← Chapters

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

အခန်း (၉-၁၀)

Vol. 1 Ch. 9-10

စာစဉ် (၁)

အခန်း(၉)

နောက်တစ်နေ့ မနက်ခင်းမှာတော့ ဘတ်တာတစ်ယောက် အစေခံမလေးတွေရဲ့ ဆူညံစွာ အော်ဟစ်သံတွေကြောင့် ရုတ်တရက် နိုးလာခဲ့ပါတယ်။ သူမဟာ တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်နေပြီလားလို့ ထင်ပြီး အိပ်ရာကနေ ချက်ချင်းထကာ အစေခံတန်းလျား အပြင်ဘက်ကို ပြေးထွက်သွားခဲ့တယ်။

ဒါပေမဲ့ သူမ အောက်ထပ်က ကွင်းပြင်ကို ငုံ့ကြည့်လိုက်တဲ့အခါ ဘယ်သူ့ကိုမှ မတွေ့ရဘဲ ဟာလာဟင်းလင်း ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ပုံမှန်ဆိုရင်တော့ အစေခံတွေဟာ အခုလိုအချိန်မှာ သန့်ရှင်းရေးလုပ်တာ ဒါမှမဟုတ် တခြားအလုပ်တွေကို လုပ်နေကြရမှာပါ။ အခုတော့ အဲဒီမှာ ဘယ်သူမှ ရှိမနေပါဘူး။

အော်ဟစ်သံတွေ ထွက်ပေါ်လာရာ မီးဖိုဆောင်ဆီကို သူမ လိုက်သွားကြည့်လိုက်တဲ့အခါမှာတော့ အစေခံမလေးတွေဟာ အထဲက အရာတစ်ခုခုကို ဝိုင်းအုံပြီး ကြည့်နေကြတာကို တွေ့လိုက်ရပါတယ်။

“ ဘာတွေ ဒီလောက်တောင် ဆူညံနေကြတာလဲ ” လို့ သူမက မေးလိုက်တယ်။

အစေခံမလေးတွေ အားလုံးက ဘတ်တာဘက်ကို လှည့်လာကြပြီး သူတို့မျက်နှာပေါ်မှာ အကြီးမားဆုံးသော အပြုံးတွေနဲ့ ကြည့်နေကြတယ်။ သူတို့တွေ ဘေးကို ဖယ်ပေးလိုက်တဲ့အခါမှ သူတို့ ဘာကို ဝိုင်းကြည့်နေကြလဲဆိုတာကို သူမ မြင်လိုက်ရပါတယ်။

အဲဒါကို မြင်လိုက်ရတဲ့အခါ ဘတ်တာတစ်ယောက် သူမရဲ့ အံ့ဩမှုကို မဖုံးကွယ်နိုင်တော့ပါဘူး။ ပန်းကန်ခွက်ယောက်တွေ သိမ်းဆည်းထားတဲ့ ဗီရိုအနီးက နံရံမှာ အင်တုံတစ်ခု ကပ်လျက်သားတွေ့တယ်။ အဲဒီအပေါ်မှာတော့ အံ့ဖွယ်ကောင်းတဲ့ ရေဘုံဘိုင်ခေါင်း တစ်ခု ရှိနေတာပါ။ ဒါတင်မကသေးဘဲ အဲဒီလို ရေဘုံဘိုင်ခေါင်း သုံးခုထက်မကကို ဘေးချင်းယှဉ်ပြီး တပ်ဆင်ထားပါသေးတယ်။

“ သခင်လေးက ဒါတွေကို မနေ့ညကပဲ လုပ်ပေးသွားတာ ဖြစ်ရမယ် ”

“ ဒါက တကယ့်ကို အံ့သြဖို့ မကောင်းဘူးလား ” လို့ အစေခံမလေးတွေက အော်ဟစ်ပြောဆိုနေကြပါတယ်။ “ ငါတို့ ပန်းကန်တွေကို ဒီမှာတင် ဆေးလို့ရပြီလေ၊ ရေတွင်းဆီအထိလည်း ဆင်းသွားစရာ မလိုတော့ဘူး ”

ဘတ်တာက ရေဘုံဘိုင်ခေါင်းတွေဆီ လမ်းလျှောက်သွားပြီး လက်ကိုင်ကို လှည့်လိုက်တဲ့အခါ မှော်ပညာနဲ့ လုပ်ထားတဲ့ ရေမဟုတ်ဘဲ သဘာဝအတိုင်း သန့်ရှင်းတဲ့ ရေတွေက အင်တုံထဲကို တသွင်သွင် စီးကျလာပါတယ်။

“ ဟီး ဟီး ဟီး ... ဒါက အကောင်းဆုံးအပိုင်း မဟုတ်သေးဘူးနော် သခင်လေးက ရေချိုးခန်းထဲမှာ ဘာတွေလုပ်ထားလဲဆိုတာကိုလည်း သွားကြည့်ဦးမှ ”

