← Chapters

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅-၅၀၇)

Vol. 34 Ch. 505-507

အခန်း (၅၀၅) မင်းလုပ်လိုက်

ဟွမ်ယဲ့နှင့် သူ့လူများသည် သဲကန္တာရမှ များစွာသော ကျွန်ပိုင်ရှင်များကို ဓါးပြတိုက်ဖူးကြသည်။ ထို့ကြောင့် သူတို့တွင် များစွာသော သတ္တုပစ္စည်းများ ရှိနေခဲ့သည်။ တောအုပ်အတွင်းသို့ မဝင်မှီကပင် သူတို့သည် လိုရမယ်ရ လက်ဆောင်များကို ပြင်ဆင်ထားခဲ့လေသည်။ သူတို့ထံတွင် များစွာသော သတ္တုပစ္စည်းများ ပါလာခဲ့သည်။

သူတို့ထင်သည်မှာ မီးတောက် ဦးချိုများ မျိုးနွယ်စုသည် တောအုပ်အတွင်းမှ ထွက်သည်မှာ ရှားပါးသဖြင့် ပစ္စည်းများစွာကို မြင်ဖူးလိမ့်မည် မဟုတ်ဟု ထင်ထားကြခြင်းဖြစ်သည်။ ထို့ကြောင့်ပင် သူတို့သည် ဒုတိယတန်းစား လက်ဆောင်များကိုသာ ပြင်ဆင်လာခဲ့ခြင်း ဖြစ်သည်။ များသောအားဖြင့် သူတို့ယူလာသည်မှာ ပုလင်းများ၊ ထည့်စရာခွက်များးနှင့် လက်နက်အချို့တို့ ဖြစ်ကြသည်။

သို့သော်လည်း ယခုအချိန်တွင်မူ ဟွမ်ရဲနှင့် အခြားသူများသည် သူတို့အနေဖြင့် အပေါ်စီးတွင် မရှိနေတော့သည်ကို ခံစားမိလိုက်သည်။ သူတိုသည် ကြီးမားသည့် သစ်သားသေတ္တာ တစ်လုံးကို ယူလာခဲ့ပြီး ဘေးတွင် ထားထားလေသည်။ သို့သော်လည်း ထိုသေတ္တာသည် လျစ်လျုရှုထားခြင်းကိုသာ ခံလိုက်ရသည်။ သေတ္တာ၏ ထောင့်တစ်နေရာတွင် ရွှေရောင်အလင်းများ ထွန်းလင်းနေသည့် ချပ်ပြားတစ်ခု ရှိနေပြီး နေရောက်အောက်တွင် လွန်စွာ တောက်ပနေလေသည်။

မီးတောက်ဦးချိုများ မျိုးနွယ်စုသည် သတ္တုပြားကို ကြည့်ပင် မကြည့်ကြပေ။ သူတို့သည် ထိုအရာကို မြင်သော်လည်း မည်သည့်အရာ မှ မဟုတ်သကဲ့သို့သာ သဘောထားကြသည်။ အထူးသဖြင့် သူတို့ကို လှောင်ပြောင်ခဲ့သည့် လူဖြစ်သည်။ သူသည် သေတ္တာကို တစ်ချက်မျှသာ လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင်

စိတ်ဝင်စားမှု အရိပ်အယောင်ကို မတွေ့နေရပေ။

သူတို့သုံးယောက်လုံး စိတ်မငြိမ်ဖြစ်သွားကြသည်။ သူတို့ အခြားမျိုးနွယ်စုမျးာသို့ လည်ပတ်သည့်အခါတွင် ထိုကဲ့သို့ တစ်ကြိမ်မှ ဆက်ဆံခံခဲ့ရခြင်း မရှိပေ။ မီးတောက် ဦးချိုများ မျိုးနွယ်စုတွင်သာ ထိုသို့ ကြုံလိုက်ရခြင်း ဖြစ်သည်။

ဤမျိုးနွယ်စုသည် ခေါင်းမာကြလေသည်။ အကယ်၍ သူတို့ သဘောမကျလျှင် သူတို့ကို ဖိအားပေး ခိုင်းစေ၍ မရနိုင်ချေ။

သို့သော်လည်း မီးတောက် မျိုးစေ့၏ လျှို့ဝှက်ချက်သည် ကြောင်လက်ဝါး ကဲ့သို့ ဖြစ်သည်။ ၎င်းသည် သူတို့ နှလုံးသားကို ကုန်ခြစ်နေလေသည်။

ဤနည်းလမ်း အသုံးဝင်မဝင် မသေချာသဖြင့် ခြေ

လက်ရှစ်ဖက် မျိုးနွယ်စုမှ ချုးကု လက်ကို မြှောက်လိုက်သည်။ ထို့နောက် သူ့နောက်မှလူများကို သတ္တာကို ဖွင့်ခိုင်းလိုက်ပြီး အားလုံးမြင်ရအောင် ပြခိုင်းလိုက်သည်။

ဖြစ်နိုင်သည်မှာသူတို့ ပြထားသည့် မြင်ကွင်းမကောင်းသဖြင့် မီးတောက် ဦးချိုများ မျိုးနွယ်စုမှ မမြင်ရဟန်တူသည်ဟု သူတွေးလိုက်ခြင်းဖြစ်သည်။ အကယ်၍ သူတို့သာ အတွင်းထဲမှ ပစ္စည်းများကို မြင်တွေ့လိုက်လျှင် သူတို့ သေချာပေါက် စိတ်ဝင်စားလိမ့်မည်ဟု သူတွေးထားသည်။

သူတို့ကို ကမ္ဘာကြီးအား ပြသရန် အချိန်ပင်ဖြစ်သည်။

သေတ္တာကို ဖွင့်လိုက်သည့်အချိန်တွင် ရွှေရောင် အလင်းများ အခန်းထဲ လွင့်ပျံသွားသည်။ စားပွဲ

ပေါ်တွင် ထည့်စရာပစ္စည်းများ ရှိနေပြီး ဝိုင်ပုလင်းများ၊ ဝိုင်ခွက်များ၊ သေးငယ်သည့် ပန်းကန်လုံးများ စသဖြင့် ပစ္စည်းများ ရှိနေခဲ့သည်။ သူတို့အပေါ်တွင် အမှတ်အသားများ တိရိစ္ဆာန် ရုပ်ပုံများကိုပါ ရေးဆွဲထားသေးသည်။ သူတို့ကို ကြည့်ရသည်မှာ ပစ္စည်းကောင်းများ ဖြစ်ဟန်ရသည်။

ချူးကုနှင့် အခြားသူများ ပထမ အကြိမ် ကြည့်လိုက်ကြသည်။ သူတို့သည် ထိုပစ္စည်းများကို လေးစားစွာဖြင့် စိုက်ကြည့်နေခဲ့ကြလေသည်။ သူတို့သည် ထိုပစ္စည်းများကို မပေးလိုကြပေ။ သို့သော်လည်း သတင်းအချက်အလက်ရရန်အတွက် ထိုပစ္စည်းများကို စွန့်လွတ်ရမည် ဖြစ်သည်။

အကယ်၍ ထိုပစ္စည်းများကို အခြားမျိုးနွယ်စုများသို့ ပြသလိုက်လျှင် သူတို့ ရူးသွပ်လုနီးပါး ဖြစ်သွားလိမ့်မည် ဖြစ်သည်။ သူတို့သည် မကြာခန အခြားမျိုးနွယ်စုများကို ထိုပစ္စည်းများ ပေးတတ်

ကြလေသည်။

ချူးကုသည် ထိုပစ္စည်းများကို ပြသလိုက်ရသည့်အတွက် ဂုဏ်ယူနေခဲ့သည်။ မင်းတို့ မီးတောက် ဦးချိုမျိုးနွယ်စုက ဒီသစ်တောထဲမှာပဲ နေနေကြတာ၊ မင်းတို့ ဒီလို မျိုးပစ္စည်းတွေကို မမြင်ဖူးလောက်ပါဘူး ဟုတ်တယ် မလား......ငါမင်းတို့ကို ပြပေးမယ် .......။

သို့သော်လည်း မကြာခင်တွင် ချူးကု မျှော်လင့်ထားသည့်အတိုင်း မဖြစ်နေသည်ကို တွေ့လိုက်ရသည်။

မီးတောက် ဦးချိုမျိုးနွယ်စုမှ လူများအားလုံးသည် ချုးကုကို ငတုံးတစ်ယောက်အား ကြည့်နေသည့်အတိုင်း ကြည့်နေခဲ့ကြသည်။ သူ့ အပြုံးများ အေးခဲသွားသည်။

သုန့်ကန်းအသက်ကို ပြင်းစွာ ရှုလိုက်သည်။ “ ဟင်း “ သူနှာမှုတ်လိုက်သည် ။ထို့နောက် ချူးကုကို ပြင်းထန်စွာကြည့်လိုက်လေသည်။

သူတို့အားလုံးသည် အသုံးမဝင်သည့် အရာများ ဖြစ်ကြသည်။ သူ့ကိုယ်သူ အဘယ်ကြောင့် သိက္ခာ အကျခံရမည်နည်း။

သုန့်ကန်းသူတို့ကို အထင်သေးနေခြင်းမှာ သတ္တုပစ္စည်းများ ဤနေရာသို့ ရောက်လာရန် ခက်ခဲသည့် အကြောင်းကြောင့် မဟုတ်ပေ။ အထူးသဖြင့် မျိုးနွယ်စုမှ လူများကြားတွင် ဖြစ်သည်။ သူ အထင်သေးသည်မှာ ထိုသူများသည် ထိုပစ္စည်းများက သူတို့၏ လျှို့ဝှက်ချက်များကို ဖွင့်ပြောစေရန်အတွက် လုံလောက်သည်ဟု သူတို့ထင်နေကြခြင်းကိုသာ ဖြစ်သည်။

သဲကန္တာရတွင် နှစ်နှစ်နေခဲ့ပြီးနောက် တွင် သူတို့သည် အသုံးဝင်နိုင်သည့်အ အရာများဖြစ်ကြသည့် ဓါးများ၊ လှံများ၊ ပုဆိန်များနှင့် ချပ်ဝတ်တန်ဆာများစွာကို ရရှိုနိုင်ခဲ့ကြလေသည်။ သူတို့ ပေးနေသည်မှဦ မည်သည့်ပစ္စည်းများ ဖြစ်သနည်း။ သူတို့ အခုပေးနေသည်မှဦ အစားအသောက်များ ထည့်ရန်အတွက် ခွက်များသာ ဖြစ်သည်။ မြို့တော်ထဲတွင် ရှိနေလျှင်သော်မှ သူတို့သည် ထိုပစ္စည်းများဖြင့် မည်သည့်အရာကိုမှ လဲလှယ်နိုင်လိမ့်မည် မဟုတ်ပေ။ ကျွန်ပိုင်ရှင်များသည် ဇိမ်ခံရသည့် ဘဝကို နှစ်ခြိုက်ကြလေသည်။ ထိုပစ္စည်းများသည် အသုံးမဝင်သည့် အရာများသာ ဖြစ်ကြသည်။ အကယ်၍ ထိုပစ္စည်းများဖြင့် အမဲမလိုက်နိုင်လျှင် ထိုအရာများ၏ အသုံးဝင်ပုံသည် အဘယ်နည်း။

ဖြစ်နိုင်သည်မှာ ထိုသူများသည် ကောင်းမွန်သည့်ပစ္စည်းများကို သူတို့အတွက် ယူထားကြပြီး ဖြစ်ဟန်တူသည်။ သူတို့သည် အသုံးမဝင်သည့် ပစ္စည်များဖြင့် သူတို့ကို အရူးလာလုပ်နေခြင်းပင်။

မီးတောက် ဦးချိုမျိုးနွယ်စုက ဒီလောက်လေးကို မသိနိုင်ဘူးလို့ မင်းတို့ထင်နေကြတာလား........။

ငှက်မွေး မျိုးနွယ်စုမှ ကုကျီ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သူတိုသည် မီးတောက် ဦးချို မျိုးနွယ်စုမှ လူများ၏ အမူအယာများကို ကြည့်နေခဲ့လေသည်။ သူတို့ မျက်နှာများကို မြင်လိုက်ရသည့်အခါတွင် သူ့မျက်လုံးများ ကျဉ်းမြောင်းသွားခဲ့သည်။

ကြည့်ရသည်မှာ မီးတောက်ဦးချိုများ မျိုးနွယ်စုသည် သတ္တုပစ္စည်များနှင့် စိမ်းကားနေသည့်ပုံ မပေါ်နေပေ။

