← Chapters

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း (၁၅၁-၁၅၂)

Vol. 16 Ch. 151-152

အခန်း ၁၅၁: ငါ့ရဲ့အဖေက ကောင်းကင် လူသား မျိုးနွယ်စုကို ကယ်တင်ခဲ့တာလား..

ရေခဲကုတင်ပေါ်ရှိ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် စကားပြောဆိုပြီးသည်နှင့် တပြိုင်နက် စူးချန်ကဲပင်လျှင် မမျှော်လင့်ထားသော လှုပ်ရှားမှုတစ်ခုကို သူမ ပြုလုပ်လိုက်သည်။

သူမ စကားပြောနေစဉ် ထွင်းဖောင်မြင်နိုင်လုနီးပါး ဖြစ်နေသော သူမ၏လက်ကို ဆန့်တန်းပြီး သူမ၏အဖြူရောင်ဝတ်ရုံမှ အစိတ်အပိုင်း အနည်းငယ်ကို ဆုတ်ဖြဲလိုက်ရာ ကျောက်စိမ်းအလား နူးညံ့သောညှပ်ရိုး ပေါ်လွင်လာသည်။ ထို့နောက် သူမသည် တုန်ရီစွာဖြင့် အထစ်ထစ်အငေါ့ငေါ့ ပြောဆိုလေ၏။

"ကျွန်မကို မရိုက်ပါနဲ့... မသတ်ပါနဲ့... ကျွန်မ အဝတ်အစားတွေ ချွတ်လိုက်ရင် မလုံလောက်ဘူးလား... ဝူး ဝူး ဝူး... ရှင်က ကောင်းကင် အနှစ်သာရကို လိုချင်တာမလား... အဲ့ဒါကို ရှင့်ကို ပေးပါ့မယ်... ဒါပေမဲ့ ပြီးရင် ရှင် ကျွန်မကို မရိုက်ရဘူးနော်..."

သူမ၏ အပြာနှင့်အဖြူရောင် ရောယှက်နေသော မျက်လုံးသူငယ်အိမ်များက သနားစရာကောင်းသော အမူအရာကို ပြသနေသည်။ သူမသည် အဖြူရောင်ဝတ်ရုံကို ဆုတ်ဖြဲလိုက်ပြီးနောက် ရှေးဟောင်းသင်္ကေတတစ်ခုသည် သူမ၏နူးညံချောမွေ့သော ပခုံးပေါ်တွင် ပေါ်လွင်လာသည်။ ထိုသင်္ကေတမှ ဖြာထွက်လာသော မယုံနိုင်လောက်အောင် သန့်စင်သည့် စွမ်းအားသည် သူမ၏ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပေ၏။

အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏မျက်နှာကို ယခုအချိန်၌ အပြည့်အဝ မြင်တွေ့နိုင်သည်။ သူမ၏အပြာရောင် ဆံပင်များသည် လရောင်အောက်မှ ရေတံခွန်အလား ရေခဲကုတင်ပေါ်သို့ဖြာကျနေပြီး သူမ၏မျက်နှာသွင်ပြင်မှာ နူးညံ့ပြီး သေးငယ်သည်။ သူမသည် သူ၏ ဂျူနီယာညီမလေး သုံးယောက်လောက် မလှသော်လည်း သူမတို့ထဲမှ မည်သူထံတွင်မျှ မရှိသော နူးညံ့သိမ်မွေ့မှုတစ်ခုကို ပိုင်ဆိုင်ထားသည်။

သို့ရာတွင် အထင်ရှားဆုံးအရာမှာ လဲလျောင်းနေသည့်တိုင် အံ့အားသင့်စရာကောင်းသော အချိုးအစားများကို ပြသနေသည့် သူမ၏ ပြီးပြည့်စုံသော ခန္ဓာကိုယ်ပင်။ သူမ၏ ခြေတံများမှာ မယုံနိုင်လောက်အောင် ဖြောင့်တန်းပြီး သွယ်လျကာ သူ၏ အမြင်အာရုံ တစ်ဝက်ကို ဖုံးလွှမ်းသွားလုနီးပါး ဖြစ်နေသည်။

"..."

"ကံကြမ္မာသားတော်ရဲ့အကူအညီက ဘာလို့ ဒီလောက်တောင် ညစ်ညမ်းနေရတာလဲ..."

စူးချန်ကဲ၏နှုတ်ခမ်းများ အနည်းငယ် တွန့်ကွေးသွားသည်။ သူ မည်သည့်အရာကို ချွတ်ရမည်နည်း။

သူမကို အဝတ်ချွတ်ရန် သူ ပြောခဲ့သလော...

သူသည် မည်သို့ လူစားမျိုး ဖြစ်သနည်း....

သူမကို လွှတ်ပေးရန် သူ အမှန်တကယ်ကို ရည်ရွယ်ချက် မရှိခဲ့သော်လည်း အခြေအနေမှာ ဤကဲ့သို့ မဖြစ်သင့်ပေ။

သို့ရာတွင် သူမ၏ ပုံမှန်မဟုတ်သော လုပ်ရပ်များသည် စူးချန်ကဲကို စိတ်ရှုပ်ထွေးသွားစေခဲ့ပေ၏။

ယုတ္တိတန်စွာပြောရလျှင် ကံကြမ္မာသားတော် နှင့် ရင်းနှီးသူများမှာ သေခြင်းတရားကို မကြောက်သော ရက်စက်သည့် ဇာတ်ကောင်များ ဖြစ်ကြသည် မဟုတ်လော....

သူမသည် မည်သည်ကြောင့် ယခုကတည်းက အသက်ချမ်းသာပေးရန် တောင်းပန်နေသနည်း...

ထိုအရာက မဖြစ်သင့်ပေ။

ထို့ပြင် ကောင်းကင်အနှစ်သာရ ဆိုသည်မှာ မည်သည့်အရာ ဖြစ်သနည်း....

သူမ၏ပခုံးပေါ်ရှိ မှော်စာလုံးသည်လည်း သူ အနည်းငယ် ရင်းနှီးနေပုံရသည်။

သို့ရာတွင် ဤအရာများအနက် တစ်ခုကမျှ သူ၏စိတ်နှလုံးသားကို မပျော့ပြောင်းစေခဲ့ချေ။

ဤအကြွင်းအကျန်စိတ်ဝိညာဉ်သည် ကံကြမ္မာသားတော်နှင့် နက်ရှိုင်းသော ဆက်နွှယ်မှု ရှိပြီး သူ့ကို အချိန်မရွေး သစ္စာဖောက်နိုင်သည်။ သူမသည် အမျိုးသမီး တစ်ဦး ဖြစ်နေရုံသက်သက်ဖြင့် သူ အလွန်အမင်း စိတ်ပျော့သွားမည် မဟုတ်ချေ။

နောက်တစ်စက္ကန့်တွင်....

