အခန်း (၇၉၅-၇၉၆)
Vol. 67 Ch. 795-796
အခန်း(၇၉၅)
မိုက်ကယ်က သူ့ရဲ့ သဟဇာတကိုယ်ပွားကို ကျေနပ်အားရစွာနဲ့ စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ ဒီကိုယ်ပွားအသစ်က အရိပ်ကိုယ်ပွားတွေနဲ့ လုံးဝကို ကွဲပြားခြားနားနေတာပဲ။
အချက်တစ်ချက်ကတော့ သူ့ရဲ့ ခွန်အားပဲ။ သဟဇာတသတ္တဝါတစ်ကောင် ဘယ်လောက်အထိ သန်မာနိုင်သလဲဆိုတာကို သူ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ခဲ့ရပြီးပြီလေ။ သူ့ရဲ့ အမြန်နှုန်းက သဟဇာတသေနတ် လိုမျိုး ချက်ချင်းဖြစ်ပေါ်နိုင်သလို သူ့ရဲ့ ခွန်အားကလည်း သဟဇာတစွမ်းအင်လိုပဲ ဖျက်ဆီးနိုင်စွမ်း အလွန်ကြီးမားတယ်။
ဒီ သဟဇာတကိုယ်ပွား က မက်ဂ်နက်တစ်တွေကိုတောင် ရင်ပေါင်တန်း ယှဉ်ပြိုင်နိုင်စွမ်းရှိမယ်လို့ သူ မြင်နေမိတယ်။ သူ့ရဲ့ သဘာဝ သဟဇာတခန္ဓာကိုယ်က တန်ခိုးစွမ်းရည် တော်တော်များများကို ကာကွယ်ပေးနိုင်ပြီး အဲဒီစွမ်းရည်တွေကို အသုံးမဝင်ဖြစ်သွားစေမှာပဲ။
ပြီးတော့ နိုဗာရဲ့ အဆိုအရ သူက သူ့ရဲ့ သဟဇာတကိုယ်ပွားနဲ့ အချိန်မရွေး နေရာဖလှယ်နိုင်တယ်တဲ့လေ။
အရင်တုန်းက ကူနိုရဲ့ မြေအောက်ရဲတိုက်မှာ သူ ပိတ်မိနေခဲ့စဉ်က သူ့ရဲ့ အရိပ်ကိုယ်ပွားတွေနဲ့ အဆက်အသွယ်မရခဲ့လို့ ထွက်သွားလို့ မရခဲ့ဘူး။ အဲဒီနေရာရဲ့ နံရံတွေမှာတင် တန်ခိုးစွမ်းရည်တွေ စီးဆင်းနေတာမို့ သူနဲ့ အပြင်ကမ္ဘာက မှော်စွမ်းအင်တွေအကြား ဘယ်လိုမှ အဆက်အသွယ်လုပ်လို့ မရခဲ့တာ။
ဒါပေမဲ့ အခုတော့ အခြေအနေတွေက မတူတော့ဘူး။ ဒီကိုယ်ပွားကို တန်ခိုးစွမ်းရည်တွေကို ယှဉ်ပြိုင်တိုက်ခိုက်နိုင်တဲ့ တစ်ခုတည်းသော စွမ်းအားဖြစ်တဲ့ သဟဇာတစွမ်းအင်နဲ့ ဖန်တီးထားတာလေ။
တကယ်လို့ သူသာ အဲဒီလို အခြေအနေမျိုး ထပ်ပြီးပိတ်မိခဲ့မယ်ဆိုရင် အပြင်ဘက် တစ်နေရာရာမှာ သူ့ရဲ့ [သဟဇာတကိုယ်ပွား] ကိုသာ ထားခဲ့မယ်ဆိုရင် လွယ်လွယ်ကူကူနဲ့ လွတ်မြောက်နိုင်မှာပဲ။
'ဒါက တော်တော်လေး အသုံးဝင်တာပဲ...'
