အခန်း ၇၆၃
Vol. 64 Ch. 763
အခန်း(၇၆၃)
"စာသားတွေက ဘာပြောထားတာလဲ ပါမောက္ခ" လို့ အကြီးအကဲ ကလော့စ်က မေးလိုက်တယ်။
ပါမောက္ခ လစ်ချ်တန်စတိုင်းက အရိုးပေါ်မှာ ရမ်းသန်းခြစ်ဆွဲထားသလိုဖြစ်နေတဲ့ အရာတွေကြားက လျှို့ဝှက်အဓိပ္ပာယ်ကို ဖော်ထုတ်ဖို့ လမ်းစတွေ့နေပြီဖြစ်တယ်။
သူက တိတ်ဆိတ်နေခဲ့ပြီး မိုက်ကယ်ကတော့ ကိုယ်ပိုင် သုတေသန နည်းနည်း လုပ်နေခဲ့တယ်။
နိုဗာ... ရေးထားတာကို နင် ဖော်ထုတ်ကြည့်ပေးလို့ ရမလား
[ရှေးဟောင်းခေတ်နဲ့ပတ်သက်တဲ့ ကြိုတင်သိရှိထားမှုမျိုး မရှိတဲ့အပြင် ဒီစာပေနဲ့ပတ်သက်တဲ့ အကြောင်းအရာ ဆက်စပ်မှု မရှိတာကြောင့် ခေတ်သစ်စာပေတစ်ခုအဖြစ် ဘာသာပြန်ဖို့က ခက်ခဲလိမ့်မယ်... ဖြစ်နိုင်ခြေရှိတဲ့ အဓိပ္ပာယ် အကွဲအလွဲတွေကို ကြိုးစားဖော်ထုတ်ဖို့ အနည်းဆုံး မိနစ်အနည်းငယ်လောက်တော့ အချိန်ယူရလိမ့်မယ်]
ဒီစကားလုံးတွေကို ဖော်ထုတ်ဖို့ မိနစ်အနည်းငယ် အချိန်ယူရမှာဖြစ်တဲ့အတွက်ကြောင့်ပဲ သူမ ကျရှုံးသွားသလိုမျိုး နိုဗာက ပြောဆိုနေခဲ့တယ်။
ပါမောက္ခ အလုပ်လုပ်ဖို့ လိုအပ်တဲ့ အချိန်ပေးတဲ့အနေနဲ့ လူတိုင်းက တိတ်ဆိတ်သွားကြတယ်။
နောက်ဆုံးတော့ နိုဗာဆီကနေ မိုက်ကယ် အဖြေတစ်ခု ရလိုက်တယ်။
[ဒါက မပြည့်စုံဘူး... ဒါပေမဲ့ စာသားက နိုးထလာပြီးမှသာ ရှာတွေ့နိုင်မယ့် ပျောက်ဆုံးနေတဲ့ အမွေအနှစ်တစ်ခုအကြောင်း ပြောနေပုံရတယ်... ရှေးဟောင်းဟိန်းသံတွေနဲ့ပတ်သက်တဲ့ စာသားမျိုးတော့ ပါပုံမရဘူး]
မိုက်ကယ် တစ်ခုခု ပြောတော့မယ့်အချိန်မှာပဲ ပါမောက္ခက ရုတ်တရက် စကားပြောလာခဲ့တယ်။
"ဒါက အမွေအနှစ်တစ်ခုအကြောင်း ပြောနေတာ... ပြီးတော့ အဲဒါကို နိုးထလာတဲ့သူတွေကလွဲလို့ တခြားဘယ်သူမှ ပိုင်ဆိုင်ခွင့် မရှိဘူးတဲ့"
ပါမောက္ခရဲ့ ဘာသာပြန်ချက်က နိုဗာ ပြောခဲ့တာနဲ့ အတိအကျနီးပါး တူညီနေတာကို မိုက်ကယ် အံ့ဩသွားခဲ့တယ်။ နိုဗာလို စူပါအေအိုင်တစ်ခုနဲ့ ရင်ပေါင်တန်းနိုင်တယ်ဆိုတဲ့ အချက်က သမိုင်းနဲ့ပတ်သက်တဲ့ အရာမှန်သမျှမှာ သူ့ကို တကယ့် လေးစားစရာလူတစ်ယောက်အဖြစ် သတ်မှတ်နိုင်တယ်။
"အဲဒါ ရှေးဟောင်းဟိန်းသံများလား" လို့ လူပန်က စိတ်လှုပ်ရှားစွာနဲ့ မေးလိုက်တယ်။
