အခန်း (၄၉၉-၅၀၁)
Vol. 34 Ch. 499-501
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း(၄၉၉) မီးမျိုးစေ့နှင့် ပေါင်းစုံခြင်း
ရှောက်ရွှမ်သည် နေရာဟောင်းတွင် မီးမျိုးစေ့၏အမြစ်များ ရှိနေကြောင်းကို သိထားပါသည်။ အမြစ်များက မီးတောက်မြစ်ဖျားခံလာရာကို ကိုယ်စားပြုနေပါသည်။ မီးမျိုးစေ့နှင့် မီးတောက်များမြစ်ဖျားခံလာရာနေရာတို့မှာ ဆက်စပ်မှုမရှိပါ၊ သို့သော် တစ်ခုမရှိဘဲနှင့် တစ်ခုက ဖြစ်ပေါ်လာမည် မဟုတ်ပါ။
ယနေ့တွင်တော့၊ မီးမျိုးစေ့သည် မီးဖိုကြီးထဲမှ လွတ်မြောက်လာပြီ ဖြစ်သည်။ ထိုသို့ဖြစ်ပေါ်လာခြင်းမှာ မီးမျိုးစေ့ကို ပေါင်းဆုံခြင်းအဆင့်၁ပြီးဆုံးသွားခြင်း ဖြစ်သည်။
နတ်ဆေးဆရာနှင့် အော့တို့၏ မျက်နှာထားများကတော့ အကဲခတ်ရ ခက်ပါသည်။ သူတို့သည် မီးဖိုကြီးအပေါ်တွင် ပေါလောပေါ်နေသော မီးမျိုးစေ့ကို ကြည့်နေကြသည်။ ယနေ့မှစပြီး၊
အစစအရာရာ ပြောင်းလဲတော့မည် ဖြစ်သည်။ နောင်ဆိုလျှင် ၎င်းတို့သည် မီးမျိုးစေ့ကို မီးဖိုကြီးထဲတွင် နောက်တခါ မြင်ရတော့မည် မဟုတ်သလို နေရာဟောင်းမှ အမြစ်များသည် ဆက်လက်ပြီးရှိတော့မည် မဟုတ်ပါ။
သို့သော် အခုအချိန်သည် စဉ်းစားရန် အချိန်မဟုတ်သေးပါ။ နတ်ဆေးဆရာ၂ယောက်ကတော့ တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး၊ မီးဖိုကြီးထဲမှ မီးတောက်များဆီသို့ လှမ်းသွားကြသည်။
ဒုတိယအဆင့် စတင်တော့မည် ဖြစ်သည်။
မီးမျိုးစေ့သည် လွတ်မြောက်သွားသောအခါ၊ ၎င်းတို့သည် မီးမျိုးစေ့ကို ကျန်းလောတို့လက်မှ ထုတ်ယူရမည် ဖြစ်သည်။
နတ်ဆေးဆရာ၂ယောက်လုံးသည် တတွတ်တွတ်မန်းမှုတ်ရင်း၊ သူတို့၏ နတ်စွမ်းအင်
များကို အပြာရောင်မီးတောက်များဆီသို့ ပို့လွှတ်နေသည်။
မီးဖိုကြီးထဲမှ မီးတောက်များသည် တစုံတရာကို ခေါ်ဆောင်နေသည့်အလား တရွှီရွီအသံများ ထွက်ပေါ်နေပါသည်။
ကျန်းလော်နှင့်သူ့လူများ၏ မျက်နှာပေါ်တွင် ချော်ရည်ပူများနှင့်တူသော နတ်အမှတ်အသားများထွက်ပေါ်လာပါသည်။နတ်အမှတ်အသားများမှာ တောက်ပလွန်းသဖြင့်၊ သူတို့ကိုယ်မှ အလင်းရောင်များ ထွက်ပေါ်နေသလို ဖြစ်နေပါသည်။
ထို့နောက် နတ်စွမ်းအင်များသည် အမြင့်ဆုံးအခြေအနေသို့ ရောက်လာပြီး၊ သူတို့၏ နတ်အမှတ်အသားများပေါ်တွင် မီးတောက်များထွက်ပေါ်လာပါသည်။ နောက်ဆုံးတွင်တော့ ထိုမီးတောက်များသည် သူတို့၏ မျက်ခုံးအလယ်တွင် သွားရောက်ပေါင်းဆုံပါတော့သည်။
အပြောင်းအလဲများက သူတို့ ခြေလက်များမှ စတင်ဖြစ်ပေါ်လာသည်။ မီးတောက်များပျောက်ကွယ်သွားသောအခါ၊ နတ်အမှတ်အသားများမှာ အရောင်ဖျော့သွားပြီး၊ အရောင်များ မှိုင်းသွားပါသည်။
လက်ဝါး၊တံတောင်၊ လက်မောင်း၊ ပုခုံး…။
ဖနောင့်၊ ဒူး၊ ပေါင်…။
မီးတောက်များက သူတို့မျက်ခုံး၂ခုအလယ်တွင် ပေါင်းဆုံသွားသောအခါ၊ မျက်နှာပေါ်မှ နတ်အမှတ်အသားများသည် အရောင်မှိုင်းသွားပါသည်။ သူတို့မျက်ခုံး၂ခုအလယ်တွင်တော့ နေလုံးအသေးလေးနှင့် တူသော အလင်းစက်လေးတစ်ခု ဖြစ်ပေါ်နေလေသည်။ နောက်ဆုံးတွင်တော့ ထိုအလင်းစက်သည် သူတို့ကိုယ်မှ ထွက်ခွာပြီး၊ မီးဖိုကြီးထဲသို့ စီးဝင်သွားသည်။
အလင်းစက်ကလေးများ ထောင်ချီပြီး ပျံသန်းနေသည်မှာ ပိုးစုန်းကြူးအုပ်ကြီးတစ်အုပ် ပျံသန်း
နေသည်နှင့် တူသည်။
ထို ထောင်ပေါင်းများစွာသော အလင်းစက်များက မီးဖိုကြီးထဲသို့ ဝင်ရောက်သွားသောအခါ၊ မီးဖိုကြီးထဲမှ မီးတောက်များက ပိုမိုတောက်ပလာပါသည်။
မီးဖိုကြီးထဲသို့ နောက်ဆုံးအလင်းစက်လေးဝင်သွားသောအခါ၊ မီးတောက်များသည် စိတ်ကျေနပ်သွားသလို၊ ပျော်ရွှင်စွာကခုန်နေပါတော့သည်။ မီးတောက်များကြားထဲတွင် ထွက်ပေါ်နေသော ဦးချို၂ဖက်မှာလည်း ပိုမိုတောက်ပလာပါသည်။ ၎င်းဦးချိုများကြည့်ရသည်မှာ သားရဲကြီးတစ်ကောင်၏ ချွန်ထက်သော ဦးချိုများနှင့် တူပါသည်။
မီးမျိုးစေ့သည် ဤဘက်ကမ္ဘာပေါ်မှ ထွက်ပေါ်လာခြင်း ဖြစ်သည်။ မီးမျိုးစေ့တွင် အပြောင်းအလဲများ ဖြစ်ပေါ်လာသောအခါ၊ အမိမြေမှ လူများသည် ကောင်းကင်နှင့် မြေကြီးကြားတွင် ဖြစ်ပေါ်နေသော စွမ်းအင်တစ်ခုကို ခံစား
လိုက်ရသည်။
ဒုတိယမြောက်အဆင့် ပြီးဆုံးသွားပြီ ဖြစ်သည်။
ထိုအဖြစ်ကို မြင်သောအခါမှ၊ နတ်ဆေးဆရာ၂ယောက်သည် စိတ်သက်သာရာရသွားပါသည်။ သို့သော် အခုအချိန်သည် အနားယူရန် အချိန်မဟုတ်သေးပါ။ နောက်ဆုံးအဆင့်သည် အရေးအကြီးဆုံးအဆင့် ဖြစ်ပါသည်။
သူတို့မျိုးနွယ်စုသည် မီးမျိုးစေ့ကို ကမ္ဘာဦးအဆင့်တွင်သာထားမည်ဆိုလျှင်၊ အခမ်းအနားပွဲကို အခုအချိန်တွင် အဆုံးသတ်ရမည် ဖြစ်သည်။ သူတို့သည် ခွဲခွာလာသည်မှာ နှစ်ပေါင်း၁၀၀၀လောက်ကြာပြီဖြစ်သော်လည်း၊ မီးမျိုးစေ့မှာ အကောင်းအတိုင်းရှိနေပါသည်။ အခုတော့ ၂ခြမ်းကွဲနေသော မီးမျိုးစေ့များ ပြန်ပေါင်းဆုံသွားပြီ ဖြစ်သည်။ ထိုအရာမှာ စစ်မှန်သော မီးမျိုးစေ့ဖြစ်ပါသည်။
ဘိုးဘေးများသည် အခုမှ စိတ်အေးလက်အေးနှင့် အနားယူနိုင်တော့မည် ဖြစ်သည်။ ထိုအခါမှ ကျန်းလော၏ လူများစိတ်ထဲတွင် ဖြစ်ပေါ်နေသော အပြစ်ရှိသလို ခံစားရမှုများလည်း ပျောက်ကွယ်သွားသည်။
နတ်ဆေးဆရာကြီးသည်လည်း ထိုအခါမှ သက်ပြင်းချလိုက်နိုင်ပါသည်။ ဆုံးဖြတ်ချက်ကို ချပြီးသွားပြီဖြစ်သောကြောင့်၊ သူတို့သည် သူတို့ရွေးချယ်ထားသော လမ်းကြောင်းအတိုင်းသာ လျှောက်ရတော့မည် ဖြစ်သည်။
နောက်ဆုံးအဆင့်မှာ အရေးအကြီးဆုံးအဆင့်ဖြစ်သည်။ သူတို့သည် စစ်သည်တော်အားလုံး၏ ကိုယ်ထဲတွင် မီးမျိုးစေ့၏ အစွမ်းများကို ထည့်သွင်းပေးရမည် ဖြစ်သည်။
မီးတောက်များက ကောင်းကင်ပေါ်သို့ တရှိန်ထိုးတိုးတက်သွားသလို၊ နတ်ဆေးဆရာ၏ အသံကလည်း ပိုကျယ်လာပါသည်။ မီးတောက်များသည် ညအမှောင်ကို ထက်ခြမ်းခွဲလိုက်သော
စစ်သည်တော်တစ်ယောက်၏ ဓားတစ်စင်းနှင့် တူနေပါသည်။
မီးတောက်များက တိမ်ထုများကို ဖောက်ထွင်းသွားပါသည်။ ထို့နောက် တိမ်ထုများမှာ မီးများစွဲလောင်နေသည်နှင့် တူနေပါသည်။ မီးတောက်များဆီမှ စွမ်းအင်များကတော့ အထက်ဆီသို့ ထိုးတက်သွားလေသည်။
တိမ်ထုကြီးသည် တဖြည်းဖြည်းနှင့် အနီရောင်ရဲရဲအဖြစ် ပြောင်းလဲသွားပါသည်။
