အခန်း (၅၀၂-၅၀၄)
Vol. 34 Ch. 502-504
အခန်း (၅၀၂) အဓိက မျိုးစေ့နှင့် လိုဏ်ဂူ
ရွာမှ ထွက်လာခဲ့ပြီးနောက် ရှောက်ရွှမ် ချာချာ ကျက်စားလေ့ရှိသည့် တောင်တန်းများကို မြင်တွေ့လိုက်ရသည်။ အချို့သော နေရာများတွင် သိမ်းငှက် လက်သည်းရာများကိုပင် တွေ့နိုင်ပေသေးသည်။
သူတို့ အမဲလိုက်ထွက်စဉ်တွင် ချာချာသည် လူများများ မရှိသည့် မြင့်မားသည့်နေရာများကို သဘောကျလေ့ရှိသည်။ သူသည် မီးတောက် ဦးချိုများ မျိုးနွယ်စုမှ လူများနှင့် သိပ်ရင်းနှီးလှခြင်း မရှိနေပေ။ မည်သို့ပင်ဖြစ်စေ သူသည် အခြားသော ကြောက်မက်ဖွယ်သားရဲများ နှင့်လည်း မတူနေခဲ့ပေ။ သူသည် မျိုးနွယ်စုမှ လူများ နှင့်သိပ်မဝေးသည့် တောင်တန်းများတွင် နေထိုင်ကျက်စားနေလေ့ရှိသည်။
သူပြန်လာသည့်အချိန်တွင် ရှောက်ရွှမ် ချာချာကို မတွေ့ခဲ့ရပေ။ အော့နှင့် အခြားသူများ၏ အပြောအရ သူသည် ထွော်နှင့် လဲ့တို့ကို ပြန်ပို့ပြီးနောက်တွင် သဲကန္တာရ ရှိရာဖက်သို့ ပျံသန်းသွားသည်ဟု ဆိုသည်။ ထို့နောက် ဟွေမျိုးနွယ်စု ထံသို့သွားပြီး သူတို့၏ သိမ်းငှက်များနှင့်အတူ ပျံသန်းသွားသည်ဟု ဆိုသည်။
မည်သို့ပင်ဖြစ်စေ ဟွေမျိုးနွယ်စုများ၏ ရှင်းပြချက်အရ ကြီးမားသည့် တောင်တန်းသိမ်းငှက်များသ်ည သိမ်းငှက်တောင်သို့ အတူတူ သွားလိုက်ကြသည်ဟု ဆိုလေသည်။ ထို့ကြောင့် ပင် အော့နှင့် အခြားသူများသည် ချာချာကို သိပ်စိုးရိမ်နေကြခြင်း မရှိတော့ပေ။ သူတို့သည် ကြီးမားသည့် တောင်တန်း သိမ်းငှက်များနှင့် ရင်းနှီးကျွမ်းဝင်ကြခြင်း မရှိသော်လည်း ချာချာသည် ယခင်က ထိုနေရာသို့ ရောက်ဖူးပေသည်။ သူတို့ မည်သည့်လမ်းကြောင်းအတိုင်း ပျံသန်းသွားကြသည်ဟု မသိနိုင်သော်လည်း သူတို့သိမ်းငှက်များ
အချင်းချင်း အုပ်စုဖြင့် လုံခြုံနေလိမ့်မည် ဖြစ်သည်။
ဤနှစ်ဆောင်းရာသီပြီးလျှင် ဟွေ့မျိုးနွယ်စုမှ လေ့လာရေးအဖွဲ့တစ်ခုသည် ကြောက်မတ်ဖွယ်သားရဲ တောအုပ်သို့ သတင်းစကားများဖြင့် ရောက်လာခဲ့ကြသည်။ သူတို့အပြောအရ သူတို့မျိုးနွယ်စုမှ သိမ်းငှက်အချို့သည် သူတို့ထံ ပြန်ရောက်လာခဲ့ပြီဖြစ်သည်။ သို့သော်လည်း သူတို့သည် ချာချာကိုတော့ မတွေ့နေသေးပေ။ သူတို့ စကားများများ မပြောခဲ့သော်လည်း သူတို့စိတ်ထဲတွင် မမေးရဲသည့် တစ်စုံတစ်ခု ရှိနေဟန်ရသည်။ အော့သည် ထိုအချိန်တွင် မီးတောက် မျိုးစေ့၏ မူမမှန်သည့် အပြုအမူကို စဉ်းစားနေခဲ့သဖြင့် ဟွေ့မျိုးနွယ်စုမှ လူများကို မေးခွန်းများစွာ မမေးလိုက်ရပေ။
သူတို့ သိမ်းငှက်တောင်သို့ သွားခဲ့ကြသော်လည်း ချာချာ ပြန်ပါမလာခဲ့ပေ။ ချာချာ တောင်မှ မ
ပြန်လာသေးသည်လော။ သို့မဟုတ် အခြားနေရာတစ်ခုဆီသို့ ထွက်သွားသည်လော...... ။ ရှောက်ရွှမ် မသိနေခဲ့ပေ။
ရှောက်ရွှမ် ထိုအကြောင်းကို မေးလိုက်သည့်အချိန်တွင် အော့ ခံစားချက်မကောင်း ဖြစ်သွားရသည်။ ထို့အစား လူတိုင်းသည် သိမ်းငှက်အကြောင်းကို မေ့နေကြပြီဖြစ်သည်။ ဟွေ မျိုးနွယ်စုမှ လူမျးာသည် ကြာကြာ မနေခဲ့ကြပေ။ သူတို့သည် ထိုသတင်းကို ပေးပြီးသည်နှင့်ပြန်ထွက်သွားကြလေသည်။ အကယ်၍ သူသာ ပိုပြီးသိရှိလိုလျှင် ရှောက်ရွှမ် အနေဖြင့် မြက်ခင်းပြင်သို့ သွားရန်လိုပြီး သူတို့ကို ကိုယ်တိုင် မေးကြည့်ရန် လိုအပ်သည်။ ဟွေမျိုးနွယ်စုမှ လူများသည် တစ်ခါတစ်ရံတွင် ကြီးမားသော တောင်တန်း သိမ်းငှက်များနှင့်ဆက်ဆံတတ်ကြသည်။ ထို့နောက် အတူတကွ သိမ်းငှက်တောင်သို့ သွားတတ်ကြလေ့ရှိသည်။ သူတို့အနေဖြင့် ချာချာ အကြောင်းကို တစ်စုံတစ်ခုတော့ သိလိမ့်မည် ဖြစ်သည်။
ရှောက်ရွှမ် အော့နှင့် အခြားသူများကို အပြစ်တင်နေခြင်း မလုပ်တော့ပေ။ ၎င်းသည် အထူးအခြေအနေတစ်ခုသသာ ဖြစ်ပြီး ချာချာသည် စိတ်မရှည်တတ်သည့် အကျင့်ရှိလေသည်။ မျိုးနွယ်စု အတွင်း၌ လောင်ခဲ့နှင့် နတ်ဆရာမှလွဲပြီး အခြားသူများကို သူလျစ်လျုရှုထားတတ်သည်။
အရာအားလုံးပြီးသွားသည့်အချိန်တွင် ရှောက်ရွှမ် မျက်ခင်းပြင် သို့သွားလည်ရန် စဉ်းစားထားလိုက်သည်။
နာရီဝက်ကြာသော် ရှောက်ရွှမ် အပြောင်းအလဲ အချို့ကို အာရုံခံမိလိုက်သည်။
“ ထွော်နဲ့ လဲ့တို့ကို အဓိက မျိုးစေ့ဆီကို စေလွတ်လိုက်တဲ့အချိန်မှာ အဲ့ဒါက အရမ်း အန္တရာယ်များတယ်ဆိုတာကို ငါတို့သိလိုက်တယ်။ ဒါပေမယ့်
ဖျက်စီးနိုင်စွမ်း အရမ်းများတယ်ဆိုတာကိုတော့ ငါတို့မသိလိုက်ဘူး “ သူတို့ဘေးရှိ သစ်ပင်များကို ညွှန်ပြလိုက်ပြီးနောက် အော့ ပြောလိုက်သည်။
တောင်ကုန်းပေါ်မှ မြေကြီးနှင့် ကျောက်တုံးများကြောင့် အပင်များ ပေါက်ရောက်နိုင်ခြင်း သိပ်မရှိနေပေ။ အထူးသဖြင့် အမြင့်ပိုင်းနေရာများတွင် ဖြစ်သည်။ ထို့ကြောင့်ပင် အော့သည် အဓိက မျိုးစေ့ကို ထိုနေရာတွင် သိမ်းထားရန် ကြံစည်ထားခဲ့သည်။
ဤနေရာတွင် သစ်ပင်မျမား သိပ်မရှိသဖြင့် တိရစ္ဆာန် အနည်းငယ်သာ လာလေ့ရှိသည်။ အော့ ဤနေရာသို့ အကြိမ်များစွာ ရောက်ဖူးလေသည်။ သူသည် တစ်ကြိမ်နှစ်ကြိမ်ခန့်သာ တောင်ခြေတွင် တောကြက်ရိုင်းများ ဖြတ်သန်းနေသည်ကို တွေ့ခဲ့ဖူးသည်။ သူတို့ကို ကြည့်ရသည်မှာ တောင်ကုန်းပေါ်တွင် နေထိုင်သည့်ပုံ မပေါ်ပေ။
“ အဓိက မျိုးစေ့က တောင်ကုန်းပေါ်မှာပဲ ။ အဲ့ဒီမှာ လိုဏ်ဂူ တစ်ဂူရှိတယ်။ ဒါပေမယ့် ငါတို့နောက်မှ လေ့လာကြတာပေါ့။ မင်းပြောတဲ့အတိုင်း ငါတို့ ထိပ်တန်းအဆင့် ကျောက်တုံးတွေကို အဲ့ဒီမှာ ထားထားတယ် “ အော့ ပြောလိုက်သည်။
ကျန်းလော်နှင့် သုန့်ကန်းတို့ သည် မျက်နာနီနီဖြင့် နားထောင်နေခဲ့ကြသည်။ သူတို့ကို ကြည့်ရသည်မှာ ထိုနေရာသို့ သွားရန် မစောင့်နိုင် ဖြစ်နေဟန် ရသည်။
အခြားတဖက်တွင် အဓိကမျိုးစေ့များကို ကျွန် သခင်များက ထိန်းချုပ်ထားလေသည်။ သူတို့တွင်ရှိသမျှသော ကြေးပစ္စည်းများ အားလုံးကို ကျွန်ပိုင်ရှင်များက ဝယ်ယူကြပြီး ကုန်သည်များဖြင့်လည်း လဲလှယ်ကြသည်။ သူတိုသည် မည်သည့်အခါကမှ အဓိကမျိုးစေ့များကို မမြင်ဖူးခဲ့ကြပေ။
“ အဓိက မျိုးစေ့နဲ့ဆိုရင် ကျုပ်တို့ ပစ္စည်းတွေ ပိုပြီးတော့ လုပ်နိုင်မှာလား “ သုန့်ကန်း သူ့လက်ဝါးများကို ပွတ်သပ်လိုက်ပြီး မေးလိုက်သည်။
