← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 11 Ch. 107-108

အခန်း (၁၀၇) မင်းရဲ့နေရာကို မင်း မသိဘူးလား...

အေးစက်သော အော်သံ ထွက်ပေါ်လာသည်နှင့်အမျှ ဖိအားလှိုင်းတစ်ခုက လွှမ်းမိုးသွားပြီး လူတိုင်းကို မလှုပ်ရှားနိုင်အောင် ဖြစ်သွားစေလေသည်။

ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် အနည်းငယ် ပြုံးမိသွားချေသည်။

သို့သော် ထို့နောက် သူ၏လက်ထဲရှိ တံဆိပ်ပြားသည် မှိန်ဖျော့ဖျော့ အလင်းရောင်တစ်ခုဖြင့် တောက်ပသွားပြီး ရွှေရောင် အလင်းတန်းတစ်ခုက သူ့ကို လွှမ်းခြုံသွားကာ ဖိနှိပ်ထားသော အရှိန်အဝါကို ဖယ်ရှားပေးလိုက်လေသည်။

ထိုအချိန်မှာပင် ပုံရိပ်အချို့ ချဉ်းကပ်လာကြသည်။

"ဘာတွေ ရုတ်ရုတ်သဲသဲ ဖြစ်နေကြတာလဲ..."

ထိုအုပ်စု၏ ထိပ်ဆုံးမှ အဘိုးအိုက လူတိုင်းကို တစ်ချက်ကြည့်ကာ မျက်မှောင်ကြုတ်ပြီး မေးလိုက်လေသည်။

နန်ကုန်းယွီသည် သူတို့ကို လျစ်လျူရှုလိုက်ပြီး လက်တစ်ဖက်တွင် တံဆိပ်ပြားကို ကိုင်ကာ အခြားလက်တစ်ဖက်တွင် စစ်ချန် ဓားကို ဆွဲ၍ ကောင်လေးတစ်ယောက်ဆီသို့ တည့်တည့် ဆက်လျှောက်သွားပေသည်။

ဤသည်ကို မြင်ချိန်တွင် ရောက်လာသော လူစုမှာ အနည်းငယ် အံ့အားသင့်သွားကြလေသည်။

တစ်ယောက်က ထိတ်လန့်တကြားနှင့် ဒေါသတကြီး အော်လိုက်သည်။

"မင်းက ဘယ်သူလဲ... ဒါက ကြီးကြပ်ရေးရုံးနော်... မင်းရဲ့ လက်နက်ကို ချထားလိုက်စမ်း..."

နန်ကုန်းယွီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ ဘယ်ဘက်လက်ထဲရှိ တံဆိပ်ပြားကို ကြည့်လိုက်ကာ"ဒီတံဆိပ်ပြားကို မြင်တာက သူ့ကို မြင်တာနဲ့ အတူတူပဲလို့ ဦးရီးတော်က မပြောခဲ့ဘူးလား... ခင်ဗျားတို့က ဘာလို့ နည်းနည်း မရိုမသေ ဖြစ်နေကြတာလဲ..."

ဤစကားကို ကြားချိန်တွင် လူတိုင်း သူ၏လက်ထဲရှိ တံဆိပ်ပြားကို ကြည့်လိုက်ကြပြီး သူတို့၏ အမူအရာများမှာ အံ့အားသင့်မှုကြောင့် ပြောင်းလဲသွားလေသည်။

"ဧကရာဇ်ရဲ့ ရွှေရောင်အမိန့်တော်ပြား..."

နန်ကုန်းယွီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"ကျွန်တော်လည်း ဓားကို မသုံးချင်ပါဘူး... ဒါပေမဲ့ မျက်ကန်းတချို့က ကျွန်တော့်ကိုတောင် မလေးစားဘဲ ကျွန်တော့်ရဲ့ အစေခံမလေးကို လူပုံအလယ်မှာ အနိုင်ကျင့်နေကြလို့လေ..."

"ကြီးကြပ်ရေးရုံးရဲ့ ဆရာတွေကို ဂရုမစိုက်သလို တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကိုလည်း ဂရုမစိုက်တဲ့ သူတို့ရဲ့ အပြစ်ဒဏ်က ဘာဖြစ်မလဲဆိုတာ ဆရာတို့ကို ကျွန်တော် မေးချင်ပါတယ်..."

ဤစကားကို ကြားချိန်တွင် လူတိုင်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွား၏။ ဆရာများ၏ မျက်နှာများပင် ပြောင်းလဲသွားရာ ထိုလူငယ်သုံးဦးမှာမူ ဆိုဖွယ်ရာ မရှိတော့ပေ။

"ကျွန်တော်တို့ မလုပ်ခဲ့ပါဘူး... အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့..."

"ကျန်းပေ့မင်းသား... ကျွန်တော့်ကို အဲ့ဒီလို စွပ်စွဲချက်တွေ မပေးပါနဲ့..."

"ကျွန်တော်တို့ မလုပ်ဘူး..."

ကောင်လေးသုံးယောက်၏ မျက်လုံးများ အနည်းငယ် တုန်လှုပ်သွားပြီး သူတို့အားလုံးက ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်ကြလေသည်။

"မလုပ်ဘူး ဟုတ်လား..."

