အခန်း (၅၀၈-၅၁၀)
Vol. 34 Ch. 508-510
အခန်း (၅၀၈) မင်းရဲ့ ပစ်မှတ်
မီးတောက်ဦးချိုများ မျိုးနွယ်စုသည် ကျွန်ပိုင်ရှင်များ အနေဖြင့် သူတို့ကို အကျိုး အမြတ်ယူရန် စဉ်းစားနေကြသည်ကို မသိနေကြပေ။ သူတို့ သိခဲ့လျှင်ပင် စကားတစ်ခွန်းကိုသာ ပြောမိကြလိမ့်မည် ဖြစ်သည် “ ငတုံးအုပ်စုပဲ ..... “
အကယ်၍ မီးတောက် မျိုးစေ့သည် တွင်းထဲတွင် ဆက်လက်တည်ရှိနေခဲ့လျှင် ကျွန်ပိုင်ရှင်များ အနေဖြင့် သူတို့ ထွန်းလင်းတောက်ပခဲ့သည့် ခေတ်ကို ပြန်ရကောင်းပြန်ရနိုင်သေးသည်။ မည်သို့ပင်ဖြစ်စေ ၎င်းသည် မျိုးနွယ်စု၏ စွမ်းအားရင်းမြစ်ပင်ဖြစ်သည်။
ကံမကောင်းစွာနှင့်ပင် မီးတောက် မျိုးစေ့သည် ယခုအချိန်တွင် မျိုးနွယ်စုမှ လူများ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားခဲ့ပြီဖြစ်သည်။ ဝမ်ရှီများနှင့်
ကျွန်ပိုင်ရှင်များသည် ပြောင်းလဲမှုများကို အာရုံခံနိုင်ကြသော်လည်း သူတို့ အနေဖြင့် ထိုအခြေအနေကိုတော့ တွေးမိထားခြင်း မရှိပေ။ အဘယ်ကြောင့် ဆိုသော် ထိုသို့ ပေါင်းစပ်ခြင်းသည် ယခင်က တကြိမ်မျှ မဖြစ်ခဲ့ဖူးသောကြောင့် ဖြစ်သည်။
ကျွန်ပိုင်ရှင်များ အားလုံးသည် လျှို့ဝှက်ချက်များ အားလုံးကို မသိနိုင်ကြပေ။ ဝမ်ရှီမျိုးနွယ်စုတွင် ပုန်းအောင်းနေကြသည့် ကျွန်ပိုင်ရှင်များသည် မီးတောက်မျိုးစေ့နှင့်ပတ်သက်ပြီး ရင်းနှီးကျွမ်းဝင်ခြင်း မရှိကြပေ။ ထို့ကြောင့်ပင် သူတို့တွေးသည်မှာ မှားနေခဲ့ခြင်းဖြစ်သည်။ သူတို့ထင်ထားကြသည်မှာ မီးတောက်မျိုးစေ့ကို ဖျက်ဆီးနိုင်လျှင် သူတို့၏ နိုင်ငံတော်များကို ပြန်လည်တည်ထောင်နိုင်တော့မည်ဟု ထင်ထားကြခြင်း ဖြစ်သည်။ လူများစွာသည် သဲကန္တရသို့ ပြန်ပြီး ကျောက်တုံး တောင်ကုန်း မြို့တော်ကို လက်စားချေရန်သာ တွေးနေခဲ့ကြသည်။
သူတို့ အစီအစဉ် ချနေစဉ်မှာပင် ဝမ်ရှီများသည် စစ်ပွဲအတွက် ပြင်ဆင်နေကြလေပြီ။ ကြောက်မက်ဖွယ် သားရဲ တောအုပ် အတွင်းတွင် မီးတောက် ဦးချိုများ မျိုးနွယ်စုမှ လူများစွဦသည် အသင့်ဖြစ်နေကြပြီဖြစ်သည်။
စစ်ပွဲတွင် မပါဝင်သည့် လူတိုင်းကို လုံခြုံသော နေရာများတွင် ချန်ထားခဲ့ကြသည်။ ထိုနေရာသည် တိုက်ခိုက်ရန် ခက်ခဲသည့်နေရာဖြစ်ပြီး တိုက်ပွဲဖြစ်ခဲ့လျှင် သူတို့ကို အချိန်တစ်ခုကြာ လုံခြုံစေရန် ထိန်းသိမ်းထားနိုင်သည်။ လှည့်လည်သွားလာကြသူများ အတွက်မူ နောက်ထပ်နေရာတစ်ခု စီစဉ်ထားသည်။
တောအုပ်အစွန်းမှ မျိုးနွယ်စု ထံသို့ ရှောက်ရွှမ် ပြန်လာခဲ့ချိန်တွင် စစ်သည်တော် များ စကားပြောနေကြသည်ကို သူမြင်တွေ့လိုက်သည်။ သူ
တို့သည် လေ့ကျင့်မှုများကို ယခုလေးတင် ပြီးသွားကြခြင်း ဖြစ်သည်။ သူတို့အားလုံး ဂုဏ်ယူစွာ မတ်တပ်ရပ်နေခဲ့ကြသည်။
“ ဒီတစ်ကြိမ်တော့ ဝမ်ရှစ်တွေကို ငါတို့ လိုက်ဖမ်းရမယ်။ သူတို့အတွက် မြေနေရာနည်းနည်းလေးတောင် ချန်ထားပေးလို့ မရဘူး။ တောအုပ်အပြင်ဖက်က မြေတွေအားလုံးကို ငါတို့ ကောက်ပဲသီးနှံတွေ စိုက်ပျိုးမယ့် လယ်မြေတွေအဖြစ် ဖန်တီးကြမယ် “
“ ဟုတ်တယ်, သူတို့က ငါတို့ မီးတောက် တွင်းကို တစ်ကြိမ်လာဖျက်ဆီးဖူးတယ်။ အခုတော့ သူတို့ဟာကို ငါတို့ပြန်ဖျက်ဆီးမယ့် အလှည့်ပဲ “
“ ဟုတ်တယ်၊ဖျက်ဆီးကြမယ် ၊ ဖျက်ဆီးကြမယ် “
သူတို့ သည် သူတို့ အမဲလိုက်မြေ၏ သနားစဖွယ် အခြေအနေကို ယခင်က မြင်တွေ့ဖူးခဲ့ကြသူများ ဖြစ်ကြသည်။ သူတို့အားလုံးသည် သတ်ဖြတ်လိုစိတ်မား အပြည့်ဖြစ်နေကြလေပြီ။
မျိုးနွယ်စုတွင် နယ်နမိတ်များ ရှိကြသည်။ တစ်စုံတစ်ယောက်သည် နယ်နမိတ်ကို မလေးမစားလုပ်ခြင်းသည် စစ်ပွဲကို ဖိတ်ခေါ်ခြင်းသာ ဖြစ်သည်၊။ စစ်ပွဲသည် မကြာခင်တွင် ဖြစ်ပျက်တော့မည်လည်း ဖြစ်သည်။
မီးတောက် ဦးချို မျိုးနွယ်စုအတွက်မူ ဝမ်ရှီများသည် သူတို့ကို ခုန်အုပ်ရန် စောင့်ဆိုင်းနေကြသည့် သားရဲများနှင့် အလားသဏ္ဌာန် တူသည်။ ထိုသားရဲများကို တိုက်ခိုက်နိုင်ရန်အတွက် သူတို့အားလုံး ပေါင်းစည်းရမည် ဖြစ်သည်။
လဲ့နှင့်ထွော်တို့သည် လူအုပ်ထဲတွင် ရှိနေခဲ့ကြသည်။ သူတို့မျက်နှာပေါ်မှ တက်တူးများသည် စိတ်ပိုင်းဖြတ်ထားခြင်းကို ကိုယ်စားပြုနေသည်။
ထွော်သည် ကျောက်တုံးဓါးရှည်တစ်လက်ကို ကိုင်ထားပြီး တိုက်ခိုက်ရန် အသင့်ဖြစ်နေခဲ့သည်။ သူတို့ထံတွင် သတ္တုဓါးများ ရှိသော်လည်း သူကြိုက်နှစ်သက်သည့် အမျိုးအစားကို ပြုလုပ်ရန်အတွက် အချိန်မရခဲ့ပေ။ ကျောက်တုံးနှင့် သတ္တုကြားတွင် ကြီးမားသည့် ကွာခြားချက်ကြီးရှိနေခဲ့သည်။ ထွော်သည် တိုက်ပွဲဆင်နွဲရမည် ဖြစ်သဖြင့် သူ့ဓါးကို သနေလေသည်။
ရှောက်ရွှမ် ဓါးကို သတိပြုလိုက်မိသည်။ ကြည့်ရသည်မှာ ထွော်သည် ဓါးဖြင့် သစ်သားများကို ခုတ်ပိုင်းပြီး လေ့ကျင့်ထားဟန် ရသည်။
“ ပြင်ဆင်တာတွေက ဘယ်လိုလဲ “ ရှောက်ရွှမ်၊ သု
န့်ကန်းနှင့် အခြားသူများ ထွော်ကို မေးလိုက်သည်။
“ ကောင်းတယ် “ ထွော်ပြုံးလိုက်ရင်းပြန်ဖြေလိုက်သည်။ “ လက်စားချေဖို့အတွက် စိတ်လှုပ်ရှားနေပြီ “