အဲဒီအချိန်မှာပဲ ရှေးဟောင်းကျောက်တိုင်ဆီကနေ ကျေနပ်စရာကောင်းတဲ့ သံချပ်ကာချင်း ရိုက်ခတ်သံလိုမျိုး ထွက်ပေါ်လာတာကို သူ ကြားလိုက်ရတယ်။
အက်ကွဲနေခဲ့တဲ့ ပထမဆုံးသော့ခလောက်က အခုတော့ တစ်ချိုးတည်းဖြစ်သွားပြီး သူ့ရဲ့ ကွေးညွတ်နေတဲ့ သတ္တုသော့ချိတ်က အနောက်ဘက်ကို လည်ထွက်သွားခဲ့တယ်။ သော့ပွင့်သွားခဲ့ပြီ။
ဒါက အောင်ပွဲခံရမယ့် ကိစ္စရပ်တစ်ခုပဲ။ မိုက်ကယ်က စမ်းသပ်မှုကို အောင်မြင်သွားရုံတင်မကဘဲ ရှေးဟောင်းကျောက်တိုင်ဆီကနေ အလွန်သန်မာတဲ့ သဟဇာတကိုယ်ပွားတစ်ခုကိုပါ ခိုးယူနိုင်ခဲ့တာလေ။
ဒါပေမဲ့ ဒီပျော်ရွှင်မှုက သိပ်မကြာလိုက်ဘူး။ ရှေးဟောင်းကျောက်တိုင်ပေါ်က နောက်ထပ် သော့ခလောက်တစ်ခုက အလင်းရောင်တွေနဲ့ စတင်တောက်ပလာတာကို သူ ရုတ်တရက် မြင်လိုက်ရတယ်။
မိုက်ကယ်ရဲ့ ခန့်မှန်းချက်တွေ မှန်ကန်သွားခဲ့ပြီ။ သူက ပထမဆုံး စမ်းသပ်မှုကိုပဲ အောင်မြင်ခဲ့တာ။ နောက်ထပ် နှစ်ခု ကျန်နေသေးတယ်။
'ဒီစမ်းသပ်မှုက တကယ့်ကို ရက်စက်တာပဲ' လို့ သူ မှတ်ချက်ချလိုက်တယ်။ သဟဇာတသတ္တဝါကို ရင်ဆိုင်ရတဲ့နေရာမှာ သူကလွဲလို့ တခြားဘယ်သူမှ အောင်မြင်နိုင်မယ်လို့ သူ မထင်ဘူး။ 'ဒါပေမဲ့ ဒါကြောင့်ပဲ ထိုက်တန်တဲ့သူတွေသာ သူ့ရဲ့ အမွေအနှစ်ကို ရနိုင်မယ်လို့ အရိုးက ဆိုထားတာနေမှာပေါ့'
သူ အဲဒီလို တွေးနေစဉ်မှာပဲ သော့ခလောက်ပေါ်က အချိန်မှတ်စက်က ကုန်ဆုံးသွားတာနဲ့အမျှ ရှေးဟောင်းကျောက်တိုင်ပေါ်က အလင်းတန်းက ရုတ်တရက် ပိုပိုပြီး တောက်ပလာခဲ့တယ်။
အလင်းရောင်ထဲကနေ ပုံရိပ်တစ်ခု ထွက်ပေါ်လာပြီး သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ရောင်စဉ်တန်းစွမ်းအင်တွေနဲ့ လွှမ်းခြုံထားကာ ရှေးဟောင်းကျောက်တိုင်ရှေ့ကို ဥက္ကာပျံတစ်ခုလို ပြုတ်ကျလာခဲ့တယ်။
မိုက်ကယ်က ရှေးဟောင်းကျောက်တိုင်ဆီက ဒီ စမ်းသပ်မှု အသစ်ကို စိုက်ကြည့်ရင်း မျက်မှောင်ကျုတ်လိုက်မိတယ်။
ဘာပဲဖြစ်ဖြစ် ဒီပုံရိပ်က နောက်ထပ် သဟဇာတသတ္တဝါတစ်ကောင် ဖြစ်နေတာပဲလေ။
အရင်တစ်ကောင်နဲ့ လုံးဝကို ပုံစံတူပြီး ဘာကွာခြားချက်မှ မရှိသလိုပဲ။
၎င်းရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ရောင်စဉ်တန်းအလင်းရောင်တွေနဲ့ ဖုံးလွှမ်းထားပြီး ခြေနှစ်ဖက်ပေါ် ရပ်နေကာ ဘေးဘက်မှာ လက်နှစ်ဖက် ရှိနေတယ်။ ၎င်းရဲ့ ခေါင်းမှာတောင် မျက်နှာမပါတာမို့ ဒီသတ္တဝါက အခု ဘာခံစားနေရလဲဆိုတာကို မိုက်ကယ်အနေနဲ့ လုံးဝ အရိပ်အမြွက်တောင် သိနိုင်စရာ မရှိဘူး။
၎င်းက မိုက်ကယ်ကို စိုက်ကြည့်နေသလို မိုက်ကယ်ကလည်း ၎င်းကို ပြန်ပြီး စိုက်ကြည့်နေခဲ့တယ်။
မိုက်ကယ်က လက်ကို မြှောက်လိုက်ပြီး လက်ညှိုးကနေ ရောင်စဉ်တန်းတွေ တောက်ပလာကာ သဟဇာတသတ္တဝါအသစ်ဆီကို သဟဇာတသေနတ် တစ်ချက် ပစ်လွှတ်လိုက်တယ်။
