← Chapters

အခန်း (၈၈၅-၈၈၆)

Vol. 87 Ch. 885-886

အခန်း (၈၈၅-၈၈၆)

Vol. 87 Ch. 885-886

အခန်း (၈၈၅) အမှန်တရား

လုံချန်းသည် ရှေ့သို့ အေးအေးလူလူ လျှောက်လှမ်းသွားရင်း နောက်သို့ လှည့်မကြည့်ဘဲ လက်တစ်ချက် ဝှေ့ယမ်းကာ တစ်စုံတစ်ယောက်ကို စကားပြောနေသကဲ့သို့ ဆိုလိုက်၏။ "အလောင်းတွေကို နင်တို့ရဲ့ သိုလှောင်လက်စွပ်ထဲ ထည့်ထားလိုက်ကြ။ ဒီနေရာကို သန့်သန့်ရှင်းရှင်း ထားခဲ့ဖို့ လိုတယ်။ တခြားတစ်နေရာရောက်မှပဲ အဲဒါတွေကို လွှင့်ပစ်ကြတာပေါ့"

"ကောင်းပါပြီ" မင်ယုနှင့် မင်လန်တို့က သွေးစွန်းနေသော ဓားများကို ကိုင်စွဲလျက် အလောင်းများအနားတွင် ရပ်ရင်း ပြိုင်တူ ဖြေလိုက်ကြသည်။ သူတို့သည် အလောင်းများကို သိုလှောင်လက်စွပ်အတွင်း သိမ်းဆည်းလိုက်ပြီးနောက် လုံချန်း၏ နောက်သို့ အပြေးလိုက်ခဲ့ကြ၏။

မိန်းကလေးနှစ်ဦးမှာ လုံချန်းကို မှီသွားသောအခါ သူ၏ ဘေးတစ်ဖက်တစ်ချက်တွင် ယှဉ်တွဲ၍ လျှောက်လှမ်းကြတော့သည်။

"ဒါနဲ့... အခု ငါတို့ ဘယ်ကို ရောက်နေတာလဲ" မင်ယုက လုံချန်းကို မေးလိုက်၏။

သူမသည် အပြင်သို့ ထွက်လာသည်နှင့် ထိုလူရမ်းကားများနှင့် တိုးခဲ့ရသဖြင့် လုံချန်းကို မည်သည်မျှ မမေးမြန်းရသေးချေ။

လုံချန်းက သူမ၏ မေးခွန်းကို တိုက်ရိုက် မဖြေဘဲ ပြန်မေးလိုက်သည်။ "မင်ယု... နင် ဒီနေရာကို မှတ်မိလား"

"ဟင့်အင်း... မမှတ်မိဘူး" မင်ယုက ခေါင်းယမ်းကာ ဖြေ၏။ "ငါတို့ ဒီကို အရင်က ရောက်ဖူးလို့လား။ ငါထင်တာကတော့ ငါတို့ အခုလောက်ဆို တော်ဝင်မြို့တော်ကို ရောက်နေလောက်ပြီလို့ပဲ"

"ဒါဟာ ကြယ်တာရာ အင်ပါယာရဲ့ တော်ဝင်မြို့တော်ပဲ" လုံချန်းက ဖြေလိုက်ရာ မင်ယုမှာ မှင်တက်သွားရတော့သည်။

မင်ယုမှာ အံ့သြတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်ရသည်။ "ဟင်... မြို့က နှစ်နည်းနည်း အတွင်းမှာပဲ ဒီလောက်တောင် ပြောင်းလဲသွားတာလား။ ငါ လုံးဝကို မမှတ်မိတော့ဘူး"

ဤကဲ့သို့သော မြို့မျိုး ရှိခဲ့သည်ကို သူမ မမှတ်မိသော်လည်း လုံးဝ မဖြစ်နိုင်ဟုတော့ မယူဆချေ။ အချိန်အတော်ကြာခဲ့ပြီ ဖြစ်ရာ သူမ မေ့လျော့နေခြင်းလည်း ဖြစ်နိုင်သည် မဟုတ်လော။

"မင်ယု... ငါတို့ တစ်ခုခုကို စုံစမ်းသိရှိထားတယ်။ ဒါက မင်းအတွက် စိတ်မကောင်းစရာ ဖြစ်နိုင်ပေမဲ့ ငါတို့ကတော့ အတည်ပြုပြီးသားပါ" လုံချန်းက ဆိုကာ သူတို့ ဤနေရာသို့ ရောက်ရှိလာပြီးနောက် ဖြစ်ပျက်ခဲ့သမျှ အလုံးစုံကို ပြောပြလိုက်လေတော့သည်။

