← Chapters

အခန်း ၆၂၀

Vol. 52 Ch. 620

အခန်း ၆၂၀

Vol. 52 Ch. 620

အခန်း(၆၂၀)

ဘရက်စတန်ခေ ါင်းငိုက်စိုက်ကျသွားကာ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါလာတယ်။

"ဟား... ဟား... ဟား... ဒါက ငါ့ဘဝမှာ... အပျော်ရဆုံးနေ့ ဖြစ်လိမ့်မယ်ထင်တယ်"

မိုက်ကယ်က သူ မျှော်လင့်ထားတာထက်ကို အများကြီး ပိုပြီး စွမ်းဆောင်ပြနိုင်ခဲ့တာ ဖြစ်တယ်။

ဘယ်လိုနည်းနဲ့လဲတော့ မသိပေမဲ့ မိုက်ကယ်က မှော်ကျင့်စဉ်ကို သူ့ထက် ပိုပြီး နားလည်သဘောပေါက်ထားရုံတင်မကဘဲ သူ့ရဲ့ တိုက်ကွက်တွေထက်တောင် ပိုပြီး မြန်ဆန်တဲ့ လျှို့ဝှက်အရှိန်အဟုန်မျိုး ရှိနေတာကိုပါ သက်သေပြလိုက်နိုင်ခဲ့ပြီ ဖြစ်တယ်။

"မိုက်ကယ်... မိုက်ကယ်... မိုက်ကယ်… ဟေး….."

ဘရက်စတန်က မိုက်ကယ်ဆီကို တကယ့်ကို အရှိန်အဟုန်အပြင်းနဲ့ ပြေးဝင်သွားခဲ့ပြီး သူ့ရဲ့ မျက်နှာမှာတော့ မိုက်ကယ်အပေါ် လုံးဝ ရူးသွပ်မြတ်နိုးနေတဲ့ အရိပ်အယောင်တွေ အပြည့် ဖြစ်နေတော့တယ်။

မိုက်ကယ်ကတော့ ပထမတော့ အံ့အားသင့်သွားရတာပေါ့။ သူ အခုတင်ပဲ စွမ်းဆောင်ပြလိုက်တာတွေကြောင့် တစ်ဖက်လူက ဒေါသတကြီးနဲ့ ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်လာလိမ့်မယ်လို့ပဲ သူ ထင်ထားခဲ့တာလေ။

မှော်ဝက်တွေကို လုံးဝ ထိန်းချုပ်လိုက်ပြီး အသုံးမဝင်အောင် လုပ်ပစ်လိုက်ရုံတင်မကဘဲ ဘရက်စတန်ရဲ့ တိုက်ကွက်ကိုပါ အလွယ်တကူ ရှောင်တိမ်းပြနိုင်ခဲ့တာဆိုတော့ ဘရက်စတန်အနေနဲ့ နောင်တစ်ချိန်ရဲ့ နာမည်ကျော် မှော်ပညာရှင်ကြီး ဆိုတဲ့ သူ့ရဲ့ သိက္ခာကို ပြန်ဆယ်ဖို့ ကြိုးစားလိမ့်မယ်လို့ပဲ သူ ထင်နေခဲ့တာ ဖြစ်တယ်။

ဒါပေမဲ့ အဲဒါတွေအစား ဘရက်စတန်ရဲ့ မျက်နှာပေါ်မှာတော့ အစွဲအလမ်းကြီး ရူးသွပ်နေတဲ့ ပုံစံမျိုးသာ အထင်းသား ပေါ်နေခဲ့တယ်။

သူက သူ့လက်ထဲက ခလုတ်ကို နှိပ်လိုက်တဲ့အခါမှာတော့ သဟဇာတဓါး က လျှပ်ခနဲ ပေါ်ထွက်လာခဲ့တော့တယ်။

ထို့နောက် သူက မျက်လုံးတွေကို မှိတ်လိုက်ပြီး သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေဆီကနေ စွမ်းအားတွေကို စုစည်းကာ တန်ခိုးစွမ်းရည် အားလုံးကို သူ့ရဲ့ လက်နှစ်ဖက်ဆီမှာ စုရုံးစေလိုက်တယ်။

