← Chapters

အခန်း (၃-၄)

Vol. 1 Ch. 3-4

အခန်း (၃-၄)

Vol. 1 Ch. 3-4

🍋 Chapter 3

ကျိုးထျန်းသည် ထိုမနာလိုမှုဆိုင်ရာ အသိပေးချက်များကို ကြည့်ပြီး အခွင့်အရေးရှိမှန်း ခံစားလိုက်ရသည်။

ဤတစ်ကြိမ်တွင် စုစုပေါင်း အချဉ်ဓာတ် ၁,၅၀၀ ကျော် ရရှိခဲ့ရာ ယခင်အကြိမ်ထက် သိသိသာသာ ပိုများလာ၏။

အချိန်တိုအတွင်းမှာ သူတို့ကို ထပ်ခါတပ်ခါ ဆွပေးနေရင် အချဉ်ဓာတ်က ပိုပိုတက်လာမယ့်ပုံပဲ

သူ့ဘေးပတ်ဝန်းကျင်ရှိ အတန်းဖော်များကို ကြည့်လိုက်လျှင် တစ်ယောက်ချင်းစီမှာ လီမွန်သီးကို အခွံလိုက် ဝါးစားထားကြသည့်အတိုင်း မျက်နှာပျက်နေကြသည်။

လျူမုယန်က ပုံမှန်ဆိုရင် လူတိုင်းအပေါ် ယဉ်ကျေးပျူငှာပေမဲ့ သိပ်ပြီးတော့ ပြုံးပြလေ့မရှိဘူး။

အဲ့ဒါကြောင့် သူက ငါ့ကို ပြုံးပြတာကို မြင်တော့ အားလုံးက လက်မခံနိုင်ဖြစ်နေကြတာပေါ့

ဒါဆိုရင်တော့ ကိစ္စက လွယ်သွားပြီ!

ကျိုးထျန်းသည် အခွင့်အရေးကို လက်လွှတ်မခံဘဲ အတန်းဖော်များကို ပိုအချဉ်ပေါက်သွားစေရန် ထပ်မံလုပ်ဆောင်လိုက်သည်။

"အတန်းခေါင်းဆောင်... ငါ မင်းကို 'မုယန်' လို့ပဲ ခေါ်ရမလား။ အမြဲတမ်း အတန်းခေါင်းဆောင်လို့ ခေါ်နေရတာက သိပ်ပြီး ရင်းနှီးပုံမရလို့လေ"

"ရပါတယ်၊ ဒါဆို ငါလည်း နင့်ကို 'လောင်ထျန်း' လို့ပဲ ခေါ်မယ်နော်၊ ချန်ကျန့်ဝေတို့ ခေါ်နေတာ ကြားဖူးတယ်"

"ရတာပေါ့၊ ငါ့ကို လောင်ထျန်းလို့ ခေါ်လို့ရတယ်၊ ဒါပေမဲ့ နောက်ကနေ 'သခင်ကြီး' ဆိုတာတော့ ထည့်မခေါ်နဲ့ဦးနော်"

ကျိုးထျန်းက နောက်ပြောင်လိုက်သည်။

"ဟားဟား... မင်းက ဒီလောက်နောက်တတ်မှန်း ငါမသိခဲ့ဘူး"

လျူမုယန်က ရယ်မောရင်း ကျိုးထျန်း၏ပခုံးကို ပုတ်လိုက်သည်။ ဒါ အတန်းဖော်အချင်းချင်း ရင်းနှီးသည့် သဘောဖြင့် နောက်ပြောင်ခြင်းသာ ဖြစ်သော်လည်း အခြားသူများအတွက်မူ အဓိပ္ပာယ်တစ်မျိုး သက်ရောက်သွားစေသည်။

တောက်... ကျိုးထျန်းက ဘာလုပ်ချင်နေတာလဲ ? နတ်ဘုရားမလျူကိုတောင် နောက်ပြောင်ရဲတယ်ပေါ့!

ဒီကောင်ကတော့ ရည်ရွယ်ချက်ရှိရှိလုပ်နေတာပဲ

ဟွန့်... ဖားပြုတ်ကငန်းသားစားချင်နေတာပဲ

ကျိုးထျန်းသည် ထိုစကားသံများကို ခပ်သဲ့သဲ့ကြားလိုက်ရသဖြင့် စိတ်ထဲမှ မကျေမနပ်ဖြစ်သွားသည်။

မင်းတို့ကမှ ဖားပြုတ်တွေကွ! ရုပ်ရည်အဆင့် ၈၃ ရှိတဲ့ ဖားပြုတ်မျိုး မင်းတို့ တွေ့ဖူးလို့လား!