ထွော်နှင့် လဲ့တို့၏ ဝမ်ရှစ်များနှင့် ကျွန်ပိုင်ရှင်များ အပေါ်တွင် ထားသည့် အမုန်းတရားသည် နက်ရှိုင်းနေပြီဖြစ်သည်။ သူတို့ သဲကန္တရတွင် ရှိနေခဲ့စဉ်က သူတို့နှစ်ယောက် ပြန်ပေးဆွဲခံခဲ့ရပြီး တိုက်ပွဲစင်မြင့်ပေါ်သို့ ပစ်တင်ခံခဲ့ရသည်။ ရှောက်ရွှမ်သာ မရှိခဲ့လျှင် သူတို့နှစ်ယောက်လုံး ထိုနေရာတွင် သေဆုံးသွားခဲ့ပြီးဖြစ်သည်။
သူတို့နှစ်ယောက်ကို ထိုသို့လုပ်ခဲ့သူများမှာ ဝမ်ရှီမျိုးနွယ်စု၏ နတ်ဆရာအသစ်နှင့် အဖြူရောင်ကျောက်တုံးမြို့တော်မှ လူများ ဖြစ်ကြသည်။ သူ
တို့အနေဖြင့် ကလဲ့စားချေရမည် ဖြစ်လေသည်။
လဲ့၏ မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုများနှင့် ဒေါသတရားတို့ ရှိနေခဲ့သည်။ နောက်ဆုံးတွင် သူလက်စားချေနိုင်တော့မည် ဖြစ်သည်။
စစ်ပွဲများသည် လူသားများ၏ လှုပ်ရှားမှုများထဲတွင် အရေးပါသည့် အရာများ ဖြစ်ကြသည်။ သေးငယ်သည့် ၊ ကြီးမားသည့် ပဋိပက္ခများသည် ကျွန်ပိုင်ရှင်များ၊ မျိုးနွယ်စုများကြားထဲတွင် မကြာခနဖြစ်လေ့ရှိသည့် အရာများ ဖြစ်ကြလေသည်။ စစ်ပွဲသည် ပဋိပက္ခများကို ဖြေရှင်းရန် တိုက်ရိုက်အဆန်ဆုံးသော အရာများ ဖြစ်ကြသည်။ အန္တိမ ရည်မှန်းချက်မှာ ရှင်သန်နိုင်ရေး ဖြစ်လေသည်။
သုန့်ကန်းနှင့် အခြားသူများအတွက် စစ်ပွဲများသည် ထူးခြားသည့်အရာများ မဟုတ်ကြပေ။
သူတို့သည် သူတို့၏ မြေယာများ၊ အရင်းအမြစ်များနှင့် ဆားမိုင်းတွင်းများ အစရှိသည်တို့ကို စစ်ပွဲများမှ တဆင့် ရရှိခဲ့ကြခြင်း ဖြစ်သည်။ သူတို့သည် နှစ်တစ်ထောင်ခန့်အတွင်း စစ်ပွဲများမှတဆင့် ထိုအရာများကို စုဆောင်းခဲ့ကြသည်။
ရှောက်ရွှမ် စဉ်းစားနေစဉ် တစ်စုံတစ်ယောက် သူ့ကို ခေါ်လိုက်သည်။
“ အားရွှမ်.....နတ်ဆရာက မင်းနဲ့စကားပြောချင်နေတယ် “မိုင်အလျင်အမြန် ပြောလိုက်သည်။
အရေးကြီးသည့် ကိစ္စတစ်ခုခုဖြစ်ပေလိမ့်မည်။ ချက်ချင်းပင် ရှောက်ရွှမ် သောခန်နှင့် အခြားသူများကို ထားခဲ့ပြီး ပြေးသွားလိုက်သည်။
နတ်ဆရာနှစ်ယောက်တို့၏ အိမ်သည် များစွာ
ဝေးကွာလှခြင်း မရှိပေ။ သူရောက်သွားသည့်အ ချိန်တွင် ရှောက်ရွှမ် အော့နှင့် ကျန်းလော်တို့ကို တံခါးဝ၌ တွေ့လိုက်ရသည်။
သူ ရှောက်ရွှမ်ကို မြင်တွေ့လိုက်သည့် အချိန်တွင် အော့ အိမ်တံခါးဝကို မေးဆတ်ပြလိုက်သည်။ ထို့နောက် သူ့ကို အလျင်အမြန်လာရန် လက်ဟန် ပြလိုက်သည်။
အတွင်းသို့ အလျင်အမြန်ဝင်လိုက်သည့်အချိန်တွင် ရှောက်ရွှမ် နတ်ဆရာမ အိုကြီးကိုပါ မြင်တွေ့လိုက်ရသည်။
သူတို့နှစ်ယောက်လုံး ထူထဲသည့် သားရေ ကော်ဇောပေါ်တွင် ထိုင်နေခဲ့လေသည်။ သိသာစွာပင် သူတို့သည် ရှောက်ရွှမ်ကို စောင့်နေကြခြင်း ဖြစ်သည်။
ရှောက်ရွှမ် သူတို့ရှေ့တွင် ထိုင်ချလိုက်သည်။ “ တစ်ခုခုပြောစရာ ရှိလို့လား ခင်ဗျ .... “
လူအိုကြီးမော့ကြည့်လိုက်ပြီး “ ဝမ်ရှစ်တွေနဲ့ တိုက်ပွဲအတွက် မင်းဘာလုပ်ဖို့လိုအပ်တယ်ဆိုတာကို သိလား “
ရှောက်ရွှမ် ခေါင်းညိတ်ပြလိုက်သည် “ ဟုတ်ကဲ့....... ကျွန်တော်က ခေါင်းဆောင်သုံးယောက်နဲ့အတူ စစ်သည်တွေကို ဦးဆောင်ရမှာပါ “
တိုက်ပွဲဗြူဟာကို ချမှတ်ထားပြီးဖြစ်သည်။ ခြုံခိုတိုက်ခိုက်ခြင်းသည် အသုံးမဝင်နိုင်ပေ။ သူတို့သည် တိုက်ရိုက်သာ ထိုးဖောက် တိုက်ခိုက်မည်ဖြစ်သည်။ စစ်ပွဲဖြစ်သဖြင့် အရည်အချင်းရှိသည့် စစ်သည်တော်များသည် ရှေ့တန်းမှ တိုက်ခိုက်ကြ
လိမ့်မည် ဖြစ်သည်။
ဤတစ်ကြိမ်တွင် ခေါင်းဆောင်နှစ်ယောက်တို့ စစ်ပွဲတွင် ပါဝင်မည်မဟုတ်ပေ။ ထို့အစား သူတို့သည် ပိုကြီးသော ကိစ္စကို လုပ်ရန် ရှိနေသည်။ သောခန်နှင့် ခေါင်းဆောင်သုံးယောက်တို့သည် ရှေ့တန်းတွင် နေကြရမည် ဖြစ်သည်။ ခေါင်းဆောင်ကြီးများသည် ဤအခွင့်အရေးမှ သူတို့၏ အရည်အချင်းကို ဆုံးဖြတ်လိမ့်မည် ဖြစ်သည်။
မျိုးနွယ်စု၏ မဟာအကြီးအကဲဖြစ်သဖြင့် ရှောက်ရွှမ်သည်လည်း ရှေ့တန်းတွင် နေရမည် ဖြစ်သည်။ မဟုတ်လျှင် အနာဂတ်တွင် သူ့မားမည်သူက ယုံကြည်မည်နည်း။ သူသည် သူတို့၏ ရှေးဟောင်း ဘိုးဘေးများနှင့် ယခင်က ရရှိဖူးသည့် အောင်မြင်မှုများကိုသာ မှီခိုနေ၍ မရနိုင်ပေ။
ရှောက်ရွှမ်သည် စိတ်ပိုင်းဆိုင်ရာအရ ပြင်ဆင်ထားပြီးသားဖြစ်၏။ ဤတစ်ကြိမ်သည် သူ့အတွက် ပထမဆုံးသော စစ်ပွဲမဟုတ်တော့ပေ။ သို့သော်လည်း သူမြင်ဖူးသမျှထဲတွင် အကြီးမားဆုံးသော စစ်ပွဲတစ်ခု ဖြစ်လာမည် ဖြစ်သည်။ သူ့အနေဖြင့်လည်း ဖိအားများကို ခံစားနေရလေ၏။
ရှေ့တန်းမှ လိုက်ပါရခြင်းသည် အန္တရယ်များသည်ကို သူသိထားသောလည်း ထိုနေရာသည် အရည်အချင်းအရှိဆုံးသော စစ်သည်များနှင့် တွေ့ရနိုင်သည့် နေရာဖြစ်လေသည်။ ဤတစ်ကြိမ်သည် မျိုးနွယ်စု၏ ကြီးမားသည် စစ်ပွဲကြီး တစ်ခုဖြစ်သည်။ သူတို့သည် ကြီးမားသည့် စစ်တပ်ကြီးကို ဦးဆောင်ကြရမည် ဖြစ်သည်။
သူတို့ ရာထူး မြင့်လေလေ၊ သူတို့၏ ဝန်ထုပ်ဝန်ပိုးသည် ကြီးမားလေလေဖြစ်သည်။
နတ်ဆရာနှစ်ယောက်လုံး ခေါင်းညိတ်လိုက်ကြသည်။ သူတို့နှစ်ယောက်လုံး သဘောတူသည်မှာရှားပါးသည့် ကိစ္စဖြစ်သည်။ ယခင်က သူတို့သည် ရှောက်ရွှမ် အန္တရာယ်များသည့်နေရာများကို သွားမည်ဆိုလျှင် ကန့်ကွက်ခဲ့ကြသည်။ သို့သော်လည်း မျိုးနွယ်စုသည် ယခုအချိန်တွင် အပြည့်အဝ ပြန်လည် ဖွဲ့စည်းပြီးဖြစ်သည့်အပြင် ယခင်က ထွန်းတောက်မှုမျိုးကို ပြန်ရခဲ့ပြီဖြစ်သည်။ မျိုးနွယ်စု အနေဖြင့် များစွာသော အခက်အခဲများကို ထပ်မံရင်ဆိုင်ရဦးမည် ဖြစ်သည်။ အကယ်၍ ရှောက်ရွှမ်သာ သူ့အနေအထားကို တည်ငြိမ်စေရန် ထိန်းသိမ်းမည် ဆိုလျှင် သူသည် တိုက်ပွဲမှ ယုံကြည်မှုများကို ရယူထားနိုင်ရန် လိုအပ်သည်။
