွိရုန်သည် အနည်းငယ် အပြစ်ရှိသည်ဟု ခံစားလိုက်ရသည်။ သူတို့ဆရာ၏မျက်လုံးထဲတွင် တပည့် တစ်ယောက်သည် ပညာသင်ကြားဖို့နှင့် အထူးသင်ကြားဆောင်သို့ဝင်ရန် ကျိုးကြောင်းဆင်ခြင်တတ်ရမည်။ သူသည် ဤနှစ်များအတွင်းတွင် အလွန်ကောင်းစွာလုပ်ပြနိုင်ခဲ့ပြီးပြီဖြစ်သည်။

သို့သော် သူသည် သူ၏ဆရာတူအစ်မ၏ ပညာရေးအဆောင်အားဝယ်လာခဲ့ပြီးသည့်အချိန်မှစ၍ သူသည် သူမအပေါ်မှီခိုခြင်းအတွက် တကယ်ပင်မှားယွင်းခဲ့လေသည်။

‌ရှောင်းယွိရုန်သည် ဆရာတစ်ယောက်ဖြစ်လာခဲ့သည်မှာ သုံးနှစ်မှလေးနှစ်ရှိပြီဖြစ်သည်။ သို့သော်သူသည် သူ၏နှလုံးသားထဲတွင် တစ်ခါမျှ အနည်းငယ်ပင်မနှိမ့်ချခဲ့‌‌‌‌ပေ။

ယခုအချိန်တွင် သူသည် ကျန်းကျင်လု၏စကားများကိုကြားပြီးသည့်နောက် နက်နက်ရှိုင်းရှိုင်းပင် အရှက်ရသွားခဲ့သည်။ “ဆရာတူညီလေးပြောတာ

မှန်တယ် နောက်များကျရင် ဒီအဆောင်တွေကို ကိုယ့်ကိုကိုယ်မသုံးမိအောင် အကောင်းဆုံးကြိုးစားပြီးထိန်းပါ့မယ်…”

••••

အခန်း ၈၉၅။ မကောင်းသောနမိတ်ဆိုး

ကျန်းကျင်လုသည် စိတ်ကျေနပ်သွားသဖြင့် ခေါင်းညိတ်လေသည်။ ထို့နောက် သူသည် ရှဲ့ချောင်အား ခေါင်းလှည့်၍ကြည့်လိုက်သည်။

သူလှည့်ကြည့်ချိန်တွင် သူမအား အိမ်‌ရှေ့စံမင်းသားမှ နူးနူးညံ့ညံ့ကြည့်နေသည်ကိုတွေ့လိုက်ရသည်။ သူတို့နှစ်ယောက် မည်သည့်ကိစ္စအားဆွေးနွေးနေကြသည်ကို သူမသိချေ။ သူ၏မျက်ခုံးများသည် မျက်မှောင်ကြုတ်လိုက်သဖြင့် ထပ်ပြီး တွန့်ချိုးသွားလေသည်။

သူ၏မင်းသားသည်‌ နောက်အနာဂတ်တွင် ဧကရာဇ်ဖြစ်လာမည့်သူဖြစ်သည်။ အကယ်၍ ဧကရာဇ်ကိုယ်တိုင်မှစ၍ ထိုအကြောင်းအရာများအပေါ် ယုံကြည်နေလျှင် သူသည် နောင်တွင် ထာဝရရှင်သန်သူဖြစ်ချင်လာပေလိမ့်မည်။ လွန်ခဲ့သော ရှေ့နှောင်းပိုင်းအချိန်များမှစ၍ တာအိုကျင့်ကြံသူသခင်များကို ယုံကြည်သော ဧကရာဇ်များသည် သာမန်လူများအား ထိခိုက်စေရန်

အမတ ဆေးများကို သန့်စင်ခဲ့ကြသည်။

ထိုအချင်းအရာသည် မကောင်းသော ရှေ့ပြေးနမိတ်ဖြစ်ခဲ့သည်။

ထိုကဲ့သို့တွေးသော်ငြား ကျန်းကျင်လုသည် သူ၏ဆရာတူအစ်မထံ အလောတကြီးပြေးသွား၍ သူမ၏ပါးစပ်အား အုပ်ပြီး အနာဂတ်အကြောင်း တရားဟောနေသည်ကို တားမြစ်ခြင်းမပြုနိုင်ပေ။