နန်ကုန်းယွီ၏ အကြည့်မှာ ရေခဲတမျှ အေးစက်သွားပြီး အေးစက်စက် အသံဖြင့် ပြောလိုက်သည်။

"မင်းတို့ ပြောချင်တာက တောင်ပိုင်းကာကွယ်ရေးမင်းသားရဲ့ အမွေဆက်ခံသူ နန်ကုန်းဝမ်ယိုက လူအများရှေ့မှာ လိမ်ပြောနေတာလို့ ပြောချင်တာလား..."

ဤစကားကို ကြားချိန်တွင် လူတိုင်းက နန်ကုန်းဝမ်ယိုကို လှည့်ကြည့်လိုက်ရာ သူ၏မျက်နှာ မှုန်မှိုင်းသွားသည်ကို တွေ့လိုက်ရပေသည်။

"ငါက မင်းသားတစ်ပါးအနေနဲ့ လိမ်ပြောလောက်တဲ့အထိ မနိမ့်ကျပါဘူး... သူတို့သုံးယောက်က ကျန်းပေ့မင်းသားရဲ့ အစေခံ ချင်းလင်ကို တကယ်ပဲ အနိုင်ကျင့်ခဲ့တာပါ..."

"ငါ... ငါလည်း သက်သေခံနိုင်တယ်..."

နန်ကုန်းရိုရွှေက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ပြောလိုက်ပြီးနောက် နန်ကုန်းရိုရွှယ်၏ အနောက်တွင် ပုန်းနေလိုက်လေသည်။

နန်ကုန်းယွီက သူတို့နှစ်ဦးကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆရာများဘက်သို့ လှည့်လိုက်သည်။

"ဒီနေ့ သူတို့ကို ကျွန်တော် ရှင်းမယ်... ဆရာတို့ထဲက ဘယ်သူကများ ကျွန်တော့်ကို တားမလဲ..."

ဤစကားကို ကြားချိန်တွင် ဆရာများသည် သူ၏လက်ထဲရှိ တံဆိပ်ပြားကို တစ်ချက်ကြည့်လိုက်ကြသော်လည်း ထို့နောက် မျက်နှာလွှဲသွားကြလေသည်။

ဤသည်ကို မြင်ချိန်တွင် ထိုသုံးဦး၏ အမူအရာ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။

"ကျန်းပေ့မင်းသား... မင်း ဘယ်လောက်တောင် ရိုင်းစိုင်းရဲတာလဲ... ငါ့အဖေက..."

"ဘန်း..."

သို့သော် ထို့နောက် ကျယ်လောင်သော မြည်ဟည်းသံတစ်ခု ထွက်ပေါ်လာပြီး အော်ဟစ်နေသော ကောင်လေးသည် နန်ကုန်းယွီ၏ ကန်ချက်ကြောင့် လွင့်စင်သွားကာ အခြားတစ်ယောက်ကို ဝင်တိုက်မိသွားလေသည်။

သူတို့နှစ်ဦး မြေပြင်ပေါ်တွင် လူးလှိမ့်သွားကြပြီး အရိုးကျိုးသံများ ဆက်တိုက်ထွက်ပေါ်လာကာ သူတို့၏ အရိုးများစွာ ကျိုးသွားကြောင်း ရှင်းလင်းစွာ ညွှန်ပြနေပေသည်။

"အား... ငါ့ရဲ့ နံရိုးတွေ..."

"အရမ်းနာတယ်ကွာ..."

"ပါးစပ်ပိတ်ထားစမ်း..."

နန်ကုန်းယွီ၏ မျက်လုံးများ အေးစက်သွားပြီး အေးစက်စွာ အော်ငေါက်လိုက်လေသည်။

ဤစကားကို ကြားချိန်တွင် သူတို့နှစ်ဦးသည် နန်ကုန်းယွီ၏ အကြည့်နှင့် ဆုံသွားကြပြီး သူတို့၏ ကျောရိုးတစ်လျှောက် စိမ့်တက်သွားသည်ကို ခံစားလိုက်ရပေသည်။

သူ၏မျက်လုံးများထဲက အကြည့်က သူတို့ကို သတ်ချင်နေသလို။ သူတို့နှစ်ဦးသည် နာကျင်မှုများစွာ သက်သာသွားသကဲ့သို့ တံတွေးကို ခက်ခဲစွာ မျိုချလိုက်ကြပြီး ချက်ချင်း အော်ငိုခြင်းကို ရပ်လိုက်ကြလေသည်။

နန်ကုန်းယွီက နောက်ဆုံးလူကို လှည့်ကြည့်လိုက်ပြီး သူ့ကိုလည်း ကန်ထုတ်လိုက်သည်။ အရိုးကျိုးသံများနှင့်အတူ ထိုလူသည် အခြားနှစ်ဦးဘေးသို့ ကျသွားပေသည်။

သို့သော် နန်ကုန်းယွီက မရပ်တန့်ဘဲ စစ်ချန် ဓားကို ဆွဲကာ ထိုသုံးဦးဆီသို့ ဆက်လက် လျှောက်သွားလေသည်။

"ကျန်းပေ့မင်းသား... လုံလောက်ပြီ... မင်း ဘာလိုချင်သေးလို့လဲ..."

