← Chapters

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅-၁၁၆)

Vol. 12 Ch. 115-116

အခန်း (၁၁၅) ဝိညာဉ်အမြစ်ကို ရွေးချယ်ခြင်း

"နေဦး... ဒါက အထူး ဝိညာဉ်အမြစ်လား..."

အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းတွင် နန်ကုန်းယွီ၏ အကြည့်များက ဘေးဘက်စင်တန်းပေါ်သို့ ရုတ်တရက် ကျရောက်သွားပြီး သူ၏မျက်လုံးများ အရောင်လက်သွားလေသည်။

ကျင့်ကြံသူများ၏ အသိပညာဆိုင်ရာ စွယ်စုံကျမ်းအရ အထူး ဝိညာဉ်အမြစ်များ၏ အစွမ်းသတ္တိမှာ ကွဲပြားပြီး အနိမ့်ဆုံးမှာ အထွတ်အထိပ်အဆင့် ဝိညာဉ်အမြစ်နှင့် ညီမျှပေသည်။ သို့သော် ဤအစွမ်းသတ္တိ (သို့မဟုတ်) အားနည်းချက်က ကျင့်ကြံခြင်း အမြန်နှုန်းနှင့် ကျင့်ကြံခြင်းဖြင့် ထုတ်လုပ်သော ဝိညာဉ်စွမ်းအင် ဂုဏ်သတ္တိ၏ အစွမ်းသတ္တိကို ကိုယ်စားပြုလေသည်။

အထူး ဝိညာဉ်အမြစ်များကို ထူးခြားစေသည်မှာ အားအနည်းဆုံး အထူး ဝိညာဉ်အမြစ်ပင်လျှင် စောစီးစွာ မအောင်မြင်သရွေ့ တာအို ဝင်ရောက်ခြင်း အဆင့်ကို တက်လှမ်းရန် ဖြစ်နိုင်ခြေများပြီး ထိုဒေသတွင် အင်အားကြီးမားသော ပုဂ္ဂိုလ်တယောက် ဖြစ်လာနိုင်ခြင်းပင် ဖြစ်ပေသည်။

အကယ်၍ ၎င်းသည် ပိုမိုအားကောင်းသော အထူး ဝိညာဉ်အမြစ် ဖြစ်ပါက တာအိုအရှင်မြတ်အဆင့်သို့ တက်လှမ်းနိုင်ပြီး ရွှမ်လင်တိုက်ကြီးတွင် အစွမ်းအထက်ဆုံး သတ္တဝါတစ်ဦး ဖြစ်လာရန် ပြဿနာ မရှိချေ။

အုပ်စိုးသူအဆင့်အတွက်မူ ရွှမ်လင်တိုက်ကြီးတွင် နှစ်သန်းပေါင်းများစွာအတွင်း တစ်ယောက်မှ မပေါ်ထွက်ခဲ့ဖူးချေ။

ယခင်က ပေါ်ထွက်ခဲ့ဖူးသလား ဆိုသည်ကိုမူ မည်သူကမျှ မသိကြပေ။ အဘယ်ကြောင့်ဆိုသော် သန့်စင်သောနယ်မြေတွင်ပင် ယခုအချိန်၌ အုပ်စိုးသူအဆင့် မရှိသောကြောင့် ဖြစ်လေသည်။

အချိန်ဟင်းလင်းပြင်ကုန်သည်အသင်း၏ စတုတ္ထအဆင့်ကို ဖွင့်ပြီးနောက်တွင် အထူး ဝိညာဉ်အမြစ်အတွက် လဲလှယ်မှုကို တကယ်ပဲ ဖွင့်ပေးလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

"ကောင်းကင်အဆင့် ဝိညာဉ်အမြစ်က အထူး ဝိညာဉ်အမြစ်လောက် မကောင်းဘူးထင်တယ်..."

နန်ကုန်းယွီက သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်ပြီး အထူး ဝိညာဉ်အမြစ်များကို ပြသထားသည့် ဖန်စင်တန်းဆီသို့ အလျင်အမြန် သွားလိုက်လေသည်။

ပထမဆုံး ဝိညာဉ်အမြစ်အပေါ် သူ၏အကြည့်များ ကျရောက်သွားချိန်တွင် သူသည် မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းသွားရချေသည်။

သတ်ဖြတ်ခြင်း ဝိညာဉ်အမြစ် - သတ်ဖြတ်ခြင်း တာအိုကို ကျင့်ကြံနိုင်သော အထူး ဝိညာဉ်အမြစ်တစ်ခုဖြစ်ပြီး သတ်ဖြတ်ခြင်းနှင့် သွေးဆာခြင်း စွမ်းအင်များကို ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်ကာ အမြင့်ဆုံး လူသတ်လိုသော ရည်ရွယ်ချက်ကို စုစည်းပေးနိုင်သည်။

လဲလှယ်ရမည့်စျေးနှုန်း - အမှတ် ၁ ဘီလီယံ။

"သတ်ဖြတ်ခြင်း ဝိညာဉ်အမြစ် ဟုတ်လား... မယ်တော်နဲ့ ချင်းလင်တို့အတွက် မသင့်တော်ပေမဲ့ ကျန်းပေ့စစ်တပ်အတွက်တော့ တော်တော်လေး သင့်တော်တယ်..."

"ဈေးနှုန်းကလည်း အရမ်းမကြီးဘူး... မြေကမ္ဘာအဆင့် ဝိညာဉ်အမြစ်နဲ့ အတူတူပဲ... နန်ကုန်းဝမ်ရှင်းနဲ့ တခြားနှစ်ယောက် စမ်းကြည့်ဖို့အတွက် သုံးခုလောက် လဲလှယ်ပေးဖို့ စဉ်းစားရမယ်..."

