အခန်း (၁၁၇-၁၁၈)
Vol. 12 Ch. 117-118
အခန်း ၁၁၇ ပိုင်ယွင်ရှို့ ထွက်ခွာသွားခြင်း
နတ်ဆိုးကောင်းကင်ဂိုဏ်း၏ အနောက်ဘက်တွင် ကျိုးယွမ်သည် ဓားတစ်ရာ မိစ္ဆာသခင်၏ အရှေ့၌ တင်ပျဉ်ခွေ ထိုင်နေ၏။ ယနေ့တွင် သူတို့နှစ်ဦးတည်းသာ ရှိပေသည်။
ဓားတစ်ရာ မိစ္ဆာသခင်သည် ကျိုးယွမ်ကို တစ်ချက် ကြည့်လိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။ အဘယ်ကြောင့်ဆိုသော် ကျိုးယွမ်၏ ကျင့်ကြံခြင်းအဆင့်ကို သူ လုံးဝ ထိုးဖောက် မမြင်နိုင်သောကြောင့်တည်း။
ခဏတာ စောင့်ဆိုင်းပြီးနောက် ဓားတစ်ရာ မိစ္ဆာသခင်က နောက်ဆုံးတွင် စကားစတင်လာ၏။
"ကျိုးယွမ်... မင်းရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်လဲ..."
ကျိုးယွမ် အနည်းငယ် ပြုံးလိုက်သည်။ သေချာသည်မှာပင် သူသည် ခြေတည်စိတ်ဝိဉာဥ်အထွတ်အထိပ်အဆင့်သို့ ရောက်နေပြီဖြစ်ကြောင်း တစ်ဖက်လူကို သူ ပြောပြ၍မရချေ။ မည်သို့ပင်ဖြစ်စေ သူသည် မကြာမီကမှ ခြေတည်စိတ်ဝိဉာဥ်အဆင့် အစောပိုင်းသို့ တက်လှမ်းခဲ့ခြင်း မဟုတ်ပါလား။
ကျိုးယွမ်၏ ခန္ဓာကိုယ်မှ အရှိန်အဝါများ မြင့်တက်လာပြီး ခြေတည်စိတ်ဝိဉာဥ်အဆင့် အစောပိုင်း၏ ဖိအားကို ထုတ်ဖော်ပြသလိုက်၏။
ဓားတစ်ရာ မိစ္ဆာသခင် ခေါင်းညိတ်လိုက်သည်။ ဤကျင့်ကြံခြင်းအဆင့်မှာ ပုံမှန်ဖြစ်သည်ဟု သူ ယူဆလိုက်ပေ၏။
"လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ ကိစ္စကို မင်း လုပ်ခဲ့တာလား..."
ဓားတစ်ရာ မိစ္ဆာသခင်သည် ကြိုတင် ခန့်မှန်းထားပြီးဖြစ်သော်လည်း သူ မမေးဘဲ မနေနိုင်ခဲ့ချေ။
ကျိုးယွမ်တွင် ရွှေရောင်ရေနဂါးပျံ ရှိနေလျှင်ပင် ပိုင်ချင်းဖျင်သည် ခြေတည်စိတ်ဝိဉာဥ်အဆင့်မှ မိစ္ဆာတစ်ကောင် ဖြစ်ပြီး သူ့ကို သတ်ဖြတ်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။
ကျိုးယွမ် ခေါင်းညိတ်လိုက်၏။ ဖုံးကွယ်ထား၍လည်း အကျိုးမရှိတော့ချေ။ မည်သို့ပင်ဖြစ်စေ ရွှေရောင်ရေနဂါးပျံမှာ ယခုအခါ သူ၏ ကိုယ်ပိုင်အမှတ်အသား သင်္ကေတတစ်ခု ဖြစ်နေပြီ မဟုတ်ပါလား။
ဓားတစ်ရာ မိစ္ဆာသခင်၏ မျက်လုံးများမှာ အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပြီး သူ၏ အသက်ရှူသံမှာ ပိုမို ပြင်းထန်လာသည်။
ဒီတပည့်က ကောင်းကင်ဘုံကိုတောင် အန်တုနိုင်လွန်းတယ်...
ထို့နောက် ကျိုးယွမ်သည် လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို အကျဉ်းချုပ် ပြန်လည် ပြောပြလိုက်၏။ ပိုင်ချင်းဖျင်ကို သတ်ဖြတ်ပြီး သူ၏ ကိုယ်ပွား ပျက်စီးသွားပြီးနောက် သူသည် မိစ္ဆာစွမ်းအားများကို ကျင့်ကြံကာ တပည့်များ၏ ကျင့်ကြံမှုများကို ဝါးမျိုခဲ့ကြောင်းကို သူ အထူးပြု ပြောဆိုခဲ့သည်။
"ကျွန်တော် သူတို့နဲ့ ပူးပေါင်းပြီး ပိုင်ချင်းဖျင်ကို သတ်ခဲ့တာပါ..."
လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမမှ အခြား အကြီးအကဲများအတွက်မူ သူတို့အားလုံးမှာ ရွှေရောင်ရေနဂါးပျံ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ကြခြင်း ဖြစ်သည်။
ကျိုးယွမ် ပြောခဲ့သည့်အရာ အများစုမှာ အမှန်တကယ် ဖြစ်သော်လည်း အစိတ်အပိုင်း အနည်းငယ်ကိုမူ လုပ်ကြံဖန်တီးထားခဲ့ခြင်း ဖြစ်၏။
ဤစကားကို ကြားချိန်တွင် ဓားတစ်ရာ မိစ္ဆာသခင် ခေါင်းညိတ်လိုက်သည်။
သူသည် နတ်ဆိုးကောင်းကင်ဂိုဏ်းမှ အချက်အလက်များနှင့် ပေါင်းစပ်လိုက်ရာ ကျိုးယွမ် လိမ်ပြောနေခြင်း မဟုတ်တန်ရာဟု သူ သိလိုက်၏။
ကျိုးယွမ်သည် ဓားတစ်ရာ မိစ္ဆာသခင်ကို ကြည့်ကာ မေးလိုက်သည်။
"ဆရာ... လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမမှာ လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေးဆိုတဲ့သူက အသက်ရှင်နေသေးတယ်လို့ ကျွန်တော် ကြားတယ်... အဲ့ဒါ အမှန်ပဲလား..."
ဤစကားကို ကြားချိန်တွင် ဓားတစ်ရာ မိစ္ဆာသခင် ခေါင်းညိတ်လိုက်ပြီး တည်ကြည်လေးနက်စွာ ဖြေကြားလိုက်၏။
"အဲ့ဒါက အမှန်ပါပဲ..."
"အခု လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမက လက်တွေ့မှာ ပျက်စီးသွားပြီဆိုတော့ အဲ့ဒီအဘိုးကြီးရဲ့ အငြိုးကြီးတဲ့ သဘာဝအရ လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေးက သေချာပေါက် ပေါ်လာလိမ့်မယ်..."
"ဒါပေမဲ့ အများကြီး စိုးရိမ်နေစရာ မလိုပါဘူး... နဂါးတောင်နယ်မြေကို မဟာတာအိုရဲ့ စွမ်းအားက ဖိနှိပ်ထားတယ်... ပြိုင်ဘက်ရဲ့ ကျင့်ကြံခြင်းအဆင့်က ဘယ်လောက်ပဲ မြင့်မားနေပါစေ သူတို့က အများဆုံး ခြေတည်စိတ်ဝိဉာဥ် အထွတ်အထိပ်အဆင့်ရဲ့ စွမ်းအားကိုသာ ထုတ်ဖော်နိုင်လိမ့်မယ်..."
"ငါ့အပြင် နတ်ဆိုးကောင်းကင်ဂိုဏ်းမှာ တန်းတူ စွမ်းအားရှိတဲ့ မိစ္ဆာသားရဲ တစ်ကောင်လည်း အိပ်မောကျနေသေးတယ်..."
"တကယ်လို့ နတ်ဆိုးကောင်းကင်ဂိုဏ်းက သေရေးရှင်ရေး အကျပ်အတည်းတစ်ခုနဲ့ အမှန်တကယ် ရင်ဆိုင်ရရင် သူကို ငါ နိုးထစေနိုင်တယ်"
ဤစကားကို ကြားချိန်တွင် ကျိုးယွမ် အနည်းငယ် အံ့အားသင့်သွား၏။ မဟာတာအို၏ စွမ်းအား ဖိနှိပ်မှုအကြောင်း သူ ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်သောကြောင့်တည်း။
တစ်ချိန်တည်းမှာပင် နတ်ဆိုးကောင်းကင်ဂိုဏ်းတွင် အခြားသော အရင်းအမြစ်များ ရှိနေမည်ကို သူ သိရှိထားသဖြင့် ဂိုဏ်းကို ကာကွယ်နေသော မိစ္ဆာသားရဲတစ်ကောင် ရှိနေကြောင်း ကြားရချိန်တွင် သူ အများကြီး အံ့အားသင့်မသွားခဲ့ချေ။
ရုတ်တရက် ကျိုးယွမ် မေးခွန်းတစ်ခု စဉ်းစားမိသွားပြီး မေးလိုက်သည်။
"ဆရာ... လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမမှာ လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေးတွေ ရှိနေတယ်ဆိုတော့ တခြား အဓိက အင်အားစု နှစ်ခုကရော ဘယ်လိုလဲ..."
ဓားတစ်ရာ မိစ္ဆာသခင် အနည်းငယ် ပြုံးလိုက်ပြီးနောက် ပြောဆိုလိုက်၏။
"သူတို့မှာလည်း သူတို့ရဲ့ ကိုယ်ပိုင် ဝှက်ဖဲတွေ သဘာဝကျကျ ရှိတာပေါ့... မဟုတ်ရင် သူတို့ကို ငါ့ရဲ့ နတ်ဆိုးကောင်းကင်ဂိုဏ်းက ဖျက်ဆီးပစ်တာ ကြာလှပေါ့..."
