← Chapters

အခန်း (၃၈၁-၃၈၂)

Vol. 32 Ch. 381-382

အခန်း (၃၈၁-၃၈၂)

Vol. 32 Ch. 381-382

အခန်း(၃၈၁)

ကြယ်ခြောက်ပွင့်မန္တန်က နတ်သူငယ်မလေးဆီ စုစည်းကျရောက်သွားတဲ့အခါ ထိတွေ့မှုကြောင့် ပြင်းထန်တဲ့ ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်သွားပြီး ချော်ရည်တွေနဲ့ မီးတောက်နေတဲ့ ကျောက်တုံးတွေ နေရာအနှံ့ လွင့်စင်ထွက်သွားတယ်။

ဝါနိုက မြေပြင်ပေါ် ပြန်ဆင်းသက်လိုက်ပြီး သူ့ရဲ့ဓားကို အိမ်ထဲ ပြန်ထည့်လိုက်ရင်း အလုပ်ပြတ်သွားပြီလို့ တွေးလိုက်တယ်။

ဒါပေမဲ့ မီးသင့်ကျောက်တုံးတွေ မြေပြင်ပေါ် ကျလာတဲ့အချိန်မှာ သူ ပတ်ပတ်လည်ကို ကြည့်လိုက်တော့ ရွှေရောင်ဖုန်မှုန်အမှုန်အမွှားလေးတွေရဲ့ အရိပ်အယောင်ကိုလည်း မတွေ့ရသလို နတ်သူငယ်အတောင်ပံတွေကိုလည်း မမြင်ရဘူး။

"ဟိဟိဟိ..."

စူးရှရှ ရယ်မောသံတစ်ခုက သူ့ခေါင်းထဲမှာ ဟိန်းထွက်လာတာကြောင့် သူက နတ်သူငယ်မလေးကို ပတ်ပတ်လည် လိုက်ရှာမိတယ်။

ဒါက တစ်မျိုးကြီး ရင်းနှီးနေသလိုပဲ။ ပြတ်တောက်နေတဲ့ သူ့လက်အကြွင်းအကျန်နေရာကလည်း ဒီအမှတ်ရစရာကို မှတ်မိနေတဲ့အတိုင်း နာကျင်လာတော့တယ်။

ရုတ်တရက် ဝါနိုရဲ့ ပတ်ပတ်လည်က သစ်ပင်တွေဟာ မြေကြီးထဲကနေ အမြစ်တွေ ကျွတ်ထွက်လာပြီး မြေပြင်ကြီးက တုန်ခါလာတယ်။

ဒီသစ်ပင်တွေဟာ သူတို့ဘာသာ သက်ရှိတွေ ဖြစ်လာတဲ့ပုံစံမျိုး မြေကြီးထဲကနေ ထရပ်ပြီး ပတ်ပတ်လည်က မြေကြီးတွေကို ခါချလိုက်ကာ ဝါနိုဆီကို ဖြည်းဖြည်းချင်း တွားသွားပြီးတော့ သစ်ပင်ရဲ့ခက်မတွေက သူ့ကို အရပ်မျက်နှာအနှံ့ကနေ လာညှစ်သတ်ဖို့ လုပ်ကြတယ်။

ဝါနိုက သူ့ရဲ့မီးသင့်ကျောက်ဓားကို မြှောက်ပြီး သစ်ကိုင်းတွေကို ခုတ်ဖြတ်လိုက်ရာ သစ်ပင်ရဲ့ ခက်မတွေပေါ်မှာ လောင်ကျွမ်းနေတဲ့ သစ်ငုတ်တိုတွေ ကျန်ခဲ့တယ်။

ဒါပေမဲ့ အဲဒါက သစ်ပင်တွေကို တားဆီးနိုင်ပုံမပေါ်ဘူး။

သက်ရှိထင်ရှား ဖြစ်လာတဲ့ သစ်ပင်တွေရဲ့ ဝိုင်းရံထားမှုကို ဝါနိုက ဘေးဘီခုန်ပျံပြီး မလွတ်မြောက်ခင်မှာပဲ မြေပြင်ပေါ်က တောက်ပနေတဲ့ အသားမျှင်နှာမောင်းတွေက သူ့ခြေထောက်တွေကို လာရောက်ချုပ်ကိုင်ထားတာကို ရုတ်တရက် သိလိုက်ရတယ်။

သူ့မျက်လုံးတွေ ပြူးကျယ်သွားတယ်။ ဒါတွေကို သူ အရင်က မြင်ဖူးတယ်။

သူက အောက်ခြေလွတ် ဓားပြတစ်ယောက် ဖြစ်နေခဲ့ပြီး လက်နှစ်ဖက်စလုံး ရှိနေသေးတဲ့ အချိန်တုန်းကပေါ့။

သူက တောအုပ်တစ်ခုလုံးကို မီးရှို့ဖို့ ကြိုးစားခဲ့တယ်။ အဲဒီလို လုပ်လိုက်တာနဲ့ ချက်ချင်းပဲ ဒီနှာမောင်းတွေက သူ့ခြေဖဝါးတွေကို ရစ်ပတ်ထားပြီး မလှုပ်ရှားနိုင်အောင် တားဆီးတာကို သူ မြင်ခဲ့ရတယ်။

ပြီးတော့ အဲဒီနောက်မှာ သူ့ခေါင်းပေါ်မှာ ဝဲပျံနေတဲ့ နတ်သူငယ်မလေးရဲ့ ပုံရိပ်ကို သူ မြင်ခဲ့ရတယ်။

ဝါနိုက ပတ်ပတ်လည်ကို ကြည့်လိုက်တဲ့အခါ သူ့ရဲ့အမှတ်သညာထဲမှာ မြင်ခဲ့ရတဲ့ ပုံရိပ်အတိုင်း ထပ်တူပဲ မြင်လိုက်ရတယ်

ဒါပေမဲ့ ဒါက မဖြစ်နိုင်တာလို့ သူ တွေးလိုက်တယ်။ အဲဒီတုန်းက သူက ပစ်ဇီဘုရင်မနဲ့ ဆုံတွေ့ခဲ့ပြီး သူမရဲ့အမျက်ဒေါသကို ခံစားခဲ့ရကာ နောက်ဆုံးမှာ သူ့ရဲ့ညာလက် ဆုံးရှုံးခဲ့ရတာလေ။

