← Chapters

အခန်း (၅၄၇၆-၅၄၇၀)

Vol. 277 Ch. 5476-5480

အခန်း (၅၄၇၆-၅၄၇၀)

Vol. 277 Ch. 5476-5480

Chapter 5476

"အား..."

ယင်လော့ဧကရာဇ်သည် စူးရှစွာ အော်ဟစ်လိုက်ပြီး သူ၏ခန္ဓာကိုယ်တွင်းကလီစာများ ပြင်းထန်စွာ စတင်၍ လောင်ကျွမ်းလာပေ၏။

ပြင်းထန်သော မီးတောက်က သူ့ကို လုံးလုံးလျားလျား ဝါးမျိုသွားသည်။ ထိုမီးတောက်သည် အဆုံးအစမရှိသော အမွှေးတိုင် ပူဇော်မှုများမှ ဖွဲ့စည်းကာ အသွင်ပြောင်းလာသော ပြင်းထန်သည့် မီးတောက်တစ်ခုဖြစ်ပြီး လောကရှိ အရာအားလုံးကို ဝါးမျိုနိုင်စွမ်းရှိသည်။

သူသည် ဒယိမ်းဒယိုင်ဖြင့် နောက်ဆုတ်သွားပြီး မီးတောက်တစ်ခုက သူ၏စိတ်နှလုံးသားမှ စတင်၍ လောင်ကျွမ်းလာကာ သူ၏ခန္ဓာကိုယ် တလျှောက်ရှိ သွေးကြောများအတိုင်း ပျံ့နှံ့သွားပြီး နောက်ဆုံးတွင် သူ၏ကြွက်သားများနှင့် အရိုးများကို လောင်ကျွမ်းသွားပေ၏။ သူ၏ မျက်လုံးများမှ ကြောက်မက်ဖွယ်ကောင်းသော သွေးများ စီးကျလာပြီး မီးတောက်နှစ်ခုပင်လျှင် သူ၏မျက်လုံးအိမ်များမှ ပျံ့လွင့်လာသည်။

အမွှေးတိုင် ပူဇော်မှုများ၏ တန်ပြန်သက်ရောက်မှုသည် မည်သည့် နတ်ဘုရားများအတွက်မဆို လက်မခံနိုင်သော ကိစ္စရပ်တစ်ခုပင်။

နတ်ဘုရားလမ်းစဉ်သည် နက်နဲသိမ်မွေ့ကာ သက်ရှိများ၏ ယုံကြည်ကိုးကွယ်မှုစွမ်းအားကို စုပ်ယူခြင်းဖြင့် စွမ်းအားကို အမှန်တကယ် ရရှိနိုင်သည်။ သို့သော် လက်တွေ့တွင်မူ နတ်ဘုရားလမ်းစဉ်သည် အစွန်းနှစ်ဖက်ပါသော ဓားတစ်လက်လည်း ဖြစ်ပေ၏။

အတိတ်တွင် တစ်ယောက်ယောက်က ကြင်ယာတော်မီကို ပစ်မှတ်ထားကာ သူမ၏နတ်ဘုရားကျောင်းတွင် အဆိပ်ပြင်းသော ကျိန်စာတစ်ခုကို ချန်ထားခဲ့သည်။ ထိုကြောင့် ကြင်ယာတော်မီသည် အမွှေးတိုင်ပူဇော်မှုများကို စုပ်ယူပြီးနောက် နာမကျန်းဖြစ်ကာ အိပ်ရာထဲသို့ လဲသွားခဲ့သည်။ နောက်ဆုံးတွင် လုယွီသည် သူမကို ကုသပေးခဲ့သူ ဖြစ်ပေ၏။

ယခုအချိန်၌ မြေအောက်လောကနတ်ဘုရားသည် ငရဲနယ်မြေကို ပြန်လည်ထိန်းချုပ်လိုက်ပြီး ယင်လော့ဧကရာဇ်ကို သစ္စာဖောက်အဖြစ် ချက်ချင်းထုတ်ပြန်ကြေညာလိုက်သည်။

မူလက ယင်လော့ဧကရာဇ် ထိန်းချုပ်ထားသော အမွှေးတိုင်ပူဇော်မှုများသည် မရေမတွက်နိုင်သော မြွေများက သူ၏နှလုံးသားကို ကိုက်ဖြတ်နေသကဲ့သို့ ပြင်းထန်စွာ တန်ပြန်သက်ရောက်လာပြီး သူ့ကို ရက်စက်စွာ ဆုတ်ဖြဲနေပေ၏။

"ငါက ယန်မိသားစုရဲ့ ဧကရာဇ်... ငရဲနယ်မြေရဲ့ အုပ်ချုပ်သူ... ငါ သေလို့ မရဘူး..."

ယင်လော့ဧကရာဇ်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး အပြင်ဘက်ရှိ ယန်မိသားစုမှ အစွမ်းထက်သူများကို ဝင်လာစေရန် သူ၏နတ်ဘုရားနယ်မြေကို ရုပ်သိမ်းလိုသည်။

သို့သော် ဤနယ်မြေကို အောင်မြင်စွာ တည်ဆောက်ပြီးဖြစ်သဖြင့် ထိုအရာသည် သူ စကားပြောဆိုရုံသက်သက်ဖြင့် ရုတ်သိမ်းနိုင်သောအရာမျိုး မဟုတ်ချေ။

မြေအောက်လောက နတ်ဘုရား၏ နတ်ဘုရား စွမ်းအား ကောင်းချီးအောက်တွင် ပို၍ကြီးမားကျယ်ပြန့်ပြီး ခိုင်မာသော နယ်မြေတစ်ခုသည် မူလက ယင်လော့ဧကရာဇ် ပိုင်ဆိုင်သော နယ်မြေကို ဖုံးလွှမ်းသွားပြီး သူ့ကို အတွင်း၌ ခိုင်မာစွာ ချိတ်ပိတ်ထားပေ၏။

ယင်လော့ ဧကရာဇ်သည် လုယွီကို ထောင်ချောက်ဆင်ရန် သူ၏ နတ်ဘုရားနယ်မြေကို မူလက ဖန်တီးခဲ့သော်လည်း မထင်မှတ်ဘဲ မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုအရာသည် သူ၏ကိုယ်ပိုင်လှောင်အိမ် ဖြစ်လာခဲ့သည်။

"ယန်မိသားစုရဲ့ ရှေးဟောင်းလမ်းစဉ်... အသူရာ ငရဲနယ်မြေရဲ့ အုပ်ချုပ်သူ..."

ဤအရေးကြီးသော အချိန်တွင် ယင်လော့ ဧကရာဇ်သည် တခြားအရာများကို ဂရုမစိုက်တော့ဘဲ သူ၏မှော်စွမ်းအားကို အသည်းအသန် အသက်သွင်းလိုက်၏။

ယန်မိသားစု နယ်မြေ၏ အနက်ရှိုင်းဆုံး အပိုင်းတွင် တောင်များနှင့်မြေပြင်သည် ရုတ်တရက် တုန်ခါသွားပြီး သောင်းနှင့်ချီသော ယင်ချီလှိုင်းများ မိုးကောင်းကင်ယံသို့ ပျံ့လွင့်သွားသည်။ မင်ကဲ့သို့ မည်းနက်နေသော စုတ်တံတစ်ချောင်းသည် နက်ရှိုင်းသော မြေကြီးထဲမှ ထွက်လာပြီး ကောင်းကင်ယံ အထက်တွင် မျောလွင့်နေသည်။

ထိုစုတ်တံသည် ကြီးကျယ်ခမ်းနားမှု အရိပ်အယောင်တစ်ခုကို ထုတ်လွှတ်ကာ လူများအားလုံးကို တုန်ရီသွားစေသည်။

"အဲ့ဒါ ငါတို့ ယန်မိသားစုရဲ့ ဖုံးကွယ်ထားတဲ့ မသေမျိုးအဆင့် မှော်လက်နက်မဟုတ်လား..."

"ဧကရာဇ် ဒေါသထွက်နေပြီ... သူက မသေမျိုးအဆင့်မှော်လက်နက်ကိုတောင် ထုတ်ဖော်အသုံးပြုခဲ့တယ်...နတ်ဘုရားနယ်မြေထဲမှာ ဘယ်လို တိုက်ပွဲမျိုး ဖြစ်နေလဲဆိုတာ ငါတို့ မသိဘူး..."

ပတ်ဝန်းကျင်ရှိ ယန်မိသားစုဝင်များအားလုံး ထိတ်လန့်နေကြသည်။ ဤကဲ့သို့ မသေမျိုးအဆင့် မှော်လက်နက်မျိုးသည် မိသားစုတစ်ခု၏ နောက်ဆုံး​ဝှက်ဖဲတစ်ခုဖြစ်ပြီး များသောအားဖြင့် သေရေးရှင်ရေး အချိန်များတွင်သာ ထုတ်ယူလေ့ရှိသည်။

ယန်မိသားစုမှ လူအိုကြီးတစ်ဦးက အသံနက်ကြီးဖြင့် ပြောဆိုသည်။

"ဧကရာဇ် ဒေါသထွက်နေပြီ... ငါတို့က အရပ်လေးမျက်နှာလုံးကို စောင့်ကြပ်ရမယ်... ချင်ဧကရာဇ်ကို လုံးဝ ထွက်ပြေးခွင့် မပေးနိုင်ဘူး..."

