← Chapters

အခန်း (၅၈၃-၅၈၄)

Vol. 49 Ch. 583-584

အခန်း (၅၈၃-၅၈၄)

Vol. 49 Ch. 583-584

အခန်း(၅၈၃)

မျက်နှာပြင်ပေါ်ကနေ ချော်ရည်ပူတွေ လျှံတက်လာပြီး မြေပြင်မှာ အက်ကြောင်းတွေ ထင်ကျန်နေတဲ့၊ ပြီးတော့ မြေပြင်ကနေ ပေတစ်ရာအမြင့်ထိ ပန်းထွက်နေတဲ့ ရေပူစမ်းတွေ ရှိနေတဲ့၊ အလယ်တည့်တည့်မှာတော့ တဟုန်းဟုန်း တောက်လောင်နေတဲ့ မီးတောင်ကြီးတစ်လုံး ရှိနေတဲ့ မှော်ကမ္ဘာငယ်လေးရဲ့ နယ်မြေတစ်ခုထဲမှာ ဒရာဂွန်ဘွန်းမလေးတစ်ယောက်ဟာ အထီးကျန်စွာနဲ့ ခပ်ရို့ရို့ကလေး လျှောက်လှမ်းနေပါတယ်။

ပတ်ဝန်းကျင်တစ်ခုလုံးက အပူရှိန်ကြောင့် လိမ္မော်ရောင်နဲ့ အနီရောင်သန်းနေတဲ့ ကြားထဲမှာ သူမရဲ့ စိမ်းစိုနေတဲ့ အကြေးခွံတွေကတော့ သဘာဝတရားရဲ့ နောက်ဆုံးခံတပ်တစ်ခုလို ထင်းထင်းကြီး ပေါ်လွင်နေတယ်။

သူမကတော့ ယူမီစု ပါ။ သူမဟာ လက်ထဲမှာ လှံတစ်ချောင်းကို ကိုင်ထားပြီး မြေပြင်ပေါ်မှာရှိမယ့် ရွှေရောင်သော့တစ်ချောင်းကို ရှာဖွေဖို့ အန္တရာယ်များတဲ့ မြေပြင်ပေါ်မှာ ပင်ပင်ပန်းပန်း လျှောက်လှမ်းနေတာ ဖြစ်ပါတယ်။

သူမဟာ ဒီနယ်မြေထဲမှာရှိတဲ့ တခြားကစားသမားတွေကို အတတ်နိုင်ဆုံး ရှောင်ကွင်းပြီး သော့ကိုပဲ တိတ်တဆိတ် ရှာဖွေနေခဲ့တာပါ။ တခြားသူတွေက အချင်းချင်း မသေမချင်း တိုက်ခိုက်ချေမှုန်းနေကြချိန်မှာ သူမကတော့ နောက်ကွယ်မှာပဲ ငြိမ်ငြိမ်ကလေးနေပြီး ချော်ရည်အက်ကြောင်းတွေကြားထဲ လိုက်ရှာနေခဲ့တယ်။

ဒါပေမဲ့ အခုတော့ သူမ တစ်ယောက်တည်း ကျန်ခဲ့ပါပြီ။ တခြားကစားသမားတွေ အကုန် ပြုတ်သွားကြပြီမို့ ဒီမီးတောင်ထွက်တဲ့ မြေပြင်ကျယ်ကြီးထဲမှာ သူမနဲ့ နောက်ထပ်တစ်ယောက်ပဲ ကျန်တော့တဲ့ ပုံပါပဲ။

"ငါ လုပ်နိုင်ပါတယ်... သခင်ကြီးအတွက်" လို့ သူမဟာ ကိုယ့်ကိုယ်ကိုယ် အားပေးတဲ့အနေနဲ့ တိုးတိုးကလေး ရေရွတ်လိုက်တယ်။

ခပ်လှမ်းလှမ်းက မီးတောင်ဝထိပ်မှာ ထိုင်နေတဲ့ လူတစ်ယောက်ကို သူမ လှမ်းမြင်လိုက်ရတယ်။ အဲဒီလူက ဘာမှမလုပ်ဘဲ ဒီအတိုင်း ထိုင်နေပြီး မြေအောက်ကနေ ဗွက်ဗွက်ဆူပြီး တက်လာတဲ့ ချော်ရည်တွေကို ငေးကြည့်နေတာပါ။

အဲဒီလူရဲ့ ခါးမှာ ရွှေရောင်သော့တစ်ချောင်း တွဲလောင်းဆွဲထားတာကို ယူမီစု မြင်လိုက်ရတယ်။

'ငါ သူ့ကို အနိုင်တိုက်ရမယ်' လို့ သူမ စိတ်ထဲကနေ ပြောလိုက်မိတယ်။

စိတ်ကို တင်းတင်းမတ်မတ်မွေးပြီး သူမဟာ မီးတောင်ပေါ်ကို တက်သွားကာ အဲဒီအမျိုးသမီးရဲ့ နောက်ကျောဘက်ကနေ ချဉ်းကပ်သွားလိုက်တယ်။

"သော့... သော့ကို ငါ့ကိုပေး" ယူမီစုက စကားတွေ ထစ်ထစ်အငေါ့ငေါ့နဲ့ တောင်းဆိုလိုက်ပါတယ်။

သူမဟာ အဆုတ်ကွဲမတတ် အော်ပြောလိုက်တာ ဖြစ်ပေမဲ့ အဲဒီအမျိုးသမီးကတော့ သူမရဲ့စကားကို စိုးစဉ်းမျှပင် ကြားပုံမရပါဘူး။