“ သီအိုရီအရဆိုရင် ဟုတ်တယ်၊ ဒါပေမယ့် မျိုးနွယ်စုထဲက ဘယ်သူကမှ ဒါကို မလုပ်ဖူးသေးဘူး။ တကယ်အလုပ်ဖြစ် မဖြစ်ဆိုတာကိုလည်း ငါတို့ မသိဘူး။ ငါတို့ ကြိုးစားကြည့်မှ သိရမှာ “ ရှောက်ရွှမ် ပြောလိုက်သည်။ အခြားတဖက်တွင် ပန်းပဲရုံများသည် ပစ္စည်းများ ပြုလုပ်ခြင်း အရည်ကြိုခြင်းတို့ကို ပြုလုပ်တတ်ကြသည်။ ကုန်းကျားဟိန်းသည် သူတို့ကို တစ်ခါတစ်ရံညွှန်ပြပေးတတ်လေသည်။ သို့သော် သတ္တုထုတ်ယူခြင်း ဖြစ်စဉ်များကိုတော့ ပြောပြလေ့မရှိပေ။
သူတို့ တွင်ရှိသည်မှာ ရှောက်ရွှမ်၏ သီအိုရီများသာ ဖြစ်သည်။
ရှောက်ရွှမ်သည် သတ္တုပစ္စည်းများ ပြုလုပ်ရန် အကြံအစည်များကို ချထားခဲ့သည်။ သူသည် ကျွန်ပိုင်ရှင်များထံမှ ရလာသည့် မှတ်တမ်းများမှတဆင့် ဖြစ်စဉ်ကို ခန့်မှန်းကြည့်ခဲ့သည်။ ထို့နောက် ကုန်းကျား တောင်တွင် သူရလာခဲ့သည့် ဆွေးနွေးခြင်း မှတ်တမ်းများကိုလည်း လေ့လာခဲ့သေးသည်။
သူ သဲကန္တာရတွင် ရှိနေခဲ့စဉ်က ရှောက်ရွှမ်သည် နှင်းမြို့တော်သို့ သွားခဲ့ပြီး စာဖတ်ခန်းမှ သတ္တုထုတ်လုပ်ရေး ဖြစ်စဉ်များကို မှတ်တမ်းတင်ထားသည်များအား ဖတ်ရှုခဲ့ဖူးသည်။ သူတို့သည် သတ္တုကုန်ကြမ်းများကို မည်သည့်နေရာမှ ရသည်၊ ပိုကောင်းသည့် ကျောက်တုံးများသည် သတ္တုထုတ်ယူရန် အချိန်ပိုတိုတောင်းသည် စသည့် အရာများကို မှတ်ထားခဲ့ကြသည်။
ရှောက်ရွှမ်သည် အောင်မြင်မှုများနှင့်ကျရှုံးမှုများကို နှိုင်းယှဉ်ရေးသားထားသည့် မှတ်တမ်းများကိုလည်း ဖတ်ခဲ့သေးသည်။ ကုန်းကျား တောင်တန်းမှ စာလုံးများသည်လည်း အသုံးဝင်ပေသည်။ အထူးသဖြင့် သတ္တုများကို ထည့်သွင်းရမည့် အချိုးအစားများ ၊ လိုအပ်သည့် ကိရိယာများ ၊ လေ့လာ သူအဖွဲ့ ၊ ပုံကြမ်း စသည့် ရီမိသားစုမှ ချန်ထားခဲ့သည့် အရာများ ဖြစ်သည်။
လူတိုင်းသည် ယိမိသားစု၏ ပုံစံအကြမ်းများကို နားမလည်နိုင်ကြပေ။ အခြား မှတ်တမ်းများကိုလည်း နားလည်နိုင်ကြခြင်း မရှိကြပေ။ မျိုးနွယ်စု ခေါင်းဆောင် နှစ်ယောက်တို့နှင့် အမဲလိုက်ခေါင်းဆောင် သုံးယောက်တို့သည် အထင်အမြင်ကောင်းများ ရှိထားကြလေသည်။
“ ကျုပ် ကုန်းကျား ကလူတွေဆီကကြားတာက၊ မျက်နှာအစိမ်းရောင်နဲ့ ချွန်ထက်တဲ့သွားတွေနဲ့ သားရဲတွေ ရှိတယ်တဲ့။ သူ့သွေးက လက်နက်တွေ
သွန်းလုပ်တဲ့နေရာမှာ အသုံးဝင်တယ်။ အဲ့ဒီလိုလုပ်ထားတဲ့ ဓါးတွေက ကျောက်တုံးတွေကို လွယ်လွယ်ကူကူပဲ ပိုင်းဖြတ်နိုင်ကြတယ် “ ရှောက်ရွှမ် ပြောလိုက်သည်။
“ တကယ်ပဲလား “ကျန်သူများ ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။
“ ကျုပ်လည်း ကြားဖူးတာပါ။ တစ်ခါမှတော့ မမြင်ဖူးဘူး “
“ ဘာနဲ့တူတယ်ဆိုတာကိုသိလား။ တကယ်လို့ ကျုပ်တို့သာ အမဲလိုက်တဲ့အချိန်တွေ့ခဲ့ရင် သေချာပေါက် အဲ့သားရဲကို ဖမ်းဆီးရမယ် “ ကျန်းလျို စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
သူတို့အသုံးပြုနေကြသည့် သတ္တုပစ္စည်း
များသည် အကောင်းမွန်ဆုံးသော အရာများ မဟုတ်ကြပေ။ အချို့သော သတ္တုပစ္စည်းများသည် ဤနေရာတွင် ရှိနေကြသည့် လူအများ သာမန် အသုံးပြုသည့်အရာမျးာ ထက်ပင် ပိုဆိုးနေကြသေးသည်။ သို့သော်လည်း အမျိုးအစားနှစ်ခုလုံးသည် အကောင်းနှင့် အဆိုး ဒွန်တွဲနေလေသည်။ အကယ်၍ သူတို့သာ ပိုမိုကောင်းမွန်သည့် သတ္တုပစ္စည်းများကို ထုတ်လုပ်နိုင်လျှင် သူတို့အမဲလိုက်ခြင်းသည် ပို၍ လွယ်ကူလာပြီ းစိတ်ကျေနပ်ဖွယ် ပိုကောင်းလာမည် ဖြစ်သည်။
ကုန်းကျားဟုန်ပြောတဲ့အတိုင်း ဆိုရင် မျက်နှာ အစိမ်းရောင် သွားစွယ်ချွန် သားရဲက မကြီးမားဘူးတဲ့။ အဲ့ဒီသားရဲမှာ မျက်နှာ အစိမ်းရောင်ရှိတယ်။ အရေပြားထူတယ်။ ခွာတွေရှိပေမယ့် ချိုတွေမရှိဘူး။ အဲ့ကောင်က တောင်တန်းတွေမှာကျက်စားတတ်ပြီးတော့ အရမ်းကြမ်းတမ်းးတဲ့ ပုံပန်းသွင်ပြင်ရှိတယ်။ စိတ်လည်းကြီးတယ်။ တခြား သတ္တဝါတွေကို အလွယ်တကူ တိုက်ခိုက်တတ်ကြတယ်။ ဒါပေမယ့် အဲ့ဒီကောင်က အပင်
စား ကြမ်းတမ်းတဲ့ သတ္တဝါ တစ်မျိုးပဲ “
သူပြောလိုက်သည်တွင် အခြားသူများသည် ရေးမှတ်ရန် သားရေများကို ရှာလိုက်ကြသည်။ သောခန်သည် အဝတ်စတစ်ခုကို ထုတ်ယူလိုက်သည်။ သို့သော် သူ့ထံတွင် ရေးမှတ်ရန် ခဲတံမရှိပေ။ သူ ကျန်းလော်ကို ပြောလိုက်သည် “ သူဌေး ကျုပ်ခင်ဗျား မှတ်ထားတာကို နောက်မှ ယူကြည့်မယ်နော် “
ကျန်းလော် မည်သို့မှ ပြန်မပြောလိုက်ပေ။
“ စိတ်မပူပါနဲ့၊ အလျင်မလိုပါဘူး။ ကျုပ်တို့ ပြန်ရောက်ရင် ကျုပ်နောက်တစ်ခေါက် ထပ်ပြောပြမှာပါ “ ရှောက်ရွှမ် ပြောလိုက်သည်။
ထိုနေရာတွင် သစ်ပင်များမှာ နည်းပါးလှသည်။
အမည်မသိရသော မြက်ပင်များစွာလည်း ပေါက်ရောက်နေခဲ့သည်။ သူတို့သည် မျက်စိအမြင်ကို ဖမ်းစားနိုင်ခြင်း မရှိကြပေ။ အကယ်၍ အခြားသော အပင်များ ရှိပါကလည်း သူတို့ကို လူအများ သတိထားမိကြလိမ့်မည်မဟုတ်ပေ။ မည်သို့ပင်ဖြစ်စေ ထိုအပင်များသည် ခေါင်းမာစွာဖြင့် ပေါက်ရောက်နေကြဆဲဖြစ်လေသည်။
ရှောက်ရွှမ် နောက်ပိုင်းလေ့လာရန် အပင်အချို့ကို ယူဆောင်လာခဲ့လေသည်။ ဤမျှကြမ်းတမ်းသော မြေအနေအထားတွင် ပေါက်ရောက်နိုင်သည့်အပင်များသည် ရှားပါးသော ဆေးပင်များ ဖြစ်ကောင်းဖြစ်နိုင်လေသည်။ ဖြစ်နိုင်သည်မှာ သူတို့သည် ပင်မမျိုးစေ့၏ အာနိသင်များအတွက် အသုံးဝင်ခြင်း ဖြစ်နိုင်သည်။
“ ဒီမှာ.... “ အော့ ရှေ့တစ်နေရာကို လက်ညိုးထိုးပြလိုက်သည်။ လိုဏ်ဂူအဝကို ပိတ်ဆို့နေသည့် ကျောက်တုံးကြီးတစ်လုံး ရှိနေသည်။
ပင်မမျိုးစေ့၏ အာနိသင်ကို ရှောင်နိုင်ရန်အတွက် အစောင့်များသည် တောင်ခြေတွင်သာရှိနေသဖြင့် ထိုနေရာတွင် အစောင့်တစ်ယောက်မှ ရှိမနေခဲ့ပေ။၎င်းသည် မသိသာလှသော် အကျိုးအာနိသင်သာဖြစ်သော်လည်း အချိန်ကြာလာလျှင် လူတစ်ယောက်သည် ဘေးထွက်ဆိုးကျိုးများကို ခံစားရနိုင်သည်။
ထို့အပြင် အနီးတဝိုက်တွင် မည်သည့်မျိုးနွယ်စုမှလည်း မရှိနေပေ။ ကြမ်းတမ်းသော သားရဲများမှလွဲပြီး ပြင်ပလူ မည်သူမှ မရှိနေခဲ့ပေ။ ထို့ကြောင့် လုံခြုံရေးကို တင်းကျပ်စွာ ချထားရန် မလိုအပ်ပေ။
လိုဏ်ဂူနှင့်သူတို့ နီးလာလေလေ လေထုသည် တင်းမာလာလေလေဖြစ်သည်။ သူတို့သည် သက်တောင့်သက်သာ မဖြစ်မှုကို ခံစားလိုက်ရသည်။
သူတို့၏ ခန္ဓာကိုယ်များ ဟစ်အော်နေသည့် ခံစားချက်မျိုးကို သူတို့ ရနေခဲ့သည်။ ကျန်းလျိုနှင့် သောခန်တို့သည် ဤအခြေအနေနှင့် အသားကျနေခြင်း မရှိသေးပေ။ သူတို့အတွက် ယခုအကြိမ်သည် ပထမဆုံးသော အကြိမ်ဖြစ်သည် ။ သူတို့သည် စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်ဖြစ်နေကြလေသည်။
၎င်းသည် အဓိက မျိုးစေ့ဖြစ်လေသည်။ အဓိက မျိုးစေ့.........