ပါမောက္ခက ခေါင်းစောင်းလိုက်တယ်။ "သိပ်တော့ မဟုတ်ဘူး... ရှေးဟောင်းဟိန်းသံအကြောင်း ပြောထားတာ မဟုတ်ဘူး... ထူးဆန်းတယ်... အဓိပ္ပာယ် အပြည့်အစုံကို နားလည်ဖို့အတွက် ဆက်စပ်တွေးတောစရာ အရိပ်အမြွက်တချို့ လိုအပ်နေသေးတာမို့ စာသားကို ဖော်ထုတ်ဖို့ တော်တော်လေး ခက်ခဲတယ်
ဒါပေမဲ့ ငါ သေချာပြောနိုင်တာကတော့ သူတို့ပြောနေတဲ့ အမွေအနှစ်က နဂါးမျိုးနွယ်ဝင်တွေ၊ ဝံပုလွေလူသားတွေ ဒါမှမဟုတ် တခြား မှော်သားရဲ တစ်ပိုင်းသတ္တဝါတွေအတွက်တင် သက်ဆိုင်တာ မဟုတ်ဘူး... လူသားတွေနဲ့လည်း သက်ဆိုင်နိုင်တယ်"
ဆဂျီယို အော်ဘတ်က တက်ကြွသွားခဲ့တယ်။ "အဲဒါ တကယ်လား ပါမောက္ခ"
"ငါ ရာနှုန်းပြည့်နီးပါး သေချာတယ်... အမွေဆက်ခံသူအတွက် သူတို့သုံးထားတဲ့ စကားလုံးက သီးခြားအုပ်စုတစ်ခုတည်း မဟုတ်ဘဲ သက်ရှိအားလုံးကို လုံးဝ လွှမ်းခြုံထားတဲ့အရာပဲ... သူတို့က အရည်အချင်းရှိဖို့ပဲ လိုတာ"
ဒီအခွင့်အရေး သူ့ရှေ့မှာ ရှိနေတာကို မြင်လိုက်ရတော့ ဆဂျီယိုက ဇိုဗီရုဘက်ကို ချက်ချင်း လှည့်လိုက်တယ်။
"ကျေးဇူးပြုပြီး ရှေးဟောင်းအမွေအနှစ်ကို ကျွန်တော်တို့ဆီ ပေးပါ ဇိုဗီရု... ကျွန်တော့်အဖေက ဒါကို အရမ်း ကျေးဇူးတင်လိမ့်မယ်... ခင်ဗျား လိုအပ်လာနိုင်တဲ့ ဘယ်လိုစီးပွားရေးကိစ္စမျိုးကိုမဆို ကျွန်တော်တို့ ဆက်ပြီး ပူးပေါင်းလုပ်ဆောင်သွားမယ်ဆိုတာ သေချာစေရမယ်" လို့ နဂါးမျိုးနွယ်ဝင်ကို သူက အာမခံလိုက်တယ်။
ဒါပေမဲ့ ဒါက သူ မျှော်လင့်ထားတဲ့ တုံ့ပြန်မှုကို မရခဲ့ဘူး။ "ငါ့ဆီက လာတဲ့ ဘယ်စီးပွားရေးကိစ္စကိုမဆို သူက ကျေးဇူးတင်ရမှာ... ပြောင်းပြန် မဟုတ်ဘူး... အဲဒါကို မမေ့နဲ့ ကောင်လေး" လို့ ဇိုဗီရုက သတိပေးလိုက်တယ်။
ဆဂျီယိုက ချက်ချင်း စကားပြောင်းလိုက်တယ်။ "ကျွန်တော် နားလည်ပါတယ်... ဒါပေမဲ့ ရှေးဟောင်းအမွေအနှစ်ဆီကနေ ဒီအမွေကို နိုးထနိုင်ဖို့ ကျွန်တော်တို့ အော်ဘတ်တွေမှာ အကောင်းဆုံး အခွင့်အရေး ရှိနေတာ ရှင်းနေတာပဲလေ"
"မင်းက မင်းကိုယ်မင်းနဲ့ မင်းမိသားစုကို အထင်ကြီးလွန်းနေတယ်" လို့ အကြီးအကဲ ကလော့စ်က ပြောလိုက်တယ်။