သူ၏နတ်ဘုရားစိတ်အာရုံသည် မမြင်နိုင်သော လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏ ဖြူဖွေးသော လည်ပင်းကို ကြမ်းတမ်းစွာ ဆုပ်ကိုင်လိုက်သည်။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူသည် ဤအကြွင်းအကျန်စိတ်ဝိညာဉ်ကို ခြေမွှဖျက်ဆီးနိုင်ပေ၏။

အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် စူးချန်ကဲ၏လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်ကာ သူမ၏ခြေထောက်များ တုန်ရီနေပြီး သူမ၏ အပြာရောင်မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နှက်သွားသည်။ ထိုမျက်ရည်များမှာ ဒေါသ သို့မဟုတ် နာကြည်းမှုတို့ကြောင့် မဟုတ်ဘဲ အကြောက်တရားနှင့် တောင်းပန်မှုတို့သာ ဖြစ်နေသည်။

သူမဘဝ၏ နောက်ဆုံးအခိုက်အတန့်တွင်...

ဝီ...

သွေးမျိုးဆက် ပဲ့တင်ထပ်မှုမှ မြစ်ဖျားခံသော အလွန်သိမ်မွေ့ပြီး ရင်းနှီးသည့် အရှိန်အဝါတစ်ခုသည် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးထံမှ ဖြာထွက်လာသည်။

"ဟင်..."

"ဒီအရှိန်အဝါက..."

စူးချန်ကဲ အနည်းငယ် ကြောင်အမ်းသွားသည်။ သူ၏ခန္ဓာကိုယ်ထဲရှိ ဟန်ယွီကျမ်းစာမှလည်း ဖျော့တော့တော့ နတ်ဘုရားအလင်းတန်းတစ်တန်း ဖြာထွက်နေပေ၏။

ဟန်ယွီကျမ်းစာ ဖြစ်နေသလော....

ထိုအရာမှာ အလွန်ဖျော့တော့ပြီး အလွန့်အလွန်လျှင်မြန်စွာ ပျောက်ကွယ်သွားခဲ့သော်လည်း စူးချန်ကဲ မမှားနိုင်ချေ။

ဤအကြွင်းအကျန်စိတ်ဝိညာဉ်သည် သူ၏စူးမိသားစုမှ ဟန်ယွီ ကျမ်းစာ၏စွမ်းအားကို မည်သို့ ပိုင်ဆိုင်နိုင်မည်နည်း....

နောက်တစ်စက္ကန့်တွင်....

"ငါတို့စူးမိသားစုက ဧကရာဇ်ကျမ်းစာရဲ့ အရှိန်အဝါကို မင်း ဘယ်လိုလုပ်ပြီး ရလာတာလဲ..."

စူးချန်ကဲက နက်ရှိုင်းသော အသံဖြင့် မေးမြန်းလိုက်ရာ သူ၏မျက်ခုံးများမှ အေးစက်မှုအရှိန်အဝါများ ဖြာထွက်နေသည်။

သူမ၏လည်ပင်းကို ဆုပ်ကိုင်ခံထားရသော အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏မျက်နှာ နီရဲနေပြီး မျက်ရည်များ စီးကျနေပေ၏။ သူ မည်သည့်အရာကို မေးနေသည်ကို သူမ နားမလည်နိုင်ဘဲ ရုန်းကန်ကာ ရှိုက်ငိုနေခဲ့သည်။

"ကျေးဇူးပြုပြီး... ကျွန်မကို လွှတ်ပေးပါ... ကျွန်မမှာ ကောင်းကင်အနှစ်သာရ လုံးဝမရှိတော့ပါဘူး..."

သူမ မသိချင်ယောင်ဆောင်နေသည်ကို မြင်သောအခါ မေးမြန်းခြင်းဖြင့် မည်သည့်အဖြေမျှ ရနိုင်မည် မဟုတ်ကြောင်း သူ သိရှိသွားသည်။

စူးချန်ကဲ၏မျက်လုံးများ အေးစက်တင်းမာသွားပြီး သူ၏နတ်ဘုရားစိတ်အာရုံသည် မည်သည့်တွေဝေတုံ့ဆိုင်းခြင်းမျှ မရှိတော့ဘဲ သူမ၏ မှတ်ဉာဏ်များကို ရှာဖွေရန် သူမ၏စိတ်ဝိညာဉ် ခန္ဓာကိုယ်ထဲသို့ အတင်းအကြပ် ဝင်ရောက်သွားတော့သည်။

ဤအရာသည် သူ့မျိုးနွယ်စုမှ ဧကရာဇ်ကျမ်းစာ၏ လျှို့ဝှက်ချက်နှင့် သက်ဆိုင်နေသဖြင့် သူ အနည်းငယ်မျှ မပေါ့ဆဝံ့ချေ။

ဤလုပ်ငန်းစဉ်မှာ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးအတွက် မလွယ်ကူခဲ့ချေ။

သူမ၏မျက်နှာ ဖြူရော်သွားပြီး သူမ၏ နူးညံ့သော ခန္ဓာကိုယ်လေး ပြင်းထန်စွာ တုန်ရီနေကာ အချိန်မရွေး ပျောက်ကွယ်သွားတော့မည့်အလားပင်။

ဤအချိန်အခိုက်အတန့်တွင် မရေမတွက်နိုင်သော မှတ်ဉာဏ်အပိုင်းအစများသည် စူးချန်ကဲ၏စိတ်ထဲသို့ ရူးသွပ်စွာ စတင်၍ စီးဝင်လာသည်။ အဖြူရောင်ဝတ်စုံဝတန အမျိုးသမီး၏ တစ်ဘဝလုံးကို သူ ရဲတင်းစွာ စူးစမ်းရှာဖွေလိုက်၏။

လီမု...

ဤသည်မှာ အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီး၏အမည်ပင်။

ရေချိုးခြင်းကဲ့သို့ အဓိပ္ပာယ်မရှိသော မြင်ကွင်းများစွာကို စူးချန်ကဲသည် ကျော်လွှားသွားပြီး ဟန်ယွီကျမ်းစာနှင့် သက်ဆိုင်သည့် အပိုင်းများကို အသေးစိတ်စစ်ဆေးရန် အလျင်အမြန် ရှာဖွေလိုက်သည်။

မှတ်ဉာဏ်မြင်ကွင်းထဲတွင်...

