← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 9 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 9 Ch. 105-106

အခန်း(၁၀၅)

မိုက်ကယ်အနေနဲ့ အချိန်တွေ ကုန်ဆုံးသွားတာကိုတောင် သတိမထားမိလိုက်ပါဘူး။ ရက်သတ္တပတ် အနည်းငယ်လောက်ပဲ ကုန်ဆုံးသွားသလို ခံစားရပေမဲ့ သူကတော့ အခုဆိုရင် အသက် ၁၁ နှစ်တောင် ပြည့်သွားခဲ့ပါပြီ။

ဒါဟာ တစ်နှစ်တာ စောင့်ဆိုင်းရမယ့် အချိန်ကာလ နောက်ဆုံးမှာ ကုန်ဆုံးသွားပြီဖြစ်ကြောင်းနဲ့ သူ့ရဲ့ မိဘတွေအနေနဲ့ ခြောက်သွေ့လွင်ပြင် မှာရှိတဲ့ သူ့ဆီကို နောက်ဆုံးမှာ လာရောက်လည်ပတ်နိုင်ပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ လူအများစုက လူသူကင်းမဲ့တဲ့ စွန့်ပစ်မြေရိုင်းကြီးလို့ ခေါ်ကြတဲ့ ဒီသဲကန္တာရထဲမှာ သူတည်ဆောက်ထားသမျှ အရာအားလုံးကို ပြသဖို့ သူ မစောင့်နိုင်အောင် ဖြစ်နေတာပေါ့။

ဒါပေမဲ့ အခုတော့ သူဟာ လူတစ်ပိုင်းသတ္တဝါ ၅၀၀၀ ကျော်အတွက် သုခဘုံတစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပါပြီ။ သူ ဘာတွေလုပ်နေလဲဆိုတာကို သူတို့ဆီ သတင်းပေးပို့နေခဲ့ပေမဲ့ ကိုယ်တိုင်မြင်တွေ့ရတာကတော့ လုံးဝကို ကွဲပြားခြားနားတဲ့ အတွေ့အကြုံမျိုး ဖြစ်မှာပါ။ ဒီနေရာမှာ ပျိုးထောင်ထားတဲ့ ယဉ်ကျေးမှုတွေနဲ့ နိုင်ငံသားတိုင်းရဲ့ ကြားမှာ တည်ဆောက်ထားတဲ့ ရဲဘော်ရဲဘက်စိတ်ဓာတ်တွေထဲမှာ သူတို့ကို နစ်ဝင်ခံစားစေချင်နေတာပေါ့။

မနက်ဖြန် မနက်ပိုင်းမှာ သူတို့ကို မော်တော်ကား နဲ့ သွားကြိုမယ်လို့ သူတို့နဲ့ သဘောတူထားခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ကင်းစ်နယ်မြေ နဲ့ ခြောက်သွေ့လွင်ပြင် ကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမကြီးကလည်း အပြီးသတ်သွားခဲ့ပါပြီ။ သူဟာ ဗန်ဒါဘစ်အိမ်တော်ဆီကို သုံးရက်မပြည့်ခင်မှာတင် သွားနိုင်တော့မှာဖြစ်လို့ အရင်ကထက် ခရီးသွားရတာ အများကြီး ပိုပြီး လွယ်ကူသွားစေတာပေါ့။

သူဟာ မနက်ဖြန်မှာ ကင်းစ်ဘရစ်ချ် မြို့ကို ပြန်သွားမှာဖြစ်ပေမဲ့ လောလောဆယ်မှာတော့ မိုက်ကယ်အနေနဲ့ နိုင်ငံရဲ့ အခြေအနေကို ကြည့်ရှုချင်နေပါသေးတယ်။

"ခေါင်းဆောင် ခုန်း က သခင့်ကို မီးရထားဘူတာရုံဆီ လာလည်ဖို့ ဖိတ်ခေါ်နေပါတယ်" လို့ ဖတ်ဂျ် က သူ့ရဲ့ အရိပ်ထဲကနေ ခေတ္တထွက်လာပြီး အစီရင်ခံလိုက်ပါတယ်။

"ကျေးဇူးပဲ ဖတ်ဂျ် ငါ နောက်မိနစ်အနည်းငယ်အတွင်း အဲဒီကို ရောက်လာခဲ့မယ်လို့ သူ့ကို ပြောလိုက်ပါ" လို့ သူက ပြန်ပြောလိုက်တာပေါ့။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ သူ့ရဲ့ မွေးနေ့ဟာ ရထားလမ်းစနစ် စတင်လည်ပတ်တဲ့ အချိန်နဲ့ ကွက်တိ သွားကျနေတာပဲ။

နိုဗာ ဆီက ဗိသုကာပုံစံများတွေကို အသုံးပြုပြီး မိုက်ကယ်၊ ခုန်း နဲ့ နိုင်ငံအတွင်းက တခြားအင်ဂျင်နီယာတွေဟာ ရေနွေးငွေ့အင်ဂျင်ကို အသုံးပြုတဲ့ မီးရထားတစ်စင်းကို အတူတူပူးပေါင်းပြီး ဖန်တီးခဲ့ကြတာပါ။