"ငါ... ငါ နင့်ကို မတိုက်ချင်ဘူး" လို့ သူမက လှံကို အသင့်ပြင်ပြီး အဲဒီအမျိုးသမီးဆီ ဖြည်းဖြည်းချင်း တိုးသွားရင်း ထပ်ပြောလိုက်တယ်။

မီးတောင်ဝနဲ့ မီတာအနည်းငယ်အကွာကို ရောက်သွားတဲ့အခါမှပဲ အဲဒီအမျိုးသမီးဟာ နောက်ကို လှည့်ကြည့်လာပြီး သူမ ရှိနေတာကို သတိပြုမိတော့တယ်။

"အော် ဆောရီးပဲ၊ နင် ရှိနေတာကို ငါ မမြင်လိုက်ဘူး" လို့ အဲဒီအမျိုးသမီးက ဖော်ဖော်ရွေရွေ အသံနဲ့ ပြောလိုက်ပါတယ်။ သူမရဲ့ အပြောအဆိုရော အပြုအမူမှာပါ ဘယ်လို ရန်လိုမှုမျိုးမှ ရှိမနေဘဲ ဒီမီးတောင်ဆီကို အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာတဲ့အတိုင်းပါပဲ။

ယူမီစုက လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး "ငါ့... ငါ့ကို တိုက်စမ်း၊ နင့်ရဲ့ ရွှေရောင်သော့ကို... ငါ လိုချင်တယ်" လို့ ပြောလိုက်တယ်။

သူမဟာ တုန်ရင်နေတဲ့ လက်နှစ်ဖက်နဲ့ မီသရယ် မှော်ဝင်ပစ္စည်း လှံကို မြှောက်ကိုင်ထားတယ်။

ဒါကိုမြင်တော့ အဲဒီအမျိုးသမီးက ခေါင်းခါလိုက်ပြီး "ဟေ့ ကောင်မလေး... ငါတို့ ချကြဖို့ မလိုပါဘူး ဟုတ်ပြီလား၊ ဒီအတိုင်း ဒီမှာပဲနေပြီး ရှုခင်းကို ခံစားကြည့်ရအောင်၊ ဟောဒီ မီးတောင်ကြီးကို ကြည့်စမ်းပါဦး" လို့ ပြောတယ်။

ချော်ရည်တွေကိုပဲ ဆက်ကြည့်နေပြီး ယူမီစုဘက်ကို လှည့်ကြည့်ဖို့တောင် စိတ်မဝင်စားပါဘူး။

"ငါ... ငါ အတည်ပြောနေတာ၊ အဲဒီသော့ ငါ့ကို လိုတယ်၊ ပြီးတော့... လိုအပ်ရင် အကြမ်းဖက်ဖို့လည်း ငါ ဝန်မလေးဘူး"

ဒါပေမဲ့ ယူမီစုရဲ့ ခြိမ်းခြောက်မှုက စကားတွေ ထစ်နေပြီး အသံတွေ တုန်ရင်နေတာကြောင့် သိပ်တော့ ကြောက်စရာမကောင်းလှပါဘူး။ သူမဟာ မရဲဘဲ ရဲချင်ယောင် ဆောင်နေတဲ့ ပုံစံမျိုး ဖြစ်နေလို့ပဲ။

ဆံပင်တိုနဲ့ အမျိုးသမီးက ပခုံးတွန့်လိုက်ပြီး "ဘာလို့ အားအင်တွေ ဖြုန်းတီးနေမှာလဲ၊ ငါ့လိုမျိုး အေးအေးဆေးဆေး နေစမ်းပါ" လို့ ဆိုတယ်။

အဲဒီအမျိုးသမီးက သူမရဲ့ ခြိမ်းခြောက်မှုတွေကို တောက်လျှောက် ဂရုမစိုက်ဘဲ ပစ်ပယ်ထားတာကို မြင်တော့ ယူမီစုဟာ အရင်ကထက်တောင် ပိုပြီး အရေးမပါသလို ခံစားလိုက်ရတယ်။

သူမက အရှက်အကြောက်ကြီးပြီး စကားလည်း သိပ်မပြောတတ်တာမို့ လူတွေက သူမကို သိပ်အာရုံမစိုက်ကြပါဘူး။ အဲဒါကလည်း သူမအတွက်တော့ အဆင်ပြေပါတယ်။

ခဏလောက်တော့ သူမဟာ အဲဒီအမျိုးသမီး ပြောသလိုပဲ လုပ်လိုက်ရင် ကောင်းမလားလို့ တွေးမိသွားသေးတယ်။ တိုက်ခိုက်နေဖို့ မလိုဘဲ ဒီနယ်မြေပတ်ပတ်လည်မှာ သော့တွေကိုပဲ လိုက်ရှာရင် ရနိုင်တာပဲလေ။

ဒါပေမဲ့ အဲဒီနောက်မှာတော့ အမျိုးသမီးက ဒီလို ပြောလာခဲ့တယ်။

"ကိုယ့်ကိုယ်ကိုယ် ကြွားဝါတာတော့ မဟုတ်ဘူး၊ ဒါပေမဲ့ ဒီလို ကိစ္စမျိုးတွေဆိုရင် ငါက တစ်ခါမှ မရှုံးဖူးဘူး၊ နင် ငါ့ကို တိုက်လည်း အားအင်ကုန်ရုံပဲ ရှိမှာ၊ ဘာလို့လဲဆိုတော့ ရလဒ်က အတူတူပဲ ဖြစ်နေမှာမို့လို့ပဲ။

