← Chapters

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

အခန်း (၁၀၁-၁၀၂)

Vol. 11 Ch. 101-102

နန်ကုန်းယွီ ကျင့်ကြံခြင်းအဆင့် (သေမျိုးနယ်ပယ်)

ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့်

ဝိညာဉ်စုပ်ယူခြင်းအဆင့်

လိုဏ်ဂူကောင်းကင်အဆင့်

အမြုတေဖွဲ့စည်းခြင်းအဆင့်

ဝိညာဉ်သန္ဓေသားပြောင်းလဲခြင်းအဆင့်

ဝိညာဉ်ပြောင်းလဲခြင်းအဆင့်

နတ်ဘုရားပေါင်းစည်းခြင်းအဆင့်

ကပ်ဘေးပျက်သုဉ်းခြင်းအဆင့်

ဝိညာဉ်အရှင်မြတ်အဆင့်

မြင့်မြတ်နယ်မြေ(သာလွန်နယ်ပယ်)

ဝိညာဉ်ဘုရင် အဆင့်

ဝိညာဉ်ဧကရာဇ် အဆင့်

ဝိညာဉ်အရှင်သခင်အဆင့်

သူတော်စင်တစ်ပိုင်းအဆင့်

မဟာသူတော်စင် အဆင့်

အဓိပတိသူတော်စင် အဆင့်

တာအိုသို့ဝင်ရောက်ခြင်းအဆင့်

တာအိုပညာရှင်အဆင့်

တာအိုအရှင်မြတ်အဆင့်

အုပ်စိုးသူအဆင့် (အမြင့်ဆုံးအဆင့်)

အခန်း (၁၀၁) လာပြီး သတင်းစကား ပါးတာပါ

ထိုပုန်ကန်တတ်သော သားအကြောင်းကို တွေးမိချိန်တွင် နန်ကုန်းအောက်ထျန်း၏ နှလုံးသားမှာ တစ်ချက်ခုန်သွားလေသည်။ သူက သွားစစ်ဆေးရန် တစ်စုံတစ်ဦးကို အမိန့်ပေးတော့မည့်ဆဲဆဲ ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်သည်။

"တစ်ဖက်လူက စုန့်နင်ကို သတ်လိုက်တာ... အဲ့ဒီ ပုန်ကန်တတ်တဲ့သားကို သတိပေးဖို့ (ဒါမှမဟုတ်) ငါ့ကို သတိပေးဖို့ပဲ ဖြစ်နိုင်တယ်... မဟုတ်ရင် အဲ့ဒီ ပုန်ကန်တတ်တဲ့သား သေသွားတဲ့အကြောင်း ငါ ကြားရလောက်ပြီ..."

နန်ကုန်းအောက်ထျန်းသည် ခဏတာ တွေဝေသွားပြီး သူ လှုပ်ရှားရန် ပြင်လိုက်ချိန်တွင် မိန်းမစိုး ယန်သည် ခြေလှမ်းကျဲကျဲဖြင့် ဝင်လာသည်။

"ဘာကိစ္စလဲ..."

မိန်းမစိုး ယန်က အနည်းငယ် ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။

"အရှင်မင်းကြီး... မင်းသမီးကြီးက တွေ့ခွင့်တောင်းနေပါတယ်..."

နန်ကုန်းအောက်ထျန်း၏ မျက်လုံးများ အနည်းငယ် အရောင်လက်သွားသည်။

"သူ့ကို ဝင်ခွင့်ပြုလိုက်..."

မိန်းမစိုး ယန်သည် အနည်းငယ် ဦးညွှတ်ကာ ဖုန်းရှန်း ခန်းမဆောင်မှ ထွက်သွားပြီးနောက် နန်ကုန်းရိုရွှယ်နောက်မှ အလျင်အမြန် ပြန်ဝင်လာလေသည်။

"ဒီသမီးက ခမည်းတော်ကို ဂါရဝပြုပါတယ်..."

နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"သမီးက ငါ့ဆီ လာခဲပါတယ်... ဒီနေ့ သမီး ဒီကိုလာတာ ငါ့ကို ဂါရဝပြုရုံတင် မဟုတ်လောက်ဘူး ထင်တယ်..."

နန်ကုန်းရိုရွှယ်က ခေါင်းငုံ့လိုက်သည်။

"မျှော်လင့်ထားတဲ့အတိုင်း ခမည်းတော်ကို ဘာမှ ဖုံးကွယ်ထားလို့ မရဘူးပဲ... ဒီသမီးက တခြားကိစ္စတွေအတွက် ဒီကို လာခဲ့တာပါ..."

