အခန်း ၆၆၅
Vol. 56 Ch. 665
အခန်း(၆၆၅)
အဲရစ်နဲ့ သီအိုဒိုရာတို့က သူတို့ ခုတင်က ကြားလိုက်ရတဲ့ စကားကိုတောင် မယုံနိုင်ဘဲ ဖြစ်နေကြတယ်လေ။ သူက မိုက်ကယ်ကို အခု သဲဒင်္ဂါး တစ်သိန်း ပေးမယ့်အပြင် လတိုင်း လတိုင်းကိုလည်း နောက်ထပ် တစ်သောင်း ထပ်ပေးဦးမယ် ဟုတ်လား။
ဒီ လာတော့မယ့် ပွဲတော်ကနေ မက်ထရိုပိုလစ်မှာ ရှိတဲ့ ကုမ္ပဏီကြီး ကုမ္ပဏီငယ် အားလုံးဟာ တစ်လတည်းနဲ့ သဲဒင်္ဂါး တစ်ထောင် ရဖို့တောင် အသေအလဲ ကြိုးစားကြရမှာဖြစ်ပြီး ရပြီဆိုရင်လည်း အတိုင်းထက်အလွန်ကို ကျေနပ်သွားကြမှာပေါ့။
ဒါပေမဲ့ အခုတော့ မိုက်ကယ်က အဲဒီတစ်ခုတည်းကတင် တစ်နှစ်ကို ဝိညာဉ်ဆီ ၁၂ စက် ရဖို့ သေချာပေါက် အာမခံချက် ရှိသွားပြီလေ။
အဲဒီအချိန်မှာတင် ရိဒ်က သူ့အိတ်ထဲကို နှိုက်လိုက်ပြီး အိတ်အသေးလေးတစ်လုံးကို ထုတ်ကာ မိုက်ကယ်ဆီ ကမ်းပေးလိုက်တယ်။
မိုက်ကယ်က အဲဒီအိတ်ကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ သန္တာကျောက်တုံးလို အသွင်အပြင်မျိုး ရှိတဲ့ အဝိုင်းရောင် အစိမ်းရောင် ပစ္စည်းတွေ တောင်လိုပုံနေတဲ့ မှော်ကမ္ဘာငယ်လေး တစ်ခုကို တွေ့လိုက်ရတာပေါ့။
သူက အဲဒီအထဲက တစ်ခုကို ကောက်ကိုင်ပြီး အနီးကပ် သေချာ ကြည့်လိုက်တယ်။
"ဒါက သဲဒင်္ဂါးပေါ့" လို့ သူက ရေလူသားတွေ တီထွင်လိုက်တဲ့ ငွေကြေးစနစ်ကို စိတ်ဝင်တစားနဲ့ ရေရွတ်လိုက်တယ်။
သဲဒင်္ဂါးက သာမန်ဒင်္ဂါးပြားတစ်ခုလို သေးငယ်ပြီး ၎င်းရဲ့ အရှေ့ဘက်မှာ သုံးခွလှံပုံစံ တံဆိပ် နှိပ်ထားတာပေါ့။
ဒါတင်မကသေးဘူး၊ ဒီသဲဒင်္ဂါးတွေက သက်ရှိတွေလိုပဲ ဖြစ်နေပုံရတယ်။ ၎င်းရဲ့ မျက်နှာပြင်ပေါ်က အဖုအထစ်လေးတွေက သားကောင်ကို ဖမ်းယူဖို့ ကြိုးစားနေတဲ့ သန္တာကျောက်တစ်တုံးလိုမျိုး လှုပ်စိလှုပ်စိ ဖြစ်နေကြတာလေ။
"သဲဒင်္ဂါးက ပင်လယ်ဧကရာဇ်ရဲ့ ဖန်တီးမှုတစ်ခုပဲ။ ငါတို့က ဒီငွေကြေးကို တန်ဖိုးထားကြတယ်၊ ဘာလို့လဲဆိုတော့ ဒါက ငါတို့အနားမှာ ရှိနေတဲ့အခါ သူ့ကို ပိုပြီး နီးစပ်သွားသလို ခံစားရစေပြီး ငါတို့ကို စိတ်အေးချမ်းမှု ပေးလို့ပဲ"