အသံကို ကြားချိန်တွင် နန်ကုန်းယွီက လှည့်ကြည့်လိုက်ရာ အလယ်အလတ်အရွယ် ဆရာတစ်ဦး ထွက်လာသည်ကို တွေ့လိုက်ရပေသည်။

နန်ကုန်းယွီက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။

ဤလူကို သူသိသည်။ သူ၏ တာအိုယန် နတ်ဆိုးမျက်လုံးထဲတွင် ချင်းလင် အရိုက်ခံနေရချိန်၌ သူက ဖြတ်သွားရင်း အေးစက်စွာ တစ်ချက်ကြည့်ကာ ထွက်သွားခဲ့ခြင်း ဖြစ်လေသည်။

အကယ်၍ ထျန်းယင်းကသာ ချင်းလင်နှင့် ချွဲချိုက်အာတို့ကို တိတ်တဆိတ် မကာကွယ်ပေးခဲ့လျှင် ချင်းလင်သည် မသေလျှင်တောင် ပြဿနာကြီးကြီးမားမား တက်ရတော့မည် ဖြစ်ပေသည်။

ဤလူကို မြင်ချိန်တွင် နန်ကုန်းယွီ၏ အမူအရာက ပို၍ပင် အေးစက်သွားလေသည်။

"ခင်ဗျားကရော ဘယ်သူလဲ... ခင်ဗျားက သူတို့ဘက်က ဝင်ရပ်တည်ပေးမလို့လား..."

"ဟမ့်..."

အလယ်အလတ်အရွယ် အမျိုးသားက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

"မင်းမှာ အဆင့်အတန်း ခွဲခြားမှုဆိုတဲ့ အသိစိတ် လုံးဝမရှိသလို ယဉ်ကျေးမှုလည်း မရှိဘူးပဲ... ငါက ဒီကြီးကြပ်ရေးရုံးရဲ့ ဆရာတစ်ယောက်ပဲ... မင်းကို ဒီမှာ ထင်တိုင်းကျဲခွင့် မပြုနိုင်ဘူး..."

"မင်းရဲ့နေရာကို မင်း မသိဘူးလား..."

နန်ကုန်းယွီက သူ့ကို အေးစက်စွာ ကြည့်လိုက်သည်။

"ငါက အရှင်မင်းကြီး ချီးမြှင့်ထားတဲ့ ဧကရာဇ်ရဲ့ ရွှေရောင်အမိန့်တော်ပြားကို ကိုင်ဆောင်ထားတဲ့ ကျန်းပေ့မင်းသားပဲ... မင်းက ဘယ်လိုလုပ်ပြီး ဒီလို မရိုမသေ စကားမျိုး ပြောရဲတာလဲ... မင်းက အရှင်မင်းကြီးကို အထင်သေးနေတာလား..."

"မင်း..."

ဆရာ ယဲ့၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

"စကားနဲ့ အနိုင်ယူဖို့ မကြိုးစားနဲ့... ဒီယဲ့ က အရှင်မင်းကြီးကို မရိုမသေ မလုပ်ခဲ့ဘူး..."

"အိုး..."

နန်ကုန်းယွီက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်သည်။

"ငါက အဆင့်အတန်း ခွဲခြားမှုကို မသိဘူး... ယဉ်ကျေးမှု မရှိဘူးလို့ မင်း ပြောတာလား... အဲ့ဒီ မြောက်ပိုင်းစစ်တပ်က စစ်သည် သုံးထောင်က မင်း အဲ့ဒီလိုပြောတယ်ဆိုတာ သိရင် တောင်ဘက်ကို ဆင်းလာဖို့ စဉ်းစားမလားဆိုတာ ငါ သိချင်မိတယ်..."

"မင်း..."

ဆရာ ယဲ့၏ အမူအရာ လုံးလုံးလျားလျား ပြောင်းလဲသွားလေ၏။ သူ ခြိမ်းခြောက်ခံနေရသော်လည်း ပြန်ပြောရဲမည်လား။

ကျန်းပေ့စစ်တပ်က ကျန်းပေ့မင်းသားကို သစ္စာစောင့်သိဖို့ ကျိန်ဆိုထားတယ်ဆိုတာ ဘယ်သူမသိလို့လဲ။ "ကျွန်တစ်ယောက်က သူ့သခင်အတွက် သေပေးတယ်" ဆိုတဲ့ သဘောတရားက ရွှမ်လင်တိုက်ကြီးမှာလည်း သက်ရောက်မှု ရှိတာပဲလေ။

အကယ်၍ ဒီစကားတွေ ပြန့်သွားရင် သူ သေချာပေါက် ပြဿနာကြီးကြီးမားမား တက်ရတော့မည် ဖြစ်ပေသည်။

သို့သော် ဤအချိန်တွင် နန်ကုန်းယွီက သူ့ကို မကြည့်ဘဲ ကြီးကြပ်ရေးရုံး အပြင်ဘက်ကို လှမ်းကြည့်လိုက်လေသည်။

"မယ်တော်... ဒီခွေးကောင်က ယွီအာကို မရိုမသေနဲ့ ယဉ်ကျေးမှု မရှိဘူးလို့ ပြောနေတယ်... မယ်တော်က ယွီအာကို သေချာမဆုံးမဘူးလို့ သူက ရည်ရွယ်နေတာလား..."

