← Chapters

အခန်း (၈၉၇-၉၀၀)

Vol. 46 Ch. 897-900

အခန်း (၈၉၇-၉၀၀)

Vol. 46 Ch. 897-900

အခန်း ၈၉၇။ ထျန်ရှန်းမှ သက်ကြီးမကောင်းဆိုးဝါး

ရှဲ့ချောင်သည် ထိုမုန့်ယင်းဆိုသူအပေါ်တွင် အလွန်အမင်း စိတ်ဝင်စားနေခဲ့သည်။

ကျန်းကျင်လုသည် ရှဲ့ချောင်၏စကားများကို ကြားသောအခါ သက်ပြင်းချလိုက်၏။ “ဆရာတူအစ်မ ဘာဖြစ်လို့ ဒီအကြောင်းအရာကို ဒီလောက်စိတ်ဝင်စားနေရတာလဲ ဒါကသူ့ကိစ္စလေ ကျွန်တော်တို့နဲ့ဘာဆိုင်လို့လဲ”

“တစ်ခုခုတော့မှားနေပြီ” ‌ကျောက်ရွှမ်ကျင်းသည် ခေါင်းညိတ်လိုက်ပြီး လေသံတိုးတိုးဖြင့် တုန့်ပြန်ခဲ့သည်။ “ပုံမှန်ဆိုရင် ဂုဏ်သရေရှိ လူကြီးလူကောင်းသားသမီးတွေက ရာထူးကြီးသူတွေ အကျော်အမော်တွေနဲ့ မိတ်ဖွဲ့ဖို့ လမ်းကြောင်းဖောက်ဖို့ စဥ်းစားလေ့ရှိကြတယ် ကျွန်တော်တို့ ဆရာရဲ့ နာမည်ကလည်း ကမ္ဘာကျော်ပဲလေ မုန့်ရှီစန်းကဆရာကြီးကိုလေးစားတော့ သူရဲ့ အစွမ်းအစကိုလည်းသိနေမှာပဲ ဒီလိုအခြေအနေ

မှာ ဘာပဲဖြစ်ဖြစ် သူ့မြေးတွေကိုဆရာကြီးနဲ့ တွေ့ဖို့လုပ်ပေးမှာပဲ”

“နံပါတ် ၅ မင်းကဒီမှာ တစ်လနေပြီးပြီဆိုတော့ မင်းသူ့ကိုမြင်ဖူးလား” ‌ကျောက်ရွှမ်ကျင်းသည် နောက်တစ်ခေါက်ထပ်မေးခဲ့၏။

ရှဲ့ချောင်သည် ကျောက်ရွှမ်ကျင်းနှင့် ပြောဆိုဆက်ဆံရလွယ်သည်ဟု တွေးမိလိုက်သည်။

ခေါင်းထဲတွင် ခဲများဖြင့်ပြည့်နေသည့် ဒီလိုမျိုးတုံးလွန်းလှသော ငါးယောက်မြောက် ဆရာတူမောင်လေးနဲ့တော့ကွာလှသည်။

အမှန်တွင် သူသည်တကယ်တုံးသည်တော့မဟုတ်ချေ။ သူ၏ သဘောထားမှားနေသဖြင့် ဦးနှောက်ကပါ အမှီမလိုက်နိုင်ခြင်းပင်။

သူ၏ကလေးမျက်နှာလေးသည် ကနဦးကပင် သေးသည်ကို သနားချင့်စဖွယ် ရုပ်လေးလုပ်

လိုက်သည့်အခါ သူသည် ၁၃ နှစ် ၁၄ နှစ်အရွယ် ကလေးနှင့်ပင်ပို၍တူသွားတော့သည်။

ထိုကဲ့သို့ ရုပ်ရည်မျိုးနှင့်သာဆိုလျှင် သူသည် အသက် ၇၀ ၈၀ အရွယ်ရောက်သောအခါတွင် ထျန်ရှန်းမှ သက်ကြီးမကောင်းမဆိုးဝါး တစ်ကောင်ဖြစ်လာလိမ့်မည်မှာ သေချာသလောက်ရှိသည်။

“မမြင်ဖူးပါဘူး ဆရာကြီးလည်း အရင်ကမေးဖူးပါတယ် ဒါပေမဲ့ သခင်ကြီးမုန့်ပြောတာတော့ သူ့မြေးက သူ့ခြံဝန်းထဲမှာစာသင်နေတာဖြစ်လို့ သီးခြားနေနေတာတစ်နှစ်ပြည့်မှ သူထွက်လာလို့ရမယ်လို့ပြောပါတယ် သူ့အဘိုးပေမဲ့ သူလည်း သူ့မြေးကို မနှောင့်ယှက်ရဲခဲ့ပါဘူး ဒါကြောင့် ကျွန်တော်တို့လည်းဘာမှမပြောခဲ့တာပါ” ကျန်းကျင်လုသည် ပို၍ ရိုသေကျိုးနွံလာခဲ့၏။

‌ရှဲ့ချောင်သည် သူ့ထံမျက်လုံးဝေ့ကြည့်လိုက်သည်။

သူသည်အိမ်ရှေ့စံမင်းသားကိုစကားပြောသည့်

အချိန် လွန်စွာ ကျိုးနွံလှ၏။ သို့သော် သူ၏ဆရာတူအစ်မအား စကားပြောသောအခါတွင် သူသည် စိတ်လွတ်ကိုယ်လွတ်ပြောရဲသည်။

