← Chapters

အခန်း (၆၃၇-၆၃၈)

Vol. 54 Ch. 637-638

အခန်း (၆၃၇-၆၃၈)

Vol. 54 Ch. 637-638

အခန်း(၆၃၇)

လေလံပွဲမှာ ပါဝင်ဆင်နွှဲခဲ့တာက သူ့ကို အရာအများကြီး သင်ကြားပေးခဲ့ပြီး အရေးကြီးဆုံးအချက်ကတော့ သူတစ်ယောက်တည်းနဲ့ လုပ်လို့မရဘူးဆိုတာပဲ။

သူက သာ သူ့ကိုယ်သူအပေါ်မှာပဲ အာရုံစိုက်ပြီး တတ်နိုင်သမျှ အမြန်ဆုံး အားအကောင်းဆုံး မက်ဂ်နက်တစ်တစ်ယောက်ဖြစ်အောင် လုပ်နိုင်ရင် ရီနေးတားကုမ္ပဏီကို အဆင့်တွေကြားထဲမှာ သိပ်ကို လွယ်လွယ်ကူကူနဲ့ ဆွဲတင်နိုင်လိမ့်မယ်လို့ တွေးခဲ့တာလေ။

ဒါပေမဲ့ သူ မှားသွားခဲ့တယ်။ တကယ်လို့ မြို့စားကတော်ရဲ့ အနက်ရောင် မက်ဒယ်လီယွန်သာ မရှိရင် သူ နောက်ဆုံး လေလံပွဲကို ဘယ်လိုမှ ဝင်နိုင်ခဲ့မှာ မဟုတ်ဘူး။ ဝိညာဉ်ဆီ ၁၀ စက်လုံးကိုလည်း လွဲချော်သွားခဲ့မှာပေါ့။

ဒရာဂွန်ဘွန်းတွေကို မက်ဂ်နက်တစ်တွေအဖြစ် ပြောင်းလဲပေးဖို့ အချိန်တန်ပြီလို့ ငါ ထင်တယ်။

သူ သိထားသလောက်တော့ လူသားတွေပဲ မက်ဂ်နက်တစ် ဖြစ်နိုင်တာလေ။ လူတစ်ပိုင်းသတ္တဝါတွေ ဒါမှမဟုတ် တခြားမျိုးနွယ်စုတွေမှာ ဒီဗာ ရှိခဲ့ဖူးတဲ့ ဖြစ်ရပ်မျိုး တစ်ခါမှ မရှိခဲ့ဘူး။

ဒါပေမဲ့ အခုတော့ ဒီဗာဆိုတာ လူတစ်ယောက်ရဲ့ ပါရမီတွေအပေါ်မှာ အခြေခံထားတယ်ဆိုတာ သူ သိသွားပြီမို့ ဒရာဂွန်ဘွန်းတွေရော ရီနေးတားပြည်သူတိုင်းပါ မက်ဂ်နက်တစ် ဖြစ်လာဖို့ အခွင့်အရေး ရှိတယ်လို့ ပြောလို့ရနေပြီ။ တကယ်တော့ သူတို့က သူ့လိုပဲ သဘာဝအလျောက် မက်ဂ်နက်တစ်တွေ ဖြစ်ကြတာမို့ ပိုတောင် လွယ်ကူနေသေးတယ်။

တကယ်လို့ သူ့မှာ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေသာ အလုံအလောက်ရှိရင် ရီနေးတားပြည်သူတိုင်းကို မက်ဂ်နက်တစ်တွေအဖြစ် ပြောင်းပစ်လို့ ရတာပေါ့။

ပြီးတော့ နိုဗာ ရဲ့ ပြောပြချက်အရ အဲလိုလုပ်ပြီးတာနဲ့ သူတို့တွေက ကွန်ရက်ထဲကို ချိတ်ဆက်မိသွားကြလိမ့်မယ်။

[အဲဒါ မှန်ပါတယ်။ ဆရာ့အနေနဲ့ သူတို့ရဲ့ တိုးတက်မှုတွေကို စောင့်ကြည့်နိုင်မှာဖြစ်ပြီး တစ်နည်းနည်းနဲ့ ကူညီပေးလို့တောင် ရဦးမှာပါ]

| ဟင်း... ဒါက တကယ်တော့ မင်း ပထမဆုံးအကြိမ် ထွက်လာတဲ့ အကြံဉာဏ်ကောင်း ဖြစ်လိမ့်မယ် မိန်းကလေးရဲ့ |

[ကျေးဇူးပြုပြီး ကျွန်မကို 'မိန်းကလေး' လို့ မခေါ်ပါနဲ့။ ကျွန်မနာမည် နိုဗာ လို့ပဲ ခေါ်ပါ ဒါမှမဟုတ် ဘာမှမခေါ်ဘဲ နေလိုက်ပါ]

ဒီတစ်ကြိမ်မှာတော့ ဟာဘင်ဂျာကပါ ဒီအကြံဉာဏ်ကို သဘောတူနေတာမို့ ဒါက တကယ့်ကို ရှားရှားပါးပါးပဲ။ ဒါပေမဲ့လည်း အဓိပ္ပာယ်တော့ ရှိပါတယ်။ တကယ်လို့ ဟာဘင်ဂျာ လိုချင်တဲ့အရာက ကမ္ဘာကြီးထဲကို အနာဂတ်ကို ဆွဲခေါ်လာဖို့သက်သက်ပဲဆိုရင် ဒရာဂွန်ဘွန်းတွေလို ကူညီပေးမယ့်သူတွေ အများကြီးရှိတာက ဒီပန်းတိုင်အတွက် ပိုပြီး လွယ်ကူသွားစေတာပေါ့။