"အင်ပါယာ နှစ်ခုလုံးက မရှိတော့ဘူး ဟုတ်လား။ အဲဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" သူမက မယုံကြည်နိုင်စွာဖြင့် ရေရွတ်လိုက်၏။

"ငါ လိမ်နေတယ်လို့ ထင်ရင် သူတို့ကို မေးကြည့်လို့ ရတယ်" လုံချန်းက ဆိုသည်။

"ဟင့်အင်း... ငါ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး။ နင့်ကို ငါ ယုံပါတယ်" မင်ယုက တစ်ဖက်လူ နားလည်မှု မလွဲစေရန် လက်ကာပြရင်း ဆိုလိုက်၏။

"နင် သတိမထားမိဘူးလား။ အစောင့်တွေ အများကြီး ငါတို့ကို မြင်ခဲ့ကြပေမဲ့ သူတို့ရဲ့ မျက်နှာမှာ ဘာအမူအရာမှ မပြောင်းလဲဘူး။ ကြည့်ရတာ သူတို့ နင့်ကို မမှတ်မိကြဘူးဆိုတာ ထင်ရှားနေတာပဲ။ တကယ်လို့ ဒါဟာ နင့်ရဲ့ အင်ပါယာသာ ဆိုရင် အစောင့်တွေက နင့်ကို မြင်ဖူးကြမှာပဲ။ နင် ပျောက်ဆုံးသွားခဲ့တာဆိုတော့ နင့်ရဲ့ ပုံတွေကို နေရာအနှံ့မှာ ကပ်ထားမှာပေါ့"

"တကယ်လို့ နင် ပျောက်ဆုံးနေတာဆိုရင် နင့်ရဲ့ ပုံကို မမြင်ဖူးတဲ့သူ ရှိမှာ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ အဲဒီလိုမျိုး တစ်ခုမှ မရှိဘူး။ ဒါကို ကြည့်ရင် ဒီကြယ်တာရာ အင်ပါယာဟာ နင်သိခဲ့တဲ့ အင်ပါယာ မဟုတ်ဘူးဆိုတာ ထင်ရှားနေတာပဲ" လုံချန်းက ရှင်းပြလိုက်သည်။

"အရင်ကတော့ သူတို့တွေ သမိုင်းကြောင်းကို လိမ်နေကြတာလို့ ငါ ထင်ခဲ့သေးတယ်။ ဒါပေမဲ့ နင့်အပေါ် သူတို့ရဲ့ လျစ်လျူရှုမှုကို မြင်လိုက်ရတဲ့အခါမှာတော့ အဲဒီထင်မြင်ချက်က မှားနေပြီဆိုတာ သေချာသွားပြီ။ ဒါဆိုရင် နောက်ထပ် ဖြစ်နိုင်ခြေ သုံးခုပဲ ကျန်တော့တယ်။ အဲဒီထဲမှာ အထင်ရှားဆုံး ဖြစ်နိုင်ခြေကတော့ နင်ဟာ အတိတ်ကနေ ရောက်လာတာပဲ" သူက ဆိုလိုက်၏။ မင်ယုမှာမူ မှင်တက်လျက်ပင် ရှိနေသေးသည်။

"ငါက အတိတ်ကနေ လာတာလား။ အင်ပါယာတွေ ရှိနေသေးတဲ့ အချိန်တုန်းကပေါ့" မင်ယုက အလေးအနက် စဉ်းစားရင်း ရေရွတ်လိုက်၏။

"နေပါဦး... နင် လာခဲ့တဲ့ ခုနှစ်ကို ပြောပြပါလား။ ဒါဆိုရင် ငါတို့ အဖြေရနိုင်မလား သိရတာပေါ့" လုံချန်းက မေးလိုက်သည်။

"ကျင်ရှီး ပြက္ခဒိန်အရ ၉၃၅ ခုနှစ်" မင်ယုက ဖြေလိုက်၏။

"ကောင်းပြီ... ဒီမှာ ဘယ်ပြက္ခဒိန်ကို သုံးလဲ၊ နင် ပြောတဲ့ ခုနှစ်ကနေ အခုအထိ ဘယ်လောက် ကြာသွားပြီလဲဆိုတာ ငါ တခြားလူတွေကို မေးကြည့်မယ်" လုံချန်းက ခေါင်းညိတ်ကာ ဆိုလိုက်သည်။

သူသည် ဗဟုသုတ ရှိပုံရသော လူတစ်ဦးကို တွေ့ရှိသဖြင့် ထိုလူထံသို့ လျှောက်သွားလိုက်၏။ မင်ယုနှင့် မင်လန်တို့ကလည်း နောက်မှ လိုက်ပါလာကြသည်။