ဒါပေမဲ့ ဆဂျီယိုက သူ့စကားတွေကို ယုံကြည်ချက်ရှိနေခဲ့တယ်။ "ကျွန်တော် ပိုပြောနေတာ မဟုတ်ဘူး အကြီးအကဲ ကလော့စ်... ကျွန်တော်တို့က ဒီကမ္ဘာပေါ်မှာ အရည်အချင်းအရှိဆုံး လူသားတွေထဲမှာ ပါတယ်... အနာဂတ် မျိုးဆက်သစ်တွေမှာတောင် အော်ဘတ်ကုမ္ပဏီက ဆက်လက် ကြီးထွားလာပြီး အနာဂတ်မှာ စီးပွားရေးလုပ်ငန်းစုကြီးတစ်ခု ဖြစ်လာမယ်ဆိုတာကို ကျွန်တော့်ညီလေးက ပြသထားပြီးပြီလေ... ဟုတ်တယ်မလား အကြီးအကဲ လူပန်"
ဘရောင်းဘလဒ် မျိုးနွယ်စု အကြီးအကဲကတော့ တိတ်ဆိတ်နေရုံသာ တတ်နိုင်ခဲ့တယ်။ ဆဂျီယို ပြောတာ မှန်တယ်လို့ သူ ယုံကြည်နေခဲ့တယ်။ မော်ရီစီယို အော်ဘတ်က သူ မြင်ဖူးသမျှ လူငယ်တွေထဲမှာ အရည်အချင်းအရှိဆုံး လူငယ်တစ်ယောက်ပဲလေ။ ဒါပေမဲ့ ဆဂျီယိုကို ပိုပြီး ယုံကြည်ရလောက်အောင် ဖြစ်စေမှာမို့ ဒါကို သူ အသံထွက်ပြီး မပြောနိုင်ခဲ့ဘူး၊ ဒါက ရှေးဟောင်းအမွေအနှစ်ကို ဆဂျီယိုဆီ ကိုယ်တိုင်ကိုယ်ကျ လွှဲပေးလိုက်သလိုမျိုး ဖြစ်သွားမှာလေ။
"ခင်ဗျားတို့ရဲ့ ဓားရေးပြိုင်ပွဲမှာ သူက အကောင်းဆုံး မဟုတ်လို့လား" လို့ ဆဂျီယိုက မေးလိုက်တယ်။
"တကယ်တော့ ခင်ဗျားတို့ သူ့ကို ထည့်ပေးလိုက်မယ့် ဘယ်ပြိုင်ပွဲမှာမဆို မော်ရီစီယိုက ထိပ်ဆုံးက ထွက်လာလိမ့်မယ်ဆိုတဲ့ အခြေခံအပေါ်မူတည်ပြီး ကျွန်တော်တို့ရဲ့ ရှေးဟောင်းအမွေအနှစ် ပိုင်ဆိုင်ခွင့်ကို လောင်းကြေးထပ်ရဲတဲ့အထိ ကျွန်တော့်ညီလေးကို ကျွန်တော် ယုံကြည်တယ်
အကြီးအကဲ ကလော့စ်... ခင်ဗျားတို့ရဲ့ ဘယ်လူငယ်နဲ့မဆို သူ့ကို ယှဉ်ပြိုင်ခိုင်းလိုက်ပါ... အကြီးအကဲ လူပန်... ခင်ဗျားကတော့ ဒါကို လုပ်နေပြီလို့ ကျွန်တော် ယုံကြည်တယ်... ဇိုဗီရုဆိုရင်လည်း သူ့ကို ခင်ဗျား ချီးကျူးခဲ့တာကို ကျွန်တော် မှတ်မိနေသလိုပဲ
မော်ရီစီယိုနဲ့ တစ်ဆက်တည်းမှာပဲ ကျွန်တော်တို့ တစ်မိသားစုလုံးက ရှေးဟောင်းအမွေအနှစ်ကို ပိုင်ဆိုင်ဖို့ အသင့်တော်ဆုံးသူတွေ ဖြစ်တယ်ဆိုတာကို ပြသဖို့ ဒါက လုံလောက်တဲ့ သက်သေ မဟုတ်ဘူးလား"
ဆဂျီယိုရဲ့ စကားတွေက ယုံကြည်ချက်တွေ၊ ဝါကြွားမှုတွေ အများကြီးနဲ့ ပြည့်နှက်နေခဲ့တယ်။ ဒါပေမဲ့ ရူးချင်စရာကောင်းတဲ့အပိုင်းက သူတို့ထဲက တစ်ယောက်မှ သူ့ကို သဘောမတူတာမျိုး မရှိခဲ့ဘူး။
သေချာတာကတော့ မော်ရီစီယိုက တစ်ကမ္ဘာလုံးမှာ တကယ်တမ်း အရည်အချင်းအရှိဆုံး လူငယ်တော့ မဟုတ်ခဲ့ဘူး။ ဒါပေမဲ့ သူတို့ရဲ့ မဟာမိတ်အသိုင်းအဝိုင်းထဲမှာတော့ သူက အရည်အချင်းအရှိဆုံးသူ ဖြစ်နေခဲ့တယ်။