ကောင်းကင်ပြင်အောက်၊ ပိန်းပိတ်အောင်မှောင်နေသော တောအုပ်ထဲတွင် ရှိသော အရာအားလုံးမှာ အခုတော့ အနီရောင် အဖြစ်ပြောင်းလဲသွားပြီဖြစ်သည်။
ထိုထူးဆန်းသောဖြစ်ရပ်ကြောင့်၊ တောအုပ်ထဲတွင် ငှက်များကကြောက်လန့်တကြားပျံသန်းနေကြသည်။ ငှက်များအားလုံးသည် ရှိသမျှ ခွန်အားများဖြင့် အတောင်များကို တဖျပ်ဖျပ်ခတ်ကာ၊
ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြသည်။ ငှက်အုပ်ကြီးမှာ ကြီးမားလွန်းသဖြင့် ရုတ်တရက်ကြီးလျှင် တိမ်ထုကြီးတစ်ခုနှင့်တူနေပါသည်။
ညအချိန်တွင် အိပ်စက်လေ့ရှိသော ကြောက်မက်ဖွယ်သားရဲကြီးများပင် နိုးလာကြပါသည်။ တောအုပ်တခွင်လုံးသည် ၎င်းတို့၏ ဟိန်းသံများဖြင့် ပဲ့တင်ထပ်သွားပါသည်။
ဝမ်ရှစ်မျိုးနွယ်စု၏ မီးမျိုးစေ့ကတော့ ပဲစေ့အရွယ်အစားလောက်သာရှိပြီး၊ မကြာခင်တွင် ပျောက်ကွယ်သွားတော့မလို ဖြစ်နေပါသည်။
“ဘာဖြစ်တာလဲ… ဘာတွေ ဖြစ်နေတာလဲ” ဝမ်ရှစ်မျိုးနွယ်စုအကြီးအကဲက နတ်ဆေးဆရာ၏ အင်္ကျီစကို ဆွဲပြီး အော်လိုက်သည်။ သူ့မျက်လုံးများကတော့ ကြောက်လန့်နေသည့်အသွင်သဏ္ဍာန်များထွက်ပေါ်နေ၏။
သူတို့သည် ထိုကဲ့သို့ အဖြစ်မျိုးကို တခါမှ မမြင်ဖူးပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဆီမှ ထို
စွမ်းအားများထွက်ပေါ်နေသောအခါ ၎င်းတို့သည် ကြောက်လန့်လာကြပါသည်။
“ဘာလို့ သူတို့ဆီက အဲဒီအစွမ်းတွေ ထွက်နေတာလဲ”
သူတို့သည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်သောအခါ၊ အနီရောင်တိမ်တိုက်များက ရွာဆီသို့ တဖြည်းဖြည်း ချဉ်းကပ်လာပါသည်။ တောအုပ်ဘက်ကို လှည့်ကြည့်လိုက်တော့လည်း၊ ကောင်းကင်ကြီးတစ်ခုလုံးသည် မီးများ စွဲနေသလို၊ အနီရောင်တောက်ပနေပါသည်။
ထိုအရာမှာ မီးမျိုးစေ့၏ စွမ်းအင်များလား။
သူတို့၏ မီးမျိုးစေ့သည် ဘာကြောင့် ထိုကဲ့သို့ စွမ်းအင်မျိုးထွက်ပေါ်နေရသနည်း။
အခြားသော မျိုးနွယ်စုကြီးများပင် ထိုကဲ့သို့ အစွမ်းမျိုးကို မပိုင်ဆိုင်ထားပေ။
ဝမ်ရှစ်မျိုးနွယ်စု၏ နတ်ဆေးဆရာကတော့ ဘာအဖြေမှ မပေးပါ။ သူသည်လည်း စိတ်များလှုပ်ရှားနေပြီး၊ နားလည်ရခက်သော ခံစားမှုများ ဖြစ်နေပေါ်နေသည်။ သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ထိုမျှ အစွမ်းထက်ဟု ထင်မထားပါ။ သို့သော် အခုတော့ ဘာမှမတတ်နိုင်ဘဲ ဒဏ္ဍာရီဆန်ဆန် အဖြစ်မျိုးဟုသာ မှတ်ယူလိုက်ရပါတော့သည်။ သူသည် မီးမျိုးစေ့နှင့် ကျွန်ပိုင်ရှင်များ၏ ဘိုးဘေးများ ဆက်စပ်နေသော အဖြစ်များကို သိထားပါသည်။
အခုအဖြစ်သည် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မည်နည်း။
သူသည် ထိုအကြောင်းများကို ကျွန်ပိုင်ရှင်များဆီမှ သိရရန် စုံစမ်းခဲ့သော်လည်း၊ သူလိုချင်သော အဖြေကို မရခဲ့ပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက မီးမျိုးစေ့နှင့် ပတ်သက်သော အဖြေကို ဘယ်လိုလုပ်ပြီး သိခဲ့ကြသနည်း။
နတ်ဆေးဆရာသည် သူ၏ခံစားချက်များကို
အေးခဲထားလိုက်ပါသည်။
သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုနှင့် အနီးကပ်နေသူများဖြစ်ကြသည်။ ထို့ကြောင့် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ အင်အားကြီးလာခြင်းသည် သူတို့အတွက် ဖိအားတစ်ခုဖြစ်လာသည်။ သူတို့၏ စစ်သည်တော်များသည်လည်း စိတ်ဓာတ်ကျနေပြီ ဖြစ်သည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ခံတွင်းထဲသို့ ရောက်နေသလို ခံစားနေရလေသည်။
ကျွန်ပိုင်ရှင်များကတော့ သူတို့ထက်စာလျှင် အခြေအနေကောင်းပါသည်။ သူတို့တွင်လည်း ထိခိုက်မှုများရှိသော်လည်း၊ ဝမ်ရှစ်မျိုးနွယ်စုများလောက် အခြေအနေမဆိုးပါ။ ကျွန်ပိုင်ရှင်များသည်လည်း တောအုပ်ထဲတွင် တစ်ခုခုဖြစ်ပေါ်နေပြီဆိုတာကို သိနေပါသည်။ ထိုကဲ့သို့ အဖြစ်မျိုး ဖြစ်ပေါ်စေနိုင်သူများမှာ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသာ ဖြစ်ပါလိမ့်မည်။
ကျွန်ပိုင်ရှင်များသည်လည်း ဘာမှမတတ်နိုင်
တော့ဘဲ၊ နောင်တရပြီး သက်ပြင်းသာချလိုက်နိုင်ပါတော့သည်။ သူတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ အားနည်းနေချိန်က ဝင်တိုက်လိုက်သင့်သည်ဟု တွေးနေမိကြသည်။ သူတို့သာ မတိုက်ခိုက်ခဲ့လျှင်၊ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များက နောင်တချိန်တွင် သူတို့ကို ဒုက္ခပေးတော့မည် ဖြစ်သည်။ ထိုအချိန်တုန်းကသာ တိုက်ခိုက်ခဲ့ပါက၊ ယနေ့လို ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာမည် မဟုတ်ပါ။
ဤဘက်ကမ္ဘာတွင်ရှိသော မီးမျိုးစေ့များအားလုံး ပြောင်းလဲကုန်ပြီ ဖြစ်သည်။
မုန့်မျိုးနွယ်စုထဲတွင်…။
ကျူးဝါးတောင်ပေါ်တွင်၊ မုန့်မျိုးနွယ်စုနတ်ဆေးဆရာသည် သားရဲများပျော်စံရာမြေကို လှမ်းကြည့်ပြီး၊ စိတ်များရှုပ်ထွေးနေပါသည်။
“အရှင် နတ်ဆေးဆရာ… ဘာတွေဖြစ်နေတာလဲ…ကျွန်တော် နေလို့မကောင်းဘူး” မုန့်မျိုးနွယ်စု
အကြီးအကဲသည် စိတ်များလှုပ်ရှားနေသော်လည်း၊ ထိုသို့ဘာကြောင့် ဖြစ်နေလဲ သူမသိပါ။
အကြီးအကဲသာမက၊ ကျန်သူများအားလုံးလည်း ထိုကဲ့သို့သာ ခံစားနေရသည်။ အားလုံးသည် စိတ်များလှုပ်ရှားနေကြပြီး အိပ်၍ပင် မပျော်တော့ပါ။
မုန့်မျိုးနွယ်စုနတ်ဆေးဆရာသည် လေထုထဲတွင် ဖြစ်ပေါ်နေသော စွမ်းအင်များကို လေ့လာကြည့်လိုက်သည်။ “အဲဒီအစွမ်းတွေက မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေရဲ့ မီးမျိုးစေ့ကနေ ထွက်လာနေတာ”
“မီးတောက်ဦးချိုမျိုးနွယ်စုလား… ဘာတွေဖြစ်နေတာလဲ” အကြီးအကဲကမေးလိုက်သည်။ သူသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ကန္တာရထဲသို့ ထွက်ခွာသွားပြီး၊ လူပေါင်းများစွာကို ခေါ်ဆောင်လာကြောင်းကို သိထားပါသည်။ သို့သော် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ ခေါ်