နန်ကုန်းယွီက သူ့ကိုယ်သူ တိုးတိုးလေး ရေရွတ်လိုက်ပြီး နောက်ထပ် ဝိညာဉ်အမြစ်ကို တိုက်ရိုက် ကြည့်လိုက်လေသည်။

ထိုက်ယင် ဝိညာဉ်အမြစ် - ထိုက်ယင် တာအိုကို ကျင့်ကြံနိုင်သော အထူး ဝိညာဉ်အမြစ်တစ်ခုဖြစ်ပြီး ယင် ဂုဏ်သတ္တိပါဝင်သော စွမ်းအင်အားလုံးကို ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲပေးနိုင်ကာ ထိုက်ယင်၏ စစ်မှန်သော အဓိပ္ပာယ်ကို စုစည်းပေးနိုင်သည်။ ၎င်း၏ အသုံးဝင်မှုများမှာ အဆုံးအစမဲ့ ဖြစ်သည်။

လဲလှယ်ရမည့် အမှတ်များ - အမှတ် ၁၀၀ ဘီလီယံ

"အင်း... ဒါလည်း မဆိုးဘူးပဲ... လဲလှယ်ရမယ့် အမှတ်တွေက ကောင်းကင်အဆင့် ဝိညာဉ်အမြစ်နဲ့ ညီမျှတယ်ဆိုတော့ သိပ်မဆိုးလောက်ပါဘူး..."

နန်ကုန်းယွီက မျက်လုံးများကို အနည်းငယ် ကျဉ်းမြောင်းလိုက်ပြီး သူ၏ အမူအရာတွင် စိတ်ဝင်စားမှု အချို့ ပေါ်လွင်နေသော်လည်း သူ ဆုံးဖြတ်ချက် မချခဲ့ပေ။

နေမင်း ဝိညာဉ်အမြစ် - နေမင်း တာအိုကို ပြုပြင်ပေးနိုင်သော အထူး ဝိညာဉ်အမြစ်…

လဲလှယ်ရမည့် အမှတ်များ - အမှတ် ၁၀၀ ဘီလီယံ။

"ဒါက ထိုက်ယင်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေတော့... မယ်တော်နဲ့ တခြားသူတွေ သုံးလို့မရသလို ငါလည်း သုံးလို့မရဘူး."

နန်ကုန်းယွီက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်ပြီး ဆက်ဖတ်နေလိုက်လေသည်။

လျှို့ဝှက်ဆန်းကြယ်သော ယင်ဝိညာဉ်အမြစ် - ...

ဓား ဝိညာဉ်အမြစ် - …

....

ဝိညာဉ်အမြစ် - ...

ထူးဆန်းပြီး အထူး ဝိညာဉ်အမြစ်များအားလုံးကို ကြည့်ပြီးနောက် နန်ကုန်းယွီသည် မည်သည့်အရာကိုမျှ သိပ်မကျေနပ်ခဲ့ချေ။ ထိုက်ယင် ဝိညာဉ်အမြစ် တစ်ခုတည်းသာ မဆိုးဘူးဟု ထင်ရ၏။

သူက ခေါင်းအနည်းငယ် ခါယမ်းပြလိုက်ပြီး ဆဆက်ဖတ်နေလိုက်လသည်။

"နေဦး... ဒါက ဘာလဲ..."

နန်ကုန်းယွီက အံ့အားသင့်စွာ အော်လိုက်ပြီး သူ၏ရှေ့တွင် ပေါ်လာသော အချက်အလက်များကို ကြည့်ကာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်လေသည်။

ဝါးမျိုခြင်း ဝိညာဉ်အမြစ် - ဝါးမျိုခြင်း တာအိုကို ကျင့်ကြံနိုင်သော အထူး ဝိညာဉ်အမြစ်တစ်ခုဖြစ်ပြီး လောကရှိ အရာခပ်သိမ်းကို ဝါးမျိုကာ မိမိ၏ ကိုယ်ပိုင် ဝိညာဉ်စွမ်းအင်အဖြစ် ပြောင်းလဲနိုင်စွမ်းရှိပြီး ဝါးမျိုခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ကို စုစည်းပေးနိုင်သည်။ ကြီးထွားမှု အကန့်အသတ်ကို မသိရသေးပါ။

လဲလှယ်ရမည့် အမှတ်များ - အမှတ် ၅၀၀ ဘီလီယံ

"ဘုရားရေ... ဒီလို ဝိညာဉ်အမြစ်မျိုးက တကယ် ရှိတာလား..."

"ဒြပ်စင်တွေကို စုပ်ယူတဲ့ သင့်တော်တဲ့ ကျင့်စဉ်ပညာရပ် စာအုပ်နဲ့ တွဲဖက်လိုက်မယ်ဆိုရင်... အနာဂတ်က မယုံနိုင်လောက်အောင် တောက်ပနေမှာ မဟုတ်ဘူးလား..."

နန်ကုန်းယွီသည် အသက်ရှူမှားသွားပြီး သူ၏ နှလုံးသားမှာ အံ့အားသင့်မှုကြောင့် တုန်လှုပ်လုနီးပါး ဖြစ်သွားလေသည်။

အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းတွင် ဤကဲ့သို့သော ရတနာမျိုး ရှိနေလိမ့်မည်ဟု သူ မယုံကြည်နိုင်လောက်အောင် ဖြစ်ခဲ့ရပေသည်။

အဓိကအချက်မှာ လဲလှယ်ရမည့်စျေးနှုန်းက သိပ်မမြင့်ခြင်းပင် ဖြစ်လေ၏။ ၎င်းမှာ ပုံမှန် ကောင်းကင်အဆင့် ဝိညာဉ်အမြစ်ထက် ငါးဆသာ ပိုမြင့်ပေသည်။

သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီး ခဏတာ တွေးတောကာ ခေါင်းခါလိုက်လေသည်။ ဤကဲ့သို့သော ဝိညာဉ်အမြစ်မျိုးက နည်းနည်း အဆင့်မြင့်လွန်းနေသည်။