သို့သော် သူသည် သူမအား ဖျောင်းဖျရန် ဆက်ကြိုးစားရမည်။

ရှေ့ဆက်လျှောက်ရမည့် လမ်းသည် ရှည်လျား၏။ သူသည် တရားဝင်ပုဂ္ဂိုလ်တစ်ဦးမဖြစ်မီ လုပ်ဆောင်စရာများကျန်ရှိနေသေးသည်။

စားသောက်ပွဲသည် အလျင်အမြန်ပင်ပြီးဆုံးသွားခဲ့၏။ ရှဲ့ချောင်နှင့် တခြားသူများသည် သူ

တို့၏ဧည့်သည်ခန်းများသို့ပြန်၍ အနားမယူခင် သူတို့၏ဆရာအား အခန်းသို့ဦးစွာပြန်ပို့ပေးကြသည်။

မုန့်မိသားစု၏ ဧည့်ဝတ်ကျေပွန်မှုသည် အလွန်ပင်ကောင်းမွန်ထူးကဲလှ၏။ သူတို့သည် ဧည့်သည်များအား အလုပ်အကျွေးပြုရန် အစေခံသီးသန့်တစ်ယောက် ပို့ပေးခဲ့သည်။ ဧည့်သည်ခန်းများကိုလည်း အလိုက်တသိပြင်ဆင်ထားပေးသည်။ သူတို့သည် ဧည့်သည်များ စာအုပ်ဖတ်ရသည်ကို ကြိုက်နှစ်သက်ကြသည်ကို သိထားသဖြင့် စာအုပ်များစွာကိုလည်း ပြင်ဆင်ထားခဲ့ပေးသည်။ ထိုစာအုပ်များသည် ရှဲ့ချောင်အလွန်စိတ်ဝင်စားသော စာအုပ်များပင်တည်း။

သို့သော် ရှဲ့ချောင်သည်ကား တစ်ခုခုမှားယွင်းနေသည်ဟုထင်မြင်နေခဲ့၏။

“သခင်ကြီးမုန့်ရဲ့သားသမီးမြေးမြစ်တွေအကုန်လုံးအိမ်မှာရှိကြသလား” ယခင်က သူမသည် ထိုမေးခွန်းအား သူမ၏ငါးယောက်မြောက် ဆရာတူမောင်လေးအားမေးခဲ့ပြီးပြီဖြစ်သည်။ သို့သော် သူ

သည် သူမ၏အမေးကိုမဖြေခဲ့ပေ။ ယခုအခါ‌တော့ ရှဲ့ချောင်သည် သူမဘေးတွင်ရှိသော မုန့်မိသားစု ပို့ပေးထားသော အမျိုးသမီးအစေခံအား မေးလိုက်သည်။

အမျိုးသမီးအစေခံသည် အလွန် နာခံတတ်သူဖြစ်၏။ “ဆရာမမော့ရဲ့ မေးခွန်းကို ဖြေရရင် ကျွန်မတို့ရဲ့ ပထမဆုံး သခင်လေးရဲ့ခြေထောက်တွေကမကောင်းဘူးပြီးတော့သူကအပြင်ထွက်ရတာလည်းမကြိုက်ပါဘူး သခင်လေးက အခါအားလျော်စွာ အအေးလည်းမိတတ်သူဆိုတော့ သူဧည့်သည်တွေနဲ့ ထွက်တွေ့တဲ့အခါ လူတွေနဲ့ ထိတွေ့မိမှာကိုလည်းစိုးရိမ်မိပါတယ် ဒါကြောင့်ဒီရက်ပိုင်းတော့ သူကတခြားအိမ်ရာမှာ သွားရောက်နေထိုင်နေပါတယ်။”

“အအေးမိရုံပဲလား” ရှဲ့ချောင်သည် မေးလိုက်သည်။ အမျိုးသမီးအစေခံသည် အသိပညာကင်းသူဖြစ်သဖြင့် ရှဲ့ချောင်၏စကားလုံးများအား နားမလည်ခဲ့ပေ။ “ဟုတ်ပါတယ်”