ပြဿနာက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ငါ ဘယ်ကနေ ရမလဲဆိုတာပဲ။

| အဲဒါက မလွယ်ဘူးလား။ လမ်းပေါ်က မက်ဂ်နက်တစ်တစ်ယောက်ကို ရွေး၊ သူတို့ကို အနိုင်ယူပြီး သူတို့ရဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို လုယူလိုက်ပေါ့။ အေးဆေးပဲကို |

ဟာဘင်ဂျာရဲ့ အကြံပြုချက်က အလွယ်ဆုံးပဲ။ တကယ်တော့ လေလံပွဲတုန်းက နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေ ရဖို့ အခွင့်အရေးတွေ အများကြီး ရှိခဲ့တာပဲ။ ဒါပေမဲ့ အပေါ်ကနေ စောင့်ကြည့်နေတဲ့ လူအုပ်ကြီးကြောင့် လူထုကြား ထိတ်လန့်တုန်လှုပ်မှုတွေ ဖြစ်သွားမှာ စိုးလို့ သူ မလုပ်ခဲ့တာ။

‘အဲလို လုပ်လို့မရဘူး ဟာဘင်ဂျာ။ ငါတို့က ဒါကို မှန်ကန်တဲ့ နည်းလမ်းနဲ့ပဲ လုပ်ရမယ်’

သူက တော့ တခြားလူတစ်ယောက်ရဲ့ နတ်ဘုရားပန်းပဲဖို စွမ်းရည်တွေကို အဲဒီလူက ဒါနဲ့ မထိုက်တန်တဲ့ လူဆိုးတစ်ယောက် မဟုတ်ရင် လုယူမှာ မဟုတ်ပါဘူး။

ကောင်းတဲ့အချက်ကတော့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေက ဝိညာဉ်ဆီ အစက်တွေလို မဟုတ်တာပဲ။ ဒီ ကုန်းပေါ်က ကမ္ဘာမှာတော့ အတော်လေး အလျှံပယ် ရှာတွေ့နိုင်ပါတယ်။ ငါ့ကို အဲဒါတွေ ရောင်းချင်မယ့်သူတစ်ယောက်ကို ရှာဖို့ပဲ လိုတာ။

ဒါကို မေးဖို့ အကောင်းဆုံးလူက မြို့စားကတော်ပဲလို့ သူ ဆုံးဖြတ်လိုက်တယ်။ ဒါကြောင့် သူ ဟိုမှာ ချန်ထားခဲ့တဲ့ ကိုယ်ပွားတွေကို အသုံးပြုပြီး သူမရဲ့ ရဲတိုက်တံခါးဝဆီကို ချက်ချင်း တယ်လီပို့ လုပ်လိုက်တော့တယ်။

သူမရဲ့ နယ်မြေထဲကို ဆင်းသက်လိုက်တာနဲ့ လူနှစ်ယောက်က သူ့ဘေးနားမှာ ချက်ချင်း ပေါ်လာတာကို တွေ့လိုက်ရပြီး သူတို့ရဲ့ ဝတ်စုံတွေကို ကြည့်ရုံနဲ့ ဘယ်သူတွေလဲဆိုတာ သူ မှတ်မိလိုက်တယ်။

"ကြိုဆိုပါတယ် ဆာ မိုက်ကယ်"

၀၀၃ နဲ့ ၀၀၄ က ခေါင်းငုံ့ပြီး နှုတ်ဆက်ကြတယ်၊ ခါတိုင်းလိုပဲ သိပ်ကို ရိုသေကြတာပဲ။

"အရှင်မ ဆီကို မိုက်ကယ် ရောက်နေတဲ့အကြောင်း သတင်းပို့ထားပြီးပါပြီ။ သူမကို ပန်းခြံထဲမှာ တွေ့နိုင်ပါတယ်" လို့ ၀၀၄ က ပြောတယ်။

သူတို့နှစ်ယောက်က လမ်းပြပေးပြီး သူကတော့ အနောက်ကနေ လိုက်သွားခဲ့တယ်။

လမ်းလျှောက်နေတုန်းမှာပဲ ၀၀၃က သူ့ကို တစ်ခုခု စကားစလာတယ်။

"ဆာ မိုက်ကယ်... ပွဲစဉ်တုန်းက ငါတို့ရဲ့ တာဝန် ပျက်ကွက်ခဲ့တဲ့အတွက် တကယ်ကို တောင်းပန်ပါတယ်။ မိုက်ကယ်အတွက် အစက်တစ်စက် ရအောင် ယူပေးမယ်လို့ ကတိပေးခဲ့ပေမဲ့ တစ်စက်လေးတောင် မရခဲ့ဘူး ဖြစ်သွားတယ်"

"ငါတို့ရဲ့ အနုညွတ်ဆုံး တောင်းပန်မှုကို လက်ခံပေးပါ"

သူကတော့ သူတို့ကို စိတ်မဆိုးပါဘူး။ "ရပါတယ်... ဘာပဲဖြစ်ဖြစ် ငါ အစက် ၁၀ စက် ရခဲ့တာပဲဥစ္စာ"