အဆုံးမဲ့ကြယ်မြစ်ထဲ၌ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည့် ကြီးမားသော ပုံရိပ်တစ်ခုသည် သူ၏လက်နှစ်ဖက်ကို နောက်ပစ်ကာ သက်ရှိများအားလုံးကို ကျောခိုင်း၍ မတ်တတ်ရပ်နေသည်။ သူ၏အသွင်အပြင်မှာ ထူးခြားစွာ ချောမောခန့်ညားခြင်း မရှိသော်လည်း သူသည် ဖော်ပြ၍မရနိုင်လောက်အောင် လောကီနှင့်ကင်းကွာသည့် အရှိန်အဝါတစ်ခုကို ပိုင်ဆိုင်ထားပေ၏။ အထူးသဖြင့် အရာအားလုံးကို ထိုးဖောက်မြင်နိုင်ပုံရသော သူ၏ နက်ရှိုင်းသည့် အနက်ရောင် မျက်လုံးများနှင့် 'အထက်ရော အောက်ပါ ငါ တစ်ယောက်တည်းသာ အမြင့်မြတ်ဆုံး' ဟူသော အမူအကျင့်မျိုး ဖြာထွက်နေသည့် သူ၏ မျက်ခုံးနှစ်ခုကြားရှိ အရှိန်အဝါပင်။

ဤပုံရိပ်ကို မြင်သောအခါ စူးချန်ကဲ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ထူးဆန်းသော ရင်းနှီးမှု ခံစားချက်တစ်ခုနှင့်အတူ မလိုလားမှု အရိပ်အယောင်တစ်ခုက တပြိုင်နက်တည်း လှိုင်းထလာခဲ့သည်။

ဤလူ မည်သူမည်ဝါဖြစ်ကြောင်းကို သူ ရှင်းလင်းစွာ သိရှိနေသည်။ သူသည် ဤခေတ်၏ လက်ရှိ လူသားဧကရာဇ်ဖြစ်ကာ သမိုင်းတလျှောက် အစွမ်းထက်ဆုံး ဧကရာဇ်များအနက်မှတစ်ပါးဖြစ်ပြီး လူတိုင်း လေးစားအားကျရသော ဧကရာဇ်စူးလည်း ဖြစ်သည့် သူ၏ဖခင်ပင်။

"အာ..."

စူးချန်ကဲသည် ဤစိတ်ခံစားမှုများနှင့်အတူ အနည်းငယ် နေရခက်နေခဲ့သည်။

ဤခံစားချက်မှာ သူ့အစ်ကိုကြီး၏ ဖိနှိပ်မှုကို မလိုလားသော၊ အစ်ကိုဖြစ်သူသည် မိဘများ၏ ချစ်ခင်မှုကို ခိုးယူသွားသည်ကို မကျေနပ်သော အစွမ်းထက်သည့် ဒုတိယမျိုးဆက် အမွေဆက်ခံသူတစ်ယောက်က သူ တိတ်တဆိတ် ဂုဏ်ယူရသော ဖခင်ကို နောက်တစ်ကြိမ် ပြန်တွေ့ရသည့်အလားပင်။

အမုန်းမှာ အမုန်းပင်ဖြစ်ပြီး မကျေနပ်မှုမှာ မကျေနပ်မှုပင် ဖြစ်သော်လည်း သူသည် သူ၏ဖခင်ကို အလွန်လွမ်းဆွတ်နေဆဲပင်။ မည်သို့ပင်ဆိုစေကာမူ စူးချန်ကဲ ငယ်စဉ်က သူ၏ ဖခင်သည် သူ့ကို အမြဲတစေ နံဘေးတွင် ထားပြီး မည်သည့်အချိန်မျှ မခွဲခွာခဲ့ပေ။

"အချိန်အတော်ကြာခဲ့ပြီ ဖြစ်ရမယ်... အဲ့ဒီအချိန်တုန်းက သူ့ရဲ့ သတ်ဖြတ်လိုခြင်း စိတ်ဆန္ဒက အရမ်းပြင်းထန်တယ်... အတိတ်က နူးညံ့ပြီး ရင်းနှီးဖော်ရွေတဲ့အပြင် နည်းနည်းကြောက်တတ်တဲ့ အဖေနဲ့ လုံးဝမတူဘူး..."

စူးချန်ကဲက သူ၏စိတ်နှလုံးသားထဲတွင် တွေးတောလိုက်၏။ ထိုသို့ဆိုလျှင် သူ၏ဖခက်သည် အဘယ်ကြောင့် လီမု၏ မှတ်ဉာဏ်ထဲတွင် ထွက်ပေါ်လာရသနည်း။

စူးချန်ကဲက မှတ်ဥာဏ်မြင်ကွင်းများကို ဆက်ကြည့်နေလိုက်သည်။

ရုတ်တရက် အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသော စူးချုံးက လှုပ်ရှားလိုက်ရာ သူ၏လက်ကို တစ်ချက်ဝှေ့ယမ်းမှုဖြင့် ကောင်းကင်နှင့်မြေကြီးကို မှောက်လှန်လိုက်ပြီး မဟာနယ်မြေကို ဆုပ်ကိုင်လိုက်၏။ ဤအချိန်အခိုက်အတန့်တွင် ထိုနယ်မြေအတွင်း၌ မျိုးသုဉ်းခြင်းစစ်ပွဲတစ်ခု ဖြစ်ပွားနေသည်ကို မြင်တွေ့နိုင်သည်။ ရှေးဟောင်းဆန်ကာ ရှားပါးသော ခရမ်းရောင် ဝတ်ရုံများ ဝတ်ဆင်ထားသည့် မရေမတွက်နိုင်သော ပုံရိပ်များသည် ရူးသွပ်စွာ ထွက်ပြေးနေကြ၏။ သူတို့ကို သတ်ဖြတ်နေသူများမှာ နတ်ဘုရား မျိုးနွယ်စုပင်။

စူးချုံး လှုပ်ရှားပြီးနောက် သူသည် နယ်မြေအတွင်းရှိ နတ်ဘုရား မျိုးနွယ်စုဝင်များအားလုံးကို ချက်ချင်းဖျက်ဆီးပစ်လိုက်၏။ စူးချန်ကဲ မမြင်နိုင်သော တခြားတစ်ဖက်တွင် စူးချုံးသည် လေဟာနယ်ကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ်ကြုတ်ကာ သူ၏ စိတ်နှလုံးသားထဲတွင် ခပ်သဲ့သဲ့ရယ်မောလိုက်သည်။

"ဒီကလေး..."