အလင်းတန်းက သဟဇာတသတ္တဝါဆီ ပျံသန်းသွားချိန်မှာ ၎င်းက ၎င်းရဲ့လက်ကို ပေါ့ပေါ့ပါးပါး မြှောက်လိုက်ပြီး အဲဒီအလင်းတန်းကို အောက်ဘက်ဆီ ပုတ်ချလိုက်တာမို့ မြေပြင်ကလွဲလို့ ဘာကိုမှ မလောင်ကျွမ်းစေခဲ့ဘူး။
ဒီသဟဇာတသတ္တဝါက အရင်တစ်ကောင်နဲ့ လုံးဝကို ပုံစံတူနေပေမဲ့လည်း ဒီသတ္တဝါကို ရင်ဆိုင်ရတာက ပိုပြီး အန္တရာယ်များတယ်လို့ မိုက်ကယ် ခံစားနေရတယ်။
ဘာကြောင့်မှန်း သူ မသိပေမဲ့ အရင် သဟဇာတသတ္တဝါဆီမှာ မရှိတဲ့ ခွန်အားတစ်မျိုး သူ့ဆီကနေ ထွက်ပေါ်နေတယ်။
ပြီးတော့ ရုတ်တရက် သူ ရွေ့လျားသွားတယ်။ သူက မိုက်ကယ်ရဲ့ အမြင်အာရုံထဲကနေ ပျောက်ကွယ်သွားပြီး မိုက်ကယ်ရဲ့ ရှေ့မှာ သူ့ရဲ့ လက်နှစ်ဖက်ကို ခေါင်းပေါ်မြှောက်ထားလျက်သား ပြန်ပေါ်လာခဲ့တယ်။
မိုက်ကယ်က ဒါကို အရင်က ကြုံဖူးသလိုမျိုး ခံစားလိုက်ရတယ်။ ဒါက အရင်တုန်းက သဟဇာတသတ္တဝါ လုပ်ခဲ့တဲ့ တိုက်ခိုက်မှုမျိုးပါပဲ။
သင်ခန်းစာ ရထားပြီးဖြစ်တာမို့ သူက သူ့ရဲ့ ရောင်စဉ်တန်းဒိုင်းလွှားနဲ့ သူ့ကိုယ်သူ ကာကွယ်ဖို့ မကြိုးစားတော့ဘူး။
သူက သူ့ရဲ့ သဟဇာတကိုယ်ပွား နဲ့ နေရာဖလှယ်လိုက်ရုံတင်ပဲ။
ခပ်ဖွဖွ တုန်ခါမှုလေးတစ်ခုနဲ့အတူ သူ့ရဲ့ ခန္ဓာကိုယ်က ရုတ်တရက် ပြောင်းလဲသွားပြီး တစ်ကိုယ်လုံးကို ရောင်စဉ်တန်းအလင်းရောင်တွေ လွှမ်းခြုံသွားခဲ့တယ်။ ချက်ချင်းဆိုသလိုပဲ သဟဇာတသတ္တဝါဟာ ခံစားချက်ကင်းမဲ့နေတဲ့ မျက်နှာထားကလွဲရင် တစ်ထပ်တည်းတူနေတဲ့ မိုက်ကယ်ရဲ့ ပုံရိပ်တစ်ခုနဲ့ မျက်နှာချင်းဆိုင်အနေအထား ဖြစ်သွားတော့တယ်။
သဟဇာတသတ္တဝါက မိုက်ကယ်ရဲ့ ကိုယ်ပွားဆီ လက်ကို ရွယ်ကာ တိုက်ခိုက်လိုက်ရာ ကိုယ်ပွားကလည်း လက်နဲ့ ကာကွယ်လိုက်တဲ့အတွက် အချင်းချင်း ပြင်းပြင်းထန်ထန် ရိုက်ခတ်မိသွားတယ်။ ထိခိုက်မိသွားချိန်မှာပဲ ရောင်စဉ်တန်းအလင်းရောင်တွေ လွင့်စင်ထွက်လာပြီး စွမ်းအားတူညီတဲ့ သတ္တဝါနှစ်ကောင် တိုက်ခိုက်ကြတဲ့အခါ ဘယ်လောက်တောင် ပြင်းထန်သလဲဆိုတာကို သက်သေပြနေတယ်။
အဲဒီအချိန်မှာပဲ နေရာနှစ်ခုကနေ သဟဇာတအလင်းတန်း နှစ်ခုက တစ်ပြိုင်နက်တည်း ထွက်ပေါ်လာပြီး သဟဇာတသတ္တဝါရဲ့ ခေါင်းကို ပစ်မှတ်ထားလာတယ်။ မိုက်ကယ်နဲ့ သူ့ရဲ့ ဒရုန်းဆီကနေ သဟဇာတအလင်းတန်းတွေနဲ့ ပစ်ခတ်လိုက်တာဖြစ်ပြီး သတ္တဝါကလည်း သူ့ခေါင်းဘေးမှာ လက်တွေကိုမြှောက်ကာ ချက်ချင်း ကာကွယ်လိုက်တယ်။
အလင်းတန်းနှစ်ခုဟာ သတ္တဝါရဲ့ လက်ဖျံတွေကို ထိမှန်သွားပေမဲ့ ဘေးဘက်ကို လွင့်စင်သွားတဲ့အတွက် ဘာအန္တရာယ်မှ မပေးနိုင်ခဲ့ပါဘူး။ သို့သော်လည်း လက်တွေက ခေါင်းကို ကာကွယ်ထားလိုက်တဲ့အတွက် ခန္ဓာကိုယ်ပိုင်းက လုံးဝ ဟာလာဟင်းလင်း ဖြစ်သွားခဲ့တယ်။
