← Chapters

အခန်း (၇၁၉-၇၂၀)

Vol. 60 Ch. 719-720

အခန်း (၇၁၉-၇၂၀)

Vol. 60 Ch. 719-720

အခန်း(၇၁၉)

"ငါတို့ အိမ်ရောက်တာနဲ့ မင်းကို ဒရုန်းအသေး ပေးမယ်" လို့ သူက ပြောလိုက်တယ်။

အနာဂတ်မှာ ရှီနာရဲ့ လက်နက်ကို အဆင့်မြှင့်တင်နိုင်ဖို့ သူမအတွက် ဒရုန်းအသေးချိတ်ဆက်မှု ဝယ်ပေးတာက အကြံကောင်းတစ်ခုပဲ။

ကံကောင်းစွာနဲ့ပဲ သူ့ရဲ့ သိုလှောင်ခန်းထဲမှာ သဲဒင်္ဂါး နှစ်သောင်းကျော် ရှိနေတာမို့ ရှီနာအသုံးပြုဖို့ နောက်ထပ် ဒရုန်းအသေး တစ်ခု ဝယ်ဖို့က လုံလောက်တာထက်ကို ပိုနေခဲ့တယ်။

"အကောင်းစားပဲ" လို့ ရှီနာက အားပါးတရ အော်ဟစ်လိုက်တယ်။

"ဟာ... ငါလည်း တစ်ခု လိုချင်တာကို" လို့ ဇိုင်ယွန်က ညည်းတွားလိုက်တယ်။

"နင့်ရဲ့ ဒီဗာ က ဘယ်မှာလဲ၊ ငါ မမြင်ပါလား" လို့ ရှီနာက သူ့ကို စနောက်ရင်း ပြောလိုက်တယ်။

သူတို့နှစ်ယောက်က နောက်တစ်ကြိမ် မနားတမ်း ငြင်းခုံနေကြပြန်တယ်။ အဲဒီအချိန်မှာပဲ ဥမင်လှိုဏ်ခေါင်း ပွင့်လာတဲ့ အသံကို သူတို့ ကြားလိုက်ရတယ်။

စက္ကန့်အနည်းငယ် ကြာတဲ့အခါ အက်ကွဲကြောင်းထဲကနေ ကျောက်ဆစ်စစ်သည်တော် တစ်ယောက်နဲ့အတူ ခရမ်းရောင် စလိုင်းမ် တစ်ကောင် ထွက်ကျလာတာကို သူတို့ မြင်လိုက်ရတယ်။

"ယာဟူး... ငါ ပြန်ရောက်ပြီ" လို့ ဖတ်ချ်က အော်ပြောလိုက်တယ်။

"မင်း ဘယ်တွေ ရောက်နေတာလဲ" လို့ မိုက်ကယ်က မေးလိုက်တယ်။

သူ သတိမထားမိလိုက်တဲ့ အချိန်မှာပဲ ဖတ်ချ်က တစ်နည်းနည်းနဲ့ လစ်ထွက်သွားခဲ့တာပဲ။ ဒရုန်းရဲ့ မှော်ကမ္ဘာငယ်လေး ထဲမှာ လှောင်ပိတ်ထားရင် ဒီကောင်လေး ပြဿနာရှာတာကို တားဆီးနိုင်မယ်လို့ သူ ထင်ခဲ့ပေမဲ့ အလကားဖြစ်သွားတဲ့ပုံပဲ။

"ကျွန်တော်က ဂရီးဗ် ၂.၀ကို လိုက်ရှာနေတာ" လို့ ဖတ်ချ်က ပြောနေစဉ်မှာပဲ ကျောက်ဆစ်စစ်သည်တော်က ဖတ်ချ်ကို ကောက်ကိုင်လိုက်ပြီး သူ့ခေါင်းပေါ် တင်လိုက်တယ်။ "ဒါပေမဲ့ ကျွန်တော် ဘာတွေရှာတွေ့ခဲ့လဲဆိုတာ ကြည့်လိုက်ပါဦး သခင်"

အဲဒီနောက် ဖတ်ချ်က သူ့ရဲ့ အရိပ်ကို အသုံးပြုပြီး စတီးလ်နဲ့ ပြုလုပ်ထားပုံရတဲ့ သေတ္တာလေးလုံးကို ထုတ်ပြလိုက်တယ်။

ဒါ ဘာလဲဆိုတာကို သိလိုက်လို့ မိုက်ကယ်ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။ "ဒါက..."

"ဟုတ်တယ် သခင်၊ အနီရောင် ချောက်ကြီး ထဲက အခန်းတွေတစ်ဝိုက် ၂.၀ ကို လိုက်ရှာနေတုန်း ဒါတွေကို တွေ့ခဲ့တာ"

သူက သေတ္တာတွေထဲက တစ်ခုကို ကောက်ကိုင်လိုက်ပြီး အပေါ်ဘက်ကို လှည့်ဖွင့်လိုက်တယ်။ အဲဒီလိုလုပ်လိုက်တာနဲ့ သေတ္တာက ပွင့်သွားပြီး အထဲမှာ မီးတောက်နေတဲ့ အရာတစ်ခု ပေါ်လာခဲ့တယ်။

ဒါက နတ်ဘုရားပန်းပဲဖို ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။

သူက နောက်သေတ္တာတစ်ခုကို ထပ်ယူပြီး အထဲကဟာကို စစ်ဆေးကြည့်လိုက်ပြန်တယ်။ တကယ်ပဲ အဖြူရောင် မီးတောက်တွေ ဝန်းရံထားပြီး လွင့်မျောနေတဲ့ အရည်ပုံစံ နောက်ထပ် အစိတ်အပိုင်းတစ်ခု ဖြစ်နေခဲ့တယ်။