ပြီးတော့ မြို့စားကတော် ဘိုး အနိုင်ရမှာကလည်း ပြောနေဖို့တောင် မလိုတော့ပါဘူး။ နင်တို့ရဲ့ ရီနေးတားကုမ္ပဏီက ဒီလောက်အထိ တောင့်ခံနိုင်တာကတော့ အထင်ကြီးစရာပဲ၊ ဒါပေမဲ့ အဲဒီ မိုက်ကယ် ဆိုတဲ့ ကောင်လေးကို သူမက အချိန်မရွေး အပြတ်အသတ် နှိမ်နှင်းသွားမှာပါ။ အဲဒီကောင်လေးကို စော်ကားချင်လို့တော့ မဟုတ်ဘူး၊ ဒါပေမဲ့ သူမနဲ့ယှဉ်ရင် အဆင့်ချင်းက ကွာလွန်းလို့ပါ"

အဲဒီအမျိုးသမီးက အကြောင်းမဲ့ ပြောနေတာ မဟုတ်ပါဘူး။ ဘိုး က ပိုသန်မာတယ်ဆိုတာ သူမ သိနေလို့ပဲ။

ယူမီစုကို တစ်ယောက်ချင်း အသာလေး အနိုင်ပိုင်းနိုင်တယ်ဆိုတာကလည်း ယူမီစုရဲ့ ကိုယ်ဟန်အနေအထားမှာ အားနည်းချက်တွေ အများကြီး ရှိနေပြီး အတွေ့အကြုံ မရှိသေးတာကို သူမ မြင်နေရလို့ပါ။

ဒါတင်မကသေးဘဲ အဲဒီ လူတစ်ပိုင်းသတ္တဝါမလေးက အဆင့် လေး မှာပဲ ရှိသေးပြီး သူမကတော့ အဆင့် ခြောက် ကို ရောက်နေတာ ဖြစ်ပါတယ်။ ကွာခြားချက်က ကြီးမားလွန်းတာကြောင့် အဓိပ္ပာယ်မရှိတဲ့ တိုက်ခိုက်မှုထဲမှာ အရိုးအနည်းငယ် ကျိုးသွားဖို့ပဲ ရှိတယ်။

ယူမီစု တိတ်ဆိတ်သွားတာကပဲ သူမပြောတာ မှန်တယ်ဆိုတာ သက်သေပြနေသလိုပါပဲ။

"တွေ့လား၊ အခုလို အေးအေးချမ်းချမ်း ရှိနေတာ မကောင်းဘူးလား—"

အတိအကျ အဲဒီအချိန်မှာပဲ မြေပြင်ကြီးက တဒုန်းဒုန်းနဲ့ တုန်ခါလာပါတော့တယ်။

ဆံပင်တိုနဲ့ အမျိုးသမီးက နေရာကနေ ချက်ချင်း ထရပ်ပြီး အားရပါးရ အော်ဟစ်လိုက်တယ် "မီးတောင် ပေါက်ကွဲတော့မယ်၊ မီးတောင် ကြီး ပေါက်ကွဲတော့မယ်၊ ငါ တစ်ချိန်လုံး စောင့်နေခဲ့ရတဲ့ အရာက ဒါပဲဟေ့"

သူမက မီးတောင်ဝထဲကနေ ချော်ရည်တွေ ပန်းထွက်လာတာကို မြင်ချင်လို့ မီးတောင်ဝကို စိတ်လှုပ်ရှားစွာနဲ့ ငုံ့ကြည့်လိုက်တယ်။

ဒါပေမဲ့ ငုံ့ကြည့်လိုက်တဲ့အခါ မီးတောင်လှုပ်ရှားမှု ပိုပြင်းထန်လာတဲ့ အရိပ်အယောင် လုံးဝ ရှိမနေပါဘူး။ ချော်ရည်တွေက မီးတောင်ဝကနေ ထွက်နေတုန်းပဲ ဖြစ်ပေမဲ့ နည်းနည်းကလေးပဲ စိမ့်ထွက်နေတာပါ။

"ဟင်... ငါ နားကြားမှားတာလား"

သူမဟာ နောက်ကို လှည့်ပြီး ထိုင်ခုံဆီ ပြန်သွားဖို့ လုပ်တုန်းမှာပဲ ယူမီစုဆီ မော့ကြည့်လိုက်မိတယ်။

အကြေးခွံစိမ်းတွေနဲ့ ဒရာဂွန်ဘွန်းမလေးရဲ့ တစ်ကိုယ်လုံးဟာ ပြင်းပြင်းထန်ထန် တုန်ရီနေပြီး သူမရဲ့ ခြေထောက်အောက်က မြေပြင်ကြီးကိုပါ တဒုန်းဒုန်းနဲ့ လိုက်ပြီး တုန်ခါလာစေတာ ဖြစ်ပါတယ်။

ဒါတင်မကဘဲ သူမရဲ့ လက်ထဲက လှံဟာ စစ်မှန်တဲ့ မီသရယ် မှော်ဝင်ပစ္စည်း ရဲ့ တန်ခိုးအရှိန်အဝါနဲ့ တောက်ပလာပြီး အဲဒီအမျိုးသမီးရဲ့ လက်ထဲက မီသရယ် မှော်ဝင်ပစ္စည်း ဓားကိုတောင် တုန်လှုပ်သွားစေတယ်။

"ဘာကြီးလဲ"

ယူမီစုဟာ ခေါင်းကို ငုံ့ထားဆဲဖြစ်ပြီး သူမရဲ့ လှံကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပါတယ်။

"မိုက်ကယ်... သခင်ကြီး... နင်... နင် အဲဒီစကား မပြောခဲ့သင့်ဘူး..."