နတ်ဘုရားနယ်မြေအတွင်း၌ ယင်လော့ ဧကရာဇ်သည် ပြိုင်ဘက်ကင်းသော တည်ရှိမှုတစ်ခုဖြစ်ကြောင်း သူတို့ ယုံကြည်ထားကြ၏။

ချင်ဧကရာဇ်တွင် အံ့အားသင့်ဖွယ်ကောင်းသော စွမ်းအားရှိသော်လည်း သူသည် ယင်လော့ ဧကရာဇ်ကို မျက်နှာချင်းဆိုင်၍ ရင်ဆိုင်တိုက်ခိုင်ရန် လုံးဝမဖြစ်နိုင်ချေ။

ဤသို့တွေးတောကာ သူတို့သည် အပြင်ဘက် နယ်နိမိတ်တွင်သာ ရပ်နေပြီး ရလဒ်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြစဉ် ထိုစုတ်တံသည် နတ်ဘုရားနယ်မြေထဲသို့ ထိုးဖောက်ဝင်ရောက်သွားတော့သည်။

ရက်စက်ကြမ်းတမ်းသော အင်မော်တယ် စွမ်းအားများဟရုတ်တရက် ကျဆင်းလာကာ လုယွီ၏ နတ်ဘုရားနယ်မြေကိုပင် ပြင်းထန်စွာ တုန်ခါသွားစေသည်။

ဤစုတ်တံသည် ပန်းတစ်သောင်း နတ်ဘုရားစည်းတံဆိပ်နှင့် အဆင့်တူရန် အလှမ်းကွာဟပေ၏။ ထိုအရာသည် ထိုက်အမ်းဓားနှင့် လူသားဧကရာဇ်ဓားတို့ကဲ့သို့ ထိပ်တန်းမသေမျိုးအဆင့် မှော်လက်နက်များနှင့် ပို၍တူညီသည်။

"ရွှမ်မင်... မင်းက ပြန်လည်ဝင်စားခြင်းကို ဖြတ်သန်းပြီးတော့ ပြန်လည်မွေးဖွားလာရင်ရော ဘာဖြစ်လဲ... အရင်ဘဝတုန်းက ငါတို့ရဲ့ယန်မိသားစုက အစွမ်းထက်သူတွေ ထွက်သွားခဲ့တာကြောင့် မင်းရဲ့ အမိန့်အောက်မှာ ခိုလှုံဖို့ အတင်းအကျပ် ခိုင်းစေခံခဲ့ရတယ်... အခု ငါတို့ရဲ့ယန်မိသားစုက အမွေဆက်ခံထားတဲ့ မသေမျိုးအဆင့်မှော်လက်နက်ကို ထုတ်လာပြီဆိုတော့ ငါတို့ကို တိုက်ခိုက်ဖို့ မင်းမှာ ဘာရှိလို့လဲ..."

ယင်လော့ဧကရာဇ်၏မျက်နှာ ရုန့်ရင်းကြမ်းတမ်းနေသည်။

"မင်း ပြန်လည်ရှင်သန်လာရင်တောင် မင်းကို ငါ သတ်အုံးမှာပဲ..."

လုယွီက မျက်မှောင်ကြုတ်လိုက်သည်။ သူသည် စုတ်တံကို ကြည့်လိုက်ပြီး သူ၏အတွေးများသည် လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာထံသို့ ပျံ့လွင့်သွားလေပြီ။

သူ၏မူလစိတ်ဝိညာဉ်အတွင်း၌ လျှို့ဝှက်ဆန်းကြယ် မိုးကောင်းကင်ကျမ်းစာ၏ စာမျက်နှာများ ဖြည်းညှင်းစွာ စတင်၍လန်သွားပြီး ထိုအရာမျာပေါ်တွင် ရေးမှတ်ထားသော ရှေးဟောင်းစာလုံးများက လုယွီ၏ရှေ့တွင် ထွက်ပေါ်လာသည်။

ရှေးဟောင်း မသေမျိုးအဆင့် မှော်လက်နက် ... တရားသူကြီးစုတ်တံ...

ဤသည်မှာ တရားသူကြီး၏ အမွေဆက်ခံသည့် ပစ္စည်းဖြစ်ပြီး အံ့အားသင့်ဖွယ်ကောင်းသောစွမ်းအား ရှိပေ၏။ သို့သော် ထိုအရာသည် ရှေးဟောင်းငရဲနယ်မြေကဲ့ ကာကွယ်ရေး ရှေးဟောင်း မသေမျိုးအဆင့် မှော်လက်နက် များနှင့် မတူညီဘဲ အမြင့်ဆုံး တိုက်စစ်စွမ်းအားကို ကိုယ်စားပြုသည်။

ကံကြမ္မာဥပဒေသ၏ အရှိန်အဝါသည် တရားသူကြီးစုတ်တံ၏ နံဘေးပတ်လည်တွင် ထွက်ပေါ်လာပြီး ထူထပ်သိပ်သည်းစွာ စုစည်းသွားကာ နောက်ဆုံးတွင် စုတ်တံ၏ထိပ်ဖျား၌ ထွက်ပေါ်လာသည်။

ရှေးဟောင်းခေတ်က ကောင်းကင်ဘုံဧကရာဇ်သည် ဤစုတ်တံကို ကိုင်ဆောင်ရန်နှင့် ပြန်လည်ဝင်စားခြင်းသို့ ဝင်ရောက်လာသော သက်ရှိအားလုံး၏ ကံကြမ္မာကို ဆုံးဖြတ်ရန် တရားသူကြီးတစ်ပါးကို ခန့်အပ်ခဲ့သည်။

ထိုစုတ်တံကို တစ်ချက်ရေးဆွဲလိုက်ရုံဖြင့် ရှင်သန်ခြင်းနှင့်သေဆုံးခြင်းဖြစ်စေ လူအဖြစ် ပြန်လည်ဝင်စားခြင်းဖြစ်စေ ဝက် သို့မဟုတ် ခွေးအဖြစ် ပြောင်းလဲခြင်းဖြစ်စေ အရာအားလုံးသည် ထိုတရားသူကြီး၏ အတွေးတစ်ချက်တည်းပေါ်တွင် မူတည်နေပေ၏။

"မင်းကို သတ်ပြီးတာနဲ့ ဘယ်မြေအောက်လောက နတ်ဘုရားရဲ့ ရှေးရိုးစဉ်လာတွေကိုမှ ဂရုစိုက်နေစရာ မလိုတော့ဘူး... မင်းနေရာမှာ ငါ အစားထိုးဝင်ရောက်ပြီးတော့ ယန်မိသားစုကို ထာဝရ ဂုဏ်ကျက်သရေတွေထဲမှာ ပြန်ပြီးထွက်ပေါ်လာအောင်လုပ်မယ်..."

ယင်လော့ဧကရာဇ်၏မျက်နှာပေါ်တွင် ရူးသွပ်မှု အမူအရာတစ်ခု ထင်ဟပ်လာသည်။ သူသည် တရားသူကြီးစုတ်တံကို ကိုင်ဆောင်ကာ လုယွီကို ပြင်းထန်စွာ ညွှန်ပြလိုက်သည်။

လုယွီသည် ကြောက်ရွံ့ခြင်းမရှိဘဲ မသေမျိုးအဆင့် မှော်လက်နက်တစ်ခုကိုပင် အသုံးမပြုခဲ့ချေ။ သူ၏အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရုံဖြင့် ကြီးမားကျယ်ပြန့်သော မှော်စွမ်းအားများ တန်းတန်းမတ်မတ် ပျံ့လွင့်သွားပေ၏။

ဘုန်း...

အစွမ်းထက်ပြီး အဆုံးအစမရှိသော စွမ်းအားနှစ်ရပ် ပြင်းထန်စွာ တိုက်မိသွားကြသည်။ နတ်ဘုရားနယ်မြေအတွင်း၌ ငလျင်လှုပ်သွားသကဲ့သို့ မြေကြီးနှင့်တောင်များကို တုန်ခါသွားစေပြီး မြေပြင်တပြင်လုံးအက်ကွဲသွားသည့် ထိတ်လန့်ဖွယ် မြင်ကွင်းတစ်ခုပင်။

ရက်စက်ကြမ်းတမ်းသော အရှိန်အဝါများ ထွက်ပေါ်လာပြီး တရားသူကြီးစုတ်တံပေါ်ရှိ ကံကြမ္မာဥပဒေသသည် စတင်၍ အကျိုးသက်ရောက်လာပေ၏။

"သေ... သေ... သေ... သေ... သေ..."

ယင်လော့ဧကရာဇ်က အရူးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ သူသည် စုတ်တံကို မြှောက်ကာ "သေ" ဟူသော စာလုံးဆယ့်ကိုးလုံးကို အဆက်မပြတ် ရေးဆွဲလိုက်သည်။

သွေးရောင်စာလုံးများသည် လေထုအလယ်တွင် မျောလွင့်နေပြီး ကြေကွဲဖွယ် သတ်ဖြတ်လိုခြင်းစိတ်ဆန္ဒကို ဖော်ပြကာ မကောင်းဆိုးဝါး သရဲတစ္ဆေများနှင့် ရက်စက်ကြမ်းတမ်းသော နတ်ဆိုးအုပ်စုအလား ရှေ့သို့ ပြေးဝင်လာကြသည်။

သို့ရာတွင် နောက်တခဏတွင် ယင်လော့ ဧကရာဇ်သည်လည်း လုယွီ၏ထိုးနှက်ချက်ကို ခံရကာ သွေးအန်ပြီး နတ်ဘုရားမြေပြင်ပေါ်သို့ ကျဆင်းသွားပေ၏။

"ရွှမ်မင်... မင်း အဆုံးသတ်သွားပြီ... အတိတ်ဘဝက မင်းရဲ့ စိတ်ဝိညာဉ်ပဲဖြစ်ဖြစ် ဒီဘဝက မင်းရဲ့အသက်ပဲဖြစ်ဖြစ် ငါက နှစ်ခုလုံးကို ဖြတ်တောက်ပစ်မယ်..."

ယင်လော့ဧကရာဇ်၏ ပါးစပ်မှ သွေးများ စီးကျနေပြီး အလွန်ကြောက်မက်ဖွယ်ကောင်းပုံ ရသော်လည်း သူသည် ဒေါသတကြီး အော်ဟစ်ရယ်မောနေဆဲပင်။

"ငါ့ရဲ့ ဒီစာလုံးဆယ့်ကိုးလုံးက မင်းရဲ့ သက်စောင့်စွမ်းအားတွေအားလုံးကို ဖြတ်တောက်ပစ်လိမ့်မယ်... ရွှမ်မင်... မင်း နောက်ထပ် ဘဝတစ်ခုမှာ နေရရင်တောင်မှ အလကားပဲ..."