“ရှင်တို့ရဲ့ သခင်ကြီးနဲ့ သခင်လေးမှာ ဘယ်လိုစိတ်နေစိတ်ထားမျိုးရှိသလဲ” ရှဲ့ချောင်သည် မမေးဘဲမနေနိုင်ခဲ့ချေ။

“ပထမဆုံး သခင်လေးကတော့ နူးညံ့သိမ်မွေ့တဲ့ စိတ်သဘောထားရှိပြီး အစေခံတွေကိုလည်း ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ် အခုသူ့ခြေထောက်တွေမကောင်းနေတာကြောင့်သာ သူကတစ်နေကုန် အိမ်ထဲမှာပဲနေပြီး စကားအများကြီးမပြောတာပဲရှိတာပါ” အမျိုးသမီးအစေခံသည် သေသေချာချာရှင်းပြနေခဲ့သည်။ “ဒုတိယ သခင်လေးကတော့ ကောင်းမွန်တဲ့ ရုပ်ရည်မျိုးနဲ့ မွေးဖွားလာခဲ့တာပါ သခင်လေးရဲ့ အရည်အချင်းက သခင်ကြီးရဲ့ ဂုဏ်ကျက်သရေပါပဲ လွန်ခဲ့တဲ့နှစ်အနည်းငယ်က ဒီကအစေခံက သခင်လေးရဲ့တံတိုင်းထဲမှာ အလုပ်အကျွေးပြုဖို့ စီမံခံခဲ့ရပါတယ် အဲ့အချိန်တုန်းက ကျွန်မက ငယ်ငယ်လေးရှိပါသေးတယ် အဝေးကနေပြီးတော့ သခင်လေး အအိပ်မေ့အစားမေ့တဲ့အထိ သူ့စာအုပ်တွေကို တနေကုန်ကြည့်နေတာကို မြင်တွေ့ခဲ့ရပါတယ်…သခင်လေးရဲ့ လုံ့လဝီရိယနဲ့ပတ်သက်ပြီး သခင်

ကြီးတစ်ခါပြောဖူးတာက သူတို့မိသားစုရဲ့ ကြွယ်ဝချမ်းသာမှုတွေအကုန်သုံးရမယ်ဆိုရင်တောင် သူကသခင်လေးကို နန်းမြို့တော် အရည်ချင်းစစ်ပွဲကို ရအောင်ပို့မှာတဲ့”

ရှဲ့ချောင်သည်နားထောင်နေခဲ့သော်လည်း သူမ ပိုပြီးရှုပ်ထွေးသွားခဲ့၏။

သူသည် သူ၏မြေးအား နန်းမြို့တော် စာမေးပွဲကိုဖြေစေချင်သည်ဆိုလျှင် အဘယ်ကြောင့် သူ၏မြေးဖြစ်သူအား သူမ၏ဆရာကြီးထံ ပေးပို့ရမည့်အစား သူ၏မွေးစားသားဖြစ်သော လေးငါးနှစ်အရွယ် ကလေးတစ်ယောက်အား ပညာရှင်ကြီးတစ်ဦး၏ နောက်လိုက်တပည့်ဖြစ်စေခဲ့ပါသလဲ။

“တကယ်ပဲ မင်းတို့ရဲ့သခင်လေးက အရည်အချင်းရှိတာလား” သခင်လေးဆိုသူသည် အမှန်တွင်တော့ မိုက်မဲသူတစ်ဦးသာဖြစ်ပြီး သူမ၏ဆရာသည် ထိုသူအားလက်ခံလိမ့်မည်မဟုတ်ဟု သူတို့ ယုံကြည်နေခဲ့ကြသည်များလား။

အမျိုးသမီးအစေခံသည်‌ ခေါင်းညိတ်ပြပြီး သူမ၏ မျက်လုံးများသည် အပေါ်သို့မော့ကြည့်လာခဲ့သည်။ “ အမှန်ပါပဲ သခင်လေးက သူသုံးနှစ်သားထဲက ဉာဏ်အလင်းရခဲ့တာပါ.. သူခုနှစ်နှစ်သားအရွယ်မှာ မုန့်ကျားပေါင်က အကျော်ကြားဆုံး လူကြီးလူကောင်းတစ်ယောက်က သူ့ကိုအတော်လေးချီးကျူးခဲ့ရတဲ့ ဆောင်းပါးတစ်ခုကိုရေးခဲ့တယ်.. သခင်လေးအသက် ဆယ့်ငါးနှစ်မှာ သူရေးတဲ့ ဆောင်းပါးတွေ စကားလုံးတွေကို အထင်ကရစာအုပ်ဆိုင်ကြီးတွေကနေ ကော်ပီကူးပြီးထုတ်ဝေခြင်းခံခဲ့ရတယ်.. အဲ့ဒီစာအုပ်တွေကလည်း ကုန်သည်တွေကနေတစ်ဆင့် မုန့်ကျားပေါင်ကနေ တခြားနေရာတွေအထိ‌ ရောင်းခဲ့ရတယ်”

