← Chapters

အခန်း ၄၅၃

Vol. 45 Ch. 453

အခန်း ၄၅၃

Vol. 45 Ch. 453

🍋 Chapter 453

သွက်လက်သော ခြေလှမ်းများဖြင့် လှေကားထစ်များအတိုင်း တက်လှမ်းလာသည့် နိုရယ်သည် လူတိုင်း၏ ရှေ့မှောက်သို့ ကျကျနန ရောက်ရှိလာခဲ့သည်။

မုယန်နှင့် စကားပြောနေသည့် သက်ကြီးရွယ်အို ဇနီးမောင်နှံနှစ်ဦးစလုံးမှာ လှေကားထစ်များဆီသို့ လှည့်ကြည့်လိုက်ကြပြီး မျက်လုံးများ ပြူးကျယ်သွားသည်အထိ အံ့အားသင့်သွားကြ၏။

ကျိုးထျန်းသည် သူ၏မိဘများ ဖြစ်ပေါ်သွားသော တုံ့ပြန်မှုကို မြင်တွေ့လိုက်ရသောအခါ မျက်မှောင်ကြုတ်လိုက်မိသည်။

"ဘယ်က နိုင်ငံခြားသူလေးလဲ မသိဘူး၊ ဓာတ်ပုံထဲက အတိုင်းပဲ၊ သိပ်လှတာပဲ"

ကျိုးထျန်းသည် နှုတ်ခမ်းတစ်ဖက်ကို ကွေးညွတ်ကာ ပြုံးလိုက်ရင်း ခေါင်းကို ခါယမ်းလိုက်သည်။

သူ့မိခင်မှ မိန်းကလေးတစ်ယောက်ကို ခန္ဓာကိုယ်အချိုးအစားဖြင့် မဟုတ်ဘဲ ဤကဲ့သို့ ချီးမွမ်းပြောဆိုသည်ကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။

ကျိုးထျန့်ခန်းသည် ကျိုးထျန်းဘက်သို့ ခေါင်းစောင်းကာ အသံတိုးတိုးဖြင့် ကပ်မေးလိုက်သည်။

"ဒါလည်း မင်းသူငယ်ချင်းပဲလား"

"ဟုတ်တယ်"

"သူက ဘယ်ကလဲ"

"အစိုးရက ပေးတာ"

"ကောက်ရတာလို့ပဲ ပြောလိုက်ပါတော့"

ဟု ကျိုးထျန့်ခန်းက မယုံကြည်နိုင်စွာ ပြောဆိုလိုက်သည်။

ယခုခေတ်တွင် အမှန်တရားကို မည်သူမျှ မယုံကြည်ကြချေ။

"ဒီကလေးမလေးက ဘယ်နိုင်ငံကလဲ၊ ရွှေဝါရောင်ဆံပင်နဲ့ ပြာလဲ့နေတဲ့ မျက်ဝန်းတွေ၊ တကယ့်ကို လှပလွန်းတယ်"

"သွားလှလှတိုင်းပြည်ရဲ့ ပဉ္စမမြောက်မင်းသမီးလေ၊ သူ့အဖေက ဘုရင်၊ သူ့အမေက မိဖုရား..."

"မင်းက လူပုလေး ခုနစ်ယောက်ထဲက တစ်ယောက်မို့လို့လား၊ ငါ့ကို လိမ်နေရတာ ပျော်ဖို့ကောင်းလို့လား"

ဟု ကျိုးထျန့်ခန်းက သူ့အား လုံးဝ ဂရုမစိုက်တော့ဘဲ ပြောလိုက်သည်။

နိုရယ်သည် ရောက်ရှိနေသူ အားလုံးကို ယဉ်ကျေးပျူငှာစွာ ခေါင်းညိတ် နှုတ်ဆက်လိုက်ပြီးနောက် မုယန်၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။

