အခန်း (၁၁၃-၁၁၄)
Vol. 12 Ch. 113-114
အခန်း (၁၁၃) အစီရင်ခံစရာ ရှိရင် ကျေးဇူးပြုပြီး အသိပေးပါ...
"သခင်လေးက ဆေးဖက်ဝင်အပင်တွေအကြောင်း လာလေ့လာတာလို့ ကျွန်မ ကြားတယ်... ဒီလိုလုပ်တာက သခင်လေးရဲ့ လေ့လာမှုကို ထိခိုက်စေမှာမလား..."
စူးရှင်းမုန်းက အနည်းငယ် ရှက်ရွံ့နေပုံဖြင့် တွေဝေစွာ မေးလိုက်လေသည်။
"မထိခိုက်ပါဘူး..."
နန်ကုန်းယွီက ပြုံးကာ ခေါင်းခါလိုက်သည်။
"သင်ယူတယ်ဆိုတာ အချိန်မရွေး သင်ယူလို့ရပါတယ်... ပြီးတော့ ကျမ်းစာစံအိမ်ထဲမှာ ကိုယ့်ဘာသာကိုယ် စာအုပ်တွေ ဖတ်ပြီး တချို့အရာတွေကို လေ့လာလို့ ရပါတယ်..."
"ဒါ့အပြင်... ကျွန်တော်က ဝိညာဉ်သစ်သီး အမှားပြီး ထပ်မစားမိအောင်လို့ ဆေးဖက်ဝင်အပင်တွေအကြောင်း လာလေ့လာတာပါ... အခု အစ်မ ရှင်းမုန်းက ကျွန်တော်နဲ့ အတူရှိနေပြီဆိုတော့ အဲ့ဒီအတွက် စိုးရိမ်စရာ မလိုတော့ဘူး မဟုတ်လား..."
ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းက မျက်တောင်ခတ်လိုက်ပြီး နန်ကုန်းယွီက သူမကို နှစ်သိမ့်ပေးနေကြောင်း သဘောပေါက်သွားကာ အနည်းငယ် ကြည်နူးသွားမိလေသည်။
"ကျေးဇူးတင်ပါတယ် သခင်လေး..."
စူးရှင်းမုန်းက ကျေးဇူးတင်ကြောင်း ဖော်ပြရန် အနည်းငယ် ဦးညွှတ်လိုက်လေသည်။
နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။
"ကောင်းပြီ... မြန်မြန်သွားကြရအောင်..."
သူတို့နှစ်ဦး ခေါင်းညိတ်လိုက်ကြပြီး သူတို့သုံးဦး ကျမ်းစာစံအိမ်သို့ သွားရန် ပြင်လိုက်စဉ်မှာပင် သူတို့အနောက်မှ ကျယ်လောင်သော အသံတစ်ခုကို ကြားလိုက်ရပေသည်။
"ရှောင်ယွီ... ငါ့ကို စောင့်ပါဦး..."
အသံ ပျောက်ကွယ်သွားသည်နှင့် နန်ကုန်းရိုရွှယ်သည် သူတို့သုံးဦးရှေ့တွင် ချက်ချင်း ပေါ်လာလေသည်။
သူမက နန်ကုန်းယွီကို တင်းတင်းကျပ်ကျပ် ဖက်လိုက်သည်။
"ရှောင်ယွီ... မနေ့ညက အစ်မကို လွမ်းနေသေးလား."
နန်ကုန်းယွီသည် ထူးခြားသော ရနံ့တစ်ခု သူ၏ဆီသို့ လွင့်ပျံလာသည်ကို ခံစားလိုက်ရပြီး အနည်းငယ် အသက်ရှူကျပ်သွားသလို ခံစားလိုက်ရပေသည်။
"အစ်မကြီး... ယွီအာကို အသက်ရှူကျပ်အောင် လုပ်နေတာပဲ..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်သည် နန်ကုန်းယွီကို ချက်ချင်း လွှတ်ပေးလိုက်ပြီး သူ၏ မျက်နှာလေးမှာ နူးညံ့ပြီး ပျော့အိသော အထိအတွေ့တစ်ခုကြောင့် လွင့်စင်သွားလေသည်။
သူက
သူမ ဆုတ်သွားသည့် ဘက်သို့ တစ်ချက် ငေးကြည့်လိုက်ပြီးနောက် အစ်မကြီးက တကယ်ကို ရင့်ကျက်လာခဲ့ပြီပဲဟု သူ စိတ်ထဲမှ တိတ်တဆိတ် သက်ပြင်းချလိုက်၏။
အစ်မကြီးက ဦးရီးတော်နဲ့ သူ့ဇနီးတို့ရဲ့ အကောင်းဆုံး မျိုးရိုးဗီဇတွေကို အမွေဆက်ခံထားတယ်လို့ ပြောရမှာပေါ့... သူမရဲ့ အသွင်အပြင်နဲ့ ခန္ဓာကိုယ်က လုံးဝကို ဆွဲဆောင်မှု ရှိလွန်းတယ်။
အနာဂတ်မှာ ဘယ်ခွေးကောင်ကများ ကံကောင်းဦးမလဲ မသိဘူးနော်...
နန်ကုန်းရိုရွှယ်သည် ပုံမှန်မဟုတ်သော အခြေအနေကို သတိပြုမိသွားပြီး အနည်းငယ် မျက်နှာရဲသွားကာ ရှက်ရွံ့စွာဖြင့် မေးလိုက်လေသည်။
"ရှောင်ယွီ... သား အဆင်ပြေရဲ့လား..."
"သား အဆင်ပြေပါတယ်..."
နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်သည်။
"ဒါပေမဲ့... နောက်တစ်ခါ အဲ့ဒီလောက် အားမသုံးနဲ့နော်..."
နန်ကုန်းရိုရွှယ်၏ နားရွက်များ နီရဲသွားပြီး နှုတ်ခမ်းထောင့်များက အနည်းငယ် ကွေးညွတ်သွားလေသည်။
"အင်းပါ... အစ်မသိပါပြီ..."