“ ဒီတစ်ကြိမ်တော့ မင်းရဲ့တာဝန်က ကွေ့ဟယ်နဲ့ အခြားလူတွေနဲ့ ကွာခြားလိမ့်မယ် “ နတ်ဆရာ ပြောလိုက်သည်။ “ သူတို့ရဲ့ ပစ်မှတ်က ဝမ်ရှစ် စစ်သည်တော်တွေပဲ ......... ပြီးတော့ ဝမ်ရှစ် အမဲ
လိုက်ခေါင်းဆောင်တွေနဲ့ မျိုးနွယ်စု ခေါင်းဆောင်ပဲ။ မင်းရဲ့ပန်းတိုင်ကတော့ သူတို့ရဲ့ မီးတောက် မျိုးစေ့ပဲ “
ရှောက်ရွှမ် မျက်လုံးများ အနည်းငယ် ပြူးကျယ်သွားလေသည်။ “ ဝမ်ရှစ်တွေရဲ့ မီးတောက် မျိုးစေ့လား “
“ ဟုတ်တယ်။ မင်းလုပ်နိုင်မယ်ဆိုရင် သူတို့ရဲ့ မီးတောက် မျိုးစေ့ကို ဖျက်ဆီးခဲ့လိုက်။ သူတို့နဲ့အတူတူ မျိုးစေ့ကို ယူဆောင်သွားတာမျိုး အဖြစ်မခံနဲ့။ ထွော့် နဲ့ တခြားလူတွေက မင်းကိုကူညီပေးလိမ့်မယ်။ သူတို့ရဲ့ မီးတောက် မျိုးစေ့ကို သေချာပေါက် အကာအကွယ်ကောင်းကောင်း ချထားမှာပဲ ။ တကယ်လို့ မင်းအခွင့်အရေးမရခဲ့ဘူးဆိုရင် လည်းအဆင်ပြေပါတယ်။ ငါတို့ တိုက်ပွဲပြီးတဲ့အထိ စောင့်ကြတာပေ့ါ။ အခွင့်အရေးရှိရင်တော့......... “
“ ကျွန်တော် နားလည်ပါပြီ” ရှောက်ရွှမ် ခေါင်းညိတ်လိုက်သည်။ “ တကယ်လို့ အခွင့် အရေးရမယ်ဆိုရင် အဲ့ဒါကို ဖျက်ဆီးဖို့ ဘာလုပ်ရမလဲ “
“ ဒါကတော့ ...... “ လူအိုကြီး သူ့မုတ်ဆိတ်မွေးများကို ဆုပ်ကိုင်လိုက်သည်။ “ ငါတို့ ဘိုးဘေးတွေရဲ့ မှတ်တမ်း အရကတော့ မင်းရဲ့ စွမ်းအားတွေကို အမွေဆက်ခံဖို့အတွက် အသုံးချရမယ်။ အဲ့ဒါက မင်းကို လမ်းညွှန်ပေးလိမ့်မယ် “
နတ်ဆရာနှစ်ယောက်တို့တွင် မီးတောက်မျိုးစေ့ကို ဖျက်ဆီးရန်အတွက် အတွေ့အကြုံများ မရှိကြပေ။ သို့သောလည်း နတ်ဆရာတစ်ယောက်၏ အမွေအနစ်စွမ်းအားများကို အသုံးပြုပြီး မျိုးစေ့ကို ဖျက်ဆီးနိုင်သည်ကိုတော့ သိထားကြသည်။ မျိုးနွယ်စုများသည် မျိုးစေ့ကို ဖျက်ဆီးနိုင်ရန်အတွက် စစ်ပွဲပြီးသည်အထိ စောင့်ကြပြီးနောက်မှသာ နတ်ဆရာများကို စေလွတ်ဖျက်ဆီးတတ်ကြ
သည်။
သို့သော်လည်း သူတို့ထံတွင် ထိုသို့သော အတွေ့အကြုံမရှိနေပေ။ ထို့ကြောင့် သူတို့သိထားသည်ကိုသာ ပြောပြကြခြင်း ဖြစ်သည်။
“ အရမ်းတော့ ဖိအားမပေးနဲ့။ မင်းအသက်က ပိုပြီးတော့ အရေးကြီးတယ်။ အများဆုံးအနေနဲ့ စစ်ပွဲပြီးတဲ့အထိ ငါ့တို့ စောင့်လို့ရတယ်။ ဝမ်ရှီတွေ ဆုတ်ခွာသွားပြီးရင် ငါတို့နှစ်ယောက် ကိုယ်တိုင် အဲ့ဒီနေရာကို သွားလို့ရတယ် “ နတ်ဆရာ ပြောလိုက်သည်။
“ ဟုတ်ကဲ့ပါ ကျွန်တော် နားလည်ပါပြီ. .. စိတ်မပူပါနဲ့ “ ရှောက်ရွှမ် တည်ငြိမ်စွာ ပြောလိုက်သည်။
နတ်ဆရာနှစ်ယောက်တို့ ရင်ခုန်သွားကြပြီး ပို၍
စိတ်လှုပ်ရှားလာခဲ့ကြသည်။ သူတို့သည် ရှောက်ရွှမ်ကို ထိုသို့ ညွှန်ကြားလိုက်ရသည်ကို ချက်ချင်းနောင်တရသွားကြလေသည်။ သူမသွားခင် သူတို့ သူ့ကို ထပ်ပြီး သတိပေးလိုက်ကြသည် “ အရမ်း ဖိအားပေးပြီး မလုပ်နဲ့။ မင်းဝါးနိုင်တာထက် ပိုပြီး မကိုက်နဲ့ “
မျိုးနွယ်စုစစ်သည်များသည် စတင် လှုပ်ရှားနေကြပြီဖြစ်သည်။ ရှောက်ရွှမ် ထွက်သွားသည့်အချိန်တွင် ဆီဆာသည် ကြီးမားသည့် ထင်းစည်းကြီးကို သယ်လာခဲ့သည်။ သူသည် လောင်ခဲ့နှင့် များစွာသော မိသာစုများ ပြောင်းရွေ့နေကြသည်ကို ကူညီနေခြင်း ဖြစ်သည်။ မျက်စိ ဖမ်းအစားနိုင်ဆုံးသော အရာမှာ ကျောက်တုံးပစ္စည်းများကို ထည့်ထားသည့် လောင်ခဲ့၏ ကြီးမားသည့် သေတ္တာကြီးဖြစ်သည်။
လောင်ခဲ့သည့်ပုန်းအောင်းနေကြမည့် လူများအတွက် များစွာသော ကျောက်တုံးလက်နက်များ
ကို ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။ အများစုသည် သက်ကြီးရွယ်အိုများ၊ အားနည်းသူများနှင့် ကလေးများ ဖြစ်ကြသော်လည်း သူတို့သည် လိုအပ်လာလျှင် မိမိကိုယ်ကို ခုခံနိုင်ကြသေးသည်။
“ ငါတို့ကို စိတ်မပူနဲ့။ မင်းပဲ ဂရုစိုက်ပါ “ လောင်ခဲ့ သူ့ပုခုံးကို ပြင်းပြင်း ရိုက်ရင်း ပြောလိုက်သည်။ ရှောက်ရွှမ် ရှေ့တန်းသို့သွားမည်ဖြစ်ကြောင်းကို သူသိထားလေသည်။ ရှေ့တန်းမှလူများသည် အခြားနေရာများမှ လူများထက် အဆများစွာ အန္တရာယ်ပိုများလေသည်။ လောင်ခဲ့သည် အလွန်ပင် စိတ်ပူနေခဲ့သည်။
ဤသည်မှာ လူသားသဘာဝသာ ဖြစ်သည်။ လူသားများသည် ချစ်သောသူများ အတွက် စိတ်ပူတတ်ကြလေသည်။
“ နတ်ဆရာက အဖြူရောင် ပိုးကောင် ချည်မျှင်ကို ချပ်ဝတ်အတွင်းခံ အနေနဲ့ အသုံးပြုတယ် “ ရှောက်ရွှမ် သူဝတ်ဆင်ထားသည်ကို လောင်ခဲ့အား ပြသလိုက်သည်။ “ ဒါက ကျွန်တော့်ကို ကာကွယ်ပေးပါလိမ့်မယ် “
လောင်ခဲ့ စကားပြန်မပြောတော့ပဲ သက်ပြင်းသာချလိုက်သည်။
မည်သည့်အရာ ပစ္စည်းကမှ သေချာပေါက် ခုခံကာကွယ်နိုင်စွမ်းကို ပေးလိမ့်မည် မဟုတ်ပေ။ ပိုးကောင် ချည်မျှင် ဝတ်စုံသည် ဓါးခုတ်ချက်များကိုသာ ကာကွယ်ပေးနိုင်ပေမည်။ ။အကယ်၍ ပုဆိန်ကဲ့သို့သော လက်နက်မျိုးဆိုလျှင်ကာကွယ် ပေးနိုင်တော့မည် မဟုတ်ပေ။
နှစ်ရက်ကြာပြီးနောက် .........