"ငါ့ကို ပြောပြပါဦး..."

နန်ကုန်းအောက်ထျန်းသည် သူမ ဘာပြောမည်ကို အကြမ်းဖျင်း ခန့်မှန်းမိသော်လည်း တိုက်ရိုက် မဖော်ပြခဲ့။

"ခမည်းတော်... အခြေအနေက ဒီလိုပါ..."

နန်ကုန်းရိုရွှယ်သည် ယနေ့ သိုင်းကွင်းပြင်တွင် ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်ပြောပြလိုက်ပြီး ပြောလိုက်လေသည်။

"ခမည်းတော်... ကျင်းလင်က နည်းနည်း လွန်သွားတယ်လို့ ဒီသမီးက ခံစားရလို့ ခမည်းတော်ကို အစီရင်ခံဖို့ အထူးလာခဲ့တာပါ..."

နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများ အရောင်လက်သွားလေသည်။

"သူ့ကို ငါ ဘယ်လို အပြစ်ပေးသင့်တယ်လို့ သမီး ထင်လဲ..."

နန်ကုန်းရိုရွှယ်၏ မျက်လုံးများထဲတွင် စိတ်ဝင်စားမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း သူမက အလျင်အမြန် ဖုံးကွယ်လိုက်လေသည်။

"ဒီသမီး မသိပါဘူး... ကျင်းလင်ရဲ့ ကိစ္စကို ခမည်းတော်ကပဲ ဆုံးဖြတ်ပေးပါ"

နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းညိတ်ကာ ပြုံးလိုက်သည်။

"ကောင်းပြီလေ... ဒီကိစ္စကို ငါ သိပြီးပါပြီ... သမီး ပြန်လို့ရပါပြီ..."

"ဟုတ်ကဲ့... ဒီသမီး ပြန်ခွင့်ပြုပါဦး..."

နန်ကုန်းရိုရွှယ်သည် နန်ကုန်းကျင်းလင်အတွက် အပြစ်ပေးမှုအကြောင်း မကြားရသဖြင့် အနည်းငယ် စိတ်ပျက်သွားသော်လည်း အကူအညီမဲ့စွာဖြင့် ထွက်ခွာသွားရုံသာ တတ်နိုင်တော့‌သည်။

သူမ ထွက်သွားသည်ကို ကြည့်ရင်း နန်ကုန်းအောက်ထျန်းက နောက်ဆုံးတွင် စကားပြောလိုက်လေ၏။

"မိန်းမစိုး ယန်... ခဏလောက် ဝင်ခဲ့ပါဦး..."

သို့သော် သူ စကားပြောပြီးနောက် မိန်းမစိုး ယန် ဝင်လာသည်ကို မတွေ့ရသဖြင့် သူ အနည်းငယ် အံ့အားသင့်သွားသည်။

"မိန်းမစိုး ယန်..."

သူ၏ နှလုံးသားမှာ တစ်ချက်ခုန်သွားပြီး သူ ထပ်မံ အော်မိသွားသည်။ သို့သော် သူ၏နောက်မှ အေးစက်ပြီး ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာလေသည်။

"အရှင်မင်းကြီး... ကျွန်တော်တို့ ထပ်တွေ့ပြန်ပြီနော်..."

နန်ကုန်းအောက်ထျန်းသည် ရုတ်တရက် လှည့်ကြည့်လိုက်ရာ လျှို့ဝှက်ဆန်းကြယ်သော ဝတ်ရုံနက်ဝတ်လူတစ်ဦး သူ၏နောက်တွင် တစ်ရိပ်ရိပ်က ပေါ်လာသည်ကို တွေ့လိုက်ရပေသည်။

သို့သော် သူ့ကို စောင့်ကြပ်နေသော ကိုယ်ရံတော်များနှင့် လျှို့ဝှက်အစောင့်များကို မတွေ့ရသေးသဖြင့် မနေ့က ဖြစ်ပျက်ခဲ့သည်များကို သူ ပြန်လည်သတိရသွားလေသည်။

နန်ကုန်းအောက်ထျန်းသည် တည်ငြိမ်အောင်နေပြီး မေးလိုက်သည်။

"မင်းက ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲလို့ မေးလို့ရမလား... အသုံးမကျတဲ့ ငါ့သားကြောင့်များလား..."

