အခန်း (၄၁၇-၄၁၈)
Vol. 35 Ch. 417-418
အခန်း(၄၁၇)
ဒါပေါ့၊ အဲရစ်တစ်ယောက် သူမရှေ့မှာ ရှိနေတဲ့လူက ပင်ကိုယ်ဗီဇကတည်းက သံလိုက်စွမ်းအား ပိုင်ဆိုင်ထားတဲ့သူတစ်ယောက် ဖြစ်လိမ့်မယ်လို့ ဘယ်တုန်းကမှ တွေးမိမှာမဟုတ်ဘူး။ အဲဒါက သူမစိတ်ထဲမှာတော့ ဒဏ္ဍာရီတစ်ခုလို ဖြစ်နေတုန်းပဲလေ။
"နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကတော့ မျှော်လင့်ချက်မရှိတော့ဘူး။ ဒါပေမဲ့ ငါတို့မှာ ပြဿနာတစ်ခု ရှိနေတုန်းပဲ၊ ကိုယ့်လူတို့ ခင်ဗျာ။ အပြင်မှာ လွတ်မြောက်နေတုန်းဖြစ်တဲ့ လူတစ်ယောက် ရှိသေးတယ်၊ သူကတော့ သူတို့ရဲ့ ဒုတိယမြောက် အကြီးအကဲ အာဆိုနီ ပဲ" လို့ အဲလ်ရစ်က သတိပေးလိုက်တယ်။
ဘော်ဘီက ရင်ဘတ်ပေါ် လက်ပိုက်ပြီး အလေးအနက် တွေးတောနေရင်း "သူက ဘယ်လောက်တောင် သန်မာလို့လဲ" လို့ မေးလိုက်တယ်။
အဲလ်ရစ်ရဲ့ လက်ရုံးတစ်ဦးဖြစ်တဲ့ ပါးဆီးယပ်စ်က အဲဒီမေးခွန်းကို ဖြေပေးခဲ့တယ်။
"သူက ခန္ဓာကိုယ်ဖွဲ့စည်းမှု တတိယအဆင့်မှာ ရှိနေတာ။ သူက အောက်ဘက် ကွင်းစ်နယ်မြေ၊ အထူးသဖြင့် အန်ဂိုရာမြို့နဲ့ ကင်းစ်နယ်မြေမှာတောင် သောင်းကျန်းဖျက်ဆီးနိုင်လောက်အောင် သန်မာတယ်။ အကယ်၍ သူ့ကို ဒီအတိုင်း အကြာကြီး လွှတ်ထားလိုက်ရင် သူက ကိုယ်ပိုင်အင်အားစုတွေကို စုစည်းပြီး ငါတို့ကို ပြန်လည်တိုက်ခိုက်လာနိုင်ခြေ ရှိတယ်"
"အဲဒါက ပြဿနာပဲ" လို့ အဲရစ်က တွေးတောရင်း ပြောလိုက်တယ်။ "အဲဒီနေရာက သံလိုက်စွမ်းအား ပိုင်ဆိုင်တဲ့သူတွေ လုံးဝမရှိတဲ့နေရာလေ။ သူ့ကို တားမယ့်သူမရှိဘဲ အဲဒီမှာ သောင်းကျန်းနေတော့မှာပေါ့"
လက်ဂါစီ့စ်တွေဟာ စွမ်းရည်တစ်ခုက မှန်ကန်တဲ့လက်ထဲမှာ ရှိနေရင် ဘယ်လောက်တောင် အစွမ်းထက်တယ်ဆိုတာ ကောင်းကောင်းသိကြသလို၊ ကလဲ့စားချေချင်စိတ် ရှိနေတဲ့သူတစ်ယောက်က ဘယ်လောက်အထိ ဖျက်ဆီးပစ်နိုင်တယ်ဆိုတာကိုလည်း သိကြတယ်။ သူတို့က အာဆိုနီတစ်ယောက် သူ့သခင် သေဆုံးသွားတာကို သိလိုက်ရရင် ကလဲ့စားချေဖို့အတွက် သူတတ်နိုင်သမျှ အရာအားလုံးကို လုပ်တော့မယ်လို့ တွေးလိုက်ကြတယ်။
ပြီးတော့ အဲဒါက လက်ဂါစီ့စ်တွေအတွက် ပြဿနာတစ်ခု ဖြစ်နေတယ်၊ ဘာလို့လဲဆိုတော့ အဲဒါက ပုံမှန်လူနေမှုဘဝ စီးဆင်းမှုကို အနှောင့်အယှက်ဖြစ်စေပြီး အကျိုးအမြတ်တွေ ဆုံးရှုံးရမယ်လို့ အဓိပ္ပာယ်ရလို့ပဲ။
"အာဆိုနီကို နှိမ်နင်းဖို့ ငါ့အလှည့်ပဲနော်" လို့ ဘော်ဘီက ရုတ်တရက် လွှတ်ခနဲ ပြောလိုက်တယ်။
"နင်က အဲဒီလိုမျိုး အလွယ်တကူ ဦးဦးဖျားဖျား တောင်းဆိုလို့ မရဘူးလေ" လို့ အဲရစ်က ပြန်ပက်လိုက်တယ်။
အဲလ်ရစ်က ခေါင်းကိုက်ချင်သလို ခံစားလိုက်ရတာကြောင့် ခေါင်းကို ရမ်းလိုက်ရင်း "ငါတို့ ဒီအကြောင်းကို နောက်ထပ် တစ်ပတ်ကြာမယ့် အစည်းအဝေး ထပ်လုပ်ရဦးမှာ မဟုတ်လား" လို့ ပြောလိုက်တယ်။
သူတို့ရဲ့ ဖလဲယားကော့ပ်ကို နှိမ်နင်းမယ့် အစီအစဉ်ကိုတောင် ဆုံးဖြတ်ဖို့ လချီကြာခဲ့ရတာလေ။ ဒါပေမဲ့ အဲဒါက သူတို့ရဲ့ အစီအစဉ်က သိပ်ပြီးရှုပ်ထွေးလွန်းလို့ မဟုတ်ဘဲ ဝန်ထုပ်ဝန်ပိုးနဲ့ အကျိုးအမြတ်တွေကို ဘယ်လိုခွဲဝေရမလဲဆိုတာ မသိကြလို့ပဲ ဖြစ်တယ်။