သူမက စကားလမ်းကြောင်း အလျင်အမြန် လွှဲလိုက်သည်။
"ဒါနဲ့... မင်းတို့အားလုံး ဘယ်သွားမလို့လဲ..."
"ဒီနေ့ သင်ခန်းစာက ကျင့်ကြံခြင်းအကြောင်းလေ... အဲ့ဒါက ကျွန်တော်တို့ သုံးယောက်အတွက် သိပ်အသုံးမဝင်လို့... ကျမ်းစာစံအိမ်ကို ထပ်သွားမလို့ စီစဉ်ထားတာ... အစ်မကြီးကကော..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်က သေချာ မစဉ်းစားဘဲ ချက်ချင်း ပြောလိုက်လေသည်။
"ဒါဆို ငါလည်း လိုက်မယ်..."
နန်ကုန်းယွီက သူမကို တစ်ချက်ကြည့်လိုက်သည်။
"အစ်မကြီး... မနေ့က အစ်မ ကျွန်တော်တို့နဲ့ လိုက်လာတာ တစ်နေကုန် အချိန်ကုန်သွားတယ်လေ... ထပ်သွားချင်တာ သေချာလို့လား..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းရိုရွှယ်သည် မနေ့က ဖြစ်ပျက်ခဲ့သည်များကို ပြန်သတိရသွားပြီး အနည်းငယ် မျက်နှာရဲသွားလေသည်။
သို့သော် သူမက အလျင်အမြန် ပြန်လည်တည်ငြိမ်အောင် ထားလိုက်ပြီး ပြုံးကာ ဆိုလိုက်သည်။
"ဒီတစ်ခါတော့ ဝိညာဉ်သိုင်းပညာ သင်တန်းတက်ဖို့ စီစဉ်ထားတာ... မင်းတို့နဲ့ အတူတူ သွားလို့ရပါတယ်..."
"ကောင်းပြီလေ... အဲ့ဒီကို အမြန်သွားကြတာပေါ့..."
နန်ကုန်းယွီက ဘာမျှ ဆက်မပြောတော့ဘဲ ခေါင်းညိတ်လိုက်လေသည်။
မကြာမီမှာပင် ထိုအုပ်စုသည် ကျမ်းစာစံအိမ် အတွင်းသို့ ဝင်ရောက်လာကြသည်။
နန်ကုန်းယွီက ပထမထပ်ရှိ ဆေးဖက်ဝင်အပင် အခြေခံအသိပညာ စာအုပ်တစ်အုပ်ကို ပေါ့ပေါ့ပါးပါး ကောက်ယူလိုက်ပြီး သူတို့သုံးဦးကို ကြည့်ကာ ပြောလိုက်သည်။
"အစ်မ ရှင်းမုန်းက ဆက်ပြီး စမ်းကြည့်ပါ... အစ်မတော်ကြီးက ဝိညာဉ်သိုင်းပညာ သွားကျင့်ပါ..."
ဤစကားကို ကြားချိန်တွင် စူးရှင်းမုန်းက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး လှည့်ကာ ဒုတိယထပ်သို့ တက်သွားလေသည်။
နန်ကုန်းရိုရွှယ်သည် ခဏတာ တွေဝေသွားပြီးနောက် သူ၏နောက်သို့ လိုက်သွားပေသည်။
သူတို့နှစ်ဦး ထွက်သွားသည်ကို ကြည့်ပြီးနောက် နန်ကုန်းယွီက ချင်းလင်ကို လှည့်ကြည့်လိုက်သည်။
"ချင်းလင်... ချိုက်အာနဲ့ တခြားသူတွေကို ခေါ်သွား... ကျင့်ကြံခြင်း စာအုပ် နှစ်အုပ် ရွေးပြီး ဒုတိယထပ်ကို သွားကာ အစ်မတော်ကြီးကို သွားရှာလိုက်... သူမဘေးမှာ ထိုင်ပြီး ဖတ်... မင်း မှတ်မိသလောက် မှတ်ထားနော်..."
ဤစကားကို ကြားချိန်တွင် ချင်းလင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။
"သခင်လေး... ကျွန်မ သခင်လေးနဲ့ပဲ နေတာ ပိုကောင်းမယ် ထင်တယ်..."
သို့သော် နန်ကုန်းယွီက ပြုံးကာ ခေါင်းခါလိုက်လေသည်။
"မြန်မြန်သွားပါ... ငါ့ရဲ့ အစေခံ တစ်ယောက်အနေနဲ့ မင်းက ကျင့်ကြံခြင်းအကြောင်း ပိုသိလေလေ... ငါ နားမလည်တာ ရှိရင် မင်းကို မေးဖို့ ပိုလွယ်လေလေပဲပေါ့..."
"ဒါ့အပြင်... နောက်ကျရင် ငါ တတိယထပ်ကို သွားပြီး စာဖတ်ဖို့ စီစဉ်ထားတယ်... အဲ့ဒီမှာ ငါတစ်ယောက်တည်း နေရတာ အတော်လေး ပိုအေးချမ်းမှာပါ..."
ဤစကားကို ကြားချိန်တွင် ချင်းလင်သည် ခဏတာ တွေဝေသွားပြီးနောက် ခေါင်းညိတ်လိုက်ကာ အခြေခံ ကျင့်ကြံခြင်း စာအုပ် သုံးအုပ်ကို ရှာပြီး အပေါ်ထပ်သို့ တက်သွားလေသည်။
ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် တတိယထပ်သို့ တက်သွားပြီး ထောင့်တစ်နေရာတွင် ခြေပက်လက်ခွေ ထိုင်လိုက်ပေသည်။
"ရှဲဒိုးချမ်း... ဖုံးကွယ်ထားမှုကို အသက်သွင်းလိုက်..."