သူတို့နှစ်ဦးမှာ သူငယ်ချင်းများ ဖြစ်ကြသဖြင့် အတူတူ ထိုင်ကြသည်မှာ သင့်တော်လှပေသည်။

"နိုရယ်... ဒါ ငါ့မိဘတွေလေ၊ နင် သူတို့နဲ့ ပထမဆုံးအကြိမ် ဆုံဖူးတာမလား"

"အာ... ဦးလေးကျိုးနဲ့ အန်တီကျိုး၊ မင်္ဂလာပါရှင်၊ သမီးနာမည်က နိုရယ် ဒီ ဘော်ဘွန် ကားလို့စ် ပါ၊ နိုရယ်လို့ပဲ ခေါ်နိုင်ပါတယ်ရှင့်"

ကျိုးထျန့်ခန်းမှာ သူမ၏ အမည်အပြည့်အစုံကြောင့် ခေါင်းပင်မူးသွားပြီး အတင်းအကျပ် ပြုံးကာ ခေါင်းညိတ်ပြလိုက်ရသည်။

သူ့ကဲ့သို့ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးပင်လျှင် ဤမျှ လှပသော မိန်းမပျိုလေးကို မြင်တွေ့ရသည့်အခါ အနည်းငယ် စိုးရိမ်စိတ် ဝင်သွားရသည်။

"သမီးလေး... အသက်ဘယ်လောက်ရှိပြီလဲ၊ ဘယ်မှာ ကျောင်းတက်နေတာလဲ၊ မိဘတွေက ဘာလုပ်လဲ၊ ရည်းစားရော ရှိပြီလား"

သူ့မိခင်၏ စံပြတရုတ်မိဘများ မေးလေ့ရှိသည့် မေးခွန်းတွဲကြီး ကျရောက်လာတော့မည့်ဆဲဆဲတွင် ကျိုးထျန်းက ချက်ချင်း ဝင်တားလိုက်ရသည်။

"အမေ... အခုမှ စတွေ့ချင်းမှာ ဒီလောက် မေးခွန်းတွေ အများကြီး မေးတာက ရိုင်းရာကျတယ်၊ နိုင်ငံခြားသားတွေက သူတို့ရဲ့ ကိုယ်ရေးကိုယ်တာကိစ္စတွေကို ထုတ်ပြောရတာ မကြိုက်ကြဘူး"

"အော်... အော်... အေးပါ၊ အမေ မှားသွားတယ်၊ နောက်မှ ပိုရင်းနှီးလာတော့မှပဲ မေးတော့မယ်"

ရင်းနှီးလာခြင်းနှင့် ဆိုင်လို့လား...။

ကျိုးထျန်း ခေါင်းခါလိုက်ပြီး ဘာမှ ဆက်မပြောချင်တော့ပေ၊ မည်သို့ပင်ဆိုစေ သူ တားဆီးနိုင်မည် မဟုတ်ပါ။

"အရင်ဆုံး မီနူးကို ကြည့်ရအောင်၊ ဒါ မင်းတို့ ပထမဆုံးအကြိမ် ပြန်လာတာဆိုတော့ ဟင်းပွဲအချို့ ရွေးလိုက်လေ၊ ငါ ရှာထားတဲ့ စားဖိုမှုးရဲ့ လက်ရာကို စမ်းသပ်ဖို့ အခွင့်ကောင်းပဲ"

ကျိုးထျန့်ခန်းသည် ဤအကြောင်းကို ပြောလိုက်သည့်အခါ စိတ်အားထက်သန်သွားသည်။

သူ့သား၏ ရွေးချယ်မှုမှာ လက်တွေ့တွင် သူ့ကိုယ်ပိုင် စားသောက်ဆိုင်ကဲ့သို့ပင်။

သူသည် ယခင်က တစ်ချက်မျှသာ ကြည့်ဖူးပြီး တော်တော်လေး ကောင်းမွန်သည်ဟု ထင်ခဲ့သော်လည်း ယခုမူ မြည်းစမ်းကြည့်ပြီး အပြည့်အဝ အကဲဖြတ်ရန် လိုအပ်နေပြီဖြစ်သည်။