၎င်းကို အပြင်မထုတ်တာက ပိုကောင်း၏။

ဤအရာကို တွေးတောပြီးနောက် နန်ကုန်းယွီသည် ဆက်မတွေးတော့ဘဲ ဆက်ဖတ်နေလိုက်လေသည်။

သို့သော် သူ၏ရှေ့ရှိ ဝိညာဉ်အမြစ်ကို မြင်ချိန်တွင် သူ၏မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားလေသည်။

အရန် ဝိညာဉ်အမြစ် - ကံတရား အတန်းအစားအတွက် အထူး ဝိညာဉ်အမြစ်။ အရန် ဝိညာဉ်အမြစ် ပိုင်ရှင်သည် တစ်စုံတစ်ဦးနောက်သို့ သေသည်အထိ လိုက်ပါရန် တုန်လှုပ်မှုမရှိဘဲ ခိုင်မာသော ဆန္ဒရှိပါက... သူတို့ ကျင့်ကြံချိန်တွင် အခြားသူ၏ ကျင့်ကြံမှု အမြန်နှုန်း တိုးတက်မှု၏ ၇၀% ကို ရရှိမည် ဖြစ်သည်။ ဝိညာဉ်အမြစ် ပိုင်ရှင်က မကျင့်ကြံသောအခါ အရန် ဝိညာဉ်အမြစ်သည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်အဖြစ် အလိုအလျောက် ပြောင်းလဲသွားမည်ဖြစ်ပြီး ပိုင်ရှင်၏ ကျင့်ကြံမှုအဆင့်ကို မမြင်ရဘဲ တိုးတက်စေမည် ဖြစ်သည်။ ပြောင်းလဲမှု အမြန်နှုန်းမှာ နောက်လိုက်သူ ကျင့်ကြံသည့် အမြန်နှုန်း၏ ၃၀% နှင့် ညီမျှသည်။ ဝိညာဉ်အမြစ် ပိုင်ရှင်၏ အဆင့်သည် နောက်လိုက်သူ၏ အဆင့်ထက် နိမ့်နေချိန်တွင်... ကျင့်ကြံရာ၌ အဟန့်အတား ဖြစ်ပေါ်မည် မဟုတ်ပါ။

အားနည်းသူများသည် အားကြီးသူများ၏ အရန်အဖြစ်သာ နေထိုင်ရန် သင့်တော်သလား... သို့သော် အားကြီးသူများ၏ အရန်အဖြစ် နေထိုင်ခြင်းက ဆိုးသလား။

မှတ်ချက် - ဤဝိညာဉ်အမြစ်ကို ပေါင်းစပ်ပြီးနောက်တွင် ၎င်းကို မြင်နိုင်…ထောက်လှမ်း၍ ရနိုင်မည် မဟုတ်ဘဲ... ဝိညာဉ်အမြစ် ပိုင်ရှင်ကိုယ်တိုင်ပင် ၎င်းအကြောင်းကို သိနိုင်မည် မဟုတ်ပါ။

မှတ်ချက် - သေသည်အထိ လိုက်ပါမည့် ဆန္ဒ ယိမ်းယိုင်သွားပါက... ဝိညာဉ်အမြစ်၏ အကျိုးသက်ရောက်မှု ယာယီ ပျောက်ကွယ်သွားမည် ဖြစ်သည်။ အကယ်၍ သေသည်အထိ လိုက်ပါမည့် ဆန္ဒ ပျောက်ကွယ်သွားပါက (သို့မဟုတ်) နောက်လိုက်သူများ ပြောင်းရွှေ့သွားပါက... ဆက်စပ်နေသော ဝိညာဉ်အမြစ်မှာ ပြိုလှဲသွားမည်ဖြစ်ပြီး နောက်လိုက်သူများမှာ ပြန်လည်သက်ရောက်မှု ခံရကာ အဓိက အဆင့်သုံးဆင့် ဆုံးရှုံးမည် ဖြစ်သည်။ လဲလှယ်ရမည့်

အမှတ်များ - အမှတ် ၁ ထရီလီယံ။

ဤဝိညာဉ်အမြစ်နှင့် ပတ်သက်သော အချက်အလက်များကို မြင်ချိန်တွင် နန်ကုန်းယွီ၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး မယုံကြည်နိုင်မှုများ ပြည့်နှက်သွားလေသည်။

ဒါက တကယ်ပဲ ဖြစ်နိုင်တဲ့ ဝိညာဉ်အမြစ်လား။

ထူးဆန်းလိုက်တာ။

အရမ်းကို ထူးဆန်းတာပဲ။

ဒီဝိညာဉ်အမြစ်ရဲ့ တည်ရှိမှုက တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ။

ထို့အပြင် အချက်အလက်များတွင် "အဟန့်အတား ဖြစ်ပေါ်မည် မဟုတ်ပါ" ဟု ဖော်ပြထားရာ... ၎င်းမှာ အကယ်၍ အထက်လူကြီးက အုပ်စိုးသူအဆင့် ဖြစ်နေပါက... ဤဝိညာဉ်အမြစ် ပိုင်ရှင်သည် အနည်းဆုံး တာအိုပညာရှင်အဆင့်သို့ တက်လှမ်းနိုင်မည်ဟု ဆိုလိုခြင်း ဖြစ်​ပေ သည်။

အဲ့ဒါ တကယ်ပဲ အဲ့ဒီလောက်တောင် အဓိပ္ပာယ်မရှိတာလား။

"ဒါက အဓိပ္ပာယ်မရှိဘူး..."