တစ်စုံတစ်ခု မှားနေသည်ကို အာရုံခံမိလိုက်ပြီးနောက် သူတို့အားလုံး အကြောင်း ပြချက်ကို စဉ်းစားကြည့်လိုက်သည်။ ဖြစ်နိုင်ချေ တစ်ခုတည်းသာ ရှိသည်။

ကောလာဟလများအရ သဲကန္တာရသို့ ထွက်သွားသည့် မီးတောက်ဦးချို မျိုးနွယ်စုမှ လူမျးသည် သဲကန္တာရတွင် အချိန်အတန်ကြာ နေခဲ့ကြသည်ဟု ဆိုသည်။ အကယ်၍ ထိုကိစ္စသာ အမှန်ဖြစ်နေလျှင် မည်သို့ လုပ်မည်နည်း။

သူတို့သည် စစ်ပွဲကို စတင်ခဲ့ပြီး ကျွန်ပိုင်ရှင်များကို ဓါးပြတိုက်ခဲ့ကြသည်။

ထိုသူများသည် မြေခွေးများသာ ဖြစ်ကြလေသည်။

သူတို့သည် မီးတောက်ဦးချိုများ မျိုးနွယ်စုကို အထင်သေးခဲ့ကြသည်။

ဟွမ်ယဲ့နှင့် အခြားလူနှစ်ယောက်တို့၏ စိတ်ထဲတွင် သဲမုန်တိုင်းအတွင်း ဖြတ်သန်းနေသကဲ့သို့ပင် ခံစားလိုက်ရသည်။

သူတို့သည် မီး‌တောက် ဦးချိုများ မျိုးနွယ်စု အနေဖြင့် သဲကန္တရမှမည်သို့ ပြန်ထွက်လာခဲ့သည်ကို စဉ်းစားနေကြသည်။

မဟုတ်သေး၊ ဤသည်မှာ အရေးကြီးသည့် အချက်မဟုတ်သေးပေ။

သူတို့၏ မီးတောက် မျိုးစေ့ မည်သို့ဖြစ်သွားသည်ကသာ အရေးကြီးသည့်အချက်ဖြစ်သည်။

ကြည့်ရသည်မှာ လျှို့ဝှက်ချက်များ ပို၍ များပြားလာဟန်ရသည်။

သို့ဖြစ်ရာ မျိုးနွယ်စု သုံးခုတို့မှ ခေါင်းဆောင်များသည် သူတို့၏ ယခင်ဆုံးဖြတ်ချက်ကို နောင်တရသွဦးကြလေသည်။ အကယ်၍ မျိုးနွယ်စုကို မကြခနလာလည်ခဲ့လျှင် သူတို့အနေဖြင့် ကောင်းမွန်သည့် ဆက်ဆံရေးတစ်ခုကို တည်ဆောက်ကောင်းတည်ဆောက်နိုင်ခဲ့ပေမည်။ သူတို့သည် သဲကန္တရကိုသာ စိတ်ဝင်စားနေခဲ့မိသည်မှာ ဆိုးဝါးသွားသည်။

ဤသည်မှာ မှားယွင်းသည့် လှုပ်ရှားမှုတစ်ခုသာ ဖြစ်သည်။

ထို့ကြောင့် အခန်းသည် နောက်တစ်ကြိမ်ပြန်လည် တိတ်ဆိတ်သွားပြန်သည်။

သို့သော်လည်း သူတို့သည် ထိုကဲ့သို့ပင် အရှုံးပေးလိမ့်မည် မဟုတ်ပေ။ အကယ်၍ သတ္တုပစ္စည်း

များသာ အလုပ်မဖြစ်ခဲ့လျှင် တစ်စုံတစ်ခုကို ဖော်ထုတ်ရန် အချိန်ရောက်လာခဲ့ပြီ ဖြစ်သည်။

“ အား ငါတို့ အမြင်ကျဉ်းသွားတယ်။ မီးတောက်ဦးချိုများ မျိုးနွယ်စုက အလုပ်များနေတယ်ဆိုတာကို ငါမသိလိုက်ဘူး။ ငါက တုံးအတာပဲ “ ချူးကု ရယ်မောလိုက်သည်။ သူ့လူများကို ပစ္စည်းများကို ပြန်သိမ်းလိုက်ရန် မပြောသေးပေ။ ဤပစ္စည်းများသည် တန်ဖိုးရှိကြသော်လည်း အဓိက မျိုးနွယ်စုကြီးများ အတွက် ရက်ရောသော လက်ဆောင်များ ဖြစ်သင့်ပေသည်။ သူတို့သည် သေးငယ်သည့် ကိစ္စလေးကို အာရုံစိုက်မနေသင့်ပေ။ သူတို့အနေဖြင့် ထိုပစ္စည်းများကို တောင်းပန်သည့် အနေဖြင့် ပေးလိုက်ရပေမည်။

“ ကျုပ်တို့သိထားရသလောက် ဆိုရင် ၊ ကျွန်ပိုင်ရှင်တွေ အများကြီး သဲကန္တရကနေ လွတ်မြောက်သွားကြတယ်။ ကြည့်ရတာ ဒီလူတွေက တစ်နေရာထဲမှာ ရှိနေကြပုံပဲ “ ချူးကု ဝမ်ရှစ်

ကျေးရွာ ရှိသည့်ဖက်ကို လက်ညိုးထိုးပြလိုက်သည်။ “ မင်းတို့အားလုံး ဒီပြဿနာကို ဖြေရှင်းချင်ကြတာကို ငါသိတယ်။ အကြောင်းပြချက်တချို့ကြောင့် မင်းတို့ မလုပ်နိုင်ခဲ့ကြတာ “

ထိုအကြော်ငးပြချက်များကို သူမသိပေ။ သူခန့်မှန်းသည်မှာ လက်နက်အင်အားမလောက်သော ကြောင့်သာဖြစ်မည်ဟု ခန့်မှန်းထားသည်။ ထို့ကြောင့်ပင် သူတို့ စစ်မကျေညာ နိုင်ခဲ့ခြင်း ဖြစ်သည်။သူသာ ထိုကိစ္စကို ကျယ်ကျယ်လောင်လောင်ပြောလိုက်လျှင် မီးတောက်ဦးချိုများ မျိုးနွယ်စုအတွက် အရှက်ရစရာ ဖြစ်သွားနိုင်သဖြင့် သူသည် သွယ်ဝိုက်၍သာ ပြောလိုက်လေသည်။

“ တကယ်တော့၊ ကျုပ်တို့လည်း ဝမ်ရှစ်မျိုးနွယ်စုကို ဘယ်တုန်းကမှ သဘောမကျခဲ့ဖူးဘူး။ ကျွန်ပိုင်ရှင်တွေက ထောက်ပံ့ပေးနေတဲ့အတွက် သူတို့ကို ဘာမှတော့မလုပ်နိုင်ခဲ့ဘူး။ အခုတော့ သဲကန္တရာထဲမှာ အကြမ်းဖြင်း နိုင်ငံရေး အခြေအနေတွေ

က ပြန်ပြီးတည်ငြိမ်နေပြီ။ ဝမ်ရှစ်တို့ကို ထောက်ပံ့ပေးတဲ့လူတွေအားလုံး အခုထွက်လာကြပြီ “ ချူးကု မျက်လုံးများ အနည်းငယ် ပြုးကျယ်သွားသည်။ ထို့နောက် တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး “ တကယ်လို့ ကျုပ်တို့ အတူတူအလုပ်လုပ်ကြမယ် ဆိုရင်ကော ..... ခင်ဗျားတို့ ဘယ်လိုထင်လဲ “

“ ဟုတ်တယ်.... “ ကုကျီ ပြောလိုက်သည် “ ငှက်မွေး မျိုးနွယ်စုကိုပါ ထည့်တွက်လိုက် “

သူတို့သည်လည်း ကျွန်ပိုင်ရှင်များ နေထိုင်နေကြသည့် ဝမ်ရှစ်မျိုးနွယ်စုကို ဖျက်ဆီးလိုကြသည်။ သူတို့အတွက်တော့ အချိန်မရခဲ့ခြင်းသာ ဖြစ်သည်။ ယခုတွင် သူတို့သည် ဤပြဿနာကို မီးတောက်ဦးချို မျိုးနွယ်စု၏ ခွန်အားကို အသုံးပြုခြင်းဖြင့် ဖြေရှင်းနိုင်ပြီဖြစ်သည်။ သူတို့အတွက် ဆက်ဆံရေးကောင်းတစ်ခုကို တည်ဆောက်ရန် အချိန်လည်း ဖြစ်သည်။

“ မန် မျိုးနွယ်စုကိုလည်း ထည့်တွက်လိုက်ပါ “ ဟွမ်ယဲ့ပြောလိုက်သည်။

သူတို့ကို ကြည့်ရသည်မှာ စိတ်လှုပ်ရှားနေဟန် ရသည်။

သူတို့ပြောပြီးသည့်အချိန်တွင် အော့ ဝင်ပြောလိုက်သည် “ ခင်ဗျားတို့ရဲ့ ဆန္ဒတွေအတွက်ကျေးဇူးတင်ပါတယ်။ ဝမ်ရှစ်မျိုးနွယ်စုကတော့ ကျုပ်တို့ ပြဿနာကို ကျုပ်တို့ပဲ ဖြေရှင်းလိုက်တာ ကောင်းမယ် ထင်ပါတယ် “

သူတို့ အဘယ်ကြောင့် ငြင်းလိုက်သည်ကို ချူးကုတို့ သဘောမပေါက်နိုင်ကြပေ။ ဤသည်မှာ နှစ်ဖက်လုံး အကျိုးရှိသည့် ကိစ္စဖြစ်သည်။ ဝမ်ရှစ် မျိုးနွယ်စုသည် လွယ်ကူသည့် ပြိုင်ဖက် မဟုတ်‌နေပေ။ ကျွန်ပိုင်ရှင်များသည် သဲကန္တရာမှ

ထွက်သွားပြီဖြစ်သော်လည်း သူတို့၏ စွမ်းအားများ ရှိနေကြသေးသည်။ မီးတောက်ဦးချိုမျိုးနွယ်စုသည် ဤအချက်ကို သိထားသင့်ပေသည်။ သူတို့ အဘယ်ကြောင့် ခေါင်းမာနေရသနည်း။ အမြင်ကျဉ်းသည့် ငတုံးများပင်မဟုတ်ပေလော........။

အော့ ပြောလိုက်ပြီးသည်နှင့် ကျန်းလော် ထပ်ပြောလိုက်သည်။ “ တကယ်လို့ ခင်ဗျားတို့လည်း ဝမ်ရှစ်မျိုးနွယ်ကိစ္စကို ပါဝင်ချင်တယ်ဆိုရင် ....... ခင်ဗျားတို့ အရင်လှုပ်ရှားရင်ကော ဘယ်လိုလဲ။ ကျုပ်ကြားဖူးတာတော့ အလယ်ပိုင်း ဒေသက အဓိက မျိုးနွယ်စုတွေက နီးကပ်တဲ့ ဆက်ဆံရေးတွေ ရှိတယ်ဆို။ တကယ်ုလိ့ ခင်ဗျားတို့အားလုံး အတူတူအလုပ်လုပ်ပြီးတော့ ဝမ်ရှစ်မျိုးနွယ်စုကို ကျုးကျော်မယ်ဆိုရင် မခက်ခဲလောက်ပါဘူး “

သူဆိုလိုသည်မှာ မင်းလုပ်နိုင်တယ်ထင်ရင် လုပ်လိုက်လေ ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍

မင်းမလုပ်နိုင်လျှင် ဤအရာကို ရပ်တန့်လိုက်ပြီး ငါတို့ လုပ်တာကို ကြည့်နေ ဟု ဆိုလိုခြင်းလည်း ဖြစ်သည်။ ပြောနေစရာပင် မလိုတော့ပေ။

ပူးပေါင်းခြင်းသည် ကောင်းမွန်သည့် ဗြူဟာဖြစ်သည်ကို မီးတောက်ဦးချိုများမျိုးနွယ်စုက သိထားပြီးသား ဖြစ်သော်လည်း ထိုကိစ္စနောက်ပိုင်းတွင် မည်သို့ဖြစ်လာမည်နည်း။ ထိုသူများသည် သူတို့ကို ကျေးဇူးတင်ရန် ပြောလာကြလိ့မ်မည် ဖြစ်သည်။ ထို့အပြင် သူတို့သည် ယုံကြည်ရနိုင်သည့် လူများလည်း မဟုတ်ကြပေ။ ထိုကဲ့သို့သော လူများဖြင့် သူတို့အဘယ်ကြောင့် အလုပ်လုပ်ချင်မည်နည်း။ သူတို့ထံတွင် သစ္စာ ရှိမှု တစ်စွန်းတစ်စပင် ရှိမနေခဲ့ပေ။ အဓိပ္ပာယ်မရှိတာ......... ထိုက်ဟယ်တွေထက်တောင် ဆိုးနေသေးတယ် ။

