အခန်း ၅၂၃
Vol. 44 Ch. 523
အခန်း(၅၂၃)
မိုက်ကယ်က စိတ်ကို ပြန်ငြိမ်အောင် ထိန်းလိုက်တယ်။ အဲဒီ ဝိညာဉ်ဆီ အစက်နှစ်ဆယ်ကို လိုချင်နေတာ သူတစ်ယောက်တည်း မဟုတ်ဘူးဆိုတာ သူ သေချာပေါက် သိနေတာပေါ့။ အင်အားကြီး လက်ဂါစီ့စ်တွေအားလုံး အဲဒီ ဝိညာဉ်ဆီ အစက်နှစ်ဆယ်လုံးကို သူတို့ဘာသာ သိမ်းပိုက်နိုင်ဖို့ အစွမ်းကုန် ကြိုးစားကြတော့မယ်ဆိုတာ သူ အခုကတည်းက ကြိုမြင်နေမိပြီ။
တကယ်လို့ ဒါက ငွေကြေးတစ်ခုတည်းနဲ့ပဲ ရှင်းရမယ့် ကိစ္စဆိုရင်တော့ သူတို့နဲ့ တစ်နည်းနည်းနဲ့ ယှဉ်ပြိုင်နိုင်မယ်လို့ သူ ယုံကြည်တယ်။ သူ့မှာ ရီနေးတား နိုင်ငံတော်ထဲက ဘဏ္ဍာတိုက်ထဲမှာ သုံးဖို့ အသင့်ပြင်ထားတဲ့ ရွှေဒင်္ဂါးပြား သန်းပေါင်း ရာနဲ့ချီတဲ့ ရန်ပုံငွေတွေ အများကြီး ရှိနေတာပဲလေ။
ဒါပေမဲ့ ဒီလေလံပွဲက အရင်ပွဲတွေနဲ့ မတူဘူး။ အဲဒီ ဝိညာဉ်ဆီ အစက်တွေကို ရချင်တယ်ဆိုရင် သူ့ရဲ့ အစွမ်းအစ ခွန်အားတွေနဲ့ပါ အင်အားကြီး လက်ဂါစီ့စ်တွေကို ရင်ဆိုင်ကျော်ဖြတ်ဖို့ လိုလိမ့်မယ်။
အခုအချိန်မှာ သူက ကိုယ် ရောက်နေတဲ့ အဆင့်အတန်းအရ ပါရမီပါပြီး သန်မာတယ်ဆိုရပေမဲ့ အင်အားကြီး လက်ဂါစီ့စ်တွေကို တစ်ယောက်တည်းနဲ့ အနိုင်ယူနိုင်မယ်လို့ တွေးမိလောက်အောင်အထိတော့ သူ မရူးသွပ်ပါဘူး။ သူတို့ဆီမှာ သူ့ထက် ကျင့်စဉ်အဆင့်အတန်း အဝေးကြီး မြင့်မားတဲ့ တိုက်ခိုက်ရေးသမားတွေ သေချာပေါက် ရှိနေမှာပဲ။ အဲလ်ရစ်၊ အဲရစ်နဲ့ ဘော်ဘီ သုံးယောက်တည်းတင်ပဲ... ဒီသုံးယောက်က ခန္ဓာကိုယ်ဖွဲ့စည်းခြင်း ကျင့်စဉ်အဆင့်ရဲ့ ထိပ်ဆုံးမှာ မဟုတ်ရင်တောင် ထိပ်ဆုံးနဲ့ အနီးစပ်ဆုံး ရောက်နေတဲ့သူတွေဆိုတာ သူ ကောင်းကောင်း သိထားတယ်။
ပြီးတော့ သူတို့တင် မကသေးဘူး။ မှော်မျှော်စင်နဲ့ စစ်သည်တော်များရုံးတော်တို့ဆိုတာ အင်အား အလွန်တရာ နက်ရှိုင်းလှတဲ့ ဧရာမ အဖွဲ့အစည်းကြီးတွေကနေ ဆင်းသက်လာတာ ဖြစ်တယ်။ သူတို့က လက်ဂါစီ့စ်တွေထက်တောင် ပိုပြီး သန်မာနိုင်ခြေ ရှိသေးတယ်။