တစ်နည်းနည်းနဲ့ကို ဖတ်ချ်က နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေ အပြည့်ပါတဲ့ မတူညီတဲ့ သေတ္တာလေးလုံးကို ရခဲ့တာပဲ။

သေတ္တာတွေအားလုံးကို ဖွင့်ကြည့်ပြီးတဲ့နောက် နိုဗာ က စုစုပေါင်း အလေးချိန် ၁၀ ကီလိုဂရမ်လောက် ရှိမယ်လို့ ခန့်မှန်းပေးခဲ့တယ်။

သူတို့ ဖြတ်သန်းခဲ့တဲ့ ပထမဆုံးအခန်းမှာတုန်းက ရှာတွေ့ခဲ့တဲ့ ၅ ကီလိုဂရမ်နဲ့ပါ ပေါင်းလိုက်ရင် သူ့ဆီမှာ စုစုပေါင်း ၁၅ ကီလိုဂရမ် ရှိသွားပြီပဲ။

ဒါဆိုရင်တော့ ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် ရဲ့ ပဉ္စမအဆင့်ကို နောက်ဆုံးမှာ ကူးပြောင်းနိုင်ဖို့ သူ့အတွက် သေချာပေါက် လုံလောက်သွားခဲ့ပြီလေ။

"ဒါတွေအားလုံးကို မင်း ဘယ်ကနေ ရှာတွေ့ခဲ့တာလဲ" လို့ သူက ဖတ်ချ်ကို မေးလိုက်တယ်။

"ဟီးဟီး... ကျွန်တော့်ကို ဂုဏ်ယူနေပြီမလား သခင်၊ အာကာသအက်ကွဲကြောင်းရဲ့ ကမောက်ကမဖြစ်မှုအပြီးမှာ အခန်းတော်တော်များများက ဖရိုဖရဲ ဖြစ်ကုန်တာလေ၊ ပြီးတော့ ရတနာသေတ္တာအချို့ကလည်း အဲဒီစီးကြောင်းထဲ ပါသွားတာကို တွေ့လိုက်တယ်၊ ဒါကြောင့် ကျွန်တော် လုပ်ရမယ့်အလုပ်က အနီရောင် ချောက်ကြီး တစ်ခုလုံးကို မွှေနှောက်ပြီး ဒါတွေကို လိုက်ကောက်ဖို့ပဲ"

ဖတ်ချ်ရဲ့ စပ်စုတတ်တဲ့အကျင့်အတွက် ဒီလောက်အထိ ကျေးဇူးတင်ရလိမ့်မယ်လို့ သူ မထင်ခဲ့ပေမဲ့ ဒီအခြေအနေမှာတော့ ဒါက အပြတ်အသတ် အောင်ပွဲခံနိုင်မှုတစ်ခုပဲ။

"နောက်ထပ် ကျန်သေးလား" လို့ သူက မေးလိုက်တယ်။

ဖတ်ချ်က ခေါင်းယမ်းလိုက်တယ်။ "မရှိတော့ဘူး သခင်၊ အာကာသထဲက ကမောက်ကမဖြစ်မှုကြောင့် အနီရောင် ချောက်ကြီး တစ်ခုလုံး မတည်မငြိမ် ဖြစ်နေပြီ၊ မက်ထရိုပိုလစ် က အဓိကအဖွဲ့တွေ အပါအဝင် ကုမ္ပဏီအားလုံးနီးပါး အဲဒီနေရာကနေ ထွက်သွားကြပြီ"

ကူနို က သူ့ကို ဆင့်ခေါ်လိုက်တာက သူ တွေးထင်ထားနိုင်တာထက်ကို အများကြီးပိုတဲ့ ရှုပ်ထွေးမှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့ပုံပဲ။

ဒါပေမဲ့ သူ့ခန့်မှန်းချက်သာ မှန်ကန်ပြီး သူက အယ်လ်ဖ်ဘုရင့်နိုင်ငံ ဆီကို အတင်းအကျပ် ပို့ဆောင်ခံခဲ့ရတာဆိုရင်တော့ ဘာကြောင့် ဒီလောက် ကမောက်ကမတွေ အများကြီး ဖြစ်သွားရသလဲဆိုတာကို နားလည်နိုင်ပါတယ်။

"အိမ်ပြန်ရမယ့် အချိန်တန်ပြီလို့ ထင်တယ်" လို့ သူက ပြောလိုက်တယ်။

"ဟုတ်တယ်...ပြန်ကျမယ်" လို့ ဂျာကူ က အော်ဟစ်လိုက်တယ်။

* * * * * * * *

မိုက်ကယ်က ပြန်လည်စုစည်းဖို့အတွက် လူတိုင်းကို ရီနေးတား နိုင်ငံဆီ ခေါ်ဆောင်သွားခဲ့တယ်။

ရီနေးတား အိမ်တော်ရဲ့ ခြံဝင်းထဲကို ရောက်ရောက်ချင်းပဲ ရှီနာက သူမရဲ့ လက်ခုပ်ကိုတီးပြီး မောင်နှမတွေကို ချက်ချင်း စုဝေးစေခဲ့တယ်။

"ကဲ... လေ့ကျင့်ဖို့ အချိန်ရောက်ပြီ"

"ဘာ" လို့ ဇိုင်ယွန်က အော်လိုက်တယ်။ "ငါတို့ အခုမှ အိမ်ပြန်ရောက်တာလေ"