မြင်ကွင်းသည် ထိုနေရာတွင် ရုတ်တရက် အဆုံးသတ်သွားခဲ့သည်။

"ငါ့ရဲ့အဖေက ကောင်းကင်လူသား မျိုးနွယ်စု ကို ကယ်တင်ခဲ့တာလား..."

စူးချန်ကဲသည် ဤပုံရိပ်များ၏ ဝတ်စားဆင်ယင်မှုကို မြင်သောအခါ ရင်းနှီးသော ခံစားချက်တစ်ခုကို ခံစားလိုက်ရပြီး အချိန်အကြာကြီး ဖုံးကွယ်ထားခဲ့သော မှတ်ဉာဏ်တချို့ ပြန်ပေါ်လာခဲ့သည်။

ကောင်းကင်လူသားမျိုးနွယ်စုသည် ကမ္ဘာအသင်္ချေ၏ ရှေးအကျဆုံး မျိုးနွယ်စုများထဲမှ တစ်ခုဖြစ်ပြီး သူတို့သည် သာမန်လူသားများ မဟုတ်ကြချေ။ နှစ်တစ်သောင်း သက်တမ်းဖြင့် မွေးဖွားလာကြပြီး ကျင့်ကြံခြင်းပါရမီ မရှိသော သူတို့ထဲမှ သာမန်အဆန်ဆုံးသူများပင်လျှင် နှစ်တစ်ထောင် အသက်ရှင်သန်နိုင်ကြသည်။ ကောင်းကင်လူသား သွေးမျိုးဆက်ကို နိုးထစေသူများ၏သွေးမှာ လက်ရှိခေတ်၏ မဟာ ဆေးဝါးတစ်ခုနှင့် ညီမျှနိုင်ပေ၏။ အံ့အားသင့်စရာအကောင်းဆုံးမှာ သူတို့သည် စိတ်ဝိညာဉ် စွမ်းအားကို မကျင့်ကြံဘဲ တခြားသူများကို အာဟာရဖြစ်စေနိုင်သော အလွန်ရှေးဟောင်းဆန်သည့် စွမ်းအားတစ်ခုကို ကျင့်ကြံကြခြင်းပင်။ ထိုကြောင့် သူတို့၏ ကျင့်ကြံခြင်း အမြန်နှုန်းမှာ အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခုကို ဖြစ်ပေါ်စေသည်။

သူတို့သည် ကမ္ဘာအသင်္ချေတွင် အစွမ်းအထက်ဆုံး အထောက်အကူပြု မျိုးနွယ်စုပင်။

သို့ရာတွင် သူတို့၏မျိုးနွယ်စုတွင်လည်း အားနည်းချက်များ ရှိနေသည်။ သူတို့၏ တိုက်ခိုက်ရေး စွမ်းအားမှာ အလွန်အားနည်းပြီး သူတို့သည် တိုက်စစ်တွင် မကျွမ်းကျင်ကြချေ။ အောက်ဘုံမှ ကျင့်ကြံသူများပင်လျှင် တူညီသော ကျင့်ကြံဆင့်နယ်ပယ်တွင် သူတို့ကို အလွယ်တကူ အနိုင်ယူနိုင်ပေမည်။ ထို့ပြင် သူတို့၏ ကျင့်ကြံခြင်းအမြန်နှုန်းမှာ အလွန်နှေးကွေးသဖြင့် ထိုအချက်သည် အဆုံးမဲ့ ခေတ်ကာလတလျှောက် အစွမ်းထက်သော အင်အားစုများက ကောင်းကင်လူသား မျိုးနွယ်စုကို အမဲလိုက်သည့် ဖြစ်ရပ်အများအပြားကို ဖြစ်ပေါ်စေခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် ဟင်းလင်းပြင် နတ်ဘုရားစွမ်းရည်များတွင် အလွန်ကျွမ်းကျင်ကြ၏။ သူတို့၏မျိုးနွယ်စုသည် ဟင်းလင်းပြင် မဟာတာအို ပါဝင်သော နတ်ဘုရားပစ္စည်းများကို ပိုင်ဆိုင်ထားသဖြင့် သူတို့ကို သာမန်လူများ ဖမ်းမိရန် ခက်ခဲစေလေသည်။ ထိုအရာကို ကမ္ဘာအသင်္ချေရှိ အစွမ်းထက်သော အင်အားစုများနှင့် ထိမ်းမြှားလက်ထပ်ခြင်း သို့မဟုတ် တချို့သော ကောင်းကင်ဆန့်ကျင် ပါရမီရှင်များကို ကျောထောက်နောက်ခံပေးခြင်း အလေ့အထတို့နှင့် ပေါင်းစပ်လိုက်သောအခါ သူတို့၏ တိုက်ခိုက်ရေး စွမ်းအားမှာ အားမကောင်းသော်လည်း သူတို့၏ စည်းရုံးနိုင်စွမ်းမှာ အားမနည်းချေ။ ထို့ကြောင့် သူတို့သည် ကမ္ဘာအသင်္ချေတွင် အလွန်မြင့်မားသော အဆင့်အတန်းတစ်ခုကို ရယူထားကြသည်။

အခန်း ၁၅၂: ဟုတ်တယ်... အဲ့ဒါက မင်းရဲ့ ကောင်းကင်လူသား မျိုးနွယ်စုက ကောင်းကင် နတ်သမီးပဲ...

အထူးသဖြင့် သူ၏ဖခင်အပေါ် အောင်မြင်စွာ ကျရောက်သွားသော သူတို့၏ အကြီးမားဆုံး အလောင်းအစားသည် ကောင်းကင်လူသားမျိုးနွယ်စု၏အဆင့်အတန်းကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်။ ဤအကျပ်အတည်းမှာ စူးချုံး တာအိုကိုရရှိခြင်းကို တားဆီးရန် နတ်ဘုရား မျိုးနွယ်စု၏ ပြင်းထန်သော ဝင်ရောက်စွက်ဖက်မှုကို ရင်ဆိုင်နေရချိန်၌ ဖြစ်သည်။