"ကဲ... ခင်ဗျားတို့ထဲက အချို့ ဘာတွေးနေလဲဆိုတာ ကျွန်တော် သိပါတယ်၊ ဘာနာဘီရေ... အင်အားကြီး လက်ဂါစီ့စ်တွေပဲ အဆုံးမှာ အနိုင်ရသွားမှာကို သိသိကြီးနဲ့ ကျွန်တော်တို့က ဘာလို့ ဝိညာဉ်ဆီကို စိတ်ဝင်စားနေရမှာလဲလို့ မေးချင်ကြမှာပေါ့"
"အဲဒီအတွက် ကျွန်တော့်ရဲ့ အဖြေကတော့ ဘာမှ စိတ်ပူစရာမလိုဘူးဆိုတာပါပဲ၊ ကျွန်တော် ဝိညာဉ်ဆီ ငါးစက်ကို ဖယ်ထားပြီး အင်အားကြီး လက်ဂါစီ့စ်တွေ ဝင်ရောက်စွက်ဖက်ခြင်း မရှိစေဘဲ အသေးစား အဖွဲ့အစည်းတွေကိုပဲ အချင်းချင်း ယှဉ်ပြိုင်ခွင့် ပေးသွားမှာပါ"
ဘာနာဘီရဲ့ အငြင်းပွားဖွယ်ရာ ဆုံးဖြတ်ချက်ကြောင့် အသေးစား အဖွဲ့အစည်းတွေက ကုမ္ပဏီအများအပြားဟာ ရင်ခုန်စိတ်လှုပ်ရှားသွားကြတယ်။ တစ်ဖက်မှာတော့ အင်အားကြီး လက်ဂါစီ့စ်တွေက အဲဒီ အစက်နှစ်ဆယ်လုံးကို သူတို့ပဲ ရသင့်ရထိုက်တယ်လို့ ခံယူထားကြတာမို့ ဒီအစီအစဉ်ကို မနှစ်မြို့တဲ့ ပုံစံမျိုး ပြသကြတာပေါ့။
"ကဲ... ခင်ဗျားတို့ မကျေမနပ်နဲ့ အပြစ်မတင်ခင်မှာ ပြောပြရဦးမယ်၊ ဒါက ကျွန်တော် အကြံပြုထားတာ မဟုတ်ပါဘူး၊ ရေလူသားတွေ ကိုယ်တိုင်က အကြံပြုခဲ့တာပါ၊ ဒါဟာ ဝိညာဉ်ဆီ တစ်ဆယ့်ငါးစက်ကို ရောင်းချဖို့အတွက် သူတို့ တောင်းဆိုထားတဲ့ အခြေအနေတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်"
ဒါကို ကြားလိုက်ရပြီးနောက်မှာတော့ မိုက်ကယ်ရဲ့ ရေလူသားတွေအပေါ် ထားရှိတဲ့ အမြင်က ပြောင်းလဲသွားခဲ့တယ်။
'သူတို့က ဒီပွဲကို လာနွှဲတာ မဟုတ်ဘူး၊ အပျော်သဘောနဲ့ လာကြည့်ကြတာပဲ' လို့ သူ သဘောပေါက်လိုက်တယ်။ အသေးစား အဖွဲ့အစည်းတွေကို ဝိညာဉ်ဆီအတွက် တိုက်ခိုက်ခွင့် ပေးလိုက်တာက လေလံပွဲအတွင်းမှာ ပိုပြီးတော့ စိတ်လှုပ်ရှားစရာ ကောင်းလာစေမှာပဲလေ။