အစေခံမလေးတွေက ဝါရင့်အစေခံကြီး ဘတ်တာကို အလုပ်သမားတွေ အားလုံး အသုံးပြုကြတဲ့ အများသုံး အိမ်သာဆီကို ဝိုင်းတွန်းပြီး ခေါ်သွားကြပါတယ်။

အရင်တုန်းကတော့ ဒီနေရာဟာ စံအိမ်က အလုပ်သမားတွေ အားလုံး သူတို့ရဲ့ ကိစ္စတွေကို ဖြေရှင်းကြတဲ့ နေရာဖြစ်တာကြောင့် အနံ့အသက်ကတော့ ကမ္ဘာပေါ်မှာ အဆိုးဆုံးနေရာတစ်ခုလို့တောင် ပြောလို့ရပါတယ်။ ဒါပေမဲ့ သူတို့ အနားကို ချဉ်းကပ်သွားတဲ့ အချိန်မှာတောင် ဘတ်တာဟာ အိမ်သာဆီက ဘာအနံ့ကိုမှ မရသလောက်ပါပဲ။

သူတို့အားလုံး အခန်းထဲကို ဝင်သွားတဲ့အခါမှာတော့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါတော့တယ်။ အခန်းတစ်ခုလုံးက လုံးဝကို ပြောင်းလဲသွားခဲ့ပြီး နံရံတစ်ဖက်မှာ ရေဘုံဘိုင်ခေါင်းတွေကို တပ်ဆင်ထားပါတယ်။ ကြမ်းပြင်ပေါ်မှာလည်း ပိုက်တွေကို သွယ်တန်းထားတာကြောင့် အညစ်အကြေးတွေဟာ အနံ့အသက်တွေ ချန်မထားခဲ့ဘဲ အခန်းပြင်ကို စီးထွက်သွားနိုင်ပါတယ်။

တစ်ဖက်မှာတော့ ‘အိမ်သာ’ တွေကို တပ်ဆင်ထားပြီး အဲဒါတွေက အညစ်အကြေးတွေကို မြစ်ထဲအထိ လောင်းချပေးနိုင်တဲ့ အံ့ဖွယ်စွမ်းရည် ရှိတာကြောင့် ရေချိုးခန်းက အရင်ကထက်ကို ပိုပြီး သန့်ရှင်းနေပါတော့တယ်။

“ ကျွန်မတို့ စမ်းသုံးကြည့်ပြီးပြီ၊ သခင်လေး ပြောတဲ့အတိုင်း အတိအကျပဲ အလုပ်လုပ်တယ် ”

“ ကျွန်မကတော့ ‘ဝေါ့’ ဆိုပြီး ရေလောင်းချတဲ့ အသံကို ကြောက်နေတုန်းပဲ၊ ဒါပေမဲ့ နောက်ပိုင်းတော့ အသားကျသွားမှာပါ ”

အိမ်ထဲမှာ သန့်ရှင်းတဲ့ ရေကို လွယ်လွယ်ကူကူ သုံးခွင့်ရတာကတော့ ဘဝကို လုံးဝကို ပြောင်းလဲစေခဲ့ပါတယ်။ အစေခံတွေဟာ တစ်နေ့လုံး သူတို့ကိုယ်သူတို့ သန့်ရှင်းနေသလို ခံစားရရုံတင်မကဘဲ သူတို့ရဲ့ အလုပ်တွေကလည်း သိသိသာသာကို လျော့နည်းသွားခဲ့တာပါ

“ မင်းတို့ အဲဒါကို ကြိုက်ကြရဲ့လား ” လို့ လူငယ်လေးတစ်ယောက်ရဲ့ အသံက အစေခံတွေရဲ့ နောက်ကနေ ထွက်ပေါ်လာပါတယ်။

မိုက်ကယ်က ပြုံးရွှင်နေတဲ့ မျက်နှာနဲ့ နံရံကို မှီပြီး ရပ်နေတာပါ။ အစေခံမလေးတွေက သူ့ဆီကို ချက်ချင်း ပြေးသွားကြပြီး သူ့ကို ဝိုင်းဖက်လိုက်ကြပါတယ်။

“ သခင်လေးရယ်၊ ကျွန်မ သခင်လေးကို ချစ်လိုက်တာ တစ်သက်လုံး သခင်လေးရဲ့ အစေခံပဲ လုပ်ပါတော့မယ် ”

“ သခင်လေးက ကျွန်မတို့အတွက် ဒီလောက် အဖိုးတန်တဲ့အရာကို ပေးလိမ့်မယ်လို့ မထင်ထားဘူး၊ ကျေးဇူးတင်ပါတယ် ”

“ ကျွန်မတော့ ရေချိုးခန်းထဲမှာပဲ တစ်သက်လုံး နေချင်တော့တာပဲ ”