ကျန်းလော် သူတို့၏ အိမ်နီးချင်းဖြစ်သည့် ထိုက်ဟယ် မျိုးနွယ်စုကို အမှတ်ရလိုက်သည်။

သူတို့ သုံးယောက်လုံး တိတ်ဆိတ်သွားပြန်သည်။ သူတို့သည်လည်း ထိုသို့လုပ်ချင် နေကြသော်လည်း ချက်ချင်းတော့ အစီအစဉ်မဆွဲနိုင်ကြပေ။ သဲကန္တရအတွင်း နှစ်နှစ်ဆိုသည့် အချိန်သည် သူတို့အတွက် အကျိုးအမြတ်များစွာကို ရရှိစေနိုင်ခဲ့သလို ဒဏ်ရာရခဲ့သည့် လူများလည်း များစွာ ရှိနေခဲ့သည်။ သူတို့အနေဖြင့် နာလန်ထူရန် အချိန်လိုပေသေးသည်။ အကယ်၍ မီးတောက် မျိုးစေ့ကြောင့်သာ မဟုတ်လျှင် ဝမ်ရှီတို့ကို တိုက်ခိုက်ရန်အတွက် ပူးပေါင်းရန်ကို သူတို့ ပြေလာလိမ့်မည် မဟုတ်ပေ။ အမှန်တကယ်တွင် ဝမ်ရှီ မျိုးနွယ်စုသည် မီးတောက် ဦးချိုမျိုးနွယ်စုကို ထိန်းထားသကဲ့သို့ဖြစ်သည်။ မီးတောက် ဦးချို မျိုးနွယ်စုသည် ဤနေရာတွင် အစစ်အမှန် ဘုရင်များ မဟုတ်ကြပေ။ မဟုတ်လျှင် သူတို့သည် ချိန်းခြောက်မှုတစ်ခု ဖြစ်လာမည် ဖြစ်သည်။

ရှောက်ရွှမ်သည်လည်း ထိုသို့ပင် ကောက်ချက်ချနေခဲ့သည်။ သို့သော်လည်း သူသည် မီးတောက်

ဦးချိုများ မျိုးနွယ်စု အကြောင်းကို ကောင်းစွာ သိထားပေသည်။ ဤတစ်ကြိမ်တွင် မျိုးနွယ်စုသည် ရှေ့သို့သာ တိုးသွားတော့မည် ဖြစ်သည်။ ဝမ်ရှီမျိုးနွယ်စုသည် သူတို့၏ စွမ်းအားသစ်အတွက် စမ်းသပ် ခံ ဖြစ်လာရတော့မည် ဖြစ်သည်။

ဤနေရာတွင် တစ်စုံတစ်ယောက်သည် စွမ်းအားနှင့် အာဏာကို အလုပ်ကြိုးစားခြင်း၊ တိုက်ခိုက်ခြင်းဖြင့်သာ ရရှိနိုင်သည်။ ဤသည်မှာ အခြေခံအကျဆုံးသော ကျောက်ခေတ် ဉပဒေသလည်း ဖြစ်သည်။ ရှောက်ရွှမ်သိနေခဲ့သည်မှာ မီး‌တောက်ဦးချိုများ မျိုးနွယ်စုသည် အခြားသူများနှင့်ပူးပေါင်းပြီး ဝမ်ရှစ်မျိုးနွယ်စုကို ဖယ်ရှားနိုင်ခဲ့သည် ဆိုလျှင်ပင် ထိုအောင်မြင်မှုသည် အခြားသူများကြောင့်သာ ဖြစ်လာရကြောင်း လူအများပြောကြမည်ကို သိနေခဲ့သည်။ နတ်ဆရာသာ ထိုအကြောင်းကို ကြားလိုက်လျှင် သွေးများ အန်ထွက်သွားပေမည်။

မီးတောက် ဦးချိုများ မျိုးနွယ်စုအတွက် သူတို့ကိုယ်ပိုင် တိုက်ခိုက်ခြင်းသည်သာ ဂုဏ်သိက္ခာ ရှိသည်ဟု ယုံကြည်ထားကြသည်။ အကူအညီကြောင့် အောင်မြင်ခြင်းသည် အောင်မြင်မှု အစစ်အမှန် မဟုတ်ပေ။ သူတို့သည် ထိုအရာကို သဘောမကျကြချေ။

မီးတောက် ဦးချိုမျိုးနွယ်စုသည် သူတို့၏ ယခင်က ဂုဏ်ကျက်သရေများကို ပြန်ရလိုလျှင် ဝမ်ရှစ်မျိုးနွယ်စုသည် သူတို့အတွက်ကောင်းမွန်သည့် ခြေနင်းကျောက်တုံး တစ်ခု ဖြစ်သည်။ သူတို့သာ ထိုကျောက်တုံးပေါ်တွင် တက်နင်းနိုင်မည့် တစ်ဦးတည်းသော မျိုးနွယ်စု ဖြစ်ရမည် ဖြစ်သည်။

“ ဝမ်ရှစ် တွေအတွက်ကတော့ ကျုပ်တို့ မျိုးနွယ်စုက စီစဉ်လိုက်ပါ့မယ်။ ကျုပ်တို့ကို စိတ်မပူပါနဲ့ “ ရှောက်ရွှမ် ပြောလိုက်သည်။

ချူးကုနှင့် အခြားနှစ်ယောက်တို့ အရှုံးမပေးကြသေးပေ။ သူတို့ ကူညီပေးမည့် အကြောင်းကိုသာ တွင်တွင်ပြောနေခဲ့ကြသည်။

သူတို့ကို တောအုပ်အတွင်းမှ ထွက်သွားခိုင်းလိုက်သည့်အချိန်တွင် သူတို့ စိတ်ရှုပ်ထွေးသွား ကြလေသည်။ ဘယ်လောက်တောင် ခေါင်းမာလိုက်တဲ့ မီးတောက် ဦးချို မျိုးနွယ်စုလဲ ........။

“ မီးတောက် ဦးချို မျိုးနွယ်စုက ဝမ်ရှစ်တွေကို စစ်ကြေငြာလိမ့်မယ်လို့ မင်းထင်လား “ ချူးကုမေးလိုက်သည်။

“ မသေချာဘူး။ သူတို့ တကယ် တွေးနေတာကို ဘယ်သူကများ သိနိုင်ပါ့မလဲ “ ကုကျီသည် မီးတောက် ဦးချို မျိုးနွယ်စုကို လိမ်ညာတတ်သည့် လူများဟုပင် ထင်နေပြီဖြစ်သည်။

“ ငါတို့ စောင့်ကြည့်ကြတာပေ့ါ ။ တကယ်လို့ သူတို့ တကယ်ပဲ တိုက်ခိုက်မယ်ဆိုရင် မကြာခင်မှာ စစ်ပွဲ စတော့မှာပဲ “ ဟွမ်ယဲ့အသံတိုးတိုးဖြင့် ပြောလိုက်သည်။ မီးတောက် ဦးချို မျိုးနွယ်စုသည် အမှန်ပင် ခေါင်းမာလှပေသည်။

အခန်း (၅၀၆) စစ်ပွဲမတိုင်ခင်

အခြားမျိုးနွယ်စု သုံးခုတို့မှ လူများ ရှေ့တွင် မီးတောက်ဦးချို မျိုးနွယ်စု၏ စကားကို တစ်ကြောင်းတည်းဖြင့်သာ ပြောနိုင်သည်။ “ မင်းအလုပ်ကို ပဲ မင်းလုပ် “

မျိုးနွယ်စုရဲ့ မီးတောက် မျိုးစေ့က ပြောင်းလဲမှုတွေ ရှိနေတယ်တဲ့လား........။ ဒါက ငါတို့ပြဿနာလေ .....မင်းတို့နဲ့ ဘာဆိုင်လို့လဲ........

ငါတို့က ဝမ်ရှစ်မျိုးနွယ်စုကို တိုက်ခိုက်သင့်တယ်လား....... အဲ့ဒါကလည်း မင်းတို့နဲ့ ဆိုင်လို့လား.......။

မီးတောက်ဦးချိုမျိုးနွယ်စု၏ အပြုအမူကြောင့် သူုတိ့အားလုံး ကြောင်အသွားကြသည်။ သူတို့

အနေဖြင့် ဘာဆက်လုပ်ရမည်ကို မသိကြ‌တော့ပေ။ မီးတောက် မျိုးစေ့၏ အကြောင်းကို သူတို့ လုံးဝမပြောပြကြပေ။ သူတို့အနေဖြင့် အကူအညီကို လက်ခံရန်လည်း စိတ်ကူးမရှိကြပေ။

ဟွမ်ယဲ့တို့အနေဖြင့် ဤအကြောင်းကို သူတို့မျိုးနွယ်စုထံသို့ ပြန်လည် သတင်းပို့ရန် မဖြစ်နိုင်ပေ။ သူတို့အနေဖြင့် မီးတောက် ဦးချို မျိုးနွယ်စု ပါစပ်ဖွင့်လာရန်ကိုသာ မျှောင့်လင့်ရန် ရှိသည်။

ဤခေါင်းမာသည့် လူများ ပါးစပ်ဟလာစေရန် မည်သို့ပြုလုပ်ရမည်ကို သူတို့စဉ်းစားနေကြစဉ် မီးတောက် ဦးချိုများ မျိုးနွယ်စုသည်လည်း အဆက်မပြတ်ဆွေးနွေးနေခဲ့ကြသည်။

“ လူတိုင်းက အဆင်ပြေနေတာပဲ လေ “ အော့ ပြောလိုက်သည်။ မီးတောက်မျိုးစေ့နှင့် ပေါင်းစပ်

လိုက်ပြီးသည့်‌ နောက်တွင် လူတိုင်း စွမ်းအားပို၍ ကောင်းလာခဲ့ကြသည်။ ယခုတွင် သူတို့အားလုံး ထိုစွမ်းအားများဖြင့် အသားကျနေကြပြီဖြစ်သည်။ စစ်သည်တော်များသည် သူတို့၏ ခွန်အားအသစ်များကို ပြသနိုင်သည့်အခွင့်အရေးများကို စောင့်မျှော်နေကြလေပြီ။

ကျန်းလော်နှင့်အခြားသူများ ရောက်လာသည့်အချိန်တွင် သူတို့အားလုံး ဝမ်ရှစ်မျိုးနွယ်စုမှ လူများကို မြင်တွေ့ဖူးခဲ့ကြသည်။ သူတို့သာ နေ့ဝက်ခန့် နောက်ကျသွားလျှင် ရလာဒ်များသည် လုံးဝပြောင်းလဲသွားတော့မည် ဖြစ်သည်။ လူများစွာ သေဆုံးသွားနိုင်သည်။ သူတို့သည် ဤဖြစ်ရပ်ကို မမေ့နိုင်ကြသေးပေ။

ထို့အပြင် ဝမ်ရှစ်မျိုးနွယ်စုမှ လူများသည် သူတို့မ‌ရောက်လာမီ သူတို့၏ အမဲလိုက်နယ်မြေများကို ဖျက်ဆီးခဲ့ကြသေးသည်။ ယနေ့အထိပင် စစ်သည်တော်များသည် သူတို့၏ မွေးရပ်မြေ

ဖျက်ဆီးခံလိုက်ရခြင်းအတွက် ဒေါသထွက်နေကြဆဲ ဖြစ်သည်။ သူတို့၏ မီးတောက် တွင်းသည် အမှိုက်တွင်း တစ်ခု အသွင်ပြောင်းလဲသွားခဲ့ရသည်။ မီးတောက်တွင်းသည် သူတို့မျိုးနွယ်စု၏ အမြင့်မြတ်ဆုံးသော နေရာတစ်ခု ဖြစ်ပေသည်။

