နတ်ဘုရားရဲ့ အမှားတစ်ခုကြောင့် သေဆုံးခဲ့ရပြီးနောက်၊ နတ်ဘုရားမှပြန်လည်ပေးဆပ်တဲ့အနေနဲ့ အန်နီမေးတွေကြိုက်တဲ့ မိုက်ကယ်ကို မှော်စွမ်းအားများရှိရာ ကမ္ဘာသစ်တစ်ခုတွင် အချမ်းသာဆုံးမိသားစုဆီမှာ ပြန်လည်ဝင်စားခွင့်ပေးခဲ့သည်။ သူသည် အဆင့်မြင့် AI လက်ထောက်ဖြစ်သော နိုဗာ၊ နတ်ဘုရား၏ ကောင်းချီးများနှင့်အတူ သူ၏ဘဝသစ်ကို ပြောင်းလဲဖန်တီးနိုင်မည့် ထူးခြားသော အခွင့်အရေးကို ရရှိထားသူဖြစ်သည်။ လျှပ်စစ်မီး၊ ရေပိုက်စနစ်နှင့် ခေတ်မီလူနေမှု အသုံးအဆောင်များ လုံးဝမရှိသည့် အလယ်ခေတ်ပုံစံ ကမ္ဘာထဲသို့ ရောက်ရှိလာသောအခါ မိုက်ကယ်သည် ထိုကဲ့သို့ ရှေးကျသော လူနေမှုပုံစံဖြင့် မနေထိုင်နိုင်ပေ။ သူသည် ခေတ်သစ်နည်းပညာဆိုင်ရာ တီထွင်မှုများကို ဤကမ္ဘာ၏ ပေါကြွယ်ဝလှသော မှော်စွမ်းအင်များနှင့် ပေါင်းစပ်ပြီး ယခင်က မရှိဖူးသေးသည့် အရာများကို ဖန်တီးကာ တိုးတက်မှု၏ နည်ပညာပါရမီရှင်တစ်ဦး ဖြစ်လာခဲ့သည်။ အချမ်းသားဆုံးအိမ်တော်ရဲ့ သားတစ်ယောက်အဖြစ်မှ မြော်မြင်မှုရှိသော ရှေ့ဆောင်လမ်းပြတစ်ဦးအဖြစ်သို့ ကျွမ်းကျင်သော အင်ဂျင်နီယာအတတ်ပညာ၊ မှော်ပညာကို လက်တွေ့စမ်းသပ်မှုများနှင့် မလျှော့သော ဇွဲလုံ့လတို့ဖြင့် သူ၏ မူလကမ္ဘာထက် သာလွန်သည့် ယဉ်ကျေးမှုအဆင့်အတန်းတစ်ခုကို တည်ဆောက်ခဲ့သည်။ ယခင်က မရှိခဲ့ဖူးသော သက်သောင့်သက်သာရှိမှု၊ ကြွယ်ဝချမ်းသာမှုနှင့် အံ့ဖွယ်အရာများကို ဖန်တီးပေးခဲ့ခြင်းပင် ဖြစ်သည်။ [မှော်ကျင့်စဉ်တစ်ခုကို ရရှိပါပြီ။] [စစ်ဆေးမှု ပြီးဆုံးပါပြီ။ မှော်စွမ်းအင် စုဆောင်းခြင်း ကျင့်စဉ်ကို ရရှိပါပြီ။] [ ရေဘုံဘိုင်တစ်ခုကို တည်ဆောက်ဖို့အတွက် အဆင့်လိုက် ညွှန်ကြားချက်တွေကို ရယူလိုပါသလား ] [ ၇ ကွက်အတွင်း အနိုင်ရမယ့် ကစားကွက်ကို ငါ ပြပေးရမလား ]

