← Chapters

အခန်း (၄၉၆-၄၉၈)

Vol. 34 Ch. 496-498

အခန်း (၄၉၆-၄၉၈)

Vol. 34 Ch. 496-498

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၉၆) အင်အားသစ်

“ဒါက…”

ထာ့သည် အိပ်မက်က နိုးလာသူတစ်ယောက်ပမာ လျှောက်လာသည်။ အားလုံးက လည်း ထာ့နောက်မှ လိုက်လာပြီး၊ တောအုပ်ထဲကို စိုက်ကြည့်နေသည်။

အလင်းစက်ကလေးများသည် တောအုပ်ထဲတွင် ကခုန်နေပါသည်။ အစပိုင်းတွင်တော့၊ ၎င်းတို့သည် တစ်ယောက်ယောက်က မီးတုတ်များကို ကိုင်ဆောင်ပြီး လျှောက်လာကြခြင်းဖြစ်သည်ဟု ထင်နေကြသည်။ သို့သော် မကြာခင်တွင် အလင်းများက လူများဆီမှ ထွက်ပေါ်နေခြင်းကို သိလိုက်ကြသည်။

ထိုလူများသည် အလင်းရောင်များ တောက်ပနေခြင်းလား။

တောအုပ်ထဲတွင် လူပေါင်းများစွာရှိနေကြောင်းကို ခြေသံများနားထောင်ပြီး သိနိုင်ပါသည်။ ၎င်းတို့သည် သားရဲကြီးများ၏ ခြေသံကိုသာ မကြားရလျှင်၊ လက်နက်များကို သွားယူကြမည်သာ ဖြစ်သည်။ သို့သော် ထိုနားတဝိုက်တွင် ထူးဆန်းသော တစ်စုံတရာရှိနေကြောင်းကို ၎င်းတို့က ခံစားသိရှိနေကြသည်။

ရှေ့ဆုံးမှ ရောက်လာသော လူ၏မျက်နှာကို မြင်လိုက်ရသောအခါ၊ ထာ့က အံ့ဩသွားပြီ” “အားရွှမ်လား” ဟုအော်လိုက်ပါသည်။

ထိုအချိန်တွင် ရှောက်ရွှမ်နှင့် သူ့လူများသည် ရွာထဲသို့ဝင်လာပြီဖြစ်သည်။ သူတို့နှင့်အတူ စစ်သည်တော်များလည်း ပါလာပါသည်။ အစကတော့ ထာ့တို့သည် ထိုလူများမှာ ဝမ်ရှစ်မျိုးနွယ်စုဝင်များ ဖြစ်နေမလား စိတ်ပူနေသည်။ သို့သော် ခဏနေတော့ ထိုလူများမှာ ဝမ်ရှစ်မျိုးနွယ်စုဝင်များမဟုတ်ကြောင်း၊ သိသွားကြသည်။

နတ်ဆေးဆရာ၏လက်သည် တောင်ဝှေးကို ကိုင်ထားပြီး တုန်ယင်နေပါသည်။ သူသည် ခြေလှမ်းတိုင်းကို ခက်ခဲစွာ လှမ်းနေရပါသည်။ သူသည် တစ်စုံတရာကို ကြောက်လန့်နေဟန်လည်း ပေါ်နေပါသည်။

နှစ်၁၀၀၀လောက်ကွဲကွာနေသော မျိုးနွယ်စု၂ခုတို့ ပြန်လည်ပေါင်းဆုံရသည့် အချိန်မှာ ယနေ့လို သာမန်နေ့တစ်နေ့သာ ဖြစ်နေပါသည်။

ရှောက်ရွှမ်သည် သူတို့ဆီမှ ခွဲခွာသွားသည်မှာ ၂နှစ်ရှိပြီ ဖြစ်သည်။

“ကျွန်တော် ပြန်ရောက်ပါပြီ” ရှောက်ရွှမ်က နတ်ဆေးဆရာကို ဖက်လိုက်သည်။

“ကောင်းတယ်…ကောင်းတယ်” နတ်ဆေးဆရာသည် ရှောက်ရွှမ်အား ကြည့်ပြီး မျက်ရည်များစို့တက်လာသည်။ ရှောက်ရွှမ်သည်ပြောင်းလဲသွားပြီဖြစ်သည်။ သူ့ကိုယ်ပေါ်မှ တောက်ပနေသော နတ်

အမှတ်အသားများသည်လည်း ပြောင်းလဲသွားပြီ ဖြစ်သည်။

သူသည် ရှောက်ရွှမ်အားနှုတ်ဆက်ပြီးနောက်၊ နောက်မှလူများအား လှမ်းကြည့်လိုက်သည်။

နတ်ဆေးဆရာက အော့တို့ကို မေ့နေသည်။ နတ်ဆေးဆရာ၏ စိတ်ထဲတွင် အခုရောက်လာသူများကို ရင်းနှီးနေသလို ခံစားနေရသည်။ ထိုသူများအားလုံး၏ နတ်အမှတ်အသားများမှာ တောက်ပနေပါသည်။

နတ်ဆေးဆရာတစ်ယောက်အနေနှင့်၊ ထိုလူများဆီမှ မီးမျိုးစေ့၏ အငွေ့အသက်များ ထွက်ပေါ်နေကြောင်းကို ခံစားနေရသည်။

သို့သော် အခုအချိန်ထိတော့ မီးမျိုးစေ့ကို မမြင်ရသေးပေ။

ထို့နောက် တစ်စုံတရာကို သိရှိလိုက်ရသဖြင့်၊ သူ့စိတ်ထဲတွင် အတွေးတစ်ခုပေါ်လာသည်။

သို့သော် အခုအချိန်သည် စဉ်းစားရန် အချိန်မဟုတ်သေးပါ။ သူ့ရှေ့တွင် ရောက်နေသူများမှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသာ ဖြစ်ကြပြီး၊ ထိုသူများမှာ ဘိုးဘေးများမှ ဆင်းသက်လာကြသူများ ဖြစ်ကြသည်။ နောက်ဆုံးတော့ ကွဲကွာနေသော မျိုးနွယ်စုဝင်၂ခုပြန်လည်ပေါင်းဆုံမိကြပြီ ဖြစ်သည်။ “ဆီဆာကျောပေါ်မှာ လိုက်လာတာ ဘယ်သူများပါလိမ့်”

အော့က လျှောက်လာပြီး၊ ထိုသူများကို နတ်ဆေးဆရာနှင့် မိတ်ဆက်ပေးလိုက်သည်။ သူသည် ထာ့ဘက်သို့ လှည့်လိုက်ပြီး “ အားလုံးကို အစားအသောက်တွေ ပြင်ထားဖို့ ပြောလိုက်… ငါတို့နောင်တော်တွေကို စားသောက်ပွဲကြီးနဲ့ ကြိုဆိုကြမယ်…” ဟုပြောလိုက်သည်။

“ဟုတ်ပါပြီ” ထာ့က ခေါင်းကို ညိတ်လိုက်သည်။ အခြေအနေများကို သူသည် ကောင်းစွာ မသိသေးသော်လည်း၊သူ့အတွင်းစိတ်ကတော့ တစ်ခုခုထူးခြားနေကြောင်းကို သိနေပါသည်။လူသစ်များကို ကြည့်လိုက်ပြီးနောက်၊ ထာ့သည်

ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ပါတော့သည်။

“ဒီနေရာမှာ ဒဏ်ရာရထားတဲ့လူတွေနဲ့ နေမကောင်းဖြစ်နေတဲ့လူတွေ ရှိနေသေးတယ်… သူတို့ကို ကုဖို့ ဆေးဝါးတွေလိုအပ်ပါတယ်” ရှောက်ရွှမ်က နတ်ဆေးဆရာကို ပြောလိုက်သည်။

“အင်း…ကောင်းပြီလေ”

ရှောက်ရွှမ်တို့သည် သမုဒ္ဒရာတစ်ဖက်ခြမ်းမှာ ဤဘက်ကမ်းသို့ရောက်လာအောင်၊ ခရီးရှည်ကြီးနှင်လာရခြင်းဖြစ်သည်။ ထို့ကြောင့် ကျန်းလော်တို့မှာ ပင်ပန်းနေကြပြီဖြစ်သော်လည်း၊ ပျော်ရွှင်နေသောကြောင့် ပင်ပန်းသည်ဟု မထင်ကြတော့ပါ။ မီးဖိုကြီးထဲမှ မီးတောက်များကို မြင်ရသောအခါ၊ ၎င်းတို့သည် ရိုသေလေးစားစွာ ဒူးထောက်ထိုင်ချလိုက်ကြသည်။

ထိုအရာမှာ စစ်မှန်သော မီးမျိုးစေ့ဖြစ်သည်။ သူတို့ကိုယ်ထဲမှ ထွက်ပေါ်လာနေသော မီးမျိုးစေ့

မျိုးမဟုတ်ပါ။ အခုတော့ သူတို့သည် မီးမျိုးစေ့စစ်စစ်ကို မျက်ဝါးထင်ထင် မြင်တွေ့ရပြီဖြစ်သည်။

သူတို့သည် မီးမျိုးစေ့ကို မြင်လိုက်ရသောအခါ၊ အားလုံးမှာ အိမ်ပြန်ရောက်လာသလို ခံစားလိုက်ရသည်။ သူတို့စိတ်ထဲတွင် ဖြစ်ပေါ်နေသော စိုးရိမ်ပူပန်မှုများအားလုံးလည်း ပျောက်ကွယ်သွားပြီဖြစ်သည်။

အော့သည် လူသစ်များကို အားလုံးနှင့် မိတ်ဆက်ပေးလိုက်သည်။ ထိုအချိန်တွင်၊ နေမကောင်းဖြစ်နေသူများနှင့် မကျန်းမာသူများမှာ လိုအပ်သောဆေးဝါးကုသမှုများကို ရရှိပြီးခဲ့ကြပြီ ဖြစ်သည်။ ထိုအခါမှ အားလုံးလည်း စိတ်သက်သာရာရသွားကြပြီး၊ စားစရာရှိသည်များကို စားသောက်ကြပါတော့သည်။

ထာ့တို့ကလည်း လူသစ်များကို နွေးထွေးစွာ ကြိုဆိုကြပါသည်။ ၎င်းတို့သည် အစပိုင်းတွင် အနည်းငယ်ရှိန်နေသော်လည်း၊ မကြာခင်တွင်

တော့ တည်ခင်ထားသော အစားအသောက်များအားလုံး ကုန်ဆုံးသွားပါတော့သည်။ အစားအသောက်များကို စားပြီးသောအခါ၊ အားလုံးသည် မိတ်ဆွေဟောင်းများလို စကားများကို ပြောဆိုကြပါတော့သည်။

လမ်းတစ်လျှောက်တွင်၊ ကျန်းလော်တို့သည် အော့တို့နှင့် စကားများပြောဆိုလာခဲ့ကြသည်။ ထို့ကြောင့် ၎င်းတို့သည် တဖြည်းဖြည်းနှင့် ဤဘက်ကမ္ဘာတွင် သုံးသော ဘာသာစကားများကို ကျွမ်းကျင်လာကြပြီဖြစ်သည်။