သူတို့နှစ်ယောက်က တိတ်ဆိတ်သွားပြီး နောက်ဆုံးတော့ ပန်းခြံထဲကို ရောက်သွားကြတယ်၊ ဟိုမှာ မြို့စားကတော်က စကျင်ကျောက်စားပွဲမှာ အေးအေးလူလူ ထိုင်ရင်း တခြားအရာတွေ ထားလို့ ရီနာတီရို့စ်ဆိုဒါ ကို တစ်ငုံချင်း သောက်နေတာကို တွေ့လိုက်ရတယ်။ သူမက ကိုလာကို သောက်လိုက်လို့ ထွက်လာတဲ့ အမြှုပ်တစီစီ ခံစားမှုလေးကို သဘောကျနေတဲ့ ပုံစံနဲ့ မျက်နှာမှာ ကြည်နူးမှုတွေ ပြည့်နေရှာတယ်။

"အာ... မိုက်ကယ်... မင်း နေပြန်ကောင်းလာပြီလို့ မျှော်လင့်ပါတယ်" လို့ သူမက ဆိုရင်း ဆိုဒါခွက်ကို ဆက်ပြီး အရသာခံနေတယ်။

"အင်း... အကောင်းဆုံး အခြေအနေမှာ ရှိနေပါတယ်" လို့ သူက ပြန်ဖြေလိုက်တယ်။

သူမက ၀၀၃ နဲ့ ၀၀၄ ကို ထွက်သွားဖို့ ခွင့်ပြုလိုက်တယ်။

"သူတို့ရဲ့ နေရခက်နေတဲ့ ပုံစံကိုတော့ ခွင့်လွှတ်ပေးလိုက်ပါဦး။ သူတို့က တစ်ခါမှ တာဝန်မပျက်ကွက်ဖူးဘဲနဲ့ အနိုင်ရဖူးတာမို့လေ။ သူတို့ ကိုယ်တိုင် ဝိညာဉ်ဆီတွေ မရနိုင်တဲ့အချိန်မှာ မင်းက မင်းဘာသာမင်း အစက် ၁၀ စက်လုံး ရအောင် ယူနိုင်လိမ့်မယ်လို့ မထင်ထားကြဘူးလေ"

သူမက သူ့ကို တစ်ချက် ကြည့်လိုက်တယ်။ "ဒါကို မင်း ဘယ်လို လုပ်နိုင်ခဲ့လဲဆိုတာ ငါ့ကို ပြောပြမှာ မဟုတ်ဘူးမလား"

သူကတော့ ပုခုံးပဲ တွန့်ပြလိုက်တယ်။

"ကောင်းပြီလေ... အရေးမကြီးပါဘူး။ မင်းက ပုံမှန် စံနှုန်းတွေအတိုင်း သွားတဲ့သူ မဟုတ်ဘူးဆိုတာ ငါ အခုတော့ သိသွားပါပြီ။ တခြားလူတွေအတွက် မဖြစ်နိုင်ဘူးလို့ ထင်ရတဲ့အရာက မင်းအတွက်တော့ ရိုးရိုးပုံမှန် ကိစ္စတစ်ခုသက်သက်ပဲ ဖြစ်နေတတ်တာကိုး"

တီ တီ

အဲဒီအချိန်မှာပဲ ပန်းခြံရဲ့ အပြင်ဘက်ကနေ မော်တော်ယာဉ်တွေနဲ့ ကားကြီးတွေရဲ့ အသံအများကြီး ဟိန်းထွက်လာတယ်။ အင်ဂျင်သံတွေကို နားထောင်ရတာ ပစ္စည်းတွေ အများကြီး တင်ဆောင်လာပုံပဲ။

"မော်တော်ကားတွေကို အသုံးချလို့ ကောင်းနေပုံရတယ်နော်" လို့ သူက သူမကို ပြောလိုက်တယ်။

"ကောင်းတာပေါ့... ငါ မျှော်လင့်ထားတဲ့အတိုင်း တကယ့်ကို ဧရာမ အထောက်အကူကြီးပဲ"

ဒါကို ကြားရတော့ သူ ဝမ်းသာသွားတယ်။ သူမ ကားတွေကို ပိုပြီး သဘောကျလေလေ၊ သူ့ရဲ့ ရွှေလမ်းမကြီးကို မက်ထရိုပိုလစ်နဲ့ ချိတ်ဆက်ဖို့ သူမ သဘောတူဖို့ အခွင့်အလမ်း ပိုများလေလေပဲ။

"မေးခွန်းလေးတစ်ခုလောက်... နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို ဘယ်မှာ ဝယ်လို့ရနိုင်မလဲ"

သူမ ဆိုဒါသောက်တာကို ရပ်လိုက်ပြီး သူ့ကို အံ့ဩတကြီး ကြည့်လာတယ်။ "မင်းရဲ့ ကုမ္ပဏီ အခြေခံအုတ်မြစ်ကို ချဲ့ထွင်ဖို့ ပြင်နေတာလား။ ကောင်းတာပေါ့"

မြို့စားကတော်ပီပီ သူမက သူ့ရဲ့ ရည်ရွယ်ချက်ကို ချက်ချင်း သဘောပေါက်သွားတယ်။

"အင်း... အဲဒါက ဝိညာဉ်ဆီ အစက်တွေလောက် မရှားပေမဲ့လည်း အခုလို အားလုံးက စီတန်းလှည့်လည်ပွဲ အတွက် ပြင်ဆင်နေကြတဲ့ အချိန်မှာတော့ ဒါတွေကို ရောင်းချင်မယ့် ကုမ္ပဏီကို ရှာဖို့ ခက်လိမ့်မယ်။