မီနူးကို လှန်လှော ကြည့်ရှုနေစဉ်အတွင်း ကျိုးထျန်းအား လတ်တလော အခြေအနေများကို မေးမြန်းခဲ့သည်။

စာမေးပွဲအမှတ်များအကြောင်း မေးမြန်းသည့်အခါ ကျိုးထျန်း ရောချလိုက်သည်။

သူတို့ မီနူးကိုပင် ဆုံးအောင် မကြည့်ရသေးမီမှာပင် လှေကားထစ်များထံမှ ခြေသံများ နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်သည်။

ဤတစ်ကြိမ်တွင်မူ ခြေသံက နိုရယ်၏ ခြေသံနှင့် လုံးဝ ကွဲပြားခြားနားနေပြီး လောနေကာ သက်ဝင်လှုပ်ရှားနေပြီး လှေကားထစ်အချို့ကို ကျော်လွှားကာ တက်လာခြင်း ဖြစ်သည်မှာ ထင်ရှားလှသည်။

"မုယန်၊ ကျိုးထျန်း၊ ငါ ရောက်ပြီ"

ကျယ်လောင်သော အော်ဟစ်သံနှင့်အတူ ကျောက်ရှင်းသည် ခပ်ဖွဖွ ခုန်ပျံဝင်ရောက်လာရင်း လူတိုင်း၏ ရှေ့မှောက်သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက်တွင်မူ သူမ၏ မျက်နှာက အေးခဲသွားတော့သည်။

"သူ့ကို ငါ့မိဘတွေနဲ့ နိုရယ်ပါ အတူတူ ထမင်းစားကြမယ်ဆိုတာ နင် မပြောထားဘူးလား"

ကျိုးထျန်းက မုယန်၏ လက်ကို ပုတ်ကာ မေးလိုက်သည်။

"ငါ ပြောဖို့ မေ့သွားတယ်"

မုယန်က အနည်းငယ် ရှက်ရွံ့စွာဖြင့် မတ်တတ်ထရပ်ပြီး ကျောက်ရှင်းအား ကုလားထိုင်တစ်ခုတွင် ဝင်ထိုင်ရန် ကူညီပေးလိုက်သည်။

"လာပါ... ကောင်မလေးရယ်၊ အရှက်ပြေအောင် လက်ဖက်ရည်လေး သောက်လိုက်ဦး"

မိခင်ဖြစ်သူက ကျောက်ရှင်းအား လက်ဖက်ရည်တစ်ခွက် ငှဲ့ပေးလိုက်ရာ ထိုကောင်မလေးက သိမ်မွေ့စွာဖြင့် သောက်လိုက်သည်။

"အို... အို... သမီးက... ဟိုမိန်းကလေး မဟုတ်လား၊ သား... မပြောနဲ့ဦး၊ သူ့နာမည်က ငါ့နှုတ်ခမ်းဖျားတင် ရှိနေတာ၊ ငါ သိတယ်"

သူ့မိခင်က ကျောက်ရှင်းအား လက်ညှိုးထိုးကာ မျက်မှောင်ကြုတ်ရင်း သူမ၏ မှတ်ဉာဏ်ကို စမ်းသပ်နေသည်။

"ဟုတ်တယ်၊ အဲဒီမိန်းကလေးပဲ၊ အန်တီ သမီးကို တကယ် သဘောကျတာ၊ သမီး ရုပ်ရှင်တွေ အကုန်ကြည့်ဖူးတယ်၊ သမီးနာမည်က ဘာတဲ့လဲကွယ်"

"အန်တီ... သမီးနာမည်က ကျောက်ရှင်းပါ၊ အန်တီက သမီးလိုပဲ လှတယ်နော်"

ကျောက်ရှင်းသည် မျက်လုံးများ ကစားလိုက်ရင်း ဤလူများမှာ ကျိုးထျန်း၏ မိဘများဖြစ်ကြောင်း သိရှိသွားသဖြင့် ချက်ချင်းပင် မျက်နှာလိုမျက်နှာရ လုပ်ရန် ကြိုးစားလိုက်သည်။