မကြာခင်မှာပဲ အဲဒီအသိတရားက သူ့ခေါင်းထဲကို ဝင်လာတော့တယ်။

"မဟုတ်ဘူး..." သူက ရေရွတ်လိုက်တယ်။ "ဒါက မဖြစ်နိုင်တာ...မင်းက...မင်းက...မင်းက…"

ဒါပေမဲ့ သူ စကားမဆုံးခင်မှာပဲ မှိုအမှုန်တွေက သူ့မျက်နှာပေါ်ကို ရုတ်တရက် ပန်းထုတ်ခံလိုက်ရပြီး သူ့ကို ခြေဆုံးခေါင်းဆုံး လုံးဝ မလှုပ်နိုင်အောင် လုပ်လိုက်တယ်။

ဒီလိုနဲ့ပဲ ကြယ်ခြောက်ပွင့် ဓားသမားတစ်ယောက်ဟာ မြေပြင်ပေါ်မှာ လဲကျသွားပါတော့တယ်။

ဘလေဇဲလ်ရဲ့ မျက်နှာကတော့ မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နှက်နေတယ်။

ရီနေးတားတွေတောင်မှ ဒီလို ရုတ်တရက် တန်ခိုးပြသမှုကို ကြည့်ပြီး မှင်တက်သွားကြတယ်။

"ဘာလဲဟ။ ဗီဗီက အဲဒီလောက်တောင် သန်မာတာလား" ဇိုင်ယွန်က ခေါင်းခါရင်း တိုးတိုးရေရွတ်လိုက်တယ်။

"သူမက ငါ့ထက်တောင် ပိုပြီး ပျင်းတဲ့သူပဲ။ တစ်ချိန်လုံး အလုပ်ရှောင်ဖို့ သူ့တန်ခိုးတွေကို ဖုံးကွယ်ထားတာပေါ့" ဂျာကူက လက်ခုပ်တီးလုနီးပါး ချီးကျူးလိုက်တယ်။

ဗီဗီရဲ့ စစ်မှန်တဲ့ တန်ခိုးကို သိရှိနားလည်ပုံရတဲ့ တစ်ဦးတည်းသောသူတွေကတော့ လိုင်လီယာနဲ့ ဂရီးဗ်တို့ပဲ ဖြစ်တယ်။

"ငါ သိနေသားပဲ" လိုင်လီယာက သူမဘာသာ တိုးတိုးရေရွတ်လိုက်တယ်။

"သူမရဲ့ မှော်စွမ်းအင်က ရိုးရိုးနတ်သူငယ်တစ်ယောက် ဖြစ်ဖို့အတွက်တော့ လုံးဝကို ကြီးမားလွန်းနေတယ်လို့ ငါ အမြဲတမ်း ခံစားခဲ့ရတာ"

"ဟိုဟိုဟိုး...ငါလည်း သိတာပေါ့...ဒါပေမဲ့ ဒါက ပုံမှန်မဟုတ်ဘူးဆိုတာကို လုံးဝ မေ့သွားတာ ဟိုဟိုဟိုး"

ယူမီစု၊ ရှီနာနဲ့ ယူနာတို့က ဗီဗီဆီ ချဉ်းကပ်သွားကြတယ်။

"မင်းက...ပစ်ဇီဘုရင်မလား" ရှီနာက အကြောင်းအရာတွေကို ဆက်စပ်ကြည့်ရင်း မေးလိုက်တယ်။

"ငါ လုံးဝ မသိခဲ့ဘူး...မင်းက အဲဒီလောက် သန်မာတာပဲ...တကယ်ကို လန်းတယ်" ယူမီစုက မျက်လုံးထဲမှာ ကြယ်ပွင့်လေးတွေနဲ့ ပြောလိုက်တယ်။

"မင်းတို့ စိတ်မဆိုးဘူးလား" ဗီဗီက မေးလိုက်တယ်။

"ငါက...ရိုးရိုးနတ်သူငယ်တစ်ယောက်ပဲ ဖြစ်ချင်လို့ မင်းတို့ကို မပြောပြချင်ခဲ့တာပါ"

"ရပါတယ်" ယူနာက ပြောလိုက်တယ်။

"ငါတို့အားလုံးမှာ လျှို့ဝှက်ချက်တွေ ရှိကြတာပဲ။ အရေးကြီးတာက မင်းဟာ ငါတို့သိတဲ့ ဗီဗီပဲ ဖြစ်နေတုန်းဆိုတာပါပဲ"

"ဟိဟိ။ ဒါပေါ့ ဒါပေါ့"

တစ်ဖက်မှာတော့ ဘလေဇဲလ်က ဝါနိုတစ်ယောက် သာမန်နတ်သူငယ်လေးတစ်ဦးရဲ့ တစ်ချက်တည်းနဲ့ အလဲထိုးခံလိုက်ရတာကို မြင်ပြီး ဒေါသတွေ ပေါက်ကွဲလုနီးပါး ဖြစ်သွားတယ်။ သူမက ဗီဗီကို အဆင့်နိမ့် လူတစ်ပိုင်းသတ္တဝါလေးလို့ပဲ ထင်ပြီး လုံးဝ အထင်သေးခဲ့မိတာ။

"မင်းက ပစ်ဇီဘုရင်မပဲ။ ငါ သိသင့်တာ" ဘလေဇဲလ်က ဟောက်လိုက်တယ်။ "ဒါဆိုရင် မင်းဆီမှာ နတ်ဘုရားပန်းပဲဖို အပိုင်းအစ ရှိနေတာပေါ့"

ဗီဗီက ဘလေဇဲလ်ဘက် လှည့်ပြီး လျှာထုတ်ပြလိုက်တယ်။

"ငါ့ဆီမှာ ရှိနေရင်တောင်မှ မင်းကို မပေးဘူး"

ဒါက ဘလေဇဲလ်ရဲ့ ဒေါသကို ပိုပြီး မီးလောင်ရာလေပင့် ဖြစ်စေပုံရတယ်။

"မင်းက အဲဒီ နတ်ဘုရားပန်းပဲဖို အပိုင်းအစကို ဒီတောသားတွေဆီ ပေးမယ်လို့ ပြောတာလား။ တကယ့်ကို ဖြုန်းတီးပစ်တာပဲ။