ဥပမာပြောရရင် အခု ဖလဲယားကော့ပ် ပျက်စီးသွားပြီဖြစ်လို့ မက်ထရိုပိုလစ်မှာရှိတဲ့ သူတို့ရဲ့နယ်မြေက အပိုင်စီးဖို့ အဆင်သင့်ဖြစ်နေပြီ။ ဒါပေမဲ့ လက်ဂါစီ့စ်တွေက အဲဒါကို သူတို့အားလုံးကြားထဲမှာ ညီတူညီမျှ ခွဲဝေဖို့ ဆုံးဖြတ်ခဲ့ကြတယ်။ ဒါပေမဲ့ အဲဒါကို မဆုံးဖြတ်ရသေးခင် လပေါင်းများစွာ ငြင်းခုံခဲ့ကြရသေးတယ်။
အဲရစ်က ဒီအကြောင်းနဲ့ပတ်သက်ပြီး ဘော်ဘီနဲ့ ဆက်မငြင်းတော့ဖို့ ဆုံးဖြတ်လိုက်တယ်။ "ဘာပဲဖြစ်ဖြစ်လေ" လို့ သူမက ပြောရင်း သူ့ဆီကနေ မျက်နှာလွှဲလိုက်တယ်။
ပြီးနောက် သူမက စစ်ပွဲပြီးသွားပြီဖြစ်လို့ အမှိုက်တွေကို ရှင်းလင်းနေကြတဲ့ ဘတ်ချ်ရောခ့်မြို့က ဒေသခံတွေဆီ လျှောက်သွားလိုက်တယ်။
"ဘတ်ချ်ရောခ့်ရဲ့ ကောင်းမွန်တဲ့ ပြည်သူတို့။ ငါက ဒီမြို့မှာ ငါကိုယ်တိုင် ဦးစီးမယ့် ဆေးဝါးအရောင်းဆိုင်တစ်ဆိုင် တည်ထောင်ဖို့ အဆိုပြုပါတယ်။ အဲဒါက သင်တို့အားလုံးကို တိုက်ပွဲကနေ ပြန်လည်သက်သာလာစေဖို့ ကူညီပေးပါလိမ့်မယ်" လို့ သူမက ကြေညာလိုက်တယ်။
ဒါကိုမြင်တော့ ဘော်ဘီကလည်း သူ့ကိုယ်ပိုင်ကုမ္ပဏီကို ကြော်ငြာဖို့ အခွင့်အရေး ယူလိုက်တယ်။
"ငါလည်း ပန်းပဲပညာနဲ့ သတ္တုလုပ်ငန်း ဝန်ဆောင်မှုတွေကို ပေးပါတယ်" လို့ သူက သူ့ရဲ့ ကြီးမားတဲ့ ရင်ဘတ်အကာချပ်ကို ထုတ်ကြွားရင်း ပြောလိုက်တယ်။
အဲလ်ရစ်လည်း နောက်ကနေ ကျန်မနေခဲ့ပါဘူး။ "ငါ့ကုမ္ပဏီကတော့ အမျိုးမျိုးသော ဝန်ဆောင်မှုတွေနဲ့ ကုန်ပစ္စည်းတွေကို ပေးစွမ်းပါတယ်။ ငါတို့ရဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေက အရာအားလုံးနဲ့ ဘာမဆို ပံ့ပိုးပေးနိုင်အောင် လုပ်ဆောင်ပေးပါတယ်"
လက်ဂါစီ့စ်တွေက ဒါကို နောက်ထပ် စီးပွားရေးအခွင့်အရေးတစ်ခုလိုပဲ သဘောထားတာမဟုတ်ဘဲ ဘတ်ချ်ရောခ့်မြို့ကို ပြန်လည်ဦးမော့လာအောင် ကူညီပေးမယ့် နည်းလမ်းတစ်ခုအနေနဲ့ သဘောထားတာ ဖြစ်တယ်။
သူတို့ရဲ့ အရင်းအမြစ်တွေ၊ သူတို့ရဲ့ အဆက်အသွယ်တွေနဲ့ဆိုရင် ဘတ်ချ်ရောခ့်မြို့က ပြည်သူတွေဟာ သူတို့ရဲ့မြို့ကို မူလထက်တောင် ပိုကောင်းတဲ့အရာတစ်ခုအဖြစ် ပြန်လည်တည်ဆောက်ဖို့ အလွန်တရာ လွယ်ကူသွားလိမ့်မယ်။
တော်လှန်ရေးကို ဦးဆောင်နေတဲ့ အဖိုးအိုတွေထဲက တစ်ယောက်က သူ့ရဲ့ ကောက်ရိုးဦးထုပ်ကို လက်ကကိုင်ရင်း လက်ဂါစီ့စ်တွေဆီ လျှောက်လာခဲ့တယ်။
"တောင်းပန်ပါတယ်၊ မွန်မြတ်လှတဲ့ သူရဲကောင်းတို့။ ဒါပေမဲ့ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ ပံ့ပိုးကူညီသူအသစ်ကို ရှာဖွေတွေ့ရှိပြီးသား ဖြစ်နေလို့ပါ"
ဒီစကားကြောင့် လက်ဂါစီ့စ်တွေ တော်တော်လေး အံ့ဩသွားကြတယ်။ သူတို့က လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်ကမှ ဒီမြို့ကို လွတ်မြောက်အောင် လုပ်ပေးခဲ့တာလေ၊ ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး သူတို့ဆီကို အရင်ရောက်နှင့်နေတာလဲ။ ဒါက စဉ်းစားကြည့်ရင် တော်တော်လေး အဓိပ္ပာယ်မရှိတာပဲ။
"ဘယ်သူလဲ" လို့ အဲရစ်က မေးလိုက်တယ်။
ဒေသခံက သူ့မျက်လုံးထဲမှာ စိတ်အားထက်သန်မှုတွေ၊ မျိုးချစ်စိတ်ဓာတ်တွေနဲ့ ကောင်းကင်ယံကို မော့ကြည့်လိုက်တယ်။ "အဲဒါက ရီနေးတား ကုမ္ပဏီ ပါပဲ။ သူတို့က အိုင်းရွန်းမေဒင်ရဲ့ ကောင်းချီးပေးခြင်းကို ခံထားရတဲ့သူတွေပေါ့။ ကျွန်တော်တို့ သူတို့ရဲ့ သတ္တုမော်တော်ကားတွေကို ရရှိဖို့နဲ့ အဲဒါကို ကျွန်တော်တို့ရဲ့ မြင့်မြတ်တဲ့ သားရဲတိရစ္ဆာန်လို သဘောထားဖို့ မျှော်လင့်နေကြတာပါ"
