အခန်း (၁၁၁-၁၁၂)
Vol. 12 Ch. 111-112
အခန်း (၁၁၁) လူရိုက်ဖို့ အမိန့်ပေးခံရခြင်း
သို့သော် ထို့နောက် နန်ကုန်းအောက်ထျန်းသည် နန်ကုန်းယွီကို ကြည့်ကာ မသေချာသောအမူအရာဖြင့် မေးလိုက်လေသည်။
"ယွီအာ... တကယ်လို့ ဦးရီးတော်က ခွင့်မပြုရင် သား ဘယ်လိုလုပ်မလဲ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီသည် ခေါင်းကုတ်ကာ ခဏတာ တွေးတောလိုက်သည်။
"တကယ်လို့ ဦးရီးတော်က ခွင့်မပြုရင်... ယွီအာက ကျန်းပေ့မင်းသား စံအိမ်မှာပဲ အမြဲတမ်း နေသွားပြီး အပြင်ကို ဘယ်တော့မှ မထွက်တော့ဘူးပေါ့..."
"အိုး... ဘာဖြစ်လို့လဲ..."
နန်ကုန်းယွီ၏ အဖြေကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်းက အံ့အားသင့်စွာ မေးလိုက်လေသည်။
"ယွီအာ ဘာမှမတတ်နိုင်ဘူးလေ... ဦးရီးတော်က ယွီအာ့အပေါ် အရမ်းကောင်းတော့... ယွီအာက ဦးရီးတော်ရဲ့ အမိန့်ကို မလွန်ဆန်ချင်ဘူး..."
နန်ကုန်းယွီက သူ၏ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်သည်။
"ဒါပေမဲ့ ယွီအာက ကတိကြီး ပေးထားပြီးပြီလေ... တကယ်လို့ ယွီအာသာ ကတိမတည်နိုင်ရင်... ယွီအာက ဒီမြို့တော်မှာ ဆက်နေဖို့ မျက်နှာရှိမှာ မဟုတ်တော့ဘူး... အဲ့ဒါကြောင့် ယွီအာက ကျန်းပေ့မင်းသား စံအိမ်မှာပဲ အမြဲတမ်း နေသွားပြီး အပြင်ကို ဘယ်တော့မှ မထွက်ဖို့ကလွဲပြီး ရွေးချယ်စရာ မရှိတော့ဘူးလေ..."
ဤအဖြေကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်းသည် ခေါင်းကို အနည်းငယ် ခါယမ်းကာ ပြုံးမိသွားသည်။ ၎င်းမှာ အမှန်တကယ်ပင် မမျှော်လင့်ထားသော အဖြေတစ်ခု ဖြစ်ပေသည်။
သူက ခေါင်းခါကာ ပြုံးလိုက်ပြီး လက်ယမ်းကာ ပြောလိုက်သည်။
"ကောင်းပြီလေ... မင်းတို့အားလုံး အခု ပြန်လို့ရပါပြီ... ဒီကိစ္စမှာ ငါ ဝင်မစွက်ဖက်တော့ဘူး... မင်းတို့ သဘောအတိုင်း လုပ်ကြပါ..."
"ကျေးဇူးအများကြီးတင်ပါတယ် ဦးရီးတော်..."
နန်ကုန်းယွီက ကျေးဇူးတင်ကြောင်း ဖော်ပြရန် အနည်းငယ် ဦးညွှတ်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ် အစ်ကိုတော်..."
ရှန်ကွမ်ယွဲ့ရှီးက ကျေးဇူးတင်စကား ပြောကြားလိုက်ပြီးနောက် နန်ကုန်းယွီနှင့်အတူ ဖုန်းရှန်း ခန်းမဆောင်မှ ထွက်ခွာသွားလေသည်။
"မင်းသားစံအိမ်ကို ပြန်ကြရအောင်..."
ရှန်ကွမ်ယွဲ့ရှီးက ပြုံးလျက် ပြောလိုက်ပြီး နန်ကုန်းယွီကို ဆွဲခေါ်သွားပေသည်။
"ဟုတ်ကဲ့..."
နန်ကုန်းယွီက ခေါင်းညိတ်လိုက်ပြီး နန်ကုန်းရိုရွှယ်ကို လက်ယမ်းပြလိုက်သည်။
"အစ်မကြီး... မနက်ဖြန်မှ တွေ့မယ်နော်..."
"မနက်ဖြန်မှ တွေ့မယ်..."
နန်ကုန်းရိုရွှယ်သည် သူမ၏ မျက်နှာလေးပေါ်တွင် အပြုံးတစ်ခုဖြင့် ထိုနှစ်ဦး ထွက်သွားသည်ကို ကြည့်နေလိုက်လေသည်။
သို့သော် သူမက မထွက်သွားဘဲ လှည့်ကာ ဖုန်းရှန်း ခန်းမဆောင်ထဲသို့ ပြန်ဝင်သွားပေသည်။
"ရိုရွှယ်... ဘာကိစ္စရှိလို့လဲ..."
သူမ ပြန်လာသည်ကို မြင်ချိန်တွင် နန်ကုန်းအောက်ထျန်းသည် တစ်စုံတစ်ခုကို ခန့်မှန်းမိပုံရပြီး မေးလိုက်လေသည်။
နန်ကုန်းရိုရွှယ်သည် ခဏတာ တွေဝေသွားပြီးနောက် စိတ်ပိုင်းဖြတ်ကာ မေးလိုက်သည်။
"ခမည်းတော်... ဒီနေ့ ကြီးကြပ်ရေးရုံးမှာ ဘာဖြစ်သွားလဲဆိုတာ ခမည်းတော် သိတယ်မလား..."