"မလုပ်ပါနဲ့... ငါ အိပ်ချင်နေပြီ" လို့ ဂျာကူ က ပြောရင်း သူ့အခန်းဆီ အိပ်ချင်မူးတူးနဲ့ လျှောက်သွားနေပြီ။

ရှီနာက ငြင်းဆန်တာကို လက်မခံခဲ့ဘူး။ "နင်တို့က နင်တို့ကို အားကိုးလို့ရတယ်လို့ ပြောခဲ့တယ်လေ၊ နင်တို့က စွမ်းရည် တစ်ခုမှ မသုံးတတ်ရင် ငါက ဘယ်လိုလုပ် အားကိုးရမှာလဲ၊ ဒါကြောင့် ငါတို့ အချိန်တွေအားလုံးကို လေ့ကျင့်ရေးလုပ်ရင်းပဲ ကုန်ဆုံးရမယ်"

ဇိုင်ယွန်နဲ့ ဂျာကူ က ချက်ချင်းပဲ ထွက်ပြေးသွားကြပြီး ရှီနာနဲ့ ယူမီစု က သူတို့နောက်ကို လိုက်ဖမ်းကြတော့တယ်။

မိုက်ကယ် တစ်ယောက်တည်း ကျန်ခဲ့ချိန်မှာတော့ သူက သူ့ရဲ့ ဒရုန်း ကို ထုတ်ပြီး စကားပြောလိုက်တယ်။

"ဘာလို့ ထွက်မလာတာလဲ" လို့ သူက မေးလိုက်တယ်။

တစ်စက္ကန့်အကြာမှာပဲ ကူနို က ဒရုန်း ထဲကနေ ထွက်ပေါ်လာပြီး မြေပြင်ပေါ် ဆင်းသက်လိုက်တယ်။

ဒီအချိန်တွေတစ်လျှောက်လုံး သူမက ဒရုန်း ရဲ့ ရေဂီယို ထဲမှာ နေနေခဲ့ပြီး ဖြစ်ပျက်သမျှအားလုံးကို ထိန်းချုပ်ခန်း ကနေတစ်ဆင့် စောင့်ကြည့်နေခဲ့တာပဲ။

"အင်း... ငါ ရှက်သွားလို့ပါ... ဟီးဟီး"

ဖတ်ချ်က ချက်ချင်းပဲ ခေါင်းယမ်းလိုက်တယ်။ "နင်ဂျာ တစ်ယောက်က မရှက်သင့်ဘူးလေ၊ သူတို့က ဂုဏ်ယူဝင့်ကြွားနေရမှာ၊ လာ... ငါ နင့်ကို ဒရာဂွန်ဘွန်း တွေနဲ့ မိတ်ဆက်ပေးမယ်၊ သူတို့က သဘောကောင်းတယ်"

ကူနိုက ခေါင်းညိတ်လိုက်တယ်။ "အင်း... သူတို့က သဘောကောင်းမယ့်ပုံပါပဲ၊ ငါ သွားချင်သွားမှာပါ... ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲ"

အဲဒီနောက် သူမက အပေါ်ဘက်ကို လက်ညှိုးထိုးပြလိုက်ပြီး မျက်နှာကြက်ကို ညွှန်ပြနေပုံရတယ်။

"ငါ အပြင်ထွက်လို့ မရဘူး" လို့ သူမက ပြောလိုက်တယ်။

ဒါကို မိုက်ကယ်က ထူးဆန်းတယ်လို့ ထင်သွားတယ်။ "ဘာလို့လဲ"

မျက်နှာကြက်ရဲ့ အရိပ်က နေရဲ့ တောက်ပတဲ့ အလင်းတန်းတွေကို မကာကွယ်ပေးနိုင်တော့တဲ့ အစွန်းဘက်ဆီ ကူနိုက ဖြည်းဖြည်းချင်း လျှောက်သွားပြီး သက်သေပြလိုက်တယ်။

သူမရဲ့ လက်ပေါ်ကို နေ့အလင်းရောင် ကျရောက်သွားတာနဲ့ တစ်ပြိုင်နက် နေရောင်ခြည်က တကယ်ပဲ ပူလောင်လွန်းနေတဲ့အတိုင်း သူမရဲ့ လက်က ချက်ချင်း လောင်ကျွမ်းသွားပြီး တရှဲရှဲ မြည်သံ ထွက်ပေါ်လာခဲ့တယ်။

"မင်းက နေရောင်ထဲ ထွက်လို့ မရဘူးလား" လို့ မိုက်ကယ်က သူမကို မေးလိုက်တယ်။

"ငါ ထွက်လို့ရမယ် မထင်ဘူး" လို့ သူမက ပြန်ဖြေတယ်။

'နေရောင်ထဲ ထွက်လို့မရဘူး... သွေးစွမ်းအားတွေ ရှိတယ်... မဖြစ်နိုင်တာ၊ သူမက တကယ်ပဲ မူလဗန်ပိုင်ယာ လား'

ဒါပေမဲ့ ဒါက အဓိပ္ပာယ်မရှိသေးပါဘူး။ ဘာပဲဖြစ်ဖြစ် ဂီလာမို နဲ့ တခြား ဗန်ပိုင်ယာတွေက သူတို့ရဲ့ အရေပြား လောင်ကျွမ်းခြင်း မရှိဘဲ နေရောင်အောက်မှာ အကောင်းပကတိ လမ်းလျှောက်နိုင်ကြတာပဲလေ။ ဗန်ပိုင်ယာတွေနဲ့ပတ်သက်တဲ့ ပုံမှန် အယူအဆဟောင်းတွေက လုံးဝမမှန်ကန်ဘူးဆိုတာ သူတို့ဆီကနေ သူ သိခဲ့ရတာပဲ။