"ဟုတ်ကဲ့ပါ..."
ရှဲဒိုးချမ်းက သဘောတူလိုက်ပြီး ကိုယ်ယောင်ဖျောက် ဝင်္ကပါကို အသက်သွင်းလိုက်လေသည်။
နန်ကုန်းယွီသည် ဟင်းလင်းပြင်ငှက်မွေးမှ ပြောင်းလဲထားသော ဆေးဖိုကို ထုတ်ယူလိုက်သည်။ အနည်းငယ် စိတ်ကူးလိုက်သည်နှင့် ဟင်းလင်းပြင်ငှက်မွေးသည် ဖြည်းညင်းစွာ ကြီးမားလာပြီး မကြာမီ သူ၏ အရပ်ထက် ပိုမြင့်လာသည်ကို တွေ့လိုက်ရပေသည်။
ချက်ချင်းပင် နန်ကုန်းယွီသည် ဝိညာဉ်ဘုရင် ဆေးလုံး ဖော်စပ်ရန် အသုံးပြုသော ဆေးဖက်ဝင်အပင် အဆ ၁၀၉ ဆကို ထုတ်ယူလိုက်ပြီး ဆေးဖိုကို အပူပေးပြီးနောက် အားလုံးကို ဆေးဖိုထဲသို့ ပစ်ထည့်လိုက်လေသည်။
သူ၏ လက်ရှိစွမ်းအားဖြင့် သူသည် ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်ကို ထိန်းချုပ်နိုင်ပြီး ဆေးဖက်ဝင်အပင် အများအပြားကို တစ်ပြိုင်နက်တည်း ဖော်စပ်နိုင်ပြီ ဖြစ်ပေသည်။
ထို့အပြင် ဟင်းလင်းပြင်ငှက်မွေး၏ အကူအညီဖြင့် ရလဒ်များမှာ သဘာဝကျကျ နှစ်ဆ ပိုမိုထိရောက်လေသည်။
...
ချင်းယို နန်းတော်၊ ချန်ချင်း ခန်းမဆောင်။
"အစီရင်ခံစရာ ရှိရင် တင်ပြကြပါ"
နန်ကုန်းအောက်ထျန်းသည် အောက်တွင် စုရုံးနေကြသော မှူးမတ်အရာရှိများကို ကြည့်လိုက်ရာ သူ၏မျက်နှာမှာ အမူအရာ ကင်းမဲ့နေပြီး သူ ဘာကိုတွေးနေသည်ကို မည်သူကမျှ မသိနိုင်ချေ။
မှူးမတ်အရာရှိများ လှုပ်ရှားမှုမရှိသည်ကို မြင်ချိန်တွင် လင်းရှောင်သည် အံကိုတင်းတင်းကြိတ်ကာ ရှေ့ထွက်လာပြီး ဒူးထောက်ချလိုက်လေသည်။
"အရှင်မင်းကြီး... ကျေးဇူးပြုပြီး ရှေ့ထွက်လာပြီး ကျန်းပေ့မင်းသား နန်ကုန်းယွီကို ဖျောင်းဖျပေးပါ... သူက အသေးအဖွဲ ကိစ္စလေးအတွက် ကလေးတစ်ယောက်ကိုတောင် ဒဏ်ရာရအောင် လုပ်ခဲ့ပါတယ်... ကျန်းပေ့စစ်တပ်ကို မြောက်ပိုင်းကနေ တောင်ပိုင်းကို ဆင်းလာအောင် ဘာလို့ အတင်းအကျပ် လုပ်ရတာလဲ..."
ဤစကားကို ကြားချိန်တွင် မှူးမတ်အရာရှိများသည် မျက်လွှာချထားကြပြီး တိတ်ဆိတ်နေကြလေသည်။
နန်ကုန်းအောက်ထျန်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ပါဝင်ပတ်သက်နေသော အခြား နှစ်ဖက်ကို ကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျန်တဲ့နှစ်ယောက်ကကော အဲ့ဒီလိုပဲ တွေးနေတာလား..."
ဤစကားကို ကြားချိန်တွင် ဝမ်နှင့် ကျန်း အရာရှိနှစ်ဦးမှာ တောင့်တင်းသွားပြီး ချက်ချင်း ရှေ့ထွက်လာကာ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ကြလေသည်။
"အရှင်မင်းကြီး... ကျွန်တော့်သားက အမှားလုပ်မိလို့ အရှင်မင်းကြီး သဘောအတိုင်း ဆုံးဖြတ်ပါ... မြောက်ပိုင်းစစ်တပ်ကို တောင်ဘက်ဆင်းလာအောင် ဒုက္ခပေးစရာ မလိုပါဘူး..."
"အရှင်မင်းကြီး... ကျွန်တော့်မြေးက အမှားလုပ်မိလို့ အရှင်မင်းကြီးရဲ့ ဆုံးဖြတ်ချက်ကို နာခံပါ့မယ်... နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျွန်တော့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို ထောက်ထားပြီး ကျွန်တော့်ရဲ့ ကျန်း မိသားစုကို အရှင်မင်းကြီး ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်..."
ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်းက အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း စုရုံးနေသော မှူးမတ်အရာရှိများကို ကြည့်ကာ မေးလိုက်လေသည်။
"ကျန်းပေ့မင်းသားက အသေးအဖွဲ ကိစ္စလေးကို ပုံကြီးချဲ့နေတယ်လို့ မင်းတို့အားလုံး ထင်နေကြလား..."