သူ့ရဲ့ စိတ်ထဲမှာတော့ ဟာဘင်ဂျာ ပြသခဲ့တဲ့ ပြကွက်ကို ပြန်လည် ပုံဖော်ရင်း ကွမ်တမ် ဓားချက် ကို ထုတ်ဖော်ဖို့အတွက် သူ့ရဲ့ ဒီဗာ လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို တသတ်သမတ်တည်း လိုက်လံ ပုံတူကူးချနေမိတော့တယ်။

သူက သဟဇာတဓါး ကို သူ့ခေါင်းအထက်သို့ မြှောက်လိုက်တဲ့အချိန်မှာပဲ သူ့ရဲ့ လက်ကောက်ဝတ် ပတ်ပတ်လည်က လက်တွေ့ကမ္ဘာရဲ့ ဝန်းကျင်က တဖြည်းဖြည်း လိမ်ဖယ် ကွေးညွတ်လာတော့တယ်။

သူ ရရှိထားသမျှထဲမှာ အစွမ်းအထက်ဆုံး တိုက်ကွက်ကို ထုတ်လွှတ်ဖို့ သူ အသင့်ဖြစ်နေပြီ ဖြစ်တယ်။

သူ လုပ်ဖို့ လိုအပ်တာကတော့ သူ့ဘက်ထရီထဲမှာ ရှိတဲ့ ၃၀၀ ရာခိုင်နှုန်းသော တန်ခိုးစွမ်းရည် အားကို အသုံးပြုပြီး လက်တွေ့ကမ္ဘာရဲ့ လိမ်ဖယ်မှုကို လေဟာနယ် တစ်ခုလုံး ဆုတ်ဖြဲပစ်နိုင်တဲ့အထိ သူ့လက်ထဲက စွမ်းအားကို မြှင့်တင်လိုက်ဖို့ပဲ ဖြစ်တယ်။

ဘရက်စတန်က သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာနေဆဲမှာပင် သူက သဟဇာတဓါး ကို အောက်သို့ ဝှေ့ယမ်းကာ ထုတ်လွှတ်တော့မည့် ဆဲဆဲမှာတင် ရုတ်တရက် အပေါ်က ကောင်းကင်ယံဆီကနေ ခရုသင်းမှုတ်သံတွေ ဟိန်းခနဲ ထွက်ပေါ်လာခဲ့တယ်။

တူးတ် တိုတို တူးးးး။

မှော်ကမ္ဘာငယ်လေး က လူတိုင်းရဲ့ ခန္ဓာကိုယ်တွေကို လေလံပွဲကျင်းပရာ နေရာဆီသို့ ပြန်လည် ပို့ဆောင်ပေးဖို့ ပြင်ဆင်လိုက်တာကြောင့် လူတိုင်း ချက်ချင်းပဲ အရှိန်သတ်လိုက်ကြရတယ်။

အပြင်းအထန် တိုက်ခိုက်နေကြဆဲဖြစ်တဲ့ အဲလ်ရစ်နဲ့ ပေါ့တ်ဘိုးလ်တို့ကတော့ သူတို့ရဲ့ တိုက်ပွဲ အနှောင့်အယှက် ခံလိုက်ရတာမို့ မကျေမနပ် ဖြစ်သွားကြတာပေါ့။

အဲရစ်နဲ့ ဘော်ဘီတို့ကတော့ ဒီအခြေအနေက ဘာကို ဆိုလိုလဲဆိုတာ သဘောပေါက်သွားတာမို့ သူတို့ရဲ့ မျက်နှာတွေက အံ့ဩတုန်လှုပ်မှုနဲ့ စိတ်ပျက်လက်ပျက် ဖြစ်မှုတွေအဖြစ် ပြောင်းလဲသွားကြတော့တယ်။

သူတို့က အလံငါးခုလုံးကို လက်ဝယ် ပိုင်ဆိုင်ထားတဲ့ ဒစ်ကီ ရှိရာဆီသို့ လှမ်းကြည့်လိုက်ကြတယ်။

သူကတော့ အခုအချိန်မှာ မြေပြင်ပေါ်မှာ သတိမေ့လဲကျနေခဲ့ပြီ ဖြစ်ပြီး သူ့ရဲ့ ဘေးပတ်ပတ်လည်မှာတော့ အနက်ရောင်နဲ့ အဖြူရောင် ဝတ်စုံတွေကို သပ်ရပ်စွာ ဝတ်ဆင်ထားကြတဲ့ လူတွေက ဝိုင်းအုံ စုဝေးနေကြတာ ဖြစ်တယ်။