"သိတာပေါ့... ဘာဖြစ်လို့လဲ..."
နန်ကုန်းအောက်ထျန်းက မျက်လုံးများကို အနည်းငယ် ပင့်လိုက်ပြီး သူ၏သမီးကို သိချင်စိတ်ဖြင့် ကြည့်လိုက်လေသည်။
နန်ကုန်းရိုရွှယ်သည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး သူမ၏ အမူအရာမှာ သိပ်မကောင်းလှချေ။
"ဒီကိစ္စရဲ့ နောက်ကွယ်မှာ ကျင်းလင် ပါဝင်နေတယ်... သူက သွေးထိုးလှုံ့ဆော်တဲ့သူ ဖြစ်နိုင်ခြေ အရမ်းများတယ်..."
နန်ကုန်းအောက်ထျန်းက မော့ကြည့်လိုက်ပြီး သူ၏အမူအရာမှာ တည်ငြိမ်အေးဆေးနေပေသည်။
"ဒါက သမီးရဲ့ ခန့်မှန်းချက်လား..."
နန်ကုန်းရိုရွှယ်က ခေါင်းခါပြလိုက်သည်။
"အဲ့ဒီလူသုံးယောက်က ကျင်းလင်ကို ဖော်ကောင်လုပ်ခဲ့တာပါ... ဒုတိယအဒေါ်နဲ့ တခြားသူတွေ အားလုံးကလည်း သံသယရှိနေကြတယ်... ဒါပေမဲ့ ရှောင်ယွီကတော့ ဒီကိစ္စကို ဆက်စုံစမ်းဖို့ ရည်ရွယ်ထားပုံမရဘူး..."
"အိုး... ယွီအာက ဘာပြောလို့လဲ..."
နန်ကုန်းအောက်ထျန်းက စိတ်ဝင်စားသွားပြီး မေးလိုက်လေသည်။
နန်ကုန်းရိုရွှယ်က အများကြီး မပြောဘဲ နန်ကုန်းယွီ၏ စောစောက စကားများကို အတိအကျ ပြန်ပြောပြလိုက်ပေသည်။
သူမ၏စကားများကို ကြားပြီးနောက် နန်ကုန်းအောက်ထျန်းသည် ခဏတာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းခါကာ ပြောလိုက်သည်။
"အဲ့ဒီ ပုန်ကန်တတ်တဲ့သားက ဘာကကောင်းတယ်ဆိုတာကို မသိဘူး... ပြဿနာတွေပဲ ရှာနေတော့တာပဲ"
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်၏ နှလုံးသားမှာ တစ်ချက်ခုန်သွားပြီး မျက်ခုံးအနည်းငယ် ပင့်လိုက်လေသည်။
"ခမည်းတော်... အဲ့ဒါ ဘာအဓိပ္ပာယ်လဲ..."
"ဘာမှမဟုတ်ပါဘူး..."
နန်ကုန်းအောက်ထျန်းက ခေါင်းခါလိုက်ပြီး နန်ကုန်းရိုရွှယ်ကို ကြည့်လိုက်သည်။
"ရိုရွှယ်... သမီးကို တာဝန်တစ်ခု ပေးမယ်..."
"ခမည်းတော်ရဲ့ အမိန့်တော်ကို ပေးသနားပါ..."
နန်ကုန်းရိုရွှယ်က လေးစားစွာ ဦးညွှတ်လိုက်လေသည်။
နန်ကုန်းအောက်ထျန်းက ခဏတာ တွေးတောလိုက်ပြီးနောက် တိုးတိုးလေး ရယ်မောလိုက်သည်။
"အခုကစပြီး ကျင်းလင် အမှားတစ်ခုခု လုပ်တယ်လို့ သမီး ထင်တဲ့အခါတိုင်း... အကြောင်းပြချက်က လုံလောက်နေသရွေ့ ခမည်းတော် တို့ကို ပြောစရာမလိုဘူး... သူ့ကို အရင်ဆုံး သေချာ ရိုက်ပစ်လိုက်... ဘယ်လိုလဲ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ် အနည်းငယ် အံ့အားသင့်သွားသည်။
"ခမည်းတော်... တကယ်ပြောနေတာလား..."
"သေချာတာပေါ့..."
နန်ကုန်းအောက်ထျန်းက ခေါင်းညိတ်လိုက်ပြီး အလွတ်ဖြစ်နေသော အမိန့်ပြန်တမ်း တစ်ခုကို ထုတ်ယူကာ အမိန့်တော်ကို ရေးသားပြီး နန်ကုန်းရိုရွှယ်ထံ ကမ်းပေးလိုက်လေသည်။
"မင်းကို လူရိုက်ဖို့ အမိန့်ပေးလိုက်ပြီ... ကံကောင်းပါစေ..."
နန်ကုန်းရိုရွှယ်သည် အမိန့်ပြန်တမ်းကို တွေဝေစွာ လက်ခံလိုက်ပြီး သူမ၏စိတ်ထဲတွင် ရှုပ်ထွေးနေဆဲဖြစ်ကာ သူမ၏ဖခင် ဘာလုပ်နေသည်ကို နားမလည်နိုင်တော့ပေ။
နန်ကုန်းအောက်ထျန်းက သူမကို ရယ်စရာကောင်းသလို ကြည့်ကာ တိုးတိုးလေး ရရယ်မောလိုကသည်။
"ကောင်းပြီလေ... သမီး သွားနားလို့ ရပါပြီ..."