ဒီနေ့ မနက်ပိုင်းမှာတင် မီးရထားဘူတာရုံအတွက် နောက်ဆုံး ဘေးကင်းလုံခြုံရေးစစ်ဆေးမှုတွေကို သူတို့ အပြီးသတ်နိုင်ခဲ့ကြတာဖြစ်ပြီး အခုဆိုရင် မိုက်ကယ်က ပထမဆုံးအကြိမ်အဖြစ် တရားဝင် စတင်ဖွင့်လှစ်ပေးဖို့ကိုပဲ စောင့်နေကြတာပေါ့။

မိုက်ကယ်ဟာ သူ့ရဲ့ ကိုယ်ပိုင်အရိပ်ထဲကို နစ်ဝင်သွားခဲ့ပြီး နိုင်ငံရဲ့ အစွန်အဖျားမှာ သူတို့ တည်ဆောက်ထားတဲ့ မီးရထားဘူတာရုံဆီမှာ ပြန်ပေါ်လာခဲ့ပါတယ်။

သူဟာ သတ္တုတွေနဲ့ ဆောက်လုပ်ထားတဲ့ အဆောက်အဦးနဲ့ ကွန်ကရစ်ခင်းထားတဲ့ မြေပြင်ရှိရာ ဘူတာရုံ စင်္ကြံပေါ်ကို ဆင်းသက်လိုက်တာပေါ့။ သူ့ရဲ့ ညာဘက်အခြမ်းမှာ မီးရထားအသစ်ကြီး ရှိနေပြီး ဘယ်ဘက်မှာတော့ စိတ်လှုပ်ရှားနေတဲ့ ပရိသတ်တွေ အများကြီး ရှိနေကြပါတယ်။

ဒီမီးရထားဘူတာရုံကို ဖွင့်လှစ်တဲ့ အချိန်ဟာ တစ်နိုင်ငံလုံးအတွက် တကယ့်ကို မျှော်လင့်စောင့်စားနေရတဲ့ အချိန်ပါပဲ၊ အထူးသဖြင့် လူပု တွေအတွက်ပေါ့၊ ဘာလို့လဲဆိုတော့ သူတို့ဟာ တစ်ရက်တောင် မပြည့်တဲ့ ခရီးစဉ်နဲ့တင် သူတို့ရဲ့ မိခင်နိုင်ငံဆီကို နောက်ဆုံးမှာ ပြန်လည်လည်ပတ်နိုင်တော့မှာ မို့လို့ပါပဲ။

"ကျေးဇူးပြုပြီး ဦးချိုအချက်ပေးသံကို ဆွဲပေးပါ သခင်။ လူတိုင်းက မီးရထား စတင်ပြေးဆွဲတာကို မြင်တွေ့ဖို့ စိတ်လှုပ်ရှားနေကြပြီ" လို့ ခုန်း က တက်တက်ကြွကြွ ပြောလိုက်ပါတယ်။

လူတိုင်းက အားရပါးရ အော်ဟစ်အားပေးကြတာပေါ့။ မိုက်ကယ်ကလည်း သူတို့ကို စိတ်ပျက်အောင် မလုပ်ချင်တာကြောင့် မီးရထားမောင်းသူရှိရာဆီကို ချက်ချင်း လမ်းလျှောက်သွားပြီး အမိုးပေါ်က ကြိုးကို ဆွဲလိုက်ပါတော့တယ်။

ဦးချိုအချက်ပေးသံ ဟိန်းထွက်သွားတာနဲ့တစ်ပြိုင်နက် အင်ဂျင်က တုန်ခါလာပြီး မီးရထားကို စွမ်းအင်တွေ စတင်ပေးပို့လိုက်ပါတယ်။ မကြာခင်မှာပဲ ဘီးတွေက စတင်လည်ပတ်လာပြီး စက္ကန့်တွေ ကုန်ဆုံးသွားတာနဲ့အမျှ ပိုပိုပြီး မြန်လာခဲ့တာပေါ့။

သိပ်မကြာခင်မှာပဲ မီးရထားက အရှိန်ရလာပြီး သံလမ်းပေါ်မှာ တဟုန်ထိုး ပြေးလွှားသွားခဲ့ရာ မိုးကုတ်စက်ဝိုင်းထဲကို ပျောက်ကွယ်သွားလုနီးပါး ဖြစ်သွားပါတော့တယ်။

"ဒါက ငှက်တစ်ကောင်ထက်တောင် ပိုမြန်သေးတယ်" လို့ ကလေးတစ်ယောက်က အော်ပြောလိုက်တာပေါ့။

"ငါတို့ ခေါင်းဆောင်ဆီက မျှော်လင့်ထားတဲ့အတိုင်းပါပဲ သူတစ်ယောက်တည်းပဲ ဒီလို အံ့ဖွယ်စက်ယန္တရားကြီးကို ဖန်တီးနိုင်တာ" လို့ သူတို့အားလုံးက ဝိုင်းပြီး ချီးကျူးဂုဏ်ပြုကြပါတယ်။