သူတို့တွေကတော့ တခြားသူတွေမဟုတ်ဘဲ တော်ဝင်မိသားစုရဲ့ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ ဖြစ်ကြပြီး မြို့စားကတော် ရဲ့ ကိုယ်ရံတော်တွေနဲ့ အစေခံတွေပဲ ဖြစ်တယ်။

အခုဆိုရင် အလံခုနစ်ခုလုံးက သူတို့ရဲ့ လက်ထဲကို ရောက်ရှိသွားခဲ့ပြီ ဖြစ်တယ်။

ဘယ်လိုနည်းနဲ့ပဲ ဖြစ်ဖြစ်၊ အားလုံးက တိုက်ပွဲတွေကြားထဲမှာ အသည်းအသန် လုံးပန်းနေကြတဲ့ အရှိန်အဟုန်အပြင်းဆုံး အချိန်မှာ ဒီပွဲစဉ်ထဲမှာ အခြားအဖွဲ့တစ်ဖွဲ့ ရှိနေသေးတယ်ဆိုတာကို လူတိုင်း လုံးဝ မေ့လျော့နေခဲ့ကြတာ ဖြစ်တယ်။

ဒီလျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့က သူတို့ရဲ့ နာမည်အတိုင်းပင် ပွဲစဉ်တစ်ခုလုံးမှာ သူတို့ရဲ့ တည်ရှိမှုကို သေချာ သိုဝှက် ထားခဲ့ကြပြီး တိုက်ခိုက်ဖို့ အကောင်းဆုံး အခိုက်အတန့်ကို စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေခဲ့ကြတာ ဖြစ်တယ်။

သူတို့ရဲ့ စောင့်ဆိုင်းမှုကလည်း တကယ်ပဲ အရာထင်ခဲ့တာပေါ့။ လူတိုင်း တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ဖို့ အလုပ်ရှုပ်နေကြစဉ်မှာပဲ သူတို့က လူတိုင်းရဲ့ မျက်စိအောက်ကနေ အလံတွေကို ခိုးယူသွားခဲ့ကြပြီး လေလံအောင်နိုင်ခွင့်ကို သိမ်းပိုက်သွားခဲ့ကြတာ ဖြစ်တယ်။

"အနိုင်ရရှိသူကို ဆုံးဖြတ်လိုက်ပြီ ဖြစ်ပါတယ်။ ကစားသမားတို့၊ စင်မြင့်ထက်ဆီသို့ ပြန်လာကြပါတော့" ဘာနာဘီက ကြေညာလိုက်ပြီး သူ့ရဲ့ အသံက မှော်ကမ္ဘာငယ်လေး ရဲ့ နေရာအနှံ့အပြားဆီသို့ ဟိန်းထွက် ပျံ့နှံ့သွားခဲ့တော့တယ်။

ဘရက်စတန်နဲ့ မိုက်ကယ်တို့ အပြင်းအထန် ထိပ်တိုက်မတွေ့ဆုံမီ စက္ကန့်ပိုင်းအလိုမှာတင် သူတို့နှစ်ယောက်လုံး စင်မြင့်ထက်ဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့ကြရပြီ ဖြစ်တယ်။

မိုက်ကယ်က လေလံခန်းမထဲကို ပြန်ရောက်သွားတာကို သိလိုက်ရပြီး သူ့ဘေးပတ်ပတ်လည်က လူအုပ်ကြီးကို ငေးကြည့်နေမိတယ်။

သူက ခလုတ်ကို အမြန် ပြန်နှိပ်လိုက်ပြီး သဟဇာတဓါး ကို ပိတ်လိုက်တယ်။

တော်သေးတာပေါ့။ ငါ့ရဲ့ ကွမ်တမ် ဓားချက် ကို သုံးလိုက်ရတော့မလို့။

သူက သူ့ရဲ့ ကွမ်တမ် နည်းစနစ်အသစ်တွေကို သူ့ရဲ့ လျှို့ဝှက်လက်နက်တွေအဖြစ် သတ်မှတ်ထားတာ ဖြစ်တယ်။ ဖြစ်နိုင်ရင်တော့ ဝိညာဉ်ဆီ ၁၅ စက်အထိ လောင်းကြေးထပ်ထားတဲ့ နောက်ထပ် ပွဲစဉ်ကျမှသာ ပြိုင်ဘက်တွေကို အငိုက်ဖမ်းနိုင်ဖို့အတွက် ဒါကို လုံးဝ မထုတ်သုံးဘဲ သိုဝှက်ထားချင်တာလေ။

"ဟေး... ဟေး..."