အော့ ရှေ့သို့ထွက်လိုက်ပြီး ကျောက်တုံးကြီးကို ဘေးသို့ ရွေ့ထားလိုက်သည်။ သူတို့ ယခုအထိ်မဝင်ကြသေးပေ။ သူ ကြီးမားသည့် သားရေအိတ်တစ်ခုကို ဖွင့်လိုက်သည်။
“ ဒါကို တပ်ထားလိုက် “
ရိုးရှင်းသည့် အညိုရောင်နှင့်အဖြူရောင် စပ်ထားသည့် ဝတ်ရုံရှည်တစ်ခုကို ရှောက်ရွှမ် လက်ခံရရှိလိုက်သည်။ ၎င်းကို အမည်မသိရသည့် အရာဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။
ရှောက်ရွှမ်သည် ထိုအမည်မသိရသည့် သားရေများကို သိမ်းငှက်တောင်တန်းဆီမှ ယူလာခဲ့ခြင်း ဖြစ်လေသည်။ ရွာထဲတွင် ထိုသားရေလိပ်နှစ်ခုကို သူထားထားထားပေးခဲ့သည်။ ထွော် အဓိက မျိုးစေ့ကို ပြန်ယူလာသည့်အချိန်တွင် သူသည် ရှောက်ရွှမ် ညွှန်ကြားမှုအရ ထိုသားရေများမှ အကာကွယ် ဝတ်ရုံမျးာကို ပြုလုပ်ခဲ့လေသည်။ လိုဏ်ဂူထဲသို့ ကျောက်တုံးများကို ယူလာတတ်သည့် စစ်သည်များသည် ထိုဝတ်ရုံများကို ဝတ်ဆင်ကြရလေသည်။
သူတို့ခြောက်ယောက် ဝတ်ရုံများကို ဝတ်ဆင်လိုက်ကြပြီး လိုဏ်ဂူထဲ ဝင်လာကြသည်။
အထဲတွင် တောက်ပေနေသည့် လကျောက်တုံးများ ရှိနေပြီး လမ်းတစ်လျှောက်တွင် လင်းလက်နေခဲ့၏။ သူတို့သည် ထိုနေရာကို မြင်တွေ့ရရန် အတွက် မီးတုတ်များကို မလိုအပ်ပေ။
သူတို့လမ်းလျှောက် ဝင်လာစဉ် ကြီးမားသည့် စက်ဝိုင်းပုံ နေရာတစ်ခုသို့ ရောက်လာခဲ့ကြသည်။ အော့နှင့်အခြား စစ်သည်တော်များသည် ဤနေရာကို တူးဖော်နိုင်ရန်အတွက် အလွန်ပင် အားစိုက်ခဲ့ရလေသည်။
အဓိကမျိုးစေ့သည် အလည်ဗဟိုလ်နေရာတွင် ဖြစ်သည်။ သူတို့ လက်သီးဆုပ်ခန့်ကြီးမားသည် အရာတစ်ခုသ်ည လူတစ်ယောက်ကို ရူးသွပ်သွားစေလေသည်။ တစ်ချိန်တည်းတွင်ပင် သူတို့ကိုလည်း အန္တရာယ်ပေးနိုင်သည်။
“ ဒါက ..... ဒါက... ဒဏ္ဍာရီလာ အဓိက မျိုးစေ့လား “ ကျန်းလော် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ သူသည် ထိုအရာကို ထိတွေ့ချင်သော်လည်း ထိုအရာသည် သူ့အတွက် အန္တရာယ်ရှိနိုင်သည်ကိုလည်း သူသိနေခဲ့သည်။ သူ နီးကပ်လာသည်နှင့်အမျှ သားရေဝတ်ရုံဖြင့် မဖုံးအုပ်ထားသည့် နေရာတိုင်းသည် စတင် ထုံကျဉ်လာခဲ့ပြီး လောင်ကျွမ်းလာခဲ့သည်။
အဓိက မျိုးစေ့ အနားတွင်ကျောက်တုံးများစွာကို စုပုံထားလေသည်။ သူတို့သည် ထိုကျောက်တုံးများကို ရှာဖွေရန် အတွက် ခွန်အားများစွာ စိုက်ထုတ်ခဲ့ရသည်။ သူတို့ကို ကျောက်တုံးပစ္စည်းများ ပြုလုပ်မည့်အစား ဤနေရာတွင်သာ ထားထားခဲ့သည်။
ရှောက်ရွှမ် ဘေးပတ်ဝန်းကျင်ကို လေ့လာကြည့်လိုက်သည်။ စက်ဝိုင်းပုံကြမ်းထဲမှ ရလာဒ်များကို တွက်ချက်ကြည့်လိုက်ခြင်းဖြင့် သူသည် ကျောက်
တုံးများကို လေ့လာလိုက်လေသည်။
ထိုနေရာတွင် အဓိက မျိုးစေ့ကို ဝန်းရံနေခဲ့သည့် ကျောက်တုံးများသည် အကွဦအဝေးတူညီစွာရှိနေကြပြီး သူတို့၏ မျက်နှာပြင်များသည် သတ္တုရောင် ပြောင်လက် တောက်ပနေခဲ့လေသည်။ ထိုနေရာသည် အဓိကမျိုးစေ့၏ သက်ရောက်မှု အများဆုံးနေရာများ ဖြစ်သည်။ သူတို့အနေဖြင့် သူတို့၏ ကြေးသတ္တုများကို ဤနေရာမှ ရရှိနိုင်ပေသည်။
၎င်းသည် မှော်ဆန်လှပေ၏။
သူတို့ သတ္တုကြမ်းများကို အပြင်သို့ ယူထုတ်လိုက်ကြသည်။ ထို့နောက် ကြီးမားသည့် ကျောက်တုံးအချို့ကိုလည်း မျိုးနွယ်စုထံသို့ ယူပြန်သွားရန် ရွေးချယ်လိုက်ကြသည်။
အခန်း (၅၀၃) ကြိုးစားကြည့်ခြင်း
လူခြောက်ယောက် ပြန်ရောက်လာသည့်အချိန်တွင် ညအချိန်ရောက်နေခဲ့ပြီဖြစ်သည်။ သူတို့ ကျောက်တုံးများကို ပြန်မသယ်လာမှီတွင် မျိုးနွယ်စုမှ လူများ အိပ်ပျော်နေသည့်အချိန်အထိ စောင့်နေခဲ့သည်။ သတ္တုများကို ထုတ်ယူခြင်းသည် လေ့လာနေသည့်အဆင့်တွင်သာ ရှိနေသေးသည်။အမှန်တကယ် အလုပ်ဖြစ်မည် မဖြစ်မည်ကို မည်သူမှ မသိနိုင်ကြသေးပေ။ ထို့ကြောင့် သူတို့အနေဖြင့် လတ်တလောတွင် လျှို့ဝှက်ချက်အနေဖြင့်သာ ထားထားခြင်း ဖြစ်လေသည်။
နောက်နေ့တွင် ကျန်းလော်၏ များစွာသော ပန်းပဲဖိုများသည် ကျွန်ပိုင်ရှင်များ မှတ်သားထားသည့် နည်းလမ်းများ အတိုင်း ဆောင်ရွက်နေကြလေသည်။ သူတို့သည် သာမန် ပန်းပဲ ဖိုအလုပ်သမားများသာဖြစ်သော်လည်း မျိုးနွယ်စုမှ လူများအတွက်မူ ဆရာအဆင့်များ ဖြစ်ကြ
သည်။ ထို့ကြောင့် လူတိုင်းသည် သူတို့ကို “ ဆရာ “ တပ်ပြီး ခေါ်ကြလေသည်။ သူတို့ကို ထိုသို့ခေါ်လိုက်သည့်အခါတွင် သူတို့ ရှက်သွားတတ်ကြသည်။ ထိုနာမည်နှင့် မထိုက်တန်ကြောင်းကိုလည်း အကြောက်အကန် ငြင်းဆန်တတ်ကြသည်။ ကုန်းကျားဟုန်နှင့် သူတို့တွေ့ပြီးသည့်နောက်တွင် သူတို့ကိုယ်သူတို့ “ ဆရာ “ များဟု အခေါ်ခံရကြခြင်း မရှိကြပေ။ သူတို့၏ အတွေ့အကြုံသည် နည်းလွန်းနေသေးသည်။
ဤတစ်ကြိမ်တွင် ရှောက်ရွှမ် သူတို့ကို သတ္တုထုတ်ယူခြင်း ဖြစ်စဉ်နှင့်ပတ်သက်ပြီး ပြောရန်အတွက် ဖိတ်ခေါ်ထားလိုက်သည်။ သူတို့အားလုံး မှတ်စုများ ကိုယ်စီ ရေးမှတ်လိုက်ကြလေသည်။
သတ္တုများကို အရည်ကြိုရန်အတွက် အခန်းတစ်ခုကို မျိုးနွယ်စုက ပြင်ဆင်ထားပေးသည်။ သူတို့ခြောက်ယောက် ယူပြန်လာခဲ့ကြသည့် ကျောက်
တုံးများကို ထိုနေရာတွင် ထားထားလိုက်ကြသည်။
အပြင်ဖက်တွင် အစောင့်များစွာ ရှိပေသည်။ မျိုးနွယ်စုခေါင်းဆောင်၊ အမဲလိုက်အဖွဲ့ခေါင်းဆောင်များနှင့် ရှောက်ရွှမ်တို့မှ လွဲပြီး ကျန်လူများကို ဝင်ရောက်ခြင်း ကန့်သတ်ထားသည်။ ကျန်သည့် ပန်းပဲဆရာများကိုမူ အစောင့်များက မှတ်မိနေကြပြီဖြစ်သည်။ သူတို့သည် ကျန်းလျို၏ လူများနှင့်မူ ရင်းနှီးကျွမ်းဝင်ကြခြင် းမရှိပေ။
“ အနာဂတ်မှာ ...... ဒီလူငါးယောက်တို့က ကျုပ်တို့ကို ပန်းပဲ ထုပေးမယ့် လူတွေ ဖြစ်လာကြလိမ့်မယ်။ သူတို့က အရည်ကြိုခန်းထဲကို သူတို့ ဝင်ချင်သလို ထွက်ချင်သလို လုပ်ခွင့်ရှိတယ် “ ရှောက်ရွှမ် အစောင့်များကို ပြောလိုက်သည်။
သူတို့၏ မျက်နှာများ၊ အသံများနှင့် ရုပ်ပိုင်း
ဆိုင်ရာများကို မှတ်ထားလိုက်ကြပြီးနောက် အစောင့်များ ခေါင်းညိတ်လိုက်ကြသည်။ ဤသည်မှဦ အရေးကြီးသည့်အလုပ်တစ်ခုဖြစ်ရာ အစောင့်များသည် အထူးပင် လေးနက်နေခဲ့သည်။
သူတို့သည် သတ္တုပစ္စည်များကို အလိုရှိကြပေသည်။