မင်းက အဲဒီအရာရဲ့ စစ်မှန်တဲ့ တန်ဖိုးကို မသိဘူး။ မင်းတို့ထဲက ဘယ်သူမှ မသိကြဘူး။ ငါကသာ ဒီမှာ တစ်ဦးတည်းသော သံလိုက်စွမ်းအား ပိုင်ရှင်ပဲ။ ငါကသာ အဲဒီ နတ်ဘုရားပန်းပဲဖို အပိုင်းအစကို ရထိုက်တာ"

ဘလေဇဲလ်ရဲ့ ဒေါသက အဲဒီလို ရတနာမျိုးဟာ ၎င်းရဲ့ စစ်မှန်တဲ့ တန်ဖိုးကို မသိတဲ့သူတွေရဲ့ လက်ထဲမှာပဲ လမ်းဆုံးသွားရတော့မယ်ဆိုတာကို တွေးမိပြီး မြင့်တက်လာတယ်။ သူမရဲ့ မျက်စိထဲမှာတော့ ဒါက ဖြုန်းတီးမှုတစ်ခုပဲ။

"ညှင်း.. ညှင်း… ညှင်း...ရပါတယ်" ဘလေဇဲလ်က ရူးသွပ်စွာ ရယ်မောလိုက်တယ်။

"ငါက ရီနေးတားကုမ္ပဏီကို တစ်ခါတည်းနဲ့ အပြတ်အသတ် သိမ်းပိုက်ပြီးတာနဲ့ အဲဒါက ငါ့လက်ထဲကို ရောက်လာမှာပဲ။ ငါ့လူတို့...ငါ့အတွက် အသက်စွန့်ပြီး ဖလဲယားကော့ပ်ဆီ အောင်ပွဲကို ယူဆောင်ခဲ့ကြစမ်း"

သူမ အမိန့်ပေးလိုက်တာနဲ့ ချက်ချင်းပဲ စစ်သား နှစ်ရာဟာ ရီနေးတားတွေဆီကို ညီညာတဲ့ စည်းချက်အတိုင်း ချီတက်လာကြတယ်။ သူတို့ရဲ့ တန်ခိုးတွေက လုံးဝ ဟန်ချက်ညီညီ ပေါင်းစည်းနေပြီး ကြယ်ငါးပွင့် တန်ခိုးထက် ကျော်လွန်ကာ ကြယ်ခြောက်ပွင့် တန်ခိုးထက်တောင် သာလွန်တဲ့ တန်ခိုးကို ပြသနိုင်စေတယ်။

သူတို့ရဲ့ ခြေဖဝါးအောက်မှာ မှော်စက်ဝိုင်းတစ်ခုစီ ပေါ်လာတာနဲ့အမျှ သူတို့ရဲ့ ခြေထောက်တွေက တောက်ပလာကြတယ်။

မကြာခင်မှာပဲ သူတို့ရဲ့ ကိုယ်ပိုင်ခန္ဓာကိုယ်တွေကို မီးတောက်ကြီးတစ်ခုက ဝါးမြိုသွားပြီး ရေကို ရေနွေးငွေ့ဖြစ်အောင် ပြောင်းလဲနိုင်တဲ့အထိ အပူချိန်ကို မြင့်တက်စေတယ်။ ဒါပေမဲ့ ဒီမီးတောက်က စစ်သားတွေရဲ့ အရေပြားပေါ်မှာ အပူလောင်မှုတွေကို စတင်ခံစားရစေတာကြောင့် သူတို့အပေါ် ပြန်ပြီး အကျိုးသက်ရောက်မှု ရှိနေပုံရတယ်။

ဒါပေမဲ့လည်း သူတို့က စည်းချက်အတိုင်း ချီတက်ရင်း ရှေ့ကို ဆက်သွားနေကြတုန်းပဲ။

သူတို့ရဲ့ တစ်ဦးချင်း မီးတောက်တွေဟာ နောက်ဆုံးမှာ ပေါင်းစည်းသွားပြီး ကောင်းကင်ယံအထိ မြင့်မားစွာ လောင်ကျွမ်းကာ တောအုပ်နဲ့ ထိတွေ့သမျှ အရာအားလုံးကို လောင်ကျွမ်းစေတယ်။

အဲဒါက ဝါးမြိုသွားရင်းနဲ့ ငှက်တစ်ကောင်ရဲ့ ပုံသဏ္ဌာန် ဖြစ်လာတယ်။ ဒါပေမဲ့ သာမန်ငှက်တော့ မဟုတ်ဘူး။ အဲဒါက ဒဏ္ဍာရီလာ ဖီးနစ်ငှက်ပဲ။

ဖီးနစ်ငှက်က မြေပြင်ကနေ ထပျံသွားပြီး ကောင်းကင်ယံမှာ ဝဲပျံနေတယ်။ ၎င်းရဲ့ တည်ရှိမှုသက်သက်ကတင် မြေပြင်ကို မီးရဲရဲတောက်နေတဲ့ ငရဲဘုံအဖြစ် ပြောင်းလဲပစ်လိုက်တယ်။

ရီနေးတားတွေအတွက် ကံကောင်းတာကတော့ သူတို့ရဲ့ အခြေခံအဆင့် သဟဇာတဖြစ်သော အကာအကွယ် က သူတို့ကို မီးမလောင်အောင် တားဆီးပေးထားတာပဲ။

အင်အားကြီးမားတဲ့ ဖီးနစ်ငှက်က သူတို့ဆီကို အရှိန်ပြင်းပြင်းနဲ့ မဆင်းသက်ခင်မှာ ထိတွေ့သမျှ အရာအားလုံးကို မီးရှို့ပစ်ဖို့ ရည်ရွယ်ပြီး သူတို့ကို အော်ဟစ်လိုက်တယ်။

ဒီဖီးနစ်ငှက်မှာ ကြယ်ရှစ်ပွင့်မန္တန်ရဲ့ ပေါင်းစပ်အင်အား ရှိနေတယ်။ ဒါက ရီနေးတားတွေတောင်မှ ရင်ဆိုင်နိုင်တဲ့ အရာမဟုတ်ဘူး။

အရိပ်ဝံပုလွေတွေက ရီနေးတားတွေအားလုံးရဲ့ ဘေးမှာ ပေါ်လာပြီး တိုက်ပွဲနဲ့ ဝေးရာ ဘေးကင်းတဲ့ နေရာတစ်ခုဆီ သူတို့ကို ပို့ဆောင်ပေးဖို့ ကမ်းလှမ်းကြတယ်။