"အော်... ဟုတ်သားပဲ၊ ကျောက်ရှင်း၊ သမီးက စကားပြော တတ်လိုက်တာ၊ သမီးက တို့ကျိုးထျန်းကို သိတာလား"

"ဟုတ်ကဲ့... သူက သမီးရဲ့ သူငယ်ချင်းပါ အန်တီ၊ ပထမဆုံးအကြိမ် တွေ့ဆုံခြင်းအတွက် လက်ဆောင် မယူလာမိလို့ စိတ်မကောင်းပါဘူးရှင်"

"အို... ဘာတွေ ပြောနေတာလဲ၊ ဒါနဲ့ သမီး အန်တီနဲ့ ဓာတ်ပုံတူတူရိုက်မလား၊ အန်တီ တစ်ခါမှ အနုပညာရှင်တစ်ယောက်ကို အနီးကပ် မတွေ့ဖူးဘူး၊ ဒီနေ့တော့ အနီးကပ်ကြီး တွေ့ရတာပဲ"

"ရပါတယ် ရပါတယ်"

ကျောက်ရှင်းသည် သူမ၏ ဖုန်းကို ထုတ်ကာ ဆဲလ်ဖီ ရိုက်လိုက်သည်။

"အန်တီ... သမီး အန်တီ့ကို WeChat အကောင့် အပ်လိုက်မယ်၊ ပြီးရင် ပုံတွေ ပို့ပေးမယ်လေ"

မုယန်သည် ခေါင်းကို စောင်းလိုက်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်သွားရသည်။

အမြဲတမ်း ပေါ့ပေါ့ပါးပါး နေတတ်သည့် ကျောက်ရှင်းက ကျိုးထျန်း၏ မိဘများနှင့် သဟဇာတဖြစ်အောင် နေထိုင်ရာတွင် ဤမျှ ကျွမ်းကျင်နေရသနည်း။

သူမမှာိ ကျိုးထျန်း၏ မိခင်နှင့် WeChat အကောင့်ကို တစ်မိနစ်ပင် မပြည့်မီ အပ်နှံပြီးသွားခဲ့ပြီ ဖြစ်သည်။

ငါတောင် သူတို့ရဲ့ WeChat မရှိသေးဘူး။

ဓာတ်ပုံများ ပို့ပေးပြီးနောက် ခေါင်းခါယမ်းနေသည့် ကျောက်ရှင်းသည် သတိပြန်ဝင်လာပြီး အာမေဍိတ်သံ ထွက်ပေါ်လာခဲ့သည်။

"ဝါး"

"လှလိုက်တဲ့ ညီမလေး၊ ကျိုးထျန်း... နင် သူ့ကို ဘယ်က ရှာတွေ့တာလဲ"

ကျောက်ရှင်းသည် နိုရယ်ကို မြင်လိုက်ရသောအခါ မျက်လုံးများ တောက်ပသွားသည်။

သူမ အနုပညာလောကတွင် ကျင်လည်ခဲ့သည့် နှစ်များတစ်လျှောက် ဤမျှ လှပသော မိန်းကလေးမျိုး တစ်ခါမျှ မတွေ့ဖူးချေ။

ထို့ပြင် သူမထံမှ ထွက်ပေါ်နေသော အရှိန်အဝါမျိုး ရှိသူကို ပို၍ပင် မတွေ့ဖူးချေ။

နိုရယ်က ထုံးစံအတိုင်း ချိုသာစွာဖြင့် မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်။

"အစိုးရက ပေးတာ"

ဟု ကျိုးထျန်းက အမှန်အတိုင်း ပြောလိုက်သည်။

"ဖုန်းငွေဖြည့်လို့ လက်ဆောင်ရတာလို့ပဲ ပြောလိုက်ပါတော့လား"