ဝတ်ရုံနက်ဝတ်လူက အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီးနောက် ခေါင်းကို အနည်းငယ် ပြန်ခါယမ်းပြလိုက်သည်။

နန်ကုန်းအောက်ထျန်း၏ ရှုပ်ထွေးနေသော အမူအရာကြားတွင် ဝတ်ရုံနက်ဝတ်လူက တိတ်ဆိတ်စွာ ပြောလိုက်လေသည်။

"ဟုတ်လည်း ဟုတ်တယ်၊ မဟုတ်လည်း မဟုတ်ဘူး... သူ့ကို အရှင်မင်းကြီးက ဘယ်လို အပြစ်ပေးမလဲဆိုတာ သိချင်မိရုံပါ"

နန်ကုန်းအောက်ထျန်း၏ နှလုံးသားမှာ တစ်ချက်ခုန်သွားသည်။

"မင်းက သူ့ကို တိုက်ရိုက် မသတ်ခဲ့တာက သူ့ကို သတိပေးဖို့နဲ့ ငါ့ကို သတိပေးဖို့ပဲ ဖြစ်နိုင်တယ်မလား..."

"ဒီကိစ္စမှာ သူ မှားခဲ့တာပါ... သူ့ကို ငါ ဘယ်လို အပြစ်ပေးသင့်တယ်လို့ မင်း ထင်လဲ..."

ဝတ်ရုံနက်ဝတ်လူက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။

"ဒါက အရှင်မင်းကြီးရဲ့ မိသားစုကိစ္စပါ... ဒီနတ်ဘုရား တမန်တော်နဲ့ ဘာမှမဆိုင်ပါဘူး..."

နန်ကုန်းအောက်ထျန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်သော်လည်း ဝတ်ရုံနက်ဝတ်လူ၏ အသံကို ထပ်မံ ကြားလိုက်ရလေသည်။

"အရှင်မင်းကြီးရဲ့ မိသားစုကိစ္စက ကျွန်တော်နဲ့ မဆိုင်ပါဘူး... ဒီနေ့ ကျွန်တော် ဒီကိုလာတာ အရှင်မင်းကြီးဆီ သတင်းစကားလေးတစ်ခု လာပါးတာပါ..."

"မင်း ဘာပြောချင်တာလဲ"

နန်ကုန်းအောက်ထျန်းက မေးလိုက်သော်လည်း တစ်ဖက်လူတွင် မကောင်းသော ရည်ရွယ်ချက်အချို့ ရှိနေကြောင်း သူ ခံစားလိုက်ရပေသည်။

ဝတ်ရုံနက်ဝတ်လူက မျက်လုံးများကို အနည်းငယ် ပင့်လိုက်သည်။

"အဲ့ဒီကောင်လေးက လုပ်ကြံသူတစ်ယောက်ကို ငှားခဲ့တယ်... ပြီးတော့ သူ့ကို ငှားခဲ့တဲ့သူ သေသွားသလို သူ့ရဲ့ လက်အောက်ငယ်သား နှစ်ယောက်လည်း သေသွားတယ်... အရှင်မင်းကြီးက သူ့ကို မဖမ်းဆီးဖို့ (ဒါမှမဟုတ်) သတိမပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်... ဒီနတ်ဘုရား တမန်တော်က ပြဇာတ်ကို ကြည့်ချင်ရုံပါ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်း၏ နှလုံးသားမှာ တုန်လှုပ်သွားပြီး တစ်စုံတစ်ခု မှားယွင်းနေကြောင်း ခံစားလိုက်ရလေသည်။

ထိုအချိန်တွင် ဝတ်ရုံနက်ဝတ်လူသား၏ အသံ ထပ်မံထွက်ပေါ်လာသည်။

"မင်း စိတ်ချလို့ရပါတယ်... အဲ့ဒီကောင်လေးက စူးရှင်းမုန်းနဲ့ သူမရဲ့ သူငယ်ချင်းတွေကို ကိုယ်တိုင် သတ်ဖို့ မကြိုးစားသရွေ့... ဒီနတ်ဘုရား တမန်တော်က သူ့ကို အန္တရာယ်ပေးမှာ မဟုတ်ပါဘူး..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်းသည် အနည်းငယ် အကူအညီမဲ့သွားသော်လည်း အနည်းငယ် ခေါင်းညိတ်ပြရုံသာ တတ်နိုင်တော့သည်။

သူ၏အနောက်တွင် အသံမထွက်ဘဲ ပေါ်လာနိုင်ပြီး သူ့၏ ကာကွယ်သူ ဝိညာဉ်အာရုံ နှစ်ခုကို အလွယ်တကူ ပိတ်ဆို့နိုင်သော ပုဂ္ဂိလ်သည် သူ၏ ချင်းယိုအင်ပါယာက ရန်စနိုင်မည့်သူ လုံးဝမဟုတ်ကြောင်း သူ ကောင်းကောင်းသိလေသည်။

"ဒီကိစ္စကို ငါ သိပါပြီ... မင်းမှာ တခြား ဆွေးနွေးစရာများ ရှိသေးလား လို့ မေးလို့ရမလား..."