ဒီကလေးစုတ်… ကလေးမျက်နှာနဲ့ ငကြောက်လေးကတော့

“အဲ့တာကပြသနာပဲ” ရှဲ့ချောင် သက်ပြင်းချလိုက်သည်။ သူမသည် ရှောင်းယွိရုန်အား “အကြီးဆုံးဆရာတူမောင်လေး တကယ်လို့ မင်းရဲ့သားက သီးခြားနေချင်တယ်ဆိုရင် မင်းသူ့ကိုနေခိုင်းလိုက်မှာလား မဟုတ်ရင် သူ့ကို ဧည့်သည်တွေ့ဖို့ထွက်လာခိုင်းမှာလား” ထိုကဲ့သို့မေးလိုက်၏။

“သေချာပေါက်…ဧည့်သည်တွေကိုတွေ့ရမှာပေါ့” ရှောင်းယွိရုန် ရှက်သွား၏။

သီးခြားနေခြင်းသည် တစ်ဦးတစ်ယောက်၏ ရိုးသားဖြောင့်မတ်မှုအားစောင့်ထိန်းရန် ကတိတစ်ခုဖြစ်သော်လည်း ဆရာကြီးကဲ့သို့သူမျိုးသည် သူ၏ဘဝတစ်လျှောက်လုံး လွမ်းမေ့သတိရဖွယ်

လူတစ်ဦးဖြစ်သည်။

သူသည် အချိန်မ‌ရွေး သီးခြားနေနိုင်သော်လည်း ဆရာကြီးကဲ့သို့ ထူးချွန်ပညာရှင်တစ်ဦးအား အဝေးမှမြင်ရမည်ဆိုလျှင်တောင် သူ၏လုံခြုံ‌ရေးအား ထည့်မတွက်ဘဲ အပြေးအလွှားသွားမိပေလိမ့်မည်။

“ပြီးတော့ အဲ့ဒီအစေခံက သူတို့သခင်လေးက ထက်မြက်ပြီးအရည်အချင်းရှိတယ်တဲ့ သခင်ကြီးကသူ့ကို နန်းမြို့တော်အရည်အချင်းစစ်ဆေးပွဲကို ခေါ်သွားဖို့တောင်ပြင်ဆင်ထားတာတဲ့ ဒါပေမဲ့ အဲ့ဒီလူက အခုတောင် အသက်ကြီးနေပြီ ဒီထက်ပိုပြီး သူ့ကိုဆက်ဖိနှိပ်ထားဖို့ မသင့်တော်ဘူးလေ သူက စာမေးပွဲဖြေရဖို့အတွက် သူ့အသက် ၃၀ မတိုင်ခင်ထိ စောင့်နေရတာလို့တော့ ငါ့ကိုမပြောနဲ့နော်” ရှဲ့ချောင်ထပ်ဖြည့်ပြောလိုက်၏။

ထိုအချိန်တွင် ကျန်းကျင်လုသည် ဒေါသမထွက်ရဲတော့ပေ။

“မှန်တယ် နန်းမြို့တော် အရည်အချင်းစစ်ပွဲဆိုတာက တစ်ရက် နှစ်ရက်နဲ့ ပြီးတာမျိုးမဟုတ်ဘူး ကိုယ့်မှာတကယ် ရည်ရွယ်ချက်ရှိတယ်ဆိုရင် မူလတန်း နဲ့ အထက်တန်း ထူးချွန်ကို အရင်ဆုံးဖြေထားသင့်တာ” ကျန်းကျင်လုသည် စကားဆက်ခဲ့သည်။

“ဟုတ်တယ် ဒါပေမဲ့ မုန့်ယင်းက မူလတန်းထူးချွန်သူ မဟုတ်တဲ့အပြင် သူကကျောင်းသားတောင်မဟူတ်ဘူး” ရှဲ့ချောင်သည် ဆက်ပြောခဲ့၏။

“ ဒါဆို သူကတကယ် တအားတုံးတာရောမဖြစ်နိုင်ဘူးလား အပြင်မှာ သူ့ကိုချီးကျူးတာတွေတအားများတော့ သခင်ကြီးမုန့်က သူ့ကိုအပြင်ထွက်ပြီး လူတွေနဲ့ ပေးတွေ့ရမှာရှက်နေတာဖြစ်မယ် သူ့ကြောင့်သူ့မိသားစု ဂုဏ်သိက္ခာကျမှာသူစိုးရိမ်နေတာများလားး” ကျန်းကျင်လုကပြောပြန်၏။

ရှဲ့ချောင် ခေါင်းညိတ်ခဲ့သည်။ “ဒါကဖြစ်နိုင်ချေတစ်ခုပဲ ငါတို့လိုမျိုးအပြင်လူတွေဆီကနေ ပုန်းနေတာတော့ထားလိုက်ပါတော့ သူ့မိသားစုဆီကနေ

ရော သူကဘာကိစ္စပုန်းနေရတာလဲ သူကတစ်သက်လုံးပုန်းနေရမှာလား တကယ်သူက အရူးဆိုရင်တောင် သူတို့ သူ့ကိုဖြေးဖြေးချင်းထုတ်ပြလိုက်သင့်တယ် သူတို့စီးပွားရေးတွေကိုလည်း သူ့ကိုပဲဆက်ခံခိုင်းသင့်တာ အဲ့တာဆို သူတို့မှာ ဖိနှိပ်သူတစ်ဦးရှိပေမဲ့ နန်းမြို့တော် အရည်အချင်းစစ်ပွဲတွေကို မသွားဘူးလို့ လူတွေကိုပြောပြလိုက်တာနဲ့အတူတူပဲလေ”

ကျန်းကျင်လုသည် တိတ်ဆိတ်သွားခဲ့သည်။

သူ၏ ဆရာတူအစ်မမှန်သည်။

သခင်ကြီးမုန့်သည် သူ့ဆွေမျိုးများဆီမှ တစ်စုံတစ်ခုအား ကွယ်ဝှက်ထားလေသည်။

“ဒါပေမဲ့ ဆရာတူအစ်မ ဘာဖြစ်လို့အဲ့လောက်ဂရုစိုက်နေတာလဲ သခင်ကြီးမုန့်မှာလည်း အခက်အခဲတွေရှိမှာပေါ့ ပြီးတော့ ကျွန်တော်တို့က ဧည့်သည်တွေလေ ဆို‌တော့ အများကြီးမေးဖို့မသင့်တော်ဘူး” ကျန်းကျင်လုပြောပြီးသည့်နောက်