ဤစကားကို ကြားချိန်တွင် အပြင်ဘက်တွင်ဖြစ်စေ၊ ကြီးကြပ်ရေးရုံး အတွင်း၌ဖြစ်စေ ရှိနေသော လူတိုင်း အံ့အားသင့်စွာ အသက်ရှူမှားသွားကြပြီး သူတို့၏ အမူအရာများ လုံးလုံးလျားလျား ပပြောင်းလဲသွားကြလေည်။

ဒါက ကျန်းပေ့ မင်းသမီးကို သွယ်ဝိုက်ပြီး စော်ကားလိုက်တာလား။

ဝိညာဉ်အရှင်မြတ်အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို လှောင်ပြောင်တာလား။

ဘယ်သူက အဲ့ဒီလောက် လုပ်ရဲမှာလဲ။ သူတို့က သေချင်နေတာလား။

ဆရာ ယဲ့၏ အမူအရာ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။ သူက ရှင်းပြရန် ပြင်လိုက်စဉ်မှာပင် ကြီးကြပ်ရေးရုံး အပြင်ဘက်မှ အေးစက်သော နှာခေါင်းရှုံ့သံ တစ်ချက်ကို ကြားလိုက်ရလေသည်။

"အသိပညာ မရှိတဲ့ ကောင်ဆိုးလေး… ဒီနေ့ ကျောင်းအုပ်ကြီး ဟန်ကိုယ်စား မင်းကို ငါ သင်ခန်းစာ ပေးရမှာပေါ့..."

စကားသံ ဆုံးသွားသည်နှင့် နန်ကုန်းယွီ၏ လက်ထဲရှိ စစ်ချန် ဓားသည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ပြန်ပေါ်လာချိန်တွင် ဆရာ ယဲ့၏ အရှေ့သို့ ရောက်နေပြီ ဖြစ်ပေသည်။

သူ၏မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားပြီး အလျင်အမြန် ရှောင်တိမ်းရန် ကြိုးစားလိုက်သော်လည်း သူ၏ လက်တစ်ဖက် ပြတ်တောက်သွားခဲ့လေသည်။

"အား..."

ဆရာ ယဲ့က နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏မျက်နှာမှာ နာကျင်မှုကြောင့် တွန့်လိမ်သွားကာ ပြတ်တောက်သွားသော လက်မောင်းကို ဆုပ်ကိုင်ရင်း နောက်သို့ ယိုင်နဲ့သွားပေသည်။

သို့သော် စစ်ချန် ဓားက သူ့ကို လွှတ်ပေးမည့် အရိပ်အယောင် မပြဘဲ သူ၏ ရင်ဘတ်ဆီသို့ တည့်တည့် ထိုးဝင်သွားလေသည်။

"မလုပ်နဲ့..."

ဆရာ ယဲ့က ထိတ်လန့်တကြား အော်လိုက်သော်လည်း သူ လုံးဝ မရှောင်တိမ်းနိုင်သည်ကို တွေ့လိုက်ရပြီး သူ၏မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် အမူအရာတစ်ခု ပေါ်လာပေသည်။

သို့သော် ထိုအချိန်မှာပင် ဓားသည် တုန်ခါသွားပြီး သူ၏ ရင်ဘတ်ရှေ့တွင် ရပ်တန့်သွားလေသည်။

တစ်ချိန်တည်းမှာပင် အေးအေးချမ်းချမ်း အသံတစ်ခု ထွက်ပေါ်လာသည်။

"ကျန်းပေ့ မင်းသမီး... ဒီအဘိုးကြီး ရဲ့ မျက်နှာကို ထောက်ပြီး သူ့အသက်ကို ချမ်းသာခွင့်ပေးပေးပါ."

စကားသံ ဆုံးသွားသည်နှင့် အပြာရောင် ဝတ်ရုံဝတ်ဆင်ထားသော ယဉ်ကျေးသိမ်မွေ့သည့် အလယ်အလတ်အရွယ် အမျိုးသားတစ်ဦး ထိုနေရာတွင် ပေါ်လာလေသည်။

သူ ပေါ်လာသည်နှင့်တပြိုင်နက် ဆရာများအားလုံးက အနည်းငယ် ဦးညွှတ်ကာ နှုတ်ဆက်လိုက်ကြသည်။

"ကျောင်းအုပ်ကြီးကို ဂါရဝပြုပါတယ်..."

ရောက်လာသူမှာ ကြီးကြပ်ရေးရုံး၏ ကျောင်းအုပ်ကြီး ဟန်မုဖုန်း မဟုတ်လျှင် မည်သူဖြစ်နိုင်မည်နည်း။

သူ ရောက်လာသည်ကို မြင်ချိန်တွင် နန်ကုန်းယွီက အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။

"ယွီအာက အဘိုးဟန်ကို ဂါရဝပြုပါတယ်..."

ဟန်မုဖုန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး အကူအညီမဲ့စွာ ပြုံးလိုက်သည်။

"မင်းလေးကတော့လေ... ဒီကိုရောက်တာ နှစ်ရက်ပဲ ရှိသေးတာကို ဘယ်လိုလုပ်ပြီး ဒီလောက်တောင် ရုတ်ရုတ်သဲသဲ ဖြစ်အောင် လုပ်နိုင်ရတာလဲ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက ခါးသက်သက် ပြုံးလိုက်သည်။

"အဘိုးဟန်... ယွီအာက ပြဿနာ ရှာချင်လို့ မဟုတ်ပါဘူး... တစ်ယောက်ယောက်က ယွီအာကို ပြဿနာ ရှာစေချင်နေလို့ပါ..."

"အိုး..."