"ဒါပါပဲ..."

ဝတ်ရုံနက်ဝတ်လူသားက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သော်လည်း ထပ်ပြောလိုက်သည်။

"မင်းက အရမ်းပူးပေါင်းဆောင်ရွက်တဲ့အတွက် အရောင်းအဝယ် လုပ်ဖို့ အခွင့်အရေးတစ်ခု ပေးမယ်... မင်း ဘာနဲ့ အရောင်းအဝယ် လုပ်ချင်လဲ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

"ဘာမဆို အရောင်းအဝယ် လုပ်လို့ရလားလို့ မေးလို့ရမလား..."

ဝတ်ရုံနက်ဝတ်လူက အနည်းငယ် ခေါင်းညိတ်ပြပြီးနောက် ခေါင်းကို ပြန်ခါယမ်းပြလိုက်သည်။

"ဆေးလုံးတွေ၊ အဆောင်တွေနဲ့ ဝိညာဉ်ရတနာတွေ အားလုံး ရတယ်... ဆေးဖက်ဝင်အပင်တွေလည်း ရွေးချယ်စရာ တစ်ခုပဲ... လူသတ်ဖို့ အပေးအယူတောင် ရတယ်လေ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် ဝတ်ရုံနက်ဝတ်လူ၏ အသံ ထပ်မံထွက်ပေါ်လာလေသည်။

"ဒါက ဒီနေ့အတွက် မင်းရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ... ပြီးတော့ ပစ္စည်းသုံးမျိုးပဲ အရောင်းအဝယ် လုပ်လို့ရမယ်... မင်းက ဝိညာဉ်ကျောက်တုံးတွေနဲ့ ပေးချေရလိမ့်မယ်."

ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ခဏတာ တွေးတောကာ မမေးလိုက်သည်။

"ကပ်ဘေးကျော်ဖြတ်ခြင်း ဆေးလုံးတချို့၊ ဝိညာဉ် ဆေးလုံးတချို့နဲ့ ထိပ်တန်းအဆင့် ဝိညာဉ်ရတနာတချို့ကို အရောင်းအဝယ် လုပ်ပေးနိုင်မလား..."

"ကိစ္စမရှိဘူး"

ဝတ်ရုံနက်ဝတ်လူက ခေါင်းညိတ်လိုက်သည်။

"ဒါပေမဲ့ တစ်မျိုးကို ကိုးဆယ့်ကိုးခုထက် ပိုလို့မရဘူး.. ဆေးလုံးတွေ အားလုံးက အကောင်းဆုံး အရည်အသွေး ဖြစ်ရမယ်... မင်းရဲ့ လိုအပ်ချက်တွေအရ ဝိညာဉ်ရတနာတွေကို ပေးနိုင်ပေမဲ့ ဒီနတ်ဘုရား တမန်တော်ကို အနိမ့်ဆုံး ဈေးကွက်ပေါက်ဈေးအတိုင်း ဝိညာဉ်ကျောက်တုံးတွေနဲ့ ပေးချေရမယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်း၏ သူငယ်အိမ်များ ပြူးကျယ်သွားပြီး သူ၏နှလုံးသားမှာ ပြင်းထန်စွာ ခုန်ပေါက်သွားလေသည်။

ပစ္စည်းတစ်ခုကို ကိုးဆယ့်ကိုးခုထက် မပိုရဘူး ဟုတ်လား...

တစ်နည်းအားဖြင့် ပြောရလျှင် ဤလူတွင် ဤမျှလောက် တန်ဖိုးဖြတ်မရသော၊ ထိပ်တန်းအဆင့် ရတနာများ အမှန်တကယ် ပိုင်ဆိုင်ထားသည်ပေါ့လေ။

သူ အံ့အားသင့်နေစဉ်မှာပင် ဝတ်ရုံနက်ဝတ်လူသား၏ အသံ ထပ်မံထွက်ပေါ်လာသည်ကို ကြားလိုက်ရပေသည်။

"ဝိညာဉ်ကျောက်တုံးတွေ ပြင်ဆင်ဖို့ ခုနစ်ရက် အချိန်ပေးမယ်... ဒါ့အပြင်... မင်းလိုအပ်တဲ့ ဝိညာဉ်ရတနာတွေရဲ့ စာရင်းကိုလည်း ပြုစုထားပါ... မနက်ဖြန်ကျရင် ငါ လာယူမယ်..."