အခုဆိုရင် မီးရထားက စတင်ပြေးဆွဲနေပြီဖြစ်တာကြောင့် ရီနေးတားနိုင်ငံတော်နဲ့ လူပုနိုင်ငံတော် ကြားက ကုန်သွယ်ရေးနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ပိုမိုမြင့်မားတဲ့ အဆင့်တစ်ခုကို ရောက်ရှိသွားခဲ့ပါပြီ။

လူပုတွေဟာ ရီနေးတား ကုမ္ပဏီက ထုတ်ကုန်အားလုံးကို အဖိုးတန်သတ္တုတွေနဲ့ ရတနာတွေကို အဖိုးအခအဖြစ် သုံးပြီး ဝယ်ယူခဲ့ကြတာပါ။ သူတို့ဆီက ရရှိတဲ့ ကုန်ကြမ်းအမြောက်အမြားဟာ နိုင်ငံအတွင်းက စက်ရုံတွေ ထုတ်လုပ်မှုအတွက် အင်အားဖြစ်စေခဲ့ပြီး ထုတ်ကုန်တွေ ပိုများလာသလို အကျိုးအမြတ်တွေလည်း ပိုတိုးလာစေခဲ့ပါတယ်။

သူတို့ကြားက ဒီလို ကြီးပွားတိုးတက်တဲ့ မဟာမိတ်ဖွဲ့မှုကြောင့် လူပုနိုင်ငံတော်ဟာလည်း အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲလာခဲ့ပါတယ်။ သူတို့ရဲ့ အိမ်တွေအားလုံးမှာ လျှပ်စစ်စနစ်ရော ရေပိုက်စနစ်တွေပါ တပ်ဆင်ထားတာကြောင့် သူတို့ရဲ့ ဘဝတွေကို အများကြီး ပိုပြီး လွယ်ကူသွားစေတာပေါ့။

တကယ်တော့ သူတို့နိုင်ငံဆီကို ဦးတည်သွားတဲ့ မီးရထားပေါ်က ကုန်ပစ္စည်းတွေဟာ လူပုအိမ်တွေမှာ ရောင်းချမယ့် လျှပ်စစ်ပစ္စည်းတွေနဲ့ ပြည့်နှက်နေတာပါ။

ရီနေးတားနိုင်ငံတော် လိုပဲ လူပုနိုင်ငံတော်ကလည်း သူတို့ရဲ့ အိမ်တွေမှာ အဲကွန်းနဲ့ ရေခဲသေတ္တာတွေ ရှိချင်ကြတာကိုး။ ဒုတိယအချက်ကတော့ သူတို့ရဲ့ အယ်လ်ဖ်ယမကာတွေကို အမြဲတမ်း အေးနေအောင် ထားချင်ကြတဲ့အတွက် သူတို့အတွက် ပိုပြီး အရေးကြီးပါတယ်။

ဒါပေမဲ့ လူပုတွေကြားမှာ ရောင်းအားအကောင်းဆုံး ထုတ်ကုန်ကတော့ မော်တော်ကားတွေပဲ ဖြစ်ပုံရပါတယ်။

မိုက်ကယ်၊ ခုန်း နဲ့ အင်ဂျင်နီယာတွေဟာ ကားတွေရဲ့ ဒီဇိုင်းကို တိုးတက်အောင် လုပ်ဆောင်တဲ့နေရာမှာ တကယ့်ကို ကြီးမားတဲ့ ခြေလှမ်းတွေ လှမ်းနိုင်ခဲ့ကြတာပါ။ သူတို့က မတူညီတဲ့ မော်တော်ကား ဒီဇိုင်းနှစ်မျိုးကို ပုံစံထုတ်ခဲ့ကြပါတယ်။

ပထမတစ်ခုကတော့ အရှေ့မှာ ထိုင်ခုံနှစ်လုံးနဲ့ အနောက်မှာ ထိုင်ခုံသုံးလုံးပါတဲ့ သာမန်ဆီဒန်ကားဖြစ်ပြီး မိသားစုတွေနဲ့ ကိုယ်ပိုင်သုံးဖို့အတွက် အဆင်ပြေလွန်းလှပါတယ်။ လူပုအများစုကတော့ ရီနေးတားနိုင်ငံတော်ကို အားလပ်ရက် အပန်းဖြေဖို့ သွားရောက်လည်ပတ်တဲ့အခါ ဒီကားတွေကို သုံးကြတာပေါ့။