"ဘာကိစ္စရှိလို့လဲ" လုံချန်း တားလိုက်သော သာမန်လူကြီး တစ်ဦးက မေးလိုက်သည်။ သူသည် အတားခံရသဖြင့် စိတ်မကြည်ပုံရသော်လည်း ရန်တော့ မရှာချေ။

"ဒါက ဘယ်ခုနှစ်လဲဆိုတာ ပြောပြနိုင်မလား။ ပြီးတော့ ကျင်ရှီးပြက္ခဒိန် ၉၃၅ ခုနှစ်ကနေ အခုအထိဆိုရင် ဘယ်လောက်တောင် ကြာသွားပြီလဲခင်ဗျာ" လုံချန်းက မေးလိုက်၏။

"ကျင်ရှီး ပြက္ခဒိန် ဟုတ်လား။ အဲဒါက ဘာလဲ။ ဒီအင်ပါယာကို တည်ထောင်ကတည်းက ငါတို့က အိမ်မက်ပြက္ခဒိန်ကိုပဲ သုံးလာတာ။ အခုက ဒုတိယ ထောင်စုနှစ်ရဲ့ ၂၁၂ ခုနှစ်လေ။ မင်း အဲဒါကိုတောင် မသိဘူးလား။ ကျောင်းတွေ၊ ဂိုဏ်းတွေမှာ သွားပြီး မသင်ခဲ့ဘူးလား" ထိုလူကြီးက သရော်ကာ ခေါင်းယမ်းလိုက်၏။

"အိမ်ပြန်ပြီး စာဖတ်စမ်းပါ။ ဒီလို အခြေခံအချက်တွေကို သူများကို လိုက်မေးမနေနဲ့" ထိုသို့ ဆိုကာ သူသည် ထွက်ခွာသွားတော့သည်။

ထိုလူ ထွက်သွားသော်လည်း သူ၏ အသံမှာ နောက်တွင် ကျန်ရစ်နေဆဲ ဖြစ်၏။ "ဟင်း... နောက်မျိုးဆက်တွေကတော့ တကယ့်ကို အခြေအနေ ဆိုးနေပြီပဲ"

"ဒါဆိုရင် နင် အနာဂတ်ကို ရောက်လာတယ်ဆိုတဲ့ ဖြစ်နိုင်ခြေက မဟုတ်တော့ဘူး။ နင်ပြောတဲ့ ပြက္ခဒိန်ဆိုတာ ဒီတိုက်ကြီးမှာ တစ်ခါမှ မသုံးဖူးဘူး။ ဒါကြောင့် နင် အတိတ်က လာတာလည်း မဖြစ်နိုင်ဘူး" လုံချန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။

"အဲဒီတော့ ယုံကြည်ရတဲ့ ဖြစ်နိုင်ခြေ တစ်ခုပဲ ကျန်တော့တယ်။ မင်ယုက တခြား လူသားလောက တစ်ခုကနေ လာတာပဲ ဖြစ်ရမယ်"

"ဒါ... ဒါက..." လုံချန်း၏ စကားကြောင့် မင်ယုမှာ ပို၍ပင် မှင်တက်သွားရတော့သည်။ မင်လန်မှာမူ ဤဖြစ်နိုင်ခြေကို ကြိုတင် ကြားဖူးထားသဖြင့် သိပ်ပြီး အံ့သြပုံ မရချေ။

မင်ယု၏ ခြေထောက်များမှာ ထုံကျဉ်သွားကာ ရှေ့သို့ ဆက်မတိုးနိုင်တော့ချေ။ သူမသည် မကြာခင် အိမ်ပြန်ရောက်တော့မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အရာရာမှာ ပြိုလဲပျက်စီးသွားခဲ့ပြီ ဖြစ်၏။ အိမ်ပြန်ဖို့ မပြောနှင့် သူမ၏ အိမ်သည်ပင် ဤကမ္ဘာပေါ်တွင် ရှိမနေခဲ့ချေ။

"တကယ်လို့ အဲဒီလိုဆိုရင် သူ သူ့ရဲ့ အင်ပါယာဆီကို ပြန်သွားလို့ မရတော့ဘူးဆိုတဲ့ အဓိပ္ပာယ်လား" မင်လန်က မင်ယု၏ ဘေးတွင် ရပ်ရင်း မေးလိုက်သည်။ သူမသည် မင်ယု စိတ်သက်သာရာ ရစေရန် ကျောပြင်ကို ခပ်ဖွဖွ ပွတ်သပ်ပေးနေမိ၏။