ဒါပေမဲ့ ဆန်းကြယ်စွာပဲ သူတို့က မရွှေ့ကြဘူး။

ဖီးနစ်ငှက်က ရီနေးတားတွေဆီကို အရှိန်ပြင်းပြင်းနဲ့ ဆင်းသက်လာတဲ့အချိန်မှာပဲ ဆင်တစ်ကောင်ရဲ့ အရွယ်အစားလောက် အထူရှိတဲ့ ဧရာမ သစ်နွယ်ကြီးတစ်ခုက မြေကြီးထဲကနေ ပေါ်ထွက်လာပြီး ဖီးနစ်ငှက်ကို ကောင်းကင်ထဲ ပြန်ရောက်သွားအောင် ရိုက်ချလိုက်တယ်။

လိုင်လီယာက ဖီးနစ်ငှက်ကို လှောင်ပြုံးပြုံးရင်း သူမရဲ့ နေရာမှာတင် မတ်မတ်ရပ်နေတယ်။ သူမကိုယ်တိုင်က ကြယ်ခုနစ်ပွင့် မှော်ဆရာမတစ်ဦး ဖြစ်တာကြောင့် ဒီလို ညံ့ဖျင်းစွာ ဖန်တီးထားတဲ့ မန္တန်မျိုးကို ခုခံနိုင်စွမ်း ရှိတယ်။

ဒါပေမဲ့ ဖီးနစ်ငှက်က ကောင်းကင်မှာ ဝဲပျံရင်း လူ နှစ်ရာ စစ်တပ်က သူတို့ခန္ဓာကိုယ်ပေါ်မှာ ဖန်တီးနေတဲ့ မီးတောက်မီးလျှံတွေ အားလုံးကို စုပ်ယူနေတာကြောင့် ဒါက အဆုံးသတ်မဟုတ်သေးဘူး။ နောက်ဆုံးမှာတော့ အဲဒါက ရီနေးတားတွေကို နောက်တစ်ကြိမ် တိုက်ခိုက်ဖို့အတွက် လုံလောက်တဲ့ စွမ်းအင်ကို ရရှိသွားတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်မှာတော့ တောအုပ်ထဲမှာ တောက်တောက် တောက်တောက် ဆိုတဲ့ အသံတစ်ခု ဟိန်းထွက်လာတာကို ကြားလိုက်ရတယ်။

"ဟိုဟိုဟိုး"

ဒီအသံက တခြားမဟုတ်ဘဲ ဂရီးဗ်ရဲ့ အရိုးစုခန္ဓာကိုယ်ဆီက နံရိုးတွေ တိုက်မိတဲ့ အသံပဲ။

"ငါ့ရဲ့ တောက်ပရမယ့် အချိန်က နောက်ဆုံးတော့ ရောက်လာပြီပေါ့လေ" သူက သူ့လက်ချောင်းမှာ စွပ်ထားတဲ့ မီသရယ် မှော်ဝင်ပစ္စည်း လက်စွပ်ကို ချွတ်လိုက်ရင်း မေးလိုက်တယ်။

အတားအဆီးကို ဖယ်ရှားလိုက်တာနဲ့ ချက်ချင်းပဲ သေခြင်းတရား မှော်စွမ်းအင်တွေက ဂရီးဗ်ဆီကနေ ပေါက်ကွဲထွက်လာတယ်။

သူ့ရဲ့ တည်ရှိမှုသက်သက်ကြောင့်တင် သူ့ပတ်ပတ်လည်က စိမ်းလန်းစိုပြည်မှုတွေနဲ့ သစ်ပင်ပန်းမန် သက်ရှိတွေဟာ ညှိုးနွမ်းခြောက်သွေ့သွားကြတယ်။

လေထုထဲက မြင့်မားတဲ့ အပူချိန်ကတောင် ညှိုးနွမ်းစပြုလာပြီး ရေငွေ့တွေ ပေါ်လာတဲ့အထိ အေးစိမ့်သွားတယ်။

ဂရီးဗ်က လေထုကို ဆုပ်ကိုင်လိုက်ပြီး သူ့လက်ထဲမှာ မရှိတဲ့ ဓားတစ်လက်ကို ကိုင်ထားသလို လုပ်လိုက်တယ်။ သူက ဖီးနစ်ငှက်ကို မော့ကြည့်လိုက်ပြီး သူ့လက်ကို အသာအယာ မြှောက်ကာ သစ်ပင်ကနေ ကြွေကျလာတဲ့ သစ်ရွက်တစ်ရွက်ကိုတောင် မဖြတ်တောက်နိုင်လောက်တဲ့ ညင်သာတဲ့ အားတစ်ခုနဲ့ အောက်ကို လွှဲချလိုက်တယ်။

ပြီးတော့ ရုတ်တရက် ကောင်းကင်က ဖီးနစ်ငှက်ဟာ နှစ်ပိုင်း ကွဲထွက်သွားတော့တယ်။ ၎င်းရဲ့ ခန္ဓာကိုယ် ခွဲထွက်သွားတဲ့ မျဉ်းကြောင်းအတိုင်း ညှိုးနွမ်းခြောက်သွေ့စပြုလာပြီး မကြာခင်မှာပဲ ၎င်းရဲ့ တောက်လောင်နေတဲ့ မီးတောက်တွေဟာ လေထဲမှာ လွင့်စင်သွားတဲ့ ပြာမှုန်တွေကလွဲလို့ ဘာမှမကျန်တော့ဘဲ ပျောက်ကွယ်သွားတယ်။

ဒီလိုနဲ့ပဲ အင်အားကြီးမားတဲ့ ကြယ်ရှစ်ပွင့်မန္တန်ကြီးဟာ ဖျက်ဆီးခြင်း ခံလိုက်ရပါတော့တယ်။

ဘလေဇဲလ်က ဒီအရိုးစုလူသား ပိုင်ဆိုင်ထားတဲ့ တန်ခိုးကို သိလိုက်ရတဲ့အခါ ထိတ်လန့်တုန်လှုပ်စွာနဲ့ နောက်ဆုတ်သွားတယ်။

"ကြယ်....ကြယ်...ကြယ်ကိုးပွင့်လား" သူမက အော်ဟစ်လိုက်တယ်။

* * * * * * * *

စာစဉ်(၃၂)