လက်ဂါစီ့စ်တွေဟာ သူတို့မျက်နှာပေါ်မှာ ဇဝေဇဝါဖြစ်နေတဲ့ ပုံစံတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့ထဲက ဘယ်သူမှ ဒီကုမ္ပဏီအကြောင်း တစ်ခါမှ မကြားဖူးတာတော့ ရှင်းနေတာပဲ။
ရီနေးတားကုမ္ပဏီက မက်ထရိုပိုလစ် ဒါမှမဟုတ် ကွင်းစ်နယ်မြေရဲ့ မြောက်ဘက်အဝေးကြီးမှာ ရှိမနေတာတော့ သေချာတယ်၊ ဘာလို့လဲဆိုတော့ အဲဒီမှာဆိုရင် သူတို့ ဒီအချိန်လောက်ဆို ဒီကုမ္ပဏီအကြောင်း ကြားဖူးနေလောက်ပြီမို့လို့ပဲ။
"ဒီ ရီနေးတားကုမ္ပဏီက ဘယ်နားမှာ တည်ရှိလဲဆိုတာ မင်း ငါတို့ကို ပြောပြနိုင်မလား" လို့ အဲလ်ရစ်က မေးလိုက်တယ်။
"ပျံ့နှံ့နေတဲ့ မြင့်မြတ်တဲ့နာမတော်တွေအရတော့ ရီနေးတားကုမ္ပဏီက ကင်းစ်နယ်မြေမှာ အခြေခံအဆင့်ကနေ စတင်ခဲ့တာပါ။ ဒါပေမဲ့ အိုင်းရွန်းမေဒင်ရဲ့ ဂရုဏာတော်ကြောင့် သူတို့က အန်ဂိုရာမြို့နဲ့ အခြားနေရာတွေအထိပါ တိုးချဲ့နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က အိုင်းရွန်းမေဒင်ရဲ့ ကောင်းချီးတွေကို နောက်ထပ် ခံယူရမယ့်သူတွေ ဖြစ်လာမှာပါ"
ဒေသခံတွေက ဒူးထောက်လိုက်ကြပြီး အိုင်းရွန်းမေဒင် ကို ကျေးဇူးတင်ရှိပုံရတဲ့ အနေအထားနဲ့ ကောင်းကင်ယံကို ဦးတိုက်ဆုတောင်းလိုက်ကြတယ်။
"ကင်းစ်နယ်မြေက ကုမ္ပဏီတစ်ခုက အန်ဂိုရာမြို့အထိ တိုးချဲ့နိုင်ခဲ့တယ် ဟုတ်လား" လို့ အဲလ်ရစ်က အံ့ဩတုန်လှုပ်နေတဲ့ မျက်နှာအမူအရာနဲ့ တွေးတောရင်း ပြောလိုက်တယ်။
"ဒါက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ" လို့ အဲရစ်က မှတ်ချက်ချလိုက်တယ်။ "တောင်ဘက်ပိုင်းမှာ ဒီလို စိတ်လှုပ်ရှားစရာတွေ ဖြစ်ပျက်နေတာကို ငါ မသိခဲ့ဘူး"
တစ်ချိန်တည်းမှာပဲ ဘော်ဘီကတော့ သတ္တုမော်တော်ကားကို ပိုပြီး စိတ်ဝင်စားနေခဲ့တယ်။ သူ့စိတ်ထဲမှာတော့ သတ္တုနဲ့လုပ်ထားတဲ့အရာတစ်ခုက ဘယ်လိုဖြစ်ပြီး တိရစ္ဆာန်တစ်ကောင်နဲ့ ခိုင်းနှိုင်းလို့ရလဲဆိုတာကို နားမလည်နိုင်ဖြစ်နေတယ်။
"သူတို့က ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းရဲ့ နံပါတ် ၄၅၀ မြောက် အဆင့်အထိ ရောက်ရှိသွားခဲ့ပြီ။ ပြီးတော့ သူတို့ ပိုပြီး အဆင့်တက်လှမ်းသွားတဲ့အခါမှာ ကျွန်တော်တို့ကိုလည်း အတူတူ ခေါ်ဆောင်သွားလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်" လို့ ဘတ်ချ်ရောခ့်မြို့က ဒေသခံက ချီးမွမ်းပြောဆိုလိုက်တယ်။
အခုတော့ ဒီအချက်က လက်ဂါစီ့စ်တွေအတွက် တကယ့်ကို အံ့ဩစရာ ဖြစ်သွားခဲ့ပြီ။ ကင်းစ်နယ်မြေမှာရှိတဲ့ ကုမ္ပဏီတစ်ခုက အဆင့်တွေကို ကျော်ဖြတ်ပြီး နံပါတ် ၄၅၀ မြောက် နေရာကိုတောင် ရောက်ရှိသွားလိမ့်မယ်လို့ သူတို့ ဘယ်တုန်းကမှ တွေးမိမှာမဟုတ်ဘူး။
ကွက်တိပဲ၊ ဒေသခံတွေထဲက တစ်ယောက်က နောက်ဆုံးမှာ ခေါင်းလှည့်ကြည့်လိုက်ပြီး တံခါးဝနားမှာ ရပ်နေတဲ့ ရွှေရောင်ဆံပင်နဲ့ ကောင်လေးတစ်ယောက်ကို သတိပြုမိသွားတယ်။
ထိုလူက သူ ဘယ်သူ့ကို မြင်လိုက်ရလဲဆိုတာ သိသွားတဲ့အခါ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။
