← Chapters

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

အခန်း (၁၉-၂၀)

Vol. 2 Ch. 19-20

စာစဉ်(၂)

အခန်း(၁၉)

အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားပြီးနောက်မှာတော့ ရေပူစမ်းမှာ အနားယူနေကြတဲ့ အစေခံမလေးတွေ အိမ်တော်ကို ပြန်ရောက်လာကြပါတယ်။ ဒါပေမဲ့ သူတို့ အခန်းထဲက ထွက်လာတဲ့အခါမှာတော့ စားပွဲတစ်လုံးကို ဝိုင်းအုံကြည့်နေကြတဲ့ အိမ်တော်ထိန်းအားလုံးကို တွေ့လိုက်ရလို့ အံ့သြသွားကြတယ်။

ဒါတင်မကသေးဘဲ သူတို့အားလုံးက တော်တော်လေးလည်း ဆူညံနေကြတာပါ။

“ မဟုတ်သေးဘူး ... အကောင်းဆုံးကတော့ မြင်းကို ဟိုဘက်ရွှေ့လိုက်တာ ပိုကောင်းမယ် ”

“ အား ... ဒါပေမဲ့ အဲဒီအချိန်ကျရင် ဘုန်းကြီး က စားပွဲတင်ခံလိုက်ရမှာပေါ့ ”

“ ခင်ဗျားတို့အားလုံး လွဲနေပြီ။ သခင်လေးက ဘုရင်ကို ထောင့်ပိတ်မိဖို့ တစ်ကွက်ပဲ လိုတော့တာ ”

မိုက်ကယ်က သူ့ပြိုင်ဘက်ရဲ့ နယ်ရုပ်ကို စားပွဲတင်ဖို့အတွက် မိဖုရားရုပ်ကို ကိုင်မြှောက်လိုက်ပြီး ဘုရင်ကို ဘယ်မှပြေးမရအောင် ထောင့်ပိတ်လိုက်ပါတော့တယ်။

“ Check mate ” လို့ မိုက်ကယ်က ဂုဏ်ယူဝင့်ကြွားတဲ့ အပြုံးနဲ့ ပြောလိုက်တယ်။

အိမ်တော်ထိန်းကြီးမှာတော့ အရင်ကလို တည်ငြိမ်ခန့်ညားတဲ့ အရှိန်အဝါမျိုး မရှိတော့ပါဘူး။ မိုက်ကယ်က ဘက်စုံသုံးလို့ရတဲ့ မိဖုရားရုပ်နဲ့ သူ့ကို အဆက်မပြတ် တိုက်စစ်ဆင်နေတာကြောင့် အဘိုးကြီးရဲ့ ဆံပင်ဖြူဖြူတွေကလည်း ခေါင်းကုတ်လွန်းလို့ ဖရိုဖရဲ ဖြစ်နေရှာတယ်။ သူ့ရဲ့ အမှတ်အသားဖြစ်တဲ့ နှုတ်ခမ်းမွှေးကြီးတွေတောင် ဖယောင်းတွေ ပျက်ပြီး လည်ပင်းနားအထိ တွဲကျနေသလိုပဲ။

“ ကျွန်တော် ... ကျွန်တော် အရှုံးပေးပါတယ် သခင်လေး ”

ကျန်တဲ့ အိမ်တော်ထိန်းတွေကတော့ သခင်လေးရဲ့ ပြတ်သားတဲ့ အနိုင်ရမှုကို လက်ခုပ်တီးပြီး အားပေးကြတယ်။ အိမ်တော်ထိန်းကြီးဟာ အခုဆိုရင် အပွဲ ၂၀ လောက်အထိ ဆက်တိုက် အရေးနိမ့်ထားတာပါ။ ဒါကြောင့် သူတို့ ထင်ထားသလို ဒီ ‘ စစ်တုရင် ’ ကစားနည်းက လွယ်ကူတဲ့အရာ မဟုတ်ဘူးဆိုတာကို အားလုံး လက်ခံသွားကြတယ်။

သူတို့တွေက အိမ်တော်ထိန်း သင်တန်းတွေ တက်ထားရတာကြောင့် သူတို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးအပေါ် ဂုဏ်ယူနေကြသူတွေ ဖြစ်ပေမဲ့ သခင်လေးနဲ့ ယှဉ်လိုက်ရင်တော့ ဘာမှမဟုတ်တော့ပါဘူး။

နောက်ဆုံးပိုင်းမှာတော့ အိမ်တော်ထိန်းတွေ အကုန်လုံး ဝိုင်းကူပြီး အိမ်တော်ထိန်းကြီးနဲ့ တိုင်ပင်ပြီး အကောင်းဆုံး အကွက်တွေကို ရွှေ့ခဲ့ကြပေမဲ့ သူတို့ရဲ့ နယ်ရုပ်တွေကို တစ်စစီ ချေမှုန်းနေတဲ့ မိဖုရားရုပ်ကိုတော့ မဖမ်းဆီးနိုင်ခဲ့ကြပါဘူး။