ဆောင်လာသော လူများမှာ ဘယ်သူဖြစ်သည်၊ ဘာရည်ရွယ်ချက်ရှိကြသည်ကိုတော့ သူလည်း မသိပါ။ အစကတော့ ကျွန်များကို ခေါ်လာသည်ဟု ထင်ထားသော်လည်း၊ ထိုသူများကို ကြည့်ရသည်မှာ ကျွန်များနှင့် မတူပါ။ သူတို့သည် ယနေ့ထက်တိုင်အောင် ထိုသူများအကြောင်းကို မသိကြသေးပါ။
“ကျုပ်လည်း သေချာမသိဘူး… ဒါပေမဲ့ မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေရဲ့ မီးမျိုးစေ့က အပြောင်းလဲကြီးပြောင်းလဲသွားတာတော့ သေချာတယ်… အဲဒီလို အပြောင်းအလဲမျိုးကို ကျုပ်လည်း မမြင်ဖူးဘူး” နတ်ဆေးဆရာက တည်ငြိမ်သော လေသံဖြင့် ပြောလိုက်သည်။ သူမမျှော်လင့်ထားသော အခြေအနေများ ဖြစ်ပေါ်လာသောကြောင့်၊ နတ်ဆေးဆရာမှာ စိတ်ပူနေပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များမှာ အရူးများမဟုတ်ပါ။သူတို့သည် မီးမျိုးစေ့ကိစ္စကို ပေါ့ပေါ့တန်တန် သဘောထားမည့်သူများ မဟုတ်
ပါ။ မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် ၂နှစ်လောက် ပျောက်ချက်သားကောင်းနေပါသည်။ မုန့်မျိုးနွယ်စု၏ နတ်ဆေးဆရာကထင်သည်မှာ၊ ၎င်းတို့သည် တောအုပ်ထဲတွင် ငြိမ်းခြမ်းစွာ နေနေမည်ဟုသာဖြစ်သည်။ သူတို့မျိုးနွယ်စုသည် လွန်ခဲ့သောနှစ်၁၀၀၀လောက်က အင်အားတောင့်တင်းခဲ့သော်လည်း၊ အခုတော့ ရွှေထီးဆောင်းခဲ့သော အချိန်များ ကုန်ဆုံးသွားပြီဖြစ်သည်။သူတို့သည် လူကြားသူကြားထဲထွက်လာမည်ဆိုလျှင်လည်း၊ သူတို့မျိုးနွယ်စုအပေါ်ထားသော အားလုံး၏ အမြင်များမှာ ပြောင်းလဲလာမည် မဟုတ်ပါ။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် လွန်ခဲ့သော နှစ်၁၀၀၀လောက်ကဆိုလျှင် ကြွေထည်ပစ္စည်းများကို ဘယ်လိုလုပ်ရမလဲပင် မသိသေးပါ။ သူတို့သည် ခေတ်နောက်ပြန်ဆွဲသော မျိုးနွယ်စုတစ်ခုဖြစ်သည်။အရင်တုန်းကတော့ သူတို့လို မျိုးနွယ်စုကြီးများသည် မီးတောက်ဦးချိုမျိုးနွယ်စုများကို သိပ်အရေးမလုပ်ပါ။ မီးတောက်ဦးချိုမျိုးနွယ်စုမှာ သူတို့အတွက် ဝမ်ရှစ်မျိုးနွယ်စု
ကို ထိန်းချုပ်ရန်သုံးသည့် လက်နက်တစ်ခုသာဖြစ်သည်။
အရင်တုန်းကတော့ ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များကို သနားကြသည်။ ထိုကဲ့သို့ တချိန်က ခမ်းနားထည်ဝါခဲ့သော မျိုးနွယ်စုကြီးတစ်ခု ပြိုကွဲသည်ကို မြင်ရခြင်းမှာ စိတ်မကောင်းစရာပင် ဖြစ်သည်။ သို့သော် ထိုအချိန်တုန်းက ၎င်းတို့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များမှာ အင်အားနည်းသွားသည့်အတွက် စိတ်သက်သာရာရခဲ့ကြသည်။
အခုတော့…။
မုန့်မျိုးနွယ်စုအကြီးအကဲ၏ မျက်လုံးများမှာ တဖျပ်ဖျပ်လက်နေပါသည်။ ၎င်းသည် နားလည်ရခက်သောအဖြစ်တစ်ခုဖြစ်ပေါ်လာတော့မည်ဆိုတာကို သိနေပါသည်။
အခြားသောမျိုးနွယ်စုများထဲတွင်လည်း ထိုကဲ့သို့ အဖြစ်မျိုးဖြစ်နေပါသည်။ စစ်သည်တော်
များနှင့် နတ်ဆေးဆရာများ၏ စိတ်ထဲတွင်လည်း ထူးဆန်းသော ခံစားချက်များ ဖြစ်ပေါ်နေသည်။ နတ်ဆေးဆရာများသည်လည်း မီးမျိုးစေ့များတွင် အပြောင်းအလဲများဖြစ်ပေါ်နေသည်ကို သိကြသော်လည်း၊ ဘာအပြောင်းအလဲမှန်းတော့ သေချာမသိကြပါ။
သားရဲများပျော်စံရာမြေနှင့် အလှမ်းကွာဝေးသော မိုးမျိုးနွယ်စုမှ ယန်ဆွေ့ပင်လျှင်၊ ထိုအပြောင်းအလဲများကို ခံစားနေရသည်။ သူတို့ရွာသည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ရွာနှင့် အလှမ်းကွာဝေးသော်လည်း၊ သူသည် ဖြစ်ပေါ်နေသော စွမ်းအင်အရင်းအမြစ်ကို ခံစား၍ရပါသည်။ သူသည် ထိုကဲ့သို့ခံစားချက်မျိုးကို မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ နေရာဟောင်းကို ရောက်ခဲ့တုန်းက ခံစားခဲ့ဖူးပါသည်။
“စနေပြီလား…”
ယန်ဆွေ့သည် မိုးမျိုးနွယ်စု၏ မီးဖိုကြီးနားသို့ လျှောက်လာပြီး၊ မီးဖိုကြီးထဲမှ တဖျပ်ဖျပ်
တောက်ပနေသော မီးတောက်များကို ကြည့်နေပါသည်။
အပြောင်းအလဲက စတင်ဖြစ်ပေါ်နေပြီဖြစ်သည်။
(ဆက်ရန်…)
ကမ္ဘာဦးစစ်ပွဲတို့ရာဇဝင်
အခန်း (၅၀၀) တုန်လှုပ်ခြင်း
သားရဲများပျော်စံရာမြေ… မီးတောက်ဦးချိုမျိုးနွယ်စု၏ နေရာဟောင်းတွင်…။
အပြောင်းအလဲများက ဆက်လက်ဖြစ်ပေါ်နေပါသည်။
မီးတောက်ဦးချိုမျိုးနွယ်စုဝင်များသည် အခြားမျိုးနွယ်စုဝင်များ၏ အထင်များကို စိတ်မဝင်စားသလို၊ စဉ်းစားနေရန်လည်း အချိန်မရှိပါ။ ထိုအချိန်တွင် အားလုံးက မီးမျိုးစေ့ကို စိုက်ကြည့်နေကြသည်။ သူတို့စိတ်ထဲတွင် မီးမျိုးစေ့၏ အော်သံကို ကြားနေရပါသည်။
နတ်ဆေးဆရာ၂ယောက်လုံးက ဘိုးဘေးများ၏ မှတ်တမ်းထဲတွင် ပါသော နည်းလမ်းများအတိုင်း၊ စွမ်းအင်များကို ထိန်းချုပ်နေသည်။ သူတို့သည် ၂ယောက်ဖြစ်သော်လည်း၊ ၂ယောက်လုံး
မှာ အင်အားနည်းနေပြီဖြစ်သည်။
ဘိုးဘေး “ချီ”ထားခဲ့သော မှတ်တမ်းများထဲတွင်၊ မီးမျိုးစေ့ကို ပေါင်းစပ်ပြီးနောက် ဖြစ်ပေါ်လာနိုင်သော ရလာဒ်များနှင့် ပြဿနာများကို ဖြေရှင်းနည်းများကို ထုတ်ဖော်ပြသထားပါသည်။ သို့သော် နတ်ဆေးဆရာ၂ယောက်လုံးသည် အခုအချိန်တွင် ချီတုံချတုံဖြစ်နေကြပါသည်။ သူတို့သည် ပြဿနာကိုဖြေရှင်းရန် နည်းလမ်းကိုယ်စီရှိကြသော်လည်း၊ သူတို့သည် မီးမျိုးစေ့မှ ထိုကဲ့သို့ စွမ်းအင်များထွက်လာမည်ဟု မမျှော်လင့်ထားသောကြောင့်၊ စိတ်ပူနေကြသည်။ သူတို့နည်းလမ်းအတိုင်း ဖြေရှင်းမည်ဆိုလျှင်၊ စွမ်းအင်များစွာကို သုံးရမည် ဖြစ်သည်။
ထိုနှစ်တုန်းကတော့ ဘိုးဘေးချီသည် မီးမျိုးစေ့ကို ပေါင်းစပ်ရန်၊ စွမ်းအင်များအားလုံးကို ထုတ်သုံးခဲ့ရပါသည်။ ထိုသို့လုပ်ဆောင်ပြီးမကြာခင်တွင်၊ သူသေဆုံးသွားပါသည်။ နတ်ဆေးဆရာ၂ယောက်လုံးကလည်း ထိုကဲ့သို့
ဖြစ်လာနိုင်သောအခြေအနေများအတွက် ကြိုတင်ပြင်ဆင်ထားပါသည်။ ထို့ကြောင့် ၎င်းတို့သည် သေတမ်းစာများကို ရေးသားခဲ့ခြင်းဖြစ်သည်။
နတ်ဆေးဆရာ၂ယောက်လုံးက နောက်ဆုံးအဆင့်ကို အသက်ပင်စတေး၍လုပ်ဆောင်ရန် ဆုံးဖြတ်ထားကြသဖြင့်၊ သူတို့ပုခုံးပေါ်မှ တာဝန်များ အနည်းငယ်လျော့ကျသွားပါသည်။ ထိုအချိန်တွင် လိုအပ်နေသော စွမ်းအင်များကို တစ်ယောက်ယောက်က ဝင်ဖြည့်ပေးသလို အဖြစ်မျိုးဖြစ်ပေါ်လာသည်။