ဒီအခွင့်အရေးကိုယူပြီး မိုက်ကယ်ရဲ့ ကိုယ်ပွားဟာ သူ့လက်တွေကနေ ရောင်စဉ်တန်းအလင်းရောင်တွေ ထုတ်လွှတ်လိုက်ကာ သဟဇာတသတ္တဝါရဲ့ ရင်ဘတ်ဆီကို လက်ညှိုးနဲ့ ထိုးစိုက်လိုက်တယ်။ အလင်းတန်းဟာ အနီးကပ်အကွာအဝေးကနေ သဟဇာတသတ္တဝါရဲ့ ရင်ဘတ်ကို ထိမှန်သွားပြီး ကျောဘက်အထိပါ ဖောက်ထွက်သွားခဲ့တယ်။
သဟဇာတသတ္တဝါ နောက်ကို ဆုတ်သွားချိန်မှာတော့ သူ့ရင်ဘတ်က ဒဏ်ရာတွေဆီကနေ မီးခိုးတွေ ထွက်နေဆဲဖြစ်တယ်။ သူဟာ နောက်ကို ယိုင်နဲ့နဲ့ ဆုတ်သွားရင်း ကျောက်ခဲတစ်လုံးနဲ့ ခလုတ်တိုက်မိကာ ဖင်ထိုင်လျက် လဲကျသွားတော့တယ်။
ထိုစဉ် မိုက်ကယ်က သူ့ရဲ့ ကိုယ်ပွားနဲ့ နောက်တစ်ကြိမ် နေရာပြန်ဖလှယ်လိုက်ပြီး သဟဇာတသတ္တဝါဆီ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားခဲ့တယ်။ သူက သဟဇာတသတ္တဝါကို ကြည့်လိုက်ပြီးနောက် လေထုထဲက မှော်စွမ်းအင်တွေကို သူ့ထံစီးဝင်လာစေဖို့ အမိန့်ပေးရင်း လက်ကို ရှေ့သို့ ဆန့်တန်းလိုက်တယ်။
သဟဇာတသတ္တဝါဟာ နောက်ဆုံးအချိန်ကို ရောက်နေပြီဖြစ်တာကြောင့် ၎င်းရဲ့ ခန္ဓာကိုယ်ကို အသုံးချပြီး နောက်ထပ် 'သဟဇာတကိုယ်ပွား' တစ်ခု ဖန်တီးနိုင်ဖို့ မိုက်ကယ် မျှော်လင့်နေခဲ့တယ်။ သူ့လက်ထဲက သဟဇာတဓားနဲ့သာ ခေါင်းကို တစ်ချက်တည်း ခုတ်ချလိုက်ရင် ကိစ္စပြတ်သွားမှာပဲလေ။
သူက ဓားရိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ပြတ်ပြတ်သားသား အားကုန်လွှဲခုတ်ကာ သဟဇာတသတ္တဝါရဲ့ ခေါင်းကို ဖြတ်ချလိုက်တယ်။ ပြတ်ကျသွားတဲ့ ခေါင်းဟာ ကြမ်းပြင်ပေါ်ကို အသက်မဲ့စွာ ကျသွားပြီး ရှေ့ကို လိမ့်သွားကာ ရုတ်တရက်ဆိုသလိုပဲ အလင်းမှုန်လေးတွေအဖြစ် ပေါက်ကွဲသွားပြီး ပတ်ဝန်းကျင်က မှော်စွမ်းအင်တွေထဲ ပေါင်းစပ်ပျောက်ကွယ်သွားတယ်။
ခန္ဓာကိုယ်ကြီးကလည်း အသက်မဲ့သွားပြီး ခန္ဓာကိုယ်ထဲက မှော်စွမ်းအင်တွေ ဖြည်းဖြည်းချင်း အရည်ပျော်ကျလာတယ်။ မိုက်ကယ်က ပတ်ဝန်းကျင်က မှော်စွမ်းအင်တွေကို ထိန်းချုပ်ပြီး သူ့ရဲ့ပုံရိပ်နဲ့ နောက်ထပ် သဟဇာတကိုယ်ပွားတစ်ခု ဖန်တီးဖို့ အဆင်သင့်ဖြစ်နေတဲ့အနေအထားနဲ့ သူ့လက်တွေကို မြှောက်လိုက်တယ်။
ဒါပေမဲ့ သူ အဲဒီလို လုပ်ဖို့ ပြင်လိုက်ချိန်မှာပဲ ရင်ဘတ်ပေါ်က စောစောက အပေါက်ဖောက်ခံထားရတဲ့ ဒဏ်ရာကို ရုတ်တရက် မြင်လိုက်ရတယ်။ အဲဒီအထဲမှာ တလက်လက် တောက်ပနေတဲ့ အရာတစ်ခုကို သူ မြင်လိုက်ရတယ်။
တကယ်တော့ အဲဒီအရာက ဒီနေရာမှာ ရှိနေဖို့ မသင့်တဲ့အရာလေ။
* * * * * * * *
စာစဉ်(၆၇)
အခန်း(၇၉၆)
မိုက်ကယ်က သဟဇာတသတ္တဝါရဲ့ ရင်ဘတ်ကို စိုက်ကြည့်လိုက်တဲ့အခါ သူ ဘယ်တုန်းကမှ ဖြစ်နိုင်မယ်လို့ မထင်ထားတဲ့ အရာတစ်ခုကို မြင်တွေ့လိုက်ရတယ်။
စူးစမ်းချင်စိတ်တွေ ပြည့်နှက်နေတာမို့ သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သဟဇာတသတ္တဝါရဲ့ အရည်ပျော်ကျနေတဲ့ ခန္ဓာကိုယ်အောက်မှာ နစ်မြုပ်နေတဲ့ တလက်လက်တောက်ပနေတဲ့ အရာလေးဆီကို အာရုံစိုက်လိုက်တယ်။