အမျိုးသမီးများကလည်း အုပ်စုဖွဲ့ပြီး စကားစမြည် ပြောဆိုနေကြသည်။အမျိုးသားများသည်လည်း မီးဖိုကြီးဘေးတွင် ဝိုင်းထိုင်နေကြပြီး၊ ဘဝအကြောင်းများကို ဆွေးနွေးနေကြသည်။ သက်ကြီးရွယ်အိုများနှင့် ကလေးများကတော့ အနားယူနေကြပြီဖြစ်သည်။

လူကတော့ အလွန်များနေပြီ ဖြစ်သည်။ ယာယီစခန်းများကို ဆောက်လုပ်ပေးထားသော်လည်း၊

အားလုံးအတွက်တော့ မလုံလောက်ပါ။ ထို့ကြောင့် တချို့လူများက အပြင်ဘက်တွင် အိပ်ကြရသည်။

သို့သော် ကျန်းလော်တို့ကတော့ စိတ်မပူပါ။ ထိုနေ့သည် နွေးထွေးသော နေ့တစ်နေ့ဖြစ်သောကြောင့်၊ မြက်ခင်းပေါ်တွင် အိပ်ရသည်မှာ အဆင်ပြေပါသည်။ ထို့ပြင် ၎င်းတို့တွင် မီးမျိုးစေ့၏ အကာအကွယ်ကိုလည်း ရထားပြီ ဖြစ်သောကြောင့်၊ ဘေးအန္တရာယ်များအတွက် စိတ်ပူရန်မလိုအပ်တော့ပါ။ အစားအသောက်များကိုလည်း ဝအောင် စားသောက်ပြီးပြီဖြစ်သောကြောင့်၊ စိတ်ကျေနပ်သွားကြပြီဖြစ်သည်။

“မကြောက်ကြပါနဲ့… ကျုပ်တို့က ခင်ဗျားတို့ကို အဖော်လုပ်ပေးနေမှာပါ” မိုင်က သူ့နှင့် အသက်အရွယ်တူလောက် ရှိမည် ဖြစ်သော လူတစ်ယောက်အားပြောလိုက်သည်။

ထိုအချိန်တွင် လေလွင့်သူများနှင့် မျိုးနွယ်စုဝင်များ၏ နယ်စပ်နေရာတွင်၊ ယန်ကျိနှင့် ကျောင်းဝူ

တို့သည် အသားကင်ကြီးများကို ပုခုံးပေါ်တွင် ထမ်းလာခဲ့ကြသည်။ ထို့နောက် သစ်သီးများထည့်ထားသော အိတ်ကြီးများကိုလည်း သယ်ဆောင်လာခဲ့ကြသည်။

ယန်ကျိနှင့် ကျောင်းဝူတို့သည် လူသစ်များအကြောင်းကို သိလိုက်ရပြီးမှ စိတ်ကျေနပ်သွားသည်။ ထိုသူများရောက်လာခြင်းကြောင့်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အင်အားပိုကြီးလာတော့မည် ဖြစ်သည်။ သူတို့မျိုးနွယ်စုဝင်များသည် အခြားသောမျိုးနွဘ်စုဝင်များထက် ပိုတော်ကြပါသည်။ သူတို့သည် လူသစ်များမှာ ရှောက်ရွှမ်ခေါ်လာသောလူများဖြစ်သောကြောင့် ယုံကြည် စိတ်ချ၍ရပါသည်။

အကြီးအကဲက စားစရာများယူခဲ့ရန် ပြောသောအခါ၊ ထိုညီအကို၂ယောက်တို့သည် စိတ်ကောင်းဝင်နေသောကြောင့်၊ သူတို့ သိမ်းထားသော စားကောင်းသောက်ဖွယ်များကို ထုတ်ယူလာပါသည်။ သူတို့သည် ကုန်သွားသောအစားအသောက်များကို နောက်မှ ပြန်ဖြည့်၍ရ

ပါသည်။ သူတို့၏ ညီနောင်များကိုတော့ အငတ်မထားနိုင်ပါ။ သူတို့ညီနောင်များသည် အမိမြေကို ရောက်အောင် ခက်ခဲပင်ပန်းစွာ ပြန်လာခဲ့ရခြင်းဖြစ်သောကြောင့်၊ အားလုံးမှာ အစာအာဟာရပြတ်ပြီး၊ ပိန်လှီနေကြပါသည်။

သူတို့ညီအကို ၂ယောက်သည် ပျော်ရွှင်စွာ စကားပြောနေချိန်တွင်၊ တစ်ယောက်က သူတို့ကို လှမ်းခေါ်လိုက်သည်။

“ယန်ကျိနဲ့ကျောင်းဝူ စောင့်ဦး”

သူတို့သည် လှမ်းကြည့်လိုက်သောအခါ လုံကျိုးမျိုးနွယ်စုမှ ဟဲ့အာဟုခေါ်သော လေလွင့်သူတစ်ယောက် ဖြစ်နေသည်။

အမိမြေသို့ ပြန်ရောက်လာပြီးနောက် ယန်ကျိ၊ကျောင်းဝူနှင့် ကျန်သူများမှာ နတ်စွမ်းအင်များ နိုးထလာကြပြီ ဖြစ်သောကြောင့် အရင်ထက် ပိုအစွမ်းထက်လာကြပြီ ဖြစ်သည်။

ဟဲ့အာသည် သူ့တွင် ရွေးချယ်စရာ မရှိတော့သောကြောင့်၊ သူတို့နောက်သို့ မျှော်လင့်တကြီးလိုက်လာကြခြင်း ဖြစ်သည်။ သို့သော် သူသည် အများကြီးတော့ မျှော်လင့်မထားပါ။ သူသည် သားရဲများပျော်စံရာမြေသို့ ရောက်နေသော်လည်း၊ သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အစောင့်အရှောက်အောက်တွင် နေနေခြင်းဖြစ်သည်။ တစ်ခါတရံတွင်တော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် လေလွင့်သူများကို ငှားရမ်းပြီး အစောင့်အရှောက်အနေနှင့် ထားကြသည်။ ဟဲ့အာတို့လို နတ်စွမ်းအင် မနိုးထသေးသူများကလည်း ထိုသို့ နေထိုင်ရခြင်းကို ကျေနပ်ကြသည်။ ဟဲ့အာသည် လေလွင့်သူအမျိုးသမီးတစ်ယောက်နှင့် လက်ထပ်လိုက်ပြီး၊ ကလေးတစ်ယောက် ရခဲ့သည်။

သို့သော် လေလွင့်သူတစ်ယောက်က ဝမ်ရှစ်မျိုးနွယ်စုသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို တိုက်ခိုက်ရန် တာစူနေကြောင်းကို လာပြောထားသည်။ သူတို့အင်အားစု၏ တဝက်လောက်က တောအုပ်ထဲမှ ထွက်ခွာသွားကြပြီဖြစ်သည်။

ကြည့်ရသည်မှာ မီးတောက်ဦးချိုမျိုးနွယ်စုသည် ပြိုလဲတော့မည် ထင်ပါသည်။

ထိုနေရာတွင် အချိန်ကြာမြင့်စွာနေလာသဖြင့်၊ သူတို့သည် ဝမ်ရှစ်မျိုးနွယ်စုဝင်များအကြောင်းများကို ကြားထားကြပါသည်။ ဝမ်ရှစ်မျိုးနွယ်စုဝင်များ၏ စရိုက်လက္ခဏာများကိုလည်း သိထားကြသည်။ ထို့ကြောင့် လေလွင့်သူများသည် ဝမ်ရှိမျိုးနွယ်စုဝင်များကို သံသယဝင်နေကြပြီဖြစ်သည်။ သူတို့သည် ထိုနေရာတွင် နေလာသည်မှာ နေသားကျနေပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထိုနေရာမှ ရွှေ့ပြောင်းချင်တော့ပါ။

ဟဲ့အာသည် ယန်ကျိသို့မဟုတ် သူရင်းနှီးသော စစ်သည်တော်များနှင့် တိုင်ပင်ဆွေးနွေးချင်သော်လည်း၊ ထိုသူများအား ရှာမတွေ့ပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေကြပါသည်။ အစောင့်များကလည်း သူတို့ကို ဘာမှမပြောပြပါ။

လေလွင့်သူများက တိတ်တဆိတ်ထွက်ခွာသွား

ကြသောအခါ၊ အစောင့်များက သူတို့ကို မတားကြပါ။ ကျန်လေလွင့်သူများ ထွက်ခွာသွားကြသော်လည်း၊ ဟဲ့အာကတော့ မသွားပါ။ ဟဲ့အာသည် သူတို့၏ကမ်းလှမ်းချက်များကို ငြင်းဆိုခဲ့သသည်။ သူသည် အနာဂတ်အတွက် မသေချာမရေရာဖြစ်နေသော်လည်း။ ထိုနေရာမှတော့ ထွက်ခွာ မသွားချင်ပါ။

တစ်နေ့တွင်တော့ သူသည် ယန်ကျိတို့ ညီအကိုနှင့် တွေ့ဆုံကြပါသည်။

“မင်းတို့၂ယောက်ဘာလုပ်နေကြတာလဲ” ဟဲ့အာက သူတို့အား စစ်ပွဲသတင်းကို မေးချင်သော်လည်း၊ သူတို့ညီအကို၂ယောက်ကို ကြည့်ရသည်မှာ စစ်ပွဲအတွက် ပြင်ဆင်နေသည်နှင့်မတူဘဲ၊ ပျော်ပွဲရွှင်ပွဲတစ်ခု ကျင်းပတော့မည့်လူများနှင့် တူနေပါသည်။

“လူသစ်တွေ ရောက်နေတယ်… ငါတို့ သွားတွေ့ကြမယ်” ကျောင်းဝူက ပျော်ရွှင်စွာ ပျော်လိုက်သည်။

“လူသစ်တွေ ဟုတ်လား… ဘယ်မျိုးနွယ်စုကလဲ” ဟဲ့အာက မေးလိုက်သည်။

“မီးတောက်ဦးချိုမျိုးနွယ်စုပေါ့ကွ”

ဟဲ့အာက မီးတောက်ဦးချိုမျိုးနွယ်စုဝင်မှ လေလွင့်သူများ ပြန်ရောက်လာသည်ဟု ထင်သွားပြီး၊ “ဘယ်နှယောက်လဲ…ခင်ဗျားတို့ကို ကြည့်ရတာ ပျော်နေသလိုပဲ” ဟုပြောလိုက်သည်။