ဒါက အသေးစား အဖွဲ့အစည်းတွေကို အင်အားကြီး လက်ဂါစီ့စ်တွေရဲ့ အင်အားသုံး ဖိနှိပ်မှာကို မစိုးရိမ်ရဘဲ သူတို့ရဲ့ စွမ်းအားတွေကို ထုတ်ပြခွင့် ရစေလိမ့်မယ်။ အမြဲတမ်း အင်အားကြီး လက်ဂါစီ့စ်တွေပဲ ဆက်တိုက် အနိုင်ရနေမယ်ဆိုရင် ပျင်းစရာကြီး ဖြစ်နေမှာပေါ့။
'ဒါပေမဲ့ ဒါက ကောင်းပါတယ်၊ ဒါ ငါ့အတွက် အခွင့်အရေးပဲ' လို့ မိုက်ကယ် တွေးလိုက်တယ်။ အဲဒီ ငါးစက်က သူ့ရဲ့ ဒရုန်းကို အကြီးအကျယ် အဆင့်မြှင့်တင်ဖို့အတွက် လိုအပ်တဲ့ အရာအားလုံးပဲ။
သူက အသေးစား အဖွဲ့အစည်းတွေကို အနိုင်ယူဖို့အတွက် ပိုပြီး ယုံကြည်ချက် ရှိနေတယ်။ သူတို့ရဲ့ အစွမ်းတွေက သူနဲ့ သိပ်မကွာခြားလှသလို တကယ်လို့ ပိုသန်မာတယ်ဆိုရင်တောင် မဆိုစလောက်လေးပဲ ပိုတာပါ။ သူသာ ဉာဏ်ရှိရှိ ကစားနိုင်မယ်ဆိုရင် အဆုံးသတ်မှာ အနိုင်ရမယ့် လမ်းစကို ရှာဖွေနိုင်မှာ သေချာတယ်။
* * * * * * * *
သေချာတာပေါ့... မိုက်ကယ်တစ်ယောက်တည်း ဒီလို တွေးနေတာတော့ မဟုတ်ဘူး။
ဗွီအိုင်ပီ အခန်းတွေရဲ့ အောက်ထပ် စာမျက်နှာမှာတော့ မက်ထရိုပိုလစ်မြို့ရဲ့ ထိပ်သီး အသေးစား အဖွဲ့အစည်း ဆယ်ခုအတွက် အခန်းတွေ ရှိနေတယ်။ အဲဒီထဲမှာ ရိုင်းဇင်းဆစ်လည်း အပါအဝင်ပေါ့။
အဲဒီထဲမှာ ပိရမစ်ဒစ် ကျူဇင်းလည်း ပါဝင်နေတယ်။
ဘိုးရီဂိုးက သူ့ရဲ့ ထိုင်ခုံမှာ ထိုင်နေပြီး သူမရဲ့ လှပဝေဆာတဲ့ ရွှေရောင်ဆံနွယ်တွေက ပုခုံးပေါ်မှာ ဝဲကျနေတယ်။ သူမက မှန်နံရံကို ငေးငိုင်ပြီး ကြည့်နေရင်း ဘာနာဘီနဲ့ လေလံပွဲ အခင်းအကျင်းကို လှမ်းမျှော်ကြည့်နေသလိုမျိုးပဲ။
ဒါပေမဲ့ အမှန်တော့ သူမက လေလံပွဲကို စိတ်ထဲမှာ အာရုံ လုံးဝ မရှိနေပါဘူး။ ဘာနာဘီက သူမနဲ့ သူမရဲ့ ကုမ္ပဏီအတွက် သေချာပေါက် အကျိုးရှိစေမယ့် စိတ်လှုပ်ရှားစရာ ကောင်းတာတွေကို ကြေညာနေပေမဲ့လည်း သူမကတော့ လေလံပွဲရဲ့ အပြင်ဘက်က တခြားအရာတစ်ခုကိုပဲ တွေးတောနေမိတယ်။