သတ္တုသွန်းလုပ်သည့်နေရာတွင် မီးသွေးများနှင့် ဓါတ်ကူပစ္စည်းများ ကျောက်တုံးများ ရှိနေကြသည်။ အရာအားလုံးကို ပြင်ဆင်ထားပြီးဖြစ်သည်။ လိုအပ်သည့်ပစ္စည်းများကို ပြင်ဆင်ရန်အတွက် သူတို့ ရက်ပေါင်းများစွာ အချိန်ယူခဲ့ရလေသည်။ သုန့်ကန်းနှင့်သူ့လူများသည် အမဲလိုက်ထွက်သွားကြသဖြင့် ပန်းပဲဖိုများ အလုပ်လုပ်သည့်ပုံစံကို မသိနေခဲ့ကြပေ။
ရှောက်ရွှမ် သံအချို့ကို အရည်ဖျော်ချင်နေခဲ့သည်။ သူသည် သတ္တုကုန်ကြမ်းများကို မတွေ့သေးသော်လည်း စက်ဝိုင်းပုံကြမ်းကို အသုံးပြုပြီး သတ္တုကြမ်းများ ရှိနိုင်သည့်နေရာကို တွက်ချက်နိုင်ပေသည်။ သို့သော်လည်း သံကြမ်းသည် ကြေးနီထက် ရှာတွေ့ရန် ခက်ခဲလှသည်။ မှတ်တမ်းများလည်း နည်းပါးစွာသာရှိသည်။ ရှောက်ရွှမ် အလွန်အကျွံ လေ့လာမှုမလုပ်ရဲသေးပေ။ အဓိက မျိုးစေ့က မည်သို့ဖြစ်မည်ကိုလည်း သူမသိနေသေးပေ။
သူတို့အနေဖြင့် ဖြေးညှင်းစွာသာ လုပ်သင့်ပေသည်။ ကြေးနီသည် မည်သို့ပင်ဖြစ်စေ ကောင်းမွန်သည့် သတ္တုတစ်ခု ဖြစ်နေပြီးသားဖြစ်သည်။ သူတို့အနေဖြင့် ကြေးနီသတ္တုများကို အရင်ဦးစွာ ထုတ်လုပ်မည်ဖြစ်သည်။
ရှောက်ရွှမ်နှင့် ပန်းပဲဆရာ ငါးယောက်တို့သည် သတ္တုအရည်ကြိုခန်းထဲတွင် ကုန်းကျား ဘိုးဘေး
၏ညွှန်ကြားချက်များအရ သတ္တုများကို အရည်ကြိုနေကြသည်။ထို့နောက် သူတို့သည် အကောင်းမွန်ဆံးဖြစ်နိုင်မည့် သတ္တုကုန်ကြမ်း ဖော်စပ်သည့် အချိုးကို တွက်ချက်ပြီး ကြေးနီဓါးများကို ထုတ်လုပ်မည်ဖြစ်သည်။
သီအိုရီအရတော့ ဤအရာသည် လွယ်ကူနေသော်လည်း အမှန်တကယ် လုပ်ရသည့်အချိန်တွင်မူ ခက်ခဲလှသည်။ ထည့်သွင်းစဉ်းစားရမည့် အချက်များစွာ ရှိနေပြီး အကယ်၍ စိတ်ရှိတိုင်းသာ လက်နက်များကို ထုတ်လုပ်နိုင်မည် ဆိုလျှင် ကုန်းကျားမိသားစုသည် ယခုကဲ့သို့ဖြစ်နေလိမ့်မည် မဟုတ်ပေ။
တစ်နေ့ ရှောက်ရွှမ်နှင့် ပန်းပဲဆရာများ အလုပ်လုပ်နေကြစဉ် လု မျိုးနွယ်စုမှ လူများအလည်လာကြောင်း တစ်စုံတစ်ယောက် သတင်းပေးလာခဲ့သည်။ နတ်ဆရာသည် အကယ်၍ ရှောက်ရွှမ် အားနေလျှင်သွားတွေ့လိုက်ရန် ပြောလာခဲ့သည်။
သူတို့အလုပ်လုပ်နေသည်မှာ ရှောက်ရွှမ် မရှိနေလည်း ဖြစ်သည်။ ရက်များစွ အလုပ်လုပ်ပြီးနောက်တွင် ပန်းပဲဆရာများသည် အတွေ့အကြုံများ ရှိလာခဲ့ပြီး ရှောက်ရွှမ် မရှိလည်း သူတို့ကိုယ်တိုင် လုပ်နိုင်နေကြပြီဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ပန်းပဲဆရာများသာ ဖြစ်သည် မဟုတ်ပေလော။ သို့နှင့် ရှောက်ရွှမ်လည်း သူတို့ကို ထားခဲ့လိုက်လေသည်။
“ ကောင်းပြီလေ ၊ ကျုပ်ချက်ချင်းပဲ သွားလိုက်မယ် “ ရှောက်ရွှမ် သတင်းပို့သမားကို ပြန်ပြောလိုက်သည်။ ထို့နောက် ပန်းပဲဆရာများကို ညွှန်ကြားချက်များ ပေးလိုက်ပြီး မျက်နှာနှင့်ခြေလက်ဆေးကာ ထွက်လာခဲ့သည်။
လု မျိုးနွယ်စုသည် မီးတောက်ဦးချို မျိုးနွယ်စုနှင့် ပုံမာန် ဆက်ဆံရေးတစ်ခုရှိသည်။ နှစ်တိုင်းပင် သူ
တို့သည် နှစ်ကြိမ်သုံးကြိမ်ခန့် အလည်လာတတ်ကြသည်။ တခါတရံတွင်သူတို့သည် လက်ဆောင်အနေဖြင့် နွားပေါက်လေးများကို ယူလာပေးတတ်ကြသည်။ တခါတရံတွင် အကြံဉာဏ်များ လာတောင်းတတ်ကြသည်။ သူတို့သည် အကူအညီလာတောင်းလျှင်လည်း ထို့အတွက် တန်ရာတန်ကြေးပြန်ပေးတတ်ကြလေသည်။ သူတို့မျိုးနွယ်စုနှစ်ခုလုံး၏ ဆက်ဆံရေးသည် အဆင်ပေးနေခဲ့သည်။
ဤတစ်ကြိမ်တွင် အလည်လာသူမှာ ရန်ကျုး ဖြစ်သည်။ ရှောက်ရွှမ် သူ့ကို မှတ်မိလေသည်။
ရှောက်ရွှမ် မကောင်းသည့် တစ်စုံတစ်ရာ ဖြစ်နေမည်ကို ရန်ကျုးစိတ်ပူနေခဲ့သည်။ ရှောက်ရွှမ် ပြန်ရောက်လာသည်ကို ကြားလိုက်ရသည့်အချိန်တွင် သူအလည်လာပြီး စကားလာပြောခြင်း ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ မျိုးနွယ်စုများ အလဲအလှယ်ပြုလုပ်သည့် အစဉ်အလာကို စတင်
ခဲ့သူမှာ ရှောက်ရွှမ်ပင်တည်း။
“ ဟားဟား ရှောက်ရွှမ် မတွေ့ရတာ ကြာပြီ “ ယန်ကျို ရှောက်ရွှမ်ကို မြင်လိုက်သည့်အချိန်တွင် ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
“ တကယ်ပဲ မတွေ့တာ ကြာနေခဲ့ပြီ။ မင်းရဲ့မျိုးနွယ်စုကော အဆင်ပြေနေလား “ ရှောက်ရွှမ် မေးလိုက်သည်။
“ ငါတို့အဆင်ပြေပါတယ်၊ ခနခန ဓါးပြတိုက်ခံနေရတာ တစ်ခုပဲ “ ယန်ကျို၏ မျက်နှာ ပေါ်မှ အပြုံးဖျော့တော့ သွားသည်။
“ ဝမ်ရှစ် ကလူတွေလား “ ရှောက်ရွှမ်မေးလိုက်သည်။
“ ဟုတ်တယ် ဒါပေမယ့် ဝမ်ရှစ်က လူတွေအပြင် ကျွန်ပိုင်ရှင်တွေက လွှတ်လိုက်တဲ့ ကျွန်တွေလည်း ပါသေးတယ်။ သူတို့ကတော့ တစ်ကြိမ်ပဲ လာတာပါ “ ယန်ကျို စိတ်ပျက်လက်ပျက်ဖြစ်နေပုံ ရသည်။ အတိတ်တုန်းက ဝမ်ရှစ်မျိုးနွယ်စုမှ လူများသာ ဖြစ်ခဲ့သည်။ စစ်ပွဲစတင်ခဲ့သော်လည်း ကျွန်ပိုင်ရှင်များသည် လွှတ်မြောက်သွားခဲ့ကြပြီး သူတို့အတွက် ပြဿနာတစ်ခု ဖြစ်ပေါ်စေခဲ့သည်။
ထိုကျွန်ပိုင်ရှင်များသည် အနည်းဆုံးတော့ မြို့တွင်နေထိုင်ကြသူများ ဖြစ်ကြသည်။ သူတို့သည် အလွယ်တကူ ရန်သူ မဖွဲ့တတ်ကြသလို ပြဿနာများကိုလည်း မကြာ ခန မရှာတတ်ကြပေ။ ထိုသူများ စိတ်ပူသည်မှာ မျိုးနွယ်စုကြီးများ သူတို့ကို ပစ်မှတ်ထားလာပြီး သူတို့၏ ပိုင်ဆိုင်မှုများကို လုယူသွားမည်ကိုသာ ဖြစ်သည်။
ထို့ကြောင့် ယန်ကျိုနှင့် သူ့လူများသည် ဤနေရာ
တွင် ပတ်သွားခြင်းမပြုရဲကြခြင်း ဖြစ်လေသည်။ ဤတစ်ကြိမ်သည်လည်း ခက်ခဲသော ခရီးတစ်ခုပင်ဖြစ်သည်။ သူတို့လာလည်ကြသည့်အချိန်များတွင် လု မျိုးနွယ်စုသည် လဲလှယ်ရန် ကုန်ပစ္စည်းများစွာကို ယူဆောင်လာလေ့မရှိကြပေ။ မီးတောက်ဦးချိုများ မျိုးနွယ်စုသည် ကြီးပြင်းပြီးသော တိရိစ္ဆာန်များကို လဲလှယ်ခြင်းကို ရန်တန့်ထားလိုက်ပြီဖြစ်သည်။
“ ဒါပေမယ့် ဒီတစ်ကြိမ်တော့ ငါ ဝမ်ရှစ်ကလူတွေကို မတွေ့နေဘူးပဲ။ သူတို့တစ်ခုခု ဖြစ်လို့လား “ ယန်ကျိုမေးလိုက်သည် ။ ယခင်တုန်းက သူတို့ ဤနေရာတွင် ရှိနေစဉ် သူတို့သည် ပြန့်ကျဲနေသည့် ဝမ်ရှစ်မျိုးနွယ်စုမှ လူများကိုတွေ့ခဲ့ကြလေသည်။ သူတို့ ယနေ့တွင် တစ်ယောက်ကိုမှ မတွေ့နေရပေ။
“ သူတို့ဘာလုပ်နေကြတယ်ဆိုတာကို ဘယ်သူကမှ မသိဘူး “ ရှောက်ရွှမ် ခေါင်းခါလိုက်ပြီး ပြော
လိုက်သည်။
“ ဟုတ်တယ်၊ ငါကြားပါတယ်၊ မင်းတို့ မျိုးနွယ်စု ကျယ်ပြန့်လာပြီဆို “ ယန်ကျို မေးလိုက်သည်။
“ ဟုတ်တယ်၊ ငါတို့ အဆက်အသွယ်ပြတ်နေခဲ့တဲ့ လူတစ်ချို့ပြန်ရောက်လာကြ တယ်လေ “