ဒီခေါင်းဆောင်တွေက ရှေးဟောင်းအမွေအနှစ်ကို သူတို့ရဲ့ ပြိုင်ဘက်အုပ်စုတွေဆီက လူတစ်ယောက်ကို ပေးတာထက်စာရင် သူတို့ သိတဲ့သူတစ်ယောက်ကို ပေးချင်ကြတယ်ဆိုတဲ့ အချက်အပေါ် ဆဂျီယိုက လောင်းကြေးထပ်နေခဲ့တာပဲ။
ပြီးတော့ ဒါက အလုပ်ဖြစ်နေပုံရတယ်။
"ဒါပေမဲ့ ငါကလွဲရင် ဘယ်သူက ဒီရှေးဟောင်းအမွေအနှစ်ကို လေ့လာနိုင်မှာလဲ" လို့ ပါမောက္ခက ပြောလိုက်တယ်။ "ဒါက ငါနဲ့ပဲ သက်ဆိုင်တာ"
ဆဂျီယိုက ခေါင်းညိတ်လိုက်တယ်။ "သေချာတာပေါ့ ပါမောက္ခ... ရှေးဟောင်းအမွေအနှစ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ ကိုယ်ပိုင် သုတေသန လုပ်ပြီးသွားတာနဲ့ ခင်ဗျား တစ်ယောက်တည်း အကုန် ယူလို့ရပါပြီ"
အခုတော့ အော်ဘတ်တွေက တခြားလူတွေ ပြောသလို တော်တော်လေး ဂုဏ်သိက္ခာရှိပုံရတာမို့ ပါမောက္ခအနေနဲ့ သူတို့ကို သံသယဝင်စရာ အကြောင်းမရှိပေမဲ့ ဆဂျီယို ပြောလိုက်တဲ့ပုံစံက ပါမောက္ခအနေနဲ့ ရှေးဟောင်းအမွေအနှစ်ကို တကယ် ရမှာမဟုတ်သလိုမျိုး ဖြစ်နေစေခဲ့တယ်။ သူတို့က သုတေသန မပြီးသေးဘူးလို့ ပြောပြီး သူ့ကို ပေးဖို့ အချိန်ဆွဲထားလို့ ရတာပဲလေ။
"ခင်ဗျား ဒါကို ရစေရမယ်လို့ ကျွန်တော် အာမခံပါတယ် ပါမောက္ခ... တကယ်လို့ နှစ်ကုန်တဲ့အထိ ကျွန်တော်တို့ ခင်ဗျားကို မပေးသေးဘူးဆိုရင် ဘုရားသခင် ကိုယ်တိုင် ကျွန်တော်တို့ကို ဒဏ်ခတ်ပါစေ
ကျွန်တော် ကတိမတည်ခဲ့ရင် ခင်ဗျားတို့အားလုံး လျော်ကြေး ဒါမှမဟုတ် တရားမျှတမှုကို တောင်းဆိုဖို့ အကြောင်းပြချက် ရှိလာမယ်ဆိုတာကို ဖော်ပြထားတဲ့ စာချုပ်တစ်ခုကို ခင်ဗျားတို့အားလုံးနဲ့အတူ ကျွန်တော် လက်မှတ်ထိုးပေးနိုင်ပါတယ်"
ဒါက ကောင်းမွန်တဲ့ အာမခံချက်တစ်ခုပါပဲ။ ပါမောက္ခအနေနဲ့ တစ်နှစ်လောက် စောင့်လိုက်ရုံနဲ့ သူ့ဘဝတစ်လျှောက်လုံးအတွက် ရှေးဟောင်းအမွေအနှစ်ကို ရရှိသွားတော့မှာလေ။
ဒါပေမဲ့... ဒါက မိုက်ကယ်အတွက်တော့ မကောင်းခဲ့ဘူး။
သူက ရှေးဟောင်းအမွေအနှစ်ကို အခုပဲ လိုချင်နေတာ။ တကယ်လို့ ဒါက ရှေးဟောင်းလူသားတွေ၊ သူတို့ နေထိုင်ခဲ့တဲ့ ခေတ်ကာလတွေနဲ့ ဆက်စပ်နေမယ်ဆိုရင် သူက အဲဒါကို ဖော်ထုတ်နိုင်တဲ့သူ ဖြစ်လာနိုင်တာပေါ့။
ပြီးတော့ တကယ်လို့ သူပါ နှစ်ကုန်တဲ့အထိ စောင့်နေရမယ်ဆိုရင် အဲဒီအချိန်ကျရင် နယူးစပါတာ တစ်ခုလုံး ပျောက်ကွယ်သွားလိမ့်မယ်။