ပြင်းထန်တဲ့ လေမုန်တိုင်းတွေက ယူမီစုရဲ့ ပတ်ပတ်လည်မှာ စုပြုံလာပြီး မြေပြင်ပေါ်က မီးတောက်တွေနဲ့ ချော်ရည်တွေဟာ သူမဆီကို လွင့်ပျံလာတော့တယ်။

လေပြင်းတွေက တဖြည်းဖြည်း ပိုမို အရှိန်ပြင်းလာပြီး နောက်ဆုံးမှာတော့ ဧရာမ လေဆင်နှာမောင်းကြီးတစ်ခု ဖြစ်သွားခဲ့ပါပြီ။

ဆံပင်တိုနဲ့ အမျိုးသမီးဟာ မြေပြင်ပေါ်မှာ မနည်း တောင့်ခံထားရရှာတယ်။ သူမဟာ မုန်တိုင်းထဲကို လွင့်ပါသွားတော့မယ့် အခြေအနေ ရောက်နေပြီလေ။

"ဒါ ဘာကြီးလဲဟ" လို့ သူမဟာ တစ်ကိုယ်လုံး ယူမီစုဆီကို မျောပါသွားရင်း ရေရွတ်လိုက်မိတယ်။ လေဆင်နှာမောင်းထဲ လွင့်မကျသွားအောင် ထိန်းထားနိုင်တာဆိုလို့ မီးတောင်ဝကို အတင်း ကုပ်တွယ်ထားနိုင်တဲ့ သူမရဲ့ လက်ဆွဲအားကြောင့်ပဲ ဖြစ်ပါတယ်။

ကွက်တိ အဲဒီအချိန်မှာပဲ ယူမီစုက လှံကို မြှောက်လိုက်ပြီး အဲဒီအမျိုးသမီးဆီကို ချိန်ရွယ်လိုက်တယ်။

"သခင်ကြီးက အသန်မာဆုံးပဲ၊ အဲဒါကို မှတ်ထားစမ်း"

ယူမီစုက လှံနဲ့အတူ သူမဆီကို တိုးဝင်ထိုးနှက်လိုက်ရာ မီးတောက်လေဆင်နှာမောင်းရဲ့ အရှိန်အဝါ အားလုံးက လှံဖျားဆီမှာ စုစည်းသွားပါတော့တယ်။

လေမုန်တိုင်းက ပြင်းထန်လွန်းတာကြောင့် အဲဒီအမျိုးသမီးဟာ သူမရဲ့ အသက်ဘေးအတွက် တကယ်ကို ထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်။

ကြောက်စိတ်က သူမရဲ့ နှလုံးသားကို ဖုံးလွှမ်းသွားပြီး သတိလစ်သွားစေခဲ့တယ်။

လှံက သူမရဲ့ ကိုယ်လုံးဆီ မထိမှန်ခင် စက္ကန့်ပိုင်းအလိုမှာပဲ မှော်ကမ္ဘာငယ်လေးရဲ့ စနစ်က အဲဒီအမျိုးသမီးကို ဘေးအန္တရာယ်ကြီးလှတဲ့ အခြေအနေကနေ ချက်ချင်း တခြားနေရာဆီ ရွှေ့ပြောင်းပေးလိုက်ပါတယ်။

ထိုးနှက်စရာ ပစ်မှတ် မရှိတော့တဲ့အခါ လှံရဲ့ စွမ်းအင်အားလုံးဟာ အောက်က မီးတောင်ကြီးထဲကို ပေါက်ကွဲထွက်သွားပြီး ကောင်းကင်ယံတစ်ခုလုံးဆီကို ချော်ရည်ပူတွေကို ပြင်းထန်စွာ ပန်းထွက်သွားစေခဲ့တယ်။

နယ်မြေတစ်ခုလုံး ပျက်စီးသွားရတာဟာ မီးတောင်ပေါက်ကွဲမှုကြောင့် မဟုတ်ဘဲ ပြင်းထန်တဲ့ စိတ်ခံစားချက်ကြောင့် ဖြစ်ပေါ်လာတဲ့ လှံတစ်ချက်ရဲ့ အရှိန်အဝါကြောင့်သာ ဖြစ်ပါတယ်။

သူမရဲ့ ပတ်ပတ်လည်မှာ ချော်ရည်တွေနဲ့ အရည်ပျော်နေတဲ့ ကျောက်တုံးတွေ ကျဆင်းနေတဲ့ကြားထဲ ယူမီစုကတော့ ငြိမ်သက်စွာ ရပ်နေဆဲပါ။

အဲဒီနောက်မှာတော့ ရွှေရောင်အလင်းတန်းတစ်ခုက သူမဆီကို ဖြာကျလာပြီး သော့တစ်ချောင်းက သူမရဲ့ လက်ဖဝါးထဲကို အကွက်တိ လွင့်မျောဝင်ရောက်လာတယ်။

သူမက အဲဒီသော့ကို ယူပြီး အိတ်ထဲ ထည့်လိုက်ပြီးတဲ့နောက်မှာတော့ ရှက်ကိုးရှက်ကန်းနဲ့ ခေါင်းကို လက်နှစ်ဖက်နဲ့ အုပ်လိုက်မိပါတယ်။

"သွားပါပြီ၊ ငါ ဘာတွေ လုပ်လိုက်မိတာလဲ၊ မှော်ကမ္ဘာငယ်လေးကို ငါ ဖျက်ဆီးပစ်လိုက်ပြီ"

သူမဟာ သိပ်ကို အရှက်သည်းသွားတာကြောင့် ခေါင်းကို ကြမ်းပြင်ထဲပဲ တိုးဝင်ပစ်လိုက်ချင်စိတ် ပေါက်သွားတော့တယ်။

* * * * * * * *

တစ်ချိန်တည်းမှာပဲ၊ ဧရာမဝင်္ကပါကြီးထဲမှာ သော့တွေ ဝှက်ထားတဲ့ ဒီနယ်မြေရဲ့ တခြားတစ်ဖက်ခြမ်းမှာတော့ ဂျာကူဟာ ကောင်းကင်ယံဆီ လှမ်းကြည့်ရင်း ကောင်းကင်ကနေ ချော်ရည်တွေ ကျလာတာကို မြင်လိုက်ရတယ်။

"ဟူး... အခုကော ဘယ်သူက ငါ့ညီမကို သွားဆွလိုက်ပြန်တာလဲ၊ သူတို့က အခြေအနေကို သိသင့်တာကို၊ တောက်... တောက်... တောက်..."