"စိတ်မပူပါနဲ့။ အခုက မျှော်လင့်ချက် ကုန်ရမယ့် အချိန်မဟုတ်သေးဘူး။ နင့်ရဲ့ အိမ်ကို ငါတို့ ရှာတွေ့နိုင်ဦးမယ်လို့ ငါ ယုံကြည်တယ်။ အချိန်တော့ နည်းနည်း ပိုကြာကောင်း ကြာနိုင်ပေမဲ့ နင့်ရဲ့ အိမ်ကို ငါ မဖြစ်ဖြစ်အောင် ရှာပေးပါ့မယ်" လုံချန်းက အားပေးလိုက်သည်။

"ဘယ်လိုလုပ် ရှာမှာလဲ။ အဲဒါ ဘယ်ကမ္ဘာမှာလဲဆိုတာတောင် ငါတို့ မသိတာကို" မင်လန်က ဇဝေဇဝါဖြင့် မေးလိုက်၏။

"ငါတို့ မသိပေမဲ့ မင်ယု သိမှာပေါ့။ အရင်ကတော့ သူက ငါတို့ ကမ္ဘာကပဲလို့ ငါ ထင်ခဲ့လို့ သူ့ကမ္ဘာရဲ့ နာမည်ကို မမေးခဲ့မိဘူး။ အခုတော့ မေးကြည့်ဖို့ လိုလာပြီ။ လူသားလောကပေါင်း ထောင်ချီ ရှိနိုင်ပေမဲ့ နာမည်တူတာကတော့ နည်းနည်းပဲ ရှိမှာပါ။ တကယ်လို့ သူ့ကမ္ဘာက ဒီကမ္ဘာနဲ့ နာမည်မတူဘူးဆိုရင် ငါတို့ ရှာတွေ့နိုင်မှာပါ" လုံချန်းက အစီအစဉ်တစ်ခုကို စဉ်းစားရင်း ပြောလိုက်သည်။

မင်ယုလည်း ထိုအခါမှ သတိရသွားကာ ခေါင်းမော့ကြည့်လိုက်၏။ သူမသည်လည်း ဤဂြိုဟ်၏ နာမည်ကို မမေးခဲ့သလို လုံချန်းကလည်း သူမ ဂြိုဟ်နာမည်အား မမေးခဲ့ချေ။ သူတို့ နှစ်ဦးစလုံးသည် ကမ္ဘာတစ်ခုတည်းက တိုက်ကြီးများသာ ကွဲပြားနေသည်ဟု ထင်မှတ်ခဲ့ကြခြင်း ဖြစ်သော်လည်း အခုမှသာ သူတို့ မှားယွင်းနေကြောင်း သိလိုက်ရခြင်း ဖြစ်သည်။

"ငါ့ရဲ့ ဂြိုဟ်နာမည်က ဖုန်းရှုပါ" သူမက လုံချန်းကို ပြောလိုက်၏။

ထိုနာမည်ကို ကြားလိုက်ရချိန်တွင် လုံချန်းမှာ အတွေးနက်သွားတော့သည်။ ဤကမ္ဘာ၏ နာမည်နှင့် မတူသဖြင့် ၎င်းမှာ တကယ့်ကို အခြားဂြိုဟ်တစ်ခု ဖြစ်နေပေတော့မည်။

'ရွှင်း... ဖုန်းရှုဆိုတဲ့ ဂြိုဟ်ကို နင် သိလား' သူက သူ၏ စိတ်အာရုံဖြင့် ရွှင်းကို မေးလိုက်၏။ ဤလောကသည် မည်သည့်နေရာတွင် ရှိမှန်း သူ မသိချေ။

"အင်း... ဖုန်းရှုကို ငါ သိပါတယ်။ ငါ မှတ်မိသလောက်ဆိုရင် ထျန်းရှန်နဲ့ ငါ အဲဒီကို ရောက်ဖူးတယ်။ အဲဒီကမ္ဘာရဲ့ ချီစွမ်းအင်က ဒီကမ္ဘာနဲ့ အတော်လေးကို ဆင်တူတယ်" ရွှင်းက ပြန်ဖြေလိုက်လေသည်။

အခန်း (၈၈၆) သူတော်စင်ဘုရင် ရှန်းဝူ

"အဲဒီကမ္ဘာက ဒီလောကနဲ့ အတော်လေး ဆင်တူတာပဲ။ ဘာတွေကွဲပြားလဲလို့ နင်မေးရင်တောင် ငါ အတိအကျ မပြောပြနိုင်လောက်အောင်ပါပဲ။ ဒီခရီးတစ်လျှောက်မှာလည်း ဒီကမ္ဘာက ငါတို့ကမ္ဘာနဲ့ ဘယ်လောက်တောင် တူလဲဆိုတာ ငါ တွေးနေမိတာ။ ငါ့အထင်တော့ ဒီကမ္ဘာက ငါတို့ကမ္ဘာထက် နည်းနည်းလေး ပိုသေးတယ်လို့ ထင်တာပဲ" မင်ယုက ဆက်ပြောလိုက်၏။

