← Chapters

အခန်း (၃၅-၃၆)

Vol. 3 Ch. 35-36

အခန်း (၃၅-၃၆)

Vol. 3 Ch. 35-36

စာစဉ်(၃)

အခန်း(၃၅)

မှော်မျှော်စင်သခင်ဟာ သူ့ရဲ့ရှုံးနိမ့်မှုကို ကြိုတင်သိမြင်သွားပြီးတဲ့နောက် ဆက်မကစားတော့ဘဲ အရှုံးပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သူ ဘယ်လိုပဲ ရွှေ့ကစားပါစေ မိုက်ကယ်က သူ့ရဲ့ ဘုရင်ကို နည်းလမ်းမျိုးစုံနဲ့ အမိဖမ်းတော့မှာ ဖြစ်လို့ပါပဲ။ ကြယ်ရှစ်ပွင့် မှော်ဆရာကြီးဟာ မိုက်ကယ်ကို ကြည့်ရင်း သဘောကျနေပုံ ရပါတယ်။

သူဟာ ဗန်ဒါဘစ်မျိုးနွယ်က ကောင်လေးအကြောင်း အများကြီး ကြားဖူးထားပေမဲ့ အဲဒါတွေက ယုံရခက်လွန်းတဲ့ ပုံပြင်တွေလို့ပဲ ထင်ခဲ့တာပါ။

မိုက်ကယ်ဟာ မှော်ပညာကို အသုံးမပြုဘဲ စီးဆင်းနေတဲ့ ရေကို ဖန်တီးခဲ့ကြောင်း၊ အချိန်ကို တိတိကျကျ တိုင်းတာနိုင်တဲ့ စက်ယန္တရားတစ်ခုကို တီထွင်ခဲ့ကြောင်းနဲ့ နောက်ဖေးဝင်းထဲမှာ ရေပူစမ်းတစ်ခုတောင် လုပ်ခဲ့ကြောင်း သူ့ရဲ့ တပည့်ဟောင်း လိုင်လီယာဆီကနေ ကြားသိခဲ့ရပါတယ်။

လိုင်လီယာဟာ သူ့သားအပေါ် အလွန်အမင်း ဂုဏ်ယူတတ်တဲ့ အလေ့အကျင့်ရှိတာကြောင့် မျှော်စင်သခင်က ဒါကို ပိုပြောနေတာလို့ပဲ ထင်ခဲ့တာပါ။

ဒါပေမဲ့ အခုတော့ ကိုယ်တိုင်ကိုယ်ကျ တွေ့လိုက်ရတဲ့အခါမှာတော့ သူ အကြွင်းမဲ့ ယုံကြည်သွားပါပြီ။ ဒီကလေးဟာ တကယ့်ကို ပါရမီထူးတဲ့သူပါ။ သူကိုယ်တိုင်လည်း 'ရီနေးတား' စစ်တုရင် ကစားနည်းကို စတင်ပေါ်ပေါက်ကတည်းက စွဲစွဲလန်းလန်း ကစားခဲ့တဲ့ မှော်ပညာရှင်တွေထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ တစ်နေ့လုံး အခန်းထဲမှာပဲ အောင်းနေတတ်တာကြောင့် တောထွက်ရသေ့လို လူမျိုးလို့တောင် ကောလာဟလတွေ ထွက်ခဲ့ပါသေးတယ်။

တကယ်တော့ သူဟာ သူ့အဆင့်အတန်းနဲ့ ညီမျှတဲ့ တခြားသော ပညာတတ်တွေနဲ့ ရီနေးတားစစ်တုရင်ကစားရင်း အလုပ်ရှုပ်နေခဲ့တာပါ။ သူဟာ ဒီကစားနည်းမှာ ငါဟာ အတော်ဆုံးပဲလို့ ထင်မှတ်ထားတဲ့အထိ ဖြစ်ခဲ့တာပါ။ မှော်မျှော်စင်သခင်ဟာ မိုက်ကယ်ရဲ့ စတုရင်္ကစားနိုင်တဲ့ ပါရမီတစ်ခုတည်းနဲ့တင် သူ့ရဲ့ တပည့်အဖြစ် လက်ခံချင်နေမိပါတယ်။ ဒါမှသာ သူနဲ့ နေ့တိုင်း ရီနေးတား စတုရင်္ကစားမယ့်သူ ရှိမှာ မဟုတ်လား။