“ စိတ်မကောင်းမဖြစ်ပါနဲ့။ ငါက မင်းတို့ထက် အရင်ကတည်းက ကြိုလေ့ကျင့်ထားလို့ပါ ”

မိုက်ကယ်က အရင်ဘဝတုန်းက အွန်လိုင်းစစ်တုရင်မှာ အဆင့် ၁၅၀၀ လောက်အထိ ရှိခဲ့တာကြောင့် ဝါသနာရှင်တစ်ယောက်အနေနဲ့ ဆိုရင်တော့ တော်တော်လေး တော်တဲ့အဆင့်မှာ ရှိပါတယ်။ စပါးရှန်ကို အနိုင်ယူဖို့အတွက် သူ နိုဗာ ရဲ့ အကူအညီတောင် ယူစရာမလိုခဲ့ပါဘူး။

[ မင်းရဲ့ နောက်ဆုံးပိုင်း အကွက်ရွှေ့တာတွေမှာ အမှားအယွင်းတွေ အများကြီး ရှိနေပါတယ်။ အဲဒီအမှားတွေကို ကျွန်ုပ် ထောက်ပြပေးပြီး အကောင်းဆုံး အကွက်တွေကို ညွှန်ကြားပေးစေလိုပါသလား ]

‘ အခုတော့ မလိုသေးပါဘူး။ ဒီလူတွေက လောလောဆယ် ငါ့ပြိုင်ဘက်ဖြစ်ဖို့ အများကြီး အားနည်းနေသေးတယ်။ သူတို့ တော်လာမှပဲ မင်းရဲ့ အကူအညီကို ယူတော့မယ်။ အင်း ... နောက်ထပ် အနှစ်တစ်ရာလောက် ကြာရင် ဖြစ်နိုင်မလား၊ ဟားဟားဟား ’

[ အိမ်တော်ထိန်းကြီးအနေနဲ့ နောက်ထပ် နှစ်နှစ်အတွင်းမှာ မင်းကို စစ်တုရင်နိုင်အောင် ကစားနိုင်လိမ့်မယ်လို့ ကျွန်ုပ် ခန့်မှန်းရရှိပါတယ်။ သူက ဒီကစားနည်းမှာ ပါရမီ အများကြီးရှိတာကို တွေ့ရပါတယ် ]

အဲဒီစကားကို ကြားလိုက်ရတဲ့အခါ မိုက်ကယ်ရဲ့ မာနလေး နည်းနည်းတော့ ထိခိုက်သွားတယ်။ ဘာပဲဖြစ်ဖြစ် သူက အခုလက်ရှိ အဆင့်ကို ရောက်ဖို့အတွက် ငါးနှစ်ကျော်လောက် အွန်လိုင်းမှာ တစိုက်မတ်မတ် ကစားခဲ့ရတာလေ။

“ သခင်လေး ... နောက်တစ်ပွဲလောက်ပဲ ... နောက်ဆုံး တစ်ပွဲလောက်ပဲ ထပ်ကစားရအောင်ပါ ... ” လို့ အိမ်တော်ထိန်းကြီးက အတင်းတောင်းပန်နေပါတော့တယ်။

“ အို ... ဟိုမှာ ကြည့်စမ်း။ ခေါင်းလောင်းသံ မြည်နေပြီ။ ငါ အိပ်ရမယ့် အချိန်ရောက်ပြီထင်တယ်။ သွားပြီနော် ” လို့ မိုက်ကယ်က လေထဲက မရှိတဲ့ အသံကို နားစွင့်ပြရင်း ပြောလိုက်တယ်။

အိမ်တော်ထိန်းတွေကတော့ ညရောက်တဲ့အထိ သူတို့အချင်းချင်း ဆက်ပြီး ကစားနေကြပါတယ်။

အိမ်တော်ထိန်းကြီးဟာ မျက်လုံးမှိတ်ပြီး အိပ်ဖို့ ကြိုးစားပေမဲ့ သူ့အိပ်မက်ထဲမှာ စစ်တုရင်ခုံကြီးနဲ့ သူ့ရှေ့မှာ ထိုင်နေတဲ့ သခင်လေးကိုပဲ မြင်နေရတယ်။ အိပ်မက်ထဲမှာတောင် သူ သခင်လေးကို မနိုင်ခဲ့ပါဘူး။