မျိုးနွယ်စုများအတွက် မီးတောက်တွင်းများကို ဖျက်ဆီးလိုက်ခြင်းသည် တမင်တကာ တိုက်ပွဲကို စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။ အကယ်၍ မျိုးနွယ်စု ခေါင်းဆောင်သာ မတားဆီးထားခဲ့လျှင် စစ်သည်တော်များသည် ဝမ်ရှစ်မျိုးနွယ်စုကို လွန်ခဲ့သည့် အချိန်ကတည်းကပင် တိုက်ခိုက်ပြီး ဖြစ်နေလောက်ပြီး ဖြစ်သည်။

အချိန်ကြာခဲ့ပြီဖြစ်သော်လည်း လူတိုင်းသည် ထိုကိစ္စကို မှတ်မိနေကြဆဲဖြစ်သည်။ သူတို့ ရောက်လာစက ဤ “ ကမ္ဘာသစ် “ နှင့်ပတ်သက်ပြီး သူတို့သိပ်မသိထားခဲ့ကြပေ။ ထို့ကြောင့်ပင် မျိုးနွယ်စု ခေါင်းဆောင်သည် သူတို့ကို တိုက်ပွဲမ

ဖြစ်စေရန် ထိန်းသိမ်း ကန့်သတ်ထားခဲ့ခြင်း ဖြစ်သည်။ ယခုတွင် သူတို့သည် ဤလောကနှင့်ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်လာခဲ့ပြီဖြစ်ကာ မျိုးနွယ်စုသည်လည်း တစ်စုတစ်စည်းထဲ ပြန်ဖြစ်လာပြီဖြစ်သည်။ သူတို့အနေဖြင့် လက်စားချေရန် အချိန်ရောက်လာပေပြီ။

စစ်သည်တော်များသည် မီးတောက် မျိုးစေ့နှင့်ပေါင်းစပ်ပြီး ရင်းနှီးကျွမ်းဝင်နေခဲ့ပြီဖြစ်သည်။ လက်နက်များသည်လည်း အသင့်ဖြစ်နေပေပြီ။ သတ္တုများ၊ အရိုးများနှင့် ဦးချိုများဖြင့် ပြုလုပ်ထားသည့် အသုံးအဆောင်များလည်း ရှိနေပြီဖြစ်သည်။ ယခုအချိန်သည် စစ်ပွဲအတွက် အချိန်ဖြစ်ပေသည်။

သို့သော်လည်း သူတို့ထံတွင် ပြင်ဆင်စရာများ ရှိနေသေးသည်။ သက်ကြီးရွယ်အိုများ၊ ကလေးများနှင့် အမျိုးသမီးများသည် နတ်စွမ်းအားများ မရှိကြပေ။ သူတို့ကို တောအုပ်အတွင်း ဖွက်ထား

ရန် လိုအပ်ပေသည်။ သို့မှသာ ပြင်ပ ကျုးကျော်သူများ လာရောက်တိုက်ခိုက်သည့်အချိန်တွင် မျိုးနွယ်စု လုံခြုံလိမ့်မည် ဖြစ်သည်။ ထို့အပြင် လှည့်လည်သွားလာသူများ ပြဿနာ မရှာနိုင်စေရန် စောင့်ကြည့်နေမည့် အစောင့်များလည်း ချထားရန် လိုသည်. ထိုအစောင့်များသည် မှားယွင်းသော ကောလာဟလများကို ဖြန့် ပွားခြင်းမှ ကာကွယ်ပေးလိမ့်မည် ဖြစ်သည်။

ကျွန်ပိုင်ရှင်များကို ကိုင်တွယ်ရန်မှာမူ ဝမ်ရှစ်မျိုးနွယ်စုကို ကိုင်တွယ်ပြီးမှသာ စဉ်းစားနိုင်သည်........။

“ ကြီးမား လက်သည်း ဝက်ဝံနဲ့ အရိုးသားရဲ တို့က အတူတူရှိနေကြမယ်။ မင်းဘာလုပ်မလဲ “ ရှောက်ရွှမ် သုန့်ကန်းကို မေးလိုက်သည်။

“ သူတို့ကို အတူတူသတ်လိုက်တာပေါ့ “ သုန့်ကန်း

များစွာ တွေးနေခြင်း မရှိပေ သူ့ကို ကြည့်နေသည့် လူများစွာကိုသူပြန် ကြည့်လိုက်သည်။

“ တကယ်လို့ မင်းနဲ့အတူ လူနည်းနည်းပဲ ရှိတယ်ဆိုရင် ကြမ်းတမ်းတဲ့ သားရဲနှစ်ကောင်ကို တပြိုင်နက် တည်း တိုက်ခိုက်ရတာက မခက်ခဲနိုင်ဘူးလား “ ရှောက်ရွှမ် ထပ်မေးလိုက်သည်။

ကြီးမားလက်သည်း ဝက်ဝံ သည် ကြီးမားသော ခန္ဓာကိုယ်ရှိယုံမျှမက ၎င်းသည် ကြွက်သားများပြားပြီး ထူထဲသည့် အရည်ခွံရှိသည်။ ထို့အပြင် ရန်လိုပြီး စွမ်းအားလည်း ကြီးမားသည်။ ၎င်းသည် ဒေါသအကြီးဆုံးသော ဝက်ဝံမျိုးစိတ်များထဲတွင် ပါဝင်သည်။ အရိုးသားရဲသည် ဝက်ဝံထက်ပင် ကိုင်တွယ်ရန် ခက်ခဲနိုင်သေးသည်။

သုန့်ကန်းအတွေးများသွားလေသည်။ သူ့ ပေါင်ကို သူရိုက်လိုက်ပြီး “ ခနလေး........ ငါတို့ အရိုး

သားရဲကို တခြားနေရာ မြားခေါ်သွားသင့်တယ်။ ပြီးတော့မှ ဝက်ဝံကို ငါတို့ စစ်သည်တွေနဲ့ အနိုင်ယူတာပေါ့။ အရိုးသားရဲကို နောက်မှ ကိုင်တွယ်မယ်။ အဲ့ကောင်ကို ထောင်ချောက်ထဲ ကျုံးသွင်းနိုင်အောင် ထောင်ချောက်တွေ လုပ်ထားမယ် “

ရှောက်ရွှမ် ပင်လယ်တစ်ဖက်တွင် ရှိနေခဲ့စဉ်က သူသည် အရိုးသားရဲကို ဖမ်းဆီးနိုင်ရန်အတွက် ထောင်ချောက်များကို အသုံးပြုခဲ့လေသည်။ လူများစွာပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သောခန်သည် ထိုစဉ်က အဖြစ်အပျက်ကို ကောင်းစွာမှတ်မိနေခဲ့ပြီး သူသည်လည်း အံ့သြသင့်ခဲ့ရလေသည်။

ရှောက်ရွှမ်၏ အခြေအနေသည် ယခုနှင့် မတူသော်လည်း သုန့်ကန်းနှင့် အခြားသူများသည် မည်သို့လုပ်ရမည် ဆိုသည့် အကြံတစ်ခုကို ရသွားခဲ့ကြပြီဖြစ်သည်။

ကျန်းလော်၏လူများ ရှောက်ရွှမ်ထံသို့ ရောက်လာသည့်အချိန်တွင် သူတို့သည် ကျွန်ပိုင်ရှင်များနှင့် ကျေးကျွန်များကို ဝမ်ရှစ်မျိုးနွယ်စုမှ လူများနှင့်အတူ တွေ့လိုက်ရသည်။ ထိုနေ့မှ စပြီး ဝမ်ရှီနှင့် ကျွန်ပိုင်ရှင်များသည်လည်း ဆက်ဆံရေးမကောင်းကြကြောင်းကို သူတို့သိလိုက်ရသည်။ သူတို့သည် ပဋိပက္ခများပင် ရှိနေကြသေးသည်။

မီးတောက်ဦးချို မျိုးနွယ်စုသည် သူတို့ကို မကြောက်ပေ။ သို့သော်လည်း ထိခိုက်သေဆုံးမှု နည်းပါးသည့် နည်းလမ်း ရှိလျှင် ထိုနည်းလမ်းကိုသာ အသုံးပြုမည်ဖြစ်သည်။ သူတို့သည် ဘယ်အရာကိုမှ အတင်းအကြပ်လုပ်လိမ့်မည် မဟုတ်ပေ။ အခြားသူများထံမှ အကူအညီမယူခြင်းသ်ည သူတို့ဖာသာ အသက်စွန့် လိမ့်မည်ဟု ဆိုလိုခြင်းလည်း မဟုတ်ပေ။

တိမ်ထူသောနေ့တစ်နေ့ နေ့လည်ဖက်တွင် တိမ်

များသည် နေရောင်ကိုပင် ကာဆီးထားနေခဲ့သည်။ လှံရှည်တစ်ချောင်းသည် သွေးများ စွန်းပေနေခဲ့ပြီး တောအုပ်ထဲမှ ထွက်လာခဲ့လေသည် ။ ထို့နောက် ထိုလှံရှည်သည် ဝမ်ရှစ်မျိုးနွယ်စု ထံ ပျံသန်းသွားခဲ့လေသည်။

ဒုတ်.......

လှံရှည်သည် ကျေးရွာ၏ နံရံများပေါ်တွင် စိုက်ဝင်နေခဲ့သည်။ စိုက်ဝင်နေခြင်းသည် လှံ၏ သုံးပုံတစ်ပုံခန့်ပင် ရှိသည်။

ရုတ်တရက်ပေါ်ထွက်လာသည့် လှံရှည်ကြောင့် အစောင့်များ ကြောင်အသွားခဲ့သည်။ သူတို့အားလုံးးသည် တောအုပ်ထဲမှ ထူးဆန်းသည့် လှုပ်ရှားမှုများကို အာရုံခံမိနေခဲ့ကြသည်။ သို့သော်လည်း မျိုးနွယ်စု ခေါင်းဆောင်သည် ထိုအကြောင်း ပြောဆိုခြင်းကို တားဆီးထားသဖြင့်

သူတို့အားလုံး မပြောမိခဲ့ကြပေ။ မျိုးနွယ်စု ခေါင်းဆောင်၏ အဆိုအရ မီးတောက် ဦးချိုမျိုးနွယ်စု ရောက်လာခဲ့လျှင် တိုက်ခိုက်မည် ဖြစ်သည်။ ထို့ကြောင့်ပင် မျိုးနွယ်စုမှ လူများသည် တောအုပ်အတွင်း ဖြစ်နေသည့် အရာများကို စိတ်ဝင်စားနေခဲ့ကြသည်။ အစောင့်များသည် ထိုအတွေးများကြောင့် အာရုံလွင့်ပျံနေခဲ့ကြလေသည်။

လူအားလုံး၏ အာရုံကို ပြောင်းလဲနိုင်ရန်အတွက် မျိုးနွယ်စု ခေါင်းဆောင်သည် လူအချို့ကို သေးငယ်သည့် မျိုးနွယ်စုတစ်ခုကို ဓါးပြတိုက်ရန် စေလွှတ်ခဲ့သည်။ အကယ်၍ သူတို့သာ အမျိုးသမီး အချို့ကို ခေါ်ဆောင် နိုင်လာခဲ့လျှင် သူ့လူများသည် တောအုပ်အတွင်းမှ ကိစ္စများကို စိတ်ဝင်စားမှုနည်းပါးသွားမည် ဖြစ်သည်။

ထို့ကြောင့်ပင် လှံရှည် ပျံသန်းလာသည့်အချိန်တွင် အစောင့်များသည် သူတို့ မျိုးနွယ်စုများ

ယူဆောင်လာမည့် အမျိုးသမီးများနှင့် ပစ္စည်းများကိုသာ တွေးတောနေခဲ့ကြလေသည်။ အစောင့်များသည် လေထဲပျံသန်းလာသည့် လှံရှည်ကို သတိမထားမိလိုက်ကြပေ။ လှံရှည်နီးကပ်လာသည့် အချိန်တွင်မှ ထိုအစောင့်သည် ဦးရည်ပြား ထုံကျဉ်သွားသကဲ့သို့ ဖြစ်သွားပြီး ဆံပင်များ ထောင်မတ်လာခဲ့သည်။ ဤသည်မှာ အလိုလို သိစိတ်တစ်ခု ဖြစ်သည်။ သူနှင့် ခြေလှမ်း အနည်းငယ် အကွာတွင် တစ်စုံတစ်ခု စိုက်ဝင်သွားသည့် အသံကို ကြားလိုက်ရသည့်အချိန်တွင်မှ စိတ်သက်သာရစွာ သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူ လှံရှည်ကို စိုက်ကြည့်လိုက်သည်။

