← Chapters

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉-၁၂၀)

Vol. 12 Ch. 119-120

အခန်း (၁၁၉) အမိန့်တော်ကို နာခံပါ...

နန်ကုန်းဝမ်ရှင်းနှင့် အခြားသူများ အနည်းငယ် အံ့အားသင့်သွားကြသော်လည်း ထို့နောက် သူတို့ နားလည်သွားကြပြီး သူတို့၏မျက်လုံးများတွင် အလင်းရောင်တစ်ခု တောက်ပသွားလေသည်။

သူတို့သည် ပျံသန်းမှု အမြင့်ကို ရုတ်တရက် တိုးမြှင့်လိုက်ပြီး မြို့ရိုးပေါ်မှ တိုက်ရိုက် ပျံသန်းကာ မြို့တော်၏ မြောက်ဘက်သို့ ဦးတည်သွားကြပေသည်။

ဤမြင်ကွင်းကို မြင်ချိန်တွင် ပွင့်လင်းမြင်သာစွာဖြစ်စေ၊ မှောင်ရိပ်ထဲတွင်ဖြစ်စေ ရှိနေသူများသည် မျက်ခုံးအနည်းငယ် ပင့်မိသွားကြချေသည်။

ကျန်းပေ့တပ်က အမြဲတမ်း ဒီလောက်တောင် သတ္တိကောင်းနေတာလား။

အေးချမ်းတိတ်ဆိတ်နေတဲ့ ဧကရာဇ်မြို့တော်အထက် ကောင်းကင်ယံက ပျံသန်းခွင့် တားမြစ်ထားတယ်ဆိုတာ သူတို့ မသိဘူးလား။

ပျံသန်းမှု တားမြစ်ချက်ကို ချိုးဖောက်တဲ့သူတိုင်း ပြင်းပြင်းထန်ထန် အပြစ်ပေးခံရပြီး မြှုပ်နှံစရာ နေရာတောင် မရှိဘဲ သေဆုံးရလေ့ရှိ၏။

ကျန်းပေ့တပ်က အရမ်းအစွမ်းထက်လာပြီး မောက်မာလာတာလား။

သို့သော် လူအုပ်ကြီး၏ သံသယများမှာ ခဏသာ ကြာပြီးနောက် အတွင်းရေး အချက်အလက် အချို့ကို သိရှိသူ တစ်ဦးက ရှင်းပြလိုက်သည်။

"အဲ့ဒါက အမိန့်တော်လေ... အဲ့ဒါကို မြင်တာက အရှင်မင်းကြီးကို မြင်တာနဲ့ အတူတူပဲ... ဧကရာဇ်မြို့တော်အထက်က ပျံသန်းမှု တားမြစ်ချက်က အရှင်မင်းကြီးအတွက် အကျိုးသက်ရောက်မှု မရှိဘူး... ပြီးတော့ သူတို့အတွက်လည်း အကျိုးသက်ရောက်မှု မရှိဘူးပေါ့..."

"ဟုတ်တယ်... ကျန်းပေ့မင်းသား နန်ကုန်းယွီဆီမှာ အရှင်မင်းကြီးရဲ့ အမိန့်တော် ရှိတယ်လေ... ဒါပေမဲ့ သူက အဲ့ဒါမပါဘဲနဲ့တောင် ဧကရာဇ်မြို့တော်ထဲကို တပ်တွေ ခေါ်လာနိုင်တယ်... သူ့ဆီမှာ ဧကရာဇ်ရဲ့ ရွှေရောင်အမိန့်တော်ပြားလည်း ရှိသေးတယ်... အခု သူလုပ်နေသမျှ အားလုံးက အလဟဿပဲ..."

"ဒီနေ့ သူ တကယ် လူသတ်မယ်ဆိုရင်တောင်... အရမ်းမလွန်ကျူးသရွေ့ ဘာပြဿနာမှ ရှိမှာ မဟုတ်ဘူး..."

ဤရှင်းပြချက်များကို ကြားချိန်တွင် အကြောင်းရင်းကို နားမလည်သူများအားလုံး နားလည်သွားသည့် အရိပ်အယောင်များ ပြသလာကြလေသည်။

ခဏတာ နားလည်သွားပြီးနောက် သူတို့၏မျက်လုံးများထဲတွင် ကျန်ရှိနေသည်မှာ အားကျမှု၊ မနာလိုမှုနှင့် ခါးသီးမှု အနည်းငယ်သာ ဖြစ်ပေသည်။

ကိုယ့်ကိုယ်ကိုယ် တခြားသူတွေနဲ့ နှိုင်းယှဉ်တာက ပြဿနာရှာတာပါပဲ။

မကြာမီမှာပင် ကျန်းပေ့တပ်မှ စစ်သည် သုံးထောင်သည် ချင်းယို ဧကရာဇ်မြို့တော်ကို ဖြတ်ကျော်ကာ မြို့တော်၏ မြောက်ပိုင်းသို့ လျင်မြန်စွာ ရောက်ရှိလာကြလေသည်။

သူတို့သည် သူတို့၏ မကောင်းဆိုးဝါး အရှိန်အဝါအားလုံးနီးပါးကို ဖိနှိပ်ထားသော်လည်း သူတို့ မရည်ရွယ်ဘဲ ထုတ်ဖော်ပြသလိုက်သော သိမ်မွေ့သည့် စွမ်းအားက လမ်းတစ်လျှောက်ရှိ လူများကို ခေါင်းငုံ့သွားစေဆဲပင် ဖြစ်လေသည်။

ကျန်းပေ့တပ်မှ စစ်သည် သုံးထောင်နှင့် ရှန်ကွမ်ယွဲ့ရှီးတို့တွင် အနည်းဆုံး ကျင့်ကြံမှုအဆင့်အဖြစ် ဝိညာဉ်ပြောင်းလဲခြင်း အထွတ်အထိပ်အဆင့် ရှိပြီး ကပ်ဘေးပျက်သုဉ်းခြင်းအဆင့် ကျင့်ကြံသူ ငါးရာနှင့် ဝိညာဉ်အရှင်မြတ်အဆင့် ကျွမ်းကျင်သူ လေးဦးတို့လည်း ပါဝင်လေသည်။