ဒုတိယဒီဇိုင်းကတော့ ကုမ္ပဏီတွေ အသုံးပြုဖို့အတွက် ဖြစ်ပါတယ်။ အဲဒါက အများကြီး ပိုကြီးမားပြီး အနောက်ဘက်မှာ ကုန်ပစ္စည်းတင်ဖို့ နေရာအကျယ်ကြီး ပါဝင်တာပါ။ မိုက်ကယ်ကတော့ သူ့ရဲ့ အရင်ဘဝက ထရပ်ကားတွေဆီကနေ စိတ်ကူးစိတ်သန်းတွေ အများကြီးယူပြီး ဒီ ဒီဇိုင်းကို ဖန်တီးခဲ့တာပါ။

လူပုကုမ္ပဏီ အတော်များများက သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် ဒီထရပ်ကားတွေကို ဝယ်ယူခဲ့ကြပါတယ်။ အထူးသဖြင့် သူတို့ရဲ့ နိုင်ငံအတွင်းမှာ သူတို့ရဲ့ သတ္တုရိုင်းတွေနဲ့ သတ္တုထုတ်ကုန်တွေကို သယ်ယူပို့ဆောင်ရတာ အများကြီး ပိုပြီး လွယ်ကူသွားစေတာကိုး။

မိုက်ကယ်အနေနဲ့ လူပုနိုင်ငံတော် မှာ ဓာတ်ဆီဆိုင်တစ်ဆိုင်ကိုလည်း တည်ဆောက်ပေးခဲ့ရတာပေါ့၊ ဒါမှလည်း သူတို့တွေဟာ ဆီဖြည့်ဖို့အတွက် ခြောက်သွေ့လွင်ပြင် အထိ တကူးတက လာစရာမလိုဘဲ လောင်စာဆီ ဖြည့်နိုင်ကြမှာပါ။

ဒါက အကျိုးအမြတ်တွေကို ပိုပိုပြီး ရရှိစေခဲ့ပြီး အဲဒီငွေတွေကို မိုက်ကယ်က နိုင်ငံအတွင်းက လူနေမှုဘဝနဲ့ လူနေမှုအဆင့်အတန်း မြင့်မားလာအောင် အသုံးပြုခဲ့ပါတယ်။

အခုဆိုရင် လူတစ်ပိုင်းသတ္တဝါ လူငယ်လေးတွေအတွက် မတူညီတဲ့ အလုပ်အကိုင်တွေအကြောင်း သင်ယူဖို့ ကျောင်းတွေ ရှိနေပြီဖြစ်သလို အကူအညီလိုအပ်သူတွေအတွက်လည်း နယ်မြေအနှံ့အပြားမှာ ဆေးရုံတွေကို တည်ဆောက်ထားပါတယ်။ သူတို့မှာ စနစ်ကျတဲ့ လူ့အဖွဲ့အစည်းတစ်ခုလို့ ခေါ်ဆိုနိုင်ဖို့ လိုအပ်တဲ့ အရာမှန်သမျှ ရှိနေကြပြီပေါ့။

ဒါတင်မကသေးဘဲ ဖျော်ဖြေရေးအတွက် အားကစားကွင်းတွေ၊ ပန်းခြံတွေ၊ ရင်ပြင်တွေနဲ့ ကစားကွင်းတွေလည်း ရှိနေပါသေးတယ်။ သူ့ရဲ့ နိုင်ငံသားတွေဟာ အလုပ်လုပ်သလိုမျိုး အားပါးတရ ကစားကြဖို့က မိုက်ကယ်အတွက် အရေးကြီးတာကိုး။ ဒီအတွက်ကြောင့်လည်း သူတို့နိုင်ငံအတွင်းက ဘေ့စ်ဘော ပွဲစဉ်တွေမှာ ယှဉ်ပြိုင်မှုတွေက အရင်ကထက် အများကြီး ပိုပြီး ပြင်းထန်လာခဲ့ပါတယ်။

အထူးသဖြင့် ဘေ့စ်ဘောအားကစားကို လူပုနိုင်ငံတော် အထိ ပြန့်နှံ့သွားစေခဲ့ပြီးတဲ့နောက်မှာ ပိုပြီးတော့တောင် မှန်ကန်နေပါသေးတယ်။ သူတို့ဟာ ရီနေးတားနိုင်ငံတော်ကို အနိုင်ယူဖို့အတွက် သူတို့ရဲ့ ကိုယ်ပိုင်အသင်းကို ပျိုးထောင်ခဲ့ကြတာကြောင့် အားကစားသမားအတော်များများဟာ နောက်ကောက်မကျန်ခဲ့လေအောင် အရင်ကထက် ပိုပြီး ကြိုးစားလာကြပါတော့တယ်။