“တခြားနေရာတွေ? မင်းတို့သခင်လေးနာမည်ကဘာတဲ့လဲ” ရှဲ့ချောင်သည် သိချင်စိတ်ပြင်းပြစွာဖြင့် ထုတ်မေးလိုက်လေသည်။

သူမ ရွှေယွဲ့တာအိုဘုရားကျောင်းတွင် ရှိနေစဥ်က သူသည် ကုန်သည်အများစုအားတွေ့ဖူးခဲ့ပြီး မုန့်

ကျားပေါင်အကြောင်းကိုလည်း ကြားဖူးနားဝရှိခဲ့သည်။

“သခင်လေးရဲ့နာမည်က မုန့်ယင်းပါ” အမျိုးသမီးအစေခံသည် အလွန်ရိုသေလေးစားစွာဖြင့်‌ပြောပြသည်။

“မုန့်ယင်း…မုန့်ယင်း…” ရှဲ့ချောင်သည် နှစ်ခေါက်မျှ ရေရွတ်ရင်း အသေအချာကို တွေးတောနေခဲ့၏။ သူမသည် သူ၏မှတ်ဉာဏ်ထဲရှိ လူတစ်ယောက်၏နာမည်အား ပြန်လည်ခေါ်ယူနေသကဲ့သို့ပင်။

သူမမှတ်မိခဲ့သည်... အခုချိန်ထိဆိုလျှင် အနည်းဆုံး ရှစ်နှစ် ကိုးနှစ်မျှရှိခဲ့ပြီ။

ထိုအတိတ်အချိန်များတွင် သူမသည် ကဗျာစာအုပ်များ ရခဲ့ဖူးသည်။ ထိုစာအုပ်များရှိ ကဗျာများမှာ အရေးအသားကောင်းလွန်းလှသည်။ စကားလုံးများနှင့် စာကြောင်းများကို ကြည့်ရုံဖြင့်ပင် ကဗျာရေးသူသည် အလွန်ငယ်ရွယ်သော

လူငယ်တစ်ဦးဖြစ်ရမည်ဟု လူတိုင်းပြောနိုင်သည်။

ထိုအချိန်များတွင် သူမသည် ကဗျာရေးသူမှာ ဆယ်ကျော်သက် လူငယ်တစ်ယောက်ဖြစ်သည်ဟု ကြားခဲ့ဖူးသည်။ သူမသည် ထိုသူအားချီးမြှောက်ရန် သူမ၏ဆရာထံ စာတစ်စောင်ပင် ရေးခဲ့လေသည်။ သူမသည် ထိုကဗျာဆရာမှာ ထူးချွန်သည်ဟုထင်ခဲ့၏။ သူ၏စကားလုံးအသုံးအနှုန်းများသည် ပြေပြေပြစ်ပြစ်နှင့် သီးသန့်ဆန်သည်။ သူမ၏ဆရာသည် ထိုသူ့ကိုသာနှစ်သက်ခဲ့လျှင် သူသည် ထိုသူအား နောက်လိုက်အဖြစ် ခေါ်ထားခဲ့နိုင်သည်။ ထိုအခါ သူမသည်လည်း နောက်ထပ် ဆရာတူမောင်လေးတစ်ယောက် ရခဲ့ပေလိမ့်မည်။

••••

အခန်း ၈၉၆။ ထိုအမိုက်အမဲအား လျစ်လျူရှုခြင်း

ထိုပုဂ္ဂိုလ်သည် အလွန်အရည်အချင်းရှိသူဖြစ်သဖြင့် ယခင်အချိန်များတွင် သူမသည် ကုန်သည်များအား မုန့်ကျားပေါင်ကိုဖြတ်သွားသည့်အခါမျိုးတွင် ထိုသူရေးသားသည့် စာအုပ်အနည်းငယ်အား ယူဆောင်ခဲ့ရမည်ဟု ညွှန်ကြားခဲ့လေသည်။