ဤစကားကို ကြားချိန်တွင် ထိုနေရာရှိ လူတိုင်း တင်းမာသွားကြလေသည်။နန်ကုန်းအောက်ထျန်းနောက်သို့ နှစ်ပေါင်းများစွာ လိုက်ပါလာခဲ့သူများအနေဖြင့် သူတို့ထဲတွင် ဘယ်သူက ပါးနပ်တဲ့သူ မဟုတ်လို့လဲ။
ဒီသုံးယောက်နဲ့ သူတို့ မိသားစုတွေတောင် အဆုံးသတ်သွားပြီလား။
"အရှင်မင်းကြီး... ကျန်းပေ့မင်းသားရဲ့ အစေခံမလေးကို စော်ကားတာက တင်းကျပ်စွာ ပြောရရင် တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို မလေးစားတာ ဖြစ်လို့ သေဒဏ်ပေးသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်..."
"အရှင်မင်းကြီး... ကျွန်တော်လည်း အဲ့ဒီလိုပဲ ထင်ပါတယ်... အဲ့ဒီသုံးယောက်က သေဖို့ ထိုက်တန်ပါတယ်... ဒါပေမဲ့ သခင်ကြီး လင်းနဲ့ တခြားနှစ်ယောက် ပြောတာလည်း မှန်ပါတယ်... ကျန်းပေ့စစ်တပ်တောင်ဘက်ကို ဆင်းလာဖို့ တကယ် မလိုအပ်ပါဘူး..."
"အရှင်မင်းကြီး... ကျန်းပေ့စစ်တပ် တောင်ဘက်ကို ဆင်းလာတာ ဘာမှ မမှားဘူးလို့ ကျွန်တော် ထင်ပါတယ်... ကျန်းပေ့စစ်တပ်က အပြင်မှာထက် အတွင်းမှာ ရှိနေတာ ပိုကောင်းမယ် ထင်ပါတယ်..."
"အရှင်မင်းကြီး..."
"..."
ခဏတာမျှ ဝန်ကြီးများက သူတို့၏ ထင်မြင်ချက်များကို ပေးကြသော်လည်း အများစုမှာ နန်ကုန်းအောက်ထျန်း၏ အကြောင်းအရာကို ဆွေးနွေးခြင်းမှ ရှောင်ကြဉ်ခဲ့ကြလေသည်။
ဝန်ကြီးအချို့ကလည်း သူတို့၏ ကိုယ်ပိုင် အကြံဉာဏ်များကို ပေးခဲ့ကြသည်။ သူတို့က အလေးအနက် စဉ်းစားနေတာ ဖြစ်နိုင်သလို တခြား အတွေးတွေလည်း ရှိနေနိုင်၏။
သေချာသည်မှာ နန်းတွင်းရှိ အဆင့်မြင့် အရာရှိတစ်ဦး၏ သဘောထားများကို ပဲ့တင်ထပ်ကာ ရေစုန်မျောနေသူများလည်း ရှိလေသည်။
သို့သော် လူတိုင်းက တညီတညွတ်တည်း သဘောတူခဲ့ကြသည်မှာ မနေ့က နန်ကုန်းယွီကို ရန်စခဲ့သူများသည် ပြင်းထန်စွာ အပြစ်ပေးခံရမည် ဖြစ်ကြောင်းပင်။
ဤစကားကို ကြားချိန်တွင် နန်ကုန်းအောက်ထျန်းသည် မလှုပ်မယှက် ရှိနေပေသည်။
သို့သော် ထို့နောက် သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
"ငါ ရထားတဲ့ သတင်းအရ… ဒိကိစ္စမှာ ဒုတိယမင်းသား နန်ကုန်းကျင်းလင်လည်း ပါဝင်ပတ်သက်နေတယ်တဲ့... သူက သွေးထိုးလှုံ့ဆော်တဲ့သူ ဖြစ်ပုံပဲ... မင်းတို့အားလုံး ဘယ်လိုထင်လဲ..."
ဤစကားကို ကြားချိန်တွင် မှူးမတ်အရာရှိများအားလုံး တိတ်ဆိတ်သွားပြီး လုံးဝ စကားမပြောနိုင်တော့။
အခန်း (၁၁၄) တောင်ဘက်ကို ဆင်းဖို့ အချိန်တန်ပြီ
ကြီးကြပ်ရေးရုံး၊ ကျမ်းစာစံအိမ်၏ တတိယထပ်။
သူ၏ရှေ့ရှိ ကျောက်စိမ်းပြားများပေါ်မှ မရေမတွက်နိုင်သော ဝိညာဉ်ဘုရင် ဆေးလုံးများကို ကြည့်ရင်း နန်ကုန်းယွီသည် အနည်းငယ် ပြုံးမိသွားသည်။
"စုစုပေါင်း ဆေးလုံး ၁၀၉၀... အားလုံးက ထိပ်တန်းအဆင့် ဝိညာဉ်ဘုရင် ဆေးလုံးတွေချည်းပဲ... ဟင်းလင်းပြင်ငှက်မွေးဆိုတဲ့နာမည်နဲ့ တိုက်တန်ပါေပတယ်"
နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး ဆေးဖော်စပ်ရာတွင် အထောက်အကူပြုသော ဟင်းလင်းပြင်ငှက်မွေး၏ စွမ်းရည်ကို တကယ်ပဲ အထင်ကြီးသွားမိလေ၏။
ထိပ်တန်းအဆင့် ဆေးလုံးတွေ ထွက်ရှိဖို့ ၁၀၀% အောင်မြင်နှုန်းဆိုတာ... ဘယ်သူက ယှဉ်နိုင်မှာလဲ။
သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး တွေဝေမနေဘဲ အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းသို့ ချက်ချင်း ဝင်ရောက်ကာ ဝိညာဉ်ဘုရင် ဆေးလုံး တစ်ထောင်ကို ရောင်းချလိုက်လေသည်။
အမှတ် ၁၈၀ ဘီလီယံ ရရှိပြီးနောက် သူသည် နောက်ထပ် ဝိညာဉ်ဘုရင် ဆေးလုံး ဆေးဖက်ဝင်အပင် အဆ ၉၀၀ ကို ပြတ်သားစွာ ဝယ်ယူလိုက်ပေသည်။
ဆေးဖိုဖျက်ဆီးခြင်း သန့်စင်သောမီးတောက်နှင့် ဟင်းလင်းပြင်ငှက်မွေး၏ အကူအညီဖြင့် ဆေးဖော်စပ်ရန် လိုအပ်သော အချိန်မှာ များစွာ လျော့ကျသွားခဲ့လေ၏။
‘ မွန်းတည့်ချိန်တောင် မရောက်သေးဘူးဆိုတော့... နောက်ထပ် နှစ်သုတ်လောက် ဖော်စပ်ဖို့ ပြဿနာ မရှိပါဘူး’
တွေဝေမနေဘဲ နန်ကုန်းယွီသည် ဆေးဖော်စပ်ခြင်းကို ချက်ချင်း ပြန်လည်စတင်လိုက်ပြီး ဆေးဖက်ဝင်အပင် အဆ ၉၀၀ ကို တစ်ပြိုင်နက်တည်း သန့်စင်လိုက်လေသည်။
...