"ဟုတ်ကဲ့..."
နန်ကုန်းရိုရွှယ်က ခေါင်းညိတ်လိုက်ပြီး ဖုန်းရှန်း ခန်းမဆောင်မှ ထွက်သွားလေသည်။
...
ကြီးကြပ်ရေးရုံး အတွင်း၌ ဖြစ်ပျက်ခဲ့သည်များကို ဖုံးကွယ်ထား၍ မရနိုင်ချေ။ မုန်တိုင်းတစ်ခုကဲ့သို့ပင် အချိန်တိုအတွင်း ချင်းယို ဧကရာဇ်မြို့တော် တစ်ခုလုံးကို ပျံ့နှံ့သွားပြီး လူတိုင်းနီးပါး သိရှိသွားကြလေသည်။
ခဏတာမျှ လူတိုင်းက ဝမ်၊ ကျန်းနဲ့ လင်း မိသားစုများ အရူးလုပ်ခံရတာကို ကြည့်နေကြပြီး ကျန်းပေ့မင်းသားကို ရန်စမိသူတွေ ဘာဖြစ်သွားမလဲဆိုတာကို သိချင်နေကြပေသည်။
သေချာသည်မှာ ဝမ်၊ ကျန်းနဲ့ လင်း မိသားစုများကို ပြင်းပြင်းထန်ထန် မုန်းတီးပြီး ဒေါသထွက်နေကြသူများလည်း ရှိလေသည်။
အရင်ကျန်းပေ့မင်းသားကြီး က စစ်မြေပြင်မှာ သေဆုံးသွားခဲ့တာလေ။
အခု ကျန်းပေ့မင်းသား စံအိမ်မှာ မုဆိုးမနဲ့ သူမရဲ့ ကလေးလေးပဲ ကျန်တော့တာ... ဝမ်၊ ကျန်းနဲ့ လင်း မိသားစုတွေရဲ့ မျိုးဆက်သစ်တွေက လက်ရှိ ကျန်းပေ့မင်းသားရဲ့ အစေခံကို အနိုင်ကျင့်ရလောက်အောင် အရှက်မရှိကြတာလား။
ဒါက ကျန်းပေ့မင်းသား စံအိမ်ကို ပါးရိုက်လိုက်တာ မဟုတ်ဘူးလား... ကျန်းပေ့မင်းသား စံအိမ်မှာ အားကိုးစရာ လူမရှိတော့ဘူးလို့ ပြနေတာ မဟုတ်ဘူးလား။
မြောက်ပိုင်းစစ်တပ်က တောင်ဘက်ကို ဆင်းလာပြီး ချင်းယို ဧကရာဇ်မြို့တော်ထဲ ဝင်လာဖို့ အခွင့်အလမ်း များတယ်လို့ ပြောကြတယ်... မဟုတ်ရင် ဒီလူတွေက အဲ့ဒီမိသားစု သုံးစုကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ပစ်မှတ်ထားပြီးနေလောက်ပြီ။
ဤအချိန်တွင် သူတို့က ပြဇာတ်ကို ကြည့်နေရုံသာ ဖြစ်စေ၊ ဝမ်၊ ကျန်းနဲ့ လင်း မိသားစုတွေကို အထင်သေးနေတာပဲ ဖြစ်စေ... လူတိုင်းက ကျန်းပေ့စစ်တပ်ရဲ့ တောင်ဘက်ဆင်းလာမယ့် အချိန်နဲ့ ကျန်းပေ့မင်းသား နန်ကုန်းယွီရဲ့ လုပ်ရပ်တွေကို စောင့်မျှော်နေကြပေသည်။
လက်ရှိ ကျန်းပေ့မင်းသား နန်ကုန်းယွီက ဝမ်၊ ကျန်းနဲ့ လင်း မိသားစုတွေဆီ ရှင်းလင်းချက် တောင်းဖို့ ကျန်းပေ့စစ်တပ်ကို ဦးဆောင်နိုင်တဲ့ စွမ်းအား တကယ်ပဲ ရှိသလားဆိုတာကို သူတို့ သိချင်နေကြလေသည်။
အခြားသူများနှင့်မတူဘဲ ဝမ်၊ ကျန်းနဲ့ လင်း မိသားစုတွေရဲ့ တာဝန်ခံများမှာမူ ရူးလုမတတ် ဖြစ်နေကြပေသည်။
လင်း မိသားစု။
လင်း မိသားစု၏ အကြီးအကဲ လင်းရှောင်သည် အဓိကထိုင်ခုံတွင် ထိုင်ကာ အောက်တွင် ဒူးထောက်နေသော ကောင်လေး၏ ဇာတ်ကြောင်းကို နားထောင်နေလေသည်။ သူ၏မျက်နှာမှာ အလွန်တရာ မှုန်မှိုင်းနေပေသည်။
သူ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ဟောက်လိုက်သည်။
"မရိုသေတဲ့ကောင်... မင်း ဘယ်လိုလုပ် ရဲတာလဲ..."
"အဖေ... အဖေ... သား..."
ကောင်လေးမှာ လန့်သွားပြီး သနားညှာတာမှု တောင်းခံရန် ပြင်လိုက်စဉ်မှာပင် လင်းရှောင်က လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး သူ၏ရှေ့တွင် ချက်ချင်း ပေါ်လာလေသည်။
"ဘန်း..."