စစ်သည်တော် မဟုတ်ကြသူများသည် အကာအကွယ်နေရာများသို့ သွားလိုက်ကြပြီဖြစ်သည်။ နတ်ဆရာ နှစ်ယောက်လည်း လိုက်ပါသွားခဲ့သည်။
နေမထွက်ခင်တွင် အမှောင်ထုသည် တည်ရှိနေဆဲဖြစ်၏။
ရှောက်ရွှမ် ထိုင်ချလိုက်ပြီး စီတန်းနေသည့် စစ်သည်တော်များကို လေ့လာကြည့်ရှုလိုက်သည်။
“ သွားကြစို့ “
ရှောက်ရွှမ် မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူ့
ဘေးရှိ ဆီဆာကို ပွတ်သပ်ပေးလိုက်ပြီး မျိုးနွယ်စုမှ စစ်သည်တော်များကို ဦးဆောင်လိုက်၏။
အခန်း (၅၀၉) ထိုးဖောက် ဝင်ရောက်ခြင်း
ကောင်းကင်သည် အလင်းရောင် မရှိနေသေးပေ။ ထိုအချိန်တွင် အစောင့်များသည်လည်း ကင်းစောင့်နေကြဆဲဖြစ်သည်။ တစ်ညလုံးကင်းစောင့် နေခဲ့ရသည့် အစောင့်များသည် ပင်ပန်းနွမ်းနယ်နေကြပြီဖြစ်သည်။ နောက်လာမည့် အစောင့် များသည် အိပ်ရာမှ မနိူးထကြသေးပေ။ ကောင်းကင်တွင် လှည့်ပတ်ပျံသန်းနေတတ်သည့် ကျွန်ပိုင်ရှင်များ၏ ငှက်များသည်ပင် မနိုးထကြသေးပေ။
ရှောက်ရွှမ်နှင့် အခြားသူများ တောအုပ်အစပ်ဆီသို့ ရောက်လာသည့် အချိန်တွင် နေ့ခင်းအလင်းရောင်များကို စတင်မြင်လာရသည့်အချိန်ဖြစ်သည်။ တောအုပ်ထဲတွင် ငှက်များသည် နိုးထလာကြပြီး တေးသီကျူးနေကြလေသည်။
အော့ ကျန်းလော်ကို ကြည့်လိုက်သည်။ ကျန်းလော် ခေါင်းညိတ်လိုက်သည့် အချိန်တွင် အော့ လက်မောင်းကို မြောက်တင်လိုက်ပြီး တောအုပ်အတွင်းမှ လူများ ပြေးထွက်သွားကြသည်။ အဝတ်များကို လေတိုးသံနှင့် မြက်ပင်များ၏ အသံကိုသာ ကြားလိုက်ကြရလေသည်။
စစ်တပ်သည် ဝမ်ရှစ်များထံသို့ လျင်မြန်သည့် အရှိန်ဖြင့် ပြေးဝင်သွားကြသည်။ ဝမ်ရှစ်မျိုးနွယ်စုမှ အစောင့်များသည်လည်း အသုံးမဝင်သည့်လူများ မဟုတ်ကြပေ။ မီးတောက်ဦးချိုများ မျိုးနွယ်စု၏ မီးတောက် မျိုးစေ့ မူမမှန်နေခဲ့သည့် အချိန်မှစတင်ပြီး သူတို့သည် သတိကြီးကြီးထားနေကြသည်။ သူတို့သည် ပင်ပန်းနေကြသော်လည်း ချည်းကပ်လာသည့် စစ်သည်များကိုမူ သတိပြုမိကြသေးသည်။
“ သူတို့ ရောက်လာကြပြီ “
အော်သံတစ်ခုသည် တိတ်ဆိတ်နေခဲ့သည့် ကျေးရွာတစ်ခုလုံးကို ဆူညံသွားစေသည်။
အရိုးဖြင့် ပြုလုပ်ထားသည့် ဝီစီများ မှုတ်လိုက်သံများကို ကြားလိုက်ရပြီးနောက် လေထုသည် ဒေါသများဖြင့် ပြည့်နှက်သွားခဲ့သည်။
မီးတောက်ဦးချိုများ မျိုးနွယ်စုသည် ဝမ်ရှစ်များနှင့် အကွာအဝေးတစ်ခုတွင် ရှိနေဆဲဖြစ်သည်။ သို့သော်လည်း ဝမ်ရှစ်များ လှုပ်ရှားလိုက်သည်နှင့် မီးတောက်ဦးချိုများ မျိုးနွယ်စုသည်လည်း နောက်ထပ် လှုပ်ရှားလိုက်ပြန်သည်။
ဝမ်ရှစ်များ အတွင်း၌ များစွာသော မီးတုတ်များ လင်းလက်လာခဲ့သည်။ အာရုံဦး အချိန်ဖြစ်ပြီး မကြာခင်တွင် နေ့အလင်းရောင် ထွက်ပြူလာတော့
မည် ဖြစ်သော်လည်း အမှောင်ထုသည် ရှိနေဆဲဖြစ်သည်။ သူတို့သည် စစ်ပွဲကို တိုက်ခိုက်ရပေတော့မည်။ ကသောင်းကနင်းအဖြစ်များနှင့် သဲကွဲစွာ မမြင်နိုင်ခြင်းသည် ပြဿနာများကို ခေါ်ဆောင် ပေးလာပေလိမ့်မည်။
ကောင်းကင်ထက်တွင် အသံများ ဆူညံနေခဲ့လေပြီ။ ထိုအသံများသည် မြားတံများ ပျံသန်းလာသည့် အသံများနှင့် တူနေသည်။
လျင်မြန်သည့် လူများသည် ပထမဦးစွာ အရိုး ဒိုင်းကာများကို ကောက်ယူလိုက်ကြသည်။ မီးတောက် ဦးချိုများ မျိုးနွယ်စုသည် မနီးသေးပေ။ အရှေ့ဖက်မှ မြားများ ရောက်လာခြင်းမှာ မဖြစ်နိုင်ပေ။
သို့သော်လည်း တစ်စုံတစ်ခု မှားယွင်းနေသည်ကို သူတို့ ခံစားမိလိုက်ကြလေသည်။ စူးရှသည့် အသံ
များသည် ပို၍ နီးကပ်လာဟန် ရသည်။ တစ်စုံတစ်ယောက်သည် ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ရာတွင် ရွာချလာသည့် မြားမိုးကိုတွေ့လိုက်ရသည်။ သို့သော်လည်း မြားတံများသည် မြားတံများ ဟု ခေါ်ရလောက်သည်ထက် ကြီးမားနေခဲ့သည်။
တုတ်..... ဒုတ်...... ဒုတ်......
နေရာတစ်ခုလုံး မြားတံများ ပြုတ်ကျလာသည့် အသံများကို ကြားလိုက်ရသည်။
စွမ်းအားပြင်းထန်သည့် ထိမှန်ချက်များကြောင့် ဒိုင်းများကို ကိုင်ထားသည့် လူများသည် သူတို့၏ လက်မောင်းများ နာကျင်လာသည်ကိုပင် ခံစားလိုက်ရသည်။ မြေပြင်ပေါ်မှ မြားတံများကို သူတို့တွေ့လိုက်ရသည့်အချိန်တွင် မယုံနိုင်စွာဖြင့် သူတို့ မျက်လုံးများ ပြူးကျယ်သွားကြလေသည်။
ထိုအရာများသည် မြားတံများ မဟုတ်ကြပေ။ လှံတံများသာ ဖြစ်သည်။
ယခင်က လှံတံကဲ့သို့ပင် ထိုလှံတံများတွင် သစ်သားလက်ကိုင်များနှင့် ထက်ရှသော ကျောက်တုံး လှံခေါင်းများ ရှိနေကြသည်။ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် လှံခေါင်းများသည် ဒိုင်းများနှင့် ထိတွေ့မိသည်တွင် ကွဲကျေသွားကြလေသည်။ ထို့နောက် သစ်သား လက်ကိုင်ရိုးများသာ ကျန်နေခဲ့သည်။
ဝမ်ရှစ် များ ထိတ်လန့်သွားကြသည်။ အကယ်၍ လှံတံများသည် တစ်ရာခန့်သာ ဆိုရင် တော်သေးသည်။ သို့သော်လည်း သူတို့မြင်တွေ့လိုက်ရသည်မှာ လှံမိုး ရွာချခြင်းဖြစ်သည်။ တစ်ထောင်ခန့်ပင် ရှိနိုင်ပေသည်။
ဝမ်ရှစ်များသည် မည်သည့်မျိုးနွယ်စုကမှ လှံများကို မြားတံများသဖွယ် ပစ်လွတ်ကြသည်ကို မမြင်ဖူးခဲ့ကြပေ။
မီးတောက် ဦးချို မျိုးနွယ်စုမှ လူများမှာမူ သန်မာကြသဖြင့် ထိုကိစ္စကို အရေးကြီးသည် မထင်ပေ။
မကြာခင်တွင် ဒုတိယအကြိမ်မြောက် လှံမိုး ရွာချလာပြန်သည်။ ဤတစ်ကြိမ်တွင်မူ လူတိုင်းသည် ဒိုင်းကာများကို မကိုင်ထားဖြစ်လျှင် အဆောက် အဦးများ နောက်တွင် ပုန်းအောင်းလိုက်ကြသည်။
လှံများကို ပစ်လွတ်လိုက်ပြီးနောက် တွင် မီးတောက်ဦးချို မျိုးနွယ်စုသည် ရပ်တန့်နေခြင်း မပြုပေ။ လှံများကို ဒုတိယအကြိမ် ပစ်လွတ်လိုက်ပြီးနောက်တွင် သူတို့အားလုံး ပြေးတက်လာခဲ့ကြသည်။
ဝမ်ရှစ်များ၏ ကျောက်တုံး နံရံများသည် သူတို့ရှေ့တွင်ပင် ရှိနေခဲ့သည်။
ဒုတိယအကြိမ် လှံများပစ်လွတ်လိုက်ပြီးသည့်နောက်တွင် အချိန်ကြပြီဖြစ်မှန်း ရှောက်ရွှမ် သိလိုက်သည်။
“ ရှေ့တက်ကြ “
ရှောက်ရွှမ် လေ၏ အလျင်ဖြင့် ပြေးတက်လိုက်သည်။ ထို့နောက် လေထဲသို့ ခုန်တက်လိုက်ပြီး ထော့်၏ ဓါးပြားကြီးပေါ်သို့ တဆင့် ခုန်တက်လိုက်ပြန်သည်။
ထွော့၏ ခွန်အားကြီးသည့် လက်မောင်းသည်
လှုပ်ယမ်းသွားပြီး ဓါးနှင့်အတူ ရှောက်ရွှမ်ကို အမြင့်သို့ ပို့ပေးလိုက်သည်။
သုန့်ကန်း၊ ကွေ့ဟယ်နှင့် ထာ့တို့သည်လည်း ရှောက်ရွှမ်နည်းတူ ခုန်တက်လိုက်ကြသည်။
စစ်သည်တော်များကြားမှ အရိပ်လေးခုတို့သည် စွန်ရဲ လေးကောင်ကဲ့သို့ ပျံတက်လာခဲ့သည်။
သူတို့ ပျံတက်လာစဉ် စစ်ပွဲ၏ အသံများ မြည်ဟည်းနေခဲ့လေပြီ။
ရှောက်ရွှမ် မျက်နှာကို တိုးဝင်နေသည့် လေအေးနှင့်အတူ မြေသင်းနံ့ကိုပါ ရှူရှိုက်လိုက်ရသည်။ သူ့စစ်တပ်မှ သတ်ဖြတ်လိုစိတ် များကိုလည်း သူခံစားမိလိုက်သည်။
သူတို့အားလုံးသည် အမဲလိုက်နေသကဲ့သို့ အတူတူ အလုပ်လုပ်ဆောင်နေကြလေသည်။ သူတို့ အမဲလိုက်သည့် အချိန်တွင် သူတို့အနေဖြင့် သူတို့ကို မရိပ်မိစေရန် ထိန်းသိမ်းရန် လိုအပ်သောလည်း ယခုစစ်ပွဲတွင်မူ ထိုသို့ ထိန်းသိမ်းရန် မလိုအပ်ပေ။
သူ့စစ်သည်များ ထိုမျှ သတ်ဖြတ်လိုစိတ် ပြင်းထန်နေခြင်းကို ရှောက်ရွှမ် တစ်ခါမှ မခံစားမိခဲ့ဖူးပေ။ လေထုထဲတွင် ဒေါသများပြည့်နှက်နေပြီး လူတိုင်းသည် မီးတောင် ပေါက်ကွဲသကဲ့သို့သော စွမ်းအားများကို ပေါက်ကွဲထွက်နေစေသည်။ ဝမ်ရှီများသည် သူတို့ထံ တိုက်ခတ်လာသည့် ဆူနာမီလှိုင်းလုံးများနှင့် ရင်ဆိုင်လိုက်ရသည့် နှယ်ပင် ဖြစ်သည်။
သူ့ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအားများသည် ဘေးပတ်ဝန်းကျင်မှ အချက်အလက်များ အားလုံးကို
သူ့ကိုပြောပြနေသည့်ပုံဖြစ်သည်။ မကြာခင်တွင် ခရမ်းနက်ရောင် တက်တူး အမှတ်များသည် သူ့ခန္ဓာကိုယ်တစ်ခုလုံး ပြန့်နှံ့သွားပြီး မှောင်နေသည့် ကာလတွင် အခြားသူများမှ သူ့အား မြင်တွေ့ရ ပိုမိုခက်ခဲနေစေသည်။
သူတို့နီးကပ်လာသည်နှင့်အမျှ ရှောက်ရွှမ် နံရံများပေါ်တွင် ပြေးလွှားနေခဲ့သည်။ ထို့နောက် သူ့ဓါးကို ထုတ်ယူလိုက်ပြီး သူ့ထံ တိုးဝင်လာနေသည့် မြားတံများကို ရိုက်ထုတ်လိုက်သည်။ ထို့နောက် စစ်သည်တော်များကို ဝင်တိုက်လိုက်သည်။
အရိုးကျိုးသံများ ထွက်ပေါ်လာပြီး လူများလွင့်စင်သွားကြသည်။
ဒိုင်းကိုင်ထားကြသည့် ဝမ်ရှစ်များသည် ရှောက်ရွှမ် ထိုသို့ သူတို့၏ ဒိုင်းများပေါ်တွင် ပြေးလွှားပြီး သူတို့ကို ဝင်တိုင်လိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ထို့နောက် သူတို့ သေဆုံးသွားကြသည်။
ရှောက်ရွှမ် ရုတ်တရက် ပေါ်ထွက်လာမှုကြောင့် ဝမ်ရှစ်များရုတ်ရုတ်သဲသဲ ဖြစ်သွားကြလေသည်။
ထိုနေရာတွင် လှံတံများထံမှ ပုန်းအောင်းနေကြသည့် လူဆယ်လောက်ခန့် ရှိနေခဲ့သည်။ ရှောက်ရွှမ် မိုးပေါ်မှ ထိုသို့ ခုန်ချလာလိမ့်မည်ဟု သူတို့မထင်ထားခဲ့မိကြပေ။ ထိုအရာသည် ရူးသွပ်လွန်းလှပေသည်။
သို့သော်လည်း သူတို့အားလုံး အလျင်အမြန် အုပ်စုပြန်ဖွဲ့လိုက်ပြီး သူတို့၏ လက်နက်များဖြင့် ပြန်လည် တိုက်ခိုက်လိုက်ကြသည်။
ရှောက်ရွှမ် မြားတစ်စင်းကဲ့သို့ အရှိန်ဖြင့် ရှေ့တက်လိုက်သည်။ ထို့နောက် သူ့ဓါးကို တောင်ကို ခုတ်
ပိုင်းလိုက်သည့် ခွန်အားဖြင့် လွဲယမ်းတိုက်ခိုက်လိုက်သည်။
ထိုကဲ့သို့သော စွမ်းအားမျာရှေ့တွင် ဓါးကိုင်ထားသည့် လူတိုင်းသည် စွမ်းအားများကင်းမဲ့သွားသလို ခံစားလိုက်ကြရလေသည်။
ကလန့်.......