"ခုနစ်ရက်အကြာမှာ... မင်းဆီမှာ ဝိညာဉ်ကျောက်တုံး ဘယ်လောက်ရှိရှိ... ဒီနတ်ဘုရား တမန်တော်က မင်းကို အဲ့ဒီပစ္စည်းတွေ အရေအတွက်အတိုင်း အရောင်းအဝယ် လုပ်ပေးမယ်..."

သူ၏အသံ ပျောက်ကွယ်သွားသည်နှင့် ဝတ်ရုံနက်ဝတ်လူသည် ခန်းမဆောင်ထဲမှ ပျောက်ကွယ်သွားလေသည်။

အရာအားလုံး ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်ကို မြင်သော်လည်း နန်ကုန်းအောက်ထျန်း၏ အံ့အားသင့်နေသော အမူအရာမှာ များစွာ လျော့ကျမသွားခဲ့ပေ။

အချိန်အတော်ကြာပြီးနောက် နန်ကုန်းအောက်ထျန်းသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး စိတ်ထဲမှ တွေးလိုက်လေသည်။

'ငါ အရင်ပြင်ဆင်ထားလိုက်မယ်... အချိန်တန်ရင် အတိအကျ သိရမှာပေါ့...'

သူသည် ခဏတာ တွေဝေသွားပြီးနောက် တံခါးဆီသို့ လှမ်းကြည့်ကာ အော်ခေါ်လိုက်သည်။

"မိန်းမစိုး ယန်..."

"ဒီငယ်ကျွန် ရှိပါတယ်..."

...

တစ်ညတည်းနှင့်ပင် ချင်းယိုအင်ပါယာ၏ စီးပွားရေးလောကတွင် ၁% နီးပါးကို ထိန်းချုပ်ထားသော စုန့် မိသားစု၏ ဒုတိယသခင် ဟွိုင်ယွဲ့မျှော်စင်တွင် ရက်စက်စွာ အသတ်ခံရကြောင်း သတင်းများ အနှံ့အပြား ပျံ့နှံ့သွားလေသည်။

ခမ်းနားထည်ဝါသော ဝိညာဉ်ပြောင်းလဲခြင်း နောက်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦး လူအများရှေ့တွင် ရက်ရက်စက်စက် အသတ်ခံလိုက်ရသော်လည်း လူသတ်သမားကိုမူ မသိရသေးသဖြင့် အဖွဲ့အစည်းအသီးသီးကြားတွင် အနည်းငယ် တုန်လှုပ်မှု ဖြစ်စေခဲ့ပေသည်။

ခဏတာမျှ ထင်မြင်ချက်များ အမျိုးမျိုး ကွဲလွဲနေခဲ့ကြသည်။

အချို့က ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးသည် စုန့်နင်၏ စည်းစိမ်ဥစ္စာများကို လိုချင်သဖြင့် သူ့ကို သတ်ဖြတ်ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုကြလေသည်။

သို့သော် ဤအကြောင်းပြချက်မှာ ရှင်းလင်းစွာ ခိုင်လုံမှုမရှိချေ။ မည်သို့ပင်ဆိုစေ စုန့် မိသားစုသည် ဂုဏ်သတင်းကြီးမားသော ကျင့်ကြံသူ မိသားစုတစ်ခု ဖြစ်ပေသည်။ ဤသည်မှာ နောက်ပြောင်စရာ ကိစ္စ မဟုတ်။

အချို့ကလည်း စုန့်နင်သည် ထိပ်တန်း ကျွမ်းကျင်သူတစ်ဦးကို မတော်တဆ စော်ကားမိသဖြင့် သူ သေဆုံးရခြင်းဖြစ်သည်ဟု ဆိုကြလသည်။

ခဏတာမျှ ကျင့်ကြံသူ အသိုင်းအဝိုင်းမှာ သိချင်စိတ် ပြင်းပြနေခဲ့ကြသော်လည်း အမှန်တကယ် အကြောင်းရင်းမှာမူ ပဟေဠိတစ်ခုအဖြစ် ကျန်ရှိနေခဲ့ပေသည်။

စောစောပိုင်း မနက်ခင်းတွင် ဖြစ်ပေသည်။

နန်ကုန်းယွီနှင့် အခြားသူများ ပြင်ဆင်ပြီးနောက် ရှန်ကွမ်ယွဲ့ရှီး၏ လမ်းပြမှုဖြင့် ကြီးကြပ်ရေးရုံးသို့ ဦးတည်သွားကြလေသည်။