လုယွီ၏အကြည့်သည် အလွန်တည်ငြိမ်နေသော်လည်း သူ တည်ငြိမ်လေလေ ယင်လော့ ဧကရာဇ်သည် ပို၍ထိတ်လန့်လာလေလေပင်။

သူ တွေဝေနေစဉ်အတွင်း သူသည် ထိုအတိတ်နှစ်များဆီသို့ ပြန်လည်ရောက်ရှိသွားကာ မြေအောက်လောက နတ်ဘုရား၏နံဘေးတွင် မတ်တတ်ရပ်ပြီး ရွှမ်မင်က ရန်သူများကို တစ်ယောက်ပြီးတစ်ယောက် သတ်ဖြတ်နေသည်အား သူ ကြည့်နေခဲ့ရသည့်အလားပင်။

လုယွီ၏တည်ငြိမ်မှုသည် ယင်လော့ ဧကရာဇ်ကို ထိတ်လန့်သွားစေပေ၏။ သူသည် သူ၏ ပုံမှန် တည်ငြိမ်သော အခြေအနေကို မထိန်းသိမ်းနိုင်တော့ဘဲ သူ၏ပါးစပ်မှ မာနထောင်လွှားပြီး ရန်စသော စကားများကို အဆက်မပြတ် ပြောဆိုနေသည်။

သို့သော် ထိုသို့ဖြစ်စေကာမူ သူ့ဆီသို့ ပျံသန်းလာသော သွေးရောင်စာလုံး ဆယ့်ကိုးလုံးကို မြင်တွေ့ချိန်၌ လုယွီသည် မတုန်မလှုပ် ရှိနေဆဲပင်။

သူသည် တရားထိုင်နေသော ဘုန်းတော်ကြီးအို တစ်ပါးကဲ့သို့ ပလ္လင်ခွေထိုင်နေပြီး သူ၏ အမူအရာမှာ တည်ငြိမ်အေးဆေးနေသော်လည်း ဟောကိန်းထုတ်မှု သင်္ကေတအချို့သည် သူ၏ နံဘေးပတ်လည်တွင် ထွက်ပေါ်လာပေ၏။

"ငါ့ရဲ့ ကံကြမ္မာကို... မင်းက ဘာလို့ ဆုံးဖြတ်ရမှာလဲ..."

လုယွီက နက်နဲသိမ်မွေ့သော အသံဖြင့် ပြောလိုက်ကာ သူသည် အောက်ဘက်ရှိ မရေမတွက်နိုင်သော သက်ရှိများကို ငုံ့ကြည့်နေသည့် လေထဲတွင် ပျံဝဲနေသော ရှေးဟောင်းအင်မော်တယ် တစ်ပါးနှင့် အမှန်တကယ်ကို တူညီနေသည်။

အပြောင်းအလဲကျမ်းစာ၏ စွမ်းအားများ ထွက်ပေါ်လာပြီး သွေးရောင်သတ်ဖြတ်ရေးစာလုံး ဆယ့်ကိုးလုံးကို ချက်ချင်းဖုံးလွှမ်းသွားကာ ထိုအရာများအားလုံးကို ပျော်ဝင်သွားစေသည်။

ဤသည်မှာ ကံကြမ္မာဥပဒေသများ၏ ထိပ်တိုက်ရင်ဆိုင်မှုတစ်ခုပင်။ တရားသူကြီးစုတ်တံတွင် ရှေးဟောင်းအင်မော်တယ် တစ်ပါး၏ အစွမ်းထက်သော ဥပဒေသများအပေါ် နားလည်မှု ပါဝင်သော်လည်း ထိုအရာသည် ရှေးဦးသက်ရှိများ၏ ကျင့်ကြံနည်းစနစ်များနှင့် နှိုင်းယှဉ်ပါက မှိန်ဖျော့နေဆဲပင်။

"ဒါက ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ..."

ယင်လော့ဧကရာဇ်သည် မယုံကြည်နိုင်ဖြစ်သွားကာ သူ၏မျက်လုံးများ ပြူးကျယ်သွားပေ၏။

ဤသည်မှာ သူတို့ယန်မိသားစု၏ အမွေဆက်ခံသည့် မသေမျိုးအဆင့် မှော်လက်နက်ကို အသုံးပြု၍ ထုတ်ဖော်လိုက်သော ပြိုင်ဘက်ကင်း သတ်ဖြတ်ရေး လှုပ်ရှားမှုတစ်ခုဖြစ်ပြီး တိုက်ခိုက်မှုတစ်ချက်တည်းဖြင့် ပြိုင်ဘက်၏အသက်ကို နုတ်ယူနိုင်သည်။

သို့သော် လုယွီ၏ရှေ့တွင် ထိုအရာသည် ဖိအားအရှိန်အဝါ တစိုးတစိကိုပင် မထုတ်လွှတ်နိုင်ခဲ့ဘဲ အမှန်တကယ် ကျရှုံးသွားခဲ့ပေ၏။

လုယွီက သူ၏လက်ကိုမြှောက်ပြီး ဖမ်းဆုပ်လိုက်ရာ တရားသူကြီးစုတ်တံက သူ၏လက်ထဲတွင် ထွက်ပေါ်လာသည်။

သို့သော် ဤတရားသူကြီးစုတ်တံသည် ပန်းတစ်သောင်း နတ်ဘုရား စည်းတံဆိပ်နှင့် မတူညီချေ။ ထိုအရာအတွင်းတွင် လက်နက်ဝိညာဉ်တစ်ခု အမှန်တကယ် ရှိနေပေ၏။ တရားသူကြီးစုတ်တံသည် လုယွီ၏လက်ထဲသို့ ရောက်ရှိသွားသည်နှင့် တပြိုင်နက် စုတ်တံသည် ချက်ချင်းဆိုသလိုပင် ပြင်းထန်စွာ စတင်​၍ ခုခံလာသည်။

"ရွှမ်မင်... မင်း အသေးစိတ် အချက်တစ်ခုကို လွတ်သွားတယ်... ဒီပစ္စည်းက မင်း ထိန်းချုပ်နိုင်တဲ့အရာ လုံးဝမဟုတ်ဘူး..."

ယင်လော့ဧကရာဇ်က ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူ၏စိုးရိမ်ပူပန်မှုများက ဝမ်းသာအားရမှုအဖြစ်သို့ ပြောင်းလဲသွားသည်။

"အဲ့ဒါကို ငါ ဖျက်ဆီးပစ်မယ်... ငါက မင်းကို သတ်နိုင်သရွေ့ အရာအားလုံးက တန်တယ်..."

Chapter 5477

"ပေါက်ကွဲစမ်း..."

ယင်လော့ဧကရာဇ်၏ အမိန့်အရ ကြောက်မက်ဖွယ်ကောင်းပြီး အဆုံးအစမရှိသော အရှိန်အဝါတစ်ခုသည် တရားသူကြီးစုတ်တံမှ ထွက်ပေါ်လာပေ၏။

သူသည် လုယွီကို ဖယ်ရှားရန်အတွက် ယန်မိသားစု၏ အမွေခံရတနာကို ဖောက်ခွဲရန် အမှန်တကယ် ရည်ရွယ်ထားသည်။

မသေမျိုးအဆင့် မှော်လက်နက်တစ်ခုကို ဖောက်ခွဲခြင်း....

ထိုကဲ့သို့ ရဲရင့်မှုမှာ အမှန်တကယ်ကို ထူးခြားလှသည်။

ထိုအရာမှာ အင်အားစုအများစုသည် သူတို့၏ နောက်ဆုံးဝှက်ဖဲအဖြစ် ထားရှိသော ရတနာတစ်ခုဖြစ်ပြီး ထိုမသေမျိုးအဆင့် မှော်လက်နက်ကို အသုံးပြုရန်အတွက်ပင် အချိန်ကို သေချာစွာ ရွေးချယ်ရန် လိုအပ်ကာ လွယ်လွယ်ကူကူ အသုံးပြုမည် မဟုတ်ချေ။ ထိုအရာကို ဖောက်ခွဲလိုက်သည်နှင့် ပေါက်ကွဲမှုသည် အလွန်အမင်း ကြီးမားသော ဆုံးရှုံးမှုတစ်ခုကို ဖြစ်လာစေပေလိမ့်မည်။

သို့သော် ယင်လော့ဧကရာဇ်သည် ဂရုမစိုက်တော့ချေ။ လုယွီကို သတ်ရန်အတွက် သူသည် ဤတစ်ကြိမ်တွင် အစွမ်းကုန် ကြိုးစားခဲ့ပေ၏။

"ပျက်စီးသွားစမ်း... အရာအားလုံး ပျက်စီးသွားစမ်း..."