ဒါပေမဲ့ မျှော်စင်သခင်ဟာ ကောင်လေးဆီမှာ တခြားထူးခြားတာတစ်ခုကို သတိထားမိသွားပါတယ်။ ကောင်လေးဟာ ကစားပွဲမှာ အာရုံစိုက်နေတဲ့ အချိန်မှာတောင် ဒြပ်စင်မှော်စွမ်းအင် အမှုန်အမွှားတွေဟာ သူ့ခန္ဓာကိုယ်ထဲကို အဆက်မပြတ် စုပ်ယူခြင်း ခံနေရတာပါ။ အဲဒါက ခန္ဓာကိုယ်ထဲကို 'စုပ်ယူ' ခံရတာထက် စကြဝဠာကြီးက သူ့ကို အချစ်တော်လေးလို သဘောထားပြီး မှော်စွမ်းအင် အမှုန်အမွှားတွေက သူ့ဆီကို အလုအယက် ပြေးဝင်နေကြတာလို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။

ဒါဟာ အမြဲတမ်း တရားမှတ်နေသလိုမျိုးဖြစ်နေပြီး၊ အချိန်တိုင်း မှော်စွမ်းအင်တွေကို စုဆောင်းရင်း သူ့ရဲ့ အမြုတေတွေကို မြှင့်တင်နေသလိုပါပဲ။ မျှော်စင်သခင်အနေနဲ့ ဒီအတတ်ပညာကို ကျွမ်းကျင်ဖို့ ဆယ်စုနှစ် နှစ်ခုလောက် အချိန်ပေးခဲ့ရပေမဲ့ ငါးနှစ်အရွယ် ကလေးတစ်ယောက်ကတော့ ဒါကို အမှားအယွင်းမရှိ လုပ်ဆောင်နေနိုင်ပါတယ်။ မိုက်ကယ်ရဲ့ ပါရမီဟာ တကယ့်ကို မယုံနိုင်စရာပါပဲ။

မိုက်ကယ်မှာ ဒြပ်စင်လေးမျိုးစလုံးကို ကျွမ်းကျင်နိုင်တဲ့ မှော်စွမ်းအင်ရှိတယ်လို့ ကြားတုန်းက သူကိုယ်တိုင် သင်ကြားပေးပြီး မှော်ပညာရဲ့ အထွတ်အထိပ်ကို ပို့ဆောင်ပေးချင်ခဲ့တာပါ။ ဒါပေမဲ့ မိုက်ကယ်ဟာ ပါရမီထူးလွန်းနေတာကို သူ ချက်ချင်း သတိပြုမိသွားပါတယ်။ မှော်ပညာအားလုံးဟာ ဒီကလေးအတွက်တော့ သဘာဝအတိုင်း ဖြစ်တည်နေတာဖြစ်လို့ သူ သင်ကြားပေးမယ့် လမ်းညွှန်ချက်တွေက ပြောင်းပြန်အကျိုးသက်ရောက်မှုတောင် ရှိသွားနိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် သူကိုယ်တိုင်လည်း ကမ္ဘာပေါ်က တခြားမှော်ပညာရှင်တွေလိုပဲ ရှေ့ဆက်တိုးဖို့ လမ်းမမြင်ဘဲ ကြယ်ရှစ်ပွင့်အဆင့်မှာပဲ တစ်ဆို့နေခဲ့တာ မဟုတ်လား။

မိုက်ကယ်ကို သူ့လိုမျိုး မဖြစ်စေချင်ပါဘူး။ ဒဏ္ဍာရီလာ ကြယ်ကိုးပွင့်အဆင့်ကို ရောက်ရှိခဲ့တဲ့ ရှေးခေတ်သူရဲကောင်းတွေလိုပဲ မိုက်ကယ်ကို သဘာဝအတိုင်း ကြီးထွားလာအောင် လွှတ်ထားပေးတာက ပိုကောင်းပါလိမ့်မယ်။

"ကျွန်ုပ် ကိုယ့်ကိုယ်ကိုယ် မိတ်မဆက်ရသေးဘူးပဲ" လို့ မျှော်စင်သခင်က ပြောလိုက်ပါတယ်။ "ကျွန်ုပ်ကတော့ ကင်းစ်ဘရစ်ချ် မှော်မျှော်စင်ရဲ့ ၁၀ ယောက်မြောက် မင်းသခင် ဆီဘက်စတီယန် အော်ဂင်ဒေါ ပဲ ဖြစ်တယ်"

မိုက်ကယ်က သူ့လက်ကို ဆွဲနှုတ်ဆက်ရင်း ပြန်လည် မိတ်ဆက်လိုက်ပါတယ်။

"ကျွန်တော်က မိုက်ကယ်ပါ။ မိုက်ကယ် ဗွန် ဗန်ဒါဘစ် ပါ"

ပရိသတ်တွေက သူ့ရဲ့ မျိုးရိုးနာမည်ကို ကြားလိုက်ရတဲ့အခါမှာတော့ တအံ့တသြ ဖြစ်ကုန်ကြပါတယ်။

"ဗန်ဒါဘစ်လား သူက အဲဒီမိသားစုရဲ့ အငယ်ဆုံးသားပေါ့လေ"

"ဝိုး ဗန်ဒါဘစ်မျိုးနွယ်က ကောင်လေးက မျှော်စင်သခင်ကို ရီနေးတား စစ်တုရင်ကစားပွဲမှာ အနိုင်ယူနိုင်ခဲ့တာလား..."