လမ်းတွင် နန်ကုန်းယွီသည် ရထားလုံးအပြင်ဘက်မှ စုန့်နင် သေဆုံးကြောင်း သတင်းကို ကြားလိုက်ရချိန်တွင် သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံးတစ်ခု ပေါ်လာပေသည်။

သူသည် ရှန်ကွမ်ယွဲ့ရှီးကို ကြည့်ကာ သိချင်ယောင်ဆောင်၍ မေးလိုက်သည်။

"မယ်တော်... ဒီစုန့် မိသားစုရဲ့ ဒုတိယသခင်က ဘယ်သူလဲ... သူ သေတာက ဘာလို့ ဒီလောက်တောင် ဂယက်ရိုက်သွားရတာလဲ..."

အခန်း (၁၀၂) ပုံမှန်မဟုတ်မှုများကို သတိပြုမိခြင်း

နန်ကုန်းယွီ၏ မေးခွန်းကို ကြားချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူမ၏ အမူအရာတွင် အံ့အားသင့်မှု အချို့ ပေါ်လွင်နေလေသည်။

"စုန့် မိသားစုက ကျင့်ကြံသူ မိသားစုတစ်ခုလေ... သူတို့ရဲ့ ထိပ်တန်း ကျွမ်းကျင်သူတွေက ရှန်ကွမ် မိသားစုထက်တောင် အနည်းငယ် ပိုသာသေးတယ်..."

"ဒါ့အပြင်... အစိုးရအလုပ်ကို မလုပ်တဲ့ ရှန်ကွမ် မိသားစုနဲ့မတူဘဲ... စုန့် မိသားစုရဲ့ ခေါင်းဆောင် စုန့်ချွဲက နန်းတွင်းထဲ ဝင်ပြီး အခု လုပ်သမားဝန်ကြီးဌာနရဲ့ ဝန်ကြီးချုပ်ဆိုတဲ့ အဆင့်မြင့်ပြီး အာဏာရှိတဲ့ ရာထူးကို ရယူထားတယ်..."

"စုန့်ချွဲရဲ့ သားအကြီးဆုံးက အခု အနောက်ပိုင်း ကာကွယ်ရေးစစ်တပ်မှာ ဒုတိယစစ်သူကြီး ဖြစ်နေပြီး စစ်သည်အင်အား အတော်များများကို ကွပ်ကဲနေတယ်..."

"ပြီးတော့ ဒီစုန့် မိသားစုရဲ့ ဒုတိယသခင် စုန့်နင်က စီးပွားရေးလောကထဲ ဝင်သွားပြီး ချင်းယိုအင်ပါယာရဲ့ စီးပွားရေးလောကမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာခဲ့တယ်လေ..."

"အခု စုန့်နင်က လူအများရှေ့မှာ ရက်ရက်စက်စက် အသတ်ခံလိုက်ရပြီး လူသတ်သမားရဲ့ အရိပ်အယောင်ကိုလည်း မတွေ့ရဘူးဆိုတော့... သဘာဝကျကျ ဂယက်ရိုက်သွားတာပေါ့..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"အဲ့ဒါက အဓိပ္ပာယ်ရှိပါတယ်..."

သူသည် ဤအရာများအားလုံးကို သူ မဖန်တီးထားခဲ့သည့်အလား တည်ငြိမ်အေးဆေးစွာ ရှိနေပေသည်။

ထိုအချိန်တွင် ရှန်ကွမ်ယွဲ့ရှီးသည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ထူးဆန်းသော အမူအရာတစ်ခု ဖြစ်ပေါ်ဖြစ်သွားသည်။

"ပြောရမယ်ဆိုရင်... ဒီစုန့် မိသားစုရဲ့ ဒုတိယသခင်က နန်းတော်ထဲက စုန့်ကိုယ်လုပ်တော်ရဲ့ ဒုတိယအစ်ကို ဖြစ်ပြီး... နန်ကုန်းကျင်းလင်ရဲ့ ဒုတိယဦးလေးလည်း ဖြစ်တယ်လေ"

သူမ ထိုသို့ပြောစဉ် နန်ကုန်းယွီကို တစ်ချက်ကြည့်မိသွားပြီး သူမ၏ အမူအရာတွင် စိုးရိမ်မှု အရိပ်အယောင်တစ်ခု ပေါ်လွင်နေလေသည်။

"မယ်တော်... သားကို ဘာလို့ အဲ့ဒီလို ကြည့်နေတာလဲ... ဘာကို စိုးရိမ်နေတာလဲ..."