မိုက်ကယ် တစ်ကိုယ်လုံး ကြက်သီးတဖြန်းဖြန်း ထသွားရတယ်။ သူ ဘေးဘက်ကို လှမ်းကြည့်လိုက်တော့ ဘရက်စတန်က သူ့ကို ပြုံးပြုံးကြီး စိုက်ကြည့်နေတာကို တွေ့လိုက်ရလို့ပဲ။

သူက ဘာဖြစ်နေတာလဲ။

"မြို့စားကတော် နဲ့ တော်ဝင်မိသားစုကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားအပ်ပါတယ်။ ခင်ဗျားတို့အနေနဲ့ ရွှေဒင်္ဂါးပြား သန်း ၁၀၀၀ နဲ့ မော်တော်ကား လေလံပွဲကို အောင်မြင်စွာ ဆွတ်ခူးသွားခဲ့ပြီ ဖြစ်ပါတယ်"

လူတိုင်းက အပေါ်ကို မော့ကြည့်လိုက်ကြပြီး ၎င်းတို့ရဲ့ ဗွီအိုင်ပီ အခန်းထဲကနေ ထင်ထင်ရှားရှား မြင်တွေ့နေရတဲ့ မြို့စားကတော် ဆီသို့ လက်ခုပ်တီးကာ ချီးမွမ်းလိုက်ကြတယ်။ သူကတော့ တော်ဝင်သွေးတွေ ထုံးစံအတိုင်း သူ့ရဲ့ လက်ကောက်ဝတ်ကို လှည့်ပတ်ပြီး တခြားသူတွေကို လက်ဝှေ့ယမ်း ပြသနေတာပေါ့။

သူ့အတွက် လေလံပွဲကို အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့တဲ့ လျှို့ဝှက်ထောက်လှမ်းရေးနှစ်ယောက်ကတော့ သူ့ဆီသို့ ဦးညွှတ်လိုက်ကြပြီး သူတို့ရဲ့ ရိုသေခန့်ညားမှုကို ပြသလိုက်ကြတယ်။

"တောက်... ငါ အဲဒီလူတွေကို လုံးဝ မေ့သွားခဲ့တာပဲ"

"အဲဒါ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့လေ။ အဲဒါ သူတို့ ကျွမ်းကျင်တဲ့ အကွက်ပေါ့"

"လက်ဂါစီ့စ်တွေကတော့ သိပ်ပြီး ကျေနပ်ကြမှာ မဟုတ်ဘူး။ သူတို့က ပွဲကို နိုင်ခါနီး ဖြစ်နေခဲ့တာလေ။ အလံငါးခုလုံးကိုတောင် ရထားခဲ့တာကို"

သူ မျှော်လင့်ထားခဲ့တဲ့အတိုင်းပဲ၊ အဲလ်ရစ်၊ ဘော်ဘီနဲ့ အဲရစ်တို့ကတော့ စင်ပေါ်က မော်တော်ကားကို မျှော်လင့်တကြီးနဲ့ ငေးကြည့်နေရုံကလွဲလို့ ဘာမှမတတ်နိုင်တော့ချေ။ သူတို့တွေက တကယ့်ကို အစွမ်းကုန် ကြိုးစားခဲ့ကြပြီး ပွဲစဉ်အတွင်းမှာ ကစားသမားတွေ အများကြီးကို စနစ်တကျ စွန့်လွှတ် အနစ်နာခံခဲ့ကြရပေမဲ့ နောက်ဆုံးမှာတော့ လေလံပွဲကို ရှုံးနိမ့်သွားခဲ့ရတာ ဖြစ်တယ်။

လူတိုင်းက ပွဲစဉ်ရဲ့ ရုတ်တရက် ပြီးဆုံးသွားမှုကြောင့် စိတ်မသက်မသာ ဖြစ်နေကြဆဲမှာပင် ဘာနာဘီက စင်ပေါ်သို့ ချက်ချင်း တက်လာခဲ့ပြီး သူတို့ရဲ့ နောက်ထပ် ပွဲစဉ်ကို ကြေညာလိုက်တော့တယ်။

"အားလုံး သိကြတဲ့အတိုင်းပဲ၊ ဝိညာဉ်ဆီ ၁၅ စက်အတွက် ကစားရမယ့် ပွဲစဉ်ကိုတော့ အရင်ပွဲစဉ် ပြီးဆုံးတာနဲ့ ချက်ချင်းပဲ စတင်သွားမှာ ဖြစ်ပါတယ်"