ယင်လော့ဧကရာဇ်က ရယ်မောလိုက်သည်။ သူသည် ရူးသွပ်သွားသူတစ်ဦးနှင့် တူညီနေသည်။

သူ၏ရည်ရွယ်ချက်မှာ သိသာထင်ရှားနေပြီး တရားသူကြီးစုတ်တံပေါ်ရှိ သင်္ကေတများကို အပြည့်အဝ ပေါက်ကွဲသွားစေရန် တွန်းအားပေးနေသည်။

လုယွီသည်လည်း ဤအရာကို သတိပြုမိပြီး မျက်မှောင်ကြုတ်လိုက်၏။

ထိုအချိန်က သူသည် အင်မော်တယ်ကွပ်မျက်ခြင်းဓားဝိညာဉ်ကို ပြင်းထန်စွာ ဒဏ်ရာရစေရန် မသေမျိုးအဆင့် မှော်လက်နက်တစ်ခုကို သူကိုယ်တိုင် ဖောက်ခွဲခဲ့ဖူးသည်။ ထိုကြောင့် မသေမျိုးအဆင့် မှော်လက်နက်တစ်ခု၏ ပေါက်ကွဲမှုမှာ မည်မျှထိ အစွမ်းထက်ကြောင်း ပြသနေသည်။ လက်ရှိ လုယွီပင်လျှင် မသေမျိုးအဆင့် မှော်လက်နက် ပေါက်ကွဲမှုတစ်ခုနှင့် ကြုံတွေ့ရပါက ကြီးမားသော အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ခြေရှိသည်။

ထိုသို့ဆိုသည့်တိုင် ဤတရားသူကြီးစုတ်တံ၏ လက်နက်ဝိညာဉ်သည် အလွန်အစွမ်းထက်ပြီး ပန်းတစ်သောင်း နတ်ဘုရား စည်းတံဆိပ်ကဲ့သို့ အထောက်အကူပြု မှော်လက်နက်မျိုး မဟုတ်ချေ။ ထိုကြောင့် တရားသူကြီးစုတ်တံ၏လက်နက်ဝိညာဉ်ကို သူ ထိန်းချုပ်၍ မရနိုင် ဖြစ်နေပေ၏။

သူ၏ ကောင်းကင်အရှင်သခင် စွမ်းအားဖြင့်ပင် တရားသူကြီးစုတ်တံကို အချိန်တိုအတွင်း နှိမ်နင်းရန် ခက်ခဲပေလိမ့်မည်။

"မင်းမှာ ဒီလောက်ထိ ရဲရင့်မှု ရှိလိမ့်မယ်လို့ ငါ မျှော်လင့်မထားခဲ့ဘူး..."

လုယွီက အေးစက်စက် နှာမှုတ်လိုက်သော်လည်း သူ၏စိတ်နှလုံးသား အလွန်တည်ငြိမ်နေသည်။

အချိန်တိုအတွင်းမှာပင် ထူထပ်သိပ်သည်းသော အလင်းတန်း အတားအဆီးတစ်ခုက လုယွီ၏ နံဘေးပတ်လည်တွင် ပျံ့နှံ့သွားပြီး တင်းကြပ်စွာ ချိတ်ဆက်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ပုံရိပ် လွင့်မျောသွားပြီး မြေအောက်လောက အသူရာနန်းတော်အတွင်း ပုန်းအောင်းရန် ရည်ရွယ်ထားသည်။

ဤလှုပ်ရှားမှုသည် သူ၏ကျန်ရှိနေသော မှော်စွမ်းအား အားလုံးကို ကုန်ဆုံးသွားစေနိုင်သော်လည်း ဤလက်ရှိတိုက်ခိုက်မှုကို သူ ရှောင်တိမ်းနိုင်သရွေ့ ထိုအရာသည် တန်ဖိုးရှိပေလိမ့်မည်။

သို့သော် မထင်မှတ်ဘဲ ဤအချိန်လေးတွင်ပင် ပုံမှန်မဟုတ်သော အရာတစ်ခု ဖြစ်ပွားခဲ့ပေ၏။

သိုလှောင်အိတ်ထဲမှ အရှိန်အဝါ အနည်းငယ် ထွက်ပေါ်လာပြီး လွင့်မျောလာကာ မည်သည့်သဲလွန်စမျိုးမျှ မပြသချေ။

သို့ရာတွင် ထိုအရှိန်အဝါသည် တရားသူကြီးစုတ်တံပေါ်သို့ လွင့်မျောသွားသည်နှင့်တစ်ပြိုင်နက် ရှေးဟောင်းခေတ်ကတည်းက အမွေဆက်ခံလာသော ဤရှေးဟောင်းမသေမျိုးအဆင့် မှော်လက်နက် ရုတ်တရက် တုန်ခါမှု ရပ်တန့်သွားသည်။

ဤသည်မှာ အလျင်အမြန် စီးဆင်းနေသော စမ်းချောင်းထဲမှ အစစ်အမှန် နဂါး တစ်ကောင် ရုတ်တရက် ထွက်ပေါ်လာပြီး ရေကို ငြိမ်သက်သွားစေကာ ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာကို လှိုင်းတံပိုးများ ကင်းမဲ့သွားစေသည့်အလားပင်။

"မုန့်ဖော်..."

လုယွီ၏မျက်လုံးများ တောက်ပသွားပေ၏။

သူသည် မြေအောက်လောက အသူရာနန်းတော်တွင် ခိုလှုံရန် ခြေလှမ်းများကို ရုပ်သိမ်းလိုက်ပြီး သိမ်မွေ့သော အသေးစိတ် အချက်အလက်များမှ ဤပြောင်းလဲမှုကို အာရုံခံလိုက်သည်။

ယင်လော့ဧကရာဇ်သည်လည်း ဤအပြောင်းအလဲကို သတိပြုမိသွားပြီး သူ၏ မျက်လုံးများ ချက်ချင်းနီရဲသွားကာ အော်ဟစ်လိုက်သည်။

"အား... ဘာလို့လဲ..."

သူသည် အသည်းအသန် အာရုံခံကာ တရားသူကြီးစုတ်တံကို ပေါက်ကွဲစေချင်ခဲ့သည်။ သို့ရာတွင် သူ၏နတ်ဘုရားစိတ်အာရုံကို အကုန်အစင် ထုတ်လွှတ်သော်လည်း ထိုအရာအားလုံးက ပင်လယ်ထဲသို့ ကျောက်တုံးတစ်တုံး နစ်မြုပ်သွားသည့်အလားပင်။

တရားသူကြီးစုတ်တံသည် သူ၏ထိန်းချုပ်မှုမှ လွတ်ကင်းသွားပြီး လုယွီ၏လက်ထဲသို့ ကျရောက်သွားပုံရပေ၏။

"ဒါကြောင့်ကိုး... ဒီလက်နက်ဝိညာဉ်က ရှေးဟောင်းငရဲနယ်မြေနဲ့ မယှဉ်နိုင်ပေမဲ့ လွန်ခဲ့တဲ့ ဘဝက မှတ်ဉာဏ်တချို့ကိုတော့ ထိန်းသိမ်းထားသေးတာပဲ..."

လုယွီသည် တရားသူကြီးစုတ်တံကို သူ၏ လက်ထဲတွင် ကိုင်ထားပြီး အတွင်းမှ တုန်ခါမှုများကို ခံစားနေရဆဲပင်။

ထိုစုတ်တံသည် ကြောက်ရွံနေပေ၏။

မုန့်ဖော်သည် သေဆုံးသွားပြီဖြစ်သော်လည်း သူမ၏အကြွင်းအကျန်စွမ်းအားမှာ ကျန်ရှိနေဆဲပင်။

ထို့ကြောင့် မုန့်ဖော်၏ဖိနှိပ်ချုပ်ကိုင်နိုင်သည့် စွမ်းအားက ဖုံးလွှမ်းထားသဖြင့် ဤ တရားသူကြီးစုတ်တံသည် ရိုင်းစိုင်းစွာ မပြုမူရဲဘဲ လုယွီ၏လက်ထဲသို့ လိမ္မာစွာ အညံ့ခံလိုက်ပေ၏။

"မင်းက ယန်မိသားစုရဲ့နောက်ကို ဘာလို့ လိုက်တာလဲ... ငါ့ရဲ့နောက်ကို လိုက်တာက ပိုမကောင်းဘူးလား..."

လုယွီက စုတ်တံကိုယ်ထည်ကို သူ၏လက်ဖြင့် ထိတွေ့လိုက်ပြီး သူ၏အသံ တည်ငြိမ်နေသည်။

ဤစကားတစ်ခွန်းသည် သာမန်ဟု ထင်ရသော်လည်း မုန့်ဖော်၏ကြီးမားကျယ်ပြန့်သော အင်မော်တယ်စွမ်းအားနှင့် ပေါင်းစပ်လိုက်ချိန်၌ ထိုအရာသည် စွမ်းအားကို ငှားရမ်းခြင်း အရိပ်အယောင်တစ်ခုအား သယ်ဆောင်လာသည်။

တရားသူကြီးစုတ်တံ၏ လက်နက်ဝိညာဉ်သည် ဉာဏ်ရည်မြင့်မားပုံ မပေါ်ချေ။

လက်နက်ဝိညာဉ်သည် လုယွီ၏အရှိန်အဝါကို လုံးဝမသိဘဲ အစစ်အမှန်မုန့်ဖော် ရှိနေသည်ဟုသာ ထင်မှတ်နေသည်။ ထို့ပြင် လုယွီ၏ ကောင်းကင်အရှင်သခင်အဆင့်မှ ဖိနှိပ်နိုင်သည့် စွမ်းအားလည်း ထပ်မံပေါင်းထည့်လိုက်ချိန်၌ တရားသူကြီးစုတ်တံသည် နောက်ဆုံးတွင် အညံ့ခံရန် ရွေးချယ်လိုက်သည်။

လုယွီ၏ မြင့်တက်နေသော နတ်ဘုရားစိတ်အာရုံသည် ရုတ်တရက် ကျဆင်းလာပြီး တရားသူကြီးစုတ်တံပေါ်ရှိ စိတ်ဝိညာဉ် အမှတ်အသားကို ချက်ချင်းပယ်ဖျက်လိုက်၏။

Chapter 5478

"ဘာဖြစ်လို့လဲ... ဒါကတောင် မင်းကို မသတ်နိုင်ဘူးလား..."