သူမ၏ မျက်နှာပေါ်ရှိ စိုးရိမ်မှုများကို မြင်ချိန်တွင် နန်ကုန်းယွီက မေးလိုက်ပေသည်။

ရှန်ကွမ်ယွဲ့ရှီးက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်ပြီး သူမ၏ အမူအရာတွင် အကူအညီမဲ့မှု အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။

"သား မနေ့က နန်ကုန်းကျင်းလင်နဲ့ ပြဿနာဖြစ်ခဲ့တယ်လေ... ပြီးတော့ သူ့ရဲ့ ဒုတိယဦးလေးက အဲ့ဒီနေ့မှာပဲ သေသွားတယ်... သားတို့ရဲ့ ပြဿနာကို သိတဲ့သူတွေက အကြောင်းအရာတွေကို ဆက်စပ်တွေးမိမှာပဲလေ..."

ဤစကားကို ကြားချိန်တွင် ထိုနေရာရှိ လူများ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားကြပြီး စူးရှင်းမုန်း၏ အမူအရာလည်း အနည်းငယ် ပြောင်းလဲသွားပေသည်။

နန်ကုန်းယွီက ပခုံးအနည်းငယ် တွန့်လိုက်ပြီး ဂရုမစိုက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

"သူတို့ ဘယ်လိုတွေးတွေး ဘယ်သူက ဂရုစိုက်လို့လဲ... ကျွန်တော့်မှာ အဲ့ဒါကို လုပ်နိုင်စွမ်းမှ မရှိတာ..."

"ဒါ့အပြင်... ကျွန်တော်နဲ့ နန်ကုန်းကျင်းလင်ကြားက ပြဿနာက အသေးအဖွဲလေးပါ... သူက ကျွန်တော့်ကို မထိရဲဘူးဆိုတော့... ကျွန်တော်က ဘာလို့ သူ့ကို ဒုက္ခပေးရမှာလဲ..."

"ပြီးတော့... ကျွန်တော့်မှာ အဲ့ဒီလို ရည်ရွယ်ချက် ရှိရင်တောင် ကျွန်တော့်ရဲ့ ကျောထောက်နောက်ခံက ကျန်းပေ့စစ်တပ်၊ မယ်တော်နဲ့ ဦးရီးတော်တို့ဆီက လာတာလေ... ကျန်းပေ့စစ်တပ်က မြောက်ပိုင်းမှာ ရှိနေတုန်းပဲဆိုတော့... ကျွန်တော့်ကို အရမ်းကာရော လုပ်ခွင့်ပေးမှာ မဟုတ်ဘူးမလား..."

"အဲ့ဒါတော့ မှန်ပါတယ်... ဒါပေမဲ့ တခြားသူတွေ ဘယ်လိုတွေးတယ်ဆိုတာကို ငါတို့ ဘယ်လိုလုပ် သိနိုင်မှာလဲ..."

ရှန်ကွမ်ယွဲ့ရှီးက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။

သို့သော် ထို့နောက် တစ်စုံတစ်ခုကို တွေးမိကာ သူမသည် နန်ကုန်းယွီ၏ ခေါင်းကို ပွတ်သပ်ပြီး ရယ်မောလိုက်လေသည်။

"သေချာတာပေါ့ ယွီအာ... စိတ်မပူပါနဲ့... ဘာပဲဖြစ်ဖြစ် အဲ့ဒါကို လုပ်ခဲ့တာ ငါတို့မှ မဟုတ်တာ... စုန့် မိသားစုက ငါတို့ကို ဘာပြဿနာ ပေးနိုင်မှာမို့လို့လဲ..."

"အင်း..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူမ၏ ရင်ခွင်ထဲတွင် လိမ္မာပါးနပ်စွာ မှီနေလိုက်ပေသည်

ထိုအချိန်မှာပင် ဒေါ် လေးရှန်၏ အမူအရာ ရုတ်တရက် အနည်းငယ် ပြောင်းလဲသွားပြီး သူမ၏ နှုတ်ခမ်းများ အနည်းငယ် လှုပ်ရှားသွားကာ တစ်စုံတစ်ဦးထံသို့ သူမ၏ အတွေးများကို ပေးပို့ရန် ကြိုးစားနေပုံရလေသည်။

တကယ်ပါပဲ။

ရှန်ကွမ်ယွဲ့ရှီး၏ အမူအရာ ပိုမိုရှုပ်ထွေးလာသည်ကို မြင်ချိန်တွင် သူ စဉ်းစားမိသွားရချေသည်။ စုန့် မိသားစုက လူလား... ဒါမှမဟုတ် တခြား အင်အားစုက လူလား။