အဲဒီသတ္တဝါရဲ့ ရင်ဘတ်က စတင်တုန်ခါလာပြီးနောက် သတ္တုအရည်စက်လေး တစ်စက်က မိုက်ကယ်ဆီကို ဖြည်းဖြည်းချင်း မျောလွင့်လာခဲ့ကာ သူ့အနား နီးကပ်လာလေလေ အမြန်နှုန်းက ပိုမြန်လာလေလေပဲ။
အဲဒီအရည်စက်လေးက လေထုထဲက သဘာဝ မှော်စွမ်းအင်နဲ့ ထိတွေ့သွားတဲ့အခါ ဖြူစင်တဲ့ မီးတောက်တစ်ခုကို စတင်ထုတ်လွှတ်လာခဲ့ပြီး အဲဒါက ထိသမျှအရာအားလုံးကို ဖျက်ဆီးပစ်နိုင်မယ့် အရာတစ်ခုပဲ။
ဒါက လုံးဝ အမှားအယွင်း မရှိနိုင်ဘူး။ ဒါက နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်း တစ်ခုပဲ။
သူက လက်ယပ်ခေါ်လိုက်တာနဲ့အမျှ နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်း အရည်စက်တွေက သူ့ဆီကို ဆက်တိုက် မျောလွင့်လာကြတယ်။ သူ့လို သဘာဝရှိတဲ့သူတစ်ယောက်အပေါ် ဆွဲဆောင်နိုင်မှုက အဲဒီအရည်စက်တွေရဲ့ ခရီးစဉ်ကို ဘယ်အရာကမှ ဟန့်တားနိုင်စွမ်း မရှိစေဘူး။
သူ လုံးဝ မယုံနိုင်အောင် ဖြစ်သွားခဲ့တယ်။ ဒီ သဟဇာတသတ္တဝါရဲ့ ရင်ဘတ်ထဲမှာ နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်း တစ်ခု ရှိနေခဲ့တာပဲ။
ဒီလိုဖြစ်နိုင်မယ်လို့တောင် သူ မတွေးခဲ့ဖူးဘူး။ ဒါတွေက တစ်ခုနဲ့တစ်ခု လုံးဝ ထပ်တူမကျသင့်တဲ့ တိုက်ရိုက် ဆန့်ကျင်ဘက် စွမ်းအားနှစ်ခုလေ။ တန်ခိုးစွမ်းရည်ရဲ့ အဓိပ္ပာယ် အတိအကျက ကမ္ဘာကြီးရဲ့ လက်တွေ့အခြေအနေကို ပြောင်းလဲနိုင်ပြီး မှော်စွမ်းအင်ကိုတောင် အသုံးမဝင်အောင် လုပ်ပစ်နိုင်တာမျိုးပဲ။
အနည်းဆုံးတော့ သူ အမြဲတမ်း အဲဒီလိုပဲ တွေးခဲ့တာပေါ့။ ဒါပေမဲ့ အခုတော့ အဲဒီစွမ်းအားနှစ်ခု ပေါင်းစပ်ပြီး ဒီသတ္တဝါ ဘာပဲဖြစ်နေပါစေ အဲဒါကို ပုံဖော်ပေးနေတဲ့ သက်သေအထောက်အထားကို သူ ကိုယ်တိုင် မျက်မြင်တွေ့နေရပြီလေ။
ဒီ ရှေးဟောင်းကျောက်တိုင်ကို ဖန်တီးခဲ့သူက ရှေးဦးခေတ်က လူတစ်ယောက်ပဲ။ ဒါဆို အဲဒီခေတ်တုန်းက မှော်စွမ်းအင်နဲ့ စွမ်းရည်တွေက တစ်ခုနဲ့တစ်ခု ရောယှက်နေခဲ့တာလား။
သူ ပိုတွေးလေ အဓိပ္ပာယ် ပိုရှိလာလေပဲ။
သူက ဘာလို့ သူ့ဆီကို သဘာဝအလျောက် ဆွဲဆောင်မှုရှိနေတဲ့ နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်းတွေကို ထိန်းချုပ်ကွပ်ကဲနိုင်တဲ့ သဘာဝ မက်ဂ်နက်တစ် တစ်ယောက် ဖြစ်နေရတာလဲ။ အကြောင်းကတော့ သူက မှော်စွမ်းအင် ရှစ်မျိုးစလုံးကို အသုံးပြုနိုင်ပြီး အဲဒါကြောင့် သဟဇာတကို သုံးနိုင်တဲ့ စွမ်းအား ရှိနေလို့ပါပဲ။
လေထဲမှာ မျောလွင့်နေပြီး သူ့ရင်ဘတ်ဆီ ပစ်ဝင်လာနေတဲ့ နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်းတွေကို သူ စောင့်ကြည့်နေရင်းနဲ့ ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားခဲ့တယ်။
အရည်စက်တွေကို ဝန်းရံထားတဲ့ ဖြူစင်တဲ့ မီးတောက်က... သဟဇာတပဲ။