"အဲဒါ သူပဲ။ မြင့်မြတ်တဲ့နာမတော်တွေထဲက အတိုင်းပဲ။ သူက သတ္တုသားရဲတွေကို ပိုင်ဆိုင်တဲ့သူ၊ ရီနေးတားရဲ့ ခေါင်းဆောင်၊ သခင် မိုက်ကယ် ပဲ"
ဒေသခံတွေအားလုံး ချက်ချင်းပဲ ခေါင်းလှည့်ကြည့်လိုက်ကြပြီး သူတို့နဲ့ မီတာအနည်းငယ်အကွာမှာ ရှိနေတဲ့ မိုက်ကယ်ကို မြင်လိုက်ကြတယ်။
သူတို့က မိုက်ကယ်ဆီကို ချက်ချင်း ဝိုင်းအုံတိုးဝှေ့ သွားကြပြီး လက်ဂါစီ့စ်တွေက သူတို့ကို ကယ်တင်ခဲ့တာမဟုတ်ဘဲ သူကပဲ ကယ်တင်ခဲ့သလိုမျိုး ဆက်ဆံလိုက်ကြတယ်။
ပြီးတော့ အဲဒီအချိန်မှာပဲ လက်ဂါစီ့စ်တွေဟာ ရီနေးတား ကုမ္ပဏီရဲ့ ခေါင်းဆောင်လို့ ယူဆရတဲ့သူကို နောက်ဆုံးမှာ လှမ်းကြည့်လိုက်ကြတယ်။
သူတို့ရဲ့ မျက်လုံးတွေက ဇဝေဇဝါဖြစ်မှုနဲ့ အံ့ဩတုန်လှုပ်မှုတွေအဖြစ် ပြောင်းလဲသွားခဲ့တယ်။ အဲဒါက ဘယ်လိုဖြစ်နိုင်မှာလဲလို့ သူတို့ တွေးလိုက်ကြတယ်။ မိုက်ကယ်က လူပျိုပေါက်အရွယ်လေးပဲ ရှိသေးတာလေ။ ဒါပေမဲ့ သူက နံပါတ် ၄၅၀ မြောက် နေရာကို ရောက်ရှိနိုင်ခဲ့တဲ့ ရီနေးတား ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့သူ ဟုတ်လား။
သူတို့က သူက ပိုပြီးအသက်ကြီးပြီး ပိုပြီးတော့လည်း အတွေ့အကြုံရင့်ကျက်တဲ့သူ ဖြစ်လိမ့်မယ်လို့ ထင်ထားခဲ့ကြတာ။ ကလေးတစ်ယောက် ဖြစ်နေလိမ့်မယ်လို့ သူတို့ လုံးဝ မမျှော်လင့်ထားခဲ့ဘူး။ ကုမ္ပဏီတစ်ခု တည်ထောင်ဖို့က ဘယ်လောက်တောင် ရှုပ်ထွေးလဲဆိုတာ သူတို့ သိကြသလို၊ အဲဒါကို ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီတစ်ခု ဖြစ်လာအောင် လုပ်ဖို့ဆိုတာ ပိုလို့တောင် သိကြတာပေါ့။
ဒါပေမဲ့ တစ်စုံတစ်ယောက်သော ကလေးတစ်ယောက်က အဲဒါကို လုပ်ဆောင်နိုင်ခဲ့တယ်၊ ပြီးတော့ ကင်းစ်နယ်မြေကနေ ဖြစ်နေတာလေ။
အဲလ်ရစ်၊ အဲရစ်နဲ့ ဘော်ဘီတို့က မိုက်ကယ်ကို ကြည့်လိုက်ပြီး သူ့မျက်နှာကို မှတ်မိမလားလို့ ကြည့်လိုက်ကြတယ်။ ဒါပေမဲ့ သူတို့ မမှတ်မိကြဘူး။ သူက အုပ်စုကြီးတွေကနေ ဆင်းသက်လာတဲ့ လက်ဂါစီ့စ်တွေရဲ့ အတွင်းစည်းထဲက အစိတ်အပိုင်းတစ်ခု မဟုတ်ခဲ့ဘူး။
"တဆိတ်လောက်၊ မင်းက ရီနေးတားရဲ့ ပိုင်ရှင်လား" လို့ အဲလ်ရစ်က မိုက်ကယ်ဆီ ချဉ်းကပ်ရင်း မေးလိုက်တယ်။
မိုက်ကယ်က ထိုလူကို အကဲခတ်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ "ဟုတ်ပါတယ်၊ ငါက ပိုင်ရှင်ပါ။ ပြီးတော့ မင်းတို့က လက်ဂါစီ့စ်တွေထဲကပေါ့"
အဲလ်ရစ်က သူ့လက်ကို ရင်ဘတ်ပေါ်တင်ပြီး နှုတ်ဆက်တဲ့အနေနဲ့ ဦးညွှတ်လိုက်တယ်။ "မှန်ပါတယ်ဗျာ။ မင်းလို ပါရမီရှင်တစ်ယောက်နဲ့ ဆုံရတာ ဝမ်းသာပါတယ်။"
"ဟေး။ ငါက အဲရစ်ပါ။ ဆင်ကလဲယားရဲ့ မြေးလေ" လို့ သူမက ကြားဖြတ်ဝင်ပြောလိုက်ပြီး မိုက်ကယ်ကလည်း သူမကို နှုတ်ဆက်လိုက်တယ်။
"ငါ့နာမည်က ဘော်ဘီ။ အကယ်၍ မင်းမှာ ပန်းပဲပညာ လိုအပ်ချက်တွေရှိရင် ငါ့ကို ဆက်သွယ်လို့ရတယ်နော်" လို့ သူက ပြောလိုက်တယ်။
မိုက်ကယ်က လက်ဂါစီ့စ်တွေကို နှုတ်ဆက်လိုက်ပြီး သူတို့က အာဆိုနီနဲ့ ဖလဲယားကော့ပ်တို့လို မဟုတ်ဘဲ တော်တော်လေး သဘောကောင်းကြတယ်လို့ တွေ့ရှိလိုက်ရတယ်။ ဒီခေါင်းဆောင် သုံးယောက်က သူတို့ရဲ့ မြင့်မားတဲ့ အဆင့်အတန်းတွေ ရှိနေပေမဲ့လည်း တော်တော်လေးကို ဖော်ရွေပျူငှာကြပါတယ်။
* * * * * * * *
စာစဉ်(၃၅)