"ဝမ်ရှောင်ထောင်ဆီမှ အချဉ်ဓာတ် +၄၁"

"ကျောက်ထျန်းဆီမှ အချဉ်ဓာတ် +၅၂"

"လျူထုန်တဆီမှ အချဉ်ဓာတ် +၆၀"

"ကျန်းချွန်းယန့်ဆီမှ အချဉ်ဓာတ် +၇၃"

သို့သော်လည်း သူတို့ပေးသော အချဉ်ဓာတ်များကို မြင်လိုက်ရချိန်တွင် ကျိုးထျန်း၏ အလိုမကျမှုများမှာ ယူပစ်သလို ပျောက်ကွယ်သွားရသည်။

"မုယန်... ငါ့ကို မင်းလက်လေး ခဏလောက် ငှားပါဦး"

ကျိုးထျန်း တစ်ဖန် ထပ်မံ၍ ကလိကချေလုပ်လိုက်ပြန် သည်။

"ဟင် ? ရပါတယ်၊ ဘာလုပ်မလို့လဲ"

လျူမုယန်က သူမ၏ညာဘက်လက်ကို ကမ်းပေးလိုက်သည်။ ကျိုးထျန်း ထိုလက်ကလေးကို ဆုပ်ကိုင်ကာအသေ အချာ ကြည့်လိုက်၏။

"အင်း... ငါ့အမေ ပြောတာ မှန်တာပဲ၊ ငါ့လက်ကို ကြည့်ရုံနဲ့တင် စာမကြိုးစားတဲ့ ကျောင်းသားမှန်း သိသာတယ်တဲ့။ စာတော်တဲ့ ကျောင်းသားရဲ့ လက်က ဒီလိုမျိုးကိုး"

လျူမုယန်၏ လက်ချောင်းလေးများပေါ်တွင် ဘောပင်ကိုင်လွန်းသဖြင့် ဖြစ်ပေါ်နေသည့် အသားမာလေးများကို သူ မြင်လိုက်ရသည်။

"တကယ်လား... ဘာတွေများ ကွာခြားလို့လဲ"

လျူမုယန်ကလည်း စိတ်ဝင်တစားဖြင့် ကျိုးထျန်း၏လက်နှင့် သူမလက်ကို ယှဉ်ကြည့်ရန် ကိုယ်ကို အနည်းငယ်တိုးကပ်လိုက်သည်။

"ဟူး... တကယ်ကြီး ကွာတာပဲ၊ ယောကျ်ားလေးလက်တွေက ဒီလောက်တောင်ကြီးပြီး ကြမ်းတမ်းတာလား"

သူမက ကျိုးထျန်း၏လက်ကို လက်ချောင်းလေးများဖြင့် ထိတွေ့ကြည့်လိုက်မိသည်။ အဝေးမှကြည့်နေသော အတန်းဖော်များမှာမူ ကျိုးထျန်းက လျူမုယန်၏လက်ကို ဆုပ်ကိုင်ထားသည်ကို မြင်လိုက်ရရာ အချဉ်ဓာတ်များမှာ တစ်ဟုန်ထိုး တက်လာတော့သည်။

ထို့နောက် အတန်းခေါင်းဆောင်က ကျိုးထျန်းအနားသို့ တိုးကပ်သွားသည်ကို မြင်လိုက်ရပြန်သည်။ ဒုတိယလှိုင်း အချဉ် ဓာတ်များ ထပ်မံ ရောက်ရှိလာ၏။ နောက်ဆုံးတွင် လျူမုယန်က

"ဒီလောက်တောင် ကြီးပြီး... ကြမ်းတမ်းတာလား..."