မည်သည့်မျိုးနွယ်စုသည် လူလေးထောင်ခန့်နှင့် အဆက်အသွယ်ပြတ်သွားခဲ့လေသနည်း။ ယန်ကျိုသည် ရှောက်ရွှမ်ထိုမေးခွန်းကို သိပ်မဖြေလိုမှန်းသိလိုက်သဖြင့် နောက်ထပ်မေးခွန်းတစ်ခုကို ပြောင်းမေးလိုက်သည် “ အရင်တုန်းက မင်းတို့မျိုးနွယ်စု ဘာဖြစ်သွားတာလဲ ...... ၊ မင်းတို့မျိုးနွယ်စုရဲ့ မီးတောက်မျိုးစေ့က ကြည့်ရတာ...... “
ယန်ကျိုသည် “ ပျောက်ကွယ်သွားသည် “ ဟူ
သည့် စကားလုံးကို ပြောရန် ရှက်ရွံ့နေခဲ့သည်။ ၎င်းသည် တားမြစ်ထားသော စကားလုံးတစ်ခု ဖြစ်နေသည့် သဖွယ် ကျိန်စာတစ်ခုသဖွယ် သူပြောမထွက်ဖြစ်နေသည်။ ထိုသို့ပြောရသည်မှာ မယဉ်ကျေးရာ ကျပေသည်။
“ ငါတို့ မီးတောက်မျိုးစေ့မှာ အပြောင်းအလဲတချို့ဖြစ်သွားတယ်လေ ။ မင်း အာရုံခံမိလိုက်တယ်လား “ ရှောက်ရွှမ် အံ့သြသွားသည်။ လုမျိုးနွယ်စုသည် သူတို့နှင့် အလှမ်းဝေးလှ၏။
“ ငါတို့ အာရုံခံမိတာပေါ့။ ငါတို့တင်မကဘူး တခြားမျိုးနွယ်စုတွေလည်း မင်းတို့ မျိုးနွယ်စု တစ်ခုခုဖြစ်နေတာကိုသိကြတယ် “ လူများစွာသည် လုမျိုးနွယ်စုထံသို့ အလည်လာကြသည်။ အဘယ်ကြောင့် ဆိုသော် လုမျိုးနွယ်စုသည် မီးတောက်မျိုးနွယ်စုနှင့် ရင်းနှီးမှန်းသိသဖြင့် မည်သို့ဖြစ်သွားသည်ကို မေးမြန်းရန် လာကြခြင်းဖြစ်သည်။
ထိုသူများ သူတို့ထံမကြာခင်ရောက်လာတော့မည်ကို ရှောက်ရွှမ် သိနေခဲ့သည်။ ယခင်က ထိုမျိုးနွယ်စုများသည် မီးတောက်ဦးချိုမျိုးနွယ်စုနှင့် ဆက်ဆံရေးသိပ်ကောင်းခဲ့ကြပေ။ သူတို့ မကောင်းသည့် ရည်ရွှယ်ချက်များဖြင့် လာကြမည်ကို ရှောက်ရွှမ် စိုးရိမ်မိသည်။
အကယ်၍ သူတို့ရောက်လာပြီး မီးတောက် မျိုးစေ့အကြောင်း မေးလျှင် သူတို့ မည်သို့လုပ်သင့်သနည်း။
ယန်ကျိုနှင့် ရှောက်ရွှမ်တို့ နာရီပေါင်းများစွာကြာအောင် စကားပြောနေခဲ့ကြလေသည်။ သူတို့ကို စုံစမ်းနေသည့် အခြားမျိုးနွယ်စုများကြောင့် သူတို့ စိတ်ညစ်နေခဲ့ရသည်။ သူတို့ သိလိုစိတ်ပြင်းပြလာသည့်အချိန်တွင် သူတို့လာလည်ကြမည် ဖြစ်သည်။ ယန်ကျိုသည် လျှို့ဝှက်ချက်များကို
ထုတ်ဖော်ပြောမည်မဟုတ်သော်လည်း အပြောင်းအလဲများ ဖြစ်တော့မည်ကို အာရုံရနေခဲ့သည်။ သူတို့၏ မီးတောက်မျိုးစေ့သည် ရှိနေသေးသော်လည်း ပျောက်ကွယ်သွားပြီဟုလည်း ခံစားမိနေခဲ့သည်။ တည်ရှိမှုသည် အလွန်အမင်း ဖျော့တော့ နေခဲ့လေပြီ။
မီးတောက်ဦးချိုမျိုးနွယ်စုသည် ထူးဆန်းနေပေသည်။
သို့သော်လည်း လုမျိုးနွယ်စုမှ လူများသည် စပ်စုလိုစိတ်သိပ်မပြင်းထန်ကြပေ။ သူတို့ဤအရာကို လွန်ကဲစွာ တွေးလိုခြင်းမရှိနေပေ။ သူတို့ အလုပ်ကိုသာ သူတို့အာရုံစိုက်နေကြသည်။ သူတို့အနေဖြင့် ပြဿနာများဖြစ်မည်ကိုလည်း မလိုလားကြပေ။ သူတို့ကို မထိခိုက်သရွေ့ သူတို့ အဆင်ပြေနေပေသည်။
ယန်ကျိုနှင့်သူ့လူများ ပြန်သွားသည့်အခါတွင် ရှောက်ရွှမ် မီးတောက်မျိုးစေ့နှင့် ပတ်သက်ပြီး နတ်ဆရာနှစ်ယောက်ကို ပြောပြလိုက်သည်။ အကယ်၍ ထိုသူများ သူတို့ထံသို့ရောက်လာခဲ့လျှင် မည်သို့လုပ်ရမည်ကိုလည်း ဆွေးနွေးကြည့်လိုက်သည်။ မျိုးနွယ်စုက ထိုသူများကို မဖိတ်ခေါ်ခဲ့လျှင်သော်မှ ထိုသူများသည် လွယ်လွယ်ကူကူ လက်လျော့ကြမည့်သူများ မဟုတ်ကြပေ။ သူတို့ လှည့်ကွက်များကို အသုံးပြုမည်ကို သူသိနေခဲ့သည်။ သူ့အနေဖြင့် ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ပေသည်။ အကယ်၍ ထိုသို့ဖြစ်လာခဲ့လျှင် မျိုးနွယ်စုကို ကသောင်းကနင်းဖြစ်စေရန် ခွင့်ပြု၍ မရပေ။ ယခုတွင် သူတို့မျိုးနွယ်စုသည် ပို၍ ကြီးမားလာခဲ့ပြီဖြစ်သည်။ ဤကိစ္စများကို ကိုင်တွယ်ဖြေရှင်းထားရန် လိုအပ်သည်။
သို့သော်လည်း ဝမ်ရှစ်နှင့် သဲကန္တာရမှ လွတ်မြောက်သွားခဲ့သည့် ကျွန်ပိုင်ရှင်များသည် အန္တရာယ် တစ်ခုအနေနှင့် ရှိနေဆဲဖြစ်သည်။ ထိုသူများတွင် ကောင်းသော ရည်မှန်းချက်များ မရှိ
နေကြပေ။
“ ဒီ သံမှိုကို ဖြစ်နိုင်သမျှ မြန်မြန် နှုတ်ထားမှ ရမယ် “ ရှောက်ရွှမ် လက်ထဲမှ ဓါးကို တင်းကျပ်စွာဆုပ်ကိုင်ထားလိုက်ပြီး ပြောလိုက်သည်။
ရှောက်ရွမ်တင်မက အခြား မျိုးနွယ်စု ခေါင်းဆောင် နှစ်ယောက်တို့သည်လည်း ထိုကိစ္စကို အကြိမ်များစွာ တိုင်ပင်ထားကြပြီးဖြစ်သည်။ ကျန်းလျိုမှ လူများသည် ဤနေရာနှင့်ပတ်သက်ပြီး ကျင့်သား မရကြသေးပေ။ ထို့အပြင် မီးတောက်မျိုးစေ့နှင့် ပေါင်းစပ်ပြီးသည့်နောက်တွင် သူတို့အားလုံး တိုက်ပွဲအတွက် အဆင်သင့်မဖြစ်ကြသေးပေ။ သူတို့အနေဖြင့် အချိန်လိုအပ်နေသေးသည်။
အမဲလိုက်ထွက်ခြင်း တစ်ခါ နှစ်ခါနှင့် လေ့ကျင့်မှုများဖြင့်ဆိုလျှင် သူတို့အားလုံး စိတ်ခံစားချက်
များ ပိုမိုကောင်းမွန်လာလိမ့်မည် ဖြစ်သည်။ ထို့မှသာ မီးတောက်ဦးချို..... အသစ်ဖွဲ့စည်းထားသည့် မီးတောက်ဦးချို မျိုးနွယ်စုသည် သူတို့၏ စွမ်အားအသစ်များကို စမ်းသပ်ရန် အချိန်ရပေမည်။ ဝမ်ရှစ်မျိုးနွယ်စုနှင့် ကျွန်ပိုင်ရှင်များကို လည်း ရင်ဆိုင်နိုင်ပေမည်။
ရက်များစွာ ကြာပြီးနောက်တွင် ပထမဆုံးသော အမဲလိုက်အဖွဲ့သည် ပေါင်းစပ်ပြီးသည့်နောက် ပြန်ရောက်လာခဲ့လေပြီ။
သူတို့ကို ကြည့်ရသည်မှာအဆင်ပြေလာဟန်ရသည်။ သူတို့နှင့်အတူ များစွာသော သားကောင်များ ပါလာခဲ့ပြီး ကောင်းမွန်သော အမဲလိုက်ခရီးစဉ်တစ်ခု ဖြစ်ခဲ့သည်။
သုန့်ကန်းသိပ်အာရုံမစိုက်နေခဲ့ပေ။ သူသည် ကွေ့ဟယ် ထာ့တို့နှင့် ယှဉ်ပြိုင်နေရသော်လည်း
သားကောင်များ ပိုရစေရန် လုပ်ဆောင်ရန်ထက် ရှောက်ရွှမ်ပြောလိုက်သည့် မျက်နှာစိမ်းနှင့်သားကောင်ကို ဖမ်းဆီးနိုင်ရန်ကိုသာ အာရုံစိုက်ထားလေသည်။
ရှောက်ရွှမ် သားကောင်များကို ကြည့်လိုက်ပြီး သူ့မျက်နှာ တွန့်ကွေးသွားသည်။
ထိုနေရာတွင် ထူးဆန်းသော ပုံစံရှိသည့် ဆိတ်များ၊ သမင်များနှင့် နွားများ ရှိနေခဲ့သည်။ သို့သော်လည်း ထိုသားကောင်များသည် မျက်နှာစိမ်းသားရဲနှင့် နီးစပ်ခြင်း မရှိပေ။
အခြားသူများအတွက်မူ အမဲလိုက် ခေါင်းဆောင် သုံးယေဦက်တို့သည် ထူးခြားသည့် အလိုဆန္ဒများ ရှိနေကြသည်ဟု ထင်မြင်ယူဆသွားနိုင်သည်။
“ ရှောက်ရွှမ် ဒါတွေက မင်းရှာနေတဲ့ သားရဲကောင်လား “ သုန့်ကန်းမေးလိုက်သည်။
“ တစ်ကောင်နဲ့မှ မတူနေဘူး “ ရှောင်ရွှမ် အကူအညီမဲ့စွာ ပြောလိုက်သည်။
အမဲလိုက်အဖွဲ့ခေါင်းဆောင် သုံးယောက်လုံး စိတ်ပျက်သွားပုံရသည်။