ဒီအချက်ကို အခုမှ သတိထားမိတဲ့အတွက် သူက သူ့နဖူးသူ ပြန်ရိုက်လိုက်တယ်။ သူက ဒါကို ဘာလို့ သဟဇာတက ဝန်းရံထားရတာလဲလို့ ဘာမေးခွန်းမှ မမေးဘဲ ရိုးရိုးရှင်းရှင်းပဲ လက်ခံထားခဲ့တာလေ။
သဟဇာတနဲ့ တန်ခိုးစွမ်းရည်တွေက တစ်ခုနဲ့တစ်ခု ရှုပ်ထွေးနက်နဲစွာ ဆက်စပ်နေကြတယ်။ ဒါက အမှန်တရားပဲ။ ဘယ်လိုဆက်စပ်နေလဲဆိုတဲ့ မေးခွန်းရဲ့ အဖြေကိုတော့ သူ အခုထိ မသိသေးဘူး။
ဒါတင်မကဘဲ နောက်ထပ် အရေးကြီးတဲ့ မေးခွန်းတစ်ခု ကျန်နေသေးတယ်။ သူ့မှာ ဒီနတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်းတွေ ရှိနေတယ်ဆိုရင် ဒီသတ္တဝါက မက်ဂ်နက်တစ် တစ်ကောင် ဖြစ်နိုင်မလားဆိုတာပဲ။
သေလုမြောပါး ဖြစ်နေတဲ့ ဒီသတ္တဝါကို သူ အကြည့်ရောက်သွားချိန်မှာ ခံစားခဲ့ရတဲ့ ခံစားချက်ကို ရုတ်တရက် သတိရသွားတယ်။ သူက ကွဲပြားတဲ့ စွမ်းအားတစ်ခုကို အာရုံခံမိခဲ့ပြီး အဲဒါက သူ့နှလုံးသားထဲမှာရှိတဲ့ နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်းတွေဆိုတာကို အခုတော့ သူ နားလည်သွားခဲ့ပြီ။
ဒါပေမဲ့ ဒါက အဓိပ္ပာယ်မရှိသေးဘူး။ တကယ်လို့ သူကသာ မက်ဂ်နက်တစ် တစ်ကောင်ဆိုရင် သူ့ကိုယ်သူ ကာကွယ်ဖို့ ဘာလို့ သူ့ရဲ့ စွမ်းရည် တစ်ခုခုကိုမှ မသုံးခဲ့တာလဲ။
သူက ဘယ်လို နိုးထမှု လက္ခဏာမျိုးကိုမှ မပြသဘဲနဲ့ကို သေဆုံးသွားခဲ့တာ။
သူ့မှာ စူးစမ်းချင်စိတ်တွေ ကြီးစိုးနေခဲ့တယ်။ ဒီ သဟဇာတသတ္တဝါအနေနဲ့ လူတစ်ယောက်လိုမျိုး အဲဒီ နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်းတွေကို အသုံးပြုနိုင်တဲ့ စွမ်းအားရှိတာလား ဒါမှမဟုတ် ရိုးရိုးရှင်းရှင်း သိုလှောင်ထားတဲ့ ခွက်တစ်ခုလိုမျိုးလားဆိုတာ သူ သိချင်နေတယ်။
ဒါက သဟဇာတသတ္တဝါကို အနိုင်ယူနိုင်တဲ့သူ ဘယ်သူ့ကိုမဆို ဆုလာဘ်အဖြစ် ရှေးဟောင်းကျောက်တိုင် ဖန်တီးရှင်က တမင်သက်သက် ရည်ရွယ်ပြီး လုပ်ထားတဲ့ ဒီဇိုင်းတစ်ခုလည်း ဖြစ်နိုင်တာပဲ။
ဒါပေမဲ့ သူ ဘယ်လောက်ပဲ ခန့်မှန်းတွေးတောနေပါစေ အခုတော့ သူ အဖြေကို ဘယ်တော့မှ သိရတော့မှာ မဟုတ်ဘူး။
နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်း အစအနလေးတွေ သဟဇာတသတ္တဝါရဲ့ ခန္ဓာကိုယ်ထဲကနေ ထွက်ခွာသွားချိန်မှာတော့ သူ့ရဲ့ သဟဇာတ အများစုက အရည်ပျော်သွားပြီး လေထုထဲမှာ ပြန့်ကျဲသွားခဲ့ပြီ။ သူ့အတွက် လေ့လာစရာ ဘာမှ မကျန်တော့ဘူးလေ။
တကယ်လို့ သူ ဒီထက်ပိုပြီး စောင့်နေမယ်ဆိုရင် သဟဇာတသတ္တဝါက သူ့ရဲ့ အခြေခံအကျဆုံး ဒြပ်စင်တွေအဖြစ် လုံးဝ ပျော်ဝင်သွားတော့မှာ။
နောက်ဆုံး စက္ကန့်လေးမှာပဲ သူက လက်ကို မြှောက်လိုက်ပြီး မှော်စွမ်းအင်တွေကို သူ့လက်ဖဝါးမှာ စုစည်းလိုက်ကာ သဟဇာတသတ္တဝါရဲ့ အလောင်းကို ဝန်းရံဖို့ အမိန့်ပေးလိုက်တယ်။