မိုက်ကယ်ဟာ ရီနေးတားနိုင်ငံတော် ရဲ့ အထက် ကောင်းကင်ယံမှာ ပျံဝဲနေရင်းနဲ့ အရာရာတိုင်းဟာ အောင်မြင်စွာနဲ့ ဖြစ်ပေါ်လာနေတာကို စောင့်ကြည့်နေခဲ့ပါတယ်။ တစ်နှစ်တည်းအတွင်းမှာတင် အရာရာတိုင်းက ဒီလောက်အထိ ပြောင်းလဲသွားခဲ့တာကို သူတောင် မယုံနိုင်အောင် ဖြစ်နေရတာပေါ့။ နောက်ဆုံးမှာတော့ သူ မရှိဘဲနဲ့တောင် သူတို့ဘာသာသူတို့ ရပ်တည်နိုင်သွားကြပါပြီ။

မိုက်ကယ်အနေနဲ့လည်း တခြားသော ပန်းဘဲဖို အပိုင်းအစတွေကို ရှာဖွေဖို့အတွက် အပြင်လောကဆီကို စူးစမ်းလေ့လာဖို့ လုံလောက်တဲ့ လွတ်လပ်ခွင့်ကို နောက်ဆုံးမှာ ရရှိသွားပါတော့တယ်။

* * * * * * * * *

စာစဉ်(၉)

အခန်း(၁၀၆)

ကင်းစ်ဘရစ်ချ် နယ်မြေရဲ့ အစွန်အဖျားမှာ ကုန်ပစ္စည်းလေးတွေ နေရာအနှံ့လိုက်ရောင်းတဲ့ ပျံကျဈေးသည်တစ်ယောက်ဟာ မနက်စောစော အိပ်ရာကနိုးပြီး သူ့ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေကို စတင်လိုက်ပါတယ်။

သူဟာ သူ့ရဲ့ ကျောပိုးအိတ်အကြီးကြီးကို ကောက်လွယ်ပြီး အိမ်ပြင်ကို ထွက်လာခဲ့တယ်၊ ခက်ခဲကြမ်းတမ်းတဲ့ တောင်တန်းတွေကို ဖြတ်ကျော်ပြီး နောက်ဆုံးမှာတော့ ကွင်းစ်နယ်မြေဆီကို ရောက်ရှိသွားခဲ့တာပေါ့။

သူဟာ အိမ်နီးနားချင်းတွေကို နှုတ်ဆက်ပြီး တခြားမြို့တွေမှာ ပြန်ရောင်းဖို့အတွက် ရီနေးတား ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် အချို့ကို ယူလိုက်ပါတယ်။ ဒီပစ္စည်းတွေအပေါ် ဝယ်လိုအားက ကွင်းစ်နယ်မြေမှာ အဆမတန် မြင့်တက်နေဆဲဖြစ်တာကြောင့် သူ့အတွက်တော့ နေရာအနှံ ကုန်ပစ္စည်းလေးတွေလိုက်ရောင်းတဲ့ ပျံကျဈေးသည် အလုပ်အကိုင်က ပုံမှန်ရနေတာပေါ့။

ပုံမှန်ဆိုရင်တော့ သူဟာ မြောက်ဘက်လမ်းအတိုင်း တောင်တန်းတွေရှိရာဆီကို တန်းတန်းမတ်မတ် သွားလေ့ရှိတာပါ။ ဒါပေမဲ့ ဒီတစ်ခါမှာတော့ အဲဒီဈေးသည်ဟာ လမ်းလွှဲပြီး မြို့ရဲ့ တောင်ဘက်ခြမ်း တောအုပ်ထဲမှာ အဖိုးတန် ဆေးဖက်ဝင်အပင်တွေနဲ့ သီးနှံတွေကို ရှာဖွေဖို့ ထွက်လာခဲ့ပါတယ်။

ဒါပေမဲ့ သူ မြို့ရိုးအပြင်ဘက်ကို ခြေချလိုက်တာနဲ့ သူနင်းထားတဲ့ မြေပြင်က လမ်းလျှောက်ရတာ အရမ်းကို ချောမွေ့နေတာကို သတိထားမိသွားပါတယ်။ ပုံမှန်ဆိုရင်တော့ သူ့ခြေဖဝါးအောက်မှာ ကျောက်ခဲတွေနဲ့ ရွှံ့တွေကို ခံစားရမှာဖြစ်ပေမဲ့ ဒီတစ်ခါမှာတော့ စကျင်ကျောက်ပေါ်မှာ လမ်းလျှောက်နေရသလိုမျိုး သူ ခံစားလိုက်ရတာပေါ့။

မနက်စောစောအချိန်ဖြစ်ပြီး နေမင်းကလည်း မိုးကုတ်စက်ဝိုင်းမှာ ပုန်းနေတုန်းမို့ ဈေးသည်အနေနဲ့ လမ်းကို သေသေချာချာ မမြင်ရသေးပါဘူး။ ဒါပေမဲ့ မိနစ်အနည်းငယ် ကြာသွားတဲ့အခါမှာတော့ နေရောင်ခြည်က တောအုပ်ထဲကို လင်းထိန်သွားစေပြီး သူ့ရှေ့မှာရှိတဲ့ ပိုးသားလို ချောမွေ့ကာ စကျင်ကျောက်လို ဖြူဖွေးနေတဲ့ လမ်းမကြီးကို ဖော်ပြလိုက်ပါတော့တယ်။