"သူတို့ဆီမှာ ဒီလောက် ပါရမီထူးတဲ့ ကလေး မွေးထားမှန်း ဘယ်သူ သိမှာလဲ"

ဆူညံနေတဲ့ ပရိသတ်တွေကို ကြည့်ပြီး ဆီဘက်စတီယန်က မိုက်ကယ်ကို သီးသန့်နေရာတစ်ခုဆီ ဖိတ်ခေါ်လိုက်ပါတယ်။

"ကျွန်ုပ်ရဲ့ အဆောင်မှာ သွားပြီး စကားပြောကြရအောင်" လို့ သူက ပြောရင်း လက်ချောင်းတွေကို တောက်တစ်ချက် ခတ်လိုက်ပါတယ်။

ရုတ်တရက်ဆိုသလိုပဲ မိုက်ကယ်ဟာ ဆူညံနေတဲ့ စာကြည့်တိုက်နဲ့ စစ်တုရင်ကစားဖို့ စောင့်နေကြတဲ့ မှော်ဆရာတွေနဲ့ ဝေးရာ တခြားအခန်းတစ်ခုထဲကို ရောက်သွားပါတော့တယ်။

'ချက်ချင်းနေရာရွှေ့ပြောင်းတာလား နိုဗာ... အဲဒါကို မင်း ခွဲခြမ်းစိတ်ဖြာနိုင်ခဲ့တယ်လို့ ပြောစမ်းပါ'

[မှော်ကျင့်စဉ်အသစ် ရရှိပါပြီ။]

အလင်းနှင့် အမှောင် ဒြပ်စင်

ဤမန္တန်သည် အသုံးပြုသူအား ယခင်က ရောက်ဖူးသည့် မည်သည့်နေရာသို့မဆို နေရာရွှေ့ပြောင်းနိုင်စေသည်။

ကြယ်ခုနစ်ပွင့်အဆင့်ရှိတဲ့ နေရာရွှေ့ပြောင်းခြင်းမန္တန်ကို သင်ယူနိုင်လိုက်တာနဲ့တင် ဒီခရီးစဉ်က တန်နေပါပြီ။

မိုက်ကယ်ဟာ ပတ်ဝန်းကျင်ကို လှည့်ကြည့်လိုက်တဲ့အခါ ကောင်းကင်ယံကို လှမ်းမြင်နေရတဲ့ ပြတင်းပေါက်တွေရှိတဲ့ ကြီးမားတဲ့ အမိုးခုံးပုံစံ အခန်းကြီးတစ်ခုကို တွေ့လိုက်ရပါတယ်။ အခန်းအနှံ့မှာ ရှုပ်ထွေးတဲ့ မှော်အစီအရင်တွေ ပျံနှံ့နေပြီး ဘောပင်တွေ၊ ကမ္ဘာလုံးတွေလိုမျိုး သာမန်ပစ္စည်းတွေကလည်း ကမ္ဘာမြေဆွဲအား မရှိသလိုမျိုး လွင့်မျောနေကြပါတယ်။

"ဒါကတော့ မှော်မျှော်စင်ရဲ့ အမြင့်ဆုံးအထပ်ပဲ။ ကျွန်ုပ်ရဲ့ အနားယူရာ၊ ကျွန်ုပ်ရဲ့ သီးသန့်နယ်မြေဖြစ်သလို ကျွန်ုပ် အိမ်လို့ ခေါ်နိုင်တဲ့ တစ်ခုတည်းသော နေရာပေါ့" လို့ ဆီဘက်စတီယန်က လက်ကို ဝှေ့ယမ်းရင်း ပြောလိုက်ပါတယ်။

မိုက်ကယ်အနေနဲ့ ဒီလိုအဖြေမျိုးကို ထင်မှတ်မထားခဲ့ပါဘူး။ ဒီအခန်းဟာ အိပ်ခန်းနဲ့ မတူဘဲ အာကာသလေ့လာရေးစခန်းတစ်ခုနဲ့ ပိုတူနေပါတယ်။ အိပ်စက်ဖို့အတွက် ခုတင်တစ်လုံးတောင် မတွေ့ရပါဘူး။

"ဒါက ဘာလဲ" လို့ မိုက်ကယ်က အခန်းအလယ်က အလင်းစက်တွေနဲ့ မြောင်းကြောင်းတွေ ချိတ်ဆက်နေတဲ့ အရာကြီးကို လက်ညှိုးထိုးရင်း မေးလိုက်ပါတယ်။