ဒါပေမဲ့... မင်း ဒါတွေကို လဲလှယ်လို့တော့ ရနိုင်တယ်။ မင်းရဲ့ ဧည့်သည်တွေ ပြောပြလို့ သိပြီးလောက်ပြီ ထင်ပါတယ်၊ အခုလောလောဆယ် သဲဒင်္ဂါးတွေရဲ့ လိုအပ်ချက်က သိပ်ကို မြင့်တက်နေတာ။ တကယ်လို့ မင်းသာ သဲဒင်္ဂါးတွေကို ထုတ်ပေးနိုင်မယ်ဆိုရင် ကုမ္ပဏီတိုင်းလိုလိုက သူတို့ဆီမှာ ပိုနေတဲ့ နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေကို လဲလှယ်ပြီး ရောင်းပေးကြလိမ့်မယ်"

သဲဒင်္ဂါးတွေ ထွက်ပေါ်လာတာနဲ့အမျှ ဒါက အခုဆိုရင် ကုမ္ပဏီတွေရဲ့ အသုံးဝင်တဲ့ ငွေကြေး ဖြစ်လာနေပြီ။ ရွှေဒင်္ဂါးတွေနဲ့တောင် ဝယ်လို့မရတဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းတွေနဲ့ ကုန်စည်တွေကို အခုဆိုရင် သဲဒင်္ဂါးတွေကို အသုံးပြုပြီး ဝယ်ယူနိုင်ပြီ ဖြစ်တယ်။

တကယ်လို့ သူ့မှာ အဲဒါတွေ အလုံအလောက်ရှိရင် နတ်ဘုရားပန်းပဲဖို အပိုင်းအစတွေရော ဝိညာဉ်ဆီ အစက်တွေကိုပါ တစ်ပြိုင်နက်တည်း ရရှိနိုင်မှာဖြစ်ပြီး သူ့ရဲ့ ဒီဗာ ကျင့်စဉ်အဆင့်တွေ မြင့်တက်ဖို့အတွက် သေချာသလောက် ရှိသွားပြီ။

"ဒါဆို ဆိုလိုတာက ခရီးသွားဧည့်သည်တွေဆီကနေ သဲဒင်္ဂါးတွေ ရအောင် လုပ်ဖို့ပဲ လိုတာပေါ့ ဟုတ်လား"

"မှန်တယ်"

"ဒါဆို ကျေးဇူးပြုပြီး ငါ့ကို ရေလူသားတွေနဲ့ မိတ်ဆက်ပေးပါဦး" လို့ သူက တောင်းဆိုလိုက်တယ်။ "သူတို့ ဘာလို့ နတ်သူငယ်တွေနဲ့ တွေ့ချင်နေရတာလဲဆိုတာ သိဖို့ လိုတယ်။ အဲဒါက ရေလူသားတွေနဲ့ ခရီးသွားဧည့်သည်တွေနဲ့ တစ်ခုခု ပတ်သက်နေရမယ်"

မြို့စားကတော်က ခေါင်းငြိမ့်ပြတယ်၊ သူမက သူ့ရဲ့ တောင်းဆိုမှုကို မျှော်လင့်ထားပြီးသားပဲ။ "သူတို့ မက်ထရိုပိုလစ်ကနေ ထွက်သွားကြပြီ၊ ဒါပေမဲ့ သူတို့ ဘယ်ကို သွားမလဲဆိုတာ ငါ သိတယ်။ မင်း အဖြေတွေ လိုချင်ရင် သူတို့နဲ့ ကိုယ်တိုင် သွားတွေ့ရလိမ့်မယ်"

ပြီးတော့ သူမက ရေလူသားတွေကို ရှာဖို့အတွက် သူ လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ကျူစက္ကူချပ်ပေါ်မှာ ရေးပေးလိုက်တယ်။

သူ မြေပုံကို သေချာကြည့်လိုက်တော့ သူတို့က မြောက်ဘက်အစွန်ကို သွားကြတာဖြစ်ပြီး သူ တစ်ခါမှ မရောက်ဖူးသေးတဲ့ နေရာတစ်ခုပဲ။

သူတို့က မက်ထရိုပိုလစ်ရဲ့ အရှေ့မြောက်ဘက်ကို ဖြတ်ပြီးတော့—

သူ ကမ္ပည်းစာလုံးရဲ့ နာမည်ကို ဖတ်လို့မရမှန်း သိလိုက်ရတယ်။ ကြည့်ရတာ ကြက်တွေအများကြီး ဝိုင်းကခုန်ထားတဲ့အတိုင်းပဲ။

"ဟို... မြို့စားကတော်... ဒါက ဘာနာမည်လဲဟင်"

သူမက သူမ ရေးထားတာကို ပြန်ကြည့်လိုက်တယ်။ "အော်... အဲဒါ ထရူးဂန် ရေလက်ကြား လေ။ သစ်ပင်ရဲ့ အရိပ်ကြောင့် မင်း မျက်စိ နည်းနည်း မှုန်သွားတာ ဖြစ်မှာပါ ဟားဟား"

သူလည်း သူမနဲ့အတူ လိုက်ပြီး အားနာနာနဲ့ ရယ်လိုက်မိတယ်။ သူမရဲ့ လက်ရေးက ကလေးကလားထက် ပိုဆိုးနေပါတယ်လို့ ပထမဆုံး ပြောတဲ့လူတော့ သူ မဖြစ်ချင်ဘူးလေ။

* * * * * * * *

စာစဉ်(၅၄)

အခန်း(၆၃၈)