ရှောက်ရွှမ်၏ တိုက်ကွက်ကို တားဆီးလိုက်သည့် လူတစ်ယောက်သည် သူ့လက်ထဲမှ ဓါးလွင့်စင်သွားသည်ကို မြင်တွေ့လိုက်ရသည်။ ထို့နောက် သူသည်လည်း နောက်ပြန်လွင့်သွားခဲ့သည်။
ရှောက်ရွှမ်သည် မျက်တောင်မခတ်ပဲ လမ်းတစ်လျှောက်တွင် သတ်ဖြတ်နေခဲ့သည်။ သူ့ဓါးသည် မိုးကြိုးလျှပ်စီးများ ရိုက်ခတ်သွား
သည့်နှယ် မြန်ဆန်လွန်းလှသည်။ သူ့ခြေထောက်များ၏ ရွေ့လျား မှုသည်လည်း လေတိုင်သည့်နှယ် ပင် ဖြစ်သည်။ သူ့ဓါးကို လှုပ်ယမ်းလိုက်သည့် အချိန်တိုင်းတွင် စူးရှသည့် လေတိုးသံများကို ကြားရလေ့ရှိသည်။ ရိုက်ခတ်မှုတိုင်းသည် ပေါင်ထောင်ပေါင်းများစွာ လေးလံသည့် အရာဖြင့် ရိုက်ခတ်လိုက်သည့်နှယ်ပင် ဖြစ်သည်။ သူ့လမ်းတွင်ရှိနေသည့် လူတိုင်း လဲကျသွားကြလေသည်။ သူကန်လိုက်သည့်အချိန်တိုင်းတွင်လည်း လူတစ်ယောက် လွင့်စင်သွားမြဲဖြစ်သည်။ သတ္တုချင်း ထိမိသံများ၊ ကျောက်တုံးများ ရိုက်ခတ်သံများ၊ လက်သီး ဖြင့် ရိုက်ပုတ်သံများသည် နေရာတစ်ခုလုံးတွင် းပြန့်နှံ့နေခဲ့သည်။ အသံတိုင်းသည် လူအများ၏ စိတ်ကို တုန်လှုပ်စေနိုင်သည်။
ရှောက်ရွှမ်သည် သူရင်ဆိုင်နေရသည့် ရန်သူ မည်မျှရှိသည်ကို ရေတွက်နေရန် အချိန်မရှိပေ။ သူ့ အာရုံသည် တိုက်ခိုက်သည့်နေရာတွင်သာ ရှိနေခဲ့သည်။
ဓါးများ၊ လက်သီးများ၊ လှံများ ၊ ခြေထောက်များဖြင့် တိုက်ခိုက်နေကြသည့် တိုက်ပွဲအကြားတွင် ရှောက်ရွှမ် ၏ အာရုံများသည် အထူးပင် စူးရှနေခဲ့သည်။ ဓါးများ မည်သည့် လမ်းကြောင်းမှ သူ့ထံလာနေသည်၊ သူတို့ မည်သို့ တိုက်ခိုက်တော့မည် ဟူသည့် အရာများကိုပင် သူသည် ခန့်မှန်းနိုင်နေခဲ့သည်။
ရှောက်ရွှမ်သည် ပင်လယ်နံရံများကို မြောက်ပင့်ထားရသည့် ခံစားချက်ကို ခံစားနေခဲ့ရသည်။ ထိုအချိန်က သူသည် သူ့ဘိုးဘေး၏ စွမ်းအားများကို အငှားသုံးခဲ့ရသည်။ ယခုတွင်မူ သူ့ဘိုးဘေးသည် သူ့ကို မကူညီနိုင်တော့ပေ။ သူ့အနေဖြင့် သူ့စွမ်းရည်များကိုသာ အားကိုးရန် ရှိသည်။
ရှင်သန်နိုင်ရေးသည်သာ အဓိကဖြစ်လေသည်။ တောရိုင်းကမ္ဘာပင် မဟုတ်ပေလော။
ငြိမ်းချမ်းမှု၏ နောက်ကွယ်တွင် သွေးများနင့် သတ်ဖြတ်ခြင်းများ ရှိနေခဲ့သည်။ ဤသည်မှာ ကျောက်ခေတ် ဥပဒေသပင် ဖြစ်သည်။
မျိုးနွယ်စုတွင် အချိန်အတော်ကြာ နေခဲ့ပြီဖြစ်သဖြင့် ရှောက်ရွှမ်သည် မျိုးနွယ်စုနှင့် တစ်သားထဲဖြစ်နေပြီဖြစ်သည်။ သူသည် မီးတောက် ဦးချို မျိုးနွယ်စုဝင်တစ်ယောက် ဖြစ်သည်။သူသည် တစ်ယောက်ထဲမဟုတ်ပေ။ သူ့နောက်တွင် လူပေါင်းများစွာ ရှိနေသည်။ သူ့အတွက် သူတိုက်ခိုက်နေခြင်း မဟုတ်ပေ။ ပုန်းအောင်းနေရသည့် သူ့မျိုးနွယ်စုအတွက် တိုက်ခိုက်နေခြင်း ဖြစ်သည်။ ထို့အပြင် ပျောက်ဆုံးနေခဲ့သည့် မီးတောက် ဦးချိုများ မျိုးနွယ်စု၏ ဂုဏ်သိက္ခာအတွက် တိုက်ခိုက်နေရခြင်း ဖြစ်သည်။
ငါက မီးတောက် ဦးချို မျိုးနွယ်စုက လူတစ်
ယောက်ပဲ........
ငါက ငါ့မျိုးနွယ်စုအတွက် တိုက်ခိုက်ရမယ်........