"လဲလှယ်ရမယ့် အမှတ်တွေက ကောင်းကင်အဆင့် ဝိညာဉ်အမြစ်ထက်တောင် ပိုများတဲ့ အထူး ဝိညာဉ်အမြစ်တစ်ခုဆိုတော့... သူ့ရဲ့ ဂုဏ်သတ္တိတွေနဲ့ စွမ်းရည်တွေကို ဘယ်သူမဆို သဘောကျမိမှာပဲ..."

နန်ကုန်းယွီက စကားအနည်းငယ် တိုးတိုးရေရွတ်လိုက်ပြီး နောက်ထပ် ဘာပြောရမှန်း မသိတော့ပေ။

အချိန်အတော်ကြာပြီးနောက် သူသည် ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်လေသည်။

"ကောင်းပြီလေ... ဘာပဲဖြစ်ဖြစ် ဈေးနှုန်းက ငါတတ်နိုင်တဲ့ အတိုင်းတာတွင်းမှာ ရှိနေတာပဲ... ငါ စွန့်စားပြီး ချင်းလင်အတွက် တစ်ခု စမ်းကြည့်လိုက်မယ်..."

ဤနေရာတွင် နန်ကုန်းယွီသည် သိပ်မတွေးတော့ဘဲ အရန် ဝိညာဉ်အမြစ် တစ်ခုကို တိုက်ရိုက် လဲလှယ်လိုက်လေသည်။

နန်ကုန်းယွီသည် အမှတ် ၁ ထရီလီယံကို ပေါ့ပေါ့ပါးပါး သုံးစွဲလိုက်သော်လည်း သိပ်ဂရုစိုက်ပုံ မပေါ်ပေ။

လောလောဆယ်တွင် သူ၏ အမှတ်များကို ရှာရလွယ်ကူပုံရသဖြင့် ရနိုင်တုန်း သုံးလိုက်ခြင်း ဖြစ်ပေသည်။

သူသည် ကျောက်စိမ်းဖြူစင်ပေါ်ရှိ ဝိညာဉ်အမြစ်ကို တစ်ချက်ကြည့်လိုက်ပြီး အနည်းငယ် ပြုံးမိသွားသည်သည်။

"နောက်ကျရင် ချင်းလင်ကို ဖုံးကွယ်ပေးဖို့ အထွတ်အထိပ်အဆင့် ဝိညာဉ်အမြစ် တစ်ခု ဝယ်လို့ရတာပဲ... လောလောဆယ်တော့ ဆက်ရွေးကြတာပေါ့..."

နန်ကုန်းယွီ ပြောနေစဉ် သူ ဆက်ဖတ်နေလိုက်လေသည်။

သို့သော် တွဲဖက် ဝိညာဉ်အမြစ်ကို ဖန်စင်တန်းပေါ်တွင် ပြန်ပေါ်လာသည်ကို မြင်ချိန်တွင် သူသည် ကျောက်စိမ်းဖြူစင်ကို လှည့်ကြည့်မိသွားရာ သူ၏ တွဲဖက် ဝိညာဉ်အမြစ်မှာ ထိုနေရာတွင် ကောင်းမွန်စွာ ရှိနေသည်ကို တွေ့လိုက်ရလေသည်။

ဤသည်ကို မြင်ချိန်တွင် သူ အနည်းငယ် အံ့အားသင့်သွားသည်။ ဒါဆို ဒီလောက် အဓိပ္ပာယ်မရှိတဲ့ ဝိညာဉ်အမြစ်က တကယ်ကို တစ်ခုထက်မက ရှိနေတာပေါ့လေ။

နန်ကုန်းယွီ၏ နှုတ်ခမ်းများ တုန်လှုပ်သွားပြီး သူ၏ခေါင်းကို အနည်းငယ် ခါယမ်းပြလိုက်သော်လည်း သိပ်မတွေးဘဲ ဆက်ကြည့်နေလိုက်လေသည်။

မကြာမီမှာပင် သူ့မျက်စိကျသွားသော နောက်ထပ် ဝိညာဉ်အမြစ် တစ်ခုကို တွေ့လိုက်ရပေသည်။

ကာကွယ်စောင့်ရှောက်ခြင်း ဝိညာဉ်မြစ် - ကံတရား အတန်းအစား၏ အထူး ဝိညာဉ်အမြစ်တစ်ခုဖြစ်ပြီး ကာကွယ်စောင့်ရှောက်ခြင်း တာအိုကို ကျင့်ကြံကာ ကာကွယ်စောင့်ရှောက်ခြင်း စွမ်းအားကို စုစည်းပေးပြီး ကာကွယ်စောင့်ရှောက်ရန် မွေးဖွားလာခြင်း ဖြစ်သည်။

သာမန် ကျင့်ကြံခြင်း အမြန်နှုန်းမှာ ကောင်းကင်အဆင့် ဝိညာဉ်အမြစ်နှင့် ညီမျှသော်လည်း... ဝိညာဉ်အမြစ် ပိုင်ရှင်တွင် တစ်ခုခုကို ကာကွယ်စောင့်ရှောက်လိုစိတ် ပြင်းပြနေချိန်၌... ကျင့်ကြံခြင်း အမြန်နှုန်းမှာ အတိုင်းအတာတစ်ခုအထိ တိုးလာမည်ဖြစ်ပြီး မြင့်မြတ် ဝိညာဉ်အမြစ် အဆင့်အထိ ရောက်ရှိနိုင်သည်။

အကယ်၍ ကာကွယ်စောင့်ရှောက်ခံရသူသည် ကျင့်ကြံသူဖြစ်ပြီး ကာကွယ်စောင့်ရှောက်ခြင်း ဝိညာဉ်မြစ် ပိုင်ရှင်က မကျင့်ကြံရသေးပါက... ကာကွယ်စောင့်ရှောက်ခြင်း ဝိညာဉ်မြစ်သည် ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ဖြည်းညင်းစွာ ပြောင်းလဲပေးကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို သန့်စင်ပေးပြီး ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပေးမည် ဖြစ်သည်။

မှတ်ချက် - ကာကွယ်စောင့်ရှောက်ခြင်း တာအိုသည်လည်း တိုက်ခိုက်ခြင်း ပုံစံတစ်မျိုး ဖြစ်ပါသည်။

လဲလှယ်ရမည့် အမှတ်များ - အမှတ် ၁ ထရီလီယံ။

"ဒါကလည်း ကောင်းပုံပဲ... ငါ လိုချင်မိတယ်."