သူသည် အိမ်ရှေ့စံမင်းသားအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် သူ့အသံကို နူးညံ့ခဲ့သင့်သည်ဟုခံစားလိုက်ရလေသည်။ သူ့ကိုတော့ ထိခိုက်သွားတာတော့မဟုတ်ပါဘူးနော်။

••••

အခန်း ၈၉၈။ အစစ်အမှန်သည်လား အတုအယောင်ပေလား ခွဲရခက်၏

ရှဲ့ချောင်သည်လည်း မုန့်ယင်း လူတွေနှင့် တွေ့ချင်စိတ်ရှိခြင်းမရှိခြင်းသည် သူမနဲ့ နည်းနည်းမျှမသက်ဆိုင်မှန်းသိပါသည်။

“ငါက သခင်ကြီးမုန့် ဒီလိုကိစ္စမျိုးကို လိမ်ထားတာထူးဆန်းတယ်လို့ထင်ရုံပါ” ရှဲ့ချောင် ထိုကိစ္စအား သူမလက်ပေါ်အတင်မခံနိုင်ပေ။ ဒါကြောင့်သူမစကားဆက်လိုက်၏။ “အဲ့တာအပြင် သူ့မြေးမှာလည်း ထိခိုက်မှုတွေရှိနေမယ်လို့ထင်တယ် သူကြာကြာမနေနိုင်တော့မှာကို ငါစိုးရိမ်တာပါ။”

ရှဲ့ချောင်သည် မကောင်းဆိုးဝါးဝိဉာဥ်ပြောသည့် စကားများအားလည်း မမေ့ပစ်နိုင်ချေ။

“ဆရာတူအစ်မ…”ကျန်းကျင်လုသည် အနည်းငယ် ကူကယ်ရာမဲ့သွား၏။ “သူများကို ဒီလိုမျိုးကျိန်ဆဲတာ ဆိုးတာပဲ”

“ကျွန်တော်တို့ ဒီမိသားစုကိုထူးဆန်းတယ်လို့ထင်တာဆိုတော့ ကျွန်တော် ကျို့ဝေ့ကျုံးကိုစစ်ဆေးကြည့်ဖို့ အကူညီတောင်းလိုက်မယ်” ကျေက်ရွှမ်ကျင်းသည် ရှဲ့ချောင်စကားများမှာ မသင့်တော်ဟု မတွေးချေ။ “ဆရာတူညီလေးက ပြင်းပြင်းထန်ထန် ဖျားနေတာ ပြီးတော့ ဘာကြောင်းဖျားသလဲဆိုတဲ့ အကြောင်းအရင်းကိုလည်းမသိရဘူး သူကဒီရက်ပိုင်း မုန့်မိသားစုဆီမှာပဲနေနေတာဆိုတော့ မုန့်မိသားစုအခြေနေကို ငါတို့စုံစမ်းရမယ်”

ရှဲ့ချောင်သည် ခေါင်းညိတ်၏။ “ဟုတ်တယ် အဲ့တာမှန်တယ်”

သူတို့ထဲမှအများစုသည် ဒီနေရာတွင် ယာယီနေခဲ့ရမည်။ သူတို့နေနေရသည်မှာ ကျား၏သားရဲတွင်းသည်လား ယုန်တစ်‌ကောင်၏ အသိုက်အတွင်းလား မသိခဲ့ကြသည်မို့ မည်သို့ ပေါ့ပေါ့ပါးပါးဖြစ်နိုင်ပေမည်နည်း။

ကျန်းကျင်လုနဲ့ ရှဲ့ချောင်၏ အတွေးတို့သည် ခြားနားကြ၏။

သူတို့သည် သခင်ကြီးမုန့်အား ဒုက္ခများ ပေးခဲ့ပြီးဖြစ်သော်လည်း သူတို့ဒီနေရာ၌နေနေစဥ် သခင်ကြီးမုန့်အား သံသယဝင်နေကြ၏။ ထိုအချင်းအရာသည် သူတို့အား ဗီလိန်ကဲ့သို့ ခံစားရပြီး မသက်မသာခံစားရလေသည်။

သို့သော် သူ၏မင်းသားသည် စုံစမ်းချင်ပါသည်ဟုပြောနေသဖြင့် သူ၏အတွေးများသည် အရေးမကြီးတော့ပေ။

“ငါးယောက်မြောက် ဆရာတူမောင်လေး မင်းမနေ့က ယူလာတဲ့ ဆေးအေးက သောက်ပြီးတော့ အာနိသင်ပြသလား” ရှောင်းယွိရုန်သည် အ‌ရေးကြီးကိစ္စအားမမေ့ခဲ့ပေ။

ထိုကိစ္စအားပြောကြဆိုကြသောအခါ ကျန်းကျင်လုသည် စိတ်ပျက်စွာဖြင့် ခေါင်းခါလိုက်လေသည်။ “ဆရာတူအစ်ကို မနေ့ညကသောက်လိုက်

တယ် ဒီမနက်ကဆရာဝန်လာတော့ အခြေအနေကဆိုးရွားနေတုန်းပဲ ဆရာတူအစ်ကိုက သိပ်တော့မတုန်တော့ဘူးဆိုပေမဲ့ သူ့မျက်နှာက ရေခဲလိုမျိုးအေးနေတုန်းပဲ ဒီတိုင်းသာဆက်သွားရင် သူတကယ်တောင့်မခံနိုင်လောက်တော့ဘူး…”