ဟန်မုဖုန်းလည်း အနည်းငယ် အံ့အားသင့်သွားပြီး နန်ကုန်းယွီကို သိချင်စိတ်ဖြင့် ကြည့်လိုက်လေသည်။

အခန်း (၁၀၈) ရွေးချယ်စရာ နှစ်ခု

ဟန်မုဖုန်းသည် နန်ကုန်းယွီကို သိချင်စိတ်ဖြင့် ကြည့်လိုက်ပြီးနောက် တိုးတိုးလေး ရယ်မောကာ ပြောလိုက်သည်။

"ဒါဆို မင်းရဲ့ ရှင်းပြချက်ကို ငါ နားထောင်ချင်တယ်..."

နန်ကုန်းယွီက ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများတွင် ဒေါသများ ပြည့်နှက်နေလေသည်။

"အဘိုးဟန်... ချင်းလင်က ကျွန်တော့်ရဲ့ ကျောင်းသား တံဆိပ်ပြားနဲ့ ကျွန်တော့်ကိုယ်စား အတန်းတက်ဖို့ သွားခဲ့တာပါ... ဒါပေမဲ့ ဒီခွေးကောင် သုံးကောင်က သူ့ကို ရိုက်နှက်ပြီး အနိုင်ကျင့်ခဲ့တယ်..."

"တကယ်လို့ ကျွန်တော်သာ သူတို့ထဲမှာ ကိုယ်စားခံ ဝိညာဉ်အဆောင် နှစ်ခုကို ကြိုတင် ထည့်မထားခဲ့ဘူးဆိုရင်... ချင်းလင်ရဲ့ သာမန် ခန္ဓာကိုယ်နဲ့ဆို ဒီခွေးကောင် သုံးကောင်ရဲ့ ရက်စက်မှုကြောင့် မသေရင်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရလောက်ပြီ..."

ဤစကားကို ကြားချိန်တွင် ဟန်မုဖုန်းသည် ချင်းလင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် နန်ကုန်းဝမ်ယိုကို ကကြည့်လိုသည်။

"ဒါ အမှန်ပဲလား..."

နန်ကုန်းဝမ်ယိုက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

"ကျောင်းအုပ်ကြီး ဟန်... ဒါ တကယ်ပါပဲ... ချင်းလင် ဒဏ်ရာမရတာကို ကျွန်တော် အဲ့ဒီတုန်းက အံ့အားသင့်ခဲ့ရတယ်... ဒါပေမဲ့ ကျန်းပေ့မင်းသားက ကိုယ်စားခံ အဆောင်ကို သုံးထားလိမ့်မယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး..."

သူက သေချာပေါက် စိတ်ကူးမယဉ်နိုင်ခဲ့သလို ထိုနေရာရှိ လူအများစုကလည်း စိတ်ကူးယဉ်နိုင်ခဲ့မည် မဟုတ်ချေ။ အဘယ်ကြောင့်ဆိုသော် ကိုယ်စားခံ အဆောင်မှာ အနည်းဆုံး အဆင့်ငါး ပစ္စည်းတစ်ခု ဖြစ်သောကြောင့်ပင်။ သာမန်လူတစ်ယောက်မှာ ဘယ်သူက သုံးမှာလဲ။

ဤစကားကို ကြားချိန်တွင် ဟန်မုဖုန်း၏ အမူအရာ အနည်းငယ် မှုန်မှိုင်းသွားလေသည်။

"ကြီးကြပ်ရေးရုံးမှာ ရန်မဖြစ်ရဘူး... ဒါက ကြီးကြပ်ရေးရုံး စတင်တည်ထောင်ကတည်းက သတ်မှတ်ထားတဲ့ စည်းကမ်းပဲ... တစ်ယောက်ယောက်က အဲ့ဒါကို လျစ်လျူရှုထားပုံပဲ"

ထိုသို့ပြောပြီးနောက် သူသည် နန်ကုန်းယွီကို ကြည့်ကာ မေးလိုက်သည်။

"မင်းလေးကတော့လေ... ဘာပဲဖြစ်ဖြစ် ဒါက ကြီးကြပ်ရေးရုံး အတွင်းမှာလေ... ပြီးတော့ သူတို့ရဲ့ အမှားကလည်း သိပ်မဆိုးရွားပါဘူး... သူတို့ကို မင်း ဘယ်လို အပြစ်ပေးချင်လဲ..."

ဤစကားကို ကြားချိန်တွင် ထိုနေရာရှိ လူတိုင်း၏ အမူအရာများမှာ ထူးဆန်းသွားကြလေသည်။ ကျောင်းအုပ်ကြီး ဟန်က သင့်တင့်လျောက်ပတ်သော အတိုင်းအတာအတွင်း ဘက်လိုက်နေကြောင်း သူတို့ ရှင်းလင်းစွာ မြင်တွေ့နိုင်ပေသည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူသုံးဦးမှာ ပြင်းထန်စွာ နာကျင်နေသော်လည်း မခံမရပ်နိုင်ဖြစ်သွားခဲ့သည်။

"ကျောင်းအုပ်ကြီး ဟန်... နန်ကုန်းယွီကလည်း ကြီးကြပ်ရေးရုံးထဲမှာ ပြစ်မှုတွေ ကျူးလွန်ခဲ့တာပဲ... သူက ဘာလို့ အပြစ်ပေးမခံရတာလဲ..."

"ဟုတ်တယ်... ကျွန်တော်တို့ လက်မခံနိုင်ဘူး..."