"ဒါပေမဲ့ လွတ်လပ်ပျော်ရွှင်ခြင်း ဘိုးဘေးတွေလိုပဲ အဲ့ဒီဂိုဏ်း နှစ်ခုက ဘိုးဘေး နှစ်ယောက်စလုံးက တစ်ချိန်လုံး ခရီးသွားနေကြတာဆိုတော့ သူတို့ အသက်ရှင်နေသလား သေသွားပြီလားဆိုတာ ဘယ်သူမှ မသိကြဘူး..."
"ဒါပေမဲ့ သူတို့အားလုံး အသက်ရှင်နေသေးရင်တောင် ငါတို့ ကြောက်နေစရာ မလိုပါဘူး... အဆိုးဆုံး အခြေအနေ ရောက်လာရင် လျှို့ဝှက်ဝင်္ကပါကို အသက်သွင်းလိုက်ရုံပဲပေါ့..."
ဓားတစ်ရာ မိစ္ဆာသခင်မှာ ကြောက်ရွံ့မှု ကင်းမဲ့နေသည်ကို မြင်ချိန်တွင် တစ်ဖက်လူ၌ အခြားနည်းလမ်းများ ရှိနေရမည်ဖြစ်ကြောင်း ကျိုးယွမ် သိလိုက်သဖြင့် သူ၏ စိုးရိမ်ပူပန်မှုများမှာ နောက်ဆုံးတွင် ပြေပျောက်သွားလေ၏။
"ဆရာ့မှာ ယုံကြည်မှု ရှိနေတယ်ဆိုတော့ ကျွန်တော်လည်း စိတ်သက်သာရာ ရသွားပါပြီ..."
"ဒါပေမဲ့ အဓိက အင်အားစု သုံးခုက အခုဆိုရင် အမြစ်ပြတ်သွားပြီဆိုတော့ သူတို့ကို ကြောက်နေစရာ မလိုတော့ပါဘူး..."
ကျိုးယွမ် ပြုံးကာ ပြောဆိုလိုက်သည်။
ဓားတစ်ရာ မိစ္ဆာသခင် ပြုံးကာ ခေါင်းညိတ်လိုက်ပြီးနောက် ကျိုးယွမ်ထံသို့ အဆောင်ပြား တစ်ခုကို ပစ်ပေးလိုက်ပြီး ပြောဆိုလိုက်၏။
"အခု မင်းက ခြေတည်စိတ်ဝိဉာဥ်အဆင့်ကို တက်လှမ်းသွားပြီဆိုတော့ အကြီးအကဲ နေရာကို ဆက်ခံရမယ်..."
"ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ မင်း လွတ်လွတ်လပ်လပ် နေထိုင်ဖို့ တောင်ထွတ်တစ်ခုကို ရွေးချယ်ခွင့် ရှိတယ်..."
"ဒါက ကြာပန်းတောင်ထိပ် အဆောင်ပြားပဲ... ယူထားလိုက်... ဒီအဆောင်ပြားနဲ့ဆိုရင် ဒီတောင်ထိပ်ရဲ့ ကာကွယ်ရေး ဝင်္ကပါကို မင်း အသက်သွင်းနိုင်တယ်..."
ကျိုးယွမ် သူ၏လက်ထဲရှိ အဆောင်ပြားကို ကြည့်လိုက်၏။ အရှေ့ဘက်တွင် 'နတ်ဆိုး' ဟူသော စာလုံး ပါရှိပြီး အနောက်ဘက်တွင် 'ကြက်ခြေခတ်' ဟူသော စာလုံး ပါရှိသည်။
ဤသည်မှာ နတ်ဆိုးကောင်းကင်ဂိုဏ်း၏ အကြီးအကဲ ဆယ်ဦးကို ကိုယ်စားပြုသော အဆောင်ပြားတစ်ခု ဖြစ်ကြောင်း ကျိုးယွမ် သိရှိလိုက်၏။
ကျိုးယွမ် အဆောင်ပြားကို သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။ သီးခြား တောင်ထွတ်တစ်ခု ရရှိခြင်းမှာ သူ့အတွက် ကောင်းသောအရာတစ်ခု ဖြစ်ပေ၏။
"ကျေးဇူးတင်ပါတယ် ဆရာ..."
ဓားတစ်ရာ မိစ္ဆာသခင် ခေါင်းယမ်းလိုက်ပြီးနောက် ပြောဆိုလိုက်သည်။
"နတ်ဆိုးကောင်းကင်ဂိုဏ်းမှာ အရာအားလုံးက ကိုယ့်စွမ်းရည်နဲ့ကိုယ် ရယူရတာချည်းပဲ..."
"မြောက်ပိုင်းမိုးမြို့ တိုက်ပွဲမှာ မင်း ကြီးမားတဲ့ အကျိုးပြုမှုတွေ လုပ်ခဲ့တယ်... ဂိုဏ်းရဲ့ စည်းမျဉ်းတွေအရ မင်းရဲ့ ဆုလာဘ်ကို မင်း သွားထုတ်လို့ရတယ်..."