သတ္တဝါရဲ့ ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေ စတင် ပြန်ကောင်းလာတာနဲ့အမျှ အလင်းမှုန်လေးတွေက တစ်စုတစ်စည်းတည်း ဖြစ်သွားခဲ့တယ်။ ပြတ်ထွက်သွားတဲ့ သူ့ရဲ့ ခေါင်းကတောင် ပြတ်နေတဲ့နေရာကနေ ဖြည်းဖြည်းချင်း ပြန်ထွက်လာခဲ့တယ်။
ခန္ဓာကိုယ်အသစ်တစ်ခု ဖြစ်ပေါ်လာဖို့ အချိန် သိပ်မကြာလိုက်ဘူး။ အခုတော့ မိုက်ကယ်ရဲ့ဘေးမှာ သဟဇာတကိုယ်ပွား နှစ်ခု ရှိနေပြီ။
ဒါပေမဲ့ ဒီလို အသုံးဝင်တဲ့အရာကို ရရှိခဲ့ပေမဲ့လည်း သူ ဝမ်းမြောက်ဝမ်းသာ မဖြစ်နိုင်ခဲ့ဘူး။
'နိုဗာ... ဒီသဟဇာတသတ္တဝါက ဘယ်လိုလုပ်ပြီး သူ့နှလုံးသားထဲကို နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်း တစ်ခု ထည့်ထားနိုင်ခဲ့တာလဲဆိုတာ မင်း ရှာတွေ့နိုင်ခဲ့တယ်လို့ ငါ့ကို ကျေးဇူးပြုပြီး ပြောပြပါ'
[...ကံမကောင်းစွာနဲ့ပဲ မရခဲ့ပါဘူး မိုက်ကယ်... သူ့ခေါင်းကို ဖြတ်လိုက်ပြီးနောက်မှာ သူက ချက်ချင်း သေဆုံးသွားခဲ့တာမို့ သူ့ခန္ဓာကိုယ် ဘယ်လို အလုပ်လုပ်လဲဆိုတာကို ကျွန်မ လေ့လာလို့ မရခဲ့ပါဘူး]
'အနာပေါ် ဆားလာပက်နေတာပဲ... အင်းပါ၊ ငါ နားလည်ပါပြီ... ငါ အမှားလုပ်မိသွားတယ်'
[ဒါ ဆရာ့ရဲ့အမှား မဟုတ်ပါဘူး မိုက်ကယ်... အဲဒီ နတ်ဘုရားပန်းပဲဖိုရဲ့ အစိတ်အပိုင်းတွေကို ဘယ်လို ထည့်သွင်းထားလဲဆိုတာကို ကျွန်မ မြင်တွေ့နိုင်ခဲ့ရင်တောင် သဟဇာတ ခန္ဓာကိုယ် စနစ်တစ်ခုမှာ အဲဒါတွေ ဘယ်လို အလုပ်လုပ်မလဲဆိုတာကိုတော့ ကျွန်မ လုံးဝ သိနိုင်မှာ မဟုတ်ပါဘူး]
မိုက်ကယ်က သဟဇာတသတ္တဝါကို အလွယ်တကူ သတ်ပစ်လိုက်မိတဲ့အတွက် နောင်တရသွားခဲ့တယ်။ တကယ်လို့ သူ့မှာသာ တန်ခိုးစွမ်းရည် တစ်ခုခုရှိခဲ့ရင် အဲဒါကို အသုံးပြုခွင့်ရအောင်လို့ သူက ပိုပြီး ပြင်းပြင်းထန်ထန် ပြန်လည်ခုခံခဲ့ဖို့ကို သူ ဆန္ဒရှိနေမိတယ်။
"လာခဲ့... ငါ အနိုင်ယူရမယ့် နောက်ထပ် သဟဇာတသတ္တဝါ တစ်ကောင် ရှိသေးတယ်လို့ ကျေးဇူးပြုပြီး ပြောပြပါဦး" လို့ သူက ရှေးဟောင်းကျောက်တိုင်ကို တောင်းပန်လိုက်တယ်။
အဲဒီအချိန်မှာပဲ ပထမ သော့ခလောက်လိုမျိုးပဲ ဒုတိယ သော့ခလောက်က လင်းလက်လာတာနဲ့အတူ ရှေးဟောင်းကျောက်တိုင်ဆီကနေ လုံးဝ အားရကျေနပ်မှု မရှိတဲ့ အသံတစ်ခု ထွက်ပေါ်လာခဲ့တယ်။ ပြီးတော့ အဲဒါက အက်ကွဲသွားပြီး ပြီးမြောက်သွားပြီဖြစ်ကြောင်း အချက်ပြလိုက်တယ်။
သူ ရှေးဟောင်းကျောက်တိုင်ရဲ့ ဒုတိယမြောက် စမ်းသပ်မှုကို ပြီးမြောက်သွားခဲ့ပြီ။
"ကျစ်... တောက်" လို့ သူက ကျိန်ဆဲလိုက်တယ်။ ဒါက သူ့ဘဝမှာ စိန်ခေါ်မှုတွေ ပိုပြီး လိုချင်ခဲ့တဲ့ တစ်ခုတည်းသော အချိန် ဖြစ်ကောင်းဖြစ်နိုင်တယ်။
ရှေးဟောင်းကျောက်တိုင်ရဲ့ ဒီဇိုင်းဖန်တီးရှင်က သူ့ကို လာရောက်စိန်ခေါ်သူမှာ မီသရယ် ရှေးဟောင်းအမွေအနှစ် ဒရုန်း တစ်ခုနဲ့ သဟဇာတသတ္တဝါကို ကူးယူနိုင်တဲ့ စွမ်းရည်ရှိမယ်လို့ မျှော်လင့်မထားခဲ့လောက်ဘူး။