'မဟုတ်သေးပါဘူး၊ ငါ တွေးလွန်နေတာပါ၊ သူမက နှစ်ပေါင်းတစ်ထောင်လောက် နေရောင်ခြည်နဲ့ မထိတွေ့ခဲ့ရလို့များလား' လို့ သူက ခန့်မှန်းလိုက်တယ်။

သူက ကိုယ်ကိုကိုင်းလိုက်ပြီး သူ့ရဲ့ သိုလှောင်ခန်းထဲကနေ ထီးတစ်လက်ကို ထုတ်ယူလိုက်တယ်။ "ရော့... ဒါကို သုံးလိုက်"

လက်ကိုင်ပေါ်က ခလုတ်ကို နှိပ်ပြီး မဖွင့်ခင်အထိ ထီးကို ကူနိုက ဟိုစမ်းဒီစမ်း လုပ်နေခဲ့တယ်။

"ဟင်"

သူက ထီးကို သေချာဘယ်လို ကိုင်ရမလဲဆိုတာ သူမကို ပြသပေးလိုက်တဲ့အခါမှာတော့ နောက်ဆုံးမှာ သူမက အပြင်ဘက်ကို စိုးရိမ်စရာမလိုဘဲ လျှောက်သွားနိုင်ခဲ့ပြီလေ။

"ဟီးဟီး... ဒါ ကောင်းသားပဲ" လို့ ထီးကို လှည့်ကစားရင်း သူမက ပြောလိုက်တယ်။

"နင်က ရှီနာ နဲ့ အရင် မိတ်ဆက်သင့်တယ်၊ နေဦး... ဂရီးဗ် နဲ့ အရင်လုပ်၊ နင်တို့နှစ်ယောက်လုံးမှာ တူညီတာတစ်ခုခု ရှိတယ်" လို့ ဖတ်ချ်က ပြောရင်း ကူနိုရဲ့ ခြေထောက်တွေကို ဝင်တိုက်ပြီး သူမကို တွန်းပို့လိုက်တယ်။

သူတို့အားလုံး ကိုယ်ပိုင်အခန်းကိုယ်စီ ရှိကြတဲ့ ရီနေးတား အိမ်တော်ထဲကို သူက သူမကို ဦးဆောင်ခေါ်သွားခဲ့တယ်။

ဖတ်ချ်က အရှေ့တံခါးကို စိတ်လှုပ်ရှားစွာနဲ့ ဖွင့်ချလိုက်တယ်။

ဒါပေမဲ့ ကူနိုက သူ့နောက်ကို လိုက်မလာခဲ့ဘူး။

"ဘာလုပ်နေတာလဲ၊ ငါ့နောက်လိုက်ခဲ့လေ ဂျူနီယာ" လို့ ဖတ်ချ်က ပြောပေမဲ့ ကူနိုကတော့ တုတ်တုတ်မှ မလှုပ်ဘူး။

သူမက တံခါးရှေ့မှာပဲ မလှုပ်မယှက် ဆက်ရပ်နေခဲ့တယ်။ နယ်နိမိတ်ကို ဖြတ်ကျော်ဖို့ သူမရဲ့ လက်ကို မြှောက်လိုက်ပေမဲ့ အဲဒီလို လုပ်လိုက်တာနဲ့ သူမရဲ့ လက်က နောက်တစ်ကြိမ် ထပ်လောင်သွားလို့ အမြန် ပြန်ရုပ်လိုက်ရတယ်။

"အာ့"

သူမ အထဲမဝင်နိုင်အောင် တားဆီးထားတဲ့ မျက်မြင်မရတဲ့ အတားအဆီးတစ်ခု ရှိနေတဲ့ပုံပဲ။

"ဘာလို့ ငါ့နောက် လိုက်မလာတာလဲ၊ အထဲဝင်ခဲ့လေ" လို့ ဖတ်ချ်က ပြောလိုက်တယ်။

နောက်ဆုံးမှာတော့ အဲဒီမှော်ဆန်တဲ့ စကားလုံးတွေကို ပြောလိုက်ပြီးတဲ့နောက် အတားအဆီး ပျောက်ကွယ်သွားတာကို ကူနို ခံစားလိုက်ရပြီး ရီနေးတား အိမ်တော်ထဲကို ပထမဆုံးအကြိမ် လှမ်းဝင်နိုင်သွားခဲ့တယ်။

'သူမက ဖိတ်ခေါ်မခံရမချင်း ဘယ်ပုဂ္ဂလိက နယ်မြေကိုမှ ဝင်လို့မရဘူးလား'

ကူနိုနဲ့ပတ်သက်ပြီး သူ ပိုသိလာရလေလေ သူ့ရဲ့ ခန့်မှန်းချက်တွေက ပိုမှန်ကန်လာလေလေပဲ။

'သူမက တကယ်ပဲလား... မဟုတ်ပါဘူး... ဒါက တိုက်ဆိုင်လွန်းနေပြီ၊ သူမ ရှိနေတယ်ဆိုတာကို ငါ သိလိုက်ရပြီး တစ်လအကြာမှာတင် မူလဗန်ပိုင်ယာ နဲ့ ဘယ်လိုလုပ် တွေ့နိုင်မှာလဲ'

"ဟီးဟီး... နင် ညစာစားတဲ့အခါကျရင် အားလုံးနဲ့ တွေ့ရလိမ့်မယ်" လို့ ဖတ်ချ်က စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်တယ်။ "အဲဒီမှာ ပီဇာ၊ ကြက်ကြော်နဲ့ ကြက်သွန်ဖြူပေါင်မုန့်လို စားစရာကောင်းတဲ့ အစားအစာတွေ အများကြီးရှိတယ်"