သုန့်ကန်းစဉ်းစားလိုက်ပြီး “ မျက်နှာစိမ်းမှလား၊ မျက်နှာနီရင်ကော မရဘူးလား ၊ ဒါမှမဟုတ် မျက်နှာအဖြူရောင် “
“ တကယ်တော့ တခြား သားရဲကောင်တွေနဲ့လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကုန်းကျား မိသားစုရဲ့ လျှို့ဝှက်နည်းလမ်း အရကတော့
အစိမ်းရောင်မှရမှာ၊ မဟုတ်ရင် ရလာဒ်က သိပ်ကောင်းမှာ မဟုတ်ဘူး။ ဒါပေမယ့် အစိမ်းရောင်မျက်နှာ သွားစွယ်ချွန်သားရဲထက် တောင် ပိုကောင်းတဲ့ သားရဲတစ်မျိုး ရှိသေးတယ်။ ငါ တစ်ကောင်မြင်ဖူးတယ် “
“ ဘာလဲ “ သုံးယောက်သား မေးလိုက်ကြသည်။
“ ကျောက်တုံး တီကောင် “
“ ကောင်းတယ် “ ထာ့ အံကြိတ်လိုက်သည်။
“ ကြောက်မက်ဖွယ်သားရဲ ဒါမှမဟုတ်အာ့ထက်မြင့်တဲ့အဆင့် “ ရှောက်ရွှမ် ပြောလိုက်သည်။
ထာ့ စကားမပြောတော့ပေ။
မည်သူမှ ကြောက်မက်ဖွယ်သားရဲအဆင့် ကျောက်တုံးတီကောင်များကို မမြင်ဖူးကြပေ။ အကယ်၍ ရှိခဲ့လျှင်ပင် ထိုသားရဲများသည် မြေမျက်နှာပြင်အထက်သို့ ပေါ်မလာကြပေ။ သူတို့အနေဖြင့် မတွေ့မချင်း မြေကြီးတူးနေ၍လည် မရနိုင်ပြန်ပေ။ သူတို့ မဖမ်းနိုင်ခင်မှာပင် တီကောင်သည် ထွက်ပြေးလိမ့်မည် ဖြစ်သည်။ ထိုကိစ္စသည် အမဲလိုက်ရသည်ထက် ခက်ခဲပေသည်။
သားရဲဘုရင်အဆင့်များသည် ပို၍ပင်ခက်ခဲနေသေးသည်။ သားရဲဘုရင်တစ်ကောင်ကို တစ်ကြိမ်မြင်တွေ့ဖူးသည့် ကျန်းလော်နှင့် အခြားသူများသည် စွန့်စားရဲကြခြင်း မရှိပေ။ ဤသည်မှာ မိမိဖာသာ သတ်သေသည့် အလုပ်သာ ဖြစ်ပေလိမ့်မည်။
“ .... မျက်နှာစိမ်းသားရဲကိုပဲ ဆက်ပြီး လိုက်ရှာကြတာပေါ့ ..........။ တောထဲမှာ တစ်ကောင်တောင်မရှိဘူးဆိုတာကိုတော့ ငါမယုံနိုင်ဘူး “ သုန့်ကန်းအလျင်အမြန်ပင် အခန်းထဲမှ ထွက်သွားလိုက်သည်။
ကွေ့ဟယ်နှင့် ထာ့တို့လည်း လိုက်သွားလိုက်သည်။ သူတို့အားလုံးသည် သတ္တုပစ္စည်းများအတွက် စိတ်မရှည်ဖြစ်နေကြပြီဖြစ်သည်။
သူတို့ထွက်သွားသည်နှင့် ရှောက်ရွှမ် တွေးနေလိုက်သည်။ သူတို့ထံတွင် မျက်နှာစိမ်းသားရဲမရှိသကဲ့သို့ ကြောက်မက်ဖွယ် အဆင့်ရှိသည့် ကျောက်တုံးတီကောင်လည်း မရှိနေပေ။ အခြားသင့်တော်သည့် သားရဲများ ရှိသေးသည်လော..........။ ကုန်းကျားမိသားစု ဘိုးဘေးများသည် ကမ္ဘာကြီးတွင် ရှိနေသည့် သားရဲမျိုးစုံဖြင့် စမ်းသပ်ခဲ့ခြင်း မဖြစ်နိုင်သလော.......။
အခန်း (၅၀၄) မျိုးနွယ်စုသုံးခုတို့မှ ဧည့်သည်များ
ပုံသွင်းရန်အတွက် များစွာသော ကြောက်မက်ဖွယ်ကောင်းသည့် သားရဲများ၏ သွေးများကို ရှောက်ရွှမ် သေချာ ရွေးချယ်လိုက်သည်။
သူ့အတွက်မူ သတ္တုပုံသွင်းရန် သားရဲများ၏ သွေးကို လိုအပ်ခြင်းသည် ထူးဆန်းနေပေသည်။ မည်သို့ပင်ဖြစ်စေ ဤကမ္ဘာမှ အရာများစွာသည် ပုံမှန်မဟုတ်နေ ခဲ့ပေ။
ကုန်းကျား ဘိုးဘေးများ၏ အဆိုအရ သူတို့သည် သတ္တုများထဲမှ မသန့်စင်မှုများကို အရင်ဦးစွာ ဖယ်ရှားရမည် ဖြစ်သည်။ ထို့နောက် အရည်ပျော်နေသည့် သတ္တုများ၏ အငွေ့ကို သေချာ စောင့်ကြည့်နေရမည် ဖြစ်သည်။ ၎င်းသည် အနက်ရောင်မှ အဝါဖျော့ဖျော့ အရောင်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး နောက်ဆုံးတွင် အစိမ်းရောင်သို့
ပြောင်းသွားမည် ဖြစ်သည်။ သတ္တုကြမ်းများ အားလုံး အရည်ပျော်သွားပြီးနောက် အစိမ်းရောင် အငွေ့များသာ ကျန်နေပေမည်။ ပုံသွင်းသည့် အချိန်တွင်မူ သားရဲသွေးများကို လိုအပ်လိမ့်မည် ဖြစ်သည်။
ရှောက်ရွှမ်သည် များစွာသော သားရဲများ၏ သွေးများကို စမ်းသပ်ကြည့်ခဲ့လေသည်။ သူသည် ထိုအရာကို လုပ်ရန်အတွက် သတ္တုခံခွက် တစ်ခုကိုပင် ပြုလုပ်ထားခဲ့သည်။ သူတို့တွင် သတ္တု အနည်းငယ်သာ ရှိသဖြင့် သတ္တုများကို မဖြုန်းတီးမိစေရန် ဂရုစိုက်ရမည် ဖြစ်သည်။
ကုန်းကျားဘိုးဘေးများသည် သတ္တုများကို ခိုင်မာစေရန်အတွက် သားရဲသွေးများကို အသုံးပြုခဲ့ကြသည်။ သို့သော်လည်း ရှောက်ရွှမ် ပြုလုပ်လိုက်သည့် သတ္တုပစ္စည်းများသည် ကျွတ်ယွနေပြီး အနည်းငယ် ထိလိုက်သည်နှင့် ကျိုးပဲ့သွား
တတ်သည်။
အမဲလိုက်အဖွဲ့သည် သားရဲများစွာကို ယူလာပေးခဲ့သေသာ်လည်း လိုချင်သည့် ရလာဒ်ကို ယခုအထိ မရနိုင်သေးပေ။ ပြုလုပ်သည့် နည်းလမ်း မှားနေခြင်းမဟုတ်လျှင် သွေးများမှားယွင်းနေသောကြောင့် ဖြစ်ပေမည်။
လွန်ခဲ့သည့် နှစ်များစွာက ကုန်းကျားမိသားစု အနေဖြင့် ဤလျှို့ဝှက်ချက်ကို ရှာတွေ့နိုင်ရန် အလွန်အမင်း ခက်ခဲခဲ့လိမ့်မည် ဖြစ်သည်။ သူတို့သည် ကံအလွန်ကောင်းခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။
“ အဲ့ဒီတော့ ဒါက မှန်တာပေါ့။ ငါတို့ သွေးတွေကို သေချာ ရွေးချယ်ရမယ် “
သူ့ရလာဒ်များကို မျိုးနွယ်စုခေါင်းဆောင်များဆီ ပြသည့် အခါတွင် သူတို့အားလုံး စိတ်ပျက်သွားကြလေသည်။ သို့သော်လည်း သူတို့သည် အလျင်အမြန် အောင်မြင်ရမည်ဟု မျှော်မှန်းထား ခြင်းတော့ မရှိပေ။ သူတို့သည် တဆင့်ခြင်း ပြုလုပ်ရလိ့မ်မည် ဖြစ်သည်။ အကယ်၍ သူတို့သာ လက်နက်များကို လုပ်နိုင်ခဲ့လျှင် ကောင်းသည့် သတင်းသာ ဖြစ်သည်။
ရှောက်ရွှမ်သည် သူ့စမ်းသပ်မှုများကို သူတို့အားပြောပြလိုက်သည်။ ထိုအချိန်တွင်ပင် မကြိုဆိုသော ဧည့်သည်များ ရောက်လာ ခဲ့လေသည်။
သူတို့အုပ်စုတွင် လူဆယ့်ငါးယောက် ပါလေသည်။ မန် မျိုးနွယ်စု၊ ခြေထောက် ရှစ်ချောင်း မျိုးနွယ်စုနှင့် ငှက်မွေး မျိုးနွယ်စုတို့မှ လူများ ဖြစ်ကြသည်။ ထိုမျိုးနွယ်စု သုံးခုတို့သည် အလယ်ပိုင်း ဒေသတွင် အဓိက မျိုးနွယ်စုကြီးများ ဖြစ်ကြလေသည်။
အဓိက မျိုးနွယ်စုကြီး ရှစ်ခုရှိပြီး ယခု မျိုးနွယ်စု သုံးခုအပြင် မျက်နှာဖုံးတစ်ထောင် မျိုးနွယ်စု၊ လုံကျိုး မျိုးနွယ်စု၊ ဟွေ့နှင့် ထျန်းရှန် မျိုးနွယ်စု တို့လည်း ရှိသေးသည်။
ဝမ်ရှစ်သည် မျိုးနွယ်စုကြီး ရှစ်ခုတို့မှ တစ်ခုအဖြစ် ယူဆထားသော်လည်း သူတို့ကို ထောက်ပံ့ပေးနေသည့် ကျွန်ပိုင်ရှင်များသာ မရှိခဲ့လျှင် သူတို့သည် မည်သည့်အခါတွင်မှ တိုးတက်လာလိမ့်မည် မဟုတ်ပေ။ သူတို့သည် အခြားမျိုးနွယ်စုများ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားလိမ့်မည် ဖြစ်သည်။ ဝမ်ရှစ်မျိုးနွယ်စုကို ကြောက်ရွံ့သည့် သေးစားနှင့် အလတ်စား မျိုးနွယ်စုများလည်း ရှိကြသေးသည်။ သူတို့သည် ကောင်းမွန်သည့် လူများ မဟုတ်ကြသဖြင့် ရှောင်ကြခြင်းဖြစ်သည်။