အခန်း(၃၈၂)

သူ့ရဲ့ စစ်သည်တော် အယောက်နှစ်ရာလုံး ဖီးနစ်ငှက် ဆုံးရှုံးသွားတဲ့ ဒဏ်ပြန်ကန်မှုကို ခံစားလိုက်ရတယ်။ သူတို့ရဲ့ ခန္ဓာကိုယ်တွေဟာ အပူလောင်ဒဏ်ရာတွေ၊ အရည်ကြည်ဖုတွေနဲ့ ပြည့်နှက်သွားခဲ့ရတယ်။

ဘလေဇဲလ်ကတော့ ရီနေးတားတွေကြားထဲက အရိုးစုမိစ္ဆာကြီးကို ရင်တထိတ်ထိတ်နဲ့ပဲ စိုက်ကြည့်နေမိတယ်။ အဲဒီကောင်ကြီးဆီမှာ ရှိနေတဲ့ မှော်စွမ်းအားက ကြယ်ရှစ်ပွင့်မန္တန်ရဲ့ အထက်ကိုတောင် ကျော်လွန်နေပြီး လူတိုင်း လိုချင်တက်မက်ကြတဲ့ ကြယ်ကိုးပွင့်နယ်ပယ်ကို ရောက်နေလောက်ပြီ ဖြစ်နေလို့ပဲ။

သူမအနေနဲ့ ဒါကို မယုံနိုင်အောင် ဖြစ်နေရတယ်။ ဘာလို့ ဒီလောက် တန်ခိုးကြီးတဲ့ သတ္တဝါက ရီနေးတားလို နာမည်မရှိတဲ့ ကုမ္ပဏီအသေးအဖွဲလေးဘက်က ရပ်တည်ပေးနေရတာလဲ။ ကမ္ဘာပေါ်က ထိပ်တန်း ကုမ္ပဏီကြီးတွေဆီကနေ အပြိုင်အဆိုင် ကမ်းလှမ်းမှုတွေ ခံရပြီး အကောင်းတကာ့ အကောင်းဆုံးတွေဆီမှာတောင် ဝင်လုပ်လို့ ရနေတာပဲဟာ။

ဒီအတောအတွင်းမှာပဲ ဒရာဂွန်ဘွန်းတွေက ရန်သူ့တပ်ဖွဲ့တွေကို အင်အားချည့်နဲ့အောင် လုပ်ဖို့ ဒီအခွင့်အရေးကို လက်မလွှတ်ဘဲ အသုံးချလိုက်ကြတယ်။

"ဒီစစ်သည်တွေက နှစ်မှတ်ရမှာ ဟုတ်တယ်မလား"

ဇိုင်ယွန်က သူ့ရဲ့ လက်ဝှေ့စွပ်တွေမှာ အမှောင်မှော်စွမ်းအင်တွေ တောက်ပလို့နေရင်း ဖလဲယားကော့ပ် စစ်သည်တော်တွေဆီကို ပြေးဝင်သွားရင်း ပြောလိုက်တယ်။

"မင်းနောက်မှာ ငါရှိတယ်"

ဂျာကူကလည်း စနစ်တကျ နေရာယူထားတဲ့ စစ်သည်တွေရဲ့ တန်းစီကွက်ကို လျှပ်စီးတန်းတစ်ခုလို ဖြတ်သန်းတိုက်ခိုက်ရင်း ပြောလိုက်တယ်။

ဒီဒရာဂွန်ဘွန်း နှစ်ယောက်က သူတို့ရဲ့ စွမ်းအားတွေကို ထုတ်ဖော်လိုက်တဲ့အခါ စစ်သည်တွေဟာ သူတို့ကို ခုခံကာကွယ်ဖို့တင် အသည်းအသန် ကြိုးစားနေကြရတယ်။

စစ်သည်တွေဟာ သူတို့ရဲ့ ခန္ဓာကိုယ်ပေါ်မှာ မှော်စက်ဝိုင်းတွေကို ပုံဖော်လိုက်ပြီး မြေပြင်ပေါ်မှာ ချော်ရည်ပြင်ကြီးတစ်ခု ဖြစ်သွားစေမယ့် စုပေါင်းကာကွယ်ရေးမန္တန်တစ်ခုကို ဖန်တီးလိုက်ကြတယ်။

မြေပြင်ကနေ ချော်ရည်တွေ ပန်းထွက်လာပြီး ၎င်းတို့ကို ထုတ်လွှတ်လိုက်တဲ့ စစ်သည်တွေကလွဲလို့ ထိမိသမျှအရာအားလုံးကို လောင်ကျွမ်းစေတော့တာပဲ။

ဇိုင်ယွန်က လေထုကို လက်သီးနဲ့ ထိုးလိုက်ပြီး အောက်က နေရာလွတ်ကို အက်ကွဲသွားစေကာ မြေပြင်ပေါ်က ချော်ရည်တွေကို လွင့်စင်သွားစေတယ်။ သူ မြေပြင်ပေါ် ဆင်းသက်လိုက်ချိန်မှာ ချော်ရည်တွေက သူ့ကို ဝါးမြိုဖို့ ပြန်တက်လာပေမဲ့ သူကတော့ အချိန်ကိုက်ပဲ ဘေးနားက စစ်သည်တွေကို လက်သီးနဲ့ ထိုးထုတ်ပစ်လိုက်တယ်။

သူတို့က ဇိုင်ယွန်ကို တားဆီးဖို့ မီးတောက်ဓားတွေကို မြှောက်လိုက်ကြပေမဲ့ ထွက်ပေါ်လာတဲ့ စွမ်းအားကြောင့်ပဲ လွင့်စင်သွားကြရပြန်တယ်။

တစ်ချိန်တည်းမှာပဲ ဂျာကူက လျှပ်စီးအသွင် ပြောင်းလဲသွားပြီး ရန်သူ့တပ်တွေကြားထဲ တဝီဝီနဲ့ ဖြတ်သန်းသွားကာ ထိမိသမျှလူတိုင်းကို လျှပ်စစ်ဓာတ်လိုက်စေခဲ့တယ်။ ချော်ရည်တွေကို ရှောင်ကွင်းဖို့ သူ့ရဲ့ နည်းလမ်းကတော့ ချော်ရည်တွေ သူ့ကို မလောင်ကျွမ်းနိုင်ခင် အပေါ်ကနေ အလွန်မြန်တဲ့နှုန်းနဲ့ ပြေးသွားတာပဲ ဖြစ်တယ်။