၂ယောက်လုံးက မီးဖိုကြီးနားတွင် ရပ်နေသော ရှောက်ရွှမ်ကို ကြည့်ပြီးအံ့ဩနေကြသည်။ ရှောက်ရွှမ်လက်မှ ထွက်ပေါ်နေသော စွမ်းအင်များသည်၊ သူတို့၂ယောက်လုံးဆီမှ ဖြစ်ပေါ်နေသော စွမ်းအင်များထက် ပိုများနေပါသည်။
အပြာရောင်မီးတောက်များကို အနီရောင်မီးတောက်များက လွှမ်းခြုံထားပြီး၊ ရှောက်ရွှမ်ဆီမှ စွမ်းအင်များက မီးဖိုကြီးထဲသို့ စီးဝင်သွား
ပါသည်။
ရှောက်ရွှမ်က ထိုသို့ဖြစ်လာမည်ဟု မျှော်လင့်မထားပါ။ သူသတိထားမိလိုက်ချိန်တွင်၊ သူ့လက်မှ စွမ်းအင်များထွက်ပေါ်လာခြင်းဖြစ်သည်။
ဘိုးဘေးများ၏ စွမ်းအင်များလား…။
ရှောက်ရွှမ်သည် သူ့လည်တွင် ဆွဲထားသော အရိုးလေး၆ချောင်းကို ငုံ့ကြည့်လိုက်သောအခါ၊ ပုတီးစေ့လေးများမှာ အရောင်တောက်ပနေကြောင်းကို တွေ့လိုက်ရသည်။
ထိုအချိန်တွင်ပင်၊ မီးဖိုကြီးပေါ်မှ မီးတောက်များသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး၊ ထူထပ်သော တိမ်စိုင်များသည် အနီရောင်အဖြစ်ပြောင်းလဲသွားပါသည်။
မီးတောက်များသည် မီးဖိုထဲတွင်သာ ဆက်ရှိနေမည်ဆိုပါက၊ မဆန့်မပြဲဖြစ်တော့မည် ဖြစ်သည်။ မီးဖိုကြီးသည် ထိုမီးတောက်များ
အားလုံးကို လက်ခံနိုင်လောက်သည်အထိ မကျယ်ပြန့်လှပါ။
မကြာခင်အချိန်တွင်၊ မီးတောက်များက မီးတောက်ငယ်လေးတစ်ခုအဖြစ် အသွင်ပြောင်းသွားပါသည်။ မီးတောက်ငယ်လေးသည် တဖြည်းဖြည်းပိုသေးလာပြီး၊ ပိုသေးလေ ပိုတောက်ပလေ ဖြစ်လာပါသည်။ အဆုံးသတ်တွင်တော့၊ မီးတောက်များမှာ ဘောလုံးတစ်လုံးအရွယ်အစားလောက်ရှိသော မီးလုံးတစ်ခု ဖြစ်သွားလေသည်။။ ထိုမီးလုံးမှ တောက်ပသော အလင်းတန်းများထွက်ပေါ်နေသည်။ ရုတ်တရက်ကြည့်မည်ဆိုလျှင် ထိုအလင်းတန်းများသည် အစီအစဉ်မရှိဘဲ ဖြစ်ပေါ်နေခြင်းဟု ထင်ရဖွယ်ရှိသော်လည်း၊ အမှန်တော့ ထိုအလင်းတန်းများသည် လူတစ်ယောက်ချင်းစီပေါ်ကို ကျရောက်နေခြင်း ဖြစ်သည်။
ထိုအပြောင်းအလဲကို စတင်ခံစားမိသူမှာ ရှောက်ရွှမ်ပင် ဖြစ်သည်။ အလင်းတန်းများသည် သူ့ကိုယ်ထဲသို့ စီးဝင်လာပြီး၊စိတ်ထဲမှ နတ်မီးတောက်
နှင့် ပေါင်းဆုံသွားသည်ကို ခံစားလိုက်ရသည်။ သူ့စိတ်ထဲမှ နတ်မီးတောက်များသည် တဟုန်းဟုန်းတောက်နေပြီး၊ တောက်ပစွာလောင်ကျွမ်းနေလေသည်။
စွမ်းအင်များသည် သူ့သွေးကြောများထဲတွင် လှည့်ပတ်စီးဆင်းနေပါသည်။ မသိလျှင် သူ့စိတ်ထဲမှ မီးတောက်ထဲသို့ လောင်စာများထည့်ပေးလိုက်သလို ဖြစ်နေလေသည်။
ရှောက်ရွှမ်သည် စိတ်လှုပ်ရှားနေပါသည်။ သူ့နတ်စွမ်းအင်များသည် ဒီလှိုင်းလုံးကြီးများလို တစ်လုံးပြီးတစ်လုံး ကြွတက်လာပါသည်။ထိုအပြောင်းအလဲမှာ သာမန်အပြောင်းအလဲလေးတစ်ခုမဟုတ်ပါ၊ ကြီးမားသောအပြောင်းအလဲတစ်ခု ဖြစ်သည်။
ကြီးမားသော အတွင်းအားလှိုင်းကြီးများက သူ့ကိုယ်ထဲတွင် ဖြစ်ပေါ်နေပြီး၊ မွှေးညှင်းပေါက်လေးများထဲမှ ရေငွေ့များ ထွက်လာပါသည်။ သူ့နားတွင် လေပြင်းများတိုက်ခတ်လာပြီး၊ မမြင်ရ
သော ဓားသွားများက သူ့ကိုယ်မှ ထွက်လာလေသည်။ လေမတိုက်သောညတွင် ရှောက်ရွှမ်၏ အဝတ်အစားများမှာ တလူးလူးတလွန့်လွန့်ဖြစ်နေသည်။ ကျန်သူများသည် ရှောက်ရွှမ်၏ အဝတ်အစားများ စုတ်ပြဲသံများကို ကြားနေရသည်။ ထို့ကြောင့် နတ်ဆေးဆရာများက သူတို့အား ရိုးရာအခမ်းအနားဝတ်စုံများ မဝတ်ဆင်ရန် သတိပေးထားခြင်းဖြစ်သည်။ နတ်ဆေးဆရာများကတော့ သူတို့နားတွင် ဖြစ်ပေါ်လာသော အပြောင်းအလဲများကို သတိထားလိုက်မိသည်။
သူတို့အားလုံးသည် မြေပြင်ပေါ်တွင် မားမားမတ်မတ်ရပ်လိုက်သည်။ ထိုအခါ လေပြင်းများတိုက်ခတ်လာပြီး၊ မြေပြင်ပေါ်မှ ခြုံနွယ်များပင် လွင့်စင်ထွက်ကုန်သည်။ ဖုန်များ၊ ကျောက်ခဲများသည်လည်း လေထဲသို့ လွင့်စင်ထွက်ကုန်သည်။
ရှောက်ရွှမ်သည် သူ့ကိုယ်ထဲမှ သွေးများစီးဆင်းနေသံကို ကြားနေရသလို၊ သူ့နှလုံးခုန်သံများကိုပင် သူပြန်ကြားနေရသည်။ မီးမျိုးစေ့မှ
စွမ်းအင်များသည် သူ့အရေပြားထဲသို့ စိမ့်ဝင်လာပြီး၊ သူ့အရွတ်များ၊ အရိုးများထဲစီးဝင်သွားပါသည်။ ရှောက်ရွှမ်သည် နတ်စွမ်းအင်ကို အာရုံစိုက်လိုက်သောအခါ၊ နတ်စွမ်းအင်များမှာ ယခင်ကထက် ထုထည်ပိုကြီးလာသည်။ ထို့နောက် တဖြည်းဖြည်းနှင့် ခန္ဓာကိုယ်ထဲတွင် ဝရုန်းသုန်းကားဖြစ်နေသော၊ စွမ်းအင်များသည် ငြိမ်သက်သွားပါသည်။
ပတ်ဝန်းကျင်ကတော့ မေတ္တာတရားတို့ဖြင့် နွေးထွေးနေလေသည်။ ရှောက်ရွှမ်က သူ၏ အထူးအမြင်အာရုံဖြင့် သူတို့နားတွင် မရေတွက်နိုင်အောင်များပြားသော မီးတောက်ကလေးများ ကခုန်နေသည်ကို တွေ့လိုက်ရသည်။ ထိုအခါ ရှောက်ရွှမ်သည် ဆာလောင်နေသူတစ်ယောက်က အစာကို တပ်မက်သလို၊ ထိုမီးတောက်ကလေးများအားလုံးကို သူ့ကိုယ်ထဲရောက်အောင် စုပ်ယူချင်နေပါသည်။
မီးမျိုးစေ့မှ ထွက်ပေါ်လာသော မီးတောက်များသည် လူတိုင်း၏ ကိုယ်ထဲသို့ ဝင်သွားပြီ
ဖြစ်သည်။ မျိုးနွယ်စုဝင်တိုင်းသည်လည်း မီးမျိုးစေ့၏ စွမ်းအားများကို ထိုမီးတောက်များမှ တဆင့် စုပ်ယူပြီးပြီ ဖြစ်သည်။ သူတို့ကိုယ်ထဲတွင် မီးမျိုးစေ့မှ မီးတောက်များ တောက်လောင်နေပြီဖြစ်သည်။ ရှောက်ရွှမ်သည် ထိုအပြောင်းအလဲများကို ခံစားလိုက်ရသည်။ ပျံလွှားမီးတောက်ဖြစ်ပေါ်နေချိန်တွင်၊ အားလုံးကမီးတောက်များမှ စွမ်းအင်များကို စုပ်ယူနေကြခြင်း ဖြစ်သည်။
သို့သော် ထိုမီးတောက်များကို စုပ်ယူခြင်းမှာ သူတို့ရပ်နေသော နေရာနှင့် မီးဖိုကြီးအကြားအကွာအဝေးနှင့် မသက်ဆိုင်ပါ။ အနောက်တွင် ရပ်နေသူတချို့က၊ စွမ်းအင်များကို ရှေ့တွင် ရပ်နေသူတချို့ထက် ပိုစုပ်ယူနိုင်ကြသည်။ လူတစ်ဦးတစ်ယောက်၏ စွမ်းရည်များပေါ်မူတည်ပြီး၊ စုပ်ယူနိုင်သော စွမ်းအားပမာဏ ကွာခြားသွားခြင်း ဖြစ်သည်။
အားလုံး၏ မီးမျိုးစေ့ကတော့ အတူတူသာဖြစ်သော်လည်း၊ နောင်တစ်ချိန်တွင် ဖြစ်ပေါ်လာမည့် စွမ်းအင်များကတော့ မတူညီပါ။ တစ်ဦးတစ်
ယောက်ချင်းစီ၏ စွမ်းအင်များနှင့် အားထုတ်မှုများပေါ်မူတည်ပြီး၊ ဖြစ်ပေါ်လာသော ရလာဒ်များကတော့ ကွာခြားသွားမည် ဖြစ်သည်။
အရင်တုန်းကတော့ ၎င်းတို့သည် လူတစ်ယောက်၏ စွမ်းအားသည် မီးမျိုးစေ့၏ အစွမ်းပေါ်တွင် မူတည်နေသည်ဟု ထင်ကြသည်။