ကူနိုက သူမရဲ့ ပါးစပ်နဲ့ နှာခေါင်းကို ရုတ်တရက် အုပ်လိုက်တယ်။

"ကြက်သွန်ဖြူ"

* * * * * * * *

စာစဉ်(၆၀)

အခန်း(၇၂၀)

ဂေါသစ်ပုံစံရဲတိုက်ကြီးတစ်ခုထဲမှာ အနှစ်တစ်ထောင်ကြာ ချည်နှောင်ခံရပြီး ပိတ်လှောင်ခံထားရရာကနေ ကမ္ဘာကြီးထဲကို လွတ်မြောက်လာတဲ့နောက်မှာတော့ နေရောင်ထဲကိုထွက်ရင် သူမရဲ့အရေပြားတွေ လောင်ကျွမ်းသွားနိုင်တာ၊ အိမ်ရှင်ရဲ့ တိကျတဲ့ဖိတ်ခေါ်မှုမပါဘဲ တခြားလူတွေရဲ့အိမ်ထဲ ဝင်လို့မရတာနဲ့ ကြက်သွန်ဖြူကို မြင်တာနဲ့တင် မခံမရပ်နိုင်ဖြစ်တာတွေကို ကူနို သတိရသွားခဲ့တယ်။

သူမလိုအပ်နေတဲ့ တစ်ခုတည်းသောအရာကတော့ မပြည့်ဝနိုင်တဲ့ သွေးဆာလောင်မှုပဲ ဖြစ်ပြီး အဲဒါသာရှိရင် သူမက ဗန်ပိုင်ယာတစ်ယောက်ရဲ့ စံပြအဓိပ္ပာယ်ဖွင့်ဆိုချက်အတိုင်း ဖြစ်သွားတော့မှာပဲ။

"သခင်... ကျွန်တော်တို့ လမ်းထွက်လျှောက်ကြမလို့" လို့ ကူနိုရဲ့ ဖက်ထားခြင်းကို ခံထားရတဲ့ ဖတ်ချ်က ပြောလိုက်တယ်။

ကူနိုက လက်ရှည်အင်္ကျီ၊ ဘောင်းဘီရှည်၊ ခြေအိတ်၊ ရှူးဖိနပ်၊ အနားကျယ်ဦးထုပ်ကြီးနဲ့ သူမရဲ့ မျက်နှာတစ်ဝက်ကို ဖုံးထားတဲ့ မျက်နှာဖုံးတစ်ခုအပြင် အပြည့်အစုံ ဝတ်ဆင်ထားခဲ့တယ်။ ဒါတောင် မလုံလောက်သေးတဲ့ပုံနဲ့ မိုက်ကယ် သူ့ဘဝမှာ မြင်ဖူးသမျှ အကြီးဆုံး ထီးကြီးတစ်ချောင်းကိုပါ သူမက ကိုင်ဆောင်ထားသေးတာပဲ။

"ဒီနေရာက တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ" လို့ ရီနေးတားရဲ့ စည်ကားနေတဲ့ လမ်းမတွေကို ပတ်ကြည့်ရင်း ကူနိုက ပြောလိုက်တယ်။ "ကျွန်မက နေရောင်ကို ကြောက်ပေမဲ့ ညရောက်တဲ့အထိတောင် မစောင့်နိုင်တော့ဘူး"

သူမရဲ့ စိတ်လှုပ်ရှားနေတဲ့ မျက်နှာထားကို မြင်လိုက်ရတော့ သူမရဲ့ဆန္ဒကို သူ တကယ် မငြင်းဆန်နိုင်ခဲ့ဘူး။ ဖတ်ချ်တစ်ယောက် သူမကို လမ်းပြပေးမယ့်သူ မဖြစ်ဖို့ပဲ သူ မျှော်လင့်နေခဲ့တာ။ ဘာလို့လဲဆိုတော့ ဒီ စလိုင်းမ်လေးက တခြားလူတွေကို သူ့လို ပြဿနာရှာတဲ့သူတွေဖြစ်လာအောင် ဆွဲဆောင်နိုင်တဲ့ အကျင့်ရှိလို့ပဲလေ။

ကံမကောင်းစွာနဲ့ပဲ ဒရာဂွန်ဘွန်းတွေက လေ့ကျင့်ရေးဆင်းနေတာနဲ့ အလုပ်ရှုပ်နေကြပြီး ရှီနာကလည်း သူမရဲ့ မောင်နှမတွေကို သူတို့ရဲ့ စွမ်းရည်တွေကို အမြန်ဆုံး နိုးထလာအောင် တွန်းအားပေးနေခဲ့တယ်။

ကူနိုကို လမ်းပြပေးနိုင်တဲ့ တခြားလူအချို့ ရှိသေးပေမဲ့ သူမက ဖတ်ချ်နဲ့ဆို ပိုပြီး သက်သောင့်သက်သာဖြစ်နေတာမို့ သူပဲ လမ်းပြတာ ပိုကောင်းပါလိမ့်မယ်။

ဖတ်ချ်ကို ထိန်းချုပ်ထားဖို့ တခြားတစ်ယောက်ယောက်ကို တာဝန်ပေးဖို့ သူ စီစဉ်နေခဲ့ပေမဲ့ အဲဒါက အလကားပဲဆိုတာကို သူ သိနေတယ်။ အပြစ်ကင်းတဲ့ ရီနေးတားနိုင်ငံသားတစ်ယောက်တောင် ဖတ်ချ်ရဲ့ လွှမ်းမိုးမှုအောက် ရောက်သွားနိုင်တယ်လေ။