"ရတနာခန်းမကို ညွှန်ကြားချက်တွေ ပေးပြီးသားပါ... မင်း သွားထုတ်လိုက်ရုံပဲ..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်၏ မျက်လုံးများ ချက်ချင်း တောက်ပသွား၏။
သူ အလွန်တရာ ချမ်းသာနေပြီ ဖြစ်သော်လည်း...ချမ်းသာတဲ့သူတွေက ပိုက်ဆံများတာကို ဘယ်သူက ဂရုစိုက်လို့လဲ...
ဂရုမစိုက်ဘူးလို့ ပြောရင် အဲ့ဒါ အလိမ်အညာသက်သက်ပဲ...
"ဒါနဲ့ ဆရာ... ကျွန်တော် မလိုအပ်တဲ့ ပစ္စည်းတချို့ကို လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမကနေ ခိုးလာခဲ့တယ်... အဲ့ဒါတွေကို ကျွန်တော် သဘောကျတဲ့ အရာတစ်ခုခုနဲ့ ဂိုဏ်းမှာ လဲလှယ်လို့ ရမလား..."
ကျိုးယွမ် ရုတ်တရက် မေးခွန်းတစ်ခု စဉ်းစားမိသွားပြီး မေးလိုက်၏။
ဓားတစ်ရာ မိစ္ဆာသခင် အနည်းငယ် ပြုံးလိုက်ပြီးနောက် ပြောဆိုလိုက်သည်။
"သေချာပေါက် ရတာပေါ့... ဂိုဏ်းက မင်းပေးတဲ့ ပစ္စည်းတွေကို တန်ဖိုးဖြတ်ပေးလိမ့်မယ်... မင်းကို ဘယ်လို နစ်နာမှုမှ ဖြစ်စေမှာ မဟုတ်ဘူး..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ်၏ မျက်နှာမှာ ဝမ်းသာမှုများဖြင့် ချက်ချင်း လင်းလက်သွား၏။
သူသည် လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမ၏ ရတနာတိုက်ကို လုယက်ခဲ့သူဖြစ်ပြီး ထိုနေရာတွင် ပစ္စည်းများစွာ ရှိနေပေသည်။
အချိန်အတန်ကြာ စကားပြောပြီးနောက် ကျိုးယွမ် ထကာ ဝါးကိုးပင်တောင်ထိပ်ဆီသို့ ထွက်ခွာသွားတော့၏။
ကျိုးယွမ် သူ၏ နေအိမ်သို့ တိုက်ရိုက် ပြန်သွားခဲ့သည်။ ချောင်းယန်သည် မြောက်ပိုင်းမိုးမြို့တွင် ရှိနေဆဲဖြစ်ပြီး ပြန်မရောက်လာသေးချေ။ ထိုနေရာတွင် အချိန်အတော်ကြာ သူ နေရပေလိမ့်မည်။
ကျိုးယွမ် ပြန်ရောက်သည်နှင့်တစ်ပြိုင်နက် စားပွဲပေါ်တွင် ဖုန်မှုန့်များ ဖုံးလွှမ်းနေသော ကျောက်စိမ်းပြား တစ်ခုကို တွေ့လိုက်ရ၏။
ကျိုးယွမ် အနည်းငယ် အံ့အားသင့်သွားပြီး ကျောက်စိမ်းပြားကို ကောက်ယူကာ သူ၏ မျက်ခုံးကြားတွင် တင်လိုက်သည်။
"အစ်ကိုကျိုးယွမ်... ကျွန်မ နတ်ဆိုးကောင်းကင်ဂိုဏ်းကနေ ထွက်သွားပါပြီ... 'လမင်းကျဆင်းခြင်း' ကျင့်စဉ်ကို ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ဒါက တကယ်ကို ကျွန်မ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ ကျင့်စဉ်တစ်ခုပါပဲ..."
"အစ်ကိုကျိုးယွမ်နဲ့ စတွေ့ကတည်းက ယွင်ရှို့က အစ်ကို့ကို လှည့်စားဖို့ တစ်ခါမှ မတွေးခဲ့ဖူးပါဘူး..."
"ဒါပေမဲ့ ကျွန်မရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက ရွှမ်ချာ သန့်စင်သော ယင်ခန္ဓာကိုယ် ဖြစ်နေတာ အမှန်ပဲ... အဲ့ဒါက ငြင်းလို့မရတဲ့ အမှန်တရားပဲ..."
"ကျွန်မအဖေက အစ်ကို့အပေါ် အကြံအစည်တွေ ရှိခဲ့တယ်... ချင့်လင်မြို့ကနေ ထွက်ခွာခါနီးမှ ကျွန်မ အဲ့ဒါကို သိခဲ့ရတာပါ... အစ်ကို သိလား... ကျွန်မ အဖေ့ကို ဆုံးရှုံးလိုက်ရလို့ အရမ်း ကြောက်နေခဲ့တာ..."