နန်ကုန်းယွီ၏ မျက်လုံးများ အနည်းငယ် တောက်ပသွားသော်လည်း သူ၏ခေါင်းကို အနည်းငယ် ခါယမ်းမိသွား‌ လေသည်။ သူ၌ အမှတ် မလုံလောက်တော့ပေ။

အခန်း (၁၁၆) သနားညှာတာမှု တောင်းခံတာလား...

"ဒီဝိညာဉ်အမြစ်က အရမ်းကောင်းတယ်... မိခင် က သားသမီးကို အချစ်ဆုံးလို့ လူတိုင်းက ပြောကြတယ်ဆိုတော့... ဒီဝိညာဉ်အမြစ်က သူ့အတွက် အသင့်တော်ဆုံး ဖြစ်မှာပဲ..."

နန်ကုန်းယွီက တိုးတိုးလေး ရေရွတ်လိုက်လေသည်။

ပုံမှန်အခြေအနေများအောက်တွင် ကာကွယ်စောင့်ရှောက်ခြင်း ဝိညာဉ်ကြော၏ ကျင့်ကြံခြင်း အမြန်နှုန်းသည် ကောင်းကင်အဆင့် ဝိညာဉ်အမြစ်နှင့် အတူတူပင်ဖြစ်ကြောင်း မပြောနှင့်ဦး... နောက်ထပ် ဂုဏ်သတ္တိ စွမ်းရည် နှစ်ခုကလည်း အလွန်ကောင်းမွန်လှပေသည်။

ထို့အပြင် ဤအချက်အလက်၏ အောက်ရှိ မှတ်ချက်မှာလည်း ပါရမီရှင်ဆန်သော အထိအတွေ့တစ်ခု ရှိနေလေသည်။

အကောင်းဆုံး ကာကွယ်ရေးဆိုတာ ခြိမ်းခြောက်မှုတွေ အားလုံးကို ဖယ်ရှားပစ်တာပဲ... ခံစစ်အနေအထားနဲ့ နေဖို့ မဟုတ်ဘူး။

ဒီကာကွယ်စောင့်ရှောက်ခြင်း ဝိညာဉ်ကြောက ထင်သလောက် မရိုးရှင်းလောက်ဘူး... အရမ်းတန်ဖိုးရှိမှာ သေချာတယ်။

ဒါပေမဲ့ သူ့ဆီမှာ အမှတ်မလုံလောက်ဘူးလေ... ဒါကြောင့် သူ အရမ်းလိုချင်နေရင်တောင် အကူအညီမဲ့စွာနဲ့ ခေါင်းခါရုံပဲ တတ်နိုင်တော့တယ်။

"နောက်မှ အမှတ်တွေရဖို့ ဆေးလုံးတချို့ ဖော်စပ်ပြီး ရောင်းလိုက်မယ်... ပြီးတော့မှ လဲလှယ်ဖို့ ပြန်လာခဲ့မယ်..."

ထို့နောက် နန်ကုန်းယွီသည် အခြား အထူး ဝိညာဉ်အမြစ်များကို ကြည့်လိုက်သော်လည်း နောက်ဆုံးတွင် ကာကွယ်စောင့်ရှောက်ခြင်း ဝိညာဉ်ကြောသည်သာ သူ၏မိခင်အတွက် အသင့်တော်ဆုံးဖြစ်ကြောင်း ခံစားလိုက်ရလေသည်။

ထို့နောက်တွင် သူ ဘာကိုမှ ထပ်မကြည့်တော့ပေ။ မကြာမီမှာပင် နန်ကုန်းယွီသည် အမှတ် ၁၀ သန်းဖြင့် ထိပ်တန်းအဆင့် ဝိညာဉ်အမြစ် တစ်ခုကို လဲလှယ်လိုက်လေသည်။

ထို့နောက် သူသည် ဘုရင်အဆင့် ဝိညာဉ်ခွန်အားဖြည့် ဆေးလုံး ဆေးဖော်စပ်နည်းနှင့် ဘုရင်အဆင့် ဝိညာဉ်ခွန်အားဖြည့် ဆေးလုံးများ ဖော်စပ်ရန်အတွက် ဆေးဖက်ဝင်အပင် အဆ ၁,၀၀၀ တို့အတွက် အမှတ် ၃၇.၈ ဘီလီယံကို လဲလှယ်လိုက်ပြီးနောက် အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းမှ ထွက်ခွာသွားလေသည်။

သူ၏ အသိစိတ်များ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာချိန်တွင် နန်ကုန်းယွီသည် ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ကျောက်တုံးကို လိုဏ်ဂူထဲသို့ ထည့်လိုက်ပြီး ၎င်းကို သပ်ရပ်အောင် လုပ်လိုက်ကာ ရှဲဒိုးချမ်း၏ အဖုံးအကွယ်ကို ဖယ်ရှားလိုက်သည်။

ထို့နောက် သူ အပေါ်ထပ်သို့ တက်သွားပြီး နန်ကုန်းရိုရွှယ်နှင့် သူမ၏ အဖော်နှစ်ဦးကို မကြာမီ ရှာတွေ့ခဲ့ပေသည်။

သူသည် စူးရှင်းမုန်းကို တစ်ချက်ကြည့်လိုက်သော်လည်း သူမက စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းခါပြသည်ကို မြင်လိုက်ရသဖြင့် သူ ဘာမျှ ထပ်မမေးတော့ပေ။

"အစ်မကြီး... အစ်မရဲ့ ဝိညာဉ်သိုင်းပညာ ကျင့်ကြံတာက ဘယ်လိုနေလဲ..."