* * * * * * * *

စာစဉ်(၄၉)

အခန်း(၅၈၄)

ဂျာကူရဲ့ ပတ်ပတ်လည်မှာ ကျောက်တုံးတွေနဲ့ လုပ်ထားသလိုမျိုး မှော်အကာအကွယ်တစ်ခုနဲ့ တည်ဆောက်ထားတဲ့ မြင့်မားတဲ့တံတိုင်းကြီးတွေ ရှိနေတယ်။

ဒါကတော့ မှော်ကမ္ဘာငယ်လေးရဲ့ လျှို့ဝှက်ဝင်္ကပါနယ်မြေဖြစ်ပြီး တစ်ပြင်လုံးမှာ သော့တွေကို ဝှက်ထားတာပါ။

အခု ဝင်္ကပါရဲ့ အပေါ်ပိုင်းက ပွင့်နေပေမဲ့ လူတွေက အပေါ်ကနေ ငုံ့ကြည့်လို့ရတယ်လို့ မဆိုလိုပါဘူး။ ဒါက မှော်ကမ္ဘာငယ်လေးရဲ့ သော့နယ်မြေနဲ့ သော့ခတ်နယ်မြေကို ပိုင်းခြားထားတဲ့ အကာအကွယ်တံတိုင်းအတိုင်း တည်ဆောက်ထားလို့ပဲ။

"ငါက ဘာလို့ မဲအလိပ်တိုလေးကို နှိုက်မိရတာလဲ" ဂျာကူက ညည်းတွားလိုက်တယ်။

ဂိမ်း စတော့ ကစားသမားတစ်ယောက်ချင်းစီကို မဲလိပ်လေးတွေ နှိုက်ပြီး နယ်မြေတွေကို ကျပန်းသတ်မှတ်ပေးခဲ့တာပါ။ ကံဆိုးချင်တော့ ဂျာကူက အဲဒီအထဲမှာ အပျင်းစရာအကောင်းဆုံးနယ်မြေကို နှိုက်မိသွားခဲ့တယ်။

ကွေ့ကောက်နေတဲ့ ဝင်္ကပါကြောင့် ကစားသမားတွေဟာ တစ်ယောက်နဲ့တစ်ယောက် တိုက်ခိုက်ဖို့ နေနေသာသာ မြင်တောင်မြင်ရမှာ မဟုတ်ပါဘူး။ ဒါကြောင့်ပဲ ကစားသမားတွေဟာ သော့တစ်ခုခုနဲ့ မတော်တဆတိုးပါစေတော့လို့ မျှော်လင့်ပြီး ဝင်္ကပါထဲမှာ လျှောက်သွားနေကြရုံပဲ။

ဒါက ယူမီစုအတွက်တော့ အကောင်းဆုံးဖြစ်မှာပေမဲ့ ဂျာကူအတွက်တော့ ငရဲပါပဲ။

"ဟူး... မောလိုက်တာ။ အိပ်ချင်ပြီ"

သော့တွေကို လိုက်ရှာဖို့ ကတိပေးခဲ့ကြပေမဲ့ အဲဒါက သိပ်ပင်ပန်းလွန်းတယ်လို့ ဂျာကူက တွေးမိတယ်။ ဒါကြောင့် သူက ဂိမ်းတစ်ခုလုံးမှာ လှဲအိပ်နေပြီး အခြားကစားသမားတွေ သူ့ကိုလာရှာမယ့်အချိန်ကိုပဲ စောင့်နေလိုက်တော့တယ်။ ရွှေသော့တစ်ချောင်းကို သူ့ပေါင်ပေါ် အလိုလို လာတင်ပေးရင်တော့ ပိုကောင်းတယ်။

ဒီအချိန်မှာပဲ ထောင့်တစ်နေရာကနေ လူတစ်ယောက် ချောင်းကြည့်လိုက်ပြီး ကြမ်းပြင်ပေါ်မှာ အိပ်ပျော်နေတဲ့ ဂျာကူကို မြင်သွားတယ်။

"နောက်ဆုံးတော့လည်း" ဂျာကူက သမ်းဝေရင်း ကိုယ်လက်ဆန့်ကာ နိုးလာတယ်။ "မင်း လာတာ တော်တော်ကြာတာပဲ"

အဲဒီလူက ဂျာကူကို စိုက်ကြည့်ရင်း "မင်း ဘာမှမလုပ်ဘဲ ဒီအတိုင်း လှဲအိပ်နေတာလား" လို့ မေးတယ်။

"အင်းလေ" ဂျာကူက သူ့တင်ပါးကို ဟိုဘက်ဒီဘက် ရမ်းရင်း ခေါင်းညိတ်ပြလိုက်တယ်။ "ကဲ... ရွှေသော့က ဘယ်မှာလဲ။ ငါ အဲဒါကို လိုချင်လို့"