"အဲဒီကို သွားဖို့ ဖြတ်လမ်းရော ရှိလား" လုံချန်းက မေးလိုက်သည်။

လုံချန်းသည် မင်ယုကို မေးခွန်း မေးနေစဉ်မှာပင် အနီးအနားရှိ ဆိုင်တစ်ဆိုင်မှ ထွက်လာသော လူတစ်ယောက်ကို ရုတ်တရက် သတိပြုမိသွား၏။

ထိုသူသည် ဒိုင်းလွှားပုံစံ ဆွဲကြိုးတစ်ကုံးကို ဆွဲထားသည့် လူငယ်တစ်ဦး ဖြစ်ပေသည်။ ပုံမှန်အားဖြင့်ဆိုလျှင် လုံချန်းသည် အဖိုးတန်ပစ္စည်းလေး တစ်ခုကို မြင်ရရုံနှင့် ဤမျှ ထိတ်လန့်သွားမည် မဟုတ်သော်လည်း ယခုမူကား မတူတော့ချေ။ အဘယ်ကြောင့်ဆိုသော် ထိုဒိုင်းလွှားပုံစံ ဆွဲကြိုးသည် သူ၏ ဇာတိကမ္ဘာရှိ သူတော်စင်ဘုရင် ရှန်းဝူ၏ ဂူသင်္ချိုင်းအတွင်းသို့ ဝင်ရောက်နိုင်မည့် တံဆိပ်ပြား တစ်ခု ဖြစ်နေခြင်းကြောင့်ပင်။

ထိုဂူသင်္ချိုင်း၏ နံရံဆေးရေးကားများပေါ်တွင် ဤပစ္စည်း၏ ပုံစံကို သူ မြင်ဖူးထားခဲ့ရာ ၎င်းသည် ဂူသင်္ချိုင်းအတွင်း ဝင်ရောက်နိုင်မည့် သော့ချက်ဖြစ်ကြောင်း သူ သိထားနှင့်ပြီး ဖြစ်၏။ ယခုမူ ထိုအရာသည် သူ၏ မျက်စိရှေ့မှောက်သို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဂူသင်္ချိုင်းစောင့်၏ အဆိုအရ ရှန်းဝူ၏ ဂူသင်္ချိုင်းထဲ ဝင်နိုင်ရန် အချက်နှစ်ချက် လိုအပ်ပေသည်။ ပထမတစ်ခုမှာ သူ၏ လက်ထဲတွင် ရှိနှင့်ပြီးသား ဖြစ်သော သူတော်စင်ဘုရင်ဓား ဖြစ်ပြီး ဒုတိယတစ်ခုမှာမူ ထိုဆွဲကြိုးပင် ဖြစ်၏။

'ဒီသော့ကို ရှာတွေ့ဖို့ ငါ မျှော်လင့်ချက် လုံးဝ စွန့်လွှတ်ထားခဲ့တာ။ ဒါပေမဲ့ အခုတော့ ဒါကို ရှာတွေ့လိုက်ပြန်ပြီ။ ဒါက ဘယ်လိုဖြစ်ပြီး ဒီနေရာကို ရောက်နေရတာလဲ' သူ တွေးနေမိသည်။

သူသည် ထိုဆွဲကြိုးကို တစ်စုံတစ်ခုနှင့် လဲလှယ်နိုင်မလားဟု မေးရန် လူငယ်ထံသို့ လျှောက်သွားလိုက်သော်လည်း သူ မရောက်မီမှာပင် ထိုလူငယ်သည် ခမ်းနားထည်ဝါလှသော ရထားလုံးတစ်စီးပေါ်သို့ တက်သွားခဲ့ပြီ ဖြစ်၏။ ထိုရထားလုံးကို ဧကရာဇ်အဆင့် သားရဲများအဖြစ် လူသိများသည့် ချိုပါသော ကြံ့ သုံးကောင်က ဆွဲငင်နေပေသည်။

ရွှင်းသည် လုံချန်းက သူမကို အာရုံမစိုက်ဘဲ ပစ်ထားသည်ကို မြင်သောအခါ စကားပြောခြင်းအား ရပ်လိုက်၏။

လုံချန်းသည် ထိုလူငယ် ထွက်လာသော ဆိုင်သို့ လျှောက်သွားလိုက်သည်။ သူသည် ဆိုင်စောင့်၏ ရှေ့တွင် ရပ်ကာ မေးမြန်းလိုက်သည်။ "ခွင့်ပြုပါဦးဗျာ။ အခုလေးတင် ရထားလုံးပေါ် တက်သွားတဲ့သူက ဘယ်သူလဲဆိုတာ သိပါရစေ"