ယင်လော့ဧကရာဇ်၏မျက်လုံးများတွင် မလိုလားသော အရိပ်အယောင်များဖြင့် ပြည့်နှက်နေသည်။ သူ၏ပါးစပ်မှ သွေးများ ယိုစီးကျလာပြီး သူ၏မျက်လုံးများ သွေးရောင်လွှမ်းနေပေ၏။

တရားသူကြီးစုတ်တံတွင် သူ၏စိတ်ဝိညာဉ် အမှတ်အသား ရှိနေသည်။ ယခုအချိန်၌ ထိုအမှတ်အသားကို လုယွီက ရုတ်တရက် ဖျက်ဆီးလိုက်ချိန်၌ ထိုလက်နက်သည် သူ့အပေါ် တန်ပြန်သက်ရောက်မှုကို ချက်ချင်းဖြစ်ပေါ်စေခဲ့သည်။

ထိုတန်ပြန်သက်ရောက်မှုသည် သူ၏ရုပ်ခန္ဓာကိုယ်ကိုသာ ဒဏ်ရာရစေခဲ့သည်။

သို့သော် ယင်လော့ဧကရာဇ်၏ တာအို နှလုံးသားသည်လည်း အနည်းငယ် မတည်မငြိမ် ဖြစ်နေသည်။

အတိတ်တွင် သူသည် သရဲဘုရင်တစ်ပါး ဖြစ်ခဲ့ကာကာ လုယွီထံ၌ အညံ့ခံခဲ့ရသည်။

ယခုချိန်၌ သူ အာဏာရလာသည့်တိုင် သူသည် လုယွီကို ထွင်းဖောက်မမြင်နိုင်သေးကြောင်း တွေ့ရှိလိုက်ရသည်။ အစွမ်းထက်သော မသေမျိုးအဆင့် မှော်လက်နက်တစ်ခုကို မျက်တောင်တစ်ခတ်စာ အချိန်အတွင်း၌ သန့်စင်လိုက်၏။ လုယွီ မည်ကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို ယင်လော့ဧကရာဇ် လုံးလုံးလျားလျား နားမလည်နိုင်ခဲ့ချေ။

"နင်းချူကို မင်း ကြံစည်လိုက်တဲ့ အချိန်ကစပြီး ငါ မင်းကို သတ်ချင်ခဲ့တာ...အဲ့ဒီအချိန်က ကောင်းကင်ဘုံနယ်မြေစစ်ပွဲမှာ မင်းကို နည်းနည်းပိုပြီး အသက်ရှင်ခွင့်ပေးခဲ့တာ နှမြောစရာပဲ..."

လုယွီက ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်၏။

"မသေမျိုးအဆင့် မှော်လက်နက်က ငါ့ကို ဘာလို့ မထိခိုက်နိုင်တာလဲဆိုတော့ ငါက မင်းတို့အားလုံးနဲ့ မတူလို့ပဲ..."

ယင်လော့ဧကရာဇ်၏ မျက်လုံးသူငယ်အိမ်များ ကျဥ်းမြောင်းသွားကာ အံ့အားသင့်စရာကောင်းသည့် အရာတစ်ခုကို ကြားလိုက်ရသည့်အလားပင်။

"မင်းတို့က သေမျိုးတွေဖြစ်ပြီးတော့ ငါက အစစ်အမှန်အင်မော်တယ် တစ်ပါးပဲ..."

လုယွီက ခြေတစ်လှမ်းချင်း ရှေ့သို့ချဉ်းကပ်လာသည်။ သူသည် တရားသူကြီးစုတ်တံကို ကိုင်ထားပြီး စုတ်တံ၏ထိပ်ဖျားဖြင့် ယင်လော့ ဧကရာဇ်၏နဖူးကို ညင်သာစွာ ထိတွေ့လိုက်သည်။

ငရဲနယ်မြေတစ်ခုလုံးကို ထိတ်လန့်တုန်လှုပ်စေခဲ့သော ယင်လော့ဧကရာဇ်သည် ယခုအချိန်၌ သူ၏မျက်လုံးများ ရီဝေနေပေ၏။ သူသည် ပါးစပ်ကိုဖွင့်ဟကာ နောက်ဆုံးအသံတိတ် ရုန်းကန်မှုတစ်ခုကို ပြုလုပ်လိုက်ပြီးနောက် ဖြည်းညှင်းစွာ ပြန်ပိတ်သွားသည်။

ဝုန်း...

ယင်လော့ဧကရာဇ် သေဆုံးသွားခြင်းနှင့်အတူ ပတ်ဝန်းကျင်ရှိ နတ်ဘုရားနယ်မြေ ချက်ချင်းပြိုလဲကျသွားတော့သည်။

ကွဲအက်နေသော နယ်မြေအပိုင်းအစများသည် လေနှင့်အတူ လွင့်စင်သွားပေ၏။ အပြင်ဘက်ရှိ လူများသည် နောက်ဆုံးတွင် နယ်မြေအတွင်းရှိ မြင်ကွင်းကို တွေ့မြင်လိုက်ရသည်။

"ဧကရာဇ်... သူ အသတ်ခံလိုက်ရပြီ..."

"အိုး ဘုရားရေ... ဧကရာဇ် တကယ်ကြီး သေသွားပြီ...ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

ယန်မိသားစုဝင် အမြောက်အများက ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လိုက်ကြသည်။ ယင်လော့ ဧကရာဇ်၏သက်စောင့်စွမ်းအားကို သူတို့ မခံစားနိုင်တော့ချေ။

ဖုန်းတုမြို့တော်အတွင်းရှိ နတ်ဘုရားကျောင်း ထောင်ပေါင်းများစွာသည် တုန်ခါသံတစ်သံနှင့်အတူ ပြိုလဲကျသွားပေ၏။ ယင်လော့ဧကရာဇ်ကို ကိုယ်စားပြုသော ရုပ်ထုများသည် ယခုအချိန်၌ မည်သည့်အလင်းရောင်မျှ မရှိတော့ဘဲ သာမန်ကျောက်တုံးများနှင့် မကွာခြားတော့ချေ။

ယန်မိသားစု ကျင့်ကြံသူများအားလုံး ရူးသွပ်သွားကြသည်။ သူတို့၏ ဧကရာဇ် သေဆုံးသွားသည့် သတင်းကို သူတို့ လက်မခံနိုင်ကြချေ။

ယန်မိသားစုမှ အသက်ရှင်ကျန်ရစ်သော အဖိုးအိုတချို့သည် တိတ်ဆိတ်သွားပြီး အံ့အားသင့်စရာကောင်းလောက်အောင်ပင် တပြိုင်နက်တည်း နောက်သို့လှည့်ကာ ထွက်ခွာသွားရန် ရွေးချယ်လိုက်ကြ၏။

အစောပိုင်းက ယင်လော့ဧကရာဇ်သည် သူတို့၏ စွမ်းအားအားလုံးကို စုစည်းထားသော သူ၏ နတ်ဘုရားနယ်မြေကို အသုံးပြုခဲ့သည်။

ထိုကဲ့သို့သော အခြေအနေမျိုးအောက်တွင်ပင် သူ သတ်ဖြတ်ခံရပါက သူတို့ ရှေ့သို့ထွက်လာလျှင်ပင် အဓိပ္ပာယ်ရှိမည် မဟုတ်တော့ချေ။

ဤသည်မှာ သူတို့၏ခန္ဓာကိုယ်များကို ကယ်တင်ရန် ခြေလက်များကို ဖြတ်တောက်ခြင်းဖြစ်ပြီး ပြောစရာဟူ၍ မည်သည့်စကားမျှ မရှိတော့ချေ။ သူတို့ တည်ရှိနေသေးသရွေ့ ယန်မိသားစုသည် ပျက်စီးသွားမည် မဟုတ်ချေ။ သူတို့ကဲ့သို့ အချိန်ကြာမြင့်စွာ အသက်ရှင်သန်နေခဲ့သော မွန်းစတားအိုကြီးများသည် ကျင့်ကြံခြင်းလောက၏စည်းမျဉ်းများစွာကို သေချာစွာ လေ့လာခဲ့ပြီး ဖြစ်ပေ၏။

"မင်းတို့လည်း ထွက်မသွားသင့်ဘူး... မင်းတို့ရဲ့ ဧကရာဇ်နဲ့အတူ သင်္ဂြိုဟ်ခံလို့ရတယ်..."

လုယွီ၏အသံက ပီပြင်ရှင်းလင်းစွာ ထွက်ပေါ်လာသည်။ ရုတ်ချည်းဆိုသလိုပင် သူသည် ရှေ့သို့ ခြေလှမ်းလှမ်းကာ ထိုယန်မိသားစုမှ အဖိုးအိုများကို လိုက်လံဖမ်းဆီးလိုက်သည်။

အခြေအနေသည် အံ့အားသင့်ဖွယ်ကောင်းသော ပြောင်းပြန်လှန်မှုတစ်ခုကို ဖြတ်သန်းခဲ့ရသည်။

ယခင်က ယန်မိသားစုမှ အစွမ်းထက်သူတစ်စုသည် လုယွီကို ဝိုင်းရံတိုက်ခိုက်ခဲ့သော်လည်း ယခုအချိန်၌ သူတစ်ယောက်တည်းက တစ်ဖက်သတ်သတ်ဖြတ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

ဘုန်း...

နောက်ထပ်အဖိုးအိုတစ်ဦး လဲကျသွားပြီး ယန်မိသားစု၏ အလုံးစုံအင်အားသည် နောက်ထပ်အဆင့်တစ်ခုသို့ လျော့ကျသွားပေ၏။

ယန်မိသားစုသည် ရည်မှန်းချက်ကြီးမားပြီး ငရဲနယ်မြေ အင်ပါယာတစ်ခုကို တည်ထောင်ကာ ကောင်းကင်ဘုံနယ်မြေသို့ ချီတက်ပြီး မရေမတွက်နိုင်သော သက်ရှိများကို ဒူးထောက်စေချင်ခဲ့သည်။

သို့သော် ထိုကဲ့သို့ အိပ်မက်သည် ဤနေရာတွင် အဆုံးသတ်သွားခဲ့သည်။

ယန်မိသားစုကို မီးပင်လယ်တစ်ခုဖြင့် ဖုံးလွှမ်းသွားပေ၏။ အော်ဟစ်သံများ ပြေးလွှားသံများနှင့်သတ်ဖြတ်သံများ အဆက်မပြတ် ဖြစ်နေပြီး တစ်ချိန်က ရှိခဲ့ဖူးသော ငရဲနယ်မြေမှ မြင့်မြတ်နယ်မြေ၏ဟန်ပန် လုံးလုံးလျားလျား ကင်းမဲ့နေသည်။

အထက်မိုးကောင်းကင်ယံမှ မရေမတွက်နိုင်သော မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ ထိုအရာမှာ လုယွီနှင့် ယန်မိသားစုကျွမ်းကျင်သူများ တိုက်ခိုက်နေခြင်းပင်။ ဤတိုက်ပွဲများသည် တိမ်များအထက်တွင် ဖြစ်ပွားနေပြီး အနည်းငယ် နိမ့်ကျသော ကျင့်ကြံခြင်းရှိသည့် ကျင့်ကြံသူများသည် သာမန်မျက်စိဖြင့် ထိုမြင်ကွင်းများကို လုံးလုံးလျားလျား မကြည့်ရှုနိုင်ကြချေ။

"နောက်တစ်ယောက် သေသွားပြန်ပြီ..."