အဲဒါက သူ့ရဲ့ အရင်ဘဝက သိပ္ပံကားတွေထဲမှာ မြင်ဖူးတဲ့ ဦးနှောက်အာရုံကြော ကွန်ရက်တွေရဲ့ ပုံရိပ်ယောင်တွေနဲ့ ဆင်တူနေပါတယ်။

"အဲဒါက စာကြည့်တိုက်ပဲ" လို့ ဆီဘက်စတီယန်က ရှင်းပြပါတယ်။

"မှော်မျှော်စင်က နှစ်ပေါင်းများစွာ စုဆောင်းလာခဲ့တဲ့ စာအုပ်တွေ၊ ပရပိုဒ်တွေနဲ့ ဗဟုသုတ မှန်သမျှကို ဒီနေရာမှာ သိမ်းဆည်းထားတာ ဖြစ်တယ်"

မိုက်ကယ်ဟာ မှော်မျှော်စင်ရဲ့ စာကြည့်တိုက်ကို ကြည့်ပြီး အံ့သြမှုကို မထိန်းနိုင်တော့ပါဘူး။ ဒါဟာ ဒီမှော်ကမ္ဘာရဲ့ ကွန်ပျူတာတစ်လုံးနဲ့ တူနေမှာဖြစ်ပြီး မှော်ပညာဟာ သာမန်ဒစ်ဂျစ်တယ်စနစ်ထက် ပိုရှုပ်ထွေးတာကြောင့် ဒါဟာ ပိုပြီးတော့တောင် ခက်ခဲနက်နဲပါလိမ့်မယ်။

"ကျွန်ုပ် မင်းကို ကြယ်ရှစ်ပွင့်မန္တန်တစ်ခု ပြသမယ်လို့ ကတိပေးခဲ့တယ်၊ ဒါပေမဲ့ အဲဒါထက် ပိုကောင်းတာတစ်ခုကို ပေးချင်တယ်။ မင်းက ပိုကောင်းတဲ့ မန္တန်တွေကို သင်ယူဖို့ စီစဉ်နေတာ မဟုတ်လား ကောင်းပြီ... အစကနေ စတာက ပိုကောင်းပါလိမ့်မယ်။ ဒီကမ္ဘာမှာ ရှိသမျှ အကောင်းဆုံး မှော်မန္တန်တွေကို အရိုးရှင်းဆုံး ကြယ်တစ်ပွင့်မန္တန်ကနေ အရှုပ်ထွေးဆုံး ကြယ်ရှစ်ပွင့်မန္တန်အထိ မင်းကို ကြည့်ရှုခွင့် ပေးမယ်။ နောင်အနာဂတ်မှာလည်း မင်း ဒီမှော်မျှော်စင်ကို လာပြီး ဒီမှော်စာကြည့်တိုက်ကနေ မှော်ပညာတွေကို လေ့လာနိုင်ပါတယ်"

ဆီဘက်စတီယန်ရဲ့ ကမ်းလှမ်းချက်ဟာ မူလသဘောတူညီချက်ထက် အများကြီး ပိုကောင်းနေတာကြောင့် မိုက်ကယ်က လက်ခံဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီမှော်စာကြည့်တိုက်မှာ မှော်မျှော်စင်ရဲ့ သမိုင်းတစ်လျှောက် စုဆောင်းခဲ့သမျှ မန္တန်တွေ အကုန်ရှိနေတာကြောင့် ရေရှည်မှာ မိုက်ကယ်အတွက် မန္တန်တွေ အများကြီး ရရှိနိုင်မှာပါ။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ သူ့ခေါင်းထဲကို အတွေးတစ်ခု ဝင်လာပါတယ်။ အဲဒီအတွေးဟာ သူ့ရဲ့ ကျောရိုးတစ်လျှောက် လျှပ်စစ်စီးသွားသလိုမျိုး တုန်လှုပ်သွားစေပါတယ်။

သူ့ရဲ့ စိတ်ကူးဟာ အရမ်းကို ရဲတင်းလွန်းပြီး ဆွဲဆောင်မှုရှိလွန်းတာကြောင့် သူ့ခန္ဓာကိုယ်ကတောင် အလိုလို လှုပ်ရှားသွားခဲ့ပါတယ်။

မိုက်ကယ်ဟာ စာကြည့်တိုက်ရဲ့ ရွေ့လျားနေတဲ့ အလင်းစက်တွေနဲ့ မြောင်းကြောင်းတွေဆီကို လျှောက်သွားလိုက်ပါတယ်။ သူက လက်ကို မြှောက်လိုက်ပြီး ပျံနှံ့နေတဲ့ အလင်းစက်တစ်ခုကို ထိတွေ့လိုက်ပါတယ်။