"အစ်ကို့ကို ကျွန်မ မပြောရဲခဲ့ဘူး... အစ်ကို ကျွန်မကို ထားသွားမှာကို ကြောက်လို့ပါ..."
"ဒါပေမဲ့ ကျွန်မအဖေက ဒီခန္ဓာကိုယ် ပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းတစ်ခုကိုလည်း ပြောပြခဲ့တယ်... ဒါကြောင့် အဲ့ဒီနည်းလမ်းအတိုင်း လုပ်ဖို့ ကျွန်မ ဆုံးဖြတ်လိုက်တယ်..."
"ကျွန်မကို လိုက်မရှာပါနဲ့... ကျွန်မ နဂါးတောင်နယ်မြေကနေ ထွက်သွားပါပြီ... ဒီပြဿနာကို ဖြေရှင်းနိုင်ရင် အစ်ကို့ဆီ ကျွန်မ ပြန်လာခဲ့ပါ့မယ်..."
"လူနှစ်ယောက်က တကယ် ဖူးစာပါရင် မိုင်ထောင်ချီ ကွာဝေးနေရင်တောင် သေချာပေါက် ပြန်ဆုံတွေ့ရမယ်လို့ ကျွန်မ အမြဲတမ်း ခိုင်ခိုင်မာမာ ယုံကြည်ထားပါတယ်..."
"မြောက်ပိုင်းမိုးမြို့မှာ အစ်ကို့ရဲ့ ထူးချွန်တဲ့ အောင်မြင်မှုတွေအတွက် ဂုဏ်ပြုပါတယ်... ကျွန်မလည်း ဒီထပ်ပိုပြီး ကြိုးစားပါ့မယ်..."
"အစ်ကိုကျိုးယွမ်... အစ်ကို့ကို ကျွန်မ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး... အစ်ကိုလည်း ကျွန်မကို ဘယ်တော့မှ မမေ့ရဘူးနော်..."
"အစ်ကိုနဲ့ ပြန်တွေ့မယ့်နေ့ကို ရှို့အာ မျှော်လင့်နေပါတယ်... အဲ့ဒီအခါကျရင် အစ်ကိုက အသစ်စက်စက် ပိုင်ယွင်ရှို့ တစ်ယောက်ကို မြင်တွေ့ရမှာပါ..."
ကျိုးယွမ် သူ၏လက်ထဲရှိ ကျောက်စိမ်းပြားကို ဖြည်းညင်းစွာ ချထားလိုက်ပြီးနောက် အပြင်သို့ ပြေးထွက်ကာ ပိုင်ယွင်ရှို့၏ နေအိမ်ဆီသို့ တိုက်ရိုက် ဦးတည်သွား၏။
သူ၏အရှေ့ရှိ ဗလာကျင်းနေသော အခန်းကို ကြည့်ရင်း ကျိုးယွမ်သည် သူ၏ စိတ်နှလုံးထဲတွင် နက်ရှိုင်းသော ဟာလာဟင်းလင်း ဖြစ်မှုကို ခံစားလိုက်ရသည်။
ကျိုးယွမ်သည် ပိုင်ယွင်ရှို့၏ အခန်းထဲတွင် ထိုင်နေပြီး အမှောင်ကျလာသည်အထိ ထွက်မသွားခဲ့ချေ။
ငယ်ရွယ်စဉ်မှာ အချစ်ရဲ့ နာကျင်မှုကို မသိခဲ့ဘူး... ပြန်ကြည့်လိုက်တော့ ခန္ဓာကိုယ်ရော စိတ်ပါ ပင်ပန်းနွမ်းနယ်နေပြီ...
ကျိုးယွမ်သည် ပိုင်ယွင်ရှို့၏ အိမ်တံခါးဝတွင် ရပ်ကာ သက်ပြင်းချလိုက်၏။ ထို့နောက် သူ၏ ကိုယ်ပိုင် နေအိမ်ဆီသို့ ဖြည်းညင်းစွာ လျှောက်သွားတော့သည်။
ငါ ဘယ်သူနဲ့မှ ထပ်ပြီး မပတ်သက်တော့ဘူး... အခုကစပြီး မသေမျိုးဖြစ်ဖို့ကိုပဲ အာရုံစိုက်တော့မယ်...
အခန်း ၁၁၈ ကြာပန်းတောင်ထိပ်သို့ ပြောင်းရွှေ့ခြင်းနှင့် ကြီးမားသော ဆုလာဘ်များ
ဆရာ ချောင်းယန် မရှိသဖြင့် ကျိုးယွမ်အတွက် စိုးရိမ်စရာ ဘာမှ မရှိချေ။ သူသည် သူ၏ ပစ္စည်းများကို သိမ်းဆည်းကာ ဧရာမ စပါးကြီးမြွေကြီးကို ယူဆောင်ပြီး ကောင်းကင်သို့ ပျံတက်ကာ ကြာပန်းတောင်ထိပ်ဆီသို့ တိုက်ရိုက် ဦးတည်သွားတော့၏။
နတ်ဆိုးကောင်းကင်ဂိုဏ်းမှ လူများအားလုံးသည် ကောင်းကင်ယံရှိ ဧရာမ မြွေကြီးကို မြင်ချိန်တွင် အံ့သြမှင်တက်သွားကြသည်။
"ဒါ ဘယ်သူလဲ... သူတို့က ဧရာမ စပါးကြီးမြွေကြီးကို အိမ်မွေးတိရစ္ဆာန်အဖြစ် မွေးထားတယ်... သောက်ရမ်း မိုက်တာပဲ..."