ကျောင်းဝူက သူ့ကို လက်လေးချောင်းထောင်ပြလိုက်သည်။

“၄၀လား” ဟဲ့အာက မေးလိုက်သည်။

ကျောင်းဝူက ခေါင်းခါလိုက်သည်။

“လေးရာလား…” ဟဲ့အာ တုန်လှုပ်သွားပါသည်။ လေးရာဆိုသည်မှာ အတော်များပါသည်။

ကျောင်းဝူက ခေါင်းခါပြလိုက်ပြန်သည်။

“လေး…‌လေး…” ဟဲ့အာက တုန်လှုပ်နေပါသည်။

“ဟား…ဟား…ဟား… လေးထောင်ကွ…လေးထောင်… မင်းနဲ့စကားပြောနေဖို့ အချိန်မရှိဘူး… သူတို့တွေ ငါတို့ကို စောင့်နေတယ်”

“ဘာ… လေလွင့်သူ၄၀၀၀ ဟုတ်လား” ဟဲ့အာက မေးလိုက်သည်။

“ လေလွင့်သူတွေ မဟုတ်ဘူးကွ… ငါတို့လို လူတွေချည်းပဲ…” ကျောင်းဝူသည် ထိုကိစ္စနှင့် ပတ်သက်ပြီး သိပ်မကျေနပ်သေးပါ။ သူသည် လူသစ်များ၏ အစွမ်းများကို ကြည့်ချင်နေပါသည်။

ဟဲ့အာက ကျောင်းဝူတို့ ညီအကို ထွက်ခွာသွားသည်ကို ကြည့်ပြီး အံ့ဩနေပါသည်။ ထို့နောက် သူ့နဖူးသူ လက်နှင့် ရိုက်ပြီး၊ အိမ်သို့ ပြန်ပြေးသွား

ပါသည်။

သူသည် အဖြစ်အပျက်အားလုံးကို နားမလည်သေးသော်လည်း၊ အရေးကြီးသော ကိစ္စတစ်ခုခုဖြစ်နေပြီဆိုတာကိုတော့ သိလိုက်ပါသည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို ကြည့်ရသည်မှာ စစ်ပွဲအတွက် ပြင်ဆင်နေသည်နှင့် မတူပါ။

“ထွက်သွားရမှာလား… ဘယ်တော့မှ မသွားနိုင်ဘူး”

သူသည် ထိုနေရာတွင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ အစောင့်အရှောက်အောက်တွင် နေနေရခြင်းဖြစ်သည်။ အခြားလူများ၏ လက်အောက်တွင် နေရမည်ဆိုလျှင်၊ သူ့ဘဝက အခုလို သာယာမည် မဟုတ်ပါ။ လေလွင့်သူတစ်ယောက်အနေဖြင့်၊ အခုလို အခွင့်အရေးသည် ရှားပါးအခွင့်အရေး တစ်ခုဖြစ်သည်။ ဟဲ့အာက သူနေရသော ဘဝကို အကျေနပ်ကြီး ကျေနပ်နေပါသည်။ အခြားလေလွင့်သူများက ထွက်ခွာသွား

မည်ဆိုလျှင်တောင်၊ သူကတော့ ထွက်ခွာသွားမည် မဟုတ်ပါ။

ညရောက်သောအခါ၊ မီးဖိုကြီးထဲမှ မီးတောက်များက တောက်လောင်နေပါသည်။ စစ်သည်တော်များကတော့ မီးပုံနားတွင် ထိုင်နေပြီး စကားစမြည် ပြောဆိုနေကြသည်။

နောက်ဆုံးတွင် ရှောက်ရွှမ် ပြန်ရောက်လာပြီ ဖြစ်သည်။ လောင်ခဲ့သည် ရှောက်ရွှမ်အတွက် စွပ်ပြုတ်အိုးကြီးတစ်လုံးကို ပြုတ်ပေးထားသည်။ ရှောက်ရွှမ်သည် ဗိုက်ကားအောင် စားသောက်ပြီးနောက်၊ ရေမိုးချိုးကာ အိပ်စက်လိုက်ပါသည်။ ရှောက်ရွှမ်သည် ဘိုးဘေးများ၏ အရိုးမှ စွမ်းအင်များကို ထုတ်ယူသုံးစွဲလာသူ ဖြစ်သောကြောင့်၊ အခြားလူများထက် ပင်ပန်းနေပါသည်။ သူသည် အားအနည်းငယ် ပြန်ပြည့်လာချိန်တွင်၊ နီလာကြီးအား အဆင့်မြှင့်ပေးခဲ့ရသေးသည်။ ထိုအခါ သူသည် အားများ ပြန်ကုန်သွားပါသည်။

ရှောက်ရွှမ်သည် ၂ရက်လောက် ဆက်တိုက်အိပ်လိုက်ပါသည်။ ရှောက်ရွှမ်ကလည်း အိပ်ရာမှ မထသလို၊ သူ့ကို ဘယ်သူကမှလည်း မနှိုးပါ။

တတိယမြောက်နေ့တွင်၊ ရှောက်ရွှမ်နိုးလာသောအခါ၊ ရွာထဲတွင် အိမ်သစ်များ ဆောက်လုပ်ထားသည်ကို တွေ့လိုက်ရသည်။ တချို့အိမ်များမှာ အုတ်များဖြင့် ဆောက်လုပ်ထားသလို၊ တချို့အိမ်များမှာ သစ်သားများနှင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။ အိမ်အားလုံးကို အုတ်နှင့်ဆောက်ရန် မလုံလောက်သောကြောင့်၊ တချို့အိမ်များကို သစ်သားများနှင့် ဆောက်လုပ်ရခြင်း ဖြစ်သည်။

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း (၄၉၇) အပြောင်းအလဲများ

ရှောက်ရွှမ်နိုးလာသောအခါ၊ လောင်ခဲ့သည် နတ်ဆေးဆရာက ရှောက်ရွှမ်အား ရှာနေကြောင်းကို ပြောလိုက်သည်။ နတ်ဆေးဆရာလွှတ်လိုက်သောသူများမှာ ရှောက်ရွှမ်အိပ်နေသည်ကို သိသောကြောင့် ပြန်သွားကြခြင်း ဖြစ်သည်။ ထို့ကြောင့် ရှောက်ရွှမ်သည် အိပ်ရာမှ နိုးလာသောအခါ၊ နတ်ဆေးဆရာနှင့် သွားတွေ့ရန် ပြင်နေပါသည်။

ရှောက်ရွှမ်သည် လက်ထဲမှ ပန်းကန်လုံးကို ချထားလိုက်ပြီး၊ လောင်ခဲ့အား အိုးခွက်များဆေးကြောပေးမလို့ လုပ်နေသည်။ သို့သော် လောင်ခဲ့က သူ့အား “သွားစမ်းပါကွာ… မင်းကို နတ်ဆေးဆရာတွေနဲ့ အကြီးအကဲတွေ စောင့်နေတယ်” ဟုပြောလိုက်သည်။

ရှောက်ရွှမ်က ပြုံးလိုက်ပြီး အသားများဝါးစား

နေသော ဆီဆာ၏ ဦးခေါင်းကို လက်နှင့် ပုတ်ပေးလိုက်သည်။ ထို့နောက် သူသည် နတ်ဆေးဆရာဆီသို့ ထွက်ခွာသွားပါသည်။

လမ်းတလျှောက်တွင်၊ စကားစမြည်ပြောဆိုနေကြသော စစ်သည်တော်များကို ရှောက်ရွှမ်တွေ့လိုက်ရသည်။ အနားတွင်တော့၊ အဖွဲ့၂ဖွဲ့လုံးမှ လူများသည် အုတ်တိုက်တစ်လုံးကို တက်ညီလက်ညီဆောက်လုပ်နေကြသည်။

အမှန်တော့ နတ်ဆေးဆရာသည် သူ့အားဘာကြောင့်တွေ့ချင်နေသလဲကို ရှောက်ရွှမ်က သိနေပါသည်။ အရေးအကြီးဆုံးကိစ္စမှာ မျိုးနွယ်စု၂ခြမ်း ပြန်ပေါင်းစည်းရေးမဟုတ်သလို၊ ပင်မမျိုးစေ့အကြောင်းလည်း မဟုတ်ပါ။ အရေးအကြီးဆုံးကိစ္စမှာ မီးမျိုးစေ့ပင် ဖြစ်သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက၊ သူတို့မျိုးနွယ်စုသည် မီးမျိုးစေ့ကြောင့် ၂ခြမ်းကွဲသွားခြင်း ဖြစ်သည်။ ၂ဖက်လုံးသည် သဘောတူညီချက်

တစ်ခုကို မယူနိုင်သောကြောင့်၊ ပြိုကွဲသွားခဲ့ရသည်။ ဘယ်သူကမှားလဲ၊ ဘယ်သူကမှန်လဲတော့ သူတို့လည်း မပြောတတ်ပါ။ အဖွဲ့၂ဖွဲ့လုံးကတော့ ကိုယ့်အဖွဲ့ကို ကောင်းစေချင်သည့် ရည်ရွယ်ချက်များ ကိုယ်စီရှိကြသည်။ သို့သော် ၂ဖွဲ့လုံးသည် မျိုးနွယ်စုကို ပြိုကွဲစေချင်သည့် စိတ်ဆန္ဒတော့ မရှိပါ။ သူတို့ ၂ဖွဲ့သည် နှစ်ပေါင်း၁၀၀၀ကြာမှ ပြန်တွေ့ကြခြင်း ဖြစ်သောကြောင့်၊ မျိုးနွယ်စုတစ်ခုတည်းအဖြစ် ပြန်ပေါင်းဆုံရန် လွယ်ကူမည် မဟုတ်ပါ။ သူတို့သည် အစီအစဉ်တစ်ခုကို ရေးဆွဲရန် လိုအပ်နေပါသည်။ မီးမျိုးစေ့နှင့် ပတ်သက်ပြီး ပဍိပက္ခများဖြစ်ပေါ်လာလျှင်၊ သူတို့မျိုးနွယ်စု၂ခြမ်းသည် မျိုးနွယ်စုတစ်ခုတည်းအဖြစ် ထွက်ပေါ်လာရန် လွယ်ကူမည် မဟုတ်ပါ။

ရှောက်ရွှမ်သည် မျိုးနွယ်စု၂ခြမ်း ပြန်ပေါင်းစည်းရေးအတွက် အရေးပါသူတစ်ယောက် ဖြစ်နေသည်။ ထို့ကြောင့် အားလုံးက ရှောက်ရွှမ်၏ အမြင်သဘောထားကို သိချင်နေကြခြင်းဖြစ်သည်။

နတ်ဆေးဆရာ၏ အိမ်အပြင်ဘက်တွင် အစောင့်များက စောင့်ကြပ်နေပါသည်။ ရှောက်ရွှမ်ရောက်လာသောအခါ၊ အစောင့်များက လမ်းဖယ်ပေးလိုက်ကြသည်။

ရှောက်ရွှမ်သည် အိမ်ထဲသို့ဝင်သွားသောအခါ၊ အခြေအနေများမှာ ထူးဆန်းနေပါသည်။

“ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ရဲ့ လူအင်အားတစ်ဝက်လောက်ကို အဲဒီလို လွှတ်လိုက်မို့တော့ မကောင်းဘူးထင်တယ်… အဲဒီလို လွှတ်လိုက်မယ်ဆို အမိမြေမှာ အင်အားနည်းသွားမှာပေါ့”