မိုက်ကယ်ရဲ့ မျက်နှာတစ်ခုလုံးဟာ ဘက်ပေါင်းစုံကနေ ဝိုင်းဖက်နေကြတဲ့ အစေခံမလေးတွေကြားမှာ ညှပ်ပူးညှပ်ပိတ် ဖြစ်နေပေမဲ့ သူကတော့ ဒါကို မမုန်းပါဘူး။ အခြေခံအကျဆုံး အရာလေးတစ်ခုအပေါ်မှာ သူတို့တွေ ဒီလောက်တောင် စိတ်လှုပ်ရှားနေကြတာကို မြင်လိုက်ရတဲ့အခါ ဒီကမ္ဘာကြီးရဲ့ လူနေမှုအဆင့်အတန်းက ဘယ်လောက်တောင် နိမ့်ကျနေသလဲဆိုတာကို သူ သတိထားမိသွားပါတယ်။

သူနဲ့ တခြားသူတွေရဲ့ ဘဝကို နောက်နောင်မှာ ပိုပြီး သက်သောင့်သက်သာ ဖြစ်အောင် လုပ်ပေးမယ်လို့ သူ အဲဒီနေရာမှာတင် သစ္စာဆိုလိုက်ပါတယ်။ စိတ်အားထက်သန်နေတဲ့ အစေခံမလေးတွေကြားကနေ သူ ရုန်းထွက်ပြီးတဲ့နောက် မိုက်ကယ်က ဘတ်တာဆီကို လျှောက်သွားပါတယ်။

“ ကျွန်တော် တစ်ခုပြချင်လို့ ” လို့ သူက သူမကို ပြောလိုက်တယ်။

ဝါရင့်အစေခံကြီးက အစေခံမလေးတွေကို လှည့်ကြည့်လိုက်ပေမဲ့ သခင်လေး ဘာအကြောင်းပြောနေမှန်း သူတို့လည်း မသိကြပါဘူး။ ရေချိုးခန်းက အစေခံတွေအတွက် သူ ပြင်ဆင်ထားတဲ့ တစ်ခုတည်းသော အံ့အားသင့်စရာ မဟုတ်ပုံရပါတယ်။

မိုက်ကယ်က အစေခံတန်းလျားဆီကို လျှောက်သွားပြီး ဘတ်တာနဲ့ ကျန်တဲ့ အစေခံမလေးတွေက သူ့နောက်ကနေ လိုက်သွားကြပါတယ်။ အစေခံတန်းလျားဆိုတာကတော့ စံအိမ်ကြီးနဲ့ တွဲလျက် ဆောက်ထားတဲ့ အဆောက်အဦးဖြစ်ပြီး အစေခံတွေ အားလုံး အိပ်စက်ကြသလို အလုပ်ချိန်ပြင်ပမှာ နေထိုင်ကြတဲ့ နေရာပါ။ သူတို့မှာ ကိုယ်ပိုင် အခန်းတွေနဲ့ သတ်မှတ်ထားတဲ့ ရေချိုးခန်းတွေ ရှိကြပါတယ်။

မိုက်ကယ်က အဲဒီနေရာဆီကိုပဲ ဦးတည်ပြီး လျှောက်သွားနေတာပါ။

“ သခင်လေး ” လို့ ဘတ်တာက မေးလိုက်တယ်။

မိုက်ကယ်က ဘတ်တာအတွက် သတ်မှတ်ထားတဲ့ ရေချိုးခန်းဆီကို ဆက်ပြီး လျှောက်သွားပါတယ်။ ရေချိုးခန်းလို့ နာမည်တပ်ထားပေမဲ့ အထဲမှာတော့ ကိုယ့်ကိုယ်ကိုယ် ဆေးကြောဖို့အတွက် လိုအပ်တဲ့ ရေပုံးတစ်ပုံးနဲ့ ရေခွက်တစ်ခုလောက်ပဲ ရှိတာပါ။

ဒါပေမဲ့ မိုက်ကယ်က တံခါးကို ဖွင့်လိုက်တဲ့အခါမှာတော့ အစေခံမလေးတွေ အားလုံး နံရံမှာ တပ်ဆင်ထားတဲ့ ထူးဆန်းတဲ့ ပိုက်ကို ကြည့်ပြီး အံ့ဩသွားကြပါတယ်။ နံရံကနေ ရေဘုံဘိုင်ခေါင်းလိုမျိုး ပိုက်တစ်ခု ထွက်နေပေမဲ့ ဒါက အရင် မြင်ဖူးတာနဲ့ လုံးဝကို ကွဲပြားနေပါတယ်။ အဲဒါက ပန်းကန်ပြားပုံစံ ရှိပြီး အောက်ခြေမှာ အပေါက်သေးသေးလေးတွေ အများကြီး ပါဝင်နေတာပါ။

“ ဒါကို ‘ပန်းရေပန်း’ လို့ ခေါ်တယ် ”

မိုက်ကယ်က လက်ကိုင်ကို လှည့်လိုက်တဲ့အခါမှာတော့ ပန်းကန်ပြားပုံစံ သတ္တုပြားလေးရဲ့ အပေါက်သေးသေးလေးတွေထဲကနေ ရေတွေက တသွင်သွင် စီးကျလာပြီး ရေချိုးခန်းထဲမှာ ရေတံခွန်လေးတစ်ခု ဖန်တီးလိုက်သလို ဖြစ်သွားပါတယ်။