သို့ရာတွင် ထိုနောက်ပိုင်းမှစ၍ ထိုသူ၏သတင်း စိုးစိမျှမကြားရတော့ချေ။

အချိန်များကုန်လွန်ခဲ့ပြီးသည့်နောက် သူမသည် ထိုသူ့အကြောင်း မေ့ပျောက်သွားခဲ့၏။

ကံကောင်းစွာဖြင့် သူမသည် မှတ်ဉာဏ်ကောင်းသူဖြစ်သည်။ ယခုထိုနာမည်အကြောင်း တွေးမိရုံနှင့်ပင် ထိုအချင်းအရာများအား မှတ်မိနေသေး၏။

“အခုရော မင်းတို့သခင်လေးဘယ်လိုရှိလဲ လွန်ခဲ့တဲ့နှစ်နှစ်လောက်ကရော နာမည်ကြီးဆောင်းပါး တစ်ခုတလေများ ရေးခဲ့သေးလား” ရှဲ့ချောင်

သည် အမျိုးသမီးအစေခံအား မိသားစုအရေးကိစ္စတိုင်ပင်နေသကဲ့သို့ အေးအေးဆေးဆေးဖြင့်ပင် မေးမြန်းနေခဲ့သည်။

အမျိုးသမီးအစေခံသည် ခေါင်းခါပြ၏။ “သခင်လေးက သူ့တံတိုင်းအတွင်းမှာပဲ စာကို အပြင်းအထန်လေ့လာလေ့ရှိပြီး အိမ်ပြန်လာခဲပါတယ် အများအားဖြင့်တော့ သခင်ကြီးကပဲ သူ့ဆီသွားလည်တာပါ ဒီနှစ်တွေအတွင်း သူပိုပြီးမဝံ့မရဲဖြစ်လာပုံရပြီး ပေါ်လာဖို့တောင်ခဲယဥ်းပါတယ်”

“ဒါဖြင့် မင်းတို့ သခင်လေး အသက်ဘယ်လောက်ရှိပြီလဲ အိမ်ထောင်ရောပြုပြီးပြီလား” ရှဲ့ချောင်သည် တဖန်မေးမြန်းခဲ့ပြန်သည်။

သူမသည် တစ်စထက်တစ်စပိုပြီး အစ်အောက်နေသော်ငြား အမျိုးသမီးအစေခံသည် ပြန်ဖြေဖို့ရာ အလွန်ရှက်ရွံ့နေလေသည်။

“သခင်လေးရဲ့ အသက်က ဒီနှစ်ဆို နှစ်ဆယ့်သုံး

နှစ်ဆယ့်လေးလောက်တော့ရှိပါပြီ သူ့မွေးနေ့ကတော့ ကျွန်မလည်း သေချာမသိပါဘူး မုန့်မိသားစုက လက်ထပ်ထိမ်းမြားပွဲနေနေသာသာ မွေးနေ့စားပွဲတွေတောင်ကျင်းပလေ့မရှိပါဘူး ဒါပေမဲ့ သခင်လေးကတော့ စေ့စပ်ပြီးပါပြီ အမျိုးသမီးကတော့ မုန့်ကျား‌ပေါင်ကမဟုတ်ပါဘူး. အမျိုးသမီးဘက်က မကြည်လင်တာမို့သာ လက်ထပ်ပွဲက နှောင့်နှေးနေရတာ သခင်လေးကတစ်ချိန်လုံးစောင့်နေခဲ့တာပါ” အမျိုးသမီးအစေခံသည် ထပ်ဖြည့်ပြောခဲ့သည်။

ရှဲ့ချောင်သည် အတွေးများထဲတွင် နစ်မြုပ်နေခဲ့သည်။

သူမသည် တစ်ခုခုတော့မှားနေပြီဟုထင်ခဲ့၏။

သူမသည် ဆက်မေးမြန်းခြင်းမပြုခဲ့ပေ။ သူမသည် အမျိုးသမီးအစေခံအား ထွက်သွားစေခဲ့ပြီး အနားယူခဲ့သည်။