နန်ကုန်းယွီက ဆေးဖော်စပ်နေချိန်တွင် ချင်းယိုအင်ပါယာ၏ နံနက်ပိုင်း နန်းတွင်း ညီလာခံလည်း ပြီးဆုံးသွားပြီ ဖြစ်ပေသည်။
သို့သော် သတင်းနှစ်ခုက ချင်းယို ဧကရာဇ်မြို့တော် တစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားပြီး မရေမတွက်နိုင်သော ပြည်သူများကို အံ့အားသင့်စေခဲ့လေသည်။
နန်းတွင်း အရာရှိများဖြစ်ကြသော ဝမ်၊ ကျန်းနှင့် လင်း မိသားစုများသည် အထက်လူကြီးများကို လှည့်စားခြင်း၊ အလွဲသုံးစားလုပ်ခြင်းနှင့် လာဘ်ပေးလာဘ်ယူမှုများ ပြုလုပ်သည်ဟု စွပ်စွဲခံရပေသည်။ မိသားစု သုံးစုစလုံးကို ရာထူးနှင့် ဘွဲ့အမည်များ ရုပ်သိမ်းလိုက်ပြီး သူတို့၏ နေအိမ်များတွင် ခြောက်လတိုင်တိုင် အကျယ်ချုပ် ချထားလိုက်လေသည်။
ဒုတိယမင်းသား နန်ကုန်းကျင်းလင်သည် တော်ဝင်မိသားစု၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းစေရန် အခြားသူများကို သွေးထိုးလှုံ့ဆော်ခဲ့ပေသည်။ သူ့ကို သူ၏ မင်းသားစံအိမ်တွင် ခြောက်လတိုင်တိုင် အကျယ်ချုပ် ချထားလိုက်ပြီး သူ၏ လစာကိုလည်း ခြောက်လစာ ထပ်မံ ဖြတ်တောက်လိုက်လေသည်။
ဤသတင်းနှစ်ခုထွက်ပေါ်လာသည်နှင့်တပြိုင်နက် မြို့တော်ရှိ ပြည်သူများသည် အရှင်မင်းကြီး၏ ဆိုလိုရင်းကို အနည်းငယ် နားလည်သွားကြပေသည်။
ကျန်းပေ့မင်းသား နန်ကုန်းယွီကို မထိရဘူး။
ဤသတင်းကို ကြားသိရပြီးနောက် လူတိုင်းက ဝမ်၊ ကျန်းနှင့် လင်း မိသားစုများဆီသို့ သူတို့၏ အာရုံကို လှည့်လိုက်ကြပြီး သူတို့ကို ဘာဖြစ်မလဲဆိုတာကို သိချင်နေကြလေသည်။
သို့သော် ဝမ်၊ ကျန်းနှင့် လင်း မိသားစုများ၏ အခြေအနေမှာမူ အတော်လေး ကွာခြားလှပေသည်။
သတင်းကို ကြားပြီးနောက် မိသားစု သုံးစုစလုံးသည် စိတ်ပျက်လက်ပျက် အမူအရာများကို မဖုံးကွယ်နိုင်ခဲ့ကြချေ။ သူတို့ကို နန်ကုန်းအောက်ထျန်းက စွန့်ပစ်လိုက်ပြီ ဖြစ်လေသည်။
အဲ့ဒီ မရိုသေတဲ့သားသုံးယောက်က ကျန်းပေ့မင်းသား နန်ကုန်းယွီကို စော်ကားမိလို့ပါပဲ။
မိသားစု သုံးစုကြားတွင် အမြင့်ဆုံး ကျင့်ကြံမှုအဆင့်မှာ နတ်ဘုရားပေါင်းစည်းခြင်းအဆင့်သာ ရှိပေသည်။ သူတို့က ကျန်းပေ့စစ်တပ်ကို ဘယ်လိုလုပ်ပြီး ယှဉ်နိုင်မှာလဲ။
ခဏတာမျှ မိသားစု သုံးစုစလုံးသည် မှုန်မှိုင်းမှုနှင့် စိတ်ပျက်လက်ပျက်မှုများဖြင့် ပြည့်နှက်နေပြီး အဲ့ဒီ မရိုသေတဲ့ သားမြေးတွေကို သတ်ပစ်ချင်စိတ် ပေါက်နေကြလေသည်။
ဒါပေမဲ့ မဖြစ်ဘူးလေ။
ကျန်းပေ့မင်းသား နန်ကုန်းယွီက အဲ့ဒီလူသုံးယောက်ကို သေစေချင်ရင် သူတို့ကို ကြိုတင် မသတ်နိုင်ဘူးလို့ ပြောထားတာလေ... မသတ်နိုင်ရုံတင်မကဘူး သူတို့ကို ကာကွယ်တောင် ကာကွယ်ပေးထားရဦးမှာ။
ယခု သူတို့ မျှော်လင့်နိုင်သမျှမှာ နန်ကုန်းယွီက သနားညှာတာမှု အနည်းငယ်ပြပြီး သူတို့ မိသားစုတစ်ခုလုံးကို သတ်ပစ်မည် မဟုတ်ရန်သာ ဖြစ်ပေသည်။
...