အခန်း(၄၁၈)
"ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်း ထဲမှာ မင်းလို အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ နေရာတစ်နေရာ ရအောင် ယူနိုင်တာ တကယ်ကို အားကျဖို့ကောင်းတယ်" လို့ အဲလ်ရစ်က မိုက်ကယ်ကို ချီးကျူးလိုက်တယ်။
"ကျွန်တော့်မှာ အားကိုးရတဲ့ သူငယ်ချင်းကောင်းတွေနဲ့ မဟာမိတ်တွေ ရှိလို့ပါ" လို့ သူက ပြန်ဖြေလိုက်တယ်။
ဒီစကားကြောင့် သူတို့ သုံးယောက်စလုံး ချက်ချင်း ပြုံးမိသွားကြတယ်။ ဒီတစ်ခွန်းတည်းနဲ့တင် မိုက်ကယ်ဟာ ဖလဲရက်စ်လို ထောင်လွှားပြီး အတ္တကြီးတဲ့သူ မဟုတ်ဘူးဆိုတာ သူတို့ သိလိုက်ကြပြီလေ။ မိုက်ကယ်ဟာ ဒီလောက်အထိ ကြီးမားတဲ့ အောင်မြင်မှုကို ရထားတာတောင် တကယ်ကို နှိမ့်ချတတ်လွန်းတယ်။
"ကောင်းပြီလေ... မင်းအနေနဲ့ ဘတ်ချ်ရောခ့်မြို့ကို သေချာ ဂရုစိုက်လိမ့်မယ်လို့ ငါ မျှော်လင့်ပါတယ်။ ဖလဲယားကော့ပ် လုပ်ထားခဲ့တဲ့ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်ပြင်ဖို့အတွက် သူတို့ဘက်က ပြုပြင်မွမ်းမံမှုတွေ အများကြီး လုပ်ဖို့ လိုလိမ့်မယ်" လို့ အဲလ်ရစ်က အကြံပေး စကားပြောလာတယ်။
"အဲဒါအတွက် စိတ်မပူပါနဲ့။ နှစ်ပတ်အတွင်းမှာ အားလုံး ပုံမှန်အတိုင်း ပြန်လည်လည်ပတ်နိုင်အောင် ကျွန်တော်တို့ လုပ်ပေးမှာပါ" လို့ မိုက်ကယ်က ကတိပေးလိုက်တယ်။
အဲဒီ သံလိုက်စွမ်းအား ပိုင်ရှင်ကြီးတွေကတော့ မိုက်ကယ် နောက်နေတယ် အမှတ်မထင်နဲ့ ရယ်ကြတာပေါ့။ တကယ်တော့ သူတို့သာ ဒီမြို့ကို ပြန်လည်ထူထောင်ဖို့ တာဝန်ယူရမယ်ဆိုရင် အနည်းဆုံး ရက်ပေါင်း ခြောက်လလောက် အချိန်ယူရမှာလေ။ ဒါကြောင့် သူတို့ စိတ်ထဲမှာတော့ မိုက်ကယ် တစ်ယောက် အချိန်ကာလကို တာထွက်လွန်ပြီး ပြောနေတာလို့ပဲ မြင်နေကြတယ်။
ဒါပေမဲ့ မိုက်ကယ်က နောက်နေတာ မဟုတ်ဘူး။ နိုဗာက သူတို့ရဲ့ ကိရိယာတွေ၊ အရင်းအမြစ်တွေနဲ့ တွက်ချက်ပြီး နှစ်ပတ်ဝန်းကျင်လောက်ပဲ ကြာမယ်လို့ သူ့ကို ခန့်မှန်းခြေ ပေးထားပြီးသားလေ။
"ကဲ... မင်း အကယ်၍ မက်ထရိုပိုလစ်မြို့ကို လာဖို့ အစီအစဉ်ရှိရင် ငါ့ကုမ္ပဏီကို ဝင်ခဲ့ဦးလေ။ မင်း အခြေချနိုင်ဖို့ ငါ ကူညီပေးလို့ရတယ်" လို့ အဲလ်ရစ်က ကမ်းလှမ်းလာတယ်။
"ဒါမှမဟုတ် ဒီမြို့မှာ သေချာ စနစ်တကျရှိတဲ့ ဆေးဆိုင်မျိုး ရှိစေချင်ရင်လည်း ငါ့ကို ပြော။ ဒီမှာ ဆိုင်ခွဲတစ်ခု ဖွင့်လှစ်နိုင်ဖို့ ငါတို့ စီစဉ်ပေးမယ်။ ဒါပေမဲ့ အဖိုးအခတော့ အသင့်အတင့် ပေးရမှာပေါ့ ဟဲ ဟဲ"
အဲရစ်က တဟားဟား ရယ်မောရင်း မိုက်ကယ်ရဲ့ ခေါင်းကို သူ့လက်မောင်းကြားထဲ ညှပ်ပြီး ချုပ်လိုက်တဲ့အခါ မိုက်ကယ်ခမျာ သိပ်ကို အိစက်ညင်သာတဲ့ခံစားမှုကြီးကို ခံစားလိုက်ရတယ်။
မိုက်ကယ်လည်း မျက်နှာလေး ရဲတက်သွားပြီး အဲရစ်ရဲ့ အချုပ်အနှောင်ထဲကနေ ရုန်းထွက်လိုက်ရတယ်။
"သားရေဝတ်စုံချပ်တစ်ခုတည်း ဝတ်ထားတာက သိပ်တော့ စိတ်မချရဘူး။ ဒါကြောင့် မင်း ငါတို့ ကုမ္ပဏီကို လာရင် မင်းအတွက် သီးသန့် အော်ဒါမှာလုပ်ထားတဲ့ ဝတ်စုံချပ်တစ်စုံကို လက်ဆောင်အဖြစ် ငါ ပေးမယ်" လို့ ဘော်ဘီက သူ့ရဲ့ မညီမညာ သွားတွေကို ပေါ်အောင် ပြုံးပြရင်း ပြောလာတယ်။