ဘာလို့လဲဆိုတော့ လေလံပွဲ မစတင်မီလေးမှာတင်ပဲ သူမ အသစ်ဖန်တီးထားတဲ့ ဟင်းလျာချက်နည်းဖြစ်တဲ့ မြေစေးအိုးအသားနဲ့ ရွှံ့ရည်က ဒီနေ့အတွက် အရောင်းရဆုံး စာရင်းမှာ ထိပ်ဆုံးမရောက်ခဲ့ဘူးဆိုတဲ့ သတင်းကို ရရှိခဲ့လို့ပဲ။ သူတို့က ဒုတိယပဲ ရခဲ့တယ်။
သူမက အသစ်ဖန်တီးထားတဲ့ ဟင်းလျာရဲ့ အောင်မြင်တဲ့ ပွဲဦးထွက်မှုကို အသုံးချပြီး ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းထဲမှာ သူမရဲ့ အဆင့်အတန်းကို မြှင့်တင်ဖို့ စဉ်းစားထားတာ ဖြစ်သလို ရိုင်းဇင်းဆစ်ရဲ့ အကောင်းဆုံး ကြယ်ပွင့်အဖြစ် နေရာကို ထိန်းသိမ်းထားဖို့ ရည်ရွယ်ထားတာ ဖြစ်တယ်။
ဒါပေမဲ့ သူမရဲ့ အစီအစဉ်တွေဟာ ဖျော်ဖြေရေးနယ်မြေကို လုံးဝ သိမ်းပိုက်သွားတဲ့ အမည်မသိ အအေးနဲ့ မုန့်သရေစာ ကုမ္ပဏီတစ်ခုကြောင့် ပျက်စီးသွားခဲ့ရတယ်။
သူမ ဒါကို ဘယ်တုန်းကမှ ထည့်မတွေးခဲ့မိဘူး။ ဘယ်သောအခါမှ ဒီလို အခြေအနေမျိုး ဖြစ်လာလိမ့်မယ်လို့ သူမ ကြိုတင် မမျှော်လင့်ထားခဲ့မိဘူး။
တစ်စုံတစ်ယောက်က သူမကို အနိုင်ယူသွားခဲ့ပြီ။ အဲဒါက စပိုက်စ်ဗိုက်စ်က ရိန်နာ မဟုတ်သလို အခြား ရိုင်းဇင်းဆစ်တွေထဲက ဘယ်သူမှလည်း မဟုတ်ဘူး။
ဒါက တော်ဝင်မျိုးနွယ်တွေရဲ့ အာရုံစိုက်မှုကို လျှို့ဝှက်ဆန်းကြယ်စွာနဲ့ ရယူသွားနိုင်တဲ့ အမည်မသိ ကုမ္ပဏီတစ်ခုဆီကပဲ ဖြစ်တယ်။ သူမကိုယ်တိုင်တောင် တော်ဝင်မျိုးနွယ်တွေအတွက် ချက်ပြုတ်ခွင့် ရမယ့် အခွင့်အရေးကို မရရှိသေးဘူးလေ။
သူမ ဒါကို ပိုပြီး တွေးမိလေလေ... သူမရဲ့ မျက်နှာပေါ်မှာ အပြုံးတစ်ခု ပေါ်လာလေလေပဲ။
ဒီအမည်မသိ ကုမ္ပဏီကို ရှုံးနိမ့်ခဲ့ရပေမဲ့ သူမ ဒေါသမထွက်ပါဘူး။ စိတ်ဝင်စားသွားတာပါ။ ဒီအခြေအနေတစ်ခုလုံးရဲ့ နောက်ကွယ်က ကြိုးကိုင်သူကို ကိုယ်တိုင် မြင်တွေ့ချင်တဲ့ စူးစမ်းစိတ်တွေ ဖြစ်ပေါ်လာခဲ့တယ်။
ဒီလို လူမျိုးက ရိုင်းဇင်းဆစ်တွေကို ယှဉ်ပြိုင်နိုင်စွမ်း ရှိတယ်ဆိုတာ သူမမှာ သံသယ ဖြစ်စရာ မရှိဘူး။