"ယန်မိသားစုရဲ့ မွန်းစတားအိုကြီးတွေအားလုံး... တစ်ယောက်မှ အသက်မရှင်တော့ဘူး... သူတို့အားလုံး သေသွားကြပြီ..."

ဖုန်းတုမြို့တော်အတွင်းရှိ မရေမတွက်နိုင်သော လူများက သူတို့၏အံ့အားသင့်မှုများကို ဖော်ပြခဲ့ကြ၏။ သူတို့သည် လုယွီက ယန်မိသားစု တော်ဝင်နန်းတော်၏တံခါးရှေ့တွင် ခေါင်းပြတ်များကို ဂရုမစိုက်စွာ ပစ်ချကာ တောင်ငယ်လေးတစ်ခုအဖြစ် တဖြည်းဖြည်း စုပုံလာသည်ကို ကြည့်ရှုနေခဲ့ကြသည်။

Chapter 5479

ခေါင်းပြတ်များသည် တောင်များကဲ့သို့ စုပုံနေပြီး သွေးများက မြစ်များအလား စီးဆင်းနေသည်။

အသူရာငရဲဘုံကဲ့သို့ မြင်ကွင်းသည် လူများ၏ မျက်စိရှေ့တွင် အမှန်တကယ် ထွက်ပေါ်လာသည်။

ထိုခေါင်းပြတ်များ၏ပိုင်ရှင်များသည် တစ်ချိန်က ယန်မိသားစုတွင် မြင့်မားသော အဆင့်အတန်းနှင့် ဂုဏ်သတင်းကို ခံစားခဲ့ရသည့် ထိပ်သီးပုဂ္ဂိုလ်များပင်။

သို့သော် ယခုအချိန်၌ သူတို့သည် သေဆုံးသွားကြပြီး သူတို့၏မာနထောင်လွှားမှုကြောင့် သတ်ဖြတ်ခြင်းခံခဲ့ရလေ၏။ ယန်မိသားစု အဆောက်အအုံများသည် တစ်ခုပြီးတစ်ခု ပြိုလဲကျသွားပြီး ထိုအကြောင်းကြောင့် မရေမတွက်နိုင်သော ယန်မိသားစုဝင်များ သေဆုံးခဲ့ရသည်။

"မဟုတ်ဘူး.... ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

နံဘေးမှကြည့်ရှုနေသော ကောင်းကင်ပြသမှု လျှို့ဝှက်မျှော်စင်သခင်၏မျက်နှာ ဖြူရော်သွားပြီး သူ၏ကုလားထိုင်ပေါ်သို့ အရုပ်ကြိုးပြတ် လဲကျသွားသည်။

သူသည် ဗဟုသုတ ကြွယ်ဝပြီး ယန်မိသားစု၏ စွမ်းအားကို အသုံးချကာ ထင်ရှားကျော်ကြားလာရန် မျှော်လင့်ချက်ဖြင့် အရာအားလုံးကို ယန်မိသားစုအပေါ် လောင်းကြေးထပ်ခဲ့သည်။ ဤသည်မှာ နောက်ဆုံးတွင် သူ၏ကောင်းကင်ပြသမှု လျှို့ဝှက်မျှော်စင်ကို ငရဲနယ်မြေတွင် နာမည်ကြီးလာစေရန်ပင်။

သို့သော် ယခုအချိန်၌ ထိုမျှော်လင့်ချက်အားလုံး ပျက်စီးသွားခဲ့လေပြီ။ ယန်မိသားစု၌ ခိုင်မာတောင့်တင်းသော အခြေခံအုတ်မြစ် ရှိနေသော်လည်း သူတို့သည် လုယွီ၏ ပြိုင်ဘက် မဟုတ်သေးချေ။

"သူက ယန်မိသားစုကို ဖျက်ဆီးတော့မလို့လား...အခြေအနေက မကောင်းတော့ဘူး... ငါ မြန်မြန်ထွက်သွားရမယ်..."

ကောင်းကင်ပြသမှု လျှို့ဝှက်မျှော်စင်သခင်သည် ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုကို ရုတ်တရက် တွေးမိလိုက်ပြီး ထွက်သွားရန် ချက်ချင်းမတ်တတ်ထရပ်လိုက်၏။

သို့သော် သူ မတ်တတ်ရပ်တော့မည့် အချိန်လေးတွင်ပင် ပေရွက်ယပ်တောင် အရွယ်အစားခန့်ရှိသော ဧရာမလက်တစ်ဖက်က ရုတ်တရက် ဆန့်တန်းလာပြီး သူ့ကို အတင်းအကြပ် ပြန်ဖိချလိုက်သည်။

"ကောင်းကင်ပြသမှု လျှို့ဝှက်မျှော်စင်သခင်... မင်းက ယန်မိသားစုနဲ့ ပူးပေါင်းလိုက်ပြီလို့ ငါတို့ အခုလေးတင် ကြားလိုက်တယ်... ဟုတ်လား..."

ဤသည်မှာ အနီးအနားတွင် စောင့်ကြည့်နေခဲ့သော သရဲဘုရင်တချို့ဖြစ်ပြီး ယခုအချိန်၌ သူတို့အားလုံး ကောင်းကင်ပြသမှု လျှို့ဝှက်မျှော်စင်သခင်ကို ဝိုင်းရံထားကြသည်။

"မင်းတို့ ဘာလုပ်တာလဲ..."

ကောင်းကင်ပြသမှု လျှို့ဝှက်မျှော်စင်သခင်၏ မျက်နှာ ချက်ချင်းဖြူရော်သွားသည်။

သရဲဘုရင်တစ်ပါးက ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။

"မင်း ထွက်မသွားပါနဲ့အုံး... မင်းနဲ့ ငါတို့ကြားမှာ ဆွေးနွေးစရာ ကိစ္စလေးတွေ ရှိသေးတယ်..."

"ငါ့ဆီက ဘာလိုချင်တာလဲ..."

ကောင်းကင်ပြသမှု လျှို့ဝှက်မျှော်စင်သခင်သည် တည်ငြိမ်နေဆဲပင်။

ထိုသရဲဘုရင်သည် သူ၏ပါးစပ်ကို ရုတ်တရက် ဖွင့်ဟလိုက်ပြီး အလွန်အမင်း ဆိုးသွမ်းသော အပြုံးတစ်ခုကို ဖော်ပြလိုက်၏။

"ကြီးကြီးမားမားတော့ မဟုတ်ပါဘူး... ဆုကြေးငွေယူဖို့အတွက် မင်းရဲ့ခေါင်းကို ခဏလောက် ငှားချင်လို့ပါ..."

...

"ဒီနေ့ ယန်မိသားစုကို ငါ ချေမှုန်းပစ်မယ်..."

လုယွီ၏အသံ ထွက်ပေါ်လာပြီး အဝေးသို့ ပျံ့နှံ့သွားကာ ငရဲနယ်မြေဆယ့်ရှစ်ခု၏ ထောင့်တစ်နေရာတိုင်းသို့ ရောက်ရှိသွားသည်။

ပုန်းကွယ်နေသည့် မရေမတွက်နိုင်သော အစွမ်းထက်သူများ သူတို့၏ကျင့်ကြံနေမှုများမှ လန့်နိုးသွားကြသည်။ သူတို့သည် မိုးကောင်းကင်ယံကို မော့ကြည့်လိုက်ပြီး ယန်မိသားစု၏ ကံကြမ္မာ အလျှင်အမြန် ကျဆင်းသွားသည်ကို ချက်ချင်းသတိပြုမိသွားကြ၏။

"ငရဲနယ်မြေက ပြောင်းလဲတော့မယ်..."

"နောက်ဆုံးတော့ ချင်ဧကရာဇ်က အနိုင်ရသွားပြီ... ယန်မိသားစု အစွမ်းထက်သူတွေအားလုံးကို သူက လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ စွမ်းအားနဲ့ အမြစ်ပြတ်သုတ်သင်လိုက်ပြီ..."

လူများအားလုံးက ဤသတင်းကို ဖြန့်ဝေလိုက်ပြီး ငရဲနယ်မြေတစ်ခုလုံး ဝရုန်းသုန်းကား ဖြစ်သွားသည်။ သူတို့အနက်မှ လူအများစုသည်ခေတ်တစ်ခု အဆုံးသတ်တော့မည်ဖြစ်ပြီး လုယွီက ယန်မိသားစုကို ဖျက်ဆီးလိုက်ခြင်းနှင့်အတူ နောက်ထပ်တောက်ပသော ခေတ်တစ်ခု ထွက်ပေါ်တော့မည်ဟူသော ကြိုတင်ခံစားမှုတစ်ခု ရရှိခဲ့ကြသည်။

"ငါ မယုံဘူး...ဒါက အမှန်မဟုတ်ဘူး.."