မြောက်ပိုင်းနယ်မြေ၊ ဖူကွမ်း မြို့တော်။
ကြောက်မက်ဖွယ်ကောင်းသော သွေးဆာနေသည့် စွမ်းအင်လှိုင်းကြီးတစ်ခုက ကောင်းကင်ယံကို ဖြတ်သန်းသွားရာ ကောင်းကင်ကြီးကို အရောင်ပြောင်းသွားစေပြီး ဖူကွမ်း မြို့တော်မှ ပြည်သူများကို အံ့အားသင့်စေကာ အားလုံးက မော့ကြည့်လိုက်ကြလေသည်။
အဲ့ဒါ ဘာလဲ...
"ဒီမိစ္ဆာစွမ်းအင်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ... သူ့ရဲ့ လူသတ်ချင်တဲ့ ရည်ရွယ်ချက်က ဘယ်လောက်တောင် ကြောက်စရာကောင်းလိုက်သလဲ..."
"ဘုရားရေ... ရက်စက်တဲ့ နတ်ဆိုးကျင့်ကြံသူ တစ်ယောက် ဖြတ်သွားတာများလား..."
"အဲ့ဒီလောက်တော့ မဆိုးလောက်ပါဘူး... ရက်စက်တဲ့ နတ်ဆိုးကျင့်ကြံသူတောင် ဒီလောက် ထူထဲပြီး လေးလံတဲ့ သွေးမိစ္ဆာစွမ်းအင်မျိုး မရှိနိုင်ပါဘူး..."
"ခန့်မှန်းမနေကြနဲ့တော့... အဲ့ဒါ မြောက်ပိုင်းစစ်တပ်ပဲ..."
" မြောက်ပိုင်းစစ်တပ်..."
လူတိုင်း မော့ကြည့်လိုက်ရာ သွေးရောင် သံချပ်ကာများနှင့် ငွေရောင် ဝတ်ရုံများကို ဝတ်ဆင်ထားပြီး ပြင်းထန်သော လှံများနှင့် ဓားများကို ကိုင်ဆောင်ထားသည့် စစ်သည် သုံးထောင်က အဝေးရှိ လေထဲတွင် လမ်းလျှောက်နေသည်ကို တွေ့လိုက်ရပေသည်။
သူတို့၏ အရှေ့တွင် စစ်တပ်အလံတစ်ခုက လေထဲတွင် လွင့်ဝဲနေပြီး ၎င်း၏ မျက်နှာပြင်မှ သွေးဆာနေသော အရှိန်အဝါများ ထုတ်လွှတ်နေလေသည်။
"ဒါဆို တကယ်ကို မြောက်ပိုင်းစစ်တပ်ပေါ့... သူတို့ ဘာလုပ်ကြမလို့လဲ..."
"ဟုတ်တယ်... စစ်သည် သုံးထောင်ကိုတောင် စုရုံးထားတာ... ဒါပေမဲ့ ဒီနေရာက နယ်စပ်မှ မဟုတ်တာ..."
"ဖြစ်နိုင်တာက... သူတို့ တောင်ဘက်ကို ဆင်းရတော့မယ် ထင်တယ်..."
"တောင်ဘက်ကို ဆင်းရမယ်..."
တစ်စုံတစ်ယောက်က ထိုကောလာဟလကို တွေးမိကာ တိုးတိုးလေး ရေရွတ်လိုက်လေသည်။
"ကျန်းပေ့စစ်တပ်က အမိန့်ရထားလို့ ချင်းယို ဧကရာဇ်မြို့တော်ဆီကို တောင်ဘက်ဆင်းလာတာ အမှန်ပဲ..."
"ဒီပုံစံအရဆိုရင်... သူတို့က ခရီးသွားချိန်ကို လျှော့ချဖို့ ပို့ဆောင်ရေးဝင်္ကပါကို သုံးဖို့ စီစဉ်ထားပုံရတယ်..."
မနေ့ညက ချင်းယို ဧကရာဇ်မြို့တော်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာကို သိတဲ့လူ တော်တော်များများရဲ့ မျက်လုံးတွေက အနည်းငယ် အရောင်လက်သွားကြပေသည်။
မြောက်ပိုင်းနယ်စပ်ကို ကာကွယ်ရန် ကျန်းပေ့မင်းသားနောက်သို့ တစ်ချိန်က လိုက်ပါခဲ့သောစစ်တပ်ကို မြင်ချိန်တွင် သာမန်ပြည်သူများအားလုံး မျက်ရည်ဝဲလာကြပြီး မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်ချလိုက်ကြလေသည်။
"ကျွန်တော်တို့ မြောက်ပိုင်းစစ်တပ်ကို တွေ့ဆုံပါတယ်..."
"ကျွန်တော်တို့ မြောက်ပိုင်းစစ်တပ်ကို တွေ့ဆုံပါတယ်..."
"..."
သာယာနာပျော်ဖွယ် အသံများ လွင့်ပျံနေပြီး ဖူကွမ်း မြို့တော်အထက်တွင် ပဲ့တင်ထပ်နေကာ ကျန်းပေ့စစ်တပ်ကိုပင် ခဏတာ ရပ်တန့်သွားစေလေသည်။
သူတို့ အောက်သို့ ငုံ့ကြည့်လိုက်ရာ သူတို့၏မျက်လုံးများ အနည်းငယ် အရောင်လက်သွားသော်လည်း ရှေ့သို့ ဆက်လက် လျှောက်သွားကြပေသည်။
တစ်ချိန်တည်းမှာပင် ဖူကွမ်း မြို့တော်မှ ပေးပို့လိုက်သော သတင်းစကား တစ်ခုသည် ချင်းယို ဧကရာဇ်မြို့တော် တစ်ခုလုံးကို လျင်မြန်စွာ ပျံ့နှံ့သွားပြီး ချင်းယိုအင်ပါယာ နေရာအနှံ့အပြားရှိ လူများထံသို့ပင် ရောက်ရှိသွားလေသည်။
ကျန်းပေ့စစ်တပ်က တကယ်ပဲ တောင်ဘက်ကို ဆင်းလာပြီ။
...