ဟု ပြောလိုက်သည်ကို ခပ်သဲ့သဲ့ ကြားလိုက်ရချိန်တွင်တော့ စာသင်ခန်းထဲ၌ လီမွန်ပင်များ အသီးသီးကုန်ကြပြီဟု ထင်မှတ်ရသည်။

"ဝမ်ရှောင်ထောင်ဆီမှ အချဉ်ဓာတ် +၈၃"

"ကျောက်ထျန်းဆီမှ အချဉ်ဓာတ် +၈၉"

"လျူထုန်တဆီမှ အချဉ်ဓာတ် +၇၆"

"ကျန်းချွန်းယန့်ဆီမှ အချဉ်ဓာတ် +၉၉"

[ဒင်~... စနစ်အသိပေးချက် - တာဝန် ၁ နှင့် တာဝန် ၂ ပြီးမြောက်ပါပြီ၊ စနစ်မှ အကဲဖြတ်နေပါတယ်]

[တာဝန်အကဲဖြတ်ချက် - ကြာချိန် ၇ မိနစ်၊ အဆင့်သတ်မှတ်ချက် - အပြည့်အဝ ထူးချွန် ]

[ဆုလာဘ် - ပုံမှန်အဆင့် ချမ်းသာသုခ သတင်းအချက်အလက်ကတ်]

[မှတ်ချက်။ ။ဤကတ်ကို အသုံးပြုပါက Hostအား ယွမ်သန်း ၁၀၀ အထိ တန်ဖိုးရှိသော သတင်းအချက်အလက်တစ်ရပ် ပေးအပ်မည်ဖြစ်သည်]

ကျိုးထျန်းသည် သူ့အကောင့်ထဲရှိ ယွမ်တစ်သောင်းကျော်ကို ကြည့်ပြီး စိတ်ထဲတွင် တစ်မျိုး ခံစားလိုက်ရသည်။

ချမ်းသာတဲ့ လူတွေရဲ့ ဘဝက တကယ်ကို ပျင်းစရာကောင်းတာပဲ

ပုံမှန်ဆိုလျှင် ယွမ်တစ်သောင်းကို သူ ရုတ်တရက် ရလိုက်ပါက ပျော်လွန်းသဖြင့် ရူးမတတ် ဖြစ်သွားပေလိမ့်မည်။ သို့သော် အခုတော့ သူ့အာရုံက တခြားတစ်ခုဆီသို့ ရောက်နေသည်။

ပုံမှန်အဆင့်ကတ်ကတောင် ယွမ်သန်း ၁၀၀ တန် သတင်းပေးနိုင်တာလား။ စနစ်က 'ပုံမှန်' ဆိုတဲ့ စကားလုံးကို နားလည်မှုလွဲနေတာများလား ?

ဒါ သန်း ၁၀၀ တောင်လေ!

ထိုစဉ် အတန်းပိုင်ဆရာ အတန်းထဲသို့ ဝင်လာသဖြင့် ကျောင်းသားများမှာ ကိုယ့်နေရာကိုယ် အမြန်ပြန်ထိုင်ကြရသည်။

အတန်းပိုင်ဆရာ ကျန့်ချိုးဖန်သည် အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး အမြဲတမ်း တည်တည်တံ့တံ့ နေတတ်သူဖြစ်သည်။ သူ ဝင်လာချိန်တွင် ကျိုးထျန်းနှင့် လျူမုယန်တို့ လက်ချင်းချိတ် နေသည်ကို မြင်သွား၏။

"ကျန့်ချိုးဖန်ဆီမှ အချဉ်ဓာတ် +၁၇"

ကျိုးထျန်း မှင်သက်သွားပြန်သည်။ ဒီလောက်တည်ငြိမ်လှချည်ရဲ့ဆိုတဲ့ ဆရာကတောင် အချဉ်ပေါက်နေတာလား။

ကျိုးထျန်းသည် ဆရာဖြစ်သူ၏ အမှာစကားများကို နားထောင်ဟန်ပြုရင်း စနစ်ထဲမှ သတင်းအချက်အလက်ကတ်ကို အသုံးပြုလိုက်သည်။

[စနစ်အညွှန်း - ဤကတ်ကို အသုံးပြုမလား]

"အသုံးပြုမယ်!"

ထို့နောက် သူ့စိတ်ထဲသို့ သတင်းစကားတစ်ခု ရောက်ရှိလာသည်။ ထိုအကြောင်းအရာကို မြင်လိုက်ရချိန်တွင် ကျိုးထျန်း မျက်လုံးများ ပြူးသွားရသည်။

ဟာ... စနစ်က လိမ်နေတာ မဟုတ်ဘူးပဲ! ငါသာ ဒီသတင်းကို အသုံးချနိုင်ရင် တကယ်ပဲ သန်းချီ ရှာနိုင်မှာပဲ

သို့သော် ထိုသတင်းမှာ သူ သိထားသည့်အချက်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်။