“ ခင်ဗျားတို့အားလုံး အဲဒီလမ်းကြောင်းအတိင်း ပြန်လာမယ်ဆိုတာ ကျုပ်က ဘယ်လိုသိမှာလဲ… ရှောက်ရွှမ်က မီးမျိုးစေ့နဲ့ ပြန်ရောက်လာမယ်ပဲ ထင်တာပေါ့… လူအရမ်းနည်းနေတယ်ဆိုရင် မီးမျိုးစေ့ကို ဘယ်လိုလုပ်ကာကွယ်နိုင်တော့မှာလဲ… ကန္တာရဆိုတာ အန္တာရာယ်ကများပါဘိသနဲ့… နောက်ပြီးတော့ ကန္တာရထဲကနေ တောအုပ်ထဲကို ရောက်ဖို့ဆိုတာ အဝေးကြီးသွားရတာ… လမ်းမှာ

ကျွန်ပိုင်ရှင်တွေ၊ အခြားမျိုးနွယ်စုဝင်တွေရဲ့ ရန်မူတာနဲ့တိုးရင် ကျုပ်တို့ဘာလုပ်ကြမလဲ”

“ဟာသပဲ… မီးမျိုးစေ့အကြောင်းကို မပြောပါနဲ့ဗျာ… ကျုပ်တို့မှာ မီးမျိုးစေ့ပါလာတယ်ဆိုရင်တောင် ၊ မီးမျိုးစေ့ကို ကျုပ်တို့ဟာကျုပ်တို့ စောင့်ရှောက်နိုင်ပါတယ်”

“ခင်ဗျားတို့အားလုံးကအဲဒီလိုလုပ်နေရင် မျိုးနွယ်စုပြိုကွဲသွားဖို့ပဲ ရှိတယ်”

နတ်ဆေးဆရာ၂ယောက်က အသည်းအသန်ငြင်းခုန်နေချိန်တွင်၊ မျိုးနွယ်စုခေါင်းဆောင်၂ယောက်ကတော့ မြေကြီးကိုသာ စိုက်ကြည့်နေကြသည်။ ဘယ်သူကမှ နတ်ဆေးဆရာ၂ယောက် ငြင်းခုန်နေသည်ကို မတားရဲကြပါ။ ကွေ့ဇယ်ကတော့ မျက်နှာကြီးနီနေပြီ ဖြစ်သည်။ သူသည်လည်း နတ်ဆေးဆရာများအား မတားနိုင်တော့ပါ။

ရှောက်ရွှမ်ရောက်လာသောအခါ၊ အားလုံးက

သူ့ကို အားကိုးတကြီးနှင့် လှမ်းကြည့်လိုက်သည်။

“အားရွှမ်…ရောက်လာပြီလား”

“ရှောက်ရွှမ်…မင်းနိုးလာပြီလား”

ရှောက်ရွှမ်ရောက်လာသောအခါမှ၊ နတ်ဆေးဆရာ၂ယောက်က ငြင်းခုန်နေသည်မှာ ရပ်တန့်သွားသည်။သူတိုမျက်နှာထားများမှာ တင်းမာနေကြသော်လည်း၊ ရှောက်ရွှမ်ရောက်လာသည်ကို တွေ့သောအခါ၊ သူတို့သည် အနည်းငယ် စိတ်ကျေနပ်သွားကြသည်။ နတ်ဆေးဆရာ၂ယောက်လုံးက ရှောက်ရွှမ်အား ခုံတစ်လုံးတွင် ဝင်ထိုင်ရန် အချက်ပြလိုက်သည်။

အရင်တုန်းကဆိုလျှင်၊ ထိုနေရာတွင် ခုံ၂လုံးရှိသည်ကို ရှောက်ရွှမ်သိပါသည်။ တစ်လုံးမှာ အကြီးအကဲအတွက် ဖြစ်ပြီး၊ တစ်လုံးမှာ နတ်ဆေးဆရာအတွက် ဖြစ်သည်။ အခုတော့ ခုံများ မရှိတော့ဘဲ၊ နှစ်ဖက်လုံးမှာ အမဲလိုက်အဖွဲ့ခေါင်းဆောင်များနှင့် အကြီးအကဲများသည်

မြေပေါ်တွင်သာ တန်းစီပြီးထိုင်နေကြသည်။ သူတို့ရှေ့တွင်တော့ ခုံတစ်လုံးကို ချထားပါသည်။

အားလုံးက သူ့ကို ကြည့်နေသဖြင့်၊ ရှောက်ရွှမ်လည်း ငြင်းမနေတော့ဘဲ၊ သွားထိုင်လိုက်သည်။

ရှောက်ရွှမ် ပြန်ရောက်လာသောအခါ၊ နတ်ဆေးဆရာက ကျန်နေသေးသော ဘိုးဘေးများ၏ အရိုး၂ချောင်းကို ပေးလိုက်သည်။ ရှောက်ရွှမ်လည်တွင် ဆွဲထားသော အရိုးများသည် စွမ်းအင်များကုန်နေသောကြောင့်၊ အရိုးများတွင် အလှဆင်ထားသော ပုတီးစေ့လေးများမှာ အရောင်များမှိန်နေပြီဖြစ်သည်။ နတ်ဆေးဆရာက နောက်ထပ် အရိုး၂ချောင်းကို ပေးလိုက်သောအခါ၊ ရှောက်ရွှမ်တွင် အားလုံးပေါင်း အရိုး၆ချောင်း ရှိသွားပြီဖြစ်သည်။ အရိုး၆ခြောင်း ပေါင်းဆုံသွားသောအခါ၊ ပုတီးစေ့များသည် အရောင်အနည်းငယ် ပြန်တောက်လာသည်။

“အရှင်တို့ဘာတွေ ဆွေးနွေးနေကြတာလဲ” ရှောက်ရွှမ်ကမေးလိုက်သည်။

ရှောက်ရွှမ်က နတ်ဆေးဆရာ၂ယောက် ငြင်းဆိုနေသည်များကို ဘာမှမပြောတော့ပါ။

အော့က နတ်ဆေးဆရာ၂ယောက် ပြန်လည်ငြင်းခုန်နေကြမည်ကို စိုးရိမ်သောကြောင့်၊ စကားကို အလျင်အမြန် ဖြတ်ပြောလိုက်သည်။ နတ်ဆေးဆရာ၂ယောက်တို့သည် ဘာကြောင့် ငြင်းခုန်နေကြသလဲကို သူလည်း မသိပါ။ လွန်ခဲ့သော ၂ရက်ကလည်း၊ နတ်ဆေးဆရာ၂ယောက်တို့သည် အကြိမ်ပေါင်းများစွာ စကားများခဲ့ကြသည်။

“ပြီးခဲ့တဲ့၂ရက်လောက်က ထွက်သွားတဲ့လူတွေအကြောင်းကို ပြောနေကြတာ” အော့ကပြောလိုက်သည်။

ဝမ်ရှစ်မျိုးနွယ်စုက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို တိုက်ခိုက်မည့် သတင်းများထွက်ပေါ်နေသောကြောင့်၊ တချို့လူများက ကြောက်ရွံ့နေကြသည်။ ထိုလူများထဲတွင် လေလွင့်သူများနှင့်

မီးတောက်ဦးချိုမျိုးနွယ်စု၏ စစ်သည်တော်များ ပါဝင်နေသည်။ ထိုလူများသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင် အစစ်များမဟုတ်ကြဘဲ၊ မီးတောက်ဦးချိုမျိုးနွယ်စုလက်အောက်သို့ ဝင်လာကြသော လေလွင့်သူများ ဖြစ်ကြသည်။သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စု၏ အကာအကွယ်ကို ယူထားကြသော်လည်း၊ မီးတောက်ဦးချိုမျိုးနွယ်စုက အန္တရာယ်နှင့် တွေ့ကြုံရသည့်အခါ စွန့်ခွာထွက်ပြေးသွားကြသည်။

မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ထိုကဲ့သို့ ခြံစည်းရိုးခွထိုင်နေသူများအား မကြိုက်နှစ်သက်ကြပါ။ နာမည်စာရင်းတစ်ခု ပြုလုပ်ပြီးသွားသောအခါ၊ သူတို့သည် မျိုးနွယ်စုကို စွန့်ခွာသွားသူများအား နာမည်ပျက်စာရင်း တင်သွင်းလိုက်သည် ဖြစ်သည်။ သူတို့အား နောင်တကြိမ်ခိုလှုံခွင့်လာတောင်းလျှင် လက်ခံတော့မည် မဟုတ်ပါ။

သူတို့မျိုးနွယ်စုသည် သားရဲများပျော်စံရာမြေသို့ ပြောင်းရွှေ့လာသောအခါ၊ တချို့လူများက

လည်း မျိုးနွယ်စုထဲမှ ထွက်ခွာသွားကြသည်။ သို့သော် မကြာခင်အချိန်အတွင်းတွင်၊ တချို့လူများက မျိုးနွယ်စုထဲတွင် ခိုလှုံခွင့်ရရန် ပြန်တောင်းပန်နေကြသည်။ ၎င်းတို့သည် မျိုးနွယ်စုဝင်များကို တစ်ခါ သစ္စာဖောက်ပြီးသူများ ဖြစ်ကြသည်။ ဝမ်ရှစ်မျိုးနွယ်စုဝင်များက နောက်တကြိမ်စစ်ကြေညာလာဦးမည်ဆိုလျှင်၊ ထိုသူများက ထွက်ပြေးသွားကြဦးမည် ဖြစ်သည်။

“ပြီးတော့ မီးမျိုးစေ့နဲ့ပတ်သက်ပြီးတော့ ဆုံးဖြတ်ရဦးမယ်” အော့က ထိုအကြောင်းများကို ဆက်မပြောတော့ပါ။ မီးမျိုးစေ့သာမရှိလျှင်၊ သူတို့သည် အဆင်ပြေစွာ နေထိုင်နိုင်မည် မဟုတ်ပါ။ သို့သော် သူတို့ရှေ့တွင် ရောက်နေသူများသည်၊ ဘိုးဘေးများ၏ ဆုံးဖြတ်ချက်ကြောင့် ဖြစ်ပေါ်လာသောသူများဖြစ်ကြသည်။ ၂ဖွဲ့လုံးက မတူညီသော ပတ်ဝန်းကျင်တွင် ကြီးပြင်းလာကြသူများဖြစ်သည်။ ထို့ကြောင့် အော့သည် မည်သို့ဆုံးဖြတ်ရမလဲ မသိဖြစ်နေသည်။

အော့သာ မဟုတ်၊ အမဲလိုက်အဖွဲ့ခေါင်းဆောင်

များသည်လည်း တွေဝေနေကြသည်။ တချို့လူများက မီးမျိုးစေ့မရှိတော့မှာကို စိတ်ပူနေပြီး၊ တချို့ကလည်း သမုဒ္ဒရာတစ်ဖက်ကမ်းမှ လူများလိုမျိုးနွယ်စု၂ခြမ်းကွဲသွားမည်ကို စိုးရိမ်နေပါသည်။ ကျန်းလော်ကလည်း သူတို့ကို ထိုအကြောင်းများ ပြောထားပြီးပြီ ဖြစ်သည်။