ဒီတော့မှ ဂျာကူက သူ့ခါးမှာ ဘာရွှေသော့မှ ချိတ်ဆွဲမထားတာကို သတိထားမိသွားတယ်။

"ဟင်... ဘယ်မှာလဲ"

အဲဒီလူက တဟားဟားရယ်ရင်း "မင်း အဲဒါကို လိုချင်ရင် ငါ့ကို သတ်ရလိမ့်မယ်" လို့ ပြောလိုက်တယ်။

ဂျာကူက အဲဒီလူကို မျက်မှောင်ကုတ်ကြည့်ပြီး နောက်ဆုံးမှာတော့ ရွံရှာတဲ့မျက်နှာပေးနဲ့ "အား... ရွံစရာကြီး။ မင်း သော့ကို မျိုချလိုက်တာလား" လို့ အော်လိုက်တယ်။

"ဟားဟားဟား... ဟုတ်တယ်။ တခြားကစားသမားတွေက ငါ သော့ရှာတွေ့တဲ့အထိ စောင့်ပြီး ငါ့လက်ထဲကနေ လုယူသွားကြလိမ့်မယ်ဆိုတာ ငါ ကြိုသိနေတာပေါ့"

ပြီးတော့ အဲဒီလူက သူ့လက်တွေကို ဆန့်ထုတ်လိုက်ရင်း "ဒါပေမဲ့ ဒါက မင်းအတွက် ကံကောင်းတာပဲ။ ဘာလို့လဲဆိုတော့ ငါက အခြားသော့တွေကို ရှာတွေ့ထားလို့လေ။ အဲဒါကို ရှာဖို့ မင်းကို ငါ ကူညီနိုင်တယ်၊ ဒါပေမဲ့ မင်း အရင်ဆုံး လုပ်ရမယ့်အရာတစ်ခု ရှိတယ်" လို့ ပြောတယ်။

"အင်း... ရတယ်၊ မလိုတော့ဘူး" ဂျာကူက ပြန်လှဲပြီး အိပ်ပျော်သွားပြန်တယ်။

"ဟေး... ဘာလဲဗျာ။ မင်း အသင်းအတွက် သော့ကို မလိုချင်ဘူးလား"

ဂျာကူက လက်ကာပြရင်း "လိုချင်တာပေါ့၊ ဒါပေမဲ့ မင်းရဲ့ ထူးထူးဆန်းဆန်း တောင်းဆိုချက်ကိုတော့ ငါ မလုပ်ချင်ဘူး"

"မင်း ငါ့ကို နှာဘူးတစ်ယောက်လို့ ထင်နေတာလား။ ငါ အဲလိုလူ မဟုတ်ဘူး"

"အော်... ဟုတ်ပါပြီ... ဟုတ်ပါတယ်"

"နားထောင်စမ်းပါဦး။ ငါ အခြားသော့တွေကို ဝင်္ကပါထဲမှာ ဝှက်ထားတယ်၊ မင်းအတွက် ငါ ပြင်ဆင်ထားတဲ့ ပဟေဠိတွေကို ဖြေရှင်းပြီးမှပဲ မင်း အဲဒါတွေကို ရှာတွေ့နိုင်မှာ"

အဲဒီအချိန်မှာပဲ သူတို့နှစ်ယောက်စလုံးက ခပ်လှမ်းလှမ်းဆီကနေ အပြင်းအထန် ပေါက်ကွဲသံကြီးတစ်ခုကို ခံစားလိုက်ရတယ်။

သူတို့ အပေါ်ကို မော့ကြည့်လိုက်တော့ ချော်ရည်တွေနဲ့ အရည်ပျော်နေတဲ့ ကျောက်ဆောင်တွေက ခပ်လှမ်းလှမ်းကနေ ပျံသန်းလာပြီး နယ်မြေအသီးသီးကို ပိုင်းခြားထားတဲ့ မမြင်ရတဲ့ မှော်အကာအကွယ်တံတိုင်းကို လာရိုက်ခတ်နေတာကို မြင်လိုက်ရတယ်။

"ဟူး... အခုကော ဘယ်သူက ငါ့အစ်မကို သွားဒေါသဆွလိုက်ပြန်တာလဲ" ဂျာကူက ခေါင်းခါရင်း "သူတို့က သတိထားရမှာကို၊ တောက်... တောက်... တောက်... အခုတော့ ငါ သွားပြီး ငါ့အလုပ်ငါ လုပ်ရတော့မယ်" လို့ ပြောလိုက်တယ်။

ဂျာကူက တွန့်ဆုတ်တွန့်ဆုတ်နဲ့ ကြမ်းပြင်ပေါ်ကနေ ထပြီး အဲဒီလူဆီ လျှောက်သွားတယ်။

"အခုမှပဲ ကစားချင်စိတ် ရှိတော့တာကိုး"

ဂျာကူက သူ့လက်ကို ဆန့်ထုတ်လိုက်ရာ အဲဒီလူက ဒါကို ပဟေဠိအစီအစဉ်မှာ ပါဝင်မယ့် သဘောလို့ မှတ်ယူလိုက်ပြီး "ကောင်းပြီ။ ပထမဆုံး ပဟေဠိကတော့..." လို့ စပြောတယ်။

ဒါပေမဲ့ ဂျာကူရဲ့လက်က အဲဒီလူရဲ့ လက်ကို ကျော်လွန်သွားပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ ဗိုက်ဆီကို ရောက်သွားခဲ့တယ်။