မြေဆီလွှာအကောင်းဆုံးနှင့် လူဦးရေ အထူထပ်ဆုံးဖြစ်သည့် အလယ်ပိုင်း ဒေသတွင် ဝမ်ရှီမျိုးနွယ်စုများ မရှိသည့် အတွက် လူတိုင်းသည် ပျော်ရွှင်ကြရပေသည်။
ထို့နောက်ပိုင်းတွင် မီးတောက် ဦးချိုများ မျိုးနွယ်စု ရောက်လာခဲ့သည်။ သူတို့နှစ်ဖက်ကို တိုက်ခိုက်ကြတော့မည်ဟု လူအများက တွေးထင်ထားခဲ့ကြသော်လည်း ယခုအချိန်အထိ တိုက်ပွဲ မဖြစ်သေးပေ။ လူအများသည် ဤကြောင်းကို ကုန်ပစ္စည်းလဲလှယ်သည့် နေရာများတွင် ပြောနေကြလေသည်။ ဘာလို့ ဝမ်ရှစ်တွေက ဘာမှမလုပ်ကြတာလဲ.........။ သူတို့ မလုပ်ချင်လို့လား မလုပ်နိုင်လို့လား .........။
မီးတောက်ဦးချိုသည် ထိုသတင်းများကို မသိကြပေ။ သူတို့သည် စိတ်လည်း မဝင်စားကြပေ။
မျိုးနွယ်စု သုံးခုတို့မှ ခေါင်းဆောင်များကို ရှောက်ရွှမ် မှတ်မိလိုက်သည်။ မန်မျိုးနွယ်စုမှ ဟွမ်ယဲ့၊ ခြေထောက် ရှစ်ချောင်း မျိုးနွယ်စုမှ ချူးကု၊ ငှက်မွေး မျိုးနွယ်စုမှ ကုကျီ.......။
သူတို့သုံးယောက်သည် ဤနေရာသို့ ရောက်လာဖူးသဖြင့် သူတို့လူများကို ဦးဆောင် နိုင်လာခဲ့သည်။
ရှောက်ရွှမ် ထင်ထားသည့် အတိုင်းပင် ထိုသုံးယောက်သည် လုမျိုးနွယ်စု ထံသို့ အရင်သွားခဲ့ပြီး မီးတောက် ဦးချိုများ မျိုးနွယ်စု အကြော်ငးကို မေးခဲ့ကြလေသည်။ လုမျိုးနွယ်စုမှ ယန်ကျိုနှင့် သူ့လူများ ပြန်လာသည့်အခါတွင် စိတ်ကျေနပ်ဖွယ် အဖြေများကို ပေးခဲ့ကြသည်။ သူတို့သည် လက်ဗလာဖြင့် ပြန်မသွားလိုသဖြင့် အရှက်မဲ့စွာဖြင့် မီးတောက် ဦးချိုများ မျိုးနွယ်စုထံသို့ လာခဲ့ကြခြင်း ဖြစ်သည်။
သူတို့ သဲကန္တာရကို ဖြတ်သန်းရန် ဆုံးဖြတ်လိုက်ကြချိန်တွင် သူတို့ သည် အလွန်အမင်း သိလိုနေခဲ့သည်။ သူတို့သည် ထိုအရာကို အရေးကြီးသည်ဟု မထင်ထားခဲ့ကြပေ။ သူတို့သည် ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်လိမ့်မည်ကို မသိခဲ့ပဲ ၊ ရှောက်ရွှမ် ဤနေရာတွင် ရှိနေမည်ကိုလည်း မတွေးထား ခဲ့ပေ။ ဟွမ်ယဲ့သည် စာတစ်စောင်ကို ထားခဲ့ပြီး သဲကန္တာရမှ အခြားသူများနှင့် အတူ ထွက်ခွာသွားခဲ့သည်။
ထို့နောက် တွင် မီးတောက်ဦးချိုများ မျိုးနွယ်စုသည် အခြား အဓိက မျိုးနွယ်စု သုံးစုတို့နှင့် အဆက်အသွယ် ဖြတ်တောက်လိုက်သည်။ ချာချာအကြောင်းလာပြောပြသည့် ဟွေ့ မျိုးနွယ်စုမှ လွဲလျှင် အခြား မျိုးနွယ်စုများသည် ဤနေရာသို့ ခြေချခြင်း မရှိကြတော့ပေ။
ယခုအကြိမ်တွင်မူ သူတို့ထံတွင် ရွေးချယ်စရာ မရှိတော့ပေ။
သူတို့ ကြောက်မက်ဖွယ် သားရဲ တောအုပ်ကို ဖြတ်သန်းလာသည့် အချိန်တွင် ပြောင်းလဲမှုများကို မြင်တွေ့လိုက်ရလေသည်။
ဝမ်ရှစ်မျိုးနွယ်စုများ ရှိမနေကြောင်း သူတို့ကို ပြောပြခဲ့သည့် ယန်ကျိုနှင့် သူတို့အားလုံးသည် တစ်စုံတစ်ခု ပြောင်းလဲသွားသည်ကို ခံစားမိလိုက်ကြသည်။
သူတို့ နောက်ဆုံး အကြိမ် ဤနေရာသို့ ရောက်လာခဲ့စဉ်က သူတို့အားလုံးသည် မီးတောက် ဦးချို မျိုးနွယ်စု ၏ မီးမျိုးစေ့မှ လှုပ်ခတ်မှုများကို သိသိသာသာ ခံစားခဲ့ကြရသည်။ သူတို့သည် အဓိက ကျေးရွာများ အကြား မကြာခန ခရီးသွားနေကြသဖြင့် မီးမျိုးးစေ့၏ လှုပ်ခတ်မှုနှင့် အကျွမ်းတဝင်ရှိနေခဲ့ကြသူများ ဖြစ်သည်။ ထို့ကြောင့် သူတို့ သိပ်မတွေးကြပေ။ ဤတစ်ကြိမ်
တွင် ကွာခြားပေသည်။ ယခုတွင် လှုပ်ခတ်မှုသည် အလွန်အမင်း မှိန်ဖျော့်နေခဲ့ပြီဖြစ်သည်။ သူတို့သည် သက်တောင့်သက်သာ မဖြစ်မှုကို ခံစားလိုက်ရသည်။
ယခုသည် ယခင်ကထက်ပင် ဆိုးဝါးနေပေသည်။
“ ဒါက တကယ်ပဲ မီးတောက်မျိုးစေ့ကြောင့်လား “ ဟွမ်ယဲ့ သူတို့နတ်ဆရာပြောလိုက်သည့် အကြောင်းကို စဉ်းစားမိလိုက်လေသည်။ မီးတောက်ဦးချိုများ မျိုးနွယ်စုက တကယ်ပဲ မီးတောက် မျိုးစေ့မရှိတော့ဘူးလား။
ခြေထောက် ရှစ်ချောင်း မျိုးနွယ်စုမှ ချုးကု မျက်နှာတည်ငြိမ်သွားသည်။ သူထိုင်ချလိုက်ပြီး အတွေးနက်နေခဲ့လေသည်။ “ ကြည့်ရတာ မီးတောက်ဦးချိုများ မျိုးနွယ်စုမှာ လျှို့ဝှက်ချက်တွေ ရှိနေတယ် ထင်တယ် “
“ တကယ်လို့ သူတို့သာ မပြောပြရင် ငါတို့ ဘယ်တော့မှ သိရမှာ မဟုတ်ဘူး “ ကုကျီ သက်ပြင်းချလိုက်သည်။
သူတို့၏ ယခင်အတွေ့အကြုံများအရ သူတို့ ၏ ငှက်များကို အပြင်ပေးမထွက်ကြတော့ပေ။ လူဆယ့်ငါးယောက်လုံးသည် ငှက်မွေး မျိုးနွယ်စု၏ ငှက်များဖြင့် ရောက်လာခဲ့ကြခြင်း ဖြစ်သည်။ ငှက်မွေးမျိုးနွယ်စုမှ လူများသည် ငှက်များကို တည်ငြိမ်စေရန် အကောင်းဆုံး ကြိုးစားနေကြသည်။ သူတို့သာ မရှိခဲ့လျှင် ငှက်များသည် ပျံသန်း ထွက်ပြေးသွားလိ့မ်မည် ဖြစ်သည်။ ငှက်များသည် ဤဒေသနှင့် စိမ်းနေသေးသည်။ အရေးအကြီးဆုံးမှာ တောအုပ်အတွင်းပုန်းအောင်းနေသည့် မျိုးနွယ်စုသည် ဧည့်သည်များကို မလိုချင်နေခြင်း ဖြစ်သည်။ ငှက်များသည် တင်းမာမှုကို အာရုံခံနိုင်ကြလေသည်။
မည်သို့လုပ်ရမည်ကို ကင်းလဲ့အဖွဲ့မှလူများ အမိန့်ရလိုက်သည်။ သူတို့သည် မလိုချင်စွာနှင့်ပင် ဧည့်သည်များကို ရွာဆီသို့ ပြန်ခေါ်လာခဲ့ကြသည်။
ယခင်က သူတို့သည် လူများစွာကို မြင်တွေ့ချင်ခဲ့ကြသည်။ အထူးသဖြင့် ပထမဆုံး အကြိမ်ရောက်လာခဲ့သည့် အချိန်က ဖြစ်သည်။ သူတို့သည် အားလုံးကို သိချင်နေကြပြီး မျိုးနွယ်စုမှ လူမျးာနှင့်လည်း ဆက်ဆံလိုကြသည်။ ကံမကောင်းသည်မှာ ထိုသူများသည် ဖော်ရွေကြခြင်း မရှိကြပေ။ သဲကန္တာရ တိုက်ပွဲ အပြီးတွင် စစ်သည်များကို ထပ်မံမကြိုဆိုတော့ပေ။
မီးတောက်ဦးချိုးများ မျိုးနွယ်စုသို့ ရောက်လာသည့် လူဆယ့်ငါးယောက်တို့ကို ယခင်ကကဲ့သို့ လွတ်လပ်ခွင့်များများစားစား မပေးတော့ပေ။ သူတို့လမ်းလျှောက်လာကြစဉ် လူအများသည် သူတို့
ကို ဝိုင်းကြည့်နေခဲ့ကြသည်။ သူတို့ကို ကျောက်တုံး ဧည့်သည်အဆောင်သို့သာ ခေါ်လာခဲ့လိုက်သည်။
သူတို့သည် အနားပတ်ဝန်းကျင်များသို့ လှည့်ပတ်မကြည့်နိုင်ကြသော်လည်း ဟွမ်ရဲနှင့် အခြားသူများသည် ပူးပူးကပ်ကပ် တည်ဆောက်ထားသည့် အိမ်များစွာ ရှိနေသေးသည်ကို သိနေကြသည်။ အိမ်များသည် ပြန့်ကျဲနေခြငင်းမရှိပဲ သပ်ရပ်စွာ အကွက်ဖော် ဆောက်လူပ်ထားသည်ကို တွေ့လိုက်ရသည်။