ဒီကြေညာချက် ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ အဲရစ်၊ အဲလ်ရစ်နဲ့ ဘော်ဘီတို့ရဲ့ စိတ်ပျက်မှုတွေက ပိုပြီးတော့ သိသာထင်ရှားလာခဲ့ရတယ်။

ဘာဖြစ်လို့လဲဆိုတော့ အဲရစ်နဲ့ အဲလ်ရစ်တို့ရဲ့ အဖွဲ့ထဲမှာဆိုရင် လက်ရှိ မတ်တပ်ရပ်နိုင်တဲ့ အဖွဲ့ဝင်က တစ်ယောက်တည်းသာ ကျန်ရှိတော့လို့ပဲ ဖြစ်တယ်။ ကျန်တဲ့သူတွေကတော့ အကုန်လုံး သတိမေ့လဲကျနေကြတာမို့ နောက်ပွဲစဉ်မှာ ပါဝင် ယှဉ်ပြိုင်နိုင်စွမ်း မရှိကြတော့ဘူးလေ။

ဘော်ဘီ့အဖွဲ့မှာဆိုရင်လည်း အဖွဲ့ဝင် တစ်ယောက်မှ မကျန်တော့တာကြောင့် သူကတော့ ဒီပွဲစဉ်ကို တစ်ယောက်တည်း ဝင်ရောက် ယှဉ်ပြိုင်ရမယ့်ပုံစံ ဖြစ်နေခဲ့ရတယ်။

စစ်သည်တော်တွေ ဘက်မှာဆိုရင်တော့ ပေါ့တ်ဘိုးလ်နဲ့ အခြားသူ နှစ်ယောက်က မတ်တပ်ရပ်နိုင်ဆဲ ဖြစ်နေခဲ့တယ်။

မှော်ဆရာတွေ ဘက်မှာတော့ ဘရက်စတန်နဲ့ အခြား အဖော်တစ်ယောက်က ပွဲကစားဖို့ အဆင်သင့် ရှိနေဆဲပဲ ဖြစ်တယ်။

ပြီးတော့ လျှို့ဝှက်ထောက်လှမ်းရေးတွေ ဘက်မှာဆိုရင်တော့ အဖွဲ့ဝင် နှစ်ယောက် ကျန်ရှိနေသေးတာ ဖြစ်တယ်။ သူတို့တွေကတော့ စစ်မြေပြင်မှာ လှည့်ပတ် ပုန်းကွယ်နေခဲ့ပြီး အခြားအဖွဲ့တွေဆီကနေ အလံတွေကို ခိုးယူသွားခဲ့တဲ့သူတွေပေါ့။

ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ ဒီနောက်ထပ်ပွဲစဉ်အတွက် ကစားသမား အရေအတွက်က မူရင်းပွဲစဉ်မှာ ပါဝင်ခဲ့တဲ့ ကစားသမားဦးရေရဲ့ တစ်ဝက်ထက်တောင်မှ လျော့နည်းနေခဲ့ပြီ ဖြစ်တယ်။

မော်တော်ကားတွေအတွက် ကစားခဲ့တဲ့ ပွဲစဉ်က တကယ့်ကို ရက်စက်ကြမ်းကြုတ်လှတယ်ဆိုတာ သက်သေပြသွားခဲ့ပြီ ဖြစ်တယ်။ ဒါက လူတွေအနေနဲ့ ဒီလိုမျိုး နောက်ထပ်အဆင့်မြင့် နည်းပညာ တိုးတက်မှုတွေကို ဘယ်လောက်အထိ အသည်းအသန် လိုချင်နေကြလဲဆိုတာကို ပြသနေတာပဲ ဖြစ်တယ်။

| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. မိုက်ကယ်၊ မင်း အစွမ်းကုန် ထုတ်ပြဖို့ အသင့်ဖြစ်ပြီလား|

ဟာဘင်ဂျာ ရဲ့ မေးခွန်းက မေးခွန်းထက်ကို အကြံပြုချက်တစ်ခုနဲ့ ပိုတူနေခဲ့တယ်။ ဒီဗာ အနေနဲ့ မိုက်ကယ်ကို သူ့ထက် သုံးဆင့်ကနေ လေးဆင့်လောက်အထိ အဆင့်မြင့်တဲ့ မက်ဂ်နက်စ်တွေနဲ့ ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်စေချင်တာထက် ပိုပြီး လိုလားတာ ဘာမှရှိမနေဘူးလေ။