သူ့မျက်စိကိုတောင် သူ မယုံနိုင်အောင် ဖြစ်သွားရပါတယ်။

"ညီညာနေတဲ့ လမ်းမကြီးပါလား။ ဒါကို ငါ ဘာလို့ တစ်ခါမှ မတွေ့ဖူးတာပါလိမ့်" လို့ သူက ကိုယ့်ဘာသာ ရေရွတ်လိုက်မိတာပေါ့။

သူ တောအုပ်ထဲကို ဆက်ကြည့်လိုက်တဲ့အခါ မိုးကုတ်စက်ဝိုင်း အဆုံးအထိ ရှည်လျားပြီး အဆုံးမရှိသလို ဖြစ်နေတဲ့ လမ်းမကြီးကို တွေ့လိုက်ရပါတယ်။ ဒါက ဈေးသည်ကို ပိုပြီးတော့တောင် ဇဝေဇဝါ ဖြစ်သွားစေပါတယ်။

ဒီလောက်ကြီးမားတဲ့ ဆောက်လုပ်ရေးမျိုးဆိုရင် ပြီးစီးဖို့အတွက် အနည်းဆုံး လနဲ့ချီပြီး ဒါမှမဟုတ် နှစ်နဲ့ချီပြီး ကြာမှာပါ။ ဒီလောက် ကြီးကျယ်တဲ့ စီမံကိန်းအကြောင်းကို သူ သေချာပေါက် ကြားဖူးရမှာပေါ့။

ဈေးသည်တစ်ယောက်အနေနဲ့ သူဟာ တခြားသူတွေနဲ့ ဆက်ဆံရေး ကောင်းမွန်တာကို ဂုဏ်ယူနေသူပါ။ ဒီလမ်းမကြီးရဲ့ ဆောက်လုပ်ရေးအကြောင်းကို သူ့သူငယ်ချင်းတွေနဲ့ အသိမိတ်ဆွေတွေကြားမှာ သေချာပေါက် ပြောဆိုနေကြမှာပေါ့၊ အထူးသဖြင့် ဒီလမ်းမကြီးက မိန်းကလေးတစ်ယောက်ရဲ့ ပါးပြင်ထက်တောင် ပိုပြီး ချောမွေ့နေတာကိုး။

မြင်းရထားတစ်စင်းကို အရှိန်အပြည့်နဲ့ မောင်းနှင်ဖို့အတွက် အဟန့်အတားဖြစ်စေမယ့် အဖုအထစ်တွေ ဒါမှမဟုတ် ချိုင့်ခွက်တွေ လုံးဝမရှိတဲ့ လမ်းရဲ့ ညီညာမှုကို သူ အံ့သြနေမိပါတယ်။ ဈေးသည်ဟာ ချက်ချင်းပဲ မြို့ရိုးထဲကို ပြန်လှည့်ဝင်သွားပြီး သူ့နဲ့အတူတူ နေရာအနှံလှည်လည်ရောင်းချနေတဲ့ ပျံကျဈေးသည် မိတ်ဆွေတွေကို ဒီလမ်းအကြောင်း သိကြသလားလို့ လိုက်မေးပါတော့တယ်။

"တောင်ဘက်မှာ လမ်းရှိတယ်ဟုတ်လား။ အဲဒီလိုမျိုး ဘာမှမရှိပါဘူး" လို့ သူတို့က ပြန်ပြောကြတာပေါ့။

"အဲဒီနေရာက ခြောက်သွေ့လွင်ပြင်ကလွဲရင် ဘာမှမရှိတဲ့နေရာပဲလေ။ ဒီလို အကျိုးအမြတ်မရှိတဲ့ စီမံကိန်းအတွက် သူတို့က ပိုက်ဆံအလဟဿ အကုန်ခံမှာ မဟုတ်ဘူး။ မင်းက ကင်းစ်နယ်မြေနဲ့ ကွင်းစ်နယ်မြေကို ချိတ်ဆက်ထားတဲ့လမ်းရှိတယ်လို့ ပြောရင်တောင် ငါတို့က ပိုပြီး ယုံဦးမယ်"

"လမ်းက မိုးကုတ်စက်ဝိုင်းအထိ ရှည်လျားနေတယ်လို့ ပြောတာလား။ တကယ်လို့ အဲဒီလိုသာ ရှိနေရင် ငါတို့ အခုလောက်ဆို သိနေလောက်ပြီပေါ့"

"ငါ့ယောက်ဖက ဆောက်လုပ်ရေးမှာ လုပ်တာလေ။ ဒီမှာ အလုပ်တွေရှိရင် သူ ငါ့ကို ပြောပြမှာပေါ့"