အပြင်ဘက်တွင် စခန်းချထားသော ယန်မိသားစု ကျင့်ကြံသူတချို့သည် ဝမ်းနည်းပူဆွေးနေကြပြီး သူတို့၏မျက်နှာများပေါ်တွင် စိတ်ပျက်အားငယ်မှု ထိတ်လန့်မှုတို့ဖြင့် ပြည့်နှက်နေသည်။

သူတို့အနက်မှ အများစုသည် ပတ်ဝန်းကျင်ရှိ လူများက သူတို့ကို ကြည့်သည့် အကြည့်များ ပြောင်းလဲသွားကြောင်း တွေ့ရှိခဲ့ကြသည်။

အတိတ်က သူတို့သည် ဧရာမ ကျောထောက်နောက်ခံဖြစ်သော ယန်မိသားစုနှင့်အတူ ကောင်းကင်ဘုံ၏ မျက်နှာသာပေးခံရသူများ ဖြစ်ခဲ့ကြပြီး မည်သူကမျှ သူတို့ကို ရန်မစဝံ့ချေ။

သို့သော် ယခုအချိန်၌ အခြေအနေများ ကွဲပြားသွားလေပြီ။ မဟာချင်သည် ငရဲနယ်မြေတွင် အသာစီးရသွားပြီး ယန်မိသားစုသည် ခြေနင်းတုံးတစ်ခု ဖြစ်လာတော့ပေမည်။ ဤယန်မိသားစု ကျင့်ကြံသူများသည် ယခင်ကဲ့သို့ လွှမ်းမိုးချုပ်ကိုင်နိုင်စွမ်း မရှိတော့ချေ။

"အင်အားပြည့်နဲ့ တိုက်ခိုက်ကြစမ်း... ပြီးတော့ အရှင်ဧကရာဇ်ကို သွားတွေ့ရမယ်..."

ချင်လုရှန်းက ပြတ်သားစွာ အမိန့်ပေးလိုက်ပြီး ချင်စစ်တပ်က တိုက်ခိုက်ရေးခရာများကို မှုတ်လိုက်ကြ၏။

ထိုခိုင်ခံ့သော ယန်မိသားစုခံတပ်များသည် ယခုအချိန်၌ မယုံနိုင်လောက်အောင် ကျိုးပဲ့လွယ်နေခဲ့သည်။ အစေခံများနှင့် ကြေးစားကျင့်ကြံသူ အမြောက်အများသည် ယန်မိသားစု ပျက်စီးသွားသည့် သတင်းကို ကြားချိန်၌ ချက်ချင်းဆိုသလိုပင် ရတနာများကို လုယက်ကာ ထွက်ပြေးကြတော့သည်။ သူတို့ကို စောင့်ကြပ်ရန် တာဝန်ရှိသော ယန်မိသားစု၏ကြီးကြပ်ရေးအဖွဲ့မှာ သူတို့ကို တားဆီးရန် စွမ်းအားမဲ့နေပြီး တချို့မှာလျှင် ကျပန်းဓားချက်များဖြင့်ပင် ခုတ်ထစ်သတ်ဖြတ်ခြင်း ခံခဲ့ရသည်။

ချင်လုရှန်း၏ တိုက်ခိုက်မှုအမြန်နှုန်းမှာ အံ့အားသင့်စရာကောင်းလောက်အောင် မြန်ဆန်ပြီး သူ၏အင်အားစုများသည် ယန်မိသားစု၏ကျန်ရှိနေသော နယ်မြေများဆီသို့ တိုက်ရိုက်ဦးတည်၍ ချီတက်သွားသည်။

တစ်ချိန်တည်းမှာပင် လုယိုသည်လည်း တော်ဝင်နန်းတော်ကို တိုက်ခိုက်ရန် သူ၏စစ်တပ်ကို ဦးဆောင်ခဲ့သည်။ မဟာချင် စစ်သားများသည် ယန်မိသားစု၏ အထက်တန်းလွှာ တပ်ဖွဲ့များနှင့် ရင်ဆိုင်ရမည်ဟု အစပိုင်းတွင် ထင်ခဲ့ကြသော်လည်း မထင်မှတ်ဘဲ ဝင်ရောက်လာချိန်တွင် သူတို့ မြင်တွေ့ခဲ့ရသမျှမှာ နေရာအနှံ့ ပြိုကျပျက်စီးနေသော နံရံများနှင့် အပျက်အစီးများသာ ဖြစ်ပေ၏။

Chapter 5480

ကွဲအက်နေသော အပျက်အစီးများမှ တလိမ့်လိမ့်ထနေသော ဖုန်မှုန့်များ ထွက်ပေါ်လာသည်။

နေဝင်ချိန်အောက်တွင် ယခင်တော်ဝင်နန်းတော်သည် ကျိုးပဲ့ပျက်စီးနေသော နံရံများနှင့် ပြန့်ကျဲနေသော အုတ်ကြွပ်များအဖြစ်သို့ လျော့ကျသွားခဲ့လေပြီ။

ယန်မိသားစု ကျင့်ကြံသူများ၏ ခေါင်းများသည် တောင်ငယ်လေးတစ်ခုအဖြစ် စုပုံနေပြီး ခြေလက်အင်္ဂါမပြည့်စုံသော အလောင်းများသည် နေရာအနှံ့အပြား၌ ပြန့်ကျဲနေကာ သွေးညှီနံ့က ကျီးကန်းနက်များကို ဆွဲဆောင်နေပေ၏။

ချင်စစ်တပ်မှ စစ်ဗိုလ်ချုပ်များသည် သူတို့၏ရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်သွားကြပြီး သူတို့သည် မိုးကြိုးကဲ့သို့သော ကျယ်လောင်သော အောင်ပွဲခံသည့် အော်ဟစ်သံများကို ရုတ်တရက် ထုတ်လွှတ်လိုက်ကြသည်။

"အရှင်ဧကရာဇ် သက်တော်ရာကျော်ရှည်ပါစေ..."

အောင်ပွဲခံသည့် အော်ဟစ်သံလှိုင်းလုံးများသည် မိုးကောင်းကင်ယံကို ထိုးဖောက်သွားပြီး ငရဲနယ်မြေရှိ အင်အားစုအသီးသီးကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။ ယနေ့မှစ၍ မဟာချင်သည် သူတို့၏မှတ်ဉာဏ်များတွင် ဖျောက်ဖျက်၍မရနိုင်သော အမှတ်အသားတစ်ခုကို ချန်ထားရစ်ခဲ့ပေလိမ့်မည်။

"ဝင်တိုက်ပြီး ယန်မိသားစုကို ချေမှုန်းကြ..."

"မဟာချင်ကို စော်ကားတဲ့သူတွေကို သနားညှာတာမှုမရှိဘဲ သတ်ပစ်မယ်..."

လုယို၏အမိန့်အရ အနက်ရောင် သံချပ်ကာဝတ် မဟာချင် သံမဏိမြင်းတပ်အုပ်စုများသည် နဂါးများနှင့်ကျားများကဲ့သို့ ဆင်းသက်လာကြ၏။ သူတို့သည် မြင့်မားသော မြို့ရိုးများကို ဖြိုချကာ ရူးသွပ်သော သတ်ဖြတ်မှုတစ်ခုကို စတင်ခဲ့ကြသည်။

ယန်မိသားစုကျင့်ကြံသူများ နောက်ဆုံးတွင် ပြိုလဲကျသွားတော့သည်။

သူတို့သည် ယန်မိသားစု၏ ကြီးမားကျယ်ပြန့်သော စွမ်းအားကို အားကိုးကာ ယခင်က နေရာများစွာတွင် သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ကြသည်။ မည်သူကမျှ သူတို့ကို ပြန်လည်ခုခံဝံ့ခြင်းမရှိကြဘဲ တိတ်တဆိတ်သာ သည်းခံခဲ့ရသည်။

ယခုအချိန်၌ ဤသတ်ဖြတ်မှုသည် သူတို့အပေါ်သို့ ကျရောက်လာလေပြီ။

ဤသတ်ဖြတ်လိုခြင်း စိတ်ဆန္ဒကို အမှန်တကယ် တွေ့ကြုံခံစားရမှသာ စစ်မှန်သော စိတ်ပျက်အားငယ်မှုက မည်သည့်အရာဖြစ်သည်ကို သူတို့ နားလည်လာကြ၏။

ချင်စစ်တပ်သည် လျင်မြန်စွာ ရွေ့လျားခဲ့ပြီး ထွက်ပေါက်တိုင်းကို ပိတ်ဆို့ခဲ့သည်။ ယန်မိသားစုဝင်များသည် ကူးပြောင်းရေးဝင်္ကပါများကိုပင် အသက်သွင်း၍ မရနိုင်ချေ။ မဟာချင်မှ ကျင့်ကြံသူများသည် ကောင်းကင်ယံတွင် ရှိနေပြီး အရပ်မျက်နှာအဘက်ဘက်ကို အချိန်တိုင်း စောင့်ကြည့်နေသည်။ ထွက်ခွာသွားရန် ကြိုးစားသော မည်သည့် ယန်မိသားစုဝင်ကိုမဆို သူတို့က သတ်ဖြတ်ခဲ့သည်။

"မတရားတဲ့သူတွေကို အပြစ်ပေးပြီးတော့ရက်စက်ကြမ်းကြုတ်တဲ့ ချင်ကို ကွပ်မျက်ရမယ်... မင်းတို့ အနှေးနဲ့အမြန် ပြန်ပေးဆပ်ရလိမ့်မယ်..."

"မဟာချင်က အရမ်းရက်စက်တာပဲ... တစ်နေ့နေ့ မင်းတို့လည်း ဒီလိုကံကြမ္မာမျိုး ကြုံတွေ့ရမှာကို မကြောက်ဘူးလား..."

လူအမြောက်အများ၏မျက်လုံးများ နီရဲနေသည်။ သူတို့သည် ကျယ်လောင်သောအသံဖြင့် အော်ဟစ်ကာ ချင်အင်ပါယာကို ကျိန်ဆဲလိုက်၏။

လုယိုက သူတို့ကို အထင်သေးစွာ ကြည့်လိုက်သည်။

"နေ့ရောညပါ ကျိန်ဆဲကြစမ်း... မင်းတို့က ငါတို့ကို သေအောင် ကျိန်ဆဲလို့ရမှာလား... ငါ့ရဲ့ မဟာချင်ကို အရင်ရန်စပြီး မင်းတို့ရဲ့ကိုယ်ပိုင် ပျက်စီးမှုကို ရှာဖွေခဲ့တာ မင်းတို့ ယန်မိသားစုပဲလေ... အခုကျတော့ မင်းတို့က တခြားသူတွေကို အပြစ်တင်နေတယ်..."