သတင်းမှာ "စက်တင်ဘာလ ၁၉ ရက်နေ့တွင် အေအန်ခရိုင်၊ နန်အန်းလမ်း အနောက်ဘက်ခြုံ၊ ချန်ရှန်းလမ်းမှ ထျန်းထိုင်လမ်းအထိ မြေယာသိမ်းဆည်းမှုများ ပြုလုပ်ပါမည်" ဟူ၍ ဖြစ်သည်။

အကျဉ်းချုပ်ပြောရလျှင် ထိုနေရာရှိ အဆောက်အအုံများကို ဖျက်သိမ်းပြီးလျော်ကြေးပေးတော့မည်ဟူသော သတင်းပင်။

🍋 Chapter 4

ဤနေရာသည် ရှန်ဟိုင်းမြို့ဖြစ်ပြီး အေအန်ခရိုင်မှာ မြို့လယ်ခေါင်ပင် ဖြစ်သည်။ ယခုအခါတွင် အဆောက်အအုံများ ဖျက်သိမ်းကာ နေရာပြန်လည်ချထားပေးခြင်းမျိုးမှာ အလွန်ပင် ရှားပါးလှပြီဖြစ်သည်။

အကြောင်းမှာ ရှန်ဟိုင်းတွင် မြေယာတန်ဖိုး အလွန်ကြီးမားပြီး အိမ်ရာများမှာလည်း သိပ်သည်းလွန်းလှသည်။

အကယ်၍ ဖျက်သိမ်းမှုများ ပြုလုပ်ခဲ့လျှင် အိမ်ခြံမြေကုမ္ပဏီများအနေဖြင့် လုံလောက်သော အကျိုးအမြတ်ရရှိရန် ရုန်းကန်ရမည်မှာ သေချာသည်။

စနစ်မှပေးသော သတင်းအချက်အလက်ထဲတွင် ဖော်ပြထားသည့် နန်အန်းလမ်းသည် ရှန်ဟိုင်းမြို့ကို ဖြတ်သန်းစီးဆင်းနေသော ဂုစုမြစ်၏ တောင်ဘက်ကမ်းတွင် တည်ရှိသည်။

ကျိုးထျန်းတို့ ရပ်ကွက်နှင့် အလွန်နီးကပ်ပြီး လမ်းနှစ်လမ်းစာသာ ဝေးကွာသဖြင့် သူသည် ထိုနေရာကို အလွန်ရင်းနှီးကျွမ်းဝင်နေသည်။

နန်အန်းလမ်းသည် မြေအောက်ရထားလမ်း ဖောက်လုပ်ရေးအတွက် နှစ်အတော်ကြာ ပိတ်ထားခဲ့ရသည်။ သတင်းများအရ လာမည့်နှစ်ကုန်တွင် ပြီးစီးမည်ဖြစ်ပြီး ထိုရထားလမ်းသည် နန်အန်းလမ်း၏အောက်တည့်တည့်မှ ဖြတ်သန်းသွားခြင်းဖြစ်သည်။

မြေအောက်ရထားဘူတာရုံ ဆောက်လုပ်ရန်အတွက် မြူနီစီပယ်အစိုးရက နန်အန်းလမ်းကို ချဲ့ထွင်ခဲ့ပြီး အချို့နေရာများတွင် တစ်စိတ်တစ်ပိုင်း ဖျက်သိမ်းမှုများပင် ပြုလုပ်ခဲ့ပြီးပြီဖြစ်သည်။

သို့သော် နန်အန်းလမ်း၏ ဘေးတစ်ဖက်တစ်ချက်စီတွင် အနည်းဆုံး သက်တမ်းနှစ် ၃၀ ရှိပြီဖြစ်သော လူနေရပ်ကွက်ဟောင်းများ တန်းစီလျက်ရှိနေသည်။

ထိုနေရာတွင် နေထိုင်သူများမှာ အများအားဖြင့် လူလတ်ပိုင်းများနှင့် သက်ကြီးရွယ်အိုများဖြစ်ကြသည်။

ထိုလူကြီးမင်းများသည် တစ်သက်လုံး ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ကြပြီးနောက် အဆောက်အအုံဖျက်သိမ်းမည့် အချိန်ကို စောင့်မျှော်နေကြသူများဖြစ်ကြရာ သဘာဝအတိုင်းပင် လျော်ကြေးငွေ အများအပြားရလိုကြသည်။