တိုက်ပွဲက လုံးဝကို တစ်ဖက်သတ် ဖြစ်သွားခဲ့တာ။
'အင်း... သဟဇာတသတ္တဝါဆီကနေ ငါ ကီလို ဘယ်လောက် ရလိုက်လဲ'
[၁ ကီလိုပဲ ရပါတယ်] လို့ နိုဗာက စိတ်ပျက်လက်ပျက်နဲ့ ဖြေလိုက်တယ်။
သဟဇာတသတ္တဝါက ခန္ဓာကိုယ်ဖွဲ့စည်းခြင်းနယ်ပယ်ရဲ့ အဆင့် ၁ မှာပဲ ရှိသေးတာမို့ သူ့ရဲ့ အဆင့် ၇ ကျင့်စဉ်နဲ့ ယှဉ်လိုက်ရင် အရမ်းကို အားနည်းနေခဲ့တယ်။
'ရှေးဟောင်းကျောက်တိုင်ရဲ့ တတိယနဲ့ နောက်ဆုံး စမ်းသပ်မှုက တူညီတဲ့ စမ်းသပ်မှုမျိုး ဖြစ်ပေမဲ့ အများကြီး ပိုပြီး စိန်ခေါ်မှုရှိဖို့ကိုပဲ ငါ မျှော်လင့်ပါတယ်'
သူ့ကိုယ်သူ အဲဒီလို ပြောလိုက်ချိန်မှာပဲ ရှေးဟောင်းကျောက်တိုင်က အပေါ်ဘက်က မည်းမှောင်နေတဲ့ ကောင်းကင်ယံအထိ ရောက်ရှိသွားတဲ့ အနီရောင်အလင်းတန်းတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်တယ်။ မိုက်ကယ်ရဲ့ စိန်ခေါ်မှုကို တုံ့ပြန်လိုက်သလိုမျိုး တစ်ကျွန်းလုံးကို ဖြတ်သန်းသွားတဲ့ မမြင်ရတဲ့ လှိုင်းလုံးတစ်ခုအဖြစ် ပေါ်ထွက်လာတဲ့ အန္တရာယ်တစ်မျိုးကို အဲဒါက ထုတ်လွှတ်လိုက်တယ်။
ရှေးဟောင်းကျောက်တိုင်ရဲ့ အနီရောင် အလင်းတန်းထဲကနေ သဟဇာတတွေ ဖုံးလွှမ်းနေတဲ့ ပုံရိပ်သုံးခုက မြေပြင်ပေါ်ကို ဒိုင်းခနဲ ကျဆင်းလာချိန်မှာတော့ မိုက်ကယ်က သူ့ကိုယ်သူ အသင့်ပြင်လိုက်တယ်။
သူ့ရဲ့ ပြိုင်ဘက်တွေ ခန္ဓာကိုယ်ကို ဝန်းရံထားတဲ့ အဲဒီ တလက်လက်တောက်ပနေတဲ့ အရာမျိုး ရှိနေတာကို သူ မြင်လိုက်ရတဲ့အခါ ဝမ်းသာအားရနဲ့ သူ့မျက်လုံးတွေ ပြူးကျယ်သွားခဲ့တယ်။
သူတို့က သဟဇာတသတ္တဝါတွေပဲ။
သူ့ရဲ့ စမ်းသပ်ခံ အသစ်တွေကို နှုတ်ဆက်တဲ့အနေနဲ့ သူက လက်ကို မြှောက်လိုက်ပြီး သဟဇာတသေနတ် တစ်ချက် ပစ်ခတ်လိုက်တယ်။
သူတို့ အုပ်စုရဲ့ အလယ်မှာရှိတဲ့ သဟဇာတသတ္တဝါက လက်ကို မြှောက်လိုက်ပြီး ကွက်တိကျတဲ့ အချိန်မှာပဲ အလင်းတန်းကို ထိုးချလိုက်ကာ ပစ်ခတ်လိုက်တဲ့ အဲဒီအရာကို ပစ်လိုက်တဲ့သူဆီ ပြန်လည်ရောက်ရှိသွားစေတယ်။
မိုက်ကယ်က သူ့ရဲ့ သဟဇာတဓါးကို ဝှေ့ယမ်းလိုက်ပြီး အဲဒီအရာနဲ့ ထိတွေ့သွားတဲ့အခါ တလက်လက် တောက်ပနေတဲ့ မီးပွားတွေ လွင့်စင်သွားခဲ့တယ်။
ဒါပေမဲ့ အဲဒါကို သူ ပြန်လည်ကာကွယ်ဖို့ ကြိုးစားလိုက်ချိန်မှာတော့ သူ့လက်က စတင် တုန်ရီလာခဲ့တယ်။
ဒီအချက်ထဲမှာ ပါဝင်နေတဲ့ စွမ်းအားက သူ့ရဲ့ မူလစွမ်းအားထက် အများကြီး ပိုပြီး အစွမ်းထက်နေခဲ့တယ်။
အဲဒီအရာကို မြေပြင်ဆီ လွှဲဖယ်ပစ်လိုက်ရတာမို့ သူ့ရဲ့ ကာကွယ်မှု ကျိုးပေါက်သွားခဲ့တယ်။
ဒီ သဟဇာတသတ္တဝါ အသစ်သုံးကောင်က အရင်ကထက် အများကြီး ပိုသန်မာတယ်ဆိုတာ သေချာတယ်။
ဒါပေမဲ့ သူ စိတ်ပျက်မသွားခဲ့ဘူး။ အဲဒီအစား ဒါကို အံ့သြစရာကောင်းတဲ့ အခွင့်အရေးတစ်ခုလို့ သူ မှတ်ယူလိုက်တယ်။
ဘာပဲဖြစ်ဖြစ် သူတို့ရဲ့ လျှို့ဝှက်ချက်ကို သူ ရှာဖွေသွားမှာပဲ။
* * * * * * * *