"ဝေါင်း... ခင်ဗျားက ကျွန်တော့်ကိုကျ အဲဒါမျိုး တစ်ခါမှ မကမ်းလှမ်းဖူးဘူး" လို့ အဲလ်ရစ်က မကျေမနပ် ညည်းတွားလိုက်တယ်။
"မင်းက လူကြီးလေ။ သူက ကလေး" လို့ ဘော်ဘီက ပြန်ပက်ပြီး "ကဲ မိုက်ကယ်... မင်း ဘယ်လိုထင်လဲ" လို့ မေးလိုက်တယ်။
လက်ဆောင်ပေးတာကို ကျေးဇူးတင်ပေမဲ့လည်း မိုက်ကယ်ကတော့ သူ့ရဲ့ လက်ရှိ ဝတ်စုံချပ်ကိုပဲ သဘောကျနေတာ။ ပြီးတော့ ဘော်ဘီကို စော်ကားတာ မဟုတ်ပေမဲ့ အကယ်၍ သူသာ ဝတ်စုံချပ် အကောင်းစား လိုချင်တယ်ဆိုရင် လူပုတွေက ဒီထက် ပိုကောင်းတာကို ပေးနိုင်လိမ့်မယ်ဆိုတာ မိုက်ကယ် သေချာပေါက် သိနေတယ်။
"ရပါတယ်... အားနာစရာကြီး"
"သဘောအတိုင်းပေါ့" လို့ ဘော်ဘီက ပခုံးတွန့်လိုက်တယ်။
အဲဒီအချိန်မှာပဲ မိုက်ကယ်က သူ့ရဲ့ အရိပ်ကို ငုံ့ကြည့်လိုက်မိပြီး တစ်စုံတစ်ခုက ဆွဲကိုင်လှုပ်နှိုးလိုက်သလို ခံစားလိုက်ရတယ်။
ဘယ်သူမှန်းမသိတဲ့ အသံတစ်သံက သူ့ခေါင်းထဲမှာ ဟိန်းထွက်လာတယ်။
"သခင်... ကျွန်တော်တို့ အန်ဂိုရာမြို့ကို ပြန်နေကြပြီ။ ဘတ်ချ်ရောခ့်မြို့မှာ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်ရေးကိစ္စကို အမြန်ဆုံး စီစဉ်ဖို့ ရှီနာက ဇွတ်အတင်း ပြောနေလို့"
ရှီနာကတော့ အချိန်ကို အလဟဿ မဖြုန်းဘဲ မြို့ပြန်လည်ပြင်ဆင်ရေးအတွက် အင်ဂျင်နီယာတွေနဲ့ ဆောက်လုပ်ရေး လုပ်သားတွေကို စေလွှတ်ဖို့ ဌာနချုပ်ကို ချက်ချင်း ပြန်သွားခဲ့ပြီ။ ဒါတင်မကသေးဘူး... ဒေသခံတွေ စားစရာ သောက်စရာ ရှိအောင်လို့ ရိက္ခာနဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကိုပါ တစ်ပါတည်း သယ်ဆောင်လာဖို့ စီစဉ်ပေးခဲ့သေးတယ်။
သူ့ကို ထားခဲ့ကြတာကို မိုက်ကယ် သဘောမထားပါဘူး။ မြို့ထဲမှာ သူတို့ရဲ့ အခြေအနေကို ခိုင်မာအောင် လုပ်ဖို့နဲ့ ဒါက သူတို့ရဲ့ နယ်မြေဖြစ်ကြောင်း တရားဝင် သတ်မှတ်ဖို့အတွက် ဒါကို လုပ်ဖို့ လိုအပ်တယ်ဆိုတာ သူ သိတာပေါ့။
"ကောင်းပြီ... ငါ အခုပဲ လာခဲ့မယ်" လို့ သူက ဖတ်ချ်ကို ပြန်ဖြေလိုက်တယ်။
ပြီးတော့မှ အဲဒီ သံလိုက်စွမ်းအား ပိုင်ရှင်ကြီးတွေဘက် လှည့်ပြီး နှုတ်ဆက်လိုက်တယ်။
"ကျွန်တော် လုပ်စရာလေးအချို့ ရှိနေလို့ စောစော ပြန်နှင့်တော့မယ်"
"ကောင်းပြီလေ... ငါတို့လည်း မကြာခင် သွားတော့မှာပါ။ ပြီးတော့ သတိရဦးနော်... မင်း အကူအညီ လိုတာရှိရင် မက်ထရိုပိုလစ်မြို့က ငါ့ဆီကိုသာ လှမ်းဆက်သွယ်လိုက်" လို့ အဲလ်ရစ်က ပြောတယ်။
မိုက်ကယ်က ခေါင်းညိတ်ပြပြီး ရဲတိုက်ထဲကနေ လှည့်ထွက်လာခဲ့တယ်။ တော်တော်လေး ဝေးဝေးကို ရောက်သွားတဲ့ အခါမှပဲ သူ့ရဲ့ အရိပ်စွမ်းရည်ကို သုံးပြီး တယ်လီပို့လုပ်ကာ ထွက်ခွာသွားခဲ့တော့တယ်။
တစ်ဖက်မှာတော့ အဲလ်ရစ်၊ အဲရစ်နဲ့ ဘော်ဘီတို့ သုံးယောက်စလုံးကတော့ မျက်နှာပေါ်မှာ နွေးထွေးတဲ့ အပြုံးတွေနဲ့ တံခါးဝကို ငေးကြည့်ကျန်ခဲ့ကြတယ်။
"ငါတို့တွေလည်း သူ့လို အရွယ်တုန်းက အချိန်တွေကို မင်းတို့ မှတ်မိသေးလား" လို့ အဲလ်ရစ်က မေးလိုက်တယ်။
"အင်း... ငါ့ရဲ့ ကုမ္ပဏီကို ပထမဆုံး စတင်တည်ထောင်တုန်းက အချိန်ကို မှတ်မိသေးတယ်။ သိပ်ကို စိတ်လှုပ်ရှားဖို့ ကောင်းခဲ့တာ" လို့ အဲရစ်က အတိတ်ကို ပြန်ပြောင်း အမှတ်ရရင်း ငေးမောကာ ပြောတယ်။