သူ ငယ်စဉ်က စူးမိသားစုသည် သူနှင့် ကောင်းကင်လူသားမျိုးနွယ်စုမှ ကောင်းကင် နတ်သမီးတစ်ပါးကို ထိမ်းမြားလက်ထပ်ပေးရန် ရည်ရွယ်ထားပုံရသည်ကို စူးချန်ကဲ ဝိုးတဝါး မှတ်မိနေဆဲပင်။ သူမသည် နှစ်တစ်သောင်းလျှင် တစ်ကြိမ် သွေးမျိုးဆက် ပြန်လည်ပေါ်ပေါက်လာသူဖြစ်ပြီး မူလဘူတ ကောင်းကင်အရိုးကို ပိုင်ဆိုင်ထားသူလည်း ဖြစ်သည်။ သို့ရာတွင် အကြောင်းအရင်း တစ်စုံတစ်ရာကြောင့် ထို ကောင်းကင်နတ်သမီးသည် ရုတ်တရက် ကျရှုံးသွားကာ ဒုက္ခိတတစ်ယောက် ဖြစ်သွားခဲ့လေ၏။ ဤကောလာဟလများကို ကြားသောအခါ လူငယ်စူးချန်ကဲက အလွန်မနှစ်မြို့ဖြစ်သွားပြီး စေ့စပ်မှုကို တိုက်ရိုက်ဖျက်သိမ်းခဲ့သည်။

စူးချုံးသည့် စေ့စပ်မှု ဖျက်သိမ်းခြင်းကို မကန့်ကွက်ရသည့် အကြောင်းအရင်းမှာ ပထမအချက်အနေဖြင့် စူးချန်ကဲ၏ဆုံးဖြတ်ချက်ကို လေးစားသောကြောင့်ပင်။ ဒုတိယအချက်ကမူ ကောင်းကင်လူသားမျိုးနွယ်စုသည် သူ၏ အကာအကွယ်ကို ရရှိပြီးနောက် ကမ္ဘာအသင်္ချေ တလျှောက် သူတို့၏လုပ်ရပ်များတွင် ပို၍ပို၍ မောက်မာလာသောကြောင့်လည်း ဖြစ်သည်။ သို့ရာတွင် ထိုစဉ်က သူ တာအိုကို ရရှိအောင် ကူညီပေးခဲ့သော သူတို့၏ မျိုးနွယ်စုတစ်ခုလုံးမှ ကျေးဇူး​နှင့် သူတို့သည် မည်သည့် အခြေခံမူဝါဒများကိုမျှ မချိုးဖောက်ခဲ့သောကြောင့် သူ အရေးယူဆောင်ရွက်ခြင်း မရှိခဲ့ပေ။

ထို့ပြင် တခြား အမည်မသိ အကြောင်းအရင်းများကြောင့်လည်း ဖြစ်နိုင်သည်။

စူးချန်ကဲ မှတ်မိသလောက် ဒုက္ခိတ ဖြစ်သွားခဲ့သော ထိုကောင်းကင်နတ်သမီးသည် ကြီးပြင်းလာချိန်၌ ပြန်လည်ထကြွလာကြောင်း သတင်းများကို သူ ကြားခဲ့ရသည်။

"စေ့စပ်မှု မဖြစ်ခဲ့တာ ကောင်းတယ်... မဟုတ်ရင် ဒီကောင်းကင်နတ်သမီးအတွက် သနားစရာ ဖြစ်သွားမှာပဲ..."

လူအများကြား၌ ထိုကဲ့သို့ ကောလာဟလတချို့ပင် ပျံ့နှံ့နေသည်။

"ခဏနေအုံး..."

"တစ်ခုခုတော့ ရောထွေးနေသလိုပဲ..."

ဤအရာကို တွေးမိသောအခါ စူးချန်ကဲ တစ်ခုခု မှားယွင်းနေကြောင်း သဘောပေါက်သွားသည်။ သူသည် မျက်မှောင်ကြုတ်ကာ တီးတိုးရေရွတ်လိုက်၏။

"ကျရှုံးတာ... စေ့စပ်မှု ဖျက်သိမ်းခံရတာ... ပြန်ပြီးထကြွလာတာ...ဒါက ကံကြမ္မာသမီးတော်များ ဖြစ်နေမလား..."

ဤကဲ့သို့ အခြေအနေများသည် သူ့ကို ထိုသို့ မတွေးဘဲ မနေနိုင်အောင် ဖြစ်စေသည် မဟုတ်လော....

ထိုသို့ဆိုလျှင် ဤလီမုသည် ကောင်းကင်လူသားမျိုးနွယ်စုမှ ဖြစ်နေသလော...

သူ တွေးထင်သည့်အတိုင်း ဖြစ်နေပေ၏။

စိတ်ဝိညာဉ်ရှာဖွေမှု ပြီးဆုံးပြီးနောက်....

စူးချန်ကဲက လည်ပင်းကို ဆုပ်ကိုင်ခံထားရသော လီမုကို စိတ်ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်သည်။

ဤအမျိုးသမီး၏မူလအစကို သူ ရှာဖွေတွေ့ရှိခဲ့လေပြီ။

သူမသည် အမှန်တကယ်ကို ကောင်းကင်လူသားမျိုးနွယ်စုမှဖြစ်ပြီး သူမ၏အဆင့်အတန်းမှာ မနိမ့်ကျချေ။ သူမသည် သူနှင့် စေ့စပ်လုနီးပါး ဖြစ်ခဲ့သော ကောင်းကင်နတ်သမီး၏ အရင်းနှီးဆုံး အဒေါ်ပင်။ ဤအမျိုးသမီး၏ အကြွင်းအကျန် စိတ်ဝိညာဉ် နက်ရှိုင်းသောနေရာရှိ ဟန်ယွီကျမ်းစာ၏ အရှိန်အဝါမှာ ထိုစဉ်က ကောင်းကင်လူသားမျိုးနွယ်စုကို ကယ်တင်ခဲ့စဥ်၌ သူ၏ဖခင်ချန်ထားခဲ့သော အကာအကွယ်ပေးသည့် အမှတ်အသားတစ်ခု ဖြစ်နိုင်ချေရှိသည်။ ကာလအတန်ကြာ ကြာမြင့်ပြီးနောက် ထိုအမှတ်အသားသည် သူမ၏ အကြွင်းအကျန် စိတ်ဝိညာဉ်နှင့် အမှန်တကယ်ပင် အနည်းငယ် ပေါင်းစပ်သွားခဲ့သည်။