ဤလူစာရင်းဖြင့်ဆိုလျှင် သူတို့ကို ရင်ဆိုင်ရသူတိုင်း ဦးညွှတ်ရမည် ဖြစ်ပေသည်။

မျက်တောင်တစ်ခတ်အတွင်း ဤရုတ်ရုတ်သဲသဲဖြစ်မှုကို ဂရုစိုက်နေသူများဖြစ်စေ၊ ယခင်က သတိမထားမိသူများဖြစ်စေ အားလုံးက ၎င်းအပေါ် အာရုံစိုက်လာကြလေသည်။

လင်း မိသားစု။

ကျန်းပေ့တပ်မှ စစ်သည် သုံးထောင် ပေါ်လာချိန်တွင် လင်း မိသားစု တစ်ခုလုံးသည် ခြံဝင်းရှေ့တွင် ဒူးထောက်နေကြပြီ ဖြစ်ပေသည်။

အစေခံများနှင့် ကျွန်များကိုပင် အလားတူ ဆက်ဆံခဲ့ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့သည် သူတို့၏ နေအိမ်များတွင် အကျယ်ချုပ် ချခံထားရပြီး လင်း မိသားစု၏ စံအိမ်မှ ထွက်ခွာခွင့် မပြုသောကြောင့် ဖြစ်လေသည်။

သူ့အိမ်အထက် ကောင်းကင်ယံတွင် ကျန်းပေ့တပ်မှ စစ်သည် သုံးထောင် ပေါ်လာသည်ကို မြင်ချိန်တွင် လင်းရှောင်၏ မျက်နှာမှာ သွေးဆုတ်ဖြူရော်သွားပြီး ခါးသက်သက် ပြုံးကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"ငါ့ရဲ့ လင်း မိသားစုမှာ ဘာကုသိုလ်တွေ ရှိလို့လဲ..."

သူသည် နန်ကုန်းဝမ်ရှင်း၏ လက်မောင်းပေါ်တွင် ထိုင်နေသော နန်ကုန်းယွီနှင့် ကျန်းပေ့တပ်မှ စစ်သည် သုံးထောင်၏ အရှေ့တွင် လေထဲ၌ ရပ်နေသော ရှန်ကွမ်ယွဲ့ရှီးနှင့် ချင်းလင်တို့ကို မော့ကြည့်လိုက်လေသည်။

"အပြစ်သား လင်းရှောင်က... သူရဲ့ မိသားစု တစ်ခုလုံးနဲ့အတူ မင်းသားငယ်နဲ့ ကျန်းပေ့ မင်းသမီးကို ဂါရဝပြုပါတယ်..."

လင်းရှောင်က ခေါင်းငုံ့ကာ ဦးညွှတ်လိုက်ပြီး သူ၏အနောက်ရှိ လူတိုင်းလည်း တုန်ရီစွာဖြင့် ခေါင်းငုံ့ကာ ဦးညွှတ်လိုက်ကြလေသည်။

"မင်းသားငယ်ကို ဂါရဝပြုပါတယ်... ကျန်းပေ့ မင်းသမီးကို ဂါရဝပြုပါတယ်..."

ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီက ခံစားချက် အနည်းငယ်သာ ပြသပြီး ကျန်းပေ့တပ်ကလည်း အမူအရာ ကင်းမဲ့စွာဖြင့် သူ၏အမိန့်ကို တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြပေသည်။

လင်းရှောင်က မြေကြီးကို ဦးညွှတ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။

"အရှင်မင်းသား... ကျေးဇူးပြုပြီး သနားတော်မူပါ..ဖြစ်နိုင်မယ်ဆိုရင် ခေါင်းဆောင်တွေကိုပဲ အပြစ်ပေးပြီး ကျွန်တော့်ရဲ့ လင်းမိသားစုထဲက ဘာအပြစ်မှမရှိတဲ့ သူတွေကိုတော့ ချမ်းသာပေးဖို့ တောင်းပန်ပါတယ်... ဒီကျေးဇူးကိုဆပ်တဲ့အနေနဲ့ နောက်ဘဝကျရင်တောင် အရှင်မင်းသားရဲ့ အစေခံအဖြစ် ခစားပါ့မယ်..."

နန်ကုန်းယွီက သူ့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် လင်း မိသားစု၏ စံအိမ်အပြင်ဘက်တွင် တွဲလွဲဆွဲခံထားရသော လင်းဟောက်ယန်ကို ကြည့်လိုက်သည်။ သူ၏ ခန္ဓာကိုယ်မှာ ဒဏ်ရာများနှင့် သွေးများ ဖုံးလွှမ်းနေပြီး သူ၏မျက်နှာပေါ်တွင် စိတ်ပျက်လက်ပျက် အမူအရာများ ရှိနေလေသည်။

သူသည် ခဏတာ တွေဝေသွားပြီးနောက် လက်ကို အနည်းငယ် မြှောက်လိုက်သည်။ သူ အမိန့်ပေးတော့မည့်ဆဲဆဲ အဝေးမှ လျင်မြန်စွာ ချဉ်းကပ်လာသော ပုံရိပ်တစ်ခုကို မြင်လိုက်ရပေသည်။

ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီက လက်ကိုချလိုက်ပြီး ရောက်လာသူကို ကြည့်လိုက်သည်။

"မိန်းမစိုး ယန်... ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ..."

တကယ်ပါပဲ... ရောက်လာသူက တခြားသူ မဟုတ်ဘဲ မိန်းမစိုး ယန် ဖြစ်နေ၏။

မိန်းမစိုး ယန်က ပြုံးလိုက်သည်။

"မင်းသားငယ်... ဒီငယ်ကျွန်က အရှင်မင်းကြီးရဲ့ အမိန့်တော်ကို လာရောက် ဖတ်ပြတာပါ..."

နန်ကုန်းယွီက သူ၏လက်ထဲရှိ အမိန့်ပြန်တမ်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏လက်ထဲရှိ အမိန့်တော်ကို ကြည့်လိုက်လေသည်။

"မိန်းမစိုး ယန်... ဒီအမိန့်တော်ကို နာခံဖို့ ကျွန်တော် ဒူးထောက်ရမလား..."