သူမသည် ဒေါ် လေးရှန်ကို တစ်ချက်ကြည့်လိုက်ပြီး အလျင်စလို မလှုပ်ရှားရန်နှင့် အရင်စောင့်ကြည့်ရန် အချက်ပြလိုက်လေသည်။

ဒေါ် လေးရှန်က နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

မကြာမီမှာပင် ရထားလုံးသည် အနောက်ဘက် တံခါးသို့ ရောက်ရှိလာ၏။ ဒေါ် လေးရှန်က ခေါင်းအနည်းငယ် ခါယမ်းပြလိုက်ပြီး ရှန်ကွမ်ယွဲ့ရှီးက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

ရှန်ကွမ်ယွဲ့ရှီးနှင့် အခြားတစ်ဦးတို့သည် နန်ကုန်းယွီနှင့် အခြားသူများကို ကြီးကြပ်ရေးရုံးအထိ လိုက်ပို့ပေးခဲ့ကြသည်။ ရှန်ကွမ်ယွဲ့ရှီးက ညွှန်ကြားလိုက်သည်။

"ယွီအာ... ဒီနေ့ ညနေကျရင် သားကို လာကြိုဖို့ မယ်တော် ဒီကို လာခဲ့မယ်... မယ်တော် မရောက်ခင် အပြင်ကို လွယ်လွယ်နဲ့ မထွက်နဲ့နော်... တကယ်လို့ သား ထွက်သွားရမယ်ဆိုရင်တောင် မယ်တော်ကြီးကို ရှာဖို့ နန်းဆောင်ထဲကို ရိုရွှယ်နဲ့အတူ သွားရမယ်နော်... နားလည်လား..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက လိမ္မာပါးနပ်စွာ ခေါင်းညိတ်လိုက်သည်။

မိခင်ဖြစ်သူ၏ စိုးရိမ်မှုများကို သူ သဘာဝကျကျ နားလည်ပေသည်။ မည်သို့ပင်ဆိုစေ မြစ်ဝါမြစ်အဆောက်အအုံမှ လုပ်ကြံသတ်ဖြတ်သူများသည် လမ်းတစ်လျှောက်လုံး သူတို့ကို တိတ်တဆိတ် လိုက်လာခဲ့ကြခြင်း မဟုတ်ပါလား။

မြစ်ဝါမြစ်အဆောက်အအုံသည် မရဏစံအိမ်နှင့် တန်းတူရှိသော လုပ်ကြံသတ်ဖြတ်ရေး အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မနေ့က စူးရှင်းမုန်းနှင့် ချင်းလင်ကို လုပ်ကြံရန် တာဝန်ကို လက်ခံခဲ့ကြလေသည်။ ကျန်းပေ့မင်းသား စံအိမ်နှင့် သူတို့၏ ဆက်စပ်မှုကို ထည့်သွင်းစဉ်းစားကာ သူတို့သည် အဋ္ဌမအဆင့် လုပ်ကြံသတ်ဖြတ်သူ တစ်ဦးကို ချက်ချင်း စေလွှတ်ခဲ့ကြပေသည်။

ယနေ့ ရထားလုံးနောက်သို့ လိုက်လာသူမှာ ကပ်ဘေးပျက်သုဉ်းခြင်းအဆင့် သတင်းအချက်အလက် စုဆောင်းသည့် လုပ်ကြံသတ်ဖြတ်သူ တစ်ဦး ဖြစ်လေသည်။

အကယ်၍ နန်ကုန်းယွီကသာ သူတို့ကို တမင်သက်သက် အသက်ချမ်းသာပေးမထားခဲ့လျှင် လုပ်ကြံသတ်ဖြတ်သူများကို ရှဲဒိုးချမ်းက သတ်ပစ်ခဲ့သည်မှာ ကြာပြီဖြစ်ပေမည်။

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး လက်ယမ်းကာ ပြောလိုက်သည်။

"မယ်တော်... သားတို့ အရင်ဝင်သွားတော့မယ်... ဒီနေ့ ညနေ သားကို လာကြိုဖို့ မမေ့နဲ့နော်..."

"ကောင်းပြီ... မြန်မြန် ဝင်သွားကြတော့..."

ရှန်ကွမ်ယွဲ့ရှီးက လက်ယမ်းပြလိုက်ပြီး ထိုအုပ်စု ထွက်သွားသည်ကို ကြည့်ကာ ပြောလိုက်သည်။

"ဒေါ် လေးရှန်... သူတို့က ဘယ်အဖွဲ့အစည်းကလဲဆိုတာ သိလား..."

All Chapters