"သူ ဒီထက်ပိုပြီး မြင့်မားတဲ့နေရာကို တက်လှမ်းနိုင်မယ်လို့ မင်းတို့ ထင်လား"
ဘော်ဘီရဲ့ မေးခွန်းကြောင့် သူတို့ နှစ်ယောက်စလုံး သက်ပြင်းချလိုက်ကြရတယ်။
"ဖြစ်နိုင်ခြေ မရှိသလောက်ပါပဲ" လို့ အဲလ်ရစ်က ပြောတယ်။ "ရက်စက်တယ်လို့ ထင်ရပေမဲ့ ဘယ်လို သာမန်လူသားမှ ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ ထဲက အဆင့် ၄၀၀ ကျော် နေရာကို တက်လှမ်းဖို့ မျှော်လင့်လို့ မရဘူးလေ။ သူက ငါတို့လို သံလိုက်စွမ်းအား ပိုင်ရှင်ကြီးတွေ ဖြစ်ဖို့ လိုလိမ့်မယ်"
သူတို့တွေ မိုက်ကယ်အပေါ် ဒီလောက်အထိ ကောင်းကောင်းမွန်မွန် ဆက်ဆံကြတဲ့ အကြောင်းရင်းကတော့ သူတို့ရဲ့ စိတ်ထဲ နက်နက်ရှိုင်းရှိုင်းမှာ သူ့ကို သနားကရုဏာ သက်မိနေလို့ပဲ။ သူက ကင်းစ်နယ်မြေမှာတင်မကဘဲ အန်ဂိုရာမြို့မှာပါ ကြီးမားတဲ့ အောင်မြင်မှုတွေ ရခဲ့ပေမဲ့ မက်ထရိုပိုလစ်မြို့နဲ့ အဲဒီထက် ပိုဝေးတဲ့ နေရာတွေက ပိုမို အင်အားကြီးတဲ့ ကုမ္ပဏီတွေနဲ့တော့ ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးဆိုတာ သူတို့ သိနေကြတယ်။
သူတို့တွေ မက်ထရိုပိုလစ်မြို့ရဲ့ ထိပ်ဆုံးနေရာကို ရောက်နိုင်ခဲ့တဲ့ တစ်ခုတည်းသော အကြောင်းရင်းကတော့ တခြားလူတွေမှာ မရှိတဲ့ ထူးခြားတဲ့ စွမ်းရည်တွေ သူတို့မှာ ရှိနေလို့ပဲ။
သူတို့မှာ ဒီဗာတွေ ရှိကြတာကိုး။
ပြီးတော့ ဒီဗာတစ်ခု နိုးထလာဖို့ဆိုရင် နတ်ဘုရားပန်းပဲဖို အပိုင်းအစတစ်ခု ရှိဖို့ လိုအပ်တယ်။ အဲဒါက တကယ်ကို ခက်ခဲလွန်းတဲ့အရာ။ တကယ်တော့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေဆိုတာ မျိုးရိုးလိုက် အမွေဆက်ခံမှုကနေတစ်ဆင့်ပဲ ရနိုင်တာ ဒါမှမဟုတ်ရင်လည်း ပြည်နယ်အနှံ့က ဂူဗိမာန်တွေနဲ့ ရှာဖွေတွေ့ရှိမှုတွေကနေပဲ ရတတ်တာမျိုးလေ။
အကယ်၍ တစ်စုံတစ်ယောက်က ကံကောင်းထောက်မစွာနဲ့ တစ်ခုခု ရခဲ့ရင်တောင်မှ အဲဒီ နတ်ဘုရားပန်းပဲဖို အပိုင်းအစကို သူတို့ရဲ့ နှလုံးသားထဲမှာ ခွဲစိတ်ထည့်သွင်းပေးနိုင်တဲ့ အဲရစ်လို လူမျိုးရဲ့ ဝန်ဆောင်မှုကို ပေးချေနိုင်စွမ်း ရှိရဦးမယ်။
ဒါတင် ပြီးသွားတာ မဟုတ်သေးဘူး။ မိမိတို့ရဲ့ ဒီဗာကို အသုံးပြုနိုင်ဖို့ မီသရယ် ရှေးဟောင်းအမွေအနှစ် ပစ္စည်းတစ်ခုလည်း လိုအပ်သေးတယ်။ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေထက် ပိုပြီး အတွေ့ရများတယ် ဆိုပေမဲ့လည်း မီသရယ် ရှေးဟောင်းအမွေအနှစ် ပစ္စည်းတွေကတော့ ကြီးမားတဲ့ ဈေးနှုန်းတွေနဲ့ ရှားပါး ရတနာတွေအဖြစ် သတ်မှတ်ခံထားရတုန်းပဲ။
အဲဒါပြီးရင်တော့ ရှေးဟောင်းဝိညာဉ် သို့မဟုတ် ဝိညာဉ်ဆီကို ရရှိဖို့အတွက် ငွေကြေးရော ကံတရားပါ လိုအပ်ပြန်တယ်။
ဒါက သံလိုက်စွမ်းအား ပိုင်ရှင်ကြီးတစ်ဦး ဖြစ်လာဖို့ ခြေလှမ်းစတင်တဲ့ အဆင့်ပဲ ရှိသေးတာ။ အကယ်၍ မိမိရဲ့ ကျင့်စဉ်ကို အစဉ်တစိုက် မြှင့်တင်ချင်တယ်ဆိုရင်တော့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ ပိုရဖို့နဲ့ အက်စ်အိုအိုတွေ ပိုပြီး လိုအပ်ဦးမှာ ဖြစ်တယ်။
သံလိုက်စွမ်းအား ပိုင်ရှင်ကြီးတစ်ဦး ဖြစ်လာဖို့ကတော့ ကြီးမားတဲ့ ကုန်ကျစရိတ်တွေ ရှိနေပြီး ဒါကို လက်ဂါစီ့စ်တွေနဲ့ လုပ်ငန်းစုကြီးတွေပဲ တတ်နိုင်ကြတာလေ။