ထို့ကြောင့် ထိုဒေသရှိ ဖျက်သိမ်းရေးလုပ်ငန်းများမှာ အလွန်ခက်ခဲပြီး ကုန်ကျစရိတ် မြင့်မားလှသည်။ အစိုးရက ရွေးချယ်စရာ အမျိုးမျိုးကို စဉ်းစားပြီးနောက် "ညှပ်ထုတ်ဖျက်သိမ်းခြင်း" အစီအစဉ်ကို ချမှတ်ခဲ့သည်။

ယင်းမှာ လမ်းချဲ့ရန် လိုအပ်သည့်နေရာရှိ လမ်းဘေးတစ် လျှောက် အဆောက်အအုံများကိုသာဖျက်သိမ်းပြီး ကျန်ရှိသော အစိတ်အပိုင်းများကို အစိုးရရန်ပုံငွေဖြင့် ပြန်လည်ပြုပြင်ပေးမည့် အစီအစဉ်ဖြစ်သည်။

သတင်းထဲတွင် ဖော်ပြထားသော ချန်ရှန်းလမ်းမှ ထျန်းထိုင်လမ်းအထိ အပိုင်းသည် လမ်းချဲ့မည့် အစီအစဉ်ထဲတွင် အမှန်တကယ် ပါဝင်နေသည်။ သို့သော် သတင်းအချက် အလက်နှင့် လက်တွေ့မြေပြင်တွင် ကွဲလွဲချက်တစ်ခုရှိနေ သည်။

အစိုးရ၏ လုပ်ငန်းအဖွဲ့သည် လမ်း၏အရှေ့ဘက် ခြမ်းကို ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ပြီး အိမ်ခြံမြေအရောင်းအ ဝယ်များကို ဆိုင်းငံ့ထားပြီးဖြစ်သည်။ သို့သော် စနစ်မှပေးသော သတင်းတွင်မူ အနောက်ဘက်ခြမ်းဟု ပြနေသည်။ လုံးဝဆန့်ကျင်ဘက်ပင်!

ဒါက ကျိုးထျန်းကို ဇဝေဇဝါဖြစ်စေသည့် အချက်ပင် ဖြစ်သည်။

"ငါ ကျောင်းသွားကျောင်းပြန်တိုင်း နန်အန်းလမ်းကို ဖြတ်နေကျပဲ။ အရှေ့ဘက်ခြမ်းမှာ ဆိုင်ခန်းတွေ၊ ဟိုတယ်တစ်ခုနဲ့ ပုဂ္ဂလိကဆေးခန်းတစ်ခု ရှိတယ်။ အနောက်ဘက်ခြမ်းမှာတော့ လူနေအိမ်တွေပဲ ရှိတာ။"

"အစိုးရက အရှေ့ဘက်ခြမ်းကို ရွေးရတဲ့ အကြောင်းရင်းက ဆိုင်ခန်းတွေနဲ့ ဟိုတယ်တွေကို ဖျက်သိမ်းရတဲ့ ကုန်ကျစရိတ်က လူနေအိမ်တွေကို ဖျက်သိမ်းရတာထက် အများကြီး သက်သာလို့ပဲ။"

"ဒါကြောင့် စနစ်ကပေးတဲ့ သတင်းက လက်တွေ့မကျသလို ဖြစ်နေတယ်။"

"တစ်ခုခုတော့ မဟုတ်ရင်ပေါ့... ငါတို့မသိနိုင်တဲ့ အကြောင်း ရင်းတစ်ခုခုကြောင့် အစိုးရကစိတ်ပြောင်းသွားတာမျိုး မဟုတ်ရင်ပေါ့။"

ကျိုးထျန်းမှာ ဝေခွဲမရ ဖြစ်နေသည်။ သူသည် စနစ်ကို ယုံကြည်ပြီး လောင်းကစားဆန်ဆန် စွန့်စားသင့်သလား။

"အရင်ဆုံး ပတ်ဝန်းကျင်ကို သွားကြည့်တာပိုကောင်းမယ်။"

စွန့်စားမှုကြီးမားလေ အကျိုးအမြတ်ကြီးမားလေ ဖြစ်သည်ဟူသော အခြေခံသဘောတရားကို သူနားလည်သည်။ သို့သော် အဆင်ခြင်မဲ့ စွန့်စားတတ်သူ မဟုတ်ပေ။