ဘတ်တာက ပန်းရေပန်းကနေ ကျလာတဲ့ ရေတွေဆီကို ဖြည်းဖြည်းချင်း ချဉ်းကပ်သွားပါတယ်။ အဲဒါက မှော်ဆရာတွေ ဖန်တီးတဲ့ အေးစက်စက်နဲ့ ထူးဆန်းတဲ့ ရေမျိုး မဟုတ်ဘဲ သဘာဝအတိုင်း ခံစားလို့ ကောင်းတဲ့ ရေပါ။

“ ဘတ်တာက မှော်ပညာနဲ့ လုပ်ထားတဲ့ ရေကို မကြိုက်ဘူးဆိုတာ ငါ သိတယ်၊ ဒါကြောင့် ဒီပန်းရေပန်းကို ငါ လုပ်ပေးတာ။ မင်း ရေတွင်းကနေ လေးလံတဲ့ ရေပုံးကြီးတွေကို သယ်နေစရာ မလိုတော့ဘူး။ မင်းရဲ့ ခါးကိုလည်း အားစိုက်နေစရာ မလိုတော့ဘူးပေါ့ ”

အဲဒီ နောက်ဆုံး စကားလုံးက အရေးကြီးပါတယ်။ ဘတ်တာနဲ့ တခြား အစေခံတွေကတော့ သခင်လေးဟာ သူမရဲ့ ကျန်းမာရေး အခြေအနေကို ဘယ်တော့မှ သိမှာမဟုတ်ဘူးလို့ ထင်ထားကြတာပါ။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူမ ဘာတွေ ခံစားနေရလဲဆိုတာကို သူ အကုန်သိနေခဲ့ပါတယ်။

“ သခင်လေး ... အဲဒါကြောင့်ပဲ သခင်လေးက ဒါကို အစကတည်းက လုပ်ပေးခဲ့တာလား ”

မိုက်ကယ်က လှည့်ကြည့်လိုက်ပေမဲ့ သူ့မျက်နှာလေးက အနည်းငယ် နီမြန်းနေပါတယ်။ “ မဟုတ်ပါဘူး၊ မဟုတ်ပါဘူး၊ ငါ ... ငါက ကိုယ့်အတွက်ကိုယ်လည်း ပန်းရေပန်းနဲ့ ချိုးချင်လို့ပါ၊ ဒါတင်ပါပဲ။ ပြီးတော့ ဒါက ဘာမှမဟုတ်ပါဘူး။ ငါ့အတွက် အချိန်အများကြီးလည်း မပေးလိုက်ရပါဘူး ”

အစေခံမလေးတွေကတော့ သူတို့ဘာသာ ပြုံးနေမိကြပါတယ်။ လိမ်နေတဲ့ အချိန်မှာတောင် သခင်လေးက တကယ့်ကို ချစ်ဖို့ကောင်းနေတာကိုး။

“ ဝါးးး သခင်လေးက တကယ့်ကို ကြင်နာတတ်တာပဲ ပိုပြီးတောင် ချစ်ဖို့ကောင်းလာပြီ သခင်လေးရယ် ”

“ သူက ဉာဏ်ကောင်းရုံတင်မကဘူး၊ တကယ့်ကို ဂရုစိုက်တတ်တဲ့သူပဲ ဘယ်လောက်တောင် ပြည့်စုံတဲ့ ယောကျ်ားလေးလဲ ”

တစ်ဖက်မှာတော့ ဘတ်တာတစ်ယောက် မျက်ရည်တွေ ဝဲနေပါတယ်။ သူမက အစေခံတစ်ယောက်သာ ဖြစ်ပေမဲ့ သခင်လေးကတော့ သူမကို တကယ့်ကို တလေးတစားနဲ့ ဂရုစိုက်ပေးခဲ့တာပါ။ ဒါဟာ သူမ သခင်လေးကို ဘာကြောင့် ချစ်ရသလဲဆိုတဲ့ အကြောင်းရင်းဖြစ်သလို၊ သူမရဲ့ တစ်ဘဝလုံးမှာ သခင်လေးကိုပဲ အလုပ်အကျွေး ပြုချင်နေရတဲ့ အကြောင်းရင်းလည်း ဖြစ်နိုင်ပါတယ်။

စာစဉ် (၁)

အခန်း(၁၀)

နေ့ရက်တွေ တဖြည်းဖြည်း ကုန်ဆုံးလာတာနဲ့အမျှ ဗန်ဒါဘစ်စံအိမ်ကြီးရဲ့ အလုပ်သမားတွေကြားထဲမှာ သခင်လေးရဲ့ တီထွင်မှုသတင်းက တောမီးလို ပျံ့နှံ့သွားခဲ့ပါတယ်။ မိုက်ကယ်က ရေဘုံဘိုင်တွေ စတင်တပ်ဆင်ပေးချိန်မှာ မြို့ပြင်ရောက်နေတဲ့သူအချို့ဆိုရင် အိမ်ပြန်ရောက်တဲ့အခါ မီးဖိုချောင်နဲ့ အိမ်သာတွေထဲမှာပဲ အချိန်ကုန်နေကြတဲ့ အစေခံမလေးတွေရဲ့ ထူးဆန်းတဲ့ မြင်ကွင်းကို ချက်ချင်းတွေ့လိုက်ရတာပေါ့။ အိမ်တော်ထိန်းတွေရဲ့ အမြင်မှာတော့ အစေခံမလေးတွေက တစ်နေ့ကို နှစ်ကြိမ်လောက် ရေချိုးရတာကို ရုတ်တရက် စွဲလမ်းသွားကြသလိုပါပဲ။