"ပြီးတော့ ဒီကလမ်းတွေထက်တောင် ပိုချောသေးတယ်ဟုတ်လား။ မင်း နောက်နေတာပဲ ဖြစ်ရမယ် သူငယ်ချင်းရာ။ အဲဒီလိုမျိုး လုံးဝ မရှိနိုင်ပါဘူး။ မနက်စောစောဆိုတော့ မင်း မျက်စိမှားတာပဲ ဖြစ်မှာပါ"

သူ့ရဲ့ ဈေးသည် မိတ်ဆွေတွေရဲ့ မယုံကြည်တဲ့ မျက်ဝန်းတွေကို မြင်လိုက်ရတဲ့အခါမှာတော့ အဲဒီလူဟာ သူ့ရဲ့ သိက္ခာကို လောင်းကြေးထပ်ဖို့ကလွဲလို့ တခြားမရှိတော့ပါဘူး။

"ငါပြောတာသာ မမှန်ဘူးဆိုရင် အဝတ်အစားတွေ အကုန်ချွတ်ပြီး မြို့ရိုးတစ်ပတ် ပတ်ပြေးမယ်ဗျာ" လို့ ထိုဈေးသည်က သစ္စာဆိုလိုက်ပါတယ်။

တခြားဈေးသည်တွေကလည်း သူ့စကားကို လက်ခံလိုက်ပြီး ကင်းစ်ဘရစ်ချ်မြို့ရဲ့ တောင်ဘက်အစွန်းဆီကို ပျော်ပျော်ပါးပါးနဲ့ လမ်းလျှောက်သွားကြပါတော့တယ်။

သူတို့သူငယ်ချင်းကို လှောင်ပြောင်ဖို့ အဆင်သင့်ဖြစ်နေကြပေမဲ့ မြို့ရိုးအဆုံးကို ရောက်တဲ့အခါမှာတော့ တံခါးဝနားမှာ လူအုပ်ကြီး စုဝေးနေတာကို တွေ့လိုက်ရပါတယ်။

"အို... ဘုရားရေ။ ဒီမှာ လမ်းက အမြဲတမ်း ရှိနေတာလား"

"ငါက ဒီနားမှာပဲ နေတာလေ၊ ဒါပေမဲ့ ဒီလိုလမ်းမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး" လို့ သူတို့တွေက အတင်းအဖျင်း ပြောနေကြတာပေါ့။

ဈေးသည်တွေ အားလုံးက စူးစမ်းချင်စိတ် ပြင်းပြနေတဲ့ နိုင်ငံသားတွေကြားကနေ တိုးဝင်သွားကြပြီး လှပတဲ့ အဖြူရောင် ကွန်ကရစ်လမ်းမကြီးကို ကိုယ်တိုင် မြင်တွေ့လိုက်ရပါတော့တယ်။ မြေပြင်ရဲ့ ခိုင်မာမှုကို သူတို့ ခံစားလိုက်ရတဲ့အခါ အံ့အားသင့်ပြီး မှင်သက်သွားကြတာပေါ့။

"တကယ်ကြီးပါလား..." လို့ သူတို့ဘာသာ တိုးတိုးလေး ရေရွတ်မိကြတယ်။

သိပ်မကြာခင်မှာပဲ ဒီလမ်းကို လူတွေ ပိုပြီး ရှာတွေ့လာတာနဲ့အမျှ ဒီဆန်းကြယ်လှတဲ့ လမ်းခင်းမှုသစ်အကြောင်း သတင်းက ကင်းစ်ဘရစ်ချ်မြို့ တစ်ခုလုံးကို ပျံ့နှံ့သွားပါတော့တယ်။

လူတိုင်းဟာ ဒီထူးဆန်းတဲ့ လမ်းအသစ်ကို ကြည့်ဖို့အတွက် မြို့ရိုးရဲ့ တောင်ဘက်အစွန်ဆီကို တကူးတက လာရောက်ကြည့်ရှုကြတာပေါ့။ ပုံမှန်ဆိုရင်တော့ ဘယ်သူမှ ဒီနေရာကို မလာကြပါဘူး၊ ဘာလို့လဲဆိုတော့ ဒီနေရာက ဘာမှတန်ဖိုးမရှိတဲ့ သဲကန္တာရဖြစ်တဲ့ ခြောက်သွေ့လွင်ပြင် ဆီကိုပဲ ဦးတည်နေတာကြောင့်ပါ။

လူတွေဟာ လမ်းပေါ်မှာ လမ်းလျှောက်ရင်း ဘယ်ကို ဦးတည်နေသလဲဆိုတာကို ရှာဖွေဖို့ ကြိုးစားကြပေမဲ့ လမ်းက သူတို့ လမ်းလျှောက်သွားနိုင်တာထက် အများကြီး ပိုပြီး ဝေးကွာနေတာကို ချက်ချင်းပဲ သိလိုက်ရပါတယ်။