မြို့စားကတော်ဆီကို သွားရောက်တွေ့ဆုံပြီးတဲ့နောက်မှာတော့ မိုက်ကယ်ဟာ ရီနေးတားကုမ္ပဏီရဲ့ လက်ရှိအခြေအနေကို ကြည့်ရှုဖို့ အပ်ပါးဝုဒ်နယ်မြေဆီကို ပြန်လာခဲ့တယ်။

သူတို့ဆိုင်ကို လူတွေ အများကြီး တန်းစီပြီး ဝိုင်းနေကြတယ်လို့ တခြားလူတွေက သတိပေးထားကြတာမို့ သူကတော့ ဘေးကင်းအောင် ဆိုင်နဲ့ လမ်းအနည်းငယ်ဝေးတဲ့နေရာကိုပဲ တယ်လီပို့လုပ်ပြီး ဆင်းသက်ဖို့ ရွေးချယ်လိုက်တယ်။

သူ ခြေချလိုက်တာနဲ့ မိန်းလမ်းမကြီးကနေ ရှေ့ဘက် ငါးလမ်းကျော်အထိ ရှည်လျားစွာ တန်းစီနေကြတဲ့ လူအုပ်ကြီးကို ချက်ချင်းပဲ တွေ့လိုက်ရတော့တယ်။

မိန်းလမ်းမကြီးရဲ့ တည်ဆောက်ပုံအရ လူတွေ လျှောက်ဖို့ လူသွားလမ်း သီးသန့်မရှိတာကြောင့် လူအားလုံးဟာ လမ်းမကြီးရဲ့ အလယ်တည့်တည့်မှာ တန်းစီရပ်နေကြပြီး ရထားလုံးတွေနဲ့ မြင်းတွေဟာ လူအုပ်ကြားထဲကနေ ဖြတ်သန်းသွားလာနိုင်ဖို့အတွက် လမ်းရဲ့ စည်းကမ်းသတ်မှတ်ချက်တွေကို ကျော်လွန်ပြီး မနည်း မောင်းနှင်နေရရှာတယ်။

ဒီမှာ လူ ဘယ်လောက်တောင် ရှိနေတာလဲ။

[အခုလောလောဆယ် တန်းစီနေတဲ့သူ ငါးရာနီးပါးလောက် ရှိပါတယ်။ ပြီးတော့ ဆိုင်ထဲကနေ ထွက်လာတဲ့သူတွေထက် အသစ်တန်းစီတဲ့သူတွေက ပိုများနေတာကို ကြည့်ရရင် ဒီနေ့တစ်နေ့လုံးမှာ လူဦးရေက ပိုပြီးတော့ပဲ တိုးလာဦးမယ့် ပုံပါပဲ]

သူတို့ရဲ့ ဌာနချုပ်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ ရီနေးတား ကုန်တိုက်ကြီးထဲကနေ လူတစ်ယောက် ထွက်လာတိုင်း အသစ်တန်းစီတဲ့သူ သုံးယောက်နှုန်းလောက် ရှိနေတာ ဖြစ်တယ်။

"မင်း ရီနာတီရို့စ်ဆိုဒါကို သောက်ကြည့်ပြီးပြီလား။ တကယ်ကို အံ့ဩဖို့ကောင်းလောက်အောင် အရသာရှိတာနော်"

"မသောက်ရသေးဘူး။ မနေ့က သောက်ကြည့်မလို့ပဲ ဒါပေမဲ့ သူတို့ ပစ္စည်းပြတ်သွားလို့လေ"

"ငါ နောက်ဆုံးကြားတာတော့ ပထမဆုံး လူတစ်ထောင်ပဲ ရီနာတီရို့စ်ဆိုဒါကို ရနိုင်မှာတဲ့။ အဲဒါကြောင့် ငါတို့ အာရုဏ်မတက်ခင်ကတည်းက ဒီမှာ လာတန်းစီနေကြတာပေါ့"

သူ မျှော်လင့်ထားခဲ့တဲ့အတိုင်းပဲ ရီနာတီရို့စ်ဆိုဒါဟာ လူထုကြားထဲမှာ အကြီးအကျယ် ရေပန်းစားသွားခဲ့ပြီ ဖြစ်ပုံရတယ်။

ဒေးလီးမက်ထရို သတင်းစာရဲ့ ဟိုးလေးတကျော် ဖြစ်သွားတဲ့ ဆောင်းပါး ထွက်လာပြီးတဲ့နောက်မှာတော့ လူအတော်များများဟာ ရီနေးတားကုမ္ပဏီအပေါ် စိတ်ဝင်စားလာကြပြီး သူတို့ဆီမှာ ဘာတွေ ရနိုင်မလဲဆိုတာကို လာရောက်ကြည့်ရှုကြတာ ဖြစ်တယ်။

ပြီးတော့ သူတို့ အရင်ဆုံး တွေ့လိုက်ရတာက တော်ဝင်မိသားစုဝင်တွေတောင် နေ့တိုင်း သောက်သုံးနေကြတယ်လို့ အတည်ပြုထားတဲ့ ရီနာတီရို့စ်ဆိုဒါပဲ ဖြစ်တယ်။ တကယ်တော့ တော်ဝင်မိသားစုက လေလံပွဲတုန်းက ရရှိခဲ့တဲ့ ကားကြီးတွေထဲက တစ်စီးကို ရဲတိုက်အတွက် ဆိုဒါတွေ ပြန်ဖြည့်ဖို့ သီးသန့် အသုံးချနေတာလေ။

ဆိုရှယ်မီဒီယာ မရှိတဲ့ ဒီလို ကမ္ဘာမျိုးမှာ ရီနာတီရို့စ်ဆိုဒါဟာ မိုက်ကယ် ဗန်ဒါဘစ်ဒ် နည်းတူ အုန်းအုန်းကျွက်ကျွက် ကျော်ကြားသွားခဲ့ပြီ ဖြစ်တယ်။