သူ့ရဲ့ အရေပြားနဲ့ အဲဒီကွန်ရက် ထိတွေ့လိုက်တာနဲ့ တစ်ပြိုင်နက် ငြိမ်သက်နေတဲ့ ရေကန်ထဲကို ငှက်တစ်ကောင်က နှုတ်သီးနဲ့ တို့လိုက်သလိုမျိုး လက်တွေ့ကမ္ဘာမှာ ဂယက်ထသွားပါတယ်။ ရုတ်တရက်ဆိုသလိုပဲ မှော်စာကြည့်တိုက်ထဲက သတင်းအချက်အလက်အားလုံးဟာ သူ့ရဲ့ လက်ဖျားကနေတစ်ဆင့် ဦးနှောက်ထဲကို စီးဝင်သွားပါတော့တယ်။

[မှော်စာကြည့်တိုက်နှင့် ချိတ်ဆက်နေသည်...]

[အကြောင်းအရာများကို ဒေါင်းလုဒ်ဆွဲနေသည်...]

[သတိပေးချက် သတင်းအချက်အလက်များ အလွန်အမင်း စီးဝင်နေသောကြောင့် သင့်စိတ်ကို ဝန်ပိစေနိုင်ပါသည်။]

[လုံခြုံရေးအရ သင့်ခန္ဓာကိုယ်ကို အရေးပေါ် ပိတ်သိမ်းပါမည်။]

မိုက်ကယ်ရဲ့ အမြင်အာရုံတွေ မှောင်မိုက်သွားပြီး သူ့ရဲ့ ခန္ဓာကိုယ်ဟာ ကြမ်းပြင်ပေါ်ကို ပုံလျက်သား လဲကျသွားပါတော့တယ်။

* * * * * * * * *

စာစဉ်(၃)

အခန်း(၃၆)

[အဆင့်မြင့်စွမ်းရည် ရရှိပါပြီ...]

[အရေးပေါ် စနစ်ပိတ်သိမ်းမှုကို ပြန်လည်ရုပ်သိမ်းနေပါသည် ၃...၂...၁...]

မိုက်ကယ် သတိပြန်ဝင်လာချိန်မှာ ပထမဆုံး ခံစားလိုက်ရတာက ရင်ဘတ်ထဲမှာ တစ်ခုခုနဲ့ ဖိထားသလို လေးလံနေတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ နံရိုးတွေတောင် ကြေမွတော့မလို ခံစားနေရတယ်။

“အိုး... မိုက်ကယ်၊ သားလေး... ဘာဖြစ်သွားတာလဲဟင်”

လူပြန်ဝင်စားပြီး ငါးနှစ်အကြာမှာ ဘုရားသခင်နဲ့ ပြန်တွေ့ရတော့မယ်လို့ မိုက်ကယ် ထင်နေခဲ့တာပါ။ ဒါပေမဲ့ သူ့အမေရဲ့ ငိုရှိုက်သံက သူ့ကို လက်တွေ့လောကထဲ ပြန်ခေါ်ဆောင်လာခဲ့ပါတယ်။

လွန်ခဲ့တဲ့ ငါးနှစ်က သူ မွေးဖွားခဲ့စဉ်ကလိုပဲ မျက်လုံးကို ဖြည်းဖြည်းချင်း ဖွင့်ကြည့်လိုက်တယ်။ လိုင်လီယာက သူ့ရင်ဘတ်ပေါ် ခေါင်းတင်ပြီး ဖက်ထားတာ ဖြစ်ပါတယ်။ သေမင်းကတောင် သူမရဲ့ လက်ထဲက သားလေးကို လုယူမသွားနိုင်အောင် တင်းတင်းကျပ်ကျပ် ဖက်ထားတာပါ။ သူ့ရင်ဘတ်ထဲ လေးလံနေရတဲ့ အကြောင်းရင်းကလည်း ဒါကြောင့်ပဲ ဖြစ်ပါတယ်။

“အိုး... မိုက်ကယ်၊ သား နိုးလာပြီပဲ”

သူ့သားလေး မျက်လုံးပွင့်လာတာကို မြင်တော့ လိုင်လီယာ့မျက်နှာက ဝင်းပသွားပါတယ်။ သူမက မိုက်ကယ်ရဲ့ ခေါင်းကို လက်နဲ့ ချက်ချင်း အုပ်ကိုင်လိုက်တာကြောင့် မိုက်ကယ်ခမျာ အသက်ရှူတောင် ကျပ်သွားရတယ်။

“လိုင်လီယာ... ကလေးက အခုမှ နိုးလာတာကို အဲဒီလို အတင်းကြီး ဖိမထားပါနဲ့ဦး”

အခန်းထဲမှာ ဆီဘက်စတီယန်ရဲ့ အသံကို မိုက်ကယ် ကြားလိုက်ရပေမယ့် သူ့အမေ ကွယ်နေတာကြောင့် သူ့ကိုတော့ မမြင်ရပါဘူး။