ဒါကတော့ အမှန်ပဲလေ။ ငါ့လက်ထဲမှာ သဲဒင်္ဂါး တစ်သိန်း တစ်သောင်း ရှိနေတာဆိုတော့ ငါလည်း စိတ်အေးချမ်းမှု ရတာပေါ့။
"ကျေးဇူးတင်ပါတယ်။ ဒါကို တကယ်ပဲ တန်ဖိုးထားပါတယ်" လို့ သူက အိတ်ကို အိတ်ကပ်ထဲ ထည့်ရင်း ရိဒ်ကို ပြောလိုက်တယ်။
"ဒါက ငါ အနည်းဆုံး လုပ်ပေးသင့်တဲ့ အရာပဲ။ အမှန်တော့ မင်း လိုက်နာသင့်တဲ့ အကြံဉာဏ်တစ်ခု ငါ့မှာ ရှိတယ်။ ဒီရိုလာကိုစတာရဲ့ လက်မှတ်တိုင်းအတွက် သဲဒင်္ဂါး ၁ ပြားစီ ကောက်သင့်တယ်လို့ ငါ ထင်တယ်" လို့ ရိဒ်က အကြံပြုလိုက်တယ်။
"တကယ်လား"
မိုက်ကယ်ကတော့ လောလောဆယ်မှာ ဒါက ဆွဲဆောင်မှုတစ်ခုပဲ ရှိသေးတာမို့လို့ ဒီကစားကွင်းအတွက် မျှတတဲ့ ဈေးနှုန်းဖြစ်အောင် တစ်ရက်စီး လက်မှတ်ကို သဲဒင်္ဂါး တစ်ပြားနဲ့ ရောင်းဖို့ စဉ်းစားထားတာလေ။
"ဟုတ်တယ်။ ရေလူသား အတော်များများက သူတို့ရဲ့ ဘဝမှာ အနည်းဆုံး တစ်ကြိမ်လောက်တော့ ဒီရိုလာကိုစတာကို စီးဖူးဖို့အတွက် အဲဒီ မဆိုစလောက် သဲဒင်္ဂါး တစ်ပြားကို သုံးဖို့ ဝန်လေးကြမှာ မဟုတ်ဘူး"
ရိဒ်က တခြား ရေလူသားတွေ ဒီရိုလာကိုစတာကို ကြုံတွေ့ပြီးသွားရင် ဘာတွေးမလဲဆိုတာကို အတိအကျ သိနေတာပေါ့။ သူက ဒီစီးပွားရေးရဲ့ အလားအလာကို သိနေတာလေ။
တကယ်လို့ မိုက်ကယ်သာ ရိုလာကိုစတာအတွက် တစ်ရက်တာ စိတ်ကြိုက်စီး လက်မှတ်ကို ရောင်းလိုက်မယ်ဆိုရင် လူတန်းကြီးက ဘယ်လိုမှ မခံမရပ်နိုင်လောက်အောင် ရှည်လျားသွားလိမ့်မယ်။
အဲဒီအချိန်မှာပဲ အဲရစ်က မိုက်ကယ်အနေနဲ့ ဒီရိုလာကိုစတာကနေ ရလာနိုင်မယ့် ဝင်ငွေတွေကို စိတ်ထဲကနေ စပြီး တွက်ချက်ရင်း သူမရဲ့ ပါးစပ်တစ်ခုလုံးကို လက်နဲ့ မအုပ်ဘဲ မနေနိုင် ဖြစ်သွားခဲ့ရတယ်။
"ဒါက တကယ့်ကို အံ့ဩစရာကြီးပဲ။ တကယ်လို့ သူက ရေလူသား အများကြီးကို သူ့ရဲ့ ဖောက်သည်တွေအဖြစ် ရရှိနိုင်မယ်ဆိုရင် ဒါက ဆက်တိုက်ကို ပိုပြီးတော့ တိုးတက်ကြီးထွားလာတော့မှာပဲ..."