ထိုလှံရှည်သည် သာမန် လှံရှည် တစ်ခုသာဖြစ်လေသည်။ သို့သော်လည်း လှံကို သားရဲသွေး ဖြင့် သုတ်လိမ်းထားသည်။ သူသည် သွေးညီနံ့ကိုပင် ရနေလေပြီ။ သွေးများသည် မချောက်သေးချေ။ သူ့လက်များပင် သွေးများ စွန်းပေသွားခဲ့သည်။

လှံရှည်၏ အစွန်းတဖက်တွင် တိရိစ္ဆာန် သားရေပြားတစ်ချပ်ကို ချိတ်ဆွဲထားသည်။ အစောင့်သည် သတိကြီးစွာထားလိုက်ပြီး ထိုသားရေပြားကို ဖြုတ်ယူလိုက်သည်။ သူ စာလိပ်ကို ဖွင့်လိုက်သည့်အချိန်တွင် နောက်ထပ် သွေးညီနံ့ကို သူခံစားမိလိုက်သည်။ ၎င်းသည် သွေးဖြင့်ရေးထားသည့် စာတစ်စောင် ဖြစ်လေသည်။

ထိုစာကို ဖတ်ကြည့်လိုက်ပြီးနောက် အစောင့်သည် မျိုးနွယ်စု ခေါင်းဆောင်ထံသို့ အလျင်အမြန် ပြေးသွားလိုက်လေသည်။

မကြာခင်တွင် ဝမ်ရှစ်မျိုးနွယ်စု ခေါင်းဆောင် ဖေးကျီသည် လမ်းလျှောက်ပြီး ထွက်လာခဲ့လေသည်။ သူ့မျက်နှာသည် မဲမှောင်နေခဲ့၏။

သွေးများစွန်းပေနေသည့် လှံရှည်သည် မြေပြင်တွင် စိုက်ဝင်နေဆဲဖြစ်သည်။ ဖေးကျီ လက်ကိုင်

မှ ဆွဲကိုင်လိုက်ပြီး လှံရှည်ကို ဆွဲထုတ်လိုက်သည်။ ဆွဲထုတ်ရသည်မှာ မခက်ခဲသော်လည်း လှံထိပ်မှ ကျောက်တုံးဖြင့် ပြုလုပ်ထားသည့် လှံခေါင်းသည် မြေပြင်တွင်ပင် စိုက်ကျန်နေခဲ့သည်။ လှံခေါင်းကို တူးထုတ်လိုက်သည့်အချိန်တွင် လှံခေါင်းသည် အစိတ်စိတ်အမွာမွာ ဖြစ်နေပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။

လှံကိုပစ်လွတ်လိုက်သည့် လူသည် မည်မျှပင် သန်မာ ပေသနည်း...... လှံခေါင်းသည်ပင် ပျက်စီးနေခဲ့ပြီဖြစ်သည်။

ဖေးကျီ ရုတ်တရက် သူ့လက်ထဲမှ လှံ အလွန်လေးလံလာသကဲ့သို့ ခံစားလိုက်ရသည်။

မီးတောက် ဦးချို မျိုးနွယ်စု မည်သည့်အရာကို ဆိုလိုသနည်း......... စစ်ကြေငြာ ခြင်းလော.......

စာလိပ်ကို ဖတ်ကြည့်လိုက်ပြီးနောက် ဖေးကျီ သည် ထိုစာသည် စစ်ကြေငြာသည့် စာဖြစ်ကြောင်း သေချာသွားသည်။ မီးတောက် ဦးချိုများ မျိုးနွယ်စုသည် နောက်ဆုံးတွင် စစ်ကြေငြာလိုက်ပြီဖြစ်သည်။

ကျွန်ပိုင်ရှင်များသည်လည်း ထိုသတင်းကို မကြာခင်တွင်ပင် ရသွားကြသည်။

တောအုပ်အတွင်းမှ ထူးဆန်းနေသည့် လှုပ်ရှားမှုများကို သတိပြုလိုက်မိပြီးနောက် ဝမ်ရှစ်မျိုးနွယ်စုသည် ပြင်ပစည်းကို ကာကွယ်ရန်အတွက် စစ်ကူများကို စေလွှတ်ထားခဲ့ပြီးဖြစ်သည်။ သို့ဖြစ်ရာ အလစ် ရုတ်တရက် တိုက်ခိုက်လာခြင်းကို ရှောင်တိမ်းနိုင်မည် ဖြစ်သည်။ ကျွန်ပိုင်ရှင်များသည် ဝမ်ရှစ်များ၏ သတင်း ပို့သူများကိုသာ မှီခိုနေခြင်း မဟုတ်ကြပေ။ သူတို့သည် သူတို့ကိုယ်ပိုင်လူများကို ပိုမိုယုံကြည်ကြသဖြင့် သူ

တို့၏ ကိုယ်ပိုင်အစောင့်များကိုလည်း စေလွှတ်ထားကြလေသည်။ ထို့ကြောင့်ပင် သူတို့သည် လှံရှည်ရောက်လာသည်နှင့် သတင်းကို ချက်ချင်း သိလိုက်ကြခြင်း ဖြစ်သည်။

ဖေးကျီ စာလိပ်ကို မဖျက်ဆီးနိုင်ခင်မှာပင် ကျွန်ပိုင်ရှင်များသည် ကျေးကျွန်များဖြင့် ရောက်လာကြပြီး စာလိပ်ကို တောင်းကြည့်နေကြသည်။

ဖေးကျီသည် ထိုသတင်းကို လျှို့ဝှက်ထားလေလေ သူတို့ ပို၍ မသင်္ကာ ဖြစ်လေလေ ဖြစ်မည်ကို သိလေသည်။ ထို့ကြောင့် သူဖျက်ဆီးရန် ကြံထားသည့်စာလိပ်ကို သူတို့အားလုံး မြင်အောင် ပြသလိုက်ရသည်။

“ မီးတောက်ဦးချို မျိုးနွယ်စုက ဒီစာကို ရေးလိုက်တာပဲ ။ လူသွေးနဲ့ ရေးထားတာ “ ဖေးကျီပြောလိုက်သည်။ ထို့နောက် သူသည် မျက်မှောင်ကုတ်

ကာ စာလိပ်ကို ကြည့်နေသည့် ကျွန်ပိုင်ရှင်ကို ကြည့်လိုက်သည်။

သူတို့သည် သတ်ဖြတ်ခြင်းများနှင့် ရင်းနှီးကျွမ်းဝင်နေသဖြင့် လူသွေးနှင့် တိရိစ္ဆာန်သွေးကို သေချာ ခွဲခြားနိုင်ကြသည်။ လှံရှည်ပေါ်မှ သွေးသည် တိရိစ္ဆာန်သွေးဖြစ်သော်လည်း စာလိပ်ပေါ်မှ သွေးသည် လူသွေးဖြစ်သည်။

“ မီးတောက်ဦးချို မျိုးနွယ်စုက ငါတို့ကို စစ်ကြေငြာလိုက်ပြီ။ ငါတို့ ပြင်ဆင်ထားမှ ရမယ် “ ဖေးကျီပြောလိုက်သည်။

စာလိပ်ကို ကိုင်ထားသည့်လူသည် ဖေးကျီ၏ စကားများကို အာရုံမရနေခဲ့ပေ။ သူသည် စာလိပ်ကို ဖေးကျီကို ပြန်မပေးသေးပေ။ ထို့နောက် သူတဖက်သို့လှည့်သွားပြီး ထွက်ခွာသွားလေသည်။

သူတို့ ထွက်သွားသည်ကို မြင်တွေ့လိုက်ရသဖြင့် ဖေးကျီ မျက်နှာပျက်သွားသည်။

ကျွန်ပိုင်ရှင်များသည် လျှို့ဝှက်စွာဖြင့် သူ့ကို လှောင်ရယ်နေခြင်းပင်လော.........။ မီးတောက်ဦးချိုများ မျိုးနွယ်စုသည် သိသာစွာပင် ဝမ်ရှစ်မျိုးနွယ်စုကိုသာ ပစ်မှတ်ထားခြင်း ဖြစ်သည်။ ဤကိစ္စသည် ကျွန်ပိုင်ရှင်များနှင့်သက်ဆိုင်ခြင်း မရှိပေ။ သို့သော်လည်း ဝမ်ရှစ်များသာ ရှုံးနိမ့်သွားခဲ့လျှင် သူတို့ မည်သည့်နေရာကိုသွားကြ မည်နည်း။ ဤနေရာသည် နေထိုင်၍ ကောင်းသည့် နေရာဖြစ်သဖြင့် စွန့်ပစ်ရန် နှမြောစရာကောင်းပေသည်။ သို့သော်လည်း ဝမ်ရှစ်များသည် နောက်ပိုင်းတွင် ပို၍ ပို၍ မနာခံလာကြတော့ပေ။ သူတို့ အောင်မြင်ရခြင်းသည် မည်သူတို့ကြောင့် ဖြစ်သည်ကို သူတို့မေ့သွားကြပြီဖြစ်သည်။ ကျွန်ပိုင်ရှင်များ အနေဖြင့် အခြားမျိုးနွယ်စု တစ်စုစုကို တိုးတက်လာအောင် လုပ်ပေးခြင်းသည် ပိုကောင်းမည်လော........။ သူ မသေချာသဖြင့်

အခြားသူများနှင့် စကားပြောရန် ထွက်သွားခြင်း ဖြစ်သည်။

တောအုပ်၏ အစပ်တွင် သောခန် သူ့လက်မောင်းများကို လွဲယမ်းနေခဲ့သည်။ ထို့နောက် တာ့နှင့် ကောဟယ်တို့ကို စိုက်ကြည့်လိုက်သည်။ “ မင်းတို့ ဘယ်လိုထင်လဲ........ ငါပစ်လိုက်တာ မိုက်တယ်မလား .... “

ထာ့ သူ့ကို လျစ်လျုရှုထားလိုက်သည်။ ကွေ့ဟယ် ပြောလိုက်သည် “ ငါလည်း လှံပစ်နိုင်ပါတယ််.......... စစ်ပွဲစမှပဲ ငါတို့ စွမ်းရည်အစစ်အမှန်တွေကို ယှဉ်ပြိုင်ကြတာပေါ့ “

ထိုသုံးယောက်သည် မျိုးနွယ်စု ခေါင်းဆောင်နေရာအတွက် ပြိုင်ဆိုင်နေကြခြင်း ဖြစ်သည်။ စစ်ပွဲသည် သူတို့၏ အရည်အချင်းကို ပြနိုင်သည့် နေရာတစ်ခု ဖြစ်သည်။

ထာ့ အကြည့်လွဲလိုက်ပြီး ရှောက်ရွှမ်ကို ကြည့်လိုက်ကာ “ တကယ်လို့ ကျွန်ပိုင်ရှင်တွေ ထွက်မသွားကြဘူး ဆိုရင် ငါတို့ ဘာလုပ်ကြမလဲ “

“ ဒါဆိုရင်တော့ သူတို့ကိုလည်း တိုက်ခိုက်ရမှာပေါ့ “ ရှောက်ရွှမ် ပြန်ဖြေလိုက်လေ၏။

အခန်း (၅၀၇) မရေမတွက်နိုင်သည့် ကျေးကျွန်များ

ရှောက်ရွှမ်နှင့်အခြားသူများသည် ဝမ်ရှစ်မျိုးနွယ်စုတွင် ရှိနေသည့် ကျွန်ပိုင်ရှင်များကို လေ့လာရန်သာ ရည်စူးထားခဲ့လေသည်။ အကယ်၍ ကျွန်ပိုင်ရှင်များသည် ဝမ်ရှစ်များနှင့် သဘောတူညီမှု မယူနိုင်ခဲ့လျှင် မီးတောက် ဦးချိုများ မျိုးနွယ်စုအတွက် သတင်းကောင်းသာ ဖြစ်သည်။

ဝမ်ရှစ်များထံတွင် ရှိနေသည့် ကျွန်ပိုင်ရှင်များသည် အုပ်စုတစ်ခုထဲ မဟုတ်ကြပေ။ သတင်းများအရ ကျောက်တုံးဖြူ မြို့တော်မှ ကျွန်ပိုင်ရှင်များသည် ဝမ်ရှစ်များနှင့် အရင်းနှီးဆုံးဖြစ်ကြလေသည်။ အခြားမြို့တော်မှ ကျွန်ပိုင်ရှင်များလည်း ရှိကြသေးသည်။ အကယ်၍ မတူညီသည့် အုပ်စုများကို ရင်ဆိုင်မည်ဆိုလျှင် ထိုအရာသည် ကျွန်ပိုင်ရှင်များ၏ တစ်ကိုယ်ရည် စိတ်နေစိတ်ထားပေါ်တွင်သာ မူတည်သည်။