ဂျာကူရဲ့ နက်မှောင်တဲ့ အပြာရောင်အကြေးခွံတွေရဲ့ ပတ်ပတ်လည်မှာ လျှပ်စီးကြောင်းတွေ တဖျတ်ဖျတ်လက်သွားပြီး သူ့လက်ကို လျှပ်စီးလို မြန်ဆန်တဲ့အရှိန်နဲ့ အစွမ်းမြှင့်လိုက်တယ်။

ဂျာကူရဲ့လက်တွေက သိပ်ကို မြန်ဆန်တဲ့အရှိန်နဲ့ တုန်ခါလာပြီး နောက်ဆုံးမှာတော့ သူ့လက်တွေကို ဝေဝါးသွားစေတယ်။

အဲဒီလူက တုံ့ပြန်ဖို့တောင် အချိန်မရခင်မှာပဲ ဂျာကူက သူ့လက်နဲ့ အဲဒီလူရဲ့ ဗိုက်ကို ထိုးဖောက်လိုက်တော့တယ်။

သို့ပေမဲ့ ဒီလို ထိတ်လန့်စရာ အတွေ့အကြုံပြီးနောက်မှာ ထွက်လာရမယ့် သွေးတွေနဲ့ အူတွေက ထွက်မလာခဲ့ပါဘူး။ အဲဒါတွေအစား ဂျာကူရဲ့လက်က အဲဒီလူရဲ့ ခန္ဓာကိုယ်ထဲက ဆဲလ်တစ်ခုကိုမျှ မထိခိုက်စေဘဲ သူ့ရဲ့ဝမ်းဗိုက်ကို အပြည့်အဝ ဖြတ်သန်းသွားခဲ့တယ်။

သူက အရေပြားကို အောင်မြင်စွာ ဖောက်ထွက်သွားတာပဲ။

ဂျာကူက အထဲမှာ ခဏလောက် လိုက်စမ်းကြည့်ပြီးတဲ့နောက် သူလိုချင်တဲ့ သော့အတိအကျကို ရှာတွေ့သွားတယ်။

ပြီးတော့ လျင်မြန်တဲ့လှုပ်ရှားမှုနဲ့အတူ သူ့လက်ကို ပြန်နှုတ်လိုက်ရာ သူ့လက်ထဲမှာ စေးကပ်ကပ် ရွှေသော့တစ်ချောင်း ပါလာခဲ့တယ်။

"ရွံစရာကြီး" ဂျာကူက သော့ကို သူ့လက်ချောင်းနှစ်ချောင်းနဲ့ မနည်းကိုင်ထားရင်း ပြောလိုက်တယ်။ အဲဒီသော့မှာ အစာအိမ်အက်ဆစ်တွေ စီးကျနေတုန်းပဲဖြစ်ပြီး မချေဖျက်ရသေးတဲ့ ငါးသားတုံးအစအနအချို့လည်း ကပ်နေတုန်းပဲ။

"မင်း ဘာလုပ်လိုက်တာလဲ" အဲဒီလူက အော်ဟစ်ရင်း သော့ဆီကို ချက်ချင်း ပြေးဝင်လာတယ်။

ဒါပေမဲ့ သူ သော့ကို မကိုင်မိခင်မှာပဲ ဂျာကူက အပြာရောင်လျှပ်စီးအဖြစ် ပြောင်းလဲသွားပြီး အဲဒီလူရဲ့ မျက်စိရှေ့ကနေ ပျောက်ကွယ်သွားခဲ့တယ်။

သူက ဂျာကူနောက်ကို ချက်ချင်း လိုက်ပြေးချင်ပေမဲ့ ရုတ်တရက် သူ့ရဲ့အဝတ်အစားတွေက ခန္ဓာကိုယ်ပေါ်မှာ လျှော့တိလျှော့ရဲ ဖြစ်လာတာကို ခံစားလိုက်ရတယ်။

သူ ပြေးလိုက်တာနဲ့တစ်ပြိုင်နက် သူ့ရဲ့ဘောင်းဘီတိုက ခြေကျင်းဝတ်အထိ လျှောကျသွားပြီး လေလံပွဲတစ်ခုလုံးကို သူ့ရဲ့ အရှက်အကြောက်တွေကို ဖော်ပြလိုက်သလို ဖြစ်သွားတယ်။

သူ့ရဲ့ အဝတ်အစားအားလုံးဟာ တစ်စက္ကန့်အတွင်းမှာ အကြိမ်ပေါင်းထောင်ချီ ဖြတ်တောက်ခံလိုက်ရသလိုမျိုး အမျှင်စုလေးတွေအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ သူ့ရဲ့ အတွင်းခံတောင်မှ ချန်လှပ်မခံခဲ့ရဘူး။

အဲဒီလူက သူ့ရဲ့ အရှက်အကြောက်တွေကို လက်နှစ်ဖက်တည်းနဲ့ ကာကွယ်ရင်း ဒူးထောက်ကျသွားရှာတယ်။

ပြီးတော့ ခပ်လှမ်းလှမ်းဆီကနေ ဂျာကူရဲ့ အသံကို ကြားလိုက်ရတယ်။

"...နှာဘူးကြီးရဲ့..."