တစ်ရက်တောင် မပြည့်ခင်မှာပဲ သူတို့တွေ အမှန်တရားကို သိသွားကြပါတယ်။ အဲဒါကတော့ သခင်လေးဟာ အစေခံမလေးတွေရဲ့ အခန်းတိုင်းမှာ ရေချိုးခန်းနဲ့ အိမ်သာတွေကို တပ်ဆင်ပေးလိုက်တာကြောင့် သူတို့တွေဟာ မှော်ဆရာတွေကို အကူအညီတောင်းစရာမလိုဘဲ ရေကို အလွယ်တကူ သုံးနိုင်သွားတာပဲ ဖြစ်ပါတယ်။ ခန့်မှန်းထားတဲ့အတိုင်းပါပဲ၊ အိမ်တော်ထိန်းတွေဟာ ရေဘုံဘိုင်နဲ့ အိမ်သာတွေကို ကိုယ်တိုင်မြင်လိုက်ရတဲ့အခါ အစေခံမလေးတွေလိုပဲ အံ့ဩမှင်သက်သွားကြပါတယ်။

“ဒါကို သခင်လေးက တည်ဆောက်ခဲ့တာလား ”

အိမ်တော်ထိန်းအချို့ဟာ လက်သမားအလုပ်တွေကိုပါ ကျွမ်းကျင်ကြသူတွေမို့ ဒီလိုစနစ်တစ်ခုလုံး ဖြစ်လာဖို့အတွက် လိုအပ်တဲ့ ပိုက်လိုင်းတွေနဲ့ ကိရိယာတွေကို ဖန်တီးရတာ ဘယ်လောက်ခက်ခဲလဲဆိုတာ ကောင်းကောင်းသိပါတယ်။ ဒါဟာ လက်နဲ့ချည်းပဲ လုပ်လို့ရတဲ့အရာ မဟုတ်ပါဘူး။

မှော်ပညာအကြောင်း နည်းနည်းပါးပါး နားလည်တဲ့ အိမ်တော်ထိန်းအချို့ကတော့ ပိုက်လိုင်းတွေရဲ့ ပုံသဏ္ဌာန်က မန္တန်တစ်ခုခုနဲ့ ပုံသွင်းထားသလို ဖြစ်နေတာကို ချက်ချင်းသတိထားမိသွားကြပါတယ်။ သခင်လေးဟာ အပြစ်အနာအဆာမရှိတဲ့ ဒီလိုပြီးပြည့်စုံတဲ့ ပိုက်တွေကို ဘယ်လိုဖန်တီးလိုက်သလဲဆိုတာကတော့ သိသွားပြီပေါ့။

ဒါပေမဲ့ ဒါကလည်း စဉ်းစားစရာ ဖြစ်နေပြန်ပါတယ်။ မိုက်ကယ်က အသက် ၅ နှစ်ပဲ ရှိသေးတာလေ။ သူက မှော်ပညာအကြောင်း စတင်သင်ယူရုံပဲ ရှိဦးမှာဖြစ်ပြီး မန္တန်တွေကို အသုံးပြုနိုင်ဖို့ဆိုတာကတော့ အဝေးကြီးပါပဲ။

သူတို့က အိမ်တော်ထိန်းတွေသာ ဖြစ်တာကြောင့် သခင်လေးကို တိုက်ရိုက်တော့ မမေးမြန်းဝံ့ကြပါဘူး။ ဒါပေမဲ့ သူတို့ရဲ့ စိတ်ထဲမှာတော့ ဒီလို အံ့အားသင့်စရာကောင်းတဲ့ 'ရေပိုက်စနစ်' ကို တီထွင်နိုင်ရုံတင်မကဘဲ အဲဒါကို ဖန်တီးဖို့အတွက် မှော်အတတ်ကိုပါ ကျွမ်းကျင်နေတဲ့ သခင်လေးရဲ့ ထူးချွန်ထက်မြက်လှတဲ့ ပါရမီကို ကြည့်ပြီး အနည်းငယ်တောင် ကြောက်ရွံ့မိသွားကြပါတယ်။