သို့သော် စစ်မှန်သော မီးမျိုးစေ့ထွက်ပေါ်လာပြီးနောက်၊ ရှောက်ရွှမ်က သူတိုအထင် မှားနေကြောင်းကို သိလိုက်ရသည်။
မီးမျိုးစေ့၏ အစွမ်းကိုလက်ခံမည့်သူလည်း၊ ကြံ့ခိုင်သန်စွမ်းမှုရှိမှ မီးမျိုးစေ့၏ အစွမ်းကထွက်ပေါ်လာမည် ဖြစ်သည်။
အနာဂတ်တွင် အပြောင်းအလဲများက ဖြစ်ပေါ်နေဦးမည် ဖြစ်သည်။
မီးမျိုးစေ့မှ လွင့်စင်ထွက်သွားသော စွမ်းအင်များသည် ဘယ်ကိုရောက်သွားသနည်း။ ထို
စွမ်းအင်များသည် ဤကမ္ဘာလောကတွင် ရှိနေဦးမည်ဆိုပါက၊ သူတို့သည် ထိုစွမ်းအင်များကို ပြန်ရယူနိုင်ပါဦးမလား။
မီးမျိုးစေ့ပေါက်ဖွားလာလျှင်တော့ ဖြစ်လာနိင်ခြေရှိသည်။
ထိုအချိန်တွင် ရှောက်ရွှမ်သည် သိသာထင်ရှားသော အပြောင်းအလဲတစ်ခုကို သတိထားလိုက်မိသည်။
သူ့ကိုယ်ပေါ်မှ နတ်အမှတ်အသားများသည် ထူထပ်လာပြီး၊ နတ်အမှတ်အသားများသည် အရောင်ပြောင်းလဲသွားပါသည်။
နေရာဟောင်းမှ လူများ၏ နတ်အမှတ်အသားများသည် နက်မှောင်နေပြီး၊ ကျန်းလော်တို့၏ နတ်အမှတ်အသားများကတော့ ကျောက်သားကို အရည်ကျိုထားသော အရောင်ရှိပါသည်။ ရှောက်ရွှမ်၏ နတ်အမှတ်အသားများကတော့ အားလုံးထက် ပိုတောက်ပနေပါသည်။ သို့သော်
အားလုံး၏ နတ်အမှတ်အသားများမှာ ပြောင်းလဲသွားပြီဖြစ်သည်။
ကျန်းလော်တို့၏ နတ်အမှတ်အသားများသည် ပိုတောက်ပပြီး၊အော့တို့၏ နတ်အမှတ်အသားများက နက်မှောင်နေပါသည်။ ခရမ်းနက်ရောင်နှင့်တူပြီး၊ တစ်ရောင်တည်းတော့ မဟုတ်ပါ။ အနီးကပ်ကြည့်လိုက်သောအခါ၊ နတ်အမှတ်အသားများမှာ မီးတောက်များနှင့် တူနေပါသည်။
ပြည့်စုံသော မီးမျိုးစေ့တစ်ခုထွက်ပေါ်လာသောအခါ၊ သူတို့အားလုံး၏ စွမ်းအင်များသည် ယခင်ကထက်ပိုတိုးပွားလာပါသည်။ ထိုနတ်အမှတ်အသားများရှိနေခြင်းကြောင့်၊ ၎င်းတို့သည် အမဲလိုက်ထွက်လျှင် ထွေထွေထူးထူး ရုပ်ဖျက်နေစရာ မလိုတော့ပါ။
ထိုနတ်အမှတ်အသားများသည် သားရဲတစ်ကောင်၏ကိုယ်ပေါ်တွင် ဖြစ်ပေါ်နေသော အစင်းကြောင်းများနှင့်တူနေပါသည်။
မီးတောက်များမှ အလင်းရောင်ကြောင့် တောအုပ်တခွင်လုံးသည် ထိန်လင်းနေပါသည်။ ထို့နောက် တဖြည်းဖြည်းနှင့် တောက်လောင်နေသော မီးတောက်များ ပျောက်ကွယ်သွားပါသည်။မီးဖိုကြီးထဲတွင်တော့ ၊ ထိုကဲ့သို့မီးမျိုးစေ့မှ မီးတောက်မျိုးထပ်မံထွက်ပေါ်လာတော့မည် မဟုတ်ပါ။
အားလုံးသည် မီးဖိုကြီးမှ မီးတောက်များ၏အဖြစ်ကို မြင်သောအခါ၊ စိတ်မကောင်းဖြစ်သွားကြသည်။ သို့သော် မကြာခင်တွင် သူတို့ကိုယ်ထဲတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲများကို ခံစားလိုက်ရပါသည်။ သူတို့သည် ယခင်ကထက် ပိုသန်စွမ်းလာပြီး၊ ယခင်ကထက် ပိုအသက်ရှည်သွားကြပြီဖြစ်သည်။
ကျန်းလော်နှင့်သူ့လူများသည်လည်း ဖြစ်ပေါ်လာသော အပြောင်းအလဲကို ခံစားလိုက်မိကြသည်။ အခုတော့ သူတို့သည် သက်တမ်းတိုသော မျိုးနွယ်စုမဟုတ်တော့ပေ။ သူတို့သည် သက်တမ်းရှည်ရှည်နေနိုင်တော့မည် ဖြစ်သည်။
တဖြည်းဖြည်းနှင့် တိမ်များသည်လည်း အရောင်မှိန်သွားပြီဖြစ်ပြီး၊ တစ်လောကလုံး အမှောင်ပြန်ကျသွားသည်။
နတ်ဆေးဆရာကတော့ မီးဖိုကြီးရှေ့တွင် ဒူးထောက်နေပါသည်။ အားလုံးမှာလည်း ဒူးထောက်ပြီ ဆုတောင်းနေကြသည်။ ထိုသို့ပြုလုပ်ခြင်းမှာ သူတို့မျိုးနွယ်စုဝင်များ၏ အရိုအသေပေးသော နည်းလမ်းတစ်ခုဖြစ်သည်။
အခုအချိန်မှစပြီး၊ သူတို့မျိုးနွယ်စု၏ အနာဂတ်မှာ တောက်ပနေပြီဖြစ်သည်။
ထိုနေ့သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ သမိုင်းတွင် အရေးပါသော နေ့တစ်နေ့ ဖြစ်ပါသည်။ ထိုနေ့သည် သူတို့အားလုံးမမေ့နိုင်သော နေ့တစ်နေ့အဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်း သူတို့သည် မီးမျိုးစေ့၏ အပြောင်းအလဲကို အမှတ်ရသည့်အနေဖြင့်၊ ထိုနေ့တွင် ရိုးရာအခမ်းအနားပွဲကို ကျင်းပကြမည်
ဖြစ်သည်။ ထိုနေ့ရက်သည် မီးတောက်ဦးချိုမျိုးနွယ်စုဝင်များအတွက် အရေးပါသော နေ့တစ်နေ့ဖြစ်လာမည် ဖြစ်သည်။
“မီးတောက်ဦးချိုမျိုးနွယ်စု ပြန်လာပြီဟေ့…”
သူတို့သည် တချိန်က ရွှေထီးဆောင်းခဲ့သော နေ့ရက်များကို ပြန်ဖော်ဆောင်ကြမည်။
မီးတောက်ဦးချိုမျိုးနွယ်စုကို စွန့်ခွာသွားသော လေလွင့်သူများကတော့၊ မီးမျိုးစေ့မှ စွမ်းအင်များကို ရနိုင်မည့် အခွင့်အရေးကို ဆုံးရှုံးသွားရပြီ ဖြစ်သည်။
အခြားသော မျိုးနွယ်စုများမှ နတ်ဆေးဆရာများသည်လည်း မီးမျိုးစေ့မှ စွမ်းအင်များကို ခံစားမိကြသည်။
“ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” မုန့်မျိုးနွယ်စု နတ်ဆေးဆရာသည် စိတ်များ လှုပ်ရှားနေလေသည်။
“ဘာတွေဖြစ်ကုန်တာလဲ…” မုန့်မျိုးနွယ်စုခေါင်းဆောင်ကမေးလိုက်သည်။ သူသည်လည်း အပြောင်းအလဲတစ်စုံတရာကို ခံစားလိုက်ရသည်။
“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေရဲ့ မီးမျိုးစေ့လေ…အဲဒါမရှိတော့ဘူး” မုန့်မျိုးနွယ်စု၏ နတ်ဆေးဆရာက တုန်ယင်သောအသံဖြင့် ပြောလိုက်သည်။
“မရှိတော့ဘူး ဟုတ်လား… ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” မုန့်မျိုးနွယ်စုအကြီးအကဲသည် အံ့ဩတကြီးဖြင့် ခုန်ထလိုက်သည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
သူတို့မျိုးနွယ်စုသည် အင်အားမတောင့်တင်းသော်လည်း၊ မီးမျိုးစေ့ပျောက်ကွယ်သွားသည့်အဖြစ်မျိုးကိုတော့ အဖြစ်ခံမည် မဟုတ်ပါ။ အခုဖြစ်ပေါ်လာသောအခြေအနေမှာ သူတို့သည်
တစ်စုံတယောက်ကို အရှုံးပေးလိုက်ရသော အခြေအနေနှင့် တူနေပါသည်။
“ မဟုတ်ဘူး… ပျောက်သွားတာ မဟုတ်ဘူး… ဓာတ်သဘောပြောင်းသွားတာဆိုပါတော့” မုန့်မျိုးနွယ်စုနတ်ဆေးဆရာက အတွေးများထဲတွင် နစ်မြောနေရာမှ သတိဝင်လာပြီး ပြောလိုက်သည်။
မုန့်မျိုးနွယ်စုမှ နတ်ဆေးဆရာသာမက၊ အခြားမျိုးနွယ်စုဝင်များ၏ နတ်ဆေးဆရာများကလည်း ထိုအပြောင်းအလဲကို ခံစားမိကြသည်။
ထိုအချိန်တွင် ကန္တာရထဲမှ ကျောက်ကုန်းမြို့တော်တွင်၊ ဆွေးနွေးပွဲလေးတစ်ခုဖြစ်နေပါသည်။
“ခံစားလိုက်ရလား…”
“မီးမျိုးစေ့တွေတော့ တစ်ခုခု ဖြစ်နေပြီ”
“မဆိုးဘူး… သူတို့တွေ မီးမျိုးစေ့ကစွမ်းအင်ကို
ထုတ်သုံးလို့ရတဲ့ နည်းကို ရှာတွေ့သွားပြီ”