"အား..."
ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ကောင်လေး၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။
သို့သော် လင်းရှောင်သည် သူ၏ အော်ဟစ်သံများကို ကြားရသော်လည်း အမူအရာ ကင်းမဲ့နေဆဲ ဖြစ်သည်။ ပို၍တိတိကျကျ ပြောရလျှင် သူ၏မျက်နှာမှာ မှုန်မှိုင်းနေလေသည်။
"အစောင့်တွေ... ဒီပုန်ကန်တတ်တဲ့ကောင်ကို ခေါ်သွားပြီး ပိတ်လှောင်ထားလိုက်... မနက်ဖြန် နန်းတွင်း ညီလာခံကနေ ငါ ပြန်လာပြီးရင် သူ့ကို ဘာလုပ်ရမလဲဆိုတာ ငါ ဆုံးဖြတ်မယ်..."
"ဟုတ်ကဲ့ပါ..."
အစောင့်အချို့ ပြေးလာပြီး ကောင်လေး၏ ပါးစပ်ကို ပိတ်ကာ ဆွဲခေါ်သွားကြလေသည်။
ခေါ်ဆောင်သွားခံရသူကို ကြည့်ရင်း လင်းရှောင်သည် နန်းတော်ရှိရာဘက်သို့ မော့ကြည့်မိသွားသည်။
"လင်း မိသားစုရဲ့ ကံကြမ္မာက မနက်ဖြန် မနက် နန်းတွင်း ညီလာခံမှာ အရှင်မင်းကြီး ပြောမယ့် စကားပေါ်မှာပဲ မူတည်နေတယ်..."
သူက တိုးတိုးလေး ရေရွတ်လိုက်သော်လည်း ကျန်းပေ့မင်းသား နန်ကုန်းယွီအပေါ် အရှင်မင်းကြီး၏ မျက်နှာသာပေးမှု ကောလာဟလများကို တွေးမိချိန်တွင် ဤအခက်အခဲမှ လွတ်မြောက်ရန် ခက်ခဲမည်ကို သူ စိုးရိမ်မိလေသည်။
"ဟူး... မမျှော်လင့်ထားတဲ့ ကပ်ဘေးတစ်ခုပဲ..."
လင်းရှောင် သက်ပြင်းချလိုက်ပြီး စာကြည့်ခန်းထဲသို့ ဝင်ရန် လှည့်ထွက်သွားလေသည်။
အခြားတစ်ဖက်တွင် ဝမ်နှင့် ကျန်း မိသားစုများတွင် ဖြစ်ပျက်ခဲ့သည်များမှာလည်း လင်း မိသားစုနှင့် ဆင်တူပေသည်။ သူတို့နှစ်ဦးစလုံးက စကားမပြောမီ မနက်ဖြန် အရှင်မင်းကြီး၏ သဘောထားကို ကြည့်ချင်နေကြလေသည်။
ဒါပေမဲ့ သူတို့ တကယ်ပဲ သူတို့လိုချင်တာကို ရနိုင်ပါ့မလား။
...
ကျန်းပေ့မင်းသား စံအိမ်။
နန်ကုန်းယွီသည် စူးရှင်းမုန်း ဘေးကင်းလုံခြုံသည်ကို မြင်ချိန်တွင် သက်ပြင်းချလိုက်ဟန်ဆောင်လိုက်လေသည်။
သူ ရှေ့တိုးသွားပြီး စူးရှင်းမုန်း၏ ခါးကို ဖက်လိုက်သည်။
"အစ်မ ရှင်းမုန်း... အစ်မ အဆင်ပြေလို့ တော်သေးတာပေါ့... ချင်းလင်က အစ်မလုပ်ခဲ့တာတွေကို ပြောပြတုန်းက ကျွန်တော် အစ်မအတွက် အရမ်းစိုးရိမ်နေခဲ့တာ..."
"သခင်လေး... ကျွန်မ အဆင်ပြေပါတယ်..."
စူးရှင်းမုန်းက ပြုံးကာ တိုးတိုးလေး ပြောလိုက်၏။
သို့သော် အရင်က ဖြစ်ပျက်ခဲ့သည်များကို တွေးမိသောအခါ သူမ၏မျက်နှာ မှုန်မှိုင်းသွားလေသည်။
"ဒါပေမဲ့... အဲ့ဒီ လုပ်ကြံသတ်ဖြတ်သူက တကယ်ပဲ ကျွန်မနောက်ကို လိုက်နေတာ... စီနီယာ ရှန်သာ မရှိရင် ကျွန်မ အန္တရာယ်နဲ့ ကြုံရလောက်တယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီ နားလည်သွားသော်လည်း အပြင်ပန်းတွင်မူ အံ့အားသင့်ပြီး သံသယဖြစ်ဟန် ပြလိုက်ပေသည်။
"အစ်မ ရှင်းမုန်း... အစ်မက လုပ်ကြံသတ်ဖြတ်သူတွေနဲ့ ကြုံခဲ့ရတာလား..."