ပြဿနာသည်လည်း ရိုးရှင်းပေ၏။

မူလ ဇာတ်ကွက်မှာ ဖြစ်နိုင်ချေရှိသည်ကို သူ စိတ်ကူးယဉ်တွေးတောကြည့်နိုင်သည်။ စူးချန်ကဲ သေဆုံးပြီးနောက် စူးမိသားစုသည် ဒေါသထွက်သွားမည်ဖြစ်သော်လည်း မည်သို့ပင်ဆိုစေကာမူ သူတို့သည် တစ်ဖက်လူကို ကံကောင်းထောက်မစွာဖြင့် အမြဲတစေ ထွက်ပြေးခွင့်ပြုရမည်ဖြစ်ပြီး သူ့ထက် အနည်းငယ်ပို၍ အစွမ်းထက်သော သူတစ်ယောက်ကို အမြဲတစေ တိုက်ခိုက်ရန် စီစဉ်ပေးပေလိမ့်မည်။ သူ၏ ဖခင်သည် တစ်စုံတစ်ခုကြောင့် သေချာပေါက် ကန့်သတ်ခံရပြီး လှုပ်ရှားနိုင်မည် မဟုတ်ချေ။ ထို့နောက် ယဲ့ရွှမ်သည် ထွက်ပြေးကာ ကျင့်ကြံဆင့်မြှင့်တင်မည်ဖြစ်ပြီး လီမု၏အကူအညီဖြင့် ကောင်းကင်လူသားမျိုးနွယ်စုမှ ထို ကောင်းကင် နတ်သမီး၏ အထောက်အပံ့နှင့်ကျေးဇူးကိုလည်း ရရှိပေမည်။ နောက်ဆုံးတွင် ကောင်းကင် လူသားမျိုးနွယ်စုတစ်ခုလုံး၏ အကူအညီကိုပင် ရရှိလာနိုင်မည် မဟုတ်လော။

ထို့ပြင် ယဲ့ရွှမ်သည် စူးမိသားစုကို ခုခံရန် ခွန်အားတချို့ကို တဖြည်းဖြည်း ရရှိလာပြီး နောက်ဆုံး ဇာတ်သိမ်းပိုင်းတွင် အသည်းအသန် ကြိုးစား၍ ပြန်လည်အောင်ပွဲခံနိုင်မည် မဟုတ်လော...

မည်သည်ကြောင့် ဤသို့ဖြစ်လာသည်ဟု မမေးပါနှင့်...

မေးခဲ့လျှင် ထိုအရာသည် ကံကြမ္မာသားတော်၏ အရောင်အဝါမှ အလုပ်လုပ်နေခြင်းပင်။

သူမ၏ လက်ရှိ အခြေအနေနှင့် ပတ်သက်၍မူ...

ထိုအရာသည် အမှန်အားဖြင့် သူမ ဟန်ဆောင်နေခြင်း မဟုတ်ချေ။

စူးချန်ကဲသည် သူမ၏စိတ်ဝိညာဉ်ဗဟိုချက်ကို စုံစမ်းစစ်ဆေးခဲ့ရာ သူမ၏ နတ်ဘုရားစိတ်ဝိညာဉ် မူလအစမှာ လုံးဝနီးပါး လောင်ကျွမ်းသွားပြီဖြစ်ပြီး အခြေခံအကျဆုံး အစစ်အမှန် ဝိညာဉ်အစအနလေးတစ်ခုသာ ကျန်ရှိတော့ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် သူမ၏ အသိဉာဏ်အဆင့်မှာ ပြင်းထန်စွာ ဆုတ်ယုတ်သွားပြီး သူမ၏မှတ်ဉာဏ်များမှာ အများအားဖြင့် ပျောက်ဆုံးကာ ရှုပ်ထွေးနေပေ၏။ သူမ၏စိတ်နေသဘောထားမှာ အသက် ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးတစ်ယောက်လောက်အထိ ဆုတ်ယုတ်သွားခဲ့သည်။

သူ စိတ်ဝိညာဉ်ရှာဖွေနေစဉ်အတွင်း သူမ၏ မှတ်ဥာဏ်အများအပြားအနက်မှ တစ်ဝက်တစ်ပျက်ကိုသာ နားလည်ခဲ့သည်။ သူ မမြင်နိုင်သော အရာတချို့လည်း ရှိပြီး ထိုအရာများမှာ တစ်စုံတစ်ရာဖြင့် ဖုံးကွယ်ခံထားရပုံ ရလေ၏။ ထိုအရာများမှာ သူနှင့် ထိုကံကြမ္မာသမီးတော် တို့နှင့် သက်ဆိုင်သော မှတ်ဉာဏ်များ ဖြစ်နိုင်ခြေရှိသည်ဟု သူ ခန့်မှန်းလိုက်သည်။ မည်သို့ပင်ဆိုစေကာမူ ကံကြမ္မာသမီးတော်များတွင် ကောင်းကင်တာအို၏ အကာအကွယ်ရှိနေသဖြင့် ထိုအရာကို နားလည်နိုင်သည်။

ဤအခြေအနေအရ ကြည့်လျှင် သူနှင့် ထို ကောင်းကင်နတ်သမီးတို့မှာ ရန်သူများ ဖြစ်လာရန် ဖန်တီးခံထားရပုံရသည်။

သူမ၏အဒေါ်သည် သူ့ကြောင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းသွားသည်ကို သူမက သူနှင့်အတူ ပျော်ပျော်ရွှင်ရွှင် အရက်သောက်ပြီး စကားပြောနိုင်အုံးမည်လော။

သို့ရာတွင် စူးချန်ကဲသည် ဤအရာကို သိပ်ဂရုမစိုက်ခဲ့ချေ။ အလားအလာရှိသော ခြိမ်းခြောက်မှုကို သူ သိနေသဖြင့် သူ ဂရုမစိုက်ဘဲ နေ၍မရနိုင်ခြင်းသာ ဖြစ်ပေ၏။

နောက်တစ်စက္ကန့်တွင်...

နွေးထွေးသော ကျောက်စိမ်းပုလင်းတစ်လုံးက စူးချန်ကဲ၏လက်ထဲတွင် ထွက်ပေါ်လာသည်။ ယွီတောက်ရွှမ်၏ သူတော်စင်နယ်ပယ် တာအို အစောင့်အရှောက် သုံးယောက်ထံမှ ရရှိသော နတ်ဘုရားစိတ်ဝိညာဉ်ကို အာဟာရဖြစ်စေရန်နှင့် ပြုပြင်ရန် သူတော်စင်အဆင့် ဆေးဝါးများ ပါဝင်သော ထိုပုလင်းသည် မှေးမှိန်သော နတ်ဘုရား အလင်းရောင်ဖြင့် တောက်ပနေသည်။

သူသည် အနည်းငယ်မျှ တုံ့ဆိုင်းခြင်းမရှိဘဲ သူ၏လက်ချောင်းထိပ်ကို ညင်သာစွာ တောက်လိုက်ရာ ကျောက်စိမ်းပုလင်း ကွဲထွက်သွားခဲ့သည်။ တောက်ပသော ရောင်စုံအလင်းတန်း တိမ်တိုက်သည် နွေးထွေးသော လေစီးကြောင်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လီမု၏ ဖြတ်သန်းမြင်နိုင်လုနီးပါး ဖြစ်နေသော အကြွင်းအကျန်စိတ်ဝိညာဉ်ထဲသို့ ပေါင်းစပ်သွားသည်။

ဤပစ္စည်းသည် သူ့အတွက် အသုံးမဝင်ချေ။ သူ၏ နတ်ဘုရား ဝိညာဉ်ကို ဟန်ယွီဧကရာဇ်ကျမ်းစာက ကာကွယ်ထားသဖြင့် ထိုဆေးလုံးကို မလိုအပ်ချေ။

"အင်း..."