ဤစကားကို ကြားချိန်တွင် သူ၏ဘေးရှိ နန်ကုန်းဝမ်ရှင်းနှင့် အခြားသူများသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး မိန်းမစိုး ယန်ကို ကြည့်လိုက်ကြပေသည်။

မိန်းမစိုး ယန်က ပြုံးကာ ဆိုလိုက်၏။

"အရှင်မင်းကြီးရဲ့ အမိန့်တော်အရ... ကျန်းပေ့မင်းသားနဲ့ သူ့ရဲ့ မင်းသမီးတို့က ဧကရာဇ်ကို ဂါရဝပြုဖို့ မလိုအပ်တော့ပါဘူး... သေချာတာပေါ့... သူတို့က အမိန့်တော်ကို နာခံဖို့လည်း မလိုအပ်ပါဘူး..."

သူ ပြောနေစဉ် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး ကျန်းပေ့တပ်ကို ကြည့်ကာ ပြောလိုက်သည်။

"ဒါနဲ့... ကျန်းပေ့တပ်က ကျန်းပေ့မင်းသားရဲ့ ကိုယ်ပိုင်တပ် ဖြစ်လို့... အမိန့်တော်ကို လက်ခံတဲ့အခါ တစ်ဝက်လောက်ပဲ ဂါရဝပြုလို့ ရပါတယ်..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် မိန်းမစိုး ယန်... အမိန့်တော်ကို ဖတ်ပြပေးပါ... အဲ့ဒါမှ ကျွန်တော် ကျွန်တော့်အလုပ်ကို ဆက်လုပ်လို့ ရမှာ..."

"ကောင်းပြီ"

မိန်းမစိုး ယန်က ခေါင်းညိတ်လိုက်သည်။

"အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ဖတ်ပြပါမယ်..."

ဤစကားကို ကြားချိန်တွင် ကျန်းပေ့တပ်က ခေါင်းအနည်းငယ် ငုံ့လိုက်ကြပြီး ချင်းလင်သည် ရှန်ကွမ်ယွဲ့ရှီး၏ ဝိညာဉ်စွမ်းအင် လမ်းညွှန်မှုဖြင့် အနည်းငယ် ကိုင်းညွှတ်လိုက်လေသည်။

လင်း မိသားစု၏ မိုင်တစ်ရာအတွင်းရှိ ခေါင်းအနည်းငယ် ငုံ့ထားသော နတ်ဘုရားပေါင်းစည်းခြင်းအဆင့်နှင့်အထက် ကျွမ်းကျင်သူများမှလွဲ၍ လူတိုင်း ဒူးထောက်ချလိုက်ကြပေသည်။

မိန်းမစိုး ယန်က တစ်ချက်ကြည့်လိုက်ပြီးနောက် အမိန့်ပြန်တမ်းကို ဖွင့်ကာ ကျယ်လောင်စွာ ဖတ်ပြလိုက်သည်။

"အရှင်မင်းကြီးရဲ့ အမိန့်တော်ကို ဖတ်ပြပါမယ်..."

[လင်းဟောက်ယန်၊ ဝမ်မုန့်ရှန်နဲ့ ကျန်းချွေ့ကျွင်းတို့ဟာ ကျန်းပေ့မင်းသားရဲ့ ကိုယ်ပိုင် အစေခံကို အကြောင်းမဲ့ လူအများရှေ့မှာ တိုက်ခိုက်ပြီး စော်ကားခဲ့ကြတယ်... ကျန်းပေ့မင်းသားနဲ့ တော်ဝင်မိသားစုရဲ့ ဂုဏ်သိက္ခာကို မထီမဲ့မြင် လုပ်ခဲ့တယ်... သူတို့ရဲ့ ပြစ်မှုတွေက ခွင့်လွှတ်လို့ မရနိုင်ဘူး...

လင်း၊ ဝမ်နဲ့ ကျန်း မိသားစု အားလုံးဟာ သူတို့ရဲ့ သားသမီးတွေကို သေချာ မဆုံးမနိုင်တဲ့ အပြစ် ရှိကြတယ်...

ကျန်းပေ့မင်းသား နန်ကုန်းယွီကို ကျန်းပေ့တပ်ကို ဦးဆောင်ပြီး ဒီကိစ္စကို အပြည့်အဝ တာဝန်ယူ ဖြေရှင်းဖို့ ငါ အမိန့်ပေးလိုက်တယ်... ငါ့ကို တားဆီးရဲတဲ့သူ ဘယ်သူ့ကိုမဆို ခြွင်းချက်မရှိ သတ်ပစ်ရမယ်...

ဤအမိန့်တော်အတိုင်း အတည်ဖြစ်စေ။]

မိန်းမစိုး ယန်က အမိန့်ပြန်တမ်းကို ဖတ်ပြီးနောက် အောက်ရှိ လူအုပ်ကြီးနှင့် အဝေးရှိ ကြည့်ရှုနေသူများ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားကြလေသည်။

သူတို့ရဲ့ ချင်းယို ဧကရာဇ်က ကျန်းပေ့မင်းသားကို ဘယ်လောက်တောင် အလိုလိုက်ထားတာလဲ။ သူက ပြဿနာတွေ၊ အတင်းအဖျင်းတွေ ဖြစ်လာမှာကို အရမ်းကြောက်လို့ အမိန့်ပြန်တမ်းကို တိုက်ရိုက် ပို့လိုက်တာလား။

ဒါက ကျန်းပေ့မင်းသားအတွက် အကာအကွယ် ဒိုင်းလွှားတစ်ခုကို တိုက်ရိုက် ထောက်ပံ့ပေးလိုက်တာပဲ။

မိန်းမစိုး ယန်က အနည်းငယ် ပြုံးလိုက်ပြီး ပြောလိုက်သည်။

"မင်းသားငယ်... ကျေးဇူးပြုပြီး အမိန့်တော်ကို လက်ခံပါ..."

