လူသားတို့၏သဘာဝမှာ စက်ရုပ်တစ်ရုပ်ကဲ့သို့ပင် "တကယ်မွှေးတာပဲ" ၊ "ငါ ချိုးငှက်လေးတွေကို ချစ်တယ်" စသည့် စကားလုံးများကို ထပ်တလဲလဲ ပြောဆိုတတ်ကြပြီး... တစ်ဖက်တွင်လည်း သူတစ်ပါးအပေါ် မနာလိုဖြစ်တတ်သည့် 'အချဉ်ဓာတ်'(မနာလိုစိတ်) ရှိကြသည်မှာ အားလုံးအသိပင်။ (TN - တရုတ်စကားမှာ "ချဉ်သည်" ဆိုတဲ့ အရသာကိုဖော်ပြတဲ့ 酸 (Suān) ဆိုတဲ့ စကားလုံးကို "မနာလိုဖြစ်သည်၊ သဝန်တိုသည်၊ အားကျသည်" ဆိုတဲ့ အဓိပ္ပာယ် အနေနဲ့ ဗန်းစကားအဖြစ်သုံးကြပါတယ်။) ကျိုးထျန်းသည် 'လီမွန်စနစ်' (Lemon Spirit System) ကိုရရှိပိုင်ဆိုင်ပြီးနောက်တွင်မူ သူ့ဘဝသည် ထူးခြားဆန်းပြားစွာ ပြောင်းလဲသွားခဲ့လေသည်။ သူသည် အမဲသားနှစ်ဆပါသည့် ခေါက်ဆွဲကို မြိန်ရည်ယှက်ရည် စားနေသည်။ [ဒင်~... ဘေးပတ်ဝန်းကျင်ရှိ စားသောက်သူများ၏မနာလိုမှု (အချဉ်ပေါက်မှု) +၉"] အပြင်ထွက်ချိန်တွင် လမ်း၌ ပိုက်ဆံအိတ်တစ်လုံး ကောက်ရသည်။ [ဒင်~... ဘေးပတ်ဝန်းကျင်ရှိ လမ်းသွားလမ်းလာများ၏ မနာလိုမှု +၅၉"] သူချစ်မြတ်နိုးရသည့် နတ်ဘုရားမလေးနှင့် လက်တွဲလိုက်သည်။ [ဒင်~... ဘေးပတ်ဝန်းကျင်ရှိ အတန်းဖော်များ၏ မနာလိုမှု +၂၅၀] ထီပေါက်သွားပြန်သည်။ [ဒင်~... ဘေးပတ်ဝန်းကျင်ရှိ ထီထိုးသူများ၏ မနာလိုမှု +၆၆၆] ကျိုးထျန်းမှာမူ ဘာမှမတတ်နိုင်တော့ပေ။ ငါ မင်းတို့ကို မနာလိုဖြစ်အောင်လုပ်ချင်တာမဟုတ်ပါဘူး၊ ဒါပေမဲ့ စနစ်က ခွင့်မပြုဘူးလေ။