စူးရှင်းမုန်းက လေးနက်စွာ ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်မအသက်ကို ဘယ်သူလိုချင်နေလဲဆိုတာ ကျွန်မ မသိဘူး... ဒေါ် လေးရှန် ပြောတာတော့ မြစ်ဝါမြစ်အဆောက်အအုံက လာတဲ့ ကပ်ဘေးပျက်သုဉ်းခြင်းအဆင့် လုပ်ကြံသတ်ဖြတ်သူတဲ့..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ၏အမူအရာမှာ အနည်းငယ် မသာမယာ ဖြစ်သွားလေသည်။
အခန်း (၁၁၂) ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ကျောက်တုံး
နန်ကုန်းယွီ၏ အမူအရာမှာ အတော်လေး မှုန်မှိုင်းနေပေသည်။
"အစ်မ ရှင်းမုန်း... အစ်မကိုပါ ဒီကိစ္စထဲ ဆွဲသွင်းမိသွားလို့ တောင်းပန်ပါတယ်..."
ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းက မျက်တောင်ခတ်လိုက်ပြီး အနည်းငယ် ရှုပ်ထွေးနေပုံရလေသည်။
"သခင်လေး... ဘာလို့ ရုတ်တရက်ကြီး ဒီလိုပြောရတာလဲ... တစ်ဖက်လူက ကျွန်မကို ပစ်မှတ်ထားနေတာ မဟုတ်ဘူးလား..."
နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။
"အဲ့ဒီလောက် မရိုးရှင်းပါဘူး... ကျွန်တော်နဲ့ မတွေ့ခင်က အစ်မက လုပ်ကြံသတ်ဖြတ်သူနဲ့ တစ်ခါမှ မကြုံဖူးဘူးလေ... ဒါပေမဲ့ ကျွန်တော်နဲ့ တွေ့ပြီးမှ လုပ်ကြံသတ်ဖြတ်သူ ပေါ်လာတာ... အဲ့ဒါက နန်ကုန်းကျင်းလင် လုပ်တာ ဖြစ်ဖို့ အခွင့်အလမ်း များတယ်..."
ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး နန်ကုန်းယွီ၏ စောစောက ခန့်မှန်းချက်ကို ပြန်လည်အမှတ်ရသွားလေသည်။
တကယ်လို့ အဲ့ဒီလိုသာဆိုရင်... တကယ်ကို နည်းနည်း ပြဿနာရှိတယ်။
နန်ကုန်းယွီက တောင်းပန်သည့်လေသံဖြင့် ပြောလိုက်သည်။
"အစ်မ ရှင်းမုန်း... ဒီကိစ္စက ကျွန်တော့်ကြောင့် စခဲ့တာပဲ... အစ်မ လောလောဆယ် ကျွန်တော်နဲ့အတူ ဆက်နေပါလား... မယ်တော်နဲ့ ဒေါ် လေးရှန်တို့ အနားမှာ ရှိနေရင် အဲ့ဒီ လုပ်ကြံသတ်ဖြတ်သူတွေက အနားမကပ်ရဲပါဘူး... အန္တရာယ် ကင်းသွားတဲ့အခါ အစ်မ ကြိုက်သလို သွားလို့၊ နေလို့ ရပါတယ်... ဘယ်လိုလဲ..."
ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်း၏ မျက်လုံးများ နက်ရှိုင်းရာ၌ ဝမ်းသာအားရ အရိပ်အယောင်တစ်ခု အလိုအလျောက် ဖြတ်ပြေးသွားသော်လည်း သူမကိုယ်တိုင်ပင် ၎င်းကို သတိမပြုမိပုံရလေသည်။
သူမ ခဏတာ တွေးတောလိုက်ပြီးနောက် ကျေးဇူးတင်သည့်အနေဖြင့် လက်အုပ်ချီကာ ပြောလိုက်သည်။
"ကျေးဇူးအများကြီးတင်ပါတယ် မင်းသားငယ်..."
"အစ်မ ရှင်းမုန်းကလည်း နောက်နေပြန်ပြီ... ဒီကိစ္စက ကျွန်တော့်ကြောင့် ဖြစ်ရတာများတယ်... ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်တာပါ..."
နန်ကုန်းယွီက ပြုံးကာ လက်ယမ်းပြလိုက်ရာ သူ၏မျက်လုံးများ နက်ရှိုင်းရာ၌ နောက်ပြောင်တတ်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
ဒါက သူ့အစီအစဉ်ရဲ့ သေးငယ်တဲ့ အစိတ်အပိုင်းလေး တစ်ခုပါပဲ။
စူးရှင်းမုန်း၏ တာအို ဖြစ်ပေါ်ခြင်း ဝိညာဉ်အမြစ်မှာ ထူးခြားပြီး သူမ၏ အနာဂတ် အောင်မြင်မှုများက သာမန်မဟုတ်နိုင်ပေ။
သူမက သူ့အတွက် အသုံးဝင်နိုင်၊ မဝင်နိုင်ဆိုတာကို သိဖို့ သူမကို ခဏလောက် သူ့အနားမှာ ထားဖို့ သူ စီစဉ်ထားခဲ့တာပါ။ တကယ်လို့ အသုံးဝင်မယ်ဆိုရင်... သူက တာအို ဖြစ်ပေါ်ခြင်း ကောင်းကင်ကျမ်းကို သူမဆီ ဝမ်းမြောက်ဝမ်းသာ လက်ဆင့်ကမ်းပေးမှာပါ။ တကယ်လို့ အသုံးမဝင်ဘူးဆိုရင်တော့... တာအို ဖြစ်ပေါ်ခြင်း ကောင်းကင်ကျမ်းက အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းမှာပဲ ဖုန်တက်နေပါစေတော့။
လူတိုင်း ညစာစားပြီးနောက် အနားယူရန် ခြံဝင်းထဲတွင် ထိုင်နေကြလေသည်။
သို့သော် မကြာမီမှာပင် နန်ကုန်းယွီ၏ အသိစိတ်သည် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းသို့ လွင့်မျောသွားပြီး သူ အိပ်ပျော်သွားပေသည်။
ဤသည်ကို မြင်ချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက တိုးတိုးလေး ရယ်မိသွားသည်။
"ဒီကောင်လေးက အမြဲတမ်း အိပ်ချင်နေတာပဲ... သူ့ကို အရင်သွားနားခိုင်းလိုက်ဦးမယ်... မင်းလည်း နားချင်ရင် နားလို့ရပြီ... ကျင့်ကြံချင်တယ်ဆိုရင်လည်း ကျင့်ကြံလို့ ရပါတယ်..."