ပြီးတော့ သူမအနေနဲ့ ဒါတွေအားလုံးကို တကယ်လည်း မနာလို မဖြစ်နိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် မိုက်ကယ် လုပ်ခဲ့တဲ့အရာကို သူမ ဘယ်တော့မှ လုပ်နိုင်မှာ မဟုတ်ဘူးဆိုတာကို သူမ သိနေတာပဲလေ။
သီအိုဒိုရာလည်း အလားတူပဲ အံ့အားသင့်မဆုံး ဖြစ်နေရတယ်။ သူမက မိုက်ကယ်ကို အသက်ငယ်သေးလို့ ဆိုပြီး အောက်ကျနောက်ကျနိုင်သူတစ်ယောက်လို ဆက်ဆံခဲ့တာလေ။ အခုတော့ သူမရဲ့ ထင်မြင်ချက်က လုံးဝဥဿုံ မှားယွင်းသွားခဲ့ပြီပေါ့။
"သူ လုပ်နိုင်ခဲ့တဲ့ အရာက တကယ့်ကို ထူးခြားဆန်းပြားလွန်းပါတယ်" လို့ ဂျူနီပါက ချီးကျူးလိုက်တယ်။ "သူ့ရဲ့ အလားအလာကို ကျော်လွန်နိုင်မယ့်အရာ ဘာမှ ရှိလိမ့်မယ်လို့ ငါ မထင်ဘူး"
အဲဒီအချိန်မှာတင် တံခါးဝဆီကနေ ကျယ်လောင်တဲ့ တီတီမြည်သံတစ်ခုကို သူတို့ ရုတ်တရက် ကြားလိုက်ရတယ်။
ဂျူနီပါနဲ့ ကျန်တဲ့သူတွေက အဝင်ဝနားမှာ ဧရာမ မော်တော်ကားကြီး လေးစီး လာရပ်တာကို ကြည့်နေကြတာပေါ့။
"အဲဒါ ဘာကြီးလဲ" လို့ ဂျူနီပါနဲ့ သီအိုဒိုရာက ပြိုင်တူ မေးလိုက်ကြတယ်။
အဲရစ်ကတော့ ဒါကို ချက်ချင်းပဲ မှတ်မိလိုက်တယ်။ "ဒါ မော်တော်ကားပဲလေ"
"ဟုတ်တယ်။ အခုလည်း မိုးချုပ်တော့မယ်ဆိုတော့ မင်းတို့အားလုံး ရီနေးတားနိုင်ငံတော်မှာပဲ တစ်ညလောက် တည်းခိုသွားသင့်တယ်လို့ ငါ ထင်တယ်"
သူတို့အားလုံး နေဝင်ရိုးစွန်းနားမှာ နေဝင်တော့မယ့် ရီနေးတားနိုင်ငံတော်ဆီကို လှမ်းကြည့်လိုက်ကြတယ်။ ထို့နောက် ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်ဆီကို လုံးဝ ပျောက်ကွယ်မသွားခင်မှာတင် နေမင်းဆီကနေ နောက်ဆုံး လိမ္မော်ရောင် အလင်းတန်းတွေ ဖြာထွက်လာခဲ့ပြီလေ။
ညဉ့်မှောင်လာတာနဲ့အမျှ ရီနေးတားနိုင်ငံတော်က မီးရောင်စုံတွေက ကောင်းကင်ယံမှာ ဖြန့်ကျက် လင်းထိန်သွားခဲ့တယ်။ ခြောက်သွေ့သွေ့'ပူပြင်းလှတဲ့ မြေရိုင်းတောအလယ်က ဒီမြေကွက်ငယ်လေးက အပေါ်က ကြယ်တွေ စုံလင်နေတဲ့ ညကောင်းကင်ယံထက်တောင် ပိုပြီး လင်းထိန်ကာ မှော်ဆန်နေတုန်းပဲ။
"ငါ အထင်မှားသွားခဲ့တာပဲ" လို့ ဂျူနီပါက သူမရဲ့ ထိတ်လန့်မှုကို အောင့်အီးရင်း ပြောလိုက်တယ်။