စိတ်လှုပ်ရှားမှုများဖြင့် သူ့သွေးများ ဆူပွက်နေခဲ့သည်။ သူ့စိတ်ထဲတွင် မျိုးနွယ်စု မီးတောက်များသည် တောက်လောင်နေခဲ့လေပြီ။ သူ့ခန္ဓာကိုယ်ပေါ်မှ တတ်တူးများသည် နွယ်ပင်များကဲ့သို့ပင် ဖြစ်နေခဲ့၏။ ခရမ်းရောင် အမှတ်အသားများအောက်တွင် မှိတ်ဖျော့သည့် ခရမ်းရောင် အလင်းများ တောက်ပနေခဲ့သည်။
ဝမ်ရှစ် စစ်သည်တော်များ သူ့ကို ထိတ်လန့်စွာဖြင့် ကြည့်လိုက်ကြသည်။ သူသည် လူများစွာဖြင့် ဝန်းရံတိုက်ခိုက်ခြင်းကို ခံနေရသော်လည်း ရှုံးနိမ့်မည် ပုံစံမရှိပေ။ ဤသည်မှာ တစ်ကိုယ်တော် ပြပွဲတစ်ခုကဲ့သို့ ဖြစ်နေသည်။ ဤလူသည် ငါးတစ်ကောင်ကဲ့သို့ပင် တိုက်ခိုက်မှုများ
ကို ရှောင်တိမ်းနိုင်နေခဲ့သည်။
ရှောက်ရွှမ် ဝင်ရောက်တိုက်ခိုက်ပြီးနောက်တွင် မီးတောက် ဦးချို မျိုးနွယ်စုမှ စစ်သည်များလည်းရောက်လာနေကြပြီဖြစ်သည်။ သူတို့အားလုံးသည်လည်း တူညီသည့် နည်းလမ်းဖြင့် နံရံများကို ကျော်ဖြတ်လာခဲ့ကြသည်။ ထို့နောက် တိုက်ပွဲကို ဝင်ရောက်ဆင်နွဲကြလေသည်။
နံရံများသည် မြင့်မားပြီးပြဿနာများကို ဖြေရှင်းပေးနိုင်သည်။ သို့သော်လည်း မီးတောက် ဦးချို မျိုးနွယ်စုသည် ယခင်နည်းလမ်းဖြင့် နံရံများကို ကျော်တက်လာမည်ကိုတော့ ဝမ်ရှစ်များ မခန့်မှန်းမိခဲ့ကြပေ။
သွေးများ နေရာအနှံ့ စွန်းပေနေခဲ့ပြီး မနက်ခင်း လေထုသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
အသက်ရှိနေကြသည့် သတ္တဝါမှန်သမျှ ထွက်ပြေးကြပြီဖြစ်သည်။
မီးတောက်ဦးချိုမျိုးနွယ်စု ရောက်လာသည့် အချိန်တွင် ဝမ်ရှီ မျိုးနွယ်စု ခေါင်းဆောင်နှင့် အမဲလိုက် ခေါင်းဆောင်များလည်း ရောက်လာကြပြီဖြစ်သည်။
မီးတောက် ဦးချိုမျိုးနွယ်စု လာရောက်တိုက်ခိုက်မည်ကို သူတို့သိထားကြပြီးဖြစ်သဖြင့် ဖေးကျီသည် အံ့သြနေခြင်းတော့ မရှိပေ။ သို့သော်လည်း မြင်ကွင်းများကို မြင်တွေ့လိုက်ရသည့်အချိန်တွင် သူအလွန်ဒေါသထွက်သွားမိသည်။ သူ့ခေါင်းဆောင်သက်တမ်းတစ်လျှောက်တွင် ဝမ်ရှစ်များသည် သူများကိုသာ တိုက်ခိုက်ခဲ့သည်။ တစ်ကြိမ်မှ တိုက်ခိုက်ခံခဲ့ရခြင်း မရှိပေ။
ဖေးကျီ မတ်တပ်ရပ်နေခဲ့သည်။ ထို့နောက် ပြူးကျယ်သည့်မျက်လုံးများဖြင့် တိုက်ပွဲကို လေ့လာနေလိုက်သည်။ သူ့မျက်လုံးအကြည့်များ အေးစက်သွားပြီး ကြုံးဝါးလိုက်သည် “ သူတို့အားလုံးကို သတ်ပစ်....... “
သူ့ကြုံးဝါးသံမဆုံးခင်မှာပင် ဖေးကျီ၏ လူများ ရှေ့သို့ တိုးဝင်သွားကြပြီး တိုက်ပွဲအတွင်း ဝင်သွားကြသည်။ တိုက်ခတ်နေသည့် လေသည် တိုက်ပွဲဝင် ဗုံသံနှင့် တူနေခဲ့သည်။
ဖေးကျီနောက်တွင် များစွာသော လူများ လိုက်ပါသွားကြသည်။
မျိုးနွယ်စုနှစ်ခု၊ မတူညီသည့် စွမ်းအားနှစ်ခု တို့သည် မည်သည့်ဖက်မှ နောက်ဆုတ်ရန် မစဉ်းစားကြတော့ပေ။ ကုန်းမြေတိုက်ကြီးနှစ်ခုလို
ပင် သူတို့ နှစ်ဖွဲ့ ရင်ဆိုင်တိုက်ခိုက်ကြလေပြီ။ မရေမတွက်နိုင်သည့် အရာများ ဖြစ်လာခဲ့သည်။ လေထုသည်ပင် တိုက်ခတ်နေသည့် အရပ်မျက်နှာ ပြောင်းသွားဟန် ရသည်။
အခန်း (၅၁၀) ဝမ်ရှစ်
အစွမ်းအထက်ဆုံးသော ဝမ်ရှစ် စစ်သည်တော်များ တိုက်ပွဲတွင် ဝင်ပါလာသဖြင့် ကျန်နေသည့် လူများသည် တိုက်ပွဲ အလည်နေရာမှ ခါးသီးသည့် မျက်နှာများဖြင့် ပြန်ထွက်လာခဲ့ကြသည်။
ဝမ်ရှစ်များသည် မီးတောက်ဦးချို မျိုးနွယ်စုမှ ခေါင်းဆောင်များကို လှမ်းမြင်နေရသည်။ ရှေ့တန်းမှလူများသည် သာမန်လူများ မဟုတ်ကြပေ။ သူတို့ကို သန်မာသည့် စစ်သည်တော်များတိုက်ခိုက်ရန်အတွက် ချန်ထားလိုက်ကြသည်။ စစ်သား အချင်းချင်းတိုက်ခိုက်ပြီး ဗိုလ်ချုပ်အချင်းချင်း တိုက်ခိုက်ကြမည် ဖြစ်သည်။
ရှောက်ရွှမ်ကို တားဆီးနိုင်ရန်အတွက် ကြိုးစားနေကြသည့် ဝမ်ရှစ်များသည် ဓါးဖြင့်ခုတ်ပိုင်းခြင်း ၊ ကန်ထုတ်ခြင်းကို ခံနေရသည်။ သူ့ဘေးပတ်လည်
မှ ဝန်းရံနေသည့် လူများသည် ဒဏ်ရာကိုယ်စီ ရှိနေကြလေသည်။ သူတို့အ သက်ရှုသံများသည် သွေးညီနံများ ဖုံးလွှမ်းနေခဲ့သည်။ မကြာခနလည်း သွေးများကို အန်ထုတ်နေကြရသည်။ သူတို့အနည်းငယ် အာရုံပြန့်မိသည်နှင့် ကန်ထုတ်ခြင်းကို ခံနေရလေသည်။
သူတိုင်းသည် ထိုမယုံကြည်နိုင်ဖွယ်ခွန်အားနှင့် ရှောက်ရွှမ်ကို ကျိန်ဆဲနေခဲ့ကြသည်။ တိုက်ခိုက်မှုများကို တားဆီးနိုင်လိုက်လျှင်သော်မှ သူတို့၏ လက်မောင်းများ နာကျင်သွားသည်ကို ခံစားနေကြရသည်။ အကယ်၍ ထိုသို့သာ ဆက်ဖြစ်နေခဲ့လျှင် သူတို့သည် မကြာခင်တွင် လက်နက်များကိုပင် ကိုင်စွဲနိုင်ကြတော့မည် မဟုတ်ပေ။
အမှန်တကယ်တွင် ဤအရာသည် ရှောက်ရွှမ် အတွက်လည်း လွယ်ကူနေခြင်း မရှိခဲ့ပေ။ တိုက်ပွဲသည် အနည်းငယ် ရှည်ကြာလာခဲ့ပြီး သူ့အသက်ရှု
သံများ မြန်လာခဲ့ပြီဖြစ်သည်။ သူ့တိုက်ခိုက်မှုများသည် ယခင်ကလောက် မြန်ဆန်နေခြင်း မရှိတော့ပေ။ ဤအခိုက်အတန့်တွင် တစ်စက္ကန့်သည် စက္ကန့် နှစ်ဆယ်ခန့်နှင့် ညီမျှနေခဲ့သည်။
သူသည် ထိုသူများကို ကိုင်တွယ်ရန်အတွက် လုံလောက်သည့် ခွန်အားများ ရှိပေသည်။ ထို့အပြင် သူ့ထံတွင် အားကိုးရသည့် စစ်သည်များလည်း ရှိနေသေးသည်။ သူ့ ဝန်ထုပ်ဝန်ပိုးကို မျှဝေရန်အတွက် စစ်သည်များရောက်လာသဖြင့် သူအသက်ရှု ချောင်လာခဲ့သည်။
“ သွားကြ “
တောက်ပသည့် နှင်တံရှည်ကို ကိုင်ထားသည့် လူတစ်ယောက်သည် ကုန်းမြင့်တစ်ခုပေါ်တွင် မတ်တပ်ရပ်နေခဲ့သည်။ သူ့လက်ထဲတွင် တောက်ပနေသည့် ဓါးများလည်း ရှိနေသေးသည်။ သူသည်
သတ်ဖြတ်လိုစိတ်များဖြင့် တုန်ယင်နေလေသည်။
သူသည် ဝမ်ရှစ်မျိုးနွယ်စုမှ အမဲလိုက်ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။ ဖေးကျီနှင့် အတူတူ သူတို့လာခဲ့ကြပြီး ဖေးကျီတိုက်ပွဲ၏ တစ်ဖက်တွင်ရောက်နေစဉ် သူ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
သူ့စစ်သည်တော်များသည် လူတစ်ယောက်ကိုပင် နိုင်အောင် မတိုက်ခိုက်နိုင်သည်ကို တွေ့နေရသဖြင့် သူသည် ဒေါသအလွန်ထွက်နေခဲ့လေသည်။ သူ့နှာခေါင်းပေါက်များ ကျယ်ပြန့်နေပြီး အခိုးအငွေ့များပင် ထွက်နေဟန် ရှိသည်။
ရှောက်ရွှမ်ဘေးမှ လူတိုင်း တဖက်သို့ လှည့်ထွက်လိုက်ကြသည်။ သူတို့သည် အမဲလိုက်ခေါင်းဆောင်များ၏ ကိစ္စထဲတွင် ပါဝင်ပတ်သက်လိုခြင်း မရှိကြပေ။ မဟုတ်လျှင် သူတို့အနေဖြင့်
ပြင်းထန်သည့် ဒဏ်ရာများ ရသွားနိုင်သည်။