ထိုသို့ပြောပြီးနောက် သူမသည် နန်ကုန်းယွီကို ချီကာ ထွက်သွားလေသည်။
သူတို့နှစ်ဦး ထွက်သွားသည်ကို ကြည့်ရင်း ချင်းလင်က မျက်တောင်ခတ်မိသည်။
‘ ဒီနေ့ အတန်းထဲမှာ သူမ ဘာတွေသင်ခဲ့ရလဲဆိုတာ သခင်လေးကို မပြောရသေးပုံပဲ’
သို့သော် သူမ ခဏသာ တွေဝေသွားပြီးနောက် လက်လျှော့လိုက်လေသည်။
'သခင်လေး အိပ်ပျော်နေပြီပဲ... နောက်မှပဲ ပြောပြပါတော့မယ်လေ’
သူမက စိတ်ထဲမှ တွေးလိုက်သော်လည်း အလျင်အမြန် လိုက်သွားခဲ့ပေသည်။ နန်ကုန်းယွီ၏ အစေခံ တစ်ယောက်အနေဖြင့် သူမ လိုက်သွားရမည် ဖြစ်လေသည်။
...
အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း။
အနည်းငယ် စိတ်ကူးလိုက်သည်နှင့် နန်ကုန်းယွီသည် ဖန်စင်တန်းတစ်ခုရှေ့သို့ ရောက်ရှိသွားလေ၏။ ၎င်းပေါ်တွင် အရွက်မရှိသော သစ်ပင်ပေါက်လေးများ ပို၍တိတိကျကျ ပြောရလျှင် ဝိညာဉ်အမြစ်များ အမျိုးမျိုးကို ပြသထားပေသည်။
ရွှမ်လင်တိုက်ကြီးတွင် ကောင်းကင်ကိုဆန့်ကျင်နိုင်သော အခွင့်အရေးများနှင့် ဝိညာဉ်အမြစ်များကို ရရှိနိုင်သော်လည်း ၎င်းတို့ကို အခြားသူတစ်ဦးထံ အပြည့်အဝ ပေးအပ်၍ မရပေ။
သို့သော် အံ့ဩစရာကောင်းတာက... အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းကတော့ ယင်းကို လုပ်နိုင်လေသည်။
အကယ်၍ နန်ကုန်းယွီက ဆန္ဒရှိပါက ဤဝိညာဉ်အမြစ်များကို လဲလှယ်ပြီး အခြားသူများကို ပေးနိုင်ပေသည်။
၎င်းမှာ ထိုနေ့က သူ သိခဲ့သောအရာလည်း ဖြစ်လေ၏။ ချင်းလင်၏ ခံစားချက်များကို နားလည်သွားချိန်တွင် ချင်းလင်က ထိုစကားများကို အဘယ်ကြောင့် ပြောခဲ့ရသနည်း ဆိုသည်ကိုပေါ့။
လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ချင်းလင်၏ သစ္စာစောင့်သိမှုကို တွေးမိကာ နန်ကုန်းယွီသည် သူမအတွက် အကျိုးကျေးဇူးအချို့ကို သေချာအောင် လုပ်ပေးရန် ဆုံးဖြတ်လိုက်လေသည်။
သို့သော် ဝိညာဉ်အမြစ် အမျိုးမျိုးကို တစ်ချက်ကြည့်ပြီးနောက် သူ မျက်မှောင်အနည်းငယ် ကြုတ်မိဖြစ်သွားသည်။
"အမြင့်ဆုံးက မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ်ပဲ ရှိတာလား... ငါ့ရဲ့ အစေခံ တစ်ယောက်အနေနဲ့ အဲ့ဒါက နည်းနည်း လိုနေသလိုပဲ..."
နန်ကုန်းယွီသည် ခဏတာ တွေဝေသွားပြီးနောက် ခေါင်းခါလိုက်သည်။
"နောက်ရက်အနည်းငယ်အတွင်း ဝိညာဉ်ဘုရင် ဆေးလုံး တစ်သုတ်ကို ဖော်စပ်ပြီး ရောင်းလိုက်ရင်... အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းရဲ့ စတုတ္ထအဆင့် ပွင့်လာသင့်တယ်... အဲ့ဒီအချိန်ကျမှပဲ ကြည့်ကြတာပေါ့..."
အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း၏ စတုတ္ထအဆင့်ကို ဖွင့်ရန်အတွက် စုစုပေါင်း အမှတ် ၁ ထရီလီယံ လိုအပ်သော်လည်း သူသည် ထိပ်တန်းအဆင့် ဝိညာဉ်ဘုရင် ဆေးလုံး ၁၀,၀၀၀ ကို ရောင်းချခြင်းဖြင့် အမှတ် ၁.၈ ထရီလီယံ ရရှိနိုင်မည်ဖြစ်ရာ စတုတ္ထအဆင့်ကို ဖွင့်ရန် လုံလောက်ပေသည်။
ဤအရာကို တွေးမိသည်နှင့် နန်ကုန်းယွီသည် ဝိညာဉ်ဘုရင် ဆေးလုံးမှ ဆေးဖက်ဝင်အပင် အဆ ၁၀၀ ကို ချက်ချင်း ထပ်မံ လဲလှယ်လိုက်လေသည်။
သူက တိုက်ရိုက် အဆ ၁၀၀၀ မလဲလှယ်ချင်တာ မဟုတ်ပါဘူး... သူဆီမှာ အမှတ် မလုံလောက်လို့ပါ။
သူ့မှာ အမှတ် ၆.၃ ဘီလီယံပဲ ရှိတယ်... ဒါပေမဲ့ ဆေးဖက်ဝင်အပင် တစ်ဆစီအတွက် အမှတ် ၄၀ သန်း လိုအပ်တယ်ဆိုတော့... သူက တစ်သုတ်ပဲ လဲလှယ်ပြီး တစ်ခါ ပြန်ရောင်းလို့ ရမှာပါ။
ထို့နောက် နန်ကုန်းယွီက ထွက်ခွာတော့မည့်ဆဲဆဲ ဖန်စင်တန်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"အထွတ်အထိပ်အဆင့် ဝိညာဉ်အမြစ်က အမှတ် ဆယ်သန်းပဲ လိုတာဆိုတော့... ဖြစ်နိုင်တာက..."
နန်ကုန်းယွီ၏ မျက်လုံးများ အရောင်လက်သွားပြီး သူသည် လှည့်ကာ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းမှ ထွက်ခွာသွားလေသည်။
သူ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ရာ သူ၏မိခင်က သူ၏ဘေးတွင် ထိုင်နေသည်ကို တွေ့လိုက်ရသဖြင့် မျက်လုံးများကို ပြန်မှိတ်ထားလိုက်ပေသည်။
'ဝိညာဉ်ဘုရင်အဆင့်ကို တက်လှမ်းဖို့ ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအား လိုအပ်တယ်... သေမျိုးနယ်ပယ်မှာတော့ အဲ့ဒါက မဖြစ်နိုင်သလိုပဲ... ဒါပေမဲ့ မြင့်မြတ်နယ်မြေကို သွားဖို့ကလည်း မသင့်တော်ဘူး...'
နန်ကုန်းယွီက တိတ်တဆိတ် တွေဝေနေခဲ့သည်။ ငုပ်လျှိုးနေသော နက်နဲမှုက သူ့ကို မြင့်မြတ်နယ်မြေမှ ပြန်လာခွင့် ပေးနိုင်သော်လည်း အချိန်ဘယ်လောက်ကြာမည်ကို သူ မသိခဲ့ချေ။
နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်ပြီး အနည်းငယ် အကူအညီမဲ့သလို ခံစားလိုက်ရလေသည်။
'နေပါဦး...'
'အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း...'
သူ၏ အထူးစွမ်းရည် ကို တွေးမိချိန်တွင် နန်ကုန်းယွီ၏ အမူအရာ တောက်ပသွားပြီး သူ၏ အသိစိတ်က အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းသို့ ပြန်လည်ရောက်ရှိသွားလေသည်။
တကယ်ပါပဲ။
သူ လိုချင်တဲ့အရာ တကယ် ရှိပါတယ်။
ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ကျောက်တုံး - ကောင်းကင်နှင့် မြေကြီးကြားရှိ အထူးဝိညာဉ်ရတနာတစ်ခုဖြစ်ပြီး သန့်စင်သော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများ ကြွယ်ဝစွာ ပါဝင်သည်။
ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ကျောက်တုံးကို ကျင့်ကြံသူ၏ လိုဏ်ဂူကောင်းကင်အတွင်း၌ ထားရှိခြင်းအားဖြင့် ကျင့်ကြံသူသည် ၎င်းတို့ကိုယ်သူတို့ သန့်စင်ရန်နှင့် ဝိညာဉ်ဘုရင်အဆင့်သို့ တက်လှမ်းရန် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို ဆွဲယူအသုံးပြုနိုင်ပေသည်။
မှတ်ချက် - ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ကျောက်တုံး တစ်ခုတည်းရှိ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားသည် လူဆယ်ဦးကို ဝိညာဉ်ဘုရင်အဆင့်သို့ တက်လှမ်းရာတွင် ကူညီပေးနိုင်ပါသည်။
လဲလှယ်ရမည့်စျေးနှုန်း - အမှတ် ၁၀၀ ဘီလီယံ။
"ဒါက အခု လောလောဆယ် ငါ မတတ်နိုင်တဲ့ အရာပဲ..."
နန်ကုန်းယွီက သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်သော်လည်း သိပ်မတွေးခဲ့ပေ။
နောက်ရက်အနည်းငယ်အတွင်း ဝိညာဉ်ဘုရင် ဆေးလုံး နှစ်သုတ်ကို ဖော်စပ်ပြီးတာနဲ့ သူ ၎င်းတို့ကို လဲလှယ်နိုင်ပါပြီ။
နန်ကုန်းယွီသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေပြီး အလွန်ကောင်းမွန်သော ခံစားချက်ကို ခံစားမိသွားသည်။
"စတုတ္ထအဆင့် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း ပွင့်သွားတာနဲ့ မယ်တော်အတွက် ပိုကောင်းတဲ့ ဝိညာဉ်အမြစ် ဒါမှမဟုတ် စွမ်းအားကြီးတဲ့ ခန္ဓာကိုယ်တစ်ခုခုကို ငါ ယူပေးမယ်..."