နောက်တစ်နေ့မှာတော့ မိုက်ကယ်က အိမ်တော်ထိန်းတွေရဲ့ အာသီသကို ဖြေဖျောက်ပေးဖို့အတွက် စစ်တုရင်ခုံတွေနဲ့ စစ်တုရင်ရုပ်တွေကို ထပ်ပြီး ပြုလုပ်ပေးလိုက်ပါတယ်။

အလုပ်ချိန်ပြီးလို့ ခေါင်းလောင်းသံ မြည်တာနဲ့ သူတို့တွေက စားပွဲတွေဆီ အပြေးအလွှား သွားကြပြီး အချင်းချင်း စစ်တုရင် ကစားကြပါတော့တယ်။ အိမ်တော်တစ်ခုလုံးမှာ တစ်ယောက်နဲ့တစ်ယောက် ဉာဏ်စမ်းချင်ကြတဲ့ ပညာတတ်တွေကြားထဲမှာ စစ်တုရင် ရူးသွပ်မှုတွေ ကူးစက်ကုန်သလိုပါပဲ။

အိမ်တော်ထိန်းကြီးကတော့ တခြားသူတွေထက် အဆင့်အတန်း တစ်ခု သာလွန်နေတာကို သက်သေပြနိုင်ခဲ့ပါတယ်။ အခုဆိုရင် သူက တခြား အိမ်တော်ထိန်းတွေ အားလုံးကို အပြတ်အသတ် အနိုင်ယူနေတဲ့သူ ဖြစ်နေပါပြီ။

ဒါပေမဲ့ သူတို့တွေ ဆက်တိုက် ကစားရင်းနဲ့ အိမ်တော်ထိန်းတွေရဲ့ ကျွမ်းကျင်မှုကလည်း တဖြည်းဖြည်း မြင့်တက်လာပါတယ်။ သူတို့ကြားက ရင်းနှီးမှုကြောင့်ပဲ အနိုင်ရတဲ့သူက ရှုံးတဲ့သူကို ဘယ်လို တိုးတက်အောင် လုပ်ရမလဲဆိုတာ ပြန်လည် မျှဝေပေးကြပါတယ်။

အမျိုးသားတွေတင် စွဲလမ်းနေကြတာ မဟုတ်ဘဲ အစေခံမလေးအချို့လည်း ဒီကစားနည်းနဲ့ ရင်းနှီးလာကြပါတယ်။ ကက်စတယ်လာကလည်း အဲဒီထဲက တစ်ယောက်ဖြစ်ပြီး သူမကတော့ ဒီကစားနည်းရဲ့ နက်နဲတဲ့ အကွက်ရွှေ့ပုံတွေကို မြန်မြန်ဆန်ဆန်ပဲ သဘောကျသွားခဲ့ပါတယ်။

အခုဆိုရင် အိမ်တော်ထဲမှာ စစ်တုရင်ရုပ်တွေ ခုံပေါ်ကို ရိုက်ခတ်သံတွေနဲ့ အမှားလုပ်မိလို့ နယ်ရုပ် အစားခံလိုက်ရတဲ့အခါ ထွက်ပေါ်လာတဲ့ အော်ဟစ်သံတွေနဲ့ ပြည့်နှက်နေပါတော့တယ်။

* * * * * * * * *

ရက်အနည်းငယ် ကြာသွားပြီးနောက်မှာတော့ ဖောက်သည်အသစ်တွေဆီကို ဆပ်ပြာနဲ့ ခေါင်းလျှော်ရည်တွေ ပို့ဆောင်ရမယ့် အချိန်ရောက်လာပါပြီ။ ချမ်းသာတဲ့ အမျိုးသမီးကြီးတွေနဲ့ သူတို့ရဲ့ သမီးပျိုလေးတွေက သူတို့ရဲ့ မွှေးပျံ့တဲ့ အနံ့အသက်တွေကို သူငယ်ချင်းတွေကို ကြွားလုံးထုတ်ပြီးတဲ့နောက်မှာတော့ လူတိုင်းက လိုချင်တပ်မက်စိတ်တွေ ပြင်းထန်လာကြပါတယ်။

ဒါပေမဲ့ ရီနေးတားဆပ်ပြာနဲ့ ခေါင်းလျှော်ရည်က ဈေးကွက်ထဲမှာ အလွယ်တကူ ဝယ်လို့မရသေးတာကြောင့် အမျိုးသမီးထုကြားမှာတော့ ဒဏ္ဍာရီတစ်ခုလို ဖြစ်နေပါတော့တယ်။ ဒါကပဲ ဝယ်လိုအားကို အဆမတန် မြင့်တက်စေခဲ့တာပါ။

ကက်စတယ်လာဆီကိုလည်း သူတို့ရဲ့ သူငယ်ချင်းတွေက အများကြီး ဝယ်ချင်နေကြပါတယ်ဆိုတဲ့ အကြောင်း ဧည့်သည်တွေဆီကနေ အဆက်အသွယ်တွေ ရောက်နေပါပြီ။