ဒါက သူတို့ထဲက ဘယ်သူမဆို လျှပ်စစ်ဓာတ်အားရဲ့ စွမ်းပကားကို ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ခဲ့ရတာပဲလေ။
* * * * * * * *
လူတိုင်းက ရီနေးတားနိုင်ငံတော်ရဲ့ မီးရောင်တွေကို အံ့ဩတကြီး ငေးမောကြည့်နေကြစဉ်မှာပဲ မိုက်ကယ်က သူ့အင်္ကျီကို ဆွဲဆွဲနေတာကို ခံစားလိုက်ရတယ်။
သူ လှည့်ကြည့်လိုက်တော့ သူ့ကို မော့ကြည့်နေတဲ့ နစ်စီကို တွေ့လိုက်ရတာပေါ့။
"ဘာလဲ နစ်စီ။ မင်း ရိုလာကိုစတာကို နောက်တစ်ခေါက် ထပ်စီးချင်လို့လား"
"ကသူလူး... အဲဒီမှာ..."
သူမက ရိုလာကိုစတာ စီးမယ့် ရေလူသားအသစ်တွေကို အခုတင်ပဲ ဝါးမြိုလိုက်တဲ့ ကသူလူးရဲ့ ခေါင်းကြီးဆီကို ညွှန်ပြနေတာလေ။
"ငါက ဒါကို အစစ်နဲ့ တူအောင်လို့ ကသူလူးရဲ့ အကွာအဝေး အရေခွံကို သုံးပြီး လုပ်ထားတာပါ" လို့ သူက သူမကို ရှင်းပြလိုက်တယ်။
"ကသူလူး... အဲဒါက စကားပြောတယ်..."
"အော်... ဟုတ်သားပဲ။ ငါတို့က ရိုလာကိုစတာရထားတွဲ တစ်လျှောက်လုံးမှာ ဖွင့်ဖို့အတွက် ကြိုတင် အသံသွင်းထားတဲ့ အသံကို သုံးထားတာလေ"
နစ်စီက ခေါင်းခါပြပြီး သူ့ရဲ့ ရှင်းပြချက်ကို ငြင်းဆန်လိုက်တယ်။
"အစစ်အမှန်... ရှိနေခြင်း..."
သူမရဲ့ စကားတွေကြောင့် သူ ကသူလူးဆီကို ပြန်မော့ကြည့်လိုက်မိတယ်။ ဒါပေမဲ့ ခုထိတော့ အဲဒီ ဧရာမ ရုပ်တုကြီးဆီကနေ သက်ရှိအရိပ်အယောင် ဘာမှ မတွေ့ရသေးဘူးလေ။
သူမ ဘာတွေ ပြောနေတာပါလိမ့်။
| ငှဲ..ငှဲ..ငှဲ..ငှဲ…ငှဲ…. အဲဒီ အဖိုးကြီး အစုတ်ပလုတ်။ သူက ပျင်းနေတာလေ။ သူက ရုပ်တုရဲ့ မျက်လုံးတွေကနေတစ်ဆင့် မြင်နိုင်ဖို့အတွက် သူ့ရဲ့ စိတ်အသိစိတ်ဓာတ် အနည်းငယ်ကို သူ့ရဲ့ အရေခွံဟောင်းထဲ ထည့်ထားတာပဲ |
နစ်စီ ပြောတာ မှန်နေတာပဲ။
| သူက မင်းကို တကယ်ပဲ သဘောကျသွားပုံရတယ်။ ရှေးဦး ပင်လယ်မိစ္ဆာကြီးတစ်ကောင်က ကုန်းပေါ်က ပစ္စည်းတစ်ခုကို ကောင်းချီးပေးတယ်ဆိုတာ နေ့တိုင်း ဖြစ်နေကျအရာ မဟုတ်ဘူးလေ |
ကသူလူးရဲ့ တကယ့်ရှိနေခြင်းကြောင့်ပဲ ဒီရိုလာကိုစတာရထားတွဲက အလွန်အမင်းကို အစစ်အမှန်အတိုင်း ဖြစ်နေခဲ့တာ ဖြစ်နိုင်တယ်။ အဲဒါအတွက်တော့ သူ ကျေးဇူးတင်ရမှာပေါ့။
ထို့နောက် နစ်စီက သူ့ကို မော့ကြည့်လိုက်တယ်။ "ကျေးဇူးပဲ... အစ်ကိုကြီး..."