"တိုးတိုးနေစမ်းပါ... ဒါက ထိပ်တန်း သတ်ဖြတ်ခြင်း နတ်ဘုရား... ငါတို့ နတ်ဆိုးကောင်းကင်ဂိုဏ်းရဲ့ ဒသမမြောက် အကြီးအကဲသစ် ကျိုးယွမ်ပဲ..."
"သေစမ်း... အကြီးအကဲကျိုးပဲ... သူ အရမ်း ချောတာပဲ... သူက မြောက်ပိုင်းမိုးမြို့မှာ အဓိက အင်အားစု သုံးခုကို အသေအပျောက် များအောင် သတ်ခဲ့တယ်လို့ ကြားတယ်... ခြေတည်စိတ်ဝိဉာဥ်အဆင့်က လူအတော်များများတောင် ပါသေးတယ်တဲ့..."
"အဲ့ဒါ အမှန်ပဲ... အကြီးအကဲကျိုးရဲ့ တိုက်ခိုက်ရေး စွမ်းရည်က ခန့်မှန်းလို့မရဘူး... ငါတို့ နတ်ဆိုးကောင်းကင်ဂိုဏ်းမှာ သူ့ကို ယှဉ်နိုင်မယ့်သူ လက်ချိုးရေလို့ရတယ်လို့ ငါ ခန့်မှန်းတယ်..."
"အကြီးအကဲကျိုးဆီမှာ ခြေတည်စိတ်ဝိဉာဥ်အဆင့်က မိစ္ဆာသားရဲ တစ်ကောင်လည်း ရှိတယ်လို့ ကြားတယ်... ရွှေရောင်ရေနဂါးပျံတဲ့... သူ့ရဲ့ ကြမ်းကြုတ်မှုက လွှမ်းမိုးနိုင်လွန်းတယ်..."
"အဲ့ဒါတင် မကသေးဘူး... ရွှေရောင်ရေနဂါးပျံကို ငါ့မျက်စိနဲ့တပ်အပ် မြင်ဖူးတယ်... သူ ထုတ်လွှတ်လိုက်တဲ့ ကြောက်မက်ဖွယ် ဖိအားက ငါ့ရဲ့ စိတ်ဝိညာဉ်အာရုံကိုတောင် တုန်ယင်သွားစေတယ်..."
"အကြီးအကဲကျိုးက ငါတို့ဂိုဏ်းရဲ့ သူတော်စင် ဖြစ်လာနိုင်မယ်လို့ မင်းတို့ ထင်လား..."
"အကြီးအကဲကျိုးက ဒီကိစ္စတွေကို ဂရုစိုက်မယ်လို့ ငါ မထင်ဘူး... သူတော်စင်မလေးနဲ့ လက်ထပ်တာကလည်း အတူတူလောက်ပါပဲ..."
"လွတ်လပ်ပျော်ရွှင်ခြင်း ခန်းမကို အကြီးအကဲကျိုးက အမြစ်ပြတ် ရှင်းလင်းပစ်ခဲ့တယ်လို့ ပြောကြတယ်... ဒီသတင်းက အမှန်လား အမှားလား မသိဘူး..."
"အကြီးအကဲကျိုးက တပည့် လက်ခံမလား မသိဘူးနော်... တကယ်လို့ အကြီးအကဲကျိုးရဲ့ တပည့်ဖြစ်ခွင့်ရရင် အနာဂတ်မှာ တိုက်ခိုက်ရေး စွမ်းအားက သေချာပေါက် ထူးကဲလာမှာပဲ..."
နတ်ဆိုးကောင်းကင်ဂိုဏ်းအတွင်း တပည့်အသီးသီးကြားတွင် ဆွေးနွေးမှုများ အဆက်မပြတ် ဖြစ်ပေါ်နေပြီး အားလုံးနီးပါးက ကျိုးယွမ်အပေါ် အထင်ကြီးလေးစားမှုများကို ထုတ်ဖော်ပြောဆိုနေကြ၏။
သေချာသည်မှာပင် လူအများအပြားမှာ အလွန် မနာလိုဖြစ်နေကြသော်လည်း ဤအတွေးများကို ဖွင့်ဟပြောဆိုရန် မဝံ့ရဲကြဘဲ သူတို့၏ စိတ်ထဲတွင်သာ သိမ်းထားရပေသည်။

တပည့် အများအပြားထဲတွင် လူတစ်ယောက်၏ မျက်လုံးများ၌ ကြောက်ရွံ့မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်နေ၏။ ဤလူမှာ ဂျင်းလျန်ချဲ့ပင် ဖြစ်သည်။
သူသည် ကျိုးယွမ်နှင့် တိုက်ရိုက် ပဋိပက္ခ မဖြစ်ခဲ့သော်လည်း သူ၏ နောက်လိုက်များက ကျိုးယွမ်ကို လုပ်ကြံရန် ကြိုးစားခဲ့ကြဖူးသည်။
ယခုမှစ၍ ခပ်တန်းတန်းနေရန်နှင့် ဤလူသတ်သမား၏ အရှေ့တွင် မည်သည့်အခါကမျှ မပေါ်လာရန် ကျင်းလျန်ချဲ့ ဆုံးဖြတ်လိုက်၏။
သူတော်စင်မလေးအတွက်မူ သူ တွေးပင် မတွေးရဲတော့ချေ။
မိန်းမတစ်ယောက်က ဘယ်လောက်ပဲ ကောင်းနေပါစေ ကိုယ့်အသက်လောက်တော့ အရေးမကြီးပါဘူး...