ကံကောင်းတာက မိုက်ကယ်က ဒါကို ကြိုတင်ခန့်မှန်းထားပြီး ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် ထုတ်လုပ်မှုကို အရှိန်မြှင့်ထားခဲ့တာပါ။

အခုတော့ ကက်စတယ်လာဟာ အဲဒီ ဖောက်သည်အသစ်တွေဆီကို ဆပ်ပြာနဲ့ ခေါင်းလျှော်ရည် သေတ္တာတွေ ပို့ဆောင်ဖို့ ထွက်လာခဲ့ပါပြီ။

“ အို ... အနံ့လေးက တကယ်ကို မွှေးတာပဲ။ ဒီကနေတောင် ရနေပြီ ” လို့ ကက်စတယ်လာက သေတ္တာကို အိမ်ရှေ့အထိ သယ်လာပေးတဲ့အခါ ချမ်းသာတဲ့ အမျိုးသမီးကြီးတစ်ယောက်က ပြောလိုက်ပါတယ်။

“ ဟုတ်ကဲ့ပါရှင် ” လို့ ကက်စတယ်လာက ပြုံးပြီး ပြန်ဖြေလိုက်တယ်။ “ ဒါကြောင့်လည်း ရီနေးတားဆပ်ပြာနဲ့ ခေါင်းလျှော်ရည်က အခုလောက်အထိ နာမည်ကြီးနေတာပေါ့ ”

“ အင်း ... ဒါကို ဝယ်ခွင့်ရတဲ့ လူနည်းစုထဲမှာ ငါပါဝင်နေတာကို တကယ်ပဲ ကံကောင်းတယ်လို့ မှတ်ယူရမယ် ”

“ လက်ဖက်ရည် သောက်ရင်း စကားပြောရအောင် ဝင်ခဲ့ပါဦးမလား ” လို့ အမျိုးသမီးကြီးက မေးလိုက်ပါတယ်။ သူက ကက်စတယ်လာကို မျက်နှာသာပေးပြီး ပေါင်းသင်းချင်နေတာ သိသာပါတယ်။

“ အို ... ကျွန်မက အနှောင့်အယှက် ဖြစ်နေမှာ စိုးလို့ပါ သခင်မကြီး ”

“ မဟုတ်တာပဲ။ ကိစ္စမရှိပါဘူး။ ပြီးတော့ ပြောစရာတွေလည်း အများကြီး ရှိသေးတယ်လေ။ ငါ့သူငယ်ချင်း အချို့ကလည်း သူတို့အတွက် တစ်သေတ္တာလောက် ဝယ်ချင်နေကြတာ၊ မင်း သူတို့ကို ကူညီပေးနိုင်မလားလို့ပါ ”

ကက်စတယ်လာကတော့ ရွှေနံ့ငွေနံ့ကို ရလိုက်တာကြောင့် နောက်ဆုံးမှာတော့ သဘောတူလိုက်ပြီး အမျိုးသမီးကြီးနဲ့အတူ လက်ဖက်ရည် သောက်ဖို့ ဝင်သွားပါတော့တယ်။

သူတို့နှစ်ယောက်ဟာ ပန်းခြံနားမှာ လက်ဖက်ရည် သောက်ရင်း မုန့်တွေ စားနေကြပါတယ်။

“ အို ... ဧည့်သည် ရောက်နေတာလား ... ဒါက ဒီနေ့အတွက် အစိတ်ဝင်စားဆုံး ကိစ္စပဲ ” လို့ ခုံပေါ်မှာ ထိုင်နေတဲ့ ခန့်ညားတဲ့ အမျိုးသားတစ်ယောက်က ပြောလိုက်တယ်။

“ ကျွန်မရဲ့ ခင်ပွန်းကို ခွင့်လွှတ်ပေးပါ။ သူက အခုတလော တော်တော်လေး ပျင်းနေလို့ပါ ” လို့ အမျိုးသမီးကြီးက ဆိုပါတယ်။

အဲဒီအချိန်မှာပဲ ကက်စတယ်လာက အကြံတစ်ခု ရသွားတယ်။ သူမက အမျိုးသမီးကြီးရဲ့ ခင်ပွန်းကို ကြည့်ပြီး ပြောလိုက်တာက -

“ ပျင်းနေတာလား ရှင့် အဲဒါဆိုရင် ‘ စစ်တုရင် ’ လို့ ခေါ်တဲ့ ကစားနည်းလေးတစ်ခုကို စိတ်ဝင်စားမလားလို့ ကျွန်မ မေးပါရစေရှင် ”

* * * * * * * * *

စာစဉ်(၂)