"ကျွန်တော်..."

သို့သော် ဟန်မုဖုန်းက သူတို့သုံးဦးကို တစ်ချက်ကြည့်ရုံသာ ကြည့်လိုက်ပြီး ပြောလိုက်သည်။

"ပါးစပ်ပိတ်ထား... မင်းတို့က ငါ့ရဲ့ ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နေတာလား..."

ဤစကားကို ကြားချိန်တွင် ထိုသုံးဦး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူတို့၏ ပါးစပ်ကို လိမ္မာပါးနပ်စွာ ပိတ်ထားလိုက်ကြလေသည်။

ဟန်မုဖုန်းသည် ဝိညာဉ်အရှင်မြတ် အလယ်အလတ်အဆင့် ကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး ချင်းယိုအင်ပါယာတွင် အစွမ်းအထက်ဆုံး ကျွမ်းကျင်သူ ဖြစ်ပေသည်။

ထိုသုံးဦး၏ ဖခင်များ (သို့မဟုတ်) သူတို့၏ အဘိုးများ လာလျှင်ပင် ဟန်မုဖုန်းကို နာခံရဦးမည် ဖြစ်လေ၏။ သူတို့က ဘာမို့လို့လဲ။

ဟန်မုဖုန်းသည် နန်ကုန်းယွီဘက်သို့ လှည့်ကြည့်လိုက်ရာ ထိုနေရာရှိ လူတိုင်းကလည်း နန်ကုန်းယွီကို လှည့်ကြည့်လိုက်ကြပေသည်။

နန်ကုန်းယွီက အနည်းငယ် ဦးညွှတ်ကာ ပြောလိုက်သည်။

"အဘိုးဟန် ဒီမှာရှိနေမှတော့... ကြီးကြပ်ရေးရုံး အတွင်းမှာ သူတို့ကို အပြစ်ပေးပိုင်ခွင့် ကျွန်တော့်မှာ မရှိပါဘူး... အရာအားလုံးက အဘိုးဟန် အပေါ်မှာပဲ မူတည်ပါတယ်..."

ဟန်မုဖုန်းက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

နန်ကုန်းယွီသည် ဖြည်းညင်းစွာ လှည့်ကာ မြေပြင်ပေါ်တွင် လဲလျောင်းနေသော လူသုံးဦးကို ကြည့်လိုက်ပြီး ဆက်ပြောလိုက်သည်။

"ဒါပေမဲ့... ချင်းလင်က ကျွန်တော့်ရဲ့ အစေခံ ဖြစ်သလို ကျွန်တော့်ရဲ့ ကျွန်တော့်ဆရာတစ်ဝက်လည်း ဖြစ်ပါတယ်..."

"ဒီနေ့ ဆရာက အနိုင်ကျင့်ခံရတယ်... ကျွန်တော် ရသင့်ရထိုက်တာကို မရမချင်း ဒီရန်ငြိုးကို ဖယ်ရှားပစ်နိုင်မှာ မဟုတ်ဘူး..."

ဤစကားကို ကြားချိန်တွင် လူတိုင်း အံ့အားသင့်သွားကြလေသည်။ ဒီကောင်ဆိုးလေးက ဒီတစ်ခါ ဘယ်လို ပြဿနာမျိုး ထပ်ရှာဦးမလို့လဲ။

တောင်ပိုင်းကာကွယ်ရေးမင်းသားရဲ့ တစ်ဦးတည်းသော သားဖြစ်သူရဲ့ လည်ပင်းကို ဓားနဲ့ ထောက်ရဲပြီး အစေခံမလေး တစ်ယောက်ကြောင့် ကြီးကြပ်ရေးရုံးထဲမှာ လူသတ်ဖို့ စီစဉ်နေတဲ့ ဒီကောင်က တကယ့်ကို အရူးတစ်ယောက်ဆိုတာ သူတို့ ဝန်ခံရပါလိမ့်မယ်။

ဟန်မုဖုန်းက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး ဤကောင်လေး တကယ် ဒေါသထွက်နေပုံရကြောင်း ခံစားလိုက်ရလေသည်။

ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ဒီလောက်တောင် ကြီးစိုးချင်တဲ့ သဘောထားမျိုး ရှိနေတာ... သူက နန်ကုန်းအောက်ချန် မိသားစုမှာ မွေးဖွားလာတာ အံ့ဩစရာ မဟုတ်ချေ။

သို့သော် ဤစကားကို ကြားချိန်တွင် လူသုံးဦး၏ အမူအရာ လုံးလုံးလျားလျား ပြောင်းလဲသွားပြီး သူတို့၏မျက်လုံးများတွင် အံ့အားသင့်မှုနှင့် ဒေါသများ ပြည့်နှက်သွားလေသည်။

တစ်ယောက်ယောက်က ဘယ်လိုလုပ်ပြီး ကိုယ်ပိုင် လက်ခြေတွေကို ဖြတ်ပစ်နိုင်မှာလဲ။

အကယ်၍ သူတို့သာ အဲ့ဒီလိုလုပ်လိုက်ရင် ခြေထောက်နှစ်ဖက်စလုံး ဆုံးရှုံးရမှာ သေချာသလို လက်နှစ်ဖက်စလုံးလည်း ဆုံးရှုံးရနိုင်ခြေ အလွန်များပေသည်။

သူတို့ထဲမှ တစ်ဦးက မော့ကြည့်လိုက်ရာ သူ၏မျက်နှာမှာ ဒေါသကြောင့် တွန့်လိမ်နေလေသည်။

"အခြားစစ်တပ်တွေက ဧကရာဇ်မြို့တော်ထဲကို ဘယ်လိုလုပ် ဝင်လာရဲမှာလဲ... မင်းက မြောက်ပိုင်းစစ်တပ်ကို ဧကရာဇ်မြို့တော်ထဲ တကယ် ခေါ်လာနိုင်မယ်ဆိုတာ ငါ မယုံဘူး... လုပ်ကြည့်လိုက်လေ..."