အစကတော့ ၎င်းတို့သည် ထိုအဖြစ်ကို မယုံသော်လည်း၊ အခုတော့ ကောလဟာလများမှာ မှန်ကန်နေကြောင်းကို လက်ခံလိုက်ရပြီဖြစ်သည်။
“မီးတောက်ဦးချိုမျိုးနွယ်စုဝင်တွေက ထူးဆန်းတဲ့ မျိုးနွယ်စုတွေပဲ” ရှီရှုက မီးတောက်ဦးချိုမျိုးနွယ်စုဝင်များ၏ ရွာဘက်သို့ ကြည့်ရင်းပြောလိုက်သည်။ ထို့နောက် သမုဒ္ဒရာရှိရာဘက်သို့ လှည့်သွား၏။
“အပြောင်းအလဲတွေ ဖြစ်တော့မှာပဲ… ငါတို့ကတော့ ဖြစ်လာတဲ့ အပြောင်းအလဲကို ငါတို့အတွက် အကျိုးအမြတ်ရအောင် အသုံးချရမှာပေါ့”
(ဆက်ရန်…)
အခန်း (၅၀၁) မဟာအကြီးအကဲ
မီးမျိုးစေ့ ထွက်လာစေရန်အတွက်မူ လူတိုင်းအတွက် အချိန်လိုအပ်ပေသည်။ သို့မှသာ ကျန်နေသည့် စွမ်းအားများကို စုပ်ယူနိုင်မည် ဖြစ်သည်။ ထို့ကြောင့်ပင် နောက်လာသည့် နှစ်ရက်တွင် မျိုးနွယ်စုသည် ပို၍ပင် တိတ်ဆိတ်သွားခဲ့သည်။ ကင်းလှည့်နေကြသည့် စစ်သည်တော်များမှ လွဲပြီး လူတိုင်းသည် အိမ်တွင်ပင် အနားယူနေကြသည်။
အပြောင်းအလဲများ မည်မျှရှိသည်ကို ရှောက်ရွှမ် မသိနေခဲ့ပေ။ သို့သော်လည်း သူသည် သူ့အတွက်နှင့် လောင်ခဲ့အတွင်းမှ အပြောင်းအလဲများကိုတော့ မြင်နိုင်ခဲ့သည်။
ဤနှစ်ရက်တွင် လောင်ခဲ့ကို ကြည့်ရသည်မှာ ကနာမငြိမ်ဖြစ်နေခဲ့လေသည်။ သူ့ကိုကြည့်ရ
သည်မှာ မကုန်ခမ်းနိုင်သည့် စွမ်းအားများ ရှိနေပုံရသည်။ သူသည် ညဖက်များတွင် ကျောက်တုံးပစ္စည်းများကို ပြုလုပ်နေတတ်ပြီး နောက်နေ့မနက်တွင် အသားစွပ်ပြုတ်ကို ပြုတ်နေတတ်သည်။
အတိတ်တုန်းကမူ သူသည် လမ်းလျှောက်ရာတွင် သစ်သားတုတ်ချောင်းကို လိုအပ်ခဲ့ပြီး မကြာခန ဆီဆာ အပေါ်တွင် အနားယူရလေသည်။ ယခုတွင်မူ လောင်ခဲ့သည် သူ့သစ်သားလမ်းလျှောက်တုတ်ကို ပစ်ထုတ်လိုက်ပြီး အိမ်နားတစ်ဝိုက် ပျော်ရွှင်စွာ လမ်းသလားနေလေတော့၏။
ရှောက်ရွှမ်သည် လောင်ခဲ့ကို စိတ်ပူနေမိသော်လည်း သူ့ကိုကြည့်ရသည်မှာ အဆင်ပြေနေပုံရသည်။
“ ငါအရင်တုန်းကထက် ပိုနေလို့ကောင်းနေတယ်။
ပိုလုပ်နိုင်နေတယ်။ ငါ့ကို မယုံဘူးလား ။ ငါမင်းကို သက်သေပြဖို့အတွက် တစ်နေကုန်တောင် ခုန်နေလို့ရတယ် “
“ ခင်ဗျားက ပိုပြီးစွမ်းအားတွေ ပြည့်ဝလာသလိုပဲ။ ကြည့်ရတာ သွက်လက်လာတယ် “ ရှောင်ရွှမ် ပြုံးလိုက်ပြီး ပြောလိုက်သည်။
မှန်ပေသည်။ အတိတ်က လောင်ခဲ့၏ ဆံပင်များသည် အဖြူရောင်များသာ ဖြစ်ခဲ့သည်။ ယခုတွင် သူ့ဆံပင်များသည် အနက်ရောင်အဖြစ်သို့ ပြန်ပြောင်းနေကြပြီဖြစ်သည်။ အကယ်၍ သူသာ ဤအခြေအနေကို ဆက်ထိန်းထားနိုင်မည် ဆိုလျှင် သူ့တစ်ခေါင်းလုံးမှ ဆံပင်များ ပြန်နက်မှောင်လာနိုင်သည်။
လောင်ခဲ့ သူ့ခန္ဓာကိုယ်မှ ပြောင်းလဲမှုများအတွက် ကျေနပ်နေခဲ့သည်။ ယခင်က သူသည် နေထိုင်၍
သိပ်မကောင်းခဲ့ပေ။ သူအမဲလိုက်စဉ် ခြေထောက်တစ်ဖက်ကို ဆုံးရှုံးလိုက်ရပြီး အသက်မွေးရန်အတွက် ကျောက်တုံးပစ္စည်းများကိုသာ ပြုလုပ်နေခဲ့ရသည်။ သူ့ဘဝသည် အဆင်မပြေခဲ့ပေ။ ရှောက်ရွှမ်၏ ဆေးပင်များသည် သူ့ကို အကူအညီဖြစ်စေခဲ့သော်လည်း မီးမျိုးစေ့မှ အပြောင်းအလဲများကို အများဆုံးခံစားရလေသည်။ အခြားသူများမှာမူ သူ့လောက် ပြောင်းလဲမှုမျိုး ရှိနိုင်ချင်မှ ရှိနိုင်လိမ့်မည် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ၊ လူတိုင်းသည် ကောင်းမွန်သော အပြောင်းအလဲများကြောင့် ပျော်ရွှင်နေခဲ့ကြသည်။
မနက်စာစားပြီးနောက် ရှောက်ရွှမ် သုန့်ကန်းနှင့် အခြားသူများနှင့် တွေ့ဆုံလိုက်သည်။
သုန့်ကန်းသည် ကွမ်းယီကို စကားပြောနေခဲ့လေ
သည်။
“ ငါ့မှာ အရောင်ရှိတဲ့ ရွံ့တွေအများကြီး ရှိသေးတယ်။ ပြီးပြည့်စုံတဲ့ မီးမျိုးစေ့နဲ့ ပေါင်းစပ်ပြီးတဲ့နောက်မှာ ငါတို့ အဲ့ဒါတွေကို ထပ်မလိုတော့ဘူး ဆိုတာ မယုံနိုင်သေးဘူး။ နောက်တစ်ကြိမ်ကြလို့ အမဲလိုက်ရင် ငါတို့ ဘာသာ ရွံ့တွေနဲ့ ဆေးချယ်ဖို့မလိုအပ်တော့ဘူး “ သုန့်ကန်းသည် ထိုကိစ္စနှင့်ပတ်သက်ပြီး ကျင့်သားမရ ဖြစ်နေဆဲဖြစ်သည်။ သူသည် လာမည့်နှစ်ရက်တွင် အမဲလိုက်ထွက်ရန်အတွက် ပြင်ဆင်နေခဲ့လေသည်။ သူတစ်ခုခုကို လုပ်ရန် ကျန်နေသည်ကို သူအမြဲခံစားနေခဲ့ရသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ဤအရာကို ကျင့်သားရသွားကြပေလိမ့်မည်။ အမှတ်အသားများသည် ယခင်ကလောက် မတောက်ပသော်လည်း သူတို့အားလုံးသိနေကြသည်မှာ ဤအမှတ်အသားများသည် အမဲလိုက်ထွက်ရန် အသင့်တော်ဆုံးသော သုံးခုမှ တစ်ခုဖြစ်သည် ဟူသည့် အချက်ဖြစ်သည်။
ကွမ်းယီ မပြောနိုင်ခင် သုန့်ကန်းထပ်ပြောလိုက်ပြန်သည်။ “ တကယ်တော့ ကောင်းပါတယ်လေ။ ငါကြားတာတော့ ဒီတောအုပ်တစ်ခုလုံးက ငါတို့ငါပဲတဲ့။ ငါတို့ တခြားမျိုးနွယ်စု ပိုင်နက်ထဲကို ဝင်သွားမိမှာကို စိတ်ပူနေစရာ မလိုအပ်တော့ဘူး။ ငါတို့ အမဲလိုက်ချိန်တဲ့ အချိန်တိုင်း အမဲလိုက်ထွက်လို့ရပြီ “
ကွမ်းယီသူ့ခေါင်းကို ခါယမ်းလိုက်သည်။ ထို့နောက် စိတ်လှုပ်ရှားနေသည့် သောခန်ကို လျစ်လျုရှုထားလိုက်သည်။ သူ့လက်များကို နောက်ဖက်တွင်ထားထား လိုက်ပြီးနောက် တစ်စုံတစ်ယောက်နှင့် စကားပြောရန် ပြင်လိုက်သည်။ သူသည် ဤနှစ်ရက်တွင် လုပ်စရာ မရှိနေသဖြင့် ပျင်းရိနေလေပြီ။ သူတို့ အမဲလိုက်ထွက်ရန် အချိန်ကို စောင့်ရဦးမည် ဖြစ်သည်။
ရှောက်ရွှမ် လျှောက်သွားနေလိုက်ပြီးနောက် လူ
တိုင်းကို လိုက်ကြည့်နေလိုက်သည်။
မီးမျိုးစေ့မရှိလျှင် လူအများသည် မတည်ငြိမ်ဖြစ်နေမည် ဖြစ်သည်။ သူတို့သည် တစ်ခါတစ်ရံတွင် အဝေးတစ်နေရာတွင် ရှိနေသည့် မီးတောက်တွင်းကို လှမ်းကြည့်နေတတ်ကြသည်။ ယခုတွင် မီးတောက်တွင်းသည် မီးတောက်များ မရှိနေတော့ပေ။ သူတို့၏ အကြည့်များသည် ဗလာကျင်းနေကြပြီး မီးမျိုးစေ့သာ မရှိလျှင် သူတို့အားလုံး သူတို့၏ အမြစ်များ ကင်းမဲ့နေမည် ဖြစ်သည်။
သို့သော်လည်း သူတို့မျိုးနွယ်စု၏ အနာဂတ်အတွက် လိုအပ်ပေသည်။ မျိုးနွယ်စုမှ လူများသည် မျိုးနွယ်စု၏ အဓိက အခြေခံဖြစ်သည်။ မျိုးနွယ်စုမှ လူများသာ ရှိနေလျှင် သူတို့အနေဖြင့် မည်သည့်နေရာတွင်မဆို နေထိုင်နိုင်ပေသည်။
ရှောက်ရွှမ် လယ်ကွင်းများဖက်သို့ လမ်းလျှောက်လာခဲ့သည်။