သူ့အကြောင်း ပြောရရင်တော့ လမ်းပေါ်မှာ တန်းစီနေတဲ့ လူတစ်ယောက်ဟာ မိုက်ကယ်ကို လှမ်းကြည့်ပြီး ထိတ်လန့်သွားရှာတယ်။ အဲဒီလူက သူ့လက်ထဲက သတင်းစာဖြတ်ပိုင်းကို ငုံ့ကြည့်ပြီး ကောင်လေးရဲ့ မျက်နှာကို သတင်းစာထဲက ပုံတူပန်းချီနဲ့ နှိုင်းယှဉ်ကြည့်လိုက်တယ်။ တစ်ပုံစံတည်း တူညီနေတာပဲ။

"ဟိုမှာ မိုက်ကယ် ဗန်ဒါဘစ်ဒ်ကြီးပါလား" လို့ သူက အော်ဟစ်လိုက်တာမို့ လူတိုင်းရဲ့ အာရုံက ရောက်လာကြတော့တယ်။

"ဟာ... သူပဲဟေ့"

"ဟေး... ကျေးဇူးပြုပြီး ကျွန်တော့်ကို ရီနေးတားကုမ္ပဏီထဲ ဝင်ခွင့်ပေးပါဦး။ ကျွန်တော်လည်း ခင်ဗျားလို သန်မာချင်လို့ပါ"

"ကျွန်တော် အရင်... ကျွန်တော် အရင်ဗျာ။ ခင်ဗျားသာ ကျွန်တော့်ကို လေ့ကျင့်ပေးမယ်ဆိုရင် ကျွန်တော် တကယ့် တိုက်ခိုက်ရေးသမားကောင်းတစ်ယောက် ဖြစ်လာမှာ သေချာပါတယ်"

လူတွေဟာ သူ့ကို ဝိုင်းအုံဖို့အတွက် လမ်းကို စည်းကမ်းမဲ့ ဖြတ်ကူးလာကြတာမို့ ရထားလုံးတွေနဲ့ မြင်းတွေဟာ ဘရိတ်အုပ်ပြီး ရပ်လိုက်ရကာ နေရာအနှံ့မှာ ကမောက်ကမတွေ ဖြစ်ကုန်တော့တယ်။

သူဟာ ရီနေးတားကုမ္ပဏီတစ်ခုလုံး မက်ထရိုပိုလစ်မြို့တစ်ခွင် ကျော်ကြားသွားရခြင်းရဲ့ အဓိက အကြောင်းရင်းကြီးပဲ ဖြစ်တယ်။

သူ့ရဲ့ တန်ခိုးစွမ်းရည်ကို ပြသခဲ့တာတွေ၊ ရိုင်းဇင်းဆစ်အဖွဲ့အပြင် အင်အားကြီး ဂိုဏ်းတွေကိုပါ အနိုင်ယူခဲ့တဲ့ သူ့ရဲ့ အောင်ပွဲတွေဟာ လူတိုင်းရဲ့ မှတ်ဉာဏ်ထဲမှာ ဒဏ္ဍာရီဆန်တဲ့ အခိုက်အတန့်တွေ ဖြစ်လာခဲ့တာလေ။

ဒါကြောင့် လမ်းပေါ်မှာ တန်းစီနေတဲ့သူတွေထဲက ထက်ဝက်နီးပါးဟာ တကယ်တော့ ရီနေးတား ဌာနချုပ်မှာ လူတွေ့စာရင်းပေးဖို့ တန်းစီနေကြတာဆိုတာ အံ့ဩစရာ မရှိပါဘူး။ သူတို့က အလုပ်ခေါ်ခံချင်နေကြတာပေါ့။

သူ့ရဲ့ ဒဏ္ဍာရီဆန်တဲ့ စွမ်းဆောင်မှုတွေအပြင် သူ့ရဲ့ မျိုးရိုးနာမည်ကြောင့် သူဟာ နောင်တစ်ချိန်မှာ အင်အားကြီး ဂိုဏ်းတွေရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာလိမ့်မယ်လို့ လူအတော်များများက ထင်ကြေးပေးနေကြတယ်။ အခုအချိန်မှာတော့ ဒါက သေချာသလောက် ရှိနေပြီလေ။ တကယ်လို့ သူတို့သာ အစောပိုင်းကတည်းက သူ့နောက်ကို လိုက်ပါနိုင်မယ်ဆိုရင် သူတို့ရဲ့ အနာဂတ်ကို စိတ်ချလက်ချ အာမခံချက် ရှိသွားစေမှာပေါ့။

သူ့ရဲ့ အတော်ဆုံး တိုက်ခိုက်ရေးသမားတွေက လူတစ်ပိုင်းသတ္တဝါတွေ ဖြစ်ကြတယ်လို့ လူအများက ကြားဖူးထားကြပြီး မက်ဂ်နက်တစ်အကြောင်း နားလည်တဲ့သူတွေကတော့ သူတို့မှာ ဒီဗာ လုံးဝ ရှိမနေနိုင်ဘူးဆိုတာ သိကြတယ်။