သူက ဦးဆောင်လိုက်သဖြင့် ကျန်နှစ်ဦးကလည်း သတ္တိမွေးကာ ကြောက်မက်ဖွယ်ကောင်းသော အမူအရာများဖြင့် မော့ကြည့်လိုက်ကြပေသည်။

"ဟုတ်တယ်... ငါလည်း အဲ့ဒါကို တကယ် ကြည့်ချင်တယ်..."

"ဟားဟား... ငါလည်း မယုံဘူး... အကြီးကြီးတွေ လျှောက်မပြောနဲ့...ဒါက မင်းကို ပြန်ကိုက်လိမ့်မယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီသည် လှောင်ပြောင်သည့် အမူအရာတစ်ခု ပြသလိုက်သည်။

"အရမ်းကောင်းတယ်... မင်းတို့က ငါ အလိုချင်ဆုံး အရာကို ရွေးချယ်လိုက်တာပဲ... အဲ့ဒီအချိန်ကျရင် ငါလိုချင်တာက မင်းတို့ရဲ့ လက်ခြေတွေ မဟုတ်တော့ဘဲ မင်းတို့ရဲ့ ခေါင်းတွေပဲ ဖြစ်လိမ့်မယ်..."

ထိုသို့ပြောပြီးနောက် သူသည် လက်ကိုလှမ်းကာ ခေါ်လိုက်ရာ ဆရာ ယဲ့၏ အရှေ့တွင်ရှိသော စစ်ချန် ဓားသည် ပြန်လည်ပျံသန်းလာလေသည်။

နန်ကုန်းယွီသည် လှည့်ကာ ချင်းလင်နှင့် အခြားတစ်ဦးဆီသို့ လျှောက်သွားသော်လည်း သူ၏အသံက ထပ်မံ ထွက်ပေါ်လာပြန်သည်။

"အဘိုးဟန်... ချင်းလင်က ကြီးကြပ်ရေးရုံး အတွင်းမှာ အရိုက်ခံရတာ... ဘယ်ဆရာမှ မမြင်ဘူးဆိုတာ ကျွန်တော် မယုံဘူး... ဒါပေမဲ့ သူတို့ မြင်တယ်ဆိုရင်တောင် မတားဆီးခဲ့ဘူးလေ... အဘိုးဟန်... ကြီးကြပ်ရေးရုံးရဲ့ စည်းကမ်းတွေကို ဖျက်ဆီးနေတဲ့ ဒီလိုလူမျိုးကို အဘိုးဟန် တကယ်ပဲ ဆက်ထားချင်သေးတာ သေချာလား..."

ဤစကားကို ကြားချိန်တွင် ဆရာ ယဲ့၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ဟန်မုဖုန်းကို လှည့်ကြည့်မိသွားသည်။ သို့သော် သူက ပြုံးကာ ပြောလိုက်သည်ကို တွေ့လိုက်ရလေသည်။

"ဒီကိစ္စကို ငါ သိပြီးပါပြီ... ငါကိုယ်တိုင် ဖြေရှင်းလိုက်ပါ့မယ်... မင်းလေးက အရမ်း စဉ်းစားတတ်တာပဲ..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း ဘာမျှ ဆက်မပြောတော့ဘဲ ချင်းလင်ကို အပြင်ဘက်သို့ ဆွဲခေါ်သွားလေသည်။

"ယွီအာ... သား အဆင်ပြေရဲ့လား..."

သူ ထွက်လာသည်ကို ရှန်ကွမ်ယွဲ့ရှီး မြင်ချိန်တွင် သူမ အလျင်အမြန် ရှေ့တိုးသွားပြီး သူ့ကို ဖက်လိုက်ကာ သူ ဒဏ်ရာရ၊ မရ စစ်ဆေးချင်နေပေသည်။

နန်ကုန်းယွီက ခေါင်းခါပြလိုက်ပြီး အနည်းငယ် ပြုံးလိုက်သည်။

"မယ်တော်... သား အဆင်ပြေပါတယ်..."

ရှန်ကွမ်ယွဲ့ရှီးက ခေါင်းညိတ်လိုက်သော်လည်း သူမ ထပ်မံစစ်ဆေးပြီး မည်သည့်ဒဏ်ရာမျှ မရှိကြောင်း တွေ့ရမှသာ နောက်ဆုံးတွင် စိတ်အေးသွားလေတော့သည်။

"သား အဆင်ပြေလို့ တော်သေးတာပေါ့..."