ဒီတစ်ကြိမ်မှာတော့ လျှို့ဝှက်တဲ့နည်းလမ်းကိုပဲ သုံးတာ ပိုကောင်းလိမ့်မယ်လို့ ငါ ထင်တယ်။ ဒါက လျှို့ဝှက်ထောက်လှမ်းရေးတွေအတွက် အလုပ်ဖြစ်ခဲ့တာဆိုတော့ ငါ့အတွက်လည်း အလုပ်ဖြစ်မှာပါ။

သူက သူ့ရဲ့ ဒရုန်းတွေကို အသုံးပြုပြီး ရှေ့ကနေ ကြိုတင် စူးစမ်းလေ့လာဖို့ စီစဉ်ထားပြီး စွမ်းအင်တွေကိုလည်း တစ်ကြိမ်ကို နည်းနည်းချင်းစီသာ အားဖြည့်သွားဖို့ စိတ်ကူးထားတာ ဖြစ်တယ်။ ပြီးတော့ ဝိညာဉ်ဆီ အစက်တွေအတွက် လောင်းကြေးထပ်ရမယ့် အရေးကြီးတဲ့ အချိန်မျိုးကျမှသာ သူ့ရဲ့ စွမ်းအားအသစ်တွေကို ထုတ်ပြဖို့ ရည်ရွယ်ထားတာပေါ့။

ရုတ်တရက် သူ နောက်တစ်ကြိမ် ကြက်သီးထသွားရပြန်တယ်။

အဲဒီလူက ငါ့ကို အခုထိ စိုက်ကြည့်နေတုန်းပဲ၊ ဟု သူက ဘရက်စတန်ကို မျက်စောင်းထိုးကြည့်ရင်း တွေးလိုက်မိတယ်။

ဒါက ပြဿနာတစ်ခု ဖြစ်လာနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘရက်စတန်က သူတို့ အရင်ပွဲစဉ်က ရပ်တန့်သွားခဲ့တဲ့ နေရာကနေ ပြန်ပြီး စတင်ဖို့ အသည်းအသန် ဖြစ်နေတဲ့ ပုံစံမျိုး ပေါက်နေလို့ပဲ ဖြစ်တယ်။

မဖြစ်သေးပါဘူး... ငါ သူ့ကို ဘယ်လိုနည်းနဲ့မဆို အတတ်နိုင်ဆုံး ရှောင်ရလိမ့်မယ်။ ငါ့ရဲ့ ဝိညာဉ်ဆီ အစက်တွေကို ရမယ်လို့ သေချာတဲ့အချိန်အထိတော့ ဘာတိုက်ပွဲမှ မဆင်နွှဲဘူး။

သူက ဘရက်စတန်ကို လှမ်းကြည့်လိုက်ပြီး သူ့ရဲ့ ခန္ဓာကိုယ်ထဲက ထွက်ပေါ်နေတဲ့ အလင်းမှော်စွမ်းအင်ရဲ့ လက္ခဏာရပ်တွေကို အလွတ်မှတ်သားထားလိုက်တယ်။ ဒါတင်မကဘဲ သူက သူ့ရဲ့ ဒရုန်းကို အသုံးပြုပြီး ဘရက်စတန်ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေကို လျှို့ဝှက်စွာ ချောင်းမြောင်းကြည့်ရှုကာ သူ့ရဲ့ တန်ခိုးစွမ်းရည် ရဲ့ အပူလှိုင်းပုံရိပ် လက္ခဏာတွေကိုပါ အလွတ်မှတ်သားလိုက်တော့တယ်။

ကွက်တိဆိုသလိုပင် ဘာနာဘီက လူတိုင်းကို လှမ်းကြည့်လိုက်ပြီး သူ့ရဲ့ လက်နှစ်ဖက်ကို အကျယ်ကြီး ဖြန့်လိုက်တယ်။

"လူကြီးမင်း အပေါင်းတို့ခင်ဗျာ၊ အားလုံးပဲ ဒီညရဲ့ လေလံပွဲ နောက်ဆုံးပိတ် ဇာတ်သိမ်းပိုင်းအတွက် အသင့်ဖြစ်ကြပြီလား"

* * * * * * * *

စာစဉ်(၅၂)

All Chapters