“ ဝမ်ရှစ် မျိုးနွယ်စု အကြီးအကဲက အခုဆိုရင်ခက်ခဲတဲ့ အချိန်ကို ရောက်နေလောက်ပြီ “ သုန့်ကန်းပြောလိုက်သည်။

“ သူတို့ဘာကိုပဲ လုပ်လုပ် သူတို့ဘယ်လိုပဲ တုန့်ပြန်သည်ဖြစ်စေ ငါတို့ ဒီစစ်ပွဲကို တိုက်ခိုက်မှာပဲ “ ထာ့ မျိုးနွယ်စုမှ လူများကို ကြည့်လိုက်ပြီး ပြောလိုက်သည်။

“ မင်းပြောတာမှန်တယ်၊ အားရွှမ်‌ပြောခဲ့သလိုပဲ ....... ငါတို့ ပြောထးတဲ့အတိုင်း သူတို့ကို တိုက်ခိုက်ရမယ် “ ကွေ့ဟယ် ပြောလိုက်သည်။

ထိုအချိန်တွင် ရှောက်ရွှမ် အရပ်မျက်နှာ တစ်ခုကို လှမ်းကြည့်နေသည်ကို ကွေ့ဟယ် တွေ့လိုက်

သည်။ သူသည် စကားမပြောပဲ ရပ်ကြည့်နေခဲ့သည်။

သုန့်ကန်းနှင့် ထာ့တို့လည်း တိတ်ဆိတ်သွားကြသည်။ သူတို့ စွမ်းအားများဖြင့် ဆိုလျှင် တစ်စုံတစ်ခုသည် ခြုံများကြားမှ သူတို့ထံလာနေသည်ကို ထောက်လှမ်းမိကြသည်။

သို့သော်လည်း ထိုအရာသည် သူတို့ကို ရန်ရှာနိုင်စွမ်း မရှိကြောင်းသူတို့သိလိုက်သဖြင့် အလွန်အမင်း ဂရုစိုက်နေခြင်းတော့ မရှိနေတော့ပေ။

သူတို့၏ ဘယ်ဖက်တွင် ခြုံပုတ်တစ်ခု လှုပ်ရှားသွားလေသည်။ သူတို့ရှေ့မှ မြက်များ လှုပ်ယမ်းသွားသည့် အသံကို သူတို့ကြားလိုက်ရသည်။ ထို့နောက် သားမွေး များကို မြင်လိုက်ရပြီး လာနေသည့်အရာကိုတွေ့လိုက်ရသည်။

ထိုအရာသည် မြင်တွေ့နေကြ တောရိုင်း ကြွက်တစ်မျိုး ဖြစ်လေသည်။ ၎င်းသည် လျှင်မြန်လှပြီး သေးငယ် သည်။ ထို့အပြင် ၎င်းသည် ကြမ်းတမ်းသည့် သားရဲမျိုးမဟုတ်ပေ။ ထို့အပြင် ၎င်းထံတွင် စား၍ရနိုင်သည့် အသားများစွာ မရှိပေ။ ၎င်းသည် အစာကွင်းဆက်တွင် အောက်ဆုံးအဆင့်တွင်သာ ရှိသည်။ မျိုးနွယ်စုမှ လူများသည် ထို့ကြောင့် ထိုကြွက်ကို အမဲလိုက်ကြခြင်း မရှိကြပေ။ လယ်ကွက်များတွင် ထောင်ချောက်ဆင်ထားလေ့ရှိသော်လည်း ထိုကြွက်ထောင်ချောက်များသည် လယ်ယာများကို ကြွက်များ မဖျက်ဆီးနိုင်စေရန်သာ ဖြစ်သည်။ ဤနေရာတွင် ကြွက်များ ပေါများ လှပေသည်။

သုန့်ကန်းနှင့်အခြားသူများသည် ကြွက်များကို ဂရုစိုက်လှခြင်း မရှိကြပေ။ သူတို့တစ်ဖက်သို့ပြန်လှည့်လိုက်သည့် အချိန်တွင် ရှောက်ရွမ်သည် သူ့ခါးတွင်ချိတ်ဆွဲထားသည့် လှံကို ထုတ်ယူလိုက်

ပြီး အလင်း၏ အမြန်နူန်းဖြင့် ပစ်လွှတ်လိုက်သည်ကို တွေ့လိုက်ကြရသည်။

ကျောက်တုံးဖြင့်ပြုလုပ်ထားသည့် လှံခေါင်းသည် လေထဲလွင့်ပျံသွားပြီး မြေပြင်တွင် စိုက်ဝင်သွားသည်။ ထို့နောက် သွေးညှီနံ့ကို သူတို့အားလုံး ရလိုက်ကြသည်။

ရှောက်ရွှမ် သူ့လက်သီးဆုပ်ထက်ပင်သေးငယ်သည့် ကြွက်ကို ယူလိုက်သည်။

ကြွက်သည် ယခုအချိန်အထိ သေဆုံးခြင်း မရှိသေးပေ။ ရှောက်ရွှမ် ရုန်းကန်နေသည့်ကြွက်ကို လေ့လာလိုက်သည်။

သူ့မျက်လုံများတွင် ကြမ်းတမ်းသည့် အလင်းတန်း တစ်ခု ဖြတ်သန်းသွားလေသည်။

ကြွက်သည် လှုပ်ရှားမှုကို ရပ်တန့်လိုက်သည်။

“ မင်းက အကောင်ငယ်လေးတွေကို စိတ်ဝင်စားနေတာလား “ သုန့်ကန်းပြုံးရင်းပြောလိုက်သည် “ သူတို့က အရသာ မကောင်းဘူး “

သို့သော်လည်း ရှောက်ရွှမ် မျက်မှောင်ကြုတ်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် သုန့်ကန်း ၏အပြုံး မှိန်ဖျော့သွားလေသည်။ “ ဘာမှားနေလို့လဲ “

ရှောက်ရွှမ် အပျင်းပြေ ကြွက်တစ်ကောင်ကို သတ်လိမ့်မည် မဟုတ်သည်ကို ကွေ့ဟယ်နှင့် ထာ့တို့ သိထားကြလေသည်။ သူတို့ အားလုံးကြွက်ကိုလေ့လာရန် လာ လိုက်ကြသည်။ သို့သော်လည်း မည်သည့် ထူးဆန်းမှုကိုမှ မတွေ့နေရပေ။

“ ခံစားချက်က အရမ်း ရင်းနှီးကျွမ်းဝင်နေတယ် “ ရှောက်ရွှမ် ပြောလိုက်သည်။

သူသည် ဤကြွက်ကို ယခင်က မမြင်ဖူးခဲ့ပေ။ သို့သော် လူတစ်ယောက်က စောင့်ကြည့်နေသည်ဆိုသည့် ခံစားချက်ကို ခံစားနေရလေသည်။ သာမန်ကြွက် တစ်ကောင်ကြောင့် ဤသို့ဖြစ်နေစရာ မလိုအပ်ပေ။

“ မင်းအရင်က မြင်ဖူးလား “ သုန့်ကန်းမေးလိုက်သည်။ သူ့အတွက် ကြွက်များသည် အားလုံး အတူတူသာ ဖြစ်သည်။ ရှောက်ရွမ် အတွက် ဘာထူးဆန်း နေလို့လဲ။ သူက သားရဲတွေကို အနံ့နဲ့တင် ဆုံးဖြတ်နိုင်တာလား ........။

ရှောက်ရွှမ် ခေါင်းခါလိုက်သည် “ မဟုတ်ဘူး၊ ဒါက အရင်တုန်းက သားရဲ တိုက်ပွဲမြို့တော်မှာ ငါမြင်ဖူးတဲ့ သဲကန္တာရ ပုရွက်ဆိတ်နဲ့ တူနေလို့ “

သားရဲတိုက်ပွဲ မြို့တော်ဟု သူပြောလိုက်သည့်အချိန်တွင် ခေါင်းဆောင်သုံးယောက်တို့ အမူအယာ တည်ငြိမ်သွားကြသည်။

“ ကျွန်ပိုင်ရှင်တွေလား “ ကွေ့ဟယ် မေးလိုက်သည်။

သူတို့သည် ကျွန်ပိုင်ရှင်များနှင့်ပတ်သက်ပြီး စိတ်ဝင်စားကြသည်။ အထူးသဖြင့် ပင်လယ်တဖက်ခြမ်းမှ တိုးတက်မှုများကို သူတို့ကြားပြီးကြချိန်တွင် ဖြစ်သည်။ ကျွန်ပိုင်ရှင်များသည် သူတို့အားလုံး စိတ်ကူးထားသည်ထက် ပို၍ စွမ်းအားကြီးကြောင်း သူတို့ယုံကြည်ကြသည်။ သူတို့သည် ကျွန်ပိုင်ရှင်များကို မနှစ်သက်ကြသော်လည်း သူတို့ထံတွင် အရည်အချင်းများ ရှိနေကြောင်းကိုတော့ ဝန်ခံရမည် ဖြစ်သည်။ ကျွန်ပိုင်ရှင်များသည် သူတို့၏ စွမ်းရည်များကြောင့်

လွမ်းမိုးနိုင်စွမ်း ရှိကြလေသည်။ ထို့ကြောင့်ပင် သူတို့သည် ကျွန်ပိုင်ရှင်များနှင့် ဆက်ဆံရာတွင် သတိထားရလိမ့်မည် ဖြစ်၏။ သူတို့သည် ဝမ်ရှစ်များထက်ပင် သန်မာနေနိုင်သေးသည်။

“ ကြည့်ရတာ သဲကန္တာရကနေ လွတ်မြောက်လာတဲ့ ကျွန်ပိုင်ရှင် တစ်ယောက်ယောက် ဖြစ်မယ်ထင်တယ်။ ဒါမှမဟုတ် ဝမ်ရှစ်တွေလည်း ဖြစ်နိုင်တာပဲ “ ရှောက်ရွှမ် သားရဲ တိုက်ပွဲမြို့တော်မှ အဖြစ်အပျက်ကို ပြောပြလိုက်သည်။ ရှောက်ရွှမ် ၊ လဲ့နှင့် ထွော်တို့ သားရဲမြို့တော်ကို သွားခဲ့စဉ်က သူသည် အခန်းထဲတွင် များစွာသော သဲကန္တာရ ပုရွက်ဆိတ်များကို မြင်ဖူးခဲ့လေသည်။ မြကျောက်လေးသည် သူတို့ကို ပိုင်းဖြတ်ခဲ့ပြီး မြေဆွေးလုံးအတွင်း လုံးသွင်းခဲ့သည်။ ရှောက်ရွှမ်သည် ထိုကိစ္စကို ထူးဆန်းသည်ဟု ထင်မြင်ခဲ့သည်။ သူသည် အကြောင်းပြချက်ကို ရှာမတွေ့သဖြင့် ထပ်မံစဉ်းစားခဲ့ခြင်း မရှိခဲ့ပေ။

ယခုတွင် ထိုကြွက်သည် တူညီသည့် ခံစားချက်ကို ပေးစွမ်းနေခဲ့လေပြီ။ တစ်စုံတစ်ခုသည် ပုံမမှန်နေခဲ့ပေ။

“ ဒီနေ့ရက်တွေမှာ အားလုံးကိုသတိထားနေမှ ဖြစ်မယ် “ သူစဉ်းစားလိုက်ပြီးနောက် ရှောက်ရွှမ် ပြောလိုက်သည် “ ငါတို့မျိုးနွယ်စုက တိရိစ္ဆာန်တွေကို ခေါ်ပြီးတော့ အလုပ်လုပ်ခိုင်းရမယ် “

အပြင်ဖက်တွင်ကြွက်များ မည်မျှ အထိ ရှိနေသည်ကို ရှောက်ရွှမ် မသိနေပေ။ ထို့အပြင် ထိုကဲ့သို့သော တိရိစ္ဆာန်များ ရှိနေကောင်း ရှိနေနိုင်သေးသည်။။ ယခုကဲ့သို့ အ‌ရေးကြီးသည့်အချိန်တွင် သတိထားခြင်းသည် ကောင်းမွန်သည့် အရာဖြစ်သည်။ အကယ်၍ လူသားများသည် ထူးဆန်းသည့်ခံစားချက်များကို အဖြေမရှာနိုင်လျှင် သူတို့၏ သားရဲများသည် အဖြေရှာကောင်း ရှာနိုင်ပေမည်။

ခေါင်းဆောင် သုံးယောက် ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ယခုကဲ့သို့သော ကိစ္စမျိုးကို မကြုံတွေ့ဖူးကြပေ။ ရှောက်ရွှမ်သာ သတိမပေးလျှင် ဝမ်ရှစ်များသည် သူတို့ပြောနေသည့် လျှို့ဝှက်ချက်များကို ကြားကောင်း ကြားသွားနိုင်သည်။

........