"သူက ငါနဲ့ သက်တူရွယ်တူပဲ၊ ငယ်တော့တာ မဟုတ်ဘူး"

"နင်ကလည်း ငါ့ထက် ငယ်တာပဲ၊ သူက ညီမလေး၊ နင်က မောင်လေး"

‘သူမ တကယ် ဘယ်လောက်အထိ ငယ်လဲဆိုတာ တစ်နေ့ကျရင် ငါ ပြရသေးတာပေါ့... ‘

ကျိုးထျန်း စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

"ငါ့ထမင်း လာစားတာကို ငါ့ကို စကားကောင်းကောင်း မပြောနိုင်ဘူးလား"

"မပြောနိုင်ဘူး"

ဟု ကျောက်ရှင်းက တည်ကြည်စွာ ပြောဆိုလိုက်သည်။

"ဒါနဲ့... သမီး အခုတလော အားနေတာနဲ့ အတော်ပဲ၊ တူတူ လျှောက်လည်ကြရအောင်"

ကျောက်ရှင်း ကျိုးထျန်း၏ မိခင်ကို ဆွဲခေါ်ရင်း ပြောလိုက်သည်။

"အန်တီ... တို့တွေ တူတူ ဈေးဝယ်ထွက်ကြမလား၊ အန်တီက အမြင် အရမ်းရှိတာပဲ၊ သမီးကို အကြံဉာဏ်လေးတွေ ပေးပါဦးနော်"

"ကောင်းတာပေါ့၊ ကောင်းတာပေါ့"

မိခင်ဖြစ်သူမှာ သဘောကျနှစ်ခြိုက်နေပြီ ဖြစ်သည်။

မုယန်သည် မေးစေ့ကို ပွတ်သပ်ရင်း ဖုန်းကို ထုတ်ကာ သူ့မှတ်စုစာအုပ်ထဲတွင် ရေးသားလိုက်သည်။

'လူတွေရဲ့ နှလုံးသားကို သိမ်းပိုက်တာက အထိရောက်ဆုံး နည်းဗျူဟာ မဟုတ်ဘူး၊ အမေဖြစ်သူကို သိမ်းပိုက်နိုင်တာကမှ အထိရောက်ဆုံးပဲ'

"သမီး ရှန်ဟိုင်းမှာ ခဏ နေဦးမှာဆိုတော့ နိုရယ်နဲ့လည်း ရင်းနှီးအောင် လုပ်ထားလို့ရတယ်၊ ဒါနဲ့... သူက မြို့ပြင်က ဗီလာမှာ နေတာ၊ သမီးလည်း အဲဒီမှာ သွားနေလို့ရတယ်လေ"

"မနေတော့ပါဘူး အန်တီရဲ့၊ အန်တီတို့အိမ်မှာ အပိုအခန်း ရှိလားဟင်"

"ရှိတာပေါ့၊ သမီး ဒီမှာပဲ နေ၊ အန်တီ သမီးနဲ့ စကားပြောရတာ အရမ်း သဘောကျတယ်"

‘ဟေ့... နင်တို့နှစ်ယောက် အခုမှ စတွေ့ကြတာ မဟုတ်ဘူးလား၊ ဟေ့’

မုယန်၏ တူမှာ စားပွဲပေါ်သို့ တောက်ခနဲ ကျသွားခဲ့သည်။

တကယ်ကို အံ့ဩစရာပင်။

အမြဲတမ်း ရိုးအလှသည့် ကျောက်ရှင်းမှာ ဤကဲ့သို့သော အချိန်မျိုးတွင် ဤမျှ စွမ်းဆောင်ရည် ရှိလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။

သူမ နန်းတွင်းလုပ်ကြံမှု ဇာတ်လမ်းတွဲများကို အများကြီး ဖတ်ဖူးလွန်း၍ လူကြီးသူမများကို ဤမျှ မြန်မြန်ဆန်ဆန် ဖားနိုင်ခြင်းလော။