ဒါပေမဲ့ သူတို့က ဒီအချိန်အထိ အရိပ်ထဲမှာပဲ ပုန်းကွယ်နေခဲ့ကြတယ်။
သူမက ခြေထောက်ကို ချိတ်လိုက်ပြီး လေလံပွဲ အခင်းအကျင်းကို ကြည့်လိုက်တယ်။
"သူတို့ ဒီမှာ ရှိနေတယ်" လို့ သူမ ခန့်မှန်းလိုက်ရင်း "မင်း ဘယ်မှာလဲ" လို့ ရေရွတ်လိုက်မိတယ်။
သူမက သူမရဲ့ ပတ်ပတ်လည်မှာ ရှိနေတဲ့ အခန်းအားလုံးကို လိုက်လံကြည့်ရှုရင်း မှန်အမည်းရောင်တွေကို ဖြတ်ကျော်ပြီး ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ကုမ္ပဏီရဲ့ အရိပ်အယောင်ကို မြင်တွေ့နိုင်ဖို့ မျှော်လင့်နေမိတာပေါ့။
ရိုးရိုးသားသား ပြောရရင် သူမက ဝိညာဉ်ဆီကို ရဖို့ထက် ဒီလူနဲ့ တွေ့ဆုံဖို့ကို ပိုပြီး စိတ်ဝင်စားနေတာ ဖြစ်တယ်။
"မစ္စ ဘိုး... နားထောင်နေရဲ့လား"
သူမရဲ့ အစေခံတွေထဲက တစ်ယောက်က လှမ်းခေါ်လိုက်တယ်။ အဲဒီအချိန်ကျမှပဲ သူမရဲ့ အဖွဲ့က လေလံပွဲမှာ အနိုင်ရဖို့အတွက် နည်းလမ်းတွေကို ဝိုင်းဝန်းစဉ်းစားနေကြတုန်းပဲဆိုတာ သူမ သတိပြုမိသွားတယ်။
သူတို့ရဲ့ ရန်ပုံငွေတွေကို စနစ်တကျ အသုံးချနိုင်ဖို့အတွက် မဟာဗျူဟာ မြောက်မြောက် စဉ်းစားရမယ်။ ဘယ်အချိန်မှာ လေလံဆွဲရမလဲ၊ ဘယ်အချိန်မှာ လက်လွှတ်ရမလဲဆိုတာကို သူတို့ သိထားရမယ်။
"ဒါတွေက အရေးမကြီးပါဘူး" လို့ ဘိုးက သူတို့ကို ပြောလိုက်တယ်။ "ငါတို့ အဲဒီ ဝိညာဉ်ဆီကို ရသရွေ့ အခြား ရိုင်းဇင်းဆစ်တွေထက် သာလွန်တဲ့ အားသာချက်ကို ရရှိမှာပဲ၊ သူတို့ ငါတို့ကို မှီနိုင်မှာ မဟုတ်တော့ဘူး"
* * * * * * * *
သူမရဲ့ အခန်း ဘေးချင်းကပ်ရက်မှာတော့ တခြားမဟုတ်ဘဲ စပိုက်စ်ဗိုက်စ်ရဲ့ သီးသန့် အခန်း ရှိနေတယ်။
ဗစ်ရှ်နာက သူ့ရဲ့ ထိုင်ခုံမှာ ထိုင်နေပြီး ရိန်နာကတော့ အခန်းထဲမှာ ဟိုဟိုဒီဒီ လျှောက်နေတာပေါ့။
"စိတ်အေးအေးထားစမ်းပါ သမီးရဲ့"