အခန်း(၂၀)

“ဒါဆိုရင်တော့ ပွဲသိမ်းသွားပါပြီ Checkmateနော် လူကြီးမင်း”

ကက်စတယ်လာက သူမရဲ့ ဘုန်းကြီးရုပ်နဲ့ တစ်ဖက်လူရဲ့ ဘုရင်ရုပ်ကို ပိတ်ဆို့လိုက်ရင်း ပြောလိုက်ပါတယ်။

အဲဒီလူဟာ ကစားနည်းမှာ ရှုံးနိမ့်သွားတဲ့အတွက် စိတ်ဆိုးမယ့်အစား အလွန်အမင်း စိတ်လှုပ်ရှားသွားခဲ့ပါတယ်။

“ဒါက တကယ်ကို ရင်ခုန်ဖို့ကောင်းတာပဲ ရွှေ့ကွက်တွေက အမျိုးမျိုးရှိနိုင်လွန်းတော့ ငါးကွက်စာလောက်အထိ ကြိုပြီး စဉ်းစားနေမိတာကို မရပ်တန့်နိုင်တော့ဘူး”

ကတ်စတယ်လာက ရယ်မောလိုက်ပါတယ်။ သူမ စစ်တုရင်ကို စတင်သင်ယူတုန်းကလည်း အခုလိုပါပဲ။

“စစ်တုရင်လို့ ခေါ်တဲ့ ဒီကစားနည်းကို... ကျွန်တော် ကိုယ်ပိုင်ဝယ်လို့ ရမလား ကျွန်တော့် သူငယ်ချင်းတွေကိုလည်း ဒီအကြောင်း သေချာပေါက် ပြောပြရမယ်။ သူတို့တွေလည်း သဘောကျကြမှာ အသေအချာပဲ”

ဒါက မမျှော်လင့်ထားတဲ့ အလှည့်အပြောင်းတစ်ခုပါပဲ။ သူမဟာ ခရီးသွားတဲ့အခါ ပျင်းတာနဲ့ စစ်တုရင်ခုံကို ယူလာခဲ့တာဖြစ်ပြီး စိတ်ကူးထဲမှာတင် တစ်ယောက်တည်း ကစားရင်း အရည်အချင်း တိုးတက်အောင် လုပ်နေခဲ့တာပါ။

အဲဒီလူက ပျင်းနေတယ်လို့ ပြောတဲ့အခါ သူမလည်း ကစားချင်နေတာနဲ့ အဖော်စပ်လိုက်ရုံသာ ရှိပါသေးတယ်။ ဒါက ရီနေးတားကုမ္ပဏီအတွက် နောက်ထပ် ဝင်ငွေရလမ်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ သူမ တစ်ခါမှ မတွေးခဲ့မိပါဘူး။

“ကောင်းပါပြီ လူကြီးမင်း။ ကျွန်မရဲ့ အလုပ်ရှင်ကို စစ်တုရင်ခုံတွေ စီစဉ်ပေးဖို့ တောင်းဆိုလိုက်ပါ့မယ်”

* * * * * * * * *

ညနေစောင်းတဲ့အခါ ကတ်စတယ်လာက ဖြစ်ပျက်ခဲ့သမျှကို မိုက်ကယ်ကို အစီရင်ခံပါတယ်။

“ကောင်းပြီလေ ဒါနဲ့ စစ်တုရင်ခုံ တစ်စုံကို ဘယ်လောက်နဲ့ ရောင်းရမလဲ ရွှေဒင်္ဂါး ၁ ပြားလား မဟုတ်သေးဘူး... အဲဒါက နည်းလွန်းတယ်။ ရွှေဒင်္ဂါး ၁၀ ပြားဆိုရင်ကော ဘယ်လိုလဲ”

ကတ်စတယ်လာကတော့ စစ်တုရင်ဟာ အဖိုးတန်ပစ္စည်းတစ်ခုလို့ ယူဆထားပါတယ်။ ဘာလို့လဲဆိုတော့ အရုပ်တစ်ခုချင်းစီကို မိုက်ကယ်ကိုယ်တိုင် အားစိုက်ထုတ်ပြီး အချိန်ပေးလုပ်ထားရလို့ပါ။

အစေခံတွေနဲ့ အိမ်စေတွေကတော့ မလုပ်နိုင်ကြပါဘူး။ ဘာလို့လဲဆိုတော့ သူတို့မှာ စစ်တုရင်ရုပ်လေးတွေ ဖြစ်လာဖို့ လိုအပ်တဲ့ မှော်ပညာနဲ့ လက်မှုပညာ အစွမ်းအစ မရှိလို့ပါပဲ။ သူမရဲ့ အမြင်အရဆိုရင် စစ်တုရင်တစ်ခုံကို ရွှေဒင်္ဂါး ၁၀၀ လောက် တန်သင့်ပါတယ်။