သူတို့သည် ပင်လယ် တဖက်ကမ်းမှမျိုးစေ့အများအပြားကို ယူဆောင်လာခဲ့ကြသည်။ ကျိကျွီသည်လည်း သူတို့ကို ကောင်းမွန်သော အစေ့များစွာ ပေးခဲ့သည်။
ယခင်က ရှောက်ရွှမ် ထင်ထားခဲ့သည်မှာ သူတို့သည် သူတို့ဖက်ကမ်းတွင်ရှိသည့် သာမန် အစေ့အဆံများကိုသာ စားသုံးကြသည်ဟု ထင်ထားခဲ့သည်။ သူကြားဖူးသည်မှာ ကြီးမားသည့် မျိုးနွယ်စုကြီးများတွင် တန်ဖိုးရှိသည့် ကောက်ပဲသီးနှံခင်းများရှိကြပြီး သူတို့သည် လျှို့ဝှက်စွာ ရိတ်သိမ်းကြသည်ဟု ကြားဖူးသည်။ သူတို့သည် အခြားမျိုးနွယ်စုများ ထိုအကြောင်းများကို သိသွားကြမည်ကို စိတ်ပူနေကြခြင်း ဖြစ်သည်။ သူတို့တွင် ကောက်ပဲသီးနှံများရှိနေသည်ကို သူတို့ မည်သည့်အခါကမှ ကြေငြာ
ခြင်းမပြုကြပေ။ အလဲအလှယ် ပြုလုပ်သည့် လူများသည် သာမန် အစေ့များကိုသာ ပြန်ယူလာတတ်ကြသည်။ မျိုးနွယ်စု စွမ်းအားများ မနှိုးထသေးသည့်လူများသာ ထိုကောက်ပဲသီးနှံများကို စားသုံးကြပေသည်။
ယခုတွင် အစေ့များသည် ကွဲပြားသွားခဲ့ပြီဖြစ်သည်။
ဦးဆောင်သည့်လူများသည် ချီချီနှင့် သူမ၏ လူများဖြစ်ကြသည်။ သူတို့သည် အစေ့များကို ရင်းနှီးကျွမ်းဝင်ကြလေသည်။ ဤဖက်ကမ်းမှ လယ်သမားများသည် သူတို့ထံမှ ပြန်လည် သင်ယူကြရသည်။ သူတို့၏ လယ်ကွင်းများကို တစ်နေ့တွင် ပိုပြီးကျယ်ပြန့်လာအောင်လုပ်လိုလျှင် သူတို့အနေဖြင့် သင်ယူရမည်ဖြစ်သည်။
သူတို့ ရှောက်ရွှမ် ကို မြင်လိုက်သည့်အချိန်တွင်၊
လူအများကို သင်ပေးနေခဲ့သည့် ချီချီသည် အလျင်အမြန်လာလိုက်ပြီး လေးစားစွာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်သည်။ သူမသည် ရှောက်ရွှမ်ကို အလွန်အမင်း လေးစားပေသည်။ သူသာ မရှိလျှင် သူမတို့သည် ဤနေရာတွင် ရှိနေကြလိမ့်မည် မဟုတ်ပေ။
“ မဟာအကြီးအကဲ .... “
“ မဟာအကြီးအကဲ .... “
လူတိုင်း အော်ဟစ်လိုက်ကြသည်။
သူသည် ကိုင်းခွဲနှစ်ဖက်လုံး၏ အကြီးအကဲတစ်ယောက် ဖြစ်သဖြင့် သူသည် မျိုးနွယ်စု၏ မဟာအကြီးအကဲပင် ဖြစ်သည်။
သူသည် လက်ရှိတွင် တစ်ဦးတည်းသော မျိုးနွယ်စု အကြီးအကဲဖြစ်သော်လည်း မကြာခင်တွင် နောက်ထပ် အကြီးအကဲများ ပေါ်ထွက်လာလိမ့်မည် ဖြစ်၏။
နတ်ဆရာနှစ်ယောက်တို့ တိုင်ပင်ထားကြသည်မှာ ကွေ့ဇယ် သင်ယူမှုပြီးသွားသည်နှင့် သူတို့နှစ်ယောက်လုံး အနားယူကြတော့မည် ဖြစ်သည်။ နတ်ဆရာနှစ်ယောက် ရှိနေခြင်းသည် သဘောမတူမှု သဘောထားကွဲလွဲမှုများကို ဖြစ်ပွားစေသည်။ အကယ်၍ သူတို့သာ နတ်ဆရာတစ်ယောက်ထဲ ထားလိုက်လျှင် သဘောမတူညီမှုများ ပပျောက်သွားမည် ဖြစ်သည်။ သူတို့သည် သူတို့ကို မည်သို့ နှုတ်ဆက်ခြင်း ခံမည်ဟူသည့် ကိစ္စနှင့် ပတ်သက်၍ပင် သဘောထားမတူညီကြပေ။
( ဝူ ဟူသည့် စကားလုံးသည် နတ်ဆရာနှင့် အမျိုးသမီး စုန်း နတ်ဆရာကို ခေါ်ဝေါ်ရာတွင်
အသုံးပြုသည့် စကားလုံးတစ်ခု ဖြစ်သည်။ ထို့ကြောင့်ပင် စိတ်သဘောထားခြင်း မတိုက်ဆိုင်ခြင်း ဖြစ်လာရခြင်းပင်။ )
တစ်ခါတစ်ရံတွင် တစ်စုံတစ်ယောက်သည် နတ်ဆရာ “ ဝူ “ ဟူ၍ ခေါ်ပြီး နှုတ်ဆက်တတ်သည်။ ထိုအချိန်မျိုးတွင် နတ်ဆရာနှစ်ယောက်လုံး ထူးမိတတ်ကြလေသည်။ နတ်ဆရာ အမျိုးသမီးသည် နတ်ဆရာအိုကြီးကို “ ရှီ “ ဟူသည့်စကားလုံးကို အစားထိုးသုံးစွဲစေချင်သည်။ သို့သော်လည်း လူအိုကြီးသည် ထိုအချက်ကို သဘောမတူနိုင်ပေ။ သူသည် သူ့ကို “ ရှီ” ဟု ခေဘါ်မည်ကို သဘောမကျပေ။
သူ အဘယ်ကြောင့် နာမည် ပြောင်းရမည်နည်း.......။ သူ့ဘိုးဘေး များအားလုံးသည် နတ်ဆရာများ ဖြစ်ကြသည်။ ကျွန်ပိုင်ရှင်များ အသုံးပြုကြသည့် နာမည်မျိုးကို အဘယ်ကြောင့် သူက အသုံးပြုရလိမ့်မည်နည်း.......။ ငါတော့ မ
ပြောင်းနိုင်ဘူး နင်ပဲ ပြောင်းတော့ .......။
အမျိုးသမီးကြီးသည် ထို့ကြောင့် နတ်ဆရာအိုကြီးကို တုတ်ဖြင့်ရိုက်မိလုဆဲဆဲပင် ဖြစ်သွားရသည်။
ထိုအသေးစားသဘောမတူချက်များမှ လွဲ၍ နှစ်ဖက်လုံးသည် အလွန်အမင်း ကံကောင်းသည်ဟု တွေးမိနေကြသည်။ အဘယ်ကြောင့်ဆိုသော် မီးတောက်မျိုးစေ့ ကြောင့် သူတို့၏ သက်တမ်းများ ပိုရှည်လာကြသောကြောင့် ဖြစ်သည်။ သူတို့အနေဖြင့် သက်တောင့်သက်သာ ပင်စင်ယူချင်နေပြီလည်း ဖြစ်သည်။ ဤအလေးချိန်ကို လူငယ်မျိုးဆက်မှ လူများ ထမ်းပိုးရန် အချိန်ရောက်လေပြီ။ နတ်ဆရာ အိုကြီးနှစ်ယောက်လုံး အကြီးအကဲများ ဖြစ်လာကြမည် ဖြစ်၏။
သူတို့ မီးတောက်မျိုးစေ့နှင့်ပေါင်းစပ်လိုက်သည့် အချိန်မှ စပြီး နှစ်များစွာ လေ့ကျင့်မှုကြောင့်လော
၊ သဘာဝ အရည်အချင်းအရလော မဆိုနိုင်ပဲ ကွေ့ဇယ်သ်ည အမွေအနှစ်ကို လက်ခံနိုင်သည့် စွမ်းအားများ ရှိနေခဲ့ပြီဖြစ်သည်။ အမြင်တစ်ခုတည်း မြင်ကြသည်မှာ နတ်ဆရာ နှစ်ယောက်တို့အတွက် ရှားပါးသော ဖြစ်ရပ်တစ်ခု ဖြစ်လေသည်။ သူတို့သည် သူတို့၏ ဆက်ခံသူကို သဘောထားတူညီကြလေ၏။ သို့သော်လည်း သူတို့နှစ်ယောက် မကြာခန ရန်ဖြစ်နေတတ်ကြပေသေးသည်။ ကွေ့ဇယ်သည် သူတို့နှစ်ယောက်ထံမှ တစ်ရက်ခြားသာ သင်ယူနိုင်ခဲ့သည်။
လူသစ်များသည် ဆေးဆိုင်၏ ဦးဆောင်သူများ ဖြစ်လာကြသည်။ ရှောက်ရွှမ်သည် လူသစ်များကို သင်ပေးရန် မကြာခန ထိုနေရာသို့ သွားလေ့ရှိသည်။ လိပ်သည် ကြီးထွားလာခဲ့ပြီဖြစ်သည်။ ၎င်းလုပ်နေသည့် တစ်ခုတည်းသော အရာမှာ စားပြီးအိပ်ယုံသာ ဖြစ်သည် မဟုတ်ပေလော။ ၎င်းသည် ဆေးပင် အကျွင်းအကျန်များကို သာ စားသုံးသော်လည်း ကောင်းမွန်စွာ ကြီးထွားလာခဲ့ပေသည်။ ရှောက်ရွှမ်သည် လိပ်ခွံကို ချပ်ဝတ်တစ်ခု
ပြုလုပ်ရန်ကိုပင် တွေးနေခဲ့သည်။
ခေါင်းဆောင်များ အတွက်မူ ခေါင်းဆောင်နှစ်ယောက်လုံးဆင်းမလာကြသေးပေ။ ခေါင်းဆောင် အသစ်ရွေးပြီးမှသာ သူတို့ပေါ်လာမည်ဟု သဘောတူထားကြသည်။ နတ်ဆရာများကဲ့သို့ပင် သူတို့သည် မျိုးနွယ်စု အကြီးအကဲများ ဖြစ်လာကြလိမ့်မည် ဖြစ်သည်။ သူတို့သည် အဓိက အရေးကြီးသည့် ဆွေးနွေးပွဲများတွင်သာ ပါဝင်ပတ်သက်ပေလိမ့်မည်။
ခေါင်းဆောင်အသစ်သည် အမဲလိုက်ခေါင်းဆောင် သုံးယောက်ထဲမှ တစ်ယောက်ဖြစ်လိမ့်မည် ဖြစ်သည်။ ထို့ကြောင့်ပင် သုန့်ကန်း၊ ကွေ့ဟယ်နှင့် ထာ့ တို့သည် သူတို့၏ အရည်အချင်းများကို ပြသနိုင်ရန်အတွက် အားကြိုးမာန်တက်ဖြစ်နေကြခြင်း ဖြစ်သည်။