“ဟွန့် ဒါတွေ အကုန်လုံးက အဘိုးကြီး အပြစ်ပဲ။ တစ်ဝက်လောက်ပဲ အပ်ထားခဲ့တာကို သားလေးကို သတိလစ်သွားအောင် လုပ်လိုက်တယ်ပေါ့။ ဒီနေရာကို ဘယ်တော့မှ ပြန်မလာတော့ဘူး”

လိုင်လီယာက လေးစားကြည်ညိုရတဲ့ ကြယ်ရှစ်ပွင့်မှော်ဆရာကြီးကို မလိုလားအပ်တဲ့ ယင်ကောင်တစ်ကောင်လို သဘောထားပြီး ဒေါသတကြီးနဲ့ ရန်တွေ့လိုက်ပါတယ်။

“စိတ်လျှော့ပါဦး မိန်းမရယ်။ သူက မင်းရဲ့ ဆရာဖြစ်ခဲ့ရင်တောင် မှော်မျှော်စင်သခင်ကို အဲဒီလို မပြောသင့်ဘူးလေ”

ဗန်ဒါဘစ်က သူ့ဇနီးကို ဖျောင်းဖျဖို့ ကြိုးစားပေမယ့် မိုက်ကယ် ရုတ်တရက် လဲကျသွားတယ်ဆိုတဲ့ သတင်းကြောင့် သူမကတော့ အရမ်းကို စိတ်လှုပ်ရှားနေတာပါ။

“ရပါတယ်၊ ကိစ္စမရှိဘူး” ဆီဘက်စတီယန်က သူ့အမှားကို ဝန်ခံလိုက်ပါတယ်။ “မှော်စာကြည့်တိုက်နဲ့ ထိတွေ့မိပြီးနောက် သူ သတိလစ်သွားလိမ့်မယ်လို့ ကျွန်ုပ် မထင်ထားမိဘူး။ ဒီလိုဖြစ်ရပ်မျိုး တစ်ခါမှ မကြားဖူးခဲ့ပါဘူး။ အဲဒါအတွက် တောင်းပန်ပါတယ်”

မိုက်ကယ်ကိုယ်တိုင်လည်း ဘာဖြစ်သွားမှန်း မသိလိုက်ပါဘူး။ နောက်ဆုံး မှတ်မိတာကတော့ သူ့တစ်ကိုယ်လုံး ပြင်းထန်တဲ့ အဖျားတက်သလိုမျိုး ပူထူလာတာပဲ ဖြစ်ပါတယ်။

သူ့ဦးနှောက်ထဲကို သွေးတွေအကုန် တိုးဝင်လာသလိုမျိုး ခေါင်းထဲမှာ တင်းကျပ်လာပြီး ပေါက်ထွက်တော့မလို ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်း ဘာဖြစ်သွားလဲဆိုတာ သူ ဘာမှ မမှတ်မိတော့ပါဘူး။

'ဟေး နိုဗာ... ငါ မှော်စာကြည့်တိုက်ကို ထိပြီးတဲ့နောက် ဘာဖြစ်သွားတာလဲ'

[မင်္ဂလာပါ မိုက်ကယ်]

ချက်ချင်းဆိုသလို တစ်ခုခု ထူးဆန်းနေပါတယ်။ အရင်က နိုဗာက သူ့ကို 'မိုက်ကယ်' လို့ မခေါ်ဖူးပါဘူး။ 'မင်း' ဒါမှမဟုတ် 'အသုံးပြုသူ' လို့ပဲ ခေါ်ခဲ့တာပါ။

[မှော်စာကြည့်တိုက်နဲ့ ထိတွေ့မှုကြောင့် အဲဒီမှာရှိတဲ့ အချက်အလက်တွေ အကုန်လုံးကို ဒီကွန်ရက်ထဲကို ဒေါင်းလုဒ်လုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမှာပါတဲ့ အချက်အလက်ပမာဏက မင်းရဲ့ ဦးနှောက်စွမ်းဆောင်ရည်ထက် အဆမတန် များပြားနေပါတယ်။ ဒါကြောင့် ဦးနှောက်ပျက်စီးမှုကို ကာကွယ်ဖို့ ခန္ဓာကိုယ်ရဲ့ အရေးပေါ်စနစ်ကို ပိတ်သိမ်းခဲ့ရတာပါ။]

[မင်း သတိလစ်နေတဲ့ အချိန်မှာ မှော်စာကြည့်တိုက်က ရရှိတဲ့ အချက်အလက်တွေနဲ့ ဒီဆော့ဖ်ဝဲလ်ကို အဆင့်မြှင့်တင်လိုက်ပါတယ်။]