နန်ကုန်းရိုရွှယ်က ခေါင်းခါလိုက်၏။

"ငါ မြေကြီးအဆင့် ဝိညာဉ်သိုင်းပညာ စာအုပ်ကို ကျင့်ကြံချင်တာ... သစ်သား လွတ်မြောက်ခြင်းကျင့်စဥ်... ငါ အစတောင် မလုပ်ရသေးဘူး..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"အချိန်နှောင်းနေပြီ... ငါတို့ အရင်ပြန်ကြရအောင်လား..."

ဤစကားကို ကြားချိန်တွင် သူတို့သုံးဦးလုံး အနည်းငယ် ခေါင်းညိတ်လိုက်ကြလေသည်။

ထိုအုပ်စုသည် ကျမ်းစာစံအိမ်မှ ထွက်လာကြသည်။ နေဝင်တော့မည်ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် သူတို့သည် နှောင့်နှေးမနေဘဲ ကြီးကြပ်ရေးရုံး အပြင်ဘက်သို့ ဦးတည်သွားကြပေသည်။

မကြာမီမှာပင် ကြီးကြပ်ရေးရုံး အဝင်ဝသို့ ရောက်ရှိလာကြလေသည်။

နန်ကုန်းယွီ ရောက်လာသည်ကို မြင်ချိန်တွင် လူအများအပြား၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားကြပြီး အားလုံး နောက်ဆုတ်သွားကြပေသည်။

ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီ အနည်းငယ် ရှုပ်ထွေးသွားပုံရ၏။

ဘာတွေဖြစ်နေတာလဲ။

သူက တကယ်ပဲ အဲ့ဒီလောက် ကြောက်စရာကောင်းနေလို့လား။

ဒါမှမဟုတ် မနေ့က သူရဲ့ အပြုအမူတွေက စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းနေလို့လား။

နန်ကုန်းယွီက သိပ်မတွေးခဲ့သလို ကလေးတွေရဲ့ ခံစားချက်တွေနဲ့ အတွေးတွေကိုလည်း သူ မသိချင်ခဲ့ချေ။ သူသည် ထိုသုံးဦးကို ဘေးသို့ဆွဲခေါ်သွားပြီး ထွက်သွားရန် ကြီးကြပ်ရေးရုံး တံခါးဖွင့်မည့် အချိန်ကို စောင့်နေလိုက်လေသည်။

ထိုအချိန်တွင် အသက် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်ရှိ ကောင်လေးတစ်ယောက်က တွေဝေစွာ ရှေ့ထွက်လာသည်။

သူ၏ တုန်ရီနေသော ခန္ဓာကိုယ်ကို ကြည့်ခြင်းအားဖြင့် သူက အရမ်းကြောက်နေရမည် ဖြစ်သော်လည်း သူက ရှေ့သို့ လာခဲ့ဆဲပင် ဖြစ်လေသည်။

သူသည် တုန်ရီစွာဖြင့် နန်ကုန်းယွီ အနားသို့ ချဉ်းကပ်လာပြီး မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ပေသည်။

"မင်း... မင်းသားငယ်... ကျေးဇူးပြုပြီး... ကျွန်တော့်အဒေါ်နဲ့ ဦးလေးရဲ့ မိသားစုကို ချမ်းသာပေးပါ... ကျေးဇူးပြုပြီး...ချမ်းသာပေးပါ"

ကောင်လေးက တုန်ရီသော အသံဖြင့် ပြောလိုက်ပြီး နန်ကုန်းယွီကို ဦးညွှတ်လိုက်လေသည်။

နန်ကုန်းယွီက ခေါင်းစောင်းကာ သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"မင်းကို ဘယ်သူ လွှတ်လိုက်တာလဲ... ပြီးတော့ မင်းရဲ့ ဦးလေးက ဘယ်သူလဲ..."

ကောင်လေးက ခေါင်းအနည်းငယ် မော့လာသည်။

"ကျွန်တော်... ကျွန်တော့်အမေက ကျွန်တော့်ကို ဒီကို လွှတ်လိုက်တာပါ... ကျွန်တော့်ဦးလေးက လင်း မိသားစုရဲ့ အကြီးအကဲ လင်းရှောင်ပါ... ကျေးဇူးပြုပြီး မင်းသားငယ်... သူတို့ကို ချမ်းသာပေးပါ... ကျေးဇူးပြုပြီး..."

နန်ကုန်းယွီသည် နန်ကုန်းရိုရွှယ်ကို မော့ကြည့်လိုက်ပြီး နားမလည်ဟန်ဆောင်ကာ ပြောလိုက်လေသည်။

"အစ်မကြီး... ကျွန်တော် ဒီလင်းရှောင်ကို ဘာမှမလုပ်ခဲ့ဘူးလေ... သူက ဘာလို့ သူ့ကို လွှတ်ပေးဖို့ ကျွန်တော့်ကို တောင်းဆိုနေရတာလဲ..."

နန်ကုန်းရိုရွှယ်က အံ့အားသင့်စွာ မေးလိုက်သည်။

"သား မသိဘူးလား..."

"သား ဘာကိုသိရမှာလဲ..."

နန်ကုန်းယွီက နားမလည်ဟန်ဆောင်ကာ မေးလိုက်လေသည်။

"အစ်မကြီး... ဘယ်လို ပဟေဠိမျိုး ကစားနေတာလဲ..."