သူ့ကို ဓားနဲ့ ထိုးဖို့ ကြိုးစားတဲ့ စစ်သည်မှန်သမျှဟာ အပြာရောင် လျှပ်စီးတန်းရဲ့ ဖမ်းစားမှုကို ခံလိုက်ရပြီး စက္ကန့်အနည်းငယ်လောက် လှုပ်ရှားမရ ဖြစ်သွားကြရတယ်။

နောက်ခံကနေ ရီနေးတား တူရိယာသမားတွေရဲ့ တီးခတ်သံတွေ ထွက်ပေါ်လာပြီး ဒရာဂွန်ဘွန်းနှစ်ယောက်ကို အစွမ်းတွေ တိုးလာစေတယ်။

ဒါပေမဲ့လည်း ရန်သူ နှစ်ရာကို သူတို့ နှစ်ယောက်တည်း ရင်ဆိုင်နေရတာပါ။ ရန်သူတွေက လူအင်အားနဲ့ ဖိတိုက်လာတဲ့အတွက် သူတို့တွေ စပြီး အားမမျှသလို ဖြစ်လာရတယ်။

စစ်သည် သုံးယောက်ဟာ ဇိုင်ယွန်ရဲ့ အနားကို ကပ်လာနိုင်ခဲ့ပြီး မီးတောက်လက်ဝါး ကို အသုံးပြုကာ သူ ထွက်ပြေးလို့မရအောင် လက်မောင်းတွေကို လှမ်းဖမ်းလိုက်ကြတယ်။

ဒါပေမဲ့လည်း သူ့ရဲ့ ရောင်စုံဒိုင်းက အဲဒီမီးတောက်လက်တွေကို ငြှိမ်းသတ်ပစ်လိုက်ပြီး အစွမ်းတွေကို ပယ်ဖျက်ပေးလိုက်တယ်။ သူတို့တွေ သူ့လက်မောင်းကို ဖမ်းထားတုန်းမှာပဲ ဇိုင်ယွန်က ပခုံးတစ်ချက် တွန့်လိုက်ပြီး ပင့်လက်သီးနဲ့ ထိုးပစ်လိုက်ရာ အားလုံး သတိမေ့ပြီး ကောင်းကင်ပေါ် လွင့်ထွက်သွားကြတော့တယ်။

ဒါပေမဲ့ ဒါဟာ မြေအောက်ချော်ရည်တွေထဲကနေ ရုတ်တရက် ဝုန်းခနဲ ထွက်လာတဲ့ ခိုးကြောင်ခိုးဝှက် စစ်သည်နှစ်ယောက်အတွက် အခွင့်အရေး ဖြစ်သွားပြီး ဇိုင်ယွန်ရဲ့ အကာအကွယ်မရှိတဲ့ နောက်ကျောဘက်ကို ဓားနဲ့ ထိုးဖို့ လုပ်ကြတော့တာပဲ။

အဲဒီအချိန်မှာပဲ. အချိန်ကိုက် ပစ်လွှတ်လိုက်တဲ့ မြားတစ်စင်က ဓားတွေကို လွင့်စင်သွားစေပြီး လုပ်ကြံမယ့်သူ နှစ်ယောက်ရဲ့ လက်နက်တွေကိုပါ ပြုတ်ကျသွားစေခဲ့တယ်။

ဇိုင်ယွန်က ချက်ချင်း လှည့်ကြည့်ပြီး ဘယ်ပြန်ညာပြန် လက်သီးချက်တွေနဲ့ အဲဒီစစ်သည်နှစ်ယောက်ကို အနိုင်ယူကာ တခြားစစ်သည်တွေဆီ တွန်းထုတ်ပစ်လိုက်တယ်။

နောက်ဘက်ကို လှမ်းကြည့်လိုက်တော့ နောက်တန်းမှာ ရှိနေတဲ့ ရှီနာကို မြင်လိုက်ရတယ်။ သူမသာ မရှိရင် သူ ဒဏ်ရာရသွားနိုင်တယ်။

ဒါပေမဲ့ ဇိုင်ယွန်က ကျေးဇူးတင်မယ့်အစား လျှာတစ်ချက် ထုတ်ပြလိုက်ပြီး သူ့ဆီ ပြေးလာတဲ့ စစ်သည်တွေကိုပဲ ဆက်ပြီး ထိုးနှက်နေခဲ့တယ်။

စစ်မြေပြင်ရဲ့ အခြားတစ်ဖက်မှာတော့ စစ်သည်အမြောက်အမြားဟာ ပတ်ဝန်းကျင်ကို ဖျက်ဆီးနေတဲ့ လေဆင်နှာမောင်းကြီးတစ်ခုရဲ့ ဝါးမြိုခြင်းကို ခံနေကြရတယ်။

ဒီကမ္ဘာပျက်မတတ် ဘေးဒုက္ခကြီးရဲ့ အလယ်ဗဟိုမှာတော့ ယူမီစု ရှိနေပြီး သူမရဲ့ လွှဲယမ်းမှုတွေက လေဆင်နှာမောင်းကို ပိုပြီး အားပြင်းလာစေတာပဲ။

စစ်သည်တွေ လေထဲကို စုပ်ယူခံလိုက်ရချိန်မှာပဲ အပြာရောင် လျှပ်စီးတန်းတစ်ခုက မုန်တိုင်းမျက်စိထဲကို ရုတ်တရက် ဝင်ရောက်သွားပြီး လျှပ်စစ်စွမ်းအင်တွေ ဖြည့်တင်းပေးလိုက်တာကြောင့် မိုးသက်မုန်တိုင်းကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့တယ်။

ဂျာကူနဲ့ ယူမီစုတို့ရဲ့ ပေါင်းစပ်မှုက တကယ့်ကို သေစေနိုင်လောက်တဲ့ အစွမ်းပဲ ဖြစ်နေခဲ့တယ်။

ဘလေဇဲလ်က ဒရာဂွန်ဘွန်းတွေကို ကြည့်ပြီး သွားကြိတ်နေမိတယ်။ သူတို့ရဲ့ ကျင့်စဉ်အဆင့်တွေက သိသိသာသာ အားနည်းနေပေမဲ့ သူတို့ရဲ့ စွမ်းအားတွေကတော့ သူမရဲ့ အထူးစစ်သည်တော်တွေကို ယှဉ်နိုင်နေတယ်လေ။