အမဲလိုက်ခေါင်းဆောင် ပြေးဝင်လာသည့်အချိန်တွင် ရှောက်ရွှမ်သည် လေထုအနေအထားပြောင်းလဲသွားသည်ကို ခံစားမိလိုက်သည်။ ချွန်ထက်နေသည့် နှင်တံသည် ကျွန်ပိုင်ရှင်များ ပေးကမ်းထားသည့် သတ္တုများဖြင့်ပြုလုပ်ထားသည်နှင့်တူသည်။ ၎င်းသည် နှင်တံထက် လှံရှည်တစ်ချောင်းနှင့် ပိုတူနေခဲ့သည်။ လက်ကိုင်၏ အဆုံးတွင် လှံတံကဲ့သို့ ချွန်ထက်နေပြီး ထို့နောက်တွင် အချွန်အထက်များစွာ ရှိနေခဲ့သည်။ လက်ကိုင်သည်လည်း ရှည်လျားလှပေသည်။
သူပြေးဝင်လာနေရင်းပင် သူ့လက်ထဲမှ နှင်တံကို ဝေ့ယမ်းနေခဲ့သည်။ အချွန်အထက်များနှင့် ထိမိလျှင်တော့ ထိုသူ ချက်ချင်း သေနိုင်သည်။
ရှောက်ရွှမ် ရှေ့တွင် ဝမ်ရှစ်နှစ်ယောက် ရပ်နေခဲ့
သဖြင့် သူ သူတို့ကို လွင့်စင်သွားစေခဲ့သည်။ ထို့နောက် မရပ်တန့်ပဲ ဝမ်ရှီ အမဲလိုက်ခေါင်းဆောင်ထံ ပြေးဝင်သွားလိုက်သည်။
နှစ်ဖက်လုံးသည် တစ်ဦး ဆီတစ်ဦး ဦးတည်ပြီးပြေးဝင်သွားကြသည်။ မျက်တောင်တခတ်အတွင်း မှာပင် သူတို့နှစ်ယောက် နီးကပ်သွားကြပြီဖြစ်သည်။
ရှောက်ရွှမ် လက်ထဲမှ ဓါးဖြင့် လေကို ခုတ်ပိုင်းလိုက်သည်။ လေတိုးသံနှင့်အတူ မိုးချိန်းသံကဲ့သို့သော အသံတစ်ခု ထွက်ပေါ်လာသည်။
အမဲလိုက်ခေါင်းဆောင်သည် ခြေနှစ်ဖက်ကို မြေတွင် စုံရပ်လိုက်ပြီး သူ့နင်တံကို ဝှေ့ယမ်းလိုက်လေသည်။ ထို့နောက် ရှောက်ရွှမ်၏ ဓါးကို ရင်ဆိုင်လိုက်သည်။
ရှောက်ရွှမ်၏ ဓါးကို ကုန်းကျားဟုန် ကိုယ်တိုင် ပြုလုပ်ထားခြင်း ဖြစ်သည်။ သူသည် မီးတောက် ဦးချိုများ မျိုးနွယ်စုအနေဖြင့် သန်မာလှသည်ကို သိထားပြီးဖြစ်သဖြင့် ပုံမှန် ဓါးများထက် ပိုကြီးပြီး ဗြက်ကျယ်သည့် ဓါးကို ပြုလုပ်ပေးခဲ့သည်။ သူမည်သည့်ပစ္စည်းများဖြင့် ပြုလုပ်ထားသည်ကိုတော့ မသိရသော်လည်း ဓါးသည် သာမန်ထက် လေးလံနေခဲ့လေသည်။ သို့သော်လည်း ရှောက်ရွှမ် အတွက်မူ လေးလံခြင်းသည် ပြဿနာမဟုတ်ပေ။ ကုန်းကျားဟုန်အနေဖြင့် ယခုထက်ပိုလေးသည့် ဓါး ပြုလုပ်ပေးရန်ကိုပင် သူတွေးနေမိသည်။
ဓါးခုတ်ပိုင်းချက်သည် လေထဲတွင် လှပစွာ ထွက်ပေါ်လာသည်။ ထို့နောက် လေထုကို ပိုင်းဖြတ်လိုက်သည်။
ထိတွေ့သွားကြသည့် အချိန်တွင်ပင် ဝမ်ရှစ်အမဲ
လိုက်ခေါင်းဆောင်သည် သူ့လက်များ နာကျင်သွဦးသည်ကို ခံစားလိုက်ရလေသည်။ ဤ တိုက်ကွက်တစ်ခုတည်းနှင့်ပင် သူ့ကြမ်းတမ်းနေခဲ့မှုများ ပျောက်ရှသွားသည်။ သူ့လက်ညိုးနှင့် လက်မကြား အရည်ပြားသည် အက်ကွဲသွားပြီး သွေများ စီးကျလာခဲ့သည်။
မီးတောက် ဦးချိုများ မျိုးနွယ်စုသည် သန်မာလှကြောင်းကို သူသိထားသော်လည်း ဤတစ်ကြိမ်သည် သူ ပထမဆုံးအကြိမ် သူတို့နှင့်တိုက်ခိုက်ဖူးခြင်းဖြစ်သည်။ သူတို့သည် သူမှန်းထားသည်ထက် သန်မာပေသည်။ တိုက်ကွက်တစ်ခုနှင့်ပင် ကြွက်သားများ အရိုးများ အားလုံး တုန်ယင်သွားခဲ့ရသည်။ သူ့အရိုးအဆစ်များသည်လည်း နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့နှလုံးသားသည် ရင်ဘတ်ထဲမှ ထွက်လာတော့မည်ကဲ့သို့ ဖြစ်သည်။ သူ့လက်မောင်းမှ သွေးကြောများ ပေါက်ကွဲထွက်တော့မည်ကဲ့သို့ သူခံစားလိုက်ရသည်။
တစ်စက္ကန့်အတွင်းမှာပင် မီးတောက်ဦးချို မျိုးနွယ်စုမှ ဤကလေးကို သူအထင်သေးမိပြီဖြစ်မှန်း သူသိလိုက်သည်။ သူသိသည်မှာကြောက်ရွံ့မှုတစ်ခုသာ ဖြစ်သည်။ အကယ်၍ မီးတောက် ဦးချို မျိုးနွယ်စုမှ လူငယ်တိုင်းသည် ဤလူငယ်ကဲ့သို့ သန်မာနေခဲ့လျှင် ဝမ်ရှစ်များ အသက်ရှင်သန်ခွင့်ပင် ရဦးမည်လော။
မျိုးနွယ်စု ခေါင်းဆောင် အတွက်မှားခဲ့ပုံရသည်။ သူတို့ မတိုက်ခိုက်ပဲ ထွက်သွားသင့်ပေသည်။
လူများက ပြောကြသည်မှာ မီးတောက်ဦးချို မျိုးနွယ်စုသည် လွန်ခဲ့သည့် နှစ်တစ်ထောင်ခန့်က ကြီးမားချမ်းသာသည့် မျိုးနွယ်စု တစ်ခု ဖြစ်ခဲ့သည်ဟု ဆိုကြသည်။ ယခုလက်ရှိ မျိုးနွယ်စုကြီးများသည်ပင် မီးတောက်ဦးချို မျိုးနွယ်စုကို သတိထားကြရသည်။ နှစ်တစ်ထောင် ကုန်လွန်ခဲ့ပြီးသည့်နောက်တွင် မီးတောက် ဦးချို မျိုးနွယ်စု
သည် ၎င်းတို့၏ ယခင် ဂုဏ်ကျက်သရေကို ပြန်ရလာခဲ့ပြီဖြစ်သည်။
ဘုန်း.......
ဗုံးတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ပင် သူတို့မတ်တပ်ရပ်နေခဲ့သည့် မြေပြင်သည် တုန်ယင်လာပြီးအောက်သို့ နိမ့်ကျသွားလေသည်။ လေထုထဲတွင် မြေမှုန်များ လွင့်တက်လာခဲ့သည်။
လူတိုင်းသည် မြေပြင်တုန်လှုပ်နေသည်ကို ခံစားမိလိုက်ကြသည်။ အားနည်းသောလူများဆိုလျှင် မတ်တပ်ပင် မရပ်နိုင်ကြတော့ပေ။ ပိုဆိုးသည်မှာ မြေပြင် တုန်လှုပ်နေသောကြောင့် မဟုတ်ပဲ စစ်သည်များ၏ စိတ်ကို သက်ရောက်မှုဖြစ်စေသည့် ခံစားချက်ဖြစ်သည်။
ဤသည်မှာ အဆုံးသတ်မဟုတ်သေးပေ။
ပုံရိပ်နှစ်ခု ဖုံများကြားထဲမှ ထွက်ပေါ်လာသည်။ အခြားသူများ သူတို့ကို မရှောင်နိုင်ခင်မှာပင် နားကွဲလုမတတ် သတ္တုချင်း ထိခိုက်မိသံများ ထွက်ပေါ်လာသည်။ ထို့နောက် ပေါက်ကွဲသံ တစ်ခုပြီး တစ်ခု ဆက်တိုက်ထွက်ပေါ်လာသည်။ နောက်တခနတွင် သူတို့ရပ်နေသည့် မြေပြင်သည် ကြီးမားသည့် အက်ကွဲကြောင်းများ ဖြစ်လာခဲ့သည်။
သူတို့လမ်းတွင်ရှိနေကြသည့် ဝမ်ရှစ်များသည် ပြင်းထန်သည့် ဖိအားများကို ခံစားလိုက်ရလေသည်။ သူတို့၏ ရင်ဘတ်များသည် ကျောက်တုံးများဖြင့် ပစ်ပေါက်ခြင်း ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ ထို့နောက် လူများ လွင့်စင်သွားကြသည်။
ကျန်လူများသည်လည်း ကူညီပေးနိုင်ကြခြင်း မရှိ
ကြပေ။ ဝမ်ရှစ် အမဲလိုက်ခေါင်းဆောင်သည် ယခုတွင် စိတ်ပူနေခဲ့ပြီဖြစ်သည်။ သူသည် ရှောက်ရွှမ်ကို ထပ်မံတိုက်ခိုက်ရဲခြင်း မရှိတော့ပေ။ သူနောက်ပြန်ဆုတ်လိုက်သည့် အချိန်တွင် ထူးဆန်းသည့် အသံတစ်ခုကို ပြုလုပ်လိုက်သည်။ သူသည် ဤကောင်လေးနှင့် ဆက်ပြီးတိုက်ခိုက်နိုင်ခြင်း မရှိတော့ပေ။ သူသည် သူ့အကန့်အသတ်သို့ ရောက်နေခဲ့ပြီဖြစ်သည်။ အကယ်၍ ဤအတိုင်းသာ ဆက်ဖြစ်နေခဲ့လျှင် လေထဲလွင့်စင်သွားသည့် လူများထက်ပင် သူ့အခြေအနေ ပိုဆိုးသွားနိုင်သည်။ သူ့ခေါင်းသည်လည်း ဤကောင်လေးကြောင့် ပြတ်ထွက်သွားနိုင်သည်။
ပုံရိပ်နှစ်ခု တိုက်ပွဲထဲမှ ခုန်ထွက်လာပြီး သူတို့ထံပြေးလာခဲ့သည်။ တဖက်လူသည် အကူအညီတောင်းနေခြင်း ဖြစ်မှန်းကို ရှောက်ရွှမ် သိလိုက်ရသည်။ သူ ဤလူကို အဆုံးသတ်ရန် ကြံလိုက်သော်လည်း အကူအညီများ ရောက်လာနေပြီဖြစ်သောကြောင့် သူရပ်တန့်လိုက်ရသည်။