သို့သော် နန်ကုန်းယွီ၏ မျက်နှာမှာ တည်ကြည်လေးနက်နေပြီး ပြောလိုက်သည်။

"မယ်တော်... သား ခုနက ပြောတာကို မယ်တော် ကြားတယ်မလား... နန်ကုန်းဝမ်ရှင်းဆီ သတင်းပို့ပြီး မြောက်ပိုင်းစစ်တပ် စစ်သည် သုံးထောင်ကို တောင်ဘက်ဆင်းလာဖို့ ပြောလိုက်ပါ... သူတို့က လူလုံးမပြတာ ကြာပြီဆိုတော့ တချို့လူတွေက သူတို့ရဲ့ စွမ်းရည်တွေကို မေ့နေကြပြီထင်တယ်..."

သူက သူ၏စကားများကို ဖုံးကွယ်ရန် မကြိုးစားခဲ့ဘဲ ကြီးကြပ်ရေးရုံး အတွင်းအပြင်ရှိ လူတိုင်း ရှင်းလင်းစွာ ကြားနိုင်စေရန် သေချာအောင် လုပ်ဆောင်ခဲ့လေသည်။

ခဏတာမျှ လူတိုင်း တန့်သွားပြီး သူတို့၏ အကြည့်များက ရှန်ကွမ်ယွဲ့ရှီးထံသို့ ရောက်ရှိသွားကြပေသည်။

"ကောင်းပြီလေ..."

ရှန်ကွမ်ယွဲ့ရှီးက အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် မြောက်ပိုင်းစစ်တပ်၏ စစ်တပ်အမိန့်ပေး တံဆိပ်ပြားကို ချက်ချင်း ထုတ်ယူလိုက်လေသည်။

ဤသည်ကို မြင်ချိန်တွင် လူတိုင်း အံ့အားသင့်သွားကြပြီး အသုံးမဝင်ကြောင်း သိလိုက်ကြသည်။ ကျန်းပေ့ မင်းသမီးက ဒီကောင်ဆိုးလေးရဲ့ အကြံအစည်တွေမှာ ပါဝင်တော့မလို့လား။

သူတို့ ထပ်မံ မစဉ်းစားနိုင်မီမှာပင် ရှန်ကွမ်ယွဲ့ရှီးသည် ဝိညာဉ်စွမ်းအင်ဖြင့် စစ်တပ်အမိန့်ပေး တံဆိပ်ပြားကို အသက်သွင်းလိုက်ပြီး ချက်ချင်း ပြောလိုက်လေ၏။

"ကျန်းပေ့မင်းသားရဲ့ အမိန့်ကို ဆင့်ဆိုလိုက်တယ်... နန်ကုန်းဝမ်ရှင်း၊ နန်ကုန်းလင်ယွင်နဲ့ ချင်ဝူဟွေ့တို့ကို ကျန်းပေ့စစ်တပ်ကို ချက်ချင်း ဦးဆောင်ပြီး တောင်ဘက်ဆင်းလာဖို့၊ ချင်းယို ဧကရာဇ်မြို့တော်ထဲကို ဝင်လာဖို့နဲ့ သစ္စာဖောက်တွေကို ရှင်းလင်းဖို့ ကျန်းပေ့မင်းသားရဲ့ အမိန့်ကို နာခံဖို့ အမိန့်ပေးလိုက်တယ်..."

ထို့နောက် သူမ ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။

စစ်တပ်အမိန့်ပေး တံဆိပ်ပြား အနည်းငယ် တုန်ခါသွားပြီးနောက် အနီရောင် အလင်းတန်းတစ်ခု ပစ်ထွက်လာကာ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားလေသည်။

ဤသည်ကို မြင်ချိန်တွင် လူတိုင်း အံ့အားသင့်သွားကြသည်။

သာမန်ဗဟုသုတ အနည်းငယ်ရှိသူတိုင်း သိကြသည်မှာ စစ်တပ်အမိန့်ပေး တံဆိပ်ပြား အတွင်း၌ စစ်သည်တစ်ဦးစီတိုင်း၏ ဝိညာဉ် တစ်စွန်းတစ်စစီ ပါဝင်ပြီး စစ်ရေးအမိန့်များကို အဝေးသို့ ပေးပို့နိုင်စွမ်းရှိကာ စစ်သည်အားလုံးက အမိန့်များကို ကြားနိုင်စေရန် ဖြစ်ပေသည်။

တစ်နည်းအားဖြင့် ပြောရလျှင် အမိန့်ကို ထုတ်ပြန်ပြီးဖြစ်ပြီး မကြာမီ မြောက်ပိုင်းစစ်တပ်မှ လက်ခံရရှိတော့မည် ဖြစ်လေသည်။

ကျန်းပေ့စစ်တပ်သည် အတုမရှိသော သစ္စာစောင့်သိမှုနှင့် ဖြောင့်မတ်မှုတို့ကြောင့် နာမည်ကြီးပေသည်။ သူတို့သည် ကျန်းပေ့မင်းသားနောက်သို့ လိုက်ရန် တစ်ချိန်က ကျိန်ဆိုခဲ့ဖူးရာ ဤစစ်ရေးအမိန့်ကို ရရှိပြီးပါက မကြာမီ တောင်ဘက်သို့ သေချာပေါက် ဆင်းလာကြမည် ဖြစ်လေသည်။

ခဏတာမျှ လူတိုင်း၏ အမူအရာများမှာ အံ့အားသင့်မှုကြောင့် ပြောင်းလဲသွားပြီး သူတို့၏မျက်လုံးများတွင် မယုံကြည်နိုင်မှုများ ပေါ်လွင်နေပေသည်။

All Chapters