ဆရာ၏ နောက်ဆုံးမှာကြားချက်များနှင့် စာမေးပွဲဖြေဆိုခွင့်ကတ်များကို ဖြန့်ဝေပြီးနောက် သူ၏ အထက်တန်းကျောင်းသားဘဝ နောက်ဆုံးနေ့ ပြီးဆုံးသွားခဲ့သည်။

နေမစောင်းသေးမီ သူသည် နန်အန်းလမ်းသို့ တစ်ယောက် တည်း ထွက်လာခဲ့သည်။ နန်အန်းလမ်းသည် ဆောက်လုပ်ရေးလုပ်ငန်းသုံး ကားကြီးများကြောင့် ဖုန်တထောင်းထောင်းနှင့် ရွှံ့ဗွက်များဖြင့် ပြည့်နေကာ ပတ်ဝန်းကျင်မှာ အလွန်ဆိုးရွားလှသည်။

လမ်း၏အရှေ့ဘက်ခြမ်းတွင် နန်အန်းကျေးရွာဆိုသည့် တစ်ကိုယ်တည်း ကျန်ရစ်နေသော လူနေရပ်ကွက်ဟောင်းကြီး ရှိသည်။ ထိုရပ်ကွက်သည် အလွန်သနားစရာကောင်းလှ၏။

ပတ်ဝန်းကျင်ရှိ ရပ်ကွက်များအားလုံးနှင့် လမ်းတစ်ဖက်ခြမ်းရှိ အဆောက်အအုံများအားလုံးမှာ မြေလှန်ဖျက်ဆီးခံထားရပြီးပြီ ဖြစ်သော်လည်း ၎င်းတစ်ခုတည်းသာ သီးသန့်ကျန်ရစ်နေခြင်းဖြစ်သည်။

မပြတ်ထွက်နေသော ဖုန်မှုန့်များကြောင့် ထိုဟောင်းနွမ်းလှသော ရပ်ကွက်မှာ ပို၍ပင် အိုမင်းရင့်ရော်နေပုံပေါက်နေ သည်။

လမ်းတစ်ဖက်ခြမ်းမှာတော့ နန်အန်းလမ်း၏အရှေ့ဘက်ခြမ်း ဖြစ်သည်။ မူလဆိုင်ခန်းများအားလုံး ပိတ်ထားပြီဖြစ်ပြီး ပုဂ္ဂလိကဆေးခန်းနှင့် ဟိုတယ်များသာ ဆက်လက် လည်ပတ်နေဆဲ ဖြစ်သည်။

“အရှေ့ဘက်ခြမ်း ဖျက်သိမ်းရေးက စနေတာကြာပြီ၊ ဒါက အတည်ဖြစ်နေပြီပဲကို ဘာလို့ ချက်ချင်းကြီး အနောက်ဘက်ခြမ်းကိုပြောင်းသွားရတာလဲ။”

သူ နားမလည်နိုင် ဖြစ်နေသည်။ ထိုစဉ် လမ်းဘေးရှိ အိမ်ခြံမြေ အကျိုးဆောင်ရုံးတစ်ခုရှေ့တွင် ကပ်ထားသောကြော် ငြာများကို ကျိုးထျန်း ဖတ်ကြည့်လိုက်သည်။

“နန်အန်းကျေးရွာ (၁)၊ ၅၀ စတုရန်းမီတာ ၊ ယွမ် ၂.၇ သန်း၊ ဈေးညှိနှိုင်းနိုင်သည်။”

“နန်အန်းကျေးရွာ (၁)၊ ၄၂ စတုရန်းမီတာ၊ ယွမ် ၂.၃ သန်း၊ ဈေးညှိနှိုင်းနိုင်သည်။”

...

“ဒီနေရာက ဈေးနှုန်းတွေက ပတ်ဝန်းကျင်ထက် အများကြီး သက်သာနေတာပဲ။”

အနီးနားရှိ အခြားရပ်ကွက်များတွင် ဤမျှ အကျယ်အဝန်းရှိသော အိမ်တစ်လုံးလျှင် ယွမ် ၃ သန်းကျော်ရှိပြီး ဝယ်လိုအား အလွန်များကြောင်း သူမှတ်မိသည်။ အခြားတစ်နေရာတွင်ဆိုလျှင် ၅ သန်းအထိသာ ပေါက်ဈေးရှိသည်။

“ဒီနေရာမှာ ဈေးသက်သာနေတာက ပတ်ဝန်းကျင်ဆိုးရွားပြီး လူနေရခက်ခဲလို့ ဖြစ်မှာပဲ။”