[မင်္ဂလာပါ မိုက်ကယ်။ ငါကတော့ မင်းရဲ့ ကိုယ်ပိုင် အေအိုင် အကူဖြစ်ပြီး မှော်ပညာရပ်တွေမှာ ကျွမ်းကျင်တဲ့ နိုဗာ2.0 ပဲ ဖြစ်ပါတယ်။]

မှော်ပရပိုဒ်တိုက်ရဲ့ ကွန်ရက်နဲ့ ထိတွေ့လိုက်ရင် တစ်ခုခုဖြစ်လာမယ်ဆိုတာ မိုက်ကယ် သိထားပေမယ့် နိုဗာကနေ ဒီလို အဆင့်မြင့်သွားလိမ့်မယ်လို့တော့ မထင်ထားခဲ့ပါဘူး။

'မှော်ပညာရပ်တွေမှာ ကျွမ်းကျင်တယ် ဟုတ်လား အဲဒါဆို မင်းက မှော်ပညာတွေနဲ့ မန္တန်တွေအကြောင်း အများကြီး သိတယ်ပေါ့'

[ဟုတ်ပါတယ် မိုက်ကယ်။ မှော်စာကြည့်တိုက်ထဲမှာ ကင်းစ်ဘရစ်ချ် မှော်မျှော်စင်ရဲ့ သမိုင်းတစ်လျှောက် နှစ်ပေါင်း ၈၉၃ နှစ်လုံး စုဆောင်းထားတဲ့ မှော်အခြေခံ ဗဟုသုတတွေ အများကြီး ရှိပါတယ်။]

'မိုက်တယ်။ အဲဒါတွေနဲ့ မင်း ဘာလုပ်ပေးနိုင်လဲ'

[ဒီကမ္ဘာရဲ့ လက်ရှိ မှော်နားလည်မှုတွေကို အသုံးပြုပြီး မင်းရဲ့ မှော်စွမ်းရည်တွေကို နားလည်ရလွယ်ကူတဲ့ စနစ်တစ်ခုအဖြစ် ပြောင်းလဲပေးထားပါတယ်။ ကြည့်ချင်ပါသလား]

မိုက်ကယ်က ကြည့်မယ်လို့ ပြောလိုက်တာနဲ့ သူ့ရှေ့မှာ စာလုံးတွေနဲ့ ဇယားတွေဟာ ဖန်သားပြင်တစ်ခုလို လွင့်မျောလာပါတယ်။

ဒါဟာ အန်နီမေးတွေနဲ့ စိတ်ကူးယဉ်စာအုပ်တွေထဲမှာ ပါလေ့ရှိတဲ့ စနစ်မျိုးဆိုတာ သူ ချက်ချင်း သိလိုက်ပါတယ်။ ဒါပေမဲ့ တခြားစနစ်တွေနဲ့ မတူတာက မိုက်ကယ်ရဲ့ စနစ်က အရမ်းကို ရိုးရှင်းနေတာပါ။

[မိုက်ကယ် ဗွန် ဗန်ဒါဘစ်]

[မှော်ပါရမီ: SSS+ အဆင့်]

[ဒြပ်စင် ကျွမ်းကျင်မှု: မရှိပါ]

[မှော်စွမ်းအင် သန့်စင်မှု: ၉၉.၉၉%]

[အဆင့်: ကြယ်နှစ်ပွင့် အလုပ်သင်မှော်ပညာရှင်]

မိုက်ကယ်က သူ့စနစ်ထဲက အချက်အလက်တွေကို ကြည့်ပြီး မပြည့်စုံတာကို စိတ်ပျက်မိသွားတယ်။ သူ့ရဲ့ ကျွမ်းကျင်မှုနဲ့ မှော်စွမ်းအင် ပမာဏတွေမှာ 'မရှိပါ' လို့ ပြနေလို့ပါ။ သူ နားမလည်နိုင် ဖြစ်သွားတယ်။

[မှော်ပညာရှင်တစ်ယောက်ရဲ့ ဒြပ်စင်ကျွမ်းကျင်မှုကို တိုင်းတာတဲ့ လက်ရှိနည်းလမ်းတွေက မင်းနဲ့ မကိုက်ညီပါဘူး။ သူတို့ရဲ့ နည်းလမ်းတွေက ရှိသမျှ ဒြပ်စင်တိုင်းမှာ ပါရမီနဲ့ ကျွမ်းကျင်မှုရှိတဲ့ မှော်ပညာရှင်မျိုးအတွက် ထည့်တွက်မထားလို့ပါ။]

'အော်... အဆင်ပြေတာပေါ့။ ဒါက ငါ လူပြန်ဝင်စားတုန်းက ဘုရားသခင်ပေးလိုက်တဲ့ ပါရမီတွေထဲက တစ်ခုဖြစ်မှာပါ။ ငါက မှော်ပညာအားလုံးမှာ ပါရမီပါနေတာပဲ ဖြစ်မှာပါ'