ထိုအကြောင်းများကို ပြောပြီးသွားသောအခါ၊ အိမ်ထဲတွင် တိတ်ဆိတ်သွားပါသည်။

နတ်ဆေးဆရာအိုကြီးသည် နတ်ဆေးဆရာမအဖွားကြီး မပြောခင် ဖြတ်ပြောလိုက်သည် “အားရွှမ်…မင်းအမြင်ကို ငါတို့ကို ပြောပါဦး”။

ရှောက်ရွှမ်ကို မြင်သောအခါမှ၊ နတ်ဆေးဆရာမသည် ဒေါသများကို မျိုသိပ်ထားလိုက်ပြီး၊ ဘာစကားမှဆက်မပြောတော့ပါ။ သူမသည် ရှောက်ရွှမ်ဘာပြောမလဲ စောင့်နေပါသည်။ ဘိုးဘေးများ၏ စွမ်းအင်ကို နှိုးထစေနိုင်သူသည် ဘိုးဘေးများက ယုံကြည်စိတ်ချသောသူတစ်ယောက် ဖြစ်ရမည်။ ထို့ကြောင့် အားလုံးအတွက် ရှောက်ရွှ

မ်၏ အမြင်များက အရေးပါနေခြင်း ဖြစ်သည်။

မီးမျိုးစေ့ပြဿနာကိုတော့ မဖြေရှင်း၍မရပါ။ ရွှေ့ဆိုင်းထားမည်ဆိုလျှင် ကြာလေပိုဆိုးလေ ဖြစ်တော့မည် ြစ်သည်။ သူတို့က ထိုပြဿနာကို မဖြေရှင်းလျှင်၊ ရှေ့ဆက်ပြီး ဆွေးနွေး၍ရတော့မည် မဟုတ်ပါ။ မီးမျိုးစေ့သည် သူတို့ဖြစ်တည်မှုထဲမှ ထွက်ပေါ်လာနိုင်လျှင်၊ ဖယ်ရှား၍လည်း ရရမည် ဖြစ်သည်။ ဘိုးဘေးများ၏ မှတ်တမ်းများထဲတွင်တော့ မီးမျိုးစေ့ကို ဖယ်ရှားသည့် နည်းလမ်းများကို ရေးသားထားပါသည်။ သို့သော် ၎င်းတို့သည် မီးမျိုးစေ့ကို အားလုံး၏ ခန္ဓာကိုယ်ထဲသို့ ပြောင်းရွှေ့မလား၊ မူလအခြေအနေအတိုင်းပဲ ဆက်ထားရမလား မသေချာသေးပါ။

ရှောက်ရွှမ်က ထိုအကြောင်းများကို စဉ်းစားမိသော်လည်း၊ ဆုံးဖြတ်ချက်ကိုတော့ မချရသေးပါ “ခင်ဗျားတို့တွေ မိုးမျိုးနွယ်စုကို သိကြတယ် မဟုတ်လား”

တချို့လူများက ခေါင်းညိတ်ပြကြသည်။

တချို့လူများကတော့ မိုးမျိုးနွယ်စုဝင်များအကြောင်းကိုသာ ကြားဖူးထားကြသည်။

မိုးမျိုးနွယ်စုက သူတို့ရဲ့အရည်အချင်းကြောင့် နာမည်ကျော်ကြသော်လည်း၊ အများစုကတော့ သူတို့၏ သမိုင်းကြောင်းကို မသိကြပေ။

ရှောက်ရွှမ်က ဆက်ပြောသည် “ မိုးမျိုးနွယ်စုဝင်တွေက ကန္တာရနားက ဖုန်းဆိုးမြေတစ်ခုမှာ နေကြတယ်... သူတို့တွေနေတဲ့ နေရာက ရေရှားတော့ ဘဝတွေက အဆင်မပြေဘူးဆိုပါတော့… မိုးမျိုးနွယ်စုရဲ့ နတ်ဆေးဆရာကတော့ မိုးကို ခေါ်နိုင်တယ်… အဲဒီတော့ နတ်ဆေးဆရာက မျိုးနွယ်စုရဲ့ အဓိက ဒေါက်တိုင်ပဲ ဆိုပါတော့”။

လူများသည် မိုးမျိုးနွယ်စုဝင်များ၏ သမိုင်းကြောင်းများကို ကောင်းစွာ မသိကြပါ။

“မိုးမျိုးနွယ်စုဝင်တွေရဲ့ နတ်ဆေးဆရာက မိုးကို ခေါ်နိုင်တာ မီးမျိုးစေ့ရဲ့ အစွမ်းကို သုံးနိုင်လို့ပဲ… ဒါပေမဲ့ တဖြည်းဖြည်းနဲ့ မိုးကိုခေါ်နိုင်တဲ့

ပညာက တိမ်ကောလာတယ်ဆိုပါတော့... နောက်ပိုင်းမှာ မိုးကိုခေါ်ရတာက ခက်ခဲလာတယ်…ခေါ်တဲ့အကြိမ်တိုင်းမအောင်မြင်တော့ဘူး… ပြီးခဲ့တဲ့ နှစ်၁၀၀၀လောက်ကစပြီး၊ မိုးကိုခေါ်တယ်ဆိုတာ ဒဏ္ဍာရီလာပုံပြင်တစ်ခုလို ဖြစ်လာတယ်… ဒါပေမဲ့ လွန်ခဲ့တဲ့၂နှစ်က သူတို့မျိုးနွယ်စုက အသစ်တင်မြှောက်လိုက်တဲ့ နတ်ဆေးဆရာကတော့ မိုးကို ခေါ်နိုင်ခဲ့တယ်… ဒါပေမဲ့ လွယ်လွယ်ခေါ်နိုင်ခဲ့တာတော့ မဟုတ်ဘူး”

ရှောက်ရွှမ်ပြောသည်ကို ကြားလိုက်ရသောအခါ၊ အော့တို့သည် တုန်လှုပ်သွားကြသည်။

မီးမျိုးစေ့သည် ဤဘက်ကမ္ဘာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။ ၎င်းသည် တစ်နေ့နေ့တွင်တော့ ငြိမ်းသွားပေလိမ့်မည်။ မီးမျိုးစေ့ကို ထာဝရတောက်လောင်နေစေရန်အတွက်တော့၊ သူတို့မျိုးရိုးစဉ်ဆက် ထိန်းသိမ်းမှသာ ဖြစ်ပေလိမ့်မည်။

အကယ်၍ မီးမျိုးစေ့သာ ပျောက်ကွယ်သွား

မည်ဆိုပါက၊ မိုးမျိုးနွယ်စုဝင်များသည် မိုးကိုခေါ်နိုင်တော့မည် မဟုတ်ပေ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည်လည်း စွမ်းအင်များကို ဆုံးရှုံးသွားရမည် ဖြစ်သည်။

မီးတောက်ဦးချိုမျိုးနွယ်စုသည် သူတို့ခွန်အားဗလများကို ဆုံးရှုံးလိုက်ရပါက၊ သူတို့သည် မျိုးနွယ်စုများကြားတွင် ဘယ်လိုလုပ်ပြီးရပ်တည်ရမည်နည်း။ မျိုးနွယ်စုများကျင့်သုံးသော၌ဥပဒေမှာ အသန်စွမ်းဆုံးသာ ရှင်သန်မှာ ဆိုသော ဥပဒေပင် ဖြစ်သည်။

မိုးမျိုးနွယ်စုဝင်များ၏ အဖြစ်သည် အစသာ ရှိပါသေးသည်။

သူတို့သည် မီးမျိုးစေ့မရှိတော့ခြင်း၏ အကျိုးဆက်ကို ကောင်းမွန်စွာ မခံစားရသော်လည်း၊ နောင်နှစ်ပေါင်း၁၀၀၀ ကြာလျှင် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ နောင်လာနောင်သားများက သူတို့ကို အပြစ်တင်ကြမလား။ သူတို့သည် ရာဇဝင်တွင် တရားခံများ

အဖြစ် သမိုင်းတွင်သွားမည်လား။

ရှောက်ရွှမ်သည် ဘေးဘီကို ကြည့်လိုက်ပြီး “ အားလုံးက စိတ်ပူနေတာကို ကျွန်တော်သိပါတယ်.. ဘိုးဘေးတွေရဲ့မှတ်တမ်းတွေအရဆိုရင် “ချီ”ဆိုတဲ့ ဘိုးဘေးတစ်ယောက် ထားခဲ့တဲ့ စာတစ်ကြောင်းရှိတယ်…” ဟုပြောလိုက်သည်။

ရှောက်ရွှမ်က “ချီ”အကြောင်းကို ရှင်းပြလိုက်သည်။ ထိုအချိန်တုန်းက မီးတောက်ဦးချိုမျိုးနွယ်စုသည် ဒုက္ခရောက်နေသည့်အချိန်ဖြစ်သည်။ နတ်ဆေးဆရာအပြောင်းအလဲဖြစ်ပေါ်ခဲ့သည် အချိန်လည်း ဖြစ်သည်။ ရာထူးမှ အနားယူလိုက်သော နတ်ဆေးဆရာအိုကြီးသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ သမိုင်းကြောင်းများကို တောအုပ်ထဲသို့ ယူဆောင်လာပြီး၊ ဂူတစ်လုံးထဲတွင် ဝှက်ထားခဲ့သည်။ သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ထိုအဖိုးတန် သမိုင်းကြောင်းများကို ပြန်လာယူမည့်အချိန်ကို စောင့်မျှော်နေခဲ့ပါသည်။ ရှောက်ရွှမ်က ထိုသမိုင်းကြောင်းမှတ်တမ်းများကို တွေ့ရှိခဲ့သူဖြစ်သောကြောင့်၊

အခုလက်ရှိမီးတောက်ဦးချိုမျိုးနွယ်စုဝင်များက ထိုသမိုင်းကြောင်းများကို သိရှိရခြင်း ဖြစ်သည်။

အခက်အခဲပေါင်းစုံရှိခဲ့သော်လည်း၊ နတ်ဆေးဆရာအသစ်က နောက်တင်မြှောက်မည့် နတ်ဆေးဆရာအလောင်းအလျာကို လေ့ကျင့်ပေးခဲ့သည်။ ထိုအချိန်တွင် နတ်ဆေးဆရာအသစ်၊ “ချီ”နှင့် အကြီးအကဲတို့သည် သဘာဝဘေးအန္တရာယ်များကြောင့် မျိုးနွယ်စုအားခေါ်ဆောင်ပြီး နေရာဟောင်းကို စွန့်ခွာခဲ့သည်။ သို့သော် လမ်းခရီးတွင် အခက်အခဲပေါင်းများစွာကို တွေ့ဆုံခဲ့ရသည်။ အကြီးအကဲနှင့် ချီတို့က မျိုးနွယ်စုတစ်ဝက်လောက်ကို ခေါ်ဆောင်လာပြီး လမ်းကြောင်းအသစ်တစ်ခုကို ရှာဖွေခဲ့သည်။ နတ်ဆေးဆရာကတော့ ကျန်သောလူများနှင့် ထွက်ခွာသွားခဲ့သည်။ ထိုအချိန်ကတည်းစပြီး သူတို့မျိုးနွယ်စုမှာ ၂ခြမ်းကွဲသွားခြင်း ဖြစ်သည်။