နန်ကုန်းရိုရွှယ်၏ နှုတ်ခမ်းများ အနည်းငယ် တုန်လှုပ်သွားသည်။

"မနေ့က ချင်းလင်ကို အနိုင်ကျင့်ခဲ့တဲ့ လူတွေရဲ့ နာမည်တွေက လင်းဟောက်ယန်၊ ဝမ်မုန့်ရှန်နဲ့ ကျန်းချွေ့ကျွင်းတို့လေ... လင်းရှောင်က လင်းဟောက်ယန်ရဲ့ အဖေပဲ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီ မျက်တောင်ခတ်လိုက်ပြီး နားလည်သွားသကဲ့သို့ ခေါင်းညိတ်လိုက်လေသည်။

နန်ကုန်းယွီက တကယ်ပဲ ဘာမှမသိသလို ဖြစ်နေသည်ကို မြင်ချိန်တွင် နန်ကုန်းရိုရွှယ်သည် အံ့အားသင့်စွာ မေးမိသည်။

"အဲ့ဒီနောက်ပိုင်း သား အဲ့ဒီသုံးယောက်အကြောင်း မစုံစမ်းခဲ့ဘူးလား..."

"မစုံစမ်းခဲ့ပါဘူး..."

နန်ကုန်းယွီက ခေါင်းခါပြလိုက်သည်။

"မြောက်ပိုင်းစစ်တပ် ရောက်လာတဲ့အထိ စောင့်ပြီးမှ ဆုံးဖြတ်ချက်ချဖို့ ကျွန်တော် အရင်က စီစဉ်ထားတာ... အဆိုးဆုံး အခြေအနေမှာတောင် နန်ကုန်းဝမ်ယိုကို လမ်းပြခိုင်းလို့ ရတာပဲလေ..."

မလှမ်းမကမ်းတွင် နန်ကုန်းဝမ်ယို၏ နှုတ်ခမ်းများ တုန်လှုပ်သွားလေသည်။ဒါဆို သူတို့က သူ့ကို အလွတ်မပေးသေးဘူးပေါ့လေ။

သို့သော် ဤအချိန်တွင် သူ မဆင်မခြင် စကားမပြောရဲတော့ချေ။ ဤအရူးလေး၏ ကျန်းပေ့စစ်တပ်သည် မြို့တံခါးဝသို့ ရောက်နေပြီဖြစ်ပြီး သူ၏ဖခင်၏ ဂုဏ်သတင်းက ဤအရူးလေးအပေါ် မည်သည့် အဟန့်အတားမျှ မဖြစ်စေခဲ့ချေ။

"ကျေးဇူးပြုပြီး ကျွန်တော့်ဦးလေးရဲ့ မိသားစုကို ချမ်းသာပေးပါ... ကျေးဇူးပြုပြီး..."

ဤအချိန်တွင် ကောင်လေး၏ အကူအညီတောင်းသံများ ထပ်မံထွက်ပေါ်လာရာ နန်ကုန်းယွီ၏ စိတ်ဝင်စားမှုကို အနည်းငယ် နှိုးဆွပေးလိုက်လေသည်။

သို့သော် ထို့နောက် သူက ကောင်လေးကို ငုံ့ကြည့်လိုက်ပြီး သူ၏ နှုတ်ခမ်းများတွင် အပြုံးလေးတစ်ခု ပေါ်လာကာ မေးလိုက်သည်။

"လင်းရှောင်နဲ့ သူ့သားကကော..."

ကောင်လေးက ခေါင်းငုံ့ကာ အလျင်အမြန် ပြန်ဖြေလိုက်သည်။

"အဒေါ်... ဦးလေးရဲ့ မိသားစုက အရှင်မင်းကြီးရဲ့ အကျယ်ချုပ် ချခံထားရလို့ စံအိမ်ကနေ ထွက်ခွင့်မရှိပါဘူး..."

"အိမ်မှာ အကျယ်ချုပ် ချခံထားရတယ် ဟုတ်လား..."

နန်ကုန်းယွီ မျက်တောင်ခတ်လိုက်ပြီး နန်ကုန်းရိုရွှယ်ကို လှည့်ကြည့်လိုက်လေသည်။

"အစ်မကြီး... ဦးရီးတော်က ကျွန်တော့်ကို ကူညီနေတာလား... ဒါပေမဲ့ ဒီနေ့ ကျွန်တော် လာတုန်းက ဒီသတင်းကို ဘာလို့ မကြားရတာလဲ..."

နန်ကုန်းရိုရွှယ်က ခေါင်းခါလိုက်သည်။

"ငါလည်း ဒီသတင်းကို မကြားရသေးဘူး... ငါတို့ ကျမ်းစာစံအိမ်မှာ ရှိနေတုန်း ဖြစ်သွားတာနေမယ်..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်နေသော ကောင်လေးကို ကြည့်လိုက်ရာ သူ၏မျက်နှာပေါ်တွင် မကောင်းဆိုးဝါး အပြုံးတစ်ခု ပေါ်လာလေသည်။

"မင်းအမေက မင်းကို သနားညှာတာမှု တောင်းခံခိုင်းဖို့ ဘာတွေတွေးနေတာလဲ... သူမက မင်းကို အဲ့ဒီလောက်တောင် မချစ်ဘူးလား... ငါက မင်းတို့ မိသားစု တစ်ခုလုံးကိုပါ သတ်ပစ်လိုက်မှာကို သူ မကြောက်ဘူးလား..."

ဤစကားကို ကြားချိန်တွင် ကောင်လေးမှာ သွေးဆုတ်ဖြူရော်သွားသည်။

"မင်းသားငယ်... ကျွန်တော့်ကို ချမ်းသာပေးပါ... မင်းသားငယ်... ကျွန်တော့်ကို ချမ်းသာပေးပါ..."