"ပြဿနာတွေ သိပ်မရှာကြနဲ့နော် ဟုတ်ပြီလား" လို့ သူက သူတို့ကို မေးလိုက်တယ်။

"ဟုတ်ကဲ့ပါ သခင်... ကျွန်တော်တို့ ရီနေးတားအနှံ့ လျှောက်သွားရုံပါပဲ၊ ဘာမှထူးထူးခြားခြား မရှိပါဘူး"

ကူနိုကလည်း သူ့စကားကို ထောက်ခံတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

ဘာကြောင့်မှန်းမသိပေမဲ့ သူ ဒါကို သံသယဝင်မိတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် သူကိုယ်တိုင်လည်း သူ့ကိစ္စတွေနဲ့ အလုပ်ရှုပ်နေတာမို့ သူတို့နဲ့အတူ မလိုက်သွားနိုင်ခဲ့ဘူး။

ဒါကြောင့် ကူနိုနဲ့ ဖတ်ချ်တို့ လည်ပတ်နေချိန်မှာ သူကတော့ သူ ဖြေရှင်းရမယ့်ကိစ္စတွေအားလုံးနဲ့ အလုပ်ရှုပ်နေခဲ့တယ်။

ပထမဆုံးနဲ့ အရေးကြီးဆုံးကတော့ သူ့ရဲ့ ကိုယ်ပိုင်ကျင့်စဉ်ပဲ။

သူ ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ အဆင့်လေးကို တက်လှမ်းနိုင်ခဲ့တာ အလွန်ဆုံးမှ သုံးလလောက်ပဲ ရှိသေးပေမဲ့ သူ့အနေနဲ့ အဆင့်တက်ခဲ့တာ နှစ်ပေါင်းများစွာ ကြာနေပြီလို့ ခံစားနေရတယ်။

အဓိကအုပ်စုကြီးတွေလို ပြင်းထန်တဲ့ ပြိုင်ဘက်တွေ ရှိနေတာမို့ သူ့အနေနဲ့ ပိုများတဲ့ စွမ်းအားတွေကို အမြဲတမ်း အသုံးပြုနိုင်တယ်ဆိုတာ သူ သိနေတယ်။ ဒါပေမဲ့ ပြဿနာကတော့ သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေပါပဲ။

ဘာကြောင့်မှန်းမသိပေမဲ့ သူတို့ထဲမှာ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေ အများကြီး လိုအပ်တဲ့သူက သူ တစ်ယောက်တည်းပဲ ရှိတာလေ။

အများကြီးဆိုတာက သုံးဆ ပိုများတာကို ဆိုလိုတာပဲ။

ပုံမှန် မက်ဂ်နက်တစ်တစ်ယောက်က ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ အဆင့်ငါးကို တက်လှမ်းဖို့အတွက် နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်း ၅ ကီလိုဂရမ်ပဲ လိုအပ်မှာ။

ဒါပေမဲ့ သူ့အတွက်ကတော့ အများကြီးဖြစ်တဲ့ ၁၅ ကီလိုဂရမ်လောက်ကို လိုအပ်လိမ့်မယ်။

ဒါက တကယ့်ကို ရူးသွပ်စရာပဲ။

တကယ်လို့ သူက သဲဒင်္ဂါးတွေကို သုံးပြီး ဝယ်ချင်တယ်ဆိုရင် စုစုပေါင်း ၁၅၀,၀၀၀ တောင် ကုန်ကျမှာ။

ပြီးတော့ ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ် အဆင့်တွေကို သူ တက်လှမ်းသွားတာနဲ့အမျှ ဒီပမာဏက ဆက်ပြီး မြင့်တက်လာဦးမှာပဲ။

အဲဒါကြောင့်မို့ သူက နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေကို ဝယ်ယူဖို့အတွက် သဲဒင်္ဂါး တစ်ပြားမှ မသုံးခဲ့တာပဲ။ တခြားလူတွေလို တူညီတဲ့ အဆင့်တက်ဖို့အတွက် အဲဒီလောက် အများကြီး သုံးစွဲရမယ့်အကြောင်း တွေးမိတာနဲ့တင် သူ တုန်လှုပ်သွားသလို ခံစားလိုက်ရတယ်။

'ဒါပေမဲ့ ငါ ညည်းတွားမနေသင့်ဘူး... နတ်ဘုရားပန်းပဲဖိုအတွက် အများကြီး လိုအပ်တာက တခြား မက်ဂ်နက်တစ်တွေထက် ငါ ပိုပြီး အစွမ်းထက်တဲ့ စွမ်းအားတွေ ပိုင်ဆိုင်ထားတဲ့ အချက်ကြောင့်လည်း ဖြစ်နိုင်တယ်'

လေလံပွဲမှာ ပြသခဲ့တဲ့အတိုင်း သူက သူ့ထက် သုံး၊ လေးအဆင့်လောက် ပိုမြင့်တဲ့ မက်ဂ်နက်တစ်တွေကိုတောင် အနိုင်ယူနိုင်စွမ်း ရှိတယ်လေ။

ဒါကြောင့် ခြုံငုံပြောရရင် တခြားလူတွေထက် သုံးဆလောက် ပိုသုံးရတာက တန်သေးတယ်လို့ ဆိုရမယ်။

'ဒါပေမဲ့လည်း ငါ အဆင့်တက်ချင်တိုင်း အဲဒီလောက် အများကြီး မပေးချင်ဘူး... ငါ့ရဲ့ တစ်ခုတည်းသော ရွေးချယ်စရာက အနီရောင် ချောက်ကြီးထဲကလိုမျိုး ရှာဖွေတွေ့ရှိမှု အသစ်တွေကို ပိုပြီးကြိုးစားရှာဖွေဖို့ပဲ'