"မင်းက ဒီအင်ပါယာကို ရောက်တာ သိပ်မကြာသေးဘူး ထင်တယ်" ဆိုင်စောင့်က လုံချန်းကို အပေါ်အောက် ကြည့်ရင်း ပြန်မေးလိုက်သည်။

"ဟုတ်ကဲ့... ဒီနေ့မှ ရောက်တာပါ" လုံချန်းက ခေါင်းညိတ်ဖြေလိုက်၏။

"ဒါဆိုရင်တော့ ဟုတ်တာပေါ့။ မင်း မင်းသား ချန်းကို မသိတာ ဒါကြောင့်ပဲ ဖြစ်ရမယ်" ဆိုင်စောင့်က ရယ်မောရင်း ဆိုလိုက်သည်။

"မင်းသား ချန်း ဟုတ်လား။ သူက ဒီအင်ပါယာရဲ့ မင်းသားလားခင်ဗျာ" လုံချန်းက ဆက်မေးသည်။

"ဟုတ်တယ်။ သူက ဧကရာဇ်မင်းမြတ်ရဲ့ အချစ်ဆုံး သားတော်ပေါ့။ အိမ်ရှေ့မင်းသားရဲ့ ညီတော်လည်း ဖြစ်တယ်။ ဒုတိယမင်းသား ချန်း ပေါ့ကွယ်" ဆိုင်စောင့်က ဖြေလိုက်၏။

"ကျေးဇူးတင်ပါတယ်ဗျာ" ထိုသို့ ဆိုကာ လုံချန်းသည် မိန်းကလေးများရှိရာသို့ ပြန်လှည့်လာခဲ့တော့သည်။

'အင်ပါယာတစ်ခုရဲ့ ဒုတိယမင်းသားတဲ့လား။ သူ့မှာ လိုလေသေးမရှိ ရှိနေမှာပဲ။ သူ ငါနဲ့ လဲလှယ်မှာ မဟုတ်တာတော့ သေချာတယ်။ ဒါက အလုပ် နည်းနည်း ပိုရှုပ်သွားပြီ' သူ တွေးနေမိ၏။ သူသည် မြို့တော်မြောက်ဘက်ရှိ နန်းတော်ဆီသို့ ဦးတည်သွားနေသော ရထားလုံးကို စိုက်ကြည့်နေမိသည်။

"နင် တစ်ယောက်ယောက်ကို မှတ်မိသွားလို့လား။ အဲဒီလူက ဘယ်သူလဲ" မင်ယုက လုံချန်း၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည့် ထိုလူငယ်မှာ မည်သူနည်းဟု စူးစမ်းစွာ မေးလိုက်၏။

"သူက ဒီအင်ပါယာရဲ့ ဒုတိယမင်းသားတဲ့" လုံချန်းက မင်ယုကို ဖြေလိုက်သည်။

'ဪ.. ဟုတ်သားပဲ။ ရွှင်း... နင် ငါ့ကို မဖြေရသေးဘူး။ မင်ယုရဲ့ ကမ္ဘာကို ငါ ဘယ်လို သွားနိုင်မလဲ' သူက မေးလိုက်၏။

ရွှင်းသည် လုံချန်း၏ ဘေးတွင် ကိုယ်ထင်ရှားပြလာသော်လည်း စိတ်ကောက်နေပုံ ရပေသည်။ "ဪ... အခုမှပဲ ငါ့ရဲ့ အကူအညီ လိုတယ်ဆိုတာ သတိရတော့တာလား။ ငါ စကားပြောနေတုန်းမှာပဲ ငါ့ကို ပစ်ထားပြီး ထွက်ပြေးသွားတာ ဘယ်သူလဲ" သူမက မေးခွန်းထုတ်လိုက်၏။

'အဲဒါကို ခဏထားပါဦး။ ငါ့ကို မှင်တက်သွားစေတဲ့ အရာတစ်ခုကို ငါ တွေ့လိုက်လို့ပါ။ အဲဒီဂူသင်္ချိုင်းရဲ့ ဒုတိယမြောက် သော့ကို ရှာတွေ့ဖို့ဆိုတာ ဘယ်လောက်အထိ ကံကောင်းမှ ဖြစ်မယ်ဆိုတာ နင်လည်း သိတာပဲ' လုံချန်းက ပြန်ဖြေလိုက်သည်။ 'ဘာပဲဖြစ်ဖြစ် အဲဒါကို နောက်မှ ပြောကြတာပေါ့။ ငါ့ကို အရင်ဖြေပါဦး။ မင်ယုရဲ့ ကမ္ဘာဆီကို ဘယ်လို သွားရမလဲ'