အဲဒီလူက ခေါင်းငုံ့ပြီး ငိုမလို ဖြစ်နေရှာတယ်။

"ငါက တစ်ယောက်ယောက်ကို ငါ့ပဟေဠိတွေ ဖြေခိုင်းချင်ရုံတင်ပါဆို"

* * * * * * * *

စုစုပေါင်း သော့လေးချောင်း ရလာပြီးနောက်မှာတော့ မိုက်ကယ် ပစ္စည်းတွေအကုန် စုဆောင်းလို့မပြီးခင် နောက်ထပ် တစ်ချောင်းပဲ လိုတော့တယ်။

ဂရီးဗ်ကတော့ မှော်ကမ္ဘာငယ်လေးရဲ့ စိမ်းလန်းစိုပြည်တဲ့ တောအုပ်နယ်မြေမှာ သော့ရှာဖို့ တာဝန်ယူထားရတဲ့သူပါ။

မသေမျိုး အရိုးစုစစ်သူကြီးက စိမ်းလန်းစိုပြည်တဲ့ တောအုပ်ရဲ့ အရိပ်အောက်မှာ လမ်းလျှောက်ရင်း ငှက်ကလေးတွေ သီချင်းဆိုနေတာနဲ့ ရှဥ့်ကလေးတွေ သစ်ပင်ပေါ် ပြေးတက်နေတာတွေကို ပတ်ပတ်လည် လိုက်ကြည့်နေတယ်။

သူက ငှက်ပျောရွက်ကြီးတွေနဲ့ သစ်ခြောက်တွေနဲ့ လုပ်ထားတဲ့ တဲအိမ်အသေးလေးတစ်ခုကို ရှာမတွေ့မချင်း ဆက်လျှောက်သွားခဲ့တယ်။

သူက ဒီယာယီတဲအိမ်လေးထဲမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့တဲ့ပုံစံမျိုး ပေါ်နေတယ်။

"ဟို ဟိုး ဟိုး... ဒါက တော်တော်လေး ကောင်းမွန်တဲ့ ဘဝပဲ" သူက မီးပုံဘေးမှာ ထိုင်ရင်း ပန်းသီးတစ်တုံးကို ဝါးစားရင်း ပြောလိုက်တယ်။ အဲဒီပန်းသီးတုံးက သူ့ရဲ့နံရိုးတွေကြားထဲကနေ ဖြတ်ပြီး ကြမ်းပြင်ပေါ် လိမ့်ကျသွားရာ ငှက်တွေနဲ့ ပိုးမွှားတွေက လာစားကြတယ်။

သူက သူ့တဲထဲမှာ တစ်နာရီလောက် ငြိမ်ငြိမ်လေးထိုင်ရင်း သူ့ပတ်ပတ်လည်က တောရိုင်းတိရစ္ဆာန်တွေရဲ့ ဘဝကို စောင့်ကြည့်နေခဲ့တယ်။

ဒီအချိန်မှာပဲ သူက ချက်ချင်း ထရပ်လိုက်တယ်။

"အာ။ ဟုတ်သားပဲ၊ ဟုတ်သားပဲ။ ငါ မှိုအချို့ လိုတာပဲ"

ဂရီးဗ်က တောအုပ်ထဲမှာ မှိုတွေကို လိုက်ကောက်ပြီး မှိုစွပ်ပြုတ်လုပ်သောက်ရင်း သူ့ကိုယ်သူ အသက်ဆက်နေခဲ့တာပါ။

သူက တောအုပ်ထဲ လမ်းလျှောက်သွားရင်း နောက်ဆုံးမှာတော့ ကြမ်းပြင်ပေါ်မှာ ကောင်းမွန်တဲ့ မှိုအချို့ကို ရှာတွေ့သွားတယ်။

သူက ငုံ့ပြီး အဲဒီမှိုတွေကို သူ့တဲဆီ ပြန်ယူသွားဖို့ တစ်ပွင့်ချင်း လိုက်ကောက်နေတယ်။

နောက်ဆုံးမှိုပွင့်ကို ဆွဲနှုတ်လိုက်တာနဲ့တစ်ပြိုင်နက် တောက်ပနေတဲ့ သတ္တုအပိုင်းအစတစ်ခုက မြေကြီးထဲကနေ ရုတ်တရက် ပွင့်ထွက်လာပြီး တောအုပ်ကြမ်းပြင်ပေါ် လိမ့်သွားတယ်။

"ဟင်"

ဂရီးဗ်က အဲဒီသတ္တုစနောက်ကို လိုက်ကြည့်ရာ အဲဒါက သစ်ပင်တစ်ပင်ရဲ့ ဘေးနားမှာ သွားရပ်သွားတယ်။

သူက အဲဒါကို ကောက်ယူကြည့်လိုက်တော့ ရွှေသော့တစ်ချောင်း ဖြစ်နေတာကို မြင်လိုက်ရတယ်။

"ဝါး... ဒါကို ဘယ်သူ ဒီမှာ ထားခဲ့တာပါလိမ့်။ သူတို့က သူတို့အိမ်ကနေ အပြင်မထွက်နိုင်ကြလို့ ဖြစ်ရမယ်၊ ဟို ဟိုး ဟိုး"

ဂရီးဗ်က ရွှေသော့ကို သူ့အိတ်ကပ်ထဲ ထည့်ပြီး သူ့တဲဆီ ပြန်သွားတယ်။ ဒါပေမဲ့ သူက တစ်ခုခုကို သတိရသွားပြီး ရပ်လိုက်တယ်။

"အာ။ ငါ ဒါမျိုး မေ့တတ်လိုက်တာ။ ငါ ခူးဆွတ်ထားတဲ့ မှိုတွေကို ကောက်ဖို့ မေ့သွားတယ် ဟို ဟိုး ဟိုး"

သူက ဘာအရေးကြီးတာမှ မဖြစ်ခဲ့သလိုမျိုး အဲဒီနေရာကို ပြန်သွားတယ်။

ဂရီးဗ်က သူ ဒီနေရာကို ဘာအတွက် လာခဲ့လဲဆိုတာကို လုံးဝ မေ့သွားခဲ့တာပဲ။

* * * * * * * *

All Chapters