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး ခေါင်းအနည်းငယ် ငုံ့လိုက်သည်။

"ဒီငယ်သား နန်ကုန်းယွီက အမိန့်တော်ကို လက်ခံပါတယ်..."

မိန်းမစိုး ယန်က ပြုံးလိုက်ပြီး အလျင်အမြန် ရှေ့တိုးကာ အမိန့်ပြန်တမ်းကို နန်ကုန်းယွီ၏ လက်ထဲသို့ ထည့်ပေးလိုက်ပြီးနောက် ဘေးသို့ ဖယ်ပေးလိုက်လေသည်။

နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်သော်လည်း သူ၏အကြည့်က လင်းဟောက်ယန်အပေါ် ကျရောက်သွားချိန်တွင် ရုတ်တရက် အေးစက်သွားပေသည်။

"လင်းဟောက်ယန် ဟုတ်လား... ငါ အရမ်း သိချင်နေတာ... အဲ့ဒီတုန်းက မင်းရဲ့ ရွေးချယ်မှုအတွက် မင်း နောင်တရနေပြီလား..."

လင်းဟောက်ယန်၏ မျက်နှာမှာ ဖြူရော်နေပြီး သူ၏လက်များကို ကြိုးတုပ်ထားကာ လင်း မိသားစု၏ တံခါးရှေ့တွင် တွဲလွဲဆွဲခံထားရလေသည်။

ဤစကားကို ကြားချိန်တွင် သူသည် ကောင်းကင်ယံရှိ နန်ကုန်းယွီကို မော့ကြည့်မိသွားသည်။ သူ၏နှုတ်ခမ်းများတွင် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်လာ၏။

"ဟမ့်... ကျန်းပေ့မင်းသား... ငါ လင်းဟောက်ယန် အရှုံးပေးပါတယ်... ဒါပေမဲ့ တကယ့် တရားခံက လွတ်နေတုန်းပဲ... မင်းက ဘာလို့ မသွားရဲတာလဲ..."

ဤစကားကို ကြားချိန်တွင် နန်ကုန်းယွီကလည်း လှောင်ပြောင်လိုက်သည်။

"အရူးကောင်... ငါက လေးနှစ်ပဲ ရှိသေးတယ်... ပြီးတော့ နန်ကုန်းကျင်းလင်က ငါ့ကို ဘာပြဿနာမှ မပေးရဲဘူးဆိုတာ ငါသိတယ်... ဒါကြောင့် မင်းတို့ အရူးသုံးကောင်ကို ငါ့ရဲ့ နယ်ရုပ်တွေ ဖြစ်အောင် ငါ အမိန့်ပေးခဲ့တာ... မင်းက ဆယ်နှစ်ကျော် အသက်ရှင်လာတာတောင် ဒါကို မမြင်နိုင်သေးဘူးလား..."

ဤစကားကို ကြားချိန်တွင် လင်းဟောက်ယန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားလေသည်။

သို့သော် နန်ကုန်းယွီက ဆက်ပြောလိုက်သည်။

"ငါနဲ့ နန်ကုန်းကျင်းလင်ကြားမှာ ရန်ငြိုးရှိရင်တောင်... ငါတို့က တော်ဝင်မိသားစုဝင်တွေ ဖြစ်နေတုန်းပဲ... ပြီးတော့ ငါတို့ အဖေတွေကလည်း ညီအစ်ကိုတွေလေ... တကယ်လို့ ငါတို့ အချင်းချင်း မနှစ်သက်ရင် ရိုက်နှက်ရုံပဲပေါ့... မင်းတို့ ပြင်ပလူ သုံးယောက်က ဘယ်လိုလုပ်ပြီး ဝင်စွက်ဖက်ရဲတာလဲ..."

"သတ္တိကြောင်တဲ့ နန်ကုန်းကျင်းလင်တောင် ငါ့ကို မထိရဲဘူး... ပြီးတော့ ငါ့လူတွေကို ကိုယ်တိုင်တိုက်ခိုက်ဖို့လည်း မဝံ့ရဲဘူး... မင်းတို့ ပုရွက်ဆိတ် သုံးကောင်က ဘာအခွင့်အရေး ရှိလို့လဲ..."

ဤစကားကို ကြားချိန်တွင် လင်းဟောက်ယန်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

သူတို့သည် နယ်ရုပ်များအဖြစ် အသုံးချခံခဲ့ရပြီး စွန့်ပစ်ခံခဲ့ရကြောင်း ရှင်းလင်းစွာ နားလည်သွားကြပေသည်။

ဒါပေမဲ့ သူတို့ နောင်တရလား။ ရ၏။

သို့သော် သူတို့ကို နောက်ထပ် ရွေးချယ်ခွင့် တစ်ကြိမ် ပေးမည်ဆိုပါက သူတို့သည် ဤလမ်းကြောင်းကိုသာ ရွေးချယ်နိုင်ခြေ အလွန်များပေ၏။ မည်သို့ပင်ဆိုစေ နန်ကုန်းကျင်းလင်က ဒုတိယမင်းသား ဖြစ်နေသည် မဟုတ်ပါလား။

အခန်း (၁၂၀) အားလုံးကို ကွပ်မျက်လိုက်

လင်းဟောက်ယန်အနေဖြင့် နန်ကုန်းကျင်းလင်၏ အမိန့်ကို သူတို့ ငြင်းဆန်နိုင်မည်မဟုတ်ကြောင်း ကောင်းကောင်း သိထားသည်။

​အကယ်၍သာ နန်ကုန်းကျင်းလင်သည် နန်ကုန်းယွီကို အမှန်တကယ် မစော်ကားရဲကြောင်း သူတို့ ကြိုတင်သိထားခဲ့လျှင်…

​နန်ကုန်းယွီက ကျန်းပေ့တပ်ကို မြို့တော်ထဲသို့ အမှန်တကယ် ခေါ်သွင်းလာနိုင်ကြောင်းကို သူတို့ ကြိုတင်သိထားခဲ့လျှင်..