နောက်တစ်နေ့မနက်စောစောတွင် ရှဲ့ချောင်သည်

သူမ၏ဆရာတူမောင်လေးများအား ရှာဖွေခဲ့ပြီး အတူတကွ လူစုခိုင်းခဲ့၏။

ဆရာတူမောင်လေးများသည် နာခံစွာထိုင်နေ၍ သူမအားယဥ်ကျေးစွာ ကြည့်နေကြလေသည်။

ရှဲ့ချောင်သည် ယခုတွင် အကြီးဆုံး ဆရာတူအစ်မဖြစ်ရခြင်းကို ကျေနပ်နေလေသည်။ ဤဆရာတူမောင်လေး သုံးယောက်သာ အတူတူရှိနေလျှင် မျက်စိပဒါသဖြစ်စေလေသည်။

သူမ၏ တတိယဆရာတူမောင်လေးနှင့် စတုတ္ထဆရာတူမောင်လေးတို့ ဒီနေရာ၌ မရှိခြင်းသည် နှမြောစရာပင်။ ထိုသို့မဟုတ်လျှင် သူမ၏မျက်လုံးများမှာ ပို၍ပင် စိတ်ချမ်းမြေ့ဖွယ်ရှိလောက်သည်။

“ကျွန်တော်တို့ကို ဘာလို့ဒီကိုခေါ်ထားတာလဲ ဆရာတူအစ်မ” ရှောင်းယွိရုန်၏မျက်လုံးများမှာ အရှင်းသန့်ဆုံးပင်။ သူသည် သူ၏ အကန့်အသတ်ကိုသိသော်လည်း ရှဲ့ချောင်အား လေးစားစွာ

ကြည့်နေလျက်ပင်ဖြစ်သည်။

“ အရေးကြီးကိစ္စတစ်ခုအတွက်ပဲ” ရှဲ့ချောင်သည် ခြောက်ကပ်စွာဖြင့် ချောင်းတစ်ချက် ဟန့်လိုက်လေသည်။ “အဟမ်း ဒီမုန့်မိသားစုနဲ့ ပတ်သက်ပြီး တစ်ခုခုမှားနေတယ်လို့ မင်းတို့မထင်ဘူးလား”

“မထင်ပါဘူး မုန့်မိသားစုက ပုံမှန်ပါပဲ သူတို့က ကျွန်တော်တို့ ဆရာနဲ့ ကျွန်တော်တို့ အပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပါတယ် ဆရာတူအစ်မ‌ရော ဆေးကုသမှု ခံယူပြီးပြီလား” ကျန်းကျင်လုသည် ချက်ချင်းတုံ့ပြန်ခဲ့သည်။

“မဟုတ်ဘူး ငါတော့ ဒီမိသားစုမှာ လျှို့ဝှက်ချက်တစ်ခုခုရှိနေတယ်လို့ထင်တယ်” ရှဲ့ချောင်သည် သူမ၏မျက်နှာမှာ တည်ကြည်နေသည်။

ကျန်းကျင်လုသည် မထိန်းနိုင်ဘဲရီချမိလေသည်။ “ ဆရာတူအစ်မကို မကောင်းဆိုးဝါး ဝိဉာဥ်တစ်ကောင်က အဲ့လိုပြောလိုက်တာများဖြစ်နေမလား သခင်ကြီးမုန့်က စီးပွားရေသမားတစ်ယောက်ဆို

ပေမဲ့ သူကပညာတတ်ပါတယ် ကျွန်တော်တို့နဲ့ လမ်းမှာတွေ့တုန်းကလည်း သူကယဥ်ယဥ်ကျေးကျေးပဲဆက်ဆံတာပါ အခုလည်း သူက တတိယဆရာတူအစ်ကိုအတွက် ဆေးတွေ အများကြီးရှာတွေ့ထားပြီးပြီ”