မျိုးနွယ်စုကို ကြည့်ရသည်မှာ ကြီးမားသည့် ကပ်ဘေးကြီးကို ကြုံခဲ့ရသည်နှင့် မတူနေပေ။ သူတို့အားလုံးသည် ရွှင်ပြသည့် စိတ်နေစိတ်ထားများ ရှိနေကြလေသည်။ ထို့ကြောင့် ကပ်ဘေး ဖြစ်သွားသည်ဟူသည့် ယူဆချက်သည် လွင့်ပျံသွားခဲ့ပြီဖြစ်သည်။
မှန်ပေသည်။ ဤသည်မှာ ဒုတိယ အရေးအကြီးဆုံးသော တွေ့ရှိမှုဖြစ်သည်။
တစ်စုံတစ်ခု မှားယွင်းနေပေသည်။ သူတို့သည် မည်သည့်အရာ မှားယွင်းနေသည်ကို မသိကြပေ။ သူတို့ သုံးယောက်လုံးသည် နတ်ဆရာများ မဟုတ်ကြသဖြင့် မီးတောက်မျိုးစေ့ကို အာရုံခံနိုင်စွမ်း သိပ်မမြင့်ကြပေ။
နတ်ဆရာနှစ်ယောက်တို့မှ လွဲ၍ မျိုးနွယ်စု ခေါင်းဆောင်နှစ်ယောက် ၊ အမဲလိုက် ခေါင်းဆောင် သုံးယောက်တို့သည့် ဧည့်သည်များနှင့်တွေ့ရန် ရောက်နေကြလေသည်။ ရှောက်ရွှမ်သည်ပင် သူ့အလုပ်များကို ပစ်ထားပြီး ဤနေရာသို့ ရောက်နေခဲ့သည်။
ယခင်အကြိမ် သူတို့တွေ့ခဲ့ကြစဉ်က တာ့ နှင့် ကွေ့
ဟယ်တို့မတ်တပ်ရပ်နေခဲ့ကြသည်။ သို့သော် ဤတစ်ကြိမ်တွင်မူ သူတို့နှစ်ယောက်သည် သောခန်နည်းတူ ထိုင်နေကြလေသည်။ သူတို့အဘယ်ကြောင့် အလွန်ယဉ်ကျေးနေရန် လိုအပ်ပေမည်နည်း။
ဟွမ်ယဲ့နှင့် အခြားနှစ်ယောက်တို့သည် ကျောက်တုံး ခုံ ဆန့်ကျင်ဖက်တွင် ထိုင်နေကြသည့် လူများကို ကြည့်နေခဲ့ကြသည်။ သူတို့တွင် ကောင်းသော မှတ်ဉာဏ်များ ရှိသော်လည်း စားပွဲမှ လူသုံးယောက်ကို ကောင်းသော အမြင်မရှိကြပေ။
“ ကျုပ်တို့လာတာက မေးစရာတွေ ရှိနေလို့ပါ “ ဟွမ်ရဲ ပြောလိုက်သည်။ “ လတ်တလောမှာ ခင်ဗျားတို့ မျိုးနွယ်စုဆီကနေ ပြောင်းလဲမှုတချို့ကို အာရုံခံမိနေတယ်။ ဒါကြောင့် ကျုပ်တို့လာခဲ့ကြတာ။ ဘာတွေဖြစ်နေတာလဲ ဆိုတာကို ကျုပ်တို့ကို ပြောပြပေးနိုင်မလား “
“ တောင်းပန်ပါတယ်၊ မပြောနိုင်ဘူး “ နတ်ဆရာ ပြောလိုက်သည်။
မည်သူမှ စကားမပြောကြတော့ပေ။ အိမ်အတွင်းမှ လေထုသည်ပင် လေးလံလာခဲ့သည်။
တဖက်မှလူများသည် နားထောင်လိုကြပြီး ထပ်စောင့်လိုကြသေးသည်။ တဖက်မှလူများမှာမူကား စကားပြောရန် ပျင်းရိနေကြလေသည်။
ဟွမ်ယဲ့ အခန်းအတွင်းသို့ မျက်လုံး ဝှေ့ကြည့်လိုက်သည်။ နောက်ဆုံးတွင် ရှောက်ရွှမ်ကို ကြည့်လိုက်သည်။
ရှောက်ရွှမ် ငြင်သာစွာ သက်ပြင်းချလိုက်မိသည်။
“ အားလုံးက ဒီမှာ အဆင်ပြေနေပါတယ်။ ကျန်တာကတော့ ကျုပ်တို့ရဲ့ ကိစ္စပဲလေ၊ ကျူပ်တို့ကို ခင်ဗျားတို့ စိတ်ပူနေဖို့ မလိုအပ်ပါဘူး “
ဆိုလိုသည်မှာ မေးခွန်းထပ်မမေးနှင့် မည်သည့်အဖြေကိုမှ ရမည်မဟုတ်ဟု ဆိုလိုပေသည်။
ချူးကု မျက်လုံးများ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ သူသည် ကြင်နာတတ်သည့် လူအိုကြီးတစ်ယောက်နှင့် တူနေသည်။
“ကျုပ်သိပါတယ်။ သဲကန္တာရမှာ ဖြစ်ခဲ့တဲ့ ကိစ္စအတွက် ခင်ဗျားတို့အားလုံးက စိတ်တိုနေကြမှာပဲ။ ဒါက သေချာပေါက် ကျုပ်တို့ အမှားပါ။ ကျုပ်သေချာဂရုမစိုက်လိုက်မိလို့ပါ “ ချူးကု ပြောလိုက်သည်။
“ ခင်ဗျားအမှားဆိုတာကို ခင်ဗျားသိတယ်။ ဒါကို ခင်ဗျားက အချိန်အတန်ကြာမှ လာတယ် ။ ဒီနှစ်နှစ်အတွင်း ခင်ဗျားဘယ်ရောက်နေတာလဲ ။ သဲကန္တာရကို ဓါးပြတိုက်နေတာလား။ “ သုန့်ကန်းမေးစေ့ကို မော့လိုက်ပြီး မေးလိုက်သည်။ သူသည် သူတို့ကို အနည်းငယ်သော လေးစားမှုကိုမှ မပြသတော့ပေ။
ဖြစ်နိုင်သည်မှာ သူတို့သည် စကားပြောမကောင်းကြသူများ ဖြစ်နိုင်သည်။ သူတို့သည်ကမ္ဘာကြီးနှင့် သီးခြားနေတတ်ကြသူများသာ ဖြစ်သည်။ သူတို့အများဆုံး ဆက်ဆံသည်မှာ သူတို့၏ မျိုးနွယ်စုမှ လူများသာ ဖြစ်ကြသည်။ သူတို့အားလုံးတွင် မဖြတ်ကျော်နိုင်သည့် စည်းမျဉ်းများ ရှိနေကြသည်။သူတို့ ဤနေရာသို့ ရောက်ပြီးနောက်တွင်မှ ကုန်ပစ္စည်းလဲလှယ်ရန်အတွက် အခြားမျိုးနွယ်စုမှ လူမျးာနှင့် ဆက်ဆံ ကြခြင်းဖြစ်သည်။ သို့သော်လည်း သူတို့အများစုသည် ပြောင်းလဲကြခြင်း မရှိပေ။
သုန့်ကန်းနှင့် အခြားသူများသည် ကွာခြားကြလေသည်။ သူတို့သည် မကြာခန သူတို့၏ အိမ်နီးချင်း မျိုးနွယ်စုများနှင့် တိုက်ခိုက်နေတတ်ကြသည်။ ထိုမျိုးနွယ်စုမှာ ထိုက်ဟယ် မျိုးနွယ်စု ဖြစ်သည်။ သူတို့ မကြာခနတိုက်ခိုက်တတ််ကြပြီး တစ်ခါတစ်ရံ သုံးရက် နေလျှင် တစ်ခါပင် ရန်ဖြစ်တတ်ကြသည်။ အမဲလိုက်ထွက်ကြစဉ်တွင် သူတို့သည် ပို၍ အချင်းချင်း ရိုင်းစိုင်းစွာ ဆက်ဆံတတ်ကြလေသည်။ သူတို့သည် ပြောချင်တာကို ပြောတတ်ကြသည့် လူများ ဖြစ်ကြသည်။
သုန့်ကန်းနှင့်အခြားသူများသည် မည်သို့ဖြစ်ခဲ့သည်ကို သိထားကြပြီးဖြစ်သည်။ ထို့ကြောင့် ချူးကုပြောလိုက်သည်ကို ကြားလိုက်ရသည့်အခါတွင် သူတို့မနေနိုင်ပဲ လှောင်ပြောင်လိုက်ခြင်း ဖြစ်သည်။
ဤလူများ ဟန်ဆောင် ယဉ်ကျေးနေသည်ကို သူသဘောမကျပေ။ ယခင်က ထိုက်ဟယ်မျိုးနွယ်စုမှ လူများကို တွေ့စဉ်က ထိုသူများကို စိတ်အနှောင့်အယှက်ဖြစ်စရာ အဖြစ် မြင်ခဲ့သည်။ ယခုတွင် ဤလူများသည် ထိုက်ဟယ်မျိုးနွယ်စုမှ လူများထက်ပင် ဆိုးဝါးနေသေးသည်။
သုန့်ကန်းမော့ကြည့်လိုက်ပြီး ပြတင်းပေါက် အပြင်ဖက်သို့ ကြည့်လိုက်သည်။
သုန့်ကန်းပြောသည်ကို ကြားလိုက်သည့်အခါတွင် ဟွမ်ယဲ့နှင့် အခြားသူများ မျက်မှောင်ကြုတ်လိုက်မိလေသည်။
ကြေး ပစ္စည်းများ အကြောင်းသည် လျှို့ဝှက်ချက် တစ်ခု မဟုတ်တော့ပေ။ ကျွန်ပိုင်ရှင်များ သဲကန္တာရမှ လွတ်မြောက်သွားသည်နှင့် အချို့သော အချက်အလက်များသည် သတင်းပြန့်သွား
ခဲ့ပြီးဖြစ်သည်။ အထူးသဖြင့် ကုန်သည်များ စုဝေးတတ်သည့် ရောင်းဝယ်ရေးနေရာများတွင် သတင်းမှန်ကော သတင်းမှားများပါ ပြန့်နှံ့နေတတ်သည်။ မည်သို့ပင်ဖြစ်စေ လူတိုင်းသည် မျိုးနွယ်စု ခုနှစ်စုတို့က ကျွန်ပိုင်ရှင်များကို ခေါ်သွားသည့် သတင်းများကို သိထားကြပြီးဖြစ်သည်။
မှန်ပေသည်။ မျိုးနွယ်စုများအတွက် ထိုကိစ္စသည် အရေးမကြီးပေ။ တခြားတဖက်မှ တွေးလျှင် မျိုးနွယ်စု ခုနှစ်စုတို့သည့် ကျွန်ပိုင်ရှင်များကို ထိန်းသိမ်းထားနိုင်သည်အထိ အင်အားကောင်းကြသည်ဟု ယူဆနိုင်သည်။ ထို့ကြောင့် အခြားမျိုးနွယ်စုများသည် မျိုးနွယ်စု ခုနှစ်စုတို့ကို လေးစားကြလေသည်။
ဟွမ်ယဲ့နှင့် အခြားသူများသည်လည်း တူညီစွာပင် တွေးတောနေကြသည်။ သုန့်ကန်း၏ စကားလုံးများကိုမူ သူတို့ မကျေနပ်ကြပေ။ သူတို့ကို
စော်ကားနေသကဲ့သို့ ခံစားနေကြရသည်။ ဒီလူက မနာလို ဖြစ်နေတာလား.......။