ကျန်းလော်ဦးဆောင်သည့်အဖွဲ့က မီးမျိုးစေ့ကို ပိုင်ဆိုင်နိုင်ခြင်းမှာ ချီကြောင့် ဖြစ်သည်။ ချီသည် သူတို့မျိုးနွယ်စုအတွက် စွန့်ဦးတီထွင်သူများ ဖြစ်

ကြသည်။

ရှောက်ရွှမ်သည် ချီအကြောင်းပြောရင်းနှင့်၊ နတ်ဆေးဆရာ၂ယောက်ကို ကြည့်လိုက်ပါသည်။ ရှောက်ရွှမ်ပြောပြနေသော အကြောင်းများမှာ ဘိုးဘေးများ၏ မှတ်တမ်းများထဲတွင် ပါသော အကြောင်းအရာများ ဖြစ်ကြသည်။ နတ်ဆေးဆရာ၂ယောက်လုံးက ခေါင်းညိတ်ပြလိုက်သောအခါ၊ ရှောက်ရွှမ်က ဆက်ပြောပါသည်။

“မှတ်တမ်းတွေထဲမှာတော့ ဘိုးဘေးချီက မီးမျိုးစေ့က ဘယ်တုန်းကမှ ပျောက်ကွယ်မသွားခဲ့ဘူးလို့ပြောတယ်… မီးမျိုးစေ့က မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေရဲ့ သွေးထဲမှာ အမြဲတမ်းရှိနေတယ်တဲ့… မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေရှိနေသရွေ့ မီးမျိုးစေ့ကလည်း ရှိနေဦးမှာပဲတဲ့… နောက်ပြီးတော့ သူပြောသွားတဲ့ စကားတစ်ခွန်းရှိသေးတယ်… မျိုးနွယ်စုရှိနေသရွေ့ မီးမျိုးစေ့က ရှိနေမယ်တဲ့…”

သူတို့အားလုံးသာ စုစည်းမှုရှိနေမယ်ဆိုပါက၊

မီးမျိုးစေ့မှ စွမ်းအင်များကို တစ်လုံးတစ်ခဲတည်း ရနိုင်မည် ဖြစ်သည်။ သို့သော် မျိုးနွယ်စုဝင်များ မစည်းလုံးပါက၊ မီးမျိုးစေ့ရှိနေမည်ဆိုလျှင်တောင်၊ သူတို့မျိုးနွယ်စုသည် ရေရှည် တည်တံ့နိုင်မည် မဟုတ်ပါ။ မီးမျိုးစေ့က လူများကိုသာ ထိန်းချုပ်နိုင်ပါသည်။ သူတို့၏ စိတ်နှလုံးသားများကို မထိန်းချုပ်နိုင်ပါ။ သစ္စာဖောက် တောက်ယွီလိုပင် လေလွင့်သူများသည် စစ်ပွဲဖြစ်တော့မည့်သတင်းကို ကြားသောအခါ မျိုးနွယ်စုကို စွန့်ခွာသွားကြသည်။

ကျန်းလော်တို့အဖွဲ့သည် လွန်ခဲ့သော နှစ်၁၀၀၀လောက်က မီးမျိုးစေ့နှင့်အတူ ပေါ်ထွက်လာခြင်း ဖြစ်သည်။ သူတို့သည် မီးမျိုးစေ့၏ စွမ်းအားများကို တစ်လုံးတခဲတည်းမရခဲ့သော်လည်း၊ ကျန်းလော်တို့မျိုးနွယ်စုသည် စည်းလုံးမှု မပြိုကွဲသွားပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ပြည့်စုံကြွယ်ဝသောဘဝများကို ကြိုးစားပြီးဆောက်တည်ခဲ့သည်။ ထို့ပြင် ၎င်းတို့သည် အခြားမျိုးနွယ်စုဝင်များက မီးမျိုးစေ့ကို ပစ်မှတ်ထားမည်ကို စိုးရိမ်စရာမလိုပါ။

သူတို့သည် ဘယ်လိုလမ်းမျိုးပဲ ရွေးရွေး၊ တစ်ခုခုကိုတော့ စတေးရမည် ဖြစ်သည်။

သားရဲတို့ပျော်စံရာမြေအပြင်ဘက်၊ ဝမ်ရှစ်မျိုးနွယ်စုဝင်များ၏ ရွာတွင်…။

ဝမ်ရှစ်မျိုးနွယ်စု၏ နတ်ဆေးဆရာသည် မီးဖိုကြီးနားတွင် ရပ်နေပါသည်။ သူသည် မီးမျိုးစေ့ကို စိုက်ကြည့်နေရင်း၊ စိတ်ဓာတ်ကျနေသည်။

“ကြောက်နေတယ်ကွ” ဝမ်ရှစ်မျိုးနွယ်စု နတ်ဆေးဆရာက ပြောလိုက်သည်။

“ဘာကို ကြောက်တာလဲ” နတ်ဆေးဆရာ၏ စကားကို မကြားလိုက်သော ဝမ်ရှစ်မျိုးနွယ်စုဝင်က မေးလိုက်သည်။

“မီးမျိုးစေ့လေ… မီးမျိုးစေ့က ကြောက်နေတယ်လို့” နတ်ဆေးဆရာက ထပ်ပြောလိုက်သည်။

“တစ်ခုခုတော့ ဖြစ်တော့မယ် ထင်တယ်”

(ဆက်ရန်…)

ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်

အခန်း(၄၉၈) လွတ်မြောက်ခြင်း

ထိုနေ့အစည်းအဝေးပွဲပြီးသောအခါ၊ နှစ်ဖက်ခေါင်းဆောင်များသည် ရက်အတော်ကြာ စဉ်းစားနေကြသည်။ တချို့က အိမ်တွင် တစ်ယောက်ထဲနေပြီး စဉ်းစားနေကြသလို၊ တချို့ကလည်း အုပ်စုဖွဲ့ပြီး ဆွေးနွေးနေကြသည်။ သူတို့မျိုးနွယ်စုသည် အခုလို ပြဿနာမျိုးကို တခါမှ မကြုံဖူးကြပါ။

အရင်တုန်းကဆိုလျှင်တော့ အမဲလိုက်အဖွဲ့ခေါင်းဆောင်များသည် ထွေထွေထူးထူး စဉ်းစားနေရန် မလိုပါ၊ အကြီးအကဲနှင့် နတ်ဆေးဆရာပြောသော စကားများကို နားထောင်ရန်သာ ရှိသည်။ အခုတော့ သူတို့အနေနှင့် သူတို့၏ ထင်မြင်ယူဆချက်များကို ထုတ်ဖော်ပြောရန် လိုအပ်လာပြီ ဖြစ်သည်။

ရှောက်ရွှမ်၏ စကားများသည် ၎င်းတို့အပေါ်

သက်ရောက်မှု အများကြီးရှိပါသည်။ သူတို့အနေနှင့် ဘယ်လမ်းကိုပဲရွေးရွေး၊ စွန့်လွှတ်မှုများကိုတော့လုပ်ရမည်သာ။ ထို့ကြောင့် သူတို့သည် မျိုးနွယ်စုအတွက် အကောင်းဆုံးဖြစ်မည့်လမ်းကို ရွေးချယ်ရန် လိုအပ်ပါသည်။

ထို့ကြောင့်၅ရက်ခန့် စဉ်းစားပြီးသွားသောအခါ၊ မီးမျိုးစေ့နှင့် ပေါင်းစည်းရန်ဆုံးဖြတ်ချက် ချလိုက်ကြပါသည်။

နောက်ဆုံးဆုံးဖြတ်ချက်ကို ကြေညာပြီးသွားသောအခါ၊ နှစ်ဖက်လုံးမှလူများသည် စိတ်သက်သာရာရသွားသည်။

အမိမြေမှလူများအတွက်တော့ ထိုဆုံးဖြတ်ချက်ကို ချရမည်မှာ မလွယ်ကူလှပါ။ ဆုံးဖြတ်ချက်ကို ချပြီးသွားပြီဖြစ်သောကြောင့်၊ အားလုံးစိတ်ထဲတွင် ပေါ့ပါးသွားပါသည်။ အမဲလိုက်အဖွဲ့ခေါင်းဆောင်များက သုန့်ကန်းတို့နှင့် မီးမျိုးစေ့နှင့် ပတ်သက်ပြီး ဘယ်လိုခံစားရလဲဆိုတာ

ကို ဆွေးနွေးနေကြသည်။

“ဘယ်လိုခံစားရလဲ ဟုတ်လား သုန့်ကန်းက သူ့နားတွင် ဝိုင်းနေသော လူများကို ကြည့်လိုက်ပြီး “ထွေထွေထူးထူးတော့ မခံစားရပါဘူး… အမဲလိုက်ထွက်တဲ့အချိန်တိုင်း ခန္ဓာကိုယ်ထဲမှာ မီးတောက်တစ်ခုက စီးဆင်းနေသလိုပဲခံစားရတာပါ”

တကယ့်မီးတောက်လောက်နေခြင်းမျိုးတော့မဟုတ်ဘဲ၊ မီးမျိုးစေ့က သူတို့၏ နတ်စွမ်းအင်ကို ပိုမိုအစွမ်းထက်စေသည့်သဘောပင်။ သို့သော် သောခန်သည် မီးမျိုးစေ့မရှိလျှင်ဘယ်လိုကွာခြားချက်များဖြစ်ပေါ်လာမည်ဆိုတာကို မသိသောကြောင့်၊ သုန့်ကန်းသည် သူ၏ခံစားချက်ကို ရေရေရာရာ မပြောတတ်ပါ။

“ခင်ဗျားတို့ရဲ့နတ်အမှတ်အသားတွေက အရောင်တောက်တယ်နော်” အမဲလိုက်အဖွဲ့ခေါင်းဆောင်တစ်ယောက်က ရိုသေစွာ ပြောလိုက်သည်။

“အဲဒီလို တောက်ပနေတာ ကောင်းတော့ မကောင်းဘူးဗျ… အမဲလိုက်ထွက်တဲ့အချိန်တွေဆိုရင် နတ်အမှတ်အသားတွေကို ရွှံ့စေးတွေနဲ့ ဖုံးထားရတယ်… အမဲလိုက်ထွက်တုန်းမှာ အဲဒီနတ်အမှတ်အသားတွေကို လူမမြင်စေချင်ဘူးဆိုပါတော့” သုန့်ကန်းက နှိမ်ချပြီးပြောလိုက်သော်လည်း၊ သူ့မျက်နှာပေါ်တွင် ဂုဏ်ယူသည့် အရိပ်အယောင်များကိုတွေ့လိုက်ရသည်။