သူတို့ဟာ သူမအတွက် တကယ့်ကို ကြီးမားတဲ့ ပြဿနာတစ်ခု ဖြစ်ကြောင်း သက်သေပြလိုက်တာပဲ။

ဒါတင်မကသေးဘဲ သူတို့နဲ့အတူ ပါလာတဲ့ လူသားမိန်းကလေးကလည်း ဓားရေးအရာမှာ သူမရဲ့ စစ်သည်တွေကို အပြတ်အသတ် သာလွန်နေတာ ထင်ရှားနေတယ်။

ယူနာက သူမရဲ့ လျင်မြန်ပြီး ခန့်မှန်းရခက်တဲ့ ဓားချွန်နဲ့ ရန်သူတွေရဲ့ လက်နက်တွေကို ပါးပါးနပ်နပ် ဖြုတ်ချပစ်လိုက်ပြီး ဓားရိုးနဲ့ ခေါင်းကို ရိုက်ကာ သတိမေ့သွားအောင် လုပ်နေခဲ့တယ်။

ဒီရီနေးတား ငါးယောက်ဟာ အထူးစစ်သည်တော် နှစ်ရာကို ကောင်းကောင်းကြီး ယှဉ်ကစားနိုင်နေပြီ ဖြစ်တယ်။ ဒါပေမဲ့ ပိုပြီး ဆိုးတာက ဒါဟာ အကြီးမားဆုံး ပြဿနာ မဟုတ်သေးတာပဲ။

လိုင်လီယာလို့ ခေါ်တဲ့ ရင့်ကျက်တဲ့ အမျိုးသမီးက စစ်တပ်ရဲ့ တည်နေရာကို တစ်ချက်တည်းနဲ့ ဖျက်ဆီးပစ်နိုင်တဲ့ နွယ်ပင်တွေကို ဆင့်ခေါ်နိုင်စွမ်းရှိတဲ့ ကြယ်ခုနစ်ပွင့် မြေဒြပ်စင်မှော်ကဝေ တစ်ဦး ဖြစ်နေလို့ပဲ။

ပြီးတော့ စစ်မြေပြင်မှာ ရှိနေတဲ့ သာမန် ခရမ်းရောင် စလိုင်းမ်လေးတစ်ခုရဲ့ အထိအတွေ့ကို ခံရပြီးနောက်မှာ သူမရဲ့ စစ်သည်အချို့က ဘာလို့ ကိုယ့်သဘောနဲ့ကိုယ် လက်နက်ချနေကြမှန်း ဘလေဇဲလ် လုံးဝ နားမလည်နိုင်တော့ဘူး။

တောအုပ်တစ်ခုလုံးမှာ အန္တရာယ်အရှိဆုံး သတ္တဝါနှစ်ကောင်ကတော့ ကြယ်ကိုးပွင့် အရိုးစုမိစ္ဆာကြီးနဲ့ ပစ်ဇီဘုရင်မ ဖြစ်နေတဲ့ နတ်သူငယ်မလေးပဲ ဖြစ်လိမ့်မယ်။

အဲဒီနှစ်ကောင်က ဘလေဇဲလ်အနေနဲ့ ဘယ်လိုမှ အနိုင်မတိုက်နိုင်တဲ့ အထွတ်အထိပ် သတ္တာဝါတွေ ဖြစ်နေတယ်။

အဆိုးဆုံးကတော့ အဲဒီသတ္တဝါတွေက လှုပ်တောင် မလှုပ်ရှားကြသေးတာပဲ။ လှုပ်ရှားဖို့လည်း မလိုဘူးလေ။ သူတို့က တခြား ရီနေးတားတွေကိုပဲ ဖလဲယားကော့ပ်ရဲ့ စစ်သည်အယောက်နှစ်ရာ စစ်တပ်ကို အစိမ်းလိုက် ဖဲ့ထုတ်ခွင့် ပေးထားတာ။

ရီနေးတားတွေရဲ့ ပေါင်းစပ်စွမ်းအားတွေက ဘလေဇဲလ်ရဲ့ အထူးသက်တော်စောင့် စစ်သည်အင်အားကို တဖြည်းဖြည်း လျော့နည်းသွားစေတယ်။ သူတို့ အင်အားနည်းလာတာနဲ့အမျှ အလုံးစုံ တိုက်ခိုက်နိုင်စွမ်းကလည်း ပိုပြီး အားနည်းလာတာကြောင့် ရီနေးတားတွေက လူအင်အားနည်းတဲ့ အားနည်းချက်ကို ကျော်လွှတ်ပြီး အသာစီး ရလာခဲ့တယ်။

ဒီကြယ်ငါးပွင့် စစ်သည် အယောက်နှစ်ရာဟာ နောက်ဆုံးမှာတော့ စုတ်ပြတ်သတ်နေတဲ့ လူငါးဆယ်လောက်ပဲ ကျန်တော့တယ်။ ဒီအခြေအနေမှာ သူတို့ လုပ်နိုင်တာဆိုလို့ လက်နက်ချဖို့ပဲ ရှိတော့တာပဲ။

သူတို့ရဲ့ ဓားတွေက မီးတောက်တွေ ငြိမ်းသွားပြီးနောက်မှာတော့ အဲဒီစစ်သည်တွေဟာ မြေပြင်ပေါ် ဒူးထောက်ကာ လက်မြှောက်လိုက်ကြတယ်။

"ဒါ...ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ" ဘလေဇဲလ်က ကောင်းကင်ကြီးကို ကျိန်ဆဲလိုက်တယ်။ "ရီနေးတားဆိုတာ ဘာကြီးလဲ"

သူမ ကွင်းစ်နယ်မြေရဲ့ ဒီအပိုင်းကို ရောက်လာတုန်းကတော့ ဒါကို အလွယ်တကူ သိမ်းပိုက်နိုင်ပြီး ဖလဲယားကော့ပ် ကြီးစိုးဖို့ လမ်းခင်းနိုင်လိမ့်မယ်လို့ ထင်ခဲ့တာ။

ဒါပေမဲ့ ဒီအမည်မသိ ရီနေးတား ကုမ္ပဏီရဲ့ တည်ရှိမှုက သူမရဲ့ အစီအစဉ်အားလုံးကို ဖျက်ဆီးပစ်လိုက်ပြီ ဖြစ်တယ်။