ထိုစကားကိုပြောပြီးနောက် လုယိုက သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။

"အနီရောင် လူရိုင်းအမြှောက်တွေကို ယူလာခဲ့စမ်း..."

ဤအချိန်၌ မဟာချင်စစ်တပ်ထံသို့ စစ်ရေးအထောက်အပံ့များ တစ်ပြီးတစ်ခု ရောက်ရှိလာသည်။ အနီရောင် လူရိုင်းအမြှောက်များကို တော်ဝင်နန်းတော်တံခါးရှေ့တွင် တန်းစီထားပြီးနောက် နားကန်းစေလောက်သော တုန်ခါသံများကို ထုတ်လွှတ်လိုက်၏။

"မဟုတ်ဘူး..."

ယန်မိသားစုဝင်များအားလုံး စိတ်ပျက်အားငယ်သွားသည်။

မည်သည့် ကာကွယ်ရေး နည်းလမ်းများကို သူတို့ အသုံးပြုစေကာမူ အနီရောင်လူရိုင်း အမြှောက်များ၏ တိုက်ခိုက်မှုကို သူတို့၏ရုပ်ခန္ဓာကိုယ်များဖြင့် ခုခံရန် ခက်ခဲလှသည်။

တုန်ခါနေသော အမြှောက်သံများကြားတွင် ယန်မိသားစု ကျင့်ကြံသူများသည် ဖြတ်တောက်ခံရသော မြက်များကဲ့သို့ အစုလိုက်အပြုံလိုက် လဲကျသွားကြ၏။ သွေးများသည် မြေကြီးကို စွန်းထင်းသွားစေပြီး ပြင်းထန်သော သွေးညှီနံ့များ လေထုထဲတွင် ပြည့်နှက်နေသည်။

"တိုက်ခိုက်ကြစမ်း... အသက်ရှင်ကျန်ရစ်သူ တစ်ယောက်မှ ချန်မထားခဲ့နဲ့..."

လုယိုက အမိန့်ပေးလိုက်သည်နှင့်အမျှ ချင်စစ်တပ်က ဝင်ရောက်တိုက်ခိုက်လိုက်သည်။ ယန်မိသားစု တော်ဝင်နန်းတော်တစ်ခုလုံးတွင် ကြေကွဲဖွယ် အော်ဟစ်သံများကို နေရာအနှံ့အပြား၌ ကြားနေရသည်။

ယန်မိသားစု အစွမ်းထက်ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် လဲကျသွားကြ၏။ ယန်မိသားစုတွင် ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိတော့ချေ။ အလောင်းများသည် နေရာအနှံ့အပြား၌ တောင်များကဲ့သို့ စုပုံနေသည်။

လုယွီက ကျန်ရှိနေသော ကိစ္စရပ်များကို ချင်စစ်တပ်ထံသို့ ချန်ထားခဲ့သည်။

လုယွီသည် တော်ဝင်နန်းတော်အတွင်း လျှောက်လှမ်းသွားလိုက်၏။ သူသည် ဤနေရာတွင် အမှတ်တရများစွာ ချန်ထားခဲ့ပြီး ဤကဲ့သို့ ပုံစံမျိုးဖြင့် ပြန်လာရလိမ့်မည်ဟု သူ အနည်းငယ်မျှ မျှော်လင့်မထားခဲ့ချေ။

တော်ဝင်နန်းတော်သည် ကြီးကျယ််ခမ်းနားကာ ထူးခြားပြီး လွှမ်းမိုးချုပ်ကိုင်နိုင်မှုရှိသည်။

ယန်မိသားစုသည် ရည်မှန်းချက်ကြီးမားပြီ ဤ တော်ဝင်နန်းတော်ကို အပြည့်အဝ ပြုပြင်မွမ်းမံခဲ့ကာ ယခင်အရိပ်အယောင်များစွာကို ဖယ်ရှားပြီး ပို၍ခမ်းနားထည်ဝါပြီး လွှမ်းမိုးချုပ်ကိုင်နိုင်စေရန် ပြန်လည်တည်ဆောက်ခဲ့ပေ၏။

ချင်စစ်တပ်မှ စစ်သားအမြောက်အများသည် ယန်မိသားစု၏ ဘဏ္ဍာတိုက်အတွင်းသို့ ပြေးဝင်သွားကြသော်လည်း သူတို့ စိတ်ပျက်သွားကြသည်။ ထိုဘဏ္ဍာတိုက်မှာ ဗလာနီးပါးဖြစ်နေပြီး ရှင်းလင်းခံထားရပြီးဖြစ်သည်။

ဘဏ္ဍာတိုက်အမြောက်အများကို ဆက်တိုက်ရှာဖွေပြီးနောက် သူတို့ မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ဘဲ စပါးစေ့တစ်စေ့မျှပင် မကျန်ရစ်ခဲ့ချေ။

"သူတို့က ကြမ်းပြင်ကိုတောင် ခွာထားတဲ့ပုံပဲ... ယန်မိသားစုက ရူးနေတာလား..."

"သေစမ်း... ဒီတိုင်တွေက ခွေးကိုက်ခံထားရသလိုမျိုး ဘာလို့ နေရာအနှံ့အပြား၌ သွားရာတွေ ရှိနေတာလဲ... ပြီးတော့ ဒီအရာတွေပေါ်က ရွှေမှုန့်တွေလည်း ပျောက်ဆုံးနေတယ်..."

ချင်စစ်တပ်မှ စစ်သားအနည်းငယ်က ကျိန်ဆဲလိုက်ကြ၏။ သူတို့သည် ဘဏ္ဍာတိုက်များအတွင်းသို့ ဆက်တိုက်ဝင်ရောက်ခဲ့သော်လည်း သူတို့အားလုံး လက်ဗလာဖြင့် ပြန်လာခဲ့ကြရသည်။

လုယိုက ဤကိစ္စကို လုယွီထံ သတင်းပို့လိုက်ရာ သူလည်း ထူးဆန်းနေသည်ဟု တွေးထင်လိုက်သည်။

သူသည် ထိုဘဏ္ဍာတိုက်များ၏ရှေ့သို့ ရောက်လာပြီး သူ၏ရှေ့ရှိ ဗလာဟင်းလင်းဖြစ်နေသော မြင်ကွင်းကို မြင်တွေ့ချိန်တွင် အနည်းငယ် ရင်းနှီးနေသည်ဟု ခံစားလိုက်ရသည်။

လုယွီသည် ယန်မိသားစု၏ အစစ်အမှန်ရတနာတည်ရှိသောနေရာကို စိတ်ဝိညာဉ် ရှာဖွေခြင်း နည်းစနစ်မှတဆင့် သိရှိထားပြီးဖြစ်သည်။ သူသည် အနောက်ဘက်တောင်ဆီသို့ လျှောက်လှမ်းသွားလိုက်၏။

ဤနေရာသည် ယန်မိသားစု၏ အဓိကနယ်မြေပင်။ ယန်မိသားစု၏ဘိုးဘေးများသည် ရှေးဟောင်းခေတ်တွင် ဤနေရာ၌ မိသားစုကို တည်ထောင်ခဲ့သည်ဟု ဒဏ္ဍာရီများ ရှိနေသည်။

အဓိကနယ်မြေတစ်ခုအနေဖြင့် ဤနေရာရှိ ကာကွယ်ရေးစွမ်းအားကို စိတ်ကူးယဉ်တွေးတောကြည့်၍ ရနိုင်သည်။ ကန့်သတ်ချက်မအမြောက်အများကို အသက်သွင်းထားပြီးဖြစ်ကာ မြေပြင်ပေါ်တွင် အက်ကွဲကြောင်းများလည်း ရှိနေကြောင်း လုယွီက မြင်တွေ့နိုင်သည်။

မကြာမီက တစ်ယောက်ယောက် ဤနေရာသို့ လာပြီး ဤကန့်သတ်ချက်များကို ချိုးဖျက်ရန် ကြိုးစားခဲ့သော်လည်း မထင်မှတ်ဘဲ ထိုသူသည် တားဆီးခြင်း ခံခဲ့ရပေ၏။

ထူးဆန်းသော အရိပ်အယောင်တစ်ခုက လုယွီ၏ မျက်လုံးများတွင် ထွက်ပေါ်လာသည်။ သူသည် ရှေ့တန်းတွင် တိုက်ခိုက်ကာ သတ်ဖြတ်နေခဲ့သော်လည်း တစ်ယောက်ယောက်က ထိုအရာမှ အကျိုးအမြတ်ရရန် ကြိုးစားလိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။ အကယ်၍ ကန့်သတ်ချက်များက ဤလူကို မတားဆီးခဲ့ပါက လုယွီသည် မည်သည့်အရာကိုမျှ ရရှိမည် မဟုတ်ချေ။

ကန့်သတ်ချက်များ၏ထောင့်တစ်နေရာတွင် ဧရာမ ကျောက်တုံးကြီးတစ်တုံး တည်ရှိနေသည်။ ထိုအရာပေါ်တွင် စာလုံးအသေးလေးများဖြင့် ရေးသားထားသော စာတစ်ကြောင်းကို လုယွီက မြင်တွေ့လိုက်ရသည်။

"မင်းရဲ့တာ့ဟေး ပြန်လာခဲ့မယ်..."

ထိုလက်ရေးလက်သားမှာ ကောက်ကွေ့နေပြီး အလွန်ချဲ့ကားထားပေ၏။

ဧရာမ ကျောက်တုံးကြီးအောက်တွင် ယခုလေးတင် ပန်းထားသကဲ့သို့ လုံးလုံးလျားလျား မခြောက်သေးသော ခွေးသေးအိုင်တစ်အိုင် ရှိနေသည်။

"ဒီကောင်စုတ်က တကယ့်ကို အချိန်ရွေးတတ်တာပဲ..."

လုယွီက အံ့ကြိတ်လိုက်သည်။ ဤသည်မှာ ထိုသေသင့်သော ခွေးနက်ကြီး၏လက်ချက်ဖြစ်ကြောင်း သိသာထင်ရှားသည်။

All Chapters