အကယ်၍ မျှော်စင်သခင်သာ မိုက်ကယ်ရဲ့ အတွေးကို သိသွားရင်တော့ ထိတ်လန့်ပြီး သတိလစ်သွားလောက်ပါတယ်။

'ငါ့ရဲ့ မှော်စွမ်းအင် ပမာဏကရော ဘာလို့ ကိန်းဂဏန်းတွေ မပြတာလဲ'

[စွမ်းအင်ပင်လယ်ထဲမှာ စုစည်းထားတဲ့ မှော်စွမ်းအင်ကို တိုင်းတာတဲ့ နည်းလမ်းကလည်း မင်းရဲ့ လက်ရှိအခြေအနေနဲ့ မကိုက်ညီပါဘူး။]

[မင်း အခု သုံးနေတဲ့ မှော်စွမ်းအင် စုဆောင်းနည်းက မြေဒြပ်စင်အတွက်ပဲ အထူးပြုထားတာပါ။ ဒြပ်စင်အားလုံးမှာ ပါရမီပါတဲ့အတွက် တခြားဒြပ်စင်တွေအတွက် ဒီကျင့်စဉ်ကို ဆက်သုံးဖို့ မသင့်တော်ပါဘူး။]

[မှော်စာကြည့်တိုက်ထဲမှာ တခြားဒြပ်စင်တွေအတွက် အထူးပြုတဲ့ ကျင့်စဉ်တွေ အများကြီးရှိပေမယ့် ဒြပ်စင်တစ်ခုချင်းစီအတွက် ကျင့်စဉ်တစ်ခုစီ ခွဲသုံးနေတာက ထိရောက်မှု မရှိပါဘူး။]

[ဒါကြောင့် မှော်စာကြည့်တိုက်ကရတဲ့ ဗဟုသုတတွေကို သုံးပြီး ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်နေစဉ်မှာ မှော်ကျင့်စဉ်အားလုံးကို ပေါင်းစပ်ထားတဲ့ ဗားရှင်းအသစ်တစ်ခုကို ဖန်တီးခဲ့ပါတယ်။]

မိုက်ကယ်ရဲ့ အမြင်အာရုံထဲမှာ စာလုံးအချို့ ပေါ်လာပါတယ်။ အဲဒီစာလုံးတွေရဲ့ ပုံစံက ရွှေရောင်အလင်းတန်းတွေ ဝန်းရံနေပြီး အရမ်းကို ခန့်ညားထည်ဝါလှပါတယ်။

[အဆင့်မြင့်စွမ်းရည်: သဟဇာတ ပေါင်းစည်းခြင်း]

'ဝိုး... အဆင့်မြင့်စွမ်းရည်တဲ့လား... နာမည်ကတင်ကို အဆင့်မြင့်နေပြီပဲ...'

[အဆင့်မြင့်စွမ်းရည် ‘သဟဇာတ ပေါင်းစည်းခြင်း’ ဟာ မင်းရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့ ဘယ်မှော်စွမ်းအင်ကိုမဆို စုစည်းစေနိုင်မှာဖြစ်ပြီး စွမ်းအင်ပင်လယ်ထဲမှာ သိုလှောင်ထားစရာ မလိုတော့ပါဘူး။]

[မင်းရဲ့ မှော်စွမ်းအင် ပမာဏက အကန့်အသတ် မရှိတော့ပါဘူး။]

[ပတ်ဝန်းကျင်မှာရှိတဲ့ မှော်စွမ်းအင်တွေကို ခံစားသိရှိနိုင်တဲ့ ထူးခြားတဲ့ အာရုံကို ရရှိသွားပြီဖြစ်လို့ ဘယ်လိုမန္တန်ကမှ မင်းကို မှော်စွမ်းအင် မြင်တွေ့ခြင်းကနေ တားဆီးထားနိုင်မှာ မဟုတ်ပါဘူး။]

[လွတ်လပ်စွာရှိနေတဲ့ မှော်စွမ်းအင်ဖြစ်စေ၊ တစ်ခုခုထဲမှာ ထည့်သွင်းထားတဲ့ မှော်စွမ်းအင်ဖြစ်စေ အားလုံးကို စိတ်ကြိုက် ထိန်းချုပ်နိုင်စွမ်း ရှိသွားပါပြီ။]

ဒီနောက်ဆုံး စကားလုံးတွေကို ကြားလိုက်ရတဲ့အခါ မိုက်ကယ်ဟာ သူ့ရဲ့ အဆင့်မြင့်စွမ်းရည်က ဘယ်လောက်အထိ အစွမ်းထက်တယ်ဆိုတာကို သိသွားပြီး တုန်လှုပ်ခြောက်ခြားသွားရပါတော့တယ်။

* * * * * * * * *

All Chapters