​ထို့ပြင် သူတို့က အိမ်ရှေ့မင်းသား နန်ကုန်းကျင်းချီထံ တိုက်ရိုက်သစ္စာခံပြီး အလုပ်အကျွေးပြုခဲ့မည် ဆိုလျှင်တော့ တစ်မျိုးပင်။

​ထိုသို့မှမဟုတ်လျှင် ထိုစဉ်က နန်ကုန်းကျင်းလင်၏ အမိန့်ကို သူတို့ မည်သို့မျှ လွန်ဆန်နိုင်ခဲ့မည် မဟုတ်ပေ။

ဤအရာအားလုံးကို တွေးမိသည်နှင့် လင်းဟောက်ယန်သည် ခါးသက်သက် ပြုံးမိသွားရချေသည်။

"ကျန်းပေ့မင်းသား... ဒီကိစ္စကို ငါ တစ်ယောက်တည်း လုပ်ခဲ့တာပါ... ကျေးဇူးပြုပြီး သဘောထားကြီးကြီးထားပြီး ငါ့ရဲ့ လင်း မိသားစုကို အပြစ်မယူပါနဲ့လို့ တောင်းပန်ပါတယ်..."

သို့သော် သူ၏စကားကို ကြားချိန်တွင် နန်ကုန်းယွီက လှောင်ပြောင်လိုက်သည်။

"မင်း အရမ်းတွေးနေတာပဲ... ငါ့ဆရာရဲ့ တစ်ဝက်ကို မင်း အနိုင်ကျင့်ရင်... ငါ့ရဲ့ လူကြီးသူမကို မင်း အနိုင်ကျင့်တာပဲ... ပြီးတော့ မင်းရဲ့ လူကြီးသူမတွေလည်း အဲ့ဒီအတွက် ပေးဆပ်ရမယ်လို့ ငါ အရင်က ပြောခဲ့ဖူးတယ်..."

"ဒါ့အပြင်... ငါက ငယ်သေးပေမဲ့... ပေါင်းပင်တွေကို အမြစ်ကနေ မနှုတ်ပစ်ရင် နွေဦးလေရူးလေး တိုက်တာနဲ့ ပြန်ပေါက်လာမယ်ဆိုတဲ့ သဘောတရားကို ငါ နားလည်တယ်... မင်းရဲ့ တောင်းဆိုချက်ကို ငါ ခွင့်ပြုမယ်လို့ မင်း ထင်နေတာလား..."

ဤစကားကို ကြားချိန်တွင် လင်းဟောက်ယန်၏ အမူအရာ လုံးလုံးလျားလျား ပြောင်းလဲသွားလေသည်။

"မဟုတ်ဘူး... မင်း အဲ့ဒီလို လုပ်လို့မရဘူး... ဒီကိစ္စကို ငါ လင်းဟောက်ယန် တစ်ယောက်တည်း လုပ်ခဲ့တာပါ... မင်း ငါ့မိသားစုကို မထိရဘူး..."

နန်ကုန်းယွီက နှာခေါင်းရှုံ့လိုက်သည်။

"သားတစ်ယောက်ကို သတ်တဲ့ ရန်ငြိုးက ပြေလည်နိုင်စရာ အကြောင်းမရှိဘူး... ငါက မကြောက်ပေမဲ့... ပြဿနာကိုတော့ ကြောက်တယ်လေ..."

"မဟုတ်ဘူး... ကျန်းပေ့မင်းသား... မင်း..."

လင်းဟောက်ယန်၏ အမူအရာ လုံးလုံးလျားလျား ပြောင်းလဲသွား၏။ သူက တစ်ခုခု ထပ်ပြောရန် ပြင်လိုက်စဉ်မှာပင် နန်ကုန်းယွီက လက်ယမ်းကာ ပြောလိုက်လေသည်။

"သူ့ကို ပါးစပ်ပိတ်ခိုင်းထားလိုက်... ပြီးတော့ အခြေအနေတွေ ဘယ်လိုတိုးတက်လာမလဲဆိုတာ ကြည့်ခိုင်းထားလိုက်..."

"ဟုတ်ကဲ့ပါ..."

နန်ကုန်းလင်ယွင်က သဘောတူလိုက်ပြီး လက်ယမ်းကာ လင်းဟောက်ယန်၏ ပါးစပ်ကို ပိတ်လိုက်ရာ သူ့ကို နောက်ထပ် စကားတစ်ခွန်းမှ မဟနိုင်အောင် တားဆီးလိုက်လေသည်။

တစ်ချိန်တည်းမှာပင် ဆွဲငင်အားတစ်ခု ပေါ်လာပြီး လင်းဟောက်ယန်ကို အမြင့်တစ်ခုသို့ ခေါ်ဆောင်သွားကာ လင်း မိသားစု၏ ခြံဝင်းရှေ့ရှိ အခြေအနေကို သူ အတိအကျ မြင်တွေ့နိုင်စေခဲ့ပေသည်။

နန်ကုန်းယွီ၏ အမူအရာမှာ မပြောင်းလဲဘဲ မြေပြင်ပေါ်တွင် ဒူးထောက်နေသော လင်းရှောင်ကို ကြည့်လိုက်၏။

"လင်းရှောင်... ခင်ဗျား ဇနီးရဲ့ ညီမက ခင်ဗျားတို့ မိသားစုအပေါ် တော်တော်လေး ကောင်းခဲ့တာပဲ... သူက သနားညှာတာမှု တောင်းခံဖို့ သူ့ရဲ့ ကိုယ်ပိုင်သားကိုတောင် အသက်အန္တရာယ်စွန့်ပြီး လွှတ်ရဲတယ်ပေါ့လေ..."

လင်းရှောင်၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်။

"မင်းသားငယ်... ကျွန်တော့်ရဲ့ လင်း မိသားစုက အရှုံးပေးဖို့ ဆန္ဒရှိပါတယ်... ကျေးဇူးပြုပြီး အပြစ်ကင်းတဲ့ သူတွေကိုတော့ ချမ်းသာပေးပါ..."