တော်ဝင်တိုက်ကြီးရဲ့ ဝေးလံခေါင်ဖျားတဲ့ နယ်စပ်ဒေသကနေ လာတာ ဖြစ်ပေမဲ့ သူတို့မှာ ကြီးမားတဲ့ စွမ်းအား၊ ငွေကြေးနဲ့ သြဇာအာဏာတွေ ရှိနေပုံရတယ်။ ဒါက မဖြစ်နိုင်တာပဲဟာ။ သူတို့က ကုမ္ပဏီကြီးတစ်ခုရဲ့ လက်အောက်ခံ ကုမ္ပဏီခွဲတောင် မဟုတ်ဘူးလေ။

မကြာခင်မှာပဲ ရှုံးနိမ့်ခြင်းက နီးကပ်လာတာနဲ့အမျှ ဘလေဇဲလ်ရဲ့ ရင်ထဲမှာ မခံချင်စိတ်တွေ ပြည့်နှက်လာခဲ့တယ်။ သူမ ဒါကို လက်မခံချင်ဘူး။

ဒါပေမဲ့လည်း ပစ်ဇီဘုရင်မနဲ့ အရိုးစုမိစ္ဆာကြီးရဲ့ တည်ရှိမှုက သူမအတွက်တော့ ကျော်ဖြတ်ဖို့ မဖြစ်နိုင်လောက်အောင် ဖြစ်နေခဲ့တယ်။ သူမရဲ့ မက်ဂ်နက်တစ်တွေနဲ့ ဒီဗာတောင်မှ ၎င်းတို့ရဲ့ လွှမ်းမိုးချုပ်ကိုင်ထားတဲ့ စွမ်းအားတွေကြားထဲကနေ သူမကို မကယ်တင်နိုင်ခဲ့ဘူး။

သူမ ဒီတိုက်ပွဲမှာ ရှုံးတော့မယ်ဆိုတာ သိလိုက်တယ်။ ဒါပေမဲ့ ဒါဟာ ရီနေးတား နိုင်သွားပြီလို့ မဆိုလိုသေးဘူး။

"မင်း လက်နက်ချမလား" ဇိုင်ယွန်က ဘလေဇဲလ်ကို လှမ်းအော်ပြောလိုက်တယ်။

"ဟား ဟား ဟား" ဘလေဇဲလ်က တဟားဟား ရယ်မောလိုက်တယ်။ "မင်းတို့ ငါတို့ကို နိုင်သွားပြီလို့ ထင်နေတာလား"

ရှီနာက ရှေ့ကို တစ်လှမ်းတိုးလာခဲ့တယ်။ "မင်းက ရှုံးခါနီး ဖြစ်နေပြီလေ။ ငါတို့ နိုင်မှာကို ငါတို့ သိတာပေါ့"

ဘလေဇဲလ်က ခေါင်းကို နောက်ပစ်ပြီး အရူးတစ်ယောက်လို သွေးရူးသွန်းတန်း ရယ်မောလိုက်တော့တယ်။

"မင်းတို့ ငါ့ကို အနိုင်ယူနိုင်ရင်လည်း ယူနိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းတို့ ဖလဲယားကော့ပ်ကို အနိုင်ယူနိုင်ပြီလို့ မဆိုလိုဘူး။ ငါ ရှုံးသွားတာကို သူတို့ သိသွားရင် ဘာဖြစ်မလဲ မင်းတို့ ထင်လဲ။ သူတို့ရဲ့ စစ်အင်အားတစ်ခုလုံးကို သုံးပြီး မင်းတို့ရဲ့ စုတ်ပြတ်သတ်နေတဲ့ ကုမ္ပဏီသေးသေးလေးကို မြေလှန်ပစ်လိမ့်မယ်"

ယူနာက သူမရဲ့ ဓားချွန်ကို ဘေးဘက်ကို ဝှေ့ယမ်းလိုက်ပြီး ဓားသွားပေါ်မှာ ပေကျံနေတဲ့ သွေးတွေကို ခါထုတ်ပစ်လိုက်တယ်။ "ငါတို့ သူတို့ကိုလည်း အနိုင်ယူမှာပဲ" သူမက ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်တယ်။

"ဟားဟားဟား။ မင်းတို့အားလုံးက ကလေးကလားဆန်လွန်းတယ်။ ကလေးကလားဆန်တယ်လို့ ငါပြောတာ။ မင်းတို့ထဲက ဘယ်သူမှ တကယ့် စွမ်းအားအစစ်အမှန်က ဘယ်လိုလဲဆိုတာ မသိကြဘူး။

မင်းတို့ကြားထဲမှာ ကြယ်ကိုးပွင့်မိစ္ဆာကြီး ရှိနေရင်တောင်မှ တန်ခိုးကြီးတဲ့ မက်ဂ်နက်တစ်တစ်ယောက်ရဲ့ စွမ်းအားအစစ်အမှန် ရှေ့မှာတော့ သေးသိမ်သွားမှာပဲ။

မင်းတို့က ကမ္ဘာပေါ်က အမွေဆက်ခံသူတွေနဲ့ ကုမ္ပဏီကြီးတွေကို ယှဉ်ပြိုင်နိုင်မယ် ထင်နေတာလား။ ဆက်ပြီး အိပ်မက်မက်နေလိုက်။ သူတို့က မင်းတို့နဲ့ အဆင့်အတန်းချင်း လုံးဝ မတူဘူး။

မင်းတို့ထဲက ဘယ်သူမှ အောင်မြင်မှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ မင်းတို့အားလုံးက နတ်ဘုရားတွေရဲ့ အစွမ်းထက်လှတဲ့ သတ္တုရိုင်းရဲ့ ရွေးချယ်မှုကို ခံရဖို့ မထိုက်တန်လို့ပဲ"

အဲဒီအချိန်မှာပဲ တောအုပ်ထဲမှာ ခြေသံတစ်ချက် ထွက်ပေါ်လာခဲ့တယ်။

ရွှေရောင်ဆံပင်နဲ့ ကောင်လေးတစ်ယောက်က ဘလေဇဲလ်ကို မော့ကြည့်ပြီး ပြုံးလိုက်တယ်။

* * * * * * * *

All Chapters