ချင်းယို ဧကရာဇ်မြို့တော်။
မြောက်ပိုင်းစစ်တပ် ဖူကွမ်း မြို့တော်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရချိန်တွင် မရေမတွက်နိုင်သော လူများသည် အချင်းချင်း တစ်ချက်ကြည့်မိသွားကြပြီး သူတို့၏ အမူအရာများမှာ ရှုပ်ထွေးကာ ခန့်မှန်းရခက်နေပေသည်။
တချို့လူတွေက ထိတ်လန့်နေကြသည်။ တချို့လူတွေက ဝမ်းသာနေကြသည်။ တချို့လူတွေကတော့ သတိထားနေကြသည်။
ဤအချိန်တွင် ဝမ်၊ ကျန်းနှင့် လင်း မိသားစုများသည် အမှန်တကယ်ပင် ထုံထိုင်းသွားကြလေသည်။
လင်း မိသားစုမှ ဒေါသတကြီး ဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
"အစောင့်တွေ... အဲ့ဒီ မရိုသေတဲ့ကောင်ကို အပြင်ထုတ်... တံခါးပြင်မှာ ဆွဲကြိုးချပြီး ရိုက်စမ်း... သူ့ကို မသေစေနဲ့နော်..."
သူတို့သည် သူတို့၏ နေအိမ်များတွင် အကျယ်ချုပ် ချခံထားရပြီး တောင်းပန်ရန် မင်းသားစံအိမ်သို့ လူလွှတ်ချင်လျှင်ပင် နောက်ကျသွားပြီ ဖြစ်လေသည်။
ဤအချိန်တွင် လင်းရှောင်သည် အချိန်ကို နောက်ကြောင်းပြန်လှည့်ကာ ထိုပုန်ကန်တတ်သော သား မွေးဖွားချိန်သို့ ပြန်သွားချင်စိတ် ပေါက်နေပေသည်။
လင်း မိသားစုကို ဘေးအန္တရာယ် မပေးနိုင်အောင် သူ သူ့ကို လည်ပင်းညှစ်သတ်ခဲ့မိမှာပဲ။
မနေ့ညက အချိန်ကို ပြန်သွားရင်တောင် အဆင်ပြေပါတယ်...
သူ မတွေဝေခဲ့သင့်ဘူး... လူကို ဖမ်းပြီး တောင်းပန်ဖို့ ကျန်းပေ့မင်းသား စံအိမ်ကို ပို့လိုက်သင့်တာ… ကံမကောင်းစွာနဲ့ပဲ အားလုံး နောက်ကျသွားပြီ။
လင်း မိသားစုကဲ့သို့ပင် ကျန်းနှင့် ဝမ် မိသားစုများသည်လည်း မှုန်မှိုင်းမှုများ လွှမ်းခြုံနေပြီး သူတို့၏ စံအိမ်များ တစ်လျှောက်တွင် စိတ်ပျက်လက်ပျက် ခံစားချက်များ ပြန့်နှံ့နေလေသည်။
...
ကြီးကြပ်ရေးရုံး အတွင်း၌ ဖြစ်ပေသည်။
နန်ကုန်းယွီသည် အပြင်ဘက်တွင် ဘာတွေဖြစ်နေသည်ကို သဘာဝကျကျ မသိခဲ့ချေ။ ဤအချိန်တွင် သူသည် နောက်ထပ် ဝိညာဉ်ဘုရင် ဆေးလုံး တစ်သုတ်ကို ဖော်စပ်ပြီးစီးနေပြီ ဖြစ်လေသည်။
သူ၏ရှေ့ရှိ ဝိညာဉ်ဘုရင် ဆေးလုံးကို ကြည့်ရင်း နန်ကုန်းယွီသည် အနည်းငယ် ပြုံးမိသွားရချေသည်။
"တကယ်ပါပဲ..."
"ဆေးဖော်စပ်တာပဲဖြစ်ဖြစ်၊ ဟင်းလင်းပြင်ငှက်မွေးကပဲဖြစ်ဖြစ် အကောင်းဆုံးပဲ..."
"ထိပ်တန်းအဆင့် ဝိညာဉ်ဘုရင် ဆေးလုံး ကိုးထောင်... ဒါက တကယ်ကို မမျှော်လင့်ထားတဲ့ ဆုလာဘ်ကြီးပဲ..."