အစောဆုံးရောက်လာသော အဖွဲ့ဝင်များသည်၊ အဓိပ္ပါယ်ဖွင့်ဆိုမှုပေါင်းများစွာကို လုပ်ခဲ့ပြီး၊ ထိုလူများအား ထောက်ပြမှုများကိုလည်း ပြုလုပ်ခဲ့သည်။ သို့သော် မျိုးဆက်များတစ်ဆက်ပြီး တစ်ဆက်ပြောင်းလဲလာသည်နှင့် အမျှ၊ အားလုံးသည် သူတို့ကိုယ်ထဲတွင် ရှိနေသော မီးမျိုးစေ့၏ စွမ်းအင်များကို အသားကျလာသည်။ သူတို့အတွက်တော့ ထိုသို့ဖြစ်သည်မှာ ပုံမှန်သာဖြစ်သည်။ အထူးအဆန်းတော့ မဟုတ်ပါ။ သူတို့သည် မီးမျိုးစေ့ကို မပိုင်ဆိုင်ထားသောလူများ၏ ဘဝများမှာ ဘယ်လိုဖြစ်မလဲဆိုတာကို တခါမှ မစဉ်းစားဖူးကြပါ။ အမိမြေမှ လူများ

ကတော့ မီးမျိုးစေ့နှင့် ပေါင်းစပ်ပြီးမှသာ ထိုအကြောင်းများကို သိမည်ဖြစ်သည်။

လူအများက ထိုနေ့ကို စောင့်မျှော််နေကြပါသည်။ တချို့လူများက မီးမျိုးစေ့နှင့်ပေါင်းစပ်ပြီးသွားလျှင်၊ သူတို့၏ နတ်အမှတ်အသားများ အရောင်ပြောင်းလဲသွားမလား သိချင်နေကြသည်။

မီးမျိုးစေ့နှင့် ပေါင်းစပ်ခြင်းသည် မျိုးနွယ်စု၁ခုလုံး၏ အနာဂတ်နှင့် ဆက်စပ်နေပါသည်။ မီးမျိုးစေ့ကိစ္စသည် ပေါ့ပေါ့တန်တန်ဆုံးဖြတ်ရမည့် ကိစ္စမဟုတ်ပါ။ နတ်ဆေးဆရာ၂ယောက်တို့သည် သဘောထားကွဲလွဲမှုများကြောင့် မကြာခဏစကားများကြသော်လည်း၊ ဘိုးဘေးများ၏ မှတ်တမ်းများကို လေ့လာရာတွင်တော့ သဘောထားကွဲလွဲမှုများကို ခဏမေ့ထားလိုက်ကြသည်။ အခြားလူများကတော့ ဘိုးဘေးများ၏ မှတ်တမ်းများကို ဖတ်ခွင့်မရကြပါ။ ထို့ကြောင့် ထိုကိစ္စသည် သူတို့၂ဦး၏ တာဝန်သာဖြစ်သည်။ ထိုမျှသာမဟုတ်သေး၊ နောက်ထပ်ကိစ္စတစ်ခုလည်း

ရှိပါသေးသည်။

“အားရွှမ်… ဒီစာကြောင်းက ဘာကိုပြောချင်တာလဲ” နတ်ဆေးဆရာက သားရေချပ်ပေါ်တွင် ရေးထားသော စာတစ်ကြောင်းကို ထောက်ပြလိုက်သည်။ နတ်ဆေးဆရာသည် နတ်ဆေးဆရာမကို မမေးချင်သောကြောင့်၊ ရှောက်ရွှမ်ကို မေးရန်ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

သူတို့၏ ဘိုးဘေး “ချီ”၏ မှတ်စုထဲတွင်၊ မီးမျိုးစေ့နှင့်ပေါင်းစပ်သည့်နည်းလမ်း ပေါင်းများစွာကို မှတ်တမ်းတင်ထားသည်။ ထိုအချက်အလက်အများစုကို ထိုက်ဟယ်မျိုးနွယ်စု၏ နတ်ဆေးဆရာဆီမှ ရလာခြင်းဖြစ်သည်။ သို့သော် နောက်ပိုင်းတွင်တော့ နတ်ဆေးဆရာအသစ်များက၊ နည်းလမ်းအသစ်များနှင့် ယူဆချက်အသစ်များကို ထုတ်ဖော်ခဲ့သည်။

သို့သော် ထိုနည်းလမ်းများမှာ ယူဆချက်များသာ ဖြစ်သည်။ မည်သူကမှ တပ်အပ်သေချာ မပြောနိုင်ပါ။ လောလောဆယ်တော့ သူတို့သည် ထို

နည်းလမ်းများကို မှတ်သားထားပြီး၊ နောက်မှ ရွေးချယ်ရန် ဆုံးဖြတ်လိုက်ပါသည်။

နောက်၂ရက်ကြာသိအထိ၊ ရှောက်ရွှမ်နှင့် နတ်ဆေးဆရာ၂ယောက်တို့မှာ မီးမျိုးစေ့အကြောင်းကိုသာ စဉ်းစားကြပါသည်။

လောင်ခဲ့က ရှောက်ရွှမ်တစ်ယောက်နေ့စဉ်နှင့် အမျှ မောကြီးပန်းကြီးနှင့် ပြန်ပြန်လာသည်ကို တွေ့ရသောအခါ၊ အစားအသောက်ကောင်းများကို ချက်ပြုတ်ကျွေးချင်နေပါသည်။ မနက်ရောက်လျှင်တော့ သူသည် ရှောက်ရွှမ်အား၊ “ဘာစားချင်လဲ” ဟုမေးပါသည်။

ရှောက်ရွှမ်က သားတစ်ဖတ်ကို ဝါးရင်းနှင့်၊ “မီးမျိုးစေ့စားချင်တယ်”

လောင်ခဲ့က သူ့စကားကို ကြားသည့်အခါ၊ ကြောင်သွားပါသည်။

လုပ်ငန်းစဉ်များကို ရွေးချယ်ပြီးသွား

သောအခါမှ၊ ရှောက်ရွှမ်သည် စိတ်နှင့် လူပြန်ကပ်ပါတော့သည်။

“နောက်၇ရက်ကြာရင်၊ မျိုးနွယ်စုထဲမှ ရိုးရာအခမ်းအနားပွဲတစ်ခုလုပ်လိမ့်မယ်… အဲဒီအခမ်းအနားက အရမ်းအရေးကြီးတယ်… အဲဒီအခမ်းအနားကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်တိုင်း တက်ရမယ်… လှည်းနေလှေအောင်း မြင်းဇောင်းမကျန်တက်ရမယ်ဆိုပါတော့ဗျာ”

အားလုံးကလည်း နတ်ဆေးဆရာ၂ယောက်၏ ညွှန်ကြားချက်များကို မငြင်းရဲကြပါ။

ထိုအချိန်တွင် အမဲလိုက်ထွက်သွားသော စစ်သည်တော်များလည်း ပြန်ရောက်လာပြီ ဖြစ်သည်။ နောက်၃၊၄ရက်အတွင်း ဘယ်သူကမှ ရွာပြင်သို့ မထွက်ကြပါ။ ကုန်ဖလှယ်အဖွဲ့သည်လည်း ဘယ်မှမသွားကြပါ။ မျိုးနွယ်စုစာရင်းထဲမှ ပယ်ဖျက်ခံလိုက်ရသူများမှ လွဲပြီး၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအားလုံးသည် ထိုအခမ်းအနားပွဲကို တက်ရမည် ဖြစ်သည်။

သူတို့မျိုးနွယ်စုသည် အခုဆိုလျှင် မျိုးနွယ်စုကြီးတစ်ခုဖြစ်နေပြီဖြစ်သည်။ သူတို့၏ စီမံခန့်ခွဲမှုများတွင် ဟာကွက်များစွာ ရှိနေသလို၊ မျိုးနွယ်စုထဲတွင် တချို့ စိတ်ထားမကောင်းသူများလည်း ပါဝင်နေနိုင်ပါသည်။ သို့သော် ထိုအကြောင်းများကို အဓိကဆုံးဖြတ်ချက်ချသူများမှ လွဲ၍ ဘယ်သူကမှ မပြောကြခြင်းဖြစ်သည်။

သို့သော် အားလုံးစိတ်ထဲတွင် တစ်ခုခုဖြစ်လာတော့မည်ကိုတော့ သိနေပါသည်။ တချို့ကတော့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် စစ်ပွဲအတွက် ပြင်ဆင်နေသည်ဟု ထင်ကြသည်။ အခြားမျိုးနွယ်စုများက မီးတောက်ဦးချိုမျိုးနွယ်စုကို စောင့်ကြည့်နေကြပါသည်။

အကြီးအကဲအော့ကတော့ ကောလဟာလသတင်းများ ဖြန့်နေသူများကို သတိထားပြီးစောင့်ကြည့်နေပါသည်။ ထိုလူများသည် မျိုးနွယ်စု ပျက်စီးရာ ပျက်စီးကြောင်းကို ပြင်ဆင်နေပါက၊ အော့သည် ထိုသူများအား သက်ညှာနေမည်

မဟုတ်ပါ။

အားလုံးက ဆုတောင်းပွဲအခမ်းအနားအကြောင်းကို ပြောနေကြသည်။ နတ်ဆေးဆရာက ၎င်းတို့အနေဖြင့် သားရေအင်္ကျီများကို ဝတ်ဆင်ရန် မလိုကြောင်း၊ သန့်ရှင်းသပ်ရပ်စွာ ဝတ်ဆင်ရန်သာ လိုအပ်ကြောင်း ပြောထားသည်။ ထိုအခမ်းအနားတွင် စစ်ဆေးမှုများ ပြုလုပ်ပြီး၊ မှာထားသည့်အတိုင်း သန့်ရှင်းမှုမရှိသူများကို အိမ်သို့ ရေပြန်ချိုးခိုင်းမည် ဖြစ်သည်။

ထိုအခမ်းအနားပွဲသည် မျိုးနွယ်စုအတွက် အလွန်အရေးပါသော အခမ်းအနားတစ်ခု ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နှစ်ပေါင်း၁၀၀၀ကြာကွဲကွာနေသော မျိုးနွယ်စု၂ခု ပထမဆုံးအကြိမ်ပြန်ပေါင်းဆုံမိသောကြောင့် ဖြစ်သည်။

နေ့ရက်များကုန်ဆုံးလာသည်နှင့်အမျှ၊ ရွာထဲတွင် အခြေအနေများမှာ အရေးကြီးလာပါသည်။ ကျန်းလောတို့ပင် အေးအေးဆေးဆေးမနေနိုင်