ထို့နောက် စစ်ကူနှစ်ယောက်တို့နှင့် သူရင်ဆိုင်လိုက်သည်။
အမဲလိုက်ခေါင်းဆောင်သည် အသက်ကို ပြင်းစွာရှုနေရပြီး တစ်စုံတစ်ခု မှားယွင်းနေသည်ကို သတိပြုလိုက်မိသည်။ သူနောက်ဆုတ်တော့မည် ကြံလိုက်သည့်အချိန်တွင် တစ်စုံတစ်ယောက်သည် သူ့ချပ်ဝတ်ကို ဖမ်းဆုပ်လိုက်ပြီး သူ့ကို လေထဲပင့်တင်လိုက်သည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူသည် လေထဲတွင် မျောလွင့်သွားပြီး အနီးရှိ အိမ်တစ်လုံး ဆီသို့ လွင့်ပစ်ခံလိုက်ရသည်။ သူနံရံနှင့် ထိမှန်သွားသည့် အချိန်တွင် ကျယ်လောင်သည့် ပေါက်ကွဲသံတစ်ခုကို ကြးလိုက်ရလေသည်။
သူ အမဲလိုက်ခေါင်းဆောင် ဖြစ်နေခဲ့သည်မှာ အချိန်အတန်ကြာခဲ့ပြီဖြစ်သည်။ သူသည် တိုက်ပွဲများစွာကို တိုက်ခိုက်ဖူးပြီး မျိုးနွယ်စု
ခေါင်းဆောင် အားကိုးရသည့် လူတစ်ယောက်လည်း ဖြစ်သည်။ သူ ယခင်က ယခုကဲ့သို့ လွင့်ပစ်ခြင်း ကို မခံခဲ့ရဖူးပေ။ မျိုးနွယ်စု ခေါင်းဆောင် ဖေးကျီသည်ပင် သူ့ကို ထိုသို့မလုပ်ခဲ့ပေ။
သူသည် တိရိစ္ဆာန် ငယ်တစ်ကောင်ကဲ့သို့ မတင်ပြီး ပစ်လွတ်ခံခဲ့ရသည်။ ဤသည်မှာ စော်ကားခံရခြင်းသာ ဖြစ်သည်။
သို့သော်လည်း သူသည် အတွင်းဒဏ်ရာများစွာကို ရရှိထားပြီးဖြစ်သည်။ အကယ်၍ သူဒေါသထွက်ခဲ့လျှင်ပင် သူမတ်တပ်ရပ်ပြီး သူ့ကို လွင့်ပစ်လိုက်သည့်လူကို လက်စားမချေနိုင်သေးပေ။ သူသည် မည်သို့ပင်ဖြစ်စေ တိုက်ပွဲထဲတွင် မပါဝင်နိုင်တော့ပေ။ ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူသည် သာမန်စစ်သည်တော်များကိုသာ ရင်ဆိုင်နိုင်တော့မည်ဖြစ်သည်။ အမဲလိုက်ခေါင်းဆောင်များကို ရင်မဆိုင်နိုင်တော့ပေ။
ဝင်လာသည့် လူနှစ်ယောက် တို့ကို တားဆီးထားလိုက်ပြီးနောက် ကွေ့ဟယ် သူ့လက်ကို မြှောက်လိုက်ပြီး အမဲလိုက်ခေါင်းဆောင်ကို လွင့်ပစ်လိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူ ရှောက်ရွှမ်ကို အချက်ပြလိုက်သည်။ တိုက်ပွဲကို သူဆက်လက် ဆင်နွဲမည်ဖြစ်ပြီး ရှောက်ရွှမ် မှာ သူလုပ်စရာရှိသည်ကို ဆက်လုပ်နိုင်ပေမည်။
ယခုတွင် ကွေ့ဟယ်နှင့် အခြားစစ်သည်တော်များလည်း ရောက်လာပြီဖြစ်သဖြင့် ရှောက်ရွှမ် တုံ့ဆိုင်းနေခြင်း မရှိတော့ပေ။ သူ လူအုပ်ကြားထဲမှ ထွက်လာခဲ့ပြီး အရပ်မျက်နှာ တစ်ခုသို့ ပြေးသွားလိုက်သည်။
ရှောက်ရွှမ်၏ အဓိကပန်းတိုင်သည် မီးတောက် တွင်းဖြစ်လေသည်။ ကွေ့ဟယ်၊ သုန့်ကန်းနှင့် ထာ့တို့အားလုံး ထိုအကြောင်းကို သိထားကြသည်။ ထို့ကြောင့်ပင် သူတို့သည် ဝမ်ရှစ် မျိုးနွယ်စု
ခေါင်းဆောင်နှင့် အမဲလိုက်ခေါင်းဆောင်များကို သူတို့ တာဝန်ယူထားလိုက်ခြင်း ဖြစ်သည်။ သူတို့အနေဖြင့် ရှောက်ရွှမ်ကို ကူညီပေးရမည် ဖြစ်သည်။
ထွော်နှင့် အခြားသူများလည်း ရောက်လာနေကြပြီဖြစ်သည်။ သူတို့ကို ရှောက်ရွှမ်နှင့်အတူ မီးတောက်တွင်းသို့ သွားရန် နတ်ဆရာက ညွှန်ကြားထားခဲ့သည်။
ထွော်နှင့် ရှိနေကြသည့် လူများသည် ကွေ့ဟယ်လက်အောက်တွင် တာဝန်ထမ်းဆောင်ဖူးကြသည့် အမဲလိုက်သမားများ ဖြစ်ကြလေသည်။ အချို့သည် တာ့နှင့် အတူတူ အလုပ်လုပ်ဖူးကြသည်။ ယခင်က သူတို့အားလုံး အတူတူ တာဝန်မကျဖူးသော်လည်း ယခုတွင် အလုပ်တူတူ လုပ်နေကြပြီဖြစ်သည်။
မီးတောက်တွင်းသည် မျိုးနွယ်စု ၏အလည်တွင် တည်ရှိနေသည်။ ထိုနေရာသည် တိုက်ခိုက်ရန် လွယ်ကူသည့် နေရာတစ်ခု မဟုတ်ပေ။ ထိုနေရာကို စောင့်ကြပ်နေကြသည့် အစောင့် များစွာ ရှိလိမ့်မည် ဖြစ်သည်။ ထို့အပြင် ကျွန်များလည်း ရှိနေသေးသည်။
သဲကန္တရ၏ ပူပြင်းလှသည့် သဘာဝကြောင့် ကျွန်များသည် အသားမဲကြပြီး ခွဲခြားရလွယ်ကူသည်။ ထိုကျွန်များ ကြားထဲတွင် အများစုသည် ကျောက်တုံးဖြူ မြို့တော်မှ ဖြစ်ကြသည်။ သူတို့ကို သူတို့ခန္ဓာကိုယ်ပေါ်ရှိ အမှတ်အသားများကို ကြည့်ခြင်းဖြင့် ခွဲခြားနိုင်သည်။
ထွော်နှင့် လဲ့တို့၏ မျက်လုံးများသည် ကျောက်တုံးဖြူ မြို့တော်မှ ကျွန်များကို တွေ့လိုက်သည့်အချိန်တွင် အရောင်တောက်သွားကြသည်။
သူတို့အမုန်းဆုံးမှ ကျောက်တုံးဖြူမြို့တော်ဖြစ်သည်။ သူတို့သည် ဝမ်ရှစ်များနှင့် ရင်းနှီးကြယုံသာမက သူတို့သည် မီးတောက် ဦးချို မျိုးနွယ်စု၏ သစ္စာဖောက်ကိုပါ လက်ခံထားပေးကြသည်။
နှစ်ဖက်လုံးမှ လူများ အော်ဟစ် ကြုံးဝါးလိုက်ကြသည်။ ထို့နောက် သူ့တို့၏ ဓါးများကို ထုတ်ယူပြီး ရင်ဆိုင်လိုက်ကြသည်။
သူ ပို၍ နီးကပ်လာလေလေ၊ မီးတောက်မျိုးစေ့မှ လှုံ့ဆော်မှုကို ရှောက်ရွှမ် ခံစားရလေလေ ဖြစ်သည်။ အခြားလူများလည်း သူကဲ့သို့ပင် ခံစားရမည်ကို ရှောက်ရွှမ် သိနေခဲ့သည်။ သို့သော်လည်း သူ့ထံတွင် နောက်ထပ် ခံစားချက်တစ်ခု ရနေသေးသည်။
ကွေ့ဟယ် ပစ်ပေါက်လိုက်သည့် ဝမ်ရှစ် အမဲလိုက်
ခေါင်းဆောင် သည် ယခုတွင် နံရံကို မှီပြီး ထိုင်နေခဲ့လေသည်။ သူသည် ထောင့်တစ်နေရာတွင် ပုန်းအောင်းနေခြင်းဖြစ်သည်။ သူ အသက်ကိုပြင်းစွာရှူလိုက်ပြီး ရှောက်ရွှမ်နှင့်အခြားသူများ မီးတောက် တွင်း ရှိရာဖက်သို့သွားနေသည်ကို လှမ်းကြည့်လိုက်သည်။ သူ သူတို့နောက်မှ လိုက်သွားခြင်း မရှိပေ။ ထို့အပြင် တစ်စုံတစ်ယောက်ကိုမှလည်း လိုက်သွားရန် အမိန့်ပေးခြင်း မရှိပေ။ ဤသည်မှာ သူ မီးတောက်တွင်းကို ဂရုမစိုက်သောကြောင့် မဟုတ်ပေ။ အမဲလိုက်ခေါင်းဆောင် တစ်ယောက် အနေဖြင့် သူသည် မီးတောက် တွင်းကို ဂရုစိုက်ပေသည်။ မီးတောက် တွင်းသည် မျိုးနွယ်စု၏ သေခြင်း ရှင်ခြင်းကို ကိုယ်စားပြုသည် မဟုတ်ပေလော။
သို့သော်လည်း နတ်ဆရာသည် မီးတောက်တွင်းနားတွင် ရှိနေခဲ့သည်။ မီးတောက် ဦးချို မျိုးနွယ်စု အနေဖြင့် မီးတောက်တွင်းကို ထိတွေ့ခွင့် ရလိမ့်မည် မဟုတ်ပေ။ ထိတွေ့လိုက်လျှင် ထိုသူများသည် သေဆုံးကောင်း သေဆုံးသွားနိုင်သည်။
သူတို့က ဝမ်ရှစ် မီးတောက် တွေကို ဒီလောက် လွယ်လွယ်ကူကူနဲ့ ထိတွေ့နိုင်မယ် လို့ထင်နေတာလား။ ကျွန်ပိုင်ရှင်တွေတောင် မီးတောက် မျိုးစေ့ကို လွယ်လွယ် မထိရဲကြဘူးလေ.............။ ပြီးတော့ မီးတောက်တွင်းရှိတဲ့နေရာက မျိုးနွယ်စုရဲ့ လုံခြုံရေးအကောင်းဆုံးနေရာမှာပဲ ။ မဟုတ်ရင် ငါတို့ကို ဝမ်ရှစ် လို့ ခေါ်တော့မှာ မဟုတ်ဘူး။