ရိန်နာက သူမရဲ့ ဖခင်ကို ပြန်ကြည့်လိုက်ရာ သူမရဲ့ မျက်လုံးတွေထဲမှာ မီးတောက်တွေ တောက်လောင်နေသလိုပဲ။ "ဒါ ငါတို့အတွက် အခွင့်အရေးပဲ ဖေဖေ၊ အကယ်၍ သမီးတို့ အဲဒီ ဝိညာဉ်ဆီကို ရရင် တခြား ရိုင်းဇင်းဆစ်တွေကို ကျော်တက်ပြီး ဘိုးနဲ့ ပိုနီးစပ်သွားနိုင်မှာ"
သေချာတာပေါ့... ဗစ်ရှ်နာက ဒါကို ကောင်းကောင်းကြီး သိထားတာပေါ့။ ဒါပေမဲ့ သူက သူ့သမီးလိုမျိုး စိတ်လှုပ်ရှားနေတာ ဒါမှမဟုတ် စိုးရိမ်ပူပန်နေတာမျိုး မရှိဘူး။
"ဒါက သမီးအနေနဲ့ ဝိညာဉ်ဆီကို လိုချင်နေတဲ့ တခြား ကုမ္ပဏီတွေကို အနိုင်ယူနိုင်မှ ဖြစ်မှာလေ"
"သမီး ရိုင်းဇင်းဆစ်တွေကို ဘယ်လို ကိုင်တွယ်ရမလဲဆိုတာ သိပါတယ် ဖေဖေ၊ သမီး သူတို့ကို လေ့လာထားပြီးသား၊ ဒါက သမီး ကြိုတင် ပြင်ဆင်ထားတဲ့ အရာပဲ" လို့ သူမက ပြတ်ပြတ်သားသား ပြောလိုက်တယ်။
"သမီး စိုးရိမ်ရမှာက သူတို့ မဟုတ်ဘူး" လို့ ဗစ်ရှ်နာက ရယ်မောရင်း ပြောလိုက်တယ်။
ရိန်နာက သူမရဲ့ ဖခင်ကို မယုံကြည်နိုင်သလို စိုက်ကြည့်လိုက်တယ်။ "အဲဒီ ကောင်လေးကို ထပ်ပြောပြန်ပြီလား၊ ဖေဖေ... သမီး ထင်တာတော့ သူတို့ ဒီလေလံပွဲမှာ ရှိတောင် မရှိနိုင်ပါဘူး၊ သူတို့မှာ အဆင့်အတန်း သတ်မှတ်ချက် ရဖို့ အချိန်မှ မရှိတာ"
ဗစ်ရှ်နာက ခေါင်းခါလိုက်ပြီး "သူတို့ ရသွားပြီ၊ ဒီနေ့တင်ပဲ"
"ဘာကြီး"
သေချာတာပေါ့... သူမရဲ့ ဖခင်က မိုက်ကယ်နဲ့ သူ့ရဲ့ ကုမ္ပဏီအကြောင်းကို ဘယ်လောက်တောင် ပြောချင်နေလဲဆိုတာ သိထားတာမို့ ရိန်နာက သူမဘာသာ အနည်းငယ် စုံစမ်းစစ်ဆေးထားခဲ့တယ်။ ပြီးတော့ အများပြည်သူ သိရှိနိုင်တဲ့ မှတ်တမ်းတွေအရ သူတို့က ကမ္ဘာ့ထိပ်တန်း ကုမ္ပဏီကြီး ၅၀၀ စာရင်းမှာ အဆင့် ၄၅၀ ရှိနေတယ်ဆိုတာကို သူမ ရှာဖွေတွေ့ရှိခဲ့တာပေါ့။
တစ်ရက်တည်းအတွင်းမှာ အဆင့် ၅၀ လောက် တက်လှမ်းဖို့ဆိုတာ ဘယ်လောက်အထိ မဖြစ်နိုင်ဘူးဆိုတာ သူမ ကောင်းကောင်း သိထားတာပဲလေ။
အခုတော့ ဖေဖေက သူတို့ အဆင့်မီသွားပြီလို့ ပြောနေတာလား။
* * * * * * * *
စာစဉ်(၄၄)