ဒါကြောင့် သူတို့ဟာ ရီနေးတားကုမ္ပဏီရဲ့ ပထမဆုံး မက်ဂ်နက်တစ်တွေ ဖြစ်လာဖို့ မျှော်လင့်ချက်နဲ့ တန်းစီနေကြတာဖြစ်ပြီး ကံကောင်းရင် မီသရယ် မှော်ဝင်ပစ္စည်းကို ဆုလာဘ် အပ်နှင်းခံရဖို့လည်း မျှော်လင့်နေကြတာ ဖြစ်တယ်။

လူတွေ သူ့ကို ဝိုင်းအုံတော့မယ့် အချိန်မှာပဲ အရိပ်ဝံပုလွေ အနည်းငယ်ဟာ ချက်ချင်း ပေါ်လာပြီး လူတိုင်းရဲ့ အပေါ်မှာ မှောင်မည်းတဲ့ အရိပ်တိမ်တိုက်တစ်ခုကို ဖန်တီးပေးလိုက်တာမို့ လူတွေအားလုံး စိတ်ဝေဝါးသွားကြတော့တယ်။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ တိမ်တိုက်ကြီး ပျောက်ကွယ်သွားခဲ့သလို မိုက်ကယ်လည်း ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်ပုံရတယ်။

* * * * * * * *

မိုက်ကယ်ဟာ သူ့ရဲ့ အနားမှာ ရှိနေတဲ့ အရိပ်ဝံပုလွေတွေနဲ့အတူ သူတို့ရဲ့ ဌာနချုပ်ဆီကို တိုက်ရိုက် တယ်လီပို့လုပ်ပြီး ရောက်သွားခဲ့တယ်။

"ကျေးဇူးပဲ အဖွဲ့သားတို့"

သူတို့ဟာ သူ့ကို ဦးညွှတ်ပြပြီး အရိပ်တွေထဲကို ပျောက်ကွယ်သွားကြတော့တယ်။ အဲဒီနောက်မှာတော့ သူဟာ စီအီးအိုရဲ့ ရုံးခန်းဆီကို ချက်ချင်း သွားလိုက်ရာ ကက်စတယ်လာဟာ အတော်လေးကို စိတ်ဖိစီးနေတဲ့ ပုံစံနဲ့ ရှိနေတာကို တွေ့လိုက်ရတယ်။

သူမရဲ့ အစေခံလည်စီးလေးဟာ လုံးဝကို ကျွတ်လုနီးပါး ဖြစ်နေရှာတယ်။ ဒါက စီအီးအိုတစ်ယောက်ရဲ့ ပုံစံနဲ့ လုံးဝကို မကိုက်ညီတဲ့အချက်ပဲ ဖြစ်တယ်။

"လူအုပ်ကြီးအကြောင်းကြောင့်မလား" လို့ သူက သူမကို မေးလိုက်တယ်

ကက်စတယ်လာက သူမရဲ့ မျက်ကွင်းညိုနေတဲ့ မျက်လုံးတွေနဲ့ မိုက်ကယ်ကို မော့ကြည့်လိုက်တယ်။

"ဟုတ်ပါတယ် သခင်လေး... ကျွန်မတို့ ဈေးကွက်ရဲ့ လိုအပ်ချက်ကို မဖြည့်ဆည်းပေးနိုင်တော့ဘူး ဖြစ်နေတယ်။ ရီနာတီရို့စ်ဆိုဒါက ကျွန်မတို့ရဲ့ အရောင်းရဆုံး ပစ္စည်း မြန်မြန်ဆန်ဆန် ဖြစ်လာနေပေမဲ့ တစ်ရက်ကို နှစ်ထောင်ပြည့်အောင်တောင် မနည်း ထုတ်လုပ်နေရလို့ပါ"

"ဒါတင်မကသေးဘူး ကျွန်မတို့ရဲ့ ကုန်တိုက်ကြီးတွေမှာလည်း လူတွေနဲ့ ပြည့်နှက်နေတာပဲ။ ကျွန်မတို့ရဲ့ ကုန်ပစ္စည်းအားလုံး ပြတ်လပ်သွားဖို့က သိပ်မကြာတော့ပါဘူး။ ပြီးတော့ ကျွန်မတို့ရဲ့ တွက်ချက်မှုအရ ပစ္စည်းတင်ကားတွေက နောက်ထပ် တစ်ပတ်ကြာမှ ရောက်လာမှာ။ ဒါက တကယ့်ကို သယ်ယူပို့ဆောင်ရေးဆိုင်ရာ အိပ်မက်ဆိုးကြီးပါပဲ"

သူကိုယ်တိုင်ကတော့ အေးအေးဆေးဆေး နေနေပြီး သူမကိုကျတော့ ဒီလိုတာဝန်တွေအများကြီးနဲ့ ပစ်ထားခဲ့မိတာမို့ သူ တကယ်ပဲ အားနာမိသွားတယ်။

"သိပ်ပြီး စိတ်မပူပါနဲ့ဦး။ ငါ အရိပ်ဝံပုလွေ အချို့ကို သိုလှောင်ရုံက ပစ္စည်းတွေကို မက်ထရိုပိုလစ်ဆီ တိုက်ရိုက် သယ်ခိုင်းလိုက်ပါ့မယ်။ တကယ်လို့ အခြေအနေက သိပ်ဆိုးလာရင် ငါကိုယ်တိုင် သယ်ပေးမယ်လေ"

"ရီနာတီရို့စ်ဆိုဒါနဲ့ ပတ်သက်ရင်တော့ အခုလောလောဆယ် အရေအတွက် ကန့်သတ်ထားတာက ပိုကောင်းပါတယ်။ အဲဒါက ပိုပြီး တန်ဖိုးတက်လာစေသလို လူတွေ ပိုပြီး လိုချင်တောင့်တလာအောင် လုပ်နိုင်တာမို့ လူထုရဲ့ အမြင်မှာ ငါတို့ရဲ့ အမှတ်တံဆိပ်ကို ပိုပြီး ကြီးမားလာစေလိမ့်မယ်"