"တကယ်တော့ အဲဒါက ရိုးရှင်းပါတယ်။ လူသားလောကတွေကြားက အတားအဆီးက လူသားလောကနဲ့ နတ်ဘုရားလောကကြားက အတားအဆီးလောက် မခိုင်မာဘူးလေ။ ဒါကြောင့် လူသားလောကတွေကြား ကူးသန်းသွားလာဖို့ဆိုတာ အတော်လေး လွယ်ကူပါတယ်" ရွှင်းက ရှင်းပြလိုက်၏။

"ကမ္ဘာအတော်များများမှာ တစ်ခုနဲ့တစ်ခု ဆက်သွယ်ထားတဲ့ ဝင်ပေါက်တွေ ရှိနှင့်ပြီးသားပါ။ အဲဒီဝင်ပေါက်တွေကို သုံးပြီး တခြားကမ္ဘာတွေကို အလွယ်တကူ သွားနိုင်တယ်" သူမက ဆက်ပြောသည်။

"အဲဒီတော့ သူ့ရဲ့ ကမ္ဘာဆီကို တိုက်ရိုက် ရောက်နိုင်မယ့် ဝင်ပေါက်ကို ဘယ်မှာ ရှာရမလဲ။ အဲဒါကတော့ ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်ပုံရတယ်" လုံချန်းက မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။

"ငါ့အထင်တော့ ဒီတိုက်ကြီးရဲ့ ဧကရာဇ်မှာ ကိုယ်ပိုင်ဝင်ပေါက် အချို့ ရှိကောင်းရှိနိုင်တယ်။ ဒါပေမဲ့ အဲဒါတွေက ဖုန်းရှု ကမ္ဘာဆီကို ဆက်သွယ်ထားလား ဒါမှမဟုတ် တခြားကမ္ဘာတွေဆီကိုလား ဆိုတာတော့ ငါ မသေချာဘူး" ရွှင်းက ဆိုလိုက်သည်။

လုံချန်းသည် သူမ၏ စကားကို ကြားလိုက်ရချိန်တွင် တစ်စုံတစ်ခုအား ရုတ်တရက် သတိရသွားသကဲ့သို့ ဖြစ်သွား၏။ "ဪ... ဟုတ်သားပဲ။ ဒါဆိုရင်တော့ ဖြစ်နိုင်တာပေါ့။ အခုမှပဲ ငါ အားလုံးကို နားလည်သွားတော့တယ်"

"ဒါကြောင့် ဒီလိုတွေ ဖြစ်ခဲ့တာကိုး" သူက တိုးတိုးလေး ရေရွတ်လိုက်သည်။

"နင် ဘာကို ဆိုလိုတာလဲ" ရွှင်းက မေးလိုက်၏။

'သူတော်စင်ဘုရင် ရှန်းဝူလေ။ သူဟာ ငါတို့ရဲ့ ကမ္ဘာကို ကျူးကျော်လာတဲ့ သူစိမ်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ အဆိုရှိခဲ့တာ။ သူဟာ လူသားမျိုးနွယ်ကို ကယ်တင်ခဲ့သူလို့ ပြောကြပေမဲ့၊ ဒီတိုက်ကြီးက လူတွေက သူ့ကို ဘာလို့ သူတော်စင် သတ်ဖြတ်သူလို့ ခေါ်ကြတာလဲဆိုတာ ငါ အမြဲတမ်း စဉ်းစားမရ ဖြစ်ခဲ့တာ' လုံချန်းက ရွှင်းကို ပြောပြလိုက်၏။

"ဪ... ဒါဆိုရင် နင် ဘာကို နားလည်သွားတာလဲ" ရွှင်းက စူးစမ်းလိုက်သည်။

'ဒီတိုက်ကြီး နှစ်ခုရဲ့ သမိုင်းကြောင်းတွေ ဘာလို့ ကွဲပြားနေရသလဲ ဆိုတာပေါ့။ ဒါပေမဲ့ ငါ့ရဲ့ အယူအဆကို အတည်ပြုဖို့အတွက် သူတို့ရဲ့ သမိုင်းစာအုပ်တွေကို အရင်ဖတ်ကြည့်ဖို့ လိုမယ်' သူက တွေးလိုက်၏။

"မင်ယု... နင့်ရဲ့ ကမ္ဘာဆီကို သွားနိုင်မယ့် နည်းလမ်းကို ငါ သိပြီ။ ငါတို့ ဝင်ပေါက် တစ်ပေါက်ကိုပဲ ရှာဖို့ လိုတော့တာ။ စိတ်မပူပါနဲ့၊ နင့်ကို အိမ်ပြန်ရောက်အောင် ငါ ခေါ်သွားပေးပါ့မယ်" သူက ဆိုလိုက်သည်။ "ဒါပေမဲ့ အဲဒီမတိုင်ခင် ငါ့အတွက် လုပ်စရာလေး တစ်ခု ရှိသေးတယ်။ ငါနဲ့အတူ လိုက်ခဲ့ဦး"