သူသည် လမ်းဘေးတစ်လျှောက် လိုက်ကြည့်လိုက်ရာ အနောက်ဘက်ခြမ်းတွင် အဆောက်အအုံ ၈ တန်းရှိပြီး တစ်တန်းလျှင် ၃ လုံးစီ၊ ၆ ထပ်စီ ရှိသဖြင့် စုစုပေါင်း အခန်းပေါင်း ၁၄၄ ခန်း ရှိကြောင်း တွက်ချက်မိသည်။

အခန်းတစ်ခန်းလျှင် ပျမ်းမျှ ၄၀ စတုရန်းမီတာ ခန့်သာ ရှိသဖြင့် စုစုပေါင်း တန်ဖိုးမှာ ယွမ်သန်း ၃၀၀ ခန့် ရှိပေမည်။

ကျိုးထျန်း ခဏမျှ စဉ်းစားလိုက်သည်။

“အရင်က ဒီနေရာမှာ ဖျက်သိမ်းရေး လျော်ကြေးပေးတာက ဈေးကွက်ပေါက်ဈေးထက် ၁.၇ ဆလောက် ပိုပေးတာ။ ဒါဆို ယွမ် ၁ သန်းတန် အိမ်တစ်လုံးက လျော်ကြေး ယွမ် ၂.၇ သန်းလောက် ရမှာပေါ့။”

“ဒါဆို ဒီအဆောက်အအုံတွေကို ဖျက်သိမ်းမယ်ဆိုရင် ကုန် ကျစရိတ်က ယွမ် ၁ ဘီလီယံလောက် ရှိမှာပဲ။”

သူ သက်ပြင်းချလိုက်မိသည်။ ရှန်ဟိုင်းတွင် လမ်းဖောက်ရန် သို့မဟုတ် မြေသိမ်းရန်အတွက် ယွမ်သန်းပေါင်းများစွာ အလွယ်တကူ ကုန်ကျစရိတ်ရှိလှသည်။

သူသည် အိမ်ခြံမြေ အကျိုးဆောင်ရုံးအတွင်းသို့ ဝင်သွားလိုက်သည်။ သူက ကျောင်းဝတ်စုံနှင့် ဖြစ်နေသောကြောင့် မည်သူကမျှ လာရောက်နှုတ်ဆက်ခြင်းမရှိပေ။

“အိမ်ခြံမြေအကျိုးဆောင်တွေဆိုတာ အတက်ကြွဆုံးဖြစ်ရမှာ မဟုတ်လား။ ဘာလို့ ငါ့ကိုကျတော့ ဒီလောက်အေးစက်နေကြတာလဲ။”

သူ အတွင်းထဲသို့ တန်းဝင်သွားရာ အကျိုးဆောင်အချို့က သူ့ကို တစ်ချက်ကြည့်ပြီးနောက် အရေးမစိုက်ဘဲ ကိုယ့်အ လုပ်ကိုယ် ဆက်လုပ်နေကြသည်။

"တောက်... ငါ့ကို တကယ်ကြီး လျစ်လျူရှုနေကြတာပဲ။ ငါက တစ်မိနစ်ကို သောင်းချီရှာနေတဲ့ သူဌေးလောင်းပါကွ!"

သို့သော် အကျိုးဆောင်များမှာ လူကဲခတ် ကျွမ်းကျင်သူများ ဖြစ်ကြရာ အထက်တန်းကျောင်းသား တစ်ဦးမှာ အိမ်ဝယ်နိုင်စွမ်းမရှိဟု တွက်ဆထားကြသည်။ ဤသို့ လျစ်လျူရှုခံရခြင်းမှာ အလွန်ပင် စိတ်ပျက်စရာ ကောင်းလှ၏။

"နေကောင်းကြလား... အိမ်ဝယ်ဖို့အတွက် အတိုင်ပင်ခံချင်လို့ ဘယ်သူနဲ့ ပြောရမလဲ။"

အတွင်းဘက်ဆုံးတွင် ထိုင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားက သူ့ကို လှမ်းကြည့်လိုက်ပြီး

"ရှောင်ရို... ဒီက လူငယ်လေးကို ဧည့်ခံလိုက်ဦး။"

"ဟုတ်ကဲ့... လာပါပြီ။"