“မနေ့က ကပြခဲ့တဲ့ ကောင်မလေးတွေက ဆရာတူအစ်မကို စိတ်မပျော်အောင်လုပ်လိုက်တာလား ဆရာတူအစ်မ ဒါကိုနားလည်ပေးဖို့မျှော်လင့်ပါတယ် ဒါ့အပြင် စီးပွားရေးသမား အမြတ်ယူတာက မြေကြီးလက်ခတ်မလွဲပေလေ ဒီမိသားစုထဲက မိန်းကလေးတွေအနာဂတ်သေချာဖို့ဆို ဆရာတူအစ်မ သူတို့ကိုအထင်သေးရင် သူတို့ကိုမကြည့်ပဲနေပါ သူတို့ကို‌‌‌ဒေါသထွက်ပြီး ခံစားမနေပါနဲ့” ကျန်းကျင်လုသည် ‌‌စိတ်ဆတ်နေခဲ့၏။

“ဆရာတူအစ်မ ဆက်ပြောပါ ဒီအရူးကိုလျစ်လျူရှုထားလိုက်” ကျောက်ရွှမ်ကျင်းသည် စကားစဖြတ်လိုက်လေသည်။

ကျန်းကျင်လုသည် အံ့အားသင့်သွား၏။

သူဘာမှမပြောခဲ့ပါဘူး။

ဆရာတူအစ်မကသာ စပြောခဲ့တာ ပြီးတော့ သူမသာလျှင် ထူးထူးဆန်းဆန်းတွေ ပြုမှုနေခဲ့တာပင်။

“စိတ်မပူပါနဲ့ ငါမနေ့ထဲက သူကငတုံးဆိုတာ သိပြီးသား ဆိုတော့ သူပြောတာတွေစိတ်ထဲမမှတ်ပါဘူး။ ဒါကသူ့ပုံစံပဲ သူဒီပုံစံနဲ့ နန်းမြို့တော် တရားရုံးတော်မှာ ဘယ်လိုတွေ ချေပမယ်ဆိုတာ စိုးရိမ်စရာပဲ” ရှဲ့ချောင်သည် သူမအမှန်တကယ် ကျန်းကျင်လုအား ပူပန်နေသကဲ့သို့ သူ့နဖူးသူရိုက်ခဲ့လေသည်။

ကျန်းကျင်လုသည် ပို၍ပင် ကူကယ်ရာမဲ့သလိုခံစားလိုက်ရသည်‌။

သူ့ပင်ကိုယ်စိတ်မှာ ဘာမှမှားမနေပါ။ သူ၏ဆရာသည် သူ့အား ဖိနှိပ်၍ သူ့အား စာမေးပွဲမဖြေခိုင်းသည်မှာ သူ့တွင် ကလေးမျက်နှာ‌လေးရှိနေသောကြောင့်ပင်။

ထိုကိစ္စနှင့် သူ့ပင်ကိုယ်စိတ်မှာ မည်သို့မျှမဆိုင်ချေ။

“ခုနဘာပြောလိုက်တာလဲဆိုတာ ရှင်းပြနိုင်မလား” ကျောက်ရွှမ်ကျင်းသည် အဓိကစကားဝိုင်းဆီသို့ပြန်ခေါ်သွားလေသည်။

“မင်းပဲ စကားကိုနားလည်တယ်” ရှဲ့ချောင်သည် ကျောက်ရွှမ်ကျင်းအား ကြင်ကြင်နာနာပြုံးပြလိုက်လေသည်။ ပြီးနာက် စကားဆက်၏။ “ဒါကဒီလိုရှိတယ် မနေ့က ငါအမျိုးသမီးအစေခံကိုမေးကြည့်တော့ ဒီမိသားစုမှာ သခင်လေးတစ်ယောက်ရှိတယ်လို့ကြားတယ် သူက ငါးယောက်မြောက် ဆရာတူမောင်လေးထက်ကြီးတယ် ပြီးတော့ တတိယဆရာတူမောင်လေးနဲ့တော့ ရွယ်တူလောက်ရှိတယ် ဒါပေမဲ့ ငါတို့သူ့ကိုတစ်ခါမှမတွေ့ဖူးသေးဘူး အမျိုးသမီးအစေခံစကားအရဆို ဒီသခင်လေးက ရှေးနှစ်တွေတုန်းက အတော်လေး အရည်အချင်းထွန်းပေါက်ခဲ့တယ် ဒါပေမဲ့ အခုလက်တလောနှစ်တွေ‌မှာတောင် သူကနာမည်ကြီး

နေသေးပေမဲ့ သူကသူကိုယ်သူပိတ်လှောင်ထားပြီး မျက်နှာတောင်မပြတော့ဘူးတဲ့ “

••••

All Chapters