သူ တစ်ခုခုတော့ ပြောရတော့မယ်။
"ဒါပေမဲ့ မော်ရီစီယိုက မနိုင်သေးဘူးမလား" လို့ သူက အသံကျယ်ကျယ်နဲ့ မေးလိုက်တယ်။
"ဘာပြောလိုက်တယ်" လို့ ဆဂျီယိုက ရယ်မလိုဖြစ်ရင်း မေးလိုက်တယ်။
"မော်ရီစီယိုက အကောင်းဆုံး အရည်အချင်းရှိသူ ဖြစ်တာကြောင့် ခင်ဗျားရဲ့ မိသားစုက ရှေးဟောင်းအမွေအနှစ်နဲ့ ထိုက်တန်တယ်လို့ ခင်ဗျား ပြောခဲ့တယ်လေ... ဒါပေမဲ့ သူသာ မဟုတ်ခဲ့ရင်ကော... သူသာ ဓားရေးပြိုင်ပွဲမှာ ရှုံးသွားရင် ဘယ်လိုလုပ်မလဲ"
ဆဂျီယိုက တစ်ခဏလောက် မှင်တက်သွားခဲ့တယ်။ ပါမောက္ခရဲ့ တပည့်လို့ပဲ ထင်ရတဲ့ ကီယို ဆီကနေ အဲဒီလိုစကားမျိုး ထွက်လာလိမ့်မယ်လို့ သူ မထင်ထားခဲ့ဘူးလေ။
"သေချာတာပေါ့ သူ နိုင်မှာပဲလေ... ဟားဟား ဒါက မေးစရာတောင် လိုလို့လား"
တခြား ခေါင်းဆောင်တွေတောင် တိတ်ဆိတ်နေခဲ့ကြတယ်။ ဖြစ်နိုင်ခြေ အားလုံးအရဆိုရင် မော်ရီစီယိုက နိုင်သွားမှာလေ။
အဲဒီအတွက် ဖြစ်နိုင်ခြေက ရာခိုင်နှုန်းပြည့် မဟုတ်ဘူးဆိုတာကို မိုက်ကယ် တစ်ယောက်တည်းသာ မြင်နိုင်ခဲ့တယ်။ ဒါက သုညနဲ့တောင် ပိုတူနေသေးတယ်။
"ဒါဆို အဲဒါကို ခင်ဗျား လောင်းချင်လား... တကယ်လို့ မော်ရီစီယို ရှုံးသွားရင် ရှေးဟောင်းအမွေအနှစ်နဲ့ပတ်သက်တဲ့ ပိုင်ဆိုင်ခွင့်အားလုံးကို ခင်ဗျား စွန့်လွှတ်ရမယ်"
"ငါ အဲဒီလိုပဲ ပြောခဲ့တာလေ" လို့ ဆဂျီယိုက ယုံကြည်ချက်ရှိရှိနဲ့ ပြန်ဖြေလိုက်တယ်။
* * * * * * * *
တစ်ချိန်တည်းမှာပဲ ဓားရေးပြိုင်ပွဲဆီမှာတော့ အစိမ်းရောင်ဆံပင်နဲ့ ဆယ်ကျော်သက်လူငယ်လေး မော်ရီစီယို အော်ဘတ်က ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့် ပါဝင်ယှဉ်ပြိုင်သူတွေရဲ့ စာရင်းကို ကြည့်နေခဲ့တယ်။
နာမည်တွေကို အကြမ်းဖျင်း လိုက်ဖတ်ကြည့်လိုက်တဲ့အခါ သူ မမြင်ရတဲ့ လူတစ်ယောက်ပဲ ရှိနေခဲ့တယ်။
"ပီထရို ဘယ်ရောက်နေလဲ" လို့ သူက မေးလိုက်တယ်။ အဲဒီကောင်က သူ့အတွက် တစ်ဦးတည်းသော တကယ့် ပြိုင်ဘက်ပဲလေ။
"သူ ပြုတ်သွားပြီ" လို့ တစ်ယောက်ယောက်က သူ့ကို ပြန်ဖြေလိုက်တယ်။
"ဟားဟားဟား... တကယ်လား... ဒါဆို ဒီပြိုင်ပွဲက ငါ ထင်ထားတာထက် ပိုလွယ်နေပြီ... အနိုင်ရဖို့က ငါ့လက်ထဲ ရောက်နေသလိုပဲ"
* * * * * * * *
စာစဉ်(၆၄)