သို့သော် ထိုဖျားနာမှုသည် အချိန်ကြာကြာရှိနေခဲ့၏။ ထိုသို့ ကြာပြီးသည့်နောက် ကျန်းကျင်လုသည် အနာဂတ်အား မှန်းဆလို့ရနေပြီဖြစ်သည်။

သူတို့ထဲမှ တချို့သည် ခနတာမျှ တိတ်ဆိတ်သွားခဲ့၏။

မုန့်ကျားပေါင်၌ ဆရာဝန်များစွာရှိသည့်အပြင် သမားတော်များပင်ရှိသည်။သူတို့ပြောစကားများအရ သူတို့သည် အချိန်ကြာမြင့်စွာ သူတို့၏အကောင်းဆုံးကိုလုပ်ပေးခဲ့ကြပြီးပြီ။ စန်းယောင် ပြန်သက်သာလာသည် မသက်သာသည်မှာသူ၏ကံတရားပေါ်မှာသာ မူတည်နေလေ၏။

မနေ့က ရှဲ့ချောင်သည် အခြားသောကိစ္စများနှင့် အလုပ်ရှုပ်နေခဲ့သဖြင့် သူမသည်လက်ဆောင်များအား မယူလာနိုင်ခဲ့ပေ။ ယနေ့ ညစာစားပြီးသည့်နောက်တွင် သူမသည် လက်ဆောင်များအား တစ်ယောက်ချင်းစီ စပေးခဲ့သည်။

ပုံမှန်အားဖြင့် သူမသည် သူမ၏ဆရာအား ဦးစွာ ပေးရမည်ဖြစ်သည်။ ထိုအရာမှာ ထူထပ်သော သုံးရေခြုံ ပန်းချီကားတစ်ချပ်ပင်။

ထိုအချန်တွင် ရှဲ့ချောင်၏ စိတ်သည် နန်းမြို့တော်အတွင်း ရှိစဥ်ကထက်ပင် ကောင်းမွန်နေသေး၏။ သူမသည် ယခုအချိန်တွင် ဘာမှမသိခဲ့သကဲ့သို့ ဟန်ဆောင်နေစရာမလိုပေ။

သူမသည် သေတ္တာထဲမှ ပစ္စည်းအား အသေအချာထုတ်လိုက်ပြီးသည့်နောက် လီရှီးယန်၏အ‌ရှေ့တွင် ဖြန့်ခင်းလိုက်၏။

“ဆရာ ကြည့်ကြည့်ပါ ဒါက တပည့်ကိုယ်တိုင် ကူးဆွဲထားတဲ့ ကမ္ဘာ့မြေပုံပါ ဆရာနှစ်သက်မယ်လို့

မျှော်လင့်ပါတယ်” ရှဲ့ချောင်သည် တလေးတစားပြောလိုက်၏။ “မူရင်းပုံကတော့ နန်းမြို့တော်ထဲမှာ လောလောဆယ်ရှိနေပါတယ် တကယ်လို့ နောက်များကြည့်ချင်တဲ့အခါ အိမ်ရှေ့စံကိုရှာနိုင်ပါတယ်...သို့ပေမဲ့ မူရင်းပုံက ကြာနေပြီဖြစ်လို့ အောက်ပိုင်းတွေမှာမရှင်းတဲ့အပိုင်းတွေရှိပါတယ် တပည့်ကူးခဲ့တာနဲ့တော့ ကွာနေပါလိမ့်မယ် ဒါက မူရင်းပုံနဲ့တူပေမဲ့ အနည်းငယ်ဖြည့်စွက်ထားတာတွေရှိပါတယ် တချို့ပြဲနေတဲ့ အပိုင်းတွေကို ပိုရှင်းရှင်းလင်းလင်းမြင်ရပါတယ်”

ရှဲ့ချောင်သည် အစကပင် နှစ်ခု ကူးယူပြီးဖြစ်သည်။ထိုနှစ်ခုလုံးသည် မူရင်းနဲ့ တစ်ပုံစံထဲပင်ဖြစ်သည်။

ဤတစ်ခုသည်ကား အနည်းငယ်ပြန်ပြင်ဆင်ထားပြီးမူလပုံနဲ့ အနည်းငယ်တော့ကွာသည်။

သူမ၏ကမ္ဘာ့မြေပုံပုံတူအား ထုတ်ယူပြီးနောက် ရှောင်းယွိရုန်သည် မှင်သက်သွား၏။

“ဆရာတူအစ်မ ဘယ်အချိန်က ဒါကိုကူးလိုက်တာလဲ လွန်ခဲ့တဲ့ရက်အနည်းငယ်က ကျွန်တော်နန်းမြို့‌တော်မှာ စာသင်ချိန်တွေအများကြီးကုန်ခဲ့တာတောင် မြေပုံတစ်ဝက်ပဲပြီးတယ် မပြီးသေးတဲ့ အပိုင်းတွေကျန်နေသေးတာ…”ရှောင်းယွိရုန်သည် အမြန်ပင်ဆက်ပြောခဲ့သည်။ သူ၏လက်ချောင်းများသည် ပန်းချီကားအား ဖြေးညှင်းစွာ ပွတ်သပ်နေ၏။ “ဆရာတူအစ်မဒါကိုကူးခဲ့တာလား တကယ်‌ဟောင်းနွမ်းနေရင် အစစ်လား အတုလားဆိုတာ ခွဲရခက်မှာတောင်စိုးတယ်”

ရှောင်းယွိရုန်သည် ပန်းချီအား တအံ့တသြကြည့်နေလေ၏။

ဤပန်းချီကားသည် ရေးခြစ်ရန်မလွယ်ချေ။သူသည် စတင်မကူးဆွဲခင်က နည်းလမ်းတချို့အား ရက်အနည်းငယ် လေ့ကျင့်နေခဲ့သေးသည်။