ပြီးတော့ သူမက လှည့်ပြီး သူမရဲ့ မိဘတွေဆီကို ပြန်လျှောက်သွားတော့တယ်။
အဲဒီ အပြန်အလှန် ဆက်ဆံမှုလေးက မိုက်ကယ်ရဲ့ နှလုံးသားကို နွေးထွေးသွားစေခဲ့ပြီလေ။ လွန်ခဲ့တဲ့ နာရီပိုင်းလောက်ကတင် သူမက လမ်းတောင် မလျှောက်နိုင်၊ စကားတောင် မပြောနိုင်ခဲ့တာ။ သူကတော့ ဒီကမ္ဘာကြီးမှာ တကယ်ပဲ ပြောင်းလဲမှုတစ်ခုကို ဖန်တီးနေခဲ့တာပေါ့။
* * * * * * * *
ညဉ့်နက်လာတဲ့အခါမှာတော့ မိုက်ကယ်က ရီနေးတားလူမျိုးတွေကို မော်တော်ကားတွေနဲ့ ဧည့်သည်တွေကို ရီနေးတားနိုင်ငံတော်ဆီ လိုက်လံပို့ဆောင်ပေးဖို့ စီစဉ်လိုက်တယ်။
အဲရစ်၊ သီအိုဒိုရာနဲ့ ဂျူနီပါတို့က ရိုလာကိုစတာထက်စာရင် ကားစီးရတာကို ပိုပြီးတော့တောင် အံ့ဩနေကြသေးတယ်။ မော်တော်ကားတွေနဲ့ ရင်းနှီးမှုမရှိတဲ့ ထိုနှစ်ယောက်အတွက်ကတော့ ဒါက ဘာမှော်ပညာမှ မသုံးဘဲ ဒီလောက်အထိ မြန်မြန်ဆန်ဆန် သွားနိုင်တာကို သိလိုက်ရလို့ ထိတ်လန့်သွားကြရတာပေါ့။ အဲရစ်အတွက်ကတော့ ရီနေးတားလူမျိုး တိုင်းလိုလိုမှာ စီးဖို့ မော်တော်ကားတစ်စီးစီ ရှိကြတယ်ဆိုတာကို သိလိုက်ရလို့ အံ့အားသင့်ပြီး မှင်တက်သွားခဲ့ရတယ်။
ဒါက သူတို့ ရိုးမှန်နေကျ မဟုတ်တဲ့ လုံးဝ ပတ်ဝန်းကျင်အသစ်ကြီးပဲလေ။ သူတို့က ဂြိုဟ်တုကမ္ဘာတစ်ခုထဲ ရောက်နေသလိုမျိုး ခံစားနေကြရတာပေါ့။
မိုးမျှော်တိုက်တွေ၊ လျှပ်စစ်မီးရောင်တွေနဲ့ သူတို့ပတ်ပတ်လည်က မရင်းနှီးတဲ့ နည်းပညာတွေက သူတို့ကို နေရာမှား ရောက်နေသလိုမျိုး ခံစားရစေတယ်။
မိုက်ကယ်က သူတို့ကို သူတို့ရဲ့ ကိုယ်ပိုင် ဧည့်ဂေဟာတွေဆီ ခေါ်သွားပေးလိုက်တယ်။
အဲဒီနေရာမှာတင် သူတို့ဟာ ဒီနယ်မြေမှာ ရီနေးတားလူမျိုးတိုင်း ပုံမှန်ဖြစ်နေကျဖြစ်တဲ့ အဆင်ပြေမှုတွေကို စတင်တွေ့ရှိလာခဲ့ကြပြီပေါ့။