ဒါကြောင့် သူတို့က မိုက်ကယ်အနေနဲ့ အန်ဂိုရာမြို့ကို ကျော်လွန်ပြီး အောင်မြင်မှုရဖို့ လမ်းစမရှိဘူးလို့ ထင်နေကြတာ။ ဒါက မကောင်းတဲ့ စိတ်နဲ့ တွေးတာ မဟုတ်ဘဲ လက်တွေ့ အရှိတရားက အဲဒီလို ဖြစ်နေလို့ပဲ။
"ငါတို့ အာဆိုနီ အကြောင်းကို ဆွေးနွေးဖို့ လိုသေးတယ်" လို့ အဲလ်ရစ်က သူ့ရဲ့ လေယူလေသိမ်းကို ပိုပြီး တည်တည်တံ့တံ့ ပြောင်းလဲရင်း ပြောလာတယ်။ "ရီနေးတား ကုမ္ပဏီက အဆင့် ၄၅၀ ကို ရောက်သွားတာ မြင်တော့ အာဆိုနီက အဲဒီကုမ္ပဏီကို မျက်စိကျလာဖို့ သိပ်ကို သေချာနေတယ်"
"အဲဒီ အစုတ်ပလုတ် ပိုးဟပ်ကောင်။ ငါတို့ သူ့ကို ရှင်းပစ်ရမယ်။ ငါက အဲဒီ မိုက်ကယ်ဆိုတဲ့ ကောင်လေးကို တကယ် သဘောကျတာ" လို့ အဲရစ်က ဒေါသတကြီး ပြောတယ်။
"ငါတို့ အခုချက်ချင်း လှုပ်ရှားမှဖြစ်မယ်။ မဟုတ်ရင် အဲဒီကောင်လေးတော့ ဘဝပျက်တော့မှာပဲ" လို့ ဘော်ဘီကလည်း သဘောတူလိုက်တယ်။
အကယ်၍ အာဆိုနီက မိုက်ကယ်ကို သတ်ပြီး ရီနေးတား ကုမ္ပဏီကို သူ့ဘာသာ သိမ်းပိုက်လိုက်တာကို သိရရင် သူတို့ တကယ်ပဲ စိတ်မကောင်း ဖြစ်မိကြမှာ။
သူတို့ အထင်တော့ ရီနေးတား ကုမ္ပဏီဟာ အန်ဂိုရာမြို့မှာတင် အထွတ်အထိပ် နေရာကို ရောက်သွားပြီလို့ ထင်နေကြတာ။ မိုက်ကယ်က သံလိုက်စွမ်းအား ပိုင်ရှင်ကြီး မဟုတ်တာကတင် သူ့အတွက် ကြီးမားတဲ့ ကံဆိုးမှု ဖြစ်နေပြီမို့ အာဆိုနီကြောင့် အဲဒီ ကံဆိုးမှုတွေ ထပ်ပြီး မတိုးပွားစေချင်ကြဘူးလေ။
"ဟို... ခွင့်လွှတ်ပါဦး ခေါင်းဆောင်ကြီးတို့"
ဒေသခံတွေထဲက တစ်ယောက်က သူတို့ရဲ့ စကားဝိုင်းထဲကို မဝင်ဝံ့ဝင်ဝံ့နဲ့ ကြားဖြတ်ပြောလာတယ်။
"ဘာကိစ္စလဲ" လို့ အဲလ်ရစ်က မေးလိုက်တယ်။
"ကျွန်တော် ပြောချင်တာကတော့... အဲဒီ မိစ္ဆာကြီး အာဆိုနီက နှိမ်နင်းခြင်း ခံလိုက်ရပါပြီ"
အဲဒီ သံလိုက်စွမ်းအား ပိုင်ရှင်ကြီး သုံးယောက်စလုံးက ဒေသခံကို ချက်ချင်းပဲ အလုအယက် မေးမြန်းကြတော့တယ်။
"ဘာ။ မင်း အဲဒါကို ဘယ်က ကြားတာလဲ"
"မင်း ဘယ်လို သိတာလဲ"
"မဖြစ်နိုင်တာ..."
ဒေသခံကတော့ ရိုးရိုးသားသားပဲ ခေါင်းညိတ်ပြပြီး "ကျွန်တော် မလိမ်ပါဘူး ခေါင်းဆောင်ကြီးတို့။ အာဆိုနီက တကယ်ပဲ အရေးနိမ့်သွားခဲ့တာပါ။ အောင်ပွဲရ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကိုတောင် သွားကြည့်လို့ ရပါတယ်" လို့ ပြောတယ်။
ပြီးတော့ သူက အဲဒီ သံလိုက်စွမ်းအား ပိုင်ရှင်ကြီးတွေကို ရဲတိုက်အပြင်ဘက်က လူတွေ အုပ်စုလိုက် ဝိုင်းဖွဲ့ပြီး အောင်ပွဲခံနေကြတဲ့ ဗဟိုရင်ပြင်ဆီကို ခေါ်သွားခဲ့တယ်။
"ကြည့်ပါဦး။ အဲဒါ အာဆိုနီရဲ့ ချပ်ဝတ်စုံနဲ့ သူ့ရဲ့ အဝတ်အစားတွေပဲ"
အဲလ်ရစ်နဲ့ တခြားလူတွေဟာ သူတို့ မျက်လုံးသူတို့တောင် မယုံနိုင်အောင် ဖြစ်သွားကြရတယ်။ သူတို့ အဲဒီ ချပ်ဝတ်စုံကို သိတာပေါ့။ တခြားလူနဲ့ လုံးဝ မှားစရာ မရှိဘူး။
အဲရစ်က ချပ်ဝတ်စုံကို ကြည့်ပြီး ဒါက အစစ်အမှန် ဟုတ်မဟုတ် အတည်ပြုဖို့ မှော်ပညာကို အသုံးပြုလိုက်တယ်။
"ဒါ သူဟာ အစစ်ပဲ။ ဒါ အာဆိုနီရဲ့ ချပ်ဝတ်စုံပဲ" လို့ သူ သဘောပေါက်သွားတယ်။
ဒါက အာဆိုနီ တကယ်ပဲ နှိမ်နင်းခဲ့ရပြီဆိုတာကို သူတို့ သဘောပေါက်သွားစေခဲ့တယ်။ မဟုတ်ရင် ဘယ်သူက သူ့ရဲ့ ချပ်ဝတ်စုံကို ရနိုင်ပါ့မလဲ။
* * * * * * * *