မိုက်ကယ်ကတော့ သူတို့ရဲ့ အကြည့်တွေကို သတိထားမိပါတယ်။

သူ့ရဲ့ မန္တန်အသုံးပြုနိုင်တဲ့ 'လျှို့ဝှက်ချက်' က ကြာရှည်ခံမှာမဟုတ်ဘူးဆိုတာ သူသိနေတာပေါ့။ အစေခံမလေးတွေကတော့ သူက ပိုက်တွေကို ဘယ်လိုဖန်တီးသလဲဆိုတာကို သံသယမဝင်ကြပေမဲ့ သူ့အမေနဲ့ အဖေကတော့ သေချာပေါက် သိသွားကြမှာပါ။ ဒါပေမဲ့ သူတို့က အိမ်ကို ပြန်မရောက်သေးတာကြောင့် မိုက်ကယ်ရဲ့ လျှို့ဝှက်ချက်က လျှို့ဝှက်ချက်အဖြစ် ရှိနေပါသေးတယ်။

အိမ်တော်ထိန်းတွေ နှုတ်လုံအောင် လာဘ်ထိုးတဲ့အနေနဲ့ မိုက်ကယ်က သူတို့ရဲ့ အိပ်ဆောင်တွေမှာလည်း ရေချိုးခန်းနဲ့ အိမ်သာတွေကို လိုက်ပြီး တပ်ဆင်ပေးလိုက်ပါတယ်။

အဲဒီအစီအစဉ်က တကယ်ပဲ အလုပ်ဖြစ်သွားပါတယ်။ သူတို့တွေဟာလည်း ကိုယ်ပိုင်ရေပန်း ရှိနေသလိုမျိုး ရေချိုးခန်းထဲကနေ စီးကျလာတဲ့ ရေရဲ့ အရသာကို ခံစားရင်း အလုပ်ရှုပ်သွားကြတာပေါ့။ အဲဒီနောက်မှာတော့ သူတို့တွေဟာ အစေခံမလေးတွေကို နောက်ပြောင်တာမျိုး မလုပ်ကြတော့တဲ့အပြင် သူတို့ကိုယ်တိုင်လည်း တစ်နေ့ကို နှစ်ကြိမ်စီ ရေချိုးကြပါတော့တယ်။

ဒါပေမဲ့ ရေကန်ထဲမှာ ရေကုန်သွားတိုင်း အားလုံးက ဝိုင်းပြီး ကူညီကြရပါတယ်။

မိုက်ကယ်က မြေအောက်ရေအရင်းအမြစ်နဲ့ ချိတ်ဆက်ထားတဲ့ ရေကန်ကြီးရဲ့ ဘေးမှာ လက်နှိပ်တုံ့ ခြောက်ခုကို တပ်ဆင်ပေးထားပါတယ်။ မနက်ခင်းမှာ လူခြောက်ယောက်က မိနစ်အနည်းငယ်လောက် ရေတုံ့ပေးလိုက်ရုံနဲ့ တစ်နေ့လုံး သုံးဖို့အတွက် ရေလုံလုံလောက်လောက် ရရှိမှာဖြစ်ပါတယ်။

ဒီလိုလုပ်ရတာက ရေတွင်းကနေ ရေခပ်ပြီး တစ်အိမ်လုံးကို သယ်ယူနေရတာနဲ့ ယှဉ်ရင် ဘာမှမဟုတ်တဲ့ အားစိုက်ထုတ်မှုမျိုးပဲ ဖြစ်ပါတယ်။

မိုက်ကယ် ရေပိုက်စနစ်ကို တီထွင်ပြီး တစ်ပတ်ကျော်သွားတဲ့အခါ စံအိမ်ကြီးရဲ့ လေထုက လုံးဝကို ပြောင်းလဲသွားပါတယ်။ အစေခံမလေးတွေကလည်း အရင်ကထက် ပိုပြီး တက်ကြွလန်းဆန်းနေကြသလို အိမ်တော်ထိန်းတွေကလည်း ပိုပြီး ခန့်ညားထည်ဝါလာကြပါတယ်။ ခြုံပြီးပြောရရင်တော့ လူတိုင်းဟာ သခင်လေးက သူတို့အတွက် လုပ်ပေးခဲ့တဲ့ ပြောင်းလဲမှုတွေအပေါ်မှာ အတိုင်းထက်အလွန် ကျေနပ်နေကြတာပေါ့။

* * * * * * * * *

ထူးထူးခြားခြား တစ်ရက်မှာတော့ မိုက်ကယ်ဟာ သမင်အသေကောင်ကြီးကို ကျောပိုးလာတဲ့ အိမ်တော်ထိန်းတစ်ယောက်နဲ့ ဆုံမိပါတယ်။

သူက မေးကြည့်တဲ့အခါ အိမ်တော်ထိန်းတွေနဲ့ မှော်ဆရာတွေဟာ လွန်ခဲ့တဲ့ တစ်ပတ်ကတည်းက စံအိမ်ပြင်ပက တောရိုင်းမြေတွေထဲမှာ အမဲလိုက်သွားနေကြတာလို့ သိလိုက်ရတယ်။

“ကျွန်တော်တို့ ဆောင်းရာသီအတွက် ပြင်ဆင်နေကြတာပါ သခင်လေး။ တစ်နိုင်ငံလုံး အစာရေစာ ရှားပါးလာတဲ့အခါ လုံလောက်တဲ့ စားနပ်ရိက္ခာရှိအောင်လို့ အခုကတည်းက အသားတွေကို အခြောက်ခံထားဖို့ လိုပါတယ်”