ကြာပန်းတောင်ထိပ်တွင် ကျိုးယွမ်သည် ဝင်္ကပါကို ဖွင့်ရန် အဆောင်ပြားကို အသုံးပြုကာ ကြာပန်းတောင်ထိပ်သို့ ဝင်ရောက်သွားလေ၏။
ယခုအချိန်တွင် ကြာပန်းတောင်ထိပ်မှာ လုံးဝ ဗလာကျင်းနေမည်ဟု ကျိုးယွမ် ယူဆထားခဲ့သည်။ သို့သော် သူ မှားသွားခဲ့၏။ ကြာပန်းတောင်ထိပ်တွင် လူအတော်များများ ရှိနေပေသည်။
ကြာပန်းတောင်ထိပ်တွင် အဖွဲ့ဝင် ဆယ်ဦးကျော် ရှိပြီး အားလုံးမှာ အမျိုးသမီးများဖြစ်ကာ အမြင့်ဆုံး ကျင့်ကြံမှုအဆင့်မှာ ရွှေအမြုတေအဆင့် အစောပိုင်း ဖြစ်ပေ၏။
"တောင်ထိပ်သခင်ကို အရိုအသေပေးပါတယ်..."
ကျိုးယွမ် ရောက်လာသည်ကို မြင်ချိန်တွင် လူတိုင်း ဒူးတစ်ဖက် ထောက်လိုက်ကြပြီး အလွန် စိုးရိမ်ပူပန်နေကြ၏။
အကယ်၍ တောင်ထိပ်သခင်က သူတို့ကို သဘောမကျဘဲ နှင်ထုတ်လိုက်ပါက သူတို့အားလုံး နတ်ဆိုးကောင်းကင်ဂိုဏ်း၏ အပြင်စည်းသို့ သွားရမည်ဖြစ်ပြီး အတွင်းစည်းသို့ မည်သည့်အချိန်တွင် ပြန်လည် ဝင်ရောက်နိုင်မည်ကို မသိနိုင်တော့ချေ။
ကျိုးယွမ် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် တည်ငြိမ်စွာ မေးလိုက်သည်။
"ဒီမှာ ဘာတွေဖြစ်နေလဲဆိုတာ တစ်ယောက်ယောက်က ငါ့ကို ရှင်းပြနိုင်မလား..."
ကျိုးယွမ် စကားပြောအပြီးမှာပင် လူတိုင်း အလိုအလျောက် တုန်ယင်သွားကြ၏။ ထိုရွှေအမြုတေအဆင့် အစောပိုင်း အမျိုးသမီးက လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
"တောင်ထိပ်သခင်... ကျွန်မတို့အားလုံးက နတ်ဆိုးကောင်းကင်ဂိုဏ်းရဲ့ မူလ ဒသမမြောက် အကြီးအကဲရဲ့ တပည့်တွေပါ..."
"ဒသမမြောက် အကြီးအကဲ တိုက်ပွဲမှာ ကျဆုံးသွားပြီးတဲ့နောက် ကျွန်မတို့ ကြာပန်းတောင်ထိပ်မှာ ယာယီ နေထိုင်နေကြတာပါ..."
ဤစကားကို ကြားချိန်တွင် ကျိုးယွမ် ဘာတွေဖြစ်နေသည်ကို ချက်ချင်း နားလည်သွားသဖြင့် ခေါင်းညိတ်လိုက်ပြီး ပြောဆိုလိုက်၏။
"အားလုံး ထကြပါ..."