သူသည် တခြားအရာများအား အာရုံပင်မထားနိုင်ခဲ့။ မကြာသေးမှီက သခင်များအားလုံးများစုဝေး၍ ပန်းချီဆွဲခြင်းအား သင်ကြားခဲ့ရသည်။

သူတို့သည် အလွန် ဂရုတစိုက်နှင့် အာရုံစူးစိုက်ထားခဲ့ကြရသည်…

•••••

အခန်း ၈၉၉။ တန်ဖိုးဖြတ်မရသော အရာတစ်ခုရှိနေစဥ်

ရှဲ့ချောင်သည်တစ်ခဏမျှ ချိန်ချင်တွေးတောနေခဲ့၏။ ပြီးနောက် သူမသည် ပွင့်ပွင့်လင်းလင်းပင် “ငါက ရှဲ့အိမ်တော်မှာ နေခဲ့တာဆိုတော့ ကမ္ဘာ့မြေပုံကို မင်းတို့မတိုင်ခင်ထဲက ရင်းနှီးပြီးသား ငါ့မှာဘာမှလုပ်စရာမရှိတော့ ပုံတူနှစ်ခုကူးခဲ့တာ နှစ်ခုလုံးက မူရင်းနဲ့တစ်ထပ်ထဲပဲ ဒါပေမဲ့ ငါတွေးတာက ပိုင်လိမိသားစုက ဒီကမ္ဘာမြေပုံဆွဲတုန်းက သူတို့ကအပြည့်စုံဆုံးပုံကိုလိုချင်မှာပဲ ဒါကြောင့် ငါက ပျက်စီးနေတဲ့အပိုင်းတွေကို ပြန်ဖြည့်စွက်ခဲ့တာ”

သူမသည် မူရင်းပန်းချီကားကိုလည်းအလွန်သဘောကျပါသည်။

ကံမကောင်းစွာဖြင့်ပင် ထိုပန်းချီကားအား သူမပိုင်ဆိုင်ရန်ကံမပါ‌ပေ။

သို့သော် ပုံတူပန်းချီကားကောင်းသည်မကောင်း

သည်မှာ သူမ၏ရည်ရွယ်ချက်ပေါ်ပင် မူတည်သည်။

ရှောင်းယွိရုန်သည် သူ၏ဆရာအား အားကျခြင်းဖြင့် ငေးကြည့်နေ၏။

လီရှီးယန်သည် ပန်းချီကားအား စနစ်တကျ ယူလိုက်သည်။ သေသေချာချာ ကြည့်ပြီးနောက် သူသည် ထပ်ခါထပ်ခါချီးကျူးလေသည်။

“မဆိုးပါဘူး ငါမင်းကိုတုန်နေအောင်ချစ်ခဲ့ရတာ အလကားမဖြစ်ဘူးဘဲ”

လီရှီးယန်သည် အမှန်ပင် ပျော်နေခဲ့သည်။ သူသည် သူ၏အကြီးဆုံးတပည့်အား ထိုကဲ့သို့ ကောင်းသောလက်ဆောင်မျိုး ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ထို့အပြင် သူကြိုက်နှစ်သက်သည်များမှာ စုတ်တံများ မှင် စာရွက်များနှင့် မှင်အိုးများပင်ဖြစ်သည်။ သို့သော် နှစ်တွေကြာလာသောအခါ သူသည် နေရာအနှံ့

လှည့်လည်သွားလာ၍ ထိုအရာများအား စုဆောင်းခဲ့သည်။ အများစုမှာ ရှဲ့ချောင်အတွက် သေတ္တာသေးသေးလေးထဲ၌ စုထားလေသည်။

သူသည် နာမည်ကြီးမှင်အိုးတစ်ခုကိုတောင် ထိုသေတ္တာထဲတွင် မည်သူမျှမသိစေရန် တိုးတိုးတိတ်တိတ်ထည့်ထား၏။ သူသည် ရှဲ့ချောင် သူ့အတွက် သင့်တော်သောလက်ဆောင်ရှာမတွေ့နိုင်ဘဲ တခြားသောတပည့်များကြားတွင် သိမ်ငယ်နေရမည်ကိုစိုးရိမ်နေခဲ့သည်။

ဘယ်သူကများ သူ၏တပည့်ကျော်သည် ကမ္ဘာ့မြေပုံအား ရအောင်ယူနိုင်ခဲ့လိမ့်မည်ဟု တွေးမိခဲ့ပါ့မည်နည်း။

ဒါက ပုံစံတူဆိုရင်တောင် ကမ္ဘာ့မြေပုံဖြစ်နေတုန်းပဲ။

လီရှီးယန်သည် ပြုံးနေခဲ့၏။ ဆရာတူမောင်လေးတို့တွင်တော့ ခံစားချက်များရောထွေးနေခဲ့သည်။

အကြီးဆုံးအစ်မ၏လှည့်ကွက်သည် အမှန်ပင် သူတို့အတွက် အဟန့်အတားတစ်ခုပင်။ ထိုမျှတန်ဖိုးကြီးသော တစ်စုံတစ်ခုရှိနေသဖြင့် သူတို့ မည်သည့်လက်ဆောင်ပေးသည်ဖြစ်စေ လုံလောက်လိမ့်မည်မဟုတ်တော့ချေ။

ရှောင်းယွိရုန်သည် အသက်သုံးဆယ်အရွယ် အမျိုးသားတစ်ယောက်ဖြစ်သည်။ သူ၏မျက်လုံးတွင် ခါးသက်မှုတစ်ချို့ ခိုအောင်းနေလေ၏။ သူသည် သူ၏ကဗျာနှင် သစ်သားရုပ်ထုတစ်ခုအား အချိန်ယူ၍ထုတ်ယူလိုက်ပြီး ထိုအရာများအား သူ၏ဆရာဆီသို့ တလေးတစား ကမ်းပေးလိုက်လေသည်။