ကျန်းပေ့မင်းသား နန်ကုန်းယွီ အခုလေးတင် ပြောခဲ့သော စကားများအရ... သူ၏ လင်း မိသားစုသည် လွတ်မြောက်နိုင်မည် မဟုတ်ကြောင်း သူ နားလည်သွားလေသည်။

ဆင်းရဲသားဘဝကနေ ဒီလိုအနေအထားမျိုးရောက်လာဖို့ သူ သွေးချွေးတွေ အများကြီးရင်းပြီး ရုန်းကန်ခဲ့ရတာပါ။ နောက်ဆုံးတော့လည်း မိုက်ကန်းတဲ့ သားတစ်ယောက်ကြောင့် သူတို့မိသားစုတစ်ခုလုံး မျိုးနွယ်ပါ ပြုတ်ရမယ့်ကိန်း ဆိုက်ခဲ့ရလေပြီ။ ယခုတော့ သူ ရင်ကွဲမတတ် နောင်တတရားတွေနဲ့ ပူလောင်နေမိတော့သည်။

ဒါပေမဲ့ သူ ဇနီးရဲ့ ညီမ မိသားစုကိုတော့ ထပ်ပြီး ဒုက္ခမပေးနိုင်တော့ပါဘူး။

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်၏။

"ကျွန်တော်က ငယ်သေးတော့... ရက်စက်တဲ့ လုပ်ရပ်တွေ အများကြီး မလုပ်ချင်ပါဘူး... ဒီတစ်ခါတော့ လင်းဟောက်ယန်နဲ့ တခြားနှစ်ယောက်နဲ့ ပတ်သက်တဲ့ သူတွေကိုပဲ ကျွန်တော် သတ်မှာပါ..."

ဤနေရာတွင် နန်ကုန်းယွီသည် လင်းရှောင်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။

"ခင်ဗျားရဲ့ လင်း မိသားစုက သေးငယ်တယ်ဆိုတော့... ခင်ဗျားတို့ သုံးယောက်ကိုပဲ ကျွန်တော် သတ်မှာပါ... ခင်ဗျားတို့ ကိုယ့်ဘာသာကိုယ် သတ်သေမလား... (ဒါမှမဟုတ်) ခင်ဗျားတို့ကို ကူညီဖို့ တစ်ယောက်ယောက်ကို ကျွန်တော် လွှတ်လိုက်ရမလား..."

ဤစကားကို ကြားချိန်တွင် လင်းရှောင်က ခါးသက်သက် ပြုံးလိုက်သော်လည်း ခေါင်းငုံ့ကာ ဦးညွှတ်လိုက်လေသည်။

"ကျေးဇူးတင်ပါတယ် ကျန်းပေ့မင်းသား..."

ထို့နောက် သူက သူ၏ဘေးရှိ အမျိုးသမီးကို လှည့်ကြည့်လိုက်သည်။

"သခင်မ... အတူတူ သွားကြရအောင်..."

ထိုသို့ပြောပြီးနောက် သူသည် ဓားမြှောင်တစ်လက်ကို ထုတ်ယူလိုက်ပြီး မျက်ရည်များဖြင့် အမျိုးသမီး၏ လည်ပင်းကို လှီးဖြတ်လိုက်လသည်။

သူသည် အမျိုးသမီးကို သူ၏ ရင်ခွင်ထဲတွင် တင်းတင်းကျပ်ကျပ် ဖက်ထားပြီး လေထဲရှိ လင်းဟောက်ယန်ကို တစ်ချက်ကြည့်လိုက်ရာ သူ၏မျက်လုံးများတွင် စိတ်ပျက်မှုနှင့် ရွံရှာမှုများ ပြည့်နှက်နေပေသည်။

တွေဝေမနေဘဲ သူသည် သူ၏ကိုယ်ပိုင် အသက်စွမ်းအင်ကို ဖြတ်တောက်လိုက်ပြီး သူ၏ ဝိညာဉ်သန္ဓေသား၏ အသက်စွမ်းအင်ကိုပါ ဖြတ်တောက်လိုက်ကာ အမျိုးသမီးကို တင်းတင်းကျပ်ကျပ် ဖက်ထားလျက် မြေပြင်ပေါ်သို့ လဲကျသွားလေသည်။

ဤသည်ကို မြင်ချိန်တွင် လင်းဟောက်ယန်၏ သူငယ်အိမ်များ ရုတ်တရက် ပြူးကျယ်သွားသည်။ သူ စကားပြောချင်သော်လည်း စကားတစ်ခွန်းမှ မဟနိုင်တော့ဘဲ သူ၏မျက်လုံးများထဲတွင် နောင်တရမှုနှင့် စိတ်ပျက်လက်ပျက် အမူအရာများ ပြည့်နှက်နေပေသည်။

သူသည် နန်ကုန်းယွီကို ဒေါသတကြီး စိုက်ကြည့်လိုက်သော်လည်း သူ ဘာမှမလုပ်နိုင်တော့သည်ကို တွေ့လိုက်ရပြီး သေမင်း၏ အရှိန်အဝါက သူ့ထံမှ ထွက်ပေါ်လာလေသည်။

နန်ကုန်းယွီက သူ့ကို မကြည့်ဘဲ မြေပြင်ပေါ်တွင် လဲလျောင်းနေသော လင်းရှောင်နှင့် သူ၏ဇနီးကိုသာ စိုက်ကြည့်နေကာ အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့ပေသည်။

ဤသည်ကို မြင်ချိန်တွင် ရှန်ကွမ်ယွဲ့ရှီးက သူ့ကို စိုးရိမ်တကြီး ကြည့်လိုက်၏။

"ယွီအာ... သား အဆင်ပြေရဲ့လား..."

နန်ကုန်းယွီက ခေါင်းခါပြလိုက်သည်။

"မယ်တော်... သား အဆင်ပြေပါတယ်... လင်းရှောင်က အဆင်ပြေပါတယ်လို့ သား ထင်မိလို့ပါ..."

သူ ပြောနေစဉ် လင်း မိသားစု၏ ခြံဝင်းရှေ့တွင် ဒူးထောက်နေသော လူများကို ကြည့်ကာ မေးလိုက်လေသည်။

"လင်း မိသားစုရဲ့ အိမ်တော်ထိန်း ဘယ်မှာလဲ..."