နန်ကုန်းယွီသည် စကားအနည်းငယ် တိုးတိုးရေရွတ်လိုက်ပြီးနောက် လှည့်ကာ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းမှ ထွက်ခွာသွားလေသည်။
...
နောက်နေ့ စောစောပိုင်း မနက်ခင်းတွင် ဖြစ်ပေသည်။
နန်ကုန်းယွီနှင့် သူ၏အုပ်စု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိလာချိန်တွင် ဖြတ်သွားဖြတ်လာများသည် ဤအရူးလေးကို ရန်စမိမည်ကို ကြောက်ရွံ့သဖြင့် အလျင်အမြန် လမ်းဖယ်ပေးခဲ့ကြလေသည်။
ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် သူတို့ကို တစ်ချက်သာ ကြည့်လိုက်ပြီးနောက် အကြည့်လွှဲသွားပေသည်။
"မင်းတို့ ကြားပြီးပြီလား... ကြီးကြပ်ရေးရုံးက ဆရာ ယဲ့က လက်တစ်ဖက် ဆုံးရှုံးသွားလို့ ဆရာအဖြစ် တာဝန်မထမ်းဆောင်နိုင်တော့ဘူးလို့ ခံစားရလို့ မနေ့က နုတ်ထွက်သွားတယ်တဲ့..."
"ဆရာ ယဲ့က တော်တော်လေး သဘောကောင်းပါတယ်... ပြီးတော့ သူက အခြေခံ ကျင့်ကြံခြင်း အသိပညာတွေကိုပဲ သင်ပေးနေတာလေ... လက်တစ်ဖက် ဆုံးရှုံးတာက... ဒဒါက ဘယ်လိုဖြစ်သွားတာလဲ..."
"မင်း နားမလည်ဘူး... ကြီးကြပ်ရေးရုံးထဲမှာ လက်ပြတ်သွားတယ်ဆိုတာ မင်းက ကြီးကြပ်ရေးရုံးနဲ့ ပတ်သက်ပြီး စိတ်ပျက်သွားတာ ဖြစ်နိုင်တယ်..."
"မင်း ဘာအဓိပ္ပာယ်မရှိတာတွေ ပြောနေတာလဲ... မနေ့က ငါ အဲ့ဒီမှာ ရှိတယ်... ကျန်းပေ့မင်းသား ပြောတဲ့ မမြင်ချင်ယောင်ဆောင်နေတဲ့ ဆရာဆိုတာ သူပဲလေ... သူက ကျောင်းအုပ်ကြီး ဟန်ရဲ့ အလုပ်ဖြုတ်တာ ခံရလောက်တယ်... နားထောင်လို့ကောင်းအောင် နုတ်ထွက်တယ်လို့ ပြောတာနေမှာပေါ့..."
"ဟုတ်တယ်... ငါလည်း သူ့ကို မြင်တယ်... သူက ငါ့ကို တစ်ချက်ကြည့်ပြီး ဂရုမစိုက်ဘဲ ထွက်သွားတာ..."
"အော်... ဒါဆို ကျန်းပေ့မင်းသားက အဲ့ဒီတုန်းက ဘာလို့ အဲ့ဒီလိုပြောလဲဆိုတာ ရှင်းသွားပြီ... သူ တစ်ခုခု သိနေလောက်တယ်..."
"ဘယ်သူက အဲ့ဒါကို ငြင်းနိုင်မှာလဲ..."
"စကားမပြောကြနဲ့တော့... ကျန်းပေ့မင်းသား လာနေပြီ..."
ဤစကားကို ကြားချိန်တွင် ထိုအုပ်စုသည် အဝေးသို့ လှမ်းကြည့်လိုက်ရာ လူတစ်စုကို ဦးဆောင်လာသော နန်ကုန်းယွီကို တွေ့လိုက်ရလေ၏။ သူတို့သည် အလျင်အမြန် ပါးစပ်ပိတ်ကာ အမြန်ထွက်သွားကြပေသည်။
နန်ကုန်းယွီသည် ထိုစကားများကို ကြားခဲ့သော်လည်း ၎င်းတို့မှာ အသေးအဖွဲ ကိစ္စများသာ ဖြစ်သဖြင့် သူ ဂရုမစိုက်နိုင်ခဲ့ချေ။
သူက စူးရှင်းမုန်းကို ကြည့်လိုက်သည်။
"အစ်မ ရှင်းမုန်း... ဒီနေ့ သင်ခန်းစာက ကျမ်းစာ သင်ကြားရေး အတန်းဆိုတော့... ကျွန်တော်တို့ သုံးယောက်အတွက် သိပ်အသုံးဝင်မှာ မဟုတ်ဘူး... ကျွန်တော်တို့ ကျမ်းစာစံအိမ်ကို အရင်သွားကြရင် ဘယ်လိုလဲ..."
"အခြား အသေးစား သင်တန်းတွေအတွက်ကတော့... နေ့တိုင်းနီးပါး သင်တန်းတွေ ရှိပါတယ်... နောက်မှ အစ်မ ကြည့်လို့ရပါတယ်..."
ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းသည် အနည်းငယ် စိတ်ဝင်စားသွားသော်လည်း တွေဝေမိသည်။