အဲကွန်း၊ ရေပိုက်စနစ်၊ အပူပေးစနစ်၊ မီးရောင်စုံတွေ... ဒါတွေအားလုံးက သူတို့ရဲ့ ကိုယ်ပိုင်အိမ်တွေမှာသာ ရှိမယ်ဆိုရင် လူနေမှုဘဝကို အများကြီး ပိုပြီး လွယ်ကူသွားစေမယ့် အရာတွေချည်းပဲလေ။
အထူးသဖြင့် ရိဒ်နဲ့ တခြား ရေလူသားတွေကတော့ မောင်းတံလေးတစ်ခုကို လှည့်လိုက်ရုံတင်နဲ့ ရေကို အလွယ်တကူ ရနိုင်တဲ့ ပုံစံမျိုးကို သိပ်ကို သဘောကျသွားကြတယ်။
ဒီအချက်တစ်ခုတည်းကတင် သူတို့အနေနဲ့ ကုန်းပေါ်က တခြား ဘယ်နေရာမှာမှ မနေချင်တော့ဘူးဆိုတာကို သိလိုက်ကြပြီလေ။ သူတို့ရဲ့ လည်ပတ်မှု လက်ကျန်ရက်တွေအတွင်းမှာ ရီနေးတားနိုင်ငံတော်မှာပဲ နေထိုင်သွားရရင်ကို သူတို့ ပျော်နေကြတော့မှာပေါ့။
အဲဒီအချိန်မှာပဲ ဂျူနီပါက မိုက်ကယ်ဟာ မက်ထရိုပိုလစ်တင်မကဘဲ တော်ဝင်တိုက်ကြီးထက်တောင် ကျော်လွန်တဲ့ ကြီးကျယ်ခမ်းနားမှုတွေဆီကို ရောက်ရှိဖို့ ကံပါလာခဲ့ပြီဆိုတာကို စတင်သဘောပေါက်လာရင်း ဒါတွေအားလုံးကို စိတ်ထဲမှာ မှတ်တမ်းတင်နေမိတယ်။
ရီနေးတားနိုင်ငံတော်က သူမ ရောက်ဖူးသမျှထဲမှာ အကောင်းဆုံး မြို့တစ်မြို့ပဲလေ။ ပြီးတော့ သူမ ကြားဖူးသလောက်ဆိုရင် သူတို့က ဒါကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကမှ တည်ဆောက်ခဲ့တာ ဖြစ်တယ် တဲ့။
သူတို့ရဲ့ တိုးတက်မှုကတော့ တကယ့်ကို မယုံနိုင်စရာကြီးပါပဲ။
ဒါတွေအားလုံးက လူတစ်ယောက်တည်းကြောင့်ပဲပေါ့။ မိုက်ကယ်။ မိုက်ကယ် ဗန်ဒါဘစ်။
ဒီနိုင်ငံရဲ့ နေရာအနှံ့အပြားမှာ သူ့ရဲ့ မျက်နှာကို ကပ်ထားတာကို မြင်တွေ့ပြီးတဲ့နောက်မှာတော့ သူမဟာ သူ့ရဲ့ မျိုးရိုးနာမည်ကို နောက်ဆုံးတော့ သိသွားခဲ့ရပြီလေ။
"နောက်ဆုံးတော့လည်း ကြီးကျယ်တဲ့ ခြင်္သေ့ကြီးရဲ့ မျိုးရိုးဗီဇတွေက ဆက်ခံခြင်း ခံခဲ့ရတာပဲပေါ့" လို့ သူမက တိုးတိုးလေး ရေရွတ်လိုက်တော့တယ်။
* * * * * * * *
စာစဉ်(၅၆)