ဒါကြောင့် မြင်းရထားတွေကို အသုံးပြုလာကြပါတော့တယ်။ ဈေးသည်တွေအားလုံးက ဒီဆန်းကြယ်တဲ့ လမ်းရဲ့ အဆုံးကို ရှာဖွေဖို့အတွက် သူတို့ရဲ့ မြင်းရထားတွေကို ယူလာခဲ့ကြတာပေါ့။ သူတို့တွေ ဒီလမ်းအတိုင်း မောင်းနှင်သွားတဲ့အခါ သူတို့ အရင်က နင်းဖူးသမျှ လမ်းတွေနဲ့ လုံးဝကို ကွာခြားနေတာကို သတိပြုမိသွားကြပါတယ်။ ဒီလမ်းက မောင်းနှင်ရတာ ဘယ်လောက်အထိ တည်ငြိမ်သလဲဆိုရင် ခွက်ထဲကို ရေလောင်းထည့်ရင်တောင် အပြင်ကို ဖိတ်စင်မသွားလောက်အောင်ပါပဲ။

ဒါက ဒီလမ်းကို ဘယ်သူက ဘယ်လို ဖန်တီးခဲ့တာလဲဆိုတဲ့ သူတို့ရဲ့ စူးစမ်းချင်စိတ်ကို ပိုပြီး တိုးပွားစေခဲ့တာပေါ့။

တစ်ရက်စာလောက် ခရီးသွားပြီးတဲ့နောက်မှာတော့ လမ်းခွဲတစ်ခုဆီကို သူတို့ ရောက်သွားခဲ့ကြပါတယ်။ ညာဘက်ခြမ်းက လမ်းကတော့ ခြောက်သွေ့လွင်ပြင် ထဲကို ပိုပြီး နက်ရှိုင်းစွာ ဦးတည်သွားပြီး နောက်လမ်းတစ်ခုကတော့ ခက်ခဲကြမ်းတမ်းတဲ့ တောင်တန်းတွေနဲ့ နာမည်ကျော် လူပုနိုင်ငံတော် တည်ရှိတဲ့ ကင်းစ်နယ်မြေနဲ့ ကွင်းစ်နယ်မြေ ကြားက နယ်စပ်ဆီကို ဦးတည်နေတာပါ။

သူတို့တတွေဟာ အံ့ဩစရာကောင်းတဲ့ တစ်ခုခုကို ရှာဖွေတွေ့ရှိတော့မယ်လို့ ခံစားလိုက်ရပြီး သူတို့ရဲ့ မြင်းတွေကို အရှိန်မြှင့်ကာ လမ်းအတိုင်း လိုက်သွားကြပါတော့တယ်။ သူတို့တွေဟာ လမ်းက ဘယ်ကို ဦးတည်နေသလဲဆိုတာကို မိုးကုတ်စက်ဝိုင်းမှာ နောက်ဆုံး မြင်တွေ့လိုက်ရတဲ့အထိ ဆက်ပြီး မောင်းနှင်သွားကြတာပေါ့။

အဲဒီနေရာကတော့ တခြားမဟုတ်ဘဲ လူပုနိုင်ငံတော် ပဲ ဖြစ်နေပါတယ်။

ချက်ချင်းဆိုသလိုပဲ သူတို့ခေါင်းထဲမှာ အတွေးပေါင်းစုံ ပေါ်လာပါတော့တယ်။ လူပုတွေက ဒီလမ်းကို ဖန်တီးခဲ့တာများလား။ ဘာပဲဖြစ်ဖြစ် ဒီလောက် ချောမွေ့တဲ့ လမ်းကို ဖန်တီးနိုင်ဖို့အတွက် သူတို့မှာပဲ ပန်းပဲပညာ အစွမ်းအစ ရှိတာလေ။

ဒါပေမဲ့ လူပုတွေဟာ လူသားတွေနဲ့ အဆက်အသွယ်ဖြတ်ထားတဲ့ သူတို့ရဲ့ နာမည်ကျော်ကြားမှုကို ပြန်စဉ်းစားကြည့်လိုက်တဲ့အခါ ဒါက အဓိပ္ပာယ်မရှိသလို ဖြစ်နေပြန်ပါတယ်။

သူတို့တွေသာ သီးသန့်ခွဲထွက်နေချင်တယ်ဆိုရင် ဒီနယ်မြေနှစ်ခုကို ချိတ်ဆက်မယ့် လမ်းကို တည်ဆောက်မှာ မဟုတ်ဘူးလေ။ အဖြေတစ်ခုရဖို့အတွက် သူတို့ဟာ လူပုနိုင်ငံတော် ဆီကို ဆက်ပြီး သွားနေခဲ့ကြရာ နောက်ဆုံးမှာတော့ လူပုကင်းစောင့်တစ်ဖွဲ့က သူတို့အနားကို ချဉ်းကပ်လာပါတော့တယ်။

"မင်းတို့ လူသားတွေမှာ ရီနေးတား ကုမ္ပဏီရဲ့ အမှတ်အသား မပါဘူး။ ငါတို့ရဲ့ နယ်မြေထဲကို ဝင်ရောက်ခွင့် မရှိဘူး"

* * * * * * * * *

All Chapters