သူ၏ စကားတစ်ခွန်းဖြင့် ဤလူများ ယနေ့ည ကြာပန်းတောင်ထိပ်မှ ပျောက်ကွယ်သွားလိမ့်မည်ဖြစ်ကြောင်း ကျိုးယွမ် သိရှိထားပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကြာပန်းတောင်ထိပ်၏ သခင်ဖြစ်သောကြောင့်တည်း။
နတ်ဆိုးကောင်းကင်ဂိုဏ်းမှာ ထိုမျှ လက်တွေ့ကျလှပေသည်။
"လူတွေ ထွက်သွားတဲ့အခါ လက်ဖက်ရည် အေးသွားတယ်" ဟူသော ဆိုရိုးစကားမှာ အကောင်းဆုံး သာဓကပင် ဖြစ်၏။ ဤသည်မှာ နတ်ဆိုးကောင်းကင်ဂိုဏ်း၏ ရှင်သန်ရေး နိယာမလည်း ဖြစ်ပေသည်။
ကျိုးယွမ်၏ စကားကို ကြားချိန်တွင် မြေပြင်ပေါ်၌ ဒူးထောက်နေသူများမှာ သက်ပြင်းချလိုက်ကြသော်လည်း လုံးဝ စိတ်မအေးသွားကြသေးချေ။
"ကျေးဇူးတင်ပါတယ် တောင်ထိပ်သခင်..."
လူတိုင်းက ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် ဘေးသို့ ဆုတ်လိုက်ကြရာ အလွန်အမင်း စိုးရိမ်ပူပန်နေဆဲပင်။
ကျိုးယွမ်၏ စိတ်ဝိညာဉ်အာရုံသည် ကြာပန်းတောင်ထိပ် တစ်ခုလုံးကို လှည်းကျင်းကြည့်ရှုလိုက်ရာ သူ လက်ရှိ ရပ်နေသော အိမ်အပြင် အခြား အိမ်ငယ် ခြောက်လုံး ရှိသေးကြောင်း တွေ့ရှိလိုက်ရ၏။
ဤလူများကို နေရာချထားပေးရန် မဆိုထားနှင့် အခြား လူတစ်ရာခန့်ကိုပင် အလွယ်တကူ နေရာချထားပေးနိုင်ပေသည်။
ကျိုးယွမ်သည် စိတ်ဝိညာဉ်အာရုံကို ပြန်ရုပ်သိမ်းလိုက်ပြီးနောက် ပြောဆိုလိုက်သည်။
"မင်းတို့ ကြာပန်းတောင်ထိပ်မှာ ဆက်နေလို့ ရပါတယ်... ဒါပေမဲ့ ငါ မခေါ်ဘဲ ဒီခန်းမထဲကို ဝင်ခွင့်မပြုဘူး..."
ကျိုးယွမ်၏ စကားကို ကြားချိန်တွင် အမျိုးသမီးများ၏ မျက်နှာများမှာ ဝမ်းသာမှုများဖြင့် လင်းလက်သွားပြီး သူတို့၏ ကျေးဇူးတင်စကားကို အလျင်အမြန် ဖော်ပြလိုက်ကြ၏။
ကျိုးယွမ် သူ၏လက်ကို ဝှေ့ယမ်းကာ သူတို့ကို ထွက်သွားခွင့် ပြုလိုက်ပြီးနောက် တင်ပျဉ်ခွေ ထိုင်ကာ ကျင့်ကြံခြင်းကို စတင်လိုက်လေသည်။
ကျိုးယွမ်သည် "လမင်းကျဆင်းခြင်း" ဟုခေါ်သော တိုက်ခိုက်ရေးသိုင်းကို ကျင့်ကြံနေခြင်း ဖြစ်၏။
မြောက်ပိုင်းမိုးမြို့တွင် ဤအကွက်ကြောင့် သူ ကြီးမားသော ရှုံးနိမ့်မှုကို ခံစားခဲ့ရသဖြင့် ဤတိုက်ခိုက်ရေးသိုင်းအပေါ် သူ များစွာ အလေးထားပေသည်။
လမင်းကျဆင်းခြင်း အပြင် ကျိုးယွမ်သည် ခွန်ဖန် လွတ်လပ်ပျော်ရွှင်ခြင်း လက်ဝါးကိုလည်း ရွေးချယ်ခဲ့ရာ ၎င်းမှာလည်း အလွန် အစွမ်းထက်သော လက်ဝါးသိုင်းတစ်ခု ဖြစ်၏။
ကျိုးယွမ် လက်သင်္ကေတတစ်ခု ပြုလုပ်လိုက်သည်နှင့်အမျှ လခြမ်းပုံစံ အမှတ်အသားတစ်ခု သူ၏ လက်ဖဝါးတွင် ထွက်ပေါ်လာသည်။
ကျိုးယွမ်သည် အဝေးရှိ ကျောက်တုံးကြီး တစ်တုံးကို စူးစိုက်ကြည့်လိုက်ပြီးနောက် "လမင်းကျဆင်းခြင်း" ဟု တိုးတိုးလေး ရေရွတ်လိုက်၏။
ကျိုးယွမ် စကားပြောအပြီးတွင် လပြည့်ဝန်း ပုံစံတစ်ခု ကျောက်တုံးကြီး၏ ဘေးတွင် ထွက်ပေါ်လာသည်။
ကျိုးယွမ်၏ လက်ဝါးရိုက်ချက်များ တစ်ကြိမ် လည်ပတ်သွားသည်နှင့်အမျှ သူ၏ လက်ဖဝါးရှိ လခြမ်းပုံစံမှာလည်း လိုက်ပါ လည်ပတ်သွား၏။