မကြာခင်တွင် အကြီးအကဲ လေးယောက် ထပ်တိုးလာမည် ဖြစ်သော်လည်း ရှောက်ရွှမ်၏ နေရာသည် အစားထိုး မရနိုင်သည့် နေရာတွင် ရှိနေသေးသည်။ ထို့ကြောင့်ပင် သူ့ကို “မဟာအကြီးအကဲ “ ဟု ခေါ်ကြခြင်း ဖြစ်သည်။ သူသည် အရိုးအဆင်တန်ဆာ ခြောက်ခုလုံးကို ကိုင်စွဲထားသည့် လူဖြစ်သည်။ အခြားသူများ တွင် အရိုးအဆင်တန်ဆာများ မရှိကြပေ။
အကယ်၍ သူသာ အရိုးအဆင်တန်ဆာများကို အခြားသူများအား ပေးလိုက်လျှင်သော်မှ အခြားသူများ လိုချင်ကြလိမ့်မည် မဟုတ်ပေ။ သူတို့သည် အရိုးများကို အသက်မသွင်းနိုင်ကြပေ။ သူတို့သည် အရည်အချင်းမမှီဟု တွေးကြသည်။
ထို့ကြောင့်ပင် ရှောက်ရွမ်သည် မဟာအကြီးအကဲဖြစ်နေရခြင်း ဖြစ်သည်။
ရှောက်ရွှမ် မြေကြီးကို ကြည့်လိုက်သည်။ “ မင်းတို့ ဘယ်လောက် စိုက်ထားလဲ “
“ ဒီရာသီအတွက် သင့်တော်တာလေး နည်းနည်းစီ စိုက်ထားပါတယ် “ ချီချီ လယ်ကွင်းများ တစ်လျှောက် သူ့ကို ခေါ်ပြလိုက်ပြီး သူတို့လုပ်ထားသမျှကို တင်ပြလိုက်သည်။
ချီချီသည် ထိုအစေ့များကို နတ်ဆရာထံမှရလာခဲ့ခြင်း ဖြစ်သည်။ နတ်ဆရာသည် အစေ့ခွဲဝေမှုတွင် ဦးစီးခေါင်းဆောင်ဖြစ်သည်။နတ်ဆရာမသည် ဆားများကို ကိုင်တွယ်သည်။ သူတို့သည် တခြားဖက်မှ အရာများစွာကို ယူလာခဲ့ကြလေသည်။ အကယ်၍ ကွေ့ဇယ်သာ နတ်ဆရာဖြစ်လာခဲ့လျှင် သူသည် နှစ်ခုလုံးကို ကိုင်တွယ်ရမည့်သူ ဖြစ်လာပေလိမ့်မည်။
အမှန်တကယ်တွင် နတ်ဆရာသည် ရှောက်ရွှမ် ထို
အစေ့များကို ရလာသူဖြစ်သဖြင့် သူသာကိုင်တွယ်သင့်သည်ဟု ထင်ခဲ့သည်။ သို့သော်လည်း ရှောက်ရွှမ်သည် အမဲလိုက်ရာတွင် ပါဝင်မည် ဖြစ်သည်။ အကယ်၍ သူသာ အမဲလိုက်ရာတွင် မပါဝင်ဖြစ်ခဲ့လျှင်လည်း သူ့အိမ်ထဲတွင် တစ်နေကုန် ရှိနေမည့်သူ မဟုတ်ပေ။ အစေ့များကို အလိုရှိသူများသည် ရှောက်ရွှမ် မရှိနေခဲ့လျှင် အစေ့များကို ရနိုင်တော့မည် မဟုတ်ပေ။
လယ်ကွင်းများအပြင် တိရိစ္ဆာန်များ ထားသည့်နေရာများကို စောင့်ကြပ်ပေးနေသည့်လူများလည်း ရှိကြသည်။ နှစ်ဖက်လုံးသည် သူတို့၏ အတွေ့အကြုံများကို ပြောကြလေသည်။ သူရောက်သွားသည့်အချိန်တွင် ဘဲငန်းများကို ထိန်းကြောင်းရသူသည် အစိမ်းရောင်ဘဲငန်းများ ဤနရာတွင် မရှိနေသည့်အတွက် မည်မျှ နှမြောဖွယ်ကောင်းကြောင်းကို ပြောနေလေသည်။
တောဝက်ရိုင်းငယ်များနှင့် ပတ်သက်ပြီး တွေးနေ
စဉ်တွင် တစ်စုံတစ်ယောက် သူ့ကိုခေါ်လိုက်သည်ကို ရှောက်ရွှမ် ကြားလိုက်ရသည်။ သူတဖက်သို့လှည့်လိုက်ရာ မျိုးနွယ်စု ခေါင်းဆောင်နှစ်ယောက်နှင့် အမဲလိုက်ခေါင်းဆောင် သုံးယောက်တို့ကို တွေ့လိုက်ရသည်။ ဒီလူငါးယောက်က ဘာတွေပြောနေကြတာလဲ .......။
“ ခင်ဗျားတို့ ဘာလုပ်နေကြတာလဲ ..... “ ရှောက်ရွှမ် သူတို့ထံလမ်းလျှောက်သွားလိုက်ပြီး မေးလိုက်သည်။
အော့ မည်သို့မှ မပြောပဲ တဖက်သို့ လှည့်နေခဲ့သည်။ ရှောက်ရွှမ် ထိုအရာကိုနားလည် ပေသည်။ ထိုနေရသည် သူတို့၏ အဓိက အစေ့အဆန်များကို သိုလှောင်ထားသည့် နေရာဖြစ်လေသည်။
အဓိက အစေ့များသည် မျိုးနွယ်စု ၏ လျှို့ဝှက်ချက်ဖြစ်သည်။ အကယ်၍ သူတို့သာ သတ္တု
လက်နက်များကို ပြန်ယူလာခဲ့လျှင် သူတို့အများစုကို အဝေးတွင်သာ ထားလိုက်မည် ဖြစ်သည်။ သောခန်သည် ဤရက်များတွင် ကျောက်တုံး ပုဆိန်များဖြင့် ဆော့ကစားနေခဲ့လေသည်။ အစပိုင်းတွင် သူသည် ကျောက်တုံးများကို အမဲလိုက်ရာတွင် အသုံးမဝင်ဟု ထင်ထားခဲ့သည်။ သို့သော်လည်း ရှောက်ရွှမ်နှင့် သူ၏ လက်နက်များကို တွေ့လိုက်ရချိန်တွင် သူ့အမြင်များ ပြောင်းလဲသွားလေသည်။ သူရောက်လာသည့်အချိန်တွင် သူသည် ကျောက်တုံးများ၏ အသုံးဝင်ပုံများကို လေ့လာနိုင်ခဲ့သည်။
ရှောင်ရွှမ် လဲ့နှင့်ထွော်တို့ကို စေလွှတ်လိုက်ပြီး အစေ့များကို ထိုနေရာတွင် မထားရန်ပြောလိုက်သည်။
“ သွားကြစို့ “ အော့ သူတို့အားလုံးကို ခေါင်းဆောင်လိုက်သည်။
အဓိက အစေ့များသည် အန္တရာယ်ရှိသဖြင့် သူတို့သည် ထိုအစေ့များကို မျိုးနွယ်စုနှင့် အနည်းငယ် ဝေးသည့်နေရာတွင် သိမ်းထားကြလေသည်။ သူတို့အနေဖြင့် ထိုနေရာသို့ရောက်ရန် အတန်ကြာ သွားရလိမ့်မည် ဖြစ်သည်။
လမ်းတွင် အော့ တစ်ခနတာ တွေးတောလိုက်ပြီး ပြောလာခဲ့သည်။ “ အားရွှမ်...... ငါတို့ ရွှေကောက်ပဲသီးနှံကို စားလိုက်ပြီးတော့ မီးတောက် မျိုးစေ့က ပိုပြီး မြန်မြန် ပေါင်းစပ်လာတယ်လို့ မင်းထင်လား “
အော့သည် အခြားသူများထက် နောက်ကျပြီးမှ ရွှေကောက်ပဲသီးနှံ ကို စားသုံးခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် ဤကိစ္စနှင်ပတ်သက်ပြီး သိပ်မသိနေခဲ့ပေ။
ရှောက်ရွှမ် ထိုအရာကို သတိမပြုမိလိုက်ပေ။ ဖြစ်နိုင်သည်မှာ သူ့ခန္ဓာကိုယ်သည် အများနှင့် မတူနေသည်လော........။ နတ်ဆရာတစ်ခါပြောဖူးည်မှာ သူ့နတ်အမှတ်အသားများနှင့် သူ့ခန္ဓာကိုယ်သည် သူများနှင့် ကွာခြားနေသည်ဟု ပြောဖူးလေသည်။ ဖြစ်နိုင်သည်မှာသူသည် အခြားသူများ ခံစားရသည့် အရာများကို မခံစားရခြင်း ဖြစ်နိုင်ပေသည်။
ကျန်းလော်၊ သုန့်ကန်း၊ ထာ့ တို့အားလုံး သဘောတူလိုက်ကြသည်။
ရှောက်ရွှမ် ကျိကျွီပြောသည်ကို တွေးမိလိုက်သည် “ မင်း မှန်ကောင်းမှန်နိုင်တယ်။ " ကျိကျွီပြောခဲ့သည်မှာ ရွှေကောက်ပဲသီးနှံသည် အများဆုံးသင့်တော်သည့် အခြေအနေတွင် ပေါက်ရောက်သည်ဟု ဆိုသည်။ “ သူက ဒီလိုမျိုး ပဲ ပေါက်ရောက်လို့ ဖြစ်မယ်၊ သစ်စေ့တွေက
သစ်ပင်တစ်ပင်တည်းက လာတာပဲ။ ကျုပ်တို့ရဲ့ ကောက်ပင်တွေက သူ့ကောက်ပင်တွေနဲ့ကွဲပြားနေတယ်။ ဘာလို့ဆို အဲ့ဒါတွေက မီးတောက် ဦးချိုနယ်မြေမှာ ပေါက်ရောက်လို့ပဲ “
“ ရွှေကောက်ပဲသီးနှံက တကယ်ပဲ ထူးခြားတာပဲ “ အော့ သက်ပြင်းချလိုက်သည်။ သူတို့သည် အခြားမျိုးနွယ်စုများ၏ ကောက်ပင်များကို မျက်စိကျနေစရာ မလိုတော့ပေ။ သူတို့တွင် ရွှေကောက်ပဲသီးနှံကဲ့သို့သော ပိုကောင်းသည့် ကောက်ပင်များ ရှိနေလေပြီ။ သူတို့သည် အခြားသူများ ၏ ကံကောင်းခြင်းများဖြင့် လဲလှယ်လာလျှင်ပင် လဲလှယ်ပေးကြတော့မည် မဟုတ်ပေ။