“မဟုတ်ဘူး၊ အဲဒါက ဈေးကြီးလွန်းတယ်။ ကြေးဒင်္ဂါး ၁၀၀ ဝန်းကျင်လောက်နဲ့ပဲ ရောင်းသင့်တယ်” လို့ မိုက်ကယ်က မေးစေ့ကို ပွတ်ရင်း ပြောလိုက်ပါတယ်။

“ကြေးဒင်္ဂါးတွေလား ရွှေဒင်္ဂါးတွေ မဟုတ်ဘူးလား သခင်လေး အဲဒါက သိပ်နည်းမနေဘူးလား”

မိုက်ကယ်က ခေါင်းခါလိုက်ပြီး၊ “အကယ်၍ ငါတို့က စစ်တုရင်ခုံကို ဈေးကွက်ထဲမှာ ရွှေဒင်္ဂါး ၁ ပြားနဲ့ ရောင်းလိုက်မယ်ဆိုရင် ဘာဖြစ်လာမယ်လို့ မင်းထင်လဲ”

“လူတွေက ဝယ်ချင်ကြမှာပေါ့” လို့ ကတ်စတယ်လာက ပြန်ဖြေပါတယ်။

မိုက်ကယ်က ခေါင်းငြိမ့်ပြလိုက်ပြီး၊ “ဟုတ်တယ်၊ ဒါပေမဲ့ သူတို့က မတတ်နိုင်ကြရင်ကော အဲဒီနောက်မှာ ဘာဖြစ်လာမယ် ထင်လဲ”

ကတ်စတယ်လာ တွေဝေသွားပြီး၊ “သူတို့တွေ ပိုက်ဆံစုကြမှာလား”

“မဟုတ်ဘူး။ တခြားလူတွေက ငါတို့ထက် ပိုသက်သာတဲ့ ဈေးနဲ့ သူတို့ဘာသာ စစ်တုရင်ခုံတွေ ထုတ်လုပ်ကြလိမ့်မယ်။ ဝယ်မယ့်သူတွေက အများကြီးရှိနေတော့ သူတို့က ငါတို့ထက် ပိုပြီး ပိုက်ဆံရှာနိုင်သွားကြလိမ့်မယ်”

ဒီလိုမျိုး လုပ်ရပ်တွေက သူ့ရဲ့ အရင်ကမ္ဘာမှာတော့ သမားရိုးကျပါပဲ။ နာမည်ကြီး တံဆိပ်တစ်ခုက ထုတ်ကုန်အသစ်တစ်ခု ထုတ်လိုက်တာနဲ့ ဈေးပေါတဲ့ အတုတွေ ဈေးကွက်ထဲမှာ ချက်ချင်း ပြန့်နှံ့သွားတတ်တာမျိုးပေါ့။

“စစ်တုရင်ခုံက ထူးခြားတာ ဘာမှမရှိဘူး။ သစ်သားနဲ့ အရုပ်လေးတွေပဲလေ။ ဘယ်သူမဆို လုပ်နိုင်တဲ့အရာပဲ” လို့ မိုက်ကယ်က ဆိုပါတယ်။

အဲဒီတော့မှ ကတ်စတယ်လာလည်း မိုက်ကယ်ရဲ့ စကားကို နားလည်သွားပါတယ်။ သူတို့ဘာသာ လုပ်လို့ရနေတဲ့အရာကို ဘယ်သူကမှ ငါတို့ဆီကနေ ဈေးကြီးကြီးပေးပြီး ဝယ်မှာမဟုတ်ဘူးဆိုတာပါပဲ။

“ကျွန်မ နားလည်ပါပြီ သခင်လေး။ အကယ်၍ ငါတို့က ဈေးသက်သက်သာသာနဲ့ ရောင်းမယ်ဆိုရင် လူအများကြီးက တခြားသူတွေဆီက ဝယ်မယ့်အစား ငါတို့ဆီကပဲ ဝယ်ကြလိမ့်မယ်”

မိုက်ကယ်က ဒီကမ္ဘာမှာ မရှိသေးတဲ့ အရာတစ်ခုကိုလည်း စဉ်းစားနေပါသေးတယ်၊ အဲဒါကတော့ ‘ကုန်အမှတ်တံဆိပ်’ ပါပဲ။

တစ်ခါတလေမှာ ပိုက်ဆံရှာတာထက် ကုန်အမှတ်တံဆိပ်ကို မြှင့်တင်တာက ပိုကောင်းပါတယ်။ အဲဒါက သူ့ရဲ့ အရင်ကမ္ဘာက ကုမ္ပဏီတွေကို ကမ္ဘာ့အဆင့်အထိ ကြီးထွားစေခဲ့တဲ့ အချက်ပါပဲ။