တွေဝေမနေဘဲ နန်ကုန်းယွီသည် ဝိညာဉ်ဘုရင် ဆေးလုံး ၉,၀၀၀ ကို အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းသို့ ရောင်းချလိုက်ရာ အမှတ် ၁.၆၂ ထရီလီယံ ရရှိခဲ့လေသည်။
အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း တုန်ခါသွားပြီး ဖန်စင်တန်းများစွာ ထပ်မံပေါ်လာသည်ကို မြင်ချိန်တွင် နန်ကုန်းယွီသည် အနည်းငယ် ပြုံးမိသွားသည်။
သူသည် လျှပ်တစ်ပြက် လှုပ်ရှားသွားပြီး ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ကျောက်တုံး တစ်ခုကို ချက်ချင်း လဲလှယ်လိုက်ပေသည်။
ထို့နောက် သူသည် ဝိညာဉ်အမြစ်ကို ပြသထားသော ဖန်စင်တန်းဆီသို့ သွားလိုက်လေသည်။
တကယ်ပါပဲ။
အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း၏ စတုတ္ထအဆင့်ကို ဖွင့်ပြီးနောက် လဲလှယ်နိုင်သော အမြင့်ဆုံးအဆင့် ဝိညာဉ်အမြစ်မှာ ကောင်းကင်အဆင့် ဝိညာဉ်အမြစ် ဖြစ်ပေသည်။
ကောင်းကင်အဆင့် ဝိညာဉ်အမြစ်။
ကောင်းကင်အဆင့် ဝိညာဉ်အမြစ်အောက်ရှိ အစွမ်းအထက်ဆုံး ဝိညာဉ်အမြစ်... ကောင်းကင်အဆင့် ဝိညာဉ်အမြစ် ပိုင်ရှင်သည် မသေဆုံးပါက တာအို ဝင်ရောက်ခြင်း အဆင့် ကျင့်ကြံသူတစ်ဦး (သို့မဟုတ်) တာအိုပညာရှင်အဆင့်အထိ ဖြစ်လာနိုင်ခြေ အနည်းငယ် ရှိသည်ဟု ဆိုကြပေသည်။
မြင့်မြတ်နယ်မြေတွင်ပင် ကောင်းကင်အဆင့် ဝိညာဉ်အမြစ် ကျင့်ကြံသူသည် ပါရမီရှင်တစ်ဦး ဖြစ်ပြီး အဖွဲ့အစည်းအသီးသီးက လုယက်နေကြသည့် မျိုးစေ့တစ်ခု ဖြစ်လေသည်။
သေချာသည်မှာ မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ်သည်လည်း အလားတူ တစ်ခုအပါအဝင် ဖြစ်ပေသည်။
ကျင့်ကြံသူများ၏ အသိပညာဆိုင်ရာ စွယ်စုံကျမ်းအရ အထွတ်အထိပ်အဆင့် ဝိညာဉ်အမြစ်သို့ ရောက်ရှိသူများသည် သူတော်စင်တပိုင်းအဆင့်သို့ ဝင်ရောက်နိုင်ပြီး အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု၏ ကျောရိုးဖြစ်လာကာ နှစ်သန်းပေါင်းရာနှင့်ချီသော သက်တမ်းကို ပိုင်ဆိုင်နိုင်ကြပေသည်။
မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ်သည် တာအို ဝင်ရောက်ခြင်း အဆင့်ကို တက်လှမ်းရန် အနည်းငယ် ဖြစ်နိုင်ခြေရှိပြီး အင်အားကြီးမားသော အဖွဲ့အစည်းတစ်ခု၏ ထောက်တိုင် ဖြစ်လာကာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ အသက်ရှည်နိုင်ပေသည်။
"ကောင်းကင်အဆင့် ဝိညာဉ်အမြစ်... မယ်တော့်အတွက် အရင်ဆုံး တစ်ခု ပြင်ဆင်ပေးနိုင်တယ်... ပိုကောင်းတာတွေကိုတော့ နောက်မှပဲ ကြည့်ကြတာပေါ့..."
နန်ကုန်းယွီက တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ၏မိခင်နှင့် ချင်းလင်အတွက် သင့်လျော်သော ဝိညာဉ်အမြစ်များကို စတင်ရှာဖွေလိုက်လေသည်။
ဝိညာဉ်အမြစ်ကို ပေါင်းစပ်ခြင်းသည် မူလ ဝိညာဉ်အမြစ်ကို အစားထိုးခြင်း မဟုတ်။
ရွှမ်လင်တိုက်ကြီးတွင် ဝိညာဉ်အမြစ် နှစ်ခု၊ ဝိညာဉ်အမြစ် သုံးခု (သို့မဟုတ်) ဝိညာဉ်အမြစ် အများအပြား ရှိသူများ အများအပြား ရှိလေရာ မိခင်ဖြစ်သူ ရှန်ကွမ်ယွဲ့ရှီးအနေဖြင့် သူမ၏ မူလ ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်များကို စွန့်လွှတ်ရန် မလိုအပ်ချေ။
သေချာသည်မှာ ဝိညာဉ်အမြစ်များလေလေ ကျင့်ကြံရန် ခက်ခဲလေလေ ဖြစ်မည်ကို ရှောင်လွှဲ၍မရပေ။
သို့သော် နန်ကုန်းယွီသည် ဤအရာအတွက် စိုးရိမ်မနေခဲ့ပေ။ သူ၏မိခင်ကို ကောင်းကင်အဆင့် ဝိညာဉ်အမြစ် ပေါင်းစပ်ပေးခြင်းက သူမ၏ ကျင့်ကြံမှုကို ခက်ခဲစေမည် မဟုတ်ဘဲ... ဆန့်ကျင်ဘက်အနေဖြင့် ကောင်းကင်အဆင့် ဝိညာဉ်အမြစ် ပေါ်လာခြင်းက သူမ၏ ကျင့်ကြံမှုကို များစွာ ပိုမိုလွယ်ကူစေမည် ဖြစ်လေသည်။
ထို့အပြင် အပို ဝိညာဉ်အမြစ်တစ်ခု ရှိခြင်းက ဝိညာဉ်သိုင်းပညာ ကျင့်ကြံရန်အတွက် နောက်ထပ် ရွေးချယ်စရာတစ်ခုကို ပေးစွမ်းနိုင်ပြီး အသက်ကယ်ရန် နည်းလမ်းများကို တိုးပွားစေမည် ဖြစ်ပေသည်။
နန်ကုန်းယွီသည် ဖန်စင်တန်းများရှေ့သို့ လျှောက်သွားပြီး ကောင်းကင်အဆင့် ဝိညာဉ်အမြစ်များစွာထဲမှ စတင်ရွေးချယ်လိုက်လေသည်။
သို့သော် ထိုအချိန်မှာပင် သူ၏မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး သူ၏အကြည့်များက ဘေးဘက်စင်တန်းပေါ်ရှိ ဝိညာဉ်အမြစ် အပေါ်သို့ ရုတ်တရက် ကျရောက်သွားပေသည်။