ဖတ်ချ်ကျေးဇူးကြောင့် သူ အဆင့်တက်ဖို့ လိုအပ်တဲ့ ၁၅ ကီလိုဂရမ်ကိုတော့ သူ ရရှိခဲ့တယ်။

ဒါပေမဲ့ အဲဒီနောက်မှာ အဆင့်ခြောက်ကို ဆက်တက်ချင်တယ်ဆိုရင်တော့ သူ နောက်ထပ် ၁၈ ကီလိုဂရမ် ထပ်ရှာရဦးမှာပဲ။

| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. အဲဒီအတွက် ပိုကောင်းတဲ့ ဖြေရှင်းနည်းတစ်ခု ရှိတယ်ဆိုတာ မင်း သိတယ်မလား... သတိမထားမိတဲ့ မက်ဂ်နက်တစ် တစ်ယောက်ယောက်ကို ရှာပြီး သူ့နှလုံးသားဆီကနေ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းကို ဆွဲထုတ်လိုက်ရုံပဲ |

သဘာဝ မက်ဂ်နက်တစ်တစ်ယောက်အနေနဲ့ သူ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေက သူ့ဆီကို ဆွဲငင်ခံရတဲ့ အနေအထားမျိုး ရှိနေတယ်။

သူကိုယ်တိုင် ဝယ်စရာမလိုဘဲ အခုအဆင့်အထိ တက်လှမ်းနိုင်ခဲ့တာမို့ ဒါက အသုံးဝင်တယ်ဆိုတာ သက်သေပြနေတယ်။

ဒါပေမဲ့ သူ့ရဲ့ သတိမထားမိတဲ့ အဲ့ပိုင်ရှင်တွေအားလုံးက... သိပ်ပြီး လူကောင်းတွေတော့ မဟုတ်ကြဘူး။ သူတို့က လက်တွေ့ဘဝကို ပြောင်းလဲနိုင်တဲ့ စွမ်းအားတွေကို ပိုင်ဆိုင်ဖို့ မထိုက်တန်တဲ့သူတွေ ဖြစ်ပြီး အဲဒီစွမ်းအားတွေက သူတို့ကို ပိုပြီး အန္တရာယ်ပြုဖို့ပဲ ဖြစ်လာစေမှာလေ။ အဲဒါကြောင့် သူတို့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေကို သူ ခိုးယူတုန်းက မျက်တောင်တစ်ချက်တောင် မခတ်ခဲ့တာပဲ။

'အပြစ်ကင်းတဲ့သူတစ်ယောက်ရဲ့ နတ်ဘုရားပန်းပဲဖိုကို ခိုးယူမယ့်အစား သဲဒင်္ဂါးတွေကိုပဲ အကုန်ကျခံလိုက်မယ်'

| ဒါဆိုရင်လည်း အပြစ်မကင်းတဲ့ တစ်ယောက်ယောက်ကို ရှာလိုက်ပေါ့ | လို့ ဟာဘင်ဂျာက လျင်မြန်စွာပဲ နောက်ပြောင်လိုက်တယ်။

| မင်း မြို့တွေ ရွာတွေထဲ လျှောက်သွားနေရင် မင်း လမ်းလျှောက်တဲ့ပုံစံကို သဘောမကျတဲ့သူ တစ်ယောက်ယောက်ကို အဆုံးမှာတော့ တွေ့လာမှာ သေချာတယ် |

ဟာဘင်ဂျာရဲ့ ဖြေရှင်းနည်းက လူဆိုးတွေကို သူ့ဆီ လာခွင့်ပြုလိုက်ဖို့ပဲ ဖြစ်ပြီး ရိုးရိုးသားသားပြောရရင် ဒါက သိပ်မဆိုးလှတဲ့ အကြံဉာဏ်တစ်ခုပါပဲ။ ဒါပေမဲ့ သူတို့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေကို ခိုးယူဖို့အတွက်သက်သက် သူက ရန်သွားဖြစ်မှာတော့ မဟုတ်ဘူး။ တကယ်လို့ သူတို့က သူ့ကို စိန်ခေါ်လာရင်တော့ သူက ဝမ်းမြောက်ဝမ်းသာ လက်ခံမှာပဲ။ အဲဒီအခြေအနေမျိုးမှသာ သူ့အတွက် အဆင်ပြေမှာလေ။

'အနာဂတ်အတွက် စိတ်ပူမနေကြစို့နဲ့... အရေးကြီးတာက ပစ္စုပ္ပန်ပဲ'

သူက ကြမ်းပြင်ပေါ်မှာ ထိုင်ချလိုက်ပြီး သူတို့ အနီရောင် ချောက်ကြီးထဲမှာ ရှာတွေ့ခဲ့တဲ့ သေတ္တာတွေအားလုံးကို ချထားလိုက်တယ်။

ဒီအရာတွေအားလုံး စုစုပေါင်းက ၁၅ ကီလိုဂရမ် ရှိပြီး နောက်ဆုံးမှာတော့ သူ အဆင့်တက်ဖို့အတွက် လုံလောက်သွားခဲ့ပြီ။

သူက သေတ္တာတစ်ခုကို ကောက်ကိုင်လိုက်ပြီး အပေါ်ပိုင်းကို လိမ်လှည့်လိုက်တယ်။ သေတ္တာရဲ့ဘောင်က ကွေးကောက်သွားပြီး ပွင့်နေတဲ့ မျက်နှာပြင်တစ်ခု ပေါ်လာခဲ့တယ်။

နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေရဲ့ အဖြူရောင်မီးတောက်တွေက သူ့ရှေ့မှာ တဖျပ်ဖျပ် လင်းလက်သွားခဲ့တယ်။ ဒါက မီးတောက်တွေကို မထိခိုက်စေဘဲ နောက်ဆုံးတော့ ထိတွေ့နိုင်မယ့် တစ်စုံတစ်ယောက် အနားမှာ ရှိနေတယ်ဆိုတာကို သူတို့ သိနေသလိုမျိုးပါပဲ။

ကျန်တဲ့သေတ္တာတွေကိုလည်း သူ စတင် ဖွင့်လိုက်ပြီး နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်း ၁၅ ကီလိုဂရမ်လုံးကို လေဟာပြင်နဲ့ ထိတွေ့ခွင့်ပေးလိုက်တယ်။

ပြီးတော့ နောက်ဆုံးမှာ သူ လက်ကို မြှောက်လိုက်တယ်။

တစ်စက္ကန့်တောင် မကြာလိုက်ဘဲ သေတ္တာထဲက နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်း အရည်စက်လေးတွေက အပေါ်ကို လွင့်ပျံတက်လာခဲ့တယ်။

သူတို့ သူ့ဆီကို ပိုပိုပြီး နီးကပ်လာတာနဲ့အမျှ သူတို့ရဲ့ အရှိန်ကလည်း ပိုပိုပြီး မြန်ဆန်လာခဲ့တယ်။

သူတို့ သေတ္တာထဲကနေ အပြင်ကို လုံးဝရောက်လာတာနဲ့ တစ်ပြိုင်နက် ကျည်ဆန်ထက်တောင် ပိုမြန်တဲ့ အရှိန်နဲ့ သူ့ရဲ့ ရင်ဘတ်ဆီကို ရုတ်တရက် ပစ်ဝင်သွားကြတော့တယ်။

ကံကောင်းတာက သူ ဒါကို ကြိုတင်ပြင်ဆင်ထားပြီးသားမို့ ယခင်အကြိမ်တွေလို နောက်ကို လွင့်စင်သွားတာမျိုး မဖြစ်ခဲ့ဘူး။

အဲဒီအရည်စက်တွေက ဧရာမ အရည်စက်ကြီးတစ်ခုအဖြစ် ပေါင်းစည်းသွားပြီးနောက် သူ့ရဲ့ ရင်ဘတ်၊ ကြွက်သားတွေနဲ့ ကလီစာတွေကို အန္တရာယ်မဖြစ်စေဘဲ ဖြတ်သန်းသွားကာ နောက်ဆုံးမှာတော့ ခုန်ပေါက်နေတဲ့ သူ့နှလုံးသားဆီကို ရောက်ရှိသွားခဲ့တယ်။

သူ့နှလုံးသားရဲ့ အပေါ်ပိုင်းက တောက်ပတဲ့ သတ္တုရောင် အလွှာတစ်ခု ဖုံးလွှမ်းသွားခဲ့တယ်။

အဲဒါတွေက သူ့ရဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေပဲ။ ပြီးတော့ အခုအချိန်မှာ သူတို့က ရောက်သစ်လာတဲ့သူတွေကို သူတို့နဲ့ လာရောက်ပူးပေါင်းဖို့ ဖိတ်ခေါ်နေသလိုမျိုး တန်ခိုးစွမ်းရည်တွေနဲ့ ခုန်လှုပ်နေကြတယ်။

အရည်စက်က သူ့နှလုံးသား မျက်နှာပြင်ပေါ်ကို ဖျန်းပက်သွားပြီး နောက်ဆုံးမှာတော့ သူ့ခန္ဓာကိုယ်ထဲကို ပေါင်းစပ်သွားခဲ့တယ်။

ချက်ချင်းပဲ သူ့ခန္ဓာကိုယ်တစ်လျှောက် နွေးထွေးမှုတွေ ပျံ့နှံ့သွားတာကို သူ ခံစားလိုက်ရတယ်။ အသစ်ရောက်လာတဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေက အလွန်တက်ကြွနေကြပြီး သူ့ကို တန်ခိုးစွမ်းရည် အမြောက်အမြား ထောက်ပံ့ပေးနေတယ်။

ပြီးတော့ အံ့ဩစရာကောင်းတာက အဟောင်းဖြစ်တဲ့ နတ်ဘုရားပန်းပဲဖို အစိတ်အပိုင်းတွေဆီက ထွက်ပေါ်လာတဲ့ စွမ်းအားတွေကလည်း တိုးပွားလာတယ်ဆိုတာကို သူ သတိပြုမိလိုက်တယ်။

ဒီအဆင့်တက်မှုက စွမ်းအားတွေကို ပေါင်းထည့်ပေးလိုက်တာ မဟုတ်ဘူး။ အဲဒါက ဆတိုးပွားသွားတာပဲ။

အဲဒီအချိန်မှာပဲ ဟာဘင်ဂျာက သူ့ခေါင်းပေါ်မှာ ထွက်ပေါ်လာခဲ့တယ်။

ပြီးတော့ ဒီအဆင့်တက်မှုအသစ်က သူ့ရဲ့ လက်နှစ်ဖက်ကို နောက်ဆုံးမှာ ချိတ်ဆက်ခွင့်ပြုလိုက်ပုံရတယ်။

ဟာဘင်ဂျာရဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းက နောက်ဆုံးတော့ ပေါ်ထွက်လာခဲ့ပြီ။

* * * * * * * *

All Chapters