လီရှီးယန်းသည် သူ၏တပည့်များအကြောင်း ကောင်းစွာသိသဖြင့် ဘာဆက်ဖြစ်မည်ကိုလည်း သိနေခဲ့သည်။

သို့သော် သူသည် သစ်သားရုပ်ထုအားမြင်သောအခါ လီရှီးယန်းသည် ရှဲ့ချောင်အား အံ့သြတစ်ကြီး ကြည့်လိုက်လေသည်။

“မင်းဒါကိုထွင်းထားတာမဟုတ်လား” လီရှီးယန်သည်ရှဲ့ချောင်အား ကြည့်၍မေးလိုက်၏။

ရှဲ့ချောင် ခေါင်းညိတ်ခဲ့သည်။ “ဟုတ်ပါတယ် တပည့်ဆိုင်မှာ ရောင်းတာပါ”

အဲ့တာတွေ အကုန်လုံးက…သေပြီးသားသူတွေအတွက်ကြီးပဲ။

သူမသည် သူမ၏အကြီးဆုံး ဆရာတူမောင်လေးအား ထိုမျှသတ္တိရှိသည်ဟုမမျှော်လင့်ခဲ့ပေ။ သူ သူမ သေသူတွေအတွက် မီးပူဇော်ပေးသော သစ်သားရုပ်အားယူ၍ ဆရာအားပေးလိုက်လေသည်။

“ဆရာတူအစ်မက ဘယ်လိုဆိုင်မျိုးဖွင့်ထားတာလဲ” ကျန်းကျင်လုသည် အလွန်သိချင်စိတ်ပြင်းပြနေခဲ့သည်။

ရှောင်းယွိရုန်သည်ထိုစကားကြားသောအခါ ခဏမျှ မှင်သက်သွား၏။ သူသည် သူ၏ဆရာတူ

အစ်မသည် သူ့အားပြုံးကြည့်နေသည်ကိုတွေ့သောအခါ ထူးဆန်းသွားခဲ့သည်။ “ဆရာ ကျွန်တော် အသိပညာမဲ့ခဲ့ပါတယ် ဆရာတူအစ်မ ထွင်းတဲ့သစ်သားရုပ်ထုတွေကလှတယ်လို့တွေးခဲ့လို့ အကောင်းဆုံးတစ်ခုကိုရွေးပြီးဆရာ့ကိုပေးခဲ့တာပါ ကျွန်တော် ကျွန်တော် ဆရာတူအစ်မက အာသုဘ ပစ္စည်းတွေရောင်းတယ်ဆိုတာ ကျွန်ုပ်မေ့သွားခဲ့တာ”

သူ၏ဆရာတူအစ်မ၏ သစ်သားထွင်းရုပ်တုများသည် အလွန်ကောင်းသည်။ သူ ဒီအရာကို ထောင်ပေါင်းများစွာသော ရွေးချယ်မှုများထဲမှ ရွေးခဲ့ရခြင်းဖြစ်သည်။

ထိုအရာသည် အဆောက်အအုံ တစ်ခုအတွင်းထွင်းထားခြင်းဖြစ်သည်။ အဆောက်အအုံမှာ အလွန်ထူးခြားသည်။ နတ်ပြည်နှင့်ပင်တူနေ၏။ ထိုအရာသည် လောကီရေးရာများနှင့် ဖြည့်စွက်ထားပြီး တခြားတစ်ဖက်တွင် တိမ်ပုံစံများရှိလေသည်။ အလွန်လှလွန်းသည်။

ထိုအရာ၏မူလ ရည်ရွယ်ချက်ကို အလွယ်တကူပင်မေ့နိုင်လေသည်။

ရှောင်းယွိရုန်သည် အလွန်အမင်း မျက်နှာနွမ်းနေလေသည်။ ရှဲ့ချောင်သည် သူ့အား ဂရုဏာသက်စွာကြည့်လိုက်လေသည်။ ကျန်းကျင်လုမှာ အံ့သြသွား၏။ သူသည် သူ၏ဆရာတူအစ်မ၏ဆိုင်သည် ထိုကဲ့သို့ ပစ္စည်းများရောင်းသည်မှန်း အမှန်တကယ် မသိခဲ့ချေ။

ဒါ့အပြင် ဆရာတူအစ်ကိုရှဲ့က ဆရာတူအစ်မဆိုင်မှာ အဆောင်တွေ‌ရောင်းတာလို့ ‌ပြောခဲ့သည် မဟုတ်ပါလား။

သူသည် သူမသည် ဘာကြောင့်များ အဆောင်များကို ထိုကဲ့သို့လှပသော အပြင်အဆင်နှင့်ရောင်းရသည်ကို နားမလည်နိုင်ခဲ့ပေ။

“မစိုးရိမ်ပါနဲ့ ငါကဒါကို မင်းဆီက လက်ဆောင်ကောင်းလို့ပဲ တွေးပါတယ်။ ဒါက မင်းကသေချာတွေးခဲ့ပြီး မင်းဆရာတူအစ်မ ထွင်းထားတာမလို့

တန်ဖိုးကြီးတယ် ဒါကိုဘာအတွက်သုံးတယ်ဆိုတာကအရေးမကြီးပါဘူး မင်းသူများတွေအတွက် ဂရုစိုက်တဲ့အခါ နောက်ကျရင်တော့ ဂရုစိုက်ဖို့လိုတယ်” လီရှီးယန်သည် ဒေါသမထွက်ခဲ့ပါ။

သူ၏တပည့်သည် အသက်သုံးဆယ်အရွယ်ဖြစ်နေသော်ငြား သူသည် ထူးချွန်သူများကြားတွင်တော့ အသက်မကြီးသေးပေ။ အများစုမှာ သူ၏အရွယ်တွင် ပညာသင်ဆဲဖြစ်သော်လည်း ရှောင်းယွိရုန်သည် ဆရာတစ်ယောက်ဖြစ်နေခဲ့ပြီးပြီ။