“ဒီနေ့ ရီနေးတားဆပ်ပြာနဲ့ ခေါင်းလျှော်ရည် ပို့တာကနေ ဘယ်လောက်ရလဲ” လို့ မိုက်ကယ်က မေးလိုက်ပါတယ်။

ကတ်စတယ်လာက အရင်တစ်ခေါက်ထက် ပိုကြီးတဲ့ သားရေအိတ်ကို သူ့ကို ပေးလိုက်ပြီး၊ “ရွှေဒင်္ဂါး ၃၅၀၀ လောက်ပါ သခင်လေး” လို့ ဖြေပါတယ်။

မိုက်ကယ်က ဒေါ်လာ ၃၅,၀၀၀ လောက် တန်ဖိုးရှိတဲ့ ရွှေဒင်္ဂါးတွေကို လက်ထဲမှာ ကိုင်ထားရတာပါ။ ဒါက သူ့အရင်ဘဝမှာ အများဆုံး ရဖူးတဲ့ ပမာဏပါပဲ။

ဒါကို တစ်ပတ်အတွင်းမှာ တင် ရလိုက်တာလို့ တွေးမိတော့ မိုက်ကယ် အံ့သြသွားရပါတယ်။ ဒါပေမဲ့ ဒီပိုက်ဆံတွေကို ဘာလုပ်ရမှန်း မသိသေးတာကြောင့် ကုမ္ပဏီမှာပဲ ပြန်ပြီး ရင်းနှီးမြှုပ်နှံလိုက်တာက ပိုကောင်းပါလိမ့်မယ်။

“ဒီပိုက်ဆံတွေကို ယူပြီး စစ်တုရင်ခုံတွေနဲ့ အရုပ်တွေလုပ်ဖို့ သစ်သားလက်မှုပညာသည်တွေ ဒါမှမဟုတ် မှော်ဆရာတွေကို ငှားလိုက်ပါ” လို့ ပြောရင်း မိုက်ကယ်က သားရေအိတ်ကို ကတ်စတယ်လာရဲ့ လက်ထဲ ပြန်ထည့်ပေးလိုက်ပါတယ်။

“နားလည်ပါပြီ သခင်လေး”

သူမ အခန်းထဲက မထွက်ခင်မှာ မိုက်ကယ်က နောက်ဆုံးတစ်ချက် မှာလိုက်ပါသေးတယ်။

“ဪ၊ ပြီးတော့ ဒီကစားနည်းကို ‘ရီနေးတား စစ်တုရင်’ လို့ပဲ မိတ်ဆက်ပေးလိုက်ပါ။ ဒါက ငါတို့ပိုင်တာဆိုတာ သူတို့ သိဖို့ လိုတယ်”

* * * * * * * * *

နောက်တစ်နေ့မှာ ကတ်စတယ်လာဟာ ကင်းစ်ဘရစ်ချ်ကို တစ်ခေါက် ထပ်သွားပြန်ပါတယ်။ ဒါပေမဲ့ ဒီတစ်ခါတော့ မြို့မျက်နှာဖုံးလူကြီးမင်းရဲ့ အိမ်ကို စစ်တုရင်ခုံတွေ သွားပို့ဖို့ပါ။ သူမ အိမ်ကို ရောက်တဲ့အခါ အဆိုပါလူကြီးမင်း ဖိတ်ထားတဲ့ အထက်တန်းလွှာလူကြီးတွေနဲ့ ပြည့်နှက်နေပါပြီ။

မိုက်ကယ်က ဒီတစ်ခေါက်အတွက် စစ်တုရင်ခုံ ၁၀ ခုံ လုပ်ပေးထားပေမဲ့ နောက်လာမယ့် အော်ဒါတွေကိုတော့ တခြား လက်မှုပညာသည်တွေကပဲ လုပ်ကြတော့မှာပါ။

“ဪ၊ သူမ ရောက်လာပြီဗျ။ ဒီ ဆန်းပြားတဲ့ ဂိမ်းအကြောင်းကို ကျွန်တော့်ကို မိတ်ဆက်ပေးခဲ့တဲ့သူပေါ့”

ကတ်စတယ်လာဟာ ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ ပညာတတ်တွေရဲ့ စူးစမ်းတဲ့ အကြည့်တွေနဲ့ ဆုံလိုက်ရပါတယ်။ သူတို့ရဲ့ ပုံစံကို ကြည့်ရုံနဲ့တင် ဒါဟာ ပညာတတ် လူတန်းစားတွေဆိုတာ သူမ ခန့်မှန်းနိုင်ပါတယ်။