ကြွက်ကိုသတ်ဖြတ်လိုက်သည့် အချိန်တွင်ပင် ဝမ်ရှီမျိုးနွယ်စု အလယ်ရှိ ကျောက်တုံးအိမ်တစ်လုံးအတွင်း၌........

တိရိစ္ဆာန်သားရေပေါ်တွင် လူတစ်ယောက်သည် တင်ပလ္လင်ခွေလျက် ထိုင်နေခဲ့သည်။ ထို့နောက် သူသည် ချောင်းဆိုးလိုက်ပြီး သွေးများကို အန်ထုတ်လိုက်ရသည်။ သူ့ပါးစပ်မှ သွေးများစီးကျလာခဲ့

ပြီး လည်ပင်းတွင် ချိတ်ဆွဲထားသည့် အရိုးခွံဖြင့် ပြုလုပ်ထားသည့် အဆင်တန်ဆာပေါ်သို့ စီးကျနေခဲ့သည်။ သူ့မျက်နှာဖြူလျှော်သွားပြီး သူ့ကြွက်သားများ တွန့်ကွေးနေခဲ့၏။ သူ့မျက်လုံးများသည် ကြောက်ရွံ့မှုဖြင့် ပြူးကျယ်သွားလေသည်။ သူသည် ဒေါသလည်း ထွက်နေခဲ့လေ၏။

“ ဘာလဲ...... “ ဝမ်ရှစ် မျိုးနွယ်စု ခေါင်းဆောင်မေးလိုက်သည်။

“ တစ်ကောင် အသတ်ခံလိုက်ရပြီ “ ငယ်ရွယ်သည့် ဝမ်ရှစ် မျိုးနွယ်၏ နတ်ဆရာသည် အသက်ကို ပြင်းစွာရှုလိုက်ရသည်။ ထိုကဲ့သို့ တိရိစ္ဆာန်များကို ထိန်းကြောင်း ရခြင်းသည် လွယ်ကူသည့် ကိစ္စတစ်ခုတော့ မဟုတ်နေပေ။

သူသည် သဲကန္တ ရတွင် ဖြစ်ခဲ့သည့် ကိစ္စကို ပြန်စဉ်းစားနေခဲ့လေသည်။ သူသည် ထိုစဉ်က သူ

တန်ဖိုးထားရသည့် ပုရွက်ဆိတ်များကို အသုံးပြုခဲ့လေသည်။ တစ်ကောင်မှ အသက်ရှင်လျက် ပြန်မလာနိုင်ခဲ့ကြပေ။ သူသည် သခင်ငယ်လေး၏ တောင်းဆိုချက်ကို မဖြည့်ဆည်းပေးနိုင်ယုံခဲ့တင်မက သူ့အတွက် ကြီးမားသော ဆုံးရှုံးမှုကြီးလည်း ဖြစ်ခဲ့သေးသည်။

သူသည် ထိုဖြစ်ရပ်မှ ခံစားခဲ့ရသည်များကို ယခုထိတိုင် မပျောက်ကင်းနိုင်သေးပေ။ ယခုတွင် နောက်တဖန် ထပ်ဖြစ်ပြန်ပြီ ဖြစ်သည်။

သူ့ပုရွက်ဆိတ်များဖြင့် အဆက်အသွယ် မပြတ်ခင်တွင် သူသည် ကြီးမားသော မီးတောက် ဘောလုံးတစ်ခုကို မြင်ခဲ့ရသည်။ ၎င်းသည် ဖျော့တော့သော်လည်း မီးတောက်များကြးာထဲတွင် ဦးချို တစ်ခု၏ ပုံစံ ရှိနေခဲ့သည်။ ထိုစဉ်က ထိုအရာသည် မည်သည့်အရာဖြစ်သည်ကို သူမသိခဲ့ရပေ။ သူခန့်မှန်းခဲ့သေးသော်လည်း မသေချာခဲ့ပေ။ ယခုတွင်မူ ထိုအရာ မည်သည့်အရာဖြစ်သည်

ကို သူပြောနိုင်ပြီဖြစ်သည်။

မီးတောက် ဦးချို...........

ယခုအကြိမ်တွင် ကြွက်၏ အသိစိတ် မပျောက်ဆုံးသေးမီ သူသည် မီးတောက်ဘောလုံးကို သေချာ မြင်တွေ့လိုက်ရလေသည်။ ယခုအကြိမ်တွင် မီးတောက် ဘောလုံးသည် ယခင်ကထက် ပုံစံသဲကွဲနေခဲ့သည်။ သူသည် မီးတောက် ဦးချို မျိုးနွယ်စု၏ ဦးချိုနှစ်ခုကိုပင် မြင်တွေ့လိုက်ရသေးသည်။ သူ့ကြွက်ကို သတ်ဖြတ်လိုက်သည့်လူသည် သေချာပေါက် မီးတောက် ဦးချိုများ မျိုးနွယ်စုမှ ဖြစ်သည်။

အမြဲတမ်း မီးတောက်ဦးချို မျိုးနွယ်စုကပဲ ........

ဒါက နိမိတ်မကောင်းတဲ့ မျိုးနွယ်စုပဲ .....

ခေါင်းဆောင် ဖေးကျီသည် ထိုစကားကို ကြားလိုက်ရသည့်အချိန်တွင် ရေရွှတ်ကျိန်ဆဲမှုများကို ပြုလုပ်လေတော့၏။ မှန်ပေသည် သူသည် နတ်ဆရာကို အပြစ်တင်နေခြင်း မရှိပေ။ သူသည် မီးတောက်ဦးချိုများ မျိုးနွယ်စုကိုသာ ကျိန်ဆဲနေခြင်း ဖြစ်သည်။ သူ့စိတ်ထဲမှာမူ နတ်ဆရာကို “ အသုံးမကျသည့် ငတုံး “ အဖြစ် ဆဲဆိုနေမိသည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဤငယ်ရွယ်သည့် နတ်ဆရာသည် သဲကန္တာရမှ ပြန်လာခဲ့ပြီး ဘဝင်မြင့်နေခဲ့သည်။ သူသည် သူ့ကိုယ်သူ စွမ်းအားကြီးမားသည့် နတ်ဆရာတစ်ယောက်အဖြစ် ၏အမြဲရှုမြင်နေခဲ့သည်။ သူသည် မျိုးနွယ်စု ခေါင်းဆောင်ကိုပင် ဂရုမစိုက်ချေ။ ထို့နောက် တွင် စစ်ပွဲဖြစ်ပွားခဲ့သည်။ ဖေးကျီသည် ဤနေရာ၏ ခေါင်းဆောင်ဖြစ်သဖြင့် သူသည် စိတ်ပူရန် လိုအပ်ပေသည်။

နတ်ဆရာသည် မောပန်းစွာအသက်ရှုနေပြီး ဖေးကျီသည် ကျိန်ဆဲနေခဲ့သည်။ ရှိနေကြသည့် လူတိုင်းသည် သူတို့၏ ခေါင်းများကို ငုံ့ထားကြရသည်။ သူတို့သည် ကြမ်းတမ်းသည့် စစ်သည်တော်များဖြစ်ကြသော်လည်း ယခုအချိန်တွင်မူ ကလေးများနှင့် တူနေကြသည် သူတို့သည် ဖေးကျီ၏ အာရုံစူးစိုက်မှုခံရမည်ကို ကြောက်နေကြလေသည်။

သူကျိန်ဆဲပြီးသွားသည့် အချိန်မှသာ သူတို့အားလုံး စစ်ပွဲအတွက် တိုင်ပင်လိုက်ကြသည်။ သူတို့အားလုံးသည် အမဲလိုက်ခေါင်းဆောင်များနှင့် အထက်အဆင့်ရှိကြသူများ ဖြစ်ကြသည်။ အကယ်၍ သူတို့သာ မျိုးနွယ်စုငယ်များကို ဓါးပြတိုက်ခဲ့လျှင် သူတို့အနေဖြင့် ပစ္စည်းအနည်းငယ်ကို ရယူနိုင်စွမ်းရှိကြပြီး ယုံကြည်ချက်ရှိကြသည်။ ယခုအကြိမ်တွင်မူ သူတို့အားလုံး ယုံကြည်ချက် ရှိမနေကြပေ။ သူတို့သည် မီးတောက် ဦးချိုများ မျိုးနွယ်စု အနေဖြင့် သူတို့ကို စစ်ကြေငြာလိမ့်မည်ဟု မထင်ထားခဲ့ကြ‌ပေ။ သူတို့အားလုံး

ခေါင်းကိုက်နေကြလေပြီ။

သင်ခန်းစာတစ်ခု ရှိပေသည်။ ရယူထားသူသည် ပြန်ပေးဆပ်ရမည် ဖြစ်သည်။

“ ကျွန်ပိုင်ရှင်တွေကကော ဘယ်လိုလဲ.... “ ဖေးကျီ နတ်ဆရာကို ကြည့်ရင်းမေးလိုက်သည်။

ခတ္တကြာပြီးနောက် နတ်ဆရာသည် အသက်ပြန်ရှုနိုင်ပြီဖြစ်သည်။ သူခေတ္တ စဉ်းစားလိုက်ပြီး “ ကောင်းတဲ့ကိစ္စလို့တော့ မထင်ဘူး “

ဖေးကျီ သစ်သား စားပွဲကို ကြမ်းတမ်းစွာ ထုနှက်လိုက်သဖြင့် စားပွဲခုံ ကွဲအက်သွားသည်။

“ ဒီလူတွေကတော့ ........ “ ဖေးကျီ ကျိန်ဆဲတော့

မည် လုပ်ပြီးမှ ပြန်စဉ်းစားလိုက်သည်။ အကယ်၍ ကျွန်ပိုင်ရှင်များ အတွက် အလုပ်လုပ်ပေးနေသည့် သူလျှိုများရှိနေလျှင် မည်သို့ လုပ်ရမည်နည်း။

ဖေးကျီ အသက်ပြင်းစွာ ရှုလိုက်ပြီး ဒေါသထွက်နေခဲ့သည်။

“ ငါတို့ ....ငါတို့ တကယ်ပဲ တိုက်ခိုက်ရတော့မှာလား....... ငါကြားတာတော့ မီးတောက် ဦးချိုများ မျိုးနွယ်စုက လူတွေက တော်တော်လေး သန်မာကြတယ်တဲ့ “ ခေါင်းဆောင်ငယ်တစ်ဦး ရေရွှတ်လိုက်သည်။ သူသည် ယခင်နှစ်ကမှ ရာထူးတက်ထားသူဖြစ်သည်။ သူသည် အခြားသူမျာနှင့် နှိုင်းယှဉ်လျှင် အတွေ့အကြုံ မရင့်ကျက်သေးပေ။ သူမပြောသင့်သည့် အရာများရှိသည်ကိုလည်း သူမသိပေ။

သူ စကားပြောလိုက်ပြီးသည်နှင့် ရိုက်ချက်တစ်ခု သူ့မျက်နှာပေါ်သို့ ကျလာပြီး သူ့အမြင်များ ဝေဝါးသွားလေသည်။

တောင်းပန်ရန်ကိုပင် အခွင့်အရေး မပေးတော့ပဲ ဖေးကျီ သူ့ရှေ့တွင် ပေါ်လာခဲ့သည်။ သူ့လက်များကို မြောက်ပင့်လိုက်ပြီး ကြွက်သားများ ဖုထစ်နေသည့် လက်ဖြင့် ထိုးထည့်လိုက်သည်။ ထိုထိုးနှက်ချက်သည် သေပင်သေစေနိုင်ပေသည်။

လက်သီးချက်သည် ခေါင်းဆောင်ငယ်၏ ရင်ဘတ်ပေါ်သို့ ကျသွားခဲ့သည်။ သူသည် နောက်သို့လွင့်သွားခဲ့ပြီး ပေါက်ကွဲသွားခဲ့ကာ သွေးများနှင့် အသားများ သူ့နောက်ကျောမှ ပြန်ထွက်လာခဲ့သည်။