သူထိုကဲ့သို့လုပ်နိုင်ခဲ့ခြင်းသည် နှစ်ပေါင်းများစွာကြိုးစားအားထုတ်မှုကြောင့်ဖြစ်ပေသည်။ သူသည် တချို့အရာများအား လျစ်လျှူရှုသည်မှတပါး မတတ်နိုင်။ သူ တစ်စုံတစ်ခုအားအမှားလုပ်ခြင်းသည် နားလည်နိုင်ဖွယ်ရှိပါသည်။

••••

အခန်း ၉၀၀။ သွေးကြောက်ခြင်း

လင်းရှီးယန်စကားဆုံးသောအခါ ရှောင်းယွိရုန်သည် စိတ်သက်သာရာရသွားခဲ့သည်။

လင်းရှီးယန်သည် သူ၏ဆောင်းပါးအား တဖန်ပြန်ဖတ်နေခဲ့၏။ နောက်ဆုံးတော့ သူသည် သူ၏အလုပ်သင်ကာလပြီးဆုံးသွားသော တပည့်ပင်ဖြစ်သည်။ ဆောင်းပါးတွင် ဘာမှအမှားမရှိပါ။ အလွန်ဖတ်ကောင်းပါသည်။

ထို့နောက် အိမ်‌ရှေ့စံမင်းသား၏ လက်ဆောင်ရောက်လာ၏။

ကျောက်ရွှမ်ကျင်းသည် တဲ့တိုးဆန်ဆန်ပင်။ သူသည် ရွှေသေတ္တာတစ်ခုအား ယူဆောင်လာခဲ့သည်။

ရွှေ‌ရောင်သည် မျက်စိပဒါသဖြစ်လှသည်။ ရှဲ့ချောင်သည် တွေ့တွေ့ချင်း အံ့သြမှင်သက်သွား၏။ ကံကောင်းစွာဖြင့် သူမသည် ကိုယ့်ကို

ကိုယ် တာအိုဆရာမှန်းသတိရသေးသည်။ သူသည် တံတွေးတစ်ချက်မြိုချလိုက်ပြီး တစ်ဖက်လှည့်သွားလေသည်။ “လှည်းက နစ်ဝင်နေတဲ့ အရာတွေကျန်ခဲ့တာမဆန်းပါဘူး ဒါကြောင့်ကို…”

“ဆရာက တစ်နှစ်ပတ်လုံး အလုပ်တွေကြိုးစားပြီးလုပ်နေရတာ ရွှေက ပြဿနာကိုဖြေရှင်းပေးနိုင်တယ် အခြေတကျဖြစ်စေတယ် လူတစ်ယောက်ရဲ့ဘဝကိုတောင် ထူထောင်လို့ရတယ် ရွှေက အားအကိုးရဆုံးနဲ့ အသုံးဝင်ဆုံးပစ္စည်းပဲ ဆရာတူအစ်မမော့ နဲ့ ဆရာတူအစ်ကိုရှောင်တို့က တခြားရတနာတွေကို ပြင်ဆင်လာမှာပဲလေ ကျွန်တော့်လက်ဆောင်ကတော့ ဒါနဲ့ဆိုလုံလောက်ပါတယ်” ကျောက်ရွှမ်ကျင်းသည် ပုံမှန်အတိုင်းပြုံးနေလေသည်။ သူ့ကိုကြည့်ရသည်မှ အလွန်တရာ လွတ်လပ်‌ပေါ့ပါးနေလေသည်။

‌ရွှေသည် ပေါပေါပဲပဲပင်။

သို့သော် မည်သူကများ အိမ်ရှေ့စံမင်းသား ပေးသော ရွှေသည် အပေါစားပါဟု ပြောရဲပါမည်နည်း။

ထို့အပြင်သူမသည်လည်း ထိုအပေါစားပစ္စည်းကို လိုချင်သည်လေ!

“မှန်တယ် ထူးချွန်သူတွေက ပစ္စည်းဥစ္စာ မမက်ရဘူးဆိုပေမဲ့လည်း သူတို့လည်းအသက်ရှင်ဖို့ စားသောက်ဖို့လိုတယ် ရွှေနဲ့‌ငွေက မရှိမဖြစ်ပဲ အရှင့်သားပေးတဲ့လက်‌ဆောင်ကသင့်တော်ပါတယ်” လီရှီးယန်သည် သမာသမတ်ကျသည်။

သူမ၏ဆရာအားလက်ဆောင်ပေးပြီးနောက် ရှဲ့ချောင်သည် သူမ၏ဆရာတူမောင်‌လေးများအတွက် နှုတ်ဆက်လက်ဆောင်ယူလာရန်လည်း မမေ့‌‌‌ပေ။

စန်းယောင်သည် ဖျားနေသည့်အတွက် သူ့အတွက် လက်ဆောင်အား အချိန်တစ်ခုထိ သူမသာ သိမ်းထားပေးမည်။ ကျန်းကျင်လုအတွက်

ကတော့

ရှဲ့ချောင်သည် သေတ္တာငယ်တစ်ခုအားထုတ်ယူလိုက်ပြီး ကမ်းပေးလိုက်၏။

ကျန်းကျင်လုသည် အနည်းငယ်ရှက်နေသေးသည်။ ပြီးနောက် သူ၏ဆရာတူအစ်မအပေါ်တွင်လည်း သံသယရှိနေသေးသည်။ ယခုတွင် သူသည် ထိုလက်ဆောင်အားလက်ခံချင်နေပြန်သည်ကို အနည်းငယ်ရှက်စရာဟု ထင်နေသည်။ သို့သော် သူရှေ့ရှိလူမှာ နောက်ဆုံးတော့ သူ၏ဆရာတူအစ်မဖြစ်သည်။ သူမယူလျှင် သူသည် မလိမ်မာရာရောက်လိမ့်မည်။

ကျန်းကျင်လုသည် သေတ္တာလေးအားယူလိုက်၏။

သူ၏ဆရာ မျက်စိရှေ့တွင်ပင် သူသည် ဖွင့်လိုက်သည်။

သူအထဲတွင်တွေ့ရသည်မှာ အနီ‌ရောင်… အဆာပြေမုန့်တွေလား?