မိုက်ကယ်က လှီးဖြတ်ထားတဲ့ သမင်ရဲ့ ကိုယ်ထည်ကို ကြည့်လိုက်တဲ့အခါ အသားထဲက ဝါကြန့်ကြန့် အဆီခဲတွေကို တွေ့လိုက်ရပါတယ်။

အဲဒီမှာတင် သူက ရုတ်တရက် အကြံတစ်ခု ရသွားတာပါ။

ရေချိုးတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းနေအောင် ထားဖို့အတွက် အရေးကြီးဆုံးအချက်က ဘာလဲ

အခု ဒီအလယ်ခေတ်ကမ္ဘာမှာလည်း သူသုံးနေကျ ဆပ်ပြာရဲ့ ရှေးကျတဲ့ ပုံစံမျိုးတော့ ရှိပါတယ်။ ဒါပေမဲ့ သူ့အမြင်မှာတော့ အဲဒါက သူ့ရဲ့ စံနှုန်းတွေကို မမီပါဘူး။

‘ဟေး နိုဗာ၊ ငါ့ရဲ့ အရင်ကမ္ဘာက စံနှုန်းတွေအတိုင်း ဆပ်ပြာလုပ်နည်းကို အဆင့်လိုက် ညွှန်ကြားချက်လေးတွေ ပေးနိုင်မလား ’

[ သိရှိပါပြီ။ အရေပြားကို သန့်စင်ပေးနိုင်ပြီး ကောင်းမွန်စေတဲ့ ဆပ်ပြာကို ဖန်တီးဖို့အတွက် ... ကနေ စတင်နိုင်ပါတယ်။ ]

သူ့ရဲ့ ကိုယ်ပိုင် အေအိုင် အကူက သူ့ဦးနှောက်ထဲကို အချက်အလက်တွေ ထပ်ပြီး ဖြည့်သွင်းပေးလိုက်ပြန်ပါတယ်။ အဲဒါကတော့ သူအခုချက်ချင်း လုပ်နိုင်တဲ့ ရိုးရှင်းပေမဲ့ ပြည့်စုံတဲ့ လက်စွဲစာအုပ်တစ်ခုပေါ့။

“တိရစ္ဆာန်အဆီ အချို့လောက် ကျွန်တော့်ကို ပေးလို့ရမလား ” မိုက်ကယ်က အိမ်တော်ထိန်းကို မေးလိုက်ပါတယ်။ တိရစ္ဆာန်အဆီဆိုတာ ဆပ်ပြာဖန်တီးဖို့အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုဆိုတာ နိုဗာကို မမေးခင်ကတည်းက သူသိထားပြီးသားပါ။

အိမ်တော်ထိန်းက ငါးနှစ်သားလေးက ဘာလို့ တိရစ္ဆာန်အဆီ လိုအပ်နေတာလဲဆိုတာကို သိချင်စိတ်နဲ့ ကြည့်နေပါတယ်။ ဒါပေမဲ့လည်း ဒီငါးနှစ်သားလေးကပဲ အတော်ဆုံး တီထွင်သူတွေတောင် မလုပ်နိုင်တဲ့အရာကို ဖန်တီးခဲ့တာမို့ နောက်ဆုံးမှာတော့ သူက ခွင့်ပြုလိုက်ပါတယ်။

မိုက်ကယ်က သူ့ရဲ့ နောက်ထပ် စီမံကိန်းအတွက် လိုအပ်တဲ့ ကျန်တဲ့ပစ္စည်းတွေကိုလည်း ဝယ်ယူပေးဖို့ ဘတ်တာကို ခိုင်းလိုက်ပါတယ်။

“သခင်လေး၊ နောက်ထပ် ကြီးကြီးမားမားတစ်ခုခု ထပ်လုပ်ဖို့ ပြင်နေပြန်ပြီလား ”

မိုက်ကယ်ရဲ့ တောင်းဆိုချက်ကို ကြားပြီးနောက် ဘတ်တာက မျက်လုံးလေးတွေ တောက်ပရင်း မေးလိုက်ပါတယ်။

“အိမ်သာတွေလို ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ အိမ်ကို ထပ်ပြီး မဖျက်ဆီးတော့ဘူးလို့ ကျွန်တော် ကတိပေးပါတယ်” လို့ သူက ရင်ဘတ်ပေါ် လက်တင်ပြီး ပြောလိုက်ပါတယ်။

ဘတ်တာက သက်ပြင်းချရင်း သူပေးတဲ့ စာရင်းကို ကြည့်လိုက်ပါတယ်။

“ကောင်းပါပြီ သခင်လေး။ ဒီပစ္စည်းတွေကိုတော့ နောက်တစ်မြို့မှာ သွားဝယ်ပေးပါ့မယ်။ နေမဝင်ခင်တော့ ပြန်ရောက်လာပါလိမ့်မယ်”