မကြာမီပင် ကွန်ဖရင့်ခန်းထဲမှ အမျိုးသမီးငယ်တစ်ဦး အပြေးအလွှား ထွက်လာသည်။ သူမသည် အသက် ၂၂၊ ၂၃ ခန့်သာ ရှိဦးမည်ဖြစ်ပြီး ချွေးများရွှဲနစ်နေကာ လက်ထဲတွင် တံမြက်စည်းနှင့် အဝတ်စုတ်ကို ကိုင်ထားသည်။

"ကျောင်းသူလေးရေ... သူ့ကို ကောင်းကောင်း ဧည့်ခံလိုက်နော်။" ဟု အခြားအကျိုးဆောင်တစ်ဦးက သူမကို ခနဲ့သလို ပြောလိုက်သည်။

သူမသည် "ကျောင်းသူလေး" ဆိုသည့် စကားလုံးဖြင့် အနှိမ်ခံနေရသည့် အသစ်တစ်ဦးဖြစ်မှန်း ကျိုးထျန်း ရိပ်မိလိုက်သည်။

"မင်္ဂလာပါ... ခဏလေး စောင့်ပေးပါနော်၊ ပစ္စည်းတွေ ချထားပြီး ချက်ချင်းလာခဲ့ပါ့မယ်။"

ကျိုးထျန်း ခေါင်းညိတ်ပြလိုက်ပြီး တံခါးနားက စားပွဲတွင် ထိုင်စောင့်နေလိုက်သည်။

"ဒီကောင်မလေး ဒီမှာ တော်တော် အခက်တွေ့နေပုံပဲ။ အလုပ်ကြမ်းတွေ အကုန်သူလုပ်နေရပြီး ဟိုလူတွေကတော့ ဆရာကြီးတွေလို နေနေကြတာပဲ။"

မိနစ်အနည်းငယ်အကြာတွင် သူမသည် ကျိုးထျန်းရှေ့၌ အပြေးအလွှား လာထိုင်သည်။

"မင်္ဂလာပါ... ကျွန်မနာမည် ကျန်းရိုပါ၊ ရှင့်နာမည်က ဘယ်သူပါလဲ။"

"ကျွန်တော့်နာမည် ကျိုးထျန်းပါ"

"ကျိုးထျန်းရှင့်... ဘာများ ကူညီပေးရမလဲ"

"လမ်းတစ်ဖက်ခြမ်းက နန်အန်းကျေးရွာမှာ ရောင်းမယ့်အိမ်တွေ ရှိလားလို့ သိချင်လို့ပါ"

"ရှိပါတယ်... ခဏလေး စောင့်ပါဦးနော်၊ စာရွက်စာတမ်းတွေ သွားယူလိုက်ပါ့မယ်"

မိန်းကလေးမှာ ပြေးထွက်သွားပြန်ပြီး ဒေါင့်ကစားပွဲပေါ်က စာရွက်စာတမ်းအချို့ကို ယူလာသည်။

"အခုချိန်မှာ နန်အန်းကျေးရွာမှာ ရောင်းမယ့်အိမ်တွေ အများကြီး ရှိပါတယ်၊ အထူးသဖြင့် နန်အန်းလမ်းဘေးက အိမ်တွေပေါ့"

၎င်းမှာ ကျိုးထျန်း အလိုရှိနေသည့် အချက်ပင်။

"စုစုပေါင်း ဘယ်နှစ်လုံးလောက် ရှိလဲ"

"အင်း... ကြည့်ရသလောက်တော့ စုစုပေါင်း ၁၃ လုံး ရှိပါတယ်"

ကျိုးထျန်း မျက်လုံးများ တောက်ပသွားသည်။

'၁၃ လုံးတောင်! စုစုပေါင်း တန်ဖိုးက ယွမ်သန်း ၃၀ ကျော်လောက် ရှိမယ်။ ငါသာ အဲ့ဒါတွေကို ဝယ်နိုင်ရင် အမြတ်က သန်း ၅၀ လောက် ရမှာပဲ!'

သူ့လက်များမှာ စားပွဲအောက်တွင် အနည်းငယ် တုန်ယင်နေသည်။ လီမွန်စနစ်က သူ့ကို ကောင်းကင်ဘုံသို့ ပို့ဆောင်ပေးတော့မည် ထင်ရသည်။ သူ၏ရည်မှန်းချက်အသေးစားလေးအတွက် ပထမခြေလှမ်းပင်။

All Chapters