ရှဲ့ချောင်သည် ကြင်ကြင်နာနာပြုံးပြလိုက်သည်။ “မင်းကအသက်မကြီးသေးဘူး ကလေးပဲရှိသေးတာဆိုတော့ ချိုတဲ့အရာတွေကြိုက်မှာပဲ ဒါကြောင့်မလို့ ငါ မနေ့ညကပြန်လာလာချင်း တစ်ယောက်ထဲ လှည်းနဲ့အိုးသွားယူပြီး ဒီအနီ‌ရောင်မုန့်ဖုတ်လာတာ ဆရာတူမောင်လေး စားကြည့်ပြီး အရသာရှိလားပြောပါအုံး”

ကျန်ကျင်းလုသည် မီးကဲ့သို့ရဲနေသော အနီ‌ရောင်တွေ့ပြီး ခေါင်းကိုက်လာရသည်။

အနီသည် သူ မကြိုက်ဆုံးအရောင်ဖြစ်သည်။

သို့သော် သူ၏ဆရာနှင့် တခြားသူအားလုံးတို့သည် သူ့အားစိုက်ကြည့်နေခဲ့သည် ထို့အပြင် သူသည် သူ၏ဆရာတူအစ်မအား မလေးမစားမလုပ်ချင်ပါ။ ကံကောင်းသည်မှာ ထိုအရာက အဆာပြေမုန့် တစ်ခုပင် ဆိုတော့…

သူသည် သူ့ကိုယ်သူ အားတင်း၍ တစ်ကိုက်ကိုက်

လိုက်၏။

ထိုမုန့်မှာ လက်တစ်ဖဝါးစာသာရှိသော်ငြား ပုံကြီးချဲ့ထားသော လမုန့်ကြီးကဲ့သို့ပင်။ ထိုအရာသည် အနီ‌ရောင်ဖြစ်သော်လည်း ပုံစံမှာတော့ အတော်လှပါသည်။

သို့သော် တစ်ကိုက်ကိုက်ပြီးနောက် ကျန်းကျင်လုသည် ဆန်ပြုတ်စားနေရသကဲ့သို့ခံစားခဲ့ရသည်။ ထို့နောက် သူသည် အဆာပြေမုန့်အတွင်းတွင် တစ်ခုခုစီးဆင်းနေသည်ကို သတိပြုမိခဲ့သည်။ ထိုသည်သာမက မုန့်အပြင်ဘက်ကိုပင် လျှံကျနေလေသည်။ သူမျက်မှောင်ကြုတ်ပြီးကြည့်လိုက်ရာ....

“သွေး!!!!”

သူသည် လက်သီးဆုပ်ပြီးနောက် မခံနိုင်တော့ဘဲ သတိလစ်သွားတော့သည်။

ရှဲ့ချောင်သည် အံ့သြသွားသည်။ “ဆရာတူမောင်

လေး မင်းမှာတကယ် သွေးကြောက်ရောဂါရှိတာလား ငါ့ကို ဆရာတူမောင်လေး အိမ်ရှေ့စံမင်းသားပြောတုန်းက မယုံခဲ့ဘူး ငါအဲ့တာကို ဒီလောက်ပြင်းထန်မယ်လို့ မထင်ထားခဲ့ဘူး”

“သူ့အရင်တုန်းက ပြဿနာထက်တော့ ပိုကောင်းလာပါပြီ အရင်ကဆို သူက နီတာတောင်မြင်လို့မရဘူး မြင်ရင် ခေါင်းတွေတအားကိုက်လာတာ သူအခုသတိလစ်သွားတာ ဆရာတူအစ်မရဲ့ အနီရောင်မုန့်ထဲက ပါဝင်ပစ္စည်းတွေကြောင့်ဖြစ်လောက်တယ် အဲ့တာကသွေးနဲ့တူနေတာ…” ရှောင်းယွိရုန်သည်လည်း အံ့သြသွားခဲ့သည်။ သူတို့၏ဆရာတူအစ်မသည် ထိုကဲ့သို့ လုပ်ရပ်ဆိုးအား တကယ်ပင်လုပ်နိုင်လေသည်။

သူ၏ငါးယောက်မြောက်ညီ မဆိုထားနှင့် သူတောင်မှ အံ့သြသွားသည်။ သူသည် သူ၏ဆရာတူညီလေး မတော်တဆ လျှာကိုက်မိလိုက်ပြီ ထင်ခဲ့သည်။

“ငါက ပန်းနဲ့သစ်သီးဖျော်ရည်အချို့ပဲ သုံးထား

တာပါ” ရှဲ့ချောင်သည် ပုံမှန်အတိုင်းပြောလိုက်လေသည်။ ထို့နောက် သူမသည် မျက်ခုံးပင့်သွားပြီးမြေပြင်ပေါ်တွင် လဲနေသူအားကြည့်လိုက်သည်။ သူမသည် ခံစားချက် ပိုကောင်းသွားလေ၏။

“ဆရာတူမောင်လေးက သတိလစ်သွားပြီဆိုတော့ သူ့ကိုမစောင့်ကြတော့ဘဲ အရင်လမ်းလျှောက်ထွက်ကြစို့”

•••••

All Chapters