“မင်္ဂလာပါ လူကြီးမင်းတို့နဲ့ သခင်မတို့ရှင်။ မှာယူထားတဲ့ စစ်တုရင်ခုံတွေကို လာပို့တာပါ” လို့ ပြောရင်း စစ်တုရင်ခုံကို စားပွဲပေါ် တင်လိုက်ပါတယ်။

“သူတို့ကို စည်းမျဉ်းတွေ သိအောင် ငါတို့ တစ်ပွဲလောက် ကစားပြရအောင်လား” လို့ လူကြီးမင်းက ဆိုပါတယ်။

“ဝမ်းမြောက်စွာနဲ့ ကစားပေးပါ့မယ်ရှင်” လို့ ကတ်စတယ်လာက ပြန်ဖြေလိုက်ပါတယ်။

တစ်နာရီလောက် ကြာတဲ့အခါ စားပွဲဘေးမှာ ပညာတတ်တွေ ဝိုင်းအုံနေကြပြီး သူတို့ရဲ့ မျက်မှန်တွေကို ပြင်တပ်ရင်း အာရုံစိုက် ကြည့်နေကြပါတယ်။ သူတို့တွေဟာ မြို့မျက်နှာဖုံးလူကြီးမင်းရဲ့ နေရာမှာဆိုရင် ဘယ်လို ရွှေ့မလဲဆိုတာကို ကိုယ့်ဘာသာ တိုးတိုးလေး ရေရွတ်ရင်း အလွန် စိတ်ဝင်တစား ရှိနေကြတာပါ။

“နောက်တစ်ကြိမ်လည်း Checkmate ပါ လူကြီးမင်း”

ဘေးက ကြည့်နေတဲ့သူတွေဟာ အံ့သြတုန်လှုပ်သွားကြပါတယ်။ ကတ်စတယ်လာရဲ့ တစ်ကွက်တည်းနဲ့တင် စစ်တုရင်ခုံ တစ်ခုလုံးကို သိမ်းပိုက်လိုက်တာကို အခုမှ သတိထားမိလိုက်လို့ပါ။ ဘုရင်မှာ ထွက်ပြေးစရာ လမ်းမရှိတော့ပါဘူး။

ရှုံးနိမ့်သွားတဲ့သူကတော့ ကတ်စတယ်လာကို ထပ်ပြီး ရှုံးသွားတာတောင် အလွန် ပျော်ရွှင်နေပုံရပါတယ်။

“တွေ့ကြလား ဒီဂိမ်းက ငါတို့လို လူတွေအတွက်တော့ ပြီးပြည့်စုံတဲ့ ဉာဏ်စမ်းတိုက်ပွဲပဲဗျ။ ငါတို့က စစ်တပ်ကို အမိန့်ပေးနေတဲ့ စစ်သူကြီးတွေ ဖြစ်နေသလိုပဲ”

ကျန်တဲ့လူတွေကတော့ ငြိမ်သက်နေကြပါတယ်။

စက္ကန့်အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ မျက်မှန်တစ်ဖက်တပ်ထားတဲ့ လူတစ်ယောက်က စကားစလိုက်ပါတယ်။

“ခင်ဗျားရဲ့ ဘုရင်ကို အဲဒီကို မရွှေ့သင့်ဘူးဗျ နောက်ဆုံး ကျန်တဲ့ နယ်ရုပ်ကို ကာကွယ်ဖို့ ခင်ဗျားရဲ့ ဘုန်းကြီးရုပ်ကို သုံးသင့်တာ” လို့ ပြောရင်း ဆရာလုပ်ပါတော့တယ်။

သူ့ရဲ့ စကားတွေက သူတို့တတွေကြားမှာ သက်ဝင်လှုပ်ရှားတဲ့ ဆွေးနွေးမှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။

“ခင်ဗျား ပြောတာ လုံးဝ မှားနေပြီ အကောင်းဆုံး ရွှေ့ကွက်က”

“မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ဘူး၊ သူက အစကတည်းက ဘုရင်နဲ့ ရထားရုပ်ကို နေရာလဲထားသင့်တာ”

“ခင်ဗျားတို့ ပြောတာတွေက မှားနေတာ။ သူ ဘာလုပ်သင့်လဲဆိုတော့... အမှန်တော့ ကျွန်တော်ကိုယ်တိုင် ပြမယ်ဗျာ။ အခုပဲ ကျွန်တော်တို့ တစ်ပွဲလောက် ကစားရအောင်”

“မရဘူးလေ။ နောက်တစ်ခေါက် ဒီခုံကို ကျွန်တော် သုံးမှာဗျ”

“ဒါဆို ဘယ်သူ အရင်သုံးမလဲဆိုတာ သိရအောင် တစ်ပွဲလောက် ကစားကြည့်မလား”

* * * * * * * * *

All Chapters