တော့ပါ။

သုန့်လိက သူ့အဖေအား “ မီးမျိုးစေ့ထွက်ပေါ်လာရင် ဘာတွေ ဆက်ဖြစ်မှာလဲ”ဟု မေးလိုက်သည်။

သို့သော် သုန့်ကန်းက ဘာစကားမှ မပြောဘဲ၊ သူသားအား ခေါင်းခေါက်လိုက်ပါသည်။ အခုလိုအချိန်တွင် ထိုမေးခွန်းအား သူလည်း မဖြေဆိုနိုင်ပါ။

အချိန်၇ရက်ကုန်ဆုံးသွားပါသည်။မျိုးနွယ်စု၏ ထုံးစံအရတော့၊ အခမ်းအနားပွဲကို နေမဝင်ခင်၊ ညနေခင်းတွင်သာ ကျင်းပမည်ဖြစ်သည်။

ထုံးစံအရတော့ လသည် ထိုအချိန်တွင် အလွန်တောက်ပနေမည် ဖြစ်သည်။ သို့သော် ထိုနေ့ညတွင် တိမ်များထူထပ်နေပါသည်။ ညနေစောင်းကတည်းက တိမ်များထူထပ်နေခြင်း ဖြစ်ပြီး၊ လရောင်ကို ဖုံးလွှမ်းနေပါသည်။

လရောင်မရှိသည့်အခါ တောအုပ်တစ်ခွင်လုံးသည် မှောင်မည်းနေပါသည်။

နတ်ဆေးဆရာ၂ယောက်လုံးက မီးဖိုကြီးနားတွင် တည်ကြည်လေးနက်သော မျက်နှာထားများဖြင့် ရပ်နေကြပါသည်။

နတ်ဆေးဆရာမအိုကြီးသည် မီးမျိုးစေ့ကို အသက်သွင်းသည့် ကမ္ဘာဦးနည်းလမ်းနှင့် ပတ်သက်ပြီး အတွေ့အကြုံမရှိသေးပေ။ အခုအချိန်သည် သူမအနေနှင့် စကားပြောရန် အချိန်မဟုတ်သေးသောကြောင့်၊ သူမသည် အစီအစဉ်အတိုင်းသာ လိုက်၍လှုပ်ရှားနေပါသည်။

ထိုအချိန်တွင်၊ အခမ်းအနားပွဲကို ကျင်းပနေသော လူပေါင်းလေးထောင်လောက်ရှိပါသည်။ အော့သည် ထိုသူများအား နေရာချပေးနေသည်။ သူတို့သည် ရာထူးအနိမ့်အမြင့် အလိုက်စီတန်းပြီး ရပ်နေကြသည်။ ရှေ့ဆုံးတွင် အကြီးအကဲများ၊ အကြီးအကဲများအနောက်တွင် အမဲလိုက်အဖွဲ့ခေါင်းဆောင်များ၊ သူတို့နောက်တွင် အဆင့်မြင့်

မျိုးနွယ်စုစစ်သည်တော်များစသည်ဖြင့် အစဉ်လိုက်ရပ်နေကြပါသည်။အငယ်တန်းစစ်သည်တော်များနှင့် စွမ်းအင်မနိုးထသေးသော စစ်သည်တော်များကတော့ အနောက်တွင် ရပ်နေကြသည်။ အားလုံးမှာ ခါတိုင်းကျင်းပနေကျ အခမ်းအနားများလို ပုံမှန်သာ ဖြစ်သည်။

နတ်ဆေးဆရာ၂ယောက်အပြင်၊ မီးဖိုကြီးနားတွင် ရှောက်ရွှမ်ကလည်း မတ်တပ်ရပ်နေပါသည်။ သူ့လည်ပင်းတွင် အရိုး၆ခြောင်းကို ဆွဲထားပါသည်။ ဘိုးဘေးများ၏ အရိုးများသည် လွန်ခဲ့သော ရက်များကထက်စာလျှင်တော့၊ အရောင်များပိုတောက်လာပြီ ဖြစ်သည်။

နတ်ဆေးဆရာက မန်းမှုတ်လိုက်သောအခါ၊မီးဖိုကြီးထဲမှ မီးတောက်များက ဟုန်းခနဲတောက်လာပါသည်။ သို့သော် အားလုံးမှာ ထိုထက်ထူးဆန်းသော အဖြစ်များကို မြင်ဖူးထားသူများဖြစ်ကြသောကြောင့်၊ ထိုအဖြစ်လောက်ကို မြင်သောအခါ အံ့ဩမနေတော့ပါ။

မီးတောက်ကြီးများထွက်ပေါ်လာသောအခါ၊ ပတ်ဝန်းကျင်တစ်ခုလုံး လင်းထိန်သွားလေသည်။ အခုအခမ်းအနားပွဲတွင် ဂီတသံများ၊ ကခုန်ခြင်း မရှိဘဲ၊ နတ်ဆေးဆရာ၏ မန်းမှုတ်သံများကိုသာ ကြားနေရပါသည်။ ထို့နောက် သူတို့၏ မျိုးနွယ်စုအမှတ်အသားဦးချို၂ချောင်းက ပေါ်လာပါသည်။

မီးဖိုကြီးထဲမှ မီးတောက်များသည် လေမတိုက်သော်လည်း ဟိုဒီယိမ်းထိုးနေပါသည်။ မီးဖိုကြီးနှင့် ဝေးသောနေရာတွင် ရပ်နေသူများပင်၊ မီးတောက်များမှ တဖျစ်ဖျစ်မြည်နေသံကို ကြားနေရပါသည်။

ရှောက်ရွှမ်သည် သူ့စိတ်ထဲမှ နတ်မီးတောက်များ ကခုန်နေသည်ကို ခံစားလိုက်ရသည်။

ထို့နောက် “ဖောက်” ခနဲ မြည်သံတစ်ခုနှင့်အတူ၊ ဘိုးဘေးများ၏ အရိုးလေးတွင် အလှဆင်ထားသော ပုတီးစေ့လေးများမှ မီးတောက်များထွက်ပေါ်လာပြီး၊ မီးဖိုကြီးထဲမှ မီးတောက်များနှင့် သွားရောက်ပေါင်းဆုံပါသည်။ ထိုအချိန်ထိ

တော့ မီးတောက်ဘီလူးကြီးထွက်ပေါ်လာခြင်း မရှိသေးပါ။ မီးတောက်ဘီလူးကြီးကို ဖြစ်ပေါ်လာစေမည့် မီးတောက်များသည် မီးဖိုကြီးထဲတွင်သာ ရှိနေသေးကြောင်းကို ရှောက်ရွှမ်ခံစားလိုက်ရသည်။

ထို့နောက် ရှောက်ရွှမ်၏ ကိုယ်ထဲမှ သွေးများဆူပွက်လာပါသည်။ မျက်စိတမှိတ်ဆိုသော အချိန်လေးအတွင်းတွင်၊ သူ့ကိုယ်တွင် နတ်စွမ်းအင်များက နိုးထစီးဆင်းနေပါတော့သည်။

“ဖျစ်…ဖျစ်…ဖျစ်”

ထင်မီးများလောင်ကျွမ်းသံကို ကြားလိုက်ရပြီး၊ထိုအသံများသည် အပူရှိန်ကြောင့် ကျောက်တုံးများပေါက်ကွဲထွက်လာသည့်အသံများနှင့် တူနေပါသည်။

ထိုအချိန်တွင် မြေကြီးအောက်မှ ချော်ရည်မြစ်၆စင်းပေါ်ထွက်လာပြီး၊ မီးဖိုကြီးထဲသို့ စီးဝင်သွားသည်။ ထိုချော်ရည်မြစ်များကြောင့်

မြေမျက်နှာပြင်မှာ ထက်ခြမ်းကွဲသွားမတတ်ဖြစ်သွားပါသည်။

ထိုအဖြစ်အပျက်မျိုး ယခင်အခမ်းအနားပွဲများတုန်းက မဖြစ်ပေါ်ခဲ့ဖူးပါ။ အခုအချိန်တွင်၊ မြေပေါ်မှ မီးတောက်များသည် မီးဖိုကြီးနားတွင် သစ်ပင်အမြစ်များလို အမြစ်တွယ်နေပါသည်။ ထိုမီးတောက်များသည် ချော်ရည်မြစ်ထဲမှ ထွက်ပေါ်လာသလို ဖြစ်နေသည်။

မီးဖိုကြီးနားတွင် မီးတောက်များ ပိုများလာသောအခါ၊ ချော်ရည်မြစ်၆စင်းအကြားမှ အကွာအဝေးသည် တဖြည်းဖြည်း ကျဉ်းမြောင်းသွားသည်။

မီးဖိုကြီးထဲမှ ထွက်ပေါ်နေသော မီးတောက်များ ထိုမျှ တောက်ပနေခြင်းမျိုးကို သူတို့တခါမှ မမြင်ဖူးကြပါ။

“ဖောက်…”

အသံတစ်ခုထွက်ပေါ်လာပြီး မြေကြီးအောက်မှ တစ်စုံတရာထွက်ပေါ်လာမလို ဖြစ်လာသည်။

ထို့နောက် မြေကြီးအောက်မှ မီးတောက်များသည် မီးနဂါးများ ကခုန်နေသလို ထွက်ပေါ်လာပါတော့သည်။

ထိုအချိန်တွင် မီးဖိုကြီးထဲမှ ကျောက်ခဲများအားလုံးသည် အနီရောင်တောက်ပနေပါသည်။

“ဂျွတ်…ဂျွတ်…ဂျွတ်”

မီးဖိုကြီးထဲမှ ကျောက်ခဲများသည် ပေါက်ကွဲထွက်တော့မလို ဖြစ်နေသည်။ ထိုအချိန်တွင် အနီရောင်မီးတောက်များနှင့်၊ အပြာရောင်မီးတောက်များက မြေပြင်ပေါ်သို့ ထွက်ပေါ်လာသည်။ အပြာရောင်မီးတောက်များသည် ပန်းပွင့်ဖတ်များနှင့် တူနေပြီး၊ မီးတောက်ကြီးများကို ပိုအားကောင်းလာအောင် ကူညီနေပါသည်။ မီးဖိုကြီးထဲမှ မီးတောက်ကြီးများသည် ကောင်းကင်ပေါ်သို့ ထိုးတက်တော့မလို ဖြစ်နေသည်။ လေထဲတွင်တော့ မီး

နဂါး၆ကောင်က ကခုန်နေကာ၊ နောက်ဆုံးတွင် မီးဖိုကြီးထဲသို့ဝင်သွားကာ မီးဖိုကြီးထဲမှ မီးတောက်များနှင့် သွားပေါင်းဆုံပါသည်။

မီးမျိုးစေ့၏ အမြစ်များသည် နေရာဟောင်းမှ မီးဖိုကြီးအောက်ခြေ၊ မြေအောက်တစ်နေရာတွင် မြှုပ်နှံခံထားခဲ့ရခြင်းဖြစ်သည်။ အခုတော့ မီးမျိုးစေ့၏ အမြစ်များသည် မီးဖိုကြီးထဲမှ ထွက်လာပြီ ဖြစ်သည်။

(ဆက်ရန်…)

All Chapters