သူ့လက်သီးကို ပြန်သိမ်းလိုက်သည့်အချိန်တွင် ဖေးကျီ တစ်စုံတစ်ခုကို ဆုပ်ကိုင်ထားလိုက်

သည်။ ၎င်းသည် နှလုံးသား တစ်ခု ဖြစ်လေ၏။

ခေါင်းဆောင်ငယ်သည် သူ့ရင်ဘတ်မှ အပေါက်ကိုပင် မမြင်တွေ့သွားခဲ့ရပေ။ သူလဲကျသွားပြီး သူ့မျက်နှာသည် ကြောက်ရွံ့မှုများ ပြည့်နှက်နေခဲ့သည်။

အခန်းတွင်း ရှိ လူအားလုံးသည် ထိုအရာကို မျှောင်လင့်ပြီးသားဖြစ်သည်။ ထို့ကြောင့် သူတို့ ပြန်လည့်၍ပင်မကြည့်ကြပေ။ သူတို့အားလုံး တိတ်ဆိတ်စွာပင် ရှိနေကြသည်။

လေထုသည် ယခုတွင် ပို၍ တင်းမာလာခဲ့ပြီဖြစ်သည်။ အခန်းတွင်း၌ သွေးနံ့များ ရှိနေလေသည်။

ဖေးကျီ သူ့လက်မှ အသွေးအသားများကို ခါထုတ်

လိုက်သည်။ သူသည် အလောင်းကိုလှည့်ကြည့်ခြင်းပင် မရှိပေ။ ထို့နောက် လေသံတိုးတိုးဖြင့် သူပြောလိုက်သည် “ ငါတို့ ဝမ်ရှီတွေက မီးတောက် ဦးချိုများမျိုးနွယ်စုကို ကြောက်နေမယ်လို့ ထင်နေတာလား။ သူတို့က ဘာကောင်တွေမှ မဟုတ်ဘူး။ တကယ်လို့ ငါတို့က သူတို့ရဲ့ မီးတောက် တွင်းကို တစ်ကြိမ်ဖျက်ဆီးနိုင်တယ်ဆိုရင် နောက်တစ်ကြိမ်လည်း ထပ်ပြီး ဖျက်ဆီးနိုင်တယ် “ သူ့ကိုယ်သူနှင့် အခြားသူများ ကြားစေရန်သူပြောလိုက်သည်။

နတ်ဆရာသည် တိတ်ဆိတ်စွာ ထိုင်နေဆဲဖြစ်သည်။ သူ့မျက်လုံးများတွင် သဘောမကျသည့် လက္ခဏာများ ရှိနေခဲ့သည်။ ယခင်က သူသည် မီးတောက် ဦးချိုများမျိုးနွယ်စုကို အလေးါနက်မထားခဲ့ပေ။ ယခုတွင် သူသည် ကြောက်လန့်နေပြီဖြစ်သည်။ အထူးသဖြင့် တောအုပ်ထဲမှ ကိစ္စအပြီးတွင် ဖြစ်သည်။ ထိုအရာသည်သူ့ကို စိတ်ပူနေစေသည်။ သို့သော်ညလ်း သူသည် သေရေးရှင်ရေးထက် အရေးကြီးသည့်

အရာ မရှိနိုင်ဟု တွေးထားသည်။ မီးတောက်တွင်းထဲမှ မီးတောက်မျိုးစေ့သည် ပို၍ တောက်ပလာခဲ့ပြီး မီးတောက်များသည် ပို၍ ကြီးမားလာလေပြီလော..............။

အနည်းဆုံးတော့ မီးတောက်စေ့သည် ဤနေရာတွင် ရှိနေသည်။ သူသည် လုံခြုံပေလိမ့်မည်။

ရွာ၏ အခြားတဖက်တွင် ကျောက်တုံးအိမ်များသည် ဝမ်ရှီမျိုးနွယ်စုနှင့် မတူနေပဲ သပ်ရပ်စွာ တည်‌ဆောက်ထားလေသည်။

ထိုနေရာတွင် ကျွန်ပိုင်ရှင်များ နေထိုင်ကြသည်။ သူတို့ ရောက်လာကြသည့် အချိန်တွင် သူတို့အတွက် နေစရာနေရာများကို သူတို့ကိုယ်တိုင် ပြုလုပ်ခဲ့ကြသည်။ မျိုးနွယ်စု ခေါင်းဆောင်သည် သဘောမတူပဲ မနေနိုင်ခဲ့ပေ။ ကျွန်ပိုင်ရှင်များသာ မရှိပါက ဝမ်ရှီများသည် သန်မာ နိုင်ကြခြင်း ရှိ

လိမ့်မည် မဟုတ်ပေ။

ထိုအချိန်တွင် များစွာသော ကျွန်ပိုင်ရှင်များသည် ကျောက်တုံးအိမ်ထဲတွင် ဆွေးနွေးနေကြလေသည်။

သူတို့ရှေ့တွင် လှံထိပ်မှဖြုတ်ယူလာခဲ့သည့် စာလိပ်ရှိနေခဲ့သည်။

“ ဒီတော့ မင်းတို့အားလုံးဆုံးဖြတ်ပြီးပြီလား “ အသက်ကြီးနေပြီဖြစ်သည့် ကျွန်ပိုင်ရှင်တစ်ယောက် မေးလိုက်သည်။

“ စဉ်းစားစရာ ဘာရှိသေးလို့လဲ ....... တိုက်ခိုက်ဖို့အတွက်သင့်တော်တဲ့ အချိန်မဟုတ်ဘူးဆိုတာ ရှင်းနေတာပဲလေ “ ငယ်ရွယ်သည့် ကျွန်ပိုင်ရှင်တစ်ယောက်သည် ထိုင်ခုံပေါ်တွင် ပျင်းရိစွဦထိုင်

နေခဲ့ပြီး ပြောလိုက်သည်။ သူသည် အသက်ကြီးသေးခြင်းမရှိသော်လည်း သူ့အသံအရ သြဇာကြီးမားပုံပေါ်သည်။ ဆိုလိုသည်မှာသူသည် သဲကန္တရတွင် ရာထူးကြီးကြီးထဲ ပါဝင်ခဲ့သည်ဟု ဆိုလိုသည်။ သူ့ ဝတ်စုံပေါ်တွင် ကောင်းကင်ဘီး မြို့တော်၏ အမှတ်အသားကို ရေးဆွဲထားသည်။

သူ့ဘေးတွင်ထိုင်နေခဲ့သည့် ပို၍ ဝဖြိုးသော ကျွန်ပိုင်ရှင်တစ်ယောက်သည် သူ့လက်မောင်းများကြားထဲတွင် အမျိုးသမီး အစေခံတစ်ယောက်ကို ဖက်ထားလေသည်။ သူထပ်ဖြည့်ပြောလိုက်သည်။ “ ဟုတ်တယ်၊ ဟုတ်တယ်၊ အခုက စစ်ပွဲအတွက် ကောင်းတဲ့ အချိန်မဟုတ်ဘူး။ တကယ်လို့ ဝမ်ရှစ်တွေက တိုက်ခိုက်ချင်တယ် ဆိုရင် သူတို့ လုပ်ချင်တာ လုပ်ကြပါစေ။ ကျုပ်တို့ လက်ချောင်းတစ်ချောင်းကိုတောင် မလိုက်ဖို့ မလိုအပ်ဘူး။ ပြီးတော့ မီးတောက် ဦးချို မျိုးနွယ်စုက ဝမ်ရှစ်တွေကိုပဲ မုန်းတီးတာလေ။ စာလိပ်အရကတော့ သူတို့ ကျုပ်တို့ကို တိုက်ခိုက်ဖို့ စိတ်ကူး မရှိတဲ့ပုံပဲ ....... “

အခန်းတွင်းမှ လူများ အမူအယာ အမျိုးမျိုး ဖြစ်နေပြီး အချင်းချင်းအကြည့်များ ဖလှယ်နေမိကြသည်။ မည်သူမှ သူတို့စိတ်ကို ဖော်ပြလိုခြင်းမရှိကြပေ။ ကျောက်တုံးဖြူ မြို့တော်မှ သခင်ငယ်လေးသ်ည အခန်းတွင်းကို ဝှေ့ကြည့်လိုက်လေသည်။ သူ့ကိုကြည့်ရသည်မှာ တစ်ခုခုကို စဉ်းစားနေဟန် ရသည်။ သူသည် မျက်မှောင်ကြုတ်နေခဲ့ပြီး ရုတ်တရက် သူ့မျက်နှာ ဝင်းပသွားသည််။ သူ တိတ်ဆိတ်စွာ ကျိန်ဆဲလိုက်လေသည်။ ဆွေးနွေးပွဲ ကြာနေလေလေ သူ့အခြေအနေသည် ပိုဆိုးလာလေလေ ဖြစ်သည်။ သူသည် ဝမ်ရှီများကို အမှန်တကယ် ထောက်ပံ့ပေးနေသူများထဲမှ တစ်ယောက် ဖြစ်သည်။ သူ့အနေဖြင့် သူ့အဖော်များကို ဆွဲဆောင်နိုင်ခြင်းမရှိသည်မှာ ဆိုးဝါးနေသည်။ ကောင်းကင်ဘီး မြို့တော်မှ ကျွန်ပိုင်ရှင် ပြောလိုက်သကဲ့သို့ပင် လူအများ စိတ်ဝေခွဲမရ ဖြစ်နေသည်ကို သူသိနေခဲ့သည်။

အချို့လူများ ထင်ထားကြသည်မှာ အကယ်၍ ဝမ်ရှစ်များသာ ရှုံးနိမ့်သွားခဲ့လျှင် ကျွန်ပိုင်ရှင်များအတွက် သတင်းဆိုး ဖြစ်လိမ့်မည် ဟု ထင်ထားကြသည်။ ထို့ကြောင့်ပင် ဝမ်ရှစ်များကို ထောက်ပံ့ပေးခြင်းသည် သူတို့ကိုယ်သူတို့ ထောက်ပံ့ပေးသည်နှင့် တူသည်။

သို့သော်လည်း အချို့လူများသည် ဝမ်ရှစ်များ ထိန်းချုပ်မှုအောက်မှ လွတ်နေပြီဟု ထင်နေကြသည်။ မီးတောက် ဦးချိုများ မျိုးနွယ်စုက ဝမ်ရှစ်များကို ဆုံးမခွင့် အဘယ်ကြောင့် မပေးရမည်နည်း။ ထို့နောက် တွင် ဝမ်ရှစ်များသည် ထိန်းချုပ်ရ ပိုမို လွယ်ကူသွားလိမ့်မည် ဖြစ်သည်။ အချို့လူများသည် မီးတောက် ဦးချို မျိုးနွယ်စုက ဝမ်ရှီများ၏ မီးတောက် မျိုးစေ့ကို ငြိမ်းသက်စေရန်ကိုပင် ဆုတောင်းနေကြသေးသည်။ သို့ဆိုလျှင် ဝမ်ရှစ် စစ်သည်တော်များကို သူတို့၏ အစေခံများအဖြစ် သိမ်းသွင်းနိုင်လိမ့်မည် ဖြစ်သည်။

ကျွန်ပိုင်ရှင်များအတွက်မူ မျိုးနွယ်စုများမှ လူများသည် ကျွန်များသာ ဖြစ်ကြသည်။ မရေမတွက်နိုင်သည့် ကျေးကျွန်များ ဖြစ်ကြသည်။ သူတို့သည် ကျွန်ပိုင်ရှင်များ၏ ထွန်းလင်းတောက်ပခဲ့သည့် နေ့ရက်များကို ပြန်လည် ယူဆောင် ပေးနိုင်ကြသူများဖြစ်ကြသည်။

တိုက်ခိုက်ကြစမ်း..... မင်းတို့ လိုချင်သလောက် တိုက်ခိုက်ကြ........ နှစ်ဖက်လုံး ဆုံးရှုံးရင် အကောင်းဆုံးပဲ........။ သို့ဆိုလျှင် သူတို့သည် နှစ်ဖက်လုံးမှ မီးတောက် မျိုးစေ့များကို အပိုင်စီးပြီး ကျေးကျွန်ပြုခြင်းကို ပြုလုပ်နိုင်လိမ့်မည် ဖြစ်သည်။

သူတို့သည် ထိုအရာအတွက် အတော်လေး စိတ်လှုပ်ရှားနေကြလေသည်။

သူတို့စိတ်ထဲတွင် အစီအစဉ်များကို ချနေကြပြီး

ပျော်ရွှင်နေခဲ့ကြသည်။

All Chapters