လီမုက တိုးညှင်းသော ညည်းတွားသံတစ်သံကို ထုတ်လွှတ်လိုက်၏။ သူမ၏ မူလက ​ဝေဝါးပြီး မတည်ငြိမ်သော စိတ်ဝိညာဉ်ခန္ဓာကိုယ်သည် အဖိုးတန် သူတော်စင်အဆင့် ဆေးဝါး၏ အာဟာရဖြည့်တင်းမှုကြောင့် မြင်နိုင်စွမ်းရှိသော အမြန်နှုန်းဖြင့် လျှင်မြန်စွာ ခိုင်မာလာခဲ့သည်။

သူမ၏ရေခဲပြာရောင် ဆံပင်ရှည်များသည် တောက်ပမှုကို ပြန်လည်ရရှိလာပြီး သူမ၏ ဖြူရော်နေသော မျက်နှာသည် တက်ကြွမှုတချို့ကို ပြန်လည်ရရှိလာသည်။ သူမ၏ကျောက်မျက်အလား တောက်ပသော မျက်လုံးများသည် အသိဉာဏ်မဲ့ခြင်းမှ တဖြည်းဖြည်း ကင်းစင်သွားခဲ့လေ၏။

မှတ်ဉာဏ်များသည် ဒီရေအလား သူမထံသို့ ပြန်လည်၍ ဝင်ရောက်သွားသည်။

သူမ မည်သူမည်ဝါဖြစ်ကြောင်းကို သူမ မှတ်မိသွားသည်။ သူမသည် ကောင်းကင်လူသားမျိုးနွယ်စုမှ လီမုပင်။

ယဲ့ရွှမ်နှင့်သူမ၏တွေ့ဆုံမှုအပြင် သူမတို့၏ ဆရာတပည့် ကံကြမ္မာကို သူမ မှတ်မိသွားသည်။

အစောပိုင်းက စိတ်ဝိညာဥ်ကို အသည်းအသန် လောင်ကျွမ်းခဲ့သော ရုန်းကန်မှုနှင့် ထိုပြိုင်ဘက်ကင်းသော ဖိနှိပ်မှုကိုလည်း သူမ မှတ်မိသွားပေ၏။

လီမုသည် မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီး သူမ၏ရှေ့ရှိ စူးချန်ကဲကို ချက်ချင်း အာရုံစိုက်လိုက်ရာ သူမ၏မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးပြီး မယုံကြည်နိုင်သော အမူအရာတစ်ခု ထင်ဟပ်နေသည်။

သူ ငါ့ကို ဘာလို့ ကယ်ခဲ့တာလဲ...

ထိုအရာက အဓိပ္ပာယ်မရှိပေ။

"မင်း..."

လီမု၏ နီမြန်းသော နှုတ်ခမ်းများ အနည်းငယ် ပွင့်ဟသွားပြီး စကားပြောဆိုရန် ဟန်ပြင်လိုက်၏။

သို့ရာတွင် နောက်တစ်စက္ကန့်တွင် စူးချန်ကဲ၏ အေးစက်စက်အသံက သူမကို လက်တွေ့ဘဝဆီသို့ ပြန်ဆွဲခေါ်သွားသည်။

"အများကြီး မတွေးနဲ့..."

စူးချန်ကဲက ဂရုမစိုက်သော အမူအရာဖြင့် ကြားဖြတ်ပြောဆိုလိုက်ပြီးနောက် တိုက်ရိုက် အကြောင်းအရာသို့ ရောက်ရှိသွားသည်။

"ဒါက မင်းကို ငါ တစ်ခုခု မေးဖို့အတွက်ပဲ..."

"မင်းရဲ့ တူမ... အခု သူ ဘယ်ကျင့်ကြံဆင့်နယ်ပယ်မှာ ရှိနေလဲ... သူက ဘယ်လောက်ထိ အစွမ်းထက်လဲ..."

"ဟုတ်တယ်... မင်းရဲ့ ကောင်းကင်လူသားမျိုးနွယ်စုက တစ်ချိန်က ကျရှုံးသွားခဲ့ဖူးတဲ့ အဲ့ဒီ ကောင်းကင်နတ်သမီး လီမြောင်ယန်ပဲ ..."

သူမ၏မှတ်ဉာဏ်များကို ပြန်လည်ရယူပေးခြင်းမှာ သူ့အတွက် အချက်အလက်တချို့ကို စုဆောင်းရန်သက်သက်သာဖြစ်ပြီး တခြားမရှိချေ။ အကယ်၍ မူလဘူတ ကောင်းကင်အရိုးကို ပိုင်ဆိုင်ထားသော ထိုလီမြောင်ယန်မှာ အမှန်တကယ်ကို ကံကြမ္မာသမီးတော် တစ်ယောက်ဖြစ်လျှင် သူမသည် ယဲ့ရွှမ်ကဲ့သို့ အခြေခံ လူတန်းစား ကံကြမ္မာသားတော်တစ်ယောက်နှင့် နှိုင်းယှဉ်နိုင်မည် မဟုတ်ချေ။ သူမ၏ ကံကြမ္မာ နှင့်စွမ်းအားသည် သိသာထင်ရှားသော အတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးတိုးတက်နေလောက်လေပြီ။

ထိုကြောင့် သူ ကြိုတင်၍ အချက်အလက်တချို့ ရယူထားခြင်းမှာ မည်သို့မျှ အကျိုးမယုတ်နိုင်ချေ။

ဤစကားများကြောင့် လီမု၏မျက်လုံးသူငယ်အိမ်များ ရုတ်တရက် ကျဥ်းမြောင်းသွားသည်။ သူမသည် စူးချန်ကဲကို မယုံကြည်နိုင်သော အမူအရာဖြင့် ကြည့်လိုက်ပြီး သူမ၏ အသံမှာ ထိတ်လန့်မှုကြောင့် တုန်ရီနေခဲ့သည်။

"နင်... နင်က ငါ့ရဲ့အထောက်အထားကို သိတယ်လား... ပြီးတော့ မြောင်ယန်... သူနဲ့ငါ့ရဲ့ ဆက်ဆံရေးကို နင် ဘယ်လို သိတာလဲ..."