သူ ပြောနေစဉ် ဆက်တိုက် ဦးညွှတ်နေပြီး သူ့ထံမှ အနံ့ဆိုးတစ်ခု ထွက်ပေါ်လာလေသည်။

နန်ကုန်းယွီ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး သူသည် အခြားသူများကို အလျင်အမြန် ဆွဲကာ အတော်လေး အလှမ်းဝေးသော နေရာသို့ ဆုတ်ခွာသွားပေသည်။

အခြားသူများလည်း အဝေးသို့ ဆုတ်ခွာသွားကြပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေသူကို ရွံရှာဖွယ် အကြည့်ဖြင့် ကြည့်လိုက်ကြလေသည်။

နန်ကုန်းယွီက သူ၏လက်ကို အနည်းငယ် ဝှေ့ယမ်းပြလိုက်သည်။

"ကောင်းပါပြီ... ငါက နောက်တာပါ... မင်းက အဲ့ဒီလောက်တောင် ကြောက်လွယ်တာလား ... မင်းက ငါ့ကို ဒေါသမထွက်စေဘူးဆိုတာ မင်း မသိဘူးလား... ငါက ဘာလို့ မင်းကို ခုတ်ထစ်ရမှာလဲ..."

နန်ကုန်းယွီ၏ စကားကို ကြားချိန်တွင် မြေပြင်ပေါ်ရှိ ကောင်လေးသည် ဝမ်းသာအားရဖြစ်သွားပြီး ချက်ချင်း ဦးညွှတ်ကာ ပြောလိုက်လေသည်။

"ကျေးဇူးတင်ပါတယ် မင်းသားငယ်... ကျေးဇူးတင်ပါတယ် မင်းသားငယ်..."

နန်ကုန်းယွီက သူ့ကို လျစ်လျူရှုလိုက်ပြီး အခြားသူများကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"တကယ်လို့ တခြားသူတွေလည်း သနားညှာတာမှု တောင်းခံဖို့ လာတာဆိုရင်တော့... ကျော်လိုက်ကြရအောင်... မနေ့ညက ဘယ်သူမှ မလာခဲ့ကြဘူးလေ... ပြီးတော့ ဒီနေ့မှ လူလွှတ်တာက နည်းနည်း နောက်ကျနေပြီ..."

ဤစကားကို ကြားချိန်တွင် ထိုနေရာရှိ လူအနည်းငယ်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး အချို့က တစ်ခုခု ပြောချင်ပုံရသော်လည်း အောင့်ထားလိုက်ကြလေသည်။

နန်ကုန်းယွီက သူတို့ကို လျစ်လျူရှုလိုက်ပြီး နန်ကုန်းဝမ်ယိုကို ကြည့်လိုက်သည်။

"ဟေး မင်း... မင်း ကြည့်မနေနဲ့တော့... ဒီလာခဲ့... ငါ မင်းကို မေးစရာ ရှိတယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းဝမ်ယို၏ နှုတ်ခမ်းများ တုန်လှုပ်သွားလေသည်။

ဒါဆို သူက သူ့ကို ကပ်တွယ်နေတော့မှာလား။

သို့သော် သူ ခဏတာ တွေဝေသွားပြီးနောက် မလိုလားဘဲ လျှောက်လာခဲ့သည်။

"နန်... မင်းသားငယ်... ဘာကိစ္စရှိလို့လဲ..."

နန်ကုန်းယွီက သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"ဒီကြီးကြပ်ရေးရုံးမှာ သတင်းအချက်အလက် ရနိုင်မယ့် လမ်းကြောင်း တစ်ခုခု ရှိလား... လင်းရှောင် အကျယ်ချုပ် ချခံရတာက ဘာအဓိပ္ပာယ်လဲ... ဒီနေ့ ဘာတွေဖြစ်ခဲ့တာလဲ..."

နန်ကုန်းဝမ်ယိုသည် ခဏတာ တွေဝေသွားပြီးနောက် ပြောလိုက်လေသည်။

"ကြီးကြပ်ရေးရုံးက ဆက်သွယ်ရေးကျောက်စိမ်းပြား သုံးတာကို မတားမြစ်ထားပါဘူး... ဒါပေမဲ့ အပြင်ကမ္ဘာမှာတော့ အဲ့ဒီအကြောင်း အရူးအမူး ပြောနေကြတယ်."

"နန်းတွင်းမှာ တရားဝင် ရာထူးတွေ ရယူထားတဲ့ ဝမ်၊ ယန်နဲ့ လင်း မိသားစု သုံးစုကို အထက်လူကြီးတွေကို လှည့်စားမှု၊ အလွဲသုံးစားလုပ်မှုနဲ့ လာဘ်ပေးလာဘ်ယူမှုတွေကြောင့် ဒီမနက်မှာတင် ရာထူးကနေ ဖယ်ရှားပြီး အကျယ်ချုပ် ချထားလိုက်ပြီလေ..."

ဤနေရာတွင် နန်ကုန်းဝမ်ယိုသည် နန်ကုန်းယွီကို ကြည့်လိုက်ရာ သူ၏မျက်လုံးများထဲတွင် အားကျမှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားလေသည်။

ယနေ့ နန်ကုန်းအောက်ထျန်းသည် နန်ကုန်းယွီအပေါ် ဘက်လိုက်နေကြောင်း လက္ခဏာအားလုံးက တိုက်ရိုက် ညွှန်ပြနေပေသည်။ အကယ်၍ အခြားလူတစ်ယောက်သာ ဖြစ်ခဲ့လျှင်... အရှင်မင်းကြီးသည် လူတစ်ယောက်အတွက် နေရာတစ်ခု လုံခြုံစေရန် စတုတ္ထအဆင့် အရာရှိတစ်ဦးကို တိုက်ရိုက် သတ်ပစ်မည် မဟုတ်ပေ။

သို့သော် သေချာ စဉ်းစားပြီးနောက်တွင် ၎င်းမှာ မှားယွင်းနေပုံမရကြောင်း သူ ခံစားလိုက်ရလေသည်။

All Chapters