ဤစကားကို ကြားချိန်တွင် မြေပြင်ပေါ်တွင် ဒူးထောက်နေသော အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးသည် တုန်ရီသွားပြီး ရှေ့သို့ ခြေနှစ်လှမ်း အလျင်အမြန် တွားသွားလိုက်ပေသည်။

"ဒီငယ်ကျွန် ရှိပါတယ်..."

နန်ကုန်းယွီက သူ့ကို တစ်ချက်ကြည့်ကာ ပြောလိုက်၏။

"လင်းရှောင်နဲ့ သူ့ဇနီးကို မြှုပ်နှံဖို့ နေရာတစ်ခု ရှာဖို့ ငါ မင်းကို အမိန့်ပေးတယ်... ပြီးတော့ လင်း မိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို စုစည်းစီစဉ်ပြီးတဲ့အခါ နန်းတော် ဆီ လွှဲပြောင်းပေးပြီး နိုင်ငံတော် ဘဏ္ဍာတိုက်ထဲ ထည့်လိုက်ပါ..."

"ဟုတ်ကဲ့ပါ..."

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်သော်လည်း ထို့နောက် တစ်စုံတစ်ခုကို သတိရသွားပုံရလေသည်။

" သြော်... ဟုတ်ပြီ... လင်း မိသားစုရဲ့ အစေခံတွေကို အလုပ်ဖြုတ်ပြီး နစ်နာကြေး နည်းနည်းပေးဖို့ သတိရနော်..."

"ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ..."

အလယ်အလတ်အရွယ် အမျိုးသား၏ တုံ့ပြန်မှုကို မြင်ချိန်တွင် နန်ကုန်းယွီက လင်းဟောက်ယန်ကို မကြည့်မီ အနည်းငယ် ခေါင်းညိတ်လိုက်လေသည်။

သူ၏ ပြာနှမ်းနေသော အမူအရာနှင့် သူ့ထံမှ ထွက်ပေါ်လာသော မှိန်ဖျော့ဖျော့ သေမင်းအရှိန်အဝါကို မြင်ချိန်တွင် နန်ကုန်းယွီသည် ပျင်းရိစွာ ခေါင်းခါမိသွားရသည်။

"ချင်ဝူဟွေ့... ငါ့အမိန့်ကို နာခံပါ..."

"ဒီလက်အောက်ငယ်သားက မင်းသားရဲ့ အမိန့်ကို နာခံပါ့မယ်..."

ချင်ဝူဟွေ့သည် ရှေ့သို့ ထွက်လာပြီး လေထဲတွင် ဒူးတစ်ဖက် ထောက်ချလိုက်လေသည်။

နန်ကုန်းယွီက အနည်းငယ် ခေါင်းညိတ်လိုက်ပြီး သူ၏အမူအရာမှာ မှုန်မှိုင်းနေကာ ပြောလိုက်သည်။

"လင်းဟောက်ယန်က ငါ့ရဲ့ ကိုယ်ပိုင် အစေခံကို တိုက်ခိုက်ခဲ့တယ်... အဲ့ဒါက သေဒဏ်နဲ့ ထိုက်တန်တဲ့ ပြစ်မှုပဲ... လင်းဟောက်ယန်ရဲ့ ခြေလက်တွေနဲ့ သွေးကြောတွေကို ဖြတ်ဖို့ လူနှစ်ယောက် ခေါ်လာခဲ့ဖို့ ငါ မင်းကို အမိန့်ပေးတယ်... ပြီးတော့ ၁၅ မိနစ်အတွင်း သူ့အရိုးတွေကို ပြာဖြစ်အောင် ကြိတ်ချေပစ်လိုက်..."

"ဟုတ်ကဲ့ပါ..."

ချင်ဝူဟွေ့က သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။

နန်ကုန်းယွီ၏ အမူအရာ ကင်းမဲ့နေပြီး သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်လေသည်။ ချင်ဝူဟွေ့နှင့် ကျန်းပေ့တပ် စစ်သည် နှစ်ဦးမှလွဲ၍ ကျန်ကျန်းပေ့တပ် စစ်သည်များသည် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားပြီး နေရာတစ်ခုဆီသို့ ဦးတည်သွားကြပေသည်။

သူတို့ ထွက်သွားသည်နှင့်အမျှ အဝေးမှ ကြည့်ရှုနေသူများသည် အချင်းချင်း ရှုပ်ထွေးစွာ ကြည့်လိုက်ကြလေသည်။

ကျန်းပေ့မင်းသားက တကယ်ပဲ အဲ့ဒီလောက် ရက်စက်တာလား။

သူက လင်းဟောက်ယန်နဲ့ သူ့မိသားစု သုံးယောက်ကိုပဲ တမင်သက်သက် သတ်ပြီး ကျန်တဲ့သူ အားလုံးကို လွှတ်ပေးခဲ့တာလေ။

ဒါပေမဲ့ သူက ကြင်နာတတ်တယ်လို့ ပြောလို့ရမလား။

သူ့ရဲ့ လုပ်ရပ်တွေက လူတစ်ယောက်ကို သူတို့ရဲ့ ဝိညာဉ်ကို ဖျက်ဆီးပြီး သတ်ပစ်တဲ့ အမျိုးအစား အတိအကျပဲလေ...

လင်းဟောက်ယန်ကို သူ ရှင်းလင်းခဲ့သည့် နည်းလမ်းများက သနားညှာတာမှု ရှိသည်ဟု သတ်မှတ်ရန် ခက်ခဲလှသည်။

သို့သော် မည်သို့ပင်ဆိုစေ ယနေ့ ဤစွမ်းအားကို ပြသပြီးနောက် ဤအေးချမ်းတိတ်ဆိတ်သော ဧကရာဇ်မြို့တော်တွင် ကျန်းပေ့မင်းသားကို မည်သူကမျှ ထပ်ပြီး ရန်စရဲမည် မဟုတ်တော့ပေ။