သူသည် မြောက်ဘက်သို့ သွားနေခြင်းကို ရပ်လိုက်ပြီး စာကြည့်တိုက် ရှိသည်ဟု ကြားသိရသော အရှေ့ဘက်သို့ ဦးတည် လျှောက်လှမ်းခဲ့တော့သည်။

သူသည် မိန်းကလေးနှစ်ဦးလုံးကို ခေါ်ဆောင်ကာ စာအုပ်ပေါင်းစုံ ရှိသည့် အင်ပါယာ၏ စာကြည့်တိုက်သို့ ရောက်ရှိလာခဲ့၏။

"လူငယ်လေး... ဘာကို ရှာနေတာလဲ" သူတို့ အထဲသို့ ဝင်သွားသည်နှင့် စာကြည့်တိုက်မှူးက မေးလိုက်သည်။

"ဟုတ်ကဲ့... ကျွန်တော် ရက်စက်လှပါတယ်ဆိုတဲ့ သူတော်စင် သတ်ဖြတ်သူ အကြောင်းရယ်၊ ကျွန်တော်တို့ရဲ့ တိုက်ကြီးက သူ့ရဲ့ ရက်စက်မှုတွေကို ဘယ်လို ရင်ဆိုင်ခဲ့ရသလဲဆိုတဲ့ သမိုင်းကြောင်းကို ဖတ်ချင်လို့ပါ" လုံချန်းက စာကြည့်တိုက်မှူးကို ပြောလိုက်၏။

"ဪ... လူငယ်တွေက ငါတို့ရဲ့ သမိုင်းကြောင်းကို စိတ်ဝင်တစား ရှိကြတာ မြင်ရတာ ဝမ်းသာစရာပဲ။ ကောင်းပြီလေ... ငါ့နောက်ကို လိုက်ခဲ့ပါ" ထိုလူက ရယ်မောရင်း ဆိုလိုက်သည်။ "အဲဒီအကြောင်းတွေ ပါတဲ့ စာအုပ်တစ်အုပ် ငါ့မှာ ရှိတယ်"

ထိုလူသည် စာအုပ်စင်တစ်ခုဆီသို့ လျှောက်သွားပြီး ခဏအကြာတွင် စာအုပ်တစ်အုပ်နှင့် ပြန်လာခဲ့၏။

"မင်း ရှာနေတဲ့ အရာအားလုံးကို ဒီစာအုပ်ထဲမှာ တွေ့နိုင်ပါလိမ့်မယ်" သူက ဆိုသည်။

"ကျေးဇူးတင်ပါတယ်ဗျာ"

လုံချန်းသည် ထိုလူကို ကျေးဇူးတင်စကား ဆိုကာ စာအုပ်ကို ယူလိုက်၏။ သူသည် လူရှင်းသော စားပွဲတစ်ခုံဆီသို့ လျှောက်သွားကာ ထိုင်ခုံတွင် ထိုင်လိုက်သည်။ မင်ယုနှင့် မင်လန်တို့ကလည်း သူ၏ ဘေးတွင် ဝိုင်းထိုင်လိုက်ကြ၏။

လုံချန်းသည် စာအုပ်ကို ဖွင့်ကာ ဖတ်ရှုခြင်းတွင် အာရုံနစ်ဝင်သွားတော့သည်။ မိန်းကလေးများမှာမူ စာဖတ်နေသော လုံချန်းကိုသာ ကြည့်နေကြပေ၏။

နာရီအနည်းငယ် ကြာပြီးနောက်တွင်မူ လုံချန်းသည် စာအုပ်တစ်အုပ်လုံးကို အပြီးတိုင် ဖတ်ရှုပြီးသွားခဲ့ပြီ ဖြစ်၏။ သူသည် နောက်ဆုံးစာမျက်နှာကို လှန်လိုက်ပြီးနောက် များစွာသော စာများကို ဖတ်လိုက်ရသဖြင့် မောပန်းသွားသည့်နှယ် လေတစ်ချက် ဝူးခနဲ မှုတ်ထုတ်လိုက်သည်။

"ဒါကြောင့် ဒီလိုတွေ ဖြစ်ခဲ့တာကိုး။ ငါ ထင်ထားတာနဲ့ အတော်လေး ဆင်တူနေတာပဲ။ ဒါကြောင့်လည်း တိုက်ကြီးနှစ်ခုရဲ့ သမိုင်းကြောင်းတွေက ကွဲပြားနေရတာပဲ" သူက စာအုပ်ကို ပိတ်ရင်း တိုးတိုးလေး ရေရွတ်လိုက်လေသည်။

All Chapters