နိုရယ်သည် ကျိုးထျန်းကို တစ်ချက်ကြည့်လိုက်၊ ထို့နောက် မုယန်ကို တစ်ချက်ကြည့်လိုက်ပြီး နှုတ်ခမ်းကို လက်ဖြင့်အုပ်ကာ ရယ်မောလိုက်တော့သည်။

ကျိုးထျန်း နဖူးကို ပွတ်သပ်နေစဉ်မှာပင် သူ့ဖုန်း မြည်လာခဲ့သည်။

ခေါ်ဆိုသူမှာ ဟယ်ဝေရွှမ်း ဖြစ်နေသည်ကို မြင်လိုက်ရသဖြင့် သူ မတ်တတ်ထရပ်ကာ အပြင်ဘက်သို့ ထွက်လာခဲ့သည်။

"ဟဲလို... ဘာကိစ္စရှိလို့လဲ"

"နင့်လက်မှတ် လိုနေတဲ့ စာရွက်စာတမ်းအချို့ ရှိလို့လေ၊ ဒါနဲ့... ငါက ကိစ္စမရှိရင် နင့်ဆီ ဖုန်းမခေါ်ရဘူးလား"

ဟယ်ဝေရွှမ်း၏ အသံတွင် အနည်းငယ် မကျေနပ်မှုများ ပါဝင်နေသည်။

ယခင်ကဆိုလျှင် သူမ ဤကဲ့သို့သော စကားမျိုးကို မည်သည့်အခါမျှ ပြောလိမ့်မည် မဟုတ်ပေ။

အကြောင်းမှာ ထိုစကားက သူ့အတွက် စိတ်ကူးယဉ်ဆန်လွန်းသည်ဟု ခံစားရစေသောကြောင့် ဖြစ်သည်။

"ရတာပေါ့၊ ငါက နင့်အသံကို တစ်ရက် ၂၄ နာရီလုံးလုံး နားထောင်ချင်နေတာ"

ဟု ကျိုးထျန်းက ချက်ချင်း တုံ့ပြန်လိုက်သည်။

"ဟွန်း"

နှာခေါင်းသံ ပါဝင်နေသော်လည်း သူမ၏ သဘောထားက သိသိသာသာ ကောင်းမွန်သွားခဲ့သည်။

အမျိုးသမီးများမှာ မည်မျှပင် ထက်မြက်ပါစေ၊ ချိုသာသော စကားလုံးများဖြင့် ချော့မြှူရန် လိုအပ်ဆဲပင် ဖြစ်သည်။

"နင် အခု ဘယ်မှာလဲ၊ ငါ စာရွက်စာတမ်းတွေ ယူပြီး လာရှာခဲ့မယ်"

"အာ... ငါ မနက်ဖြန်မှ လက်မှတ်ထိုးရင် မရဘူးလား၊ ပြီးရင် တို့တွေ တူတူ ညစာစားကြတာပေါ့"

"ဟင်... နင် ဘယ်မှာမို့လို့လဲ၊ ဘာလို့ တွန်းထုတ်နေပြီး ငါ့ကို ရည်ရွယ်ချက်ရှိရှိ ရှောင်နေရတာလဲ"

ဟယ်ဝေရွှမ်း၏ အသံက အေးစက်သွားခဲ့သည်။

"ငါ ငါ့မိဘတွေနဲ့ ညစာစားနေလို့ပါ"

ဟု ကျိုးထျန်းက အပြစ်ရှိသကဲ့သို့ ပြောလိုက်ရသည်။

"အော်... သိပြီ"

တီ။

ဖုန်းကျသွားခဲ့သည်။

‘ဟူး... တော်သေးတာပေါ့၊ အလွတ်ရုန်းနိုင်ခဲ့ပြီ’

အခြားအမျိုးသမီးများ ရောက်လာလျှင် ကိစ္စမရှိသော်လည်း သူမသာ ရောက်လာခဲ့ပါက အရာအားလုံး ပြောင်းပြန်လှန်သွားပေလိမ့်မည်။

All Chapters