"ပြီးတော့ နောင်ကျရင် ငါတို့ စက်ရုံတွေကို တိုးချဲ့ကြတာပေါ့။ ငါ စပိုက်စ်ဗိုက်စ်နဲ့ ထပ်ပြီး သဘောတူညီချက် ယူမယ် ကုန်ကြမ်းတွေ ပိုပြီး ထောက်ပံ့ပေးဖို့ ပြောလိုက်မယ်"

ဒါက သူမကို အနည်းငယ် စိတ်အေးသွားစေပုံရလို့ တော်သေးတာပေါ့။

ပြဿနာက နေရာအကျယ်အဝန်းပဲ။ ငါ စက်ရုံအသစ်အတွက် မြေကွက်တစ်ခု ဝယ်ဖို့ လိုအပ်နေပြီ။

ဒါပေမဲ့ ဒါက နောက်ရက်မှ ဖြေရှင်းရမယ့် ပြဿနာပဲ။ အခုလောလောဆယ်တော့ သူ ရေလူသားတွေအကြောင်းကိုပဲ အာရုံစိုက်ချင်နေတယ်။

သူဟာ ဒရာဂွန်ဘွန်းတွေနဲ့အတူ ဆော့ကစားနေတဲ့ ဗီဗီကို ရှာဖို့ သွားလိုက်တော့တယ်။

"သခင် မိုက်ကယ်။ မြို့စားကတော်နဲ့ တွေ့ဆုံပွဲက အဆင်ပြေခဲ့ရဲ့လား" လို့ ရှီနာက သူမရဲ့ မှတ်စုဘုတ်နဲ့ ကလောင်တံကို ကိုင်ရင်း သူ့ရှေ့မှာ ပေါ်လာကာ မေးလိုက်တယ်

"အင်း... ငါ အခု ဘယ်သွားရမလဲဆိုတာ သိပြီ"

"အိုး... အစ်ကို မိုက်ကယ်။ ငါတို့ စွန့်စားခန်း သွားကြတော့မှာလား" လို့ ဇိုင်ယွန်က ကြားဖြတ်မေးလိုက်တယ်

"ဒါက ငါ့ရဲ့ နင်ဂျာစွမ်းရည်တွေအတွက် ကောင်းမွန်တဲ့ လေ့ကျင့်မှုတစ်ခု ဖြစ်လာမှာပဲ" လို့ ဖတ်ချ်က ထောင့်တစ်ထောင့်မှာ ဆရာကြီး ပုံစံ ဖမ်းရင်း ပြောလိုက်တယ်

"ဟင်... ငါလည်း လိုက်မယ် ငါလည်း လိုက်မယ်" လို့ ဗီဗီက မိုက်ကယ်ရဲ့ မျက်နှာနားမှာ ပျံသန်းရင်း ပြောရှာတယ်

ရှီနာကတော့ ထုံးစံအတိုင်း သူတို့ကို ထိန်းလိုက်တယ်။ "ဒါက နောက်စရာ ကိစ္စမဟုတ်ဘူးနော်။ သခင် မိုက်ကယ်... တကယ်လို့ မက်ထရိုပိုလစ် အပြင်ဘက်ကို ခရီးထွက်မှာဆိုရင် ကျွန်မကို ကျေးဇူးပြုပြီး ပြောပြပေးပါ။ ကျွန်မတို့ရဲ့ ကားတွေကို အမြန်ဆုံး ပြင်ဆင်ထားလိုက်ပါ့မယ်"

သူက သူတို့ကို ပြုံးပြီး ကြည့်လိုက်တယ်။ "တကယ်တော့ ငါက တခြား သယ်ယူပို့ဆောင်ရေး ပုံစံတစ်ခုကို စဉ်းစားထားတာ"

သူ ပြောနေတာက သူ့ဒရုန်းအတွက် မှော်ကမ္ဘာငယ်လေး အဆင့်မြှင့်တင်မှု အကြောင်းပဲ ဖြစ်တာပေါ့

ဒါက အဲဒီအရာကို ဝယ်ယူဖို့အတွက် အကောင်းဆုံး အချိန်ပဲ ဖြစ်လိမ့်မယ်

သူဟာ ထရူးဂန် ရေလက်ကြား ကို တစ်ခါမှ မရောက်ဖူးတာမို့ သူ့ရဲ့ အရိပ်ခွဲတွေကို အသုံးချပြီး အဲဒီနေရာဆီ တိုက်ရိုက် တယ်လီပို့လုပ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုလိုတာပဲ ဖြစ်တယ်။

ဒါပေမဲ့ သူသာ အဲဒီနေရာကို ပျံသန်းပြီး သွားနိုင်မယ်ဆိုရင် သူ့ရဲ့ အခန်းတစ်ခုလုံးကိုပါ သယ်ဆောင်သွားနိုင်မှာ ဖြစ်တယ်။

သူဟာ သူ့ရဲ့ ရုံးခန်းဆီကို ခပ်သုတ်သုတ် သွားလိုက်ပြီး ထိုင်ခုံမှာ ထိုင်ကာ မျက်လုံးတွေကို မှိတ်လိုက်တော့တယ်။ အဆင့်မြှင့်တင်ရမယ့် အချိန်ကို ရောက်ပြီပေါ့။

* * * * * * * *

All Chapters