ဘတ်တာနဲ့ တခြား အစေခံမလေးအချို့ဟာ ခရီးအတွက် ပြင်ဆင်ကြပါတယ်။ သခင်လေးက ထူးထူးခြားခြား ပစ္စည်းတွေ ဝယ်ချင်တယ်လို့ ကြားလိုက်တဲ့အခါ အစေခံမလေးတော်တော်များများက သူတို့ကိုယ်တိုင် သွားဝယ်ပေးမယ်လို့ ကမ်းလှမ်းကြတာပါ။

သူတို့တွေကတော့ ရေချိုးခန်းနဲ့ အိမ်သာတွေအတွက် ကျေးဇူးတင်နေကြတုန်းဖြစ်ပြီး စိတ်ထဲမှာတော့ ပါရမီရှင် သခင်လေးဆီကနေ နောက်ထပ် ဘယ်လို တီထွင်မှုအသစ်တွေ ထွက်လာဦးမလဲဆိုတာကို ပထမဆုံး မြင်တွေ့ချင်နေကြတာ ဖြစ်ပါတယ်။

သူတို့ ထွက်ခွာသွားတဲ့အခါ မိုက်ကယ်က လက်ဝှေ့ယမ်းပြီး နှုတ်ဆက်လိုက်ပါတယ်။

သူ့စိတ်ထဲမှာတော့ တိတ်တဆိတ် ဝမ်းသာနေမိတာပေါ့။ ချမ်းသာတဲ့ မိဘတွေရှိတာက သူ့ရဲ့ စီမံကိန်းတွေကို အဟန့်အတားမရှိ လုပ်ဆောင်နိုင်ဖို့အတွက် အကောင်းဆုံးပါပဲ။ အကယ်၍ ဒီအလယ်ခေတ်မှာသာ ပိုက်ဆံမရှိဘူးဆိုရင်တော့ ငရဲကျနေသလို ဖြစ်မှာ အသေအချာပါပဲ။

စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပြီးတဲ့နောက်မှာတော့ အစေခံမလေးတွေဟာ သူတောင်းလိုက်တဲ့ ပစ္စည်းတွေအပြည့်နဲ့ ပြန်ရောက်လာကြပါတယ်။

မိုက်ကယ်က အဲဒီအိတ်ထဲကို ချက်ချင်းပဲ မွှေနှောက်ကြည့်လိုက်တဲ့အခါ မရှိမဖြစ်လိုအပ်တဲ့ အမွှေးဆီပုလင်းလေးတွေနဲ့ အရေးကြီးဆုံးဖြစ်တဲ့ အယ်လ်ကာလီ ဆိုတဲ့ ပြာရည် တွေကို တွေ့လိုက်ရပါတယ်။

အယ်လ်ကာလီနဲ့ တိရစ္ဆာန်အဆီက ဆပ်ပြာလုပ်ဖို့အတွက် အဓိကပါဝင်ပစ္စည်းတွေမို့ အများကြီးဝယ်ခဲ့ဖို့ သူက ဘတ်တာကို မှာထားခဲ့တာပါ။ ဘတ်တာကလည်း သူ့ကို စိတ်မပျက်စေခဲ့ပါဘူး။

မိုက်ကယ်က တောင်ခြေနားက သူ့ရဲ့ ပရောဂျက်အခန်းဆီကို ချက်ချင်းပဲ ထွက်သွားပါတော့တယ်။

“ညစာစားဖို့ ပြန်လာဦးနော် သခင်လေး ” လို့ ဘတ်တာက အော်ပြောလိုက်ပါတယ်။

သူမကတော့ သခင်လေး တစ်ယောက်တည်း ထွက်သွားတတ်တာကို အသားကျနေပြီမို့ သိပ်ပြီး စိတ်ပူမနေတော့ပါဘူး။

* * * * * * * * *

နောက်တစ်နေ့ မနက်မှာတော့ မိုက်ကယ်ဟာ အိပ်ရာကနေ စိတ်လှုပ်ရှားစွာ ထလိုက်ပြီး သူ့ရဲ့ ပရောဂျက်အခန်းဆီကို ချက်ချင်း ပြေးသွားပါတယ်။

နိုဗာရဲ့ ညွှန်ကြားချက်အတိုင်း သူဟာ အယ်လ်ကာလီနဲ့ တိရစ္ဆာန်အဆီကို သုံးပြီး ဆပ်ပြာအရောအနှောကို အလွယ်တကူ ဖန်တီးလိုက်ပါတယ်။ မနေ့ညက သူဟာ ဒီအရောအနှောကို ပုံစံခွက်ထဲ ထည့်ထားပြီး ဆပ်ပြာခဲသွားတဲ့ ဖြစ်စဉ်ကို မြန်ဆန်စေဖို့အတွက် ရိုးရှင်းတဲ့ ကြယ်တစ်လုံးအဆင့် မီးတောက် မန္တန်ကို အသုံးပြုခဲ့ပါတယ်။

နောက်တစ်နေ့မနက်မှာတော့ အဲဒါက အဆင်သင့် ဖြစ်နေပါပြီ။ သူ ဆပ်ပြာကို ဖန်တီးနိုင်ခဲ့ပြီပေါ့

All Chapters