ဆယ့်ငါးမိနစ်ကျော် အကြာတွင် ဖြစ်ပေသည်။

လင်းဟောက်ယန်၊ ဝမ်မုန့်ရှန်နှင့် ကျန်းချွေ့ကျွင်းတို့အပြင် သူတို့နှင့် ဆက်စပ်နေသူ အားလုံး ကွပ်မျက်ခံလိုက်ရလေသည်။ နန်ကုန်းယွီသည်လည်း ကျန်းပေ့တပ်ကို ဦးဆောင်ကာ ချင်းယို ဧကရာဇ်မြို့တော်မှ ထွက်ခွာသွားခဲ့ပေသည်။

ဤသည်နှင့်အတူ ကိစ္စက ပြီးဆုံးသွားလေသည်။

ကျန်းပေ့တပ် ချင်းယို ဧကရာဇ်မြို့တော်မှ ဆုတ်ခွာသွားသည်ကို မြင်ချိန်တွင် မြို့တွင်းရှိ အဖွဲ့အစည်း အသီးသီးမှ လူများသည် သက်ပြင်းချနိုင်ခဲ့ကြလေသည်။

လူအများစုအတွက်မူ ကျန်းပေ့တပ်သည် အေးချမ်းတိတ်ဆိတ်သော ဧကရာဇ်မြို့တော်တွင် ဆက်ရှိနေခြင်းက အလွန် မတည်ငြိမ်သော အကြောင်းရင်းတစ်ခု ဖြစ်လေသည်။

အနောက်ဘက် တံခါး အပြင်ဘက်တွင် ဖြစ်ပေသည်။

နန်ကုန်းယွီသည် နန်ကုန်းဝမ်ရှင်း၏ ပေါင်ပေါ်တွင် ထိုင်နေဆဲ ဖြစ်လေသည်။သူသည် နန်ကုန်းလင်ယွင်နှင့် အခြားတစ်ဦးကို ကြည့်ကာ နန်ကုန်းဝမ်ရှင်း၏ ပခုံးကို ပုတ်ပြီး ပြောလိုက်သည်။

"စစ်သူကြီး သုံးယောက်... မင်းတို့အလုပ်ကို သေချာလုပ်ပါ... ကောင်းကင်ဘုံက သစ္စာရှိပြီး ဖြောင့်မတ်တဲ့ သူတွေကို ဘယ်တော့မှ မျက်နှာလွှဲမှာ မဟုတ်ပါဘူး..."

သူ ပြောနေစဉ် မျက်စိဖြင့် မမြင်နိုင်သော အလင်းတန်း သုံးခုက နန်ကုန်းဝမ်ရှင်းနှင့် အခြားနှစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလေသည်။

ထိုမှိန်ဖျော့ဖျော့ အလင်းတန်း သုံးခုမှာ လမ်းတွင် နန်ကုန်းယွီ လဲလှယ်ခဲ့သော သတ်ဖြတ်ခြင်း ဝိညာဉ်အမြစ်များ ဖြစ်ကြပေသည်။

"မင်းသားရဲ့ အမိန့်ကို နာခံပါ့မယ်..."

ထိုသုံးဦးက ခေါင်းညိတ်လိုက်ပြီး လေးစားစွာ ဦးညွှတ်လိုက်ကြလေသည်။

နန်ကုန်းယွီ လှည့်ကာ သူ၏အနောက်ရှိ ကျန်းပေ့တပ်မှ စစ်သည် သုံးထောင်ကို ကြည့်ပြီး အနည်းငယ် ပြုံးလိုက်သည်။

"မင်းတို့လည်းပဲ..."

"မင်းသားရဲ့ အမိန့်ကို နာခံပါ့မယ်..."

ကျန်းပေ့တပ်မှ စစ်သည် သုံးထောင်သည် အနည်းငယ်မျှ တွေဝေခြင်းမရှိဘဲ ချက်ချင်းပင် ဒူးတစ်ဖက် ထောက်ချလိုက်ကြလေသည်။

ဤသည်ကို မြင်ချိန်တွင် နန်ကုန်းယွီက အနည်းငယ် ပြုံးလိုက်ပြီး မျက်စိဖြင့် မမြင်နိုင်သော အလင်းတန်း သုံးထောင်က သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပေသည်။

ဤအရာများမှာ ကျန်းပေ့စစ်တပ် အဖွဲ့ဝင်တစ်ဦးစီတိုင်း၏ ဝိညာဉ်အမြစ် ဂုဏ်သတ္တိများအပေါ် အခြေခံ၍ နန်ကုန်းယွီ ရွေးချယ်ထားသော ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်များ ဖြစ်ကြလေသည်။

ကျန်းပေ့တပ်၏ စစ်သည် သုံးထောင်ထဲမှ လူတိုင်း ဝေစုတစ်ခု ရရှိမည် ဖြစ်ပေသည်။

ဖော်ပြသင့်သည်မှာ တပ်မှူး သုံးဦးကို ဖယ်ထားလျှင် ကျန်းပေ့တပ်တွင် စစ်သည် သုံးထောင် ရှိခြင်းပင် ဖြစ်လေ၏။

တူညီသော ဂုဏ်သတ္တိရှိသည့် ဝိညာဉ်အမြစ်များ ပေါင်းစပ်သွားသည့်အခါ အဆင့်ပိုမြင့်သော ဝိညာဉ်အမြစ်က အဆင့်ပိုနိမ့်သော ဝိညာဉ်အမြစ်ကို အစားထိုးကာ ဝါးမျိုသွားမည်ဖြစ်ကြောင်း သူ အရင်ကတည်းက သိထားခဲ့ပေသည်။

ထို့ကြောင့် သူတို့သည် သက်ဆိုင်ရာ ထိပ်တန်းအဆင့် ဝိညာဉ်အမြစ်များကို သူတို့အတွက် တိုက်ရိုက် ပြင်ဆင်ပေးခဲ့ခြင်းဖြစ်ပြီး အချိန်ဟင်းလင်းပြင်ကုန်သည်အသင်းက ပြင်ပလူများကို ဝိညာဉ်အမြစ်များနှင့် ပေါင်းစပ်ရန် သုံးရက် အချိန်ပေးထားလေသည်။

နန်ကုန်းယွီသည် နန်ကုန်းဝမ်ရှင်း၏ ပခုံးကို ပုတ်ကာ အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပေသည်။

All Chapters