တစ်ဖက်လူသည် စူးမိသားစုမှ ဖြစ်လျှင်ပင် အကြွင်းအကျန်စိတ်ဝိညာဉ်ကို အခြေခံပြီး ကောင်းကင်လူသားမျိုးနွယ်စုအဖြစ် သူမကို မှတ်မိရန်မှာ မဖြစ်နိုင်ချေ။

သူမ၏အချစ်ရဆုံး တူမ...

တစ်ချိန်က ကြီးမားသော မျှော်လင့်ချက်များ ပေးအပ်ခံခဲ့ရသော်လည်း ကံဆိုးမှုများနှင့် ကြုံတွေ့ခဲ့ရသည့် ထိုကောင်းကင် နတ်သမီးကို အတိအကျ ပြောရန်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။

ဤအရာကို ဖော်ပြလိုက်ချိန်၌ သူမ၏ နှလုံးသားသည် သူမ လေးစားအားကျသော ထိုကြီးမြတ်သည့် ပုဂ္ဂိုလ်၏ သားအပေါ် နာကြည်းမှုများ မကျေနပ်မှုများ နောက်တစ်ကြိမ် လှိုင်းထလာခဲ့သည်။

အကယ်၍ သူသည် မြောင်ယန် ကျင့်ကြံ၍ မရနိုင်သည်ကို မြင်ချိန်၌ စေ့စပ်မှုကို ပေါ့ပေါ့ပါးပါး ဖျက်သိမ်းပစ်လောက်အောင် အထက်စီး မဆန်ခဲ့လျှင် မျိုးနွယ်စုအတွင်း၌ သူမ၏တူမသည် ဤမျှထိ များပြားသော အရှက်ရမှုနှင့် အေးစက်သည့် အကြည့်များကို ခံယူခဲ့ရမည်နည်း။ ထိုအရာများအားလုံးသည် အတိတ်တွင် ကျန်ခဲ့ပြီး မြောင်ယန်သည် ပြန်လည်ထကြွလာကာ ပို၍အစွမ်းထက်ပြီး သန်မာလာခဲ့သော်လည်း ဤကိစ္စသည် သူမ၏ နှလုံးသားထဲတွင် အမြဲတစေ အတားအဆီးတစ်ခု ဖြစ်နေခဲ့သည်။

သို့ရာတွင် သူမ အမှန်တကယ်ကို အလွန်ဝမ်းသာခဲ့ရသည်။ နောက်ပိုင်းတွင် ထိုကြီးမြတ်သည့် ပုဂ္ဂိုလ်၏သားဖြစ်သူ ပြုလုပ်ခဲ့သည့် အမျိုးမျိုးသော လုပ်ရပ်များနှင့် သူ၏ အလွန်သာမန်ဆန်သော ပါရမီအကြောင်း ကြားရချိန်၌ သူမ ပို၍ပင် ပျော်ရွှင်လာခဲ့သည်။ သေချာသည်မှာ ဤအရာသည် မဟာဧကရာဇ်အပေါ် သူမ၏ လေးစားမှုကို မထိခိုက်စေခဲ့ချေ။ သူသည် ဧကရာဇ်၏ သားတစ်ယောက်ဖြစ်ရန် မထိုက်တန်ဟု သူမ ခံစားခဲ့ရခြင်းသာဖြစ်သည်။

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် လီမုသည် ရုတ်တရက် တစ်ခုခုကို နားလည်သဘောပေါက်သွားပြီး သူမ၏မျက်နှာ ချက်ချင်း ဖြူရော်သွားသည်။

"နင်... နင်က တကယ်ကြီး ငါ့အပေါ် စိတ်ဝိညာဉ် ရှာဖွေမှုကို သုံးခဲ့တာလား..."

လီမုသည် ရုတ်တရက် ခေါင်းမော့လိုက်ရာ သူမ၏အပြာရောင် မျက်လုံးများသည် ပြင်းထန်သော ဒေါသများဖြင့် လောင်ကျွမ်းနေပေ၏။

"ဒီလောက် ယုတ်မာတဲ့ နည်းလမ်းတွေ... နင်က လုံးဝကို အရှက်မရှိဘူး..."

"နင်က စူးမိသားစု အတွက် အရှက်ရစရာပဲ... နင်က ကောင်းကင် ဧကရာဇ်ကို အရှက်ရစေတယ်... တကယ်လို့ ကောင်းကင်ဧကရာဇ်သာ သူ့ရဲ့မျိုးနွယ်ဝင်တွေက ဒီလောက်ထိ အဆင်အခြင်မဲ့ ပြုမူပြီး တရားမျှတမှုကို လျစ်လျူရှုထားမှန်း သိရင် သူ သေချာပေါက်..."

"ဆူညံလိုက်တာ..."

ကြောက်မက်ဖွယ်ကောင်းသော ဖိအားအရှိန်အဝါသည် ရိုင်းစိုင်းစွာ ဖိနှိပ်လာသဖြင့် သူမ၏စကားများ ဖြတ်တောက်ခံလိုက်ရသည်။

ဘုန်းခနဲ အသံတစ်သံနှင့်အတူ...

လီမုသည် မြေပြင်ပေါ်တွင် ဒူးထောက်ကျသွားပြီး ထင်ယောင်ထင်မှားသွေးတစ်လုတ် ချက်ချင်းအန်ထုတ်လိုက်သည်။ သူမ၏ အကြွင်းအကျန်စိတ်ဝိညာဉ်သည် အချိန်မရွေး လုံးဝပျောက်ကွယ်သွားနိုင်မည့် အန္တရာယ်၌ ရှိနေပေ၏။

စူးချန်ကဲသည် အနည်းငယ် ငုံ့ကြည့်လိုက်ရာ သူ၏ နက်ရှိုင်းသော မျက်လုံးများသည် ဒေါသနှင့် အသက်ရှူကြပ်မှုတို့ကြောင့် နီရဲနေသော လီမု၏ လှပသော မျက်နှာကို တွေ့မြင်ခဲ့သည်။ သူ၏အကြည့်တွင် လှိုင်းဂယက်လေး တစ်ခုမျှ မရှိဘဲ သူ၏လေသံမှာ တည်ငြိမ်နေခဲ့သည်။

"ငါက... မင်းနဲ့ စကားစမြည် ပြောနေတယ်လို့... မင်း ထင်နေတာလား..."

All Chapters